YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Unpredictable Family (2023)EP82.WEB-DL1080P.MW(CM).mp4

577.03 MB N/A video/mp4 20 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Enough Said
6.7

Genre – Comedy, Romance, Drama IMDB – 7.0/10 အချစ်ကားလေးဆိုလို့ နုနုငယ်ငယ်လေးတွေ ဖလန်းဖလန်း ထကြတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကိုက ဇာတ်ကားနဲ့ ဒိုင်ယာလော့ခ်တွေကို ပိုပြီး စစ်မှန်စေတယ်လို့ ကျွန်တော်ကတော့ ခံစားရတယ်။ စိတ်ကူးယဉ်မဟုတ်ပဲ လက်တွေ့လောကကို ပိုပြီး မြင်ရသလိုမျိုးပေါ့။ ဇာတ်လမ်း ကတော့ အိမ်ထောင်ကွဲထားပြီး သမီးကိုယ်စီမွေးထားတဲ့ သက်လတ်ပိုင်းအရွယ်တွေရဲ့ ဘဝနေထိုင်မှုကို အသားပေးထား တာမျိုးပါ။ အီဗာဆိုတဲ့အမျိုးသမီးကတော့ ကွာရှင်းထားတာ ၁၀ နှစ်ရှိနေပြီ သမီးလေးကလည်း ကောလိပ်သွားတက်ရတော့မယ် သူကိုယ်တိုင်ကလည်း သူများကိုနှိပ်နယ်ပေးရတဲ့ ပရော်ဖက် ရှင်နယ် အနှိပ်သည်တစ်ယောက်ပေါ့လေ။ တစ်ဖက်က အဲဘတ်ကကျ ကွာရှင်းထားတာ ၄ နှစ်လောက်ရှိပြီ သမီးကလည်း ကောလိပ်သွားတော့မယ် သူကကျ ရိုးရာသမိုင်း စာကြည့်တိုက်မှာ တီဗီအစီအစဉ် ထိန်းသိမ်းတာမျိုး လုပ်တဲ့လူ။ အီဗာက နှိပ်ပေးရင်းနဲ့ သူငယ်ချင်းရထားတာရှိတယ် ယောက်ျားမကောင်းကြောင်း အင်မတန်ပြောလေ့ရှိတဲ့ ကဗျာ ဆရာမ မယ်ရီအန်းပေါ့လေ။ ဒီလိုနဲ့ ပါတီတစ်ခုမှာ အီဗာနဲ့ အဲဘတ်တို့ တွေ့ခဲ့ကြပြီး နောက်ပိုင်း တွဲဖြစ်ခဲ့ကြပါတယ် အဲဘတ်က လူဝကြီးဆိုပေမဲ့ အီဗာ့အတွက် အဆင်ပြေခဲ့တယ်။ အဲဒီမှာပဲ တစ်ရက်ကျ အီဗာဟာ ကိုယ့်ချစ်သူအဲဘတ်ရဲ့ အရင်မိန်းမ ဆိုသူက ကိုယ်နှိပ်ပေးနေကြ ဘော်ဒါ မယ်ရီအန်းဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့…… ဘာတွေ ဆက်ဖြစ်ကြမလဲ ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဆန်ဆန်လေး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အနောက်တိုင်းရဲ့ အိမ်ထောင်ရေး ပြဿနာတွေ၊ ကလေးပြုစုပျိုးထောင်ရေးလေးတွေ၊ သူတို့ဆီက လက်တွဲဖော်ဆိုတာ ဘယ်လိုမျိုးဆိုတာတွေ သိရှိရစေမှာလည်း ဖြစ်ပါတယ်။ မင်းသမီးနေရာသရုပ်ဆောင် Julia ကတော့ မင်းသမီးလေး Anna Kendrick ကို အသက်ကြီး ထားတဲ့ပုံမျိုးပါ ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားပါတယ်။ မင်းသားနေရာက James Gandofini ဆိုရင် နာမည်ကြီး Soprano စီးရီးထဲမှာ Tony Soprano နေရာ ပွဲကြမ်းထား သလောက် ဒီထဲမှာတော့ သဘောကောင်းပြီး ကြင်နာ တတ်တဲ့လူဝကြီးအနေနဲ့ သဘာဝကျကျ ပါဝင်ထားပါတယ်။ File size…1.50GB / 689MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ..... Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action
6.7 2013 93 mins
Enough Said
Shaft
6.5

နက်ဖလစ်ကနေ ဆမ်မြူရယ် ဂျက်ဆန် ကားတစ်ကား အသစ်ထွက်လာပါတယ်။ Hitman bodyguard တုန်းက ရခဲ့တဲ့ ရသမျိုး ပြန်ရတာပါပဲ။ အခွီတွေရယ် အက်ရှင်ရယ် ပေါင်းထားတာပါ။ တကယ်ကို ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ရှက်ဖ်ထ်ဆိုတဲ့ ရဲဟောင်းကြီးဟာ ပေပေတေတေ လူ့ခွစာ အလွတ်စုံထောက်အဖြစ် အသက်မွေးပါတယ်။ သူ့ကို သည်းမခံနိုင်တော့လို့ စွန့်ပစ်သွားတဲ့ သူ့မိန်းမနဲ့အတူ သူ့သားလေး ပါသွားခဲ့တယ်။ ၂၅ နှစ်လောက် ကြာချိန်မှာတော့ သူ့ရဲ့ သားက အက်ဖ်ဘီအိုင်မှာ အလုပ်ရသွားပါတယ်။ တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်ကရော ရဲတွေရော မလိုက်နိုင် အမှုကြီးတစ်ခုကို ရှက်ဖ်ထ်ရဲ့ သားက ကိုုယ်တိုင်လိုက်ဖို့ ရှက်ဖ်ထ်ကို အကူအညီလာတောင်းပါတော့တယ်။ သူတို့ သားအဖနှစ်ယောက် နယူးယောက် ဟာလမ်မှာ ဘယ်လိုတွေသောင်းကျန်းပြီး ဘယ်လိုတလွဲတွေ လုပ်ကြမလဲ ကြည့်ရမှာပါ။ (Littleneo ဘာသာပြန်ပေးထားပါတယ်)

