YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

playing.gracie.darling.s01e06.720p.web.ad.mp4

302.08 MB N/A video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Jacked
4.8

Jacked (2022) =========== ဒီတစ်ခါမှာတော့ LGBT ကောင်လေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ Jacked ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ အီသန်ဆိုတဲ့ LGBT ကောင်လေးဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ အမေ့လက်ထဲမှာကြီးပြင်းလာခဲ့ရပါတယ်။ သူ့အမေကတော့ သူ့သားဒီလိုဖြစ်နေတာကို လက်မခံနိုင်ဘဲ နင်ဂေးတာရပ်ရင်ရပ် မရပ်ရင် အိမ်ပေါ်ကဆင်းဆိုပြီး နှင်ချလိုက်တာ အီသန်ကလည်း စုထားတဲ့ငွေထုပ်လေးပိုက်ပြီး တကယ်ကြီးအိမ်ပေါ်ကဆင်းချ လာခဲ့ပါတော့တယ်။ သူ့အိမ်မက်က ဟောလိဝုဒ်မှာ ကြယ်ပွင့် တစ်ယောက်ဖြစ်ချင်တာပါ။ တစ်ခါတလေ ကံတရားကြီးဟာ ပိတ်ကန်ပစ်ချင်စရာကောင်းပုံ များကတော့ အီသန်ကြိုးစားပမ်းစားစုထားတဲ့ ဒေါ်လာ၄၀၀၀ဟာ ဘက်စ်ကားပေါ်မှာကျပျောက်ပြီး ဆီပုံး(ဆုံးပြီ)ဖြစ်သွားပါတော့တယ်။ သူ့ခမျာ အခန်းဖော်အယ်လ်ဆီမှာကပ်နေရင်း ကြားထဲကနေ မရှိမဲ့ ရှိမဲ့အလုပ်ကလေးပါ ပြုတ်သွားပါသေးတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အယုံလွယ်လို့ဒီ့ထက်ကံဆိုးတာတွေကြုံရဦးမှာပါ။ တစ်ဖက်မှာတော့ အီသန်တို့လို ဒုက္ခရောက်နေတဲ့ အိမ်ပြေးလေးတွေကို ပြန်လိုက်ကယ်ပေးတဲ့ ဘဲကြီးရေမွန်တို့အဖွဲ့ရှိပါတယ်။ အီသန်တစ်ယောက် ဘယ်လိုဒုက္ခတွေနဲ့ကြုံရမှာလဲ။ သူ့ကိုယ်သူပြန်အဖက်ဆယ်နိုင်ပါ့မလား။ ကျွန်တော်တို့အားလုံး ရည်မှန်းချက်တွေ၊အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့ကြိုးစားနေကြတာချည်းပါပဲ။ အိပ်မက်သေရင်ဘဝသသ လိုပါပဲ။ အိပ်မက်တွေပြည့်ဝတဲ့သူလည်းရှိသလို မပြည့်ဝတဲ့သူလည်ရှိပါ လိမ့်မယ်။ အီသန်ဟာသူ့အိပ်မက်သေခဲ့ပေမယ့် သူ့ဘဝတော့မသေအောင် ရုန်းထနိုင်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ၁နာရီကြာ ဒီဇာတ်ကားလေးဟာ သင်ခန်းစာယူစရာ၊ တွေးစရာတွေလည်း ပါတာမို့ တစ်နာရီဆိုတဲ့ ပေးရတဲ့အချိန်နဲ့တော့ တန်မယ်ထင်ကြောင်း ညွှန်း လိုက်ပါရစေဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.25 GB) / (450 MB) / (288 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 02mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

Drama
4.8 2022
Jacked
Gym Class
5.9

Gym Class (2022) ဒီကားလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကိုတော့ မိသားစုပြဿနာတွေအပေါ် အခြေခံပြီးရိုက်ကူးထားတာပါ။ ကလေးသုံးယောက်ကနေပြီးတော့ သူတို့ကျောင်းမှာပြစ်မှုတစ်ခု ကျူးလွန်ခဲ့ကြတဲ့အခါမှာ ကျောင်းအုပ်ကြီးကနေ မိဘတွေ တရားမဝင်ခေါ်တွေ့ရာကနေ စလာတော့တယ်။ ဖြစ်ချင်တော့ ကျောင်းအုပ်ကြီးခေါ်တွေ့တဲ့နေရာကလည်း ကျောင်းရဲ့ Gym အိုကြီးတစ်ခုဖြစ်နေပါတယ်။ ဒီဇာတ်ကားလေးမှာ အဓိကဖြစ်ပျက်နေတဲ့ ပြဿနာက ဘာများဖြစ်မလဲ… ကလေးတွေရဲ့မိဘတွေကကော ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ… ဒါ့အပြင် မထင်မှတ်ထားတဲ့ နောက်ထပ်ဘာပြဿနာတွေများပေါ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို Drama Category ထဲထည့်ထားပေမယ့် Comedy ရော၊ Semi-Thriller ရောဖြစ်တယ်လို့ ပြန်လည်သုံးသပ်ထားကြတာဖြစ်တဲ့အတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 660MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Science Fiction • Comedy • Drama • Romance
5.9 2022 89 mins
Gym Class
You Will Meet a Tall Dark Stranger
6.8

