YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Cheating Heist S01E32 720p CM.mp4

241.99 MB N/A video/mp4 30 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shin Ultraman
7.1

IMDb Rating (6.6) / Rotten Tomatoes (100%) Ultraman နဲ့ Godzilla ယူနီဗာ့စ်ဟာ ဂျပန်က စတင်ခဲ့တာဖြစ်ပြီး အနောက်နိုင်ငံတွေက ယူရိုက်ရတဲ့ အောင်မြင်ပါတယ်... ဒီ ၂၀၂၂ ထွက် Shin Ultraman ရုပ်ရှင်ကာလည်း ဂျပန်လက်ရာ Godzilla ရုပ်ရှင်တစ်ကားအဖြစ်နဲ့ ၂၀၂၂ မှာ ရုံကြီးကားအဖြစ် ထွက်လာပြီး Rating ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်... အရင်ကကြားဖူးနေကြ Ultraman , Kamen Rider ရုပ်ရှင်, ဇာတ်လမ်းတွဲတွေရဲ့ အငွေ့အသက်တွေကို CGI ဘက်ဂျက်ကောင်းကောင်းနဲ့ အရသာရှိရှိကြည့်ရမှာပါ ကိုင်ဂျူးလို့ခေါ်တဲ့ သတ္တဝါဆန်းကြီးတွေဟာ ကမ္ဘာပေါ်ကို ထူးဆန်းစွာရောက်ရှိလာပါတယ် ပထမဆုံးပေါ်လာတဲ့ ကိုင်ဂျူးတွေကို လူသားတွေပေါင်းစည်းကာ စစ်တပ်အရပ်ဘက် အတော်လေးနှိမ်နင်းလိုက်ရပေမယ့် ကိုင်ဂျူးတစ်ကောင်နဲ့ မရပ်တန့်သွားပါဘူး...နောက်ထပ် S အဆင့်ဝင် ကိုင်ဂျူးမျိုးစုံဟာ အစွမ်းမျိုးစုံနဲ့ ပေါ်လာပါတော့တယ် လူသားတွေလည်း အခက်တွေ့လာရတဲ့ အခြေအနေကိုရောက်လာပြီး....လူသားတွေကို ကယ်တင်မယ့် အာထရာမန်းပေါ်လာပါတယ်... အာထရာမန်း ကမ္ဘာပေါ်ကို ရောက်ရှိလာမှုနဲ့အတူ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ဂျပန်ကို နိုင်ငံရေးအသာစီးမှုယူသွားမှာ စိုးရိမ်လာပါတယ်....ဒီ အာထရာမန်းက ဘယ်သူလဲ လူသားမျိုးနွယ်အတွက် ရန်သူလား မိတ်ဆွေလားဆိုတာကို အဖြေရှာစုံစမ်းကြတဲ့အပြင် ကိုင်ဂျူးတွေကရော ဘာကြောင့်ကမ္ဘာပေါ်ကို ရုတ်တရက်ရောက်ရှိလာတာလဲ... လူသားမျိုးနွယ်...အာထရာမန်းနဲ့ ...ကိုင်ဂျူးသတ္တဝါကြီးတွေရဲ့ အားပြိုင်မှုကို အကောင်းဆုံးတင်ဆက်ထားတဲ့ ဂျပန်လက်ရာရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thiha Yan Naing မှ တင်ဆက်ထားပါတယ်။) File size…(1.7 GB)/(800 MB) Quality…WEB-DL(Clean Version) 1080p /720p Format…mp4 Duration….01:52:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thiha Yan Naing

Drama
7.1 2022 118 mins
Shin Ultraman
Death Cast
2.3

ပထမဆုံးအနေနဲ့စော်လေးတွေမိုက်ပါတယ်။ ဒုတိယအနေနဲ့ဇာတ်လမ်းကသောက်ဆန်းကြီးပါ။ ဒီရုပ်ရှင်ထဲမှာပဲ နောက်ထပ်ရုပ်ရှင်တစ်ကားထပ်ရိုက်နေတဲ့ပုံစံမျိုးရိုက်ပြထားတာဖြစ်ပါတယ်။ အဲလိုကားတွေအရင်ကလည်းရှိဖူးတဲ့အတွက်အဲဒါကသိပ်မဆန်းပါဘူး။ ဘာကဆန်းတာလဲဆိုရင် ကြည့်ရင်းနဲ့ ရုပ်ရှင်လား ရုပ်ရှင်ထဲကရုပ်ရှင်လားဆိုတဲ့ကြားမှာခေါင်းစားရတာပါပဲ။ အဲဒါကပဲဒီဇာတ်ကားရဲ့အသက်လို့ဆိုနိုင်ပါတယ်။ အစကနေအဆုံးထိ အဲဒီနှစ်ခုကြားမှာလိုက်စဥ်းစားရင်းကိုမပျင်းရပါဘူး။ ဇာတ်လမ်းကတော့လူငယ်ခြောက်ယောက်ကို ထုတ်လုပ်ရေးတစ်ခုကဇာတ်ကားတစ်ကားအတွက် cast လုပ်ပြီး ရိုက်ကူးရေးအဖွဲ့တွေတစ်ယောက်မှမပါပဲ သူတို့ကိုယ်ပေါ်မှာပဲ mic တွေဆင်ပေးပြီး အိမ်ထဲမှာပဲကင်မရာတွေဆင်ထားတဲ့ မြို့ပြင်ကအိမ်တစ်အိမ်ကိုလွှတ်လိုက်ပါတယ်။ Reality show လိုပုံစံမျိုးလို့ထင်တယ်ဗျ။ အဲဒီမှာသူတို့ကိုဇာတ်ညွှန်းပေးထားတဲ့အတိုင်းသရုပ်ဆောင်နေတာလား တကယ်ဖြစ်နေကြတာလားဆိုတဲ့ကြားမှာ မြှုပ်ကွက်ပါးပါးလေးတွေထည့်ပြီး ဆွဲဆောင်သွားတာပါ။ ဒါပေမယ့်နောက်ဆုံးမှာ ဒိုင်ယာလော့ဂ်လေးတစ်ကြောင်းကပဲ တစ်ကားလုံးစဥ်းစားလာရတာတွေကိုအထုပ်ဖြေပေးသွားတာတစ်ခုတော့အတော်သဘောကျမိပါတယ်။ Rating သိပ်မကောင်းပေမယ့်လည်း သူတို့မှီငြမ်းထားတဲ့ဝတ္ထုကိုကကောင်းပြီးသားမို့ ရိုက်ချက်တွေလိုအပ်ချက်ရှိရင်တောင် ဇာတ်လမ်းဇာတ်အိမ်ကမညံ့ဘူးဆိုတာထက်ပိုပါတယ်။ Horror Thriller ဇာတ်ကားမလို့ ဟိုလိုအခန်းလေးတွေအနည်းငယ်နဲ့ အဝတ်အစားပိုင်းလွတ်လပ်ပေါ့ပါးတာတော့ရှိပါတယ်။ File size…(2.2 GB)/(750 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:17:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo

Action • Romance • Thriller
2.3 2021 74 mins
Death Cast
Memory Box
6.8

IMDb Rating ~ 6.8/10 Rotten Tomatoes ~ 93% 7 nominations လစ်ဘနွန် ပြည်တွင်းစစ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ကနေဒီယန်-ပြင်သစ် ဒရာမာဇာတ်လမ်းလေးပါ။ စစ်ကြီးအတွင်းက ဓာတ်ပုံအစစ်တွေ တိပ်ခွေအစစ်တွေကို ဇာတ်ကားထဲမှာ အချိတ် အဆက်မိမိနဲ့ တင်ဆက်ထားတာကြောင့် စိတ်ကူးယဉ်ဇာတ်လမ်းကို လက်တွေ့ကမ္ဘာနဲ့ အချိုးညီညီပေါင်းစပ်ပြထားတဲ့ ဇာတ်ကားဆိုပြီး ဝေဖန်သူတွေကြားထဲမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားပါ။ နှင်းတွေ ထူထပ်နေတဲ့ မွန်ထရယ်မြို့ရဲ့ ခရစ်စမတ်နေ့တစ်နေ့မှာ အဲလက်စ်၊အမေဖြစ်သူ မိုင်ရာနဲ့ အဘွားဖြစ်သူ တီတာတို့ဆီ ပါဆယ်ပုံး တစ်ပုံး ရောက်လာပါတယ်။ ပါဆယ်ပုံးထဲမှာတော့ မိုင်ရာ ငယ်ငယ်က သူ့သူငယ်ချင်း လီဇာ ဟာဘားဆီပို့ခဲ့တဲ့ စာတွေ၊ မှတ်စုစာအုပ်တွေ၊ တိပ်ခွေတွေနဲ့ ဓာတ်ပုံတွေ ရှိနေခဲ့ပါတယ်။ မိုင်ရာနဲ့တီတာတို့က ပါဆယ် ပုံးကို ဖွင့်မကြည့်ဖို့ ပြောပေမဲ့ အဲလက်စ်က သိချင်စိတ်အပြည့်နဲ့ စူးစမ်း ကြည့်တဲ့အခါမှာတော့... လစ်ဘနွန် ပြည်တွင်းစစ်ကြီးအတွင်းက မြီးကောင်ပေါက်မလေး တစ် ယောက်ရဲ့ ဇာတ်လမ်းကိုလွမ်းမောဖွယ်ရာ ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size..........(1.3 GB) / (479 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 42mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Roman Nox Encoder..........SWM

Crime • Drama
6.8 2021 100 mins
Memory Box
Cyborgs
7.7

2014 တုန်းက ရုရှားတွေရဲ့ကျူးကျော်စစ်ကို ယူကရိန်းတွေခုခံခဲ့ကြတဲ့ တိုက်ပွဲတွေထဲကတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပါ။ ကိုယ်နှစ်သက်တဲ့လူတစ်ယောက်ကိုပိုင်ဆိုင်ဖို့ဆိုရင် အဲ့ဒီလူရဲ့ အဓိကနေရာဖြစ်တဲ့ နှလုံးသား အလယ်ဗဟိုတည့်တည့် ချိန်ရွယ်ပစ်ခပ်သိမ်းပိုက်ဖို့လိုပါတယ်... ဒီလိုပဲ စစ်ပွဲတစ်ပွဲမှာဆိုလည်း အောင်မြင်ရေးသော့ချက်ဖြစ်တဲ့ အဓိက အချက်အချာမြေကို သိမ်းပိုက်ဖို့ ကြိုးစားကြပါတယ်... ယူကရိန်းနိုင်ငံကDonetskလေဆိပ်ကိုရုရှားတွေလာရောက်တိုက်ခိုက်နေကြတယ်.... အဲ့လေဆိပ်ကိုဘာလို့တိုက်ရလဲဆိုတော့ အထက်ကပြောခဲ့သလို အချက်အချာမြေနေရာဖြစ်နေလို့ပါပဲ... ဒီလေဆိပ်ကျသွားရင် ယူကရိန်းကျသွားတာနဲ့တူတူပဲဖြစ်နေလို့ပါ... ဒါ့ကြောင့် ယူကရိန်းတို့ ဒီလေဆိပ်မကျသွားဖို့အရေးကို စစ်သည်အပေါင်းတို့ဟာ တတ်စွမ်းသမျှ အတတ်နိုင်ဆုံးခုခံဖို့ကြိုးစားကြပါတယ်... ဒီစစ်သည်တွေ အောင်မြင်ပါ့မလား... အသက်ပေါင်းများစွာ ဘယ်လောင်တောင်ပေးဆပ်လိုက်ကြရလဲ.... သူရဲကောင်းတွေဟာ ဘယ်သူများဖြစ်မလဲ.... စစ်ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ... ဒီကားကတော့ ယူကရိန်းစစ်ကားတစ်ကားဖြစ်ပြီးပြီးတော့ အောင်မြင်မှုတွေလည်းရသလို IMDb မှာဆိုလည်း 8.3တောင်ရထားလေတော့ ထွေထွေထူးထူးတော့ပြောစရာလိုမယ်မထင်ပါဘူး...ခံစားကြည့်လိုက်ဦးဗျို့... File Size : (1.1 GB)/(850 MB) / (332MB) Quality : Blu-Ray 1080p HEVC/720p/480p Format…mp4 Duration…01:52:00 Genre : Action, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae

Comedy
7.7 2017 112 mins
Cyborgs
Bring Out the Fear
5.3

Bring Out the Fear (2021) သင်ဟာအဆုံးမရှိတဲ့တောအုပ်တစ်ခုထဲမှာ ရောက်နေရင် ဘယ်လိုရုန်းကန်လှုပ်ရှားမလဲ… ပြီးခါနီးထိပြဿနာရင်းမြစ်ကဘာလဲ… ဘာကိုအဖြေရှာရမလဲ စတဲ့ ရှုစားသူပါ တွေးတောရတဲ့ Horror ကားတစ်ကားကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားဟာလည်း သင့်အတွက်ပါပဲ။ Dan နဲ့ Rosie ဆိုတဲ့အတွဲတစ်တွဲဟာ ပြဿနာတွေတက်ခဲ့ကြပါတယ်။ Rosie ဟာ Eric ဆိုတဲ့ Dan နဲ့လည်း အရမ်းခင်ခဲ့တဲ့ သူငယ်ချင်းနဲ့ ဖောက်ပြန်ခဲ့လို့ ပြဿနာတွေတက်ခဲ့ကြရတာပေါ့။ အဲဒီနောက်မှာ Dan ဟာ ကောင်မလေးကိုခွင့်လွှတ်ပြီး ကောင်မလေးနဲ့အတူ စိတ်ပြေလက်ပျောက်လမ်းလျှောက်ဖို့ တောအုပ်လေးတစ်ခုထဲကို ကားလေးနဲ့ထွက်ခဲ့ကြပါတယ်။ တောအုပ်ထဲမှာလမ်းလျှောက်ကြရင်း စကားစမြည်လေးတွေပြော Relationship တစ်ခုကို ပြန်လည် fix လုပ်ရင်းပေါ့။ ဒီလိုနဲ့ပဲ တောင်ကုန်းလေးတစ်ခုပေါ်ကိုတက်ကြတယ်။ သာယာလှတဲ့ပင်လယ်ကမ်းခြေရှုခင်းကြီးကိုမြင်နေရတဲ့ အဲဒီနေရာလေးမှာ Dan က Rosie ကို လက်ထပ်ခွင့်တောင်းခဲ့တယ်။ Rosie ကတော့ အချိန်တစ်ခုလိုသေးလို့ ခဏစောင့်ဖို့ငြင်းခဲ့ပါတယ်။ အဲဒီနောက် သူတို့ပြန်ဆင်းလာကြတော့ လမ်းတွေဟာရောက်ပြီးသားနေရာကို ရောက်ရောက်နေပြီး လမ်းပျောက်သွားပါတယ်။ သစ်ပင်တွေဟာ အဆုံးမရှိတော့ပါ။ နေဟာ မဝင်တော့ပါ။ ညအချိန်ရယ်လို့မရှိပါ။ လေတွေ အရမ်းတိုက်လာပါတယ်။ ဖုန်းလိုင်းတွေ မမိတော့ပါ။ တောခြောက်သလိုတွေဖြစ်ပြီး ချောက်ချားစရာဖြစ်ရပ်မျိုးစုံကြုံတွေ့လာရပါတော့တယ်။ ဒါတွေကို Dan နဲ့ Rosie ဘယ်လိုရင်ဆိုင်ဖြတ်သန်းပြီး ဒီ Supernatural အဖြစ်အပျက်တွေက ဘာလို့ဖြစ်တာလဲဆိုတာကို ကိုယ်တိုင်ဝင်ရောက်ခံစားရင်း ကြည့်ရှုလိုက်ကြရအောင်ဗျာ… (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 600MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 27Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

