YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Thousand Years For You E20 (1080p) CM.mp4

550.64 MB N/A video/mp4 111 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
That Thing You Do!
6.9

ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Tom Hanksက ပွဲဦးထွက်အနေနဲ့ ဒါရိုက်တာ၊ စာရေးဆရာအဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ 1996 ခုနှစ်က That Thing You Do ဆိုတဲ့ IMDB 7/10, Rotten Tomatoes 94% ရရှိထားတဲ့ ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Musical/Comedy/Drama ကားလေးမှာ မင်းသားကြီးတွေဖြစ်တဲ့ Tom Everett Scott (Dead Man on Campus)၊ Johnathon Schaech (Hush)၊ ဟာသမင်းသားကြီး Steve Zahn (Daddy Day Care) နဲ့ မင်းသမီးချော Liv Tyler (Lord of the Ringsထဲက Arwen)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်ဝင်သီချင်းတစ်ဖြစ်လည်း မူရင်းသီချင်းဖြစ်တဲ့ That Thing You Do ဟာဆိုရင် အကောင်းဆုံး မူရင်းဇာတ်ဝင်တေးသီချင်းဆုအဖြစ် ဆုပေးပွဲများစွာမှာ အနိုင်ရရှိခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ၁၉၆၄ ခုနှစ်မှာ Erie, Pennsylvania က လူငယ်လေး ၄ယောက်ပါဝင်တဲ့ တီးဝိုင်းအဖွဲ့လေးက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ မမျှော်လင့်ဘဲ လူသိများထင်ရှားလာခဲ့ပါတယ်။ တဖြည်းဖြည်းနာမည်ကြီးလာတော့ အသံသွင်းကုမ္ပဏီကြီးတစ်ခုရဲ့ ကမ်းလှမ်းချက်နဲ့အတူ နိုင်ငံတစ်ဝှမ်း ဖျော်ဖြေပွဲတွေ သွား၊ ဓာတ်ပုံတွေရိုက်နဲ့ မအားမလပ်နိုင်လောက်အောင် အလုပ်တွေရှုပ်နေခဲ့တာပေါ့။ လူမသိသူမသိဘဝလေးကနေ ရုတ်တရက်ကြီး အောင်မြင်သွားပြီး တိုင်းသိပြည်သိ အနုပညာရှင်ဖြစ်သွားတဲ့အခါ ဒီအောင်မြင်မှုရဲ့ဝန်ကို ဘယ်လိုတွေထမ်းပိုးရမလဲဆိုတာ၊ အောက်ခြေမလွတ် ဘဝင်မမြင့်ဘဲ အဆုံးထိ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်တာမို့ အတုယူစရာ ပညာရစရာလေးတွေကိုလည်း တစ်ပါတည်း ရှုစားနိုင်မှာပါ။ အောင်မြင်မှုဆိုတာ စတင်ဖို့မလွယ်သလို ထိန်းသိမ်းထားဖို့က ပိုခက်ခဲတယ်ဆိုတာ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အောင်မြင်ကျော်ကြားမှုရဲ့ ကျေးကျွန်ဖြစ်မသွားဖို့ သတိထားသင့်ပုံလေးတွေပါ သိရှိနိုင်မှာပါ။ (ဒီကားလေးထဲက ကြည်နူးစရာလေး တစ်ခုကတော့ ဦးသန့်ကို ထည့်သွင်းဖော်ပြပေးသွားတာပါ။ စာလေးတစ်ကြောင်း ဇာတ်ဝင်ခန်းလေး တစ်ခန်းပဲပေမယ့် ဦးသန့်အကြောင်းကို တလေးတစား ထည့်သုံးသွားတာလေးနဲ့တင် အဲဒီခေတ်အဲဒီအခါက ဦးသန့်ရဲ့ အောင်မြင်မှုကို တွက်ဆကြည့်လို့ရနိုင်ပါတယ်။ ဒီကားရဲ့ စာရေးဆရာ ဒါရိုက်တာဖြစ်တဲ့ Tom Hanksရဲ့ ဗဟုသုတကြွယ်ဝမှုနဲ့ အလေးအမြတ်ထားတတ်မှုကိုတော့ မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲ) အညွန်းနဲ့ ဘာသာပြန်က Emily ပါ။ File size…(2.5 GB)/(1.7 GB)/(822 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Comedy, Romance, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama • Romance
6.9 1996 108 mins
That Thing You Do!
The Distributors
6