လူတိုင်းမှာတော့ ကိုယ်စီကိုယ်စီလိုအင်ဆန္ဒတွေရှိကြမှာပါပဲ။ လူ့အလို နတ်မလိုက်နိုင်ဆိုသလိုလူတွေရဲ့ လိုအင်ဆန္ဒကလဲ ဘယ်တော့မှ ပြည့်ဝတယ်ဆိုတာကိုမရှိပါဘူး။ ဒီကားထဲမှာလဲမိသားစုတစ်စုထဲက အဲ့လိုလူလေးယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်။ ဒီကားရဲ့အဓိက ဇာတ်ကောင်လေးယောက် ထဲက ပထမတစ်ယောက်ကတော့ဟယ်လီနာဆိုတဲ့ဘဝမှာ စိတ်ညစ်စရာတွေ အများကြီးရှိနေပြီး ယောက်ျားထားသွားတာကိုခံခဲ့ရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေတဲ့အဖွားကြီးတစ်ယောက် ဖြစ်ပါတယ်။ ဒုတိယတစ်ယောက်ကတော့ ဟယ်လီနာဆိုတဲ့အဖွားကြီးကို ထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လူပျိုလေးလိုသဘောထားပြီး သူငယ်ပြန်နေတယ် လို့ထင်ရတဲ့ အယ်လ်ဖီဆိုတဲ့အဖိုးကြီးပဲဖြစ်ပါတယ်။တတိယတစ်ယောက်ကတော့ စာရေးဆရာယောင်ယောင် ဘာယောင်ယောင် မယ်မယ်ရရအလုပ်လဲမလုပ်ကိုင်ပဲ အိမ်မှာပဲ ယောက္ခမရဲ့ ပိုက်ဆံနဲ့နေနေတဲ့ တစ်အုပ်ကောင်းစာရေးဆရာဟယ်လီနာရဲ့ သမက်ရွိုင်းပဲဖြစ်ပါတယ်။နောက်ဆုံး တစ်ယောက်ကတော့ ရွိုင်းရဲ့အသုံးမကျမှုတွေ ကြောင့် အလုပ်တွေကုန်းရုန်းလုပ်ကိုင်နေရပြီး ကလေးတစ်ယောက်ယူကာ မိသားစု ဘဝကိုထူထောင်ချင်နေတဲ့ ရွိုင်းရဲ့မိန်းမဆယ်လီပဲဖြစ်ပါတယ်။အဲ့ဒီလူလေးယောက်ရဲ့ ဘဝတွေကိုစိတ်ဝင်စားစရာကောင်းအောင် အသေးစိတ်ရိုက်ကူးထားတဲ့ လူ့သဘောသဘာဝတွေအကြောင်းကို ကြည့်ရှုရမဲ့မိသားစုကြားကဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။ File size…3.54GB / 986MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.8 2010 98 mins
You Will Meet a Tall Dark Stranger
Perfect Harmony
6.8

သင်ဟာ တစ်ယောက်တည်းသမား ပြီးတော့ သင်နဲ့ လိုက်ဖက်မယ့် Right person၊ တစ်နည်းပြောရရင် ကိုယ်နဲ့ ကိုက်ညီမယ့် Perfect ဖြစ်တဲ့ Harmony ကို ရှာဖွေနေသူဆိုရင် ဒီရုပ်ရှင်က သေချာပေါက်ကြည့်ရမယ့်ထဲမှာ ပါပါတယ်။ အပိုဆုအနေနဲ့ ပြောရရင် သင်က သင်နဲ့ မတည့်အတူနေ သူငယ်ချင်းလေးကို ချစ်မိနေတဲ့လူဆိုရင် ဒီရုပ်ရှင်ကို လက်လွတ်မခံပါနဲ့။ IMDb ratingကလည်း 6.8တောင် ရထားတာဆိုတော့ ပိုလို့တောင်ကောင်းပေါ့။ ဂျက် ချန်ဒလာနဲ့ ဘာရက် ဝုဒ်ဝက်တို့ ၂ယောက်က မတည့်အတူနေ သူငယ်ချင်း ၂ဦးပါ။ သူတို့ ၂ယောက် ဘယ်လောက်တောင် မတည့်လဲဆိုတော့ တွေ့တာနဲ့ကို တစ်ယောက်နဲ့ တစ်ယောက် ရန်တွေ့လိုက် ရန်ဖြစ်လိုက်ပါပဲ။ ဂျက်က အနားယူထားတဲ့ နာမည်ကျော် အဆိုတော်တစ်ဦးပါ။ ဘာရက်ကတော့ ကဗျာ Phdရထားတဲ့ ကျောင်းမှာ စာသင်ပေးနေတဲ့ ပါမောက္ခတစ်ဦးပါ။ သူတို့မှာ ဆိုင်မွန်နဲ့ နာအိုမီလို့ ခေါ်တဲ့ သူငယ်ချင်း ၂ယောက် ရှိပါတယ်။ ဂျက်နဲ့ ဘာရက်နဲ့က အချင်းချင်း သတ်ရင်းနဲ့သာ အချိန်ကုန်နေကြတာ ဆိုင်မွန်နဲ့ နာအိုမီကတော့ လက်ထပ်ပြီး မင်္ဂလာဆောင်ကြတော့မှာဖြစ်ပါတယ်။ ဂျက်တို့တတွေရဲ့ သူငယ်ချင်းဖြစ်သူ၂ယောက်က မင်္ဂလာဆောင်အတွက် ဂျက်တို့ကို အကူညီတောင်းလာတဲ့အခါမှာတော့ အကူညီပေးဖို့ဖြစ်လာပါတော့တယ်။ ဂျက်နဲ့ ဘာရက်တို့ မင်္ဂလာပွဲအတွက် ကူညီရင်း ဘယ်လိုအလွဲလေးတွေဖြစ်မလဲ …. ဘယ်လို ကတောက်ကဆလေးတွေဖြစ်မလဲ …. သူတို့အချင်းချင်း ညှိနှိုင်းကြရင်း သူတို့၂ယောက်လုံး လိုအပ်နေတဲ့ Perfect Harmony လေးကို ရှာတွေ့သွားကြမလား ….. ဆိုတာကို ဒီရုပ်ရှင်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ ရုပ်ရှင်က ပေးချင်တဲ့ message ကိုသာ ခံစားမိမယ်ဆိုရင် ဝါကျွတ်ရင် လက်ထပ်ချင်တဲ့စိတ်တွေပါ ပေါက်လာပါလိမ့်မယ်။ Review ရေးတဲ့ လူလည်း Perfect Harmony ကို ရှာတွေ့ချင်ပြီး Reviewကို ဖတ်နေတဲ့ CMပရိသတ်ကြီးလည်း Perfect Harmonyကို ရှာတွေ့နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း reviewလေးကို အဆုံးသတ်ပါရစေ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

