YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Saint Clare (2024) WEB-DL,720p (CM).mp4

767.3 MB N/A video/mp4 10 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Five Devils
7

Blue Is the Warmest Colour ထဲက မင်းသမီး Adèle Exarchopoulos က ပါဝင်သရုပ်ဆောင်ထားတဲ့ ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဗစ်ကီလို့ခေါ်တဲ့ ၈နှစ်သမီးလေးဟာ ရေကူးနည်းပြမေမေ မီးသတ်သမားဖေဖေတို့နဲ့ အတူတူနေထိုင်ပါတယ်။ အမေဖြစ်သူနဲ့ကြားက ဆက်ဆံရေးကလည်း ကောင်းမွန်လွန်းပြီး ဗစ်ကီလေးဟာလည်း အမေမှ အမေ ဆိုပြီးဖြစ်နေသူလေးပေါ့။ ဒါပေမဲ့ သူ့အမေမသိတာ ၂ချက်ရှိပါတယ်။ တစ်ခုကတော့ ဗစ်ကီလေးဟာ ကျောင်းမှာ အလှောင်ခံလေးဖြစ်တယ်ဆိုတာနဲ့ နောက်တစ်ခုကတော့ ထူးခြားတဲ့ စွမ်းအင်တစ်ခု ပိုင်ဆိုင်နေတယ်ဆိုတာပါပဲ။ အဲဒီစွမ်းအင်ကတော့ အနံ့တွေကို ခွဲခြမ်းစိတ်ဖြာစုဆောင်းနိုင်ပြီး သူကြိုက်ရာအနံ့တစ်ခုကိုရွေးချယ်လို့ ကာလကို ပြန်လည်ပုံဖော်နိုင်တာပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် ရနံ့ထဲမှာ အမှတ်တရတွေရှိတတ်ပြီး ဗစ်ကီလေးက ပြန်ထုတ်ကြည့်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ယူဆလို့ရမယ်ထင်ပါတယ်။ ဒီလို စွမ်းအားပိုင်ရှင် ဗစ်ကီလေးနဲ့ သူ့ရဲ့ ချစ်လှစွာသော မေမေတို့ကြားကို သူ့ဖေဖေရဲ့ ညီမ (ဗစ်ကီအနေနဲ့ဆို ရှိလို့ရှိမှန်းမသိဖူးတဲ့ အဒေါ်တစ်ယောက်) ရောက်လာပါတယ်။ ဒီမှာပဲ လွမ်းဆွတ်ဖွယ်ကောင်းသလောက် ပြန်လည်မတူးဖော်သင့်တဲ့ သူ့မေမေရဲ့ အမှောင်ခြမ်း အတိတ်ရဲ့ အမှတ်တရတွေကို ဗစ်ကီလေးတစ်ယောက် ရနံ့တွေမှတဆင့် ဖမ်းယူလှမ်းဆုတ်မိတဲ့အချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 770MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
7 2022 96 mins
The Five Devils
[18+]Flirting in the Air
6

