YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dynamite Kiss (2025) E09 720p NF WEB-DL [RMC].mp4

541.49 MB 720p video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Atithi Bhooto Bhava
9

ဒီတစ်ခေါက်မှာတော့ တိုက်ဂါးရဲ့အဖေမင်းသားကြီး Jackie Shroff ပါဝင်ထားပြီး Modern Love ရဲ့အချစ်မင်းသား Pratik Gandhi ပါဝင်သရုပ်ဆောင်ထားတဲ့ Atithi Bhooto Bhava ( တစေဧည့်သည် )ဆိုတဲ့ဇာတ်ကားလေးပါ.... IMDB မှာလည်း 6.5 ရထားတော့ Rating လေးလည်းမဆိုးလှပါဘူး ဇာတ်ကားလေးကိုမိတ်ဆက်ပေးရရင် .ဆရီကန့် ( Pratik Gandhi )က ဟာသပြောတဲ့သူတစ်ယောက်ဖြစ်ပြီး နက်သရာ ( Sharmin Segal )ကတော့ လေယာဥ်မယ်တစ်ယောက်ပေါ့... ချစ်သူသက်တမ်း၄နှစ်ရှိခဲ့ပေမယ့် ဆရီက နက်သရာ့ကိုတန်ဖိုးမထားခဲ့ပါဘူး။ ဆရီ နဲ့နက်သရာက ငယ်ငယ်ထဲက ချစ်ခဲ့တဲ့ စုံတွဲတွေပါ။ ချစ်စ ခင်စ ကြင်နာစ တကွဲစီနေနေရတဲ့အချိန်မှာ အမှတ်တရ နေ့တိုင်း အပြန်အလှန်လက်ဆောင်ပေးရင်း ကြည်နူးစရာဖြတ်သန်းခဲ့ကြတာပါ။ သူတို့နှစ်ယောက်က ကြောင်နဲ့ကြွက်လိုပဲ မတည့်အတူနေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်လဲသံယောဇဥ်မပြတ်နိုင်ကြပါဘူး ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်စကားများကြလို့ ဆရီကအရက်သောက်ပြီးမူးလာတဲ့တစ်ညမှာ မာခန်ဆင်း ( Jackie Shroff)နဲ့ တွေ့ခဲ့ကြပြီး မာခန်က သူ့ရဲ့ငယ်ချစ်ဦးမန်ဂျူးနဲ့ပြန်လည်ဆုံစည်းနိုင်ဖို့ ဆရီ့ဆီမှာအကူအညီတောင်းခဲ့ပါတယ် 1975ခုနှစ်မှာအစပြုထားပြီး 2021ခုနှစ်မှာဇာတ်အိမ်ဖွဲ့ထားတဲ့ဒီဇာတ်ကားလေးမှာ ဆရီ့ကိုဘာလို့မာခန်က အဘိုးလို့ခေါ်တာလဲ... မာခန်နဲ့မန်ဂျူးကို ဆရီကဘယ်လိုဆုံစည်းအောင်ကူညီပေးမှာလဲ...... စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ ဘယ်လောက်ထိခိုင်မြဲသလဲ... ဟာသလေးနှောပြီးရိုက်ကူးထားလို့ကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးဖြစ်လို့ လိုက်ပါစီးမျောခံစားလိုက်ပါဦး။ File size…1.78GB / 866MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 53mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & ThuRa & Shwe Pyae & lwin Htoo & Kevin

