YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

You Are My Make Up Artist (2022) (Ep4)_720p.mp4

844.13 MB N/A video/mp4 146 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dr. Wai in the Scripture with No Words
5.6

Dr. Wai in the Scripture with No Words ( 1996 ) ဂျက်လီရဲ့ အင်ဒီယာနာဂျုန်းလိုလိုကားပါ။ မှတ်မိချင်မှ မှတ်မိမှာပေမဲ့ စက်ရုပ်နွားကြီးနောက် ဂျက်လီပြေးလိုက်ချတဲ့ အခန်းကိုတော့ ငယ်ငယ်က ဖြစ်ဖြစ် ကြည့်ဖူးလောက်ကြမှာပါ။ အဲဒီကားပါပဲ။ ဂျက်လီအပြင် ဟောင်ကောင်ရဲ့ အလှတရားတွေထဲ အပါအဝင်ဖြစ်တဲ့ ဂျက်လီနဲ့တွဲအရိုက်များတဲ့ Rosamund Kwan နဲ့ ashes of time , Fallen angels နဲ့ New Police Storyထဲက မင်းသမီး charlie yeung လည်းပါပါတယ်။ နောက်ဆုံးနဲ့ ဒီကားကို ကျွန်တော်ကြည့်ဖြစ်သွားတဲ့အကြောင်းရင်းဖြစ်တဲ့သူကတော့ ဟောင်ကောင်မှာပဲ ကားအလန်းစားတွေ ဆက်တိုက်အရိုက်များခဲ့တဲ့ ဂျပန်ထိုင်ဝမ်သွေးနှော Takeshi Kaneshiroပါပဲ။ cast တွေနဲ့တင် ဒီကားက တော်တော်တန်နေပါပြီ။ ဇာတ်လမ်းကတော့ အင်ဒီယာနာဂျုန်းဆန်ဆန်ဘဲက အင်ဒီယာနာဂျုန်းထဲကလို ကျိန်စာတွေနဲ့ သေတ္တာကြီးကို ရှာတဲ့အကြောင်း ဖွင့်မိပြီးကျိန်စာသင့်သွားတဲ့ လူဆိုးကို ရင်ဆိုင်ရတဲ့အကြောင်းတွေပါ။ ဟာတွေလည်း နှောထားလို့ ရယ်လည်းရယ်ရသလို ဂျက်လီရဲ့အက်ရှင်ခန်းအလန်းတွေကိုလည်း မြင်ရမှာပါ။ ငယ်ဘဝကို ပြန်လွမ်းလို့ကောင်းမယ့် ရုပ်ရှင်အဟောင်းလေးပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.5GB) / (500MB) Quality__BluRay_1080p, 360p IMDb Rating__5.7/10 Format__mp4 Duration__01:37:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Comedy • Drama
5.6 1996 90 mins
Dr. Wai in the Scripture with No Words
Runaway Bride
6.1

မင်းသားကြီး Richard Gere နဲ့  Julia Robertငယ်စဉ်က ဇာတ်ကားဖြစ်တဲ့အတွက် အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဆောင်းပါးရေးဆရာ Ikeက ပင်တိုင်ဆောင်းပါးအတွက် ဘုံဆိုင်က အမူးသမားတစ်ယောက်ပြောပြတဲ့ မင်္ဂလာဆောင်ခါနီးထွက်ထွက်ပြေးသွားတဲ့ သူတို့သမီးအကြောင်းရေးဖြစ်သွားပါတယ်။ ဒီဆောင်းပါးဟာ ဟိုးလေးတကျော်ကျော်ဖြစ်သွားပြီး Ikeရဲ့အရေးအသားတွေကြောင့် အမျိုးသမီးဝါဒဆန့်ကျင်ရေးသမားအဖြစ် Ikeဟာ အလုပ်ပြုတ်သွားပါတယ်။ သူ့ဂုဏ်သိက္ခာ အဖက်ဆယ်နိုင်အောင်နဲ့ အလုပ်ပြန်ရဖို့အတွက် အဲဒီရှောင်ပြေးသူတို့သမီးရှိရာမြို့ငယ်လေးဆီကို သူ့အကြောင်းစုံစမ်းဖို့ Ikeသွားခဲ့ပါတယ်။ မြို့ငယ်လေးဆီရောက်တဲ့အခါ Ike ဘာတွေကြုံရမလဲ ရှောင်ပြေးသူတို့သမီးကရော ဘာလို့မင်္ဂလာဆောင်ခါနီးမှ ထွက်‌ထွက်ပြေးနေရတာလဲ သူတို့ကြားမှာရော ဘယ်လိုအကြောင်းတွေဖန်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။ File Size :(2.3GB)(946 MB) and (304MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:59:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Adventure • Fantasy
6.1 1999 116 mins
Runaway Bride
Funny People
5.9

