YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Thousand Years of Love E11 1080p WEB-DL CM.mp4

144.73 MB 1080p video/mp4 90 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
World War Z
6.8

World War Z  ဟာ 2013 June လ မှာ ရုံ တင်ခဲ့တဲ့ Horror ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီးတော့ Resident Evil တို့လို ကူးစက်တတ်တဲ့ရောဂါပိုးမွှားတွေကြောင့် ဖုတ်ကောင်တွေဖြစ်ပြီး ကမ္ဘာကြီးပျက်မယ့်အရေးကို ရိုက်ကူးထားတာဖြစ်ပါတယ်... ၂၀၁၉ မှာတော့ ကမ္ဘာပေါ်မှာ ကူးစက်မြန်တဲ့ COVID-19 ရောဂါ တကယ်ပဲ ဖြစ်ပွားခဲ့ပြီး ကံကောင်းလို့ တစ်ကမ္ဘာလုံး ဖုတ်ကောင်မဖြစ်သွားတာပါ။ ဒါတောင် သေတဲ့နှုန်းတော်တော်မြင့်တက်ခဲ့ပြီး ကူးစက်မြန်ရောဂါပိုးတွေရဲ့ ကမ္ဘာဖျက်စီးနိုင်စွမ်းကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။ မင်းသားကြီး ဘရတ်ပစ် Brad Pitt အဓိကသရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်က စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကိုပုံဖော်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.... မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်.. ရောဂါဟာ စက္ကန့်ပိုင်း အတွင်း ဖြစ်သလို ရောဂါ ပြန့်ပွားမှု နှုန်းကလည်း မြန်လွန်းတဲ့ အတွက် ကမ္ဘာပေါ်က နိုင်ငံ တစ်နိုင်ငံပြီး တစ်နိုင်ငံ မျိုးတုံး သွားနိုင်မဲ့ အခြေ အနေ ရှိနေပါတယ်.. ခနတွင်းမှာ အခြေအနေတွေက အရမ်းဆိုးရွားသွားခဲ့ပြီး ရောဂါဇစ်မြစ်အမျိုးအစားကို ဖော်ထုတ်ဖို့နဲ့ ကာကွယ်ဆေးထုတ်နိုင်ဖို့ ဘရတ်ပစ်တို့တသိုက် ဘယ်လိုကြိုးစားကြမလဲဆိုတာ...။ အားရစရာကတော့ ဇာတ်လမ်းရဲ့အဆုံးမှာ "စစ်ပွဲကအစပဲရှိပါသေးတယ်တဲ့" ....World War Z အဆက်တွေ ဆက်ထွက်လာဖို့ရှိပါတယ်။ File size…(5.4 GB)/(1.7 GB)/ (1 GB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

6.8 2013 116 mins
World War Z
OMG! Oh My Girl
6.3

ကောင်လေးနဲ့ ကောင်မလေးဟာ ငယ်သူချင်းဖြစ်ကြတဲ့အလျှောက် တစ်ယောက်နဲ့တစ်ယောက်သံယော်ဇဉ်ရှိကြတယ်.. ကောင်မလေးဘက်ကရိုးသားတယ်ဆိုပေမယ့် ကောင်လေးကတော့ မရိုးသားဘူး..သူငယ်ချင်းစည်းကိုလည်းကျော်ချင် ကောင်မလေးဘက်ကစိတ်ဆိုးမှာလည်းကြောက်တော့ သူ့အဖြစ်ဟာ အဆင်မပြေလှ..တစ်နေတော့ ကောင်လေးရဲ့သူငယ်ချင်းတစ်ယောက်က လာအကူအညီတောင်းတယ်..မင်းဘော်ဒါ စကီလေးကိုငါသဘောကျတယ်ကွာ .. သူ့အကြိုက်လေးငါ့ပြော မင်းပေးတဲ့အကြံဉာဏ်တိုင်းလုပ်မယ်လို့အပူကပ်လာရော.. ငြင်းမကောင်းတော့ ကောင်မလေးမကြိုက်လောက်တဲ့ တလွဲအကြံဉာဏ်တွေနဲ့ ဆေးထိုးပါလေရော...သူ့ဘော်ဒါ ကံကောင်းတာလား သူကံဆိုးတာလားမသိ.. သူ့ရဲ့ ဂျင်းဆေးကွက်မှာ ကောင်မလေးကပြန်ကြိုက်သွားလေရဲ့.. အဲ့ဒီနောက်မှာတော့.... ထိုင်းအချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး Cast တွေကလည်း ဆယ်ကျော်သက် ချစ်စဖွယ်လေးတွေဖြစ်လို့ ကြည့်ရှုခံစားသင့်ပါကြောင်း... File Size :(3.06GB) (867 MB) and (616 MB) Quality :WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:04:00 Genre : Comedy ,Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn, Shoon & Khine Khine Wai Encoded by Phyo Pyae

