YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

the.walking.dead.s06e07.1080p.(CM).mp4

2.84 GB N/A video/mp4 462 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sahara
5.7

ဒီကားလေးကတော့ Adventure/Romance တွေကြိုက်တတ်တဲ့သူတွေအတွက် ကြည့်သင့်ကြည့်ထိုက်တဲ့ (1983)တုန်းက ထွက်ထားတဲ့ကားဟောင်းလေးပါပဲ။ ဒေးလ်တစ်ယောက် သေဆုံးသွားတဲ့ဖခင်ကိုယ်စား ကုမ္ပဏီကိုကယ်တင်ပြီး ဖခင်ရဲ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့ နိုင်ငံတကာကားပြိုင်ပွဲကြီးမှာ၀င်ပြိုင်ခဲ့ပါတယ်။ ကားမောင်းပြိုင်ပွဲက သာမန်မဟုတ်ပဲ ကန္တာရထဲမှာရက်ရှည်မောင်းရမယ့်ပြိုင်ပွဲဖြစ်နေခဲ့တာပါ။ ဒေးလ်လိုမိန်းမတစ်ယောက်အတွက် ကန္တာရကြီးက လုံခြုံပါ့မလား။ ဘယ်လိုအန္တရာယ်တွေကြုံပြီး ဖခင်ရဲ့အိမ်မက်‌ကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာ စိတ်၀င်တစားကြည့်ရမှာပါ။ သရုပ်ဆောင်မင်းသမီးကလည်း သူ့ခေတ်သူ့အခါတုန်းက people choice awardတွေအများကြီးရထားတဲ့ မင်းသမီးချောBrooke Shieldsဖြစ်တဲ့အပြင် Matrixကားထဲမှာအိုမင်းစပြုနေတဲ့ Lambert Wilsonရဲ့ငယ်ရွယ်ခန့်ညားမှုတွေကိုပါ ဒီကားထဲမှာကြည့်ရှုခံစားရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Soe Thiri Swe မှ တင်ဆက်ထားပါတယ်။) File size…(3 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:46:10 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Soe Thiri Swe

Comedy • Romance
5.7 1983 111 mins
Sahara
The Lion King
8.3

IMDb - 8.5/10______Rotten - 94% Won 2 Oscars. Another 35 wins & 34 nominations ဝေါ့ဒစ်စနေးရဲ့ မာစတာပိစ် တစ်ခုလာပါပြီဗျာ။ ကလေးတုန်းကတည်းက အသဲစွဲ ကာတွန်းလေးပါ။ IMDb 8.5 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ တောဘုရင်ခြင်္သေကြီး မူဖာဆာ မှာ စင်ဘာဆိုတဲ့ သားလေးမွေးဖွားလာပြီး သူ့နေရာကို တစ်နေဆက်ခံခွင့်ပေးဖို့ လျာထားခဲ့ပါတယ်။ အဲဒါကို မကျေနပ်တဲ့ စင်ဘာရဲ့ ဦးလေး မူဖာဆာရဲ့ ညီက ခွေးအတွေနဲ့ ပေါင်းပြီး မူဖာဆာကို လုပ်ကြံပြီး စင်ဘာလေးကို သူ့အပြစ်လို့ထင်အောင်လုပ်ပြီးအဝေးကြီးကို ထွက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ခွေးအတွေကို ခြင်္သေ့တွေနဲ့ပေါင်းနေစေပြီး တောအုပ်ကြီးတစ်ခုလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီရှာဖို့ထွက်လာတဲ့ ခြင်္သေမငယ်သူငယ်ချင်းနဲ့ အတိတ်ကနေ ထွက်ပြေးနေတဲ့ စင်ဘာတွေ့ ပြန်တွေ့ကြတဲ့အခါမှာ....... File Size      : 1.13GB / 584MB Duration     : 1 hr 28 min Quality       : BlueRay 1080p / 720p Encoder     : Thit San Khant Translater  : Myo Min Thu Than Myint

Action • Adventure • War
8.3 1994 89 mins
The Lion King
Googly
7.2

IMDb 7.5/10 (2.8K) အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ KGF မင်းသားချောလေး ယာရှ်ရဲ့ အချစ်ဟာသဇာတ်မြူးကားကောင်းလေးပဲ ဖြစ်ပါတယ်..။ ဒီကားထဲမှာလည်း ယာရွ္ဟာ အများနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်...။ ခပ်ပြတ်ပြတ် လူမှန်စိတ်တိုကြီးဖြစ်တဲ့ ကောလိပ်ကျောင်းသားလေး ရှရသ်..တစ်ကျောင်းလုံးရဲ့ ချဉ်ဖတ်ဖြစ်နေပေမယ့် ကျောင်းက ပထမအဆင့်ကျောင်းသားတစ်ယောက်..။ သူဟာ မိန်းမတွေနဲ့ အချစ်ကိုမုန်းတီးနေတဲ့ သူတစ်ယောက်ပေါ့.. ကျောင်းပြပွဲတစ်ခုမှာ ဆြာတီဆိုတဲ့ ကောင်မလေးနဲ့ဆုံပြီး သူတစ်သဝေမတိမ်းလိုက်နာလာခဲ့တဲ့ သူ့ရဲ့ဒဿနတွေဟာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပြီး ဆွာတီအပေါ် ချစ်ခင်မြတ်နိုးစိတ်တွေ သက်ဝင်လာခဲ့ပါတော့တယ်...။ ဆွာတီဟာလည်း ရှရသ်အပေါ် စိတ်ဝင်စားလာပြီး သူတို့နှစ်ဦးဟာ သူတို့ရဲ့အချစ်တွေကို အပြန်အလှန် ဖွင့်ဟလာတော့မယ့်အချိန်မှာပဲ ကံကြမ္မာဟာ သူတို့ကို လှည့်စားသွားခဲ့ပါတော့တယ်...။ ဒီလိုနဲ့ ဆက်လက်ပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ဘယ္လို ဘယ်ပုံ ဇာတ်သိမ်းခန်းဝင်သွားကြမလဲဆိုတာကိုတော့ ဆက်လက်ပြီးရှုစားပေးကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်....။ File size…3.2GB / 1.5GB Quality…1080p WEB RIP Uncut /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Action
7.2 2013 144 mins
Googly
The Night Owl
7