Action • Drama • History
9 2022 113 mins
Atithi Bhooto Bhava
Taste

~ Rotten Tomatoes - 86%, IMDb - 5.6/10 ~ Taste ဟာ ဇာတ်အိမ်က ဘာမှမရှိပါဘဲ နိမိတ်ပုံဆန်ဆန် သွယ်ဝိုက်ဖော်ပြတဲ့ အပြတွေများတဲ့ ရုပ်ရှင်ပါ။ နိမိတ်ပုံဟာ စကားလုံးထက်ပိုတဲ့ ခံစားမှုတစ်ခုကို ရစေဖို့ပါပဲ။ ဒီရုပ်ရှင်မှာ  စကားသိပ်မပြောပေမဲ့ ကြည့်ပျော်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ သူ့အပြတွေဟာ စကားလုံးထက်ပိုမွန်းကျပ်‌ စေပါတယ်။ Taste ဆိုတဲ့စကားလုံးကို ဒါရိုက်တာ ဘယ်အဓိပ္ပာယ်နဲ့ရွေးထားလဲတော့ တပ်အပ်ပြောရခက်တယ်။ ရသာရုံလို့ဆိုရင်မမှားသလို အမြည်းလို့ဆိုရင်လည်း မမှားလောက်ပါဘူး။  ဒါရိုက်တာဟာ ဗီယက်နမ်က အောက်ဆုံးဘ၀ငရဲတွေအကြောင်း အမြည်းဆန်ဆန်ပြထားတာကိုး။ "စာအုပ်တွေဟာ မှန်လိုပဲ။ စာအုပ်တွေမှာ မင်းရဲ့အတွင်းထဲမှာ ရှိနှင့်နေပြီးသား အရာကိုပဲ မြင်ရတာ"လို့ Jean Luc Godard က ပြောဖူးတယ်။ ရုပ်ရှင်တွေကတော့ ပိုဆိုးတာပေါ့။ ရုပ်ရှင်တွေဟာ ယူသလိုပဲရတဲ့ အနုပညာတွေပါပဲ။ Taste ဟာ ကိုယ့်အတွင်းထဲက အမှောင်မိုက်ဆုံးကမ္ဘာကို ပြန်မြင်ရစေမယ့် ရုပ်ရှင်လို့တော့ ဆိုလို့ရတယ်။ ပသို့ပဲဆိုဆို Taste ဟာ စိတ်ပျော်စေမယ့် ရုပ်ရှင်ကားမဟုတ်ပါဘူး။ ကျွန်တော်ဆို ထမင်းစားရင်း ကြည့်မိတာ ဆက်တောင်မစားနိုင်တဲ့ အထိပါပဲ။ သူ့အပြတွေမှာ ကိုယ်လုံးတီးမိန်းမကြီးတွေ ၊ လိင်တံတွေကို စိတ်ညစ်စရာကောင်းအောင် ပြထားတာမို့ မိသားစုနဲ့မကြည့်သင့်ပါဘူး။ Tasteကို ဗီယက်နမ်ရဲ့ တက်သစ်စ လူငယ်ဒါရိုက်တာ BAO Leeက ရိုက်ထားပြီး streaming serviceတစ်ခုဖြစ်တဲ့ MUBI မှာ ပြသခဲ့ပြီး Feb 16 2022 မှာ အမေရိကက ရုံတွေမှာစပြမှာပါ။ IMDb Rating နိမ့်ပေမဲ့ Art Film တွေပဲ တင်တာများတဲ့ MUBI ရဲ့ Rating ကတော့ 6.9 ပါ။ Rotten Tomatoes က 86% ပါ။ ဘာလင်မှာလည်း Special Jury Award, Encounters ဆုကို ရထားပါတယ်။  ကြည့်ကောင်းတဲ့ Art Film တစ်ကားလို့ ဆိုလို့ရပါတယ်။ ရုပ်ရှင်ဟာ ကိုယ့်အတွင်းထဲက အရာကိုပဲ မြင်ရနိုင်တဲ့အရာဆိုတော့ လူတိုင်းတော့ ကြိုက်မှာမဟုတ်ပါဘူး။ သေချာတာကတော့ စိတ်ညစ်မွန်းကျပ်တဲ့ အရသာကိုမရချင်ရင် မကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ အရသာဆိုတာမျိုးက အာရုံနဲ့ဆိုင်ပြီး အခြေခံအချက်တွေကလွဲ အရသာကို တိတိကျကျ ဖော်ပြဖို့ခက်ပါတယ်။ ရေနွေးကြမ်းတစ်ခွက်ရဲ့ ခါးတာလားဖန်တာလား တခြားတစ်ခုခုပါနေသေးလား မသိတဲ့ အရသာကိုခံစားရသလိုပေါ့။ ကျွန်တော့်အတွက်တော့ Taste ဟာ အခန်းကျဉ်းလေးထဲမှာ ကုန်လွန်ခဲ့ရဖူးတဲ့ နေ့ရက်နေ့တို့ထဲ ပြန်ဆွဲသွင်းခံလိုက်ရတဲ့ ရုပ်ရှင်ပါပဲ။ တစ်ချို့အတွက်ကျ လောကကြီးက သိပ်ကိုကျဉ်းတယ်။ ဘ၀ဟာ ဝေဒနာတွေ ရစ်သိုင်းထားတဲ့ ခန္ဓာကျဉ်းကျဉ်းကလေးမှာ ရှင်သန်ရခြင်း တစ်မျိုးပေါ့။ ငါတို့ မီးပုံးပျံတွေ လုပ်ကြတယ်။ ဒါပေမဲ့ ငါတို့လုပ်ထားတဲ့ မီးပုံးပျံတွေ ကောင်းကင်ထဲ ပျံသန်သွားတာ ငါတို့တစ်ခါမှမြင်ခွင့်မရကြဘူး။ သူ့အရိပ်မှာ ဘယ်တော့မှ ထိုင်နိုင်ခွင့်မရှိမှန်းသိသိလျက် သစ်ပင်ကို စိုက်ပျိုးသူဟာ ဘ၀ရဲ့အဓိပ္ပာယ်ကို နားလည်စပြုလာသူလို့ တဂိုးကပြောဖူးတယ်။  ငါနားလည်တာလား ငါလက်ခံလိုက်ရတာလားတော့ ငါမရေရာ။  ကမ္ဘာကျဉ်းကျဉ်းလေးထဲနေပျော်ဖို့ ဒီလိုပဲ ကြံရင်းဖန်ရင်း ဆက်ပြီးရှင်ရင်းသန်ရင်း။ ဘယ်လိုပဲဖြစ်ဖြစ် လူဟာ သေခဲလှတယ်မလား။ မနေ့က ငါသီချင်းတစ်ပုဒ်နားထောင်ဖြစ်တယ်။ "အစိမ်းလိုက်ရင်ဆိုင်" တဲ့။ ဒီကမ္ဘာကြီးနဲ့ မကင်းသမျှ ဒီအောက်ဆုံးဘ၀ငရဲတွေမှာ လူဟာ အစိမ်းလိုက်ရင်ဆိုင်ရင်း ဆက်ရှင်သန်နေရမှာပဲလား။ တစ်နေ့နေ့တော့ မနက်ဖြန်ကိုရောက်မယ်လို့ ငါမျှော်လင့်မှားခဲ့မိပေါ့...... (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 700MB, 300MB Quality - Web-rip 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 37Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Drama • Thriller • War
0 2022 9 mins
Taste
Lara Croft: Tomb Raider - The Cradle of Life
5.7

