YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Yubisaki to Renren - 08 (1080p) {CM}.mp4

235.95 MB N/A video/mp4 177 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Very Harold & Kumar Christmas
6

A Very Harold and Kumar Christmas (2011) Genre - Comedy, Adventure IMDB - 6.2/10 ဟာရိုးနဲ့ ကူးမားတို့နှစ်ယောက် ပထမနှစ်ကားအပြီး ဘာဂါတွေစား ထောင်တွေဖောက်ရ လုပ်ပြီးကြတဲ့နောက် ကိုယ်စီ ချစ်သူရပြီး ငြိမ်သက်သွားကြပါတယ်။ ဒီလိုနဲ့ ၆ နှစ်ကြာလာတဲ့အခါမှာ ဟာရိုးတစ်ယောက်ကတော့ အိမ်ထောင်သည်ဖြစ်နေပြီး အလုပ်ကြိုးစား မကောင်းတာတွေမလုပ်တော့ပဲ ရိုးသားတဲ့မိတ်ဆွေတစ်ယောက်နဲ့သာပေါင်းပြီး ကလေးရအောင် ကြိုးပမ်းနေတဲ့အချိန် ဖြစ်ပါတယ်။ ကူးမားဆိုတဲ့ကောင်ကတော့ သိတဲ့အတိုင်း ဆေးခြောက်ပဲ ဆက်သုံးနေပြီး ချစ်သူနဲ့ လမ်းခွဲထားတာလည်း အချိန်ကြာတော့ ပေပေတေတေနေနေတဲ့အချိန်ပေါ့။ အဲဒီမှာပဲ ကိုယ်စီ ပြဿနာတစ်ခုစီ တက်ကြတယ် ဟာရိုးအတွက်ကျ ယောက္ခထီးအလိုကျ နေချင်တဲ့အတွက် ခရစ္စမတ်သစ်ပင်ကို အလှဆင်ဖို့ တာဝန်ကျတယ် ကူးမားကကျ ချစ်သူက ကိုယ်ဝန်ရှိနေလို့လာပြောတာကို ဆေးကွဲပြီး သေချာမဖြေရှင်းနိုင်တော့ ဟိုက စိတ်ပျက်ထွက်သွားပြန်ပါလေရော။ ဒီလိုနဲ့ နှစ်ယောက်သား ပြန်ပေါင်းစည်းဖို့ ဖြစ်လာတာက ကူးမားဆီကို ဟာရိုးနာမည်နဲ့ အထုပ်တစ်ထုပ် ရောက်လာလို့ ဟာရိုးအိမ်သွားပို့ရာကနေ ဟာရိုးကြောက်ရတဲ့ ယောက္ခထီးရဲ့ ၈ နှစ်ကြာပျိုးထားတဲ့ ခရစ္စမတ်သစ်ပင်ကြီး ကူးမားကြောင့် မီးလောင်သွားခဲ့ချိန်မှာတော့… ညတွင်းချင်း အပင်ရှာဖို့ စွန့်စားခန်း ထွက်ရပါတော့တယ် အဲဒီမှာ ရိုးရာမပျက် အလွဲပေါင်းစုံနဲ့ လိုချင်တာကိုရဖို့ ဘယ်လောက်သောက်တလွဲတွေ ဖြစ်ရမလဲဆိုတာကို တစ်ခွီခွီနဲ့ ကြည့်ရှုခံစားရမှာပါ။ ဒီကားမှာတော့ သူတို့နှစ်ယောက်အပြင် ဘော်ဒါသစ်တွေဖြစ်တဲ့ လူငယ်လေး အေဒီရီယန်တို့ ကလေးအဖေ တော့ဒ်တို့ ကလေးလေး အေဗာတို့က အားဖြည့်ထားကြပါသေးတယ်။ ထုံးစံအတိုင်း နေးလ်ပက်ထရစ်က ဒီထဲမှာလည်း ကြမ်းရမ်းထားတုန်းပါပဲ။ ကဲ အားလုံးသိတဲ့အတိုင်း ဒီကားကတော့ မူးယစ်ဆေးပေါင်းစုံ အဆဲပေါင်းစုံ စမူဆာ အီကြာကွေး အစုံပါတဲ့အတွက် ကြည့်ရှုကြမယ်ဆို သတိတစ်ချပ် ပြုစေလိုပါတယ်ခင်ဗျာ….။ သူတို့ရဲ့ နောက်မျိုးဆက်တွေကိုလည်း စောင့်ချင်နေမိတာတော့ အမှန်ပဲဗျို့…။ File size…   23.7 GB / 1 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 48m Genre .....  Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Adventure • Animation • Family • Fantasy
6 2011 89 mins
A Very Harold & Kumar Christmas
A Man of Action
6.8

