YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Thousand Years of Love E03 1080p WEB-DL CM.mp4

215.12 MB 1080p video/mp4 120 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tom and Jerry Snowman's Land
7

ကလေးဘဝရဲ့ မမေ့နိုင်တဲ့အမှတ်တရ‌တွေအကြောင်း အစချီပြီးပြောတော့မယ်ဆိုရင် စကားမပြောတဲ့ တွမ်နဲ့ဂျယ်ရီကို ချန်ခဲ့လို့မရပါဘူး။ ဘယ်ကာတွန်းတွေကို ဘယ်လိုပဲရိုးသွားပါစေ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါပဲ ပြန်ကြည့်ကြည့် Tom and Jerry ကတော့ ကျွန်တော်တို့ကို အမြဲပြုံးမိစေတယ်လို့ပြောရင်တော့ မမှားပါဘူး။ ဒီနေ့ကတော့ Tom and Jerryကာတွန်းရဲ့ အသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးသွားမှာပါ။ ဂွတ်ဘယ်ရီမြို့ငယ်လေးမှာ ဒဏ္ဍာရီတွေ ပုံပြင်တွေနဲ့ပြည့်နှက်နေတဲ့ ဖလစ်စစ်တီတောင်ဆိုတာ ရှိပါတယ်။ ဒဏ္ဍာရီအရတော့ ဖလစ်စစ်တီတောင်ထိပ်မှာရှိတဲ့ နှင်းတွေဟာ မှော်အစွမ်းရှိပြီး နှင်းလူကမ္ဘာဆိုတဲ့ မှော်ဝင်ရွာလေးလည်းရှိပါသတဲ့။ တစ်ဖက်မှာတော့ ဒဘယ်ဗေးရဲ့အရုပ်ဆိုင်ကတွမ်နဲ့ မစ္စလာပေ့ခ်ျရဲ့အရုပ်ဆိုင်ကဂျယ်ရီကတော့ ကြောင်နဲ့ကြွက်ပီပီ နေ့တိုင်းသတ်ပုတ်ရင်းပေါ့။ ခေတ်မှီအရုပ်တွေရောင်းနေတဲ့ ဒဘယ်ဗေးရဲ့ဆိုင်ကြီးကို သာမန်အရုပ်လေးတွေနဲ့ မစ္စလာပေ့ခ်ျက မယှဉ်နိုင်တော့ အရှုံးပေါ်မယ့်အဖြစ်ကိုဆိုက်နေတာပေါ့။ တွမ်နဲ့ဂျယ်ရီဆိုရင်တော့ အမွှေစိန်လေးတက်ဖီကတော့ အမြဲမပါမဖြစ်ပါဘဲ။ ဒီကားလေးထဲမှာတော့ တက်ဖီက မှော်ဆရာရူး မျက်လှည့်ရူးလေးပေမဲ့ လုပ်သမျှမအောင်မြင်တဲ့ငမွှေလေးပေါ့။ ဒီလိုသူတို့တွေရဲ့ဘဝထဲကို လာရီဆိုတဲ့ မှော်နှင်းကြွက်ကလေး ရောက်လာချိန်မှာတော့ ဘာတွေဘယ်လို ပြောင်းလဲသွားမလဲ။ မှော်နှင်းကြွက်ကလေး ရောက်လာချိန်ကျမှ ကံဆိုးပြီး နှင်းမကျတဲ့ခရစ်စမတ်နဲ့ တည့်တည့်တိုးလေတော့ နှင်းကြွက်လေးအရည်ပျော်မကျရေးအတွက် ဖလစ်စစ်တီတောင်ထိပ်က နှင်းလူကမ္ဘာကို သူတို့သွားဖို့လုပ်တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ CMမှာကြည့်ရှုရင်းနဲ့ ငယ်ဘဝရဲ့အမှတ်တရတွေကို ပြန်လည်လွမ်းဆွတ်လိုက်ကြရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Animation, Adventure, Comedy Quality…. 1080p | 720p | 480p File size… 976MB | 533MB | 307MB Format… mp4 Duration…. 1h 16min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ  Encoder ..... August

Drama • Science Fiction • Thriller
7 2022 76 mins
Tom and Jerry Snowman's Land
Dear Friend
5.4

ဒီတစ်ခေါက်မှာတော့ Malayalam language thriller အမျိုးအစား ဇာတ်ကားဖြစ်တဲ့ Dear Friend ဆိုတဲ့ Indian ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ။ သူငယ်ချင်းတွေကြားထားတဲ့ခံစားချက် အချစ် ပျော်ရွှင်မှုတွေ၊ သွားအတူ လာအတူ စားအတူ ဖြတ်သန်းကြတာတွေကို များစွာများစွာ ခံစားကြည့်ရှုရမှာပါ။ သူငယ်ချင်းအဖြစ်ကနေ ချစ်သူအဖြစ်တဆင့်တက်တဲ့ သူငယ်ချင်းအချစ်တွေလည်း ပါဝင်မလားဆိုတာပါ ရင်ခုန်ရဦးမှာပါ။ ဒါပေမယ့် ထူးခြားတာကတော့ Thriller ဇာတ်လမ်းအမျိုးအစား ဖြစ်နေတာပါပဲ။ ရှည်ရှည်ဝေးဝေးညွှန်းရင် အရသာပျက်မှာစိုးလို့ သူငယ်ချင်းတစ်သိုက်ကြား ဘယ်လို ရင်တုန်ခြောက်ခြားဖွယ်အကြောင်းအရာတွေ ဖြစ်လာမလဲဆိုတာကို ကိုယ်တိုင်ခံစားကြည့်ရှုကြဖို့ပဲ တိုက်တွန်းလိုက်ပါရစေနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo Htet ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.6GB | 906MB | 504MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Htet Encoder ..... August