အမျိုးသမီးဖိုက်တာဇာတ်ရုပ်တွေဆိုရင် Angelina Jolie ရဲ့ Lara Croft: Tomb Raider ရုပ်ရှင်တွေက ထိပ်ဆုံးကပါလာတတ်ပါတယ်။ ဂိမ်းဇာတ်ကောင် Lara Croft ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီး Lara Croft ဇာတ်ကားတွေရဲ့ တင်ဆက်ပုံက ဇာတ်လမ်းဇာတ်ကွက်ထက် ဇာတ်ကောင်ရဲ့ မိမိုက်နေမှုကိုပဲ ဦးစားပေးပုံဖော်ထားပါတယ်။ ဇာတ်ကောင်မင်းသမီးကလဲ အင်ဂျလီနာဂျိုလီဆိုတော့ လိုတာထက်ပိုတဲ့ မိမိုက်နေမှုတွေကို ခံစားကြည့်ရှုရမှာပါ။ ရှေးခေတ်က သဘာဝလွန်ပစ္စည်းတွေကို ရှာဖွေရာမှာ ကမ္ဘာကိုဒုက္ခပေးမယ့် လူဆိုးတွေနဲ့ အပြိုင်အဆိုင် အနိုင်ကြဲမယ့် မိန်းမ ဂျိမ်းစ်ဘွန်း အဖြစ် ဂျိုလီကိုရှုမြင်ရတာ လိုက်ဖက်လွန်းပါတယ်။ Action, Adventure, Fantasy ဆိုတဲ့ အရသာကို အပြည့်အဝခံစားရမှာပါ။ BluRay 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(6.2 GB)/(1.7 GB)/(900 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:57:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by KiKi

Adventure • Fantasy
5.7 2003 117 mins
Lara Croft: Tomb Raider - The Cradle of Life
Zom 100: Bucket List of the Dead
8.5

Zom 100: Bucket List of the Dead (2023) ဘဝမှာလူတိုင်းကတော့ ကိုယ်လုပ်ချင်တဲ့အရာတွေရှိကြမှာပါ။ ဆန္ဒနဲ့လက်တွေ့ထပ်တူမကျဘဲ ပင်ပန်းရုန်းကန်နေရတဲ့သူတွေလည်းရှိကြမှာပါ။ - တနင်္လာနေ့ရုံးမသွားချင်ဘူးဖြစ်နေလား - ဘယ်လောက်ပဲကြိုးစားကြိုးစား အထက်လူကြီးတွေရဲ့ အကောင်းပြောတာမခံရဘူးလား - အချိန်ပိုတွေဆင်းနေရပြီးပင်ပန်းလွန်းနေပြီလား - ကိုယ်တကယ်ဖြစ်ချင်နေတာ ဘာများလဲဆိုတာ ပြန်တွေးနေမိပြီလား - ဒီအချိန်မှာတစ်ကမ္ဘာလုံးဇွန်ဘီ‌တွေဖြစ်သွားရင်ကောင်းမှာပါလို့ တွေးမိတဲ့သူတွေအတွက် တကယ်ပဲဖြစ်သွားတာကိုမြင်တွေ့ရမှာပါ တန်ဒိုအကီရာဆိုတဲ့ကောင်လေးတစ်ယောက် အလုပ်တွေဆက်တိုက်လုပ်၊ ပင်ပန်းနွမ်းနယ်ပြီး အလုပ်မသွားချင်ဖြစ်နေတဲ့ တစ်မနက်ခင်းလေးမှာ တစ်နိုင်ငံလုံးဇွန်ဘီတွေဖြစ်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။ အလုပ်မသွားရလို့ ပျော်နေတဲ့အချိန်မှာ အကြံဉာဏ်တစ်ခုရပြီး စာအုပ်တစ်အုပ်မှာ ဇွန်ဘီမဖြစ်ခင်လုပ်ရမည့်အချက် ၁၀၀ ဆိုပြီးစရေးခဲ့ပါတယ်။ သူ အဲဒီစာအုပ်ထဲကအတိုင်း လုပ်နိုင်ပါ့မလား အချက် ၁၀၀ ပဲ ပြည့်သွားမလား မပြည့်ခင်မှာဘဲ ဇွန်ဘီဖြစ်သွားမလား ရင်တမမနဲ့ကြည့်ရှုလိုက်ပါဦးနော် (ဒီကားက Manga ရော Anime ရော ထွက်နေဆဲဖြစ်ပြီး နိုင်ငံတကာမှာလည်း ပရိသတ်တွေများတဲ့ကားလေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်ရှူသင့်တဲ့ကားလေးပဲဖြစ်ပါတယ်) အညွှန်း နဲ့ ဘာသာပြန်ကာတော့ Mr.Kaung ပဲ ဖြစ်ပါတယ်။