ဒီတခါမှာတော့ အရမ်းကောင်းတဲ့ Netflix ရုပ်ရှင်ဇာတ်ကားကောင်းတွေထဲကမှ CM  ဖန်တွေ အတွက် အကြိုက်တွေ့စေမဲ့ A Man of Action ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်လိုက်ပါတယ်.. စာဖတ်သူဟာအမိန့်ပေးခံရတာ အမိန့်နာခံရတာတွေကိုမနှစ်မြို့သူလား? ဆင်းရဲတဲ့ ဘဝကို မုန်းတီးသူလား? အပြောနဲ့ပဲမဟုတ် ကိုယ့်ယုံကြည်ချက်ကို လက်တွေ့အ‌ကောင်အထည်ဖော်ရမှကျေနပ်မဲ့သူမျိုးလား? ဒါဆိုရင်တော့ ဒီLucio Urtubiaရဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးကစာဖတ်သူတို့အကြိုက် ဖြစ်စေမှာပါ။ လူစီယိုဥတုဘျားဟာ လက်တွေ့သမားတယောက်ပါ။ ငယ်စဉ်တည်းကဆင်းရဲခဲ့တဲ့အတွေ့အကြုံ‌ကြောင့် သူ့အတွက်တော့ အရင်းရှင်စနစ်ဆိုတာဟာ မဟာရန်သူတော်ကြီးပါပဲ။ စစ်ပွဲကြီးတွေက‌နေ အမြတ်ထုတ်နေတဲ့ အပြောသာရှိပြီး အဖြစ်မရှိကြတဲ့နိုင်ငံရေးသမားတွေ ဒီလိုလူတွေနောက်ကွယ်မှာအရာရာကိုချုပ်ကိုင်နေတဲ့ဘဏ်ကြီးတွေဟာ ဥတုဘျားကိုမင်းမဲ့ဝါဒ anarchisim ရဲ့ စံပြစရာပုဂ္ဂိုလ်တဦးဖြစ်လာအောင် တွန်းပို့ခဲ့ပါတယ်။ ဥတုဘျားတယောက် မိမိခံယူချက်အတွက်ပြင်သစ်နိုင်ငံ ပါရီမှာဘယ်လိုတွေတိုက်ပွဲ၀င်သွားမလဲ? ဒီသာမန်မင်းမဲ့ဝါဒစပိန် လက်သမားလေးတယောက်က ကမ္ဘာ့အင်အားကြီးအ‌ရင်းရှင်စနစ်ပြယုဂ်ဖြစ်တဲ့ အမေရိကန်ဘဏ်‌တွေကိုတုန်လှုပ်သွားနိုင်အောင် ဘယ်လိုများယုံကြည်ချက် ပြင်းပြကာတိုက်ပွဲ၀င်ခဲ့သလဲဆိုတာတွေကို A Man of action ဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။ ရှုစားပေးပါဦး....... File size…1.60GB / 801MB Quality…BluRay 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Horror • Mystery • Thriller
6.8 2022 111 mins
A Man of Action
Madhuram
6.6

Madhuram ဟာ အိန္ဒိယMalayalam ဘာသာစကားနဲ့ ချိုမြိန်မှုလို့ အဓိပ္ပာယ်ရပါတယ် ဟင်းပွဲတစ်ပွဲမှာလည်း ချို၊ ချဉ်၊ ငန်၊ စပ် အရသာစုံတတ်သလို အမြဲတစေ ချိုမြိန်မနေနိုင်တဲ့ ဘဝဇာတ်ခုံကို ဒါရိုက်တာက ရိုးရှင်းစွာပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ကိုယ်ချစ်ရတဲ့သူတွေ အကြောင်းကြောင်းကြောင့် ဆေးရုံတက်ရတာကို ဆေးရုံစောင့်ကြရင်း တွေ့ဆုံလာကြရတဲ့ မိတ်ဆွေတွေရဲ့… အိမ်ထောင်သက်နှစ်ပေါင်း၄၀ အကြောင်း ကြွားလုံးထုတ်တတ်သူတစ်ယောက်အကြောင်း၊ ရိုးသားကြိုးစားတဲ့ ဆာဘူးတစ်ယောက် ချစ်ရသူကို ပိုးပန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်း ၊ ဘယ်သူကမှ အပြစ်မရှိပါဘဲ မပြေလည်ရတဲ့ ဆက်ဆံရေးတွေအကြောင်း စသည်စသည်…. ချိုချဉ်ငံစပ်ခါးဘဝအစုံစုံကို ရိုက်ကူးထားတဲ့ အပြင် အိန္ဒိယရိုးရာ အစားအစာတွေကိုပါ သွားရည်ကျရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့ ဘဝအတွက် သူတို့တွေ ဘယ်လိုအဆင်ပြေအောင်နေထိုင်သွားကြမလဲဆိုတာ ကြည့်ရှူခံစားလိုက်ကြပါဦးနော် File size…461MB / 1.97GB Quality…720p HEVC Small Size  Format…Mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Go-O & Honeyey & Allena

Crime • Drama • Romance • Thriller
6.6 2021 122 mins
Madhuram
Think Like a Man
6.9

2009 ခုနှစ်ကထုတ်ဝေထားပြီး review ကောင်းတွေနဲ့နာမည်ကျော်တဲ့ Steve Harvey ရဲ့ "Act like a lady, think like a man" ဆိုတဲ့မိန်းမတွေအတွက်ယောက်ျားတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် IMDb 6.5/10. Rotten tomatoes 54%ထိရရှိထားပြီးဗျူဟာအသစ်တွေနဲ့အချစ်စမ်းကြမဲ့အမျိုးသမီးတွေနဲ့ အမျိုးသားထုကြီးအကြောင်းကိုဟာသဆန်ဆန်ရိုက်ကူးထားတာကိုတွေ့ရမှာပါ Kevin Hart နဲ့သူငယ်ချင်းတွေကတော့အမျိုးသားထုကြီးကိုကိုယ်စားပြုထားတာဖြစ်ပြီး Steve ရဲ့စာအုပ်ကြောင့်သူတို့ရဲ့အချစ်ရေးကိစ္စတွေမှာပရမ်းပတာတွေဖြစ်သွားပါတော့တယ် စာအုပ်ဖတ်ပြီးတစ်ကွက်ကြိုမြင်နေတဲ့အမျိုးသမီးတွေဖက်ကစစချင်းတစ်ပန်းသာနေခဲ့ပေမဲ့ ကစားပွဲအလှည့်အပြောင်းတစ်နေရာအရောက်မှာတော့... နည်းဟောင်းတွေနဲ့တိုက်လို့မရတော့တဲ့အတွက်‌အမျိုးသားထုကြီးကလည်းဗျူဟာအသစ်တွေထုတ်သုံးရပါတော့တယ် ဒီလိုနဲ့အမြဲတမ်းလွန်ဆွဲနေတဲ့အချစ်စစ်ပွဲမှာဘယ်သူတွေကအနိုင်ရသွားမလဲဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်

