YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

What.If.2021.S02E01.1080p.WEB[CM].mp4

420.46 MB N/A video/mp4 7699 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The God of Cookery
7

ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ သူကိုယ်တိုင်လည်း ဘရုစ်လို ဝင်းချွန်းသိုင်း ကျင့်ထားတဲ့ သိုင်းသမားပါပဲ။ နောက် သူ့ရဲ့ပထမဆုံးဟာသကားလို့ ပြောရမယ့် Faithfully Yours ကို ဂျက်ကီချောင်တို့နဲ့ အတူရိုက်ခဲ့ပြီး နောက်ပိုင်း ဂျွန်ဝူးနဲ့ Just Heroes, ဂျက်လီနဲ့ Dragon Fight ဘာညာရိုက်ပြီးတဲ့နောက် ဟာသလိုင်းဘက် ကူးလာခဲ့ပေမဲ့ သူအခုလို ဒဘယ်စခွက်ပြောင်တဲ့ ပုံစံတွေတော့ မဖြစ်လာသေးပါဘူး။ သူ့ရဲ့ သိပ်မရယ်ရသေးတဲ့ကားတွေရဲ့ ကာလပေါ့။ ဒါပေမဲ့လည်း ဇာတ်ညွှန်းသာ သိပ်မရယ်ရရင်နေမယ် ချောင်ကတော့ Dragon Fight ထဲက တစ်ခန်းနှစ်ခန်းမှာတောင် ရယ်ရအောင် သရုပ်ဆောင်ပြနိုင်တဲ့ ပါရမီကောင်းတဲ့ ကြိုးစားမှုရှိတဲ့လူဆိုတော့ ကြည့်တော့ကောင်းခဲ့တာပါပဲ။ ၉၁မှာ ရိုက်ခဲ့တဲ့ God of Gamblers II တို့၊ Fight Back to School တို့၊ Tricky Brains တို့ကနေမှ သူ့အခုပုံစံပေါ်လာခဲ့ပြီးတဲ့နောက် ၉၂တစ်လျှောက်လုံး ဒီလိုကားမျိုးတွေပဲ ၈ကားဆက်လောက် ရိုက်ခဲ့တာပါပဲ။ ၉၃မှာတော့ ၃ကားပဲရိုက်ခဲ့ပြီး Flirting Scholar နဲ့ The Mad Monk တို့လို ရှေ့ကားတွေထက် ကွာလတီပိုကောင်းတဲ့ ကားတွေထွက်လာပါပြီ။ ၉၄မှာလည်း ထိုနည်းလည်းကောင်းပဲပေမဲ့ From Beijing with Love ကို တွဲဖက်ဒါရိုက်တာတစ်ယောက်နဲ့အတူတွဲပြီး သူစရိုက်ကူးခဲ့ပါတယ်။ ၉၅မှာတော့ A Chinese Odyssey တို့၊ Out of the Dark တို့လို ကွာလတီကျမလာတဲ့ကားတွေကို ရိုက်ခဲ့ပြီး ၉၆မှာတော့ The God of Cookery ကို သူအပြင်‌ နောက်တစ်ယောက်ပါခေါ်ပြီး ဒါရိုက်တာရော စာရေးဆရာရောလုပ်ပြီး ရိုက်ကူးခဲ့တာပါပဲ။ အဲဒီနောက်ပိုင်းလည်း သူကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ခဲ့တဲ့ သူရဲ့နောက်ဆုံးလေးကားဖြစ်တဲ့ King of Comedy, Shaolin Soccer, Kung Fu Hustle, CJ7 တို့အထိ သူ့ရုပ်ရှင်တွေက အများအားဖြင့် အတက်ပဲရှိပြီး အကျမရှိခဲ့ဘူးလို့ပြောကောင်းပြောလို့ရပါတယ်။ အဲဒီနောက်ဆုံးလေးကားပြီးတဲ့နောက် သူသရုပ်ဆောင်တာနားသွားပါတယ်။ ချောင်ရဲ့သမိုင်းကိုပြန်ကြည့်ရင် သူဟာ ဘာမှမဟုတ်တဲ့ ဇာတ်ကောင်တွေနေရာကနေ ဒါရိုက်တာစေရာသွားရတဲ့ အရန်ကောင်တွေ၊ သိပ်မကောင်းလှတဲ့ ဇာတ်ညွှန်းတွေမှာ ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ပေးခဲ့သလို သူ့လက်နဲ့သူ့ခြေဖြစ်လာတဲ့ နောက်ဆုံးအထိလည်း ပရိသတ်ကို စေတနာထားပြီး သူ့ရုပ်ရှင်တွေရဲ့ အရည်အသွေးဟာ အကျမရှိခဲ့ပါဘူး။ ဟောင်ကောင်က ကျန်တဲ့ ဘယ်သရုပ်ဆောင်နဲ့မှ မတူတဲ့လူလို့လည်း ကျိန်းသေအာမခံရဲပါတယ်။ ချောင်ဟာ ဇာတ်လမ်းလိုအပ်ချက်အရ ပေါတောတောဇာတ်ကောင်တွေပဲ သရုပ်ဆောင်တာများခဲ့ပေမဲ့ ပရိသတ်ကိုရော ရုပ်ရှင်ကိုပါ ချစ်တဲ့ သူ့နှလုံးသားကတော့ လေးနက်‌တယ်ဆိုတာ သူ့သမိုင်းကို ခြေရာပြန်ကောက်ကြည့်ရင် တော်တော်လေးကို သိသာမြင်သာရှိပြီးသားပါပဲ။ ဒီနောက်ပိုင်းမှာတော့ ချောင်ဟာ လူလုံးမပြသလောက်ဖြစ်လာပြီး ဒါရိုက်တာပဲလုပ်ပါတော့တယ်။ သိသလောက်ဆို ဆိုရှယ်မီဒီယာစသုံးတာလားမသိတဲ့ ခုလတွေထဲ သူတင်တဲ့ပုံတွေမှာတောင် ရုပ်သေချာတောင် မပြဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း ဒါရိုက်တာအနေနဲ့ သူရိုက်ခဲ့တဲ့ Journey to the West: Conquering the Demons, The Mermaid နဲ့ The New King of Comedy ကို ကြည့်ကြည့်ရင် သူသရုပ်မဆောင်တော့ပေမဲ့ ဒါရိုက်တာအနေနဲ့ သူအကောင်းဆုံးဖြစ်အောင် လုပ်ပေးနေတုန်းလို့တော့ ပြောရမှာပါပဲ။ ဒီသုံးကားကို မကောင်းပါဘူးလို့ ငြင်းလို့တော့မရဘူးမလား။ သူ့ဟာနဲ့သူ အဆင့်တစ်ခုတော့ ရှိနေတဲ့ကားတွေချည်းကိုး။ ချောင်ဟာ သူရဲ့ King of Comedy ရုပ်ရှင်ထဲကလို ဘာမှမဟုတ်တဲ့လူတစ်ယောက်နေရာကနေ ဟောင်ကောင်ရဲ့ King of Comedy ဖြစ်လာပြီး ကျွန်တော်တို့ကို အကောင်းဆုံးတွေပဲ ချပြချင်ခဲ့တဲ့သူဆိုလည်း မမှားပါဘူး။ ဟောင်ကောင်ရဲ့ ဂန္ထဝင်မင်းသားတစ်ချို့ကိုသာ လူတိုင်းမသိရင်နေပါမယ် ချောင်ကိုတော့ မသိတဲ့လူမရှိပါဘူး။ ချောင်ဟာ ဒီလိုကျော်ကြားမှုကို ရကိုရသင့်တဲ့လူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.03GB, 1.1GB, 523MB Quality - 1080p, 720p, 480p IMDb Rating - 7.3/10 Format - mp4 Duration - 1H 35Min Genre - Action, Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7 1996 95 mins
The God of Cookery
In the Shadow of the Naga
6.5