5.3 2022 87 mins
Bring Out the Fear
Asterix & Obelix: Mission Cleopatra
6.6

Asterix & Obelix: Mission Cleopatra (2002) IMdb (6.6) / Rotten Tomatoes (86%) ရောမဘုရင် ဂျူးလိယက်ဆီဇာ ဟာ တိုက်တိုင်းအောင်စစ်ဘုရင်ကြီးဖြစ်နေတော့ အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့တွေ့တဲ့ချိန် အီဂျစ်သားတွေကို အထင်အမြင်သေးစွာ ပြောဆိုလိုက်တယ်… ဒါကို ကလီယိုပါထရာက တင်းပြီး အီဂျစ်သားတွေဟာ သမိုင်းဝင်ပိရမစ်တွေကို ဘယ်လိုဆောက်ခဲ့ကြောင်း ကြီးကျယ်ကြောင်း ပြန်ချေပတယ်.. ဒီလို အီဂျစ်သားတွေ ကြီးကျယ်ကြောင်းသက်သေပြဖို့ ဆီဇာနဲ့ အလောင်းအစားတစ်ခုလုပ်လိုက်တယ်.. ၃ လအတွင်း နန်းတော်ကြီးတစ်ခု အပြီးဆောက်ပြမယ်ဆိုပြီးတော့ပေါ့… ဒီနန်းတော်ကိုဆောက်ဖို့ အီဂျစ်မှာ တလွဲလုပ်နေကျ ဗိသုကာပညာရှင် အက်ဒစ်ကို ခိုင်းလိုက်တဲ့အခါ… အက်ဒစ်ဆိုတာက နယ်နယ်ရရ ဗိသုကာပညာရှင်တော့မဟုတ်ပါဘူး..ပြတင်းပေါက်ကို လက်လှမ်းမမီတဲ့နေရာမှာဆောက်တဲ့လူမျိုးပါ… ၃ လနဲ့အပြီးဆောက်ဖို့ မဖြစ်နိုင်တဲ့အဆောက်အဦးကို အက်ဒစ်တစ်ယောက် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဆောက်မလဲ.. သူ့ကို ချောက်တွန်းမယ့်လူရော မှော်အစွမ်းတွေနဲ့ကူညီမယ့်လူတွေရောရှိနေတာမို့ ဘယ်လိုဖြစ်ပျက်မလဲဆိုတာ ကြည့်ရမှာပါ။ ဒီဇာတ်ကားက သမိုင်းနောက်ခံ ဟာသစွန့်စားခန်း ပြင်သစ်ဇာတ်ကားဖြစ်ပြီးတော့ ကလီယိုပါထရာအဖြစ် Monica Bellucci , အက်ဒစ်အဖြစ် Jamel Debbouze , Astrix အဖြစ် Christian Clavier , Obelix အဖြစ် Gérard Depardieu တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်.. Astrix ၏ စွန့်စားခန်းများ Comic Book ကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်.. Astrix ဇာတ်ကား ၅ ကားရှိပြီး ဒီကားကတော့ ဒုတိယကားပါ…(မတ်မတ် မိုနီကာပါလို့ ဒီကားကိုပဲ တင်ဖြစ်သွားတာပါ။) Astrix ဇာတ်ကားတွေဟာ ကုန်ကျစရိတ်အများဆုံး ပြင်သစ်ဇာတ်ကားတွေဖြစ်ပါတယ်..အခုကားကိုလဲ ခမ်းခမ်းနားနားရိုက်ကူးထားတာတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ $58.5 million သုံးစွဲခဲ့ပြီး Box Office မှာ $128 million ပြန်ရခဲ့လို့ စီးပွားရေးအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ Comedy ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုဖို့သင့်တော်တဲ့ဇာတ်ကားပါ။

Thriller • Drama
6.6 2002 108 mins
Asterix & Obelix: Mission Cleopatra
Qodrat
6.5

Qodrat (2022) ဇာတ်ကားနာမည် ကွတ်ဒ်ရတ်က ပယောဂနှင်ပေးတဲ့ဆရာရဲ့နာမည်ပါ။ ကွတ်ဒ်ရတ်က အစ္စလာမ်ဘာသာဝင်ဆရာတစ်ယောက်ဖြစ်ပြီး ရှိုင်သာန် ဂျင်န် စတာတွေကိုနှင်ထုတ်ပေးသူဖြစ်ပါတယ်။ ဒါကြောင့်ဇာတ်လမ်းအတွက်အခြေခံဖြစ်တဲ့ ရှိုင်သာန်ဂျင်န် အကြောင်းကိုအနည်းငယ်ပြောပရစေ။ အစ္စလာမ်ဘာသာအရ လူတွေကိုမဖန်ဆင်းခင်မှာ မျိုးနွယ်တစ်စုကိုမီးနဲ့ဖန်တီးခဲ့ပြီး သူတို့ကိုဂျင်န်တွေလို့ခေါ်ပါတယ်။ နောက်ပိုင်းမှာဂျင်န်တွေရဲ့ သောင်းကျန်းမနာခံမှုတွေကြောင့် သူတို့ကိုတောတောင်တွေဘက်မှာသာနေထိုင်ဖို့မောင်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ဂျင်န်အားလုံးကဆိုးတာမဟုတ်ပဲ ကောင်းတဲ့ဂျင်န်တွေလဲရှိပါတယ်။ ဂျင်န်ထဲကတစ်ယောက်ဖြစ်တဲ့ အေဗလိစ်ဆိုရင် အလ္လာ့အမိန့်ကိုနာခံလွန်းလို့ ကောင်းကင်ဘုံထိပါတက်ခွင့်ရထားတယ်။ ဒါပေမဲ့ အလ္လာက လူသားကိုဖန်ဆင်းအပြီးမှာ လူသားကိုဦးချဖို့ အေဗလိစ်ကိုစေခိုင်းတော့ အေဗလိစ်က လူသားဟာ သူ့ထက်နိမ့်ကျတယ်ဆိုတဲ့မာနထားပြီး အလ္လာ့အမိန့်ကိုဖီဆန်လိုက်တာကြောင့် ကောင်းကင်ဘုံကနေနှင်ထုတ်ခံလိုက်ရပါတယ်။ သူ့ကို ရှိုင်သာန်မိစ္ဆာလို့ခေါ်ပါတယ်။ ရှိုင်သာန်က လူသားတွေကို လမ်းမှားဆီနည်းမျိုးစုံနဲ့ခေါ်သွားမယ်လို့ အလ္လာ့ကိုကတိပေးခဲ့သလို အလ္လာကလဲသူ့ရဲ့ဖန်ဆင်းခံလူသားတွေ ဘယ်လောက်လမ်းမှားမှား သူတို့အပြစ်တွေကိုသိနားလည်ပြီးဝန်ချတောင်းပန်သရွေ့ခွင့်လွှတ်မယ်လို့ကတိပေးထားပါတယ်။ အခုနပြောတဲ့ ဂျင်န်တွေထဲကဆိုးတဲ့ဂျင်န်တွေကလဲ ဒီရှိုင်သာန်ရဲ့နောက်လိုက်အပေါင်းအပါတွေဖြစ်ပြီး လူသားတွေကိုနှောင့်ယှက်ကြတယ်ပေါ့။ ဒီဇာတ်လမ်းမှာတော့ အာဆူအာလာဆိုတဲ့ဂျင်န်က ကွတ်ဒ်ရတ်ရဲ့သားလေးအလစ်ဖ်ကို ဝင်စီးပါတယ်။ ကွတ်ဒ်ရတ်ကလဲ ဒီဂျင်န်ကိုနှင်ပေမယ့် အာဆူအာလာကပိုစွမ်းအားကြီးနေပြီး ကွတ်ဒ်ရတ်သားလေးကိုလည်ပင်းချိုးသတ်ခဲ့ပါတယ်။ ကွတ်ဒ်ရတ်လဲ လက်လွတ်စပယ်မှုကြောင့်ထောင်ကျခဲ့ပါတယ်။ ထောင်ကလွတ်တော့ သူပညာဆည်းပူးခဲ့တဲ့ရွာလေးကိုပြန်သွားချိန်မှာ ရွာရဲ့အခြေအနေကတော်တော်ဆိုးနေပြီး ဂျင်န်ဝင်စီးခံရတဲ့သူတွေဆိုတာလဲအများကြီးပါ။ ကွတ်ဒ်ရတ်က ဒီဂျင်န်နှင်တာတွေကိုမလုပ်တော့ပေမယ့် သူ့သားလေးနဲ့နာမည်တူ အလစ်ဖ်ဆိုတဲ့ကလေးတစ်ယောက်လဲ ဂျင်န်ဝင်စီးခံရချိန်မှာတော့ ဒီကလေးကိုကုသပေးရင်း ရွာကဘာကြောင့်ဒီလိုတွေဖြစ်နေရလဲဆိုတာ မဖြစ်မနေအဖြေရှာရမယ့်အပြင် ရန်သူတော် အာဆူအာလာနဲ့လဲ ထပ်တွေ့ပြီးသူတို့အားပြိုင်မှုတွေကို ကြောက်ကြောက်နဲ့ပဲကြည့်လိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Fantasy Quality…. 1080p | 720p | 480p File size… 1.3GB | 615MB | 308MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

