YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Time.The.Series.2024.S01E04.720p.CM.mp4

230.54 MB 720p video/mp4 50 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Deer Hunter
8

စစ်ပွဲတစ်ခုဆိုတာ လူတွေကို ဘာများ ပြောင်းလဲသွားစေနိုင်သလဲ....။ လူတွေရဲ့ နေ့စဉ် နိစ္စဓူဝတွေအပေါ် ဘာတွေသက်ရောက်မှုရှိသွားနိုင်သလဲ....။ ပင်ဆဲဗေးနီးယားက မြို့ငယ်လေးတစ်မြို့မှာ သူငယ်ချင်းတွေ အုပ်စုလိုက်ရှိကြတယ် ၊ စက်ရုံမှာ အလုပ်အတူတူလုပ်တယ်၊ အမဲလိုက်တူတူထွက်ကြတယ်၊ အရက်ဆိုင်လေးမှာ ပျော်ပျော်ပါး တူတူသောက်ကြတယ်။ သူငယ်ချင်း မင်္ဂလာပွဲမှာ စိတ်လွတ်ကိုယ်လွတ် လူငယ်သဘာဝ ပျော်ရွှင်ကြမယ် ဗီယက်နမ် စစ်ပြန်တွေကို အားကျတယ်။ ဒီလိုနဲ့ အဖွဲ့ထဲက လူငယ်လေး ၃ ယောက်ဟာ တိုင်းပြည်ကို စစ်မှုထမ်းပေးချင်တာကြောင့် ဗီယက်နမ်ကို စစ်လိုက်ခဲ့ပါတော့တယ်။ ဒီမှာ သူတို့ထင်ထားသလိုမဟုတ်ပဲ ဗီယက်နမ်နိုင်ငံက သူတို့ကို ရက်စက်စွာနဲ့ ကြိုဆိုခဲ့ပါတော့တယ်၊ သေအံ့နီးနီး အဖြစ်အပျက်တွေကနေ မနည်းအသက် လွတ်အောင် ရုန်းကန်ခဲ့ရပြီး တကွဲတပြားနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ ဒီမှာပဲ ဘဝတွေဟာ ပြောင်းလဲလာပါတော့တယ် ကိုယ့်မြို့လေးကို ပြန်လာနိုင်ခဲ့တယ် ဆိုပေမယ့် ဒီစစ်ကြီးရဲ့ ဆိုးရွားတဲ့အမှတ်တရဟာ နေ့စဉ်နှိပ်စက်လာပါတော့တယ်။ သွားခဲ့တဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ယောက်တစ်မျိုးစီ ဘယ်လိုတွေ ဖြစ်ပျက်ခဲ့သလဲ၊ ပြန်ပြီး အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုကြိုးစားနေထိုင် ကြမလဲ၊ ကိုယ့်မြို့ကိုပြန်ရောက်တဲ့လူရော ရှိလား မရှိရင် ဘာတွေဖြစ်နေမလဲ၊ ဒီလောက်ထိ ဆိုးဝါးတဲ့ အတွေ့အကြုံဟာ ဘာတွေများဖြစ်နေလို့လဲ စသဖြင့် ရင်သပ်ရှုမောဖွယ်ရာကို ၃ နာရီစာ အားပါးတရ မင်းသားကြီးကောင်းကောင်း တွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အမေရိကန်အတွက် ဒီဗီယက်နမ်စစ်ကြီးဟာ ကောင်းကျိုးမရပဲ ရှုံးနိမ့်ခဲ့တဲ့ တစ်ခုတည်းသောစစ်ပွဲဖြစ်ပြီး ဘာတွေကြောင့်များ ဒီလိုဖြစ်ရသလဲဆိုတာ တစ်ပိုင်းတစ်စတွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ မင်းသားကြီး Robert De Niro ကတော့ ဒီထဲမှာ နုပျိုငယ်ရွယ်တုန်းဖြစ်ပြီး သူ့ရဲ့ အားပါလှတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်လမ်းကို စီးမျောနိုင်ဦးမှာပဲဖြစ်ပါတယ်....။ File size…2.97GB / 1.06GB Quality…WEB-DL 1080p5.1CH/ 720p Format…mp4 Duration….3h 3m Genre ..... Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Science Fiction • Thriller
8 1978 183 mins
The Deer Hunter
The Queen of Kung Fu
6.2