ပန် ပေါ် စင်ဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ငွေသယ်ဆောင်လာတဲ့ကားကို ဓားပြတိုက်ခဲ့ပြီး ရဲတွေလိုက်ဖမ်းတာခံရလို့ ပေါ်ဟာငွေအိတ်ယူသွားပြီး ပါလွမ့်ဘုန်းကြီးကျောင်းမှာဖွက်ထားခဲ့ပါတယ် ပေါ်နဲ့ပန်ဟာ မျက်မမြင်အမေကို မျက်လုံးခွဲစိတ်ပေးချင်လို့ စင်နဲ့ပေါင်းပြီးဓားပြတိုက်ဖို့ဆုံးဖြတ်ခဲ့တာပါ ဒါပေမယ့် ဘုန်းကြီးကျောင်းကိုပြန်လာတဲ့အချိန်မှာတော့ ပေါ်ငွေအိတ်ဖွက်ထားတဲ့နေရာမှာ ကျောင်းတော်ကြီးဆောက်ထားပါတယ် ဒါနဲ့ပဲ ဘုန်းကြီးကျောင်းမှာငွေအိတ်ရှာဖို့အတွက် နေနိုင်တဲ့တနည်းကတော့ ဘုန်းကြီးဝတ်တာပါပဲ ဘုန်းကြီးအတုအနေနဲ့ဘုန်းကြီးကျောင်းမှာနေနိုင်ဖို့ စင်ဟာ ဆရာတော်ချင့်ကို သူနဲ့ပန်ကိုဘုန်းကြီးဝတ်ပေးဖို့ဖိအားပေးပါတော့တယ် ဒီလိုနဲ့ပဲ စင်နဲ့ပန်ဟာဘုန်းကြီးအတုတွေလုပ်ပြီး ငွေအိတ်ကိုရှာနေခဲ့ပါတယ် ငွေအိတ်ကိုရှာနိုင်ပါ့မလား ရဲတွေရော သူတို့ကိုဖမ်းနိုင်မလား ပေါ်နဲ့ပန်ရော မျက်မမြင်အမေကို မျက်လုံးခွဲစိတ်ပေးနိုင်မလားဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူလိုက်ရအောင်ပါနော် ? File Size__(1.6GB) Quality__1080p IMDb Rating__6.8/10 Format__mp4 Duration__01:32:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Action • Adventure
6.5 2008 92 mins
In the Shadow of the Naga
Wendell & Wild
6.8