Drama
6.3 2022 124 mins
OMG! Oh My Girl
(18+)Manji
4.2

လောကကြီးက အရမ်းဆန်းကြယ်တယ် အထူးသဖြင့်အချစ်ဆိုတဲ့အရာက ပိုပြီးဆန်းကျယ်တယ် အချစ်ဆိုတဲ့ အရာက ရသတမျိုးလို့လဲဆိုနိုင်သလို ခံစားချက်တစ်ခုလို့လဲဆိုနိုင်မယ်ထင်တယ် အိမ်ထောင်ရေးကိုအခြေခံထားပြီး အချစ်ကို တမျိုးလေးပုံဖေါ်ထားတဲ့ ဒီကားလေးကြည့်သင့်တယ် မင်းသမီးနှစ်ယောက်ပါတာ ရသတမျိုးစီပဲ တယောက်က ငယ်ငယ်ချောချော ပါးပါးလျာလျာလေး အိမ်ထောင်သည် မမကြီးက အပြည့်တလိုင်း အိမ်ထောင်သည်မမကြီးက သူ့ယောင်္ကျားမသိအောင်ဖေါက်ပြန်တယ် သူဖေါက်ပြန်တာက ဆန်းကြယ်တယ် ကောင်မလေးတယောက်နဲ့ဖောက်ပြန်တယ်.... ဇာတ်ကွက်တွေလှပသေသပ်ပြီး အဖေါ်ချွတ်ခန်းတွေဖောသီတာကြောင့် DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.6GB / 783MB Quality…1080p Bluray / 720p Format…mp4 Duration….1h 35mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Action • Adventure • Science Fiction
4.2 1983 95 mins
(18+)Manji
Tenet
7.2

Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။ ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။ အရမ်းကောင်းပါတယ်၊ ကြည့်ပါ။ နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။ အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။ ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။ ၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။ တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကို သွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ၇ နာရီမှာ စတင်ပြီး နောက်ပြန်သွားတဲ့သူဟာ နောက် ၁၀ မိနစ်ကြာရင် ၆ နာရီ ၅၀ မှာ တည်ရှိနေပါလိမ့်မယ်။ ဒီတော့ သက်ရောက်မှုက အရင်လာပြီး အကြောင်းရင်းက နောက်မှလာပါလိမ့်မယ်။ ဥပမာ ကျည်ဆံက အရင် နံရံမှာ မြှပ်နေပြီး နောက်မှ သေနတ်ထဲကို ပြန်ဝင်လာတာမျိုးပေါ့။ Grandfather paradox တို့ multiverse တို့ Feynman ရဲ့ ပိုစေထရွန်တွေဟာ အလက်ထရွန်တွေ အချိန်နောက်ပြန်သွားနေခြင်းဖြစ်တယ်ဆိုတဲ့အဆိုတို့ စတာတွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီအောက်က စာတွေကိုတော့ ရုပ်ရှင်ကြည့်ပြီး မရှင်းမှ လာဖတ်လိုက်ပါ။ Spoiler Alert ပါ။ အရာဝတ္ထုတစ်ခုဟာ အချိန်လားရာအတိုင်း အရှေ့ကို သွားနေပေမယ့် အနုမြူစွမ်းအင် လို ပေါက်ကွဲမှုတစ်ခုကြောင့် အချိန်လားရာ ပြောင်းပြန်ရွှေ့လျားတတ်တဲ့ ဓာတ်ပစ္စည်းတွေ ဖြစ်ကုန်တာပါ။ ဒီတော့ ကျွန်တော်က သာမန် ပစ္စည်းတစ်ခုကို ၂၀၂၀ နိုဝင်ဘာ ၃၀ ရက် မနက် ၉ နာရီမှာ နေရာတစ်ခုမှာ မြေမြှပ်ပြီး ဖွက်ထားတယ်ဆိုပါစို့။ အဲဒီပစ္စည်းဟာ အဲဒီနေရာမှာ အချိန်လားရာအတိုင်း တည်ရှိနေပြီ ၂၀၅၀ မှာ လူတစ်ယောက်က တူးဖော်ယူပါလိမ့်မယ်။ အဲဒီလူက အဲဒီပစ္စည်းကို အချိန်လားရာ ပြောင်းပြန်ပစ္စည်းဖြစ်အောင် ဖန်တီးလိုက်ပြီး အဲဒီနေရာမှာပဲ မြှှပ်လိုက်မယ်ဆိုရင် အဲဒီပစ္စည်းဟာ အတိတ်ကို တရွေ့ရွေ့နဲ့ ရောက်ရှိသွားပြီ။ ၂၀၂၀ နိုဝင်ဘာ ၃၀ မနက် ၉ နာရီ မှာပဲ အနာဂတ် နှစ် ၃၀ လောက်က ပစ္စည်းတွေကို တူးဖော်ယူလိုက်ရုံပါပဲ။ ဒီတော့ အနာဂတ်နဲ့အတိတ် သတင်းစကားပါးဖို့ဆိုတာ တစ်စက္ကန့်အချိန်ပဲလိုတယ်လို့တောင် ပြောလို့ရပါတယ်။ ပစ္စည်းတွေအတွက်အဆင်ပြေပေမယ့် ပြောင်းပြန်လူတွေအတွက်တော့ အဆင်ပြေမနေပါဘူး။ အဆုတ်ထဲကိုလေက ပုံမှန်မဝင်တာတွေ အမြင်အကြားတွေ ပုံမှန်မဟုတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဒီဇာတ်ကားရဲ့ မူရင်းဇာတ်လမ်းအရ အနာဂတ်မှာ လူတွေဟာ ကမ္ဘာကြီးပျက်စီးခါနီးလာပြီး ရင်းမြစ်တွေရှားပေးလာတဲ့အတွက် အသက်ရှင်ဖို့ နည်းလမ်းတစ်ခုကို တီထွက်လိုက်ပါတယ်။ ဒါကတော ့အချိန်ကို လားရာပြောင်းပြန်နဲ့ သွားဖို့ပါပဲ။ တစ်ကမ္ဘာလုံးကို ဒီလို သွားနိုင်ဖို့ လုပ်လိုက်မယ်ဆိုရင် အတိတ်ကာလက အချိန်ရှေ့အတိုင်း သွားနေတဲ့ လူအားလုံး သေဆုံးပျက်စီးရပါလိမ့်မယ်။ ဒါဟာ Grandfather paradox အဘိုးဝိရောဓိ နဲ့ ညှိပါတယ်။ သင်ဟာ အတိတ်ကို ပြန်သွားပြီး ကိုယ့်အဘိုးကိုယ် သတ်လိုက်မယ်ဆိုရင် သင်လည်းမွေးမလာနိုင်တော့ပါဘူး။ မွေးမလာနိုင်တော့တဲ့အတွက် အတိတ်ကို ပြန်ပြီး အဘိုးကို သတ်ဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။ ဘယ်လိုမှ ဖြေရှင်းမရတဲ့ ဝိရောဓိပါ။ ဒီရုပ်ရှင်ရဲ့ အနာဂတ်က လူတွေကတော့ ဒီဝိရောဓိမျိုးဖြစ်မလာနိုင်ဘူးလို့ ယုံကြည်ပြီး အတိတ်က ဘိုးဘေးအားလုံးကို ပြန်သတ်ဖို့ကြိုးစားသူရှိသလို၊ ဝိရောဓိကို ယုံကြည်လို့ တားဆီးဖို့ ကြိုးစားတဲ့သူတွေလည်း ရှိလာပါတယ်။ နောက်ပြီးတော့ တကယ်သာ အဲဒါ အောင်မြင်ပြီးသားဆိုရင် အတိတ်မှာ လူတွေအကုန်သေသွားတဲ့ စကြဝဠာဖြစ်တည်မှုတစ်ခု၊ အတိတ်ကလူတွေ မသေအောင် တားဆီးနိုင်တဲ့ အချိန်လမ်းကြောင်းတစ်ခု စသဖြင့် အမျိုးမျိးကွဲထွက်ပြီး multiverse တွေ တည်ရှိနိုင်မလားလည်း တွေးစရာဖြစ်နေပါတယ်။ ကျန်တဲ့ဇာတ်လမ်းတွေကတော့ ရုပ်ရှင်ထဲမှာပဲ ရှင်းလင်းသွားတာမို့နားလည်နိုင်မှာပါ။ File Size :(10.8GB) ( 3 GB , 1 GB ) Quality : BluRay.4K HEVC, 1080p , 720p  Running Time : 2 hr 30 min Format : Mp4 Genre : Action , Si-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Crime • Drama • Thriller
7.2 2020 150 mins
Tenet
The Last Duel
7.5

ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novel The Last Duel: A True Story of Trial by Combat in Medieval France (နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကို Nicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရ ဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ယုံကြည်မှုတွေကိုတော့ ဖော်ပြထားလိုက်ပါ့မယ်။ ၁ - ဇနီးသည်ဟာ အတူနေစဉ် အထွဍ်အထိပ်ကို မရောက်ရင် ကိုယ်ဝန်မရနိုင်ပါဘူးတဲ့။ ၂ - မုဒိန်းကျင့်ခံရသူဟာ သာယာမှုမရှိတဲ့အတွက် ကိုယ်ဝန်မရနိုင်ဘူး၊ ကိုယ်ဝန်ရရင် မုဒိန်းကျင့်တာ မဟုတ်ဘူးတဲ့။ ၃ - ဇနီးမယားတစ်ယောက်ဟာ မုဒိန်းမှုကိုတိုင်ကြားဖို့ ခင်ပွန်းသည်ထောက်ခံပေးဖို့လိုပါတယ်တဲ့။ ၄ - နှစ်ဖက်လုံးက ကျိန်ဆိုပြီး ငြင်းဆိုကြတဲ့အခါမှာ မသေမချင်းစီးချင်းထိုးပြီး အမှန်အမှားကို ဆုံးဖြတ်ခွင့်ရှိပါတယ်။ မသေတဲ့ဘက်က ဘုရားသခင်ရှိတာမို့ အမှန်တရားပဲ ဖြစ်ပါတယ်တဲ့။ ဇာတ်လမ်းကိုတော့ ဒေါင်းပြီးသာ ခံစားကြည့်လိုက်ကြပါ။ ကောင်းပါတယ်။ အိပ်ရာခန်းတွေနဲ့ ကြမ်းတမ်းတာတွေ ပါဝင်တာမို့ ၁၈+ R rated ဖြစ်ကြောင်း သတိပေးချင်ပါတယ်။ (Reviewed by Mr. Anderson) File size…(2.8 GB) / (1.4 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….02:32:00 Genre...Action, Drama, History  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson,  Phyo Pyae Translated by Mr. Anderson, Thaung Htike Zaw, Paing

