YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Watchful.Eye.S01E01.1080p.WEB.(CM).mp4

653.11 MB 1080p video/mp4 102 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Step Up 2: The Streets
6.7

Genre – Drama, Music, Romance IMDB – 6.2/10 ခင်ဗျားတို့တွေကို အကရုပ်ရှင် ဘာကောင်းလဲမေးလိုက်ရင် သေချာပေါက် Step Up ကားတစ်ကားကို ညွန်းပေးကြလိမ့်မယ်။ အဲဒီလို ညွန်းရအောင်လည်း သူက ၂၀၀၀ ခုနှစ်အကျော်တွေမှာ ပေါက်ခဲ့ပြီး Franchise ကြီးကို ဖြစ်သွားခဲ့တာကိုး။ မင်းသား Chaning Tatum စတင်ခဲ့လိုက်တဲ့ Step Up ရုပ်ရှင်ဟာဆို နောက်ပိုင်း Step Up 2 The Streets, Step Up 3D, Step Up Revolution နဲ့ Step Up All In ထိ ဆက်တိုက်ထွက်ခဲ့တယ်။ အဓိကကျောရိုးကတော့ ကျွန်တော်တို့ငယ်စဉ်ဘဝက သိခဲ့ကြတဲ့ ဟစ်ဟော့အက၊ ဖရီးစတိုင်၊ Underground လမ်းဘေးအကပေါင်းစုံက လမ်းဘေးကလူငယ်တွေရဲ့ လွတ်လပ်တဲ့ဘဝ၊ ရွေးချယ်မှုတွေကို ကိုယ်စားပြု တော်လှန်ရေးပြယုဂ်အနေနဲ့ဆိုပြီး သီချင်းကောင်းကောင်း တွေနဲ့ ရိုက်ကူးတင်ဆက်ပြတာမျိုး။ ဒီထဲက နာမည်ကြီးဇာတ်ကောင်တွေဆိုလည်း အဓိကဇာတ်ကောင် မဖြစ်ရပေမယ့် နောက်ပိုင်းကားတွေမှာပါ ဆရာကြီးနေရာတွေက Cameo ပြန်ပါတတ်ကြတယ်၊ ကျွန်တော်အကြိုက်ဆုံးကတော့ ဒီရုပ်ရှင်မှာ စပါဝင်လာတဲ့ မုစ်ပါပဲ။ ဒီရုပ်ရှင်အကြောင်းပြောရမယ်ဆို သူက မူလရုပ်ရှင်နဲ့ နည်းနည်းလေး ဆက်စပ်နေပါတယ်။ Step Up မှာတော့ မယ်ရီလန်းအနုပညာကျောင်းက တိုင်လာနဲ့ နိုရာအကြောင်း ပြီးသွားတဲ့နောက် တိုင်လာ့ညီမဝမ်းကွဲဖြစ်တဲ့ အန်ဒီအကြောင်းကို အခြေခံထားတာပါ တိုင်လာလည်း Cameo အဖြစ် ပြန်ပါထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အန်ဒီဆိုတဲ့ကောင်မလေးက လမ်းဘေးဖရီးစတိုင်အကကို ကနေရတာ ကျောင်းတွေလစ်ပြီး ကရလောက်တဲ့ထိကို ရူးသွပ်သူပေါ့။ မိခင်ဖြစ်သူ ကင်ဆာနဲ့ ဆုံးပါးသွားတဲ့အတွက် အမေ့သူငယ်ချင်းအုပ်ထိန်းမှုအောက်နေရပြီး ပြန်အာခံတတ်သူလေးပေါ့။ အဲဒီမှာ အုပ်ထိန်းသူက မနိုင်တော့လို့ နယ်ပို့မယ့်အချိန်မှာ မယ်ရီလန်းအကကျောင်းတက်ရင် နယ်မပို့တော့ ဘူးဆိုလို့ ကြိတ်မှိတ်တက်လိုက်ရရော။ ဒီမှာတင် အရင်အဖွဲ့က လမ်းဘေးစတိုင်နဲ့ ဘဲလေးအက တူညီစရာလား ဘာလား မကျေမနပ်တွေဖြစ်ပြီး သူ့ကို ထုတ်လိုက်တော့ သူက လက်ရှိကျောင်းက ရွက်ပုန်းသီးတွေကို ရွေးထုတ် ကိုယ့်ဘာသာအဖွဲ့ထောင်ပြီး ဒီ The Streets လို့ ခေါ်တဲ့ လမ်းမကပွဲကို ဝင်ပြိုင်ဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံပြီး ဘယ်လိုကကြ လန်းကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ ကျွန်တော့်အတွက်ကတော့ မုစ်တစ်ယောက် မိုးရေထဲမှာ Timbaland သီချင်းကြီးနဲ့ ကပြသွားတာဆို ခုထိ မျက်စိထဲကနေ မထွက်သေးဘူး ပြောရမယ်။ နောက်ပြီး ၂၀၀၈ ပတ်ဝန်းကျင်က မြန်မာမှာရော ကမ္ဘာမှာရော နာမည်ကြီးခဲ့တဲ့ “ဆော်တကာ Low Low….” ဒီ Low ဆိုတဲ့သီချင်းဟာ ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးပဲ ဖြစ်ပါတယ်။ (ခုထိလည်း နားထောင်ကောင်းတုန်းပါ) File size…2.16GB / 746MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ..... Drama, Music, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Music • Romance
6.7 2008 98 mins
Step Up 2: The Streets
Lover of the Last Empress
6.4