Adventure • Animation • Comedy
5.4 2022 117 mins
Dear Friend
Wet Sand
7.2

~ IMDb Rating - 6.8/10 ~ ဂျော်ဂျီယာဒါရိုက်တာရိုက်ထားတဲ့ တွေ့ရခဲတဲ့ ဂျော်ဂျီယာရုပ်ရှင်ပါ။ ဂျော်ဂျီယာက ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားတယ်။ ဒီရုပ်ရှင်ဟာ LGBT ရုပ်ရှင်လို့ ပြောဖို့ခက်ပေမဲ့ သူ့အဓိကအကြောင်းအရာက LGBT ဖြစ်နေပါတယ်။ ပြောရရင် ကြည့်ဖူးသမျှထဲ သိမ်မွေ့မှုအရှိဆုံး LGBT ရုပ်ရှင်ပါပဲ။ MUBI လို Art Film ဦးစားပေး streaming service မှာတောင် တင်ထားပြီး ရုပ်ရှင်ပွဲတော်ပေါင်းများစွာမှာလည်း ပြထားပါတယ်။ ဂျော်ဂျီယာဟာ လိင်တူစုံမက်ခြင်းကို အင်မတန် ရှုံ့ချတဲ့နေရာပါ။ အန်နွန်လို့ခေါ်တဲ့ အဘိုးကြီးတစ်ယောက်က ဂျော်ဂျီယာ ဘလက်ဆီးနားက ရွာလေးတစ်ရွာမှာ Wet Sand လို့ခေါ်တဲ့ ကဖေးလေးဖွင့်ထားတယ်။ အေးရာအေးကြောင်းနေလာရင်း သူ့ကဖေးမှာ လာသောက်နေကျ လူတစ်ယောက်ဆုံးသွားရာက ဂယက်ထလာတော့တာပါပဲ။ အဲဒီလူက ဘာသာမဲ့ဆိုတော့ သူ့ကို ဘယ်သူကမှလည်း မမြုပ်ပေးချင်ကြသလို ဘယ်သူကမှ အကောင်းမမြင်ကြဘူး။ သူ့အလောင်းကို ဒီတိုင်းပုပ်အောင်ပဲ ထားပစ်လိုက်ချင်ကြတယ်။ အဲဒီအလောင်းနဲ့ ‌အန်နွန်ဘာဆက်ဖြစ်မလဲ Wet Sand မှာ ကြည့်ရမှာပါ။ အစ‌ကနေအဆုံး သိမ်မွေ့ညက်ညောမှု အပြည့်နဲ့ပေါ့... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.2GB, 635MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 55Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action
7.2 2021 115 mins
Wet Sand
Missing and Alone
5.3

မတည့်အတူနေ ခင်ကြတဲ့ သူငယ်ချင်းမလေး ၂ယောက်ရှိတယ်။ တစ်ယောက်က မိတဆိုး၊ တစ်ယောက် ဖတဆိုး။ အမြဲရန်ဖြစ်နေကြပေမဲ့ သူတို့က သိပ်ချစ်ကြတယ်။ တစ်ယောက်က လိမ္မာတယ်။ တစ်ယောက်က ဆိုးတယ်။ တစ်ယောက်ရဲ့ အဖေက တောထဲမှာစခန်းချခရီးထွက်ရင်း ဆုံးသွားခဲ့တာ။ အဲဒီတစ်ယောက်အဖေရဲ့နှစ်ပတ်လည်နေ့မှာ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက် သူ့အဖေဆုံးခဲ့တဲ့ တောထဲအတူတူသွားကြတယ်။ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေကို လိမ်ပြီးသွားကြတာပေါ့။ မနက်ကျ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေနဲ့ တွေ့ကြတော့ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက်က သူတို့ကိုလိမ်သွားတာကို သူတို့သိသွားကြတယ်။ ဒီတော့ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေက သူတို့ကိုလိုက်ရှာကြတယ်။ ဟိုတစ်ယောက်က ပြန်ပေါ်လာပေမဲ့ အဲဒီတစ်ယောက်က ပျောက်နေတယ်။ အဲဒီတစ်ယောက်အမေ စိတ်ပူပြီးရှာတာပေါ့။ အဲဒီတစ်ယောက်ဘာဖြစ်သွားတာလဲ။ ဟိုတစ်ယောက်ကရော ဘာလို့ တစ်ယောက်တည်းပြန်လာတာလဲ။ အဲဒီနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ကြားဘာတွေဖြစ်ခဲ့လဲဆိုတာကို ရင်ခုန်စွာကြည့်ရမယ့် ကားလေးပါ။ ဇာတ်လမ်းအချိုးအကွေ့တွေလည်း လှပါတယ်။ အဲဒီတစ်ယောက်ကလည်း လှပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.53GB, 700MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 26Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Animation • Family • Music
5.3 2021 90 mins
Missing and Alone
Game of Deceit