IMDb Rating - 6.5/10 ဒီ အန်နီမေးရှင်းဇာတ်ကားလေးကတော့ The Nightmare Before Christmas တို့၊ Coraline တို့လို ဘယ်လောက်ပြန်ကြည့်ကြည့်မရိုး ရအောင် ဇာတ်အိမ်ကောင်းကောင်းနှင့် အမိုက်စား stop-motion animation တွေနဲ့ ဖန်တီးပုံဖော်ခဲ့တဲ့ Henry Selick ရဲ့ လက်ရာအသစ်‌ စက်စက်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း မိဘတွေ ကိုယ့်မျက်စိရှေ့တင်ဆုံးပါးသွားတာကို မြင်ခဲ့ရတဲ့ ကတ် ဆိုတဲ့ ကလေးမလေးကို ကက်သလစ်‌ကျောင်းအုပ် ဖာသာတစ်ယောက်က သူ့ကျောင်းမှာခေါ်ထားလိုက်ပါတယ်။ ကတ်မှာ အနာဂတ်ကိုကြိုမြင်ရသလိုမျိုး စွမ်းအားတစ်ခုရှိကြောင်းကိုလည်း သူကျောင်းရောက်ရောက်ချင်းမှပဲ သတိထားမိသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မကောင်းဆိုးဝါးတွေနေတဲ့ မြေအောက်ကမ္ဘာမှာ ဝန်ဒဲလ် နဲ့ ဝိုင်းလ် ဆိုတဲ့ မကောင်းဆိုးဝါးနှစ်ကောင်ရှိ တာပေါ့။ သူတို့က ငရဲအပျိုစင်ဆိုတဲ့အရာကိုလိုချင်နေကြတာ၊ အဲဒါကိုရရင် သူတို့ဆန္ဒပြည့်ဝမှာဖြစ်တဲ့အတွက် အရမ်းလိုချင်နေကြတာ။ အဲဒါနဲ့ သူတို့နှစ်ယောက်က ကတ်အကြောင်းကိုသိသွားပြီး သူတို့ကို ငရဲအပျိုစင် ရအောင်လုပ်ပေးရင် ကတ်ရဲ့မိဘတွေကိုပြန်ရှင်အောင်လုပ်ပေးမယ်ဆိုပြီး ကတ်ကို အိပ်မက်သွားပေးသွားပြီး ကတ်ကိုစည်းရုံးတာပေါ့၊ ဒီလောက်ဆို ဘာဆက်ဖြစ်မလဲသိချင်သွားလောက်ပြီဆိုတော့ ကိုယ်တိုင်ပဲဆက်လက် ကြည့်ရှုပေးလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Settမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(2.32 GB) / (925 MB) / (550 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......CM Team Encoder..........Zin Phyo Aung

Crime • Drama • Thriller
6.8 2022 107 mins
Wendell & Wild
tick, tick... BOOM!
7.7

စပိုက်ဒါမန်းနိုးဝေးဟုမ်းမှာ မပါပါဘူးဆိုတဲ့ လူလိင်ကြီး အန်ဒရုး ဂါဖီးရဲ့ Musical ရုပ်ရှင်အသစ်ထွက်ပါပြီ။ တိုနီဆုရှင် ပူလစ်ဇာဆုရှင် အမေရိကန် တေးရေးဆရာ ဂျိုနသန်လာဆန်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ အန်ဒရူးရဲ့ အော်စကာနဲ့တောင်တန်တဲ့ သရုပ်ဆောင်ချက်တွေကို ထပ်ပြီးတွေ့ရဦးမှာပါပဲ။ ဇာတ်လမ်းအကျဉ်း ဂျိုနသန်ဟာ အသက်သုံးဆယ်ပြည့်တော့မှာဖြစ်ပြီး နာမည်ကျော် ပြဇာတ်ဂီတတေးရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဆီမှာ နာမည်ကြီး ပရိုဂျူဆာ ဒါရိုက်တာများစွာရဲ့ ငြင်းပယ်စာတွေလည်း ရှိပြီးနေပါပြီ။ သူ ရှစ်နှစ်တိတိအချိန်ယူရေးသားထားတဲ့ ပြဇာတ်သီချင်းနဲ့ ဘရော့ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေခွင့်ရဖို့ ကြိုးစားနေဆဲပါပဲ။ ဒါပေမဲ့ သူ့မှာ မီတာခ နဲ့ စားစရာတောင် အနိုင်နိုင်ဖြစ်နေပါပြီ။ ချမ်းသာတာဆိုလို့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ ချစ်သူတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဒီလိုအခြေအနေကနေ သူ့အိပ်မက်တွေကို မလျှော့တမ်းဘယ်လိုကြိုးစားသွားမလဲ ဆိုတာကို သီချင်းလှလှ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တန်ဆာဆင်ထားတာပဲဖြစ်ပါတယ်။ ဒီနှစ်အတွက် Musical ကောင်းကောင်းလေး ငတ်နေတဲ့လူတွေတော့ အဝကို ခံစားကြည့်ရှုလို့ရပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။ ) File Size - (1.16 GB ) Quality – WebDL 1080p, 720p Duration - 1hrs 55min Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama, Musical Translator – CM Team Encoder – San Win Maung