6.5 2022 102 mins
Qodrat
I Love America
6.7

I Love America(2023) ******************* အချစ်ဟာသဇာတ်ကားကောင်းလေးပေမဲ့ အချို့သောဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့မကြည့်ပဲ သူငယ်ချင်း ၁၈ယောက်မပြည့်တပြည့်နဲ့သာစုကြည့်ပါနော်….. အချစ်ကားဆိုလို့ ဆယ်ကျော်သက်အရွယ် လေတိုက်ရင် ဟိဟိဆိုပြီးရီတတ်တဲ့ အပျိုဖြန်းအရွယ်လေးတော့မဟုတ်ပါဘူး .. အရွယ်ဟိုင်းနေပြီထင်ရပြီး ကလေးအမေ မုဆိုးမလည်းဖြစ်ပေမဲ့ ဘဲကြည်ချက်ကတော့ ခုခေတ် FA မတွေစောင်ကိုက်ကြည့်ရှူရမှာပါ… ဇာတ်လမ်းအကျဉ်းကတော့ လီဆာဆိုတဲ့ပြင်သစ်သူ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဟာ ဟောလီးဝုဒ်မှာ ဇာတ်ကားရိုက်ချင်တဲ့အပြင် ဘဝသစ်ကိုစမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူ Los Angeles ကိုပြောင်းလာခဲ့ပါတယ် အမေနေမကောင်းသေလုဆဲဆဲဖြစ်ခဲ့ရတာကိုပြုစု‌နေခဲ့ရတာမလို့ ယောင်္ကျားလည်းမရှိရည်းစားလည်းမထားဖြစ်တဲ့ လီဆာဟာ ကုတင်ပေါ်မှာတစ်ယောက်တည်း ဖက်တုံးနဲ့ပဲအိပ်နေရတာ သုံးနှစ်ရှိလာခဲ့ပါပြီ ဒါကြောင့်အမေရိကန်ယောက်ျားကောင်းတစ်ယောက်နဲ့ဒိတ်ချင်တဲ့ ဆန္ဒကလည်းသူနဲ့အတူပါလာပါသေးတယ် အသက်ကလည်း ၅၀ရှိနေပြီမလို့ အချစ်ရေးမှာလက်လျော့ထားတဲ့လီဆာဟာ LAမှာနေနေတဲ့သူ့ရဲ့သူငယ်ချင်းကောင်း လူကာနဲ့အတွေ့မှာတော့ ပြောင်းလဲသွားပါပြီ လူကာက MILF(ကလေးအမေ)တွေကို ပွန်းဆိုက်တွေမှာရှာဖွေနှုန်းဟာ တတိယချိတ်ကြောင်း ခုခေတ်ကအမေအရွယ်တွေရဲ့ခေတ်ဖြစ်ကြောင်း လီဆာကိုသူ့ရဲ့ပြင်သစ်ပုံစံအချစ်အတွေးအခေါ်တွေကို စွန့်ပစ်သင့်ကြောင်းကိုဆွယ်တရားဟောပြီ း dating app မှာ acc ဖွင့်ပြီး သူကိုယ်တိုင်စီမံပေးပါတော့တယ် ဒီလိုနဲ့လီဆာတစ်ယောက် သိမ်းငှက်တွေမြေမှာ လိုင်းပေါ်ကလူပေါင်းစုံကြားမှာ သူလိုချင်သလိုအချစ်စစ်ကိုတွေ့ပါ့မလား သူ့ရဲ့အတိတ်ဘဝကကိစ္စတွေကရောသူ့ကို ဘယ်လိုဆက်နွယ်ပတ်သတ်နေမလဲဆိုတာကို ပျော်ပျော်ရွင်ရွင်ကြည့်ရှူရမဲ့ကားလေးပါ ဒါရိုက်တာ Lisa Azuelosရဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပြီး အဓိကမင်းသမီး Sophie Marceauကလည်း ငယ်စဉ်က James Bond ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ဝါရင့်မင်းသမီးကြီးဖြစ်ပါတယ် File size…1.5GB / 727MB Quality… WEB-DL1080P / 720p Format…mp4 Duration….1h 43min Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Vo Aumg Din

