YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Starry Love E04 (1080p) CM.mp4

544.89 MB N/A video/mp4 311 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Joyland
7.9

~ IMDb - 7.6/10, Rotten Tomatoes - 100% ~ Joyland ဟာ Saim Sadiq လို့ခေါ်တဲ့ ပါကစ္စတန် ဒါရိုက်တာလက်သစ်တစ်‌ယောက်ရဲ့ ပွဲဦးထွက်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ ကိန်းမှာ ပွဲဦးထွက်ပြခဲ့ပြီး ဒိုင်ဆုတွေလည်းရခဲ့သလို မဆန်းပေမဲ့ မတ်တပ်ရပ်ပြီးဩဘာပေးခံခဲ့ရပါတယ်။ ဆန်းတာတော့ ကိန်းမှာ ပထမဆုံးပွဲဦးထွက်ပြတဲ့ ပါကစ္စတန်ကားဖြစ်သလို ပထမဆုံးဆုရခဲ့တဲ့ကားဆိုလည်း မမှာပါဘူး။ အကောင်းဆုံး LGBTQ+ ကားအနေနဲ့ Queer Palm ဆုကိုလည်းရခဲ့ပါတယ်။ ရုပ်ရှင်ဟာ ဖီးမနစ်နဲ့ Queer ကို အသားပေးထားတဲ့ ရုပ်ရှင်ပါပဲ။ ပါကစ္စတန်မှာ‌တော့ နိုဝင်ဘာကမှ ရုံတင်တာဖြစ်ပေမဲ့ အော်စကာမှာ ပါကစ္စတန်ကိုယ်စားပြုအဖြစ်ပြိုင်ဖို့ အရွေးခံခဲ့ရပြီး ဒီဇင်ဘာ၂၁မှာတော့ အော်စကာရဲ့အင်တာရုပ်ရှင်ဆုအတွက်ပြိုင်တဲ့ထဲ ပဏာမအဆင့်ရွေးချယ်ခံရတဲ့ ပထမဆုံး ပါကစ္စတန်ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ ဇာတ်ကတော့ မိသားစုတစ်စုထဲက ဘောင်မဝင်သလိုဖြစ်နေတဲ့ အငယ်ဆုံးသားကို ဗဟိုချက်မအဖြစ်ထားပြီး သူ့မိန်းမနဲ့ သူ့အလုပ်ရှင် Queer တို့ အခြေအနေတွေကို ပုံဖော်ပြသွားပြီး အပေါ်ကဆိုခဲ့သလို သူတို့နိုင်ငံက အမျိုးသမီးအခွင့်အရေး နဲ့ LGBTQ+ Community အပေါ် ပတ်ဝန်းကျင်အမြင်တွေကို သိသိသာသာကိုပြသွားပါတယ်။ Sadiq ပြောတာတော့ သူငယ်ငယ်ကရှင်သန်ဖူးတဲ့ပတ်ဝန်းကျင်နဲ့ မဝေးလှတဲ့နေရာက Transgender အသိုင်းအဝိုင်းကို သူသိခဲ့ရာကနေ ဒီရုပ်ရှင်အတွက် ကုန်ကြမ်းရလာတယ်လို့ဆိုပါတယ်။ သမိုင်းဝင် ရှားပါး ပါကစ္စတန်ရုပ်ရှင်ဆိုတော့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 640Mb Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 2H 6Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Mystery
7.9 2022 127 mins
Joyland
Moonfall
6.4

ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။ လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ နောက် လက သူ့ဂြိုလ်ပတ်လမ်းကနေ ချော်နေတာကို နာဆာကို သတိပေးဖို့လုပ်ပေမဲ့ နာဆာက နားမထောင်ခဲ့ပါဘူး။ ဒီလိုနဲ့ လကြီး ကမ္ဘာပေါ် ပြိုကျဖို့ မှန်းခြေ၃ပတ်ပဲလိုတော့တဲ့ အချိန်ကိုရောက်လာပါတယ်။ ဇာတ်လမ်းက ဒီလောက်တင်ပဲမဟုတ်ပါဘူး။ လကြွေကျတာအပြင် အများကြီးပိုရှုပ်ထွေးတဲ့ အ‌ကြောင်းအရာအလန်းတွေပါပါသေးတယ်။ မြင်သာအောင်ပြောရရင် ကောင်းခြင်းမကောင်းခြင်းကို ဖယ်ပြီး ဇာတ်လမ်းအကျယ်ကိုပဲ ပြောရရင် Don't look up သုံးဆလောက်ကျယ်ပါတယ်။ အက်ရှင်ခန်းတွေလည်းပါတာမို့ ကြည့်ကောင်းတဲ့ရုပ်ရှင်လို့ ဆိုလို့ရပါလိမ့်မယ်။ Conjuring ကားတွေရဲ့မင်းသား Patrick Wilson, နာမည်ကျော်မင်းသမီးဖြစ်တဲ့ Halle Berry, GoT က Samwell Tarly အဖြစ်သရုပ်‌ဆောင်ခဲ့တဲ့ John Bradley တို့က အဓိကသရုပ်ဆောင်ထားပြီး တရုတ်မလှလှလေး Kelly Yu လည်းပါ၀င်ထားပါတယ်။ သိပ္ပံသီအိုရီတစ်ချို့နဲ့ သိပ္ပံယုံတမ်းစကားတစ်ချို့ကို သိရမယ့်အပြင် စိတ်နယ်လွန်အကြောင်းအရာ အဆန်းကြီးတွေပါ အများကြီးပါဦးမှာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ပေါ့ဗျာ... (ဇာတ်ကားကို Jim X နဲ့ 666 တို့မှ ပြန်ဆိုပေးထားပါတယ်) Size - 2.01GB, 1GB, 600MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.3/10 Format - mp4 Duration - 2H 10Min Genre - Action, Adventure, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Jim X & 666 Encoded by Y