ဒီတစ်ခေါက် တင်ဆင်ပေးမှာကတော့ နန်းတွင်းဇာတ်ကားကိုမှ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရမယ့် ရာဇဝတ်ဇာတ်လမ်းဖြစ်ပါတယ် ချောင်နိုင်ငံရဲ့လက်အောက်ခံဖြစ်နေတဲ့ ဂျိုဆွန်းမင်းဆက် အင်ဂျိုဘုရင်လက်ထက်မှာ ဇာတ်အိမ်တည်ထားပါတယ် ချောင်းဂယောင်းဆူဟာ ညီလေးဖြစ်သူရဲ့ ရောဂါကိုကုပေးချင်တဲ့အတွက် နန်းတွင်းသမားတော်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် အပ်စိုက် အထူးကျွမ်းကျင်တဲ့ ဂယောင်းဆူကတော့ အလင်းထဲမှာ မမြင်ရပေမဲ့ ညဘက်အမှောင်ထဲမှာဆိုရင်တော့ ရှင်းလင်းစွာ မြင်ရပါတယ် ဒါပေမဲ့နန်းတွင်းထဲမှာ မမြင်ချင်သလို မကြားသလို နေရမှာဖြစ်တဲ့အလျောက် အဲဒါကို ဖုံးကွယ်ထားခဲ့ပေမဲ့... ၈ နှစ်ကြာမှ ချောင်နိုင်ငံဓားစာခံအဖြစ်ကနေ ပြန်လာတဲ့ အိမ်ရှေ့စံရဲ့ သေဆုံးမှုကို မျက်မမြင်လို့သိထားကြတဲ့ ဂယောင်းဆူဟာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုရပါတော့တယ် မျက်မမြင်တစ်ယောက်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုမယ့်ကိစ္စဟာ မယုံနိုင်စရာဖြစ်တဲ့အပြင် ဘုရင်ကိုလိမ်ထားတဲ့ ပြစ်မှုလည်း မြောက်နေပြန်တော့ ဘယ်လိုတွေ ရှေ့ဆက်ပြီး ဖြေရှင်းမလဲဆိုတာကို အတူကြည့်ရှုရမှာပါ ဂယောင်းဆူအဖြစ် Ryu Joon Yeol နဲ့ မင်းသားကြီး Yu Hae Jin က အင်ဂျိုဘုရင်အဖြစ် သရုပ်ဆောင်ထားပါတယ် ဝါရင့်မင်းသားကြီးနှစ်လက်ရဲ့ ဇာတ်လမ်းဆိုတော့ သရုပ်ဆောင်ပိုင်းတော့ အထူးပြောစရာမလိုတော့ပါဘူးနော် ရာဇဝင်ဇာတ်လမ်း ကြိုက်တတ်တဲ့သူတွေအတွက် ကွက်တိပါပဲ အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။ Genre..... Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 554MB | 292MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz and Hmwe Encoder ..... August

Documentary • Music
7 2022 118 mins
The Night Owl
Student Body
4.4

ဒီဇာတ်ကားလေးကတော့ 2022 မှာ အသစ်ထွက်ရှိလာတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကိုရီးယားအမျိုးသမီးဒါရိုက်တာ Lee Ann Kurr ရဲ့ ပွဲဦးထွက် ဟောလိဝုဒ် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ ဂျိန်း နဲ့ မဲရစ် တို့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ကတည်းက ပေါင်းလာ ကြတယ်ဆိုပေမယ့် ပြေလည်တဲ့ ဆက်ဆံရေးမျိုးတော့ မရှိခဲ့ဘူးပေါ့။ အထက်တန်း ကျောင်းရောက်တဲ့အခါ မဲရစ်ရဲ့ သူငယ်ချင်းအဖွဲ့ထဲ ဝင်ဆံ့ဖို့ ခိုင်းသမျှအကုန်လိုက် လုပ်ပေးပြီး စာတော်တာတောင် မတော်ချင်ယောင်ဆောင်တဲ့ထိ လုပ်ပေးတဲ့ ဂျိန်း အတွက် ကျောင်းက ဆရာဖြစ်သူ မစ္စတာ အန်စပက်ခ်ရဲ့ ကြိမ်းမောင်းမှုတွေကို ခံရတယ်။ တစ်ညမှာ ကျောင်းကို အဖွဲ့လိုက်ကြီး အချိန်မတော် ခိုးဝင်ကြပြီး ထင်မှတ်မထားတဲ့ ကြောက်လန့်ဖွယ်ဖြစ်ရပ်တွေ စတင်ဖြစ်ပျက်လာခဲ့ပါတော့တယ်။ လုံခြုံရေးစနစ်တွေကြောင့် ကျောင်းထဲမှာ ပိတ်မိနေပြီး အပြင်ထွက်လို့မရဖြစ်သွားတဲ့ ဂျိန်း တို့ သူငယ်ချင်းတစ်စုအတွက် ဂြိုဟ်ဆိုးတွေ တစ်ခုပြီးတစ်ခု ဝင်ရောက်လာပုံတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူ့ခံစားရမှာပါ။ ဇာတ်လမ်းလေးက ထိတ်လန့်ကြောက်ရွံ့ဖွယ် ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေ အဖို့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်စေပါလိမ့်မယ်။ ဒီဇာတ်ကားထဲမှာတော့ Montse Hernandez, Cheyenne Haynes, Anthony Keyvan, Harley Quinn Smith, Austin Zajur အစရှိတဲ့ လူငယ်သရုပ်ဆောင်တွေ အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.4 GB) / (700 MB) / (470 MB) Quality............WebRip 1080p / 720p / 480p Duration.........2Hr 17mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator....... May Thet Khine Soe Encoder..........SWM