Adventure • Action • Animation
6.7 2023 102 mins
I Love America
The Astronaut
6.7

The Astronaut (2022) ~ IMDb rating – 6.7/10 ~ ဒီကားလေးက ပြင်သစ်စကားပြော ဒရာမာအမျိုးအစားဖြစ်ပြီး Nomination နှစ်ခုလည်း၀င်ထားလောက်အောင်ကို အာကာသအကြောင်းရယ်၊ အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့လူတစ်စုအကြောင်းရယ်ကို အချိုးညီညီပေါင်းစပ်ထားတဲ့ကားပါပဲ။ ဂျမ်ဆိုတဲ့ လေကြောင်းအင်ဂျင်နီယာတစ်ယောက်ရဲ့အိပ်မက်က အာကာသယာဉ်မှူးဖြစ်ဖို့ပါ။ ဥရောပအာကာသအေဂျင်စီမှာ ၀င်ခွင့်ဖြေဖူးပေမဲ့ ကျခဲ့တာကြောင့် ကိုယ်ထူကိုယ်ထ ဒုံးပျံယာဉ်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲမှာ လမ်းလျှောက်ဖို့ကြံနေတာပါ။ သူနဲ့အတူ လောင်စာအတွက် ကူညီပေးတဲ့ ဓာတုပညာရှင်တစ်ယောက်ရှိပါတယ်။ နောက်ပိုင်းကျ ခရီးလမ်းကြောင်းကိုတွက်ချက်ဖို့ သင်္ချာပညာရှင်တစ်ယောက် အာကာယာဉ်မှူးဟောင်းတစ်ယောက်ပါလာပြီး သူတို့လူတစ်စု ကမ္ဘာ့ပထမဆုံး အပျော်တမ်း ခရီးသည်ပါအာကာသယာဉ်ကြီးတည်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲအာကာသလမ်းလျှောက်ဖို့လုပ်ကြပါတယ်။ သူတို့ရဲ့အိပ်မက်တွေ အနှောင့်အယှက်မျိုးစုံကြားထဲမှာ အောင်မြင်သွားရဲ့လားဆိုတာ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 870MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 50Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Comedy • Romance
6.7 2022
The Astronaut
The Innocent
6.7

The Innocent (2022) ~ IMDb – 6.7/10, Rotten Tomatoes – 98% ~ Little Women (2019) ထဲက မမ Saoirse Ronan ရဲ့ဇာတ်ကောင်အတွက် နောက်ဆုံးမှာပေါ်လာတဲ့ ဖူးစာရှင်ဖြစ်သူ ခန့်ခန့်ညားညား တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကို မှတ်မိကြမလား မသိဘူး။ အဲဒီသရုပ်ဆောင်မင်းသား Louis Garrel ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်သစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမေတစ်ခု သားတစ်ခုနေလာတဲ့ အာဘဲလ်တစ်ယောက် အမေဖြစ်သူ နောက်အိမ်ထောင် ထူတော့မယ်ဆိုတဲ့အခါ စိတ်ခုစရာကြုံလာပါတယ်။ ပြဿနာကတော့ အမေ့ချစ်သူက လက်ရှိအချိန်မှာ ထောင်၅နှစ်ကျနေတဲ့သူပဲဖြစ်ပါတယ်။ တားမရတဲ့အဆုံး တရားခံဘဝနဲ့ထောင်ထဲရှိနေတုန်းပဲ လက်ထပ်ပွဲကျင်းပလိုက်ကြပေမဲ့ ပထွေးအဖြစ် ထောင်ကလွတ်လာတဲ့နောက်ပိုင်း အာဘဲလ်ရဲ့ အမြင်မကြည်မှုတွေ သံသယတွေနဲ့က သူ့အမေရဲ့ အိမ်ထောင်ရေးမှာ သာယာစေပါ့မလား။ အာဘဲလ်ဟာ အမေ့ကို ကာကွယ်ဖို့အသင့်ဖြစ်နေတဲ့ သားတစ်ယောက်ပေမဲ့ ပြစ်မှုကျူးလွန်ဖူးသူတစ်ယောက်ကရော တစ်ခါ အပြစ်သားဖြစ်ရင် တစ်သက်လုံး အပြစ်သားဆိုတဲ့ အမြင်အောက်မှာ ရှိနေဖို့လိုသလား။ ကိုယ်တိုင်ကိုယ်၌ကြားက အမေ့အပေါ်စိတ်ပူမှုနဲ့ လူသားဆန်ဆန်သဘောထားကြီးမှုကြား လွန်ဆွဲနေတဲ့ အာဘဲလ်ရဲ့ ပထွေးပေါ် ချဉ်းကပ်မှုခရီးစဉ်ပေါ့။ သိမ်မွေ့မှုနဲ့ ရာဇဝတ်မှု၊ ရယ်မောစရာနဲ့ ရင်မောစရာ မဆိုစလောက်စီမျှပါဝင်တာမို့ ဖျော်ဖြေရေးရုပ်ရှင်ကောင်းတစ်ခုလို့ပြောရင် မမှားနိုင်ပါဘူး။ ဒီ့ပြင်ကိုမှ ဒီထဲက မင်းသမီးကလည်း Portrait of a Lady on Fire ထဲက Noémie Merlant ဆိုတော့ ဘာများတွေဝေနေဖို့လိုဦးမလဲနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 765MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 39Min Genre – Comedy, Crime, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.7 2022 99 mins
The Innocent
The Warrior Queen of Jhansi
4.9