7.5 2021 153 mins
The Last Duel
ThaRae United

Tharae United (2022) ထိုင်းဇာတ်ကားတွေထဲမှာ အခုခေတ်ရိုက် Bad Genious တို့လိုမျိုး ဇာတ်လမ်းအလန်း ရိုက်ချက်အလန်းကြီးနဲ့ကားတွေရှိသလို ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ကြတဲ့ ဇာတ်လမ်းကတော့ ရိုးပေမဲ့ ကြည့်ရတာ ကြည်နူးပျော်ရွှင်ရတဲ့ Baiferm နဲ့ Mario တို့ရဲ့ a little thing called love တို့လို ဇာတ်ကားလေးတွေလည်းရှိပါတယ် ခုဇာတ်ကားလေးကလည်း မင်းလူရဲ့ရယ်မောခြင်းပေါင်းချုပ်ထဲကလို မြောက်ပိုင်းတောင်ပိုင်းမတည့်ကြတဲ့ ရွာလေးရဲ့လူငယ်တွေကို ဘောလုံးအသင်းဖွဲ့စည်းပေးတဲ့အကြောင်းလေး ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာ တစ်ခုကောင်းတာက ဘောလုံးဇာတ်ကားဆိုပြီး တောကအသင်းလည်း ဇွတ်ဖလားတွေရ လာသမျှအသင်းနိုင်တဲ့ဇာတ်လမ်းမဟုတ်ပါဘူး အဲ့လို မိုတီဇွတ်ပေးမယ့် ဇာတ်ကားလည်းမဟုတ်ပဲ လူငယ်သဘာဝအချင်းချင်းညစ်တာလေးတွေ အချစ်ဇာတ်လမ်းတွေ ကိုယ်ကြွေမိတဲ့ သူငယ်ချင်း မမ ညီမလေး စသည်ဖြင့်ပေါ့ ကြည့်ရတာ ပေါ့ပေါ့ပါးပါး ကြည်ကြည်နူးနူးနဲ့ စိတ်ချမ်းသာဖို့လည်းကောင်း ဘောလုံးအားကစားအခြေပြု sport drama ကားလေးတွေ သဘောကျတဲ့သူတွေအတွက် ကြည့်ရှုနိုင်ဖို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် အညျွန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p | 480p File size… 2.1Gb | 961MB | 450MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

Action • Family • Drama • Adventure
0 2022
ThaRae United
Kelab Rojak

Kelab Rojak (2023) အိမ်နဲ့ကွိုင်ကွိုင်နေတဲ့ စီအမ်ပရိသတ်အပေါင်းသူတော်ကောင်းတို့အတွက် မိသားစုနဲ့အတူကြည့်ရှုသင့်တဲ့ Malay family dramaလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဆယ်ကျော်သက်ဘဝ သားသမီးတွေနဲ့ မိဘတွေကြားကgeneration gap ပြဿနာတွေ ဘာသာရေး ယဉ်ကျေးမှုကွာဟချက်၊ မိဘရဲ့မျှော်လင့်ချက်နဲ့ ကိုယ့်အိပ်မက်က ထပ်တူမကျတဲ့အခါ ဖြစ်လာတဲ့ပဋိပက္ခ စတဲ့ မိသားစုတိုင်းမှာ ဖြစ်နေကြပြဿနာတွေကို တစေ့တစောင်း ရိုက်ကူးပြထားတဲ့ ရုပ်ရှင်လေးပါ။ အလီရှာဟာ တရုတ်-မလေးကပြားမလေးတစ်ယောက်၊ ‌အတော်ကြီးအလုပ်ရှုပ်နေပြီးတော့ မိသားစုကိုချစ်ပေမဲ့ ချစ်ကြောင်းထုတ်မပြတတ်တဲ့ အလုပ်ပဲသိတဲ့ ကိုတရုတ်ကြီးချန်ဝါနဲ့ တီတီတာတာ ဘာမှမရှိအလုပ်ပဲသိတဲ့ ချန်ဝါကို အလစ်တဲလေးစိတ်ပျက်နေတဲ့နိုရာရဲ့ သမီးဖြစ်သူပေါ့။ နှစ်‌ယောက်လုံးက ကိုယ်စီအလုပ်လုပ်နေကြတာဆိုတော့ ပြေလည်တဲ့မိသားစုဖြစ်ပေမဲ့ သမီးဖြစ်သူအလီရှာအတွက်တော့ နွေးထွေးမှု အာရုံစိုက်ခံရမှုဆိုတာ မရှိသလောက်ပါပဲ။ ဒီလိုနဲ့ ချန်ဝါတစ်ယောက် ကေအယ်လ်ကနေ လန်ကာဝီကို အလုပ်နဲ့ရွှေ့ပြောင်းရမဲ့အကြောင်းကို နိုရာကိုရော အလီရှာကိုပါ ဘာမှမပြောဘဲ ရုတ်တရက်စီစဉ်လိုက်လေတော့ နိုရာလည်းအလုပ်ထွက်ပြီး ကမောက်ကမဖြစ် အလီရှာလည်း သူငယ်ချင်းနဲ့အတူ အကပြိုင်ပွဲဝင်ဖို့လုပ်ထားတာလည်း ပျက်သွားပါတော့တယ်။ ပြိုင်ပွဲအကြောင်း အသိပေးဖို့လုပ်ပေမဲ့ လန်ကာဝီပြောင်းဖို့ကို ကြိုမပြော‌လို့ ပြဿနာတက်နေတဲ့ အဖေနဲ့အမေကြောင့် အခွင့်အရေးမရဘဲ လန်ကာဝီကို ပါသွားပါတော့တယ်။ ကေအယ်လ်ကတော့ မြို့ကြီးပြကြီးဖြစ်တဲ့အပြင် လူတန်းစားစုံတဲ့နေရာဆိုတော့ ယဉ်ကျေးမှုမတူတာကို သိသိသာသာ မခံစားရပေမဲ့ လန်ကာဝီကကျောင်းမှာ Hijabနဲ့ ကျောင်းတက်ရဖို့ ဖြစ်လာတဲ့အခါ၊ ကေအယ်လ်မှာတော့ လွတ်လွတ်လပ်လပ်နေခွင့်ရတဲ့ အလီရှာတစ်ယောက် လန်ကာဝီကကျောင်းက စည်းကမ်းတွေ ဆရာမတွေရဲ့ ခိုင်းတဲ့အတိုင်းလုပ် ပြန်မပြောနဲ့ဆိုတဲ့ အမိန့်ဆန်တဲ့စည်းကမ်းတွေကို သူနာခံနိုင်မှာလား။ ကျောင်းအသစ်မှာ အမှိုက်ကောက်ရင်း ရလာတဲ့ သူငယ်ချင်း ၃ ယောက်နဲ့ အတူ သူတို့ဘာတွေဆက်လုပ်ကြမလဲ။ ယောက်ျားလေးပေမဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ အလှောင်ခံနေရတဲ့မင်ကစ်၊ စာတော်ပေမဲ့ စာဂျပိုးဖြစ်နေလို့ အနိုင်ကျင့်ခံရတဲ့ ဆာလယ်ဟာ၊ ယောက်ျားဆန်ဆန်နေတတ်လို့ ယောက်ျားလျာ ဆိုပြီး လူတကာကလက်ညှိုးထိုးနေတဲ့ ပါဗီထရာတို့ရဲ့ ပြဿနာတွေကိုရော အလီရှာတစ်ယောက် ဖြေရှင်းပေးနိုင်မလားဆိုတာ ပိတ်ကားထက်မှာပဲ အတူကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p | 480p File size… 1.4GB | 784MB | 371MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Drama • Romance
0 2023
Kelab Rojak
Jason and the Argonauts
7.3