ဇာတ်လမ်းအစမှာတော့ ဒိုယူဘင်းဆိုတဲ့ ကျောင်းဆရာက ကျောင်းသား နှစ်ယောက်ကို သူတစ်ပါး ခွင့်ပြုချက်မပါဘဲ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ ‌ပုံတွေကို ရိုက်ကူးတဲ့အတွက် ပြစ်ဒဏ်ပေးတာနဲ့ စတင်ထားပါတယ်။ အပြစ်ပေးခံရတဲ့ထဲက တစ်ယောက်က ရိုးသားကြိုးစားဖိုးသခွားလေး ... ဆိုလ်းတက္ကသိုလ်ကို သွားမယ့်သူဆိုပြီးတော့ ဆရာတွေ နှုတ်ဖျားမှာ နာမည်ကြီးနေတဲ့ အန်ဂျီဟို ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ယောက်ဖဖြစ်လာမဲ့ အင်ဆောင်းမင်းတို့ဖြစ်တယ်။ ဒိုယူဘင်းဆိုတဲ့ ကျောင်းဆရာက မကြာခင် လက်ထပ်တော့မှာဖြစ်ပြီး သာယာတဲ့ အိမ်ထောင်ရေးဘဝလေးကို စိတ်ကူးယဉ်နေသူပါ။ ဒါပေမဲ့ သူငယ်ချင်းဖြစ်သူ ‌ကောင်းမှုကြောင့် လက်မထပ်ရသေးခင်မှာ ကလပ်မှာသွား ကောင်မလေး နှစ်ယောက်နဲ့ သာယာပြီး မမေ့နိုင်စရာကောင်းတဲ့ ညလေး တစ်ညဖြစ်ခဲ့တယ်။ ပျောက်ဆုံးသွားတဲ့ အဲ့ဒီညကမှတ်ဉာဏ်တွေနဲ့အတူ တစ်စုံတစ်ယောက်ဆီကနေ ဖုန်းဝင်လာတဲ့အခါ ... သာယာတဲ့ အိမ်ထောင်ရေးဘ၀‌လေးကို စိတ်ကူးယဉ်ခဲ့တဲ့ ဒိုယူဘင်း တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မှာလဲ? ဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri ကရေးပေးထားပါတယ်။) File Size          : 1.1GB, 458MB, 268MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 41mins Genre              : Thriller Translated by Hnin Win, Miri & Estel Encoded by Kinnov

Action • Thriller
6 2022 101 mins
The Distributors
Arjun Patiala
3.5

ဒိဇာတ်ကားလေးကတော့ IMDb rating 4.3ရရှိထားတဲ့ Comedy/Actionအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကားဖြစ်ပြီး အာရ်ဂျွန်ပါတိယာလာအဖြစ် ဒိလ်ဂျီးတ် ဒိုဆာန့်ခ်ျနဲ့ ရီတူးရန်ဒါဝါအဖြစ် ကရီသီးဆနွန်းတို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။အချစ် ဟာသနဲ့ အက်ရှင်တွေ စုံစုံလင်လင်ပါဝင်ပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ အာရ်ဂျွန်ပါတယာလာလို့ခေါ်တဲ့ရဲအရာရှိနဲ့ သူ့ရဲ့လက်ထောက်အိုနီဒါတို့ဟာဆိုရင် သူတို့ရဲ့မြို့ထဲမှာရမ်းကားနေတဲ့ လူမိုက်တွေကို ရှင်းထုတ်ပစ်ဖို့ အကြံထုတ်ကြပါတယ်။ အဲဒီအချိန် အာရ်ဂျွန်တစ်ယောက်ဟာ ရီတူဆိုတဲ့အလုပ်မှာစိတ်အားထက်သန်တဲ့ သတင်းထောက်မ‌ချောချောလေးနဲ့ ‌ ဆုံတွေ့ကာ သူမကို မြင်မြင်ချင်းသဘောကျ နှစ်ခြိုက်မိသွားပါတယ်။ အာရ်ဂျွန်တစ်ယောက်မြို့ထဲက လူမိုက်တွေကိုရှင်းထုတ်ပစ်ပြီး သူ့ရဲ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်မှာလား... ရီတူကရော အာရ်ဂျွန်ကိုလက်ခံပါ့မလား.... အာရ်ဂျွန်ရဲ့အကြံအစည်ကို‌ရော လူမိုက်တွေက ရိပ်မိသွားမလား.... ဘယ်လို အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူ ပေးကြပါလို့ .... ဘာသာပြန်တွေကတော့ Intelligenceနဲ့ Soe Kalayarတို့ဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ File size…1.97GB / 968MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Intelligence & Soe Kalayar