Action • Fantasy
4.4 2022 88 mins
Student Body
Of Mice and Men
7.5

Of Mice and Men (1992) ~ IMDb – 7.5/10, Rotten Tomatoes – 97% ~ အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့… လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား အဲလိုလူတစ်ယောက်ပါ။ လန်နီဟာ ပင်ကိုယ်စိတ်ရင်းက ကလေးတစ်ယောက်လို အလွန်နူးညံ့ပါတယ်။ လှလှပပ ချောချောမွေ့မွေ့အရာလေးတွေ ဥပမာ – ကတ္တီပါစလိုဟာလေးတွေ၊ အဝတ်လှလှလေးတွေ၊ ကြောင်ကလေး ခွေးကလေးတွေရဲ့ အမွေးလေးတွေကိုတွေ့ရင် သူက ယုယုယယ ပွတ်သပ်ပေးနေချင်တာ။ ဒါပေမဲ့ သူ့ခွန်အားကို သူက မထိန်းသိမ်းတတ်တော့ ဘာကောင်မှ သူ့လက်ထဲကြာကြာမခံဘူး။ အဲဒီအကျင့်ကြောင့်လည်း ဘယ်အလုပ်ထဲမှာမှ မမြဲဘဲ ပြေးခဲ့ကြရပေါင်းလည်း များလှပြီ။ ( ဥပမာ – ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဝတ်စုံလှလှလေးကို သွားပြီး ကိုင်ကြည့်မိလို့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ဖို့ကြံစည်တယ်ထင်ပြီးအော်ပါလေရော။ လူတွေက လိုက်ဖမ်းကြတော့ သူတို့နှစ်ယောက် အသက်လုပြီး ထွက်ပြေးရတာမျိုးပေါ့ ) နောက်ပြီး သူက မှတ်ဉာဏ်ကလည်း မကောင်းတော့ ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတာပဲ။ သူမမေ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့… လန်နီ နဲ့ ဂျော့တို့မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျရင် သူတို့နှစ်ယောက် ကိုယ်ပိုင်မြေတစ်ကွက် ဝယ်ကြမယ်။ အဲဒီမြေပေါ်မှာ သူတို့ နေမယ့်အိမ်ကလေးတစ်လုံးရှိမယ်။ နွားတွေ ဝက်တွေ ကြက်တွေ မွေးကြမယ်။ လန်နီကတော့ ယုန်လေးတွေမွေးမယ် တဲ့။ ယုန်လေးတွေကို သူပဲ ထိန်းမှာတဲ့။ အဲဒီအကြောင်းတွေကို ဂျော့က လန်နီ့ကို အိပ်ယာဝင်ပုံပြင်လို မကြာခဏပြောပြရလေ့ရှိပါတယ်။ သူ မပြောချင်လည်း လန်နီက သတိရတိုင်းပြောခိုင်းတာပဲ။ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ မူရင်းဝတ္ထု ထွက်ရှိခဲ့တဲ့ အချိန်တုန်းက ဝတ္ထုထဲမှာ စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းလို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေပါလို့ဆိုပြီး အမေရိကန်နိုင်ငံက စာကြည့်တိုက်တွေ ကျောင်းတွေမှာ ပိတ်ပင်ခံခဲ့ရပါသတဲ့။ ဆင်ဆာအထိဆုံးစာအုပ်တစ်ရာ စာရင်းတွေထဲမှာလည်း မကြာခဏ ပါနေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စာရေးဆရာက အမေရိကန်ကျေးလက်လူတန်းစားရဲ့ အငွေ့အသက်ကို အရှိအတိုင်း ပုံဖော်ထားတဲ့အတွက် အဲဒီလိုစကားလုံးတွေ ပါနေတာလို့ပဲ ယူဆပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီစရိုက်က ပီပြင်ပါတယ်။ ဘာပဲပြောပြော အဆဲကလေးနဲ့ပြောတာမျိုး၊ သဒ္ဒါမမှန်တဲ့ စကားပြောတွေ၊ အနှိမ်ခံရတဲ့ လူမည်းတစ်ယောက်ရဲ့ ရင်ပွင့်စကား(ရင်ဖွင့်မဟုတ်)တွေ စသဖြင့်…။ ဒီဝတ္ထုကို ကျွန်တော်တို့ဆီက စာရေးဆရာ၊ ကဗျာဆရာ # ပိုင်သ က “တို့ပိုင်တဲ့မြေ” ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ဖူးကြောင်း သိရပါတယ်။ ဗီဒီယိုရိုက်ဖို့လည်း ကြိုးစားဖူးပါသတဲ့။ ဆင်ဆာအဖွဲ့က ဒီဇာတ်လမ်းကို ရိုက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်တဲ့အခါ ပျက်သွားတာများပါတယ်။ ဒီတစ်ခုကတော့ ဝတ္ထုနဲ့ရုပ်ရှင်နှစ်ခုလုံးက ပေးစွမ်းနိုင်တဲ့ ခံစားမှု အရသာချင်း ထပ်တူနီးပါး ရနိုင်မှာပါ။ ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အားပေးချီးကျူးမှုများစွာ ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 55Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama
7.5 1992
Of Mice and Men
Happy Feet Two
5.8

