YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Saint Clare (2024) WEB-DL,1080p HEVC (CM).mkv

1.24 GB N/A video/x-matroska 11 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wait With Me
5.8

ဒီကားလေးကတော့ သိပ်မကြာသေးခင်ကမှ Passionflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ စာရေးဆရာမ အေမီဒေါ်စ်ရဲ့ Young Adult Genre "Wait With Me" စာအုပ်စီးရီးထဲက ပထမဆုံးစာအုပ်ဖြစ်တဲ့ "Wait With Me"ကို စာအုပ်ဖုံးများရှင် မော်ဒယ်ပရိုဂျူဆာမင်းသား အန်ဒရူးဘီရာနက်၊ ဓာတ်ပုံဆရာဒါရိုက်တာမင်းသမီး မက်ဒီဆင်လော်လောတို့နှစ်ယောက်နဲ့အတူ အချိတ်အဆက်မိမိ ပုံဖော်ရိုက်ကူးထားတဲ့ လူငယ်အကြိုက် ခပ်ကြမ်းကြမ်း အချစ်ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာ မင်းသမီးကိတ်ထ်စမစ်သ်က ကားပြင်ဆရာဖြစ်တဲ့ မင်းသားမိုင်လ်ဟတ်ဆန်အလုပ်လုပ်တဲ့ တာယာဂိုထောင်မှာ သူမရဲ့ရောင်းအားအကောင်းဆုံးစာအုပ်ရဲ့ အဆက်စာအုပ်ကိုရေးဖို့ဈာန်‌ဝင်အောင်လို့ အဲဒီနေရာကို အကြောင်းအမျိုးမျိုးပြပြီး အဝင်အထွက်လုပ်နေလေ့ရှိပါတယ်။ အဲဒီကနေ တဖြည်းဖြည်း မိုင်လ်နဲ့အနေနီးသွားပြီး ရင်းနှီးမှုအတိုင်းအတာတစ်ခုကိုကျော်သွားတဲ့အခါမှာ ခံစားချက်တွေနက်ရှိုင်းလာကြပြီးနောက် ကိတ်ထ်ဖုံးကွယ်ထားတဲ့အကြောင်းတစ်ခုကို မိုင်လ်သိသွားတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ စာရေးဆရာမ အေမီက "Wait With Me"စာအုပ်ကို ရုပ်ရှင်ထဲကအတိုင်း တာယာဂိုထောင်မှာ ရေးခဲ့တာပါတဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 36Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Comedy • Drama
5.8 2023 90 mins
Wait With Me
Strange World
6.5