လူတစ်ယောက်ဟာ အပြင်ပန်းမှာပျော်နေသလို၊ ရယ်မြူးနေသလို ထင်ရပေမယ့် အတွင်းစိတ်မှာတော့ ပူပန်မှုတွေ၊ စိုးရိမ်သောကတွေ၊ အထီးကျန်ဝမ်းနည်းစိတ်တွေနဲ့ ရှင်သန်နေရတာမျိုး လူ့လောကမှာရှိတတ်ကြတာ သဘာဝပါ။ အငြိမ့်စင်ပေါ်မှာ ကပြအသုံးတော်ခံနေတဲ့ လူရွှင်တော်တိုင်းဟာ သူတို့ထုတ်လိုက်တဲ့ပြက်လုံးတွေထဲကလို ဘဝကအမြဲရယ်မောပျော်ရွှင်စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဒါဟာ လူ့ဘဝရဲ့ ပုံမှန်ပြယုဂ်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိတ်အလိုမကျစရာတွေက "ဪ၊ သူကတော့ ပြက်လုံးတွေထုတ်တတ်တဲ့ လူရွှင်တော်ပဲ"ဆိုပြီး မကျရောက်လာတာမျိုး မရှိပါဘူး။ ဒီလောကဓံတရားရဲ့ပြကွက်ကိုတော့ အခုဇာတ်ကားလေးထဲမှာ ခြယ်မှုန်းလှစ်ဟပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ခ်ျဆင်မွန်ဟာ အောင်မြင်တဲ့ တစ်ခန်းရပ်လူပြက်တစ်ယောက်ဖြစ်ပါတယ်။ တီဗီဇာတ်လမ်းတွေ၊ ဟာသရှိုးတွေဝက်ဝက်ကွဲရိုက်ရပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့် ပရိသတ်ကြားရေပန်းစားရတဲ့ အထင်ကရလူပြက်တစ်ယောက်ပါ။ ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့ စတိုင်ကျကျနေနိုင်ပြီး ဂျက်လေယာဉ်ဝယ်စီးနိုင်လောက်တဲ့အထိ ဝင်ငွေကောင်းပါတယ်။ ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ သူ့မှာ AML လို့ခေါ်တဲ့သွေးအားနည်းရောဂါဆန်းတစ်မျိုး စွဲကပ်လာပါတယ်။ ရောဂါအသစ်ဖြစ်လို့ ကုသနိုင်မယ့်ဆေးမရှိသေးတာကြောင့် ဘဝကိုလက်လျှော့အရှုံးပေးရမလိုဖြစ်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုအထင်ကြီးအားကျတဲ့ လူပြက်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့............... ဒီဇာတ်ကားကိုကြည့်ရင်း မိတ်ဆွေတို့လည်း ကိုယ့်ဘဝကိုယ်တစ်ချက်လည်ပြန်စောင်းငဲ့ကြည့်မိကြမှာပါ။ အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ review ကောင်းတွေလည်းရရှိထားတာဖြစ်ပါတယ်။ File Size :(4.05 GB) (1.4 GB) and (445 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:26:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ninja Encoded by Phyo Pyae

Horror
5.9 2009 146 mins
Funny People
Character
7.2

IMDb rating - 6.6/10 Genre - Psychological Thriller, Family ကိုယ်လုပ်တာတွေကို အကုန်ပုံတူကူးချပြီး လိုက်လုပ်တတ်တဲ့ copycat သူငယ်ချင်းမိတ်ဆွေမျိုး ကြုံဖူးကြလား Copycatတွေက နေ့စဉ်ဘဝမှာဆိုရင် ဘေးနားကလူတွေကရဲ့ ဝတ်ပုံစားပုံတွေ အကျင့်တွေကအစ ပုံတူကူးချပြီးနေထိုင်တတ်ပါတယ်။ သို့ပေမဲ့ တခြားသူကျူးလွန်ထားတဲ့ လူသတ်မှုတွေကိုလိုက်ကြည့်ပြီး ပုံတူကူး လိုက်သတ်တတ်တဲ့ Copycat killer တစ်ယောက်ဆိုရင် ဘယ်လိုဖြစ်မလဲ... ဇာတ်လမ်းထဲမှာတော့ "ယမရှိရို ခဲအိဂေါ့"ဆိုတဲ့ Mangaစာရေးဆရာတစ်ယောက်က mangaဆွဲတာလည်း သေသပ်လှပပြီး ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ပုံကိုတောင် ချက်ချင်းဆွဲနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ။ ပြဿနာက သူရေးချင်တဲ့အမျိုးအစားက Thriller,Crimeဖြစ်ပြီး သူကိုယ်တိုင်ကတော့ သဘောကောင်းလွန်းတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ တော်ပေမဲ့အသက်ဝင်တဲ့ဇာတ်ကောင်ကိုမရေးဆွဲနိုင်တာကြောင့် ကိုယ်ပိုင်Mangaကို debutမလုပ်နိုင်သေးပါဘူး။ ဒီလိုနဲ့စိတ်ဓာတ်ကျပြီးအလုပ်ထွက်ဖို့ပြင်နေတုန်း သူ့ရဲ့ဆရာဖြစ်သူက စံအိမ်တစ်လုံးရဲ့ပုံကို ညဘက်ကြီးမှာ သွားဆွဲခိုင်းခဲ့ပါတယ်။ ပုံကြမ်းဆွဲနေတုန်း စံအိမ်ထဲကသီချင်းသံကအရမ်းကျယ်လို့ အိမ်နီးချင်းက ပြဿနာလှမ်းရှာတာကြောင့် သူပါအခြေအနေမဟန်မှာစိုးလို့ အိမ်ပိုင်ရှင်တွေကိုလှမ်းပြောဖို့လုပ်ပါတယ်။ ဒါပေမဲ့အထဲက တုံ့ပြန်သံမကြားတာနဲ့ အထဲဝင်သွားတဲ့အခါ အိမ်ရှင်တွေကို ဓားနဲ့ထိုးသတ်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ သူ့ဘဝမှာပထမဆုံး အဖြစ်ပျက်ဆိုးနဲ့ကြုံရတာမို့ကြောက်လန့်နေခဲ့တုန်းမှာ လူသတ်သမားဖြစ်သူကိုမြင်လိုက်ရပါတယ်။ ဒါပေမဲ့ ရဲတွေကမေးလို့ထွက်ချက်ပေးတဲ့အခါမှာတော့ သူဟာ လူသတ်သမားကိုမမြင်ခဲ့ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။ အဲဒီကစလို့ စာရေးဆရာ ယမရှိရိုက ""Dagger"လို့ခေါ်တဲ့ဇာတ်ကောင်ကိုဖန်တီးပြီး " 34,Rising Sun"ဆိုတဲ့ Manga Seriesကိုရေးဆွဲပြီး လူကြိုက်များလာပါတယ်။ သူမျက်မြင်တွေ့ခဲ့ရတဲ့လူသတ်မှုအကြောင်းကို ပထမဆုံးဇာတ်လမ်းအဖြစ် ရေးထားတာပါ။ ဒါပေမဲ့ သူ့Mangaထဲက ဒုတိယဇာတ်လမ်းအတိုင်း လိုက်သတ်ထားတဲ့လူသတ်မှုတစ်ခုဖြစ်လာပါတယ်။ နေရာ သေတဲ့ပုံစံ၊လူသတ်လက်နက်ကိုထားတဲ့နေရာကအစ mangaထဲကအတိုင်းဖြစ်လာတာမို့ ရဲတွေကလည်းသူ့ကိုနောက်တစ်ကြိမ်ထပ်မံစစ်ဆေးပါတယ်။ ဒါပေမဲ့ တရားခံက mangaဆရာမဖြစ်နိုင်တဲ့အခါ... စီရင်စုရဲတွေ လူသတ်သမား​ကို ဘယ်သူလို့ယူဆပြီး ဆက်စပ်စုံစမ်းကြမလဲ လူသတ်သမားက မိသားစုဝင်၄ဦးရှိတဲ့မိသားစုတွေကိုမှ ဘာလို့ရွေးသတ်ရတာလဲ ကိုယ်ပိုင်identityမရှိတဲ့သူတစ်ယောက် သူများရဲ့characterကိုပုံတူကူးချပြီးနေတတ်တဲ့သူတစ်ယောက်က.. လက်တွေ့ဘဝမှာ ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲဆိုတာကို တစိမ့်စိမ့်တွေးရင်း အဆုံးထိကြည့်ဖို့ဆွဲခေါ်သွားမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2.2GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__02:05:00 Type__Crime, Horror, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Action • Comedy • Drama
7.2 2021 125 mins
Character
Urban Myths
6.9