Drama • Mystery
6.5 2019 111 mins
Shaft
[18+] Assault! Jack the Ripper
6.2

Assault! Jack the Ripper (1976) 1976 မှာ Yasuharu Hasebe ရိုက်ခဲ့တဲ့ Roman Porno လိုင်းလက်ခွဲ “Violent Pink” အမျိုးအစားသုံးကားထဲက တစ်ကားဖြစ်ပါတယ်။ Genre နာမည်အတိုင်း ကြမ်းတမ်းတဲ့အသတ်အဖြတ်နဲ့ လိင်ကိစ္စအသားပေးဇာတ်ကားပါပဲ။ စားသောက်ဆိုင်ဝန်ထမ်းစုံတွဲတစ်တွဲ မတော်တဆလူသတ်အလောင်းဖျောက်မိရာကနေ လူသတ်ခြင်းဟာ သူတို့အတွက် လိင်ရမ္မက်ကို ပိုမိုထက်သန်စေကြောင်းသိရှိသွားပြီး မိန်းမလှလေးတွေကို ရည်ရွယ်ချက်ရှိရှိလိုက်လံသတ်ဖြတ်တဲ့ ကွင်းဆက်လူသတ်သမားတွေဖြစ်လာခဲ့ရပုံကိုရှုစားရမှာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီး Tamaki Katsura ဟာ ဒီဇာတ်ကားနဲ့ ‌Mainstream ကားတွေကိုဆုပေးတဲ့ Japan Academy Prize မှာ အကောင်းဆုံးမင်းသမီးအဖြစ် ဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 680MB Quality – 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 12Min Genre – Crime, Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

6.2 1976 71 mins
[18+] Assault! Jack the Ripper
A Chinese Fairy Tale A Chinese Ghost Story
5.6

မိစ္ဆာမလေးနဲ့ ခပ်အအ လူငယ်လေးရဲ့ လောကတစ်ဖက်ခြား အချစ်ဇာတ်လမ်းလေးဟာ သိပ်ကိုလှပပြီး လွမ်းတရင်ဆို့ဖွယ်လေးပေါ့ဗျာ။ ကဝေမကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ယောက်ျားတွေကို မြူစွယ်လို့ ဝိညာဉ်အာဟာရ ရှာပေးရတဲ့ မိစ္ဆာမလေးတွေရဲ့ ဂန္ဓာလရာဇ် တစ်ထောင့်တစ်ညပုံပြင်လေးတစ်ခု။ ဒီဇာတ်ကားကို Joey Wong နဲ့ စတင်ရင်းနှီးခဲ့ရတာ။ လေပေါ်မှာလွင့်မြောနေပြီး ပိတ်စပါးပါးလေးတွေတလွင့်လွင့်နဲ့ သူ့ရဲ့အလှက ရွှေစင်ကို သကြားမင်းကိုယ်တိုင် ထုဆစ်ထားသလိုပါပဲ။ အဲဒီဇာတ်ကားဟာ သိပ်ကိုအောင်မြင်လွန်းလို့ ဟောင်ကောင်ရုပ်ရှင် ဂန္ထဝင်ဇာတ်ကား ၁၀၀ ထဲမှာ နံပါတ် ၅၀ ချိတ်ခဲ့တာပေါ့။ ဒါနဲ့ပဲ အဆက် ၂ ကား၊ animated ရုပ်ရှင်တစ်ကား၊ တီဗီ series တစ်ခုနဲ့ အခုတင်ဆက်ပေးမယ့် ၂၀၁၁ remake ဇာတ်ကားတို့ အဆင့်ဆင့်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ မကောင်းဆိုးဝါးမလေး စုစင်း နေရာမှာ Lui Yifei (ဂူးဂူး) ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂူဂူးရယ်လို့ ထင်ရှားလှတဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေးဟာ ဒီဇာတ်ကားမှာတော့ Joey Wong ရဲ့လောင်းရိပ်အောက်က ဖောက်မထွက်နိုင်ခဲ့ပါဘူး။ ဘယ်လိုပဲပြောပြော၊ မူလ A Chinese Ghost Story ရဲ့ဇာတ်ကွက်နဲ့ ကျောရိုးကိုဖောက်ထွက်ပြီး ရသအသစ်တွေကို ထပ်ပေးနိုင်တဲ့ကားဖြစ်ပါတယ်။ အချစ်မှာကန့်သတ်ချက်တွေမရှိဘူးဆိုကြပေမယ့် သဘာဝခြင်း ကွာခြားလှတဲ့လူသားနဲ့မိစ္ဆာလောက ၂ခုကြားမှာ လွမ်းမောဖွယ်အဖြစ် တည်ရှိနေမယ့် အချစ်တစ်ခုကိုမြင်တွေ့ရတာဟာ လက်တွေ့ဘဝတွေထဲမှာ အချစ်ကိုဖွေရှာခြင်းလို ရင်ကိုထိရှစေခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိထားပြီးသားပါ။ မကောင်းဆိုးဝါးမလေးတွေကို ကဝေမကြီးကထိန်းချုပ်ပြီးခိုင်းစား။ ခပ်အအ လူငယ်လေး သူတို့ဆီရောက်လာ။ စုစင်း နဲ့တွေ့။ ချစ်မိသွား။ စုစင်း က သူ့ကိုကာကွယ်။ တာအိုဆရာတွေနဲ့ ကဝေမကြီးနဲ့ချ။ နိုင်ချွေးစန် ဆိုတဲ့ ခပ်အအလူငယ်လေး ကဝေမကြီးလက်က စုစင်းရဲ့ ခန္ဓာကိုယ်ကို ခိုးယူပြီး ထွက်ပြေးကြတဲ့ဇာတ်လမ်းပါပဲ။ ကဲ။ သရဲကားကို စောင်ကိုက်ပြီး ကြည့်ကြရအောင်လား‌ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်)