ဒီဇာတ်လမ်းလေးဟာ "ကုန်ရှုံးတော့တစ်ခေါက် လင်ကုန်ရှုံးတော့တစ်သက်လုံးမှောက်"ဆိုတဲ့ စကားပုံလေးထဲကအတိုင်း လင်ယူမှားလို့ ဘဝပျက်လုနီးနီးဖြစ်ခဲ့တဲ့ ဂီတဆရာမလေး မာယာရဲ့ အိမ်ထောင်ရေးဇာတ်လမ်းအခြေခံထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ မာယာဟာ ပထမ ခင်ပွန်းဆုံးပါးသွားတာတစ်နှစ်ကြာတဲ့အခါ နောက်အိမ်ထောင်ပြုလိုက်ရာကနေစခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်……… မာယာရဲ့နောက်အိမ်ထောင်ဖြစ်တဲ့ အီရန် ဟာ အရက်သမား လောင်းကစားသမားဘဝနဲ့အကြွေးတွေနစ်နေတဲ့ ရဲတစ်ယောက်ပါ။ သူဟာ မဟာဖိုဝါဒီ သမားတစ်ယောက်ဖြစ်ခဲ့ပြီး ပထမအိမ်ထောင်နဲ့ကလေးနှစ်ယောက်မွေးထားသူ နောက်ထပ်ကလေးထပ်ယူဖို့ဆန္ဒ မရှိတော့တဲ့မာယာကို ဘယ်လိုတွေအတင်း အကြပ် ကိုယ်ဝန်ဆောင်ခိုင်းမလဲဆိုတာဒီဇာတ်လမ်းလေးထဲမှာကြည်ရှုခံစားရမှာဖြစ်ပါတယ် အီရန်ရဲ့အကြံအစည်ကိုဖျက်စီးဖို့ မာယာက ကျောင်းနေဖော်သူငယ်ချင်း အဲလ် နဲ့ပူးပေါင်းပြီးတော့အီရန့်ကိုလှည့်စားတဲ့အခါမှာ မာယာတို့ပဲအီရန် ရဲ့လက်ထဲက နေလွတ်မြောက်နိုင်မလား အီရန်ကပဲ လှည့်ကွက်ကိုရိပ်မိပြီး ဖျက်စီးလိုက်နိုင်မလားဆိုတာဒီဇာတ်ကားလေးထဲမှာဝင်ရောက်ကြည့်ရှုပေးကြပါဦးခင်ဗျာ....

Action • Adventure • Science Fiction
0 2023 88 mins
Game of Deceit
When You Finish Saving the World
5.9

When You Finish Saving the World (2022) ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့တဲ့ အေဘရာဟမ်လင်ကွန်းကို သူ့မိန်းမကတော့ အထင်မကြီဲးနိုင်ခဲ့ဘူးတဲ့။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ကြတဲ့ လူငယ်လေးတွေဟာလည်း ပန်းကန်ဆေးရမှာ သိပ်ပျင်းတတ်ကြတယ်။ အချစ်ထက် ကမ္ဘာကြီးကို ဦးစားပေးခဲ့တဲ့လူတွေလည်း ရှိကောင်းရှိခဲ့မှာပေါ့။ ကိုယ့်အနားကအရာတွေကို ပျောက်ရှသွားရင် ကမ္ဘာကြီးကရော ရှိပါ့ဦးမလား။ အားလုံးရဲ့ကမ္ဘာကို ကယ်တင်ပြီး ကိုယ့်ကမ္ဘာကိုယ် ပျောက်ရှခဲ့ဖူးသူတွေ ရှိလိမ့်မယ်။ ကမ္ဘာကြီးကိုလည်း မကယ်တင်နိုင်၊ ချစ်ခြင်းတရားကိုလည်း မကယ်တင်နိုင်ဖြစ်သွားကြတဲ့ လူတွေလည်းဒုနဲ့ဒေး ရှိနေမလားပဲ။ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပုံထားတဲ့ ထမင်းပန်းကန်တွေကိုဆေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မွေးထားတဲ့ ကြောင်ကလေးကို ခေါင်းပွတ်ပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ စိုက်ထားတဲ့ သစ်ပင်လေးကို ရေလောင်းပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပျိုးထားတဲ့ ငါတို့အတ္တတွေကို ပြန်ငြိမ်းသတ်ဖို့ မတတ်နိုင်တဲ့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မေ့ထားတဲ့ ငါတို့အနားကအရာတွေကို ပြန်သတိရဖို့အရာ ကမ္ဘာကြီးကို ပြောင်းလဲရင်း ကမ္ဘာကြီးက ငါတို့ကိုပြန်ပြောင်းလဲပစ်နိုင်တာ မမေ့ပစ်သင့်တဲ့ ကမ္ဘာ… A24 ကနေ ဖြန့်ပေးထားတဲ့ အမေရိကန် Coming-of-Age Comedy Drama ကားအသစ်ပါပဲ။ ဘယ် Coming-of-Age ကားနဲ့မှမတူတာတော့ သေချာတယ်။ မူးနောက်လောက်အောင် ပြောတတ်တဲ့ နာမည်ကျော်မင်းသား Jesse Eisenberg ရဲ့ ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်တဲ့ ဒီရုပ်ရှင်ဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ကြသူတွေကို သရော်ထားတဲ့ ရုပ်ရှင်လည်း ဟုတ်တယ်။ Emma Stone ကိုယ်တိုင်လည်း ပရိုဂျူဆာလုပ်ထားပြီး ဂန္ထဝင်မင်းသမီးကြီး Julianne Moore ရဲ့ Acting အလန်းတွေအပြင် Stranger Things ကနေပြီး ဖောက်ထွက်လာခဲ့တဲ့ Finn Wolfhard ကိုလည်း မြင်နေကျပုံစံမဟုတ်တဲ့‌ပုံစံသစ်တစ်မျိုးနဲ့ မြင်ကြရပါဦးမယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 870MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 28Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.9 2022
When You Finish Saving the World
Everybody Loves Jeanne
6.4