Drama
6.4 2022 130 mins
Moonfall
My Best Friend’s Wedding
6.3

My Best Friend’s Wedding (1997) ~ IMDb – 6.3/10, Rotten Tomatoes – 74% ~ တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဂျူလီယန်: “မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ”ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်” ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်…” မိုက်ကယ်: “ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ချစ်မှုရေးရာတွေ ဖူးစာရှင်တွေ လက်ထပ်တာတွေဟုတ်မနေဘူးလေ။ အဲဒါအတွက်လည်း နင်အမြဲဂုဏ်ယူနေခဲ့တာမလား။ အဲဒါကြောင့်လည်း နင့်ကိုလက်ထပ်ရမှာ ငါကြောက်မိခဲ့တာထင်တယ်။ ငါလိုချင်တာက အားနွဲ့ပြီးငါ့ကိုအမြဲလိုအပ်နေမယ့်မိန်းကလေးမျိုး…” ချစ်မှုရေးရာနဲ့ပတ်သက်လာရင် အတ္တကြီးတတ်၊ တွေဝေတတ်၊ အမှားတွေလုပ်တတ်ကြတဲ့လူတွေရဲ့သဘောသဘာဝတွေကို တစ်မျိုးဆန်းတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ 90s ခေတ် Romcom တွေကိုနှစ်သက်တဲ့သူတွေ အလွမ်းပြေမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 960MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 45Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

6.3 1997 105 mins
My Best Friend’s Wedding
Mr. Monk’s Last Case: A Monk Movie
7.4

Mr. Monk’s Last Case: A Monk Movie (2023) ထွက် ဇာတ်ကားလေးက ၂၀၀၂ ကနေ ၂၀၀၉ ခုထိ ထွက်ခဲ့တဲ့ လူကြိုက်များနာမည်ကျော် Emmy ဆုတွေ အများကြီး ရခဲ့တဲ့ Monk ဆိုတဲ့ ဟာသ ဒရမ်မာ မှုခင်းလိုက် Series လေးရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဆက်ဆိုပေမဲ့ ရှေ့ series မကြည့်ထားတဲ့သူတွေအတွက်လည်း အခုမှ စကြည့်လို့ ရတဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားဖြစ်ပြီး ဝါရင့်နာမည်ကျော်သရုပ်ဆောင် Tony Shalhoub က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Mr. Monk ဆိုတာ လူသတ်မှုတွေအများကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဝါရင့်စုံထောက် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ဆီမှာ တခြားသူနဲ့ မတူတာတွေကတော့ photogenic memory လို့ခေါ်တဲ့ အရာရာကို တစ်ကြိမ်မြင်ရုံနဲ့ မှတ်မိတဲ့ စွမ်းရည်နဲ့ သူ့ရဲ့ OCD လို့ခေါ်တဲ့ ပတ်ဝန်းကျင်က အရာတွေကို သူ့စိတ်ထဲကပုံစံအတိုင်း စနစ်တကျ ဖြစ်ရမှ ကျေနပ်တဲ့ စိတ်အခြေအနေတစ်မျိူးလေးတို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိက ပြသွားတဲ့ အကြောင်းအရာကတော့ Mr. Monk ရဲ့ သမီးအရင်းလို့ ချစ်တဲ့ Molly တစ်ယောက် သူ့ခင်ပွန်းလောင်နဲ့ လက်ထပ်ပွဲ မကျင်းပခင် တစ်ရက်အလိုမှာ သူ့ရဲ့ခင်ပွန်းလောင်းဟာ မသင်္ကာစရာဖြစ်ရပ်တစ်ခုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ Molly စိတ်သက်သာရာရအောင် Mr. Monk တစ်ယောက် ဆုံးပါးသွားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ သေမှုသေခင်းကို လေ့လာတဲ့ အခါမှာတော့ ကမ္ဘာပေါ်က အချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ မသင်္ကာစရာ ပတ်သက်မှုတွေ ရှိနေတဲ့ အခါမှာတော့ Mr. Monk တစ်ယောက် အမှုပုစ္ဆာတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲ သူ့ရဲ့ စိတ်အခြေအနေကလည်း ပုံမှန်ထက် ပိုပြီးယိုင်လဲနေတဲ့ အချိန်မှာ သူကျော်ဖြတ်နိုင်ပါ့မလား စတာတွေကို ဇာတ်ရှိန်မကျပဲ တဝကြီးကြည့်ရမဲ့ ဟာသ ဒရမ်မာ စုံထောက်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်လို့ လက်တို့လိုက်ပါရစေခင်ဗျ…. File size…1.71GB / 791MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 37m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7.4 2023 97 mins
Mr. Monk’s Last Case: A Monk Movie
Various Geeks
5.6