Chingmy Yau ကို တော်တော်များများ နာမည်နဲ့တွဲမသိကြရင်တောင် လူကိုရင်းနှီးပြီးသားဖြစ်နေမှာပါ။ သူဟာ ၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀ကာလ ဟောင်ကောင်ရုပ်ရှင်ရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး မက်ဂီချောင်တို့ ဘရစ်ဂစ်တီလင်းတို့ကိုတော့မမီပေမဲ့ သူတို့လောက်နီးနီးနာမည်ကြီးခဲ့တဲ့သူပါပဲ။ ဟောင်ကောင်ရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ ချောင်ယွန်ဖတ်ရဲ့ God of Gamblers Returns, စတီဖင်ချောင်ရဲ့ Lawyer Lawyer နဲ့ Royal Tramp I & II, ဂျက်ကီချမ်းရဲ့ City Hunter, ဂျက်လီရဲ့ Kung Fu Cult Master, အန်ဒီလောင်ရဲ့ Casino Tycoon, အာရွန်ကော့ရဲ့ Legend of the Liquid Sword တို့လိုကားတွေလည်းရိုက်ခဲ့သလို Naked Killer တို့လို Category III ဖလင်ပေါင်းများစွာမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အခု Lover of the Last Empress ကားကလည်း Category III films အမျိုးအစားထဲပါပြီး မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်တဲ့ အခန်းတွေလည်း မနည်းပါဝင်ပါတယ်။ သူရိုက်ဖူးသမျှကားတွေထဲ အကြမ်းဆုံးလို့တောင်ပြောလို့ရပါတယ်။ ဇာတ်လမ်းကတော့ တရုတ်ပြည်ရဲ့နောက်ဆုံးဧကရီဘုရင်မအကြောင်းပါပဲ။ ဘာလဲဟဆိုပြီးဖြစ်ချင်စရာပဲမလား။ တရုတ်ပြည်ရဲ့ နောက်ဆုံးဧကရာဇ်ဟာ ပုရီဖြစ်ကြာင်း တော်တော်များများ သိပြီးသားပဲကိုး။ တကယ်တမ်း ပုရီအပါအဝင် သူ့ရှေ့ကမင်းနှစ်ဆက်လောက်ဟာ ရုပ်သေးဘုရင်တွေသာဖြစ်ပြီး တကယ်တမ်းအုပ်စိုးခဲ့တဲ့သူက ရှီစီလို့ခေါ်တဲ့ ဧကရီမကြီးလို့ ဆိုကြပါတယ်။ သူ ဧကရီမကြီးဖြစ်မလာခင် သာမန်မိန်းကလေးဘဝကနေ ရက်စက်ပြီး ဘယ်သူမှမငဲ့တဲ့ ဧကရီမကြီး ဘယ်လိုဖြစ်လာခဲ့သလဲ ဆိုတာကို ရိုက်ပြထားပြီး တစ်ဖက်မှာလည်း မနူးမနပ်ကလေးမလေးဘဝကနေ မင်းကြီးစွဲနေအောင် လုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို သင်ယူခဲ့တာတွေကိုလည်းပြထားတယ်။ Category III ကားအနေနဲ့လည်း ကြည့်ကောင်းသလို ဒီတိုင်းလည်း ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ CateIII ကားပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Infernal Affairs ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Andrew Lau ဖြစ်ပြီး ဇာတ်လမ်းကိုရေးသားတဲ့သူကတော့ ချောင်ကား တော်တော်များများရိုက်ဖူးသလို တွဲဖက်ပါသရုပ်ဆောင်ဖူးတဲ့ ဝမ်ကျင်းပါပဲ။ ဟောင်ကောင်စီနီမာအကြောင်းပြောရင် တစ်ထောင့်တစ်နေရာက ပါနေမယ့်လူပဲပေါ့။ ရိုက်တာတို့ ရေးတာတို့ကတော့ ဆရာကြီးတွေချည်းပါပဲ။ မင်းသားတွေကတော့ ဘစ်တိုနီလို့သိကြတဲ့ တိုနီလျောင်ခဖိုင်နဲ့ ဂျက်ကီချမ်းရဲ့ Shanghai Noon ထဲပါဖူးတဲ့ Rongguang Yu တို့တွေပါ။ CateIII ကားပေမဲ့ အဘက်ဘက်က တော်တော်လေး လန်ထွက်နေသလို Chingmy Yau ရဲ့ ကိုယ်ကာယအလှတွေကိုလည်း တဝကြီးရှုစားရမယ့် ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ နာမည်ကြီးမင်းသမီးဖြစ်ပြီး ဘာလို့ ဒီလိုရိုက်လဲတော့ မမေးကြပါနဲ့။ ဂျက်ကီချမ်းတောင် CateIII ကားတွေ ရိုက်တဲ့ဘဝကနေ ဒီအထိတက်လာခဲ့တာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 880MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 40Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Mystery • Thriller
6.4 1995 100 mins
Lover of the Last Empress
Remember
7.5

