YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Unforgotten Night EP.5 [CM].mp4

552.9 MB N/A video/mp4 542 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Red Sorghum
7.2

~ IMDb - 7.3/10, Rotten Tomatoes - 85% ~ ကျန်းရိမူရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ တရုတ်စာရေးဆရာ Mo Yan ရဲ့ Red Sorghum ဝတ္တုထဲပါတဲ့ ဝတ္တုလတ်ငါးပုဒ်ထဲက ပထမ၂ပုဒ်ဖြစ်တဲ့ "Red Sorghum" နဲ့ "Sorghum Wine" ကို ပေါင်းပြီး ရိုက်ထားတယ်။ ဒီငါးပုဒ်လုံးက ဆက်တော့ဆက်နေပေမဲ့ တကယ်တမ်း စာရေးဆရာက မဂ္ဂဇင်းမှာ တစ်ပုဒ်ချင်းစီ ခွဲရေးခဲ့တဲ့ ဝတ္တုလတ်တွေဆိုတော့ ဝတ္တုလတ်၂ပုဒ်လို့ပြောရင်တော့ ပိုမှန်လိမ့်မယ်။ Red Sorghum ဟာ ကျန်းရိမူရဲ့ ပွဲဦးထွက်လက်ရာပေမဲ့ စီနီမာတိုဂရပ်ဖီကတော့ တော်တော်လေး ကြမ်းနေတာတော့ အံ့အားသင့်ဖို့ကောင်းတယ်‌ ပြောရမလိုလို မဆန်းသလိုလိုပါပဲ။ ဘာလို့ဆို ကျန်းရိမူဟာ ဒီကားမရိုက်ခင် စီနီမာတိုဂရပ်ဖာအနေနဲ့ ရုပ်ရှင်လောကမှာ အသက်မွေးဖူးတဲ့လူမို့ပါပဲ။ ဒါပေမဲ့ ဆန်းတာက ဒီကားဟာ ဒီကားရဲ့ စီနီမာတိုဂရပ်ဖာ Gu Changwei ရဲ့ ပထမဆုံး စီနီမာတိုဂရပ်ဖာလုပ်တဲ့ကားလည်း ဟုတ်နေတာပါပဲ။ ကျန်းရိမူရဲ့ Visionary ကြောင့်လားတော့မသိပါဘူး။ အရောင်အသွေး အလင်း အထားအသို အကုန်လှပနေတဲ့ ပုံရိပ်တွေနဲ့ ပြည့်နှက်နေတယ်။ စာအုပ်နဲ့ ယှဉ်ရင်တော့ အများကြီးဖြုတ်ချလိုက်သလိုတော့ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ကျန်းရိမူဟာ ရုပ်ရှင်တစ်ကားအနေနဲ့ အလှပဆုံးအသက်သွင်းထားတာဆိုတာတော့ အာမခံလို့ရတယ်။ ဇာတ်ကတော့ မြေးတစ်ယောက်က သူ့ဇာတိအကြောင်း သူ့အဘိုးအဘွားတွေအကြောင်းကို ပြန်ပြောင်းပြောတဲ့ဇာတ်လမ်းကို ကျွန်တော်တို့ နားထောင်ရသလိုဇာတ်ပဲ။ အဖြစ်မှန်တွေရော ယုံတမ်းလား မသေချာတာတွေရော ပေါင်းစပ်ပြီး ပြန်ပြောပြတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်လမ်းက သိပ်ရိုးရှင်းတယ်။ ဒါပေမဲ့ ဒီဇာတ်ရဲ့အလှကိုက ဒီရိုးရှင်းမှုဖြစ်နေပြန်တာပဲ။ အကြောင်းအရာ ပြန်အချိုးချကြည့်ရင် ဘာမှသိပ်ပါတာမဟုတ်ပေမဲ့ သူ့ပါတာလေးတွေနဲ့တင် အပိုအလိုမရှိ တည့်တည့်ဝင်ဆောင့်နိုင်တဲ့ အရှိန်အဟုန် အင်အားမျိုးရှိနေတယ်။ ကျန်းရိမူဟာ ပွဲဦးထွက်ကတည်းက တော်တော်အားကောင်းခဲ့တဲ့ ဒါရိုက်တာဖြစ်ကြောင်း သက်သေခံနေတဲ့ကားလို့ပြောရင်လည်း မမှားလောက်ဘူး။ ဒီကားဟာ ကျန်းရိမူရဲ့ ဂေါင်လီရဲ့ ပွဲဦးထွက်ကားလည်း ဟုတ်တယ်။ ဒီကားမှာ ဘာတွေမြင်ရမလဲမေးလာရင်တော့ ယုံတမ်းဆန်တဲ့လူ့ဘဝတွေ၊ ယုံတမ်းဆန်တဲ့ ရက်စက်မှုတွေအကြောင်းလို့ ဖြေရမှာပဲ။ ဒါပေမဲ့လည်း တစ်ခါတလေ ကျွန်တော်တို့ဘဝတွေရော ကျွန်တော်တို့တွေရောက ယုံရခက်လောက်အောင် ရက်စက်တတ်ကြတာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1GB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 31Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Drama • History • War
7.2 1988 91 mins
Red Sorghum
[18+] Fall Guy
2