Crime • Comedy
6.8 2022 84 mins
Perfect Harmony
Days of Happiness
6.8

Days of Happiness (2023) ~ IMDb – 6.8/10, Rotten Tomatoes – 100% ~ ခမ်းနားလှတဲ့စင်မြင့်တွေပေါ်မှာ သံစုံတီးဝိုင်းကြီးတွေနဲ့အတူ များပြားလှတဲ့ ဂီတပညာရှင်တွေကို ညွှန်ကြားရတဲ့ ဂီတမှူးတွေကို တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ မကြာမကြာတွေ့လေ့ရှိတာကတော့ အမျိုးသားဂီတမှူးတွေပဲဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ ဂီတမှူးအဖြစ်အသက်မွေးတဲ့ အမျိုးသမီးအချိုးဟာ 36.4% ပဲ ရှိတာကြောင့် တော်ရုံတွေ့မိဖို့ကလည်း ကြုံတောင့်ကြုံခဲပါပဲ။ ဒီရုပ်ရှင်လေးကတော့ အမ်မာလို့ခေါ်တဲ့ ထူးချွန်ပြောင်မြောက်လွန်းတဲ့ အမျိုးသမီးဂီတမှူးလေးတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ရဲ့ စင်မြင့်တွေမှာ တက်သစ်စကြယ်ပွင့်လေးဖြစ်တဲ့ အမ်မာလေးဟာ နှစ်ပေါင်းများစွာ သူ့ဖခင်ရဲ့ အလိုအတိုင်း သူ့ဖခင်ရဲ့ ချုပ်ကိုင်မှုအတိုင်း မျက်စိမှိတ် လိုက်နာလာခဲ့သူလေးပဲဖြစ်ပါတယ်။ ပက်ထရစ်ဟာ အမ်မာ့ ဖခင်ဖြစ်ရုံမက အမ်မာ့ရဲ့ အေးဂျင့်လည်းဖြစ်ပြန်ပါသေးတယ်။ ဒီတော့ ဘယ်ပွဲမှာ ဖျော်ဖြေလို့ ဘယ်အေဂျင်စီနဲ့ စာချုပ်ချုပ်မယ်ဆိုတာမျိုးတွေကအစ သူ့အဖေ ပက်ထရစ်ရဲ့ သဘောဖြစ်ပြီး အမ်မာဆိုတာ သူ့အဖေ လက်ထိပ်ဖျားမှာ ကစားတဲ့ ဘောပင်လေးတစ်ချောင်းသာသာပါပဲ။ အမ်မာဟာ အချစ်ကိုတွေ့ပြန်တော့လည်း သူ့တီးဝိုင်းထဲက ဆယ်လို (Cello) သမားလည်းဖြစ်၊ အိမ်ထောင်ကွဲစ သားတစ်ယောက်မိခင်ငယ်လေးဖြစ်တဲ့ နာအဲလ်ဖြစ်နေပြန်ပါတယ်။ အစကတည်းကမှ စိန်ခေါ်မှုတွေများပြီးသား ဘဝမှာ နောက်ထပ်စိန်ခေါ်မှုတစ်ခုကို ထပ်လို့ လောင်းကြေးတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အမ်မာလေးအတွက် အလုပ်နဲ့ အချစ် မျှခြေတွေက ဘယ်လိုဖြစ်ဦးမှာလဲ… ဒီရုပ်ရှင်ဟာ မနှစ်က ၂၀၂၃ ခုနှစ်ကမှ ကနေဒါနိုင်ငံက ထွက်ထားတဲ့ Girl Love ပါဝင်တဲ့ Drama ကားလေးဖြစ်ပါတယ်။ ဒီကားထဲက အမ်မာလေးဟာဆိုရင်လည်း ပုံမှန်အချိန် ဆံပင်လေးချထားရင် ငုံထားမတတ်ချစ်ဖို့ကောင်းနေပြီး ဆံပင်တွေ ပြောင်နေအောင် အနောက်ကို သပ်လို့ စင်မြင့်ပေါ် အနက်ဝမ်းဆက်နဲ့ ထင်ပေါ်နေချိန်ကျရင်လည်း ပြေးလျက်ရမတတ် ခ,စားချင်စရာကောင်းပါတယ်။ အဲဒီလို Cute ကော Cool ကော တစ်ပြိုင်တည်း တွေ့ရတတ်သူက ရှားပါတယ်။ နောက်ပြီး အပြင်မှာ ဈေးကြီးပေးပြီးမှ ဝင်ကြည့်ခွင့်ရမယ့် သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေမှုတွေကိုတင်မက အစမ်းလေ့ကျင့်တာတွေ နောက်ကွယ်က ရုန်းကန်မှုတွေကိုပါ ဒီမှာ အနီးကပ်ခံစားခွင့်ရမှာနဲ့တင် တော်တော် တန်နေပါပြီမို့ ကိုယ်တိုင်ကိုယ်ကျပဲ ဒေါင်းကြည့်လိုက်ကြပါဦးနော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 58Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.8 2023 118 mins
Days of Happiness
The 6th Day

