YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Mighty Nein Ep 6 [1080p] TRA.mp4

921.09 MB N/A video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Tank
5.2

ဘန်နဲ့ ဇနီးဖြစ်သူ ဂျူးလ်တို့ဟာ မမျှော်လင့်ထားပဲနဲ့ ကမ်းရိုးတန်းဒေသမှာရှိတဲ့ အပန်းဖြေအိမ်ကြီးတစ်အိမ်ကို အမွေဆက်ခံဖို့ဖြစ်လာပါတယ်။နှစ်လေးဆယ်လောက် လူသူမနေတဲ့အိမ်ကြီးကို ဘန်တို့မိသားစုသွားကြည့်တဲ့အခါမှာ အိမ်အိုကြီးပတ်လည်မှာ အလွန်တရာလှပတဲ့ ကမ်းခြေနဲ့သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတာကို တွေရပါတယ်။ ခြံဝန်းထဲမှာလည်း မြေအောက်စမ်းရေနဲ့ချိတ်ဆက်ထားတဲ့ အလွန်တရာမှကြီးမားတဲ့ရေလှောင်ကန်ကြီးလဲရှိနေပါတယ်။ဘန်ရဲ့အမေက ဒီအိမ်အကြောင်းကို ဆုံးပါးသွားချိန်အထိ ဘာလို့လျှို့ဝှက်ခဲ့တာလဲ။ အိမ်ကြီးထဲမှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.5 GB)/(860 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

Action & Adventure • Sci-Fi & Fantasy
5.2 2023 100 mins
The Tank
AKA
7

တစ်ကိုယ်တည်းတက်တက်ကြမ်းတဲ့ actionကားတွေကိုမှ သဘောကျတဲ့သူတွေအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းပါပဲ။ ဇာတ်ကြောင်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ် လုပ်သက်နှစ် ၂၀ရှိတဲ့ အဒမ်ဟာ ပေးအပ်လာသမျှတာဝန်ကို ကျေပွန်အောင် စွမ်းဆောင်နိုင်သူပါ။ ဒီလိုနဲ့ ပြင်သစ်မှာအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေပေါ်ပေါက်လာတဲ့အခါမှာတော့ အထက်အရာရှိတွေက အဒမ်ကို တာဝန်အသစ်ပေးလိုက်ပါပြီ။ အကြမ်းဖက်သမားတွေနဲ့အဆက်အသွယ်ရှိတဲ့ လူဆိုးဂိုဏ်းထဲ အသွင်ယူဝင်၊ စုံစမ်းထောက်လှမ်းပြီး အကြမ်းဖက်သမားကိုဖမ်းဆီးပေးဖို့ပါတဲ့။ လူဆိုးဂိုဏ်းရဲ့ယုံကြည်မှုကိုရရှိအောင် နေထိုင်နေရင်းမှ....။ အပစ်အခတ် အကြမ်းအရမ်းတွေကောင်းကောင်းကြည့်ရမယ့်အပြင် လူကောင်းလူဆိုးဘယ်လိုခွဲမလဲဆိုတဲ့ plot twistလေးပါတွေ့မြင်ရမယ် action crime  အလန်းကားပါပဲ... File Size :(1.9GB) and (636MB) Quality : WEB-DL1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Comedy • Romance • TV Movie
7 2023 122 mins
AKA
[18+] La Querida
4.9

ဂျိုဝယ်ဟာ မိခင်စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကိုလက်မခံပဲ တစ်သက်တာအတူဖြတ်သန်းရမယ့် မိန်းမဟာ သူတကယ်မြတ်နိုးတဲ့ အမျိုးသမီးတစ်ဦးသာဖြစ်စေရမယ်ဆိုပြီး ကြွေးကြော်ရင်း အိမ်ပေါ်ကဆင်းလာခဲ့တဲ့သူ။ မကြာခင်မှာပဲ သူရှာဖွေနေတဲ့ အချစ်စစ်ကို သမိုင်းမေဂျာကျောင်းသူ မာရီယာဆိုတဲ့ မိန်းမလှလေးတစ်ဦးဆီမှာရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မာရီယာဟာ တရားလွန်ချုပ်ချယ်လွန်းတဲ့ ဖခင်တစ်ဦးရဲ့သမီး၊ နောက်ကွယ်မှာမပြီးပြတ်သေးတဲ့အတိတ်တစ်ခုရှိနေခဲ့တာကို သူသိလိုက်ရပြီးနောက် သူတို့ပြတ်စဲသွားခဲ့ကြတယ်။ ဆယ်စုနှစ်တစ်ချို့ကြာပြီးတဲ့နောက်မှာ လီယိုဆိုတဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဟာ သူအိမ်ထောင်ရှိနေတယ်ဆိုတာ သိသိရက်နဲ့ လိုက်လံတွယ်ကပ်နေတဲ့ ကော်နီဆိုတဲ့သက်တူရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ တိတ်တခိုးချစ်ကြိုးသွယ်မိခဲ့ပါတယ်။ မချစ်ပဲလက်ထပ်ခဲ့ရတဲ့၊ သမီးလေးသံယောဇဉ်ကြောင့်သာ ပေါင်းဖက်နေရဆဲဖြစ်တဲ့ မသာယာတဲ့အိမ်ထောင်ရေးကနေ ကော်နီနဲ့ဆုံတွေ့မိချိန်ဟာ သူ့ဘ၀ တစ်ဖန်ပြန်လည်ရှင်သန်လာသလို ဖြစ်ခဲ့ရပါသတဲ့။ ပထမဇာတ်လမ်းလေးဟာ အလွမ်းနဲ့အဆုံးသတ်ခဲ့ရသလို ဒုတိယဇာတ်လမ်းလေးမှာ ပျော်စရာဇာတ်သိမ်းရနိုင်ပါ့မလား။ ဂျိုဝယ်၊ မာရီယာ၊ လီယို နဲ့ ကော်နီတို့ကြားက ဆက်နွယ်မှုတွေက ဘာဖြစ်လေမလဲဆိုတာကို ဇာတ်လမ်းလေးမှာအဖြေရှာကြပါ။ 18 နှစ်အထက်ဇာတ်ကားမဆန်ပဲ အချစ်ဒရာမာ ကားလေးတစ်ကားလိုဇာတ်အိမ်မျိုးပေမယ့် ထုံးစံအတိုင်း အချစ်ခန်းတွေကတော့ ကြမ်းကြမ်းရမ်းရမ်းပါဝင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 680MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Adventure • Fantasy
4.9 2023 93 mins
[18+] La Querida
The Ghost Station
5.4