6.9 2012 122 mins
Think Like a Man
Sick of Myself
7.3

MDb rating - 7.2/10 ဒီတစ်ခေါက်မှာတော့ Norawy Comedy,Drama အမျိုးအစားဇာတ်လမ်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ self- promotion ကိုမှားယွင်းစွာလုပ်မိသွားတဲ့ Signe တစ်ယောက်ဒုက္ခလှလှကြုံတွေ့ရပုံကို ယနေ့ခေတ်မှာဖြစ်လေ့ရှိတဲ့ uncomfortable truths တွေကိုပါ ထည့်သွင်းပြီးရိုက်ပြထားတဲ့အတွက် ပရိတ်သတ်ကြီးတို့ အားလပ်ရက်မှာကြည့်ရှူသင့်တဲ့ ဇာတ်လမ်းကားကောင်းလေးတစ်ခုပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. Signe နဲ့ Thomas တို့ဟာ အဆင်မပြေပြီး တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်ချင်တဲ့ ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်ထားတဲ့ စုံတွဲတစ်တွဲပေါ့။ Thomas ကအနုပညာရှင်တစ်ယောက်ပါ Signe ကတော့ သူ့ရဲ့ဂုဏ်သတင်းကို လူတွေရဲ့အာရုံစိုက်ခံရအောင်လုပ်ပြီးရယူလေ့ရှိပါတယ်။ တစ်နေ့မှာတော့ Thomas တစ်ယောက် မဂ္ဂဇင်းတွေကပါ အင်တာဗျူးလုပ်ပြီး အောင်မြင်စပြုလာတာကို Signe မြင်ရတဲ့အခါမှာတော့ သူလည်းနာမည်ကျော်လူသိများဖို့အတွက် သူ့ရဲ့လိမ်ဆင်တွေကိုစပြီး အကောင်အထည်ဖော်ဖို့ကြိုးစားပါတော့တယ်..

Drama • Thriller
7.3 2022 97 mins
Sick of Myself
Hobo with a Shotgun
6.1

Hobo with a Shotgun (2011) သွေးထွက်သံယို ကြမ်းကြမ်းရမ်းရမ်းမှ ကြိုက်တတ်တဲ့ ရုပ်ရှင်ပရိတ်သတ်များအတွက် ဒီဇာတ်ကားက လက်လွှတ်ခံလို့ မရတဲ့အထဲမှာပါပါတယ်။ ပြောင်းချောသေနတ်တစ်လက်နဲ့ ပတ်ကြမ်းနေတဲ့ အိမ်မဲ့ယာမဲ့တစ်ယောက်ကို ဒီဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။ သူဟာအစပိုင်းမှာ မြက်ရိတ်စက်လေးတစ်ခု ဝယ်ချင်တဲ့အတွက် ကြုံရာကြပန်းလုပ်ပြီး ပိုက်ဆံရှာဖို့ မြို့တစ်မြို့ကိုတက်လာခဲ့တယ်။ ဒါပေမယ့် သူရောက်လာခဲ့တဲ့မြို့ဟာ အထိန်းအကွပ်မရှိ ဗရမ်းဗတာဖြစ်နေတာကို တွေ့လိုက်ရတဲ့နောက်မှာ … ရဲတွေကအစ တစ်မြို့လုံးဟာ လူတစ်ယောက်ရဲ့ လက်အောက်မှာ ဝပ်ဆင်းနေပြီး သူသေဆိုသေ ရှင်ဆိုရှင်ရတဲ့ဘဝမှာ နေနေကြရတာပါ။ နောက်ပိုင်း ဒီအရှုပ်တော်ပုံထဲကို ဘယ်လိုမှမလွဲသာ မရှောင်သာရောက်ရှိသွားခဲ့ပြီးတော့ လမ်းပေါ်က လူမိုက်လူရမ်းကားတွေကို တစ်ကိုယ်တော် ပြောင်းချောသေနတ်တစ်လက်တည်းနဲ့ လိုက်လံရှင်းလင်းပုံကို အက်ရှင် ဟော်ရာဆန်ဆန် ကြည့်ရှုခံစားရမှာဖြစ်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zwel Zan Aung ပါ။) File Size : 4.1GB, 1.3GB, 536MB Quality :1080p BDRip AAC 5.1CH, 720p BDRip, 480p Format : mp4 Duration : 1hr 26mins Genre : Action, Comedy, Horror Translated by Zwel Zan Aung Encoded by Kinnov