ခရစ်ယာန် သမ္မာကျမ်းစာရဲ့ ကမ္ဘာဦးကျမ်းမှာ ပြောထားတာတစ်ခုရှိတယ်။ လူသားတွေကို ဘုရားသခင်က သူ့ရဲ့အသွင်အပြင်အတိုင်း ဆဌမမြောက်နေ့မှာ ဖန်ဆင်းခဲ့သတဲ့။ လူသားတွေဟာ အသိပညာ အတတ်ပညာတွေမှာ တစ်ခေတ်ပြီးတစ်ခေတ် ကြောက်ခမန်းလိလိ တိုးတက်လာပြီး မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတုပခြင်းကို တတ်ကျွမ်းလာတဲ့ အနာဂတ်က အချိန်တစ်ခုမှာပေါ့။ လူသားတွေ မွေးထားတဲ့ အိမ်‌မွေးတိရစ္ဆာန်လေးတွေ အိုမင်းလို့ နေမကောင်းလို့ သေကြရတဲ့အခါ သိပ္ပံပညာရှင်တွေက သူတို့ကို ပုံကြမ်းထည်ကနေ ဆဲလ်ပွားခြင်းနည်းပညာနဲ့ မွေးမြူယူလိုက်ပြီး သေသွားတဲ့ တိလေးတွေနဲ့ ပုံစံတူအောင်လုပ်ကြတယ်။ နောက်ဆုံးအဆင့်အနေနဲ့ တိလေးတွေရဲ့ ဦးနှောက်က မျိုးရိုးဗီဇနဲ့ မှတ်ဉာဏ်ကိုကူးယူပြီး အသစ်မွေးထားတဲ့ကိုယ်ခန္ဓာထဲ ထည့်သွင်းလိုက်တော့ ကျန်းမာပြီးပြည့်စုံတဲ့ အိမ်မွေးတိကလေးကို ပြန်ရတယ်။ သူတို့က ပိုင်ရှင်သင်ထားတဲ့ အကွက်လေးတွေကို အကုန်ပြန်လုပ်တတ်ကြပြီး သူတို့မြှုပ်ထားတဲ့ အရိုးတွေကိုတောင် ပြန်ဖော်စားတတ်ပါသတဲ့။ လူတွေဟာ ဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး။ လူသားတွေကိုပါ ပုံတူကူးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ပထမဆုံးစမ်းသပ်ချက်က မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ နိုင်ငံရေးသမားတွေက လူသားပုံတူကူးခြင်းကို ဥပဒေအရ တားမြစ်ခဲ့ပြီး ကိုယ်ပွားဆိုတာရှိလာရင် ဥပဒေအရ ပိုင်ဆိုင်ခွင့်တွေ နေထိုင်ခွင့်တွေမရှိဘဲ ဖျက်ဆီးသတ်ဖြတ်တာခံကြရမှာပါ။ ဥပဒေကို လက်တစ်လုံးခြားလုပ်လိုသူ သူဌေးကြီးတစ်ဦးနဲ့ လူသားပုံတူကူးခြင်းကို အပြည့်အဝ လုပ်ဆောင်နိုင်သူ သိပ္ပံပညာရှင်တစ်ယောက်တို့ ပူးပေါင်းပြီး ဇာတ်ရှုပ်ကြီး လုပ်လိုက်တဲ့အခါ အဒမ် ဂစ်ဘ်ဆင် (အာနိုး) နှစ်ယောက်ဖြစ်လာတဲ့အကြောင်းတွေကို ကြည့်ရှုရမယ့် Old but Gold တစ်ကားဖြစ်ပါကြောင်း။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Science Fiction, Action, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