ဒီတစ်ခါမှာတော့ ချစ်စရာပင်ဂွင်းလေးတွေရဲ့ Happy Feet Two ဆိုတဲ့ ၂၀၁၁ ခုနှစ်ထွက် Family/Comedy ကာတွန်းကားလေးကို CM version နဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Feet 1 ရဲ့ Sequel ဖြစ်ပြီး ၁ ကိုမကြည့်ထားရင်တောင်မှ ဒီတိုင်း ၂ ကို စီးမျောကြည့်ရှုလို့ ရနိုင်မှာပါ။ ၁ မှာတုန်းက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အသိပညာပေးခဲ့သလို ၂ မှာတော့ မိသားစု အသင်းအဖွဲ့စိတ်ဓာတ်က ဘယ်လောက်အရေးကြီးပုံနဲ့ အခက်အခဲတွေကို စိန်ခေါ်မှုအဖြစ် ပြောင်းလဲပစ်တတ်ဖို့ လိုပုံတွေကို တင်ပြထားခဲ့ပါတယ်။ ၂ က ၁ လောက် မအောင်မြင်ခဲ့ပေမဲ့ တခြားသာမန်ကာတွန်းတွေနဲ့ ယှဉ်ရင်တော့ သီချင်းလေးတွေ အကအလှလေးတွေနဲ့ မျက်စိပသာဒဖြစ်စရာမို့ အတော်လေး ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ ကာတွန်းကားလေးဖြစ်မှာ။ အသံသရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Elijah Wood (Lord of the ring ထဲက Frodo) က မန်ဘယ်အဖြစ်၊ Robin Williams (JumanJi 1995) က ရေမွန်နဲ့ Lovelace ဂုရုကြီးအဖြစ်၊ အဆိုတော်နဲ့သရုပ်ဆောင် E.G. DAILY က အဲရစ်ခ်အဖြစ်၊ Brad Pitt (World War Z/Bullet Train) က ပုစွန်ဆိတ်ကလေး ဝယ်လ်အဖြစ်၊ အဆိုတော် Pink က ဂလော်ရီယာအဖြစ် အသီးသီး ပါဝင်အားဖြည့်ပေးထားကြပါတယ်။ ဇာတ်လမ်းကတော့ သီချင်းမဆိုတတ်ပေမဲ့ အကနဲ့တင် အလှတရားလေးဂလော်ရီယာကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်ဘယ်က သူနဲ့တူတဲ့ သားလေးအဲရစ်ခ်အတွက် အဖေကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပုံကနေ စခဲ့ပါတယ်။ သွေးကစကားပြောတယ်ဆိုရမလားမသိ၊ သူ့သားလေး အဲရစ်ခ်က တခြားပင်ဂွင်းငယ်လေးတွေလိုမဟုတ်ဘဲ သီချင်းမဆိုတတ်သလို အကမှာလည်း သူ့လိုမျိုး ကျွမ်းကျင်မှုမရှိတာကြောင့် ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေခဲ့တာပါ။ ဒီလိုနဲ့ အဲရစ်ခ်က မန်ဘယ့်သူငယ်ချင်း ပင်ဂွင်းပုလေး ရေမွန့်နောက်ကိုလိုက်ရင်း အိမ်ပြေးလုပ်ဖို့ကြိုးစားတာမို့ သူက လိုက်ခေါ်ပြီး အပြန်လမ်းမှာတော့ သူတို့ပင်ဂွင်းတွေအတွက် မျိုးတုံးလုနီးနီး ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အဲဒါကတော့ ရေခဲတောင်ကြီးတွေ ရွေ့လျားပြိုကျပြီး သူတို့နေတဲ့အင်ပါယာနယ်မြေတစ်ခုလုံးဟာ ရေခဲတောင်တွေကြား လေးဖက်လေးလံလုံးမှာ ပိတ်မိသွားရတာပါပဲ။ သူတို့ အင်ပါယာပင်ဂွင်းတစ်စုလုံး ပိတ်မိနေခဲ့ပြီး လွတ်နေတာဆိုလို့ သူတို့ သားအဖနှစ်ယောက်နဲ့ အဲရစ်ခ်ရဲ့သူငယ်ချင်းလေးတွေပဲရှိချိန်မှာ ဒီဒုက္ခဘေးကနေ လွတ်အောင် သူတို့ဘယ်လိုရုန်းထွက်ကြမလဲ… တကယ်ရော ရုန်းထွက်နိုင်မှာလား… ဘယ်လိုနည်းလမ်းမျိုးနဲ့များ ရေခဲတောင်တွေကြားက လွတ်အောင်ရုန်းထွက်ကြမလဲဆိုတာကိုတော့ လှုပ်လှုပ်ရွရွ ကာတွန်းကာရိုက်တာလေးတွေနဲ့ သာယာဖွယ် သီချင်းလေးတွေကို စီးမျောခံစားရင်း ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီကာတွန်းကားလေးရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Animation, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Action • Adventure
5.8 2011
Happy Feet Two
The Zombies
5.8