The Warrior Queen of Jhansi (2019) ========================== ဒီရုပ်ရှင်ကတော့ သမိုင်းကိုအခြေခံပြီးတော့ စိတ်ကူးယဥ်ဇာတ်လမ်း ဖန်တီးထားတာပါ။ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ က အိန္ဒိပြည်ကနေ အကျိုးအမြက်တွေရရှိအောင် လုပ်နေတဲ့ကာလမှာပဲ ဂျန်စီပြည်နယ်ရဲ့ အုပ်စိုးသူဖြစ်နေတဲ့ ဘုရင်မရာနီက ပြည်နယ်ကို အလွယ်တကူအပ်ဖို့ ငြင်းဆိုခဲ့ပါတယ်။ နောက်ဆုံး အထိ သူဘယ်လိုခုခံသွားသလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းမှာတော့ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီရဲ့အဲဒီခေတ်အခါက အ​ခြေအနေတွေကိုထင်ဟပ်အောင်ရိုက်ကူးထားပါတယ်။ ဒါရိုက်တာ Swati Bhise က ရိုက်ကူးထားပြီးတော့ VIWIFF ရဲ့ Impact Award ကို ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.7 GB) / (724 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 42Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Drama Translator…….Thy Santa Encoder……….SWM

4.9 2019
The Warrior Queen of Jhansi
Begin Again
7.4

Begin Again (2013) IMDb Rating (7.4) / Rotten Tomatoes (83%) မင်းသားကြီး Mark Ruffalo နဲ့ မင်းသမီး Keira Knightley တို့အဓိကပါဝင်ထားတဲ့ Musical ဒရမ်မာ အချစ်ရိုမန့်ဇာတ်ကားလေးပါ။ Music ကိုဝါသနာပါတဲ့ သူများ ပိုမိုကြိုက်နှစ်သက်လောက်မယ့်ဇာတ်ကားမျိုးပါပဲ။ သီချင်းလေးတွေရေးစပ်သွားတာ . Christmas လက်ဆောင်အဖြစ် သီချင်းလေးလက်ဆောင်ပေးသွားတာတွေဟာ ဇာတ်ကားရဲ့တကယ့်ကို ဆွဲဆောင်မှု အရှိဆုံးအချက်ထဲက တစ်ချက်လို့ပြောချင်ပါတယ်။ သာမန် Acoustic Guitar တစ်လုံးနဲ့တီးခတ်နေတဲ့ Gretta ရဲ့ သီချင်းတစ်ပုဒ်ကို လိုအပ်တဲ့ သံစဉ်ထောက်ပံ့မှုတွေကို အရက်သောက်နေရင်းနဲ့ မိမိစိတ်ထဲမှာတင် ခံစားတီးခတ်ပြသွားတဲ့ Dan ရဲ့ ဂီတစွမ်းရည်ဟာ ကျွန်တော့်တို့လို ဂီတကိုကြိုက်နှစ်သက်တဲ့လူတွေအတွက် မလွတ်တန်းကြည့်ချင်မိတဲ့ ဇာတ်ကားအဖြစ် စိတ်ထဲကိုနေရာယူစေမိတယ်။ နောက်ထပ် အသိရသအနေနဲ့ကတော့ လဲကျနေတဲ့စိတ်ဓါတ်တွေကိုပြန်လည်မြင့်တင်ပေးပြီး . မိမိစိတ်ကို ပြန်အားတင်းစေတဲ့အသိခံစားမှုကိုလည်းပေးစွမ်းနိုင်တဲ့ Drama ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ ခပ်အေးခပ်ငြိမ့်ငြိမ့်ကြည့်ရှုဖို့အတွက် ဆူညံတဲ့နေရာ ပတ်ဝန်းကျင်မှာ မကြည့်ရှုဖို့တော့ အကြံပေးပါရစေ။ ဇာတ်ကားကောင်းတစ်ကားရဲ့ အနှစ်ခံစားချက်အပြည့်အဝကို အတွင်းကျကျခံစားချင်ရင် အခုလိုအေးမြတဲ့ ဆောင်းရာသီမှာ မနက်စောစောဖြစ်ဖြစ် . ညဘက်ခပ်မှောင်မှောင်အချိန်လေး မှာဖြစ်ဖြစ် ကော်ဖီလေးတစ်ခွက်နဲ့သာကြည့်လို့ကတော့ အရမ်းကိုပြည့်စုံလွန်းတယ်လို့ကို ပြောချင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thet Oo Mon မှ တင်ဆက်ထားပါတယ်။ သီချင်းစာသားတွေကအစ ဘာသာပြန်ပေးထားပါတယ်။ )

