YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.White.Lotus.S01E05.1080p.(CM).mp4

955.73 MB N/A video/mp4 872 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Koogle Kuttappa
5.7

ဒီတစ်ခါမှာတော့ IMDB မှာ 7.2 အထိရရှိထားတဲ့ 2022 ခုနှစ်ထွက် မေတ္တာဖွဲ့ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မေတ္တာဖွဲ့ကားတွေအထွက်ကျဲချိန်မှာ ဒီကားလေးထွက်လာတာဝမ်းသာစရာပါပဲ ဇာတ်လမ်းအကျဉ်း... သားကို ချစ်လွန်းလို့ စက်ရုပ်အင်ဂျင်နီယာဘွဲ့ရတဲ့အထိကျောင်းထားပေးပြီး မွေးရပ်မြေမှာပဲ နေ့စဉ်ရုံးတက်ရုံးဆင်း လုပ်စေချင်တဲ့အဖေ ဖခင်ကို မလွန်ဆန်နိုင်ပေမယ့် ဘ၀ရှေ့ရေးအတွက် နိုင်ငံရပ်ခြားအထိ အလုပ်သွားလုပ်ချင်နေတဲ့သား.. နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ အသက်ကြီးတဲ့အဖေကို စောင့်ရှောက်နိုင်မယ့် အိမ်တွင်းသူနာပြုတွေ ခေါ်ပေမယ့် လူ့ဂွစာအဖေကြောင့်အကုန် ပြန်ပြေးရတဲ့အချိန် သူ့ကို အလုပ်ခန့်တဲ့ကုမ္မဏီက နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် စီစဉ်ပေးချိန်မှာတော့ ခံစားချက်ရသတွေ အများကြီးခံစားလို့ရနိုင်မယ့် ရုပ်ရှင်တစ်ကားကို မွေးထုတ်ပေးလာတာကြောင့် လိုက်ပါစီးမြောခံစားလိုက်ကြပါဦးခင်ဗျာ... အညွှန်းနဲ့ဘာသာပြန် Lwin Htoo Aung ဖြစ်ပါတယ် File size…2.1GB / 1.05GB Quality…1080p WEB DL Tamil AAC 5.1CH / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung

Horror • Mystery • Thriller
5.7 2022 131 mins
Koogle Kuttappa
Night Blooms
5

ရုပ်ရှင်ဆိုတာ မက်ဆေ့တစ်ခုခုပေးနိုင်ရပါတယ်။ ဘာမက်ဆေ့မှ မပေးတဲ့ ခံစားရုံသက်သက်လို့ ဂျင်းထည့်ကြတာတွေက ဇာတ်ညွှန်းမရှိ ဘတ်ဂျက်မနိုင်လို့ အဆင်ပြေသလိုရိုက်ပြီး အဓိပ္ပာယ်မရှိမှ လျှောက်အာရွှီးတာတွေပါပဲ။ အကောင်းဆုံးရုပ်ရှင်တွေကိုကြည့်ပါ။ IMDb ထိပ်ဆုံးကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူ့ထက်ကောင်းတဲ့ကား ဘာမှမရှိတဲ့ Shawshank Redemption ကနေဆို မျှော်လင့်ချက်ထားသင့်ကြောင်း မက်ဆေ့အကြီးကြီးရသလို Star Wars တို့မှာဆိုလည်း ယူတတ်ရင် မက်ဆေ့တွေချည်းပါပဲ။ ကျွန်တော်အသည်းစွဲ တစ်နေ့၂ကားအထိ ကြည့်နေကျ ဘောလိဝုဒ်နဲ့ တမီးလ်ကားတွေမှာလည်း မက်ဆေ့မပါတဲ့ ကားလုံးဝမရှိသလို ဒိုင်ယာလော့တွေနဲ့ ထိထိမိမိကို မက်ဆေ့ပေးနိုင်တဲ့ ရုပ်ရှင်တွေပါပဲ။ ကြည့်ဖူးတဲ့သူတွေ သိကြမှာပါ။ အခုရုပ်ရှင်ကလည်း မက်ဆေ့ကို ထိထိရောက်ရောက်ပေးနိုင်တဲ့ Coming Of Age ရုပ်ရှင်တစ်ကားပါပဲ။ သိပ်ချစ်ကြတဲ့ သူငယ်ချင်းမလေးနှစ်ယောက်ရှိတယ်။ သူတို့အတူတူ တီးဝိုင်းထောင်ထားပြီး တစ်ယောက်အိမ် တစ်ယောက် ဝင်နေထွက်နေကျဆိုတော့ သိပ်ခင်ကြတာပေါ့။ တစ်နေ့ကျတော့ တစ်ယောက်က တစ်ယောက်ရဲ့ အဖေကို ကြိုက်မိသွားပြီး တစ်ယောက်ရဲ့ အဖေနဲ့ အိပ်ရဖို့ ကြံတယ်။ နောက်ဆုံး ပါသွားတာပေါ့။ အဲဒီနောက်ဆက်တွဲတွေအကြောင်းပါပဲ။ ပညာပေးကားလား ဘာလားတော့ မသိပေမဲ့ လိင်ဆက်ဆံခန်းတွေ ၃ခန်းလောက်ပါတာမို့ မိသားစုနဲ့တော့ ကြည့်ဖို့မသင့်ပါဘူး။ Jessica Clement ဆိုတဲ့ မင်းသမီးချောလေးက သရုပ်ဆောင်ထားပါတယ်။ လောကကြီးမှာ မဖြစ်သင့်တာတွေကို လုပ်မိတဲ့အခါ ဘာတွေဖြစ်တတ်လဲ အားလုံးပညာယူနိုင်ရန်အလို့ငှာ မက်ဆေ့အကြီးကြီးပေးသွားတဲ့ ရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်။ ရုပ်ရှင်ဆိုတာ မက်ဆေ့ယူဖို့ပဲမဟုတ်လား။ ဇာတ်ကားကောင်းကောင်းလေးလားဆိုတာတော့ အာမ,မခံပေမဲ့ မက်ဆေ့‌ကောင်းကောင်းလေးတော့ရဖို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___"မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 555MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 38Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Horror • Music
5 2022 98 mins
Night Blooms
Loving Vincent
8

သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်...။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်.. ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။ သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့.. ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ... ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက် တပြားတစ်ချပ်မှ ဝင်ငွေမရပဲ ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့ ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင် သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့ အခမ်းနားဆုံး အနုပညာရှင်....။ ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမတစ်ယောက်ကို လက်ဆောင်ပေးခဲ့တဲ.. ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။ " လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ အစာစားဖို့ မဟုတ်ပဲ ပန်းချီဆွဲဖို့ စာလောင်တယ်" ဆိုတဲ့ ပန်းချီဆရာ... ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း ပန်းချီကား ၉၀၀ ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀ နေ့မနား ညမနား ဆွဲသွားတဲ့ ပန်းချီဆရာ.. အဆုံးသတ်တစ်နေ့မှာ.. ပန်းချီဆရာတစ်ယောက်အတွက် သေခြင်းက ဆိုးဝါး ပြင်းထန်လောက်အောင် ခံရခက်တဲ့ အရာဟုတ်ဘူးဆိုတဲ့ သူ့ စကားအတိုင်း သေပြခဲ့သူ။ ဗင်းဆင်းရဲ့ ပန်းချီကားတွေဟာ.. အပေါ်ယံအမြင်နဲ့ ရေးဆွဲထားတာ မဟုတ်ပါဘူး။ မြင်ရတဲ့ အရာတွေပေါ် ခံစား သိရှိနားလည် သလို ရေးဆွဲထား၏။ စိတ်ကူးယဉ်ရေးဆွဲထားဟန် ရှိပေမဲ့ နားလည်နိုင်အောင် ရေးထားသည်။ သဘာဝနဲ့ကင်းကွာခြင်းမရှိ။ ထိုကဲ့သို့ ဝေဖန်သူများက သုံးသပ်ကြ၏၊ ဗင်းဆင့်ဗန်ဂိုးဟာ အနုပညာကို ခံစားတက်သူတိုင်းရဲ့ သူငယ်ချင်းပါပဲ...။ ဒီတော့ ဒီကားမှာ သူ့ဘဝ သူ့အနုပညာ သူ့အခက်အခဲ သူ့အတွေးအခေါ်တွေကို သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းလို ကျွန်တော်တို့ ခံစားကြရမှာပါ။ တစ်ချို့ မရေရောတဲ့ အချက်တွေကို ဒွိဟ ပြသွားပေမဲ့.. သေချာတာကတော့ ဗင်းဆင့်ကို ကျွန်တော်တို့ လုံးဝ ခံစားမိစေမှာပါ။ ဒီ ဇာတ်လမ်းရဲ့ ဇာတ်လိုက်က ဗင်းဆင့် ဗန်ဂိုး မဟုတ်ပါဘူး။ ဗင်းဆင့် သေပြီး ကာလတစ်ခုမှာ... ဗင်းဆင့်ကို နားမလည်တဲ့ ကောင်လေးတစ်ယောက် သူ့အဖေ ဆန္ဒအရ..ဗင်းဆင့် ကျန်ခဲ့တဲ့စာကို ပို့်ရာက ဗင်းဆင့်ကို စာနာသွားတာကို ဇာတ်အိမ်တည်ထားတာပါ။ ဒီဇာတ်ကားမှာ ဗင်းဆင်းရဲ့ ပန်းချီဟန်တွေ အပြင် ဗင်းဆင့်ရဲ့ တကယ့် ပန်းချီကားတွေ အများကြီး ထည့််သုံးထားပါတယ်.. ကြယ်တွေစုံတဲ့ည.. ဂျုံခင်းထဲက ကျီးကန်းများ.. ပန်းအိုးထဲက နေကြာ၁၂ပွင့် ညလုံးပေါက်ကဖေး တဲရေ့စ်ကဖေးရဲ့ ညရှုခင်း အစရှိတဲ့ နာမည်ကျော် ပန်းချီတွေ ပါပါတယ်..။ ထူးခြားတာကတော့ ဒီကားကို အစအဆုံး ဆီဆေးပန်းချီကားပေါင်း ၆၅၀၀၀ကို Animationအနေနဲ့လုပ်ထားပြီး အဲ့ဒီပန်းချီကားတွေကို ကမ္ဘာအနှံ့ကအနုပညာရှင် တစ်ရာကျော်က ရေးဆွဲပေးခဲ့ပါတယ်။ ဒီကားရဲ့ အဓိက ဇာတ်ကောင် အာမန်ရော်လင် အပါအဝင် ဒေါက်တာ ဂါးချက်.. ပီရီ တန်ဂျိုင်း ဇာတ်ကောင်တွေဟာလည်း ဗင်းဆင့် ဆွဲခဲ့တဲ့ ပုံတူတွေကို သုံးထားတာပါ..။ ဗင်းဆင့် ဘာကြောင့် သေဆုံးသွားရခဲ့သလဲ.. အဖြေရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူ ဗင်းဆင့် ဘဝကို ရှာပုံတော် ဖွင့်ရမှာပါ.. Live Longer.. You'll see.. Life can even bring down the strong.. ဘဝမှာ အနေကြာလာရင် ဘဝဟာ အခိုင်အမာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်ပါတယ်... ဗင်းဆင့်ရဲ့ ရင်နင့်စရာ ပြိုလဲမှု အကြီးကျယ်ဆုံး အနုပညာရှင်တစ်ယောက်ရဲ့ ပြိုလဲမှုကို ခြေရာကောက် ကြည့်ချင်ရင် ဒီကားထက် ပိုပြောပြနိုင်မဲ့ကား ရှိမယ် မထင်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 810 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__7.8/10 Format__mp4 Duration__01:34:43 Type__Animation , Biography , Crime Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action & Adventure • Drama • Sci-Fi & Fantasy
8 2017 95 mins
Loving Vincent
Guardians of the Galaxy
7.9

Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(2.12 GB) and (1.2 GB in Openload) Quality…1080p BluRay 5.1 DTS Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tariq L Walker

Action • Science Fiction • Thriller
7.9 2014 121 mins
Guardians of the Galaxy
Hex

ကောင်းကင်ပေါ်ကို လေယာဉ်နဲ့အမြင့်ကြီးသွားပြီးတော့ Skydiving (လေထီးခုန်ခြင်း)ကိုလုပ်ဖူးတဲ့သူတွေရှိပါသလား။ အဲ့လိုလုပ်ချင်တဲ့အိပ်မက်ရှိတဲ့လူတွေလဲရှိမှာပါပဲ။ ဒီကားထဲမှာတော့လေထီးခုန်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့သူတို့အဖွဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေကို ရိုက်ကူးထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဆယ်ရာဆိုတဲ့ ကောင်မလေးတစ်ယောက်ကလေထီးခုန်တဲ့ကွင်းမှာ တစ်ယောက်တည်း လေထီးခုန်လေ့ရှိတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ရုပ်လေးကလဲချော စကေးကလဲကောင်းတော့ အဲ့ဒီကွင်းကငါးယောက်ရှိတဲ့ အဖွဲ့တစ်ဖွဲ့က သူတို့အဖွဲ့ထဲဝင်ဖို့အတွက်သူ့ကိုသိမ်းသွင်းပါတော့တယ်။ ဒီလိုနဲ့နောက်ဆုံးတော့လဲဆယ်ရာတစ်ယောက်အဲ့ဒီအဖွဲ့ထဲကိုရောက်သွားခဲ့ပါတယ်။ ဆယ်ရာအဖွဲ့ထဲရောက်ပြီး သိပ်မကြာခင်ပဲသူတို့အဖွဲ့ထဲကတစ်ယောက်က ဟက်ဇ်ဆိုတဲ့အဖွဲ့လိုက်လေထီးခုန်နည်းတစ်ခုကို လုပ်ဖို့အတွက်အကြံပေးပါ တော့တယ်။အဲ့ဒီလေထီးခုန်နည်းကအရမ်းအန္တရာယ်များလို့မလုပ်သင့်ဘူးလို့ ပြောကြပေမဲ့ သူတို့အဖွဲ့ကတော့ရအောင်ကိုလုပ်ပါတော့တယ်။ ဒီလိုနဲ့ပထမဆုံး လုပ်ခဲ့တဲ့နေ့မှာတော့အလွဲလေးတွေ ဖြစ်ခဲ့ပေမဲ့နောက်နေ့ပြန်ခုန်ကြည့်တဲ့အခါမှာ အောင်မြင်သွားခဲ့ပါတယ်။အဲ့ဒီမှာတင် သူတို့ဘဝရဲ့အိပ်မက်ဆိုးတွေကစတင်ခဲ့ပြီး အဖွဲ့ထဲကလူတွေနည်းအမျိုးမျိုးနဲ့တစ်ယောက်ချင်းစီသေကုန်ကြပါတော့တယ်။ ဒီလိုနဲ့ဆယ်ရာတို့လဲ အဲ့လိုဖြစ်နေရတာဘာလို့လဲဆိုတာကိုအစွမ်းကုန်အဖြေ ထုတ်ဖို့ကြိုးစားကြရင်းနဲ့ သူတို့ဘဝရဲ့အကြီးမားဆုံးအိပ်မက်ဆိုးကြီးကနေ နိုးထနိုင်ပါ့မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.43GB / 584MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Hex
Five Nights at Freddy’s
5.7