၂၀၁၄ ခုနှစ်ကနေ မင်မင်းဆက်ခေတ်ကို ခုန်ကူးသွားမယ့် ကမ္ဘာပတ်တဲ့ကပ္ပတိန်ကူး... လေယာဉ်ကိုအရမ်းရူးသွပ်တဲ့ ကပ္ပတိန်ကူး... မိန်းကလေးတွေဆို အရမ်းချစ်တဲ့ ကပ္ပတိန်ကူး... ၂၁ ရာစုမှာ ပွေရှုပ်တာအားမရလို့ ‌မင်မင်းဆက်အထိသွားရှုပ်မယ့် ကပ္ပတိန်ကူး... ကပ္ပတိန်ကူးရဲ့ဂေါ်ချက်ကတော့ သူဌေးရဲ့မိန်းမနဲ့မှ ဆတ်ဆတ်လူးနတ်ပူးမိပါတော့တယ် ။ သူဌေးက သိသွားပြီး အလုပ်ထွက်ခိုင်းခဲ့တာကြောင့် နောက်ဆုံးတစ်ခါလေယာဉ်မောင်းရင်း လေယာဉ်ပေါ်မှာလည်း လေယာဉ်မယ်တွေကို အလွတ်မပေးခဲ့ပါဘူး။ မိုးမမြင်လေမမြင်ကဲနေကြတုန်း လေယာဉ်ကြီးက သံလိုက်စက်ကွင်းထဲဝင်ရောက်သွားတဲ့အခါ... ‌ရှေးဘုရင် မင်မင်းဆက်ဆီ ဝုန်းခနဲရောက်သွားပါတော့တယ်။ ကပ္ပတိန်ကူးပဲလေ... ငြိမ်ငြိမ်ဘယ်နေပါ့မလဲ။ မင်မင်းဆက်မှာ နှာဘူးလိုက်ထရင်း မင်မင်းဆက်သမိုင်းရဲ့ အရေးပါဆုံးဖြစ်ရပ်ထဲမှာ သူဝင်ပါမိသွားတဲ့အခါ.... ပေါ့ပေါ့ပါးပါးလေးကြည့်ဖို့ အဆင်ပြေတဲ့ကားလေးဖြစ်ပေမယ့် မိသားစုနဲ့တော့အတူတူမကြည့်နဲ့နော်။ တော်ကြာနေ နရင်းအုပ်ခံနေရမှာစိုးလို့ပါ ။ ပါ၀င်ထားတဲ့သူတွေကလည်း ရှောင်လင်ဘောလုံးကားထဲက ဖက်တီးတို့ တကယ့် ဟာသနဲ့ ငဘူးအုပ်စုဖြစ်တဲ့သူတွေ အပြင် ဒါရိုက်တာကလည်း Sex and Zen ရိုက်တဲ့သူဆိုတော့ ရှယ်ပေ့ါ ။ File Size__(1.1GB) Quality__720p IMDb Rating__5/10 Format__mp4 Duration__01:33:00 Type__Adult, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Adventure • Animation • Family
6 2014 94 mins
[18+]Flirting in the Air
Conan the Barbarian
5.3

ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် Aquaman မင်းသားကြီး Jason Momoa ရဲ့ 2011 ကထွက်ရှိထားတဲ့ Conan the Barbarian ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားကို ဟိုက်ဘိုရီယန်ခေတ်မှာ အခြေတည်ထားပြီးတော့ ခန့်မှန်းအားဖြင့် BC 14000 ကနေ 9500 ကြားလောက်အချိန်အတွင်းဖြစ်ပါတယ်။ ဟိုက်ဘိုရီယန်ခေတ်မတိုင်ခင် အက်ရှရွန်ခေတ်မှာမှော်ဆရာတွေဟာ သေသူကိုပြန်ဆင့်ခေါ်နိုင်ဖို့ ဘုရင်တွေရဲ့အရိုးတွေကိုသုံးပြီး နတ်ဆိုးတွေစီး၀င်‌နေတဲ့ မျက်နှာဖုံးတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ မျက်နှာဖုံးဟာ စွမ်းအားကြီးလွန်းလို့ အက်ရှရွန်တွေဟာ တစ်ကမ္ဘာလုံးကို အုပ်စိုးသွားနိုင်ခဲ့ပေမယ့် သူတို့ကိုတော်လှန်နိုင်တဲ့ ဘာဘေရီယန်ဆိုတဲ့ မျိုးနွယ်စုတစ်စု ကျန်ရှိနေခဲ့ပါတယ်။ ဘာဘေရီယန်တွေဟာ မျက်နှာဖုံးကိုခွဲပစ်လိုက်နိုင်ပြီး မသမာသူတစ်ယောက်ယောက်က အစိတ်အပိုင်းတွေကိုပြန်မဆက်နိုင်အောင် တစ်ပိုင်းချင်းစီကို မျိုးနွယ်စုအသီးသီးဆီဖြန့်ကျက်ထားလိုက်ပါတယ်။ ဒါပေမယ့် တစ်နေ့တော့ အပိုင်းအစတွေကိုပြန်စုတဲ့လူတစ်ယောက်ပေါ်လာခဲ့တဲ့အခါ ဇာတ်လိုက်ကျော် Jason Momoa တစ်ယောက် ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရင်း တားဆီးဖို့ကြိုးစားသွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက မင်းသားကြီးအာနိုးရဲ့ Conan the Barbarian (1982) နဲ့နာမည်တူ ခေတ်ပုံစံတွေတူပေမယ့် ဇာတ်လမ်းဆက်စပ်မှုတော့ မရှိပါဘူး။ File size…(7.6 GB)/(2.1 GB)/(1.1 GB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:52:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Jaka