Action • Adventure • History
3.5 2019 107 mins
Arjun Patiala
RRR
7.8

IMDb Rating -8.4/10 (ခုဗားရှင်းကတော့ အကြည်ဆုံး WEB DL ဗားရှင်းကို Audio 5.1CHနဲ့ 4k Qualityထိ တင်ဆက်ပေးထားပါတယ်) ဘိုင်ယာဘာမင်းသား Konidela Ram Charan Teja နဲ့ ဂမ်ဂုဘိုင် မင်းသမီး Alia Bhatt တို့ရဲ့ ပါဝင်ထားပြီး မင်းသားကြီးအာဂျေးလို ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်ကြီးကပါ ပါဝင်အားဖြည့်ပေးထားပါတယ်) 1920 ခုနှစ် အိန္ဒိယနိုင်ငံကို ဗြိတိသျှအစိုးရ အုပ်ချုပ်နေစဥ်အခါက မြို့စားမင်း စကော့နဲ့ အမျိုးသမီးဖြစ်သူ ကတ်သရင်းတို့ဟာ အာသီလာဘတ်တောအုပ်ထဲကိုသွားရင်း မာလီဆိုတဲ့ ကလေးလေးတစ်ယောက်ကို အဆိုကောင်းတာကြောင့် မတရား ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ် မာလီရဲ့ အစ်ကိုဖြစ်တဲ့ ဘင်းတစ်ယောက်ကတော့ သူ့ညီမလေးကို ကယ်ဖို့ အစွမ်းကုန်ကြိုးစားနေရင်း တစ်နေ့ ရာမာ(ရမ်) နဲ့ ဆုံခဲ့ပါတယ် သူတို့နှစ်ယောက် အလုပ်အတူတူလုပ်ရင်းနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပေါ့ သို့သော် ဘင်းမသိခဲ့တဲ့ ရမ်ရဲ့အကြောင်းကတော့ ရမ်ဟာ အင်္ဂလိပ်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ရဲအရာရှိတစ်ယောက် ဖြစ်နေခဲ့တာပါ ရမ်က ရဲသားတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ့်လူမျိုးတွေကိုပါ ညှာတာခြင်းမရှိ နှိပ်စက်သတ်ဖြတ်နိုင်တဲ့သူတစ်ယောက်ပါ ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက်တွေအများကြီးရှိနေခဲ့ပါတယ် ဘင်းနဲ့ ရမ်ရဲ့ ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်မှာလဲ... ရမ်နဲ့ စီသာ (မင်းသမီး Alia Bhatt) ကကော ဘယ်လိုဆက်နွယ်မှုရှိနေတာလဲ.... IMDb 8.4/10 ရရှိထားပြီး ဗြိတိသျှအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ အဖိနှိပ်ခံပြည်သူတွေရဲ့ ဇာတ်ကြောင်းနဲ့ ဘဝတွေကို အကောင်းဆုံးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တာကြောင့် အခုပဲ ကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ (4k Quality ထွက်လာရင်လဲ အမြန်ဆုံး Updateပေးသွားပါမယ်) File size…12GB / 5.3Gb / 3GB

Action • Comedy • Crime
7.8 2022 187 mins
RRR
Mickey’s Magical Christmas: Snowed in at the House of Mouse
6.6