Five Nights at Freddy’s (2023) ====================== ကလေးကစားကွင်းရုံဟောင်းကြီးတစ်ခုထဲက အရုပ်သရဲတွေအကြောင်း နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Five Nights at Freddy’s ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အသစ်တစ်ခုဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်လိုက်ဟာ ဂိမ်းထဲကအတိုင်း ကစားကွင်းဟောင်းရဲ့ ညစောင့် ပါပဲ။ သူ့မှာ အက်ဘီဆိုတဲ့ ညီမလေးတစ်ယောက်လည်းရှိပါတယ်။ သူ့ရဲ့ ညီလေး ဟာ သူငယ်ငယ်ကတည်းက အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားတာမို့ သူ့ညီ ဘာဖြစ်သွားခဲ့လဲဆိုတာ သူအမြဲစုံစမ်းနေခဲ့တာပဲဖြစ်ပါတယ်။ အဲဒီကစားကွင်း မှာ ညစောင့်လုပ်တဲ့အချိန်မှာတော့ သူ့အိပ်မက်ထဲမှာ သူ့ညီကို ခဏခဏပြန်တွေ့ နေရပြီး သူ့ညီဘာဖြစ်သွားလဲဆိုတာကို သိတဲ့အခြားကလေးတွေကိုပါ တွေ့လာ ရပါတယ်။ အဲဒီအိပ်မက်တွေကနေ သူ့ညီအကြောင်းကို သိရဖို့ စုံစမ်းပေမဲ့ မသိ ရရုံမကဘဲ သူ့ညီမလေးကိုပါ သရဲတွေက အန္တရာယ်ပေးဖို့ ကြိုးစားလာတဲ့အခါ… ဇာတ်လမ်းအနေနဲ့က ပဟေဠိတွေနဲ့တည်ဆောက်ထားတဲ့အပြင် အထဲမှာ အရုပ် သရဲတွေနဲ့တိုက်ခိုက်ရတာ လွတ်အောင်ထွက်ပြေးဖို့ ကြိုးစားရတာတွေက ဂိမ်း စတိုင်အတိုင်း ဖန်တီးပြထားပြီး ကြောက်စရာကောင်းတာကြောင့် ဟော်ရာကြိုက် သူတွေအတွက်တော့ ကြည့်လို့ကောင်းမဲ့အမျိုးအစားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(2.0 GB) / (1.22 GB) / (542 MB) Quality………..WEB-DL 4K / 1080p / 720p Duration……..1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator……Mr.Anderson Encoder……….SWM, Thit San Khant

5.7 2023 110 mins
Five Nights at Freddy’s
[18+] Sexless

****************** ပရိသတ်ကြီးတိုအတွက် Sexlessဆိုတဲ့ အိမ်ထောင်ရေးဇာတ်လမ်းလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးထဲမှာတော့… ဂျီယောင်းဟာ ခင်ပွန်းဖြစ်သူ ပလတ်စတစ်ဆာဂျရီဆရာဝန်နဲ့ အိမ်ထောင်သက်တမ်း၅နှစ် ရှိနေခဲ့ပေမယ့် ယောက်ျားဖြစ်သူဟာ သူမရဲပ အလိုဆန္ဒကို မဖြည့်ဆည်းပေးခဲ့ပါဘူး ခင်ပွန်းဖြစ်သူက ဆေးရုံက ဘိုယောင်းဆိုတဲ့ သူနာပြုလေးနဲ့ ဖောက်ပြန်နေပြီး ဇနီးဖြစ်သူ ဂျီယောင်းကိုတော့ မိသားစုဆိုတဲ့ စကားနဲ့ပဲ အတူနေဖိုကို ငြင်းဆန်နေတဲ့သူပါ နွေးထွေးကြင်နာမှုတွေ လိုအပ်နေတဲ့ ဂျီယောင်းနဲ့ ဖောက်ပြန်နေတဲ့ ခင်ပွန်းဖြစ်သူတို အရင်လိုပျော်ရွှင်ကျေနပ်မှုတွေ ပြန်ရလာမလား File Size 728MB Quality : WEB-DL720p Format…mp4 Duration…01:23:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2017
[18+] Sexless
Fatum

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် စပိန်စကားပြော crime,drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်….ဒီရုပ်ရှင်ကဆုတစ်ဆုရရှိထားပြီး ဇကာတင်ဆုငါးခုရရှိထားပါတယ်… ဇာတ်လမ်းကတော့ မိသားစုနှစ်ခုအပေါ်အခြေခံပြီးရိုက်ကူးထားပါတယ်….ပထမမိသားစုကတော့ လောင်းကစားသမား ဆာဂီယိုနဲ့လစ်ဒီယာတို့ပါ…ဆာဂီယိုကလောင်းကစားမပြတ်နိုင်တဲ့အတွက်လစ်ဒီယာကကွဲချင်နေတာပါ…တစ်ရက်ကျဆာဂီယိုကသားနဲ့သမီးကိုလိုက်ပို့ရင်း နောက်ဆုံးအနေနဲ့ဘောလုံးပွဲလောင်းဖို့သွားခဲ့ပါတယ်…ဒါကိုလစ်ဒီယာသိသွားပြီးသူမလည်းလောင်းကစားရုံကိုရောက်ရှိလာပါတယ်….သူတို့လင်မယားချင်းပြဿနာတက်ပြီး ဆိုင်ထဲကပြန်ထွက်ဖို့အလုပ်မှာပဲ လောင်းကစားဆိုင်ထဲကိုဓားပြတွေဝင်လာပြီး ဓားပြတိုက်ပါတော့တယ်…. နောက်မိသားစုတစ်စုကတော့ ရဲအရာရှိပါဘလိုတို့မိသားစုပါ…ပါဘလိုရဲ့သားလေးဟာနှလုံးအစားထိုးကုသဖို့လိုအပ်နေသူပါ….အဲ့တော့ခုနကဓားပြတိုက်တဲ့နေရာကဓားစာခံတွေကိုကယ်ထုတ်ဖို့ပါဘလို‌လည်းရောက်ရှိလာခဲ့ပါတယ်… ရုပ်ရှင်ရဲ့နာမည်ကတော့ fate ကံကြမ္မာလို့အမည်ရပါတယ်…ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှူကြပါခင်ဗျာ….. File size…(1.4 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Crime, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