မကြာခင်မှာ စစ်မှုထမ်းသွားရတော့မယ့် Nam Joo Hyuk ကို အလွမ်းပြေကြည့်ဖို့ ဇာတ်ကားအသစ်လေးရပါပြီ။ Main Cast တွေအနေနဲ့ Lee Sung Min နဲ့ Nam Joo Hyuk တို့ပါဝင်ထားတဲ့အပြင် Plot ဆန်းဆန်းလေးနဲ့မို့ ကြည့်မကောင်းမှာတော့ မပူရပါဘူး။ _____________________ _____________________ “အတိတ်မှာပိတ်မိနေတဲ့သူတွေအတွက် အနာဂတ်ဆိုတာ မရှိဘူး" ဒါပေမဲ့လည်း မတရားသဖြင့် ခံစားခဲ့ရတဲ့သူတွေအတွက်တော့ တချို့အတိတ်တွေက သူတို့တစ်ဘဝလုံးထွေးပိုက်ထားရမယ့် နာကြည်းချက်တွေ၊ သူတို့ဘဝကိုရှေ့ဆက်ရမယ့် လှေကားတစ်တွေ ဖြစ်နေမှာပါ။ ဟန်ဖီလ်ဂျူဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ဦးဖြစ်ပြီး ဦးနှောက်အကြိတ်နောက်ဆုံးအဆင့် အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရပါတယ်။ ဒါ့အပြင် လူမသိသူမသိ ဖုံးကွယ်ထားခဲ့တဲ့ သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကတော့ သူ့မှာ နှစ်ပေါင်း ၆၀ လောက်ကြာအောင် အကွက်ချစီစဉ်လာခဲ့တဲ့ အလုပ်တစ်ခုရှိနေတယ်ဆိုတာပါပဲ။ အင်ဂယူကတော့ ဟန်ဖီလ်ဂျူနဲ့ အသက်အရွယ်ချင်းကွာခြားလွန်းပေမဲ့ သူငယ်ချင်းလို ခင်မင်ပေါင်းသင်းနေကြတဲ့ ဟန်ဖီလ်ဂျူရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ အင်ဂယူတစ်ယောက် ဟန်ဖီလ်ဂျူကို ကူညီပေးရင်း မထင်မှတ်ဘဲ လူသတ်တရားခံအနေနဲ့ သံသယဝင်ခံရတဲ့အဖြစ်ကို ရောက်သွားပါတော့တယ်။ အင်ဂယူအတွက် အံ့အားသင့်စရာတစ်ခုကတော့ လူသတ်သမားအစစ်ဟာ သူယုံကြည်ခဲ့ရတဲ့ ဟန်ဖီလ်ဂျူဖြစ်နေခဲ့တာပါပဲ။ အသက် ၈၀ အရွယ်အဘိုးကြီး ဟန်ဖီလ်ဂျူက ဘာကြောင့်များ လူသတ်ခဲ့ရတာလဲ။ နှစ်ပေါင်း ၆၀ လောက် သူအကွက်ချစီစဉ်ခဲ့တဲ့ကိစ္စကရော ဘာများဖြစ်မလဲ။ လူသတ်တရားခံအနေနဲ့ အထင်လွဲခံနေရတဲ့ အင်ဂယူကရော သူ့အပေါ်ရောက်နေတဲ့ စွပ်စွဲချက်ကို ဘယ်လိုဖျောက်ဖျက်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အညွှင်္းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.5 GB | 700MB | 377MB Format… mp4 Duration…. 2h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Adventure • Animation • Fantasy
7.5 2022 128 mins
Remember
In the Line of Duty 4
6.8

မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ် ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ… ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ အခု ၄ ကားမြောက် တင်ဆက်လိုက်တဲ့ In the Line of Duty 4 (1989) ဇာတ်ကားကို The Witness လို့လဲ ခေါ်ဆိုကြပါတယ်။ မင်းသားကြီး Donnie Yen နဲ့ ဟောင်ကောင်ဂျက်မအဖြစ် မင်းသမီး Cynthia Khan တို့ အဓိကပါဝင်ထားပါတယ်။ Donnie Yen တို့က အမေရိကန်မှာ မူးယစ်ဆေးရောင်းဝယ်ရေးလုပ်နေတဲ့ အခင်းအခြေအနေကို ဝင်စီးတဲ့အခါမှာ အဖွဲ့ဝင်တစ်ယောက် ကျည်ထိမှန်ပြီးသေဆုံးသွားခဲ့ရပါတယ်။ အဲ့ဒီအခြေအနေကို မှတ်တမ်းအဖြစ် ရိုက်ကူးထားတဲ့ဖလင်လိပ်က လမ်းမှာဖြတ်လျှောက်သွားတဲ့ ရှောင်လျို့လက်ထဲကို အမှတ်မထင်ရောက်ရှိသွားတဲ့အချိန်ကစပြီး သူ့ခမျာကံဆိုးမိုးမှောင်ကျတာပါပဲ။ ဒီပြသနာတွေမှာ အကောင်ကြီးကြီးတွေပါဝင်ပတ်သက်နေတာမို့ မျက်မြင်သက်သေဖြစ်တဲ့ ရှောင်လျို့တစ်ယောက် ဘာကိုမြင်လိုက်ပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ...။ IMDb Rating(7.1) ထိ ရရှိထားပြီး Donnie Yen နဲ့ဟောင်ကောင်ဂျက်မတို့ရဲ့ အပီအပြင်ဖိုက်ခန်းတွေကြောင့် Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုပါရစေ။ ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=in+the+line+of+duty  ကြည့်လို့ရပါတယ်။ File size…(1.9 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Jo Jo Va

Action • Adventure • Family • Science Fiction
6.8 1989 94 mins
In the Line of Duty 4
Night Blooms
5