CM ချစ် တရုတ်ဖန်တွေအတွက် Queen of Kung Fu ကို တင်ဆက်ပေးလိုက်ပါတယ်... တရုတ်ကားနဲ့ မစိမ်းသူတွေ သိကြမှာပါ... တော်လှန်ရေးခေတ်က တရုတ်ပြည်ဟာ ဘယ်လိုတောင် ခက်ခဲ ဒုက္ခတွေပြည့်နေတဲ့ လူ့ပြည်ငရဲဖြစ်ခဲ့တယ်ဆိုတာ... ဒီလို ငရဲတကာ့ ငရဲထဲ အဆိုးဆုံးကတော့ ဘိန်းကိစ္စပါပဲ... ဘိန်းကြောင့် ရှိတဲ့ ဥစ္စာတွေရောင်းချ တဲ့အပြင် သားသမီး ဇနီးမယားပါ ရောင်းချခဲ့ကြတဲ့အထိပေါ့... ဒီလိုနဲ့ ရှန်ဟိုင်းကလပ်ကို အရောင်းခံလိုက်ရတဲ့ အမျိုးသမီးလေးတွေထဲ ယောက်ျားတစ်ယောက်ကိုတောင် လက်သီးတစ်ချက်နဲ့ ထိုးနှက် သတ်ဖြတ်နိုင်တဲ့ အားရှီဆိုတဲ့ ကွန်ဖူးပညာရှင်တစ်ယောက်ပါလာပြီး... သူသတ်ခဲ့တဲ့ အမျိုးသားက ရှန်ဟိုင်း နာမည်ကြီး ညီအစ်ကို ၄ ဦးအဖွဲ့ဝင်တစ်ဦးဖြစ်နေတာမို့ သူ့ကို လက်စားချေဖို့လိုက်ကြရာကနေ သူက ကုန်းကုန်းရဲ့ မွေးစားသမီးဖြစ်ပြီး အဖွဲ့ဝင်ဖြစ်သွားခဲ့တာပေါ့... မိဘ ၂ ပါးက ဘိန်းရဲ့ကျေးကျွန်ဖြစ်ပြီး အရောင်းစားခံခဲ့ရတဲ့ အားရှီဟာ သူကိုယ်တိုင် ရှန်ဟိုင်းမြို့ရဲ့ ဆရာတစ်ဆူဖြစ်လာချိန်မှာ ဘိန်းရောင်းဝယ်မှုမှာ ပါဝင်မှာလား... ဒါမှမဟုတ် ဘိန်းလောကကို အမြစ်နှုတ်သုတ်သင်မှာလားဆိုတာ စိတ်ဝင်စားစရာပဲမို့ အမြန်လေး‌ဒေါင်းကြည့်လိုက်ပါ... ထပ်ပြောပါမယ် ကွန်ဖူးအတိုက်အခိုက်ကြိုက်သူတွေအတွက် လုံးဝ စိတ်မပျက်စေတဲ့ကားကောင်းလေးပါ... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ,Romance Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime • Thriller
6.2 2020 86 mins
The Queen of Kung Fu
Frank and Penelope
7.5

Ridley Scottရဲ့ နာမည်ကျော် ရုပ်ရှင်ဖြစ်တဲ့ Thelma & Louise အငွေ့အသက်အပြည့်နဲ့ ရိုက်ကူးထားပြီး နာမည်ပါ အဓိကဇာတ်ကောင်၂ကောင်ရဲ့ နာမည်လိုက်ပေးထားတဲ့ ရုပ်ရှင်ပါ။ Thelma & Louise ကို ထည့်ပြောထားသလို ဇာတ်လိုက်ကလည်း ရုပ်ရှင်ထဲကလိုပါ လိုက်လုပ်ချင်တဲ့သူကို ဇာတ်ကောင်အဖြစ်ပြသထားတာပါ။ ဇာတ်လမ်းကတော့ စစချင်းမှာတော ShawShankလို မိန်းမဖောက်ပြန်နေတာကို ပက်ပင်းမိတဲ့ယောက်ျားနဲ့ စထားတယ်။ တုံ့ပြန်ပုံတော့မတူဘူးပေါ့။ သေနတ်နဲ့ပစ်မသတ်ဘဲ သူ့ဘာသာThelma & Louiseကားထဲကလို ကားပတ်မောင်းရင်း ချောက်ကြီးထဲကားမောင်းချဖို့လုပ်တယ်။ ဒီနောက် ကလပ်သွားရင်း အဖော်အချွတ်မယ်လေးရဲ့ ညုလုံးတွေအောက် မျောသွားပြီး ကောင်မလေးကို ကယ်လာခဲ့တယ်။ နောက်ကောင်မလေးနဲ့ သူ့အစီအစဉ်အတိုင်း ကားပတ်မောင်း လျှောက်သွားရင်း ပဟေဠိဆန်ဆန်ဂိုဏ်းတစ်ဂိုဏ်းနဲ့တွေ့တယ်။ ကားအမျိုးအစားက Mysteryဆိုတော့ ပဟေဠိဆန်ဆန်ဖြစ်နေဖို့လိုတယ်မလား။ ဒီကားက Thelma & Louiseကို အငွေ့ယူရိုက်ထားပေမဲ့ သူပဟေဠိဆန်ဆန်ဇာတ်အိမ်လုပ်ထားပုံကလည်း ထူးတော့ထူးပါတယ်။ ဇာတ်လမ်းတစ်ပုဒ်လုံးက စလာကတည်းက စာအုပ်ဖတ်ပြနေတာမို့ ပြီးပြီးသားဖြစ်နေပေမဲ့ အဖြေကိုမသိရတဲ့ကားမျိုးပေါ့။ ပဟေဠိဆန်ဆန်ရုပ်ရှင်တွေလည်းကြိုက် ခပ်ဆန်းဆန်းတင်ပြပုံတွေလည်းကြိုက်ရင်တော့ ဒီရုပ်ရှင်ဟာ ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကိုက အဖော်အချွတ်မယ် ဖြစ်နေတာမို့ လိင်မှုခန်းတွေအများကြီးပါတဲ့အတွက် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ --- ပါ ) File Size__( GB) / ( MB) Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:53:00 Type__Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt

Drama • Romance
7.5 2022 112 mins
Frank and Penelope
After Yang
6.5

~ IMDb - 6.8/10 , RT - 86%, Metacritic - 79% ~ Directed By Kogonada A24 ကဖြန့်တဲ့ ရုပ်ရှင်ဆိုတော့ ဒီရုပ်ရှင်ကို မကြည့်မိခင်မှာ A24 ဖန်တစ်ယောက်က Ex Machina နဲ့ Minari ကိုပေါင်းထားတဲ့ ရုပ်ရှင်မျိုးပဲ တော်တော်ကောင်းတယ်လို့ ပြောတာ ဖတ်လိုက်ရသေးတယ်။ ကျွန်တော့်အတွက် ဒုတိယအချက်ကို လက်ခံနိုင်ပေမဲ့ ပထမအချက်ကို လက်ခံဖို့တော့ ခက်ပါတယ်။ တစ်ကားလုံးမှာတော့ မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ တစ်ချို့နေရာတွေမှာ တာကော့စကီးဆီက အရသာမျိုး ခံစားရတယ်။ ကိန်းမှာပြခဲ့လို့ ၂၀၂၁လို့ရေးထားပေမဲ့ တကယ်တမ်း ဒီရုပ်ရှင်ဟာ မနေ့ကမှ ထွက်တာဆိုတော့ ၂၀၂၂ပဲလို့ပြောရမယ်။ ပုဂ္ဂလိက ခံစားချက်အရတော့ မနှစ်က အသိရခက်ပြီး ကိုင်းခွဲများတဲ့ Drive My Car ရဲ့ Poetic ဖြစ်မှုကို အတော်သဘောကျခဲ့သလိုပဲ ဒီနှစ်လည်း အရမ်းအသိရမခက်ဘဲ ကိုင်းခွဲများတဲ့ After Yang ရဲ့ Poetic ဖြစ်မှုကို တော်တော်သဘောကျမိတယ်။ Poetic Cinema ကိုကြိုက်တဲ့သူတွေ ကျိန်းသေကြည့်ကိုကြည့်သင့်တဲ့ကားပါပဲ။ ဇာတ်အိမ်ကတော့ ကာလတစ်ခုမှာတည်ထားတယ်။ လူဖြူအမျိုးသားနဲ့ လူမဲအမျိုးသမီးလင်မယားက တရုတ်မလေးတစ်ယောက်ကို မွေးစားထားတယ်။ ပြောရရင် လူမဲ၊လူဖြူ၊အာရှမိသားစုပေါ့။ လူမျိုးရေးအရမ်းဆန်နေသလိုဖြစ်နေပေမဲ့ ဘာလို့တရုတ်မလေးကိုမှ မွေးစားထားလဲဆိုတဲ့အကြောင်းအရာကို ပေါ်‌လွင်အောင် လူဖြူအမျိုးသားရဲ့ ဇာတ်ကောင်ကို သေချာတည်ဆောက်ထားတာပါပဲ။ အကျိုးသင့်အကြောင်းသင့်ရှိတယ်လို့ ပြောရမယ်။ သူတို့က ဒီတရုတ်မလေးကို မွေးစားလိုက်ပေမဲ့ သူ့မူလဇာတိမျိုးရိုးဖြစ်တဲ့ တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုလည်းသိစေချင်တယ်။ ဘာလို့ သိစေချင်ရလဲဆိုတဲ့အချက်ကို ကိုင်းကူးကိုင်းဆက်လုပ်ထားတဲ့ အပင်တွေနဲ့ ဥပမာပြသွားတာလေးကလည်း တော်တော်လေးလှတာပါပဲ။ ကိုင်းဆက်ထားတဲ့ အကိုင်းဟာ သူလက်ရှိတည်နေတဲ့ သစ်ပင်နဲ့ ကြာလာရင် တစ်သားတည်းဖြစ်ပြီး တစ်စိတ်တစ်ပိုင်းဖြစ်သွားမှာဖြစ်သလို မူလဇာတိသစ်ပင်ကလည်း အရေးပါတယ်တဲ့။ တရုတ်ကလေးမလေးကို ‌မွေးစားထားတဲ့ မိဘ၂ယောက်ဟာ သူတို့ကိုယ်တိုင်ကလည်း မအားကြဘူး။ ကလေးကိုလည်း သူ့လူမျိုးယဉ်ကျေးမှုအကြောင်းသိစေချင်တော့ စက်ရုပ်လို့ ပြောလို့ရသလို စက်ရုပ်လို့ပြောလို့လည်းမရတဲ့ အရာတစ်ခုဝယ်ပေးလိုက်တယ်။ TECHNO-SAPIEN တဲ့။အလွယ်ပြောရရင် နည်းပညာနဲ့လုပ်ထားတဲ့လူသားပေါ့။ သူ့နာမည်က ယန်းပါ။ တရုတ်ပုံစံနဲ့ တရုတ်ယဉ်ကျေးမှုအကြောင်း အကုန်သိတဲ့ Techno ပေါ့။ ယန်းရဲ့အသိဉာဏ်က ထင်တာထက်မြင့်နေတော့ ယန်းဟာ ကလေးမလေးကို တရုတ်အကြောင်းသင်ပေးရုံတင်မဟုတ်ဘဲ အကိုတစ်ယောက်လိုပါ ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။ ကလေးမလေးကလည်း ယန်းကို အရမ်းအားကိုးပါတယ်။ ဒီလိုနဲ့ တစ်နေ့ကျ ယန်း ရုတ်တရက်ကြီး ပါဝါကျသွားတယ်။ ဒီရုပ်ရှင်ဟာ ယန်းပါဝါပိတ်ကျသွားပြီးနောက်ပိုင်း သူတို့အခြေအနေကို