Horror ဇာတ်လမ်းတွေမှကြိုက်တတ်တဲ့သူတွေအတွက် ဘူတာရုံက အဖြစ်အပျက်တွေရိုက်ကူးထားတဲ့ ဇာတ်လမ်းကိုတင်ဆက်ပေးပါဦးမယ်နော် အို့ဆူဘူတာမှာ အမြဲတမ်း သေဆုံးမှုတွေဖြစ်ပြီး တစ်ခုနဲ့တစ်ခုက သေပုံခြင်းမတူကြပေမဲ့ တူညီတဲ့အချက်လည်းရှိနေပါသေးတယ်.. အဲဒါကို စုံစမ်းရင်းနဲ့ သတင်းရေးဖို့ဖြစ်လာတဲ့ သတင်းထောက်ဂင်နာယောင်းက ဇာတ်ကြောင်းအစုံသိရဖို့ နောက်ကြောင်းလိုက်ပါတော့တယ် သေဆုံးတဲ့ဝိညာဉ်တွေထဲကမှ နာကျည်းချက်ကြီးမားလွန်းတဲ့ ဝိညာဉ်တွေက သနားစရာအကောင်းဆုံးဖြစ်သလို အဆိုးဆုံးလို့ပြောကြပါသေးတယ် အို့ဆူဘူတာရုံရဲ့ အဖြစ်အပျက်တွေမှာ ဘယ်သူတွေပါဝင်နေမလဲ၊ လူတွေသေဆုံးရတဲ့အကြောင်းအရင်းက ဘာဖြစ်မလဲ၊ သတင်းထောက်ဂင်နာယောင်းကရော နာကြည်းမှုတွေပြည့်နေတဲ့ ဝိညာဉ်တွေကို နှစ်သိမ့်ပြီး အမှန်တရားကိုဖော်ထုတ်နိုင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော် ဂင်နာယောင်းအဖြစ် SKY Castle က Kim Bo Ra နဲ့ ချွဲဝူဝန်းအဖြစ် N.Flying Kim Jae Hyun တို့ကအဓိကပါဝင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Horror, Mystery Quality…. 1080p | 720p | 480p File size… 889MB | 397MB | 208MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron

Crime • Drama • TV Movie
5.4 2023 80 mins
The Ghost Station
The Bodyguard
6.7

မင်းသားကြီး ကီဗင်ကော်စတာနဲ့ မင်းသမီး ဝစ်နေးဟော်စတန်တို့ရဲ့ ဒီဇာတ်ကားက WB ရဲ့ အမြတ်ကြမ်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်....Budget $25 million သာ ကုန်ကျခဲ့ပေမယ့် Box office မှာ $411 million ကျော်ပြန်ရခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရေချယ်မဲရွန်လိုခေါ်တဲ့ နာမည်ကျော် မင်းသမီး/အဆိုတော်မလေးဆီကို အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ခပ်စိတ်စိတ်ရောက်ရှိလာရာကနေ နိုင်ငံတော်သမ္မတအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဖရန့်ဖားမားဆိုတဲ့သက်တော်စောင့်တစ်ယောက်ကို ငှားရမ်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထုံးစံအတိုင်း ရွှေမင်းသမီးနဲ့ကိုယ်ရံတော်တပ်မှူးလေးတို ဘယ်လိုဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲ။ သမ္မတထက်တောင် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့မင်းသမီးလေးကို ဖရန့်ဖားမားတစ်ယောက် ကာကွယ်ရင်းဘယ်လိုတွေဗျာများရမလဲ။ ဗီလိန်စစ်စစ်ကိုသူဘယ်လိုတွေရှာဖွေရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ ဒီနေ့ခေတ်မှာ ပြန်ကြည့်ရင်တောင် မွဲပြာပုဆိုးဖြစ် မနေတာကြောင့် သူ့ခေတ်သူ့အခါမှာဆိုရင် ဘယ်လောက်အောင်မြင်ခဲ့မလဲဆိုတာမှန်းကြည့်လို့ရပါတယ်။ ဒိုင်ယာလော့ဂ်တွေအစ ဇာတ်ဝင်တေးတွေအဆုံး ခေတ်ဆန်မှုနဲ့ ဂန္တဝင်ဆန်မှုကို ပေါင်းစပ်ချပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် CM ပရိသတ်ကြီးအနေနဲ့ ကြည့်ရှုရကျိုးနပ်မယ့်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလိုပဲ ညွှန်းလိုက်ပါရစေ။ File size…(3.9 GB)/(1.2 GB) Quality…BluRay 1080p / 720p Format…mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htet Kyaw Myo

