YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Princess Royal E10 720p WEB-DL CM.mp4

326.49 MB N/A video/mp4 180 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nefarious
6.6

Nefarious (2023) တကယ်လို့ သင်က Mystery အမျိုးအစားကြိုက်တယ်ဆိုရင်တော့ ဒီကားကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က IMDb rating 6.3 ရရှိထားပေမယ့် Rotten Tomatoes ကတော့ 33% ပဲ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ဇာတ်လမ်းအရ ကောင်းပေမယ့် တချို့လူတွေ သဘောမတွေ့နိုင်လောက်တဲ့ ရုပ်ရှင်ဖြစ်နေလို့ပါ။ ရုပ်ရှင်မှာလည်း နာမည်ကြီးမင်းသား မင်းသမီးတွေ မပါဝင်သလို Low budget နဲ့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အဲလို ရိုက်ထူးထားတာဆိုပေမယ့်လည်း သူ့အတိုင်းတာနဲ့သူ အောင်မြင်ခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁.၃ သန်း ပြန်မြတ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားပြည်နယ်မှာ အဆိုးဆုံးကွင်းဆက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ လူသတ်သမား အက်ဝါ့ဒ်ဝိန်းဘရက်ဒီကို လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးဖို့အတွက် ထောင်မှာ သီးသန့်ချုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အပြစ်သားရဲ့ စိတ်အခြေအနေဟာ အရမ်းကို ရူးသွပ်နေတယ်ဆိုရင် ပြည်နယ်ဥပဒေအရ သေဒဏ်ချဖို့ မဖြစ်နိုင်တာကြောင့် သေဒဏ်ချဖို့ကို ရွှေ့ဆိုင်းထားရတာပါ။ သူ့အခြေအနေကို လေ့လာဆန်းစစ်နေတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် သေသွားတာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒေါက်တာ ဂျိမ်းစ်မာတင်ကို သေဒဏ်ချဖို့ အချိန်မတိုင်ခင် ထောင်ဆီ လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဂျိမ်းစ်လည်း လူသတ်သမားနဲ့ နှစ်ယောက်တည်း စကားပြောကြည့်တဲ့အခါမှာ အက်ဝါ့ဒ်က သူဟာ လူမသတ်ခဲ့ကြောင်း သူ့ကို နာဖာရီးယားမက်စ်ဆိုတဲ့ နတ်ဆိုးက ပူးကပ်ပြီး လူတွေကို သတ်ခဲ့တာဖြစ်ကြောင်း ပြောလာပါတယ်။ တကယ်ပဲ အက်ဝါ့ဒ်ကို နတ်ဆိုးက ပူးကပ်နေတာလား ဒါမှမဟုတ် ရူးသွပ်နေတဲ့ လူသတ်သမားတစ်ယောက်လားဆိုတာကို ဇာတ်ကားအဆုံးထိ မေးခွန်းတွေ များစွာနဲ့ ရင်တထိတ်ထိတ် ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 969MB | 456MB | 227MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Action • Crime • Drama
6.6 2023 98 mins
Nefarious
Miracle in Cell No. 7
8.8

Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။ အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ သမီးဖြစ်သူ ကာသီကာနဲ့အတူ အဖေတစ်ခု သမီးတစ်ခု နေထိုင်ကြတာပါ။ တစ်နေ့မှာ နိုင်ငံရေးသမားတစ်ယောက်ရဲ့ သမီးဖြစ်သူသေဆုံးမှုထဲ ဒိုဒိုတစ်ယောက် ဝင်ပတ်သက်မိရာကနေ မုဒိမ်းမှုနဲ့ လူသတ်မှုပါအဆစ်ရကုန်ပြီး ထောင်ထဲ‌တန်းရောက်ကာ ‌သမီးဖြစ်သူနဲ့ မတွေ့ရတော့တာပါပဲ။ ကိုယ့်သမီးသေသွားတဲ့အတွက် မဲမဲမြင် ထောင်ထဲထည့်ချင်တဲ့ နိုင်ငံရေးသမား၊ မတရားစွပ်စွဲခံရပြီး သမီးနဲ့ရှင်ကွဲကွဲရတဲ့ ဉာဏ်ရည်မမှီတဲ့ လက်လုပ်လက်စားလေး ဒိုဒို၊ သမီးဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ကိုယ်ချင်းစာပြီး ဒိုဒိုကိုကူညီပေးတဲ့ ထောင်ပိုင်တို့ရဲ့ မတူညီတဲ့ ခံစားချက်တွေနဲ့ ဖခင်သုံးမျိုးသုံးစားကို မြင်တွေ့ရမယ့်အပြင် ထောင်သားတွေရဲ့ဒိုဒို့အ‌ပေါ်ထားတဲ့ အကြင်နာတရားကိုကြည့်ပြီး ကိုယ်ပါ သူတို့နဲ့အတူ ဝိုင်းကူချင်စိတ်ပေါက်သွားစေမယ့် ဇာတ်ကားလေးပါ။ မူရင်းဇာတ်လမ်းသွားကိုမှ အင်ဒိုနီးရှား အငွေ့အသက်တွေနဲ့ဆိုတော့ remake လို့တောင် မခံစားရစေမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဒီကားဟာ အရင်ကားတွေလိုမျိုးပဲ ရင်ထဲနင့်စေမယ့်ဇာတ်ကားမျိုးဖြစ်တာကြောင့် တစ်ရှူးလိပ်လေးဆောင်ရင်းကြည့်ဖို့တော့ အကြံပြုချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Family Quality…. 1080p | 720p | 480p File size… 2.2GB | 1GB | 515MB Format… mp4 Duration…. 2h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron

Thriller
8.8 2022 145 mins
Miracle in Cell No. 7
Belfast
7.1

Belfast 2021 ဟာဆိုရင် tomatometer 86% နဲ့ Imdb rating 7.6 ရထားတဲ့ ကားကောင်းလေးတစ်ကားပါ ဒီကားမှာ ဒါရိုက်တာ Kenneth Branagh ဟာ သူ့ရဲ့ ကိုယ်တွေ့အတွေ့အကြုံကို ရုပ်ရှင်ကားအနေနဲ့ ဖန်တီးထားတာပါ အဲဒါကြောင့် လက်တွေ့လောကို ထင်ဟပ်နေတဲ့ အရေးအသားတွေကို ကြည့်ရှုသူတွေ သတိပြုမိပါလိမ့်မယ် ဇာတ်လမ်းအကျဥ်းကတော့ ၁၉၆၀ ခုနှစ်ဝန်းကျင်က Belfast ဆိုတဲ့မြို့မှာ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နေကြတဲ့ အောက်ခြေလူတန်းစား ရပ်ကွက်တစ်ခုရှိခဲ့ပါတယ် အဲဒီရပ်ကွက်မှာ Buddy ဆိုတဲ့ ကောင်လေးတစ်ယောက်လည်းနေပါတယ် Buddy ဟာ အသက် ၉ နှစ်ရှိပြီဖြစ်ပြီး ရပ်ကွက်ထဲမှာ လူချစ်လူခင်များတဲ့ ကလေးတစ်ယောက်ပါ ဒါပေမယ့် သူတို့နေထိုင်တဲ့ အေးချမ်းတဲ့ ရပ်ကွက်လေးဟာ ဘာသာရေးဂိုဏ်းအချင်းချင်း အဓိကရုဏ်းဖြစ်အပွားမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်လာပါတော့တယ် အဲဒီလို အဓိကရုဏ်းဖြစ်စဥ်တွေဟာ Buddy ဆိုတဲ့ ကောင်လေးရဲ့ဘဝမှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာသလဲဆိုတာကို ဒါရိုက်တာ Kenneth Branagh ဟာ လက်တွေ့ဆန်ဆန်နဲ့ ပညာသားပါပါရိုက်ပြထားပါတယ် ဒီကားဟာ လက်တွေ့ဆန်ဆန်ဇာတ်ညွှန်းတွေကို ကြည့်ချင်သူတွေဖြစ်ဖြစ် ၁၉၆၀ ခုနှစ် က အိုင်ယာလန် မြောက်ပိုင်းက လူတွေရဲ့ လူနေမှုပုံစံတွေကို စိတ်ဝင်စားရင်ဖြစ်ဖြစ် ကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားလို့ ညွှန်းပါရစေ File size…(1.6 GB) / (900 Mb) / (500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Htet Wai Lwin

Action & Adventure • Drama • Sci-Fi & Fantasy
7.1 2021 98 mins
Belfast
96 Minutes
5.7