Mickey’s Magical Christmas: Snowed in at the House of Mouse (2001) ခရစ္စမတ်နေ့မှာ ခရစ္စမတ်အရသာ အပြည့်အဝရမယ့် အန်နီမေးရှင်းလေးတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်းမှာ ၂၀၀၁မတိုင်ခင်ထွက်ခဲ့တဲ့ ဒစ္စနေးရဲ့ရှိသမျှ ဇာတ်ကောင်တွေ အကုန်နီးနီးပါတယ်။ ဘာလို့ပါသတုန်းဆို ဒီရုပ်ရှင်က House of Mouse လို့ခေါ်တဲ့ မစ်ကီမောက်စ်စီးရီးရဲ့ Spin-Off အဖြစ်ထုတ်ထားတာ။ House of Mouse က ပြောရရင် ဒစ္စနေးရဲ့ မှတ်တိုင်စိုက်ထူမှုတစ်ခုလို့ ပြောရမယ်။ ဘာလို့ဆို House of Mouse ဆိုတဲ့ နာမည်ကိုက ဒစ္စနေးရဲ့ နာမည်ပြောင်လည်းဟုတ်နေတယ်။ နောက် House of Mouse စီးရီးမှာ ၁၉၃၀ကနေ ၁၉၅၀ဝန်းကျင်က ဒစ္စနေးကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြထားကြတာတွေတော်တော်ပါတယ်။ သူတို့ရဲ့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြကြတာပေါ့။ House of Mouse ဆိုတာက မစ်ကီတို့သူငယ်ချင်းတွေဖွင့်ထားတဲ့ Dinner Theatre Club… အဲဒီကို ဒစ္စနေးက ဇာတ်ကောင်တွေအကုန်လာကြတယ်ပေါ့။ အဲဒီဇာတ်ကောင်တွေကိုထည့်တဲ့နေရာမှာ အန်နီမေးရှင်းလုံးဝမရှိသေးတဲ့ ဒစ္စနေးကောမစ်က ဇာတ်ကောင်တွေကိုပါ ထည့်ခဲ့တယ်။ ၅၂ပိုင်းနဲ့ ရုပ်ရှင်၂ကားထွက်ခဲ့တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီ၂ကားထဲက တစ်ကားဖြစ်သလို ခရစ္စမတ်ကားလည်းဟုတ်နေတဲ့ကားပေါ့။ ဇာတ်လမ်းစစမှာ မစ်ကီတို့တွေဟာ ခရစ္စမတ်အကြိုနေ့မှာ ဖျော်ဖြေပွဲလုပ်ပြီးတဲ့နောက် ဧည့်သည်တွေကို နှုတ်ဆက်တယ်။ ကံဆိုးချင်တော့ နှင်းတွေပိန်းပိတ်နေအောင် ကျနေလို့ တစ်ယောက်မှ အိမ်ပြန်မရတော့ဘဲ House of Mouse မှာပဲ ခရစ္စမတ်ပါတီကို ကျင်းပရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုခရစ္စမတ်ပါတီကျင်းပတော့ မစ်ကီက အိမ်ရှင်ပီပီ အားလုံးကို ပျော်စေချင်တယ်။ ရှိရှိသမျှ ဒစ္စနေးဗီလိန်တွေအကုန်လုံးတောင် ခရစ္စမတ်ကိုတော့ ချစ်ကြတယ်။ ပျော်ကြရွှင်ကြတယ်ပေါ့။ ဒါပေမဲ့ ခရစ္စမတ်ကို မချစ်နိုင်တဲ့သူက ဒေါ်နယ်လ်။ ဒီတော့ ဒေါ်နယ်လ်ကို ခရစ္စမတ်ကို ချစ်တတ်လာအောင် မစ်ကီက မစ်ကီရဲ့ဇာတ်လမ်းတိုလေးတွေရော ဒေါ်နယ်လ်ရဲ့ဇာတ်လမ်းတိုလေးတွေရောပြတယ်။ ထုံးစံအတိုင်း မင်နီ ဂူဖီ ပလူတိုတို့ရော ဟူဝီ ဒူဝီ လူဝီတို့ရော ဘဲကပ်စေးတို့ရော အကုန်ပါတာပေါ့။ တစ်ပုဒ်ပြီး တစ်ပုဒ်ပြပေမဲ့ ဒေါ်နယ်လ်ကတော့ သူ့ဦးလေးဘဲကပ်စေးနဲ့တူအောင်ကို ခေါင်းတွင်တွင်ခါနေတုန်းပဲ။ ဒီတော့ မစ်ကီတို့တွေ ဒေါ်နယ်လ်ကို ခရစ္စမတ်ကို ချစ်သွားအောင် ဘာပြရမလဲ ခေါင်းချင်းရိုက်ကြတာပေါ့။ ဒေါ်နယ်လ်ချစ်တတ်သွားအောင် မစ်ကီတို့ ဘယ်လိုဇာတ်လမ်းတွေ ဒေါ်နယ့်လ်ကို ပြကြမလဲ ကြည့်ကြရလိမ့်မယ်။ ဒေါ်နယ့်လ်ကို ပြသွားတဲ့ ခရစ္စမတ်ဇာတ်လမ်းတွေထဲမှာ ဒစ္စနေးရုပ်ရှင်တို ၂ခုပါတယ်။ Pluto’s Christmas Tree (1952) နဲ့ Mickey’s Christmas Carol (1983) တို့ပါပဲ။ Mickey’s Christmas Carol ကတော့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို မှီးထားတယ်။ Academy Award for Best Animated Short Film ဆုပါ ဆန်ခါတင်ဝင်သွားသေးတယ်။ တကယ်လည်း‌ ကောင်းပါတယ်။ သူတို့ပြခဲ့တဲ့ဇာတ်လမ်းတွေထဲ ဒီတစ်ပုဒ်ကတော့ တော်တော်ကောင်းတယ်။ ခရစ္စမတ်ရဲ့ အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ A Christmas Carol ရဲ့ ကျောရိုးအတိုင်း မစ်ကီမောက်စ်တို့နဲ့ ကြည့်ရမှာဆိုတော့ ခရစ္စမတ်မှာ ကြည့်လို့လည်း တော်တော်အရသာရှိလိမ့်မယ်။ မစ်ကီတို့ဆိုခဲ့တဲ့သီချင်းအတိုင်းပေါ့… ခရစ္စမတ်ဆိုတာ ခရစ္စမတ်သစ်ပင်ကြီးဧည့်ခန်းထဲ အလှထည့်ထားတာလည်းမဟုတ်ဘူး။ ခရစ္စမတ်ပွဲကြီးလမ်းကြီးတွေ လုပ်ကြတာမျိုးလည်း မဟုတ်ဘူး။ ခရစ္စမတ်ဆိုတာ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ချစ်ခြင်းတွေနဲ့ အတူရှိနေတဲ့ အချိန်ပါပဲ။ ” အားလုံးလည်း ရှိနိုင်ကြပါစေ… မယ်ရီခရစ္စမတ်… “ (ဒီကာတွန်းနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 5Min Genre – Adventure, Animation, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 2001 61 mins
Mickey’s Magical Christmas: Snowed in at the House of Mouse
Amityville Ripper