Horror • Thriller
5.3 2011 113 mins
Conan the Barbarian
Piggyback

Piggyback ဆိုတာကတော့ ကျောပိုးတာကို ပြောတာပါ။ အဖေက သားကို ကျောပိုးထားတာ ဆိုတော့ သားအဖ မေတ္တာအကြောင်းပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ..... တံငါရွာလေးမှာနေထိုင်တဲ့ သားအဖအကြောင်းလေးကို သဘာဝဆန်ဆန်ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါ အသက်ကြီးမှမွေးတဲ့သားလေးကို မိခင်မရှိဘဲ ဖအေတစ်ယောက်တည်း ပျိုးထောင်ရင်းနဲ့ ပိုင်ဆိုင်တဲ့လှေလေးကိုပါ မဆုံးရှုံးအောင် ကြိုးစားတဲ့ နိုမာရဲ့အဖေနဲ့... အသက်ငယ်ပေမဲ့လည်း သိတတ်ပြီး ထက်မြက်တဲ့ နိုမာဆိုတဲ့ကောင်လေးရယ်... အသက် ၂၄ နှစ်ကွာတဲ့ တရုတ်မလေးကိုမှ တမ်းတမ်းစွဲဖြစ်နေတဲ့ နိုမာရဲ့ဦးလေး... သားအဖရဲ့ မေတ္တာ၊ ညီအစ်ကို သံယောဇဉ်တွေနဲ့ နိုမာတို့ သူငယ်ချင်း တစ်သိုက်တလွဲတွေလုပ်တာကို ဒရာမာချိုးရင်းနဲ့ ပြုံးမိစေမယ့် မိသားစုဟာသရုပ်ရှင်လေးကို ကြည့်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော် ဖခင်ဖြစ်သူနေရာမှာ သရုပ်ဆောင်ထားတာကတော့ From now on Showtime မှ စစ်သူကြီးအဖြစ် သရုပ်ဆောင်ထားတဲ့ Jung Joon Ho ပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Family Quality…. 1080p | 720p | 480p File size… Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August

Drama
null 2022 107 mins
Piggyback
Jailbreak Pact
7

Jailbreak Pact (2020) ~ IMDb – 7/10, Rotten Tomatoes – 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ “နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး” ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size – 2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 15Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Action • Adventure • Science Fiction
7 2020
Jailbreak Pact
The Bling Ring
7

The Bling Ring(2013)အညွှန်း ************************** မာ့ခ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ စိတ်ဓာတ်ကျမှုတွေနဲ့ ကျောင်းအသစ်ကိုပြောင်းရွှေ့လာခဲ့ရပါတယ်။ လူတွေနဲ့ရှောင်ဖယ်နေတတ်လို့ သူငယ်ချင်းမရှိခဲ့ဖူးတဲ့ မာ့ခ်အတွက် ရေဘက်ကာဟာ ပထမဆုံးသူငယ်ချင်းဖြစ်လာခဲ့ရာကနေစလို့ မာ့ခ်ဟာ ရေဘက်ကာနဲ့ပိုမိုခင်မင်နိုင်ဖို့ ရေဘက်ကာ တောင်းဆိုသမျှကို လိုက်လျောလာပါတော့တယ်။ အဲဒီလိုက်လျောမှု‌တွေထဲ မာ့ခ်နဲ့ ရေဘက်ကာအပြင် နစ်ကီ၊ ခလိုးဝီ၊ ဆမ် စတဲ့သူငယ်ချင်းအုပ်စုတစ်ခုလုံးရဲ့ ဘဝကိုပြောင်းလဲပစ်ခဲ့တဲ့ လိုက်လျောမှုတစ်ခုကတော့ နာမည်ကျော်တွေရဲ့အိမ်ကို‌ခိုးဝင်ဖို့ မာ့ခ်ကူညီခဲ့တာပဲဖြစ်ပါတယ်။ သာမန်ခေတ်လူငယ်လေးတွေဟာ နာမည်ကျော်မင်းသမီးတွေရဲ့အိမ်ထဲက တန်ဖိုးကြီးပစ္စည်းတွေကို လိုက်လံစပ်စုကြရင်း မသိသာအောင် အနည်းငယ်စီခိုးယူလာခဲ့တဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ File Size : (2 GB) (800 MB) and (268 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:30:00 Genre : Biography, Drama,Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Reum Encoded by Phyo Pyae