Science Fiction • Mystery • Drama • Thriller
0 2023
Fatum
Full Metal Jacket
8.3

Full metal Jacket ( 1987 ) IMDb Rating (8.3) / Rotten Tomatoes (90%) အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ဆက်ရေးရင် အေဖိုးတစ်မျက်နှာပြည့်မှာမို့ ဒီနားပဲထားလိုက်တာပေါ့။ ဒီလူတွေဟာ လိုင်းပေါင်းစုံက ကိုယ်ပိုင်ဟန်အပြည့်နဲ့ ဒါရိုက်တာတွေပါ။ ရိုမီရိုဆို zombieရုပ်ရှင်တွေရဲ့ ဖခင်ကြီးပါပဲ။ ဒီလိုလူတွေက ကူးဘရစ်က သူတို့ရဲ့ inspirationဖြစ်စေတဲ့ ရင်းမြစ်လို့ ပြောခဲ့ပါတယ်။ ဟုတ်လည်းဟုတ်မှာပါ။ ကူးဘရစ်မရိုက်ဖူးတဲ့ ရုပ်ရှင်အမျိုးအစားကလည်း ခပ်ရှားရှားပါပဲ။ ပြောရရင် ကျွန်တော်တို့သိတဲ့ အမေရိကန်ဒါရိုက်တာတွေအားလုံးနီးပါးက ကူးဘရစ်ကို ချစ်တဲ့သူတွေ ကူးဘရစ်နဲ့ မကင်းတဲ့လူတွေချည်းပါပဲ။ IMDBက The Top 50 Greatest Directors of All Timeစာရင်းမှာလည်း ကူးဘရစ်က ထိပ်ဆုံးကနေရာယူထားပါတယ်။ ၂ကတော့ အကီရာကူရိုဆာဝါပါပဲ။ ဒါက ကူးဘရစ်ရဲ့ခမ်းနားမှုနဲ့ သူ့ကို တန်ဖိုးထားကြပုံကို ပြောရုံသက်သက်ပါပဲ။ ကိုယ့်ရင်ဘတ်နဲ့ ကိုယ်တိုင်းပြီး ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ကိုတော့ ဆုံးဖြတ်လို့ရပေမဲ့ အကောင်းဆုံးရုပ်ရှင်ကိုတော့ သွားဆုံးဖြတ်လို့မရသလိုပဲ ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက်ပိုတော်ပါတယ်လို့လည်း ကျွန်တော်တို့ သွားပြောလို့မရဘူး။ အနုပညာမြောက်နေတဲ့အနုပညာပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု ဘာက ဘာထက်ပိုသာတယ်လို့ သွားပြောလို့မရသလိုပဲပေါ့။ Full metal Jacket ဟာ ကူးဘရစ်မသေခင် ရုံတင်ခဲ့တဲ့ကူးဘရစ်ရဲ့ နောက်ဆုံးကားဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့နောက်ဆုံးကားကတော့ Eyes Wide Shut။ ဝေဖန်ရေးသမားတွေဆုံးဖြတ်ထားတဲ့ အကောင်းဆုံးစစ်ကားတွေစာရင်းထဲတော့ ထိပ်ဆုံးကားက ကူးဘရစ်ရဲ့ကားဖြစ်သလို Full metal Jacketကလည်း အဲဒီစာရင်းမှာ နံပါတ်၃နေရာကိုယူထားတယ်။ သူရိုက်ခဲ့တဲ့ နောက်စစ်ကား ၂ကားမှာ တစ်ကားကလည်း စစချင်းရိုက်ခဲ့တာပေမဲ့ အခြေအနေတစ်ခုမှာရှိနေသလို Dr. Strangelove ဆိုလည်း နောက်ထပ်မာစတာပိစ်တစ်ကားပါပဲ၊။ ဇာတ်ကတော့ အမေရိကန်တွေရဲ့ ပြဿနာတော်တော်ကြီးခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအကြောင်းပဲ။ ဒါမဲ့ ကူးဘရစ်ရိုက်ပြပုံက သူများနဲ့တော့ နည်းနည်းထူးတယ်။ သူက ဗီယက်နမ်စစ်ပွဲကို အရင်မပြဘူး။ စစ်သင်တန်းဝင်တာကနေ အရင်စပြတယ်။ စစ်သင်တန်းမှာ ဘယ်လိုရက်စက်ခက်ထန်ပြီး