ကွမ်ကျိုးမြို့ရဲ့ ဆိပ်ကမ်းကနေ မြို့ထဲကိုလာတဲ့လမ်းမှာ ရှေးဟောင်းဘုရားကျောင်းကြီးတစ်ကျောင်းရှိပါတယ် ။ အဲဒီရှေးဟောင်းဘုရားကျောင်းကြီးက မကောင်းတဲ့အငွေ့အသက်အရမ်းပြင်းပြီးတော့ ပုပ်စော်တွေလည်းနံပါတယ်တဲ့ ။ တစ်ခါတစ်ခါဆို ဘုရားကျောင်းထဲကနေ တဟူးဟူးအော်သံတွေပါကြားရတတ်ပါတယ် ။ တချို့လူတွေကတော့ လေတိုးသံလို့ပြောပေမဲ့ မြို့ထဲက တတ်သိနားလည်တဲ့လူကြီးတွေကတော့ အဲဒီဘုရားကျောင်းထဲမှာ စွန့်ပစ်ထားကြတဲ့ ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လေလွင့်ဝိညာဉ်တွေက အော်တယ်ဆိုပြီး ပြောကြပါတယ် ။ ဒီလိုဒွိဟဖြစ်စရာ ကောလ‌ဟယလတွေကြားမှာ အင်္ဂလိပ်တွေက အဲဒီလမ်းကနေ မြို့ထဲကိုဘိန်းမှောင်ခိုတင်သွင်းဖို့လုပ်ပါတော့တယ် ။ အဲဒီဘိန်းမှောင်ခိုတင်သွင်းတဲ့လှည်းတန်းကြီး ရှေးဟောင်းဘုရားကျောင်းကဖြတ်တဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ ပြဿနာတွေပေါ်ပေါက်လာပါတော့တယ် ။ ဟိုတုန်းက‌ ဟောင်ကောင်ဖုတ်ကောင်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကျန်တာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ

5.8 2024
The Zombies
Satu Hari Sebelum Raya
5

Satu Hari Sebelum Raya (2023)==============================ဒီမလေးရှားရုပ်ရှင်ကတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အစ်နေ့မတိုင်ခင် အကြိုနေ့မှာ မိဘမဲ့မောင်နှမနှစ်ယောက်ဖြတ်သန်းရတဲ့ တစ်နေ့တာကိုပြထားတဲ့ရုပ်ရှင်ပါပဲ။ အစ်နေ့ကားပေမဲ့ ခရစ္စမတ်ကားနဲ့တောင် တော်တော်လေး အရသာတူပါတယ်။ ခရစ္စမတ်ကားလို အငွေ့အသက်မျိုးနဲ့ပဲ မတူညီတဲ့တင်ဆက်မှုနဲ့ မြင်ရမယ့်ရုပ်ရှင်လို့ပြောလို့ရပါတယ်။အချိန်ကတော့ အစ်နေ့မတိုင်ခင် ၂ညအလိုပေါ့။ အဲဒီနေ့ညမှာ ကလေးလေးက သူ့အစ်မကို အစ်နေ့မှာ သူဝတ်စုံအသစ်ဝတ်ချင်တဲ့အကြောင်းပြောပြရင်းပူဆာတယ်။ သူတို့မောင်နှမဟာ အဖေရော အမေရော မရှိဘဲ နေလာရတာ နည်းနည်းတော့ကြာပြီ။ ရွာကလူတွေကလည်း သူတို့ကို မကြည့်ရှုပေးကြတော့ သူတို့ဘာသာပဲ ခက်ခက်ခဲခဲရှင်သန်ခဲ့ရတယ်။ သူ့မောင်လေးက ပူဆာလာတော့ သူအစ်မက သူတို့ရွာထဲက အလှူကြီးအတန်းကြီး ခမ်းခမ်းနားနားလုပ်နေတဲ့ သူဌေးကြီးဆီသွားပြီး ဝတ်စုံဖိုးလေးပေးဖို့ အသနားခံပေမဲ့ ဟိုကမပေးလိုက်ဘူး။ ဒီလိုနဲ့ နောက်နေ့ကျ သူတို့မောင်နှမ ရွာသူကြီးဆီရောက်လာခဲ့တယ်။ ရွာသူကြီးကလည်း လျှောက်လွှာတင်ရမယ် ဘာညာပြောပြီး မကူညီပြန်ဘူး။ဒီလိုနဲ့ ရွာထဲက လူတွေက သူတို့ကို မကူညီချင်ကြဘဲ နှိမ်ပဲနှိမ်ချချင်တာ သူတို့သိလိုက်တယ်။ ဒီလိုနဲ့ သူတို့မြို့ပေါ်ကို တက်လာခဲ့ကြတယ်။ လမ်းမှာ သူတို့ကို လိုက်နှောင့်ယှက်နေတဲ့ ရွာထဲက ကလေကလေချ၃ယောက်နဲ့လည်း တိုးခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့မြို့ပေါ်ရောက်လာပြီး အကူအညီတောင်းကြည့်ပေမဲ့ မရလို့ လက်မှိုင်ချနေတဲ့ ရွာထဲက ကလေကချေသုံးယောက်လည်း သူတို့နောက်လိုက်လာပြီး မြို့ပေါ်အထိ လာကျီစယ်နေခဲ့တယ်။ ဒီမောင်နှမ၂ယောက်ရော အစ်နေ့အတွက်ဝတ်စုံကို ဘယ်လိုရသွားမလဲ။ ဒီကလေကချေသုံးယောက်ကရော သူတို့နောက်ကို ဘာလို့လိုက်နေလဲ ဒီရုပ်ရှင်မှာမြင်ရမယ့်အပြင် ဒီနေ့ခေတ်လူ့အဖွဲ့အစည်းရဲ့ မထော်မနန်းစာနာမှုတွေကိုလည်း ဒီရုပ်ရှင်မှာ ရှုံ့ချထားပါတယ်။ အကြောင်းအရာကောင်းကောင်းနဲ့ မလေးရှားကားကောင်းလေးပါပဲ။ ကြည့်ရတာတော့ တန်မှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:23:00 Genre_Comedy , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

