YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Princess Royal E39 1080p WEB-DL CM.mp4

646.28 MB 1080p video/mp4 87 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Doom Doom
5

စိတ်တုန်လှုပ်​ခြောက်ခြားပြီး အစိုးရိမ်လွန်တတ်တဲ့ အ​မေ နဲ့ ​နေထိုင်ရသူ အီနာ့မှာ အ​မေ မသိ​အောင် ဖွက်ထားရတဲ့ သမီး​လေးတစ်ဦး ရှိ​နေတယ်။ သမီးငယ်​လေးကို အ​မေ့အသိ အ​ဒေါ်တစ်​ယောက်စီမှာ အပ်ထားရတဲ့ အီနာ့ရဲ့ ဘဝဟာ ဝန်​တွေ ဖိအား​တွေ အပြည့်နဲ့ဖြစ်​နေ​ရှာတာပေ့ါ။ တစ်ချိန်က လျှမ်းလျှမ်း​တောက် ကလပ် ဒီ​ဂျေ တစ်ဦးဖြစ်ခဲ့​ပေမဲ့ အခု​တော့ ​Call Center မှာ ​​​အော်ပရာတာအဖြစ်သာ လုပ်ကိုင်ရင်း အ​မေ​ပြောတဲ့ သာမန် ဘဝ​လေးထဲ ​နေထိုင်ဖို့ ကြိုးစား​နေလျက်ရှိတယ်။ ဒါ​ပေမဲ့ တစ်​နေ့မှာ လမ်း​လေး​တစ်ခုထဲ ​လျှောက်လာရင်း ရင်ကို တဒိတ်ဒိတ် ခုန်​စေတဲ့ တီးလုံးသံ​တွေကို အီနာ ကြားလိုက်ရချိန်မှာ​တော့ သံစဥ်​တွေရဲ့ ဆွဲ​ဆောင်မှု​အောက် ​မျောပါသွားကာ နှလုံး​စေရာ အတိုင်း ဒီ​​ဂျေ ​လောကထဲ ပြန်လည် ​ခြေချဖို့ ကြိုးစားတဲ့အခါ ... အီနာတစ်ယောက် သူ့ရဲ့ အိပ်မက်တွေကို တစ်ဖန် ပြန်လည် အသက်သွင်းနိုင်ပါ့မလား? သူ့သမီးလေးကိစ္စကိုကော ပြေလည်အောင် ဖြေရှင်းနိုင်ပါ့မလား? ဆိုတာတော့ ဒီဒရမ်မာ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Song Song ပါ။) File Size          : 1.9GB, 637MB, 316MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 52mins Genre              : Drama Translated by Song Song Encoded by Kinnov

Comedy • Drama • Romance
5 2022 112 mins
Doom Doom
Our Huff and Puff Journey
3

ဒီတစ်ခါတော့ သီချင်းကိုအရမ်းရူးသွပ်တဲ့ အိမ်ပြေးအထက်တန်း ကျောင်းသူလေးယောက်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကား လေးနဲ့ မိတ်ဆက်ပေးပါရစေ။ အီချီနို ၊ ချီအဲ ၊ ဆက်ဆွန် နဲ့ ဖူမီကိုဆိုတဲ့သူငယ်ချင်းလေးယောက်မှာ တကယ်တမ်းအိမ်ပြေးလာတာ ဖူမီကိုတစ်ယောက်တည်းပါ။ ဖူမီအို အကြိုက်ဆုံးအိုင်ဒေါဖြစ်တဲ့ ကာအိုစံပါဝင်တဲ့ ခရိဟိုက်တေးဂီတအဖွဲ့က တိုကျိုမှာဖျော်ဖြေပွဲလုပ်မှာမို့ အိမ်နဲ့ရန်ဖြစ်ပြီးထွက်လာတာပါ။ အချစ် ဆုံးသူငယ်ချင်းကို အဖော်လုပ်ပေးဖို့ အီချီနို၊ ချီအဲ နဲ့ဆက်ဆွန်တို့လည်း တိုကျိုကို အတူတူထွက်လာခဲ့ပါတယ်။ ဘာထူးခြားလဲဆိုတော့ တိုကျိုအထိ လေးရက်ခရီးလောက်ကို စက်ဘီး ကိုယ်စီနဲ့တက်လာခဲ့ကြတာပါ။ အထက်တန်းကျောင်းသူတွေမို့လို့ မုန့်ဖိုး လည်းအများကြီးမပါတဲ့အပြင် စက်ဘီးလည်း ဆက်မနင်းနိုင်တဲ့အခါ အံ့အားသင့်ရလောက်အောင်ကို လူကောင်းတွေနဲ့အများကြီးတွေ့ခဲ့ရ ပါတယ်။ တစ်မြို့ပြီးတစ်မြို့ အကူအညီတောင်းရင်းနဲ့ နောက်ဆုံးလက် ထဲမှာ ယန်း ၃၀၀ ပဲကျန်တဲ့အချိန် သူငယ်ချင်းလေးယောက်လည်း တစ် ဖြည်းဖြည်းချင်းသွေးကွဲလာပြီး အမြင်စောင်းလာကြတဲ့အခါ.... သူတို့လေးယောက် ဘယ်လိုမျိုးညှိနှိုင်းကြမလဲ ? သူတို့ကြိုက်တဲ့တေးဂီတ ဖျော်ဖြေပွဲဆီကိုရော ချောချောမောမော ရောက်သွားရဲ့လားဆိုတာတော့ ဆက်ကြည့်လိုက်တော့နော်.... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.7 GB) / (650 MB) / (420 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Jo Jo Va Encoder..........SWM