ကျောရိုးတည်ပြီး ကိုင်းခွဲများစွာနဲ့ အတွေးပွားစရာပေးထားတဲ့ ရုပ်ရှင်ပါ။ After Yang လည်း Drive My Car လိုပဲ တစ်ခုထက်ပိုတဲ့ ရှု့ထောင့်ကနေ ကြည့်ရှုသူ စိတ်ကြိုက်ခံစားလို့ရတဲ့ ကားမျိုးဆိုတော့ ကြည့်ရှုသူရဲ့ ခံစားချက်ကို ခလုတ်တိုက်စေမယ့် အရာတွေများတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ကျွန်တော်တော်တော် သဘောကျသွားတယ်ပြောရမှာပဲ။ အထူးသဖြင့် တရုတ်လက်ဖက်ရည်ကြမ်းရဲ့ အရသာကိုခံစားတဲ့အခန်းတို့ လောင်ဇူးရဲ့ ဒဿနကို အကျယ်ဖွင့်ကြတဲ့ အခန်းတို့ သစ်တောထဲ Long take ရိုက်ထားတဲ့အိပ်မက်ဆန်ဆန်အခန်းတို့ပေါ့။ လူသားတွေရဲ့ ငါဗဟိုပြုဝါဒတို့ ကလေးမွေးစားရေးနဲ့ပက်သက်တဲ့အကြောင်းတို့ကတော့ ပုဂ္ဂလိက ခံစားချက်အရတော့ သိပ်မညိလိုက်ပါဘူး။ သို့ပေမဲ့ လွတ်လွတ်လပ်လပ် ခံစားလို့ရတဲ့ရုပ်ရှင်ဆိုတော့ ညိချင်တဲ့လူ ညိချင်တဲ့နေရာညိမှာပါပဲ။ ယန်းဟာ လူမဟုတ်တဲ့ လူသားနဲ့တူအောင်လုပ်ထားတဲ့ နည်းပညာတစ်ခုပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲက လူတွေရဲ့ ဘဝမှာ ယန်းဟာ လူသားတစ်ယောက်လို အရေးပါနေတယ်။ ကျွန်တော့်မှာလည်း လူသားမဟုတ်ပါဘဲ လူသားတစ်ယောက်လို သံယောဇဉ်တွယ်ရတဲ့ အရာတွေရှိခဲ့ဖူးတယ်။ အရုပ်လို့တောင်မသုံးချင်တဲ့ ဝက်ဝံလေး၂ကောင်ပေါ့။ အားလုံးမဟုတ်တောင် ဒီလိုမျိုးရှိတဲ့ လူတွေရှိကြမှာပါပဲ။ လူ့ခံစားချက်ဟာ သက်ရှိခြင်းသက်မဲ့ခြင်းနဲ့ မဆိုင်ပါဘူး။ ဘယ်လိုပဲဆိုဆို အချိန်တစ်ခုမှာတော့ အခြေအနေအကြောင်းကြောင်းနဲ့ လက်လွတ်ရတာပါပဲ။ ဒီလိုပဲ နေသားကျအောင်နေလာကြရတာပါပဲ။ ရုပ်ရှင်ထဲ သေချာမပြသွားပေမဲ့ ယန်းမရှိတော့တဲ့နောက်မှာ (After Yang) တရုတ်ကလေးမလေး မီခါဟာ ကျွန်တော်တို့လို့ပဲ ယန်းကို လက်လွတ်တတ်ဖို့ သင်ယူသွားရမှာပါပဲ။ တစ်ချို့ကပြောကြတယ်။ အရာရာမှာ အဆုံးသတ်မရှိဘူးတဲ့။ ပေါက်ဖတ်ရဲ့ အဆုံးသတ်ဟာ လိပ်ပြာရဲ့အစလို့ဆိုကြတယ်။ ရှိခြင်းရှိဖို့ မရှိခြင်းလည်းရှိရမယ်လို့တော့ ဆိုကြတာပါပဲ။ ပသို့ပဲဆိုဆို ဒီလောကကြီးမှာ ဘာမှမရှိတော့တဲ့ အဆုံးသတ်တွေလည်း ရှိကြတာပါပဲ။ After Yang ဟာ ယန်းရဲ့ အသစ်ပြန်ဖြစ်စရာမရှိတော့တဲ့ အဆုံးသတ်ကို လက်မခံနိုင်ရင်း လက်ခံလိုက်ရတဲ့သူတွေအကြောင်းပါပဲ။ After Yang ကို ကိန်းနဲ့ Sundance တို့လို နာမည်ကျော်ရုပ်ရှင်ပွဲတော်တွေမှာ ပွဲဦးထွက်ပြထားပြီး မတ်လ၄ရက်နေ့မှာ ရုံမှာရော Streaming ပလက်ဖောင်းတွေမှာရော ပြခဲ့ပါတယ်။ "Saying Goodbye to Yang" ဆိုတဲ့၀တ္တုတိုကို မှီငြမ်းပြီး ၂၀၁၇ရဲ့ အလှပဆုံးကားတွေထဲက တစ်ကားဖြစ်ခဲ့တဲ့ Columbus ကိုရိုက်ခဲ့တဲ့ Kogonada ကပဲ ရိုက်ကူးထားပါတယ်။ Poetic Cinema အရသာကို ကောင်းကောင်းရစေမယ့် Sci-Fi Drama ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.2GB, 500MB Quality - Web-dl 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 36Min Genre - Drama, Sci-fi Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 2021 96 mins
After Yang
Tolkien
7