တကယ်လို့ ဒေါ်လာ ၁၀ သိန်းက သင့်ရှေ့ကို ရောက်လာရင် ဘယ်လိုလုပ်မလဲ။ လိုချင်မိမလား။ ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟာသမှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ ကျန်းပေါ်ဟာ နိုင်ငံခြားခရီးသွားလုပ်ငန်းကို လုပ်နေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဌေးဝမ်ရဲ့ တောင်းဆိုချက်အရ ဒေါ်လာ ၁၀ သိန်းကို နိုင်ငံခြားပို့ဖို့ စီစဉ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ငယ်သူငယ်ချင်း ဖုန်လဲ့ချီက ဒေါ်လာအတုအမှုတစ်ခုကို လိုက်လံစုံစမ်းနေခဲ့ပါတယ်။ သူတို့ နှစ်ယောက်နဲ့ နယ်ပယ်အစုံက ငွေမက်သူတွေနဲ့ ဒေါ်လာ ၁၀ သိန်းရဲ့ အရှုပ်တော်ပုံထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ ငွေအတုတွေ အစစ်တွေနဲ့ လူတိုင်းဟာ အရှုပ်တော်ပုံထဲကို ရောက်သွားတဲ့အခါမှာတော့…… ကျန်းပေါ်တစ်ယောက် ဒေါ်လာ ၁၀ သိန်းကို သေချာထိန်းသိမ်းနိုင်ပါ့မလား…… ဒေါ်လာအတု အရောင်းအဝယ်လုပ်နေတဲ့ လူတွေကရော ဘယ်လို ဇာတ်သိမ်းမျိုးဖြစ်မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.6 2023
Various Geeks
Wolf Hiding
6.1

ဒီတစ်ခါမှာတော့ CMကနေတရုတ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Nick Cheung ,Ethan Juan, Darren Wang တို့ကအဓိကသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေထိုင်ကြတဲ့မြို့ကြီးတစ်မြို့မှာ ဟုန်ထိုက်လုပ်ငန်းစုက ဂုဏ် အရှိန်အဟုန်ကြီးမားလျက်ရှိပြီး အဲ့ဒီလုပ်ငန်းစုရဲ့ ဥက္ကဌက မြို့ရဲ့ဝန်ကြီးအဖြစ်ဝင်ရောက်ရွေးချယ်ခံဖို့ ပြင်ဆင်နေခဲ့ပါတယ် တစ်ဖက်မှာလည်း သူ့ရဲ့ဥက္ကဌရာထူးကို သူ့လက်အောက်က လူတစ်ယောက်စီ လွှဲပြောင်းပေးတော့မှာပဲဖြစ်ပါတယ် ဒါပေမယ့် ရာထူးလွှဲပြောင်းပေးတဲ့ပွဲနေ့မှာပဲ အမှတ်မထင်ထားတဲ့ ပြဿနာမျိုးစုံကြုံခဲ့ရပါတော့တယ် အဲ့ဒီအမှတ်မထင်ထားတဲ့ပြဿနာကနေအစချီပြီးတော့ သာယာလှပနေတဲ့မြို့ကို ဆေးရောင်ဆိုးကြတဲ့ လူတစ်စုရဲ့ မကောင်းမှုတွေကလည်း တစ်စပြီးတစ်စ ပေါ်လာခဲ့ပါတယ် နှစ်ပေါင်းများစွာ အမြစ်တည်ခဲ့တဲ့ လူကုန်ကူးမှု ကိုယ်တွင်းအင်္ဂါအရောင်းအဝယ်ဈေးကွက်အစရှိတဲ့မကောင်းမှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်မှာလဲ မကောင်းမှုပြုသူတို့ရဲ့ ဇာတ်သိမ်းကတော့ အားလုံးသိပြီးသားဇာတ်သိမ်းမျိုးပေမယ့် ဒီဇာတ်ကားရဲ့ Plot twist ကြီးကအရမ်းမိုက်ပြီး အက်ရှင်ကားကောင်းတစ်ကားဖြစ်တာမို့လို့ တရုတ်ကားပရိတ်သတ်တွေအနေနဲ့ကြည့်ရှုဖို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်နော်…