ရုပ်ရှင်ဆိုတာ မက်ဆေ့တစ်ခုခုပေးနိုင်ရပါတယ်။ ဘာမက်ဆေ့မှ မပေးတဲ့ ခံစားရုံသက်သက်လို့ ဂျင်းထည့်ကြတာတွေက ဇာတ်ညွှန်းမရှိ ဘတ်ဂျက်မနိုင်လို့ အဆင်ပြေသလိုရိုက်ပြီး အဓိပ္ပာယ်မရှိမှ လျှောက်အာရွှီးတာတွေပါပဲ။ အကောင်းဆုံးရုပ်ရှင်တွေကိုကြည့်ပါ။ IMDb ထိပ်ဆုံးကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူ့ထက်ကောင်းတဲ့ကား ဘာမှမရှိတဲ့ Shawshank Redemption ကနေဆို မျှော်လင့်ချက်ထားသင့်ကြောင်း မက်ဆေ့အကြီးကြီးရသလို Star Wars တို့မှာဆိုလည်း ယူတတ်ရင် မက်ဆေ့တွေချည်းပါပဲ။ ကျွန်တော်အသည်းစွဲ တစ်နေ့၂ကားအထိ ကြည့်နေကျ ဘောလိဝုဒ်နဲ့ တမီးလ်ကားတွေမှာလည်း မက်ဆေ့မပါတဲ့ ကားလုံးဝမရှိသလို ဒိုင်ယာလော့တွေနဲ့ ထိထိမိမိကို မက်ဆေ့ပေးနိုင်တဲ့ ရုပ်ရှင်တွေပါပဲ။ ကြည့်ဖူးတဲ့သူတွေ သိကြမှာပါ။ အခုရုပ်ရှင်ကလည်း မက်ဆေ့ကို ထိထိရောက်ရောက်ပေးနိုင်တဲ့ Coming Of Age ရုပ်ရှင်တစ်ကားပါပဲ။ သိပ်ချစ်ကြတဲ့ သူငယ်ချင်းမလေးနှစ်ယောက်ရှိတယ်။ သူတို့အတူတူ တီးဝိုင်းထောင်ထားပြီး တစ်ယောက်အိမ် တစ်ယောက် ဝင်နေထွက်နေကျဆိုတော့ သိပ်ခင်ကြတာပေါ့။ တစ်နေ့ကျတော့ တစ်ယောက်က တစ်ယောက်ရဲ့ အဖေကို ကြိုက်မိသွားပြီး တစ်ယောက်ရဲ့ အဖေနဲ့ အိပ်ရဖို့ ကြံတယ်။ နောက်ဆုံး ပါသွားတာပေါ့။ အဲဒီနောက်ဆက်တွဲတွေအကြောင်းပါပဲ။ ပညာပေးကားလား ဘာလားတော့ မသိပေမဲ့ လိင်ဆက်ဆံခန်းတွေ ၃ခန်းလောက်ပါတာမို့ မိသားစုနဲ့တော့ ကြည့်ဖို့မသင့်ပါဘူး။ Jessica Clement ဆိုတဲ့ မင်းသမီးချောလေးက သရုပ်ဆောင်ထားပါတယ်။ လောကကြီးမှာ မဖြစ်သင့်တာတွေကို လုပ်မိတဲ့အခါ ဘာတွေဖြစ်တတ်လဲ အားလုံးပညာယူနိုင်ရန်အလို့ငှာ မက်ဆေ့အကြီးကြီးပေးသွားတဲ့ ရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်။ ရုပ်ရှင်ဆိုတာ မက်ဆေ့ယူဖို့ပဲမဟုတ်လား။ ဇာတ်ကားကောင်းကောင်းလေးလားဆိုတာတော့ အာမ,မခံပေမဲ့ မက်ဆေ့‌ကောင်းကောင်းလေးတော့ရဖို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___"မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 555MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 38Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Horror • Music
5 2022 98 mins
Night Blooms
Here Alone
5.6

အခု တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဇွန်ဘီ horror / thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအစမှာတော့ Covid 19တွေဖြစ်တုန်းကလိုမျိုး ကူးစက်ရောဂါပြန့်နှံ့ နေပုံနဲ့အစချီထားပါတယ်။ ဒီကားထဲကဗိုင်းရပ်စ်ကတော့ ကိုဗစ်ထက်ပို အကြောင်းဆိုးတယ်ပေါ့လေ။ ကူးခံရရင် ဇွန်ဘီတွေဖြစ်ကုန််တာကိုး။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် အန်း ဟာ ရောဂါနဲ့ဇွန်ဘီတွေကိုရှောင်ဖို့ တောထဲမှာ တစ်ယောက်တည်းနေထိုင်ပါတယ်။ တစ်နေ့ အိုလီဗီယာဆိုတဲ့ ကောင်မလေးရယ် အဲ့ကောင်မလေးရဲ့ ပထွေး ခရစ်တို့ နှစ်ယောက်နဲ့ အန်းတို့ အမှတ်မထင်ဆုံဖြစ်သွားကြပါတယ်။ ဒဏ်ရာရနေတဲ့ ခရစ်ကို ကူညီပေးရင်း သူတို့ရင်းနှီးသွားကြပါတယ်။ ခရစ်တို့က အန်းကို သူတို့နဲ့အတူ မြောက်ဘက်ကို လိုက်ခဲ့ဖို့ခေါ်တဲ့အခါ အန်းကငြင်းခဲ့ပါတယ်။ အန်းက ဘာကြောင့် အဲ့တောထဲမှာပဲ အခြေချနေထိုင်နေတာလဲဆိုတဲ့အကြောင်းကို flashback လေးတွေရောထည့်ပြီး ရိုက်ကူးထားတာပါ။ဒီဇာတ်ကားက မြင်ဖူးတွေ့ဖူးနေကျ ဇွန်ဘီကားတွေနဲ့မတူပဲ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားတာမျိုးပါ။ Survivalဆိုတာထက် ခံစားမှုကို အသားပေးတဲ့ဇာတ်ကားမျိုးဖြစ်တာမို့ ထူးခြားတဲ့ ဇွန်ဘီကားပါပဲ။ အခုလိုမိုးအေးအေးရာသီဥတုနဲ့ဆို ကြည့်ရတာပိုပြီးအရသာရှိစေမှာဖြစ်ပါတယ်။ File size…1.14GB / 556MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.6 2016 97 mins
Here Alone
Lord of War
7.6