အမ်မတီဗေးလ်ဆိုတဲ့ နာမည်ကြီး horror ဝတ္ထုနဲ့ တစ်ချိန် အင်္ဂလန်မှာ ကျော်ကြားခဲ့တဲ့ Jack The Ripper (လူသတ်သမား ဂျက်) ကို ရောသမမွှေပြီး troll သဘောမျိုး ပြန်ရိုက်ထားတဲ့ ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ် တစ်ခုပြောချင်တာက ဒီကားက အပျော်တမ်းရုပ်ရှင်လိုမျိုး အပြောင်အပျက်တွေရိုက်ထားတာ ဖြစ်ပြီး အတည်တော့ ကြည့်လို့မရဘူးပေါ့… အတော်လေးတော့ ရယ်ရတဲ့ ကားလေးပါ ဇာတ်လမ်းအစမှာ ဂြိုဟ်သားယာဥ်ပျံ သတင်းတစ်ခု ပွက်လောရိုက်နေပြီး နယူးရီးယား ညမှာ Goth ကောင်မလေး…. (Goth ဆိုတာ အနက်ရောင်တွေဝတ်, အနက်ရောင်တွေဆိုးပြီး ဝိညာဥ်တွေ သေခြင်းတရားတွေကို စွဲလမ်းတဲ့ မိန်းကလေးကို ပြောတာပါ) မယ်ရီရန်နဲ့ သူငယ်ချင်းဖြစ်သူ အန်နီတို့ နယူးရီးယားညမှာ နာမည်ကြီး ကွင်းဆက်လူသတ်သမား (Jack The Ripper) ကို ဝိညာဥ်ပြန်ခေါ်မယ် လုပ်ကြတယ် မယ်ရီရန်ရဲ့ မောင်လေးနဲ့ သူ့သူငယ်ချင်းတွေကလည်း သူတို့အိမ်မှာ ပါတီလုပ်နေကြပြီးတော့ ည ၁၂ နာရီကျ သူတို့ခေါ်လိုက်တဲ့ ဝိညာဥ်က အားလုံးကို လိုက်သတ်တဲ့ ဇာတ်လမ်းပေါ့ဗျာ ဒီဇာတ်လမ်းက comedy ဆိုတာထက် troll တာလို့ ပြောရင်ပိုမှန်မှာပါ… ဇာတ်ကားကလည်း တိုတယ်ဆိုတော့ ခဏလောက်တော့ အပျင်းပြေကြည့်လို့ရတာပေါ့ File size…(1.7 GB)/(807 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Horror • Drama • Fantasy
0 2023
Amityville Ripper
Thelma the Unicorn
6.2

Thelma The Unicorn ဇာတ်ကားဟာ Netflix ရဲ့ 2024 နောက်ဆုံးထွက် musical animation ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် အဓိက character ဖြစ်တဲ့ မြင်းမလေး Thelma ကို အသံသရုပ်ဆောင်ပေးထားတာကတော့ ဂရမ်မီဆုတွေ ရထားတဲ့ Brittany Howard ဖြစ်လို့ သီချင်းတွေ မကောင်းမှာကို လုံးဝစိတ်ပူစရာ မလိုပါဘူး။ ဇာတ်လမ်းလေးကတော့ နာမည်ကျော်အဆိုတော် ဖြစ်ချင်တဲ့ မြင်းပုမလေး Thelma ဟု သူ့ရဲ့အပေါ်ယံရုပ်ရည်ကြောင့် အိပ်မက်တွေ လက်တွေ့ဖြစ်ဖို့ အလှမ်းဝေးနေပါတယ်။ အဲဒီချိန်မှာ မတော်တဆမှုတစ်ခုကြောင့် မြင်းပုလေးကနေ unicorn အဖြစ် ပြောင်းသွားချိန်မှာ အောင်မြင်မှုတွေက ပိုနီးလာမလား ပိုဝေးသွားမလား သူ့ရဲ့မိတ်ဆွေစစ် မိတ်ဆွေတုတွေကရော သူ့ကို ဘယ်လိုဆက်ဆံကြမှာလဲ စတဲ့ ဇာတ်လမ်းလေးကို အကောင်းဆုံး သီချင်းတွေနဲ့ ထိုင်ရာမှ မကြွ အစအဆုံးကြည့်နိုင်အောင် ဆွဲဆောင်နိုင်မဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်…. File size… 2.47GB / 1.16GB Quality…NF WEB-DL1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.2 2024 98 mins
Thelma the Unicorn
The Lyricist Wannabe
5.8

လူတိုင်းမှာ အိပ်မက်ရှိကြပါတယ်။ အိပ်မက်ရှိကြတဲ့ လူတိုင်းက အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအိပ်မက်က ကိုယ့်ရဲ့ စိတ်ကူးယဉ်ရုံ သက်သက်ဆိုရင်ရော…… လော်ရင်ရှီးဟာ အလယ်တန်းအရွယ်မှာပဲ သူ့အိပ်မက်လမ်းကြောင်းကို သေချာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သီချင်းစာသားဖြည့်သူတစ်ယောက် ဖြစ်ချင်တာတဲ့။ အဲဒီအိပ်မက်အတွက် ၁၀ နှစ်ကျော်အချိန်ပေးပြီး တစ်စိုက်မတ်မတ် ကြိုးစားနေခဲ့ပါတယ်။ ဒါပေမဲ့ ကြိုးစားတိုင်း အောင်မြင်မှာမဟုတ်တာ လူ့ဘဝ ဓမ္မတာပဲဖြစ်တဲ့အတွက် လော်ရင်ရှီးဟာလည်း အရှုံးတွေကို ရင်ဆိုင်ရတာ ပုံမှန်လို ဖြစ်နေခဲ့ပါတယ်။ သီချင်းစာသားဖြည့်သူဖြစ်ဖို့အတွက် လမ်းကြောင်းပြသူမရှိ၊ ဝင်ငွေမရှိဖြစ်နေပြီး ကိုယ်တိုင်က အခမဲ့ရေးပေးမယ်လို့ ပြောတာတောင် အထင်သေးခံနေရပါသေးတယ်။ နေ့စဉ်နဲ့အမျှ ဒီအိပ်မက်အတွက် ကိုယ့်မှာ ပါရမီ ပါရဲ့လားလို့ သံသယဖြစ်နေခဲ့ရပါတယ်။ ဆယ်နှစ်တာ အချိန်အတွင်း လော်ရင်ရှီးတစ်ယောက် သူ့အိပ်မက်အတွက် ဘယ်လို ကြိုးစားမှုတွေ လုပ်ခဲ့သလဲ…… အကြိမ်ကြိမ်ကြိုးစား အကြိမ်ကြိမ်ရှုံးနိမ့်ရတဲ့ ဘဝမှာ ဘာအတွက်ကြောင့် သူ့အိပ်မက်တွေအတွက် တောင့်ခံထားနိုင်ရတာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။