96 Minutes (2011) ============== ဥပဒေကျောင်းသူလေး ကာလေ၊ အချစ်ရေး ကံခေတဲ့ လီနာ၊ ဂန်းစတားတစ်‌ယောက်ဖြစ်ချင်တဲ့ ဂျစ်ကန်ကန် ကယ်ဗင်၊ ကယ်ဗင်နဲ့ပေါင်း‌ပေမဲ့ ဂန်းစတားဘဝရောက်မသွားချင်တဲ့ ဒရေး။ သူတို့လေးယောက်ရဲ့ ကံကြမ္မာက ၉၆ မိနစ်အတွင်း ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်လမ်း မျိုးပဲဖြစ်ပါတယ်။ ကယ်ဗင်က ဂျစ်ကန်ကန်လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် သူဖြစ်ချင်တဲ့ ဂန်းစတားအဖွဲ့ဝင်ဖြစ်ဖို့ ကားခိုးလိုက်တဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲ သူ့ရဲ့ဆုံးဖြတ်ချက်က လူလေးယောက်ရဲ့ ဘဝအပေါ် ဘယ်လောက်သက်ရောက်မှုဖြစ်သွားမလဲ။ အဲဒါ တွေကို မတူညီတဲ့ရှုထောင့်လေးခုကနေ ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing, June တို့ ဖြစ်ပါတယ်) File Size……….(740 MB) Quality…………BLU-RAY 1080p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….Khant Sett Naing, June Encoder……….SWM

5.7 2011
96 Minutes
Black Noise

Black Noise (2023) ရုပ်ရှင်ဟာ amazon prime က ထုတ်လုပ်ရိုက်ကူးတဲ့ scifi action ကားလေးကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကို အရိပ်အမြွတ်ပြောပြရမယ်ဆိုရင် အထူးလေ့ကျင့်ထားတဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုက တပ်ဖွဲ့တစ်ခုကို အရမ်းချမ်းသာတဲ့လူတွေသာ သိနိုင် သွားနိုင်ကြတဲ့ ကျွန်းတစ်ကျွန်းကို လူကယ်ဖို့ အတွက် လွှတ်လိုက်ရတာက စတာပါ။ အဲ့ကျွန်းမှာက ရုတ်တရက်ကြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်သွားပြီး မင်းသားတို့တပ်ဖွဲ့က ကယ်ရမဲ့ VIP တစ်ယောက်ရဲ့ GPS signal တစ်ခုသာ မိနေခဲ့တာပါ။ မင်းသားတို့က အဲ့ VIP ကို သွားကယ်ဖို့ ကြိုးစားတဲ့အခါမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ scifi ဆန်ဆန် မြင်နေကြ မဟုတ်တာတွေ ဘယ်လိုတွေ တွေ့ရမှာလဲ ကျော်ဖြတ်နိုင်မှာလား စတာတွေကို တစ်ကားလုံး ဖင်တကြွကြွနဲ့ ကြည့်နေရမှာ ဖြစ်လို့ scifi action ကားကောင်း ကြိုက်သူတွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်ခင်ဗျ။ File size…1.70GB / 837MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