Comedy • Drama
3 2015 91 mins
Our Huff and Puff Journey
Janhit Mein Jaari
6.8

တကယ်လို့ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်နေပြီး ဆွေမျိုးမိဘကရော ပတ်ဝန်းကျင်အသိုင်းဝိုင်းကရော ရှေးရိုးစွဲဖြစ်နေတဲ့ နေရာမျိုးမှာ ကွန်ဒုံးရောင်းရမယ်ဆိုရင် .... ကိုယ်ရည်မှန်းထားတဲ့အလုပ်နဲ့ ကိုယ်လုပ်နေရတဲ့အလုပ် မကိုက်လို့စိတ်ညစ်နေလား ဒါမှမဟုတ် ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ် မကျေမနပ်ဖြစ်နေပါသလား ဒီရုပ်ရှင်လေးကိုစီးမျောခံစားရင်း သင်ခန်းစာနဲ့ ခွန်အားရယူဖို့တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း =============== မာစတာဘွဲ့ပါရထားပေမယ့် ထူထပ်လွန်းတဲ့ လူဦးရေနဲ့အိန္ဒိယမှာ အလုပ်ရဖို့ခက်နေတဲ့ မိန်းကလေးတစ်ယောက်.. အများလိုအချိန်တန်အရွယ်ရောက်အိမ်ထောင်ပြုပြီး လင်ယောက်ျားပေါ်မှီခိုရမယ့်ဘဝမှာမနေချင်တဲ့အမှီအခိုကင်းသူဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်.. ကွန်ဒုံးကုမ္ပဏီမှာ အလုပ်ရဖို့ဖြစ်လာပြီး ကွန်ဒုံးရောင်းရဖို့ မားကတ်တင်းဆင်းရတဲ့အခါ… ရှေးရိုးစွဲအယူဝါဒတွေမပျောက်ပျက်သေးတဲ့နယ်မြေမှာ ကွန်ဒုံးရောင်းဖို့ ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ အချစ်နဲ့ဆုံတွေ့တဲ့အချိန်မှာလည်း ဘယ်သူမှမလုပ်တဲ့အလုပ်ကို လုပ်နေသူတစ်ယောက်မို့ ဘယ်လိုပြဿနာရင်ဆိုင်လာရမလဲ။ ကိုယ့်ရဲ့ရည်မှန်းချက်အတွက် မိသားစုဖိအား အသိုင်းအဝိုင်းဖိအားတွေကို ဘယ်လိုကျော်ဖြတ်မယ်ဆိုတာကို ဇာတ်လမ်းအစကတည်းက ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ စိတ်ဝင်စားအောင်ဆွဲခေါ်သွားနိုင်မယ့် comedy-drama film လေးဖြစ်လို့ ဘောလိဝုဒ်ပရိသတ်များ လိုက်ပါစီးမျောခံစားကြည့်ဖို့အကြုံပြုပေးလိုက်ပါတယ်။ File size…2.07GB / 1.04GB Quality…1080p WEB DL AAC2.0Ch / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii ~ Lwin Htoo Aung ~  Go-O ~ K-Mon

Action • Drama • History • Thriller
6.8 2022 146 mins
Janhit Mein Jaari
The Borrowers
6

ဒီတစ်ခေါက်မှာတော့ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောကြည့်ရှုလို့ရမယ့် 1997 ကခုနှစ်ထွက်ရှိထားတဲ့ Comedy/Fantasy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပီးတ်တို့မိသားစုက သူတို့လက်ရှိနေနေတဲ့အိမ်ကြီးကိုအမွေရခဲ့ပေမယ့်လည်း သေတမ်းစာမရှိလို့ အိမ်ကိုဖြိုချချင်တဲ့ ရှေ့နေလက်ထဲထိုးအပ်လိုက်ရတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ တစ်ချိန်တည်းမှာပဲ သူတို့အိမ်မှာ ပစ္စည်းသေးသေးလေးတွေ မကြာခဏပျောက်ပျောက်သွားတတ်လို့ (၁၀)နှစ်သားအရွယ်ကောင်လေး ပီးတ်တစ်ယောက် လက်သည်ဘယ်သူလဲဆိုတာသိရဖို့ အပြင်းအထန်ကြိုးစားနေခဲ့ပါတယ်။ သူဘယ်လောက်ပဲကြိုးစား ကြိုးစား ဘယ်လိုမှဖမ်းမမိနိုင်ပေမယ့် တစ်နေ့မှာတော့ မထင်မှတ်ဘဲ လက်သည်ဘယ်သူလဲဆိုတာသိလိုက်ရတဲ့အခါ ပီးတ်တစ်ယောက် အံ့ဩတကြီးနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားရပါတော့တယ်။ လက်သည်က လုံးဝမထင်ထားတဲ့ ဘော်ရိုရာလို့ခေါ်တဲ့ လူသားသေးသေးလေးတွေဖြစ်နေလို့ပါပဲ။ မကြာခင် အိမ်ကြီးပေါ်ကနေဆင်းပေးရတော့မယ့် ပီးတ်နဲ့ အိမ်ကြီးထဲမှာနေနေကြတဲ့ ဘော်ရိုရာလေးတွေ ပေါင်းပြီး အိမ်ကိုမဆုံးရှုံးရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ.. သေတမ်းစာမရှိဘူးလို့ပြောတဲ့ ရှေ့နေဆီမှာ သေတမ်းစာရှိနေတာသိလိုက်ရတဲ့အခါ ကောက်ကျစ်တဲ့ရှေ့နေလက်ထဲကနေ အဲဒီသေတမ်းစာကိုရဖို့ကြိုးစားရင်း ဘယ်လိုအသက်အန္တရာယ်တွေနဲ့ရင်ဆိုင်ရမလဲ.. ဉာဏ်ကောင်းပေမယ့် သေးငယ်တဲ့ဘော်ရိုရာလေးတွေက လူကောင်ကြီးပြီးကောက်ကျစ်တဲ့ရှေ့နေကြီးကို အနိုင်တိုက်နိင်ပါ့မလား.. အိမ်ကိုဖြိုချမယ့်အရေးကိုရော ဝိုင်းပြီး ကာကွယ်နိုင်ပါ့မလားဆိုတာကို မိသားစုနဲ့အတူ ချစ်စရာလူသေးသေးလေးတွေကို ကြည့်ရင်း ရင်တခုန်ခုန်နဲ့ ပေါ့ပေါ့ပါးပါး ရယ်မောခံစားလိုက်ကြပါဦးနော်။ File size…(3.36GB)  / (`1.16GB) / (579MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre...  Adventure / Comedy / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Comedy • Fantasy
6 1997 86 mins
The Borrowers
Moonlight Shadow
6.1