0 2000
The 6th Day
Why Do You Love Me
5.8

Why Do You Love Me (2023) “ဘာလို့ချစ်တာလဲ” IMDb – 5.8/10 လူ့အခွင့်အရေးဆိုတာ လူတိုင်းရဖို့ထိုက်တန်တယ်ဆိုရင် မသန်စွမ်းတဲ့သူတွေမှာလည်း အိမ်ထောင်ရေးသုခဆိုတဲ့အရာကိုရဖို့ ထိုက်တန်တယ်မဟုတ်ဘူးလားတဲ့။ ဒီအတွေးကို ပထမဆုံးချပြရင်း အကောင်အထည်‌ဖော်ခဲ့တဲ့သူကတော့ Asta Anthony Philpotဆိုတဲ့ အမေရိကန်နိုင်ငံသားproducerပေါ့။ ကိုယ်တိုင် physical disabilityရှိသူတစ်ယောက်အနေနဲ့ မသန်စွမ်းတွေအတွက်လည်း အခကြေးငွေပေးပြီး ပျော်ပါးတဲ့ဝန်ဆောင်မှုမျိုးရသင့်တယ်လို့ ချပြခဲ့သူပေါ့။ Asta Philpotကို အကြောင်းပြုလို့ Come as you areတို့ Hasta La Vista တို့လို ရုပ်ရှင်တွေရိုက်ဖြစ်သွားပြီး အခုတစ်ခါတင်ဆက်ပေးမှာကတော့ Hasta La Vista ရဲ့ အင်ဒိုremakeလေးပါ။ နိစ္စဓူဝ ကိစ္စအဝဝကို မိဘကိုအားကိုးရင်းနေရတဲ့ မသန်စွမ်း ၃ ယောက်ဖြစ်တဲ့ ဒန်တွန် ဘာစ်ကာရာနဲ့ မီကိုတို့အတွက်တော့ ချစ်သူဆိုတဲ့အရာက မူးလို့တောင်ရှူစရာမရှိပါဘူး။ ဒီပုံစံအတိုင်း အမေအဖေတွေနဲ့ ဆက်နေနေရင်တော့ နှစ်တစ်ထောင်အက်ဖ်အေဘဝက ကျွတ်ဖို့လွတ်ဖို့ကလည်းမရှိတဲ့ လူပျိုစစ်စစ် ရေမရောဘဝနဲ့ ငှက်ပျောတုံးဖက်သေရမယ့်ကိန်းစိုက်နေလေတော့ လူကအားမသန်ပေမဲ့ ဦးနှောက်ကတော့ အတော်လေးစွမ်းတဲ့ ဆရာသမားဘာစ်ကာရာက သူ့လိုပဲ လူပျိုသိုးနံ့ထွက်နေတဲ့ သူငယ်ချင်းနှစ်‌ယောက်ကို မဟာအကြံထူးပေးပါတော့တယ်။ ဒီအကြံကတော့ ဆူရာဘာယာမှာရှိတဲ့ ဒိုလီအာလီဆိုတဲ့ မသန်စွမ်းတွေအတွက်ပါ အထူးဝန်ဆောင်မှုပေးတဲ့ အပျော်ဂေဟာကို ဂျာဗားကနေဖြတ်ပြီး ကုန်းလမ်းခရီးနဲ့သွားဖို့ပါပဲ။ မိဘတွေကတော့ တစ်ယောက်ကဦးနှောက်အကျိတ်ကြောင့် မသွားလာနိုင်တဲ့သူ၊ တစ်ယောက်ကလည်း အကြောသေပြီး မလှုပ်ရှားနိုင်တဲ့သူ၊ တစ်ယောက်က မျက်မမြင်ဆိုတော့ စိတ်မချဖြစ်ပြီး မလွှတ်ချင်‌ပေမဲ့ တစ်ကောင့်သား ၃ ယောက်ကလည်း မိဘတွေကို အပျော်ဂေဟာပို့ပေးလို့လည်း ထုတ်ပြောမရ၊ ပါကင်ပိတ်ဘဝကကျွတ်လွတ်ရေး တို့အရေးကလည်းရှိနေတော့ လှည့်ပတ်ပြောရင်း သူတို့ကိုစောင့်ရှောက်ပေးမယ့်သူလည်းဖြစ် ယာဉ်မောင်းလည်းလုပ်မယ့်လူတစ်ယောက်နဲ့ ခရီးစထွက်ဖို့ ဖြစ်လာပါတော့တယ်။ ခရီးစဉ်တစ်လျှောက် တစ်ယောက်နဲ့တစ်ယောက်အားကိုးရင်း အခက်အခဲတွေကိုဖြတ်ကျော်လို့ သုခတွေခံစားချင်တဲ့ သူတို့ရဲ့မဟာဆန္ဒကြီး ပြည့်မြောက်နိုင်ပါ့မလားဆိုတာ အားလုံးအတူ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ ToMo ~ Zwe ~ Alex တို့ပဲဖြစ်ပါတယ်)

5.8 2023
Why Do You Love Me
[18+] Salitan
6.5

Salitan (2024) အန်နီက အောင်မြင်တဲ့ရှေ့နေတစ်ယောက်ရဲ့ဇနီးဖြစ်ပြီး သူ့ရဲ့နေ့တာတွေကို သူ့ခင်ပွန်းနဲ့လက်ထောက်ကောင်မလေးကို သံသယဝင်ပြီး ကုန်ဆုံးလေ့ရှိပါတယ်။ တစ်နေ့တော့ ခင်ပွန်းသည်ရဲ့ ဘာလီခရီးစဉ်မှာ အဲဒီလက်ထောက်မိန်းကလေးကိုပါခေါ်သွားမှာဖြစ်တဲ့အတွက် သံသယတွေဝင်ပြိး သူကိုယ်တိုင်နောက်ကလိုက်ချောင်းပါတော့တယ်။ ဒါပေမဲ့လည်း ခရီးစဉ်မှာတွေ့ခဲ့တဲ့ သူစိမ်းလူချောတစ်ယောက်ကြောင့် ဖောက်ပြန်မှုကိုလိုက်စုံစမ်းတဲ့ သူကိုယ်တိုင်က ဖောက်ပြန်သူဘ၀ကျရောက်သွားတဲ့အခါမှာတော့… ရှေ့နေ အယ်လ်ဘတ်၊ လက်ထောက်ကောင်မလေး ခရစ်စတီ၊ အယ်လ်ဘတ်ရဲ့ဇနီး အန်နီနဲ့ သူနဲ့ဖောက်ပြန်မိသူ သူစိမ်း အယ်လ်မာတို့ကြား လေးပွင့်ဆိုင်ဇာတ်ရှုပ်တစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ မင်းသမီးသစ်လေး Vern Kaye နဲ့ မသစ်တသစ်လေး Angelica Hart တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 1GB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 45Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Mystery • Thriller
6.5 2024 105 mins
[18+] Salitan
Jade Dynasty
6