အမြင့်ကြီးမှာပျံသန်းနေတဲ့ ခိုတွေကိုကြည့်ရင်း ဂျူးလီယပ်စ် နားမလည်နိုင်ဖြစ်ဖူးပါတယ်။ သူတို့ဟာ အဝေးကြီးလည်းသွားလို့ရတယ် အမြင့်ကြီးလည်းပျံနိုင်တယ်။ အတောင်ပံတွေရှိရက်နဲ့ ဒီဆင်းရဲသားရပ်ကွက်ထဲကို ဘာလို့ပြန်ရောက်လာလဲဆိုတာ သူနားမလည်နိုင်ဖြစ်တယ်။ '' ငါသာ ခိုတစ်ကောင်ဖြစ်ခဲ့ရင် ဒီနေရာနဲ့အဝေးကြီးကို ပျံသွားမယ် ဘယ်တော့မှ ပြန်မလာတော့ဘူး " လို့သူပြောပါတယ်။ ဂျူးလီယပ်စ်ရဲ့မိခင်က လွှတ်တော်အမတ်လူချမ်းသာတစ်ယောက်အိမ်မှာ အိမ်ဖော်လုပ်ပြီး ဂျူးလီယပ်စ်ကိုယ်တိုင်လည်း ကျွန်ဝယ်ရာအဆစ်ပါသလို အိမ်ကြီးရှင်သား ဖွန်ဇီရဲ့ လက်တိုလက်တောင်းအလုပ်တွေ လုပ်ရပါတယ်။ ချမ်းသာချင်တဲ့ ဂျူးလီယပ်စ်ဟာ သူဌေးသားနဲ့ အနီးကပ်ပေါင်းရင်း၊ အိမ်တွင်းက သူ့အသုံးအဆောင်တွေကို လစ်ရင်လစ်သလိုခိုးယူသုံးစွဲရင်း တစ်ခါတရံဘဝမေ့သွားတတ်တဲ့အတွက် သူ့အမေက သူ့ကိုသတိပေးရတတ်တယ်။ တစ်နေ့မှာတော့ နိုင်ငံခြားက ပြန်ရောက်လာတဲ့ ဖွန်ဇီ့ညီဝမ်းကွဲကို ဖွန်ဇီနဲ့အတူ သူတို့သူငယ်ချင်းဖြစ်သူရဲ့ပါတီတစ်ခုကို ဂျူးလီယပ်စ်လိုက်ပို့ရပါတယ်။ အဲဒီညမှာပဲ ဖွန်ဇီတို့သုံးယောက်ဟာ သူ့ညီဝမ်းကွဲရဲ့ကောင်မလေးကို အမူးလွန်ဆေးကွဲပြီး မုဒိမ်းကျင့်ရာကလက်လွန်ပြီးကောင်မလေးသေဆုံးသွားပါတော့တယ်။ သူတို့ကတော့ အဲဒီညမှာပဲ တစ်နေရာမှာ မူးပြီး အိပ်ပျော်နေတဲ့ ဂျူးလီယပ်စ်ကို ကောင်မလေး အလောင်းဘေးမှာချပြီး အကွက်ဆင်ခဲ့သလို သူ့အမေ လွှတ်တော်အမတ်နဲ့ သူ့သြဇာခံ ရဲတွေ ရှေ့နေတွေနဲ့မျက်မြင်သက်သေအားလုံးကို ငွေလမ်းခင်းပြီး ဂျူးလီယပ်စ်ကို အခိုင်အမာတရားခံအဖြစ် တွန်းပို့ကြပါတော့တယ်။ အခုချိန်မှာတော့ သူအထင်ကြီးနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းရဲ့ ယုတ်မာပက်စက်မှုတွေကို ဂျူးလီယပ်စ်ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ရပြီး အလွတ်ရုန်းရမယ့်အချိန်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 820MB Quality - 1080p, 720p Format - mp4 Duration - 1H 48Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Comedy
2 2023 106 mins
[18+] Fall Guy
The Insider
7.5

MDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်.. .ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့ Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် … အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်. .စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်း အထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်... .အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကို သိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်… ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်… .. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်... အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့ အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်... ….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်း လက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်…. ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့ အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်.. ..နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်… File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : Adventure, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae

Drama
7.5 1999 158 mins
The Insider
Pirates of the Caribbean: The Curse of the Black Pearl
7.8

ကျွန်တော်တို့ အသည်းကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး တစ်ယောက် 2003 ခုနှစ်မှ ာ ထွက်ခဲ့တဲ့ Pirates of the Caribean ထဲမှာ ဘာတွေ အလုပ်ရှုပ်ခဲ့တာလဲ ဆိုတာလေး ပြန်နွေးပါရစေ.. ဒီထဲမှာ မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်စဉ်က သင်္ဘောပေါ်ကနေ ပင်လယ်ထဲ ငေးရင်း ကောင်လေးတစ်ယောက် မျောလာတာကနေ ဇာတ်လမ်းစထားတာပါ... သူတို့ ကြီးပြင်းလာတဲ့အခါ ရေထဲမျောပါလာတဲ့ ဝေလ်တန်နာဆိုတဲ့ကောင်လေးက ပန်းပဲဖိုက သာမန်ပန်းပဲသမားလေးတစ်ယောက် ဖြစ်လာပါတယ်..  ဒါပေမဲ့ သူ့မှာလဲ လျှို့ဝှက်တဲ့ နောက်ကြောင်းက ရှိနေပြန်ရော... တစ်နေ့မှာ အဲလစ်ဇဘတ်သ်ကို ကပ္ပတိန်ဘာဘိုဇာက ပြန်ပေးဆွဲသွားတယ် ဘာဆိုဇာဆိုတဲ့ သူကတော့ ရတနာသိုက်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂျက်နဲ့ သဘောထားကွဲလွဲတော့ ဂျက်ဆီကနေ ပုလဲနက်ကို လုသွားတဲ့ကောင်ပေါ့.. ဖြစ်ချင်တော့ ဘာဘိုဇာနဲ့ သူ့တပည့် သင်္ဘောသားတွေဟာ ရှေးဟောင်းကျိန်စာတစ်ခုကို မိနေပြီး အသက်လည်း မရှင်နိုင် သေလည်း မသေနိုင်တဲ့ကောင်တွေ ဖြစ်နေကြပါတယ်... အဲဒီကျိန်စာကို ဖျက်ဖို့ သွေးနဲ့ ယစ်ပူဇော်ရမှာပါ သူတို့တွေက ကျိန်စာပြယ်ဖို့ ကြိုးစားရင်း ဂျက်နဲ့ ပြန်ဆုံကြပြီး ဘာတွေ အလုပ်ရှုပ်ကြလဲ ဇာတ်ကားထဲမှာသာ ဆက်ကြည့်လိုက်ကြပါ... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi Lwin  ကရေးသားပေးထားပါတယ်.. File Size :(6.94GB) (3.71GB) and (1.2GB) Quality : Blu-Ray4k.HEVC.AC3, 1080p 5.1CH,720P Format…mp4 Duration…02:23:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Drama • History • Music
7.8 2003 143 mins
Pirates of the Caribbean: The Curse of the Black Pearl
Transit
6.6