Jason and the Argonauts (1963) ~ IMDb – 7.3/10, Rotten Tomatoes – 89% ~ ဂရိနတ်ဘုရားတွေနဲ့ သူရဲကောင်းတွေ စွန့်စားခန်း‌တွေကို အမျိုးမျိုး ရိုက်ကူးကြရာမှာ ဒီကားကတော့ သူရဲကောင်းအ‌ကျော်အ‌မော်ဂျေဆင်နဲ့ သူ့အဖွဲ့သား အာဂိုနပ်စ်တွေရဲ့ ရွှေသိုးရှာဖွေတဲ့ စွန့်စားခန်းခရီးအကြောင်း 1963 ခုနှစ်ထွက်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇုစ်နတ်ဘုရားက ပလိုင်ရက်စ်ကို သက်စ်လေတိုင်းပြည်ကို အောင်နိုင်ဖို့ ဆုပေးပေမဲ့ နောင်ကျရင် သက်စ်လေဘုရင်ရဲ့မျိုးဆက်က ပလိုင်ရက်စ်ကို လက်စားချေမှာလို့ ဟောကိန်းရှိတဲ့အတွက် ပလိုင်ရက်စ်က ဘုရင်ရဲ့သားသမီး ၃ယောက်လုံးကိုပါ သတ်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သားတော်ဂျေဆင်က အစောင့်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့အခါ… ဂျေဆင်အရွယ်ရောက်လာတဲ့အခါ သက်စ်လေပြည်ကို ပြန်သိမ်းပြီး ပလိုင်ရက်စ်ကိုသတ်ဖို့ လိုက်ရှာပါတော့တယ်။ ဇုစ်ရဲ့မိဖုရား ဟယ်ရာက ဂျေဆင်ကို အလုံးစုံကူညီပေးချင်ပေမဲ့ ဇုစ်က အကြိမ်အရေအတွက်ကန့်သတ်ထားပြီး နတ်ဘုရား‌ မောင်နှံ၂ပါး အားပြိုင်တဲ့အခါ… ပလိုင်ရက်စ်ကို သတ်ပြီး သက်စ်လေတိုင်းပြည် ကြွယ်၀ချမ်းသာ ငြိမ်းချမ်းဖို့ ရွှေသိုးရှိရမယ်လို့ဟောကိန်းရှိတဲ့အတွက် ဂျေဆင်က သူ့အဖွဲ့သား အာဂိုနပ်တွေနဲ့ ရေကြောင်းခရီး ရွက်လွှင့်ခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက် ကြုံတွေ့ရတဲ့အန္တရာယ်တွေကို ရင်ဆိုင်ပုံနဲ့ ရွှေသိုးကို ကိုးကွယ်တဲ့ ကော်လ်ခိစ်တိုင်းပြည်က ခိုးယူပုံ၊ နတ်ဘုရားတွေ စောင်မကြည့်ရှုပုံတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ရှုစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 825MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 44Min Genre – Action, Adventure, Family Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

TV Movie • Action • Thriller
7.3 1963
Jason and the Argonauts
The Saint of Second Chances
7.6