Drama • Sci-Fi & Fantasy
8.5 2023 129 mins
Zom 100: Bucket List of the Dead
Cinderella II: Dreams Come True
5

Cinderella I ကို CM ပရိတ်သတ်တွေအတွက်တင်ဆက်ပေးခဲ့ပြီး တဲ့နောက်မှာ 2002ခုနှစ်မှာထွက်ခဲ့တဲ့ Cinderella II ကိုရော ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Cinderella II က နံပါတ် I လောက်တော့ Rating မကောင်းပေမဲ့ IMDbမှာ Rating 5/10 ရှိထားပြီး စင်ဒရဲလားအလွမ်းပြေ အပျင်းပြေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့ အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ​ကြွက်ကလေးတွေက ပုံပြင်လေး၃ပုဒ်ကို ပြောပြကြတာဖြစ်ပါတယ်။ ပထမပုံပြင်မှာ ရဲတိုက်ကြီးကို မင်းသမီးဖြစ် ပြီးတဲ့နောက်ပထမဆုံးအကြိမ်ရောက်လာရတဲ့ မင်းသမီးစင်ဒရဲလားရဲ့ အခက်အခဲလေးတွေနဲ့ ရဲတိုက်ရဲ့အစဥ်အလာဓလေ့ထုံးတမ်းတွေကို သူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ဘယ်လိုတွေပြောင်းလဲလိုက်တယ်ဆိုတာမြင်ရမှာဖြစ်ပါတယ်။ ဒုတိယပုံပြင်မှာတော့ ဂျက်ခ်ဂျက်ခ်လေးရဲ့လူသားဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပြီးတဲ့နောက် ကြုံတွေ့ရမယ့် လူသားဘဝအလွဲ တွေနဲ့ ဂျက်ခ်အတွက် ကြွက်တစ်ကောင်အဖြစ်နဲ့လူတစ်ယောက်အဖြစ် ဘယ်ဟာကပိုကောင်းတယ်ဆိုတာသိရအောင်သင်ခန်းစာတွေကြုံတွေ့ရ တာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပုံပြင်ကတော့ Title ဖြစ်တဲ့ Dreams Come True ဆိုတဲ့အတိုင်း စင်ဒရဲလားရဲ့ အဖေတူအမေကွဲညီမ အန်နာစတေးရှားရဲ့အချစ်စစ်ကိုရှာတွေ့ပြီးပျော်ရွှင်ရတဲ့အိပ်မက်အမှန် တစ်ကယ်ဖြစ်လာအောင် စင်ဒရဲလား နဲ့ ကြွက်ကလေးတွေဘယ်လိုကူညီ ကြမယ်ဆိုတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ကဲ သီချင်းလေးတွေကအစ သေချာလေးဘာသာပြန်ပေးထားတာမို့ CM ရဲ့ လက်ရာနဲ့ Quality ကောင်းကောင်းလေး ကြည့်ရှုခံစားချင်တဲ့ပရိတ်သတ်ကြီးတို့ ငယ်ဘဝအလွမ်းပြေဖို့ Cinderella II လေးကို အခုပဲခံစားကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…1.27GB / 538MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 13m Genre ….. Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