J drama fan အများစုသိကြတဲ့ မင်းသမီးလေး Nana Komatsuနဲ့ မင်းသား Hio Miyazawaတို့သရုပ်ဆောင်ထားတဲ့Psycho-Cinematography film ရုပ်ရှင်ဖြစ်ပါတယ်။ အတိတ်ကိုမစွန့်လွှတ်နိုင်ဘဲနစ်မွန်းနေပြီး လက်ရှိအခြေအနေကို လက်မခံနိုင် ရှေ့မဆက်နိုင်ဖြစ်တတ်တဲ့လူ့စိတ်ကို လှစ်ဟပြထားတဲ့ရုပ်ရှင်တစ်ကားပါ။ ဂျပန်လူမျိုးတို့ရဲ့ တနဘတပွဲတော်ကို အနည်းငယ်မှီငြမ်းပြီးဖန်တီးထားတဲ့ Banana Yoshimotoရဲ့Short storyကို ရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးထားတဲ့ဇာတ်ကားပါ။ "လရိပ်ဖြစ်စဉ်"ဆိုတာကတော့ "အကြောင်းအရာတွေအားလုံးတိုက်ဆိုင်မှုရှိတဲ့အခါ လပြည့်ပြီးနောက်နေ့မနက်မှာ သေသူတွေနဲ့ပြန်လည်ဆုံတွေ့နိုင်တယ်"ဆိုတဲ့ သိပ်ကိုရှားပါးတဲ့ miracleတစ်ခုလို့ဆိုပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ညနေခင်းတစ်ခုမှာ စဆုကိတစ်ယောက် မြစ်ကမ်းဘေးမှာလမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူ့ကြောင်လေးလည်ပင်းမှာဆွဲပေးထားတဲ့ ချူလုံးလေးပျောက်သွားလို့ အနားကကိုင်းပင်တွေထဲမှာ ရှာနေချိန်မှာပဲ နောက်ဘက်က ဓာတ်မီးရောင်ကြောင့် လှည့်ကြည့်လိုက်ပါတယ်။ သူပျောက်နေတဲ့ချူလုံးလေးကတော့ ဟိတိုရှိလက်ထဲမှာပါ။ တိုက်ဆိုင်မှုတစ်ခုနဲ့စတင်ဆုံတွေ့ခဲ့တဲ့သူတို့နှစ်ယောက်က မြင်မြင်ချင်း ချစ်သွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ရေးကသိပ်ကိုအဆင်ပြေနေခဲ့ပါတယ်။ ဟိတိုရှိက သူ့ရဲ့ညီဖြစ်သူ "ဟိအိရဂိ"နဲ့စဆုကိတို့ဆုံဖို့အတွက် ခေါ်သွားပေးခဲ့ပါတယ်။ အတူထမင်းစားကြရင်းနဲ့ ဟိအိရဂိရဲ့ရည်းစား"ယုမိကို"က လရိပ်ဖြစ်စဉ် အကြောင်းကို ပြောပြခဲ့ပေမဲ့ သူအတွေ့ချင်ဆုံးဖြစ်တဲ့သူ့ချစ်သူက ဘေးမှာရှိခဲ့တဲ့အတွက် မလိုအပ်ဘူးလို့ပြောခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်က အခန်းငှားဖို့အတွက်သွားကြည့်ပြီးနောက် တံတားတစ်ခုပေါ်မှာ နှုတ်ဆက်စကားပြောပြီးအိမ်ကိုပြန်ခဲ့ကြပါတယ်။ ညသန်းခေါင်ရောက်တော့ စဆုကိဆီကိုဖုန်းဝင်လာခဲ့ပါပြီ။ ဟိတိုရှိနဲ့ ယုမိကိုတို့နှစ်ယောက် ကားမတော်တဆမှုဖြစ်ပြီး ဆုံးသွားတဲ့သတင်းပါပဲ။ အဆင်ပြေနေတဲ့အခြေအနေကနေ ခုလိုခွဲခွာရတာကို စဆုကိတစ်ယောက် ဘယ်လိုမှလက်မခံနိုင်ခဲ့ပါဘူး။ တံတားပေါ်မှာတုန်းကသာ ငါသူ့ကိုတားခဲ့လိုက်ရင်ဆိုပြီး အပြစ်ရှိတဲ့စိတ်နဲ့ အိပ်မက်ဆိုးတွေညတိုင်းမက်တဲ့အနေအထားရောက်လာပါတယ်။ အတိတ်မှာပဲ နစ်မွန်းနေပြီး ချစ်သူကိုမစွန့်လွှတ်နိုင်တဲ့စဆုကိက "လရိပ်ဖြစ်စဉ်"အကြောင်းကိုသတိရသွားခဲ့ပါတယ်။ "လရိပ်ဖြစ်စဉ်"အတိုင်းလုပ်နိုင်ခဲ့ရင် ချစ်သူတွေကိုပြန်တွေ့ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့လိုက်ပြီးစုံစမ်းကြပါတော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.6GB) / (800MB) Quality__1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:30:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Crime • Drama • Mystery • Thriller
6.1 2021 92 mins
Moonlight Shadow
Reign of Fire
6.2