The Saint of Second Chances (2023) ========================== IMDb Rating – 7.6/10 Netflix ကနေ အသစ်ထွက်ထားတဲ့ အပြင်မှာ တကယ်ရှိခဲ့တဲ့လူအကြောင်းနဲ့ ဒုတိယအခွင့်အရေးဆိုတာ ဘာလဲ တင်ဆက်ပေးချင်တဲ့ မှတ်တမ်းပုံစံရုပ်ရှင် ကားလေး ဖြစ်ပါတယ်။ မိုက်ဗက်ဆိုတာ နာမည်ကျော် ဘေ့စ်ဘောအသင်းပိုင် ရှင် ဖခင်ရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ချင်သူတစ်ယောက်ပေါ့။ ဒီလို ရုန်းထွက်ချင်လွန်းလို့လည်း ကြိုးစားပြီး သူများနဲ့မတူတဲ့ အကြံတွေနဲ့ ဘေ့စ် ဘောပွဲကို လူစည်အောင် လုပ်ခဲ့ရာမှာ အမှားတွေ ဖြစ်ခဲ့ပြီး ဖခင်ကိုပါ ဘဝပျက် စေသလို ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ပူဆွေးနေပြီးတော့ ဒုတိယအခွင့်အရေးတွေ ရလာပြီး ဘယ်လိုမျိုး ပြန်ကြိုးစားခဲ့တာတွေ၊ တခြားလူတွေကိုလည်း ဒုတိယအခွင့်အ ရေးတွေ ပေးခဲ့လို့ ဘယ်လိုမျိုးတွေ ကြုံဆုံရတာတွေ၊ မိသားစုနဲ့ လုပ်ငန်းကြား က ဘယ်အရာက တန်ဖိုးရှိတာတွေဆိုတာကို မိုက်ဗက်ကိုယ်တိုင်က ပြန်ဇာတ် ကြောင်းပြောဆိုထားပြီး ဘေ့စ်ဘောလောကနောက်ခံ အရှုံးမပေးပဲ ဒုတိယ အခွင့်အရေးဆိုတာကို အမိအရ ဖမ်းဆုပ်တတ်ဖို့ ပညာပေးထားတဲ့ မှတ်တမ်း ရုပ်ရှင်လေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(2.13 GB) / (724 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Biography, Drama Translator……Thura Aung Encoder……….SWM