ငါတို့ဟာ တရွေ့ပြီးတရွေ့ ငါတို့ဟာ တငွေ့ငွေ့ ငါတို့ဟာ ဘယ်ရထားမှာလွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာခဲ့သလဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။ ဆရာကြီးအောင်ချိမ့်ရဲ့ ကဗျာထဲကလိုပဲ။ ကိုယ့်ဘဝမှာ ကိုယ့်အနား တစ်သက်လုံးခေါ်မထားနိုင် တဲ့သူ (ဒါမှမဟုတ်) သူ့အနားမှာ ကိုယ့်ကို တစ်သက်လုံးလက်မတွဲနိုင်သူတွေကို ဘယ်လိုမျိုးအလွဲခံပြီး၊ ဘယ်လောက်များဒုက္ခအရောက်ခံပြီး ချစ်ခဲ့ဖူးပါသလဲ။ တစ်ချိန်ချိန်မှာ ခွဲရမယ်မှန်းသိသိနဲ့ မျဉ်းပြိုင် နှစ်ကြောင်းလို မဆုံအောင်လုပ်မှာလား၊ ဆုံပြီးမှဝေးရတဲ့ မျဉ်းဆုံလိုမျိုး ကြုံချင်သလား တစ်ခါတရံ ဝေခွဲမရဖြစ်ခဲ့ဖူးပါသလား။ ဒီဂျာမန် အချစ်ကားလေးထဲမှာတော့ ဒီလိုမျိုး ခံစားချက်တွေရဲ့ လေးနက် ပြင်းထန်မှုကို လှလှပပဖော်ကျူးထားပါတယ်။ ဇာတ်လမ်းကို ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်တွေ ပြင်သစ်ဝင်သိမ်းတဲ့နောက်ခံအခြေအနေကို ယနေ့ခေတ်ပုံစံနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂျော့ဂ်ျဟာ တေလေတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတစ်ယောက် အကူ အညီ တောင်းတာကြောင့် ပြည်ပကိုထွက်ပြေးဖို့ကြိုးစားနေတဲ့ နာမည်ကြီးဂျာမန်စာရေးဆရာဝိုက်ဒယ်လ် ကို သူပုန်းတဲ့နေရာမှာသွားတွေ့ပြီး စာ(၂)စောင် သွားပေးပါတယ်။ ဒါပေမယ့် ဝိုက်ဒယ်လ်သေနေသွားတဲ့အတွက် မာဆေးလ်မြို့အထိသွားပြီး ဒီသတင်းကို သူ့မိတ်ဆွေတွေဆီပေးဖို့ဖြစ်လာပါတယ်။ မာဆေးလ်မြို့ကို အရောက်မှာ သူဟာ မိန်းမတစ်ယောက်နဲ့ ကလေးငယ်လေးတစ်ယောက်ကို ချစ်မိသွား၊ သံယောဇဉ်တွယ်မိသွားပါတယ်။ အဲဒီ အချစ်စိတ်၊ သံယောဇဉ်စိတ်တွေနဲ့ သူ့ရဲ့ အတ္တတစ်ကိုယ်ကောင်းဆန်မှုတို့ လွန်ဆွဲကြပါတော့တယ်။ သူရဲ့အတ္တကပဲ အနိုင်ရမလား၊ အချစ်စိတ်ကပဲ အောင်ပွဲခံ အသာရသွားမလားဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဗျာ။ နောက်ပြီး ဒီဇာတ်ကားက ဆုကြီး ၉ဆုတောင်ရရှိထားပါတယ်.. File Size : (1.2GB) and (496 MB) Quality : Blu-Ray  1080P, 720p Format…mp4 Duration…01:41:00 Genre : Sci-Fi, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Ko Myo (Kop) Encoded by Phyo Pyae

Action • Thriller • War
6.6 2018 101 mins
Transit
Sputnik
6.5

IMDb rating 6.3နဲ့ Tomatoမှာ 89%ရထားတဲ့ ရုရှားသိပ္ပံကားကောင်းလေးတစ်ကားပါ။ ရုရှားအာကာသယာဉ်မှူးနှစ်ယောက်ကို အာကာသထဲကိုစေလွှတ်လိုက်ပေမယ့် ပြန်ဆင်းသက်လာချိန်မှာ အက်ဆီးဒင့်တစ်ခုဖြစ်ပြီး အာကာသယာဉ်မှူးတစ်ယောက်သေပြီး နောက်တစ်ယောက်ရဲ့ကိုယ်ထဲမှာတော့ဂြိုလ်သားတစ်ကောင်ပါလာပါတယ်။ အဲ့ဂြိုလ်သားကို အာကာသယာဉ်မှူးကိုယ်ထဲမှ ခွဲထုတ်ဖို့ကြိုးစားပေမယ့် ဂြိုလ်သားမရှိရင်အာကာသယာဉ်မှူးက ကျန်းမာရေးအလွန်ဆိုးရွားသွားပါတယ်။ ဒါကြောင့် လူထုကိုလည်းမသိစေပဲနဲ့ စစ်ဘက်ကသူတွေရယ် ဆရာဝန်မတစ်ယောက်ရယ်က အာကာသယာဉ်မှူးအသက်အန္တရာယ်မဖြစ်စေပဲနဲ့ သူတို့ကိုခွဲထုတ်လို့ရအောင် ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ပြီး ကြိုးစားကြပါတယ်။ ဒါပေမယ့် တခြားမြှုပ်ကွက်တစ်ချို့ကို ဆရာဝန်မသိသွားတဲ့အခါမှာတော့..... တစ်ချို့အမေရိကန်ဂျင်းသိပ္ပံဂြိုလ်သားကားတွေနဲ့မတူပဲ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါ။ File Size : ( 1 GB , 389 MB) Quality : WEBRip 720p Running Time : 1 hr 53 min Format : Mp4 Genre : Drama , Horror , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Comedy • Crime • Drama
6.5 2020 113 mins
Sputnik
Alpha
6.5