Game of Thrones ထဲက နဂါးကြီးတွေကို သဘောကျ နှစ်ခြိုက်ကြတဲ့သူတွေ အများအပြားရှိပါလိမ့်မယ်။ ဝံ့ကြွားလှပတဲ့ကိုယ်ဟန်နဲ့၊ ဝါညီးထွန်းတောက်တဲ့ မီးတောက်တွေ မှုတ်ထုတ်လို့ ခံ့ညားလှတဲ့ သတ္တဝါကြီးတွေပေါ့။ ဒီတော့ လူကြီးမင်းရဲ့ အိမ်အောက်မှာ အ‌ပေါက်တစ်ခုတွေ့လို့ ဆင်းကြည့်ရင်း နဂါးကြီးတစ်ကောင်နဲ့ ပက်ပင်းတိုးမိတယ်ဆိုပါစို့။ အကြံပေးချင်တာကတော့ Game of Thrones ကို မေ့လိုက်ပြီး ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင်သာပြေးပါ။ ဘာလို့လဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုစားနိုင်ပါတယ်။ ခေတ်မီစက်မှုကာလ မျက်မှောက်ခေတ်၊ လူတွေဟာ ငွေနောက်လိုက်ရင်း ငွေရှာရင်း အသက်ကြီးလာ၊ ငွေနောက်လိုက်ရင်းပဲ သေကြရတဲ့အချိန်ပေါ့။ ဒီတော့ လောကဇာတ်ဆရာက ပျင်းရိငြီးငွေ့လာပုံရပါတယ်။ မြေကြီးထဲမှာ အိပ်ပျော်နေတဲ့ နဂါးတစ်ကောင်ကို နိုးထစေလိုက်တယ်။ သံချပ်ကာ အကြေးခွံချပ်တွေနဲ့၊ နိုက်ထရို နက်ဖလင်းမီးတောက်တွေမှုတ်ထုတ်နေတဲ့ နဂါးကြီးဟာ လှပသလောက် အန္တရာယ်မ‌ျားလှပါသတဲ့။ စာရေးဆရာက ဘယ်လောက်တောင် ညွှန်းလိုက်သလဲဆိုရင် ဒိုင်နိုဆောတွေကို မီးလောင်တိုက်သွင်းခဲ့တာ သူတို့ပါတဲ့။ သူတို့ကြောင့် ရေခဲခေတ်ကိုရောက်၊ သူတို့က သက်ရှိမှန်သမျှ စားပစ်ကြပြီး စားစရာမရှိ ငတ်မွတ်လာတဲ့အခါမှာ မြေအောက်ကိုဝင်ပြီး တစ်ရေးအိပ်နေကြပါသတဲ့။ ကမ္ဘာပေါ်မှာ သက်ရှိတွေ ပြန်ပြည့်လာမယ့်အချိန်ကို စောင့်နေကြတာပေါ့။ နဂါးကြီးဟာ အဖော်အပေါင်းတွေနဲ့ ပြန်လည်နိုးထလာပြီး လူ့လောကကို သိမ်းပိုက်လိုက်ပါတယ်။ တွေ့သမျှကို မီးလောင်တိုက်သွင်း၊ အသက်ရှိသမျှ စားလာလိုက်တာ လူ့ပြည်ပျက်တဲ့အထိပေါ့။ ရှိသမျှလက်နက်တွေ နျူတွေနဲ့ ခုခံခဲ့ပေမဲ့ သူတို့ဘက်ကနေ ကမ္ဘာကို ကူဖျက်ပေးမိသလိုပဲ ဖြစ်ခဲ့တယ်ဆိုပဲ။ ဂွတော့အကျသားဗျ။ ဒီတော့ လူအနည်းငယ်သာ ထွက်ပြေးလွတ်မြောက်လာပြီး အကာအကွယ်နေရာတွေမှာ စားစရာကြံဖန်ပြီး မြေအောင်းကြွက်တွေလို နေရတဲ့ခေတ် ရောက်သွားတာပေါ့လေ။ ဒီတော့ နဂါးအုပ်စိုးတဲ့ နဂါးတို့ပလ္လင်ကို လူတွေ ဘယ်လိုပြန်လုကြမလဲဆိုတာ ကြည့်ရမယ့် ဇတ်ကားတစ်ကားပါ။ ခေတ်မီကာလမှာ ခေတ်ဟောင်းသတ္တဝါကို ထည့်ရိုက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ကားပေါ့။ Cast တွေကလည်း မညံ့လှဘူးဗျ။ Interstellar ဇာတ်ကားရဲ့မင်းသားကြီး McConaughey က အဓိကသရုပ်ဆောင်ထားပြီး ၊ Christian Bale , Gerard Butler တို့လို မင်းသားကြီးတွေနဲ့ အလန်းပါပဲ။ IMDb 6.2 ဆိုတော့ apocalypse ကားတစ်ကားအတွက် တော်တော်မြင့်နေပါပြီ။ ပြန်လည်ရှုစားကြပါစို့။ File size…(2.4 GB)/(700 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • Romance
6.2 2002 101 mins
Reign of Fire
The Matador
6.3