5 2001 74 mins
Cinderella II: Dreams Come True
The Civil Dead
6.3

The Civil Dead (2023) ================ IMDb Rating – 6.3/10 ဒီကားလေးကတော့ Clay လို့ခေါ်တဲ့ အပျော်တမ်းဓာတ်ပုံစရာ တစ်ယောက်ရဲ့ ကြုံခဲ့တာလေးကိုရိုက်ကူးထားတာပါ။ Clay က များသောအားဖြင့် အိမ်မှာဘဲ ဘီယာလေးသောက်လိုက် Chill လိုက်နဲ့ နေတတ်တဲ့ အိမ်တွင်းပုန်းဖက်တီးလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ သူ့မှာချစ်သူကောင်မလေးတော့ရှိပါတယ်။ အိမ်ငှားခပေး ရက်နီးလာပြီဆိုရင် ကောင်မလေးကခိုင်းတော့ Clay တစ်ယောက် ပုံလေးဘာလေးထွက်ရိုက်ရတာပေါ့။ တစ်နေရာကျ သူရိုက်မဲ့ ရိုက်ကွင်းထဲ လူတစ်ယောက်က လာပိတ် ရပ်နေတော့ Clay လည်း ဘာညာသွားပွားရင်းနဲ့ အမှတ်မထင် စကားလက်ဆုံကျပြီး ခင်မင်သွားပါတော့တယ်။ လူတစ်ယောက် ဓာတ်ပုံရိုက်မဲ့ရှေ့ ဖြတ်လျှောက်တာတောင် ခုကာလမှ သိပ်ကြိုက် ကြတာမဟုတ်ဘူးမှတ်လား၊ အခုလိုရိုက်မဲ့ view ထဲ တည့်ကြီးရပ် နေတာကကျ ဘောင်ကျော်သွားပါပြီ။ ဒါပေမဲ့ ဖြစ်ချင်တော့ ရပ်နေ တဲ့သူကလည်း အမြင်ကတ်ပုဒ်မနဲ့ရပ်နေတာမဟုတ်ဘဲ သူ့ကိုမမြင် နိုင်ဘူးထင်လို့ သူ့ဖာသာရပ်နေတာပါ၊ ဘာလို့ဆို သူက သရဲဖြစ်နေ လို့ပါဘဲ။ အဲတော့ သရဲ နဲ့ ဘော်ဒါဖြစ်သွားတဲ့ Clay တစ်ယောက် ဘာတွေဘယ်လိုကြုံရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက် ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.3 GB) / (465 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Thetti Tun Encoder……….SWM

6.3 2023 104 mins
The Civil Dead
Aloha Heart
6

“Island time” “ကျွန်းအချိန်” ဆိုတာက ဟာဝိုင်ယီကျွန်းသူကျွန်းသားတွေရဲ့ လက်သုံးစကားပါ။ အဓိပ္ပာယ်ကတော့ ကျန်တာတွေအကုန်မေ့ထားပြီး စိတ်အပန်းဖြေတဲ့အချိန်ဆိုတဲ့ သဘောမျိုးသုံးတာပါ။ ဒီကားလေးထဲ ဒီအသုံးအနှုန်းကို ထပ်ခါထပ်ခါမြင်ရပါမယ်နော်။ ဒီဇာတ်လမ်းလေးက ဟာဝိုင်ယီကျွန်းပေါ်မှာ ဇာတ်အိမ်တည်ထားတာပါ။ ဆယ်ရာဆိုတဲ့ ဂေဟဗေဒပညာရှင် အလုပ်ကြမ်းပိုးလေး ဆယ်ရာက အချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ ဟာဝိုင်ယီကျွန်းပေါ်က မင်္ဂလာပွဲအတွက် ခွင့်ရက်ယူပြီး ခရီးထွက်ခဲ့ရာက သူတို့တည်းတဲ့ အပန်းဖြေစခန်းက မန်နေဂျာဖြစ်ခါစ မာနူနဲ့ သွားတွေ့ပါတော့တယ်။ အပန်းဖြေစခန်းမှာ စီစဉ်ထားတဲ့ပုံတွေက ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမရောက်လို့ အလုပ်နဲ့ပတ်သက်နေရင် မနေနိုင်မထိုင်နိုင်ဖြစ်တဲ့ ဆယ်ရာက မာနူကို အမေးသွားထူပါတော့တယ်။ အဲကနေစပြီး သူတို့နှစ်ဦးရဲ့ ကြုံလာရတဲ့ပြဿနာတွေကို ဖြေရှင်းပုံတွေ တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီရင်း သံယောဇဉ်တွယ်သွားပုံလေးတွေကို ဟာဝိုင်ယီကျွန်းရဲ့ ဓလေ့တွေ သဘာဝအလှတွေနဲ့ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်ရှင်။ File size…2.45GB / 1.09GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 23m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