Drama
7 2013
The Bling Ring
Open Season: Scared Silly
5.2

စိတ်ညစ်စရာတွေ ပင်ပန်းတာတွေများနေလို့ ရယ်မောရတဲ့ ဇာတ်ကားကောင်းလေးတွေ ကြည့်ချင်သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ရှုရမယ့် ကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားလေးက အသစ်တော့ မဟုတ်ပါဘူး။ ဘာသာပြန်သူ ငယ်ငယ်က ကလေးတွေကြား ရေပန်းစားခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်ကားနာမည်လေးကတော့ Open Season Scared Silly လို့ ခေါ် ပြီးတော့ ၂၀၁၆ ကထွက်ခဲ့တဲ့ အပိုင်းပါ။ သူ့အရှေ့မှာတော့ အရင်အပိုင်းတွေ ရှိသေးတာပေါ့နော်။ ဇာတ်လမ်းလေးကို အကြမ်းဖျင်း ပြောပြရရင် ဝက်ဝံကြီးနဲ့ ချိုတစ်ဖက်ပဲပါတဲ့ သမင်လေးကြားက အလွဲအချော်တွေကို ဟာသစွက်ပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါပဲ။ သမင်လေး အယ်လီယော့က တောထဲက တိရစ္ဆာန်တွေကိုပုံပြင်တွေ လျှောက်ပြောပြတတ်ပါတယ်။ အဲဒီထဲမှာမှ ရေပန်းအစားဆုံး ပုံပြင်ကတော့ ဝေးလင်းဝမ်းပက်သမန်းဝံပုလွေကြီးရဲ့ ပုံပြင်ပါပဲ။ ဖန်တီးပြောနေတဲ့ ပုံပြင်တွေကို တကယ်ထင်ပြီး ကြောက်နေတာကတော့ ဝက်ဝံကြီး ဘု ပါ။ ဝက်ဝံကြီးဘုက သမန်းဝံပုလွေကြီး တကယ်ရှိတယ်အထင်နဲ့ ပုန်းမယ် ပြေးမယ်တွေ လုပ်တော့တာပါပဲ။ အဲဒီအချိန်မှာ အယ်လီယော့က သူ့သူငယ်ချင်းကြီး မကြောက်တတ်အောင် ကြောက်တဲ့အရာတွေနဲ့ ရင်ဆိုင်ခိုင်းမယ်ဆိုပြီး တခြားတိရစ္ဆာန်တွေနဲ့ အကွက်ချစီစဉ်တော့တယ်။ အစပိုင်းမှာ အဆင်ပြေနေပေမဲ့ သမန်းဝံပုလွေပုံစံကို ထုတ်ပြမယ့်အချိန်မှာ အကုန်လွဲကုန်တော့တာပါပဲ။ အဲဒီအလွဲအချော်ကနေမှ အားလုံးက သမန်းဝံပုလွေရှိတယ်လို့ တကယ်ယုံသွားကြတယ်။ အဲဒီထဲမှာ မုဆိုးကြီး ရှောလည်း အပါအဝင်ပါပဲ။ မုဆိုးကြီးရှောက သမန်းဝံပုလွေကို ဖမ်းမယ်ဆိုပြီး အမဲလိုက်ခွင့်ကို ပြန်ဖွင့်ခိုင်းပါတယ်။ နောက်ပိုင်းမှာတော့ ဝက်ဝံကြီးနဲ့သမင်ကတစ်ဖက် မုဆိုးကြီးကတစ်ဖက် မရှိတဲ့ သမန်းဝံပုလွေကို အပြိုင်လိုက်ဖမ်းကြမှာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဆိုတော့ သမန်းဝံပုလွေကြီးကို လိုက်ဖမ်းတဲ့အချိန်မှာ ဝက်ဝံကြီးနဲ့ သမင်တို့ ဘာတွေကြုံတွေ့ရမလဲ၊ သမန်းဝံပုလွေအပြင် သူတို့ကိုပါ အပြတ်ရှင်းချင်နေတဲ့ မုဆိုးကြီးရှောကိုရော ဘယ်လိုကိုင်တွယ်မလဲ၊ သမင်လေး အယ်လီယော့ကရော ဘာတွေအလွဲလွဲအချော်ချော် လုပ်ဦးမလဲဆိုတာကိုတော့ ရုပ်ရှင်ချစ်သူတို့ကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါနော်။ File size… 1.7 GB / 797 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ….. Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