Action & Adventure • Drama • Mystery
7.7 2021 120 mins
tick, tick... BOOM!
The Mauritanian
7.4

2001 ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့တုန်းက အယ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က အမေရိကန်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်သွားတဲ့အကြောင်း ဟိုးလေးတကျော်ဖြစ်ခဲ့တာ ကြားဖူးကြမှာပါ၊ 9/11 လို့ သိကြပါတယ်၊ ဒီဇာတ်ကားကတော့ အဲ့ဒီအကြမ်းဖက်အဖွဲ့ထဲမှာ ဦးဆောင်ပါဝင်သူဆိုပြီး နာမည်တပ်ခံထားရတဲ့ မောရီ တေးနီးယန်း နိုင်ငံသား မိုဟာမဒူအိုဆလာဟီ အကြောင်းရိုက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ သံသယရှိသူအနေနဲ့ တကယ်ပဲ အကြမ်းဖက်လုပ်ရပ်တွေကို ရက်ရက်စက်စက်လုပ်ခဲ့တာလားဆိုတာကို နှစ်ဖက်ရှေ့နေများက ရှာဖွေစစ်ဆေးကြရင်း နောက်ကွယ်က ဖုံးထားတဲ့အရာတွေ ပေါ်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမှာလဲ၊ မိုဟာမဒူဘက်က ခုခံပြောဆိုပေမယ့် ရှေ့နေအနေနဲ့ Jodie Foster က သရုပ်ဆောင်ထားပြီးတော့ အစိုးရရှေ့နေ တစ်ဖြစ်လဲ အကြမ်းဖက်မှုမှာ ကျဆုံးသွားရတဲ့ လေယာဉ်မှူးရဲ့ သူငယ်ချင်းအနေနဲ့ Benedict Cumberbatch (Doctor Strange, Sherlock Home, Stephen Hawking စတဲ့နာမည်ကြီး ဇာတ်ကားတွေရဲ့ အဓိကသရုပ်ဆောင်) က သရုပ်ဆောင်ထားပါတယ်၊ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jerrica ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 2h 9min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Thriller Source : 1080p.WebRip Translator – Jerrica Encoder – SWM

Action • War
7.4 2021 129 mins
The Mauritanian
Side Effect
5.1

Side Effects (2020) IMDb 5.1 Horror/Thriller အဆိုတော်အိုလီယာနဲ့ ယောကျာ်းဖြစ်သူအန်ဒရေးတို့နှစ်ယောက်ဟာ ထင်မှတ်မထားတဲ့ဖြစ်ရပ်ဆိုးတစ်ခုရှိ‌ခဲ့ပါတယ် ဒီအတိတ်ဖြစ်ရပ်ဆိုးတွေကနေရုန်းမထွက်နိုင်တဲ့ အိုလီယာကိုကြည့်မနေနိုင်တော့တဲ့ အန်ဒရေးတစ်ယောက် နာမည်ကြီးဆရာမတစ်ယောက်ဆီသွားပြီး အိုလီယာ့မှတ်ဉာဏ်တွေကိုဖျက်ပေးဖို့ အကူအညီတောင်းခဲ့တယ် ဆရာမကမှိုတစ်ပွင့်ပေးလိုက်ပြီး သူမရှိချိန်သူ့အိမ်ကိုစောင့်ရှောက်ပေးဖို့အပေးအယူလုပ်လာတော့ အိမ်ပြောင်းချင်နေတဲ့အန်ဒရေးအတွက်လည်း လက်လွှတ်မခံဘဲသဘောတူမိလိုက်ပါတယ် ဒီလိုနဲ့အိမ်ပြောင်းနေရာကစပြီး အိမ်ကြီးမှာထူးဆန်းတာတွေတွေ့ကြုံလာရင်း တစ်နေ့မှာ မိန်းမဖြစ်သူအိုလီယာဟာပျောက်ဆုံးသွားတဲ့အခါ… ဘာတွေဆက်ဖြစ်မှာလဲ ဒီအိမ်ရဲ့ရာဇဝင်ကရောဘာဖြစ်မလဲ သူ့မိန်းမကိုရောရှာတွေ့မှာလားဆိုတာ စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ပါတယ်