0 2023
Black Noise
The Forbidden Play

The Forbidden Play (2023) “Kinjirareta Asobi” ~ MyDramaList – 6.8/10 ~ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ပထမအပတ်တုန်းက မြန်မာပြည်မှာရုံတင်သွားခဲ့တဲ့ ဂျပန် Horror, Thriller ဇာတ်ကား The Forbidden Play (2023) ကို တင်ဆက်ပေးလိုက်ပါတယ်။ ယာဉ်တိုက်မှုမတော်တဆဖြစ်စဉ်ကြောင့် မိခင်ဖြစ်သူ အီဟာရမီယူကီ (Ihara Miyuki) ရုတ်တရက် ဆုံးသွားတဲ့အခါမှာ သားဖြစ်သူ အီဟာရဟာရုတို (Ihara Haruto) က သွားလေသူမိခင်ကို အသက်ပြန်ရှင်လာဖိုအတွက် လက်ချောင်းတစ်ချောင်းကို ဖြုတ်ယူ၊ သူတို့အိမ်နောက်ဖေးမှာ မြေမြှုပ်နှံပြီး မိခင်ဖြစ်သူ အသက်ပြန်ရှင်လာဖို့အတွက် နေ့တိုင်းဆုတောင်းပေးနေရာကနေ ထိတ်လန့်ဖွယ်ရာတွေကို ဘယ်လိုတွေ့ကြုံရမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ The Forbidden Play ကိုရိုက်ကူးတဲ့သူကတော့ တစ်ခြားသူမဟုတ်ပါဘူး။ ဂျပန်မူရင်း Ring (1998), Ring 2 (1999), Dark Water (2002) တို့အပြင် L: Change the World (2008), Sadako (2019), “Stolen Identity” Trilogy (2018,2020,2024), Usogui (2022) အစရှိတဲ့ ဂန္ထဝင် Horror, Mystery, Thriller ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Hideo Nakata ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ Shimizu Karuma ရဲ့ Kinjirareta Asobi (The Forbidden Play) စာအုပ်ကို အခြေခံပြီး အဲဒီနာမည်နဲ့ပဲရိုက်ကူးခဲ့တာပါ။ Once Upon a Crime (2023), Karada Sagashi (2022) နောက်ပြီး Kingdom 1-4 မှာ Karyoten အဖြစ် သရုပ်ဆောင်ထားတဲ့ Kanna Hashimoto နဲ့ Daiki Shigeoka တို့ကအဓိကပါဝင်ထားပြီး First Summer Uika, Mayu Hotta, Shinobu Hasegawa တို့လိုသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ The Forbidden Play ဇာတ်ကားရဲ့ အင်္ဂလိပ်ဘာသာနဲ့ပိုစတာမှာ Scariest Japanese Horror Film of the Year ဆိုပြီးရေးထားပေမဲ့ တကယ်တမ်းတော့ အရမ်းကြောက်စရာမကောင်းပါဘူး။ ဂျပန်သရဲကားတွေထုံးစံ ဇာတ်လမ်းဇာတ်ကွက်က စိတ်ဝင်စားစရာကောင်းပြီး ဟာကွက်တွေရှိနေပေမဲ့ လန့်ချင်၊ ကြောက်ချင်ပါတယ်ဆိုကာမှ သရုပ်ဆောင်တွေရဲ့ အူကြောင်ကြောင်အကွက်တွေကြောင့် ထထရယ်နေမိပါလိမ့်မယ်။ တစ်နေရာမှာတော့ မထူးဆန်းလှတဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်း တစ်ခန်းတစ်လေပါလာလို့ ဒီကပြည်တွင်းရုံတွေမှာ ဆင်ဆာရရဲ့လားမသိဘူးလို့တွေးမိပါသေးတယ်။ အက်ရှင်ကားတွေလည်းမကြည့်ချင်၊ ဦးနှောက်သုံးရတဲ့ကားတွေလည်းမကြည့်ချင်၊ အရမ်းကြောက်ဖို့ကောင်းတဲ့သရဲကားတွေလည်းမကြည့်ချင်၊ “ကြည့်နေတုန်းကြောက်၊ ကြည့်ပြီးတာနဲ့မေ့” ဆိုတဲ့သရဲကားကို တစ်ညတာအတွက် အချိန်ဖြုန်းကြည့်ချင်ရင်တော့ Ring (1998) ကြောင့် King of the Japanese Horror Film Director တစ်ပါးလို့ ဒီနေ့ခေတ်အထိ နာမည်ကြီးနေတဲ့ ဒါရိုက်တာ Hideo Nakata ရဲ့ အခုကား The Forbidden Play (2023) ကိုကြည့်ဖို့ တိုက်တွန်းပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1GB Quality – 1080p, 720p Format – mp4 Duration – 1H 50Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Romance • Comedy • TV Movie
0 2023 110 mins
The Forbidden Play
ManSuang
7