6.1 2011
Hobo with a Shotgun
The Medallion

CM ပရိသတ်ကြီးအတွက် အချစ်တော်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့ 2003 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှေးခေတ် အရှေ့တိုင်းဒဏ္ဍာရီတွေအရ သေဆုံးသူတွေကို အသက်ပြန်သွင်းပေးနိုင်ပြီး သဘာဝလွန်အစွမ်းတွေပါ ပေးနိုင်တဲ့ လည်ဆွဲပြားတစ်ပြားရှိပါတယ်။ ဒါပေမဲ့ ဒီလည်ဆွဲပြားက နှစ်ခြမ်းရှိနေပြီး နှစ်ပေါင်းတစ်ထောင်ပြည့်တိုင်း ဒီလည်ဆွဲပြားကိုပေါင်းစည်းပေးနိုင်မဲ့ ကလေးငယ်တစ်ယောက်ကိုရွေးချယ်ပါတယ်။ အက်ဒီက‌တော့ ဟောင်ကောင်ရဲဌာနရဲ့ ရဲအုပ်စုံထောက်တစ်ယောက်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုနဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ မြွေခေါင်းဆိုတဲ့ မှောင်ခိုသမားကို ဖမ်းဆီးဖို့ လုပ်နေကြတာပါ။ မြွေခေါင်းကလည်း သူတို့ထင်ထားသလို မှောင်ခိုပစ္စည်းနောက်လိုက်နေတာမဟုတ်ဘဲ လည်ဆွဲပြားနဲ့ ရွေးချယ်ခံကောင်လေးနောက်ကို လိုက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ အက်ဒီတစ်ယောက် လည်ဆွဲပြားကိုရော ကောင်လေးကိုပါ ဘယ်လိုကာကွယ်မလဲ၊ လည်ဆွဲပြားကရော ဒဏ္ဍာရီထဲကအတိုင်း တကယ်အစွမ်းရှိမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ မင်းသားကြီးဂျက်ကီချန်းရဲ့ အက်ရှင်စွန့်စားခန်းအလန်းတွေနဲ့ ဟာသတွေကိုတဝကြီးကြည့်ရှုရမှာဖြစ်လို့ ပရိသတ်တွေအကြိုက်တွေ့မဲ့ ကားကောင်းတစ်ကားဖြစ်မှာအသေအချာပါပဲဗျ။ File size…(2.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:28:00 Genre…Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

0 2003 88 mins
The Medallion
Golden Doll
5.9

Horror ကားမှကြိုက်တတ်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် horror ကားကောင်းလေးတစ်ကားကို CM ကနေတင်ဆက်လေးလိုက်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ ပိုင်လင်ဆိုတဲ့ရေကူးချန်ပီယံမလေးရဲ့ sex tape အင်တာနက်ပေါ်မှာ ပေါက်ကြားသွားရာကနေစထားပါတယ် ။ ပိုင်လင်ဟာ မကြာခင် အိုလံပစ်အတွင် ရေကူးပြိုင်ပွဲလေ့ကျင့်ရေး‌ဆင်းဖို့ မကြာခင်အမေရိကန်ကိုသွားရတော့မှာပါ ။ ဒါပေမဲ့ မဖွယ်မရာကိစ္စတွေ ဖြစ်အပြီးမှာတော့ သူ့ရဲ့ရေကူးဆရာမဖြစ်သူကလည်း သူ့ကိုအမေရိကန်ကိုမလွှတ်‌တော့ဘဲ ရေကူးအဖွဲ့ကနေပါ နှင်ထုတ်ပါတော့တယ်။ စိတ်ဓာတ်ကျစရာတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ပိုင်လင် တစ်ယောက်ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပါတော့တယ် ။ ဆရာမဖြစ်သူကလည်း တပည့်ဖြစ်သူ suicide လုပ်သွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး တချိန်လုံးအပြစ်ရှိသလိုခံစားနေရပြီး စိတ်ချောက်ခြားနေတော့ သရဲခြောက်ခံရသလိုဖြစ်လာပါတယ် ။ ဒါနဲ့သူ့သူငယ်ချင်းကို ပြောပြလိုက်တဲ့အချိန်မှာ သူငယ်ချင်းက ကုမန်ထိုလို့ခေါ်တဲ့ ရွှေရောင်ရုပ်ထုလေးကို အိမ်မှာကိုးကွယ်ဖို့ပြောလိုက်တဲ့အချိန်ကနေစပြီး အိမ်မှာထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာပါတော့တယ် ။