ဒီဟော်ရာဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းသလို ပါတဲ့သရုပ်ဆောင်တွေကလည်း နာမည်ကြီး Idol တွေဖြစ်တဲ့ Monsta x - Shownu WJSN - Seola, Exy BTOB - Minhyuk TheBoyz - Haknyeon Golden Child - JaeHyun Lovelyz - SeoJisoo Alexa ,OhMyGirl - Arin တို့ပါဝင်ထားတာမို့ သူ့ဖန်တွေအတွက်တော့ ပျော်စရာပါပဲ...ပြီးတော့ မတူညီတဲ့ ဟော်ရာဇာတ်လမ်းတိုတွေနဲ့ ဖွဲ့စည်းထားတာမို့ တစ်ခုချင်းမှာ တစ်မျိုးထိတ်လန့်စရာကောင်းတယ်...အပျော်ဂိမ်းကစားကြရင်း သရဲဝင်ပူးတာတွေ...အိမ်နီချင်းမှာ သရဲဖြစ်နေတာတွေ...လူသတ်ပြီး အလောင်းဖျောက်ရင်း မလွတ်မကျွတ်တဲ့သရဲက ပြန်ပြီးသတ်တဲ့အဖြစ်မျိုးတွေမို့ horror ဇာတ်လမ်းကြိုက်သူတို့ ကြည့်ကြပါ... File Size : (2.2GB)(542MB) and (232 MB) Quality : WEB-DL1080P,720p Format…mp4 Duration…02:03:00 Genre : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Nu Swe Encoded by Phyo Pyae

Drama • Romance • Thriller
6.9 2022 122 mins
Urban Myths
Heathers
7.2

Heathers (1988) Heathers ဟာ ၁၉၈၈ ခုနှစ်ရဲ့ အကောင်းဆုံး အထက်တန်းကျောင်းနောက်ခံပြု Comedy/Drama ဇာတ်ကားတွေထဲက တစ်ကားပါ။ IMDb Rating 7.2 နဲ့ Rotten Tomatoes 93% အထိ ရရှိထားပါတယ်။ Comedy ဆိုပေမယ့် လုံးဝကြီး ဟာသတွေပဲ လုပ်နေတာ မဟုတ်ဘဲ Dark comedy အမျိုးအစားဖက်ကို ရောက်တယ်လို့ပဲ ပြောရမှာပါ။ အမေရိကန်နိုင်ငံရဲ့ အထက်တန်းကျောင်းသားဘဝကို ခပ်ပါးပါး သရော်ထားပြီးတော့ တခြား အထက်တန်းကျောင်းနောက်ခံပြု Comedy တွေနဲ့ ကွဲထွက်နေလို့ နာမည်ကြီးသွားခဲ့တာပါ။ ရှားဝုဒ် အိုဟိုင်းရိုးရှိ ဝက်စတာဘာ့ဂ် အထက်တန်းကျောင်းမှာ ဟယ်သာလို့ အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲအဖွဲ့ကိုတော့ ဟယ်သာချန်ဒလာ၊ ဟယ်သာဒု့ခ် နဲ့ ဟယ်သာ မက်နမဲရာဆိုတဲ့ နာမည်တူ သုံးယောက်နဲ့ ဖွဲ့စည်းထားတာပါ။ ကျောင်းမှာ နာမည်အကြီးဆုံးဖြစ်သလို စိတ်ထင်တိုင်းကြဲနေကြတဲ့ အဖွဲ့ဆိုလည်း မမှားပါဘူး။ သူတို့အဖွဲ့မှာ မတူညီဘဲ ထူးခြားနေတာကတော့ ….. လေးယောက်မြောက်အဖွဲ့ဝင်ဖြစ်တဲ့ ဗရော်နီကာ ဆော်ယာ ဆိုတဲ့ ကောင်မလေးပါ။ သူကတော့ သူ့ရဲ့ အထက်တန်းကျောင်းသူဘဝကို အဆင်ပြေပြေဖြတ်သန်းချင်တာမို့ ဟယ်သာတွေနဲ့ ပေါင်းနေတာပါ။ ဗရော်နီကာဟာ လက်ရေးတုရေးရာမှာ ကျွမ်းကျင်တာမို့ ဟယ်သာတွေက အဖွဲ့မှာ လက်ခံထားကြပါတယ်။ သို့သော် ဗရော်နီကာဟာ ဟယ်သာတွေနဲ့ အကျင့်စရိုက်မတူတာကြောင့် သိပ်ပြီး အဆင်ပြေလှတယ်တော့ မဟုတ်ပါဘူး။ တစ်နေ့မှာ ဗ‌ရော်နီကာဟာ ဂျေဆန်ဒင်းဆိုတဲ့ ကောင်လေးနဲ့ ချစ်ကြိုက်မိသွားပြီး သူ့ဘဝတစ်ဆစ်ချိုး ပြောင်းလဲဖို့ ဖြစ်လာပါတယ်။ ဇာတ်လမ်းကို အများကြီး ညွှန်းမနေတော့ဘဲ ဇာတ်ကားထဲမှာ လိုက်ပါစီးမျှောကြည့်ပါ။ ၉၀ ခုနှစ်တွေရဲ့ နာမည်အကြီးဆုံး မင်းသမီးတွေထဲမှာ ပါခဲ့တဲ့ Winona Ryder ရဲ့ ငယ်ရွယ်နုပျိုနေတဲ့ အလှအပတွေကိုပါ ခံစားရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Crime Quality…. 1080p | 720p | 480p File size… 2.8GB | 1GB | 472MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. August