Lord of War (မရဏကုန်သည်) မင်းသားကြီး နီကလက်ကေ့ရဲ့ ရွှေခေတ်က ရွှေရုပ်ရှင်တစ်ခုကို ဘာသာပြန်ကောင်းကောင်း ကွာလတီကောင်းကောင်းနဲ့ ပြန်တင်ဆက်ပေးထားပါတယ်။ အရင်သိမ်းထားတဲ့ဖိုင်တွေရှိရင် ဖျက်လိုက်ပြီး ပြန်သာသိမ်းလိုက်ကြပါ။ Nicolas Cage, Jared Leto, Bridget Moynahan နဲ့ Ethan Hawke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ယူရီအော်လော့ (N Cage) တို့မိသားစုက ယူကရိန်းကနေ ဂျူးယောင်ဆောင်ပြီး အမေရိကန်ကို ပြောင်းလာတာပါ။ ဇာတ်လမ်းထဲမှာ မင်းသားပြောသလိုပါပဲ သမိုင်းမှာ ဂျူးဖြစ်ရလို့ ကံကောင်းတယ်ဆိုတဲ့အချိန်က ရှားပါတယ်။ ဒါပေမဲ့ ဂျူးဖြစ်လို့ ယူကရိန်းကနေ အမေရိကန်ကို ရောက်လာနိုင်တာလေးတစ်ခုကတော့ ကံကောင်းတယ်ပြောရမှာပေါ့။ နာဇီတွေက ဂျူးတွေကို ယူကရိန်းမှာ အပြုံလိုက်ရှင်းပစ်ခဲ့သလို၊ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်မှာလည်း ဂျူးတွေ နေရာမရကြပါဘူး။ အမေရိကန်ရောက် ယူကရိန်းသား ညီအစ်ကိုဟာ လက်နက်အရောင်းအဝယ်လောကထဲကိုဝင်မိခဲ့ကြပါတယ်။ နယ်ခံလူဆိုးဂိုဏ်းကို ဈေးဦးပေါက် အူဇီလေးရောင်းမိတာကနေ လုပ်ငန်းစခဲ့ပြီး ပထမဆုံး သူဌေးဖြစ်ကွက်ကိုတော့ ၁၉၈၂ လစ်ဘနွန်စစ်ပွဲမှာ ရသွားခဲ့ကြတာပါ။ အစ္စရေးတွေက လစ်ဘနွန်ကိုကျူးကျော်တာကနေ ပါလက်စတိုင်းနဲ့စစ်ဖြစ်ချိန်မှာ ညီအစ်ကိုနှစ်ယောက်က နှစ်ဘက်လုံးကို လက်နက်ရောင်းစားပြီး သူဌေးဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာ ယူရီတစ်ယောက် အချီကြီးမိတာကတော့ စစ်အေးတိုက်ပွဲအဆုံး ဆိုဗီယက်ယူနီယံ ပြိုကွဲချိန် ၁၉၉၁ ပါပဲ။ ဆိုဗီယက်ပြည်ထောင်စုဝင် (ရုရှား၊ ဘီလာရု၊ ကာဇက်စတန်၊ လက်ဗီးရား၊ ကာဂျစ်စတန်၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ မော်ဒိုဗာ၊ အက်စ်တိုးနီးယား၊ တာဂျစ်ကစ္စတန်၊ ယူကရိန်း၊ လစ်သူရေးနီးယား၊ အာမဲနီးယား၊ ဥဇဘက်ကစ္စတန်၊ တာမန်နစ္စတန် နှင့် အခြားခွဲထွက်နိုင်ငံအချို့) နိုင်ငံတွေကနေ ဖရိုဖရဲဖြစ်နေတဲ့ လက်နက်ဂိုထောင်တွေကို အောက်ဈေးလိုက်နှိုက်ပါတော့တယ်။ အဲဒီကနေမှ လိုက်ဘီးရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်ကို သေနတ်တွေရောင်းမိပြီး အာဖရိကရဲ့သွေးစိန်တွေနဲ့ ပိုချမ်းသာလာပါတော့တယ်။ အဲဒီချမ်းသာမှုကနေ တရားကျစရာတွေ ဘယ်လိုရမလဲဆိုတာ ကြည့်မယ်ဆိုရင်တော့မကြည့်ပါနဲ့။ ချမ်းသာတာဟာ ချမ်းသာတာပါပဲ။ ချမ်းသာပြီးပဲ ပြီးသွားမှာပါ။ သမိုင်းတလျှောက် လက်နက်အရောင်းအဝယ်တွေနဲ့ နိုင်ငံရေးတွေကိုတော့ တရားကျလို့ရပါလိမ့်မယ်။ မကြည့်ရသေးရင်တော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ စစ်အေးတိုက်ပွဲ ဒါကတော့ ရုပ်ရှင်တွေမှာ အသုံးများပြီး လူတိုင်းသိနေတာပေမဲ့ မသိသေးတဲ့သူတွေ ဇာတ်လမ်းကြည့်ရင် နည်းနည်းပိုနားလည်‌အောင် ရေးပေးတာပါ။ စစ်အေးတိုက်ပွဲ (1945 မှ1991)ဆိုတာ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နဲ့ဆိုဗီယက်ယူနီယံ စစ်မဖြစ်ပေမဲ့ အရာရာအားပြိုင်ကြ၊စစ်ဖြစ်မလို ခြိမ်းခြောက်ကြ လက်နက်စုကြ၊ သူလျိုတွေအပြိုင်အဆိုင်သုံးကြ ဖြစ်နေတဲ့ကာလပါ၊ အဏုမြူလက်နက်တွေအထိန်းအကွပ်မရှိစုစည်းထားပြီး တကယ်သာ စစ်ဖြစ်ခဲ့ရင်သေချာပေါက် ကမ္ဘာပျက်မဲ့ပွဲမို့ ကမ္ဘာတစ်ဝှမ်းလုံး ရင်တမမနဲ့ နေခဲ့ရတဲ့ကာလပါပဲ။ ဇာတ်လမ်းတွေလည်း မရေတွက်နိုင်အောင်ထွက်ထားပြီးပါပြီ။ စစ်အေးတိုက်ပွဲနဲ့ဆိုင်တဲ့နာမည်ကြီးကားတွေကို ကြည့်ချင်ရင်တော့ Charlie Wilson’s War (2007) Oppenheimer (2023) Watchmen ( 2009) The Tunnel (2001) Miracle (2004) Miracle (2004) First Man (2018) Thirteen Days (2000) Spacewalk (2017) Cold War (2018) The Death Of Stalin (2017) The Lives Of Others (2006) Good Night, And Good Luck (2005) Tinker Tailor Soldier Spy (2011) Bridge Of Spies (2015) The Shape Of Water (2017) A Beautiful Mind (2001) The Hunt For Red October (1990) Searching for Bobby Fischer 1993 Pawn Sacrifice (2014) The Queen’s Gambit (2020) Chernobyl (2019) တို့မှာလည်း ကြည့်ရှုလို့ရပါတယ် စစ်အေးကာလတိုက်ပွဲအတွက် ဆိုဗီယက်နဲ့ အမေရိကန်တင်မကဘဲ သက်ဆိုင်ရာမဟာမိတ်တွေလည်း ဝါဒရေးရာနဲ့ နယ်မြေအတွက် စစ်ပွဲတွေအများကြီးဖြစ်ခဲ့တာမို့ နာမည်ကြီးစစ်ကားအတော်များများကလည်း ဒီကာလထဲမှာဖြစ်ခဲ့တာပါပဲ။ ဥပမာ ဘာလင်တံတိုင်းတည်ဆောက်ခြင်း (၁၃ ဩဂုတ် ၁၉၆၁ – ၉ နိုဝင်ဘာ ၁၉၈၉) တရုတ်ကွန်မြူနစ်တော်လှန်ရေး ( ၁၉၂၇ – ၁၉၄၉) ကွန်မြူနစ်အစိုးရ ပြည်မကြီးကိုရသွားပြီး ရီပက်ဘလစ်အစိုးရ ထိုင်ဝမ်ကိုရှောင်တိမ်းရတဲ့အကြောင်း၊ မြန်မာပြည်ရဲ့ကွန်မြူနစ်တိုက်ပွဲတွေဟာ ဒီကနေ ဆက်စပ်လာခဲ့တာပါ ကိုရီးယားစစ်ပွဲ (၁၉၅၀-၁၉၅၃) ၁၉၅၆ ဟန်ဂေရီယန် တော်လှန်ရေး နဲ့ စူးအက်တူးမြောင်းအရေးအခင်း ၁၉၆၂ ကျူးဘားဒုံးအရေးအခင်း ဗီယက်နမ်စစ်ပွဲ (၁၉၆၄ – ၁၉၇၅) တွေဟာလည်း စစ်အေးတိုက်ပွဲရဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲအဆုံးသတ်မှာတော့ ဘာလင်တံတိုင်းပြိုကျခြင်း၊ ဥရောပအရှေ့ခြမ်းကွန်မြူနစ်တိုက်ထုတ်ခံရခြင်း နဲ့ ဆိုဗီယက်ယူနီယံပြိုကွဲခြင်းတို့နဲ့အဆုံးသတ်ခဲ့ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