6 2023
Aloha Heart
Saw III Saw 3
6.2

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 3 (2006) အခုကားကတော့ Saw Franchise ရဲ့ တတိယမြောက်ကား။ ရှေ့နှစ်ကားရဲ့ Spoiler ပါနိုင်လို့ ရှေ့နှစ်ကားမကြည့်ရသေးရင် ဆက်မဖတ်ပါနဲ့တော့။ ဒီကားတွေက Spoiler ထိလို့ရှိရင် ကြည့်ရတဲ့ အရသာပျက်သွားတတ်တယ်။ Saw ရဲ့ ပထမကားကတော့ ရေချိုးခန်းတခုထဲမှာ နိုးလာတဲ့ လူနှစ်ယောက်နဲ့ စတင်ထားပြီး ကျနော်တို့ရဲ့ Jigsaw ကြီးစတင်ပွဲဦးထွက်လာတာလည်းဖြစ်တယ်။ အဲနောက်မှာတော့ Saw ll မှာ Jigsawက နာမည်ကြီးလာတဲ့အပြင် သူစမ်းသပ်တာခံရတဲ့သူတွေအရေအတွက်ကလည်း ပိုပြီး ကြီးမားလာခဲ့တယ်။ ပိုပြီးကြမ်းလာတာကတော့ ရဲတွေကိုပါမရှောင် သူ့ရဲ့ စမ်းသပ်မှုမှာထည့်လာတာပဲ။ အခု တတိယမြောက်ကားမှာတော့ ဒုတိယကားကနေ တိုက်ရိုက်အဆက်အနေနဲ့ ထွက်လာခဲ့တယ်။ ဒုတိယကားမှာ အဖမ်းခံခဲ့ရတဲ့သူကရော ဒီကားမှာ ဘယ်လောက်ထိအရေးပါမလဲ။ အခုကားမှာတော့ အစမှာ သံကြိုးတွေနဲ့ တုပ်နှောင်ထားခံရတဲ့သူတယောက် လွတ်မြောက်အောင် ကြိုးစားခဲ့ပေမယ့် ဗုံးပေါက်ကွဲမှုကနေ မလွတ်မြောက်ခဲ့ဘူး။ ပိုပြီး ထူးဆန်းတာက လွတ်မြောက်မယ့်လမ်းမထားတာပါပဲ။ Jigsaw ရဲ့ပုံစံတွေကနေ သွေဖယ်လာနေခဲ့တယ်။ အဲဒီအမှုကိုစုံစမ်းနေတဲ့ စုံထောက်တယောက်လည်း Jigsaw ရဲ့ ကစားပွဲထဲရောက်သွားခဲ့ရပြန်တယ်။ အဲနောက်မှာတော့ ဆရာဝန်တယောက်ဖြစ်တဲ့ လင်း ကို Jigsaw ဖမ်းခေါ်သွားခဲ့တယ်။ ဒုတိယကားမှာ Jigsaw က ကင်ဆာဝေဒနာနဲ့သေခါနီး ဖြစ်နေခဲ့တာကို သိကြပြီးပြီ။ အခု ဆရာဝန်ကိုရော ဘာလို့ ခေါ်လာခဲ့ရတာလဲ။ အဲလိုပဲ ဆရာဝန်ကိုသူ့အနားခေါ်ထားတုန်းမှာပဲ နောက်ထပ်စမ်းသပ်မှုတခုကလည်း ဆက်သွားနေခဲ့တယ်။အဲဒီစမ်းသပ်မှုကရော ဘာအတွက်လဲ။ Jigsaw ကရော ဘာတွေစီစဉ်ထားမှာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရင်း လူတွေကိုပြောင်းလဲလို့ရနိုင်ပါ့မလား။ တကယ့်အသိတရားရနိုင်မယ့်လူတွေရော ရှိပါ့မလား။ ကိုယ့်ခံယူချက်နဲ့ကိုယ်သွားနေတဲ့လူတွေအကြောင်းကို တွေးတောနေရမယ့် တတိယကားပဲ ဖြစ်ပါတယ်။

Drama • History
6.2 2006
Saw III Saw 3
A Brush with Christmas
5.5

ခရစ်စမတ်ဆိုရင် အရောင်စုံလင်တဲ့ပွဲတော်တွေ၊ခေါင်းလောင်းသံမြိုင်မြိုင်နဲ့ပုံရိပ်ကို မြင်မိတဲ့အတိုင်း ဒီကားလေးမှာ ဘေဆိုက်မြို့က နှစ်တိုင်းလုပ်နေကျ ခရစ်စမတ် အားလပ်ရက် ပွဲတော်အရသာလေးတွေ ရမယ့်ကားပါ ဇာတ်လမ်းက ပန်းချီဆွဲဝါသနာပါတဲ့ ရှာလိုအက်၊ တစ်ဦးတည်းသောသမီးမို့ မိသားစုရဲ့ စားသောက်ဆိုင်လုပ်ငန်းကို လက်လွှဲယူပြီး ဦးစီးနေရချိန် တဖက်မှာ နှစ်သက်ရတဲ့ ပန်းချီကို အချိန်မပေးနိုင်တော့လို့ လက်လွှတ်ခါနီးမှာ ဘဝထဲကို နယ်လှည့် ဗိသုကာရေးဆွဲတဲ့ ဝိုင်ယက်ရောက်လာချိန် ဘာတွေဆက်ဖြစ်မလဲ၊ ရှာလိုအက် အလုပ်နှစ်ခုကို သူဘယ်လို ကိုင်တွယ်မလဲ ဝိုင်ယက်နဲ့ရော ရှေ့ဆက်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုတာ အားလပ်ရက်မှာ မိသားစုနဲ့ ပါအတူကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်မှာပါ။ File size…(1.6 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