Imdb Rating 7/10 , Rotten Tomatoes 80% ရရှိထားတဲ့ အသစ်စက်စက်Drama Mysteryကားကောင်းလေးတစ်ကားကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းလေးနာမည်ကတော့ Alpha (2018) ပဲဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကို တောင့်တနေတဲ့ ပရိသတ်ကြီးအဖို့ လုံးဝအကြိုက်တွေ့စေမှာပါ။ ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ဆောင် ကေဒါဆိုတဲ့ ကောင်လေးဟာ ကိုယ်ရှင်သန်ဖို့ သူများကိုသတ်ဖြတ်ရမယ်ဆိုတာကို လက်မခံနိုင်တဲ့ စိတ်သဘောထားနူးညံ့သူတစ်ဦးပါ။ ဒါပေမယ့် သူနေထိုင်ရာအချိန်က အသက်ရှင်ဖို့ရုန်းကန်လှုပ်ရှားရတဲ့ ဥရောပရဲ့လွန်ခဲ့သောနှစ်ပေါင်းနှစ်သောင်းခန့်ကအချိန်ပါ။ တစ်နေ့မှာ သူတို့မျိုးနွယ်စု ဆောင်းတွင်းရိက္ခာရှာဖို့ ကေဒါရဲ့အဖေဖြစ်သူ မျိုးနွယ်စုအကြီးအကဲနဲ့ အမဲလိုက်ထွက်ရပါတော့တယ်။ အမဲလိုက်နေစဉ်အတောအတွင်းမှာပဲ ကေဒါတောင်စောင်းပေါ်ကပြုတ်ကျပြီး ကျောက်ဆောင်တစ်ခုပေါ်မှာတင်ကာသတိလစ်သွားပါတော့တယ်။ ဖခင်ဖြစ်သူလဲ မကယ်နိုင်ပဲ ကျန်ရှိနေတဲ့လူမျိုးစုအတွက် ကေဒါကိုထားခဲ့လိုက်ရပါပြီ။ စိတ်ထားနူးညံ့သူကေဒါ ဘယ်လိုဆက်အသက်ရှင်မလဲ? ကြမ်းတမ်းလှတဲ့တောနက်ကြီးမှာသူဘယ်လိုရှင်သန်ရပ်တည်မလဲ? သူရဲ့နူးညံ့တဲ့စိတ်ထားကရော သေရေးရှင်ရေးနဲ့ ကြုံလာတဲ့အခါ ဆက်လက်နူးညံနိုင်ပါ့မလားဆိုတာ ရင်တစ်ဖိုဖိုနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေးပါ။ ဘဝခွန်အားတွေပါ ပေးစွမ်းနိုင်တဲ့ ကားကောင်းလေးဆိုလဲ မမှားပါဘူး။ ဒီလိုကားကောင်းလေးကိုCMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ Alpha (2018)ပါ။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပါ) File Size : (898 MB) Quality : BluRay 720p Running Time : 1hr 36min Format : Mp4 Genre : Adventure , Drama , Family Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by Aye Mon Kyaw Encoded by Moe Myint Lwin

Action & Adventure • Drama • Sci-Fi & Fantasy
6.5 2018 97 mins
Alpha
Blue’s Big City Adventure
7

Blue’s Big City Adventure (2022) (1080p ရပါပြီ) Blue’s Big City Adventure ဆိုတဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးတကား အကြောင်းပြောပြချင်ပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ ဂျော့ရှ် ဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့ခွေးလေး ဘလူးတို့ဟာ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ ပြဇာတ်သရုပ်ဆောင်တွေ ဖြစ်လာကြဖို့ နယူးယောက်မြို့က လူရွေးပွဲကို ရောက်လာကြတာဖြစ်ပါတယ်။ ဖြစ်ချင်တော့ လူရွေးပွဲလုပ်မယ့် ပြဇာတ်ရုံရဲ့ လိပ်စာရေးထားတဲ့ မှတ်စုစာအုပ်ဟာ အိမ်မှာကျန်နေခဲ့ပါတယ်။ မှတ်စုစာအုပ်မပါတဲ့ ဂျော့ရှ်နဲ့ ဘလူးတို့ နယူးယောက်မြို့ကြီးမှာ ဘာအခက်အခဲတွေ ကြုံရမလဲ? သူတို့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်ဖို့ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ကြမလဲ? ဆိုတာ … တေးသီချင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ကားလေးကို ကြည့်ရင်း ရင်ခုန်ကြတာပေါ့။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zeul Thwin ပါ။) File Size : 2.2GB, 883MB, 481MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 22mins Genre : Comedy, Family, Musical Translated by Zeul Thwin Encoded by Kinnov