ဘယ်လိုလူတွေဖြစ်လာအောင် ပုံသွင်းခံခဲ့ရလဲက အရင်ပြတယ်။ ဒါကလည်း နောက်လာမယ့် အခန်းတွေအတွက် တော်တော်လေးတာသွားတယ်။ ဒီလောက်ရက်စက်ခက်ထန်တတ်အောင်‌ လူကိုလူလို့မမှတ်ဘဲအုပ်ချုပ်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်တဲ့အထိ လုပ်ခဲ့တဲ့ လေ့ကျင့်ရေးစခန်းကို ဖြတ်သန်းပြီးတဲ့ မရိန်းတပ်သားတွေရဲ့ပြောင်းလဲသွားပုံနဲ့ အဲဒီလိုပြောင်းလဲပေးပြီးတာတောင် ဗီယက်နမ်စစ်ပွဲကို လက်တွေ့ရင်ဆိုင်ရတဲ့အခါ ဆောက်တည်ရာမရဖြစ်သွားတဲ့ပုံစံတွေကို ယှဉ်ပြထားတယ်လို့တောင် ပြောရမယ်။ ဒီကားရဲ့တစ်ဝက်လောက်အထိကို စစ်သင်တန်းက ပေးတဲ့ထရော်မာတွေရဲ့ ရက်စက်ပုံကို ပြထားပြီးတဲ့နောက် ပိုဆိုးတာမရှိလောက်တော့ဘူးလို့ အားလုံးထင်နေတဲ့အချိန်မှာပဲ လောကကြီးက ပိုရက်စက်တတ်ကြောင်း ပြက်ရယ်ပြုသွားတဲ့ရုပ်ရှင်ပါပဲ။ ကူးဘရစ် ဗီယက်နမ်တိုက်ပွဲကို ပြတဲ့ပုံစံက ကော်ပိုလာတို့ အိုလီဗာစတုန်းတို့လို ခမ်းကြီးနားကြီးမဟုတ်ဘူး။ ယုတ်စွအဆုံး ဖောရပ်ဂန့်စ်ထဲကလောက်တောင် ကြီးကျယ်တဲ့ တိုက်ပွဲမဟုတ်နေဘူး။ သူ့ကိုကလည်း ဟိုးအောက်ဆုံးအဆင့်အထိ တမင်ခေါ်ပြီး သရော်ထားတာပါပဲ။ ကူးဘရစ်မှာ စစ်ပွဲကို သရော်တတ်တဲ့အကျင့်လေးတော့ ပါလာပုံရတယ်။ ကူးဘရစ်ရဲ့တင်ဆက်ပုံဟာ ဇာတ်က ဘာမှမရှိဘူးလို့ထင်ရတယ်။ ဘာမှအရေးမပါလှတဲ့ အကြောင်းအရာလို့လည်းထင်ရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီဘာမှမရှိတဲ့ဇာတ်ကိုက ခင်ဗျားခေါင်းထဲ စွဲသွားမယ့်ဇာတ်ဖြစ်သွားပြီး ဘာမှအရေးမပါတဲ့အကြောင်းအရာကိုက ဗီယက်နမ်စစ်ပွဲနဲ့စစ်သားတွေရဲ့အခြေအနေတွေအားလုံးကို ကိုယ်စားပြုနေတယ်။ ဒါတော့ ကူးဘရစ်အတွက် မဆန်းလှတော့ပါဘူး။ The Shiningလို ဟော်ရာကားမျိုးကို သူရိုက်ခဲ့တာကိုပဲ ကြည့်ပေါ့။ ကူးဘရစ်ရဲ့ Full Metal Jacketဟာ စစ်ကားတစ်ကားဆိုတာထက် စစ်ပွဲထဲက လူတွေအကြောင်းလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ စုတ်ပြတ်သတ်နေတဲ့ လောကကြီးတစ်ခုရှိတယ်။ အဲဒီလောကကြီးမှာ ရှင်နေကြတဲ့လူတွေရှိတယ်။ အဲဒီလူတွေထဲ ကိုယ့်ကိုယ်ကိုယ်လိမ်လိုက်ပြီး အဲဒီလောကကြီးကို ရင်ဆိုင်နိုင်ခဲ့ကြသူတွေရှိတယ်။ အဲဒီလောကကြီးကို ရင်မဆိုင်နိုင်တော့တဲ့သူတွေလည်းရှိတယ်။ အဲဒီလောကကြီးကတော့ ဘာမှမပြောင်းလဲသွားပေမဲ့ တပ်သားဂျိုကာရဲ့အဆုံးပိတ်စကားလိုပဲ အဲဒီလောကကြီးကို ရင်ဆိုင်နိုင်သွားတဲ့လူတွေကတော့ အသက်နဲ့ကိုယ် အိုးစားမကွဲသွားတာကိုပဲ ကျေးဇူးတင်ရင်း ဘာကိုမှမကြောက်တတ်ကြတော့ဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8.3 1987
Full Metal Jacket
The White Ribbon
7.8