Horror • Romance
5.6 2011
A Chinese Fairy Tale A Chinese Ghost Story
Mindhorn
6.3

စုံထောက်အမှုလိုက်ဟာသဇာတ်လမ်းလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးဟာသတွေ စိတ်လှုပ်ရှားစရာဇာတ်ကွက်အစုံကို ရုပ်တည်ကြီးနဲ့သရုပ်ဆောင်ပြသွားတဲ့ဇာတ်လမ်းလေးပါ…။ ဇာတ်လမ်းအကျဥ်းလေးကတော့… ရစ်ချက် သွန်းခရက်ဟာ ၁၉၈၀ ပြည့်နှစ်များဆီက ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ…။ သူနာမည်ကြီးခဲ့တဲ့ရုပ်ရှင်နာမည်က အမှန်တရားကို မြင်နိုင်တဲ့ “စက်မျက်စိ စုံထောက်မိုင်းဟွန်း”…. ရုပ်ရှင်ကအောင်မြင်ခဲ့ပေမယ့်လည်း ရစ်ချက်ဟာ ဘဝင်မြင့်အောက်ခြေလွတ်ပြီး လေကြီးလေကျယ်ပြောတတ်တဲ့သူဖြစ်လေတော့ လက်ရှိကာလမှာ ဘယ်သူမှ သူ့ကိုရုပ်ရှင်ခေါ်မရိုက်ကြတော့ပါဘူး…။ ဒီတော့ ရစ်ချက်ခမျာ အလုပ်လက်မဲ့ မင်းသားအဖြစ်ပေတေလေလွင့်နေရတာပေါ့… ကံကောင်းချင်တော့ ရစ်ချက်ရဲ့ မွေးရပ်မြေကျွန်းလေးမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ်…။ လူသတ်တရားခံက ရဲတွေဆီဆက်သွယ်ပြီးတော့ သူနဲ့ညှိနှိုင်းချင်ရင် စုံထောက်မိုင်းဟွန်းကိုခေါ်ပေးလို့ပြောပါတယ်…။ စုံထောက်မိုင်းဟွန်းဆိုတာ လက်တွေ့ဘဝမှာတကယ်မရှိတဲ့အတွက် ရဲတွေလည်း ကြံရာမရမယ့်အတူတူ စုံထောက်မိုင်းဟွန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ရစ်ချက်ကိုပဲ အကူအညီလှမ်းတောင်းပါတယ်… ရစ်ချက်ကလည်း အလုပ်မရှိတဲ့အပြင် တီဗီထဲကစုံထောက်က တကယ့်စုံထောက် စစ်စစ်တွေကိုကူညီပြီးအမှုဖြေရှင်းနိုင်ရင် နာမည်ကြီးမှာပဲဆိုပြီး လက်ခံလိုက်ပါတယ်…. စိတ်ကူးယဥ်ရုပ်ရှင်ဇာတ်ကောင်တဖြစ်လဲ စုံထောက်မိုင်းဟွန်းတစ်ယောက် လက်တွေ့ဘဝမှာ ဘယ်လိုအမှုလိုက်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်….။ File size…1.51GB / 712MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action
6.3 2016
Mindhorn
Citizen of a Kind
7

Citizen of a Kind(2024) ********************* ၂၀၁၆ ခုနှစ် ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ voice phishing အမှုရဲ့ နစ်နာသူ “အဝတ်လျှော်ဆိုင်ပိုင်ရှင် အဒေါ်ကြီးဂင်ဆောင်းဂျာ”အကြောင်းကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ် – ဇာတ်လမ်းအကျဉ်း – အိမ် မီးလောင်မှုကြောင့် ချေးငွေယူဖို့ လိုက်စုံစမ်းနေတဲ့ အဒေါ်ကြီးဂင်ဒေါ့ဟီဆီကို တစ်နေ့မှာတော့ ဟွာဆောင်းဘဏ်က လက်ထောက်မန်နေဂျာဆွန်းဆိုသူက ချေးငွေယူလို့ ရနိုင်ကြောင်း ဖုန်းဆက်လာပါတယ် ချေးငွေထုတ်ဖို့အတွက် လိုအပ်တယ်ပြောပြီး ဝန်ဆောင်ခတောင်းတဲ့ လက်ထောက်ဆွန်းဆီကို ပိုက်ဆံ‌ပို့ပေးလိုက်တဲ့ ဒေါ့ဟီဟာ ဒါက voice phishing လိမ်လည်မှုဖြစ်မှန်း အချိန်နှောင်းမှ သိလိုက်ရပါတယ်…. ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးပြီး ကလေးတွေနဲ့အတူ လမ်းမပေါ်ထွက်နေရတော့မဲ့ကိန်းဆိုက်နေတဲ့ ဒေါ့ဟီဆီကို လက်ထောက်ဆွန်းက ဖုန်းပြန်ဆက်လာပါတယ်….. ဒီတစ်ခါမှာကတော့ ကယ်တင်ပေးပါဆိုပြီး ဆက်တဲ့ဖုန်းပါ ရဲတွေလည်း လက်လျှော့ထားရတဲ့အမှုဆိုတော့ ဒေါ့ဟီက လက်ထောက်ဆွန်းကိုလည်း ကယ်တင်ရင်း ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်ရှာမယ်ဆိုတဲ့စိတ်နဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်မသုံးယောက်နဲ့တူ တရုတ်နိုင်ငံ ချင်းတောင်မြို့ဆီကို ရောက်သွားတဲ့အခါမှာတော့… ဂင်ဒေါ့ဟီက voice phishing အမှုရဲ့ခေါင်းကိုင်ကို ဘယ်လိုရှာဖွေဖမ်းဆီးသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် အဓိကဇာတ်ဆောင်တွေအနေနဲ့ကတော့ The Good Bad Mother ထဲမှာ ယောက္ခမနဲ့ ချွေးမအဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသမီးကြီး Ra Mi Ran နဲ့ မင်းသမီး Ahn Eunjin နောက်ပြီး မင်းသားချော Gong Myung တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်….. အညွှန်းကိုတော့ အပျိုကြီး Hnin Wai Ooကရေးသားပေးထားပါတယ်… File size…1.65GB/ 732MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 54min Genre …..Action, Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Miri,Treasure Htet , ChitThe & Hnin Wai Oo