Comedy
6.7 1992 129 mins
The Bodyguard
The Company Men
6.5

ဘော်ဘီဝေါ့ကာဟာ GTXလို့ခေါ်တဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ အရောင်းဌာနခွဲခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ စီးပွားရေးကျဆင်းမှုဖြစ်ပေါ်နေတဲ့အချိန် ကော်ပိုရေးရှင်းအကြီးကြီးတွေကလည်း လုပ်ငန်းဆက်လည်ပတ်နိုင်ဖို့ စတော့ရှယ်ယာဈေးတွေဆက်ထိန်းထားနိုင်ဖို့ ဝန်ထမ်းအင်အားတွေ ထောင်နဲ့သောင်းနဲ့ချီပြီး လျှော့ချမှုတွေပြုလုပ်လာကြတဲ့အချိန်မှာ ဘော်ဘီလည်း အလုပ်ထုတ်ခံရတဲ့စာရင်းထဲ ပါသွားခဲ့ပါတယ်။ ဘော်ဘီနဲ့အတူ ကော်ပိုရေးရှင်းတွေနဲ့ကုမ္ပဏီအသီးသီးက ဝန်ထမ်းလျှော့ချတဲ့အထဲပါဝင်တဲ့ လူတွေရဲ့ဘဝတွေ သူတို့မိသားစုတွေ သူတို့ပတ်ဝန်းကျင်တွေကို ဘယ်လိုသက်ရောက်မှုတွေရှိသလဲ ဘယ်လိုဖြတ်ကျော်ကြရလဲဆိုတာကို ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စိတ်သဘောထားတွေ၊ အမေရိကန်လူနေမှုစနစ်နဲ့နေထိုင်ပုံတွေကိုလဲ သေချာသိမြင်ကြရမှာဖြစ်ပါတယ်။ File Size : (3.18GB) (937 MB) and (403MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:44:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded by Min Wai

Comedy • Drama • Romance
6.5 2010 104 mins
The Company Men
[18+] A Good Lawyer’s Wife
6.2

A Good Lawyer’s Wife (2003) ~ IMDb rating – 6.2/10 ~ (ဒီလိုကားတွေထုံးစံအတိုင်း လုံးဝအကြည်မလွယ်လို့ 720p ကိုပဲ အတတ်နိုင်ဆုံး ဖန်တီးပေးလိုက်ပါတယ်) ဒီကားကို 2010 မှာ The Housemaid နဲ့တစ်‌ခေါက်၊ 2012 မှာ The Taste of Money နဲ့တစ်ခေါက် ကိန်းမှာ ပြိုင်ဖို့ အဖိတ်ခံခဲ့ရတဲ့ Im Sang-soo က ရိုက်ထားတာပါ။ ကိုရီးယားရဲ့ ပါချီပါချက်မဟုတ်တဲ့ A+ မင်းသားစာရင်း၀င် Hwang Jung Min က အဓိက ပါ၀င် သရုပ်ဆောင်ထားပါတယ်။ Hwang ဟာ Ode to My Father, Veteran, New World, Deliver us from Evil စတဲ့ ကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ မင်းသမီးကတော့ တောင်ကိုရီးယားရဲ့ အတော်ဆုံးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ လီချန်းဒုံရဲ့ လက်စွဲတော် မင်းသမီး Moon So Ri ပါ။ ကိုရီးယားမင်းသမီးပေမဲ့ Minari နဲ့ အော်စကာပါရဖူးတဲ့ မင်းသမီးကြီး Youn Yuh-jung ကလည်း အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ရှေ့နေနဲ့ သူ့မိန်းမကြားက အိမ်ထောင်ရေး အရှုပ်အရှင်းတွေ၊ ရှေ့နေမိသားစုရဲ့အကြောင်းတွေ၊ သူတို့မွေးစားထားတဲ့ ကလေးရဲ့ အကြောင်းတွေကို ပြသထားတာဖြစ်ပြီး ရှေ့နေကားနဲ့ တိုက်မိတဲ့ စာပို့သမားရဲ့အကြောင်းကိုပါ အရန်အနေနဲ့ ပုံဖော်ထည့်ထားပြီး သူ့အခန်းကတော့ တော်တော်လေး အသက်၀င်လွန်းပါတယ်။ သူ့ဇာတ်ကောင်ဟာ ဘာမှဆုံးရှုံးစရာမကျန်တော့တဲ့ သူတစ်ယောက်က ဘယ်လောက်ထိ လုပ်နိုင်လဲနဲ့ လူတစ်ယောက်ရဲ့ အငုံ့စိတ်က ဘယ်လိုမျိုးလဲ သေချာပုံဖော်သွားတဲ့ ဇာတ်ကောင်ပါပဲ။ Hwang Jung Min ဟာ A+ စာရင်း၀င် မင်းသားပီပီသသ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သလို မင်းသမီးကြီး၂ယောက်ကလည်း ပြောင်မြောက်အောင် ပုံဖော်နိုင်ခဲ့ကြပါတယ်။ ဒီလိုသရုပ်ဆောင်တွေနဲ့တင် ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB Quality – 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 28Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Drama • Family • History
6.2 2003 106 mins
[18+] A Good Lawyer’s Wife
Look Into the Fire
4.9