ဒီကားကတော့ 2009 ခုနှစ်မှာ ရွှေကမ္ဘာလုံးဆုနဲ့ Palme d’Or ဆုအပြင် အကောင်းဆုံး နိုင်ငံခြားဘာသာရုပ်ရှင်ဆုအများကြီးရထားတဲ့ ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ပထမကမ္ဘာစစ် မစခင် ဂျာမန် ရွာလေးတစ်ရွှာ မှာ ထူးဆန်းတဲ့ဖြစ်စဉ်တွေဖြစ်ပြီး တစ်ရွာလုံးမှာ ဟိုလူထင်ဒီလူထင်နဲ့ ရက်စက်မှုတွေသံသယဝင်မှုတွေနဲ့ ပြည့်နှက်နေပြီး လူ့သဘာဝတွေကိုဖော်ထုတ်ပြနိုင်တဲ့ ကားကောင်းလေးပါ။ ဇာတ်လမ်းကို ဒီထဲက ဇာတ်ကောင် ကျောင်းဆရာကာပြန်ပြောပြတဲ့ပုံစံမျိုးနဲ့ လူတွေရဲ့နက်နဲရှုပ်ထွေးတဲ့ စိတ်တွေ အကြမ်းဖက်မှုတွေ အမှောင်ဘက်ခြမ်းတွေကို လူသဘာဝဆန်ဆန် မြင်တွေ့ရမှာပါ။ ဒီကားကိုတော့ ဒီ dark ဖြစ်တဲ့ feeling တွေ ညစ်ညမ်းမှူတွေကိုပေါ်လွင်အောင် Black and white နဲ့ပဲ ရိုက်ထားပါတယ်။ File size…(2.2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:24:00 Genre… Drama, Mystery, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby

Drama • Adventure • Fantasy
7.8 2009 144 mins
The White Ribbon
Our Lady of the Assassins
6.8

‘Our Lady Of The Assassins’ ဆိုတဲ့ ဇာတ်ကားလေးက အသက်(၅၀)ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့စာရေးဆရာ ဖာနန်ဒိုတစ်ယောက် သူ့မွေးရပ်ဇာတိဖြစ်တဲ့ မယ်ဒဲလ်ရင်မြို့ကို ပြန်ရောက်လာရာကနေဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ လိင်တူချစ်သူဖြစ်တဲ့ ဖာနန်ဒိုဟာ သူ့သူငယ်ချင်းရဲ့ အမျိုးသားဆောင်ကြာမြိုင်မှာ ဆယ်ကျော်သက်အရွယ် အဲလက်စ်ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံခဲ့ရာကနေ သူ့ငယ်ဘဝမြို့ရဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရပါတော့တယ်။ ရာသီဥတုသာယာပြီးတော့ အလည်အပတ်သွားလို့ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့မယ်ဒဲလ်ရင်မြို့ကလေးရဲ့ အမှောင်ဖက်ခြမ်းလို့ဆိုရမယ့် ခိုးဆိုးလုယက်မှုတွေနဲ့ လူတွေရဲ့ အမှောင်ဖက်ခြမ်းကိုပါ ဇာတ်ကောင်တွေကနေတဆင့်ပြောပြသွားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖာနန်ဒိုဟာ အဲလက်စ်ကို မြို့တလျှောက်အလည်အပတ်သွားဖို့ အဖော်အဖြစ်ခေါ်ခဲ့တာ ဖြစ်ပေမယ့်လည်းနှစ်ယောက်ကြားက သံယောဇဉ်တွေဟာ မယ်ဒဲလ်ရင်မြို့ရဲ့ ပြောင်းလဲမှုလိုမျိုးပဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားထဲမှာ အသက်အရွယ်ကွာခြားလွန်းတဲ့ ဖာနန်ဒိုနဲ့ အဲလက်စ်တို့နှစ်ဦးကြားက တွယ်တာမှု သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေကိုပါ ခံစားမိပြီးတော့ထူးဆန်းတဲ့ လူ့သဘောသဘာဝကိုလည်း အေးအေးလူလူ ကြည့်ရှုနိုင်ခံစားနိုင်မယ်။ ဒီဇာတ်ကားဟာမှုခင်းရေးရာနဲ့ ချစ်ခြင်းမေတ္တာတို့ကို အဓိကဖော်ပြထားတဲ့ (၂၀၀၀)ခုနစ်ထွက် စပိန်ဘာသာစကားပြော ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ကိုလံဘီယာစာရေးဆရာ Fernando Vallejo ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိငယ် ဝတ္ထုတစ်ပုဒ်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဖာနန်ဒိုနဲ့ အဲလက်စ်တို့ရဲ့ ချစ်ခြင်းမေတ္တာကကော သူတို့နှစ်ဦးတွေးထားသလိုမျိုး လွယ်ကူခရီးပေါက်နေမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကိုကြည့်ပြီး ခံစားသုံးသပ်ကြည့်ကြရမှာပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Crime/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Doros

History • Drama • War
6.8 2000
Our Lady of the Assassins
Empire V aka Ampire V
5.1