Everybody Loves Jeanne (2022) ~ IMDb – 6.4/10, Rotten Tomatoes – 100% ~ ဂျန်းမေယာလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်ပေါ့။ ဂျန်းဟာ ထက်မြက်တယ်၊ ဦးဆောင်နိုင်တယ်၊ လူဝင်ဆန့်တယ်။ သူ့ရှေ့အနာဂတ်ကို ကြည့်လိုက်မယ်ဆိုရင်လည်း အလားအလာကောင်းတွေ တသီကြီး စောင့်နေတယ်ပေါ့။ အဲဒီလို ဂျန်းဟာ တစ်ရက်မှာ သူ့ဘဝရဲ့ ဆုံးရှုံးမှုအကြီးစားကြီးတစ်ခု ကြုံလိုက်ရပြီး ဒေဝါလီခံရလုဆဲဆဲဖြစ်ပါတော့တယ်။ အကြံကုန် ဂဠုန်ဆားချက်၊ ဂျန်းတစ်ယောက် သူ့အမေချန်ခဲ့တဲ့ တိုက်ခန်းကို ရောင်းပြီးအကြွေးဆပ်ဖို့ကြံရွယ်ပြီး သူ့အမေ အသက်ရှိတုန်းက နေထိုင်ခဲ့ရာ လစ်ဘွန်ဆီ ခရီးထွက်ခဲ့ပါတော့တယ်။ ဒီကားမှာ စိတ်ဝင်စားဖို့ကောင်းတာက ပြင်ပကမ္ဘာမှာ မြင်နေရတဲ့ ဂျန်းမဟုတ်ပါဘူး။ လူတစ်ကိုယ် အတွေးပေါင်းသောင်းခြောက်ထောင်ဆိုတဲ့အတိုင်း ဂျန်းရဲ့ ခေါင်းထဲမှာဖြစ်ပျက်နေတဲ့ အတွေးတွေ အသံတွေကို ကိုယ်စားပြုပြီး ပြထားတဲ့ အန်နီမေးရှင်းတွေပါ။ ထက်မြက်တဲ့ ဦးဆောင်နိုင်တဲ့ လူဝင်ဆန့်တဲ့ အားလုံးကချစ်ကြတဲ့ ဂျန်းရဲ့ အတွင်းပိုင်းမှာက ဝရုန်းသုန်းကားဆန်မှုတွေ၊ မလုံမလဲမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမှုတွေ၊ နောင်တတွေ၊ ရံဖန်ရံခါ သတ်သေချင်လာတဲ့ နေ့တွေ… ဒါတွေအကြောင်းပေါ့။ ဒီကားကို ခေါ်သွားတဲ့အဓိကပြဿနာက ဂျန်းရဲ့ ငွေရေးကြေးရေး ပြဿနာဆိုပေမဲ့ ကြည့်ရှုသူအနေနဲ့ အဲဒီပြဿနာကို မေ့သွားစေပြီး ဂျန်းရဲ့ ကိုယ်ပိုင်ဘဝ ဂျန်းရဲ့ စိတ်အတွင်းပိုင်းဆီကို ခေါ်ဆောင်သွားပေးပါတယ်။ ပြောရရင် ပိုက်ဆံက ဂျန်းအကြောင်းကို ပိုသိရစေဖို့ အကြောင်းအရင်းလေးတစ်ခုမျှသာပါပဲ။ ဒီကားရဲ့ သာလွန်ချက်က အပေါ်မှာ ပြောခဲ့သလို ဂျန်းရဲ့ အတွင်းစိတ်ထဲကို ဝင်ခွင့်ရတဲ့အချက်ပါပဲ။ အဲဒီတော့ ဂျန်းကြားသလိုကြားရမယ် ဂျန်းမြင်သလိုမြင်ရမယ့်အပြင်ကိုမှ ဂျန်းတွေးနေတာတွေကို ဗီအိုင်ပီခုံကနေ ထိုင်ကြည့်ခွင့်ရသလိုပေါ့။ “ကျုပ်တို့အားလုံးသည် ဂျန်းများသာ” ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 770MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 35Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Horror • Music • Action
6.4 2022 95 mins
Everybody Loves Jeanne
Beaten to Death
5.5

မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် ဘယ်လောက်ထိပျက်စီးစေနိုင်လဲ။ ဒီဇာတ်ကားမှာတော့ ဆုံးဖြတ်ချက်တစ်ခုကိုမှားယွင်းချခဲ့မိပြီးတော့ နယ်ဘက်တစ်ခုကိုသွားခဲ့ကြတဲ့ စုံတွဲတစ်တွဲအကြောင်းကို ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။ ဂျက်ခ်ဟာ သူ့မိန်းမနဲ့အတူ နယ်ဘက်တစ်ခုကိုသွားရင်းနဲ့ လမ်းမှာ လူတစ်ယောက်နဲ့တွေ့ပြီးတော့ အခြေအတင်ဖြစ်ပြီး ရန်ဖြစ်ရာက အဲဒီလူက သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးကို တိုက်ခိုက်လာပါတော့တယ်။ သူတို့တိုက်ခိုက်ကြရင်းနဲ့ ဇနီးဖြစ်သူက သေဆုံးသွားပါတယ်။ ဂျက်ခ်လည်း အသေအလဲနှိပ်စက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဂျက်ခ်ဟာ အားမလျော့ဘဲ အဲဒီလူအလစ်မှာ အသေအလဲတိုက်ခိုက်ပြီး အဲဒီလူကိုအသေသတ်နိုင်ခဲ့ပါတယ်။ သူတို့ကိုနှိပ်စက်တဲ့သူသေသွားလို့ အရာအားလုံးအဆုံးသတ်ပြီလို့ ထင်နေပေမဲ့ ဒါက အစပဲရှိပါသေးတယ်။ အဲဒီလူသေသွားတော့ သူ့မိန်းမရဲ့အလောင်းကိုသယ်ပြီး အနီးအနားကလူတစ်ယောက်ကို အကူအညီတောင်းခဲ့ပေမဲ့ အကူအညီတောင်းမိတဲ့သူကလည်း သူ့ကိုနှိပ်စက်ခဲ့တဲ့သူနဲ့ တစ်ဖွဲ့တည်းဖြစ်နေတဲ့အခါ ဂျက်ခ်တစ်ယောက် ဘယ်လိုမျိုးဒုက္ခတွေကိုထပ်ရင်ဆိုင်ရပြီး၊ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…2.01GB / 1.04GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