ဒီနှစ်ထဲမှာထွက်ရှိထားတဲ့ ဝေါ့လ်ဒ်ဒစ္စနေးရဲ့ သိပ္ပံစိတ်ကူးယဉ် animation ဇာတ်ကားကောင်းလေးတစ်ကားလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဂါကလေ့ဒ်ဟာ အဗာလိုနီးယားဆိုတဲ့ပြည်က နာမည်ကြီးစူးစမ်းရှာဖွေသူတစ်ယောက်ပါ။ အဗာလိုနီးယားဟာ ‌တောင်အထပ်ထပ်ကာရံထားတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး အဲ့ဒီတောင်တွေရဲ့ဟိုဘက်မှာ ဘာတွေရှိမလဲဆိုတာ ဘယ်အဗာလိုနီးယားပြည်သူမှမသိကြသလို သိရအောင်စူးစမ်းတဲ့ စူးစမ်းရှာဖွေသူတိုင်းဟာလည်း မအောင်မြင်ခဲ့ကြပါဘူး။ အဲ့လိုခက်ခဲကြမ်းတမ်းပြီး မရေရာတဲ့စိတ်ကူးအိပ်မက်ကို မက်နေသူကတော့ ဂျေဂါကလေ့ဒ်ပဲဖြစ်ပါတယ်။ ဂျေဂါကလေ့ဒ်ဟာ ဇွဲကြီးကြီးထားကြိုးစားပြီး တောင်တန်းတွေကို ဖြတ်ကျော်နိုင်ဖို့ ကြံစည်အားထုတ်ခဲ့ရမှာ တစ်နေ့မှာတော့ မထင်မှတ်ထားတာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ‌တောင်တန်းတွေကိုကျော်နိုင်မယ့် မိုးကုပ်စက်ဝိုင်းကို လှမ်းမြင်ရချိန်မှာ သူ့ရဲ့လက်ထောက်လည်းဖြစ်၊ သားလဲဖြစ်တဲ့ ဆာချာကလေ့ဒ်ဟာ ထူးဆန်းပြီးလက်လက်ထနေတဲ့ အပင်တစ်မျိုးကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဂျေဂါရဲ့အိပ်မက်ကို အကောင်အထည်မဖော်သေးပဲ အဆိုပါအပင်ကို အဗာလိုနီးယားဆီပြန်ပို့သင့်၊ မပို့သင့် အငြင်းပွားရာကနေ သားအဖနှစ်ယောက် သဘောထားကွဲလွဲပြီး ဂျေဂါကတစ်ဘက်၊ သားဖြစ်သူ ဆာချာနဲ့ အဖွဲ့သားတွေကတစ်ဘက် ဖြစ်သွားကြပါတော့တယ်။ အဲ့ဒီမှာပဲ ခေါင်းမာတဲ့ဂျေဂါဟာသူတစ်ဦးတည်း ခရီးဆက်ထွက်ပြီး သားဖြစ်သူနဲ့အဖွဲ့သားတွေကို အိမ်ပြန်စေပါတယ်။ အဲ့နောက်ပိုင်း ဂျေဂါရဲ့သတင်းမကြားရတော့သလို သားဖြစ်သူဆာချာဟာလည်း သူတွေ့ရှိခဲ့တဲ့ အဆိုပါလက်လက်ထနေတဲ့ ပန်ဒိုအပင်ကို စိုက်ပျိုး၊ သုတေသနပြုပြီး ပန်ဒိုဆီကနေ စွမ်းအင်ထုတ်ယူနိုင်ခဲ့ပါတယ်။ အဲ့စွမ်းအင်ကိုပဲ လျှပ်စစ်လို အသုံးချပြီး အဗာလိုနီးယားကို လူနေမှူအဆင့်မြင့်မားစေခဲ့လို့ အထင်ကရပုဂ္ဂိုလ်တစ်ဦးအနေနဲ့ လေးစားခံရပါတယ်။ တစ်နေ့မှာ ဆာချာရဲ့အိမ်ရှေ့စိုက်ခင်းမှာ သူတို့အဗာလိုနီးယားပြည်သူတွေ သုံးစွဲနေကျလေသင်္ဘောအငယ်စားထက်ကြီးမားတဲ့ ယာဉ်တစ်ခုရောက်နေလို့ ထွက်ကြည့်လိုက်တဲ့အခါ အဗာလိုနီးယားသမ္မတဖြစ်သူ မောလ်ကိုတွေ့လိုက်ရပါတယ်။ မောလ်ဟာ ဂျေဂါရဲ့ခရီးစဉ်မှာ အဖွဲ့သားအဖြစ်လိုက်ပါဖူးသူပါ။ မောလ်ပြောပြချက်အရ အဗာလိုနီးယားပြည်ရဲ့ အဓိကစွမ်းအင်ထုတ်ကုန်ဖြစ်တဲ့ ပန်ဒိုပင်မှာ ဘေးအန္တရာယ်ကျရောက်နေကြောင်းသိလိုက်ရပြီး မောလ်ကလည်း ပန်ဒိုကိုကယ်တင်မယ့်ခရီးစဉ်တစ်ခုစီစဉ်ထားလို့ ဆာချာကိုလည်း လိုက်စေချင်ကြောင်း ပြောပါတယ်။ မငြင်းသာလို့ ဆာချာလိုက်ရမယ့်အချိန်မှာ စူးစမ်းလိုစိတ်ပြည့်နေတဲ့ ဆယ်ကျော်သက် သားဖြစ်သူ အီသန်လည်း အတင်းလိုက်ချင်နေတဲ့အခါ…။ ဆာချာတို့ရဲ့ခရီးစဉ်ထဲ အီသန်ပါသွားမလား…။ ပန်ဒိုကိုဒုက္ခပေးနေတဲ့ အရာရဲ့ဇာစ်မြစ်ကို မောလ်တို့အဖွဲ့ ဖော်ထုတ်တားဆီးနိုင်မှာလား…။ နောက်ထပ် ဘာအလှည့်အပြောင်းတွေရှိလာဦးမလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ရှုစားကြည့်ကြရအောင်ပါ။ ဒစ္စနေးအင်နီမေးရှင်းကားတွေရဲ့ ထုံးစံအတိုင်း အသက်ဝင်ပီပြင်အောင် ဖန်တီးရိုက်ကူးထားလို့ ရှုခင်းတွေ၊ စိတ်ကူးယဉ်သတ္တဝါဆန်းတွေ၊ လှုပ်ရှားမှုတွေကို ပီပီပြင်ပြင်ရသမြောက်‌စွာ ရှုစားကြည့်ရှုရမှာပါ။ အဖေနဲ့သားကြား၊ မြေးအဘိုးကြား သံယောဇဉ်တရားနဲ့ လူကြီး၊လူငယ်ကြား ပဋိပက္ခလွန်ဆွဲတတ်မှုတွေအကြောင်း ပညာပေးရိုက်ကူးပြသထားလို့ မိသားစုတွေနဲ့ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ gender orientation သဘောဆန်တဲ့ အကြောင်းလေးအချို့ပါလို့ စိတ်အနှောင့်အယှက်ရှိနိုင်ပါတယ် (ဟောလိဝုဒ်ရဲ့ ပထမဦးဆုံး LGBT တုတ်ထိုးအိုးပေါက်ဇာတ်ဝင်ခန်းပါတဲ့ဇာတ်ကားလို့‌တောင် ဝေဖန်ရေးသမားတွေကတော့ မှတ်ချက်ပြုထားပါတယ်) IMDb rating 5 ဖြစ်ပြီးတော့ Rotten tomatoes 74% ဖြစ်ပါတယ်။ File size…(2.5GB)  / (1.07GB) / (537MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:42:00 Genre...Animation / Action / Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