7 2024
Citizen of a Kind
Love, Death and Cat
5.7

တာ့ထန်ခေတ်အချိန်မှာ တိုင်းပြည်တိုးတက်ဝပြောတဲ့အတွက် လူတွေရေ ာ မိစ္ဆာတွေရော ပျော်ပါးကြချိန်ဖြစ်ပါတယ်။ ၁၆ နှစ်အရွယ် နတ်ဆရာလေး ဟွိုင်ရှန့်ဟာ ဆရာနဲ့အတူ လော့ယန်မြို့ကြီးကို ရောက်လာခဲ့ပါတယ်။ တာ့ထန်ခေတ်ရဲ့ လော့ယန်မြို့ကြီးဟာ ညလုံးပေါက် မီးထိန်ထိန်လင်းနေပါတယ်။ အကရုံထဲမှာ သခင်လေးကုံးဟာ ငယ်စဉ်အခါက တစ်ဖက်သတ်ချစ်ရသူကို ပြန်တွေ့ခဲ့ပါတယ်။ သူချစ်နှစ်သက်တာက အဲ့ဒီလူရဲ့အရေပြားလား အရေပြားထဲက နှစ်တစ်ရာကြောင်ကြီးကိုလား…… အလောင်းရုံထဲမှာ ကြောင်နက်လေးတစ်ကောင်က အမြီးကိုဖြတ်ပြီး ကျေးဇူးရှင်ရဲ့ အသက်ကို ကယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူပြန်ရတာက တစ်သက်တာအချစ်ခံရခြင်းလား လောဘကြောင့် သစ္စာဖောက်ခြင်းလား…… ရေမြောင်းပုပ်ထဲက ကြွက်မိစ္ဆာလေးက ကြောင်မိစ္ဆာလေးကို ချစ်မိသွားတယ်။ သူ့စိတ်ကူးထဲက ပျော်ရွှင်မှုတွေဖြစ်လာမလား ကံကြမ္မာရဲ့ အပြောင်းအလဲက ကြိုဆိုနေမလား…… ဆိုတာကို မိစ္ဆာရဲ့ သဘာဝဗီဇနဲ့ လူတွေရဲ့ သဘာဝဗီဇကို သရုပ်ဖော်ထားတဲ့ ကြောင် ၃ ကောင်ရဲ့ ပုံပြင်လေးကို အတူတကွ ကြည့်ရှုခံစားလိုက်ရအောင်နော်။

Drama
5.7 2024
Love, Death and Cat
Sanam Teri Kasam
7.3

Sanam Teri Kasam (2016) ================= imdb 7.6/17k 2016ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဇာတ်အိမ်ရိုးရိုးလေးနဲ့ ကြည့်ဖူးသူတိုင်း မျက်ရည်မကျရင်တောင် ရင်ထဲထိစေမဲ့ ဇာတ်လမ်းလေးတပုဒ်ကို quality udpateရင်း ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်…. ရှေးရိုးစွဲတွေရှိလွန်းတဲ့ အာရှယဉ်ကျေးမှုကြား လူငယ်စုံတွဲတွေ အသည်းခဏခဏကွဲရတာကို စာအုပ်ထဲမှာဖြစ်စေ အပြင်လောကမှာဖြစ်စေ ကိုယ်တွေ့ဖြစ်ဖြစ် ကြုံဖူးကြမှာပါ ဒီရုပ်ရှင်လေးကလဲ ရှေးရိုးစွဲတွေနဲ့ အပေါ်ယံပုံစံကိုပဲ ကွက်မြင်တတ်တဲ့ လူမျိုးတွေကြောင့် နာကျင်ခဲ့ရတဲ့ ချစ်သူစုံတွဲလေးကို ရိုးရိုးရှင်းရှင်းရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပါ… ဇာတ်လမ်းသဘောကိုတော့ အားလုံးသိပြီးသားပဲမလို့ အထူးတလည် ညွှန်းဆိုပြန်ရေးမပြနေတော့ပါဘူး. Quality ကိုလဲ Blu Ray ပြန်လည်တင်ဆက်ထားတာမို့ သိမ်းထားဖို့ပဲဖြစ်ဖြစ် မိုးအေးအေးနဲ့ခံစားချင်လို့ပဲဖြစ်ဖြစ် ပြန်လည်ဒေါင်းလော့ဆွဲပြီး ကြည့်ရှုခံစားကြည့်ဖို့တော့ ညွှန်းလိုက်ပါရစေ

Drama
7.3 2016
Sanam Teri Kasam
Deathwatch
5.9

Deathwatch (2002) IMDb Rating (5.9) ပထမကမ္ဘာစစ်ကာလကို အခြေခံပြီးရိုက်ထားတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်သားအချို့ အဖွဲ့ကွဲ၍ ဂျာမန်ရှေ့တန်းတပ်စခန်းတစ်ခုကိုရောက်သွားသောအခါ တပ်စခန်းမှာ ဂျာမန်စစ်သားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပါတယ်။ ဗြိတိသျှစစ်သားများက ပုန်းခိုနေနိုင်မည့် နောက်ထပ်ဂျာမန်တပ်သားတွေကို ရှာဖွေရင်း ထူးဆန်းတဲ့အဖြစ်ပျက်တွေတစ်ခုပြီးတစ်ခုဖြစ်ကာ အဖွဲ့သားအချင်းချင်းရန်လိုမှုတွေ စတင်ဖြစ်ပွါးလာပါတယ်။ ရန်သူ့နယ်မြေမှာ လမ်းပျောက်နေတဲ့ ဗြိတိသျှတပ်သားအဖွဲ့ အန္တရာယ်ကင်းကင်းနဲ့ပြန်ထွက်သွားနိုင်ပါ့မလား သူတို့အဖွဲ့ကိုနှောင့်ယှက်နေတဲ့ ထူးဆန်းတဲ့အရာကရော ဘာဖြစ်မလဲ စသည်ဖြင့် သည်းထိပ်ရင်ဖိုကြည့်ရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(1.6 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller, War Duration….01:35:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