Comedy
5.1 2020
Side Effect
A Side of a Relationship
5

A Side of a Relationship (2023) ဒီဇာတ်ကားထဲမှာဆိုရင်တော့ မတူညီတဲ့ဇာတ်လမ်းတိုလေး (၄) ပုဒ်ကို တစ်ထိုင်တည်း ကြည့်ရှုခံစားနိုင်မှာမို့ ကြည့်နေကြကားတွေနဲ့မတူတဲ့ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာပါ။ (၁) အခင်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင်ဂျင်ဟွန်းနဲ့ ဒါရိုက်တာဂယောင်းရမ်တို့ဟာ အင်တာဗျူးတစ်ခုမှာ သတင်းထောက်မလေးကိုတစ်ယောက်ကိုတွေ့ပြီး အချင်းချင်း အချစ်ပြိုင်ဘက်တွေဖြစ်လာကြတဲ့အခါ…။ (၂) စတိုးဆိုင်မန်နေဂျာဖြစ်တဲ့ အိုဂျွန်ဆော့ဟာ ဓားပြတစ်ယောက်ရဲ့ခြိမ်းခြောက်မှုကို ခံနေရတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကိုဆက်သွယ်လိုက်ပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ နောက် ၁၀ မိနစ်ကြာမှ ရောက်ရှိလာမှာဖြစ်တာကြောင့် ဂျွန်ဆော့တစ်ယောက်က ဓားပြကို ၁၀ မိနစ်ကြာ အချိန်ဆွဲထားနိုင်ပါ့မလား။ (၃) စကားမပြောနိုင်တဲ့ ဂစ်တာသမားလေးနဲ့ မျက်စိမမြင်တဲ့အဆိုတော်မလေးတစ်ဦးတို့ဟာ ပြဿနာတစ်ခုကြောင့် လူမိုက်တွေလိုက်ဖမ်းတာကို ခံနေရတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီဒုက္ခကနေလွတ်အောင် ဘယ်လိုများကြိုးစားအားထုတ်ကြမလဲ။ (၄) ပစ္စည်းတစ်ခုကိုထိလိုက်တာနဲ့ အဲဒီပစ္စည်းနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကို အကုန်သိနိုင်တဲ့ စုံထောက်ဟျွန်းဆော့ဟာ အဲဒီအစွမ်းကြောင့်ပဲ အမှုတိုင်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ လူသတ်မှုတစ်ခုရဲ့နစ်နာသူဟာ သူနဲ့သိတဲ့မိန်းကလေး ရှီယွန်းဖြစ်နေတဲ့အခါ ဟျွန်းဆော့တစ်ယောက် ဒီအမှုရဲ့တရားခံကို ရှီယွန်းရဲ့ပစ္စည်းတွေကနေတဆင့် ရှာဖွေဖော်ထုတ်နိုင်ပါ့မလား။ ရသမတူတဲ့ ဇာတ်လမ်း (၄) ပုဒ်ကို ဇာတ်ကားတစ်ကားထဲမှာတင် ကြည့်ရှုခံစားနိုင်မယ့်အပြင် အသစ်အဆန်းတွေ မြည်းစမ်းကြည့်ရှုချင်တဲ့ပရိသတ်ကြီးအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.7GB | 764MB | 355MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Thet Winn Encoder ….. August

5 2023
A Side of a Relationship
Goodbye Summer
5.6

Goodbye Summer (2019) ================== တကယ်လို့ သင့်ဆီမှာ မကြာခင်သေရတော့မယ့်ရောဂါတစ်ခုရှိ နေတယ်ဆိုပါစို့။ ဒါဆို သင်တစ်ဖက်သတ်ချစ်နေရတဲ့သူကို ဖွင့် ပြောမှာလား မပြောဘူးလား၊ အကယ်၍ ဖွင့်ပြောဖြစ်ခဲ့ရင်ရော သူကလက်ခံနိုင်ပါ့မလား၊ တွေးစရာတွေကတော့ အများကြီးပါပဲ။ သေခါနီးလူတစ်ယောက်က ကြိတ်ချစ်ရတဲ့ကောင်မလေးကို ဖွင့် ပြောတာက တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့လည်းထင်နိုင် သလို တစ်ဖက်ကတွေးကြည့်ရင် ကိုယ့်ရဲ့နောက်ဆုံးဆန္ဒမို့လို့ ဒါဟာ တရားမျှတတယ်လို့လည်း ဆိုနိုင်တာပါပဲ။ ဒီဇာတ်ကား လေးထဲမှာလည်း အဓိကပြောသွားတဲ့အကြောင်းအရာက ဒီ( ၂) ချက်ပါပဲ။ ဇာတ်လမ်းလေးရဲ့အကျဉ်းကတော့ ရောဂါတစ်ခုနဲ့မကြာခင် သေဆုံးရတော့မယ့် ဟျွန်းဂျယ်ဆိုတဲ့အထက်တန်းကျောင်းသား လေးတစ်ယောက်ရဲ့ နေ့ရက်တွေဖြတ်သန်းပုံကို စကားတွေအများ ကြီးမပြောဘဲ ရိုက်ကူးထားတဲ့ပုံနဲ့တင်ဆက်ထားတာပါ။ သေနေ့ စေ့နေတဲ့ သာမန်အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ခံစားချက်တွေ၊ အတွေးတွေအမြင်တွေ၊ သူ့အတွေးအမြင်တွေ အပေါ် သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ဖိအား၊ ရိုက်ခတ်ချက် စတာ တွေကို scenario သဘောမျိုးနဲ့ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ YG Ent. Ex-rapper ONE (or) Jung Jaewon နဲ့ Sky Castle စတားKim Bora တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khin Thant Sin Tun ဖြစ်ပါတယ်) File Size……….(990 MB) / (323 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 07Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Khin Thant Sin Tun Encoder……….SWM