The Matador(2005) ****************** လူ့ဘဝမှာ သူငယ်ချင်းတွေ၊ ဘော်ဒါတွေ အများကြီးရှိကြပေမယ့်လည်း မိတ်ဆွေကောင်း/ သူငယ်ချင်းကောင်းတစ်ယောက် ဟုတ်/မဟုတ် ဆိုတာ လွယ်လွယ်ကူကူဆုံးဖြတ်လို့မရပါဘူး။ နောက်ပြီး မိတ်ဆွေကောင်းတန်ဖိုးဟာ ဘယ်လောက်ထိရှိလဲဆိုတာ မသိတဲ့သူတွေ အများကြီးပါ။ ဒီကားလေးကို ကြည့်ရင်း မိတ်ဆွေကောင်းတွေကို တန်ဖိုးထားနိုင်ကြပါစေ။ ဂျူလီယန်ဟာ ကြေးစားလူသတ်သမားဖြစ်ပြီး ငွေအများကြီးပေးတဲ့အလုပ်ကိစ္စမျိုးကိုသာ လုပ် ကိုင်ပေးလေ့ရှိပါတယ်။ အိမ်ထောင်မရှိ၊ သားသမီးမရှိ၊ ဘာအနှောင်အဖွဲ့မှမရှိဘဲ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ သူ့မွေးနေ့မှာ သူ့ကို ဘယ်သူကမှ အမှတ်တရ လက်ဆောင်ပေးတာတွေ၊ နှုတ်ဆက်စကားလှမ်းပြောတာတွေမရှိတဲ့အပြင် သူဖုန်းဆက်သမျှ လူတိုင်းက လည်း သူ့ကိုအရေးတယူ ပြန်မဆက်ဆံတဲ့အတွက် အဖော်မဲ့၊ မိတ်ဆွေမဲ့တဲ့သူ့ရဲ့ဘဝကို စိတ်အပျက်ကြီး ပျက်မိသွားပါတော့တယ်။ တစ်ရက်မှာ အရောင်းကိုယ်စားလှယ်တစ်ယောက်နဲ့ သောက်ရင်းစားရင်း မိတ်ဆွေဖြစ်သွားပါတယ်။ အဲ့ဒိလူက သူ့ကိုစကားရောဖောရောလောက်ဆက်ဆံပေမယ့် မိတ်ဆွေ အရမ်း လိုချင်နေတဲ့ ဂျူလီယန်က အတင်းလိုက်ကပ်ပါတော့တယ်။ လူသတ်သမားတစ်ယောက်ဖြစ်နေကြောင့် မိတ်ဆွေ သူငယ်ချင်းမလုပ်ချင်တဲ့သူများနေတဲ့ ဂျူလီယန်ခမျာ လိုချင်နေတဲ့ မိတ်ဆွေစစ်စစ်ကို တကယ် ရနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ ခံစားကြည့်လိုက်ပါဗျာ။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီယာ့စ်ဘရွန်နန်ဟာ ၂၀၀၅ ခုနှစ် ရွှေကမ္ဘာလုံးဆုအတွက် စကာတင်အမည်စာရင်းမှာပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဇာတ်ကားကောင်း ဟုတ်/ မဟုတ် လက်တို့ပြောဖို့ လိုမယ်မထင်ပါဘူးဗျာ။ File Size :(1.9GB)(and (758MB) Quality :Blu-Ray 1080P, 720p Format…mp4 Duration…01:36:00 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