5.2 2015
Open Season: Scared Silly
Happy Ghost 5
6.1

1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 5 ဖြစ်ပါတယ်.. စုစုပေါင်း ငါးကားတိတိရှိပြီးတော့ အရှေ့က ၄ ကားကိုလဲ တင်ဆက်ပေးခဲ့ပြီးပြီပဲဖြစ်ပါတယ် Happy Ghost Link စုစည်းမှုကိုဒီမှာရှာနိုင်ပါတယ် Kathy မှာ အရမ်းချစ်စရာကောင်းပြီး သိတတ်တဲ့ မက်ဂျစ်လို့ခေါ်တဲ့ ခွေးလေးတစ်ကောင် ရှိပါတယ်။ သူမရဲ့ အမေရိကန်မှာရှိတဲ့ မိဘတွေဆီ အလည်သွားနေတုန်း ရည်းစားဖြစ်သူ အားကျယ်ဆီ အပ်ခဲ့ပါတယ်။ ဒါပေမဲ့ အားကျယ်က မက်ဂျစ်ကို ကြည့်မရသူ ဖြစ်တဲ့အတွက် သေချာဂရုမစိုက်ပဲ ဖြစ်သလိုထားခဲ့ပါတယ်။ ဒါနဲ့ မက်ဂျစ်ဟာ အိမ်က ထွက်ခဲ့ပြီး ဘုရားကျောင်းတစ်ခုကို ဖြတ်သွားချိန် ဖယောင်းတိုင်မီးကြောင့် လောင်ကျွမ်းနေတဲ့ အပျော်နတ်ဘုရားရုပ်တုကို ကယ်ခဲ့ပါတယ်။ အပျော်နတ်ဘုရားကလည်း ကိုယ်ထင်ပြပြီး မက်ဂျစ်ရဲ့ ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးဖို့ ကတိပေးခဲ့ပါတယ်။ မက်ဂျစ်က လူဖြစ်ချင်တယ်လို့ ဆုတောင်းတော့ အပျော်နတ်ဘုရားက ၄၉ ရက်တာ လူဖြစ်ခွင့်ပေးခဲ့ပါတယ်။ ခွေးလေး မက်ဂျစ်ကနေ လူယောကျာ်းမက်ဂျစ် ဖြစ်သွားပြီးနောက် ဘယ်လိုအလွှဲလေးတွေ ဖြစ်မလဲ…… သူ့သခင် Kathy နဲ့တွေ့ရတဲ့အခါ သူ့ကို မှတ်မိလိမ့်မလား…… Kathy နဲ့ အားကျယ်ကြားမှာ မက်ဂျစ်တစ်ကောင် ဘယ်လိုဝင်ရှုပ်မလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ရယ်မောလိုက်ရအောင်နော်။

6.1 1991 91 mins
Happy Ghost 5
72 Hours
5.5

72 Hours ရုပ်ရှင်ကားဟာ ၂၀၂၄ ခုနှစ်ထွက် ရာဇဝတ်လောကကို အခြေခံရိုက်ကူးထားတဲ့ နောက်ဆုံးထွက် အက်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အစ်ကိုဖြစ်သူက FBI အရာရှိ ညီဖြစ်သူက ရာဇဝတ်လောကသား သူတို့ ၂ ယောက် ထိပ်တိုက်ရင်ဆိုင်လာချိန်မှာ ဘယ်လိုပြဿနာတွေ ဖြစ်ပေါ်လာမလဲ။ အဲဒီပြဿနာတွေကြောင့်ပဲ မိသားစုကို ထိခိုက်လာခဲ့အခါမှာ သူတို့ ၂ ယောက် မတူညီချက်တွေကို ဘေးထားပြီး ပြဿနာတွေကို ဖြေရှင်နိုင်မှာလား စတာတွေကို Action တွေ လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အက်ရှင်ကားကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားပါ။ File size…(1.12GB) / ( 637MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