Drama
5.9 2016
Golden Doll
Bagavathi aka Bhagavathy
5.7

Bagavathi aka Bhagavathy (2002) ( ဘာဂါဗာသီ ) ဒီဇာတ်ကားကတော့ တမီးလ်ရုပ်ရှင်ကားပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့် ၂၀၀၂ ခုနှစ်ထွက် IMDb 6.1/10ရထားတဲ့ အက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီကားဟာ Box Office မှာ ဈေးကွက်အရအောင်မြင်ခဲ့တဲ့အပြင် 2004, 2005 မှာပါ တခြားနာမည်နဲ့ Remake ပြန်ရိုက်ခဲ့ပါသေးတယ်။ မင်းသားကလည်း အိန္ဒိယနိုင်ငံရဲ့ သျှမ်းသျှမ်းတောက် မင်းသားကြီးဗီဂျေးဆိုတော့ အထွေအထူးညွှန်းစရာလိုမယ်မထင်တော့ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ – လူတိုင်းမှာ နေ့ရက်တွေအတွက် အမှတ်တရတွေရှိကြပါတယ်။ ပျော်စရာနေ့ ဝမ်းနည်းစရာနေ့စသဖြင့်ပေါ့။ ဇွန်လ ၁၅ ရက်နေ့ကတော့ ဘာဂါဗာသီအတွက် မမေ့နိုင်မယ့်ရက်စွဲတွေထဲကတစ်ခုပါ။ အဲဒီနေ့ဟာ သူချစ်ရတဲ့ သူ့ညီလေး ဂူနာရဲ့မွေးနေ့ဖြစ်ပါတယ်။ ဘာဂါဗာသီက သူ့ညီကို ချစ်လွန်း တန်ဖိုးထားလွန်းလို့ သူကိုယ်တိုင် လက်ဖက်ရည်ဆိုင်ဖွင့်ပြီး ခြစ်ခြစ်ကုပ်ကုပ်ကြိုးစားစုဆောင်းကာ သူ့ညီကို ဆေးကျောင်းထားပေးခဲ့တာပါ။ ဂူနာလေး ဆရာဝန်ကြီးဖြစ်လာပြီး သူ့ဘဝမြင့်တက်လာဖို့က သူ့ရဲ့တစ်သက်တာ အိပ်မက်ပဲဖြစ်ပါတယ်။ အဲဒီအိပ်မက်ဟာ ပရီယာလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် ဂူနာ့ဘဝထဲ ဝင်ရောက်လာပြီးတဲ့နောက်မှာ ကွဲကြေ ပျက်စီးသွားပါတော့တယ်။ ဂူနာနဲ့ ပရီယာရဲ့ချစ်ဇာတ်လမ်းကို လက်မခံနိုင်တဲ့ ပရီယာ့ရဲ့အဖေကြောင့် ရှင်ကွဲ ၊ သေကွဲအမျိုးမျိုးတွေ့ကြုံလာရပြီးတဲ့နောက်မှာ ဖြူစင်ဖြောင့်မတ်တဲ့ ချစ်စရာလူရိုးကြီးဘာဂါဗာသီတစ်ယောက်ရဲ့ ပြောင်းလဲသွားပုံတွေကို အဆိုအက ၊ အလွမ်းအဆွေး ၊ အသတ်အပုတ် ဇာတ်လမ်းဇာတ်ကွက်စုံလင်စွာနဲ့ ကြည့်ရှုနိုင်မှာပါပဲဖြစ်ပါတယ်။ ( ဘာသာပြန်နဲ့ အညွန်းကို CM Bollywood Team မှ ရေးသားထားပါတယ် )

5.7 2002 160 mins
Bagavathi aka Bhagavathy
Scrooged
6.9

Scrooged (1988) ~ IMDb – 6.9/10, Rotten Tomatoes – 71% ~ ခရစ္စမတ်ကတော့ ထပ်ရောက်လာပေမဲ့ ခရစ္စမတ်ရဲ့အရသာကိုလည်း အပြည့်အဝရပြီး တကယ်လည်းကောင်းတဲ့ ရုပ်ရှင်တွေက မထွက်သလောက်ရှားနေပါပြီ။ ကျွန်တော်တို့တွေ မကြည့်ရသေးတဲ့ထဲလည်း ကုန်သလောက်ဖြစ်နေပြီ။ ခရစ္မမတ်ရဲ့အရသာကိုလည်း အပြည့်အဝရသလို တကယ်လည်းကောင်းတဲ့ Superman ပထမဆုံးကားရဲ့ ဒါရိုက်တာ Richard Donner ရဲ့ Scrooged ကိုတော့ ကြည့်ပြီးတဲ့သူထက် မကြည့်ရသေးတဲ့သူပိုများမယ်လို့ ထင်ပါတယ်။ ပါရာမောင့်က ထုတ်ထားတဲ့ ဒီကားက ခရစ္စမတ်ရဲ့အရသာအပြည့်ရတာလည်းမဆန်းပါဘူး။ ခရစ္စမတ်ရဲ့အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကိုပဲ မော်ဒန်ဗားရှင်းနဲ့ Black Comedy နှောပြီး ရိုက်ထားတာကိုး။ ထုံးစံအတိုင်း ခရစ္စမတ်ကာလမှာ အတိတ် အနာဂတ် ပစ္စုပ္ပန် ခရစ္စမတ်တစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းခံရတဲ့ လူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ ပိုလည်းလက်တွေ့ကျလာသလို ကြည့်ရတာလည်းပိုအရသာရှိပါတယ်။ ဘီလ်မာရေးရဲ့ သရုပ်ဆောင်ချက်ကြောင့်လည်း ပါတယ်။ ဒီကားမှာ တခြားခရစ္စမတ်ကားတွေထက် ထူးခြားတဲ့အချက်က နောက်ဆုံးသီချင်းကို တစ်ကားလုံးပါသမျှလူတွေ အတူတူဆိုသွားကြတာပါပဲ။ ဒါကသိပ်တော့မထူးခြားသလိုဖြစ်နေမှာပေမဲ့ သူတို့အတူတူဆိုကြတဲ့ သီချင်းက ခရစ္စမတ်နဲ့သိပ်လိုက်ဖက်သလို သိပ်လှတဲ့သီချင်းဖြစ်နေတာက ပိုထူးခြားသွားစေတာပါပဲ။ Jackie DeShannon ရဲ့ “Put a Little Love in Your Heart” ပါပဲ။ 1969 တုန်းက Hot 100 မှာ နံပါတ်၄ချိတ်ခဲ့တဲ့ သီချင်းဖြစ်သလို ကမ္ဘာကြီးကို အချစ်တွေနဲ့ ဖြည့်ချင်ခဲ့တဲ့ သီချင်းလည်းဟုတ်တော့ ခရစ္စမတ်နဲ့သိပ်လိုက်တဲ့သီချင်းဖြစ်နေတယ်။ ကမ္ဘာကြီးက အချစ်တွေနဲ့ပြည့်နေတယ်လို့တော့ မလိမ်ချင်ပါဘူး။ အခုရော နောင်ရော ကမ္ဘာမှာ အချစ်ထက် ကျန်တာတွေနဲ့ ပိုပြည့်ဝနေမှာပါပဲ။ တစ်ခါတလေတော့လည်း ကမ္ဘာကြီးထဲ အချစ်လေးနည်းနည်းထည့်ကြည့်လိုက်တာ မမှန်တောင် မမှားဘူးပေါ့။ Put a little love in your heart… And the world will be a better place And the world will be a better place For you and me You just wait and see Take a good look around And if you’re looking down Put a little love in your heart… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.75GB, 1.1GB Quality – BluRay HEVC 1080p, 720p IMDb Rating – 6.9/10 Format – mkv, mp4 Duration – 1H 41Min Genre – Comedy, Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