5.5 2022 92 mins
Beaten to Death
Mommy
8

Mommy (2014) (language warning) ဒီတစ်ခေါက်တင်ဆက်ချင်တာကတော့ လူတိုင်းလက်မလွှတ်သင့်တဲ့ရုပ်ရှင်မျိုးဗျ။ ဒီရုပ်ရှင်ကို ကနေဒါရုပ်ရှင်လောကရဲ့ မှတ်ကျောက်တစ်ခုလို့လည်း ဆိုကြပြန်ပါတယ်။ ဒီရုပ်ရှင်က ခင်ဗျားကို ရင်ထဲဆို့နင့်သွားစေမယ့် ခံစားချက်တွေနဲ့အတူ မွန်းကြပ်သွားအောင်လုပ်နိုင်တဲ့ ရုပ်ရှင်လို့ပြောရင်လည်း မမှားပါဘူး။ ချစ်ခြင်းမေတ္တာရဲ့ဆန်းကြယ်မှုဟာ ဘဝရဲ့အမှောင်မိုက်ဆုံးအခိုက်အတန့်တွေမှာတောင် အစွမ်းကုန် တောက်ပနေတတ်ပါတယ်။ ဒါပေမယ့် ချစ်နေရုံနဲ့ပဲ လူတွေကို ကယ်တင်ပေးလို့ရမလား ဆိုတာကတော့ ဖြေရခက်တဲ့ မေးခွန်းပါပဲ။ ဒါပေမယ့် ဒီမေးခွန်းရဲ့အဖြေကို Xavier Dolanဟာ ဒီရုပ်ရှင်နဲ့အတူ လှပသေသပ်စွာ ဖြေခဲ့တယ်လို့ ပြောရလိမ့်မယ်ဗျ။ ဇာတ်လမ်းအကြောင်းဆက်မပြောခင်မှာ ဒီရုပ်ရှင်ရဲ့အောင်မြင်မှုအကြောင်းကို ပြောပြချင်တယ်ဗျ။ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့သူကတော့ ကနေဒါနိုင်ငံသားတစ်ဦးဖြစ်တဲ့ Xavier Dolanပဲဖြစ်ပါတယ်။ ရိုက်ကူးခဲ့တဲ့အချိန်မှာ သူဟာ အသက် 25နှစ်အရွယ်ပဲရှိသေးတာပါ။ ဒီရုပ်ရှင်ကို Cannes ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး Jury Prizeရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဆုပေါင်း ၅၀ကျော်အထိရရှိခဲ့ပြီး nominationပေါင်း ၆၀ကျော်ဝင်ခဲ့ပါတယ်။ ဒ ါဆိုရင်တော့ ဘယ်လောက်အောင်မြင်လဲ ခန့်မှန်းမိမှာပါ။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်တွေကတော့ ဒီယန်းလို့ခေါ်တဲ့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့သားဖြစ်သူ စတိဗ်တို့ဖြစ်ပါတယ်။ စတိဗ်ဟာ သူ့အမေကိုအရမ်းချစ်တဲ့ သားတစ်ယောက်လို့ပြောရမယ်။ ဒါပေမယ့် စတိဗ်ဟာ စိတ်ကျန်းမာရေး ချို့ယွင်းမှုတွေကြောင့် ပြုပြင်ရေးစင်တာကို အပို့ခံထားရတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ စင်တာမှာအတူနေတဲ့ ကောင်လေးတစ်ယောက်ကို မီးလောင်စေမှုကြောင့် စတိဗ်ကို စင်တာက ထုတ်ပယ်လိုက်ပါတယ်။ ဒီလိုနဲ့ ငွေရေးကြေးရေး ကြပ်တည်းရုန်းကန်နေရတဲ့ ဒီယန်းတစ်ယောက် စတိဗ်ကို အိမ်ပြန်ခေါ်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ စတိဗ်ရဲ့ စိတ်အအခြေအနေအရ ရိုင်းစိုင်းတဲ့အပြုအမူတွေ ကြမ်းတမ်းတဲ့လုပ်ရပ်တွေကို ရင်ဆိုင်လာရတဲ့အခါမှာ မိခင်ဖြစ်သူ ဒီယန်းတစ်ယောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်းကို စစဖွင့်လိုက်ချင်းတော့ ‘ဟာ ဘာလို့ရှည်မျှောမျှောကြီးဖြစ်နေတာလဲ’လို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုဖြစ်နေတာကိုက ဇာတ်လမ်းရဲ့ အနုပညာဆန်တဲ့ အရသာပဲလို့ ပြောရမယ်ဗျ။ ရှည်မျှောမျှောဖြစ်နေတဲ့ aspect ratioကပဲ ကြည့်တဲ့သူတွေကို ဇာတ်ကောင်တွေရဲ့ မွန်းကြပ်ဖို့ကောင်းတဲ့ဘဝထဲ အရောက်ပို့ခဲ့တာပါ။ ကြည့်ရင်းနဲ့ တချို့ဇာတ်ဝင်ခန်းတွေရောက်ရင်တော့ Xavier Dolanတစ်ယောက် သူ့ရဲ့ရုပ်ရှင်ကို ဘာလို့ဒီလိုပုံစံဖြစ်အောင် လုပ်ခဲ့တာလဲဆိုတာကို ကောင်းကောင်းသဘောပေါက်သွားလိမ့်မယ်ဗျ။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း အရမ်းချီးကျူးဖို့ကောင်းတယ်လို့ ပြောရမယ်ဗျ။ ဒီယန်းအဖြစ်သရုပ်ဆောင်တဲ့ Anne Dorvalဆိုရင် သူခံစားနေရတဲ့အတိုင်း ကြည့်နေတဲ့သူတွေကိုပါ ပျော်ရွှင်လိုက် ရင်မောလိုက် ဖြစ်အောင်လုပ်သွားနိုင်ပါတယ်။ စတိဗ်အဖြစ်သရုပ်ဆောင် ခဲ့တဲ့ Antoine Olivier Pilonဆိုရင်လည်း အသက်ငယ်ငယ်လေးနဲ့ အရမ်း complexဖြစ်တဲ့ ဇာတ်ကောင်တစ်ကောင်ကို ဖော်ကျူးသွားခဲ့တာပါ။ အချုပ်အားဖြင့်ပြောရရင်တော့ Lana Del Reyရဲ့သီချင်းထဲကလိုပဲ ‘တစ်ခါတစ်လေမှာ အချစ်ဟာ မလုံလောက်ပဲ ဖြတ်သန်းရမယ့် ခရီးလမ်းကလည်း ကြမ်းတမ်းလာတတ်ပါတယ်’။ ဒါကြောင့် လက်ရှိအချိန်လေးမှာပဲ တစ်ယောက်ကိုတစ်ယောက် ရယ်မောပျော်ရွှင်အောင် လုပ်ပေးရင်း၊ ဖေးမကူညီကြရင်းနဲ့ အတူတူဖြတ်သန်းကြတာ အကောင်းဆုံးပါပဲ။ ဒီရုပ်ရှင်ဟာ ကြည့်တဲ့သူကို စလယ်ဆုံး ခံစားချက်ပေါင်းများစွာပေးပြီး ဆွဲခေါ်သွားမှာဖြစ်သလို၊ ဇာတ်သိမ်းသွားတဲ့ အချိန်မှာလည်း ကြည့်တဲ့သူတွေ တွေးစရာကိုယ်စီနဲ့ ငိုင်ပြီးကျန်နေခဲ့လိမ့်မယ်လို့ အာမခံပါတယ်။ ဒီတော့ ရုပ်ချင်ချစ်သူတွေအနေနဲ့ အပြေးလေးသာ ကြည့်လိုက်ပါတော့ဗျ။ R rated filmဖြစ်တဲ့အတွက် ရိုင်းပြတဲ့အသုံးအနှုန်းတွေနဲ့ ဆဲဆိုတဲ့ စကားလုံးတွေ ပါဝင်တာကိုတော့ သတိပြုစေချင်ပါတယ်ဗျ File size… 1.93 GB / 787 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 19m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Spencer Potato