Drama
6.5 2022 102 mins
Strange World
Broken People
3

Broken People (2023) လူတစ်ယောက်နဲ့ တစ်ယောက် သူ့အကြောင်းကိုယ့်အကြောင်း သေချာသိကြဖို့ အချိန်ဘယ်လောက်လိုပါသလဲ… လူတစ်ယောက်နဲ့ တစ်ယောက်ကြား အခိုင်မာဆုံးကြိုးတွေ ချည်ဖြစ်ဖို့ ရာသီဘယ်နှလီ ဖြတ်သန်းကြရမလဲ... တချို့တွေအဖို့ နှစ်နဲ့ချီ ဖြည်းဖြည်းချင်း ညှိယူသိယူကြရတဲ့ နားလည်မှုတွေ၊ တစ်ကြိုးချင်းရစ်ရင်းသီရင်းက ချည်နှောင်ခဲ့ရတဲ့ ရင်းနှီးမှုတွေဟာ... တချို့များအတွက်ကျတော့လည်း ဝီစကီတစ်ခွက်ပဲ လိုပါတယ်။ တစ်ခါတစ်ခါ ရင်ဖွင့်ချင်တာတွေရှိတဲ့အခါ ကိုယ့်အသိအဝန်းအဝိုင်းထဲက လူတစ်ယောက်ဆီမှာ ဖွင့်ချရတာထက် ကိုယ့်ကိုလုံးဝမသိတဲ့ လူစိမ်းတစ်ယောက်ဆီမှာ အိပ်သွန်ဖာမှောက်ပြောပြရတာက ပိုလို့ သက်တောင့်သက်သာရှိပါတယ်။ ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ ၅မိနစ်က သူစိမ်းတစ်ယောက်ဟာလည်း သင့်ဘဝရဲ့ အရင်းနှီးဆုံးလူတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို မပြောပြချင်ပါဘူး။ ဘာလို့ဆို ဒါဟာ သူစိမ်း၂ယောက်ကြားက ရင်းနှီးမှု မီးပွင့်လေးကို တတိယလူ(အပြင်လူ)နေရာကနေ စောင့်ကြည့်ရတဲ့ ဖီလင်လေးနဲ့ မျောရမှာမို့ပါ။ သူစိမ်း၂ယောက်... ဘားတစ်ခု... ဝီစကီခွက် ခပ်များများ... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p Format - mp4 Duration - 1H 35Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action & Adventure • Drama • Sci-Fi & Fantasy
3 2023 95 mins
Broken People
Alex/October
7.2

Alex/October (2022) ~ IMDb rating – 7.2/10 ~ ဒီဇာတ်လမ်းဟာ ကြေကွဲနေတဲ့ လူကြီးတစ်ယောက်နဲ့ လောကကြီးကို ငြီးငွေ့စိတ်ကုန်နေတဲ့ ကောင်မလေးတစ်ယောက်ကြားက ဇာတ်လမ်း။ အဲလက်စ်ဆိုတာကတော့ အသက် ၄၀ ကျော်အရွယ် အရက်ဖြတ်ထားရသူ တစ်ဦး။ ငြီးငွေ့ဖွယ်အလုပ်တစ်ခု၊ ဖြေမဆည်နိုင်စရာအတိတ်တစ်ခု၊ ကွာရှင်းထားတဲ့ အိမ်ထောင်တစ်ခု… အဲ့ဒါတွေအားလုံးထက်ပိုပြီး ခုထိ မအောင်မြင်သေးတဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းတစ်ခုနဲ့ ဘဝရဲ့ အဆုံးစွန်ကိုရောက်နေတဲ့ သက်လတ်ပိုင်းအကျပ်အတည်းထဲက လူ။ အောက်တိုဘာကတော့ ၂၀ ကျော်ကျော် အနုပညာကျောင်း နှစ်ဝက်နဲ့ နားထားတဲ့သူ။ အပေါင်းအသင်းတွေနဲ့ ဆိုးသွမ်းလိုက်၊ ကလပ်လေးတက်လိုက်၊ အလုပ်လေးထွက်လိုက်နဲ့ ဒါပေမဲ့ ဘဝမှာ နေထိုင်ရမယ့်အကြောင်းအရင်း တစ်နည်းပြောရရင် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးရင်း အနာဂတ်ကို ရှာမတွေ့သူလေး။ အဲလက်စ်က တစ်ရက်မှာ သူ့ကို သတ်ပေးဖို့ လူငှားတဲ့ ပို့စ်တစ်ခု လိုင်းပေါ်တင်ခဲ့ပြီး အောက်တိုဘာလေးက စူးစမ်းလိုစိတ်နဲ့ အလုပ်လက်ခံခဲ့တဲ့အခါမှာတော့ သူတို့ ကိုယ်ပိုင်ဘဝတွေမှာ အံဝင်ခွင်ကျမှုကို ရှာမတွေ့နိုင်ကြတဲ့ စိတ်ပျက်အားလျော့နေတဲ့ လူ၂ဦးကြား ခံစားမှုတွေထိခတ်မိရင်း မီးပွင့်လေးတွေ ထွက်လာပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 780MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.2 2022 84 mins
Alex/October
The Fix-It Man
5.5

The Fix-It Man (2022) ================= လူတစ်ယောက်ရှိတယ်။ မတော်မတည့်ကံကြမ္မာက ကျီစယ်လို့ နေရင်း ထိုင်ရင်း အလောင်းတစ်လောင်းကို အိမ်သယ်လာရတယ်။ ဘယ်လိုကံ ကြမ္မာအကျိုးပေးရယ်မသိ အလောင်းကိုအသုံးချပြီးလုပ်လို့ရတဲ့ စီးပွား ရေးဂွင်ကောင်းကိုပါ ထပ်တွေ့တယ်။ ဒါပေမဲ့ သူ့ကိုယ်ကျင့်တရားကြောင့် မြှောက်ပေးတဲ့သူကိုပါမာန်မဲပြီး မလုပ်ဘူးငြင်းလွှတ်လိုက်တယ်။ တစ်နေ့တော့ အဲဒီလူ အချစ်နဲ့တွေ့တယ်။ အဲ့အချစ်ဒုက္ခရောက်တော့ သူ့ကိုယ်ကျင့်တရားအရ ငြင်းပယ်ထားတဲ့အလုပ်ကို လုပ်ဖို့ဆုံးဖြတ်လိုက် တယ်။ သူ့ဘေးမှာ‌အပေါင်းအသင်းတွေရှိတယ်။ မိတ်ဆွေစစ်ကတစ်ယောက် တည်း။ မိသားစုကတစ်ယောက်တည်း။ ကံကြမ္မာက ထပ်လှည့်စားပြန်တယ်။ နောက်ဆုံးမှာ သူဖွတ်ဖွတ်ကြေအောင် လောကဓံထောင်းတာခံလိုက်ရတယ်။ ဒါပေမဲ့ ကံကြမ္မာကြီးက သနားသွားဟန်တူရဲ့။ သူ့ကိုထပ်ပြီးမြှောက်စားပြန်တယ်။ ဒီလိုနဲ့ ဒီဇာတ်လမ်းဖြစ်လာတယ်ပေါ့လေ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.1 GB) / (750 MB) / (500 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 35Mins Subtitle………..Myanmar Hardsub Format…………MP4 Translator…….Ngwe Zin Encoder……….SWM