TV Movie • Comedy • Romance
6.9 1988 101 mins
Scrooged
Chicken Curry Law
4.6

Chicken Curry Law 2019 (ကြက်သားဟင်းဥပဒေ) ယခုတစ်ခါမှာတော့ မင်းသမီးNatalia Janoszek, မင်းသားကြီး Ashutosh Rana နဲ့ Makrand Deshpandeတို ပါဝင်ထားတဲ့ မှုခင်းဒရာမာဇာတ်လမ်းကောင်း၊ ဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ တစ်ရက် လမ်းမရဲ့အလယ်ခေါင်မှာ ကိုယ်တုံးလုံးနဲ့ နိုင်ငံခြားသူလေးတစ်ယောက် မေ့လဲနေတာကို မြင်တွေ့ခဲ့ကြရပြီးတော့ ရဲတွေလာရောက်စစ်ဆေးတဲ့အခါမှာတော့ မုဒိမ်းကျင့်စွန့်ပစ်သွားခဲ့တာဖြစ်ကြောင်းသိခဲ့ရပါတော့တယ်။ နိုင်ငံခြားသူလေးရဲ့ အမှုမှာ အဓိကတရားခံကတော့ ဝန်ကြီးရဲ့သားနဲ့ တူဖြစ်သူတိုဖြစ်ကြပြီးတော့ အာဏာရှိသူတွေပီပီ ဒီအမှုကို ဖုံးကွယ်ဖိုအတွက် လုပ်ကြပါတော့တယ်။ ဒီအခါမှာ ဒီအမှုနဲ့ ဘာမှမဆိုင်ပေမဲ့ သူကိုယ်တိုင်လည်း ဒီလိုအမှုမျိုးနဲ့ကြုံတွေ့ခဲ့ရပြီး အခုအခါမှာ NGOထောင်ထားပြီး နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေဘက်ကနေ လိုက်လံကူညီပေးနေတဲ့ ဆတ်တယာဆိုတဲ့ကောင်မလေးဟာ နိုင်ငံခြားသူလေးကို ကူညီပေးဖို ဖြစ်လာပါတော့တယ်။ ဒီကိစ္စမှာ အထက်အာဏာပိုင်တွေ ပါဝင်တဲ့အတွက် ဒီအမှုကိုလိုက်ဖို ရှေ့နေငှားတဲ့အခါမှာ ဘယ်သူကမှ မလိုက်ချင်ကြတဲ့အဆုံးမှာတော့ ဆတ်တယာတစ်ယောက် မှန်ကန်ဖြောင့်မတ်ပြီးတော့ အမှန်တရားကို လိုလားတဲ့ ရှေ့နေကြီး ဆီတာပတ်တီ ရှူကလာဆိုသူထံ အပူကပ်ရပါတော့တယ်။ ဆီတာပတ်တီ ရှူကလာဟာ ယခုအခါမှာဆိုရင် ရှေ့နေအလုပ်ကို မလုပ်တော့ဘဲ လမ်းဘေးမှာ မုန့်ရောင်းနေပါတယ်။ ဒီလိုနဲ့ အမှန်တရားကို လိုလားတဲ့ ဆတ်တယာတစ်ယောက် အမှန်တရားကို ချစ်မြတ်နိုးတဲ့ရှေ့နေကြီး ဆီတာပတ်တီကို ဒီအမှုလိုက်ဖိုအတွက် ဘယ်လိုတွေ စည်းရုံးသွားမလဲ ……. ဆီတာပတ်တီ ရှူကလာကရော ဒီအမှုကို လိုက်ပေးမှာလား …….. နောက်ဆက်တွဲ ဇာတ်လမ်းကရော ဘယ်လိုတွေ ဆက်ဖြစ်ဦးမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ Cym~ KKKZ~ V~ ZweYan တိုပဲဖြစ်ပါတယ်)

Adventure • Animation • Family
4.6 2019 127 mins
Chicken Curry Law
The Raid The Raid: Redemption
7.6