Drama • Romance
8 2014
Mommy
Satanic Hispanics
5.7

Satanic Hispanics (2022) ~ IMDb – 5.7/10, Rotten Tomatoes – 91% ~ “Satanic Hispanics” ဆိုတဲ့နာမည်မှာ Hispanics ဆိုတာက စပိန်ဘာသာစကားကို အခြေခံထားတဲ့ လူမျိုးတွေကိုပြောတာပါ။ ဥပမာ ကျူးဘား၊ မက္ကဆီကန် လူမျိုးတွေပေါ့။ ဒီဇာတ်ကားရဲ့ခေါင်းစဉ်ကတော့ စေတန်နှင့်ပတ်သက်သော စပိန်များ လို့ အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ စပိန်နိုင်ငံရဲ့ အယ်လ်ပါဆိုတဲ့ဒေသမှာရှိတဲ့ အိမ်တစ်ခုကိုဝင်စီးတဲ့အချိန်မှာ ရဲတွေဟာအလောင်းပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ “သွားလေသူ” လို့ သူ့ကိုယ်သူခေါ်တဲ့ အမျိုးသားတစ်ယောက်ပဲ ဘာထိခိုက်ဒဏ်ရာမှမရှိဘဲရှင်ကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ထုံးစံအတိုင်းပဲ မှုခင်းဖြစ်ပွားတဲ့နေရာမှာ ရှင်ကျန်နေတဲ့သွားလေသူဆိုတဲ့သူကို လူသတ်တရားခံအတွက် သံသယရှိတဲ့သူဆိုပြီး စခန်းကိုဖမ်းသွား၊ မေးမြန်းတာတွေလုပ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသူတွေက သမားရိုးကျပုံစံမျိုးနဲ့သေဆုံးတာမဟုတ်ဘဲ အားလုံးက သွေးတွေခန်းတဲ့အထိစုပ်သတ်ခံရပြီးမှ နဖူးထဲသေနတ်ရာပေါက်ပြီး သေသွားကြရပါတယ်။ ရဲတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကိုမေးလိုက်တိုင်း သူက တခြားအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီးပြောပြောလာပါတယ်။ အဲဒီမှာပဲ သွားလေသူဟာ သူ့ရဲ့ဇာတ်လမ်းတွေကို ပြောလာပါတော့တယ်။ တကယ်ပဲ ဒီမှုခင်းဟာ သမာရိုးကျအစွန်းရောက်လူသတ်သမားတစ်ယောက်ရဲ့ လုပ်ရပ်ပဲလား၊ ဒါမှမဟုတ် သွေးရိုးသားရိုးမဟုတ်တဲ့ ဂမ္ဘီရအတတ်၊ အောက်လမ်းနည်းတွေပါနေတဲ့ လူသတ်ကွင်းဆက်ကြီးများလားဆိုတာကို ကြည့်ရှူကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို ပြန်အကျဉ်းချုပ်ရရင်တော့ ရှုထောင့်ပေါင်းစုံနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားလို့ပြောနိုင်ပါတယ်။ သွားလေသူပြောပြခဲ့တဲ့ ဇာတ်လမ်းတွေဟာ ရယ်ရ၊ မောရတဲ့အပြင် ထိတ်လန့်ချောက်ချားပြီး မထင်မှတ်ထားတဲ့ပုံစံတွေပါဝင်နေတဲ့အတွက် သာမန် Horror ကားတွေလိုမျိုး အမြဲလန့်နေရမှာမဟုတ်ဘဲ ရသမျိုးစုံကိုပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 900MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 45Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.7 2022 113 mins
Satanic Hispanics
Possessions
4.2