Crime • Drama
7.6 2005 122 mins
Lord of War
Count Magnus

” A ghost story for christmas count magnus ” ဆိုတာ Horror အမျိုးအစားဇာတ်လမ်းတိုလေးဖြစ်ပါတယ်။ 1863 ခုနှစ်ဆွီဒင်မြို့က‌လေးဟာ လူသိပ်မသိကြဘဲ လာလည်တဲ့လူ သိပ်မရှိတဲ့ဒေသလေးဖြစ်ပါတယ်။ခရီးသွားတစ်ယောက်ဖြစ်တဲ့ မစ္စတာဝက်စ်ဟောက လမ်းမှားရင်းဆွီဒင်ကိုရောက်သွားပြီး အဲ့ဒီက မျိုးရိုးမြင့် ဒယ်လာဂါဒီဆိုတဲ့မိသားစုရဲ့ဘိုးဘေး ကွယ်လွန်သွားပြီဖြစ်တဲ့မြို့စားမင်းကြီးရဲ့အကြောင်းကိုသိချင်မိပြီး သူဘာတွေများအောင်မြင်ခဲ့သလဲ ဘယ်လိုအရာမျိုးတွေလုပ်တတ်တဲ့လူမျိုးလဲဆိုတာကို ရိုးရိုးသားသားသိချင်စိတ်နဲ့ လိုက်လံပြီးစုံစမ်းစပ်စုမိရာကနေ နောက်ဆုံးမှာ မစ္စတာဝက်စ်ဟောတစ်ယောက်ဟာ တန်ကြေးကြီးတဲ့ အဆုံးသတ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။ File size…(465 MB)/(189 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:32:00 Genre… Horror, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