5.5 2024 86 mins
72 Hours
The Bear Lake Murders
5.1

The Bear Lake Murders (2025) IMDb Rating (5.1) Mercedes de la Zerda, Tom Stevens, Blake Williams နဲ့ Magalie တို့က ဦးဆောင်ပါဝင်ထားပါတယ်။ Director ကတော့ Danny J.Boyle ဖြစ်ပါတယ်။ ဘာသာပြန်ရင်း သတိရမိတာကတော့ တရုတ်ပြည်မကြီးတံခါးဖွင့်ဝါဒ စကျင့်သုံးတော့ တိန့်ရှောက်ဖိန် ပြောတဲ့စကားပါ။ “အိမ်ပြတင်းပေါက်ကို ဖွင့်လိုက်ရင် လေကောင်းလေသန့်တွေရသလို ခြင်၊ ယင်၊ အမှိုက်တွေလည်း ဝင်လာနိုင်တယ်” ဆိုတာပါ။ ခရီးသွားဧည့်သည်ဆိုတာလည်း ကျနော့်အမြင်အရ မရှိလည်းကောင်း၊ ရှိလည်းကောင်း ပါပဲ။ ဇာတ်လမ်းအကျဉ်း ကွင်းဆက်လူသတ်သမားတစ်ယောက်ကို တပင်တပန်းလိုက်ဖမ်းခဲ့ရလို့ ခြေကုန်လက်ပမ်းကျနေတဲ့ စုံထောက် အယ်လီ ဟာ အနားယူအားပြန်ဖြည့်ဖို့ ဇာတိမြို့လေးကို မပြန်ချင်ပေမယ့် ပြန်လာခဲ့ပါတယ်။ မပြန်ချင်ရတာကတော့ ဇာတ်လမ်းဟောင်းတွေရှိခဲ့တဲ့ လက်ရှိရဲမှူးကြီး ရွိုင်း၊ စစ်မှုထမ်းဟောင်း မိုင်းလ်စ်တို့နဲ့ မတွေ့ချင်တာကြောင့်ဖြစ်ပါတယ်။ သူ့ရဲ့ဇာတိမြို့လေး “ဝက်ဝံကြီးရေကန်”ကလည်း အပန်းဖြေစခန်းအဖြစ် နာမည်ကျော်လာစဖြစ်လို့ ခရီးသွားတွေ၊ ဘလော့ဂါတွေ ခြေချင်းလိမ်နေပါပြီ။ အယ်လီရောက်ပြီး မကြာခင်မှာပဲ သူမ တပင်တပန်းလိုက်ဖမ်းခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားက ထောင်ပြောင်းရင်း ကားမတော်တဆဖြစ်ကာ သူမရဲ့ဇာတိမြို့နားမှာပဲ ပျောက်ဆုံးသွားကြောင်း ကြားရပါတယ်။ မကြာမီမှာပဲ မတော်တဆလိုပုံစံမျိုးတွေနဲ့ လူသတ်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာတော့ အတိတ်ကို အတိတ်မှာထားခဲ့ပြီး စုံထောက် အယ်လီ နဲ့ ရဲမှူး ရွိုင်းတို့ အတူစုံစမ်းကြရာမှ မထင်မှတ်ထားတာတွေ ဖြစ်လာသောအခါ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.3 GB) / (660 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:29:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

Thriller • Crime
5.1 2025 88 mins
The Bear Lake Murders
Parthenope
6.8

Parthenope (2024) IMDb Rating (6.8) / Rotten Tomatoes (49%) ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထုတ်လုပ်ထားတဲ့ဒီရုပ်ရှင်ဟာဆိုရင် အီတလီသူအမျိုးသမီးလေးတစ်ဦးရဲ့ဘ၀အကြောင်းကိုပုံဖော်ရိုက်ကူးထားခြင်းပါ ။ လူတွေကတိုတောင်းတဲ့ဘ၀ကြီးမှာ ငွေ၊ဂုဏ်၊အလှတရားတွေနောက်ကိုသာလိုက်ရင်းကုန်ဆုံးတတ်ကြပါတယ် ။ ပါတဲလိုပီမည်သူအမျိုးသမီးလေးကတော့ အကုန်ပြည့်စုံပေမယ့် ပျော်ရွှင်မှုဆိုတာဘာလဲဆိုတာအဓိပ္ပာယ်ရှာချင်သူဖြစ်တယ် ။ လှပလွန်းတဲ့ရုပ်ရည်ကြောင့် ချစ်ခင်သူပေါများပေမယ့် တကယ်တမ်းမှာ အထီးကျန်ဆန်လွန်းတဲ့သူ့ဘ၀လေးကို ပါတဲလိုပီတစိယောက်ဖြည်းဖြည်းချင်း‌အဖြေရှာသွားပုံကို အတူစီးမျောခံစားလိုက်ကြနော် ။ ကြည့်ပြီးပြီဆို‌ရင် ရင်မှာဟာတာတာကြီးကျန်ခဲ့မယ့်ရုပ်ရှင်မျိုး ၊ မေးခွန်း‌အများကြီးချန်ထားခဲ့တဲ့အတွေးအခေါ်ရုပ်ရှင်မျိုးတွေကို သဘောကျကြရင်တော့ ဒီကားက အဲ့လူတွေအတွက်ပါပဲ File size…(6.6 GB) / (1.7 GB) / (967 MB) Quality….Blu-Ray 4K HEVC / Webrip 1080p / 720p Format…mkv / mp4 Duration….02:00:00 Genre…Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