Possessions (2024) =============== ဒီကားထဲမှာတော့ ပိထ်တွမ်ဆန်ဆိုတဲ့လူဟာ သိုလှောင်ခန်းတွဲတွေ အပါအဝင် နေထိုင်ဖို့အိမ်ပါပါဝင်တဲ့ နေရာကို ဈေးတန်တန်နဲ့ရလိုက် တာကြောင့် မကြာသေးခင်ကမှ မိတဆိုးသားလေးဖြစ်သွားရတဲ့ သူ့ သားဖြစ်သူ တိုင်လာနဲ့အတူ စိတ်သစ်၊ လူသစ်ဖြစ်အောင်ဆိုပြီး ပြောင်း ရွှေ့လာတာနဲ့ ဇာတ်လမ်းအစပြုထားပါတယ်။ ပြောင်းရွှေ့ပြီးသိပ်မကြာခင်မှာပဲ ပိထ်တစ်ယောက် သိုလှောင်ခန်းတွဲ လုပ်ငန်းကို ပြန်လည်ပတ်လုပ်ကိုင်ဖို့အတွက် စာရင်းတွေ စစ်ဆေးနေ တုန်း သိုလှောင်ခန်းတစ်ခန်းက သတ်မှတ်ထားတဲ့ ငှားရမ်းရက်ကျော် တာ လချီနေပြီဖြစ်တာကိုသိလိုက်ရတာမို့ ငှားရမ်းသူအကြောင်း စုံစမ်း ဖို့လုပ်ပါတော့တယ်။ ဒီအချိန်မှာပဲ တိုင်လာတစ်ယောက် အဲဒီအခန်းထဲ က စက်ဘီးတစ်စီးကိုတွေ့ပြီး လိုချင်စိတ်နဲ့ယူစီးလိုက်ရာကနေ တဖြည်း ဖြည်းနဲ့ အရင်ကနဲ့မတူဘဲ ထူးဆန်းလာပါတယ်။ ဒါတွေကို ပိထ်တစ်ယောက် သတိထားမိလာတဲ့အခါမှာ ဘာတွေဆက် ဖြစ်လာမလဲ၊ သတ်မှတ်ငှားရမ်းရက်ကျော်နေပြီဖြစ်တဲ့ သိုလှောင်ခန်း ကိုရော ဘယ်သူကငှားထားပြီး သူ့သားမူမမှန်ဖြစ်လာတာတွေနဲ့ ဘယ် လိုမျိုးတွေ ဆက်စပ်နေတာလဲဆိုတဲ့မေးခွန်းတွေ‌ရဲ့အဖြေကိုတော့ ဒီကား လေးကို ဆက်လက်ကြည့်ရှူရင်း ကိုယ်တိုင်အဖြေရှာကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(760 MB) / (450 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Fiona Gillen Encoder……….SWM

4.2 2024 90 mins
Possessions
The Dictator
6.4

ကြည့်ဖူးတဲ့သူကတော့ ဒီပုံလေးမြင်တာနဲ့ မှတ်မိမှာပါ။ အာဏာရှင် ကင်ဂျုံအီ၊ ကဒါဖီ တို့ကိုအခြေခံပြီး ဇာတ်ကောင်ဖန်တီးရိုက်ကူးခဲ့တဲ့ နိုင်ငံရေးသရော်တဲ့ ဟာသကားပါ။ ဒီကားထဲက အာဏာရှင် ဗိုလ်ချုပ်ကြီး အလာဒန် ဟာ နယူးယောက်ခ် ကုလအစည်းအဝေးကို လာတက်စဉ်မှာ ပြန်ပေးဆွဲခံလိုက်ရပြီး သူ့နေရာကို ပုံစံတူလူစားထိုးခံလိုက်ရပါတယ်။ ရည်ရွယ်ချက်ကတော့ သစ္စာဖောက်ဦးလေးဟာ နိုင်ငံကိုဒီမိုကရေစီအဖြစ်ပြောင်းလဲပြီး ကိုယ်ကျိုးအတွက်စီးပွားရေးလုပ်ဖို့ပါပဲ။ ဘယ်သူမှမမှတ်မိတော့တဲ့ အလာဒန်တစ်ယောက် အခက်ခဲတွေကြားထဲကစွန့်စားပြီး သူ့နိုင်ငံကြီး ဒီမိုကရေစီမရဖို့အရေး သက်စွန့်ကြိုးပမ်းဆောင်ရွက်လာရတဲ့အခါမှာတော့…..

6.4 2012
The Dictator
Wunderland
7.8

Wunderland (2023) ======== IMDb Rating (7.9 ) Miniatur Wunderland လို့ခေါ်တဲ့ ဂျာမနီ ဟန်းဘတ်မြို့က ဂင်းနစ်စံချိန်ဝင်ထားတဲ့ ရထားသံလမ်းမော်ဒယ် တည်ဆောက်ကြတဲ့ အမြွှာ၂ယောက်အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်။ သာမန် သာကြည့်ရင် အရုပ်သေးသေးလေးတွေလို့ထင်ရတဲ့ မော်ဒယ်ပုံစံလေးတွေကိုလည်း Braun အမြွှာနှစ်ယောက်နဲ့ သူတို့ team က အချိန်တွေအများကြီးပေးပြီး အသေးစိတ်ကျကျ ပုံဖော်ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Wunderland ကို ဂျာမနီမှာတင်မဟုတ်ပဲ တောင်အမေရိက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးယိုးမြို့မှာပါ ဆောက်ဖို့ပြင်ဆင်ကြတာတွေပါ ရိုက်ကူးထားပါတယ်။ ဘာသာစကားမတူ ယဥ်ကျေးမှုမတူပဲ တောင်အမေရိကသားတွေနဲ့ ဂျာမန်တွေ အလုပ်ကို ချစ်စိတ်တစ်ခုတည်းနဲ့ ရီယိုမြို့မှာ Wunderland အကောင်အထည်ပေါ်ဖို့ ၂နှစ်လောက်အတူကြိုးစားကြတာကို ကြည်နူးဖွယ်ကြည့်ရမှာပါ။ ကမ္ဘာမှတ်တမ်းဝင်အရာတစ်ခုဖြစ်လာဖို့ အချိန်တွေ ပိုက်ဆံတွေအပြင် စိတ်အားထက်သန်မှုတွေအများကြီးနဲ့ အလုပ်လုပ်နေကြတဲ့ Wunderland Team က နောက်ကွယ်မှာ ဘယ်လိုရှိလဲဆိုတာ ကြည့်လိုက်ရအောင်နော်