ဒီရုပ်ရှင်ကိုတော့ လူတိုင်းကြိုက်မယ်မထင်ပါဘူး။ အရမ်းကြိုက်မယ့်သူတွေလည်း ရှိပါလိမ့်မယ်။ ဒါက ကျွန်တော်တို့တွေ အရမ်းကြိုက်ရတဲ့ ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုတွေကို ရေးသားခဲ့တဲ့ စာရေးဆရာကြီး တစ်ယောက်ရဲ့ အကြောင်းပါပဲ။ The lord of the rings နဲ့ Hobbit ရုပ်ရှင်တွေကို အများစု သိကြမှာပါ။ အော်စကာတွေ တစ်ပြုံကြီးနဲ့ ဂန္ဓဝင် ရုပ်ရှင်တွေကိုး။ ဒါပေမယ့် မူရင်းဝတ္ထုရဲ့ စာရေးသူကိုတော့ အမာခံဖန်တွေပဲ သိကြမယ်ထင်ပါတယ်။ J.R.R.Tolkien ခေါ် ဂျွန် ရော်နယ် ရူအယ် တိုကင်းန်ပါပဲ။ တိုကင်းန်ဟာ လူငယ်ဘဝမှာ သူငယ်ချင်း သုံးယောက်ရှိခဲ့ပါတယ်။ စာပေအနုပညာကို စိတ်တူကိုယ်တူလိုက်စားကြတဲ့ လေးယောက်အဖွဲ့ပေါ့။ ဒါကြောင့်လဲ သူ့ရဲ့ဝတ္ထုတွေမှာ လေးယောက်တွဲတွေ လွှမ်းမိုးမှုရှိခဲ့တာလားပါပဲ။ တိုကင်းန်ဟာ ဘာသာစကားတွေ ဒဏ္ဍာရီတွေဘက်မှာ အရမ်းထူးချွန်တဲ့သူပါ။ သူဟာ ပထမကမ္ဘာစစ်မှာ ပါဝင်တိုက်ခဲ့ဖူးခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်မှာ ဝှက်စာဖြေသူအဖြစ် ပြောင်မြောက်စွာ လုပ်ကိုင်ပေးခဲ့ပါသေးတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ဘာသာစကား ပါမောက္ခအဖြစ် တာဝန်ယူခဲ့တာပါ။ ဘာသာစကားနဲ့ပတ်သတ်ပြီး သူပြုစုခဲ့တဲ့ စာအုပ်တွေ ဘာသာပြန်တွေဟာ အခုထိ တက္ကသိုလ်တွေမှာ လေ့လာနေကြရဆဲပါပဲ။ Lotr နဲ့ Hobbit ရုပ်ရှင်တွေကို ကြည့်ရတာ ဇာတ်အိမ်ကျယ်ပြန့်လှပြီလို့ ထင်မိပါသလား။ ဒါဆိုရင်တော့ ဆရာ တိုကင်းန်က ပြုံးပါလိမ့်မယ်။ သူ့ရဲ့ ဝတ္ထုတွေထဲမှာ ဇာတ်ကောင်တွေသာမက ဆွေစဉ်မျိုးဆက် သမိုင်းတွေ၊ ပြက္ခဒိန်တွေ၊ သူကိုယ်တိုင်ဆွဲထားတဲ့ မြေပုံတွေ အပြင် ကိုယ်ပိုင်တီထွင်ထားတဲ့ ဘာသာစကားအသစ်တွေပါ ပါဝင်ခဲပါတယ်။ အဲဒီဘာသာစကားအတွက်လည်း အဘိဓာန်တွေ ပြန်ထုတ်ပေးခဲ့ပါသေးတယ်။ ရုပ်ရှင်ထဲက အကြောင်းအရာတွေဟာ တိုကင်းန်ရဲ့ လက်ရာတွေနဲ့စာရင် အကျဉ်းချုံးလေးသာသာပဲ ရှိပါသေးတယ်။ တိုကင်းန်အပြင် သူသေဆုံးပြီးနောက်မှာ သူ့ရဲ့သား ခရစ္စတိုဖာ တိုကင်းန်ကလည်း သူ့ရဲ့ လက်ရေးမှတ်စုတွေကို ပြန်စုစည်းတည်းဖြတ်ပြီး ထုတ်ဝေခဲ့တဲ့ ကမ္ဘာကျော်စာအုပ်တွေ ရှိခဲ့ပါသေးတယ်။ ဒါကြောင့် Lotr ဖန်တွေ ဂျေအာအာတိုကင်းန်ကို စိတ်ဝင်စားတဲ့သူတွေအတွက် ဒီရုပ်ရှင်က အရမ်းကို နှစ်သက်ဖို့ ကောင်းပါလိမ့်မယ်။ ဒါတွေနဲ့ မရင်းနှီးဘဲတော့ ဒီရုပ်ရှင်ကိုကြည့်ပြီး ပျင်းစရာလို့ ထင်ကောင်းထင်ပါလိမ့်မယ်လို့ ကြိုပြီး သတိပေးပါရစေ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်…… File Size : (900 MB)  Quality : Blu-Ray 720p Running Time : 1hr 52min Format : Mp4 Genre : Biography, Drama, War Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.X264-AMIABLE Translated by Littleneo Encoded by Thanhtike Zaw