7.6 2023
The Saint of Second Chances
The Delinquents
6.8

The Delinquents (2023) ~ IMDb – 6.8/10, RT – 84%, Meta – 86% ~ ဒီတစ်ခေါက်မှာတော့ ၂၀၂၄ ခုနှစ်မှာကျင်းပမယ့် ၉၆ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအတွက် အာဂျင်တီးနားနိုင်ငံကနေ “အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားဆု” အတွက် စာရင်းတင်သွင်းထားတဲ့ စပိန်စကားပြော ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ World Premiere ကိုလည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Un Certain Regard ဆိုတဲ့ ကဏ္ဍမှာ ပြခွင့်ရခဲ့တာပါ။ မြို့မှာဆို လူတွေက အချင်းချင်းတွေ့ရင် ဘယ်လိုနှုတ်ဆက်ကြလဲ သိလား။ “ဘာအလုပ်လုပ်လဲ” “အလုပ်အကိုင် ဘယ်လိုလဲ” တဲ့။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ အလုပ်ဆိုတာကြီးနဲ့ ဖော်ပြရတယ်။ အဲဒီအလုပ်ဆိုတာကြီးကိုသွားဖို့ မနက်တွေဆို တသမတ်တည်း ဒီအချိန်မှာပဲထ၊ မြင်နေကျဒီမျက်နှာတွေပဲ ပါမယ့် ဒီရထားကိုပဲစီး၊ ဒီအလုပ်တွေကိုပဲ ပြန်လုပ်၊ နောက်တစ်ရက်ကျတော့လည်း အရင်နေ့က လုပ်ခဲ့တာတွေကိုပဲ အစက ပြန်လုပ်၊ အဲ့လိုနဲ့ ပိတ်ရက်နည်းနည်းလေးမှာ ကမ်းခြေသွားတယ်ဆိုပါစို့၊ ရထားပေါ်မှာ တွေ့နေကျ မျက်နှာတွေကိုပဲ ဒီကမ်းခြေမှာ ပြန်စုပြီးတွေ့နေရ။ နေ့စဉ်ဘဝကိုယ်၌ကိုက အဖန်တလဲလဲသံသရာ…။ ဇာတ်ကားအဖွင့်မှာ ကိန်းတွေဂဏန်းတွေနဲ့ အလုပ်များနေကြတဲ့ ဘဏ်ဝန်ထမ်းတွေကို တွေ့ရမှာပါ။ ဘဏ်ရဲ့နိစ္စဓူဝပြဿနာတွေ အရှုပ်အရှင်းတွေနဲ့ မဆိုစလောက်နားချိန်လေးကို လုပြီး ဆေးလိပ်ထွက်သောက်နေရတဲ့ ဝန်ထမ်းတွေ။ ဒီထဲကမှ မိုရန်ဆိုတဲ့ ငွေထိန်းဖြစ်သူကတော့ ကိုယ်တွေရဲ့ ဇာတ်လိုက်ထဲက တစ်ယောက်ပေါ့။ အဲဒီညနေမှာတော့ သူဟာ တစ်သက်စာ အလုပ်မလုပ်ဘဲ နေနိုင်မယ့် ငွေပမာဏကို ဘဏ်က အလစ်သုတ်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ ရိုမန်ဆီ အပေါင်းအပါညှိပါတော့တယ်။ မိုရန်ဟာ ကိုယ်တိုင်ဝန်ခံ၊ ထောင်ထဲမှာ သုံးနှစ်ခွဲသွားနေမှာဖြစ်ပြီး ရိုမန်ကတော့ ငွေကို ဝှက်ပေးထားရမှာပဲဖြစ်ပါတယ်။ မိုရန်ထောင်ကထွက်လာတဲ့နေ့မှာ ၂ယောက်သား တစ်ဝက်စီ ခွဲယူကြပြီး တစ်သက်လုံး အလုပ်လုပ်စရာမလိုတော့တဲ့ ဘဝကို နေထိုင်ဖို့က အိပ်မက်ပါ။ သူတို့အိပ်မက်လေး အမှန်တကယ်ဖြစ်မလား… အပြောလွယ်သလောက် ထောင်ကျရတာဟာရော ထင်သလောက်လွယ်ပါ့မလား… ငွေပမာဏကြီးကြီးကို ဝှက်ထားရသူအဖို့ကရော pressure ကို ခံနိုင်ပါ့မလား… သူတို့၂ဦးသား မတူညီတော့တဲ့ နေ့စဉ်ဘဝတွေထဲက မတူညီတော့တဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်ရမှာပါ။ Comedy, Crime, Drama သုံးမျိုးပေါင်းကိုမှ တစ်ကားတည်းနဲ့ ၃နာရီကြာ အဝကြည့်ရမယ့် ရုပ်ရှင်စစ်စစ်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒီရုပ်ရှင်မှာ အပိုင်း ၂ပိုင်းပါ,ပါတယ်။ ပထမတစ်ပိုင်းကတော့ ဘဏ်က ပိုက်ဆံအလစ်သုတ်တဲ့အပိုင်းဖြစ်ပေမဲ့ ဒုတိယအပိုင်းကတော့ သူတို့ ၂ယောက်လုံးရဲ့ အပြောင်းအလဲအပိုင်းပဲဖြစ်ပါတယ်။ ပြောရရင် ဒီအပိုင်းက တော်တော်လေး စိတ်ချမ်းသာရတယ် ဆိုရမယ်။ ဒီအပိုင်းကို ဇာတ်လမ်း Spoil သလိုဖြစ်မှာစိုးလို့ ပြောပြလို့ မရပေမဲ့ အာဂျင်တီးနားရဲ့ ကျေးလက်အလှတွေ ရှုခင်းတွေကို မဟူရာဆံပင်၊ မျက်လုံးရွှင်ရွှင်နဲ့ အတော်လှတဲ့ မိန်းကလေးတစ်ယောက်နဲ့အတူ တွေ့ရမယ်ဆိုတာလောက်တော့ ပြောပြထားချင်ပါတယ်။ ဒီရုပ်ရှင်မှာ ထူးခြားတဲ့ နောက်တစ်ခုကတော့ သရုပ်ဆောင်တစ်ယောက်ဟာ ဇာတ်ကောင် ၂ယောက်နေရာကနေ သရုပ်ဆောင်သွားပါတယ်။ သတိမထားမိလိုက်ရင်တော့ သိလိုက်မှာ မဟုတ်ပေမဲ့ အကယ်၍ သတိထားမိလိုက်မယ်ဆိုရင်တော့ သူ အဲဒီလို ဇာတ်ကောင် ၂ခု သရုပ်ဆောင်သွားတာကိုက ဇာတ်လမ်းအတွက် အဓိပ္ပာယ်တစ်ခုရှိနေတာမို့ ဒီအညွှန်းဖတ်ပြီးမှ ကြည့်တယ်ဆိုရင်တော့ သတိလေးထားပြီး ကြည့်ပေးစေချင်ပါတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့ The Delinquents ဟာ တမူထူးခြားတဲ့ နည်းနဲ့ အတော်လေး ဖမ်းစားနိုင်တဲ့ ရုပ်ရှင်တစ်ကားလို့သာပဲ ပြောလိုက်ချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.8GB, 1.35GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 3H 9Min Genre – Comedy, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.8 2023
The Delinquents
Wild Eyed and Wicked

အသစ်ထွက်ရှိထားတဲ့ ဟော်ရာဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် လီလီဟာ လက်စဘီယန်တစ်ယောက်ဖြစ်ပြီး ဓားရေးလေ့ကျင့်ပေးတဲ့ နည်းပြပါ ဆုံးသွားတဲ့ သူ့အမေကတော့ မကောင်းဆိုးဝါးအဖြစ် သူ့အိပ်မက်တိုင်းမှာ လာရောက်ခြောက်လှန့်လေ့ရှိတယ် မခေါ်မပြောတော့တဲ့ အဖေဖြစ်သူက တစ်နေ့မှာ လီလီ့အမေရဲ့ နှစ် ၂၀ ပြည့်ဈာပနအတွက် အရင်အိမ်ကို ပြန်လာခိုင်းတဲ့အခါ… အဖေ့ကို မုန်းနေတဲ့ လီလီ သူ့အဖေနဲ့ဆက်ဆံရေးကို ဘယ်လိုပြန်တည်ဆောက်မှာလဲ အိပ်မက်ထဲက မကောင်းဆိုးဝါးကိုရောအလယ်ခေတ် ချပ်ဝတ်တန်ဆာတွေသုံးပြီး အထာကျကျ ဘယ်လိုနှိမ်နင်းသွားမလဲ ဆိုတာကို ပရိသတ်ကြီး အားပေးကြပါဦးလို့ … File size…(1.1 GB)/(618 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre… Horror, Fantasy, Drama, Mystery. Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2023
Wild Eyed and Wicked
Dog Park
4.7