Look Into the Fire (2022) =================== စိတ်ရဲ့ရှုပ်ထွေးနက်နဲမှုလောက် ဘယ်အရာကမှ ရှုပ်ထွေးမယ် မထင်ပါဘူး။ စိတ္တဇဆန်ဆန် သို့လောသို့လော ဇာတ်လမ်းမျိုးကိုမှ ကြည့်ချင်သူတွေအတွက် စိတ်အာရုံရဲ့နက်နဲရှုပ်ထွေးမှုကို ခပ်ပါးပါး ရိုက်ကူးပြထားတဲ့ psychological thriller ဆန်ဆန် ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကို ဦးနှောက်အာရုံကြောစိတ်ပညာဆိုင်ရာ ကျောင်းသား တစ်စုက သူတို့တင်ရမယ့် စာတမ်းတစ်ခုအတွက် လက်တွေ့စမ်းသပ် မှုတွေ ပြုလုပ်တာနဲ့ အစပျိုးထားပါတယ်။ တစ်ရက်မှာ အဒမ်၊ ဆမန် သာ၊ ဂျယ်ရီနဲ့ ဆက်သ်တို့အဖွဲ့ဟာ လက်တွေ့စမ်းသပ်မှုလုပ်ဖို့ volunteer ရှာမရတာကြောင့် အဒမ်ကိုယ်တိုင် အစမ်းသပ်ခံရာက ဇာတ်လမ်းစ ပါတော့တယ်။ အဲဒီလိုစမ်းသပ်ကြရင်းနဲ့ အဒမ်တစ်ယောက် သူ့ရဲ့အတိတ်က ကြောက် စရာအမှန်တရားကို သိလာရတဲ့အခါ….။ ကြည့်ရင်းကြည့်ရင်းနဲ့ ဇာတ်ရှိန် တက်တက်လာပြီး နောက်ဆုံးမှာ ဘယ်လိုမှ မထင်မှတ်တဲ့ အလှည့်အ ပြောင်းတစ်ခုက ကြည့်တဲ့သူတိုင်းကို သို့လော‌သို့လောနဲ့ တကယ်အံ့ဩ သွားစေမှာ သေချာပါတယ်။ အဲဒီတော့ အတူတူကြည့်ရင်း အတွေးများ လိုက်ကြရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.67 GB) / (535 MB) / (348 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 45Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….C’mon Encoder……….SWM

4.9 2022
Look Into the Fire
[18+] Hawas Ki Inteha
6.2

Hawas Ki Inteha (2016) လင်ရယ် မယားရယ်လို့ ဖြစ်လာကြပြီဆိုရင် ဆိုးတူကောင်းဖက်အတူလက်တွဲသွားကြပြီး ဘဝသက်ဆုံးတိုင် နားလည်မှုတွေနဲ့ ဘဝကို တည်ဆောက်ကြရမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ထိုအိမ်ထောင်..ထိုလင်မယားဟာ ရှားစောင်းနဲ့မျက်ချေးလို တစ်မိုးအောက်ထဲက ရန်သူတွေလိုပါပဲ။ အိမ်ထောင်တစ်ခုမှာ အချစ်က အခရာကျသလို လိင်မှုကိစ္စဟာလည်း အဓိကကျပါတယ်။ မှားတဲ့လူရှိရင် ခွင့်လွှတ်ပေးနိုင်တဲ့သူ ရှိရမှာဖြစ်သလို မှားတဲ့သူဟာလည်း အဲ့ဒီအမှားမျိုးကို နောက်ထပ်မကျူးလွန်သင့်ပါဘူး။ အမှားတွေကို မလွန်ဆန်နိုင်တော့တဲ့အထိဖြစ်လာတဲ့အခါမှာတော့ အိမ်ထောင်တစ်ခုဟာ ပျက်တော့မှာပဲမဟုတ်လား။ ဒီဇာတ်ကားမှာလည်း ရာဂစိတ်ကြောင့် အမှားနွံထဲနစ်ပြီး ဘဝပျက်ခဲ့ရတဲ့ လင်မယားအကြောင်းကို ပညာပေးရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ၁၈အပေါင်းအခန်းလေးတွေလည်း ပါတာမို့ ၁၈ယောက်စုကြည့်ကြပါနော်။