Sci-Fi & Fantasy
7 2019 112 mins
Tolkien
Sing Street
7.9

ဒီနေ့တော့ rating အမြင့် အိုင်းရစ် Musical Comedy ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားလေးကို 2016 january 24 မှာ Sun dance film festival မှာပြသခဲ့ပြီး March 17 မှာ ရုပ်ရှင်ရုံတွေမှာပြသခဲ့ပါတယ်။ ဇာတ်ကားအညွှန်း အရ တောင်ပိုင်း ဒဗ်ဘလင် မြို့မှာနေထိုင်ကြတဲ့ လေလာ မိသားစုထဲက ပက်ထရစ် ဟာ မိသားစုပြသနာတွေကြောင့် သူ့အနုပညာအလုပ်တွေထက် အရက် နဲ့ ဆေးလိပ်ဖက် ပို အားသန်ခဲ့ပြီး အကုန်အကျ များလာတာကြောင့် သူဟာ သူ့သားအငယ်ဆုံး ကော်နာ ကို ကျောင်းထုတ်ပြီး ဆန်ဂီကျောင်း ကိုပို့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနောက် ကော်နာ တစ်ယောက် ကျောင်းမှာ ဘယ်လိုတွေ ဗရုတ်သုတ်ခ ကျပြီး နောက်ဆုံးဘာတွေဖြစ်လာမလဲဆိုတာ ကို အလန်းစား 80's Rock Music တွေ နဲ့ ကြည့်ရမှာမို့ အမြန်ဆုံးသာ ဒေါင်းလုတ်ဆွဲ ကြည့်လိုက်ကြပါတော့ဗျာ (ဇာတ်လမ်းအညွန်းကို Moe Oo Mann မှရေးပေးထားတာဖြစ်ပါတယ်) File size…(830MB) Quality…720p Bluray Format…mp4 Duration….01:46:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw

Action • Drama • History • War
7.9 2016 106 mins
Sing Street
All Saints Christmas
5.7

All Saints Christmas(2022) လစ်ဇက်နဲ့ မတ်သရူးတို့ဟာ အောင်မြင်ပြီးသား အဆိုတော်နှစ်ယောက်ပေါ့ လက်ရှိမှာတော့ သူတို့နှစ်ယောက်ဟာ break up ဖြစ်ထားတယ် လစ်ဇက်ကလည်းသူ့ဟာသူshow ပွဲတွေဆက်ဆို မတ်သရူးကလည်း music producing အပိုင်းတွေလုပ်ပြီး အဆက်သွယ်ပြတ်နေကြတဲ့ ရည်းစားဟောင်းတွေပေါ့ ဒါပေမယ့် အမှတ်မထင် ခရစ္စမတ်အတွက်စျေးဝယ်ထွက်လာရင်း အခုခေတ်လို social media ခေတ်ထနေတဲ့အချိန်မှာ သူတို့နှစ်ယောက်ပြန်တွဲနေကြပြီဆိုပြီး သတင်းတွေတက်လာတော့တာပေါ့ အဲ့မှာမိသားစုတွေရော သူငယ်ချင်းတွေရော ပရိတ်သတ်တွေကပါ အထင်မှားနေတဲ့ကိစ္စကိုပြေလည်အောင်နှစ်ယောက်ဘယ်လိုတွေဖြေရှင်းနေရင်းနဲ့ အချိန်အတန်ကြာငြိမ်းနေခဲ့တဲ့သူတို့ရဲ့အချစ်မီးတောက်လေး ဘယ်လိုပြန်အစပျိုးလာမလည်းဆိုတာ ခရစ္စမတ်ကာလ အေးအေးလေးမှာ အပန်းဖြေကြည်ကြည့်ကြပါ FA တွေလည်းကြည့်လို့ရပါတယ်နော် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.7GB) / (850MB) Quality__WEB-DL_1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:24:00 Type__Comedy, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Drama
5.7 2022 84 mins
All Saints Christmas
Ranah 3 Warna
6.5

Ranah 3 Warna (2022) ဒီကားလေးကတော့ 2021 တုန်းက Amazon Prime ကနေထုတ်တဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ IMDbမှာလည်း 6.5/10 ရရှိထားပါတယ်။ ဒီရုပ်ရှင်ကားလေးက နိုင်ငံခြားပညာတော်သင်သွားဖို့ကြိုးစားနေတဲ့လူတွေအတွက်သင့်တော်မယ့်ကားမျိုးလေးပါ။ ဇာတ်လမ်းကတော့ ကြိုးစားပေမယ့်ဆင်းရဲတဲ့ ကောင်လေး အာလစ်ဖ်ဟာ သူ့ရဲ့ပညာရေးလမ်းကျောင်းကို ကျောထောက်နောက်ခံမပါဘဲ ဘယ်လိုဖောက်ဖို့ကြိုးစားသလဲဆိုတာကိုအခြေခံထားပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ နိုင်ငံခြားပညာသင်သွားဖို့ကြိုးစားပုံတွေကြားက သူ့ရဲ့မိသားစုကိုပါ ထောက်ပံ့ဖိုးကြိုးစားရပြန်တဲ့အခါမှာ သူဘယ်လိုရှေ့ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.81GB | 1GB | 490MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xavier Zy Encoder ….. August