5.5 2022 113 mins
The Fix-It Man
Dorian Gray
6.2

ဒီဇာတ်ကားက Oscar Wilde ရဲ့ ဂန္တဝင်ဝထ္ထုကို လိုက်လျောညီထွေနဲ့စွဲမက်ဖွယ်ကောင်းလောက်အောင် ပြန်လည်ပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ လူတွေရဲ့အတ္တနဲ့သေခြင်းတရားအပေါ်ကြောက်ရွံ့မှုတို့ကို နက်ရှိုင်းတဲ့သဘောနဲ့ပုံဖော်ပြထားပါတယ်။ စွဲမက်လောက်စရာရုပ်သွင်ရှိတဲ့ Ben Barners က Dorian Gray ဇ ာတ်ကောင်နေရာမှာသရုပ်ဆောင်ပေးထားတာက ဇာတ်လမ်းနဲ့တကယ့်ကိုလိုက်ဖက်ညီလွန်းပါတယ်။ ဇာတ်လမ်းသဘောကတော့ သူ့ရဲ့ဝိညဥ်ကိုနတ်ဆိုးနဲ့မမျှော်လင့်ပဲ အပေးအယူလုပ်မိသွားတဲ့ ကောင်ချောလေးတစ်ယောက်အကြောင်းပါ။ ရိုးသားဖြူစင်တဲ့ကောင်ချောလေးဒိုရီယန်ဟာ အဖိုးသေဆုံးသွားပြီးအမွေဆက်ခံဖို့အတွက်တောကနေ လန်ဒန်မြို့ကြီးကိုရောက်လာခဲ့ပါတယ်။ မအူမလည်ဖိုးသခွားလေးဟာ လူရှုပ်လူပွေကြီး Lord Henry နဲ့ပေါင်းမိပြီးတဲ့နောက်မှာ ကောင်ချောလေးကနေကောင်ဇိုးလေးဖြစ်လာခဲ့ပါတယ်။ ဆရာထက်တပည့်လက်စောင်းထက်လာတဲ့ဒိုရီယန်ဟာ သူ့ဝိညဥ်ကိုမမျော်လင့်ဘဲ နတ်ဆိုးနဲ့အလဲအလှယ်လုပ်မိသွားတဲ့နောက်မှာ မအိုမင်းနိုင်တဲ့ခန္တာကိုပိုင်ဆိုင်သွားပြီး မြင်းကိုဂျိုတပ်ပေးလိုက်သလိုတွေဖြစ်သွားတဲ့အခါ…. သူ့နုပျိုမှုကထာဝရခံပါ့မလား အဲ့ဒီအလဲအလှယ်အတွက် သူဘာတွေပေးဆပ်လိုက်ရမလဲဆိုတာ ဇာတ်ကားထဲမှာဆက်ပြီးစောင့်ကြည့်ပေးကြပါဦး…. Ben Bernes က Dorian Gray ရဲ့ ဇာတ်ကောင်ကို အပြစ်ကင်းစင်တဲ့လူငယ်လေးတစ်ယောက်ရဲ့ဘဝကနေပြီးတော့ စိတ်ဝိညဥ်မရှိတော့တဲ့အထိကိုယ့်ကျင့်တရားဖောက်ပြန်စိတ်ဓာတ်ပျက်ပြားတဲ့ လူတစ်ယောက်အဖြစ်ကူးပြောင်းလာပုံကို ကျွမ်းကျွမ်းကျင်ကျင်ပဲပုံဖော်ပြသွားပါတယ်။ Horry and Mystery vibes မျိုးကိုသေချာခံစားချင်ပြီး တကယ်စိတ်ဝင်စားစရာကောင်းပြီးကြည့်ရတာတန်တဲ့ဇာတ်လမ်းမျိုးကိုရှာနေရင် ဒီဇာတ်ကားလေးကသင်တို့အတွက်ပါပဲလို့… ( PS. တစ်ချို့ဇာတ်ဝင်ခန်းတွေက မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်တဲ့အတွက်ကြောင့် ညမှောင်မှောင်မှာ တစ်ယောက်တည်း or သူငယ်ချင်းတွေနဲ့စုကြည့်ကြဖို့ပြောချင်ပါတယ်။) File size… 1.74 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai Wai Thin