5.9 2002 94 mins
Deathwatch
La Cocina The Kitchen
7.2

La Cocina (2024) IMDb Rating (7.2) / Rotten Tomatoes (72%) ဒီရုပ်ရှင်ရဲ့နာမည် La cocina (The Kitchen )ကို စတွေ့တော့ စိတ်ထဲထင်လိုက်တာက ဟင်းချက်တဲ့ရုပ်ရှင်ဖြစ်ကောင်းဖြစ်မယ်ပေါ့။ ပိုစတာကြည့်တော့လည်း စားဖိုဆောင်ထဲက ရိုမန့်လိုလိုဘာလိုလို ပိုစတာမျိုးပဲ။ အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲသွားတယ်ပြောရမှာပဲ။ ဇာတ်ရဲ့နေရာက အမေရိကန်ပြည်ထောင်စုကြီးရဲ့ အချက်အချာအကျဆုံးမြို့ဖြစ်တဲ့ နယူးယောက်ရဲ့ အချက်အချာအကျဆုံးနေရာဖြစ်တဲ့ Times Square။ စီးပွားရေး ဖျော်ဖြေရေး တိုးရစ်ဆွဲဆောင်ရေး ဒီနေရာမှာ အရာအားလုံးစုနေတယ်။ ၂၄နာရီလုံး မီးရောင်စုံတွေ ဒစ်ဂျစ်တယ်ဆိုင်းဘုတ်တွေနဲ့ လင်းထင်းနေတဲ့နေရာပေါ့။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ အဲဒီအရောင်တွေတစ်ခုမှမြင်ရမှာမဟုတ်ဘူး။ တစ်ကားလုံးနီးပါးအဖြူအမဲနဲ့ပဲ ပြထားတယ်။ သူ့မြို့ပြရဲ့ ရှုပ်ထွေးမှုကိုတော့ focusမငြိမ်တဲ့ ရိုက်ချက်တွေနဲ့ ပြထားတယ်။ ဒီရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ စားဖိုဆောင်က Times Squareက ကြက်ပျံမကျ လူစည်တဲ့ The Grillလို့ခေါ်တဲ့ စားသောက်ဆိုင်ကြီးတစ်ခုရဲ့ မြေအောက်ထပ်ပါပဲ။ The Grillရဲ့ စားဖိုဆောင်ထဲ အလုပ်လုပ်တဲ့ စားဖိုမှူးတွေ ဟင်းချက်သမားတွေ အများစုက အမေရိကထဲကို တရားမဝင်ခိုးဝင်လာတဲ့ မက္ကဆီကန်တွေ။ သူတို့မှာ ဗီဇာမရှိသလို ဒီအမေရိကကိုရောက်လာဖို့ သူတို့ရဲ့အရာအားလုံးကို ရင်းထားရတဲ့လူတွေ။ ပြောရရင် ပြန်ဆုတ်စရာ လမ်းမရှိတဲ့လူတွေ။ ကြက်ပျံမကျလောက်အောင် ဝိုင်းအပြည့်နဲ့ စည်ကားတဲ့ စားသောက်ဆိုင်တွေမှာ တစ်ခါတလေတော့ ခင်ဗျားတို့ ကျွန်တော်တို့ ထိုင်ဖူးကြမှာပါပဲ။ တစ်ဝိုင်းကမှာလိုက် တစ်ဝိုင်းက ထသွားလိုက် နောက်တစ်ဝိုင်းက ပြန်ဝင်လိုက် ဟင်းပွဲတွေတစ်ပွဲပြီးတစ်ပွဲ မိုးပေါ်ကကျသလို ကျလာနေတဲ့ လူကျတဲ့အချိန်တွေဆို စားပွဲထိုးတွေတောင် ခြေချင်းလိမ်နေရတဲ့ ဆိုင်တွေပေါ့။ အဲဒီမိုးပေါ်က ကျလာသလို ဇယ်ဆက်ကြီးကျလာတဲ့ ဟင်းပွဲတွေရဲ့ နောက်ကွယ်က စားဖိုခန်းဟာ ဒီလိုအချိန်တွေဆို ခုတ်ဟယ် ထစ်ဟယ် ပြေးဟယ် လွှားဟယ်နဲ့ ဇယ်ဆက်သလို ချက်နေပြုတ်နေရတဲ့ အချက်သမားတွေ , အော်ဒါကောက်လိုက် လာပြောလိုက် ပြန်လာယူလိုက် အချက်သမားနဲ့ ကတောက်ကဆတ်ဖြစ်လိုက် ဗျာများနေတဲ့ စားပွဲထိုးတွေရဲ့ စိတ်ပင်ပန်းလူပင်ပန်း အလုပ်ခွင်ကြီးကို La cocinaမှာ စိတ်ညစ်စရာကောင်းလောက်အောင်ကို ပြထားတယ်။ ဘယ်အလုပ်မဆို ပင်ပန်းကြတာချည်းပေမဲ့ ဘယ်နေရာက စားဖိုဆောင်မဆို ဒီလိုပင်ပန်းကောင်း ပင်ပန်းနိုင်ပေမဲ့ ဒီစားဖိုဆောင်မှာ အလုပ်လုပ်နေတဲ့လူတွေက တရားမဝင် အလုပ်သမားတွေပါ။ ပြောဆိုဆက်ဆံနေရတဲ့ ဘာသာစကားလည်းမတူသလို အလုပ်ပြုတ်သွားရင်လည်း ဘဝပျက်သွားနိုင်တဲ့ သူတို့အတွက် စိတ်ပင်ပန်းတဲ့ ဒဏ်က ပိုပြင်းတယ်။ မများလှတဲ့လခနဲ့ အထင်သေးတဲ့အကြည့်တွေရဲ့ ဒဏ်ကလည်း တစ်ပိုင်းပေါ့။ ဒီစားဖိုခန်းထဲက လူအများစုက ဒီလိုလူတွေပဲ။ ဒါကိုလည်း ဒါရိုက်တာက ဇာတ်ကောင်တစ်ကောင်တည်းကိုပဲ ဦးတည်မှုသက်သက်ထားထားတာမဟုတ်ဘဲ ကျန်တဲ့ဇာတ်ကောင်တွေရဲ့ အခြေအနေကိုလည်း ပြသင့်သလောက်ပြသွားတယ်။ ပြောရရင် François Truffautရဲ့ The Last Metroထဲက ပြဇာတ်ရုံကို ပြသလို Alonso Ruizpalaciosက စားဖိုဆောင်ကိုပြထားတယ်။ တူညီတဲ့အခြေအနေအောက်က မတူညီတဲ့ဒုက္ခတွေ, မတူညီတဲ့အခြေအနေအောက်က တူညီတဲ့ဒုက္ခတွေ အစုံပေါ့၊။ ဒီမှာပဲဖြစ်ဖြစ် ဒီမှာမဟုတ်တဲ့တခြားဆီမှာပဲဖြစ်ဖြစ် ကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်စပ်သက်ဆိုင်နေတဲ့လူတွေပဲဖြစ်ဖြစ်အတွက် ဒီလိုအလားတူလုပ်ငန်းခွင်တွေဟာ ကျွန်တော်တို့ရဲ့ အရှိတရားတွေပဲဆိုတော့ ဒီအခြေအနေတွေအားလုံးက ကျွန်တော်တို့ဝင်ခံစားပေးလို့ရတဲ့ အခြေအနေတွေချည်းပဲ။ ဒါကြောင့်လည်း ဒီရုပ်ရှင်ရဲ့ပြကွက်တိုင်းနီးပါးက ကျွန်တော့်ရင်ထဲတော့ တော်တော်ရောက်ခဲ့တယ်။ ပိုဆိုးတာက ဇာတ်လမ်းစကတည်းက The Grillမှာ ဆိုင်ငွေဒေါ်လာ၈၀၀ပျောက်သွားတယ်။ အဲဒီငွေ၈၀၀ကို ခိုးတဲ့လူကို ဆိုင်ပိုင်ရှင်က မန်နေဂျာကို ရအောင်ရှာခိုင်းလိုက်တယ်။ မန်နေဂျာက