Drama • Thriller
6.8 2024
Parthenope
A New Kind of Wilderness
7.6

A New Kind of Wilderness (2024) IMDb Rating (7.6) / Rotten Tomatoes (90%) ဒီနော်ဝေးဒိုကူမန်ထရီမှာတော့ မိသားစုတစ်ခုကို ရိုက်ပြထားတယ်။ ထူးထူးခြားခြား ခေတ်သစ်လူနေမှုဘဝကြီးကနေ ကင်းကွာချင်ခဲ့တဲ့ မိသားစုတစ်စုပေါ့။ ဒီစိတ်ကူးကို နော်ဝေးသူ အမေကနေ စခဲ့တယ်။ အင်္ဂလန်သားအဖေနဲ့ နော်ဝေးသူအမေတို့ဟာ နော်ဝေးက ရွာလေးတစ်ရွာမှာ လယ်လေးတစ်လယ်မှာနေပြီး ဓာတ်ပုံဆရာအမေ ဓာတ်ပုံရိုက်လို့ရတဲ့ငွေနဲ့ ကိုယ်တိုင်စိုက်ထားတဲ့ သီးပင်စားပင်တွေနဲ့ မွေးထားတဲ့ တိရိစ္ဆာန်တွေကို အမှီသဟဲပြုပြီး ရှင်သန်ခဲ့ကြတယ်။ မောင်နှမလေးယောက်နဲ့ အဖေနဲ့အမေနဲ့ ခြောက်ယောက်ရှိတဲ့မိသားစုလေးပေါ့။ နောက်ပိုင်း ဒီစိတ်ကူးကို စခဲ့တဲ့ သူတို့အမေသေသွားတဲ့အချိန် သူတို့မိသားစုဟာ ဝင်ငွေမလောက်ငှတော့တာကြောင့် လယ်ကိုရောင်းပြီး မြို့ပေါ်ပြန်ပြောင်းရင်း ကြုံလာရတာတွေကို ပြထားတယ်။ ဒါတွေကအပေါ်ယံကြောတွေလို့ပဲ ပြောရပါမယ်။ သေသွားတဲ့လူတွေ ရှင်နေသေးတဲ့လူတွေ ကွဲကွာသွားသူတွေ ဘယ်လိုအခြေအနေတွေမှာပဲဖြစ်ဖြစ် မိသားစုဟာ ဘယ်လိုအသက်ဝင်နေလဲ ပြထားတဲ့ ရုပ်ရှင်လို့ အကျဉ်းဖျဉ်းပြောလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2 GB) / (820 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:24:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Comedy • Adventure • Science Fiction • Horror
7.6 2024 84 mins
A New Kind of Wilderness
Detective Sherdil