Horror • Mystery • Thriller
7.2 1988 103 mins
Heathers
Deathgasm
6.3

ဒီဇာတ်ကားကြီးက နည်းနည်းတော့စားတယ်ဗျ။Horror ရယ် comedy ရယ်ကို ရောထားတာ။ တစ်ကားလုံး သွေးထွက်သံယိုတွေရယ် သောက်ပေါက်ကရတွေရယ်ချည်းပဲ။သတ်တာဖြတ်တာဆိုရင်လည်း တစ်ကားလုံးနီးပါးပဲ။အူတွေအထွေးလိုက်ထွက်ကျလာရတာနဲ့ ခေါင်းကို ပုဆိန်ကြီးနဲ့ နှစ်ခြမ်းခြမ်းလိုက်ရတာနဲ့။မထင်မှတ်ထားတဲ့အချိန် ပေါက်ကရထထလုပ်လို့ ခွီရတာတွေလည်း အများကြီးပဲ။ထားပါတော့ ဇာတ်လမ်းအကျဉ်း ပြောရအောင်။ ဘရိုဒီဆိုတဲ့ Heavy Metalတွေကို ကြိုက်တတ်တဲ့ ဆယ်ကျော်သက် ဘဲတစ်ဗွေရှိတယ်ပေါ့ဗျာ။အဲ့ဘဲဘဝကြီးက စုတ်ပြတ်သတ်လို့။ဘယ်လိုလဲဆို အမေက စိတ်ရောဂါသည်(အရူးထောင်မှာ)။သူကဦးလေးနဲ့ ကပ်နေရတယ်။အဲ့ဦးလေးရဲ့ သားက သူ့ကို ကျောင်းမှာရော အိမ်မှာရော အမြဲတမ်းအနိုင်ကျင့်တယ်။သူ့မှာရှိတဲ့ စိတ်ထွက်ပေါက်ဆိုလို့ Metal တွေတီးပြီး ဝုန်းဒိုင်းကြဲရတာတစ်ခုပဲ ရှိတယ်။(ဒါတောင် Christian သူ့ဦးလေးက နတ်ဆိုးဂီတတွေဆိုပြီး လာလာပြဿနာရှာသေးတယ်) ဘရိုဒီ့မှာ ဇက်ဆိုတဲ့ အကိုလိုခင်ရတဲ့ ဘော်ဒါတစ်ကောင်ရှိတယ်။အဲ့ကောင်က ဇိုးဆိုမှ ဇိုး။ကျောင်းမှာကျောင်းသားတစ်ယောက်ကို ထောက်ဆူးနဲ့ထိုးလို့ ကျောင်းထုတ်ခံရတယ်။အဲ့နောက် သူ့အဖေ work shop မှာအလုပ်လုပ်တယ်။လာပြင်တဲ့ကားတွေဆီက ရသမျှ ဖြုတ်ခိုးတယ်။လမ်းမှာ ရပ်ထားတဲ့လူနာတင်ကားဆီက ဆီခိုးထုတ်တယ်။အဲ့လိုကောင်။သူကလည်း metal သမား။ပြောရရင် ဇလေးလည်းရှိ ဝါသနာလေးလည်းတူ အထာလေးလဲကျဆိုတော့ စုတ်ပြတ်နေတဲ့ ဘရိုဒီ့ ဘဝကြီးမှာ ဇက်ကအားကျရတဲ့ဘဲပေါ့ဗျာ။ တစ်ရက်ကျ ဇက် နဲ့ ဘရိုဒီရဲ့လက်ထဲကို Black Hymn ဆိုတဲ့ Metal သီချင်းနုတ်(စ်)တစ်ခုရောက်လာတယ်။အဲ့နုတ်(စ်)က အေးလို့ လို့ခေါ်တဲ့ ကမ္ဘာဦးနတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်တဲ့ သီချင်း။ဒီကောင်တွေကတော့ ဘာသိမှာလဲ။ဂစ်တာကြီးတွေကိုင်ပြီး တဗျင်းဗျင်း ဖြဲကြတာပေါ့။ အဲ့မှာ သောက်ပြဿနာတွေတက်ပါလေရော ။တစ်မြို့လုံးသွေးတွေအန်၊နတ်ဆိုးတွေ ဝင်ပူးခံရ၊လူတွေကို လိုက်သတ်နဲ့ ဝရုန်းသုန်းကားတွေကို ဖြစ်လို့။ပိုဆိုးတာက အဲ့တာတွေက အေးလို့ ထမြောက်ခြင်းကိုကြိုဆိုတဲ့ သဘောပဲရှိသေးတာ။ကြိုဆိုတာတောင် ကပ်ဆိုက်နေပြီဆိုတော့ ရောက်သာလာရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်ပေါ့ဗျာ။ ဘရိုဒီ နဲ့ ဇက်တို့ ငပေနှစ်ကောင် ဝရုန်းသုန်းကား မြို့ကြီးထဲမှာ ဘာတွေဆက်လုပ်ကြမလဲ။အေးလို့နဲ့တွေ့ရင်ရော ဘာတွေဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားမှာပဲ ဆက်ကြည့်ကြပါ။ 18+ words တွေဖောဖောသီသီ ပါတဲ့အပြင် တစ်ကားလုံးသွေးထွက်သံယိုတွေနဲ့ သတ်ဖြတ်နေကြတာဆိုတော့ ကလေးတွေကိုတော့ ပေးမကြည့်နဲ့ပေါ့ဗျာ။ကိုယ်က အဲ့လိုတွေကိုလည်း မြင်ချင်တယ်။Metal သီချင်းတွေကိုလည်း သဘောကျတယ်၊ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး ဘာတွေးစရာမှမပါတာမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကိုသာ ကြည့်။ File size…1.47GB / 584.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