0 2022
Count Magnus
L♡DK
6.1

မန်ဂကို အခြေခံရိုက်ကူးထားတဲ့ ဂျပန်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ်ကတော့ ဂျပန်မင်းသားလေး Kento Yamazakiပါပဲ။ ထုံစံအတိုင်း အထက်တန်းကျောင်းမှာ မိန်းကလေးတွေရဲ့ သည်းသည်းလှုပ်သဘောကျမှုခံရတဲ့ Shuseiကို Moeက လူအများရှေ့မှာ ဖွင့်ပြောလိုက်ပါတယ်။ ဒီလိုဖွင့်ပြောတာကို Shuseiက လက်မခံတဲ့အပြင် ပြင်းပြင်းထန်ထန်တွေပြောလိုက်တာကြောင့် Moeရဲ့ အချစ်ဆုံးသူငယ်ချင်း Aoiမှာ ဒေါသတွေထွက်ပြီး ရန်တွေ့နေတုန်း မတော်တဆတစ်ခုဖြစ်သွားပါတယ်။ ဒါကြောင့် Aoiမှာ Shusei မတော်တဆဖြစ်တာကို တာဝန်ယူရပြီး နှစ်ယောက်အတူ တစ်ခန်းတည်းနေရဖို့ပါ ဖြစ်လာပါတယ်။ သူတို့နှစ်ယောက် တစ်ခန်းတည်းအတူနေရင်း ရန်တွေတကျက်ကျက်ဖြစ်ကြရင်း ဘာတွေဆက်ဖြစ်ကြမလဲ စောင့်ကြည့်လိုက်ပါဦးနော်။ File size…2.14GB / 1.02GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Drama • Mystery • Thriller
6.1 2014 113 mins
L♡DK
Gold Brick
6.2

Money Heist လို Plot twist တွေနဲ့ သူခိုးဇာတ်လမ်းကြိုက်တဲ့ပရိသတ်တွေအတွက် အလွမ်းပြေ ပြင်သစ် သူခိုးရုပ်ရှင်လေးတစ်ကားလာပါပြီ။ ဆွယ်ဗျားဆိုတဲ့ လူငယ်လေးတွယောက်ဟာ ရှားထရက်မြို့ သာမာန် လူလတ်တန်းစားမိဘနှစ်ဦးကနေ မွေးဖွားကြီးပြင်းလာသူပါ။ သူ့မှာ စကန်နီးရားလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူတို့နေတဲ့မြို့မှာ ဘိုးရစ်နှင့်သားများလို့ ခေါ်တဲ့ ရေမွှေးထုတ်ပိုးဖြန့်ချီရေးကုမ္ပဏီတစ်ခုက တစ်မြို့လုံးရဲ့ အလုပ်အခွင့်အလမ်းတွေကိုအုပ်စိုးထားပြီး ဘယ်လောက်ပင်ပညာတတ်ဖြစ် ​ေနပါစေ အဆုံးသတ်မှာတော့ ဒီစက်ရုံမှာပဲအလုပ်ဝင်ကြရပါတယ်။ ဆွယ်ဗျားနဲ့ စကန်နီးရားတို့ဟာ အဲ့လိုမဖြစ်အောင် ကြိုးစားနေထိုင်ခဲ့​ေပမယ့် အဆုံးမှာတော့အများနည်းတူ ဘိုးရစ်စက်ရုံမှာပဲ အလုပ်ဝင်ခံရပါတယ်။ သူတို့အလုပ်ဝင်ပြီးမကြာခင်မှာပဲ ဖခင်ဖြစ်သူဘိုးရစ် သေဆုံးသွားခဲ့ပြီး ဘိုးရစ်ဂျူနီယာက ကုမ္ပဏီကိုအမွေဆက်ခံခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆွယ်ဗျားတစ်ယောက် အလုပ်ကနေ အပိုဝင်ငွေရမယ့် နည်းလမ်းတစ်ခုကိုရှာတွေ့သွားတဲ့နောက် သာမာန် စက်ရုံအလုပ်သမားဘဝကနေ သူဌေးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုနည်းတွေ၊ အခကါအခဲတွေကို ရုန်းကန်ကြိုးစားကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး ပြင်သစ်စကားပြောရုပ်ရဗင်ဖြစ်တဲအတွက် Money Heist လို ခပ်ဆင်ဆင် Vibe မျိုးရမှာဖြစ်ပေမယ့် ဇာတ်လမ်းက Twisty ဖြစ်ပြီး အေးအေးငြိမ့်ငြိမ့်လေးမို့လို့ မတူညီတဲ့ ရသတစ်မျိုးပေးစွမ်းပါတယ် T Hmue မှ အညွှန်းရေးသားပြီး ဘာသာပြန်သည် File size…(1.5 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