စာရေးဆရာ Xiao Ding ရဲ့ XianXia အမျိူးအစား Zhu Xian ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ… ခေါင်းဆောင်မင်းသားကတော့ အမှောင်လောကသခင် ရိလင်လောင်ဂျူလို့ လူသိများတဲ့ ရှောင်းကျန့်ဖြစ်ပြီး တွဲဖက်မင်းသမီးတွေကလည်း ခေသူမဟုတ်တဲ့ မုန့်မိန်ချီ, လီချင့် တို့ ပါဝင်သရုပ်ဆောင်ထားတာနော် ဒီ ဝတ္ထုကိုအရင်က ဇာတ်လမ်းတွဲအရှည်အဖြစ် လီရိဖုန်း, ကျောက်လိယင်, ယန်ဇီ တို့ကသရုပ်ဆောင်ခဲ့ပါသေးတယ်။ ဇာတ်လမ်းကတော့ တစ်ရွာလုံး အသတ်ခံရပြီး ရှင်ကျန်သူ ကျန်းရှောင်ဖန်း ချင်ယွင်ဂိုဏ်းအကူအညီနဲ့ နတ်တို့ကျင့်စဉ်ကို လေ့ကျင့်ရင်း…. မိဘတို့အတွက် လက်စားချေချင်စိတ် လွန်ရင်း မိစ္ဆာလမ်းစဉ်ရောက်သွားတဲ့ ကျန်းရှောင်ဖန်းတစ်ယောက်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားတာပါ ဇာတ်လမ်းတွဲအနေနဲ့ ရင်းနှီးပြီးသား ဇာတ်ကို အခု တစ်ပိုင်းတည်းအပြီး ကြည့်ရမှာဆိုတော့ အရင်ကြည့်ခဲ့တဲ့ဇာတ်လမ်းတွဲထက် ပိုကောင်းလေမလား… အရသာပဲပေါ့နေမလား… ဇာတ်အိမ်တွေ အချိုးအကွေ့တွေပြောင်းသွားလေမလား… ဇာတ်လမ်းလေးကြည့်လိုက်ကြပါတော့…

6 2019 101 mins
Jade Dynasty
My Boo
6.5

My Boo (2024) IMDb Rating (6.5) Netflix က ထွက်ရှိလာတဲ့ ထိုင်းသရဲဟာသကားလေးရပါပြီ။ သရဲကားလေးကိုမှ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးစွက်လို့ ရှုစားလိုသူတွေအတွက် P’Bow ရဲ့ ရိုမန့်သရဲကားလေးပါ။ သရဲကားဆိုပေမဲ့ ရိုးရှင်းတဲ့ plotကိုမှ အခွီဘက် အသားပေး တင်ဆက်ထားတာမလို့ သရဲကြောက်တတ်တဲ့လူတွေတောင် သဘောကျမိမယ့် ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်။ ဂျိုးဆိုတဲ့ gamer ကောင်လေးတစ်ယောက်ဟာ ဘဝကို ရေသာခိုအချောင်လိုက် ပေါ့ပေါ့နေပေါ့ပေါ့စားရှင်သန်လာရင်းနဲ့ သူဌေးဖြစ်သူ သူ့အဘိုးဆုံးသွားတော့ အမွေထုပ်ကြီးကြီးရဖို့ မျှော်လင့်နေပေမဲ့ ကံဆိုးချင်တော့ သေတမ်းစာက သူ့နာမည်အရောက်မှာ အဆုံးသတ်သွားသတဲ့။ ဒီတော့ အစ်ကိုဖြစ်သူက ဂျိုးကိုသနားတာနဲ့ပဲ သူ့အမွေထဲက ပါထုန်ထာနီကအိမ်ကြီးကို ညီဖြစ်သူဂျိုးကို ခွဲပေးလိုက်တော့တာပေါ့။ ဘာအလုပ်မှလုပ်မစားတဲ့ဂျိုးလည်း အမွေရပြီဆိုတာနဲ့ အမွေရထားတဲ့အိမ်ကြီးကို ရောင်းစားဖို့ဆိုပြီး ပွဲစားခေါ်ပြီး ချက်ချင်းလာအကြည့်မှာ အိမ်ထဲက သရဲတွေနဲ့ ပက်ပင်းတိုးပါတော့တယ်။ တကယ်တော့ ဒီအိမ်ကြီးမှာ လွန်ခဲ့တဲ့နှစ်တွေက ဓားပြတိုက်တုန်းက အိမ်ကြီးရှင်သခင်မလေးအနုန်နဲ့အတူ အစေခံနှစ်ယောက်ပါ လူမသိသူမသိအသတ်ခံလိုက်ရပြီး သရဲအဖြစ် မကျွတ်မလွတ်ဖြစ်နေကြတာပါ။ ဒီတော့ အိမ်ကိုရောင်းချင်တဲ့ဂျိုးနဲ့ ဘဝမကူးနိုင်ရင် အိမ်ကဖယ်မှာမဟုတ်တဲ့ သရဲ ၃ ကောင် ဘယ်လိုအလွဲ‌တွေနဲ့ရှေ့ဆက်ကြမလဲဆိုတာ ရှုစားကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို CM Thai Team မှ တင်ဆက်ထားပါတယ်။)