5.6 2019 71 mins
Goodbye Summer
A Walk in the Woods
6.4

ခုတစ်ခါမှာတော့ စိတ်ရှုပ်စရာ လူမှုဘဝကနေ စွန့်ထွက်ပြီး အက်ပလန်ချန်တောင်ပေါ် ခြေဆန့်ကြသူနှစ်ဦးရဲ့ ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် 2015 က ထွက်ရှိခဲ့ပြီး Robert Redford ၊ Nick Nolte ၊ Emma Thompson တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ စာကောင်းသာ ရေးတတ်ပေမဲ့ စကားအပြောအဆို မတတ်လှတဲ့ စာရေးဆရာတစ်ယောက် တစ်ရက်မှာတော့ သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့ပြီး သဘာဝသို့ တစ်ကိုယ်တော် ခြေဆန့်ဖို့ပြင်ပါတယ် ဒါပေမဲ့ မိန်းမက ခွင့်မပြုတော့ နီးစပ်ရာ အဖော်လိုက်စပ်ရာကငယ်စဉ်က တွဲဖက်ကျော် ကတ်ဇ် ဆိုသူတစ်ဦးသာ သူ့နောက်လိုက်ဖို့ ပေါ်လာပါတယ် ငယ်စဉ်က ကတောက်ကဆတွေရှိခဲ့ပေမဲ့ နှစ် ၄၀ ကြာပြီးမှ ဖြစ်ခဲ့သမျှကို ပြည်ဖုံးကား ကာချပြီး အက်ပလန်ချန်ခရီးစဉ်ကို အတူစတင်ကြပါတော့တယ်။ အတွင်းသိသူငယ်ချင်း နှစ်ဦးသား ငယ်ကျိုးငယ်နာဖော်ရင်း လမ်းတစ်လျှောက်မှာ အခက်အခဲ‌ပေါင်းစုံကျော်ဖြတ်ရင်းက မိတ်ဆွေစစ်နဲ့ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို ဘယ်လိုပြန်ရှာဖွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးကိုကြည့်ပြီး ဝေဖန်ခံစားလိုက်ပါ။ File size… 2.3 GB / 742 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

6.4 2015
A Walk in the Woods
For Regn
7.2

For Regn (2024) အချစ်နဲ့အတူ IMDb – 7.9/10 ကန်နာဒါစကားပြော အိန္ဒိယဟာသ အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရာရာနားလည်လက်ခံကြပြီး သိပ်ကိုချစ်ကြပါတယ်ဆိုတဲ့ချစ်သူတွေလည်း လက်ထပ်ခါနီးမှ သောကဝေ ဒုက္ခတွေများကြရပါတယ် အကြောင်းအရင်းကတော့ နှစ်ဖက်အသိုင်းအဝိုင်းမိဘတွေရဲ့ လွှမ်းမိုးမှုပါပဲ နှစ်ယောက်တည်းတုန်းက ညှိလွယ်ပြေလွယ်ခဲ့ကြတဲ့အရာတွေက အသိုင်းအဝိုင်းကြီးနှစ်ခုထိပ်တိုက်တွေ့တဲ့အခါ ထင်သလောက်မလွယ်တော့ပါဘူး အချစ်နဲ့ ရအောင်ကျော်ဖြတ်နိုင်ကြသူတွေ ရှိသလို ဒီနေရာမှာ အချစ်ဇာတ်လမ်းတစ်ခန်းရပ်သွားသူတွေ ဒုနဲ့ဒေးပါ အာရှူနဲ့ အန်ဗီတို့က ရှေးရိုးစွဲမိသားစုတွေကြားထဲကနေမှ ဆွေမျိုးမိဘတွေ မသိအောင် အတူပေါင်းသင်းနေထိုင်နေကြတဲ့ လူငယ်စုံတွဲလေး။ ဒီကြားထဲမှာ ဆွေမျိုးမိဘတွေကြောင့်ပဲ ပြဿနာတွေတက်၊ နှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေဖြစ်လာရာကနေ သူတို့နှစ်ယောက်အချစ်ခရီးဟာ ရှေ့တိုးရမလို နောက်ဆုတ်ရမလိုတွေ ဖြစ်လာပါတော့တယ် နှစ်ဖက်အသိုင်းအဝိုင်းအရှိန်အဝါတွေကြောင့် အချစ်ဇာတ်သိမ်းသွားမလား အချစ်နဲ့ပဲရအောင်ကျော်ဖြတ်မလားဆိုတာ ပေါ့ပေါ့ပါးပါးအချစ်ကားလေးကို အကဲဖြတ်ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်