6.2 2016
[18+] Hawas Ki Inteha
Can’t Buy Me Love
6.8

Can’t Buy Me Love (1987) ရော်နယ်လ်မီလာဆိုတဲ့ အပယ်ခံကျောင်းသားလေးက ငကြောင်စာဂျပိုးလေးတစ်ကောင်ဖြစ်ရတာကိုစိတ်ကုန်လာလို့ ကျောင်းမှာပေါ်ပြူလာအဖြစ်ဆုံး ကောင်မလေးနဲ့ ဟန်ဆောင်တွဲပြီး လူရာဝင်တဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် ဖြစ်လာအောင်ကြိုးစားမှုကို ပုံဖော်ရိုက်ကူးထားတဲ့ အချစ်ဟာသ ဆယ်ကျော်သက်ဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရော်နယ်လ်ဟာ စင်ဒီမန်စီနီလို့ခေါ်တဲ့ ကျောင်းနေဖက် ပန်းဖွားမယ်ခေါင်းဆောင် အချောအလှလေးရဲ့အိမ်မှာ မြက်ရိတ်ပေးတဲ့ကောင်လေးဖြစ်တယ်။ တစ်နေ့ စင်ဒီက ပါတီတစ်ခုကို သူ့အမေမသိအောင် ခိုးဝတ်သွားတဲ့ သူ့အမေရဲ့လည်သာအပေါ်ထပ်မှာ ဝိုင်စွန်းလာခဲ့တယ်။ ပြန်လျှော်လို့လည်းမရ၊ ဆိုင်ရှင်နဲ့လည်း အပေးအယူလုပ်မရဖြစ်နေတဲ့စင်ဒီ့ကို မြင်လိုက်ရတဲ့ရော်နယ်လ်ဟာ သူမြက်ရိတ်လို့ရလာတဲ့ပိုက်ဆံထဲက အဝေးကြည့်‌မှန်ပြောင်းဝယ်ဖို့လုပ်ထားတဲ့ ဒေါ်လာတစ်ထောင်ကို စင်ဒီသူနဲ့တစ်လဟန်ဆောင်‌တွဲပြီး လူတွေရဲ့အာရုံစိုက်ခံရအောင်လုပ်ဖို့အတွက် အပေးအယူလုပ်ခဲ့တယ်။ သူတို့ရဲ့ ဟန်ဆောင်အချစ်ခရီးလမ်းလေးမှာတွေ့ကြုံရတဲ့ အချိုးအကွေ့တွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ ဒီကားလေးထဲမှာတော့ အောင်မြင်မှုဒဏ်မခံနိုင်ဘဲ အသက်၄၄မှာတင် ဆေးလွန်ပြီဂ အသက်ဆုံးရှုံးသွားခဲ့တဲ့ တစ်ခေတ်တစ်ခါက ပင်ကိုသဘာဝအချောအလှလေး Amanda Peterson နဲ့ လူပျိုပေါက်အရွယ်ကတည်းက လန်ထွက်နေပြီး အခုထိကို ချောနေ၊ ခန့်နေဆဲဖြစ်တဲ့ မင်းသားကြီး Patrick Dempsey တို့ရဲ့ အတွဲအဖက်မိမိ သရုပ်ဆောင်ချက်တွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 835MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 34Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Action • Crime • Drama
6.8 1987 94 mins
Can’t Buy Me Love
The Lost Boys
6.8

The Lost Boys (2023) ~ IMDb – 6.8/10, Rotten Tomatoes – 100% ~ ” ကျွန်တော်က ဂျိုးပါ။ ကျွန်တော့်ငယ်ဘ၀အကြောင်းသိပ်မမှတ်မိပေမဲ့ အမေနဲ့အတူ ရေကန်ဘေးမှာ လမ်းလျှောက်လေ့ရှိတာကိုတော့မှတ်မိတယ်။ ဆောင်းရာသီဆို ရေကန်ကြီးရေခဲသွားတဲ့အခါ အဲဒီပေါ်မှာလမ်းလျှောက်ရင်း ရေခဲထဲမှာ အစီအရီပိတ်မိနေတဲ့ငါးတွေကိုတွေ့ဖူးတယ်။ ငယ်ငယ်တုန်းကတော့ ၀က်ဝံတွေလို ငါးတွေကဆောင်းခိုနေတာ ဆောင်းကုန်ရင် ပြန်အသက်ရှင်လာမယ်လို့ထင်ခဲ့ပေမဲ့ အခုတော့သိပြီ။ ငါးတွေကသေသွားကြတာဗျ… ကျွန်တော် အခု လူငယ်ထိန်းသိမ်းရေးစခန်းကိုရောက်‌နေတာ ခြောက်လပြည့်တော့မယ်။ စခန်းကို လူသစ် ဝီလီယမ်ဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာတယ်။ သူနဲ့ကျွန်တော်က နှလုံးသားချင်းနီးတယ်ဗျ။ ညဆို အခန်းနံရံတွေကတဆင့် ကျွန်တော်တို့ဆက်သွယ်တယ်။ ကျန်တဲ့အချိန်ကျတော့ ခန္ဓာကိုယ်ချင်းပေါ့ဗျာ။ ကျွန်တော့်လွတ်ရက်ကနီးပြီ။ တရားသူကြီးရဲ့အဆုံးအဖြတ်လိုသေးပေမဲ့ သေချာသလောက်တော့ရှိတယ်ဗျာ။ ကျွန်တော်လည်း မျှော်လင့်နေမိတယ်။ ဒါပေမဲ့ ဝီလီယမ်ကို ဒီကိစ္စဘယ်လိုပြောပြရမှာပါလိမ့်… ” လူငယ်ထိန်းသိမ်းရေးစခန်းရောက်နေကြတဲ့ ကောင်လေးတွေအကြောင်းရိုက်ကူးထားတာဖြစ်ပြီး သူတို့ရဲ့မျှော်လင့်ချက်တွေ ရင်းနှီးမှုတွေ တပ်မက်စရာကောင်းတဲ့အချစ်တွေ နာကျင်စရာကောင်းတဲ့အချိုးအကွေ့တွေကို ရိုက်ပြထားတဲ့ လှပလွန်းတဲ့ ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 615MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 23Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.8 2023
The Lost Boys
Háromezer számozott darab(Three Thousand Numbered Pieces)
6.6