6.5 2024
My Boo
Bantay-Bahay
4.3

Bantay-Bahay (2024) ကေလတ်ဘ်က မအောင်မြင်သေးတဲ့ vlogger နဲ့ podcaster တစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့လူသူမနီးတဲ့တောအုပ်ကြီးအလယ်က ရည်းစားဖြစ်သူအဘွားရဲ့အိမ်ကိုတစ်ညတာစောင့်ပေးဖို့ ရည်းစားခိုင်းထားလို့ ရောက်နေပါတယ်။ ငွေရေးကြေးရေးမှာရော၊ရုပ်ရည်မှာပါချို့တဲ့တဲ့အတွက် မတန်မရာရထားတဲ့ ရည်းစားလေးတစ်ယောက်ကို မျက်နှာအပျက်မခံနိုင်အောင်ကြောက်ရတဲ့ သူဟာ အိမ်ကိုလည်းမထောက်ပံ့နိုင်တဲ့အတွက် မိခင်ဖြစ်သူကဖုန်းဆက်ပြီး နှိမ်တာကိုလည်းခံရပါသေးတယ်။ အခုလိုလှပခမ်းနားတဲ့ အိမ်ကြီးမှာ Live လွှင့်ဖို့အစီအစဉ်ရှိတဲ့ ကေလတ်ဘ်ဟာ သူ့ပစ္စည်းပစ္စယာတွေဆင်ပြီး တစ်ခန်းဝင်တစ်ခန်းထွက်လိုက်စပ်စုရာကနေ မဝင်ရမယ့် အခန်း၊မဖွင့်ရမယ့် တံခါးတွေကိုဘုမသိဘမသိသွားဖွင့်မိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ Livestream စတင်ချိန်မှာ အိမ်ထဲကနေ ထူးဆန်းတဲ့အသံတွေ အရိပ်ယောင်တွေတင်မက သူ့ရှေ့တည့်တည့်မှာပါကိုယ်ထင်ပြလာတဲ့ ဝိဉာဉ်တွေ သဘာ၀လွန်သတ္တဝါတွေနဲ့ Live လွှင့်ရင်းတစ်ညတာနပမ်းလုံးရမယ့် စွန့်စားခန်းကြီးစတင်ပါတော့တယ်။ အဲ့ဒီ Live နဲ့ကျမှသူ့ရဲ့မဖြစ်စလောက် ဖော်လိုဝါဦးရေကနေထိုးတက်ပြီး ကြည့်ရှုသူပါသန်းချီတဲ့အထိအောင်မြင်သွားချိန်မှာတော့..။ အစကနေအဆုံးထိ သဘာ၀ကျကျဟာသတွေနဲ့ခွီနေရမယ့် သရဲဟာသဇာတ်လမ်းပါ။ ဟာသဇာတ်ဆိုပေမယ့် နောက်ခံဇာတ်ကြောင်းအခိုင်အမာ၊လှည့်ကွက်ကောင်းကောင်းတွေနဲ့တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:27:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Drama
4.3 2024
Bantay-Bahay
The Royal Tenenbaums

The Royal Tenenbaums ကတော့ Wes Anderson ကိုတကယ်လေးစားသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီးတော့ ပုံစံတွေအများကြီးပြောင်းထားတာတွေနှင့် အထူးသဖြင့်တော့သူရဲ့သုံးထာတဲ့ကာလာတွေက ဇာတ်လမ်းကိုပိုပြီးတော့အရသာဖြစ်စေတယ်။ ဇာတ်လမ်းပိုင်းမှာတော့ Royal Tenenbaum က သူ့မိသားစုကို ပြန်လည်အဆင်ပြေအောင် ကြိုးစားတယ်။ သူသားနှစ်ယောက်နှင့် သမီးတစ်ယောက်ပေါ့ အဲ့လိုမျိုးလူတွေတစ်ယောက်စီတိုင်းမှာရှိနေတဲ့ပြဿနာတွေကို သေချာပြနိုင်တာတွေ၊ သူတို့ရဲ့ရင်ထဲမှာခံစားနေရတာတွေကိုပေါ်အောင်ပြနိုင်လို့ကာလာတွေသုံးထားတာတော့အကောင်းဆုံးပါ။ သူတို့တစ်ယောက်ချင်းစီရဲ့ဇာတ်ကြောင်းကိုလိုက်မတွေးနိုင်တဲ့သူတွေအတွက် narrator ပါပါပါတယ် ။ မိသားစုတစ်ခုမှာ ပြဿနာတွေ အနှောင့်အယှက်တွေကို စိတ်ဝင်စားအောင်သာမကပဲနဲ့၊ဇာတ်ကားမှာ သူ့ရဲ့ creativity တွေ၊ လူတစ်ယောက်နှင့် တစ်ယောက်ကြားက ကွာဟချက်တွေ၊ ကိုယ်ကိုတိုင်ပဲနားလည်တဲ့ကိုယ့်ကိုယ်ကိုအဖြေပြန်ရှာနေရတာတွေ စိတ်ခံစားချက်တွေပါမယ်။ ဇာတ်ကောင်တွေအနေနဲ့လည်းအမိုက်စားတွေပါမယ်သူတို့ကိုယ်တိုင်ရဲ့character တွေကလည်းတစ်ယောက်ကိုတစ်မူထူးခြားတာဖြစ်တယ်။ The Royal Tenenbaums သည် ကြည့်ရှုသူတွေကို စိတ်ဝင်စားစရာတစ်ခု ၊ မိသားစုပြဿနာတွေ ၊အနုပညာလက်ရာတွေ၊ မြင်ကွင်းကောင်းကောင်းတွေ cinematic scence တွေ ပါဝင်လို့ ခေတ်လူငယ်တွေအနုပညာသမားတွေတစ်ခြားအပန်းဖြေအတဲ့အနေနဲ့ကြည့်မယ်ဆိုရင်လည်းလုံးဝကိုအကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ။ File size…(1.9 GB)/(962 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2001
The Royal Tenenbaums
Carnage for Christmas
4.6