Romance
6.1 2023
Wolf Hiding
Freud’s Last Session
6

Freud’s Last Session (2023) ~ IMDb – 6/10, RT – 45%, Meta – 49% ~ စိတ်ပညာအကြောင်းပြောတာဖြစ်ဖြစ် စိတ်ပညာကို ကိုးကားပြောတာဖြစ်ဖြစ် သူမပါရင်မပြီးတဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း နောက်ဆုံးအချိန်ကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ တိတိကျကျပြောရရင် ဒုတိယကမ္ဘာစစ်ဦးအစကာလမှာ ခံတွင်းကင်ဆာဝေဒနာကြောင့် သူ့ကိုယ်သူသတ်မသေခင် သုံးပတ်လောက်အလိုမှာ ဆစ်ဂမန်ဖရွိုက်ဟာ အောက်စ်ဖို့က ဒွန်တစ်ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အ‌ကြောင်းကိုရိုက်ပြထားတာ‌ပေါ့။ သူနဲ့ အဲဒီလိုတွေ့ခဲ့တဲ့သူကို The Chronicles of Narnia စာအုပ်တွေကိုရေးခဲ့တဲ့ စီအက်စ်လူးဝစ်လို့ ဒီရုပ်ရှင်ထဲတော့ ပြထားပေမဲ့ တကယ်တမ်း သူနောက်ဆုံးတွေ့ခဲ့တဲ့သူက အောက်စ်ဖို့ဒွန်ဆိုတာကလွဲ ဘာမှမသိခဲ့ရဘူး။ ဘာအကြောင်းဆွေးနွေးကြသလဲဆို သမိုင်းရဲ့အကြီးကျယ်ဆုံးပဟေဠိအကြောင်း။ ဘုရားသခင် ဘယ်လော ဘာလောပေါ့။ ဖရွိုက်က မယုံကြည်သူအမြင်ဘက်က ဆွေးနွေးပြီး လူးဝစ်ကတော့ ယုံကြည်သူအမြင်ဘက်က ဆွေးနွေးတယ်။ ဘုရားသခင်ကို ယုံတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုမယုံတဲ့ ယုံကြည်ခြင်းကြားက စကားရည်လုပွဲလို့ပြောလည်းရတယ်။ ဒီရုပ်ရှင်က 12 Angry Men တို့ The Man from Earth တို့လို တစ်ကားလုံး အခန်းတစ်ခန်းတည်း စကားထိုင်ပြောနေရင်းနဲ့ကို ပြီးသွားတဲ့ ရုပ်ရှင်မျိုးပဲ။ ဗုံးကြဲမယ့်ကြေညာချက်ထွက်လာလို့ ဗုံးခိုကျင်းကို သွားရှောင်တာတို့ သူတို့အတိတ်က အဖြစ်တွေကို Flashback ပြန်ပြတာတို့တော့ နည်းနည်းပါတယ်။ အဲဒါကလွဲ တစ်ကားလုံးစကားများရင်းနဲ့ကိုပြီးသွားတော့ ဒီလိုကားမျိုးကို ကြိုက်တဲ့လူတွေအတွက်ပဲ အဆင်ပြေလိမ့်မယ်။ တစ်ခုရှိတာက သူတို့ပြောနေတဲ့ အဓိက Topic က ဘုရားသခင်ကို ဦးတည်နေတာပေမဲ့ တကယ်တမ်း သူတို့ဆွဲထည့်ရတော့ နတ်ဘုရားတွေ ဘာတွေအထိပါပါလာသလို လူးဝစ်က ခရစ်ယာန်ဖြစ်နေလို့သာ ဒီ Topic က ဘုရားသခင်ကို ယုံခြင်းမယုံခြင်းဘက်သွားနေပေမဲ့ စကားလုံးအများစုကတော့ ဘာသာတရားအားလုံးနဲ့ ချိတ်ဆက်လို့ရနေတာများတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့၂နာရီလုံး သူတို့ဒီအကြောင်းပြောနေကြပေမဲ့ တကယ်တမ်း အဖြေမထွက်သွားသလို ဖရွိုက်ကိုယ်တိုင်လည်း သမိုင်းရဲ့အကြီးကျယ်ဆုံး ပဟေဠိကို အဖြေထွက်မယ်ထင်နေခဲ့တဲ့ ငမိုက်သားတွေလို့ သူ့ကိုယ်သူပြန်ပြောသွားခဲ့တယ်။ ဒါပေမဲ့လည်း ဘာသာတရားတွေနဲ့ ပတ်သက်တဲ့ အမြင်တွေကို ပြောသွားတာတော့ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းနေလောက်မယ်။ ဒါအပြင်တော့ လူးဝစ်ရဲ့ နာနီယာရဲ့ ဖြစ်တည်ခြင်းကို စေ့ဆော်ပေးခဲ့တယ်လို့ ယူဆရတဲ့ ဇာတ်ဝင်ခန်းတွေ၊ သူ့သမီးနဲ့သူနဲ့ကြားက ဆက်ဆံရေး၊ ဖရွိုက်နဲ့ ဂျာမန်အသိုင်းအဝိုင်းရဲ့ဆက်ဆံရေး၊ သူ့သမီးရဲ့ စိတ်ရောဂါ၊ နောက် လူးဝစ်ဘက်ကဆို Lord of the Rings စာရေးဆရာ J. R. R. Tolkien နဲ့ လူးဝစ်တို့ရဲ့ စာပေဆွေးနွေးတဲ့အဖွဲ့ The Inklings အကြောင်းတို့ J. R. R. Tolkien အကြောင်းနည်းနည်းတို့ ထည့်သွားတယ်။ ဖရွိုက်ကိုယ်တိုင်ကလည်း Tolkien ကို ဉာဏ်ကြီးရှင်ဆိုပြီး ချီးးကျူးသွားခဲ့တယ်။ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိကအမြင်အရ သဘောအကျဆုံးအချက်ကတော့ ဆစ်ဂမန်ဖရွိုက်ဆိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ပညာရှင်ကြီးကို သာမန်လူထက်ပိုတာဆိုလို့ စိတ်ပိုင်းဆိုင်ရာသီအိုရီတွေကိုသိနေပြီး ကောင်းကောင်းပြောတတ်ဆိုတတ်တာကလွဲလို့ သာမန်လူတစ်ယောက်ပဲ ဖြစ်နေတယ်ဆိုတဲ့ ပုံစံနဲ့ပြသွားတာကိုပါပဲ။ ဖရွိုက် ခံတွင်းကင်ဆာကျွမ်းနေတဲ့ နောက်ဆုံးအချိန်မို့ သူ့စိတ်က ပိုပြီးမြင်သာနေတာလားတော့ မပြောတတ်ဘူး။ ဘာပြောပြော ဖရွိုက်ကို ခင်ဗျားတို့ ကျွန်တော်တို့လို ကြောက်တတ် ဒွိဟဖြစ်တတ် အတ္တကြီးတတ်တဲ့ လူတစ်ယောက်အနေနဲ့ပဲပြသွားတယ်။ ဖရွိုက်ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ အမှားတွေရှိတဲ့ အားနည်းချက်တွေရှိတဲ့ လူထဲကလူလို့ပဲ ပြောသွားခဲ့တာပါပဲ။ ဒီရုပ်ရှင်ကို လက်ရှိဟောလိဝုဒ်ရဲ့ ခေါင်းဆောင်မင်းသားနေရာက သရုပ်ဆောင်ကြသူတွေထဲ သမ္ဘာအရင့်ဆုံး အခုထိလည်း အစွမ်းပြနေတုန်းဖြစ်တဲ့ Anthony Hopkins နဲ့ ဒီမှာတော့ လူသိသိပ်မများပေမဲ့ သရုပ်ဆောင်တော်တော်ကောင်းတဲ့ Matthew Goode က အဓိကသရုပ်ဆောင်ထားတယ်။ မက်သရူးဟာ Leap Year, The Imitation Game, Watchmen တို့လို ရုပ်ရှင်တွေမှာ သရုပ်ဆောင်ဖူးပြီး မနှစ်ကတော့ The Offer ထဲက Bob Evans ဇာတ်ကောင်နဲ့ ကျွန်တော်တို့ သိပ်ကြိုက်ခဲ့ရတဲ့ဘဲပေါ့။ Armand Nicholi ရဲ့ Question of God ကို အခြေတည်ထားတဲ့ ပြဇာတ်တစ်ပုဒ်ကို ပြန်ရိုက်ထားတာဖြစ်ပြီး ဖရွိုက်ကို စိတ်ပညာကို ဘာသာရေးတွေကို စိတ်ဝင်စားတဲ့လူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဒါပေမဲ့လည်း ဇာတ်ဟာ ဘယ်မှမရောက်သလို တုံးတိကြီးဖြစ်နေတဲ့အပြင် သူပြောခဲ့သလို သူတို့ဆွေးနွေးခန်းကလည်း ဘယ်ကိုမှမရောက်သွားတော့ ရုပ်ရှင်တစ်ကားအနေနဲ့တော့ ဇာတ်အိမ်တော်တော်ချာတယ်ပြောရမှာပါပဲ။ ဒါကြောင့်လည်း ဝေဖန်ရေးသမားတွေတော့ သဘောမကျခဲ့ကြဘူး။ ဘာနေနေ ဒီရုပ်ရှင်ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း ဖစ်ရှင်တစ်ပုဒ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 880MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6 2023 109 mins
Freud’s Last Session
Green Lantern: First Flight
7