6.3 2015 86 mins
Deathgasm
The Russian Bride
5.2

The Russian Bride (2019) =================== ဆေးသမားရဲ့ မိန်းမဖြစ်ရတာ ဘယ်လောက်သနားဖို့ကောင်းမလဲ။ ဆေးသမားရဲ့ ဆိုးမွေတွေကိုပဲ ထပ်တလဲလဲခံစားရတဲ့ သနားစရာ ရုရှားအမျိုးသမီးတစ်ဦး။ တကယ်တော့ သားသမီးဆိုတာ တန်ဖိုးဖြတ်လို့မရတဲ့ ရတနာပါပဲ။ သားသမီးကို ဆုံးရှုံးရတော့မယ့် ဖခင်တစ်ယောက်က ဘယ်လိုခံစားနေရမလဲ။ ငွေပုံပေါ်မှာထိုင် ပြီး မပျော်နိုင်တဲ့ ယောက်ျားတစ်ယောက်နဲ့ ငွေမရှိတဲ့ မျက်နှာမွဲဘဝမှာ ဒုက္ခရောက် ရလေသူ အမျိုးသမီးတစ်ဦး။ ရုရှားမတစ်ယောက် အမေရိကန်ကို လက်ထပ်ဗီဇာနဲ့ ရောက်လာတယ်။ သူနဲ့လက် ထပ်မယ့်သူက သူဌေးကြီး။ သူတို့က အွန်လိုင်းက ဖူးစာရှာရေးဝက်ဆိုက်ကနေ တွေ့ကြတာ။ အမျိုးသမီးမှာ သမီးလေးတစ်ယောက်ပါတယ်။ အမျိုးသားမှာ သား လေးတစ်ယောက်ရှိတယ်။ သူတို့ရဲ့ဖူးစာက မရိုးရှင်းလှဘူးပေါ့လေ။ အမျိုးသမီးက ငွေရှိတဲ့သူနဲ့လက်ထပ်ပြီး ဘဝထွက်ပေါက်ရှာသူဖြစ်သလို အမျိုးသားကလည်း အကြံအစည်နဲ့ လက်ထပ်ခဲ့သူပါ။ Horror ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း သတို့သမီးက အဲဒီအိမ်ကြီးထဲမှာ အသက် ရှင်ရေးအတွက် ရုန်းကန်ရဖို့ဖြစ်လာတယ်။ အနီးဆုံးအိမ်နီးချင်းက မိုင် ၂၀ အကွာ မှာတဲ့။ သမီးတစ်ဖက်နဲ့ ရုရှားဂျက်မ ကြမ်းပြမယ့်ဇာတ်ကားပေါ့လေ။ သရဲလိုလို မိစ္ဆာလိုလိုတွေလည်း ပါရဲ့ဗျာ။ ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်တာမလို့ ကြည့် လိုက်ကြပါစို့ရဲ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(1.89 GB) / (856 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator……Arr Khun Winchester Encoder……….SWM

Action • Thriller • Fantasy • Crime
5.2 2019
The Russian Bride
The Occupant
6.4

လူတစ်ယောက်ဟာ ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ရောက်နိုင်ဖို့ ဘယ်လောက်ထိ လုပ်မယ်လို့ စဉ်းစားတွေးကြည့်ဖူးလဲ…? အိမ်ထောင်ဦးစီးတစ်ယောက် ဇနီးရှိတယ် သားရှိတယ် ဒါပေမဲ့ အလုပ်အကိုင် အဆင်မပြေတော့ နေနေတဲ့ တိုက်ခန်းအကောင်းကို ရောင်းပြီး သာမန်တိုက်ခန်းလေးကို ပြောင်းခဲ့ရပြီး အလုပ်ပေါင်းစုံ ပြန်လျှောက်နေရတယ်။ အရင်တုန်းက နေခဲ့တဲ့ တိုက်ခန်း အပိုသော့လေးက အိမ်အကူဆီကနေ ရထားတော့ အလွမ်းပြေအနေနဲ့ လက်ရှိနေထိုင်သူတွေ မရှိတော့တဲ့အချိန်ဆို သော့ပိုလေးနဲ့ သွားပြီး ပြန်နေကြည့်တယ် ပြီးရင် ပြန်လာတယ် ဒီလိုနဲ့ပဲ… သူ အရင်တုန်းက ဆုံးရှုံးခဲ့ရတဲ့ ဒီတိုက်ခန်းလေးနဲ့ အဆင်ပြေကြောင့်ကြတဲ့ဘဝကို ပြန်ရဖို့အတွက် ကိုယ်ကျင့်တရားတွေ အမှန်အမှားတွေ အားလုံးကို ခဝါချ လွှင့်ပစ်လိုက်ပြီး လက်ရှိနေထိုင်နေတဲ့ မိသားစုကမ္ဘာထဲကို မုသာဝါဒတွေ ဥပါယ်တံမျဉ်တွေ သုံးပြီး ချည်းနင်း ဝင်ရောက်ခဲ့တဲ့ အခါမှာတော့…..။ လူသားတွေ လောဘဇော တက်လာတဲ့အခါ ဘာကိုမှ မမြင်နိုင်အောင် မျက်လုံးစုံကန်းမှုကို နှလုံးသွင်းစရာအနေနဲ့ ရိုက်ပြထားတဲ့ စပိန်စကားပြော စိတ်လှုပ်ရှားဖွယ် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Rotten Tomatoes 61% နဲ့ IMDB 6.4 ရရှိထားပါတယ်။ File size…1.04GB / 442MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