တစ်ယောက်ပြီးတစ်ယောက်ကို စစ်မေးခဲ့တယ်။ မျက်နှာငယ်ရတဲ့အထဲ စွပ်စွဲခံရသလိုပါဖြစ်နေတော့ အကုန်အဆင်မပြေကြဘူးပေါ့။ ဒီဒဏ်ကို အဆိုးဆုံးခံရတာက အဓိကဇာတ်လိုက်ဖြစ်တဲ့ ပီဒရိုနဲ့ သူနဲ့ကြိုက်နေတဲ့ ဂျူလီယာ။ ဒီမတိုင်ခင်က ဂျူလီယာက ပီဒရိုနဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ လိုတဲ့ငွေ ၈၀၀ကို လိုက်ချေးခဲ့တယ်။ အဲဒီငွေကို ပီဒရိုက ရအောင်ရှာကြံထုတ်ပေးလိုက်တယ်။ ပမာဏလည်း တူနေတော့ သံသယက သူတို့ခေါင်းပေါ်တည့်တည့်ကျလာတယ်။ ဒီကြားထဲ ဆိုင်ပိုင်ရှင်က ပီဒရို့ကို မင်းအလုပ်လုပ်နေတာ နှစ်လည်းကြာနေပြီ မင်းကို တရားဝင်နေထိုင်သူဖြစ်အောင် ဗီဆာလျှောက်ဖို့ကူပေးမယ်ဆိုပြီး မျှော်လင့်ချက်အတုတွေပေးထားသေးတော့ ပီဒရို့မှာ သူခိုးလို့လည်းအထင်ခံရ မျှော်လင့်ချက်လေးကလည်းပျက် ၂ခါမကနာရင်း မကနာတဲ့ကြားက တခြားအဖြစ်ပေါင်းစုံပါ ထပ်ပေါင်းလာတဲ့အချိန် ပြုတ်ကျသွားတဲ့ ပီဒရို့အခြေအနေကို La cocinaမှာ အဓိကမြင်ရလိမ့်မယ်။ ပီဒရို့ဇာတ်ကောင်ကို တည်ဆောက်ထားပုံက‌ တော်တော်လေး သဘောကျစရာကောင်းတယ်။ စစမှာ သူ့ကို မကောင်းတဲ့လူတစ်ယောက်နီးနီး ပုံဖော်ထားတယ်။ နောက်ပိုင်း သူ့ကောင်းခြင်းဆိုးခြင်းကို အကဲဖြတ်ဖို့ခက်လာတယ်။ နှစ်ခုလုံး ရောပြွမ်းနေတယ်ပေါ့။ အဆုံးသတ်မှာ သူ့ကို ကျွန်တော်တို့စာနာမိတဲ့အချိန်မှာ သူနဲ့အတူတူ ကျွန်တော်တို့ပါ ပြုတ်ကျတော့တာပါပဲ။ တစ်နည်းပြောရရင် ဒီဇာတ်လမ်းဟာ ကမ္ဘာပြိုသူတစ်ယောက်အကြောင်းပေါ့။ La cocina ကို တစ်ကားလုံး အဖြူအမည်းနဲ့ ပြထားပေမဲ့ အရောင်ပါတဲ့ ဇာတ်ဝင်ခန်း နှစ်ခန်းတော့ရှိခဲ့တယ်။ အရောင်ဆိုပေမဲ့လည်း တစ်ရောင်တည်းတွေပါပဲ။ တစ်ခန်းကတော့ အပြာရောင်တွေမှိုင်းနေတယ်။ အပြာဆိုတာ ရမ္မက်ရဲ့အပြစ်တွေကို ကိုယ်စားပြုတဲ့အရောင်လည်းဖြစ်နေသလို ဒီအပြာကို ရမ္မက်တွေပြည့်နေတဲ့ ဇာတ်ဝင်ခန်းမှာပဲ သုံးထားတာဆိုတော့ ဒါတော့ရှင်းရှင်းလင်းလင်းပါပဲ။ အစိမ်းကိုတော့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ စကားနဲ့တစ်ခါပြောပြီး , ဇာတ်ဝင်ခန်းတစ်ခန်းမှာ အရောင်နဲ့တစ်ခါပြခဲ့တယ်။ အဲဒီဇာတ်ဝင်ခန်းမှာ သူတို့အလုပ်သမားတစ်အုပ်ဟာ အလုပ်နားချိန်မှာ တိုက်နောက်ဘေးလမ်းထဲ ထိုင်နေခဲ့ကြတယ်။ နားချိန်အထိကို တောက်ပနေတဲ့ Times Squareကြီးက သူတို့နဲ့မသက်ဆိုင်ဘဲ ညစ်ပေမှုန်မှိုင်းနေတဲ့ နောက်ဖေးလမ်းကသာ သူတို့နဲ့သက်ဆိုင်ခဲ့ပုံပါပဲ။ ထိုင်နေရင်း သူတို့တွေ တစ်ယောက်ကိုတစ်ယောက် အိပ်မက်တွေအကြောင်း ပြောပြကြတယ်။ သူတို့မက်တဲ့အိပ်မက်တွေဟာ တစ်ခုမှ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ ရိုးရိုးကုတ်ကုတ်လေးတွေချည်းပဲ။ အိမ်လေးတစ်လုံး နေရာလေးတစ်ခု ဘဝလေးတစ်ခု ဒီလောက်လေးတွေပဲ။ နောက်ဆုံးတစ်ယောက်ပြောတဲ့ အိပ်မက်ကတော့ ထူးခြားတယ်။ သူ့အမြင်အိပ်မက်ဆိုတာ သိပ်ကံကောင်းတဲ့လူတွေပဲ မက်နိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပုံပါပဲ။ အိပ်မက်ဆိုတာကိုတောင် မမျှော်လင့်ရဲတဲ့ အဆိုးဆုံးအခြေအနေတစ်ခုကိုရောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို သူပြောပြခဲ့တယ်။ နောက်ဆုံး အစိမ်းရောင်အလင်းတန်းတစ်ခုက အဲဒီလူကို ကယ်တင်သွားတဲ့အကြောင်း ပြောပြခဲ့တယ်။ အဲဒီလူရဲ့ဘဝမှာ အဆိုးဆုံးအခြေအနေကိုမရောက်ခင်တုန်းက အိပ်မက်တစ်ခုရှိခဲ့ဖူးမှာ သေချာပါတယ်။ အဆိုးဆုံးအခြေအနေကိုရောက်သွားတဲ့နောက် အိပ်မက်ကို သူမမျှော်လင့်ရဲတော့တဲ့ အခြေအနေရောက်သွားခဲ့တယ်။ ဒီအချိန်မှာ ဒီအခြေအနေက လွတ်မြောက်ဖို့မျှော်လင့်ချက်က အိပ်မက်အသစ်တစ်ခုလို ဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ သူ့တကယ့် အိပ်မက်တော့မဟုတ်တော့ဘူး။ အဲဒီအစိမ်းရောင်အလင်းတန်းဟာ အိပ်မက်ကို မမျှော်လင့်ရဲတော့တဲ့ ကျွန်တော်တို့အားလုံးအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဘဝတွေမှာလည်း အစိမ်းရောင်အလင်းတန်းတစ်ခု ရှိကောင်းရှိလာလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….02:19:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Family • Animation • Comedy
7.2 2024 139 mins
La Cocina The Kitchen
Last Night on Earth
5.5