Green Lantern: First Flight 2009 IMDb 7.0/10 Genre: Animation/Action/Adventure Green Lantern ဆိုတဲ့ Ryan Reynolds ရဲ့ ၂၀၁၁ က ရုပ်ရှင်ကို ကြည့်ဖူးကြမှာပါ။ ဒါက မူလပထမ ကာတွန်းရုပ်ရှင် Green Lantern ဖြစ်ပါတယ်။ Green Lantern တစ်ဖြစ်လဲ ဟဲလ်ဂျော်ဒန်ဟာ ကမ္ဘာမြေပေါ်မှာ လေ့ကျင့်ပျံသန်းနေတုန်း အစိမ်းရောင် ရောင်ခြည်တန်းတွေရဲ့ ခေါ်ဆောင်ရာနောက်ပါသွားပါတယ်။ ပျက်ကျလာတဲ့ ယာဥ်ပျံပေါ်မှာပါလာတာက Lantern Corps ရဲ့ ထိပ်သီးတစ်ယောက်ပါ။ သူမသေဆုံးခင် စွမ်းအင်လက်စွပ်ကို ဟဲလ်ဂျော်ဒန်ဆီ လွှဲပေးလိုက်ပြီးနောက်မှာ တာဝန်တွေ ဝတ္တရားတွေက ဟဲလ်ဂျော်ဒန်အတွက် ဖြစ်လာပါတော့တယ်။ ကစဥ့်ကလျား စကြဝဠာကြီးမှာ ဟဲလ်ဂျော်ဒန် တစ်ယောက် အသားကျပါ့မလား။ တာဝန်တွေကို ထမ်းဆောင်နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ File size… 1.4 GB / 678 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Boomer

Fantasy • Comedy
7 2009 75 mins
Green Lantern: First Flight
Swan Song

IMDb – 7.6/10 Swan Lakeဆိုတာ ရုရှားဂီတစာဆိုကြီး Pyotr Ilyich Tchaikovskyရဲ့ ဘဲလေးပြဇာတ်တစ်ပုဒ်ပေါ့။ ဘဲလေးအကမှာတော့ ထင်ရှားတဲ့ပြဇာတ်တွေထဲက တစ်ခုအဖြစ် အမျိုးမျိုးဖျော်ဖြေကပြကြတာပေါ့။ ဒီရုပ်ရှင်ကတော့ ကနေဒါရဲ့ နာမည်အကျော်ကြားဆုံး ဘဲလေးအကမယ်ဟောင်း Karen Kainတာဝန်ယူဦးစီးပြီး အဓိကဘဲလေးမယ်အဖြစ် ရုရှား-လစ်သူယေးနီးယားဘဲလေးမယ် Jurgita Droninaကပြခဲ့တဲ့ ကမ္ဘာ့အဆင့်ဖျော်ဖြေတဲ့ပွဲရဲ့ Swan Lakeပြဇာတ်မှာ နောက်ကွယ်က ဖြစ်ရပ်တွေကိုရိုက်ကူးပုံဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ပုဒ်ပါပဲ။ ကမ္ဘာ့အဆင့်ပွဲတစ်ခုဖြစ်တဲ့အတွက် သူတို့တွေ ခက်ခက်ခဲခဲကြိုးစားကြပုံတွေ၊ အဲဒီခေတ်အနေအထားမှာ ဘဲလေးအကမယ်တွေကြားက လူမျိုးရေးခွဲခြားမှုနဲ့ အဆင်မပြေမှုတွေ၊ တစ်မူထူးခြားစွာတင်ဆက်ပြချင်တဲ့အတွက် ဘဲလေးအကအစဉ်အလာတွေကနေ ဖောက်ထွက်ဖို့ကြိုးစားကြပုံတွေကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2024
Swan Song
Love of May
5.8