6.2 2023
Gold Brick
Love You to Debt
6.4

ချစ်ကြွေးရှင် (၂၀၂၄) 2014 တုန်းက ထွက်ရှိခဲ့တဲ့ The Worst of evilဒါရိုက်တာရဲ့ နာမည်ကြီးmovieတစ်ခုဖြစ်တဲ့ Man in Love ကို remake ပြန်ရိုက်ကူးထားတဲ့ Love You to Debt ‌Bright နဲ့ Yayaလို castအလန်းဇယားတွေနဲ့ပွဲထုတ်ထားတဲ့အပြင် မနှစ်ကတည်းက trailerတွေသတင်းတွေကြည့်ပြီး မျှော်တလင့်လင့် စောင့်စားနေရသူတွေအတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ အကြွေးတောင်းရဖို့ဆို အသက်ကိုလောင်းကြေးထပ်ရဲတဲ့အထိ မိုက်ရူးရဲဆန်လွန်းတဲ့ အကြွေးတောင်းသမားလေး “ဘို” ဘဝမှာ ဘာကိုမှဂရုမစိုက်ဘူးဆိုတဲ့ “ဘို” တစ်ယောက် “အော့” ဆီက အကြွေးသွားသိမ်းရာကနေ အော့ ရဲ့သမီးချောလေး”အင်မ်” နဲ့ ဆုံဖို့ဖြစ်လာတဲ့အခါ…. အဖေ့ရဲ့အကြွေးတွေနဲ့ ဆေးရုံစရိတ်တွေကြား အကြွေးနွံနစ်နေတဲ့ အင်မ် ကိုမှ တဇွတ်ထိုးဆန်တဲ့ဘိုက ချစ်မိသွားတဲ့အခါ အကြွေးသိမ်းတဲ့သူနဲ့ ကြွေးနွံနစ်နေတဲ့သူတို့နှစ်ယောက်ကြားက ချစ်ဇာတ်လမ်းလေးက ဘယ်လိုခရီးဆက်ကြမလဲဆိုတာ CMနဲ့အတူ ရှုစားကြပါဦး (အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Dao တို့ပဲ ဖြစ်ပါတယ်) Genre….. Action, Comedy, Crime, Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 1.8GB | 700MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary, Char Ou, Su Myat, Dao Encoder ….. Aaron

Comedy • Drama
6.4 2024
Love You to Debt
There’s Still Tomorrow
7.7

၂၀၂၃ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ အီတာလျံစကားပြော ရုပ်ရှင်တစ်ခုဖြစ်တဲ့ ဒီရုပ်ရှင်ဟာ အီတလီပြည်တွင်းမှာ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ဝေဖန်သူတွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရောမရုပ်ရှင်ပွဲတော်မှာ ဆုသုံးခု ရရှိခဲ့တဲ့အပြင် အီတလီနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ အီတာလျံခေါင်းစဥ်က C’è ancora domani ဖြစ်ပြီး Period Comedy-Drama အမျိုးအစားပါ။ ဇာတ်အိမ်ကို ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတည်ထားပြီး Delia ဆိုတဲ့ အိမ်ရှင်မတစ်ဦးရဲ့ အဲဒီခေတ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ လူမှုဒုက္ခတွေနဲ့ လူတန်းစားရုန်းကန်မှုတွေကို ပြဆိုထားတာ ဖြစ်ပါတယ်။ Delia ရဲ့ ခင်ပွန်းဖြစ်သူက ဇနီးအပေါ် နှိပ်စက် ချုပ်ချယ်တတ်တဲ့ လူစားမျိုးဖြစ်ပြီး သမီးဖြစ်သူ Marcella နဲ့ သားနှစ်ဦးရှိပါတယ်။ Delia ဟာ အိမ်မှုကိစ္စအားလုံးကို လုပ်ကိုင်ရသလို အပြင်ထွက်ပြီး ငွေလည်းရှာရပါသေးတယ်။ ဒီကြားထဲမှာ ခင်ပွန်းဖြစ်သူရဲ့ မထင်ရင် မထင်သလို ရိုက်နှက်ခြင်းကိုလည်း ခံရပါသေးတယ်။ သမီးဖြစ်သူကို အိမ်ထောင်ချပေးရေး ကိစ္စနဲ့ ဗျာများနေတုန်းတစ်နေ့မှာ မမျှော်လင့်ဘဲ စာတိုက်ကနေ မဲပေးခွင့်လက်မှတ် တစ်စောင် ရလာရာကနေ အစပြုပြီး မိမိရသင့်ရထိုက်တဲ့ အခွင့်အရေးကို အရယူဖို့ စတင်နိုးကြားလာပါတော့တယ်။ ဒါရိုက်တာဖြစ်သူရဲ့ ပထမဆုံးလက်ရာဖြစ်ပြီး ရုပ်ရှင်တစ်ခုလုံးကို Neo-realism ပုံစံနဲ့ အဖြူအမည်းကာလာ ရိုက်ကူးထားပါတယ်။ စစ်ပြီးခေတ် ဖိုဝါဒီကြီးစိုးမှုနဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကို မီးမောင်းထိုးပြထားပြီး အမျိုးသမီးတွေကို ပထမဆုံးအကြိမ် မဲပေးခွင့်ပြုတဲ့ ၁၉၄၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ ရွေးကောက်ပွဲ ပုံရိပ်တွေကိုလည်း တွေ့မြင်ရပါတယ်။ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်တဲ့အတွက် ဥရောပရုပ်ရှင်နှစ်သက်သူများ လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ File size…(2.5 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:58:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.7 2023
There’s Still Tomorrow