မာန်စွမ် စံအိမ်တော်ရဲ့ အရှုပ်တော်ပုံ (၂၀၂၄) အစားကြမ်းတဲ့လူဆိုးလေးKinn Porsche အတွဲကိုမှ လွမ်းလှပါပြီဆိုတဲ့ ပရိသတ်ကြီးအတွက် ဒီCPအတွဲရဲ့ comeback movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ Kinn Porsche နဲ့မတူဘဲ ဒီဇာတ်ကားလေးမှာတော့ ၁၉ ရာစုအလယ် ဘုရင်ခေတ်နောက်ခံဇာတ်လမ်းနဲ့ ကြည့်ရှုခံစားရမှာပါ။ ပက်လျူဆိုတဲ့ရွာလေးကနေ ကချေသည်လုပ်ဖို့ မြို့တက်လာတဲ့ ခမ်နဲ့ဝမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် လူတစ်ယောက် တိုက်ခိုက်ခံနေရတာကို ဝင်ကယ်ရာကနေ လူသတ်သမားအဖြစ် စွပ်စွဲခံရတဲ့ဘဝကို ရောက်သွားပါတော့တယ်။ အသတ်ခံရတဲ့သူက ဖရာယာဘိုဒီဆွန်ရဲ့တူဖြစ်ပြီး အပြစ်ကိုရှောင်လွှဲချင်ရင်တော့ အလဲအလှယ်အနေနဲ့ သက်စွန့်ဆံဖျား တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒီတာဝန်ကတော့ လက်ရှိဘုရင် နန်းသက်ကုန်ခါနီး ဘုရင်သစ်လည်းမ‌မြှောက်ရသေးတော့ မင်းသားတွေ အချင်းချင်းအားပြိုင်တဲ့ဒီကာလမှာ ပုန်ကန်ချင်တဲ့သူတွေ လက်နက်မှောင်ခိုဝယ်တဲ့သက်သေဖြစ်တဲ့ အရောင်းအဝယ်လျှို့ဝှက်စာချုပ်ကို “မာန်စွမ်” ဆိုတဲ့ ပြဇာတ်အဖွဲ့ရဲ့စံအိမ်တော်ကြီးကနေ ရှာပေးဖို့ပါပဲ။ နဂိုထဲက အကကိုဝါသနာပါတဲ့ ခမ်နဲ့ဝမ်တို့ မာန်စွမ်မှာ‌ ထပ်ဆုံတဲ့ ချာတရာနဲ့အတူ နိုင်ငံရေးအားပြိုင်ပွဲ အာဏာလုပွဲထဲ ဘယ်လိုပတ်သက်မိမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary & Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Drama, History Quality…. 1080p | 720p File size… 1.2GB | 549MB Format… mp4 Duration…. 2h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary & Char Ou Encoder ….. Aaron

7 2024
ManSuang
Bull Durham
7

အားကစားသမား တစ်​ယောက် နာမည်​ကျော်ဖို့က ဇွဲ လိုတာလား၊ ကံလား ဉာဏ်လား၊ ဝီရိယ လား။ စန်း လား။ ဒါမှမဟုတ် ပါရမီလား။ ကယ်ရိုလိုင်းနား ပြည်နယ် ​မြောက်ပိုင်းက ဒါဟမ်မြို့ ​ဘေ့စ်​​ဘောအသင်းမှာ​တော့ ​Ebby ဆိုတဲ့ ​ရွှေလက်ပိုင်ရှင်​လေးက သူဟာ ဘယ်​လောက်ထိ ဖြစ်​မြောက်နိုင်တယ် ဆိုတာကို သတိမထားမိပဲ ​ရှိ​နေပါတယ်။ ပြာဖုံး​နေတဲ့ ပတ္တမြား​​လေး ကို အ​ရောင်တင်​ပေးဖို့ ​တချိန်တည်းမှာပဲ ​ဘေ့စ်​ဘောကို အလွန် နှစ်သက်တဲ့ Annie ဆိုတဲ့ ဆွဲ​ဆောင်မှုရှိလွန်းတဲ့ အမျိုးသမီး အပြင်၊ အ​တွေ့အကြုံများတဲ့ ​ဘောလုံးရိုက်သမားCrash တစ်​ယောက် ဒါဟမ် အသင်းဆီ​ရောက်လာတဲ့ အခါမှာ​တော့ ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို ဒီ၁၉၈၉ ထုတ် ရုပ်ရှင်မှာ ရယ်​မော​ မြူးကြွစရာ ကြည့်ရှုရမှာပါ။ ၈၀​ကျော်ခုနှစ်က ဖက်ရှင်​တွေ၊ သီချင်း​​တွေနဲ့ ​ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဘေ့စ်​ဘော ​​လောကကြီးကို ​ဘောင်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်​ငွေ​ကြေးအရလည်း အလွန်​အောင်မြင်ခဲ့ပါတယ်။ ဒါရိုက်တာ ကလည်း ​ဘေ့စ်​ဘော ကစားသမား​ ဖြစ်ခဲ့တာ​ကြောင့် ​ဇာတ်ကားက ပိုအသက်ဝင်စစ်မှန်ပြီး ​ဝေဖန်သူ​တွေက အားကစားရုပ်ရှင်​တွေထဲ နံပါတ် ၁ ပါလို့ ချီးကျူးသံ​တွေလည်း ကြား​နေရဆဲပါ။ ငယ်ရွယ်တဲ့ Tim Robbinsနဲ့ Kevin Costner တို့ သူတို့ထက် အသက်​ရော၊ ဝါ ပါကြီးရင့်တဲ့ နုပျိုဆဲ မင်းသမီးကြီး Susan Sarandon နဲ့ အတွဲညီညီ သရုပ်​​ဆောင်တာကိုလည်း ​တွေ့မြင်ရမှာပါ။ ​ နောက်ဆုံးမှာ Annie တစ်​ယောက် ဘယ်သူနဲ့ လက်တွဲသွားမလဲ။ Ebby နဲ့ Crash ​ရော သူတို့ ​ရောက်ချင်တဲ့ ပန်းတိုင်ကို ဘယ်လိုသွားကြမလဲ။ အားကစားသမားတစ်​ယောက်ရဲ့ အ​ပြောင်​မြောက်ဆုံး၊ အောင်မြင်နိုင်​ချေအရှိဆုံး အသက်အရွယ်ဟာ ၂၁နှစ် ဖြစ်တယ်လို့ ​ပြောကြပါတယ်။ ဒီထက် အသက်ကြီးသွားပြီး​နောက်မှာ​ အဲ့ဒီကစားသမားရဲ့ ဘဝက ဘယ်လိုမျိုးလဲ ဆိုတာကို ရသ အစုံနဲ့ ကြည့်ရှုရမယ့် IMDB rating 7၊ Rt 97%​ တောင်ရထားတဲ့ ကား​ကောင်းတစ်ကား ပဲ ဖြစ်ပါတယ်။ File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