5.5 2022
A Brush with Christmas
Water Lilies
6.7

Water lilies (2007) IMDb rating – 6.7 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းမှာ “မာရီ”၊ “ဖလော်ရီယန်”နဲ့ “အန်နီ”ဆိုတဲ့ ၁၅နှစ်အရွယ် ကလေးမလေးသုံးယောက်ပါဝင်ပါတယ်။ မာရီက တစ်ခုခုဆိုရင် မဝံ့မရဲတဲ့သူ၊ စကားနဲပြီး အနေအေးတဲ့ကောင်မလေးပါ။ မာရီရဲ့သူငယ်ချင်း ‘အန်နီ’ကတော့ ဝဝတုတ်တုတ် ချစ်စရာကလေးမလေးဖြစ်ပြီး ‘ဖရန်ဆွာ’ဆိုတဲ့ ကောင်လေးဆီက ပထမဆုံးအနမ်းရချင်နေသူလေးပါ။ ဖလော်ရီယန်ကတော့ ဘယ်သူ့ကိုမှထည့်မထွက်တတ်တဲ့သူ၊ ရေထဲဘဲလေးအကအဖွဲ့ ခေါင်းဆောင်၊ ကောင်လေးတွေပါးစပ်ဖျားမှာ တသသဖြစ်ရတဲ့အလှဘုရင်မလေးပါ၊ ဒါကြောင့် ယောကျ်ားတိုင်းနဲ့အိပ်တဲ့အပျက်မလို့ သတင်းတွေထွက်နေတဲ့သူလည်း ဟုတ်ပါတယ်။ မာရီက ရေထဲဘဲလေးအကဖျော်ဖြေပွဲကိုကြည့်ပြီးတဲ့နောက်မှာ ဖလော်ရီယန်ဆီ ချဉ်းကပ်လာခဲ့ပါတယ်။ ကောင်မလေး ၃ယောက်ရယ် သုံးပွင့်ဆိုင်နေတဲ့ပြဿနာလေးရယ်က ဘယ်လိုဖြစ်သွားမလဲ။ သူတို့တစ်ဦးချင်းဆီရဲ့ ပထမဆုံးအနမ်း၊ ပထမဆုံးအထမြောက်နိုင်ဖို့ဆိုတာတွေ အဆင်ပြေပြေဖြစ်လာနိုင်ပါ့မလား။ ဒီဇာတ်လမ်းမှာ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးတွေရဲ့ မြီးကောင်ပေါက်အရွယ် စိတ်ကစားတတ်တဲ့သဘောသဘာဝလေးတွေ၊ ပျိုဖော်ဝင်စ လိင်စိတ်နိုးကြွားမှုအကြောင်းတွေကို လှလှပပနဲ့ သဘာဝကျအောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက အေးအေးညိမ့်ညိမ့်လေး ကြည့်ရမှာဖြစ်ပြီး runtime ကလည်း မိနစ် ၈၀ စာလောက်ပါပဲ။ awards တွေလည်း သိမ်းပိုက်ထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 2.1 GB / 854 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

6.7 2007 85 mins
Water Lilies
Porco Rosso

Porco Rosso 1992 Genre – Animation/Adventure/Comedy IMDb – 7.7/10 ပထမကမ္ဘာစစ်အတွင်းမှာ လက်စွမ်းပြခဲ့တဲ့ တိုက်လေယာဉ်မှူး Porco Rosso၊ အီတလီလေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အတော်ဆုံးပိုင်းလော့တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့သူ။ ယခုအချိန်မှာတော့ သူဟာ Adriatic ပင်လယ်ပြင်မှာ ပင်လယ်ဓားပြတွေကို လိုက်လံဖမ်းဆီးရတဲ့ ကြေးစားလေယာဉ်ပိုင်းလော့တစ်ယောက်လုပ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ Porco ကို မကျေနပ်တဲ့ ပင်လယ်ဓားပြတွေအားလုံး စုစည်းပြီး Porco Rosso ကို ရှင်းပစ်ဖို့ နာမည်ကြီး အမေရိကန်ပိုင်းလော့တစ်ယောက်ကို ငှားရမ်းလိုက်တဲ့အခါ Porco တစ်ယောက် အဆိုပါ ပိုင်းလော့ကို အနိုင်ယူနိုင်မှာလား၊ Adriatic ပင်လယ်ပြင်ရဲ့ ကောင်းကင်ထက်မှာ Porco နဲ့ သူ့ရဲ့လေယာဉ်အနီရောင်လေး လွတ်လပ်စွာနဲ့ ဆက်လက်ပျံသန်းနိုင်မလား ဆိုတာကတော့,…………. File size… 1.8 GB / 851 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Animation/Adventure/Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Aung Tayza