Crime • Drama • Comedy
6.2 2009 112 mins
Dorian Gray
Wayang Puaka

ဒီတစ်ခါမှာတော့ CM ရဲ့ Horror ပရိတ်သတ်ကြီးများအတွက် မလေးရှား သရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးလိုက် ချင်ပါတယ်။ ဇာတ်ကားနာမည်က မြန်မာလိုဆိုရင်တော့ “သရဲခြောက်တဲ့ရုပ်ရှင်ရုံ” ပါတဲ့။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် ဟက်တာလို့ခေါ်တဲ့ ကောင်လေးနဲ့ သူ့သူငယ်ချင်းတစ်စုက အာနိုမာလီလို့ခေါ်တဲ့ Ghost hunting YouTube channel တစ်ခုထောင်ထားကြပါတယ်။ မလေးရှားနိုင်ငံအတွင်းက သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတွေကိုသွားပြီး သရဲရှာတာမျိုးကို ရိုက်ကူးတင်ဆက်တဲ့ Channel မျိုးပေါ့။ အဲ့ channel က နာမည်ရလာခါစအချိန်မှာ အာနိုမာလီအဖွဲ့သားတွေက လူငယ်တွေဖြစ်တဲ့အလျှောက် သဘောထားမတိုက်ဆိုင်မှုတွေ ပြဿနာကိစ္စအဝဝတွေကြောင့် အဖွဲ့ပျက်သွားခဲ့ပါတယ်။ အာနိုမာလီအဖွဲ့ကိုစတည်ထောင်တဲ့ ဟက်တာတစ်ယောက်တည်းကပဲ ရိုက်ကူးရေးတွေဆက်လုပ်ရင်း တစ်နေ့မှာတော့ ရုတ်တရက်ပျောက်ဆုံးသွားပါတော့တယ်။ အာနိုမာလီ အဖွဲ့သားဟောင်းတစ်ဖြစ်လဲ ဟက်တာရဲ့ညီဖြစ်သူ အာဖစ်က ဟက်တာရဲ့ Laptop ထဲကို ဝင်ကြည့်တဲ့အခါမှာ ဟက်တာနောက်ဆုံး သွားခဲ့တဲ့နေရာဟာ သရဲခြောက်တဲ့ရုပ်ရှင်ရုံဆိုတာကိုသိသွားပြီး အာနိုမာလီအဖွဲ့သားဟောင်းတွေနဲ့ အဲ့နေရာကိုသွားရောက်ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ ဒီဇာတ်ကားက Found footage horror movie မျိုးဖြစ်တဲ့အတွက် သူတို့ရဲ့ရိုက်ကူးရေးကင်မရာတွေ Cctvကင်မရာတွေ web camတွေ စတဲ့ ကင်မရာ footageမြင်ကွင်း တွေကိုတင်ဆက်ထားတာမို့ ပိုပြီး သဘာဝကျတဲ့ခံစားမှု‌မျိုးကိုပေးစွမ်းနိုင်မှာပါ။ Horror movieမှာဆို အဆင့်အတန်းတစ်ခုရှိတဲ့ ‌မလေးရှားသရဲကားဖြစ်တဲ့အတွက် horror အရသာကိုကောင်းကောင်းပေးနိုင်မယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.13 GB / 727 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

0 2023
Wayang Puaka
The Gentlemen
7.8

The Gentlemen (2019) IMDb – (7.8)/ Rotten Tomatoes (75%) သူ့နာမည်က မစ်ကီပီရာဆန်…..ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူက ဆင်းရဲတယ်…သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမယ့် ကျောင်းမပြီးဘူး…ဘာလို့ဆို မူးယစ်ဂိုဏ်းက လူတစ်ချို့နဲ့အဆက်အသွယ်ရပြီး အချိန်တိုအတွင်း ငွေတွေမျိုးမျိုးမျက်မျက်ဝင်တဲ့ ဒီလောကကို သူသဘောကျသွားတယ်… လူတစ်ယောက်ရဲ့ လည်ပင်းကိုလှီးပြီး သွေးစင်တာတောင် မျက်တောင်ခတ်ဖို့ သတိမရတတ်တဲ့ဒီပတ်ဝန်းကျင်မှာ ဟိုနေရာဆေးလေးပို့ ဒီနေရာဆေးလေးပို့ ငွေလေးယူလိုက် အမြတ်ငွေလေးအိပ်ထဲထည့်လိုက်ရုံနဲ့မပြီးဘူးဆိုတာသိတဲ့နောက်မှာတော့ မစ်ကီတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီလောကရဲ့ အများသူငါမော်မကြည့်ရဲတဲ့ ဘုရင်တစ်ပါးအဖြစ်ပုံပြောင်းပါတော့တယ်…. ဒီဇာတ်ကားက ဂန်းစတားတွေအကြောင်းရိုက်ထားတာပါ…ဒုစရိုက်သမားတွေရဲ့ ကတုံးပေါ်ထိပ်ကွက်တွေ… လည်သူစားစတမ်းတွေ….လက်မရွှံတွေကြား မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက်တဲ့သူတွေနဲ့ ဒီကားကတော်တော်မိုက်ပါတယ်… The Irishman (2019) တို့လို့ ခပ်အေးအေးနဲ့ ဇာတ်လမ်းကို ဆွဲခေါ်တတ်တဲ့အမျိုးအစားမဟုတ်ပါဘူး..သူက ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် လည်းပါမှာပေါ့လေ…The Gentlemen (2019) ကတော့ ခပ်သွက်သွက်နဲ့ကိုဇာတ်လမ်းစထားပါတယ်…အဓိက သရုပ်ဆောင်ဖြစ်တဲ့ Matthew McConaughey ကိုတော့ အားလုံးသိကြမှာပါ…အခြားဝါရင့်ဟာသသရုပ်ဆောင်တွေ အက်ရှင်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ လူငယ်အနေနဲ့လည်း crazy rich Asian တို့ last Christmas တို့ရဲ့ မင်းသား ဟင်နရီ ဂိုးဒင်းတို့လည်း ပါဝင်ထားပါသေးတယ်။ www.cmapp.tv မှာ member ဝင်ပြီး CM App ကနေလဲ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။