7.2 2024 140 mins
For Regn
Kapil Return
6.2

Kapil returns 2024 အိပ်မက်ပန်းတိုင် မနက်ခင်းနိုးထလာရင် ပျော်စရာတွေနဲ့အစပြုတတ်တဲ့မိသားစုတစ်စု ယောကျာ်းကအလုပ်သွားဖို့ပြင်ဆင် မိန်းမကအိမ်မှုကိစ္စလုပ် သားဖြစ်သူဘာရတ်ကစာတွေလုပ်ရင်းပေါ့ သားဖြစ်သူကိုမျှော်မှန်းထားကြတာက ဒေါက်တာတစ်ယောက်ဖြစ်ဖို့ အကောက်ခွန်ဦးစီးဖြစ်ဖို့ စသဖြင့်ပါ ဒါပေမဲ့ဒီကလေးက ခရစ်ကတ်မှာ ပါရမီပါလာပါတယ် ခရစ်ကတ်မှာနာမည်ကြီးတစ်ယောက်ဖြစ်ချင်ပေမဲ့ ဖခင်ဖြစ်သူကတော့ ခရစ်ကတ်ဆိုအရမ်းမုန်းတီးတာပါ ဘော်လီဘော ဘောလုံးကြိုက်တာကစားလို့ရပေမဲ့ ခရစ်ကတ်ကိုတော့ အသုံးမဝင်တဲ့ကစားနည်းလို့မှတ်ယူထားတာပေါ့ သူဒီလိုမုန်းတီးရတာလည်းအကြောင်းရှိပါတယ် ခရစ်ကတ်ကို အရမ်းသဘောကျခဲ့ပေမဲ့ အကြောင်းတချို့ကြောင့်ခရစ်ကတ်လောကထဲကထွက်ခဲ့ရလို့ပါ ဒါကဘာများဖြစ်မလဲ ဖခင်မုန်းတီးနေတဲ့ခရစ်ကတ်ကိုမှ ဝါသနာပါမိသူဘာရတ်နဲ့ အထိမခံမုန်းတီးနေတဲ့အာရှို့ခ်ကြား ဘယ်လို၂ပါးသွားမယ်ဆိုတာ ထင်မှတ်မထားတဲ့ plot twist တွေနဲ့ ခံစားကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

6.2 2023
Kapil Return
Kisspeptin Chronicles
6.7

Kisspeptin Chronicles (2023) ***************************** 2023 က ထွက်ရှိခဲ့ပေမဲ့ 2025 မှာပါ ရုံတင်ပြသခဲ့တဲ့ ဒီဂျပန်ဇာတ်ကားလေးဟာ မိန်းကလေးတစ်ယောက်ရဲ့ ငယ်စဉ်ဘဝအစ အရွယ်ရောက်သည်အထိ တစ်ဆင့်ပြီးတစ်ဆင့် လူ‌အမျိုးမျိုး အတွေ့အကြုံအမျိုးမျိုး ကျော်ဖြတ်ခဲ့ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ငယ်စဉ်တုန်းက ဖေဖေမေမေလုပ်တမ်းကစားခဲ့တဲ့ ရှိဂုဆာဆိုတဲ့ ကောင်မလေးက ဆယ်ကျော်သက်အရွယ်မှာ ပတ်ဝန်းကျင်က မှားနေတဲ့အရာတွေကို နားယောင်ပြီး “ကောင်လေးထားရင် ပိုလှလာတယ်”ဆိုတဲ့စကား‌ကို အမှန်ထင်ကာ ကောင်လေးရဖို့ ကြိုးစားခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ကျူရှင်ဆရာဆီကနေ အနှောင့်အသွားမလွတ်တဲ့ စကားတွေကို အပြောခံနေရပေမဲ့ အမှားအမှန် မဝေခွဲနိုင်သေးတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဒီလိုအရာတွေကို ပုံမှန်လို့ သဘောထားလိုက်ပါတယ်။ ကောလိပ်ရောက်ပြန်တော့လည်း ကိုယ့်ဘက်က အစစအရာရာကောင်းပေးပေမဲ့ သူ့ရဲ့ပညာရေးကို နှောင့်နှေးစေတယ်ဆိုတဲ့ အကြောင်းအရင်းနဲ့ ပညာဂုဏ်မမက်တဲ့ ကောင်လေးအိမ်ကနေ နှင်ချခံလိုက်ရပြန်ပါတယ်။ အလုပ်မှာလည်း အိမ်ထောင်ရှိမန်နေဂျာဆီက လိင်ပိုင်းဆိုင်ရာအရ မလွတ်တဲ့စကားတွေနဲ့ နှောင့်ယှက်ခံရပြီး ဒါတွေဟာ အလုပ်မှာ ပုံမှန်ဖြစ်တဲ့ အကြောင်းအရာတွေပါလို့ ဦးနှောက်ဆေးခံခဲ့ရပါသေးတယ်။ အမျိုးမျိုးသော ယောက်ျားတွေနဲ့ တွေ့ဆုံခဲ့ရပြီးနောက် ရှိဂုဆာရဲ့ ဘဝဟာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှူပေးကြပါဦးနော်။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.63GB / 667MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 49m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