Horror
7 2022 74 mins
Blue’s Big City Adventure
Super Villain
5.8

ပိချောင်းဟာ အသက် ၄၀ ပြည့်ခါနီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ အရွယ်တူသူငယ်ချင်းတွေက အောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေခဲ့ပေမဲ့ သူကတော့ ပွဲဦးထွက်တာ ကြာပြီး နာမည်မရှိနိုင် ဖြစ်နေပါတယ်။ နာမည်ကြီးချင်တဲ့ ပိချောင်းဟာ မိန်းမနဲ့ ကလေးကို လျစ်လျူရှုမိသလို ဖြစ်နေတဲ့အတွက် မိသားစုဘဝလည်း မသာယာနိုင်ဖြစ်နေပါတယ်။ “သူဌေးကြီးကို ပြန်ပေးဆွဲခြင်း” ဆိုတဲ့ ရုပ်ရှင်မှာ ဗီလိန်ကြီးနေရာမှာ သရုပ်ဆောင်ခွင့်ရလိုက်တဲ့အခါ ပိချောင်းဟာ ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် အပြင်းအထန် လေ့ကျင့်ပါတော့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ကားမတော်တဆဖြစ်ပြီး အတိတ်မေ့သွားပါတော့တယ်။ အတိတ်မေ့သွားတဲ့ ပိချောင်းဟာ ဘေးမှာရှိတဲ့ ရုပ်ရှင်အချက်အလက်ကိုကြည့်ပြီး သူ့ကိုယ်သူ လူသတ်သမားဗီလိန်ကြီးကျောက်တုံးရှန်းလို့ ထင်သွားခဲ့တဲ့အခါ…… သူဌေးကြီးကို ပြန်ပေးဆွဲဖို့ ဘယ်လိုကမောက်ကမ အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Super Villain ဆိုတဲ့ ဟာသရုပ်ရှင်လေးကို ကြည့်ရှုရယ်မောလိုက်ကြပါဦးနော်။

5.8 2024
Super Villain
Dopamine @ 2.22
6.5

Dopamine at 2:22 (2023) ” ဒိုပါမင်း (၂:၂၂)” IMDb – 7.1/10 ဒီရုပ်ရှင်မှာ မတူညီတဲ့လူနေမှုဘ၀တွေနဲ့ လူခြောက်ယောက်ရဲ့ဘ၀တွေကို အလှည့်ကျရိုက်ကူးတင်ဆက်ထားတာ မြင်တွေ့ရမှာပါ။ ကျွန်တော်တို့ကမ္ဘာကြီးက သဘာ၀တရားကြီးနဲ့အတူ ယဉ်ကျေးမှုတွေဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ ဖွံ့ဖြိုးလာတာနဲ့အမျှ မော်ဒန်ကမ္ဘာကြီးရယ်လို့ဖြစ်လာခဲ့တယ်။ မော်ဒန်ကမ္ဘာကြီးမှာ ဘာဖြစ်လာလဲဆိုတော့ ဆိုရှယ်မီဒီယာရဲ့လွှမ်းမိုးမှုကို ခံရမှန်းမသိခံရင်း နစ်မြုပ်တိုးဝင်နေကြလေရဲ့။ ရုပ်ရှင်နာမည်မှာပါတဲ့ ဒိုပါမင်းဆိုတာဘာလဲ။ဒိုပါမင်းဆိုတာ ကျွန်တော်တို့ဦးနှောက်တွေထဲမှာ လျှို့ဝှက်ထားတဲ့အရာတစ်ခုပေါ့။ ကိုယ်တိုင်စူးစိုက်အာရုံနှစ်မြုပ်ပြီး လုပ်နေတဲ့အရာတစ်ခု အောင်မြင်သွားပြီး အသိအမှတ်ပြုခံရတဲ့အခါတွေမှာဦးနှောက်ကနေ ဆုလာဘ်အနေနဲ့ထုတ်ပေးလိုက်တဲ့အရာလို့ပဲ ဆိုကြပါစို့။ ဒီတော့ အဲဒီအလုပ်ကိုထပ်ခါထပ်ခါနဲ့ လုပ်ချင်နေတဲ့စိတ် အောင်မြင်ချင်နေတဲ့စိတ် ဖြစ်ပေါ်စေတဲ့အရာ။အဲဒီအရာက ဒိုပါမင်းပေါ့။ ဒီရုပ်ရှင်မှာတော့ အဲဒီဒိုပါမင်းက နှစ်နာရီနှစ်ဆယ့်နှစ်မိနစ်အတိမှာ လူသတ်မှုဖြစ်ပေါ်စေမဲ့အရာဖြစ်လို့နေပါတော့တယ်။ မတူညီတဲ့ဇာတ်ကောင်တွေကို ချိတ်ဆက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်အလှည့်အပြောင်းတွေကိုကြည့်ရှုရမှာမို့ အားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6.5 2024
Dopamine @ 2.22
Reagan
6.2