TV Movie • Comedy • Romance
6.4 2020
The Occupant
[21+] Score
5.8

Score (1973) IMDb – 5.8/10 ခုနစ်ဆယ်ခုနစ်တွေနောက်ပိုင်းမှာ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကိုစိတ်ဝင်စားကြတဲ့သူတွေအကြောင်းကို ရိုက်ကူးတဲ့ ကနဦးရုပ်ရှင်တွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သာယာချမ်းမြေ့ပြီး နေချင်စရာအတိပြီးတဲ့ နေရာလေးတစ်ခုမှာ | အယ်လ်ဗိုင်ရာနဲ့ဂျက်ဆိုတဲ့ ဇနီးမောင်နှံတို့ သာယာပျော်ရွှင်စွာနဲ့ နေထိုင်ကြပါတယ် သူတို့ဘ၀တွေကို ချစ်ခြင်းတရားနဲ့ ရမ္မက်တွေ ရာနှုန်းပြည့်လွှမ်းခြုံထားပြီး အချင်းချင်းသာယာပျော်ရွှင်စေဖို့ ကူညီဖေးမလို့နေကြတာပေါ့။ အဲဒီနေရာမှာပဲနေထိုင်ကြသူတွေကတော့ ဘက်ဆီနဲ့အက်ဒီဆိုတဲ့ ဇနီးမောင်နှံ။ ဘက်ဆီလေးကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ်အမျိုးသမီးလေး။ အယ်လ်ဗိုင်ရာက သူ့ခင်ပွန်းဖြစ်သူ ဂျက်နဲ့လောင်းထားတာက ဘက်ဆီလေးကို သူ့ဆီမှာတိမ်ထူစေဖို့။ အချိန်ကာလတစ်ခုသတ်မှတ်ပြီး ဘက်ဆီလေးကို အယ်လ်ဗိုင်ရာအပိုင်ဖြစ်ဖို့အရေး ကြိုးစားကြပုံကို နောက်ထပ်ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ မိုက်ခ်ဆိုတဲ့သူပါ ပါဝင်လာတဲ့ ငါးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ခံစားကြည့်ရှုကြရမှာပါ။ အဖော်အချွတ်နဲ့ ချစ်တင်းနှောတာတွေအများကြီးပါဝင်တဲ့အတွက် တစ်ကိုယ်တည်းသက်ဝင်ခံစားတာ အကောင်းဆုံးဖြစ်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)

5.8 1973 90 mins
[21+] Score
On Deadly Ground

မင်းသားကြီး Steven Seagalရဲ့ အက်ရှင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်ရှန်ဘေးလ်ရဲ့ ဘတ်မန်းရုပ်ရှင်တွေထဲက အိမ်တော်ထိန်းကြီးမစ္စတာအဲလ်ဖရက်ကြီးတစ်ယောက် ဒီထဲမှာတော့ ဗီလိန်ကြီးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် သယံဇာတပေါကြွယ်လှတဲ့ အလက်စကာပြည်နယ်မှာ အေးဂျက်စ်ရေနံကုမ္ပဏီကြီးတစ်ခုရှိတယ်။ ရေနံတူးစင်မှာ မကောင်းတဲ့စက်ကိရိယာတွေကို အသုံးပြုထားတဲ့အတွက် လူတွေသေ၊ သမုဒ္ဒရာထဲကို ဆီတွေယိုဖိတ်၊ သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းရပေမဲ့ အရေးယူခြင်းမခံရပါဘူး။ ဖောရက်စ်ကတော့ အေးဂျက်စ်ရေနံကုမ္ပဏီရဲ့ ပြဿနာတွေကို ရှာပြီးဖုံးဖိပေးရတဲ့သူ။ သူ့အလုပ်သူလုပ်ပြီး ဘ၀ကိုအေးဆေးစွာ ဖြတ်သန်းနေပေမဲ့ ကုမ္ပဏီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို သိလာရတဲ့အခါ။ ကုမ္ပဏီကပါ သူ့ကိုအသက်အန္တရာယ်ပြုလာတဲ့အခါမှာတော့။ အရင်တုန်းက မင်းသားကြီး စတီဗင်ဆေးဂဲရဲ့ အသတ်အပုတ် အတိုက်အခိုက်တွေကို ပြန်လည်ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size…(1.8 GB)/(970 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

0 1994 101 mins
On Deadly Ground
Night of Deception aka Dajal: Satu Malam Dipedajal
5.6

Night of Deception aka Dajal: Satu Malam Dipedajal 2025 စံအိမ်ကြီးရဲ့ပဟေဠိ မလေးhorror ကောင်းကောင်းမျှော်နေတဲ့ CMပရိသတ်တို့အတွက် Body Horror ကားသစ်လေးထွက်ရှိလာလို့ ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ Cleaner လို့ပြောလိုက်ရင် သန့်ရှင်းရေးသမားလို့ထင်ကြပေမဲ့ တကယ်တော့ ဒီကားထဲက သန့်ရှင်းရေးသမားသူငယ်ချင်းနှစ်‌ယောက်ကတော့ သာမန်cleanerတွေမဟုတ်ဘဲ လူသေထားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ပေးရ‌သူတွေပါ။ ဒီလိုနဲ့သူငယ်ချင်းနှစ်ယောက် အိမ်တစ်အိမ်ကို သန့်ရှင်းပေးဖို့တာဝန်ကျလာပေမဲ့ ထုံးစံအတိုင်းပဲလို့ ယူဆလာတဲ့အတွက် အလုပ်ဖိုင်လည်းယူမလာမိသလို အစီရင်ခံစာလည်း မဖတ်မိပါဘူး။ ဒါပေမဲ့ အရင်လိုပဲလို့ယူဆပြီး အိမ်ကို သန့်ရှင်းရေးလုပ်ဖို့စစ်ဆေးချိန်မှာ လူသေအလောင်း 3 လောင်းနဲ့ ထူးခြားတဲ့စာအုပ်တစ်အုပ်ကို တွေ့လိုက်မိချိန်မှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunniပဲဖြစ်ပါတယ်)

War • Adventure • Thriller • Action
5.6 2025 95 mins
Night of Deception aka Dajal: Satu Malam Dipedajal
Cheer to Life
6