ခွေးကလေးတွေကို ဆော့ခိုင်းတာ၊ ပိုင်ရှင်တွေကခွေးကလေးတွေနဲ့အတူ လမ်းလျှောက်တာ၊ အပန်းဖြေကြတာမျိုးလုပ်ကြတဲ့ ပါပီပန်းခြံကနေ အချစ်ဇာတ်လမ်းလေးတစ်ခုစတင်လာပါတယ် နစ်ခ်တစ်ယောက် ရည်းစားနဲ့ပြတ်လို့ ဘူနေတဲ့အချိန် အဲဒီရည်းစားက‌ သူခရီးသွားတဲ့အချိန်အတွင်း သူ့ရဲ့ခွေးကိုထိန်းထားဖို့ နစ်ခ်ကိုအပ်ခဲ့ပါတယ် အဲဒီတော့နစ်ခ်လည်း အသဲကွဲရင်း ခွေးကျောင်းရင်းနဲ့ပဲ နောက်ဇာတ်လမ်းသစ်‌တွေရှာပါတော့တယ် ပန်းခြံကိုလာတဲ့ ခွေးမေမေတွေကို ဇာတ်လမ်းအမျိုးမျိုးနဲ့ချဉ်းကပ်ပြီး ဖုန်းနံပါတ်တောင်းတယ် ဒိတ်ဖို့ချိန်းတယ် အကြိမ်ကြိမ်ကြိုးစားပြီးတဲ့နောက် ဂျက်စမင်လို့ခေါ်တဲ့ အပြုံးလှလှနဲ့ ကောင်မလေးကိုတွေ့ခဲ့ရပါတယ် ကိုလူရိုးကြီးနစ်ခ်တစ်ယောက် သူ့ရဲ့ကိုရို့ကားယား လှည့်ကွက်တွေနဲ့ အချစ်ဇာတ်လမ်းသစ်ကိုအောင်မြင်စွာစနိုင်ပါ့မလား ဘာတွေကြုံရဆုံရဦးမလဲကိုတော့ ပါပီလေးတို့ပန်းခြံမှာပဲ အဖြေရှာကြည့်လိုက်ပါ ပေ့ါပေါ့ပါးပါးနဲစိတ်အပန်းပြေအောင် ကြည့်သင့်တဲ့ comedy, romance ကားလေးမို့ တင်ဆက်ပေးလိုက်ရပါတယ် File Size : 1.22 GB, 613 MB Quality : WEB-DL 1080p / 720p Running Time : 1hr 31min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Mon Encode by : Thit San Khant

4.7 2017
Dog Park
Alive

Alive (2014) ************ 2014 ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဒါရိုက်တာ Park Jung Bumရိုက်ကူးထားတဲ့ Alive ရုပ်ရှင်ကား… သရုပ်​ဆောင် Park Jung Bum, Lee Seung Yeon, Park Myoung Hoonနဲ့ … က​လေးသရုပ်​ဆောင် Shin Haet Bitတို့ အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ————– ​ အလုပ်ရှားပါးတဲ့ ​ဆောင်းရာသီမှာ ရရာအလုပ်လုပ်ပြီး ကြိုးစားရှာ​ဖွေရုန်းကန်​နေရတဲ့ ​ဂျောင်​ချော… စိတ်မနှံ့ဖြစ်​နေတဲ့ အစ်မဖြစ်သူ ဆူ​ယောင်းက ဆိုးလ်ကို​ပြောင်း​နေချင်​ပေမဲ့… အတိတ်ကဖြစ်ရပ်ဆိုးထဲ ပိတ်မိ​နေခဲ့ပါတယ်။ ​ဂျောင်​ချောရဲ့ တူမဖြစ်သူ ဟာနာကလည်း… အ​မေဖြစ်သူ ပြဿနာရှာတိုင်း ဦး​လေးဆီ​မှာ အကူအညီ​သွားတောင်းရ​တဲ့… အရွယ်နဲ့မလိုက်​အောင် ရင့်ကျက်တဲ့က​လေးတစ်​ယောက်ဖြစ်တယ်။ ​အော်တစ်ဇင်သူငယ်ချင်း ​မြောင်ဟွန်းကလည်း… ​ဂျောင်​ချော​နောက်တ​ကောက်​ကောက်လိုက်ရင်း အစ်မဖြစ်သူကို သ​ဘောကျ​နေတာပါ။ ​ ဂျောင်​ချောက ရည်းစားဖြစ်သူနဲ့ အ​ခြေချ​ချင်​ပေမဲ့ ပိုက်ဆံအလိမ်ခံရတာ​ကြောင့် ​ရှေ့ဆက်မတိုးနိုင်ဖြစ်​နေချိန်… ပဲပိစပ်အလုပ်ရုံတစ်ခုမှာ ​ဂျောင်​ချောတစ်​ယောက် အလုပ်လုပ်ဖို့ အခွင့်အ​ရေးရလာတဲ့အခါ… ပိုက်ဆံစုမိပြီး ရည်းစားနဲ့အတူတူ အ​ခြေချနိုင်မလား ဒါမှမဟုတ် လွဲချော်သွားနိုင်မလားဆိုတာကို… ​ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါရှင်… File Size : 1.8GB / 850MB Quality : WEB-DL 1080p / 720p Duration : 2 hr. 46 min. Genre : Drama/Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Heather Oo

0 2014
Alive