အခုတင်ဆက်မယ့်ဇာတ်ကားကတော့ review ရေးမယ်ဆိုရင် plot ကိုအကျဉ်းရေးပြလို့ကောင်းတဲ့ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းဇာတ်ကွက် plot ပိုင်းကိုဦးစားပေးတည်ဆောက်ထားတဲ့ ရုပ်ရှင်မျိုးမဟုတ်လို့ပါပဲ။ Reality Show တစ်ခု၊ ပြဇာတ်တစ်ခုကို အဓိကမူတည်တင်ဆက်ပြီးမှ drama ရောမွှေထားတဲ့ ရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ နောက်ခံအကြောင်းအရာတွေကိုလည်း အဓိကအသားကိုပံ့ပိုးပေးတဲ့ ဟင်းခတ်အမယ်တွေကို တို့ကနန်းဆိတ်ကနန်း ဖြူးထည့်ထားတဲ့ ဟင်းတစ်ခွက်လို အစီအစဥ်တကျမဟုတ်ဘဲ အလျဉ်းသင့်သလို တင်ပြထားပါတယ်။ ဒါရိုက်တာအနေနဲ့ သူတင်ပြချင်တဲ့ အကြောင်းအရာနဲ့ ပေးချင်တဲ့သင်ခန်းစာ၊ သတင်းစကားကို သူ့စိတ်ထဲရှိသလို တင်ဆက်ထားတာဖြစ်လို့ ကြည့်ရှုသူအနေနဲ့တော့ သဘောတွေ့ချင်မှ တွေ့ပါလိမ့်မယ်။ သူအဓိကပြောချင်တဲ့ ဟန်ဂေရီက လူမျိုးရေးခွဲခြားမှု (အထူးသဖြင့် ဂျစ်ပစီ) လူမျိုးများရဲ့ ခံစားချက်တွေ၊ ကြေကွဲစရာအဖြစ်တွေနဲ့ နစ်နာမှုတွေကို ပြဇာတ်အသွင်ပြောင်းပြီး တင်ဆက်ထားတာဖြစ်လို့ တမူထူးခြားတဲ့ ရသမျိုးခံစားရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီး လူမျိုးရေးခွဲခြားမှုဆိုတာ တစ်ကမ္ဘာလုံးအနှံ့ ဘယ်နေရာမဆိုရှိနေနိုင်တဲ့ အယူဝါဒတစ်ခုဖြစ်တယ်ဆိုတာ သဘောပေါက်လာနိုင်မှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးဟာ မိမိကိုယ်ကိုအရမ်းမြင့်မြတ်တယ်၊ တော်တယ်လို့ ထင်နေခြင်းဟာ လူမျိုးရေးခွဲခြားမှုကို ဦးတည်စေနိုင်သလို ခွဲခြားခံရတယ်လို့ထင်နေသူလူမျိုးစုဟာလည်း အငုံ့စိတ်အားကြီးပြီး တစ်ခုခုဆိုတိုင်း ငါတို့ဟာခွဲခြားခံနေရပါတယ်ဆိုပြီး အရမ်းကာရောသိမ်ငယ်နေခြင်းဟာလည်း လူမျိုးရေးခွဲခြားမှုကို ပုံစံတစ်မျိုးနဲ့ အားပေးနေသလိုဖြစ်တယ်ဆိုတာကို သုံးသပ်တွေ့ရှိနိုင်ပါတယ်။ ဇာတ်လမ်းအကြမ်းဖျဉ်းကတော့ ဟန်ဂေရီပြဇာတ်ဆရာတစ်ယောက်က ဂျစ်ပစီလူငယ်ငါးယောက်နဲ့ Reality Show တစ်ခုတင်ဆက်တဲ့အကြောင်းပါ။ လူငယ်ငါးယောက်က အရင်က ဆေးသမား၊ ပြည့်တန်ဆာ၊ ရာဇဝတ်ကောင်၊ အနိုင်ကျင့်ခံရသူ စသဖြင့် စိတ်ဒဏ်ရာတစ်ခုခု ရှိထားကြသူတွေ ဖြစ်ပါတယ်။ သူတို့ကြုံတွေခဲ့ရတဲ့ အဖြစ်မှန်တွေ၊ အတွေအကြုံတွေကို တင်ဆက်ရမယ့်အစား အံချော်ပြီး ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေ၊ နာကျင်မှုတွေ၊ မညီမျှတွေကို ထုတ်ဖော်ပြသမိကြတဲ့အခါ ပြဇာတ်ဟာ စီစဉ်ထားသလို မဟုတ်တော့ဘဲ တလွဲတချော်တွေ ဖြစ်ကုန်ပါတယ်။ ဇာတ်လမ်းဟာ ပြဇာတ်ရဲ့ပြကွက်တွေဘက်ကို ပြလိုက်၊ တကယ့်လက်တွေ့ဘဝဘက်ကို ပြန်သွားလိုက်နဲ့ အတော်လေးတော့ သောင်းပြောင်းထွေလာနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်တင်ဆက်နေကျ ဇာတ်ကြောင်းပြောဟန်ကနေခွဲထွက်ပြီး ရသတစ်မျိုးကိုကွဲပြားစွာခံစားလိုတဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေနိုင်မှာပါ။ ဟန်ဂေရီစကားပြော ဟန်ဂေရီဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာစတင်ပြသခဲ့ပါတယ်။ ဒါရိုက်တာကတော့ Adam Csaszi ဖြစ်ပြီး Kristof Horvath၊ Agota Benedek၊ Fraciska Farkas၊ Romeo Papai၊ Csaba Gerner စတဲ့ဟန်ဂေရီသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ European Film Festival Palic 2023 မှာ အကောင်းဆုံးဒါရိုက်တာဆုရထားပြီး Tallinn Black Nights Film Festival 2022 မှာလည်း ဆန်ကာတင်နှစ်ဆုရခဲ့ပါတယ်။ IMDb rating ကတော့ 6.6 ရထားပါတယ်။ File size…(1.1 GB)/(749 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Action • Romance • Thriller
6.6 2022 97 mins
Háromezer számozott darab(Three Thousand Numbered Pieces)
Prime