5 2023
Satu Hari Sebelum Raya
Getaway

Getaway (2013) ဇာတ်လမ်းတစ်ပုဒ်လုံး ကားမောင်းတဲ့အက်ရှင်အမိုက်စားတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်မျိုးကို ကြိုက်တယ်ဆိုရင်တော့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Getaway ဆိုတဲ့ ဇာတ်လမ်းက ရုပ်ရှင်ချစ်သူတွေအတွက် အကြိုက်တွေ့စေမှာပါ. ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Ethan Hawke ကို အဓိက ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ. ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငယ်ငယ်က crush လေးဖြစ်ခဲ့ဖူးတဲ့ Selena Gomez လေးကလည်း ပါသေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ ဦးကြီးရယ်ပေါ့. ဇာတ်လမ်းအကျဉ်း ဘရန့် မဂ်နာဆိုတဲ့ ပြိုင်ကားမောင်းသမားဟောင်းတစ်ယောက်ဟာ ဇာတ်လမ်းအစမှာ အမည်မသိလူတစ်ဦးရဲ့ လမ်းညွှန်စေခိုင်းချက်အရ ကားတစ်စီးကို သွားပြီး ခိုးရပါတယ်. အဲ့ကားမှာ သူ့ကို ခိုင်းတဲ့လူက ကင်မရာတွေအပြည့်တပ်ဆင်ထားပြီး သူဘာလုပ်နေတယ်ဆိုတာကို အစအဆုံး တစ်နေရာကနေ ထိုင်ကြည့်နေပါတယ်. အဲဒီ့လူက ဘယ်သူလဲဆိုတာကိုတော့ ဘရန့်တစ်ယောက်မသိပါဘူး. နောက်တော့ ကျွန်တော်တို့ရဲ့မင်းသမီးလေး Selena နဲ့တွေ့ဆုံဖို့ဖြစ်လာပြီး အဲဒီ့တွေ့ဆုံမှုကလဲ အမည်မသိသူက စီစဉ်ထားတဲ့ တွေ့ဆုံမှုပဲလား? ဘရန့်ကရော ဘာဖြစ်လို့ အမည်မသိသူ ခိုင်းတဲ့အတိုင်း တစ်ခုမကျန်လိုက်လုပ်နေရသလဲ? အဲဒီ့လူရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ? စတဲ့ စတဲ့ မြှုပ်ကွက်လေးတွေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းအောင် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်. ဇာတ်လမ်းကိုအခြေတည်ထားတာတော့ ခရစ်စမတ်အချိန်မှာဖြစ်ပေမယ့် တခြား ခရစ်စမတ်ဇာတ်လမ်းတွေကို နုနုရွရွလေးမဟုတ်ပဲ ကြမ်းကြမ်းရမ်းရမ်းနဲ့ ခရစ်စမတ်ကို ဖြတ်သန်းတဲ့ ဘရန့် မဂ်နာ (Ethan Hawke) တစ်ယောက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်. အညွှန်းနှင့် ဘာသာပြန်ကိုတော့ Jo Joe မှရေးသားထားပါတယ် File size…(1.7 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

0 2013
Getaway
Summer of 85
6.9

ဒီဇာတ်လမ်းလေးကိုအခေခံထားတာကတော့ ၁၉၈၅ခုနစ်ရဲ့ နွေရာသီတစ်ခုမှာပါ စာမေးပွဲ‌ဖြေပြီး ကြားကာလအချိန်ဆိုတော့ လူငယ်သဘာဝအချိန်ပိုင်းအလုပ်လေးလုပ်ပြီး ပျော်လိုက်ပါးလိုက်နေချိန်ပေါ့ အဲဒီလို‌လူငယ်ထဲမှာ အဲလက်စီလို့ခေါ်တဲ့ခပ်နွဲ့နွဲ့ကောင်လေးလည်းပါပါတယ် သူတို့မိသားစုကကမ်းခြေနားကိုပြောင်းလာပြီးနေတာသိပ်မကြာသေးပါဘူး ဒါပေမဲ့ အဲလက်စီကတော့သူ့သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေ လှေအပျော်လွင့်ဖို့သွားတတ်ပါတယ် တစ်နေ့မှာတော့ သူ့သူငယ်ချင်းမအားလို့ လှေကိုတစ်ယောက်ထဲရွက်လွင့်ရင်းနဲ့ လှေမှောက်ပါတော့တယ် ဒါပေမဲ့ကံကောင်းချင်တော့ ဒေးဗစ်ဆိုတဲ့သူနဲ့သက်တူရွယ်တူကောင်ချောလေးက အဲဒီနားမှာရှိနေပြီးသူ့ကိုကယ်နိုင်လိုက်ပါတယ် ပြီးတော့သူ့အိမ်ကိုခေါ်သွားပြီး သူ့အမေနဲ့မိတ်ဆက်ပေးကာ သူငယ်ချင်းတွေဖြစ်သွားကြပါတယ် ဒီလိုဂရုစိုက်ခံလိုက်ရတော့ ‌အဲလက်စီကဒေးဗစ်ကိုစကြွေလာပါတော့တယ် ဒီလိုနဲ့သူတို့နှစ်ယောက်အချိန်တွေတူတူကုန်ဆုံးကြရင်းလိင်တူအတွဲလေးလိုဖြစ်လာကြပါတယ် ဒီလိုနဲတစ်နေ့မှာတော့အ‌ရာအားလုံးကတစ်ခဏတွင်းပြောင်းလဲသွားပြီး သူတို့ကြားထဲက ကိတ် ဆိုတဲ့ကောင်မလေးတစ်ယောက်ကရောက်လာခဲ့ပါတယ် ဒီလိုနဲ့ပဲ ဘာတွေဆက်ဖြစ်သွားမလဲ ဒေးဗစ်နဲ့အဲလက်စီတို့ကရောလက်တွဲမြဲပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.7 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike

Science Fiction • Crime • Thriller
6.9 2020 101 mins
Summer of 85
Black Storm
6.2

အတိုက်အခိုက်နဲ့ ကြမ်းတာလေးမှ ကြည့်ချင်သူတွေအတွက် ငယ်ငယ်က ရှောင်လင်ကတုံးလေးက ရဲသားကြီး လေကျယ်အနေနဲ့ ပြန်လာပါပြီနော်… ဇာတ်လမ်းအကျဉ်းလေးကတော့… ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့အတူ ရွာသားတွေကို ခေါင်းပုံဖြတ်ပြီး လုပ်ငန်းစုတစ်ခုကြောင့် လူနေတဲ့မြေတင်မကဘူး သေသွားသူရဲ့အုတ်ဂူပါ အဓမ္မ ရွေ့ပြောင်းခံရတာကြောင့် လန်ကူးရွာမှာ တိုင်ကြားမှုတွေများနေခဲ့တာပေါ့… ဒီလုပ်ငန်းစု ခေါင်းဆောင်နာမည်က ဝေ့ထျန်းလန်တဲ့.. သူက တစ်ရွာလုံးမှာ အချမ်းသာဆုံးဖြစ်သလို ခေါင်းပုံအဖြတ်ဆုံး အမောက်မာဆုံးသူပေါ့… တစ်နေ့ သူမြေသိမ်းတာကို ဂူတာ့ဟဲ့အိမ်က လက်မခံဘူး.. လက်မခံတာကလည်း အိမ်ဘေးမှာရှိတဲ့ သူ့အမေ အုတ်ဂူကြောင့်ဆိုတာသိတော့… တစ်ခါတည်း စရိတ်ငြိမ်းနဲ့ အိမ်ဖျက်ရုံမက အုတ်ဂူပါ တူးဆွပြီး ပြာအိုးထုတ်ပေးခဲ့တယ်… တစ်ချိန်တည်းမှာပဲ အညိုအမည်း ဒဏ်ရာတွေပါ အဆစ်ထည့်ပေးခဲ့တာမို့ … ဂူတာ့ဟဲ့ က ရဲတိုင်ခဲ့ပါတယ်… ထူးဆန်းတာက ရဲကို အမှုဖွင့်ပြီးတာနဲ့ ဂူတာ့ဟဲ့ ပျောက်သွားလေရဲ့… ဒီအမှုကို လေကျယ်က လိုက်ရမှာဖြစ်ပါတယ်.. ဂူတာ့ဟဲ့ပျောက်တာက တကယ်ပဲ ဝေ့ထျန်းလန်ကြောင့်လား… တခြား ဘာပတ်သက်မှုတွေရှိသေးလဲ… လေကျယ် ဒီအမှုလိုက်ရင်း ဘာတွေ ထပ်ပြီး စုံစမ်းနိုင်မှာလဲ… ဇာတ်လမ်းလေးက ပြောပြသွားပါလိမ့်မယ်…

Crime • Thriller
6.2 2024
Black Storm
Stage Mother

Stage Mother (2020) ******************* ခရစ်ယာန်ဘုရားကျောင်းရဲ့ဓမ္မတေးဆိုအဖွဲ့ရဲ့ခေါင်းဆောင် မေဘီလင်းမက်ကပ်ဖ်ဟာ… စန်ဖရန်စစ္စစကိုက သူ့သား ရစ်ကီပီးဒီးယားရုတ်တရက်သေသွားတဲ့သတင်းကို ကြားရချင်းချင်းပဲ… သူ့သားအသုဘကို သွားခဲ့ပါတယ်။ သူ့သားက ဆယ်ကျော်သက်အရွယ်ကတည်းက အိမ်ကထွက်ပြီး… Pandora’s Boxလို့ခေါ်တဲ့ Drag Club တစ်ခု တည်ထောင်ခဲ့တာပေါ့။ Drag club ဆိုတာ… ယောကျ်ားလေးတွေက မိန်းကလေးတွေလို ဝတ်စားခြယ်သတယ်၊ ဆံပင်အတုတွေတပ်ပြီး သီချင်းတွေ ဆိုကြတယ်။ Drag Queen ဆိုတာ သူတို့ကိုခေါ်ကြတဲ့နာမည်ပေါ့။ သူတို့ရဲ့ခေါင်းဆောင်ကိုတော့ Drag mother လို့ ခေါ်ကြတယ်။ ရစ်ကီသေပြီးတဲ့နောက်ပိုင်း အဲဒီ clubကို ဦးစီးဖို့ မေဘီလင်းတာဝန်ဖြစ်လာပါတော့တယ်… ရှေးရိုးဆန်တဲ့ မေဘီလင်းတို့လင်မယားအဖို့ ဒါဟာ တကယ်ကို စိန်ခေါ်မှုကြီးပါပဲ… ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်…. File Size : 1.47GB / 568MB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:33:00 Genre : Comedy, Drama, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Heather Oo