“အတွေ့အကြုံဆိုတာ ကျွန်မတိုရဲ့အမှားတွေကို လူကြားကောင်းအောင်လို သုံးနှုန်းတဲ့ ဝေါဟာရတစ်ခုပါပဲ။ အဲ့ဒီအတွေ့အကြုံလိုခေါ်နေကြတဲ့ အမှားတွေကြောင့်ပဲ ကျွန်မတိုရဲ့ဘဝဟာ ထူးခြားသွားတယ်.. တန်ဖိုးရှိသွားတယ်။ ကျွန်မတိုရဲ့အမှားတွေကြောင့် ကျွန်မတိုနာကျင်ခံစားရမယ်.. ဒါပေမယ့် အဲ့ဒီအမှားတွေကနေပဲ ကျွန်မတိုသင်ယူစရာတွေရလိုက်တယ်။ ပြင်စရာရှိတာပြင်ပြီး ရှေ့ဆက်ကြရတယ်လေ..။” ဟုတ်ပါတယ်.. တကယ်တော့ ကျနော်တိုရဲ့အတွေ့အကြုံတွေကိုပြောတဲ့အခါ ကျနော်တိုလွဲဖူးတဲ့အလွဲလေးတွေကိုလည်း ချန်ထားပြီးပြောလိုမရပါဘူး။ Viva a Vida(Cheers to Life)တဲ့ ရုပ်ရှင်နာမည်က..။ Viva a Vida ဆိုတာက ပေါ်တူဂီဘာသာစကားပါ။ အခက်အခဲတွေကိုရင်ဆိုင်ဖိုကြုံလာတဲ့အခါမှာလည်း အချင်းချင်းအားပေးစကားအနေနဲ့ Viva a Vida ဆိုပြီးပြောကြတယ်။ သူတိုရဲ့ပျော်ပွဲရွှင်ပွဲတွေ ရိုးရာအထိမ်းအမှတ်ပွဲတွေမှာလည်း ဖန်ခွက်ချင်းတိုက်တဲ့အခါ “Cheers”ဆိုတဲ့အဓိပ္ပာယ်နဲ့ သုံးကြတယ်။ ဆုတောင်းပေးတဲ့သဘောကိုလည်းဆောင်သလို အားပေးနှစ်သိမ့်ပေးတဲ့သဘောကိုလည်းဆောင်တယ်။ “ရှင်သန်နေသ၍ ပျော်ရွှင်နေပါစေ”လို အနီးစပ်ဆုံး ဗမာမှုပြုလိုရပါတယ်။ ဇာတ်လမ်းကိုပြောပြရရင် ဇာတ်လမ်းက ရိုးရိုးလေးနဲ့ဆန်းပါတယ်။ ဂျက်ဆီကာဆိုတဲ့ ဘရာဇီးနိုင်ငံသူ တစ်ကောင်ကြွက်မလေးက ရှေးဟောင်းပစ္စည်းအရောင်းဆိုင်မှာအလုပ်လုပ်နေတဲ့ အရောင်းစာရေးမလေးတစ်ဦးပါ။ သူ့ရဲ့ခံယူချက်ကတော့ရှင်းတယ်.. လူတွေကအနှေးနဲ့အမြန်ပဲ သူတိုသရုပ်မှန်တွေပေါ်လာမှာတဲ့.. ဒါကြောင့်မို တစ်ယောက်တည်းနေတာပဲကောင်းတယ်.. တစ်ယောက်တည်းအထီးကျန်နေတယ်ဆိုတာ လူကြိုက်မများသေးတဲ့ အရသာကောင်းတစ်ခုပဲတဲ့။ တစ်နေ့ကျတော့ သူတိုဆိုင်ကို ပိုလိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေကိုစစ်ရင်း လည်ဆွဲလေးတစ်ခုကိုအမှတ်မထင်သွားတွေ့လိုက်ရတယ်။ အဲ့ဒီလည်ဆွဲလေးက သူကလေးဘဝတုန်းက သူ့အဘွားပေးခဲ့တဲ့ လည်ဆွဲလေးနဲ့ သွားတူနေတယ်။ အဲ့ဒီပစ္စည်းတွေပိုလိုက်တဲ့သူဆီ ဆက်သွယ်စုံစမ်းကြည့်တော့ သူ့ဝမ်းကွဲအစ်ကိုတော်နေမှန်းသိလိုက်ရတယ်။ အဲ့လိုနဲ့ သူတိုနှစ်ယောက် ဒီလည်ဆွဲရဲ့ရာဇဝင်ကို အတူတူပြန်တူးဆွဖိုအတွက် လည်ဆွဲပိုင်ရှင်ကိုရှာဖွေဖို အစ္စရေးနိုင်ငံအထိ ခရီးနှင်ခဲ့ကြပါတယ်။ ဟုတ်ပါတယ် ဇာတ်လမ်းက ရိုးရိုးလေးပါ။The Hero’s Journey Archetype တွေအတိုင်းပဲ ဇာတ်ကောင်တွေရဲ့ ခရီးတစ်လျှောက်မှာ ရင်သပ်ရှုမောစရာတွေ.. ရယ်စရာတွေ..နာကျင်စရာတွေ..ဝမ်းနည်းစရာတွေ..ကြုံရမယ်။ အခက်အခဲတွေကိုကျော်ဖြတ်မယ်။ ဒါပေမယ့် တခြားရုပ်ရှင်တွေနဲ့မတူတာက ဒီရုပ်ရှင်ကတော်တော်လေး လက်တွေ့ဆန်ပါတယ်။ အလွဲလွဲအချော်ချော်တွေနဲ့ ပရမ်းပတာတွေဖြစ်လေ့ဖြစ်ထရှိတာကိုလည်း သေသေချာချာကြီးပြထားတယ်။ ကျနော်တိုရဲ့ ဘဝတွေကိုပုံမှန်လည်ပတ်ဖိုကြိုးစားရင်း ကျနော်တိုရဲ့စွန့်စားလိုစိတ်တွေ တဖြည်းဖြည်းခမ်းခြောက်လာတယ်။ အဲ့လိုဖြစ်လာတဲ့အခါ အချိန်နည်းနည်းလောက် ကိုယ့်ဘာသာကိုယ်ပြန်သုံးသပ်ဖိုလိုအပ်တယ်ဆိုတာကိုလည်း ဒီရုပ်ရှင်က ပြောပြသွားပါတယ်။ နောက်ပြီး လူမှုစံနှုန်းတွေရဲ့လောင်းရိပ်အောက်ကနေ.. ရှင်သန်ပွင့်လန်းလာတဲ့ အချစ်..မေတ္တာ..သံယောဇဉ်တိုအကြောင်းကိုလည်း ပါးပါးလေးမြင်ရပါလိမ့်မယ်။ ကျနော်တို ဘယ်လိုလူတွေလဲဆိုတာကို သတ်မှတ်ပေးနေတာက ကျနော်တိုဘာတွေလုပ်ခဲ့လဲဆိုတဲ့အရာတွေပါပဲ။ ကျနော််တို ဖန်တီးပြုလုပ်လိုက်တဲ့အရာတွေကပဲ ကျနော်တိုရဲ့အနာဂတ်ကိုပုံဖော်သွားပါလိမ့်မယ်။ ဒီလို Random(ဖြစ်ချင်တိုင်း)ဖြစ်နေတဲ့ လောကကြီးရဲ့ အဖြစ်အပျက်တွေတိုင်းမှာ သူ့ရည်ရယ်ချက်နဲ့သူရှိပါတယ်။ “လူတွေက သူတိုဘယ်ကနေလာခဲ့လဲဆိုတာကိုတောင်မသိရင် သူတိုဘယ်ကိုဆက်သွားရမလဲဆိုတောကို ဘယ်လိုလုပ်ပြီးသိနိုင်တော့မှာလဲ..။ ကျွန်မတိုရဲ့ အတိတ်ကိုကောင်းကောင်းကြီးနားလည်ထားမှသာ ကျွန်မတိုရဲ့ အနာဂတ်ကို ခပ်ရေးရေးမြင်နိုင်မှာမလား..။” ( အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Hein Kyaw ဖြစ်ပါတယ်) File Size… (1.61 GB) / ( 938 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 44m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Pyae Hein Kyaw