7.8 2019 113 mins
The Gentlemen
Pure O

Pure O (2023) ============ IMDb Rating – 6.1/10 ဘဝမှာ အခက်အခဲတွေဆိုတာ အများကြီး ကြုံကြရမှာပဲ။ တကယ်တမ်း အရေးကြီးတာက အဲဒါတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာပါပဲ။ ကျွန်တော်တို့ အားလုံး တခြားသူတွေဆီက အကူအညီကိုလိုအပ်ကြတာ ပါပဲ။ မိသားစုဆီက၊ သူငယ်ချင်းတွေဆီက၊ ကိုယ်ချစ်တဲ့သူတွေဆီကပေါ့။ အဲဒါတွေကို ဖော်ကျူးထားတဲ့ ရုပ်ရှင်ကား ကောင်းလေးတစ်ကား တင် ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကူးပါးဟာ ပြန်လည်ထူထောင်ရေး စင်တာ အလုပ်လုပ်တဲ့လူတစ်ယောက်ပါ။ ဆေးစွဲနေတဲ့သူတွေ၊ အရက်စွဲနေတဲ့သူ တွေကို ကူညီပေးနေပေမယ့်လည်း သူ့ဘာသာသူလည်း OCD လို့ခေါ်တဲ့ စိတ်ကို ထိန်းချုပ်လို့မရတဲ့ ရောဂါမျိုးဖြစ်နေတဲ့သူပါ။ အဲအတွက် ကုထုံး ဆရာဝန်တွေနဲ့ ကုသမှု ခံယူသလို၊ အုပ်စုလိုက် ရင်ဖွင့်ကြတဲ့ တွေ့ဆုံပွဲမျိုး ကိုလည်း သွားပါတယ်။ သူ့ရောဂါဟာ စိတ်ကို ထိန်းလို့မရဘဲ အရာရာကို အတွေးလွန်ပြီး ကြောက်နေတာမျိုးပါ။ သူ့ဇနီးလောင်း အမ်မလီ့ကို ထိခိုက်အောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ၊ သူ့မှာ ကုမရတဲ့ ကင်ဆာမျိုးဖြစ်နေရင်ဘယ်လိုလုပ်မလဲ အစသဖြင့်အတွေး လွန်ပြီး စိတ်ကို ထိန်းမရဘဲ ကြောက်တာပါ။ အဲအတွက်ကြောင့် ကူးပါးလည်း သူ့ဇနီးလောင်း အမ်မလီနဲ့ ကတောက်ကဆ ဖြစ်ရတာတွေ ရှိပါတယ်။ ဒီလိုနဲ့ ကူးပါးလည်းအုပ်စုလိုက် ရင်ဖွင့်တဲ့ တွေ့ဆုံပွဲကနေ သူ့ဘဝအတွက် အပြောင်း အလဲဖြစ်အောင် ကြိုးစားပုံ၊ အခက်အခဲတွေ ကျော်လွှားပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.67 GB) / (1.02 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 56Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Leonard Lin Encoder……….SWM

0 2023 118 mins
Pure O
Space Sharks
5

ဒီဇာတ်ကားကို Sci-fi Genre ရုပ်ရှင်တွေ အရိုက်များတဲ့ Director Dustin Ferguson က ရိုက်ကူးထားပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ကတော့ ဂန္တဝင်သရုပ်ဆောင်တွေ ဖြစ်တဲ့ Eric Roberts, Brinke Stevens တို့က ပါဝင်အား ဖြည့်ပြီး သရုပ်ဆောင်ပေးထားပါတယ်။ Sci-fi Genre ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် အမေရိကန် အစိုးရဟာ သက်ရှိတွေနေထိုင်နေတယ်လို့ ယူဆရတဲ့ ဂြိုလ်တစ်ခုပေါ်ကနေ နမူနာပစ္စည်းတွေကိုယူလာဖို့အတွက် အာကာသယာဉ်တစ်စင်းကို စေလွှတ်ခဲ့ပါတယ်။ အဲဒီယာဉ်ဟာ ယူလာပြီးတော့အပြန်လမ်းမှာ ဥက္ကာခဲတွေနဲ့ တိုက်မိပြီးတော့ ကမ္ဘာပေါ်ကိုပျက်ကျလာပါတယ်။ အဲဒီလိုနဲ့ ယာဉ်ပေါ်မှာပါလာတဲ့ သက်ရှိတွေဟာ ကမ္ဘာပေါ်မှာလွတ်ကုန်ပြီးတော့ သောင်းကြမ်းကုန်ပါတယ်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ၊ နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာတွေကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2.29GB / 1.04GB Quality… WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Comedy • Drama
5 2024
Space Sharks
Detective Chinatown 2
6.2

Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်… ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး ဒီမှာ https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။ ++++++++++ Detective Chinatown 2(2018)အညွှန်း ********************************* ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်… Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကို စုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့… အဆင့်တစ်ကတာ့ “Q” ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။ တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့ မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့် ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲ Crimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက် အမှုကို ဖော်ထုတ်ပုံတွေ၊ အမှုက ထင်ထားသလိုမရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နေတာကြောင့် လှည့်ကွက်များစွာရှိနေပုံတွေကို ဟာသဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့် အမှုအကြောင်း သဲလွန်စရှာပုံတွေ၊ ကောက်ချက်ချပုံတွေကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ အဲ့ဒါကြောင့် စုံထောက်ကားကြိုက်သူတွေ ဟာသကောင်းကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ တရုတ်ကားကောင်းတစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။ ဂိမ်မာတွေဆိုတာ ဘာညာအထှာတော့ရှိတယ်ဗျ…. တစ်ချို့သော ပုတ်ခတ်သူတွေအတွက် တစ်ချို့သော ဂိမ်မာသမားများက ဂိမ်ကစားရင်း လက်တွေ့ဘဝမှာ ဒီလိုဟိုလို ဉာဏ်သုံးဖြေရှင်းပြီး လုပ်ငန်းအောင် မြင်အောင် သက်သေပြတဲ့ကားလေးဆိုလည်းမမှားဘူးပေါ့ဗျာ…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein Min Tun ဖြစ်ပါတယ်.. .. File Size : (2.3GB) and (1GB) Quality : 1080HEVC,Blu-Ray 720p Format…mp4 Duration…02:01:00 Genre : Action , Comedy , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Hein Min Tun Encoded by Phyo Pyae