Romance • Drama
5.8 2024
The Lyricist Wannabe
The Girl with the Needle
7.5

ဒီတစ်ခါမှာတော့ 97 ကြိမ်မြောက် အော်စကာဆုပေးပွဲရဲ့ Best International Feature Film ဆုအတွက် ဆန်ခါတင် စာရင်း ဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက် ပေးလိုက်ချင်ပါတယ်။ 82ကြိမ်မြောက် Golden Globes Awards ပွဲမှာလည်း ဆန်ခါတင်စာရင်းဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်ဟာ ၁၉၁၅-၁၉၂၀ခုနှစ်အတွင်း ဒိန်းမက်နိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ခြောက်ခြားတုန်လှုပ်ဖွယ် မှုခင်း တစ်ခုကို ကျောရိုးယူပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ***************** ကာရိုလင်းဆိုတဲ့အမျိုးသမီးဟာ သာမန်လက်လုပ်လက်စား အထည်ချုပ်စက်ရုံက ဝန်ထမ်းအမျိုးသမီးတစ်ဦးပါ။ သူ့ယောက်ျားက စစ်ပွဲကာလမှာ စစ်မှုထမ်းသွားရာကနေ စာမလာသတင်းမကြားတာ ၁နှစ်ကျော်ရှိပြီမလို့ တိုက်ပွဲထဲ ကျသွားပြီသာထင်မှတ်ပြီး ယာဟန်ဆိုတဲ့လူကုံထံတစ်ဦးနဲ့ ချစ်ကြိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ကာရိုလင်းမှာ ယာဟန်နဲ့ရတဲ့ကိုယ်ဝန်ရှိလာခဲ့ပြီး ယာဟန်နဲ့အတူလက်ထပ်ကာ ဘဝသစ်တည်ထောင်ဖို့ စိတ်ကူးခဲ့ပေမဲ့ ကာရိုလင်းတစ်ယောက် ကံမကောင်းခဲ့ရှာပါဘူး။ လူကုံထံအသိုင်းအဝိုင်းက ယာဟန်ဟာ ကာရိုလင်းကိုတာဝန်မယူဘဲ စွန့်ပစ်လိုက်တော့ ကာရိုလင်းဟာ သူနဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ကြိုးစားခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချ‌တာမအောင်မြင်ခဲ့ပေမဲ့ ဒါမာဆိုတဲ့အမျိုးသမီးဟာ သူ့ကိုလာကူညီပေးခဲ့ပြီး ကလေးမွေးရင် သူ့ကိုလာရှာဖို့မှာသွားခဲ့ပါတယ်။ ဒါမာဟာ မိခင်တွေစွန့်ပစ်ချင်တဲ့ကလေးတွေကို အခကြေးငွေယူပြီး မွေးစားမိဘ‌တွေဆီပို့ပေးတယ်လို့ ပြောခဲ့တာကြောင့် ကာရိုလင်းဟာ ကလေးမီးဖွားပြီးတဲ့အခါ ဒါမာဆီကို ကလေးသွားပေးပါတော့တယ်။ အဲဒီကနေစလို့ ဇာတ်လမ်းရဲ့ tempoလည်း တဖြည်းဖြည်းတက်လာပြီး အပေါ်မှာပြောခဲ့တဲ့ တုန်လှုပ်ဖွယ် မှုခင်းဟာလည်း ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာပါတော့တယ်။ ဒါ့အပြင် Black and white color နဲ့ တင်ဆက်ထားတာကြောင့် ရုပ်ရှင်ကနေတစ်ဆင့် ပေးချင်တဲ့ ရသကို ကောင်းကောင်းကြီး ခံစားရမှာပါ။ ဘာကြောင့် အော်စကာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်နေတာလဲဆိုတာကိုတော့ ကိုယ်တိုင် ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… (7.07GB) / (2.04GB) / (953MB) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….2h 3m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Adventure • Animation • Comedy • Family • Fantasy • Music
7.5 2024 123 mins
The Girl with the Needle
Captain America: The First Avenger
6.9

Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor (2011) Captain America: The First Avenger (2011) The Avengers (2012) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Captain America: The First Avenger (2011) IMDb Rating (6.9) / Rotten Tomatoes (80 %) MCU ရဲ့ ပဉ္စမမြောက်ရုပ်ရှင်ကားဖြစ်ပြီး မင်းသား Chris Evans ရဲ့ Captain America ဇာတ်ကောင်ကို မိတ်ဆက်ခဲ့ပါတယ်။ Captain America ဇာတ်ကောင်ဟာ MCU ရဲ့ အသည်းကျော်ဇာတ်ရုပ်ဖြစ်ပြီး ဒီကားထဲမှာ သာမန်လူသားလေးတယောက်ကနေ စူပါဟီးရိုးဘယ်လိုဖြစ်လာတယ်ဆိုတာ မြင်တွေ့ကြရမှာပါ။ Budget $140–216.7 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $370.6 million ထိပြန်လည်ရရှိခဲ့ပါတယ်။

Romance
6.9 2011 124 mins
Captain America: The First Avenger
A Long Visit
7.5

A Long Visit (2010) ******************** CM ပရိတ်သတ်ကြီးတို့အတွက် ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ မိခင် မေတ္တာဖွဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် .. ပြည်သူ့မိခင်ကြီးလို့တောင် တင်စားခေါ်ဝေါ် ရလောက်တဲ့ မင်းသမီးကြီး Kim Hae-Sook နဲ့ မင်းသမီး Park Jin-Hee တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် .. ။ – ဇာတ်လမ်းအကျဉ်း – ******************** အန်ဟယ်ဆု (Kim Hae-Sook) ကတော့ သမီးကြီးကို ၂ နှစ်သားအရွယ်မှာတင် ဆုံးရှုံးလိုက်ရတာဖြစ်လို့ သမီးလတ်ဖြစ်သူ ဂိုဂျီဆု (Park Jin-Hee) အပေါ် အထူးတလည် တွယ်တာစိတ်ကြီးမားပြီး သမီးလေးစိတ်တိုင်းကျ ဘာမဆို ဖြည့်ဆည်းပေးတတ်တဲ့ အမေတစ်ယောက်ပါ။ ဒါပေမဲ့ ဂျီဆုကတော့ အိမ်ထောင်ရက်သားကျလို့ ကလေးမွေးပြီးနောက်မှာတောင် အမေက သူ့ကို ကလေးလိုပဲ ဆက်ဆံနေဆဲဖြစ်လို့ တစ်ခါတလေ အမေ့အပေါ် ပြန်ညည်းညူပြတတ်တဲ့ သမီးဆိုးလေးပေါ့ ။ ဒီလိုနဲ့ တစ်နေ့မှာ ဂျီဆုက သူ့ဆီမှာ ကင်ဆာရောဂါရှိနေတယ်ဆိုတာကို သိလိုက်ရပြီးတဲ့နောက် သူ့မှာ ရောဂါရှိနေတာကို ဖုံးကွယ်ပြီး အမေနဲ့ နောက်ဆုံးအကြိမ်အဖြစ် အချိန်အတူကုန်ဆုံးဖို့ အမေနေတဲ့ရွာလေးဆီ ပြန်ဆင်းသွားပါတော့တယ်… ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေးပေမဲ့ သမီးဖြစ်သူ အရင်ထွက်သွားရတော့မှာကို သိလိုက်ရတဲ့အခါ ခံစားရတဲ့ အမေတစ်ယောက်ရဲ့ ခံစားချက်ကို ရင်ထဲနင့်နေအောင် ပုံဖော်ရိုက်ကူးပြထားတာဖြစ်လို့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလို့ ညွှန်းဆိုလိုက်ပါရစေ .. ။ (အညွှန်းကို Hnin Wai Oo မှ ရေးသားထားပါတယ်) File size…1.92GB / 640MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 49m Genre ….. Adventure, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by AHtet