0 1992
Porco Rosso
Making Family
7

Making Family (2016) ************************ 2000 ပြည့်နှစ်တွေက နာမည်ကျော် ရုပ်ရှင်မင်းသမီး ဂင်ဟာနူး ခေါင်းဆောင်ပါဝင်ထားတဲ့ တရုတ်-ကိုရီးယား မိသားစုဇာတ်လမ်း‌လေး။ ကိုယ့်ရဲ့တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ ယောက်ျားဖြစ်သူ သေဆုံးသွားတဲ့အချိန်မှာ မှတ်တမ်းရုပ်ရှင် ပရိုဂျူဆာ ဂန်မီယွန်းဟာ အမည်မသိ သုတ်ပိုးအလှူရှင်တစ်ဦးထံမှ သုတ်ပိုးနဲ့ ဖန်ပြွန်သန္ဓေသားကို မွေးဖွားခဲ့တယ်။ ဒီလိုနဲ့ သူမရဲ့ မိသားစုကမ္ဘာလေးဟာ ဉာဏ်ပြေးတဲ့ သူမသားလေး ဂိုထယ်ဘုံးကြောင့် အနည်းငယ်ပြန်လည် နွေးထွေးလာခဲ့တော့တယ်။ ဒါပေမဲ့ သူမ မထင်ခဲ့တာက ထယ်ဘုံးလေးဟာ အရွယ်လေးမဆိုစလောက် ရောက်လာတဲ့အချိန်မှာ ဖခင်အရင်းကို ရှာတော့တာကိုပဲ။ အရွယ်နဲ့မလိုက်အောင် ဉာဏ်ကောင်းသူဖြစ်တဲ့အလျောက် ထယ်ဘုံးဟာ ရေခြားမြေခြားက ဖခင်အစစ်ကို ရအောင်ရှာဖွေနိုင်ခဲ့ပြီး ထိုသူနဲ့ ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားတဲ့အချိန်မှာ… ဘာသာစကားမတူပေမဲ့ မိသားစုဆိုတာ နေရာတိုင်းမှာ တန်ဖိုးရှိကြောင်း ရင်နင့်ကြည်နူးဖွယ်ကောင်းအောင် ဖော်ကျူးထားတဲ့အပြင် ကိုရီးယားနဲ့ တရုတ် မင်းသား၊ မင်းသမီးတွေရဲ့ အင်အားကိုလည်း ပြသထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါ့အပြင် လူကြီးသရုပ်ဆောင်တွေသာမက ကလေးသရုပ်ဆောင် ထယ်ဘုံး‌လေးရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရသူတွေ ခံစားချက်မျိုးစုံကို ခံစားရစေမယ်လို့ အာမခံတာမို့ ပေါ့ပါးမှုရော၊ လေးနက်မှုရော တစ်ပြိုင်တည်းခံစားချင်တဲ့ ပရိသတ်တွေ အထူးကြည့်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Esth မှ ရေးသားပေးထားပါတယ်။) File size…2.21GB / 960MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Comedy, Romance, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Esth

7 2016
Making Family
Lost Girl Perdida
7

Lost Girl (2019) IMDb Rating (7.၀) စပိန်ကရိုက်တဲ့ The Hidden Face (2011)ကို မက္ကဆီကိုက ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ စပိန်ကားလည်းကောင်းသလို ဒါလည်းမဆိုးပါဘူး။ အဲရစ်ဆိုတဲ့ လူတစ်ယောက်ရှိတယ်၊ သူ့အလုပ်အကိုင်က ဂီတမှူး၊ သူ့ရည်းစား ကာရိုလီနာကတော့ ဗိသုကာသမားလုပ်တယ်။ အဲရစ်က တခြားနိုင်ငံမှာ ဂီတမှူးလုပ်ဖို့အကြောင်းဖန်လာတော့ သူတို့အတူတူ ပြောင်းလာခဲ့ကြတယ်။ ဒီတော့ သူတို့တွေ အဲဒီနိုင်ငံ အသိုင်းကြီးအဝိုင်းကြီးက အမျိုးသမီးတစ်ယောက်ရဲ့အိမ်မှာ နေဖြစ်သွားကြတယ်။ အောင်မြင်တဲ့ဂီတမှူးဖြစ်တဲ့ အဲရစ်ဟာ သူ့တီးဝိုင်းက တယောသမလေးနဲ့ ခြေရှုပ်ချင်သလိုလိုဖြစ်နေတယ်။ တစ်နေ့ အဲဒါကို ကာရိုလီနာက ပက်ပင်းမိသွားတယ်။ မိသွားပြီး နောက်ရက်မှာပဲ ကာရိုလီနာ ပျောက်သွားတယ်။ သူ့နိုင်ငံကိုလည်းမပြန်သလို ဘယ်မှာမှမှ သူ့အရိပ်အယောင်မတွေ့ရလို့ ရဲတွေဟာ သူ့ကိုအသည်းအသန်ရှာနေကြတယ်။ သူ့ရည်းစား အဲရစ်ကလည်း သံသယတရားခံအလိုလိုဖြစ်သွားတယ်။ အသည်းတွေကွဲ အရက်တွေသောက်နဲ့ နည်းနည်းကြာတော့ အဲရစ်က ဘားက ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်သွားတယ်။ သူ့အိမ်မှာပဲ အတူတူလာနေရင်း အဲဒီကောင်မလေးဟာ ကာရိုလီနာ့နေရာကို အစားယူသွားတယ်။ ဒီတော့ ကာရိုလီနာက ပေါ်လာမှာလား။ အဲရစ်က ကာရိုလီနာ့ကို သတ်လိုက်တာလား။ တကယ်တမ်းဘာတွေဖြစ်ခဲ့လဲ ဇာတ်အချိုးအကွေ့တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်မှာ သည်းထိတ်ရင်ဖိုကြည့်ကြရမှာပါ… (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.7 GB) / (700 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Thriller Duration….01:47:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

7 2019
Lost Girl Perdida