Comedy • Drama • War & Politics
6.3 2005 96 mins
The Matador
The Lovebirds
6.1

Eternalsဇာတ်ကားမှာ Bollywood ကိုရောက်နေတဲ့ Eternal Kingoအ‌နေနဲ့သရုပ်ဆောင်ခဲ့တဲ့Kumail Nanjiani (ပိုးဟပ်မှာ ပုံအသုံးခံလိုက်ရလို့နာမည်ကြီးသွားတဲ့ဆရာကြီး)နဲ့ အာသွက်လျှာသွက် Comedy movie အများစုမှာပါ၀င်နေကျဖြစ်တဲ့ Issa Raeတို့ရဲ့ အချစ်ဟာသဇာတ်ကားလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျီဘရန်နဲ့ လီလာနီဆိုတာက တကယ့်ထူးထူးခြားခြားအတွဲ။ ဂျီဘရန်ဆိုတာက ပါကစ္စတန်သား ကမ္ဘာကြီးကိုအဆိုးဘက်ကနေပဲ ကြည့်တတ်သလို ဘ၀ကြီးမှာ ဘာမှမစွန့်စားရဲ ပိုနေမြဲကျားနေမြဲနေတတ်သူ စိတ်လှုပ်ရှားတဲ့အချိန်ဆို ဘာမဟုတ်တဲ့ အကြောင်းအရာတခုကအစ တောင်စဉ်ရေမရလျှောက်ပြောလိုက်ရမှ။ အန္တရာယ်ဆိုတာနဲ့ ပြေးလိုက်ရမှဆိုတဲ့လူမျိုး။ လီလာနီဆိုတာက လူမည်းအမျိူးသမီး အရမ်းလည်းစပ်စု ပါလေရာငပိချက် ပြောချင်တဲ့အကြောင်းအရာတခုကို ကရားရေလွှတ် အဆုံးထိဖြစ်ချင်ရာဖြစ် ပြောထည့်လိုက်ရမှကျေနပ်တဲ့လူမျိုး။ ဒီလိုမျိုးနဲ့ ချိန်းတွေ့မယ့်စားသောက်ဆိုင်ရွေးတာကအစ ရန်တကျက်ကျက်ဖြစ်နေရတဲ့ သူတို့နှစ်ယောက် ‌ တနေ့မှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ကြရင်းနဲ့ မတော်မဆ လူသတ်မှုတခုထဲဆွဲထည့်ခံလိုက်ရပါတော့တယ်။ ဒီလူသတ်မှုမှာ အပြစ်မရှိတာကို သက်သေပြနိုင်ဖို့ လီလာနီရဲ့ မဟာအကြံကြီးအတိုင်း စုံစမ်းကြတာကနေ သူတို့ ဘုနဲ့ဘောက်အတွဲ ဘယ်လိုမျိုး တလွဲတွေဖြစ်ဦးမှာလဲ။ သူတို့ရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်မှာလား။ သူတို့ရဲ့အရင်တည်းကဆိုးရွားလာနေတဲ့ realtionship ကိုရော ပြန်အဖတ်ဆယ် ကယ်တင်နိုင်ဦးမလား။ အဆုံး‌မှာဘယ်လိုမျိုး ဒီဇာတ်လမ်းလေးတခု ပြီးဆုံးသွားမလဲဆိုတာကို the lovebirds ဆိုတဲ့ အချစ်ဟာသဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦးခင်ဗျ။

Comedy • Family
6.1 2020 87 mins
The Lovebirds
Ice Age: Dawn of the Dinosaurs
6.9

ဒီဇာတ်ကားက Ice age franchiseရဲ့ တတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီကားရဲ့အဓိကဇာတ်​ဆောင်က အချစ်​တော် ဆ​လော့တ် ဆစ်ဒနီပဲဖြစ်ပါတယ်။ ကမ္ဘာဦး​ရေခဲ​ခေတ် မှာ သူတို့မသိထားတဲ့ ​မြေ​အောက်ကမ္ဘာတစ်ခု ရှိ​နေခဲ့ပြီး တစ်​နေ့မှာ အဲဒီကမ္ဘာကို သွားတဲ့ဝင်​ပေါက်တစ်ခုကို ဆစ်ဒ်က ကံ​အား​လျော်စွာ ရှာ​တွေ့သွားခဲ့ပါတယ်။ မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ဆစ်ဒ်ဟာ သူငယ်ချင်း မန်နီရဲ့မိသားစုဘဝကို အားကျ​တာ​ကြောင့် ကိုယ်ပိုင် မိသားစုတစ်ခုကို လိုချင်​နေခဲ့တာပါ။ ဒါ​ကြောင့် မြေ​အောက်ကမ္ဘာ မှာ​ ​တွေ့ခဲ့တဲ့ဥသုံးလုံးကို ဘူမသိကိုးမသိ ​မြေ​ပေါ်ကမ္ဘာကိုယူလာပြီး သူ့က​လေး​တွေလို ​ပျိုး​ထောင်ဖို့ လုပ်ခဲ့ပါတယ်။ ဖြစ်ချင်​တော့ အဲဒီဥ​တွေဟာ ဒိုင်နို​ဆောဥ​တွေဖြစ်​နေပြီး မိခင်ရင်း ဖြစ်သူ ဒိုင်နို​ဆောမကြီးက ​မြေ​ပေါ်အထိ တက်လာပြီး သူ့က​လေး​ ​တွေကို ပြန်လာ​ခေါ်ရင်း ဥ​တွေကိုယူသွားတဲ့ ဆစ်ဒ်ကိုပါ ဖမ်းသွား လို့ မန်နီ ဒီ​ယေဂိုနဲ့ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်​နေတဲ့ အယ်လီတို့ တစ်သိုက်ခမျာ သူတို့မကျွမ်းဝင်တဲ့ ​မြေ​အောက် ဒိုင်နို​ဆောကမ္ဘာ အထိလိုက်ပြီး ဆစ်ဒ်ကိုကယ်ဖို့ ကြိုးစားရပါ​တော့တယ်။ File size… 7.3 GB / 2.4 GB / 1.1 GB Quality… Web-DL 4K HDR / 1080p / 720p Format… mp4 Duration…. 1h 21m Genre ….. Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Thriller
6.9 2009
Ice Age: Dawn of the Dinosaurs
Anak Titipan Setan
5