Thriller • Crime • Drama
7.5 2010 109 mins
A Long Visit
Silent Roar

Silent Roar (2023) ဆိုတဲ့ ဇာတ်ကားက စကော့တလန်ရဲ့ အိုင်လပ်စ်ရေပြင်မှာ ရိုက်ထားတဲ့ လူငယ်ဘဝအကြောင်း ဒရာမာကားလေးပါ ဇာတ်လမ်းက ဒွန်ဒိုဆိုတဲ့ လှိုင်းစီးသမားလူငယ်လေးတစ်ယောက်အကြောင်းပဲ သူ့အဖေ ဝီလီ တစ်နှစ်လောက်ကြာတဲ့အထိ ပင်လယ်ထဲမှာ ပျောက်သွားတာ လူတွေက သေသွားပြီလို့ ထင်ကြပေမယ့် ဒွန်ဒိုကတော့ အဖေအသက်ရှင်နေသေးတယ်လို့ ယုံကြည်ထားတယ် ဒွန်ဒိုတစ်ယောက် အဖေ့ကို ရှာဖို့ ကြိုးစားရင်း သူ့သူငယ်ချင်း ဆပ်စ်ဆိုတဲ့ ပုန်ကန်တတ်တဲ့ ကောင်မလေးနဲ့ အတူ စွန့်စားခန်းတွေ ဖွင့်တယ် ဆပ်စ်က ဒွန်ဒိုကို ကူညီရင်း သူ့ရဲ့ ဝမ်းနည်းမှုတွေကို ရင်ဆိုင်ဖို့ တွန်းအားပေးတယ် ဒီလိုနဲ့ ကျွန်းပေါ်က ဘုရားကျောင်းက သင်းအုပ်ဆရာသစ်တစ်ယောက်ရောက်လာပြီး ဒွန်ဒိုရဲ့ ဘာသာရေးနဲ့ ခံစားချက်တွေကို ပိုရှုပ်ထွေးသွားစေတယ် ဒီဇာတ်ကားက ဝမ်းနည်းမှု ဘာသာရေး နဲ့လူငယ်ဘဝရဲ့ စွန့်စားရှာဖွေမှုတွေကို ဟာသလေးနဲ့ ရောပြီး ပြထားတာပါ ဒွန်ဒိုနဲ့ ဆပ်စ်ရဲ့ ချစ်စရာဇာတ်လမ်းလေးက ရုပ်ရှင်ပြီးတာတောင် စိတ်ထဲမှာ ကျန်နေစေမှာပါဗျ File size… (1.6 GB) / (921 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Action • Comedy • Crime
0 2025
Silent Roar
Young Hearts
8

Young Hearts (2024) IMDb Rating (8.0) / Rotten Tomatoes (100%) အချစ်ဦးဟာ ပန်းရနံ့သင်းသင်းလိုပဲတဲ့။ ငယ်ဘ၀ရဲ့ ဦးဆုံးရင်ခုန်သံကို လူတိုင်းအတွက်တော့ တော်ရုံမေ့နိုင်ကြမှာမဟုတ်ဘူး။ ဒါပေမဲ့ အီလီရတ်စ် ဘ၀မှာတော့ အဲ့ရင်ခုန်သံကိုဖြစ်ပေါ်စေတဲ့သူက မိန်းကလေးတစ်ဦးမဟုတ်ပဲ ကောင်လေးတစ်ဦးဖြစ်နေခဲ့တယ်။ လှိုင်းတွန့်တွန့်ဆံနွယ်တိုတွေ၊ ပိန်ပိန်ပါးပါးကိုယ်ခန္ဓာနဲ့ နှစ်သက်ဖို့ကောင်းအောင်ပြုံးတတ်တဲ့ကောင်လေးက အီလီရတ်စ်တို့ဘေးအိမ်ကို ပြောင်းလာခဲ့တဲ့ အိမ်နီးချင်းအသစ်လေး။ စာအုပ်တွေ၊ ပုံပြင်တွေထဲမှာသာဖတ်ရတဲ့ အချစ်ဆိုတဲ့အရာကြီးက အီလီရတ်စ်တို့အရွယ်လေးတွေအတွက် ဆန်းပြားတဲ့အရာတစ်ခုဆိုပေမဲ့ မြီးကောင်‌ပေါက်အရွယ် ယောကျာ်း‌လေးတွေထုံးစံအတိုင်း ရွယ်တူကောင်လေးတစ်ယောက်ကို ချစ်ကြောင်းပြရမှာ သိမ်ငယ်တဲ့ အီလီရတ်စ်အတွက်က ၀န်ထုပ်၀န်ပိုးတစ်ခုနဲ့ မခြားတော့ဘူး။ အမှား၊ အမှန်ကို ကောင်းကောင်းမခွဲခြားတတ်၊ ကမ္ဘာကြီးကို ထိတွေ့မှုနည်းသေးတဲ့ အရွယ်မှာ အီလီရတ်စ်က သူ့ခံစားချက်တွေကိုသူပြန်ကြောက်မိလာတယ်။ မိသားစု၀င်တွေ၊ သူငယ်ချင်းတွေ၊ ဘေးလူတွေအမြင်ကို ဂရုစိုက်တတ်တဲ့ အီလီရတ်စ်က ဒီအရာကို ဘယ်လိုများဆက်ရင်ဆိုင်သွားမလဲဆိုတာကိုတော့ ကြည့်ရှု့လိုက်ကြပါနော်။ အမှန်ဆိုရင်‌တော့ ဒီကားက သာမန်အချစ်ကားလေးပါပဲ။ ဒါပေမဲ့ ပုံမှန်ယောကျာ်းမိန်းမကြားက အချစ်မျိုးမဟုတ်ပဲ ပုံသွင်းမခံရသေးတဲ့ ဆယ်ကျော်သက်ကောင်လေးနှစ်ဦးရဲ့ ငယ်ရွယ်ပျိုမြစ်သောနှလုံးသားနှစ်စုံအကြောင်းကို နူးနူးညံ့ညံ့လေးပုံဖော်ပြသထားခြင်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:39:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin

8 2024 99 mins
Young Hearts