CM ချစ်ပရိသတ်တို့ရေ… ဒီနေ့မှာတော့ အဟောင်းတွေထဲက အသစ်ရှာဖွေတင်ဆက်ခြင်းအဖြစ် ဂူဂူးလို့နာမည်ကြီးတဲ့ လျိုယိဖေးနတ်သမီးလေးရဲ့ ငယ်ပုံရိပ်လေးကို ပြန်လည်ခံစားဖို့ အချစ်ရိုမန့်ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်ကားနာမည်လေးကတော့ Love of May တဲ့… မေလမှာတွေ့တဲ့ အချစ်တစ်ခုကို ဖော်ပြတာဖြစ်သလို ထိုင်ဝမ်အဆိုတော်အဖွဲ့ Wu Yue Tian (May Day) အဖွဲ့က ဖန်တီးပေးတဲ့ အချစ်ဇာတ်လမ်းလေးကို ပြောချင်တာလည်း ဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့… ၂၀၀၀ ခုနှစ်အစောပိုင်း အီးမေးလ်တွေစပြီး နာမည်ကြီးစဉ်ကာလက May Day အဆိုတော်အဖွဲ့ရဲ့ ဖန်ဆိုဒ်ကို main vocalist အားရှင်းရဲ့ ညီဖြစ်သူ ၁၉ နှစ်အရွယ်ကောင်လေး အားလေ့က တာဝန်ယူ ပြန်ကြားပေးနေခဲ့ပါတယ်… ဒီလိုနဲ့ သူဟာ ဖန်တွေပို့တဲ့မေးလ်တွေထဲကနေ ရင်ခုန်သံတစ်ခုကိုရှာတွေ့ခဲ့တာကြောင့် အားရှင်းလို ဟန်ဆောင်ပြီး စာတွေပြန်နေခဲ့ပါတယ်… တစ်ဖက်က စာတွေပို့နေတဲ့ ဟာအာပင်းက ၁၇ နှစ်အရွယ် တရုတ်ပြည် ပီကင်းက အော်ပရာ ကျောင်းသူလေး ရွှမ်ရွှမ်တဲ့… တနေ့တော့ ရွှမ်ရွှမ်အနေနဲ့ အားလေ့ရှိတဲ့ ထိုင်ဝမ်ကို အော်ပရာသရုပ်ပြဖို့ သွားရမယ်ဆိုတော့ အားရှင်းလို့ယုံကြည်လို့ပဲလား… စကားပြောဖော်ကို ယုံကြည်လို့ပဲလားတော့မသိပေမယ့် အားလေ့ (သူသိထားတဲ့ အားရှင်း) နဲ့ တွေ့ဖို့ကြိုးစားပါတော့တယ်… အကြောင်းကတော့ ထိုင်ဝမ်ကို တူတူလည်ချင်လို့ပါတဲ့… ဒီတော့ အားရှင်းအဖြစ်ဟန်ဆောင်ထားတဲ့ အားလေ့အနေနဲ့ ဒီကိစ္စတွေကိုဘယ်လိုရှင်းပြမလဲ ရင်ခုန်တတ်စ ဆယ်ကျော်သက်ရွယ် ၂ ယောက်ကြားမှာ ဘာတွေဆက်ဖြစ်မလဲ… မမြင်ဖူးတဲ့သူစိမ်းယောက်ကျားလေးကိုတောင် ဆက်သွယ်ပြီး ရွှမ်ရွှမ် လျှောက်လည်ချင်ခဲ့တဲ့ ထိုင်ဝမ်မှာ ဘာမြှုပ်ကွက်တွေရှိနေခဲ့တာလဲ… ကံတရားက သူတို့ကို ပိုနီးစပ်စေမှာလား… ပိုပြီးဝေးကွာစေမှာလားဆိုတာ… ဂူဂူးနဲ့ မင်းသား Chen Bolin တို့ရဲ့ အပြစ်ကင်းရိုးသားနုငယ်တဲ့ ပုံစံလေးတွေနဲ့အတူ ရင်ခုန်ကြရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Chu Chu မှ တင်ဆက်ထားပါတယ်။)

5.8 2004 109 mins
Love of May
Nosso Lar 2 / Astral City: A Spiritual Journey

လူတွေသေပြီးရင် ဘာဖြစ်သွားကြမလဲဆိုတာကို တွေးဖူးကြလား? 2010 ခုနှစ် စက်တင်ဘာလမှာ ထုတ်လွှင့်ပြသခဲ့ပြီး တစ်ပတ်အတွင်းမှာ ကြည့်ရှုသူပေါင်း တစ်သန်းကျော်ရရှိခဲ့တဲ့ Nosso Lar 1 Astral City ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းသစ် Nosso Lar 2: Os Mensageiros ကမ္ဘာပေါ်က ဒုက္ခရောက်နေသူတွေ၊ ဘဝကြီးကို အဆုံးသတ်တော့မယ့်သူတွေ၊ သူတို့လုပ်ရမယ့်အလုပ်ကို မေ့နေသူတွေကို ကူညီပေးဖို့ အတွက် ရောက်လာတဲ့ Nosso Lar ပြည်က The Messenger တွေ Nosso Lar ပြည်ကနေ တာဝန်နဲ့ စေလွှတ်လိုက်တဲ့ လူသုံးယောက်ရဲ့ ဘဝကံကြမ္မာတွေ သူတို့သုံးယောက်ကရော ပေးအပ်ထားတဲ့တာဝန်တွေကို ကျေပွန်နိုင်ပါ့မလား? ဘယ်လိုအခက်အခဲပြဿနာတွေကို ကြုံတွေ့ကြပြီး ဘယ်သူတွေက ဒီတာဝန်တွေကို အောင်မြင်စေမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Nosso Lar 2: Os Mensageiros File size…(1.5 GB)/(842 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Comedy • Drama
0 2024
Nosso Lar 2 / Astral City: A Spiritual Journey
Don’t Call it Mystery Misuteri to Iu Nakare
6.3