Detective Sherdil (2025) ပဟေဠိ ဘူဒါပတ်စ်မြို့ရဲ့ လှပဆန်းကြယ်တဲ့ ရှုခင်းတွေကြားမှာ တည်ဆောက်ထားတဲ့ ဒီကားက စိတ်လှုပ်ရှားစရာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပေါ့ပေါ့ပါးပါး ဟာသတွေကို ပေါင်းစပ်ထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ် ဇွန်လ ၂၀ ရက် ၂၀၂၅ မှာ ZEE5 ကနေ စတင်ထုတ်လွှင့်ပြသနေပြီဖြစ်ပြီး ဒီဇာတ်ကားမှာ နာမည်ကျော် မင်းသားဒယ်လ်ဂျစ်ဒိုဆန်ချ်က ထူးခြားတဲ့ စုံထောက်ရှာဒီလ်အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ ဇာတ်လမ်းကတော့ အိန္ဒိယနွယ်ဖွား တယ်လီကွန်းလုပ်ငန်းရှင် မီလီယံနာသူ‌ဋ္ဌေးကြီးကို ဘူဒါပတ်စ်မြို့ရဲ့ လမ်းမပေါ်မှာ ရက်ရက်စက်စက် အသတ်ခံရတာကနေ စတင်ပါတယ် ပထမတော့ ရိုးရိုးဒုစရိုက်မှုလို့ ထင်ရပေမဲ့ ဉာဏ်ထက်မြက်ပြီး ပုံမှန်နဲ့မတူတဲ့ ရှာဒီလ်နဲ့ သူ့ရဲ့အဖော်ဖြစ်သူ အလှပဂေးစမတ်ကျတဲ့ နာတာရှာတို့ နှစ်ယောက်ပေါင်းပြီး စုံစမ်းထောက်လှမ်းလာတဲ့အခါမှာတော့ ဒါကလျှို့ဝှက်နက်နဲတဲ့ ကြံစည်မှုကြီးတစ်ခု ဖြစ်နေကြောင်း တွေ့ရှိလာရပါတော့တယ် ရှာဒီလ်က အမှုမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူဋ္ဌေးကြီးရဲ့ မိသားစုဝင်တွေအပါအဝင် ထူးဆန်းတဲ့ သံသယရှိသူတွေနဲ့တွေ့ရပါတော့တယ် တွေ့ရှိလာရတဲ့ သဲလွန်စတွေက ဖုံးကွယ်ထားတဲ့ လိမ်လည်မှုတွေ ကြာရှည်စွာ ကိန်းအောင်းနေတဲ့ မကျေနပ်မှုတွေဆီကို ဦးတည်နေပြီး ဇာတ်လမ်းက ပိုမိုရှုပ်ထွေးလာပါတော့တယ် ရှာဒီလ်ရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်နဲ့ စူးရှတဲ့ အလိုလိုသိမြင်မှုတွေက ဒီရှုပ်ထွေးလှတဲ့ အမှုရဲ့ တကယ့်တရားခံကို ဖော်ထုတ်နိုင်မလားဆိုတာကတော့ ပရိသတ်ကို ဇာတ်ကားအဆုံးထိ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်ကြည့်ချင်နေမှာပါ လျှို့ဝှက်ဆန်းကြယ်မှုလည်းပါ စိတ်လှုပ်ရှားစရာလည်းကောင်းတဲ့ ဇာတ်ကားမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီကားက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ် ဘူဒါပတ်စ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှုကို ရှာဒီလ်နဲ့အတူ ဖော်ထုတ်လိုက်ရအောင်လား ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Drama • Romance
0 2025 106 mins
Detective Sherdil
Heads of State
6.7

IMDb Rating (6.5) / Rotten Tomatoes (68 %) အားလုံးရဲ့အချစ်တော် John Cena ကြီးကတော့ Heads of State ဆိုတဲ့ ဇာတ်ကားနဲ့ထပ်မံပြီးတော့ ပွဲထွက်လာပြန်ပါပြီ။ ဒီဇာတ်ကားလေးကတော့ 2025 ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဟာသအက်ရှင် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မင်းသား John Cena , Idris Elba , မင်းသမီး Priyanka Chopra တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Ilya Naishuller ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ သရုပ်ဆောင်လုပ်ရင်း အမေရိကန်နိုင်ငံရဲ့ သမ္မဖြစ်လာသူ Will Derringer(John Cena) နဲ့အင်္ဂလန် နိုင်ငံရဲ့ ဝန်ကြီးချုပ် Sam Clarke(Idris Elba) တို့ဟာ ရန်သူတစ်ယောက်ရဲ့ အကြံအစည်ကြောင့် သူတို့လိုက်ပါလာတဲ့ Air Force One လေယာဉ်ကြီးနှင့်အတူပျက်ကျသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံး ကံကောင်းထောက်မစွာ အသက်ရှင်ပြီးတဲ့နောက်မှာ ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ ဘယ်သူတွေရှိလဲဆိုတာတွေကို စုံစမ်းထုတ်ဖော်ဖို့အတွက် မတည့်အတူနေနှစ်ယောက် ပူးပေါင်းဖို့ဖြစ်လာခဲ့ပါတော့တယ်။ လုပ်ကြံသူတွေအနေနဲ့လည်း သူတို့အသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရတဲ့အခါ သူတို့ကိုလိုက်ပြီးတော့ ထပ်မံလုပ်ကြံပါတော့တယ်။ Will နဲ့ Clarke တို့နှစ်ယောက် အခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ပြီး ပြဿနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File Size… (7.36 GB) / (2.07 GB) / (1.12 GB) Quality… WEB-DL 4K HEVC/1080p HEVC /720p Format…mkv / mp4 Duration…1h 56m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Benjamin Translated by Nay

Comedy • Romance
6.7 2025 117 mins
Heads of State