6.2 2018 121 mins
Detective Chinatown 2
Slingshot
5.7

Slingshot ( 2024) IMDb Rating (5.7) ဒီဇတ်ကားကတော့ သိပ္ပံနဲ့ စိတ်ပိုင်းဆိုင်ရာထိတ်လန့်သည်းဖိုအမျိုးအစားဇတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက Mikael Håfström (မစ်ခေးလ်ဟက်ဖ်စထွန်းမ် ) ဖြစ်တယ်။ သရုပ်ဆောင်တွေကတော့ Manchester by the Sea နဲ့ အော်စကာဆုရထားတဲ့ ကေစီအက်ဖလက်ခ်( Casey Afflect )အဂ်လိပ်မင်းသမီး အမ်မလီဘီးချမ်(Emily Beecham ။ အမ်မလီက ကိန်းရုပ်ရှင်ပွဲတော်မှာ ၂၀၁၉ခုနှစ်က Little Joeဇတ်ကားနဲ့အကောင်းဆုံးအမျိုး သမီးသရုပ်ဆောင်ဆုရထားပါတယ်။ နောက်နှစ်ယောက်တော့ Emmy ဆုတွေ နဲ့အခြားဆုတွေရထားတဲ့ အသက်၆၃နှစ်ရှိ ပြီဖြစ်တဲ့လောရ့င်စ်ဖစ်ရှ်ဘာနီနဲ့နက်ရှ်အဖြစ်သရုပ်ဆောင်ထားတဲ့တိုမာကက်ပ်ဝမ်း တို့ဖြစ်တယ်။ ဒါ​ကြောင့်သရုပ်ဆောင်ချက်တွေကတော့ပြောစရာမလိုအောင်းကောင်းပါတယ်။ ဇတ်လမ်းအကျဥ်းကတော့ တိုက်တန်လကိုသွားနေတဲ့အိုးဒက်ဆီး-၁အာကာသယာဥ်ပေါ်မှာကြုံရတဲ့အခက်အခဲတွေ။ အာကာသတွင်းခရီးသွားရာမှာကိုယ်တွင်းစွမ်းအင်သိပ်မလိုအောင်ကာလရှည်အိပ်မောကျအောင်လုပ်ပေးတဲ့ဆေးတွေရဲ့ဆိုးကျိုးကစိတ်ပိုင်းရုပ်ပိုင်းကိုဘယ်လိုသက်ရောက်မလဲ။ ဘယ်ဟာကအစစ်အမှန်လဲဘယ်ဟာကအတုအယောင်လဲ။ အာကာသတွင်း ရက်ရှည်ခရီးသွားရတာကအာကာယာဥ်မှုးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိမလဲ။ အာကာသယာဥ်မှူးသုံးယောက်ကြားကပဋိပက္ခတွေ။တိုက်တန်လပေါ်ကိုရောက်အောင်သွားမှာလားပြန်လှည့်မှာလား။ Slingshot ( လောက်လွှဲလှုပ်ရှားမှုခေါ်ဒြပ်ဆွဲအားအကူ)နဲ့ယာဥ်ရဲ့အလျင်ကိုမြှင့်တက်ပြီးတိုင်တန်ကိုအမြန်ဆုံးရောက်အောင်လုပ်တာအောင်မြင်မလား။ လှပတဲ့အချစ်ဇတ်လမ်းလေးတစ်ပုဒ်လည်းပါမယ်။ လေးနက်တဲ့ ဒိုင်ယာလော့တွေ သိပ္ပံဆိုင်ရာ ဗဟုသုတတွေနဲ့ နောက်ဆုံးမှာမထင်မှတ်တဲ့ အလှည့်အပြောင်းတွေနဲ့ လှည့်စားချက် ထည့်ထားတာက ဇတ်ကောင်တွေအစားရင်ထိတ်ရမယ်ပြီးတော့တွေးစရာ အဆုံးသတ်ကိုပေးမယ်။ အကြိုက်ဆုံး စကားလုံးက “ပိုးဖလံတွေအန္တရာယ်ကြုံရတဲ့အခါအလင်းရှိရာကိုပျံသန်းကြတယ်အလင်းဆီမပျံသန်းဘူးဆို ရင်အပြောင်းအလဲကဘာလဲအမှောင်ထုဆီကိုလား” အကာသထဲလမ်းလျောက်တာတွေမပါပေမယ့် Slingshotဇာတ်လမ်းကိုရေးတဲ့ R Scott Adam( အာစကော့အဒမ်)နဲ့ Nathan Parker (နက်သန်ပါကား)တို့ကပရိသတ်ကိုပေးချင်တဲ့ message ( သတင်း)ကတော့ ပရိသတ် နဲ့အကာသသိပ္ပံလက်တွေ့လောကလူတွေကိုတွေးစရာပေးသလို အခြားအာကာသသိပ္ပံကားတွေနဲ့ ကွဲထွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာreviewကောင်းတွေရရှိထားသလို သင်အချိန်ပေးရတာတန်တာတွေ့ရပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ပဲဖြစ်ပါတယ်) File size…(1.9 GB) / (885 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