Fantasy • Comedy • Romance • TV Movie
6.5 2022
Ranah 3 Warna
Jailer
7.5

Jailer (2023) IMDb-7.5/10 ရူပီသန်းပေါင်း၂၄၀ဝန်းကျင် အသုံးပြုရိုက်ကူးထားပြီး ရူပီ၆၃၅သန်းပြန်လည်ရရှိခဲ့တဲ့ မင်းသားကြီးရာဂျ်နီကန့်သ်ရဲ့ ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာသမင်းသားကြီး ရိုဂီဘာဘူလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကြည်ဗားရှင်းထွက်တာ အချိန်တစ်ခုကြာပြီဖြစ်ပေမယ့် ရုပ်သံစာတန်းထိုးမှန်အောင်စောင့်ဆိုင်းနေခဲ့တဲ့အတွက် စီအမ်ဘောလိဝုဒ်ပရိသတ်ကြီးကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်။ ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဆိုတာ နာမည်တစ်ခုတင်ကျန်ရစ်တတ်ပေမယ့် အတိုက်ခိုက်ခံရ ပေးဆပ်လိုက်ရတာတွေကတော့ ရှိနေတတ်တာဓမ္မတာပါပဲ။ မင်းသားကြီးရာဂျ်နီကန့်သ်က ဇနီးဖြစ်သူရယ် သားရယ် ချွေးမရယ် မြေးလေးရယ်နဲ့ အငြိမ်းစားထောင်မှူးကြီးဘ၀ကို ငြိမ်းချမ်းစွာဖြတ်သန်းနေသူတစ်ယောက်။ သားဖြစ်သူကိုလည်း ဖြောင့်မတ်မှန်ကန်တဲ့အရာရှိတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ။ တစ်ရက်မှာတော့ ဘုရားကျောင်းရုပ်တုတွေပျောက်ဆုံးမှုကို စုံစမ်းဖော်ထုတ်နေတဲ့ သားဖြစ်သူ ပျောက်ချင်းမလှပျောက်သွားရာကစ အသတ်ခံလိုက်ရတာကိုသိလိုက်ရပါတယ်။ အဲဒီမှာပဲ အေးချမ်းတဲ့ဘ၀လေးကနေ သားကိုသတ်ခဲ့တယ်လို့သိရတဲ့ လူဆိုးဂိုဏ်းကို လက်စားချေအမြစ်ဖြတ်သုတ်သင်ဖို့ကြိုးစားတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့အမှန်တရားတွေ အသတ်အဖြတ်ကြမ်းကြမ်းရမ်းရမ်းတွေကို ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~YH~Cherry~Zwe Yan~BpLတို့ပဲဖြစ်ပါတယ်)

Romance • TV Movie
7.5 2023 165 mins
Jailer
The Best Exotic Marigold Hotel
7.2

The Best Exotic Marigold Hotel (2011) ~ IMDb – 7.2/10, Rotten Tomatoes – 78% ~ Shakespeare in Love နဲ့အော်စကာဆုရခဲ့တဲ့ ဒါရိုက်တာ John Madden ရဲ့လက်ရာဖြစ်ပြီး Cast တွေကလည်း တကယ့် ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ Maggie Smith တို့၊ Judi Dench တို့လို ဝါရင့်မင်းသမီးကြီးတွေအပြင် Bill Nighy တို့၊ Tom Wilkinson တို့လို မင်းသားကြီးတွေလည်း သုံးထားပါတယ်။ နောက် Slumdog Millionaire နဲ့ နာမည်ကြီးခဲ့ပြီး Lion ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အနေနဲ့ ဆုများစွာသိမ်းပိုက်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ဗြိတိန်လူမျိုး Dev Patel လည်းပါသလို သူ့ရဲ့အနုပညာမှတ်တိုင်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ ငယ်ရွယ်ခြင်းက အားသာချက်တစ်ခုဆိုရင် အိုမင်းရင့်ရော်လာခြင်းမှာလည်း အလှတရားတစ်ခုရှိနေပါတယ်။ လူငယ်တွေကိုပဲဇာတ်လိုက်ထားပြီးရိုက်တဲ့ ရုပ်ရှင်အများစုကြားမှာ ထူး​ထူးခြားခြားဖြစ်နေတဲ့ The Best Exotic Marigold Hotel ကနေ သင်ယူရမှာကတော့ Life Purpose ကိုရှာဖွေဖို့ ဘယ်တော့မှနောက်ကျတယ်လို့ မရှိဘူးဆိုတာပါပဲ။ လောကဓံရဲ့အထုအထောင်းများစွာကိုခံထားရပြီး နွမ်းနယ်နေတဲ့ အင်္ဂလိပ်လူမျိုးပင်စင်စားတစ်ဖွဲ့ဟာ ဘဝသစ်ပြန်စဖို့ အိန္ဒိယနိုင်ငံ ဂျိုက်ပေါမြို့စွန်က မာရီဂိုးဟိုတယ်ဆီမှ ာလာဆုံတွေ့ခဲ့ကြတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နယ်မြေသစ် ယဥ်ကျေးမှုသစ်မှာ အသားကျဖို့ကြိုးစားကြပုံတွေကနေ ဘဝမှာ Resiliency ဆိုတဲ့ နလန်ထူနိုင်စွမ်းရဲ့အရေးပါပုံကို ပြသွားတာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 960MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Animation • Adventure • Family • Fantasy • Comedy
7.2 2011 124 mins
The Best Exotic Marigold Hotel
Seven Days
5.9