ဒီတစ်ခါတော့ Sci-fi , Thriller အမျိုးအစားကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ပါ… ကမ္ဘာကြီးဟာသိပ်မကြာခင်မှာ ဂြိုလ်သိမ်တစ်ခုရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးရတော့မယ်ဆိုတာကို သတင်းဌာနတွေကရုတ်တရက်ကြေညာလိုက်တဲ့အချိန်မှာ စုံတွဲတစ်တွဲဟာသူတိုရဲ့နောက်ဆုံးနေ့ရက်တွေကို တောင်တန်းတစ်ခုပေါ်မှာ အတူကုန်ဆုံးဖိုဆုံးဖြတ် လိုက်ကြပါတော့တယ်.. တောင်တန်းပေါ်ရောက်ချိန်မှာ သူတိုမျှော်လင့်ထားသလိုမျိုး နောက်ဆုံးနေ့ရက်ကို နှစ်ယောက်သားအေးအေးလူလူ ဖြတ်သန်းနိုင်ပါ့မလားဆိုတာကိုတော့ ရုပ်ရှင်ကြည့်ရင်းပဲ ရှုစားလိုက်ကြပါ…….. File size… (1.04 GB) / (660 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

Action • Crime • Drama • Thriller
5.5 2024 86 mins
Last Night on Earth
Gladiator
6.5