0 2020 93 mins
Stage Mother
Wild Things: Foursome
4.4

Wild Things: Foursome (2010) IMDb Rating (4.4) / Rotten Tomatoes (23%) Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။ နောက်ဆုံးကားနဲ့လေးကားမြောက်ဖြစ်တဲ့ Wild Things: Foursome 2010 မှာတော့..ကာဆင်ဝှိတ်လီဆိုတဲ့ ဖခင်ဖြစ်သူကိုမကျေမနပ်နဲ့အရွဲ့တိုက်ပြီး ပျော်ပါးသုံးဖြုန်းနေတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား သူဌေးသားလေးကိုတွေ့မြင်ရမှာပါ။ အဖေလစ်ပြီဆိုတာနဲ့ အိမ်ကြီးထဲမှာ ပါတီတွေပေးသလို ဘော်ဒါတွေ ပြိုင်ဘက်တွေနဲ့လည်းအလောင်းအစားနဲ့လှေပြိုင်ပွဲတွေ လုပ်လေ့ရှိတတ်ပါသေးတယ်။ တစ်နေ့တော့ ပြိုင်ကားဝါသနာပိုင်ရှင် သူ့ဖခင်ပြိုင်ကားမတော်တဆမှုနဲ့သေဆုံးခဲ့ရာကနေ သေတမ်းစာမှာ မျှော်လင့်မထားတဲ့အဖြစ်တွေနဲ့တွေ့ကြုံရပါတော့တယ်။ အဲ့ဒါကတော့ သူ့အဖေဟာ အသက် ၃၀ မပြည့်မချင်းလက်မထပ်ဘူးဆိုရင် သူ့အတွက် ငွေတစ်ပြားတစ်ချပ်မှထုတ်ယူသုံးစွဲခွင့်ပေးမထားတာပါပဲ။ အဲ့ဒီကြားမှာမှ ပါတီတစ်ခုမှာသူနဲ့အီစီကလီလုပ်ဖူးတဲ့ မိန်းကလေးတစ်ယောက်က သူ့ကိုမုဒိမ်းကျင့်ပါတယ်ဆိုပြီး စွပ်စွဲပြီး တရားရုံးအထိခေါ်လာတဲ့အချိန်မှာတော့ ချောင် ပိတ်မိသွားတဲ့ကာဆင်တစ်ယောက်ထွက်ပေါက်ရှာဖို့ဖြစ်လာခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ ဒီဖြစ်စဉ်တွေအားလုံးဟာ ရိုးရှင်းရဲ့လား? ဘယ်ဖြစ်ရပ်ဟာ ဘယ်တစ်ယောက်ရဲ့လှည့်ကွက်အကြံအစည်လဲ? ဘယ်သူကရော ဘယ်လောက်အထိအပြစ်ကင်းနိုင်မှာလဲ အစရှိတာတွေကိုဇာတ်လမ်းထဲမှာ ဆက်ပြီးအဖြေရှာရမှာဖြစ်ပါတယ်။ (အရင်ကားတွေနဲ့မတူကွက်ကွက်ကွင်းကွင်းချစ်တင်းနှောခန်းတစ်ခုပါနေတဲ့အတွက်မိသားစုနဲ့ကြည့်ရင်သတိထားစေချင်ပါတယ်) (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(3.1 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Crime,Drama,Mystery Duration….01:33:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

4.4 2010 92 mins
Wild Things: Foursome
The Arrival

နေ့ခင်းကြောင်တောင် နယူးယောက်မြို့မှာရှိတဲ့ အရက်ဘားတစ်ခုကို လာထိုင်ကြတဲ့ မိန်းကလေးတွေ နဲ့ ဘားပိုင်ရှင်သားအဖတွေ ဘယ်လို ပတ်သက်မှုလေးတွေ ရှိနေတာလဲဆိုတာကို မပျင်းရဘဲ ဟာသလေးတွေနှောပြီးတင်ဆက်ထားတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ ဇာတ်ကောင်တွေအနေနဲ့ကတော့ ဂျာနယ်လစ်တစ်ယောက်နဲ့ သူ့သူငယ်ချင်း သူဌေးသမီးလေး ၊ ကိုယ့်ကိုကိုယ် “ရှေ့နေ” လို့ အမြဲပြောတတ်တဲ့ ရှေ့နေ မဖြစ်သေးတဲ့ ဥပဒေကျောင်းသူလေး နဲ့ သူငယ်ချင်းဖြစ်သူ ကျောင်းဆရာမလေး ၊ ပြီးတော့ စာရေးဆရာတစ်ယောက် နဲ့ ဒီဇာတ်ကားရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ဇာတ်ကောင်ဖြစ်တဲ့ ဘားက အဖျော်ဆရာကောင်မလေး ရဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ အပြုအမူတွေ ၊ လောကကြီးကို စိတ်ကုန်ပြီး ဘားကို လာသမျှ လူတိုင်းကို ရွဲ့ပြီး ပြန်ပြောတတ်တဲ့ သူ့ရဲ့အကျင့်ကို ချစ်စရာကောင်းအောင် ပုံဖော်ထားတာကို မြင်တွေ့ရမှာပါ ဒီဇာတ်ကားရဲ့အကောင်းဆုံးအပိုင်းက ဒိုင်ယာလော့တွေလို့ ပြောရမှာပါ…သူငယ်ချင်းအချင်းချင်း စကားပြောပုံတွေက အရမ်းကို ရင်းရင်းနှီးနှီးရှိပြီး သဘာဝကျနေတာရယ် မျက်နှာအမူအရာတွေကအစ ဆွဲဆောင်မှုရှိနေတာရယ်က ဒီဇာတ်ကားကိုကြည့်နေရင်း အချိန်ကုန်လို့ကုန်သွားမှန်းမသိအောင် ခံစားရစေမှာပါ File size…(734 MB)/(400 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Aung Kyaw Htet

0 2024
The Arrival