Action • Drama • Thriller
7.4 2013 104 mins
Begin Again
Bless the Child

ဒီကားက ၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Horror/thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Maggie က စိတ်ရောဂါကုဆေးရုံက နာ့စ်မ တစ်ယောက်ဖြစ်ပြီး သူ့မှာ ဆေးစွဲနေတဲ့ Jenna လို့ ခေါ်တဲ့ ညီမ တစ်ယောက်ရှိပါတယ်။ တစ်ညမှာ Jenna က မွေးကင်းစ ကလေးလေးကို သူ့အစ်မ Maggie ဆီမှာ ထားပစ်ခဲ့ပြီး ထွက်ပေးသွားပါတယ်။ Maggieက Cody လို့ခေါ်တဲ့ သူ့တူမလေးကို အမေတစ်ယောက်လို ပြုစု စောင့်ရှောက်ခဲ့ပါတယ်။ ကလေးက autism မျိုးကွဲ ရောဂါတစ်ခု ရှိပြီး တခြားကလေးတွေထက် ထူးခြားတဲ့ စိတ်စွမ်းအားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကို Maggie က မသိသေးပါဘူး။ တစ်ဖက်မှာလည်း ခြောက်နှစ်အရွယ် ကလေးငယ်တွေကို ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေတာပါ။ Cody လေးအသက် ခြောက်နှစ်ပြည့်တဲ့အချိန်မှာ အမေဖြစ်သူ Jenna ပြန်ရောက်လာပြီး သူနဲ့ အတူ Eric Stark ဆိုတဲ့သူလည်း ပါလာခဲ့ပါတယ်။ အဲ့ဒီလူက မူးယစ်ဆေးစွဲနေတဲ့ လူငယ်တွေကို ဆေးဖြတ်ပြီး ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်း တည်ထောင်ထားပြီး Jenna နဲ့လည်း အဲ့ဒီပနေ တဆင့် တွေ့ခဲ့တာပါ။ Cody ကို Jenna နဲ့ Eric က ပြန်လာခေါ်တော့ Maggie က မထည့်ပေးချင်ပါဘူး။ Cody ရောဂါအရ သူစိမ်းတွေနဲ့ အဆင်မပြေဖြစ်မှာ စိုးပြီး ငြင်းလိုက်ပေမယ့် Eric က Cody ကို ဖမ်းခေါ်သွားခဲ့ပါတယ်။ Maggie လည်း ရဲစခန်းကို သွားတိုင်ခဲ့ပြီး အေးဂျင့် Travis ဆိုသူက Eric ရဲ့ နောက်ကြောင်းကို ပြောပြလာတဲ့အခါမှာ Cody မှာ အန္တရာယ်ရှိနေတာ သိသွားခဲ့ပါတယ်။ Agent Travis နဲ့ အတူ Maggie တို့ Cody ကို ဘယ်လိုပြန်ရအောင် လုပ်မလဲ၊ Eric Stark ကရော Cody နဲ့ပတ်သတ်ပြီး ဘာအကြံတွေ ရှိနေတာလဲသိရဖို့ ဇာတ်ကားကို ကြည့်ရှူလိုက်ပါဦး။ File size…(1.6 GB)/(923 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller, Horror,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Horror • Comedy
0 2000
Bless the Child
The Haunted Apartment “Miss K” Panggonan Wingit 2: Miss K
5.9

The Haunted Apartment “Miss K” (2025) IMDb Rating (5.9) နာမည်ကျော်အင်ဒိုနီးရှားဟော်ရာတွေဖြစ်ခဲ့တဲ့ The 3rd Eye 1-2, Sabrina, Sumala တို့ရဲ့ပဲ့ကိုင်ရှင် Hitmaker Studio ရဲ့နောက်ဆုံးထွက်လည်းဖြစ် The Haunted Hotel 2023 ရဲ့ Standalone sequel လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆူရာဘာယာမြို့မှာ ဆက်စ်မာယာ ဆိုတဲ့ အဆင့်မြင့်တိုက်ခန်းတွဲကြီးတစ်ခုရှိပြီး မကြာသေးခင်က အဲ့ဒီတိုက်ခန်းမှာနေထိုင်သူတစ်ဦး သူ့ညီမအိမ်မှာ ခြေလက်တွေဖြတ်ပြီး ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုတစ်ခုဖြစ်ပွားခဲပါတယ်။ အဲ့ဒီအမှုကို ကိုင်တွယ်နေတဲ့ ရဲအရာရှိရဲ့ချစ်သူဟာ သူ့ညီမနဲ့အတူ အဲ့ဒီတိုက်ခန်းတွဲကြီးကိုမန်နေဂျာအဖြစ်ပြောင်းလာခဲ့ပြီးနောက်မှာတော့ အဲ့ဒီတိုက်ခန်းတွဲကြီးရဲ့အသုံးမပြုပဲ အသေပိတ်ထားတဲ့ အထပ်တစ်ထပ်၊ အဲ့ဒီအထပ်မှာရှိနေတဲ့ ဝင်ရောက်သူတိုင်းလေးရက်အတွင်းသေဆုံးရမယ်လို့ ကျိန်စာတိုက်ပြီးလိုက်သတ်တတ်တဲ့ သရဲသားအမိကို ကိုယ်တွေ့ကြုံရာကနေ ကျိန်စာကလွတ်မြောက်ဖို့အတွက် အဲ့ဒီသရဲသားအမိအကြောင်းကို စုံစမ်းဖော်ထုတ်ပြီး ဖြေရှင်းရမှာတွေကိုရှုစားကြရမှာပါ။ စတူဒီယိုကြီးက ထုတ်တဲ့ဇာတ်ကားပီပီ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာ၊ သရုပ်ဆောင်ချက်ကောင်းကောင်း၊အထူးပြုလုပ်ချက် လှည့်ကွက် visual အမိုက်စားတွေနဲ့အချိန်ပေးရကျိုးနပ်မယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Thriller Duration….01:44:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.9 2025 103 mins
The Haunted Apartment “Miss K” Panggonan Wingit 2: Miss K