The Raid (2011) The Raid: Redemption IMDb Rating (7.6) / Rotten Tomatoes (87%) အင်ဒိုနီးရှားမင်းသား Iko Uwais ရဲ့ အကောင်းဆုံးနဲ့အကြမ်းဆုံး အက်ရှင်ဇာတ်ကားပါ။ ဇာတ်လမ်းကတော့… အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အဆောက်အအုံကြီးတခုမှာ အလွန်ရက်စက်ပြီး အာဏာလဲရှိတဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် တာမာနဲ့ သူ့အဖွဲ့သားတွေကိုဖမ်းဆီးဖို့အတွက် SWAT အဖွဲ့က အဆောက်အဆုံထဲချိုးဖောက်ဝင်ရောက်လာတဲ့ အခန်းနဲ့စတင်ထားတဲ့ ဒီဇာတ်ကားလေးက အင်ဒိုနီးရှားကရိုက်ကူးထားတာဆိုပေမဲ့ အနောက်တိုင်းအက်ရှင်တွေအတိုင်း တကားလုံးကိုအပစ်အခတ်အသတ်အပုတ်တွေနဲ့ အတော်လေးကြည့်ကောင်းပါတယ် …. အဆောက်အအုံထဲတိတ်တဆိတ်ဝင်လာတဲ့ SWAT အဖွဲ့ကို cctv ကတဆင့်သိသွားတဲ့တာမာက သူ့အဖွဲ့သားတွေလွှတ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပိတ်ချလိုက်တဲ့အခါ SWAT တဖွဲ့လုံး တိုက်ရဲ့၇ထပ်မြောက်မှာပိတ်မိသွားပါတော့တယ် အဲ့အခန်းကစပြီး သေနတ်တင်မက ဓားတုတ်တွေ့ရာလက်နက်နဲ့ အသက်လုပြီးတိုက်ပွဲဝင်ရတဲ့ SWATအဖွဲ့ကိုစတင်ရှုစားရမှာဖြစ်ပြီး သာမန် SWAT အဖွဲ့ဝင်လေး ရာမရဲ့အစွမ်းသတ္တိတွေကိုပါ အားရပါးရရှုစားရမဲ့ ဇာတ်ကြမ်းကားလေးဖြစ်ပါတယ်… (ရုပ်ရှင်အညွှန်းကို Khitmarket မှကူးယူဖော်ပြပါသည်။) လူကြိုက်များခဲ့လို့ Sequel အနေနဲ့ The Raid 2 (2014) ထပ်မံထွက်ရှိခဲ့ပြီး CM မှာ တပါတည်း တင်ဆက်ထားပါတယ်။

Thriller • Drama • Crime
7.6 2011 101 mins
The Raid The Raid: Redemption
FernGully 2: The Magical Rescue
4.4

FernGully 2:The Magical Rescue 1998 FernGully 2:The Magical Rescue ဟာ ၁၉၉၂ ထွက် FernGully:The Last Rainforest ရဲ့ အဆက် ကာတွန်းကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဖန်ဂါလီဆိုတာ နတ်သူ‌‌ငယ်တွေ၊တိရိစ္ဆာန်လေးတွေ ရောနှောနေထိုင်တဲ့ ထူးဆန်းပြီး မှော်ဆန်တဲ့ မိုးသစ်တော ဖြစ်ပါတယ် ။ တစ်ရက်မှာတော့ အေးချမ်းပြီး မှော်ဆန်လှတဲ့ ဖန်ဂါလီကို ဝိမသလောဘသား လူသားမုဆိုးတွေ ကျူးကျော်လာပြီး သစ်တောကိုမီးရှို့ကာ ‌တိရိစ္ဆာန်ပေါက်လေးတွေကို ဖမ်းယူသွားပါတယ် ။ ဒီလိုနဲ့ အဖမ်းခံလိုက်ရတဲ့ အကောင်ပေါက်လေးတွေကို ကယ်ဖို့ နတ်သူငယ်လေးတွေဖြစ်တဲ့ ပစ်နဲ့ ခရစ္စတာတို့ဟာ မြို့ကိုရောက်ဖူးတဲ့ တောအုပ်ထဲက တိရိစ္ဆာန်တွေအကူအညီနဲ့ လူသား‌တွေရှိရာ အရပ်ကို စွန့်စားခန်းထွက်လာပါတော့တယ်။ ဖန်ဂါလီကနေ တစ်ခါမှအပြင်မထွက်ဖူးတဲ့ပစ်နဲ့ခရစ္စတာတို့ရဲ့ စွန့်စားခန်းဟာ ဘယ်လိုဖြစ်လာမလဲ၊ အကောင်‌ပေါက်လေးတွေကို သူတို့ကယ်တင်နိုင်မလား၊ လူသားကမ္ဘာမှာ နတ်သူငယ်လေးတွေ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ ကြည့်ရမယ့် ကာတွန်းကားလေးပဲဖြစ်ပါတယ်။ File size… 1.9 GB/ 1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1 h 10 m Genre ….. Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant

Romance • Comedy
4.4 1998 72 mins
FernGully 2: The Magical Rescue
Undead Lovers
6