တစ်ခါတစ်လေကျရင် ကိုယ့်ဘ၀မှာတကယ်တမ်း အရေးကြီးတဲ့ အရာတွေကိုမေ့ထားပြီး မကောင်းတဲ့ အရေးမပါတဲ့အရာတွေ နောက်ကိုလိုက်မိနေတဲ့ အခိုက်အတန့်တွေဆိုတာလူတိုင်းမှာ ရှိတတ်ပါတယ်။ကိုယ့်စိတ်ဆန္ဒအလျောက် လုပ်မိတဲ့အရာတွေရှိသလို သွေးဆောင်ဖြားယောင်းမှုတွေကြောင့်လည်း လမ်းမှားရောက် သွားတတ်ကြပါတယ်။အဲ့ဒီလိုလမ်းမှားကနေအချိန်မှီပြန်လည် ပြင်ဆင်ပြီး လမ်းမှန်ကိုပြန်မလျှောက်နိုင်ရင်ဆုံးရှုံးနစ်နာမှုတွေ တစ်ခုမဟုတ်တစ်ခုတော့ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့ Prime ဆိုတဲ့ဇာတ်ကားထဲမှာလည်း မာရီရက်စ်ဆိုတဲ့ လူတစ်ယောက်ကအလုပ်မှာအောင်မြင်ပြီး အချစ်ရေးမှာလည်း ငါးနှစ်တာလက်တွဲလာတဲ့အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ရှိပြီး သူ့အဖေဆုံးသွားတဲ့သတင်းကိုကြားလိုက် ရတဲ့အခါမှာတော့ သူ့ဘ၀ကြီးကတစ်ဆစ်ချိုးပြောင်းလဲသွားပါ တော့တယ်။တကယ်တမ်းမရှိတဲ့ အရာတွေကိုမြင်နေရပြီး သတိ ပြန်ဝင်လာတဲ့အချိန်မှာ ကြားထဲက ကာလတွေမှာ ဘာတွေလုပ်ခဲ့ တယ်ဆိုတာကိုမသိဘဲ အချိန်တွေကျော်ခွနေပါတော့တယ်။ သူအဓိကမြင်တဲ့အရာကတော့ သေဆုံးသွားတဲ့ သူ့အမေရဲ့ပုံရိပ် တွေကိုဖြစ်ပြီး သူ့အမေကသူ့အဖေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အတွက် သူ့အဖေဆုံးသွားတာကိုကြားလိုက်ရတဲ့ အခါမှာ အဲ့လိုပုံရိပ်တွေကို စမြင်လာရတာဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီအရာတွေကိုသူကိုယ်တိုင်က စွဲလမ်းနေပြီး လက်တွေ့ဘ၀ကို ပါလာထိခိုက်စေတဲ့အခါမှာတော့ မာရီရက်စ်တစ်ယောက်ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုကြည့်ရမဲ့ ဒရာမာ သည်းထိတ်ရင်ဖိုဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File size…1.38 GB / 514 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 34m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023 94 mins
Prime
Bad Hombres