ကျွန်တော်တို့ CM ကနေ ဒီတစ်ခါမှာတော့ ၂၀၂၃ ခုနှစ်ထွက် IMDB 5.1 ရထားတဲ့ Ampire V ဆိုတဲ့ ရုရှားသွေးစုပ်ဖုတ်ကောင်ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ရုရှားမင်းသားကြီး Igor Zhizhikin, တက်သစ်စမင်းသား Pavel Tabakov နဲ့ မင်းသမီးချော Marina Zudina တို့က အဓိကပါဝင်ထားကြပါတယ်။ လူ့ဘဝကြီးရဲ့အဓိပ္ပာယ်ကို မေးခွန်းထုတ်နေတဲ့ အညတရရိုမန်ဟာ ဘဝကိုရည်ရွယ်ချက်မရှိဖြတ်သန်းနေပါတယ်။ တစ်ရက်မှာ မျှော်လင့်မထားပဲ သွေးစုပ်ဖုတ်ကောင်တစ်ကောင်အကိုက်ခံလိုက်ရပြီ သူ့နေရာကို သွေးစုပ်ဖုတ်ကောင်အဖြစ်ဆက်ခံဖို့ ဖြစ်လာပါတယ် ။ သွေးစုပ်ဖုတ်ကောင်ဖြစ်လာတဲ့အခါ ရိုမန်ဟာ သွေးစုပ်ဖုတ်ကောင်တစ်ယောက်ရဲ့ နေထိုင်ပုံစံကိုလေ့လာရတယ်။ အရင်ကသူသိခဲ့တဲ့ သာမန်သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွေအစား အာဏာ၊ ပိုက်ဆံ၊ ကြွယ်ဝမှုတွေနဲ့ ပတ်ရစ်ထားတဲ့ သွေးစုပ်ဖုတ်ကောင်လောကကြီးကို ထိတွေ့ခွင့်ရလာပါတယ် ။ လူ့သမိုင်းကြောင်းတစ်လျှောက်မှာ သွေးစုပ်ဖုတ်ကောင်တွေပါဝင်ခဲ့ပုံသိလာပြီးနောက် ရိုမန်ဟာ ဒီစနစ်ကြီးရဲ့အောက်မှာ မိမိရဲ့ ခံယူချက်နဲ့ဖြစ်တည်မှုကို မေးခွန်းထုတ်ရင်း စနစ်ကိုကိုယ်ကျိုးအတွက်အမြတ်ထုတ်နေတဲ့ အခြားသွေးစုပ်ဖုတ်ကောင်တွေကို ရှင်းလင်းဖို့ ဖြစ်လာပါတယ်။

5.1 2023
Empire V aka Ampire V
Mujigae
6.4

Mujigae (2024) ***************** IMDb…..6.4 ဒီတစ်ခေါက် ကျွန်တော်တို့ CM ကနေ တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ ကိုရီးယား ဖိလစ်ပိုင် သရုပ်ဆောင်တွေပါဝင်ထားတဲ့ Family Drama အမျိုးအစားလေးဖြစ်တဲ့ Mujigae ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Strong Woman Do Bong Soon ကားထဲက ဘုံဆွန်းရဲ့ တစ်ဖက်သတ်ချစ်ရသူ ငယ်သူငယ်ချင်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသား Jisoo, ဖိလစ်ပိုင်နိုင်ငံက နာမည်ကြီး မင်းသား Richard Quan, မင်းသမီး Alexa llacad, တက်သစ်စ ကလေးသရုပ်ဆောင် Ryrie Sophia တို့နဲ့အတူ အခြားနာမည်ကြီး ဖိလစ်ပိုင် သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း- ရီနာလင်ဟာ သူမ၏အမျိုးသားဖြစ်သူ ကိုရီးယားလူမျိုး ဂျီဆောင်း (Jisoo) ဆီကနေ စွန့်ပစ်ခံရပြီးနောက် ၅ နှစ်အရွယ် သမီးလေး မူဂျီဂယ် (Ryrie Sophia) ကို ကိုရီးယားမှာ ပျိုးထောင်နေခဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရီနာလင်ဟာ သူမရဲ့ကင်ဆာရောဂါက ဆုံးသွားတဲ့အခါ မူဂျီဂယ်လေးကို အဘိုးဖြစ်သူ အယ်မွန်း (Richard Quan) က ဖိလစ်ပိုင်ကို ခေါ်သွားကာ တာဝန်ယူရဖို့ ဖြစ်လာပါတော့တယ်။ အယ်မွန်ရဲ့ သမီးကြီး၊ ရီနာလင်ရဲ့ အစ်မ ဆန်နီ (Alexa llacad) ဟာ ကလေးမချစ်တတ်တဲ့သူတစ်ဦးပါ။ ဖခင်ဖြစ်သူ အယ်မွန်၏ ခေါ်ဆောင်လာမှုကြောင့် ဆန်နီတစ်ယောက် တူမဖြစ်သူ မူဂျီဂယ်နဲ့ အတူ နေထိုင်ရဖို့ဖြစ်လာတဲ့အခါ… ကလေးမချစ်တတ်တဲ့ ဆန်နီ တူမဖြစ်သူနဲ့ ဘယ်လိုများနေမလဲ… တူမဖြစ်သူ မူဂျီဂယ်ကရော ကြုံလာရသမျှ အခက်အခဲတွေကို ရင်ဆိုင်နိုင်သွားမလား… မူဂျီဂယ်ရဲ့ ဖခင်ဖြစ်သူ ဂျီဆောင်းကရော မူဂျီဂယ်လေး လိုက်ရှာ လာခေါ်မလား.. မိသားစု ဒရမ်မာအမျိုးအစားလေးနဲ့ မေတ္တာရသပေါ်လွှင်စွာ ပုံဖော်ထားတဲ့အပြင် ကလေးသရုပ်ဆောင်လေး Ryrie Sophia ကလည်း debut movie လို့ မထင်ရလောက်အောင် ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေကို ပြသထားတာမို့လို့ Mujigae ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ာ Theint မှ ရေးသားထားပါတယ်။) File Size : 1.30GB/ 630MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:59:00 Genre : Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Theint, ToeToe Aung & Hazelle Encoded by Tiff

TV Movie • Comedy • Romance
6.4 2024 110 mins
Mujigae