Undead Lovers (2024) IMDb – 6 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ တကယ်လို့ ကိုယ်ချစ်ရတဲ့သူကို ဖွင့်ပြောပြီး တစ်ဖက်ကလည်း ပြန်ကြိုက်ပြီဆိုတာနဲ့ သူက ကိုယ့်ရှေ့ကနေ ပျောက်သွားရင် ဘယ်လိုလုပ်ကြမလဲ။ ဒီဇာတ်ကားထဲမှာတော့ သူကြိုက်တဲ့ကောင်လေးကို ဖွင့်ပြောပြီးတိုင်း အဲဒီကောင်လေးက ပျောက်သွားလို့ လိုက်ရှာရတဲ့ အထက်တန်းကျောင်းသူလေးရဲ့ တမူထူးခြားတဲ့ romance ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ “ရိနို ဟဆဲဘဲ”ဆိုတဲ့ ကောင်မလေးက သူငယ်ငယ်တုန်းက ဆုံဖူးပြီး သူ့အသက်ကို ကယ်ခဲ့တဲ့ “ဂျွန် ခိုနို”ဆိုတဲ့ ကောင်လေးကို ပြန်တွေ့ရဖို့ မျှော်လင့်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ ကျောင်းလမ်းမှာ ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး အဲဒီကောင်လေးက သူရှာနေခဲ့တဲ့ ဂျွန်ဖြစ်နေခဲ့တာပါ။ သူက ဂျွန်ကို အားကစားပြိုင်ပွဲဝင်ဖို့ ကူညီပေးခဲ့ပြီး တစ်ချိန်မှာတော့ ချစ်တဲ့အကြောင်းဖွင့်ပြောခဲ့ပါတယ်။အဲဒါကြောင့် ဂျွန်ကလည်း သဘောကျနေတာဖြစ်ကြောင်း ပြန်ပြောနေဆဲမှာပဲ ရိနိုရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဂျွန်က ရိနိုရှေ့ကို ပုံစံမျိုးစုံနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပေမဲ့ သူဖွင့်ပြောလိုက်တိုင်း ကောင်လေးက ပြန်ပျောက်သွားခဲ့ပါတယ်။ အချစ်ရူးလေး ရိနိုလည်း သူ့ရဲ့ဖူးစာရှင် ဂျွန်ကို လိုက်ရှာနေရပေမဲ့ ချစ်တဲ့စိတ်ကတော့ လျော့မသွားခဲ့ပါဘူး။ ဒီလို သံသရာထဲမှာ ရိနိုတစ်ယောက် ဘာလို့ တဝဲလည်လည်ဖြစ်နေရလဲဆိုတာနဲ့ သူတို့နှစ်ယောက်ကြားက အချစ်ကရော ဘယ်လိုပုံစံမျိုးနဲ့ အမှန်တကယ်ဖြစ်တည်လာမှာလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ။ File Size – 1.61 GB/ 654 MB Quality – WEB-DL 1080p/ 720p Duration – 1:44:36 Format – mp4 Genre – Comedy, Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Roseline Encoded by – Treasure Htet

Drama
6 2024 104 mins
Undead Lovers
Fear Below
6

ငါးမန်းကား နှစ်သက်သူတွေအတွက် အသစ်စက်စက် ထွက်ရှိထားတဲ့ ငါးမန်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားက မြင်နေကျ ငါးမန်းကားတွေလိုမျိုးမဟုတ်ဘဲ 1940s ခုနှစ်ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားတာပါ။ ရာဇဝတ်ဂိုဏ်းတစ်ခုဟာ ဘဏ်ကနေ ရွှေချောင်းတွေကို ခိုးယူလာရာကနေဇာတ်လမ်းကို စတင်ထားတာပါ။ ဖြစ်ချင်တော့ အဲဒီရွှေချောင်းတွေတင်လာတဲ့ကားကြီးဟာ မတော်တဆမှုတစ်ခုကြောင့် မြစ်ထဲကို ထိုးဆင်းသွားပါတော့တယ်။ ခိုးယူလာတဲ့ဂိုဏ်းခေါင်းဆောင်က ရွှေချောင်းတွေကို လူမသိသူမသိ ပြန်လည်ဆယ်ယူဖို့အတွက် Sea Dogs ဆိုတဲ့ ရေငုပ်သမားအဖွဲ့ကို အလုပ်သွားအပ်ခဲ့ပါတယ်။ အလုပ်အပ်ရာမှာလည်း ဘာကိုဆယ်ယူရမယ်ရယ်လို့ တိတိကျကျမပြောဘဲ ကားထဲကပစ္စည်းတွေကိုပဲ ဆယ်ယူရမှာဖြစ်ကြောင်းပြောပြီး ယူနေကျလုပ်အားခထက် ငွေတွေပိုပေးလိုက်တာကြောင့် ရေငုပ်သမားအဖွဲ့ကလည်း အလုပ်ကို လက်ခံဖြစ်သွားပါတယ်။ သူတို့မသိကြတာတစ်ခုကတော့ အဲဒီကား နစ်မြုပ်သွားတဲ့ မြစ်နေရာဟာ မီးဖွားဖို့မြစ်ထဲကိုဆန်တက်လာတဲ့ နွားငါးမန်းကြီးရဲ့ နယ်နိမိတ်ဖြစ်နေတယ်ဆိုတာပါပဲ။ ဂိုဏ်းအဖွဲ့ရဲ့ အလုပ်အပ်ခြင်းကိုခံလိုက်ရတဲ့ ရေငုပ်သမား 3ယောက် နွားငါးမန်းကြီးကို ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ခါတိုင်း‌ကြည့်ဖူးနေကျကားတွေလို ပင်လယ်ထဲမှာမဟုတ်တာရော၊ 1940s ခုနှစ်ကိုဇာတ်အိမ်တည်ထားတွေရောကြောင့် ကြည့်ရတာတစ်မျိုးဆန်းပြီး နှစ်သက်ကြမှာ အသေအချာပါပဲ။ ရေငုပ်သမားအဖွဲ့က ရွှေချောင်းတွေကို ဆယ်ယူနိုင်သွားမှာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size… (1.60 GB) / ( 818 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 25m Genre …..Action , Adventure, Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Science Fiction • Comedy • Adventure
6 2025 85 mins
Fear Below