Anak Titipan Setan (2022) ========================== ဒီတစ်ခါမိတ်ဆက်​ပေးမှာက​တော့ ၂၀၂၂ မှာထွက်ရှိထားပြီး ဂျာရန်ပီနိုရန်နတ်ဆိုး (ခ) မြင်း​ခေါင်းနတ်ဆိုးအ​ကြောင်းကိုရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖို အင်ဒိုနီးရှားကား​ခေး Anak Titipan Setan ဆိုတဲ့ကား​လေးနဲ့ပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း မိခင်ဆာရီတစ်​ယောက် ဘာ​အ​ကြောင်းပြချက်မှမရှိပဲ သားဖြစ်သူ ဇီကာကို ဆုံးရှုံးသွားတဲ့အပြင် ​ယောကျာ်းဖြစ်သူကပါ သတ်​သေသွားတာ​ကြောင့် သူ့ဘဝကို စိတ်ကုန်​နေတုန်း ​ယောက္ခမဖြစ်သူ နတ်ဆိုးဂျာရန်ပီနိုရန်နဲ့ အ​ပေးအယူလုပ်ထားတာကို သိရှိသွားပါတယ် ​​မိမိဥစ္စာချမ်းသာဖို့အတွက် နတ်ဆိုးဆီ ၁၀နှစ်တစ်ခါ မိမိ​သွေးသားကို ယဇ်ပူ​ဇော်ဆက်သမယ်ဆိုတဲ့ ကတိနဲ့ သ​ဘောတူခဲ့တဲ့ ​ယောက္ခမအ​ကြောင်းကိုသိသွားပြီး​နောက် ဆာရီတစ်​ယောက် ​​ယဇ်ပူ​ဇော်ပသလို့မရ​အောင်​နှောင့်ယှက်ပါ​တော့တယ် ​ပေးခဲ့တဲ့ ကတိကိုမတည်တဲ့ ​ဆာ့ရီယောက္ခမ နတ်ဆိုးရဲ့ အသက်နှုတ်ခြင်းကိုခံရပြီး​နောက် အငယ်ဆုံးသမီးဖြစ်သူ ပူထရီ အိမ်ကိုပြန်​ရောက်လာပါ​တော့တယ် ပူထရီတစ်​ယောက် အိမ်ပြန်​ရောက်ပြီး​နောက် ဘယ်လိုဖ့စ်ရပ်​တွေဆက်ဖြစ်လဲ ဘယ်လိုသည်းထိတ်ရင်ဖို​ကြောက်မက်ဖွယ်ရာ​တွေကိုရင်ဆိုင်ရမလဲဆိုတာ​တွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုမယ့်​ကား​​ကောင်း​လေးတစ်ကားဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထာသူကတော့ DB ပါ ) File size_(600MB) Quality_ 720p Format_mp4 Duration_01:48:00 Genre_ Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

5 2023
Anak Titipan Setan
Azrael
5.8

The Haunting of Bly Manor စီးရီးရဲ့ ပရိုဂျူဆာဖြစ်သူ E.L. Katz ရိုက်ကူးထားတဲ့ ဟော်ရာ အက်ရှင် ရုပ်ရှင်အသစ် ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ချီဆောင်ခြင်းခေါ် ခရစ်ယာန် ဘာသာရေးယုံကြည်မှုအရ ကမ္ဘာကြီးရဲ့ အဆုံးသတ်အပြီး နှစ်အတော်ကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အသက်ရှင်ကျန်တဲ့လူနည်းစုတွေအကြောင်းပါပဲ။ အဲဒီထဲက လူအတော်များများကလည်း စကားမပြောကြတော့ဘူး ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင် မင်းသမီးကတော့ အကျဉ်းစခန်းတစ်ခုထဲကနေ ထွက်ပြေးလာတဲ့သူဖြစ်ပြီး သူ့ကို ရှေးဟောင်းမကောင်းဆိုးရွား တစ်ကောင်ဆီမှာ ယဇ်ပူဇော်ဖို့ ကြိုးစားတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ရင်ဆိုင်ရပြီး အသက်ရှင်ဖို့ ရုန်းကန်တိုက်ခိုက်ရပုံတွေကို ပြထားတာဖြစ်ပါတယ်။ အသတ်အဖြတ်ခန်းတွေ ကြမ်းတာမို့ ကလေးတွေ မကြည့်သင့်ကြောင်းတော့ သတိပေးလိုပါတယ်။ File size…1.37 GB / 764 MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

5.8 2024
Azrael
The Bodyguard
5.8

CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြင်တွေ့နေကျ ကိုယ်ရံတော်မျိုးမဟုတ်တဲ့ အမျိုးသမီး ကိုယ်ရံတော်ကိုအဓိကထားပြီး ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် နာမည်ကြီး ဇီဝဆေးဝါးလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသားဖြစ်သူကဖော်မြူလာအသစ်တစ်ခုကို စမ်းသပ်သုတေသနလုပ်နေရင်း အောင်မြင်လုဆဲဆဲမှာတော့ အဲ့ဒီဆေးဝါးသုတေသနအချက်အလက်ကိုလိုချင်တာကြောင့် လိုက်လံနှောင့်ယှက်နေတဲ့လူတစ်စုရန်ကနေကာကွယ်ပေးဖို့ အဖေဖြစ်သူက ကိုယ်ရံတော်ငှားပေးခဲ့ရာကနေမှ လင်သခင်လေးနဲ့ ကိုယ်ရံတော်မလေး ‌ကျုံးရှောင်နန်တို့ဆုံတွေ့ခဲ့ကြပါတယ် လင်သခင်လေးရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဒေသခံရဲစခန်းကတာဝန်ခံခဲ့ပြီး ရဲမှူးကိုယ်တိုင်ကလည်းလိုက်လံကာကွယ်ပေးနေပေမယ့် စခန်းမှူးကိုယ်တိုင်က မသမာသူဘက်ကဖြစ်နေခဲ့တာမို့လို့ သူတို့ဘယ်ပဲသွားသွားလုပ်ကြံခံခဲ့ရပါတယ် အဲ့လိုနဲ့နောက်ဆုံး ဘယ်သူမှမသိတဲ့နေရာကို အရောက်သွားပြီးတော့ ဆေးဝါးစမ်းသပ်မှုကို အပြီးသတ်နိုင်ခဲ့တဲ့အချိန်မှာတော့ သူတို့ဆီကို မသမာသူအုပ်စုကရောက်ရှိလို့လာပါတော့တယ် ယုံကြည်ရသူတွေကြီးပဲသိတာမို့လို့ ဘယ်သူက သစ္စာဖောက်သွားတာလဲဆိုတာကို ဒီအက်ရှင်ကားလေးမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်နော်