7.8 2024
Wunderland
Bat War
7.5

Bat War (2024) *************** နာမည်ကြီးမင်းသားတွေဖြစ်တဲ့ မမထုန်ဒီ ဇာတ်ကားထဲက ဖီဆွတ်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Kao Jirayu La-ongmanee နဲ့ ရေညှိရောင်းပြီး သူဌေးဖြစ်အောင် လုပ်ခဲ့တဲ့ဇာတ်ကား(Billionaire)ထဲက မင်းသား Peach Pachara Chirathivatတို့နဲ့အတူ မင်းသမီးချောလေး orin Khumpiraphanလည်း ပါဝင်ထားတဲ့ ဟာသဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ************** ကဲအိုတာ, ချတ်နဲ့ ပေါင်တို့ဟာ ငယ်ငယ်လေးတုန်းက ဂီတကျောင်းမှာ အတူတူ ပညာ သင်ကြားခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။ ကဲအိုတာတစ်ယောက် ချင်းရိုင်ကိုထွက်သွားခဲ့ပြီး ပေါင်ကလည်း ဂီတကျောင်းက ဆရာခေါင်ကြောင့်နဲ့ စိတ်ဒဏ်ရာတွေရခဲ့ကာ စစ်တပ်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ချတ်ကတော့ ဆရာခေါင်ရဲ့ သားဖြစ်ပြီး အဖေ့အမွေကို ဆက်ခံဖို့ဝေး လူငယ်ပီပီ ဘဝကို ပျော်ပျော်ကြီးကို နေနေခဲ့ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်း ၃ယောက် အရွယ်တွေရလာပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုကို မြှင့်တင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းဂီတကို ခွင့်ပြုချက်မရှိဘဲ ဆိုကြတီးကြတာတွေကို တားမြစ်ဖို့ လုပ်ဆောင်ကြပါတော့တယ်။ ဒီအမိန့်ကို မနာခံတဲ့သူတွေကိုလည်း သေဒဏ်အထိ ချမှတ်နိုင်ပြီး နိုင်ငံအတွင်းမှာရှိတဲ့ ထိုင်းဂီတကျောင်းတွေအကုန်လုံးကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။ ငယ်ငယ်က ဆရာခေါင်ကို စိတ်နာပြီး စစ်တပ်ထဲဝင်သွားတဲ့ပေါင်ဟာ ဗိုလ်မှူးဖြစ်လာခဲ့ပြီး ဒီအမိန့်အတွက် တာဝန်ပေးအပ်ခြင်းခံရတဲ့အခါမှာတော့ .. ဆရာခေါင်ရဲ့ ပြိုင်ဘက်ဖြစ်သူ ဆရာဒမ်နဲ့ပေါင်းပြီးတော့ ဆရာခေါင်တို့ကို ထိုင်းဂီတနဲ့ ပတ်သတ်တာတွေ မလုပ်နိုင်ဖို့ လုပ်ဆောင်ပါတော့တယ်။ ဒီအချိန်မှာပဲ ဆရာခေါင်ရဲ့ သားဖြစ်သူ ချတ်ဟာ သူ့အဖေရဲ့ ကိုယ်စား ထိုင်းဂီတကို ဘယ်လို နည်းလမ်းတွေနဲ့ ပြန်လည်ကယ်တင်ပေးမလဲ ……. ချတ်, ပေါင်နဲ့ ကဲအိုတာတို့ရဲ့ ၃ပွင့်ဆိုင်ဇာတ်လမ်းမှာရော ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ …… ဆိုတာကို ဟာသလေးနှော ကြည့်ရှုရမယ့် ထိုင်း ဒရာမာဟာသဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…2.01GB / 870MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 55 min. Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou, Kim & DaoPhyo Encoded by AHtet

7.5 2024
Bat War
My Sunshine
7.3

My Sunshine (2024) ******************* လမ်းပျောက်နေတဲ့အချိန်မှာ ရုတ်တရက်ပေါ်လာတဲ့ မှုန်ပျပျနေရောင်ခြည်လေးက မျှော်လင့်ချက်ရဲ့အရိပ်အယောင်ပါပဲ။ ဒီနေ့မှာတော့ ဆုပေါင်းများစွာဆွတ်ခူးရရှိထားတဲ့ ပေါ့ပေါ့ပါးပါး ဂျပန်ဆယ်ကျော်သက်ကျောင်းသား sports drama ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ တာကုယာဆိုတဲ့ကောင်လေးက အမြဲတစ်ယောက်တည်းနေနေတတ်တဲ့အပြင် စကားလည်းထစ်တတ်တော့ ‌အမြဲလှောင်ပြောင်ခံနေရတဲ့သူပေါ့။ အားကစားမှာလည်း သာမန်အဆင့်လောက်ပဲဆိုတော့ ဘေ့စ်ဘောကစားတာဖြစ်ဖြစ် အိုက်စ်ဟော်ကီဖြစ်ဖြစ် အရမ်းသာမန်ဖြစ်နေတဲ့ တာကုယာကို ဘယ်သူမှမမြင်ကြဘူးပေါ့။ အဲဒီလိုနဲ့ လမ်းပျောက်နေတဲ့သူကိုမြင်လိုက်တဲ့သူက‌တော့ အားကစားနည်းပြဆရာပါ။ ဒီလိုနဲ့ နည်းပြက တာကုယာကို အိုက်စ်ဟော်ကီအစား သရုပ်ပြရေခဲပြင်စကိတ်စီးတာကို မိတ်ဆက်ပေးပြီး ကောင်မလေးတစ်ယောက်နဲ့အတူ လေ့ကျင့်ဖို့ တိုက်တွန်းလာချိန်မှာတော့…. (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…0.99GB / 347MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 30 min. Genre ….. Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ Encoded by AHtet

Romance • Drama
7.3 2024 90 mins
My Sunshine