Action • Horror • Thriller
6 2024
Cheer to Life
Return to Paradise
6.9

Return to Paradise (1998) IMDb Rating (6.9) / Rotten Tomatoes (70%) ဒီဇာတ်ကားကတော့ အော်စကာဆုရှင်တစ်ဦးဖြစ်တဲ့ Joker မင်းသားကြီး Joaquin Phoenix နဲ့ နာမည်ကြီးဟာသမင်းသားတစ်ယောက်ဖြစ်တဲ့ Cince Vaughn တို့ ငယ်စဉ်တုန်းက ရိုက်ကူးခဲ့တဲ့ ရိုမန်တစ်ဆန်ဆန် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ 1998 တုန်းက ထွက်ရှိထားတယ်ဆိုပေမယ့် IMDB မှာ 6.9 အထိရထားတာမလို့ Oldie but Goodies ထဲပါတဲ့ ဇာတ်ကားတစ်ကားလို့ဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်း ရှဲရက်ဖ်၊ လူးဝစ်နဲ့ တိုနီတို့ သုံးယောက်ဟာ လွန်ခဲ့တဲ့ ၁၀စုနှစ် တစ်ခုစာလောက်က အခုလက်ရှိ လူဖြူတွေလိုမျိုးပဲ ထိုင်းမှာခဏတာသွားပြီး ပျော်ပါးခဲ့ကြပါတယ်။ ထိုင်းရဲ့ tourist တွေကို ဆွဲဆောင်ချက်အလျောက် အမျိုးသမီးတွေ ဆေးခြောက်တွေကတော့ လူဖြူတွေကြားမှာ တမ်းတမ်းစွဲပါပဲ။ တစ်နေ့မှာတော့ ရှဲရက်ဖ်တို့ သူငယ်ချင်းသုံးယောက်ဟာ ဆေးခြောက်တွေကို စျေးတော်လို့ဆိုပြီး ဂရမ်အများကြီးဝယ်စုထားခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ မွေးရပ်မြေ အမေရိကကို ပြန်ချိန်ရောက်လာပေမယ့် ဆေးခြောက်ကို သုံးလို့မကုန်တဲ့အတွက် ထိုင်းတစ်ဝိုက်မှာပဲဆက်နေပြီး တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးလုပ်မယ့် တိုနီနဲ့ သူတို့ဝေါ်ကီးတွေကိုချန်ခဲ့လိုက်ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ တစ်ချိန်ကထိုင်မှာရှိနေစဉ်ရှဲရက်ဖ်တစ်ယောက် စက်ဘီးငှားပြီး ငှားထားတဲ့ဟာကို လမ်းတစ်လျှောက်လုံးပြန်သယ်သွားရမှာစိုးပြီး လွှတ်ပစ်လိုက်တာကို အဲဒီပိုင်ရှင်က ရဲခေါ်ပြီး ရှဲရက်ဖ်တို့နေခဲ့တဲ့ တိုနီတစ်ယောက်ထဲပဲကျန်နေခဲ့တဲ့အိမ်ကို ရဲတွေခေါ်လာတဲ့အခါမှာ ဆေးခြောက်တွေအများကြီးကိုဖမ်းမိသွားပါတယ်။ အဲဒီတုန်းက ဆေးခြောက်တွေကိုဆိုတာ ထိုင်းမှာသုံးလို့ရပေမယ့် ဂရမ်အများကြီးဖြစ်နေရင် ရောင်းဝယ်ဖောက်ကားမှုပုဒ်မနဲ့ဖမ်းဆီးခံရတတ်ပါတယ်။ ဒီလိုနဲ့ တိုနီဟာ ထိုင်းရဲတွေရဲ့ဖမ်းဆီးခြင်းကို ခံရပြီး သူ့သူငယ်ချင်းတွေက ထိုင်းပြန်လာပြီး သူတို့အပြစ်ကို သူတို့အထိုက်အလျောက်လာမခံရင် တိုနီဟာ နောက်ဆုံးမှာ အကြီးဆုံးပစ်ဒဏ်နဲ့တရားစီရင်ခံရဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ချိန်က သူတို့အတွက် နတ်ပြည်ဖြစ်တဲ့ ထိုင်းနိုင်ငံဆီကို ရှဲရက်ဖ်နဲ့ လူးဝစ်တို့ ဘယ်လိုပြန်သွားကြမလဲဆိုတာ ဒီဇာတ်ကားထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (2.3 GB) / (1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Romance, Thriller Duration…. 01:53:05 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

6.9 1998 109 mins
Return to Paradise