ဒီ ဇာတ်လမ်းလေးကအမေရိကန် နိုင်ငံရဲ့ အယောက်လေးဆယ်မြောက်ရုပ်ရှင် သရုပ်ဆောင်ကနေ သမ္မတလာဖြစ်တဲ့ ရော်နယ်ရေဂန် ရဲ့ ဘဝဇာတ်ကြောင်း Biography ဇာတ်လမ်းလေးပါ၊ ဒီဇာတ်လမ်းက Paul Kengor ရဲ့ The Crusader: Ronald Reagan and the Fall of Communism ဆိုတဲ့ စာအုပ်ကို Inspired ယူပြီး ရိုက်ထားတာပါ ။ ရော်နယ်ရေဂန်က ဟောလိဝုဒ်မင်းသားကနေ California ရဲ့ မြို့တော်ဝန်ဖြစ်လာပြီး အမေရိကန် နိုင်ငံရေးလောကထဲကို ဝင်လာပြီးတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်အေးတိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့အချိန်မှာ သမ္မတဖြစ်ခဲ့တာပါ။ အခု ဂျိုးဘိုင်ဒန်မတိုင်ခင်အထိ ရေဂန်က အမေရိကန် သမ္မတတွေထဲမှာ အသက်အကြီးဆုံး သမ္မတ တစ်ယောက်ပါ။ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲတာ သူ့ကြောင့်လို့ တော်တော်များများကအခုချိန်ထိပြောကြပါတယ် ။ ဒီထဲမှာတော့ ဆိုဗီယက် KGB အေးဂျင့်ဟောင်းတစ်ယောက်က သူ့အကြောင်းကို ပြန်ပြောတဲ့ Narrative ပုံစံမျိုးနဲ့ ဇာတ်လမ်းကို သွားထားပါတယ်။ ဟောပြောပွဲတွေမှာ စကားနဲ့ ပြည်သူကို သိမ်းသွင်းနိုင်ပြီး ဟာသဉာဏ် ရွှင်ရွှင်နဲ သမ္မတ ရော်နယ်ရေဂန်ရဲ့ ဘဝအတက်အကျနဲ့ အမေရိကန်ရဲ့ စစ်အေးတိုက်ပွဲကာလ အခြေအနေတွေနဲ့သမိုင်းကြောင်းတွေကို သေချာလေးသိချင်ရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်။ File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:21:00 Genre… Docudrama, Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby

Crime • Thriller
6.2 2024 141 mins
Reagan
Tom and Jerry & The Wizard of Oz
6.1

ဒီဇာတ်လမ်းက နာမည်ကျော် The Wizard of Oz ပုံပြင်ကို အခြေခံထားတဲ့ Tom&Jerryဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းထဲကလိုပဲ ကန်းဆတ်နယ်က ဒိုရိုသီဆိုတဲ့ ကလေးမလေးဟာ လေဆင်နှာ‌မောင်းကြီး တစ်ခုကြောင့် အော့ဇ်ဆိုတဲ့ မှော်တိုင်းပြည်ကြီးတစ်ခုကို ရောက်သွားပြီး စာ‌ခြောက်ရုပ် ခြင်္သေ့နဲ့ သံပုံးလူသားဆိုတဲ့ မိတ်ဆွေသစ်သုံးယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွမ်နဲ့ ဂျယ်ရီတို့ကတော့ ဒိုရိုသီရဲ့အဖော်လေး နှစ်ကောင်ပေါ့။ အော့ဇ်တိုင်းပြည်ကိုရောက်တဲ့အချိန် စွမ်းအားကြီးတဲ့ စုန်းမကြီးရဲ့ အန္တရာယ်ကို အော့ဇ်နိုင်ငံသားတွေ ကြုံနေရတဲ့ အချိန် ဖြစ်နေခဲ့တာပါ။ သူ့အန္တရာယ်ကို ကာကွယ်ဖို့ မှော်နတ်သမီးလေး ဂလင်ဒါက ဒိုရိုသီကို ပတ္တမြားဖိနပ်တစ်ရံပေးလိုက်ပြီး မြမြို့တော်က မှော်ဆရာကြီး အော့ဇ်ဆီကို စေလွှတ်လိုက်ပါတယ်။ အဲဒီမြို့တော်ကိုအသွား ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ စုန်းမကြီးက ဘယ်လိုတွေတားဆီးပြီး ဒိုရိုသီတို့ ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size… 1.2 GB / 624 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 56m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