5.7 2024 109 mins
Slingshot
Hemet, or the Landlady Don’t Drink Tea
4.7

Hemet, or the Landlady Don’t Drink Tea (2024) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထဲမှာထွက်ရှိထားတဲ့ Horror Zombie ကားလေးဖြစ်ပါတယ်။ မင်းသမီး Kimberly Weinberger နဲ့ မင်းသား Brian Patrick Butler တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာအနေနဲ့ကတော့ Tony Olmos ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ညှင်းပန်းနှိပ်စက်တတ်တဲ့ မြေပိုင်ရှင်အမျိုးသမီးတစ်ယောက်ဟာ နိုင်ငံအတွင်းမှာဖြစ်နေတဲ့ ကပ်ဘေးတစ်ခုရဲ့ ဖရိုဖရဲ အခြေအနေတွေကို အသုံးချပြီးတော့ သူ့ရဲ့ အိမ်ငှါးတွေကို ထင်သလိုချယ်လှယ် ချုပ်ကိုင်နေပါတော့တယ်။ အိမ်ငှါးတွေကြားထဲမှာ သတင်းအမှားတွေနဲ့ ယုံမှားသံသယတွေဖြစ်စေပြီးတော့ နောက်ဆုံးမှာတော့ လူတွေသေကုန်တဲ့အထိပါဖြစ်စေခဲ့ပုံတွေကို စိတ်ဝင်စားစွာ ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(1.1 GB) / (590 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Crime, Horror, Thriller Duration….01:29:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

4.7 2024 89 mins
Hemet, or the Landlady Don’t Drink Tea
Lost Souls
4.8

Lost Souls (2000) IMDb Rating (4.8) / Rotten Tomatoes (8%) ရုပ်ရှင်အကြောင်းမပြောခင် အခြေခံအကြောင်းအရာတချို့ကို ပြောပြချင်ပါတယ်။ ပထမတစ်ခုက စာတန်မာရ်နတ် (Satan)ပါ။ စာတန်သည် ဘုရားသခင်ကို ပုန်ကန်ခဲ့တဲ့ကောင်းကင်တမန်တစ်ပါးဖြစ်ပြီး အဆိုးယုတ်ဆုံးစွမ်းအားတွေရဲ့ အရင်းအမြစ်၊ လူသားတွေကို ဘုရားသခင်ထံမှ ခွဲထုတ်ဖို့ ကြိုးပမ်းသူ၊ လှည့်ဖြားမှုတွေ၊ ဖျက်ဆီးမှုတွေကို လုပ်ဆောင်သူဖြစ်ပါတယ်။ တပည့်တပန်းမိစ္ဆာတွေကို ကမ္ဘာမြေပေါ်လွှတ်ပြီး မကောင်းမှုတွေ ခိုင်းစေတတ်သူဖြစ်ပါတယ်။ နောက်တစ်ခုက ခရစ်တော်၏ ရန်သူတော် (Antichrist)ပါ။ သူကတော့ အန္တိမကာလ (End Times)မှာ ပေါ်ထွန်းလာမယ့် ယုတ်မာသော၊ အာဏာရှင်ဆန်သော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ လူသားတွေကိုလှည့်စားပြီး ဘုရားသခင်ကိုငြင်းပယ်အောင် လှုံ့ဆော်ပါလိမ့်မယ်။ ဗျာဒိတ်တော်ကျမ်း(Revelation) မှာ Antichrist ကို သားရဲကြီး (The Beast) လို့ ဖော်ပြထားပြီး စာတန်ရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ မာယာ (Winona Ryder)ဟာ ဘုန်းတော်ကြီးတစ်စုနဲ့အတူ နတ်ဆိုးနှင်ပွဲတစ်ခုမှာပါဝင်ခဲ့ရာကနေ စာတန်မာရ်နတ်ရဲ့ အနာဂတ်အကြံအစည်တွေကို ရိပ်မိသွားခဲ့ပါတယ်။ ပီတာကယ်ဆန် (Ben Chaplin)ကတော့ နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်ပြီး စိတ္တဇလူသတ်သမားတွေကို လေ့လာပြီး Bestseller စာအုပ်တွေရေးနေသူပါ။ သူမသိတာကတော့ သူလေ့လာနေတဲ့ လူသတ်သမားတွေဟာ မိစ္ဆာနတ်ဆိုးတွေ ပူးကပ်နေတယ်၊ သူ့ကိုလည်း စာတန်မာရ်နတ်က Antichrist လက်ရွေးစင်အဖြစ်ရွေးထားတယ် ဆိုတာတွေကိုပါ။ ဒါတွေကို ရိပ်မိသွားတဲ့ မာယာဟာ ပီတာ့ကို ကယ်တင်နိုင်ဖို့ ဘယ်လိုအတားအဆီးတွေ ကျော်ဖြတ်ရမလဲဆိုတာကတော့ ဆက်လက်ရှုစားကြည့်ပါ။ Nomination ၂ကြိမ်ဝင်ဖူးပေမယ့် ဆုတွေမရဖူးသလို ဝေဖန်ရေးတွေကြား မျက်နှာမလှခဲ့ပေမယ့် Stranger Things ကြယ်ပွင့် Winona Ryder ကိုတော့ ချီးကျူးထားကြပါတယ်။ Directorကတော့ Janusz Kaminskiဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(2.4 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Horror,Thriller Duration….01:38:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by T Lone

4.8 2000 97 mins
Lost Souls