Bad Hombres Knights of the Zodiac, Muzzle, On My Blockတို့လို ရုပ်ရှင်စီးရီးကောင်းတွေထဲက မင်းသား တစ်လက်ဖြစ်တဲ့ Diego Tinocoနဲ့အတူ Queen of the South, Peter’s to do list, Rango, Spiderman (Tom Holland’s versions), Perry Masson စတဲ့ ရုပ်ရှင်စီးရီးကောင်းတွေနဲ့ လူသိများကြတဲ့ Hemky Maderaတို့က ဇာတ်လမ်းကို အတိုင်ဖောက်ညီညီ ဦးဆောင်ထားကြပါတယ်။ ဒါ့အပြင် Tyrese Gibson၊ Luke Hemsworth၊ Thomas Janeတို့လို actors တွေကပါ ဇာတ်လမ်းကို ပိုပြီး အဓိပ္ပာယ်ရှိသွားအောင် အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ဖီးလစ်က အီကွေဒေါလို ဆင်းရဲတဲ့နိုင်ငံကနေ မိသားစုကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် ကြိုးစားမယ်ဆိုပြီး အမေရိကန်နိုင်ငံဆီမှာ အလုပ်လုပ်ဖို့ ရွှေ့ပြောင်းလာပါတယ်။ ဖီးလစ် တစ်ယောက် အမေရိကန်ကို ရောက်ရောက်ချင်း ပထမဆုံး အလုပ်လုပ်တဲ့နေ့မှာတင် မထင်မှတ်တဲ့ အလုပ်တစ်ခုကို လုပ်ရပါတော့တယ်။ ဘုမသိပါ့မသိနဲ့ ပိုက်ဆံရမယ့် အလုပ်ဖြစ်ပြီးရင် ပြီးရောဆိုပြီး လိုက်သွားရာကနေ မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ ….. သူနဲ့အလုပ်တွဲလုပ်ရတဲ့လူက ပုံမှန်သာမန်အလုပ်သမား မဖြစ်နေတဲ့အခါမှာတော့ ….ဘယ်လိုဒုက္ခမျိုးတွေကို ဖီးလစ်တစ်ယောက် တွေ့ကြုံရမလဲ၊ သူ ဒီဒုက္ခတွေကို ကျော်ဖြတ်နိုင်ပါ့မလား၊ သူ့အနောက်ကနေ လိုက်လာတဲ့ လူသတ်သမားတွေရဲ့ရန်ကနေရော လွတ်မြောက်နိုင်ပါ့မလား၊ အစရှိတာတွေကို actionဆန်ဆန်လေး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.3 GB)/(702 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Bad Hombres
Agak Laen
7.6

မလည်ရှုပ် ၄ ယောက် (၂၀၂၄) မကျန်းမာတဲ့အမေကို စောင့်ရှောက်ပေးနိုင်ဖို့၊ လောင်ကစားကြွေးတွေ ပြန်ဆပ်နိုင်ဖို့ နဲ့ ချစ်ရသူကို လက်ထပ်နိုင်ဖို့ စတဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ လက်ရှိနုံချာလွန်းလှတဲ့ဘဝကို ပြောင်းလဲပစ်နိုင်ဖို့အတွက် သူငယ်ချင်း တွေဖြစ်ကြတဲ့ ဘင်၊ ဘိုရစ် ၊ ဂယ်လ် နဲ့ အိုကီ တို့လေးယောက်ဟာ ညဈေးက သရဲခြောက်တဲ့အိမ်မှာ အတူတူ ကြိုးစားလုပ်ကိုင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အလည်လာကြတဲ့ဧည့်သည်တွေကို စိတ်ဝင်စားဖွယ် ခြောက်လန့်ဆွဲဆောင်မှုတွေ မလုပ်ဆောင်နိုင်တဲ့အတွက် ပိတ်သိမ်းလိုက်ရတော့မယ့်အခြေအနေနဲ့ ကြုံကြိုက်နေကြရပါတယ်။ အဲ့လိုအခြေအနေမှာ သူတို့ရဲ့ သရဲခြောက်တဲ့အိမ်ကို မထင်မှတ်ဘဲ ဝင်ရောက်အလည်လာတဲ့ ဧည့်သည်တစ်ယောက်ကို သူတို့ ကြိုးစားပြီး ခြောက်လန့်ပေးခဲ့ကြရာမှာ ကံဆိုးစွာနဲ့ ထိုဧည့်သည်ဟာ နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ လိမ်လည်မှုနဲ့ထောင်ကျခဲ့ရပြီး ပြန်လွတ်လာခဲ့သူ အိုကီက ထောင်ထဲ ထပ်မဝင်ချင်တဲ့အတွက် အလောင်းကို သရဲအိမ်မှာပဲ မြေမြှုပ်ဖုံးကွယ်လိုက်ဖို့ သူငယ်ချင်းတွေကို စည်းရုံးကာ မြေမြှုပ်ပစ်ခဲ့ကြပါတယ်။ မမျှော်လင့်ဘဲ သေဆုံးသူရဲ့ဝိညာန်က သရဲအိမ်မှာ ခြောက်လှန့်နေတဲ့အခါ သူတို့ရဲ့ သရဲခြောက်တဲ့အိမ်က နာမည်ကြီးလာပြီး လည်ပတ်လာသူဧည့်သည်များကို ဆွဲဆောင်နိုင်ခဲ့ကာ သူတို့ဘဝတွေ အတော်ကြီးအဆင်ပြေလာကြပါတယ် အဲ့အချိန်မှာပဲ ဒေသခံရဲတွေက လူပျောက်တိုင်ကြားမှုကြောင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်လာကြတဲ့အခါ သူငယ်ချင်းလေးယောက်က အလောင်းကို လက်စဖျောက်ဖုံးကွယ်ပစ်ဖို့ ဘယ်လိုတွေလုပ်ဆောင်ကြမလဲ သူတို့လေးယောက် ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုကနေ လွတ်မြောက်ကြပါ့မလား သူတို့ရဲ့ ရည်မှန်းချက်တွေပြည့်အောင် လုပ်ဆောင်နိုင်ကြပါ့မလား ဆိုတာကို ဒီအင်ဒိုနီးရှားဇာတ်ကားလေးမှာ ရင်ခုန် စိတ်ဝင်စားဖွယ်ရာ ကြည်ရှုကြရမှာ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horror Quality…. 1080p WEB-DL | 720p WEB-DL File size… 1.38GB | 729MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

War • Drama • History
7.6 2024
Agak Laen