Carnage for Christmas (2024) IMDb Rating (4.6) / Rotten Tomatoes (89%) ဒီဇာတ်လမ်းကတော့ ခရစ္စမတ်မှာ ရင်တထိတ်ထိတ်နဲ့ စောင်ခြုံပြီး ကွေးချင်သူတွေအတွက် ကွက်တိဖြစ်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ ။ Horror ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း နယ်မြို့သေးသေးလေးပါမယ်။ ခရစ္စမတ်ရောက်တိုင်း လူလိုက်သတ်တတ်တဲ့ ပုံပြင်လိုလို ဒဏ္ဍာရီလိုလို သရဲ တွေပါမယ်။ သရဲခြောက်တဲ့ အိမ်ကြီးပါမယ်။ ဒီလို ခြောက်ခြားစရာတွေကိုမှ စိတ်ဝင်စားတဲ့ မြို့ကလာတဲ့ မိန်းမချောလေးတွေပါမယ်။ ဒီလောက်ဆိုရင်တော့ Horror ကားပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းနေလောက်ပါပြီ။ ဇာတ်လမ်းအကျဥ်း လိုလာ ဆိုတဲ့ လိင်ပြောင်းအမျိုးသမီးတစ်ယောက်ဟာ မှုခင်းဇာတ်လမ်းတွေကို အသံလွှင့်ပြီး နာမည်ကြီးနေတဲ့သူတစ်ဦးဖြစ်ပါတယ်။ ခရစ္စမတ်မှာ သူ့ရဲ့ မွေးရပ်မြေ နယ်မြို့လေးကို ပြန်လာတဲ့ အချိန် တိုက်ဆိုင်စွာပဲ လူသတ်မှုတွေ ဖြစ်ပေါ်နေပြီး လူသတ်သမားဟာ သူတို့မြို့ရဲ့ ဒဏ္ဍာရီထဲက အရုပ်လုပ်သမားသရဲ လို့ ကောလဟာလတွေလည်း ထွက်နေပါတယ်။ ဒါကြောင့် စူးစမ်းချင်စိတ်ရှိတဲ့ လိုလာ ဟာ ဒီလူသတ်သမားလား သရဲလား မသဲကွဲတဲ့ အမှုကို စုံစမ်းရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။) File size…(1.3 GB) / (700 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Horror, Mystery Duration….01:11:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Marco

Crime • Drama • Thriller
4.6 2024
Carnage for Christmas
The Hunter’s Anthology – The Demon Hunter
5

ဒီဇာတ်ကားလေးကတော့ Mystery, Horror ဆန်ဆန် ဇာတ်လမ်းအမျိုးအစားဖြစ်ပြီးတော့ သဘာဝလွန်စူးစမ်း ရှာဖွေမှုတွေနဲ့ မှောင်မိုက်တဲ့အမှန်တရားတွေကို ဖော်ထုတ်မယ့် နတ်ဆိုးမုဆိုးတစ်ယောက်ရဲ့စွန့်စားခန်းကို ဇာတ်အိမ်ထား ရိုက်ကူးထားပါတယ်။ 2021 တုန်းကထွက်ရှိခဲ့တဲ့ The Hunter’s Anthology Series ကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် လူအုပ်စုတစ်စုဟာ နတ်ဆိုးမုဆိုးတစ်ယောက်နဲ့အတူ မြေအောက်ရထားတွဲထဲမှာ ပိတ်မိသွားပြီးတော့ သူတို့ထဲမှာပုန်းနေတဲ့နတ်ဆိုးကို ဖမ်းဖို့အတွက် တစ်ယောက်ချင်းစီရဲ့ မှောင်မိုက်တဲ့အတိတ်တွေကို စစ်မေးရင်း နတ်ဆိုးကိုဖော်ထုတ်ကြပုံကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းပုံစံက စုံထောက်ဆန်ဆန်ကိုမှ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပေါင်းစပ်ထားပြီးတော့ ကြည့်ရှုသူတွေကို ဇာတ်လမ်းအစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။ IMDb မှာလည်း rating ကောင်း တစ်ခုကို ရရှိထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ File size… (1.53GB) / (793MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 6m Genre …..Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024 126 mins
The Hunter’s Anthology – The Demon Hunter