Gladiator (1992) IMDb: 6.5/10 Shorts တွေ tiktok တွေမှာ ဗီဒီယိုအတိုလေးတွေအနေနဲ့ မြင်တွေ့နေကျ လူဖြူလူမဲ လက်ဝှေ့သမား ဖိုက်တာကားကို မြန်မာဘာသာပြန်နဲ့ တင်ဆင်ပေးလိုက်ပါပြီ။ ၁၉၉၂ကထွက်ရှိခဲ့ပြီး အတန်အသင့် ရေပန်းစားခဲ့တဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တွမ်မီရိုင်လီဆိုတဲ့ လူဖြူကောင်လေးဟာ ဖခင်ရဲ့စီးပွားရေး အဆင်မပြေမှုကြောင့် ချီကာဂိုမြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ သူတို့ကျောင်းမှာတော့ လူမျိုးပေါင်းစုံရှိပြီး လူမဲလူရမ်းကားတွေက ဂိုဏ်းတွေဖွဲ့ မိုက်ကြေးခွဲနေကြတာပါ။ ဒါပေမဲ့ တွမ်မီကတော့ အနေအေး စာတော်ပြီး သဘောရိုးဖြူစင်တဲ့ လူပါ။ ဒီလိုနဲ့ အတန်းထဲက လူမဲတချို့နဲ့ အခြေအတင်ဖြစ်ရာကနေ တစ်ဖက်က လူမဲဂိုဏ်းကြီးလိုက် ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ လူမဲဂိုဏ်းတွေကို ဦးဆောင်နေတာကတော့ ရှော့ကတ်နဲ့ လင်ကွန်းတို့ပေါ့။ အဲဒီထဲကမှ တွမ်မီလို လူဖြူလေးကို အမှုန့်ကြိတ်ချင်နေတာက ရှော့ကတ်ပါ။ ရှော့ကတ်နဲ့ လင်ကွန်းတို့ကတော့ မြေအောက်လက်ဝှေ့ကြိုးဝိုင်းမှာ နာမည်ကြီးလက်ဝှေ့သမားတွေဖြစ်ပြီး အချင်းချင်းလည်း တွေ့ရာသင်္ချိုင်းဓားမဆိုင်းပါပဲ။ တွမ်မီကတော့ ဘယ်သူ့ကြားမှဝင်မပါချင်တဲ့အတွက် ရှောင်နေသော်လည်း ရှော့ကတ်က ပြဿနာလိုက်ရှာတာကိုခံရပါတယ်။ သူတို့ရန်ပွဲကို အမှတ်မထင်တွေ့သွားတဲ့လူက မြေအောက်ပွဲစီစဉ်သူတွေထဲက တစ်ဦးဖြစ်တဲ့ ပက်ပီဂျက်ခ်ပါပဲ။ သူ့အတွက် ထိုးပေးမယ့် လူဖြူကောင်လေးလိုအပ်နေချိန်မှာ တွမ်မီရဲ့လက်ရည်ကို မြင်ခဲ့တာမို့ တွမ်မီကို တစ်ညလက်ဝှေ့ထိုးဖို့ ဒေါ်လာ၁၂၅၀နဲ့ညှိလိုက်ပါတယ်။ ဒါပေမဲ့ ထင်ထားတာထက် တွမ်မီက အရည်အချင်းပိုရှိနေတာကို မြင်တော့ လက်ဝှေ့ပွဲအဓိကဦးဆောင်သူ ဘော့စ် မစ္စတာဟောန်က တွမ်မီ့အဖေရဲ့ အကြွေးတွေကို ဆပ်ပေးပြီး တွမ်မီ့ကိုအကြွေးနဲ့ ကိုင်ပေါက်ပြီး ဆက်လက်ထိုးသတ်စေပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ တွမ်မီက မစ္စတာဟောန်လက်က ဘယ်လိုလွတ်မြောက်အောင် ရုန်းကန်မလဲ ရှော့ကတ်နဲ့ လင်ကွန်းတို့နဲ့ရော ဘယ်လိုတွေပတ်သက်မိမလဲဆိုတာ ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ File size… 5 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Action/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ko Wunna

Drama • History
6.5 1992 101 mins
Gladiator
Your Lie In April
6.8

ဧပြီလ… ဂျပန်နိုင်ငံမှာ ဆာကူရာပန်းလေးတွေ ဖွေးဖွေးလှုပ်လှုပ်နဲ့ ပွင့်နေချိန် မကြာခင်မှာပဲ ပန်းလေးတွေ ပြန်လည်ကျမလားဆိုတာကို အာရုံစိုက်နေချိန်မှာ… ဒီဇာတ်ကားလေးကတော့ ဆာကူရာပန်းတွေနဲ့ အလှကို အခြေခံထားတဲ့ အချစ်၊ သံသယ၊ နာကျင်မှု၊ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ် မင်းသား – ဂျပန်နာမည်ကြီးမင်းသား Yamazaki Kento က “ကိုးဆေး” အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ် ငယ်ငယ်ကတည်းက မိခင်ရဲ့သင်ကြားမှုကြောင့် စန္ဒရားကို အထူးကျွမ်းကျင်တဲ့ ကိုဆဲအိတစ်ယောက်ဟာ… တစ်နေ့မှာတော့ မိမိအကြိုက်ဆုံး စန္ဒရားတီးခြင်းကို စွန့်လွတ်လိုက်ရတယ် ဘာကြောင့်လဲ မထင်မှတ်ပဲ ကိုဆဲအိရဲ့ ဘဝထဲကို ဝင်ရောက်လာတဲ့ တယောဆရာမလေး “ခါအိုရီ” သူမက ဘယ်သူလဲ? သူမရဲ့ ရှိနေမှုက ကိုးဆေးရဲ့ ဘဝကို ပြန်လည်အလင်းရောင်ဖြစ်လာစေမလား? အဲဒီအချိန်မှာပဲ… ကိုးဆေးရဲ့ငယ်သူငယ်ချင်း “ဆုဘာကီ” ဟာ သူ့ကိုချစ်နေပေမယ့် မရနိုင်တဲ့အချစ်နဲ့ရင်ဆိုင်ရတယ် ကိုးဆေးရဲ့နှလုံးသားဟာ ဘယ်ဖက်ကိုဆုတ်သွားမလဲ ဂျပန်မန်းဂမှ ပြုပြင်ထားပြီး လူငယ်ပရိတ်သတ်တွေအကြား ထင်ရှားသံကြားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဆာကူရာပန်းပွင့်လှုပ်လှုပ်အချိန်မှာ မျှော်လင့်ချက်နဲ့အတူ နာကျင်မှုကိုလည်း ခံစားစေမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတယ် ထပ်ပြောနေရင် စပွိုင်းတယ်ဖြစ်မှာစိုးလို့ မပြောတော့ဘူး သေချာတာတစ်ခုကတော့ ဒီဇာတ်ကားလေးဟာ ရ င်ထဲတခုခုကျန်ထားစေမယ့် ကားကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ…

Drama • Crime • Thriller • Mystery
6.8 2016 122 mins
Your Lie In April