သင်ကြောက်နေရတဲ့ သရဲတစ္ဆေဆိုတာ တစ်စုံတစ်ယောက် နေ့ညမရွေး ပြန်တွေ့ချင်နေတဲ့ လူတစ်ယောက်ပါ။ အိုက်ရှီးဟာ နှစ် ၂၀ ကြာ လူ့ပြည်မှာ လေလွင့်နေတဲ့ ဝိညာဉ်လေး ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကားမတော်တဆတစ်ခုကြောင့် သူမဟာ မိသာစုကို နှုတ်ဆက်ခွင့်မရပဲ သေဆုံးသွားခဲ့ပြီး ဘဝကူးဖို့ မရွေးခဲ့ပဲ မိသားစုဘေးမှာ အဖော်ပြုနေခဲ့ပါတယ်။ ကံကြမ္မာရဲ့ အခွင့်အရေးပေးမှုကြောင့် အိုက်ရှီးဟာ မောင်လေးဖြစ်သူ အိုက်ရှန်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပူးခဲ့ရပြီး ၇ ရက်တာ အချိန်ရခဲ့ပါတယ်။ အိုက်ရှန်ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေနဲ့ ၇ ရက်တာ အချိန်ကို အသုံးချပြီး သူမဟာ ဘဝမှာ မေ့ရခက်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ ဒီတရုတ်စကားပြောရုပ်ရှင်ကတော့ တရုတ်ပြည်မကရိုက်ကူးတဲ့ရုပ်ရှင်မဟုတ်ပဲ စင်ကာပူက အမျိုးသမီးဒါရိုက်တာရိုက်ကူးထားတဲ့ ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဝမ်းနည်းစရာ၊ ဝမ်းသာစရာ၊ တွေးတောစရာ စတဲ့ ရသမျိုးစုံကို ပေးနိုင်မယ့် ရုပ်ရှင်လေးဖြစ်တာကြောင့် ဇာတ်လမ်းအေးအေးလေးတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။

Thriller • Mystery
5.9 2023
Seven Days
Revelations
7.2

Revelations (2025) ******************* လျှို့ဝှက်သည်းဖိုဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ ဒီရုပ်ရှင်မှာတော့ Castတွေအဖြစ် “Reply 1988, A Taxi Driver“စတဲ့ နာမည်ကြီးဇာတ်ကားတွေမှ မင်းသား Ryu Jun Yeolနဲ့ “Hospital Playlist, Reborn Rich”စတဲ့ ဇာတ်ကားကောင်းတွေမှ မင်းသမီး Shin Hyun Binတို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ သင်းအုပ်ဆရာ မင်ချန်း (Ryu Jun Yeol) ဟာ သူ့ရဲ့ယုံကြည်မှုကိုဖြန့်ကျက်ဖို့နဲ့ အသင်းတော်အသစ်ကို ဖွဲ့စည်းဖို့အတွက် မြို့ငယ်လေးတစ်မြို့မှာ ဘုရားကျောင်းကို ဦးစီးနေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ယန်ရယ်ဆိုတဲ့လူတစ်ယောက်က ဘုရားကျောင်းကိုရောက်ရှိလာတာကြောင့် မင်ချန်းဟာ ယုံကြည်သူအသစ်လို့ထင်ပြီး ဝမ်းသာ‌‌သွားပေမဲ့ နောက်မှသိလိုက်ရတာက ယန်ရယ်ဟာ လျှပ်စစ်ခြေချင်း ဝတ်ထားရတဲ့ အကျဉ်းသားဟောင်းဖြစ်တဲ့အပြင် သူ့သားကိုပြန်ပေးဆွဲခဲ့တဲ့သူလည်း ဖြစ်နေပါတယ်။ ဒါကြောင့် မင်ချန်းဟာ တရားဥပ‌ဒေနဲ့မဟုတ်ဘဲ သူ့လက်နဲ့ကိုယ်တိုင် အပြစ်ပေးခွင့်ရအောင် ဘုရားသခင်က ယန်ရယ်ဆိုတဲ့သူကို စေလွှတ်လိုက်တယ်လို့ ယုံကြည်လိုက်ပါတော့တယ်။ စုံထောက် ယွန်းဟီး (Shin Hyun Bin) ကတော့ မင်ချန်းရဲ့သား ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးနေသူဖြစ်ပြီး လွန်ခဲ့တဲ့နှစ်‌တွေတုန်းက ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ ညီမဖြစ်သူရဲ့ သေဆုံးမှုကြောင့် စိတ်ဒဏ်ရာရနေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် မင်ချန်းတစ်ယောက် ပြန်ပေးသမားကို ဘယ်လိုအပြစ်ပေးသွားမလဲ.. သူ့သားလေးကိုရော ပြန်တွေ့သွားမလားဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ာ ToeToe Aung မှ ရေးသားထားပါတယ်။) File Size : 1.65GB/ 710MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…02:02:00 Genre : Crime, Thriller, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Stary, Yati Naing, Thinn, ToeToe Aung & Phyo Encoded by Tiff

7.2 2025 122 mins
Revelations