5.8 2024
The Bodyguard
Babu
6.7

Babu (2024) “ဘာဘူ” မာရသီစကားပြော ရိုမန့်တစ် အက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် တစ်ခါတုန်းက နယ်တစ်နယ်မှာ တရားမဝင်လုပ်ငန်းတွေခွင့်ပြုတဲ့ ခရိုင်မှူးတစ်ယောက်ရှိပြီး သူ့ကိုဆန့်ကျင်တဲ့လူတွေထဲမှာ ချာရူဆိုတဲ့ ရဲရင့်လှပတဲ့ ကောင်မလေးလည်း အပါအဝင်ပါ ခရိုင်မှူးရဲ့သားက သတ္တိခဲမလေး ချာရူကိုမှ သဘောကျသွားခဲ့ပြီး အချစ်ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့တယ် ခရိုင်မှူးကို ထောက်ခံတဲ့လူတစ်ယောက်က သတင်းပေးလိုက်တဲ့အခါမှာတော့ ခရိုင်မှူးက သူ့သားနဲ့ ချာရူတိုရဲ့ ချစ်ခြင်းကိုခွဲခဲ့ပြီး ချာရူရဲ့အဖေကလည်း ထူးဆန်းစွာနဲ့ သေဆုံးသွားတဲ့အခါမှာ ဘယ်လို လက်စားချေဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာလဲ ခံစားကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama • Comedy
6.7 2024 139 mins
Babu
My Annoying Brother
8.3

My Annoying Brother (2024) ချိုးဖျက်မရတဲ့ နှောင်ကြိုး ================================= ၂၀၁၆ က နာမည်ကြီးခဲ့တဲ့ ” My Annoying Brother” ဆိုတဲ့ ကိုရီးယားကားလေးကို ကိုးကား ထားတဲ့ အင်ဒိုနီးရှားဒရမ်မာလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံအဆင့် ဂျူဒိုအားကစားသမားလေး ကမ်မယ်လ်ဟာ ပြိုင်ပွဲတစ်ခုမှာ ထိခိုက်မိပြီး မျက်စိအမြင်အာရုံ ဆုံးရှုံးခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားတဲ့သူ့အဖို့ အားကိုးရာဆိုလို့ အစ်ကိုတစ်ယောက်ပဲ ရှိတာပါ။ အစ်ကိုကလည်း ထောင်ကျနေတာ ကြာပြီဖြစ်တဲ့အတွက် သူ့အဖို့ နေ့စဉ်ဘဝနေထိုင်မှုဟာ ခက်ခဲလာရပါတယ်။ အဲဒီအချိန်မှာပဲ သူ့အစ်ကို ဂျာယာက ကမ်မယ်လ်ကို အကြောင်းပြချက်အဖြစ်သုံးလို့ ခံဝန်လက်မှတ်ထိုးပြီး ထောင်ကလွတ်ငြိမ်းခွင့် ရလာပါတယ်။ အချိန်အတော်ကြာ အနေဝေးခဲ့ရတဲ့ ညီအစ်ကိုနှစ်ယောက်အဖို့ အတူပြန်တွေ့ရချိန်မှာ သိပ်အစေးမကပ်လှပါဘူး။ အဲဒီလိုနဲ့ပဲနှစ်ယောက်သား အလွဲလေးတွေကြုံရင်း၊ ရန်သတ်ရင်း နေ့ရက်တွေကို အတူဖြတ်သန်း နေထိုင်လာပါတယ်။ ညီအစ်ကို၊ မောင်နှမဆိုတာ မတည့်လည်းအတူနေရန်သတ်၊ မမြင်ရင်မနေနိုင် ချောင်းကြည့်ဆိုတဲ့ အတိုင်း သွေးကစကားပြောတာမို့ ကမ်မယ်လ်တို့ညီအစ်ကိုလည်း အတိတ်ကသူတို့ အဆင်ပြေခဲ့စဉ်ကာလတွေကိုအမှတ်ရလာပြီး လောကကြီးထဲ သူတို့နှစ်ဦးသာအားကိုးရာဆိုတာကို သိမြင်လာတဲ့အခါမှာတော့………… သူတို့နှစ်ဦး ဘယ်လိုလွဲချော် ရန်ဖြစ်နေကြလဲ၊ ဘယ်လိုပြန်အဆင်ပြေမလဲ၊ ကမ်မယ်လ်ရဲ့အမြင်အာရုံကရော ရှေ့ဆက်ဘယ်လိုဖြစ်မလဲ၊ ဂျာယာကရော အရင်လိုဆိုးသွမ်းမိုက်မဲနေဆဲလား၊ ပြုပြင်ပြောင်းလဲလာမလားဆိုတာ သူတို့ရဲ့ ရင်ကိုထိခတ်စေတဲ့ ညီအစ်ကိုသံယောဇဉ်နဲ့အတူ ကြည့်ရှုအားပေး ခံစားကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ ToMo~Cym~KKKZ~STAR တို့ပဲဖြစ်ပါတယ်။

Drama • Thriller
8.3 2024 114 mins
My Annoying Brother