Family • Comedy • Adventure
6.7 2023
Kisspeptin Chronicles
My Sunshine
7.3

My Sunshine (2024) ******************* လမ်းပျောက်နေတဲ့အချိန်မှာ ရုတ်တရက်ပေါ်လာတဲ့ မှုန်ပျပျနေရောင်ခြည်လေးက မျှော်လင့်ချက်ရဲ့အရိပ်အယောင်ပါပဲ။ ဒီနေ့မှာတော့ ဆုပေါင်းများစွာဆွတ်ခူးရရှိထားတဲ့ ပေါ့ပေါ့ပါးပါး ဂျပန်ဆယ်ကျော်သက်ကျောင်းသား sports drama ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ တာကုယာဆိုတဲ့ကောင်လေးက အမြဲတစ်ယောက်တည်းနေနေတတ်တဲ့အပြင် စကားလည်းထစ်တတ်တော့ ‌အမြဲလှောင်ပြောင်ခံနေရတဲ့သူပေါ့။ အားကစားမှာလည်း သာမန်အဆင့်လောက်ပဲဆိုတော့ ဘေ့စ်ဘောကစားတာဖြစ်ဖြစ် အိုက်စ်ဟော်ကီဖြစ်ဖြစ် အရမ်းသာမန်ဖြစ်နေတဲ့ တာကုယာကို ဘယ်သူမှမမြင်ကြဘူးပေါ့။ အဲဒီလိုနဲ့ လမ်းပျောက်နေတဲ့သူကိုမြင်လိုက်တဲ့သူက‌တော့ အားကစားနည်းပြဆရာပါ။ ဒီလိုနဲ့ နည်းပြက တာကုယာကို အိုက်စ်ဟော်ကီအစား သရုပ်ပြရေခဲပြင်စကိတ်စီးတာကို မိတ်ဆက်ပေးပြီး ကောင်မလေးတစ်ယောက်နဲ့အတူ လေ့ကျင့်ဖို့ တိုက်တွန်းလာချိန်မှာတော့…. (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…0.99GB / 347MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 30 min. Genre ….. Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ Encoded by AHtet

Romance • Drama
7.3 2024 90 mins
My Sunshine
Birds Flying East
6

ကိုလမ်ဘိုဟာ ဘာကိုမှ အလေးအနက်မထားဘဲ ကားပြင်တဲ့ ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း ဘဝကိုဖြစ်သလို ဖြတ်သန်းနေတဲ့သူပါ.. သားဖြစ်သူရဲ့ မွေးနေ့ကိုပါ မမှတ်မိတာကြောင့် ဇနီးဖြစ်သူက ကွာရှင်းပေးဖို့ တောင်းဆိုခံလိုက် ရပါတော့တယ်.. အဲဒီအချိန်မှာ ကြိုးကြာငှက်တွေကို သွားကြည့်ချင်တဲ့ အဘိုးကြီးမာရီယိုက ကိုလမ်ဘိုတို့ရဲ ဆိုင်ကို ရောက်လာပြီး သူ့ကို ကားသမားအဖြစ် ငှားရမ်းခဲ့ပါတယ် ကိုလမ်ဘိုလည်း ငွေလိုနေချိန်ဖြစ်တာကြောင့် ပိုက်ဆံအများကြီး ပေးမယ်ဆိုတဲ့ မာရီယိုနောက်ကို လိုက်လာပါတော့တယ်.. ဒီလိုနဲ့ နှစ်ယောက်အတူ ခရီးထွက်လာကြရင်း ဘယ်လိုပြဿနာတွေကို ကြုံတွေ့ရပြီးတော့ မာရီယိုတစ်ယောက် သူမြင်ချင်တဲ့ ကြိုးကြာငှက်တွေကို မြင်တွေ့ခွင့်ရမလားဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်.. ဒိတ်ဒိတ်ကြဲ နာမည်ကြီးသရုပ်ဆောင်တွေ မပါပေမဲ့ ဘဝမှာ တွေ့ကြုံရတတ်တဲ့ အခက်အခဲ‌တွေအကြောင်း ရိုက်ကူးထားတာဖြစ်ပြီး စပိန်နိုင်ငံအပြင် ဥရောပတိုက် တစ်လွှားမှာရှိတဲ့ နိုင်ငံပေါင်းများစွာမှာ ရိုက်ကူးထားတာ ဖြစ်လို့ အဲဒီနိုင်ငံတွေရဲ့ လှပတဲ့ရှူခင်းတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်.. ဒါကြောင့်မို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်…. File size… (1.53 GB) / (894 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by okka

Horror • Comedy • Romance
6 2024 100 mins
Birds Flying East