6.1 2011 59 mins
Tom and Jerry & The Wizard of Oz
Hard Times
7.2

1975 ခုနှစ်က ထွက်ထားတဲ့ ဟောင်းပေမယ့်ကောင်းနေဆဲ Action/Sport အမျိုးအစားဇာတ်ကားတစ်ကားပါ ဘယ်ကလာပြီး ဘယ်ကိုသွားမယ်မှန်းမသိရတဲ့ လူထူးဆန်းတစ်ယောက်နဲ့ လမ်းဘေး Boxing ပွဲတွေမှာ ဖျံကျပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ လောင်းကစားသမားတစ်ယောက်တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲကြည့်ရမှာပါ အပိုအလိုလည်းမရှိ Brutal လည်းဖြစ်တဲ့ fighting scence တွေက ဒီဇာတ်ကားကိုပိုပြီး ထူးခြားစေတဲ့အပြင် အရင်ခေါတ်က မင်းသားကြီးတွေရဲ့ ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေကလည်း အံ့မခန်းပါပဲ Fighting ကားလည်းကြိုက်တယ် ဘောလိဝုဒ်ကားတွေလို အလွန်အကျွံကြီးလည်းမကြိုက်ဘူး သဘာဝကျကျလေးလည်းကြည့်ချင်တယ်ဆိုရင် ဒီကားကသေချာပေါက်လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ File size… 2 GB / 649 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Crime, Drama, Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aries

Horror • Thriller
7.2 1975 93 mins
Hard Times
Dr. Sander’s Sleep Cure
6.5

Dr. Sander’s Sleep Cure (2024) IMDb Rating (6.5) ပေါ့ပေါ့ပါးပါး Dramatic ဆန်ဆန် Fantasy Horror ကားကို ကြိုက်နှစ်သက်ကြသူများအတွက် Estonian Director ဖြစ်တဲ့ Mart Sander ရဲ့ Dr. Sander’s Sleep Cure ဆိုတဲ့ ဇာတ်ကားလေးကို ညွှန်း‌ပေးချင်ပါတယ်နော်။ အိပ်မပျော်တဲ့ဝေဒနာကို ခံစားနေရသူတစ်ယောက်က ‌Dr. Sanderရဲ့ ကုထုံးကို အသုံးချရင်း အိပ်ပျော်ဖို့ အားထုတ်ရာကနေမှ ပုံမှန်မဟုတ်ဘဲ ဆန်းပြားတဲ့ကုထုံးကြောင့် ထူးထူးဆန်းဆန်း အိပ်မက်တွေ မြင်မက်တဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကုထုံးမှာပါဝင်တဲ့ အကြောင်းအရာတွေဟာ အိပ်မပျော်ခင်မှာ စိတ်ကူးယဉ်ကြည့်ရင်း အိပ်မက်ထဲထိခေါ်ဆောင်သွားနိုင်ကြောင်းကို ပြသထားပြီး ကိုယ့်စိတ်ကူးအိပ်မက်ထဲမှာဆိုရင် ကိုယ်ဟာ ဘယ်လိုဇာတ်ကောင်စရိုက်မျိုးကိုမဆို ပြုလုပ်နိုင်ကြောင်း ကုထုံးမှာထည့်သွင်းထားပြီး အဲဒီဇာတ်ကောင်အတိုင်းကို အိပ်မက်ထဲမှာ စီးမျောခံစားရင်း အဆုံးမှာ အိပ်ပျော်သွားနိုင်ဖို့ကို ရည်ရွယ်ထားတာပါ။ အဲဒီတော့ ကုထုံးအတိုင်း စီးမျောရင်း တကယ်ပဲ အိပ်ပျော်သွားနိုင်မလား၊ ဆိုးကျိုးတွေရော ရှိနေမလားဆိုတာ ကြည့်ရှုခံစားရမယ့် Fantasy Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien Cho ဖြစ်ပါတယ်။) File size… (1.5 GB) / (760 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy,Horror Duration…. 01:43:37 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Vivien Cho

6.5 2024 98 mins
Dr. Sander’s Sleep Cure