Don’t Call it Mystery (2023) IMDb Rating (6.3) ဒီဇာတ်ကားက နာမည်တူ Manga Series ထွက်ရှိထားပြီး TV Series လဲ ရှိပါတယ်။ အခုကတော့ Movie ပါ။ ကောလိပ်ကျောင်းသား တိုတိုနိုကုက လေ့လာမှုအား အရမ်းကောင်းပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။ တစ်ရက်မှာ သူ့ဆီ ရှီယိုဂျီ ဆိုတဲ့ ကောင်မလေး ရောက်လာပြီး အသက်တွေ ပိုက်ဆံတွေက အန္တရာယ် ရှိနေလို့ ကူညီပေးဖို့ တောင်းဆိုလာပါတယ်။ လုပ်ပေးရမှာက အမွေအတွက် ထားခဲ့တဲ့ ပဟေဠိကို ဝိုင်းဖြေရှင်းပေးဖို့နဲ့ ကိုယ်ရံတော် လုပ်ပေးဖို့ပါ။ အဲဒီ မိသားစုမှာ မောင်နှမဝမ်းကွဲ လေးယောက်ရှိကြပြီး တစ်ယောက်ကသာ အလုံးစုံ အမွေခံစားခွင့်ရမှာပါ။ ရှီယိုဂျီ ပြောပြတဲ့ သူတို့ မိသားစုမှာ အမွေဆက်ခံဖို့ ရွေးချယ်ချိန်တိုင်း မိသားစုရန်စရှိပြီး အချင်းချင်းပြန်သတ်ဖို့ ကြိုးပမ်းကြတယ်လို့ ဆိုပါတယ်။ မိသားစုရန်စကရော တကယ်ရှိတာလား ပဟေဠိကိုရော ဖြေရှင်းနိုင်မှာလားဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Boomer ဖြစ်ပါတယ်။) File size…(1.8 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery Duration….02:10:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Boomer

Action • Drama • Thriller
6.3 2023 129 mins
Don’t Call it Mystery Misuteri to Iu Nakare
Aap Mujhe Achche Lagne Lage

Aap Mujhe Achche Lagne Lage 2002 မင်းနဲ့မှချစ်တတ်ပြီပေါ့ အဟောင်းပေမဲ့ရွှေဆိုပြီး 2000 ခုနှစ်များဆီက အချစ်ဇာတ်လမ်းလေးတွေကို သဘောကျသူတို့အတွက် မင်းသားကြီး Hrithik Roshan ရဲ့အချစ် အမုန်း ရင်သပ်ရှုမောစရာလေးတွေအပြင် အက်ရှင်ပါ ပါဝင်တဲ့ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဆက်ပနာဟာ မြေအောက်လောကခေါင်းဆောင်ကြီးရဲ့ သမီးချောလေးပါ။ အများအမြင်မှာတော့ အဖေနဲ့အစ်ကိုရယ် အစ်ကို့မိန်းမရယ်ရဲ့ စောင့်ရှောက်မှုအောက်မှာ အပူအပင်ကင်းစွာကြီးပြင်းလာရတဲ့ မင်းသမီးလေးပေါ့။ ဒါပေမဲ့သူ့ဘဝဟာ စာသင်ရင်လည်းအိမ်မှာခေါ်သင်ရ၊ အပြင်ထွက်လည်ပတ်ခွင့်လည်းမရှိတဲ့အပြင် သူ့အဖေတို့ရဲ့ ကလဲ့စားချေသတ်ဖျက်မှုတွေကို မြင်နေကြားနေရတဲ့ လှောင်အိမ်ထဲက မင်းသမီးလေး ဖြစ်လို့နေပါတယ်။ သူ့ယောက်မဖြစ်သူကို သူဒီဘဝမှာနေမပျော်ကြောင်း၊ ဘယ်လောက်ကြာအောင် နေရမယ်မသိကြောင်းပြောရင် မကြာခင် သူ့ကိုကယ်တင်မယ့် မင်းသားလေးရောက်လာမှာမို့ စိတ်ရှည်ပါဆိုပြီးပဲ နှစ်သိမ့်ခံနေရပါတယ်။ သူ့ရဲ့မွန်းကြပ်မှုကနေ ထွက်ပြေးဖို့တစ်နေ့ သူ့ငယ်သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို ခိုးထွက်လာခဲ့လေရဲ့။ ဖြစ်ချင်တော့ သူ့အဖေရဲ့ရန်သူတော်တွေဆီက လိုက်လံတိုက်ခိုက်ခံရပါတော့တယ်။ အဲဒီအချိန်မှာ ကောလိပ်ကျောင်းသားလေး ရိုဟစ်က တွေ့ပြီးကယ်တင်လိုက်ရာကစ သူတို့တွေ့ဆုံခဲ့ပါတယ်။ နောက်တစ်နေ့သတင်းစာမှာ ဆက်ပနာအကြောင်းပါလာမှ ရိုဟစ်ဟာ သူဘယ်သူဆိုတာသိပြီး တွေ့ဖို့နည်းလမ်းရှာပါတော့တယ်။ ဆက်ပနာကတော့ အဲဒီနေ့အဖြစ်အပျက်ပြီးတည်းက အိမ်ထဲကခြေတစ်လှမ်းတောင်မထွက်ဖို့ အမိန့်ပေး ပိတ်လှောင်ခံထားရတာပါ။ အဲဒီအပြင်သူ့အဖေက သူ့သမီးကို အိမ်ထောင်ပြုပေးပြီး အဝေးပို့ဖို့ပါ စီစဉ်နေပါတော့တယ်။ ဒီလိုနဲ့ ရိုဟစ်က နည်းလမ်းစဉ်းစားပြီး သူတို့အိမ်မှာ လုပ်တဲ့ဆုတောင်းပွဲမှာ ဒရမ်သမားလေးအနေနဲ့လိုက်ပါသွားလေရဲ့။ ရိုဟစ်အနေနဲ့ သူမြင်မြင်ချင်းချစ်မိသွားတဲ့ မင်းသမီးလေးနဲ့ ရှေ့ဆက်နိုင်ပါ့လား၊ သူ့အဖေတွေ အစ်ကိုတွေနဲ့ ဘယ်လိုဖြေရှင်းကိုင်တွယ်မလဲ၊ ဆက်ပနာကရော လှောင်အိမ်စံမင်းသမီးလေးဘဝက လွတ်မြောက်ဖို့ ဘယ်လိုကြိုးပမ်းအားထုတ်မလဲဆိုတာ ကြည့်ရှုအဖြေထုတ်ပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Romance • Drama
0 2002 166 mins
Aap Mujhe Achche Lagne Lage
Kudumba Sthreeyum Kunjadum

Kudumba Sthreeyum Kunjadum (2024) “လက်ပူးလက်ကြပ်” စိတ်ညစ်စရာတွေ ခဏတာမေ့ထားပြီး အားရပါးရရယ်မောပစ်ချင်သူတွေအတွက် မလေယာလမ်စကားပြော ဟာသ-မှုခင်း-ဒရာမာရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မြို့တစ်မြို့ကို တာ၀န်ပြောင်းရွှေ့လာတဲ့ရဲတစ်ယောက်ဟာ ရောက်ပြီးသိပ်မကြာခင်မှာပဲ ခိုးမှုတွေနဲ့ ကြုံခဲ့ရပြီး သူခိုးဂိုဏ်းကိုလိုက်စုံစမ်းပါတော့တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားကပြန်လာတဲ့ သူငယ်ချင်းဖြစ်သူရဲ့အိမ်ထောင်ရေးဟာလည်း အရှုပ်အရှင်းတွေ ဖြစ်လို့နေပါတယ်။ သူပြန်လာတဲ့အချိန်မှာ မိန်းမဖြစ်သူဟာ အရင်လိုမဟုတ်တော့ဘဲ ပြောင်းလဲသွားတာကို သတိထားမိခဲ့ပါတယ်။ ဖြစ်ချင်တော့ တစ်ရက်မှာ သူ့မိန်းမနဲ့တိတ်တိတ်ပုန်းရည်းစားက သူ့ကိုလာသတ်တယ်လို့ အိပ်မက်မက်ရာကစလို့ သူ့သံယတွေပိုကြီးထွားလာပြီး မိန်းမဖြစ်သူကို လက်ပူးလက်ကြပ်ဖမ်းဖို့ စောင့်ကြည့်နေတယ်။ အဲဒီလိုနဲ့ သူခိုးဂိုဏ်းမှာဘယ်သူတွေပါမလဲ၊ အိမ်ထောင်ရေးအရှုပ်အရှင်းကိစ္စကရော ဘယ်လိုဆက်ဖြစ်မလဲ၊ ဘယ်သူတွေက ဘယ်လိုဆက်စပ်နေဦးမလဲဆိုတာကို ရယ်စရာ ဗရုတ်သုတ်ခဇာတ်၀င်ခန်းတွေနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Action • Science Fiction • Thriller
0 2024 150 mins
Kudumba Sthreeyum Kunjadum
My Love, My Bride

My Love, My Bride (2014) ************************* IMDb… 6.5 ဒီတစ်ခါမှာတော့ လူတိုင်းရဲ့ရင်ထဲမှာ အမြှီးကိုးချောင်း မြေခွေးမလေးအဖြစ် ကျန်ရစ်နေဆဲဖြစ်တဲ့ Shin Min-ah နဲ့အတူ Hospital Playlist နဲ့ လူသိများတဲ့အပြင် အဆိုရောသရုပ်ဆောင်ပါကောင်းတဲ့ Jo Jung Suk တို့ရဲ့ 2014တုန်းက ထွက်ရှိထားတဲ့ အိမ်ထောင်ရေးအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်း အိမ်ထောင်ပြုတယ်ဆိုတာ ချစ်‌နေရုံနဲ့တင် အဆင်ပြေနိုင်တယ်လို့ ထင်ရပေမဲ့ အချိန်ကြာလာရင်တော့ လက်တွေ့နဲ့ ရင်ဆိုင်ရမှာပါပဲ။ ဂင်ယောင်းမင်နဲ့ဂင်မီယောင်းတို့ရဲ့ ဇာတ်လမ်းကလည်း အတူတူပါပဲ။ ၄နှစ်ကြာတွဲပြီးတဲ့နောက် သမီးရည်းစားအဆင့်ကနေ အဆင့်တက်သွားကြတဲ့နှစ်ယောက်သား ပူပူနွေးနွေး စိတ်ကူးယဥ်ဆန်တဲ့ ကြင်စဦးအချိန်တွေကစလို့ လက်တွေ့နဲ့ယှဉ်လာတဲ့ အိမ်ထောင်ရေးအထိ ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ တတိယလူ၊ ဘဝတက်လမ်းနဲ့ ဝါသနာတွေ ပါဝင်လာတဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အငြင်းပွားမှုတွေကို ချပြထားပြီးတော့ ယောင်းမင်နဲ့ မီယောင်းတို့ ဇနီးမောင်နှံ နှစ်ဦး ဘယ်လိုနားလည်မှုတွေနဲ့ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Milkeux ပဲ ဖြစ်ပါတယ်။) File Size : 1.46GB/ 670MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…01:52:15 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Milkeux Encoded by Tiff

0 2014 110 mins
My Love, My Bride