Drama
7 1988 108 mins
Bull Durham
Srikanth
7.8

Srikanth (2024) ဆရီကန့်သ် ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်‌ဆက်ပေး‌ချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 7.8 အထိ ရရှိထားတဲ့ 2024 ခုနှစ်ထွက် အိန္ဒိယဟိန္ဒူစကားပြော ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ဘိုလန့်စက်မှုလုပ်ငန်းတည်ထောင်သူ အမြင်အာရုံချို့တဲ့တဲ့ စက်မှုလုပ်ငန်းရှင် ဆရီကန့်သ်ဘိုလာရဲ့ ဘဝဇာတ်ကြောင်းလေးကို ရိုက်ကူးဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rajkummar Rao က အဓိကပါဝင်သရုပ်ဆောင်ထားပြီး တွဲဖက်သရုပ်ဆောင်တွေအနေနဲ့ကတော့ Jyothika, Alaya F နဲ့ Sharad Kelkar စတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဆရီကန့်သ်လေးဟာ မွေးလာကတည်းက လုံးဝမျက်စိမမြင်ဘဲ မွေးလာတာပါ ဒါကို ပတ်ဝန်းကျင်ကလူတွေသိတော့ သူ့မိဘနှစ်ပါးကို ဝိုင်းစွန့်ပစ်ဖို့ ပြောကြရော အဲဒီမှာ အဖေဖြစ်သူကလည်း မြေမြှုပ်သတ်ပစ်ဖို့ လုပ်တဲ့အခါ အမေဖြစ်သူက ငိုယိုပြီး မလုပ်ဖို့ တောင်းပန်တော့ သေမင်းခံတွင်းဝကနေ သီသီလေး လွတ်လာရတာပေါ့။ ကြီးလာတော့ ပညာသင်ရတဲ့အချိန် ဆရီကန့်သ်လေးက တခြားကလေးတွေထက် ပိုပြီး ထူးခြားနေခဲ့ပါတယ်။‌ နောက်တော့ မျက်မမြင်ကျောင်းပြောင်းတက်ရင်း ကျောင်းစာမှာ ပိုမိုထူးချွန်လာသလို ကျောင်းရဲ့ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ ကံဆိုးချင်တော့ မျက်မမြင်ကျောင်းရဲ့ကျောင်းအုပ်နဲ့ အဆင်‌မပြေဖြစ်ပြီး ကျောင်းကနေ ထုတ်ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ ဆရာမဒေဗီကာက သူ့ကို ပညာဆက်သင်ခိုင်းရင်း စာမေးပွဲကို 96 ရာခိုင်နှုန်းနဲ့ အောင်မြင်သွားပါတော့တယ်။ ကောလိပ်တက်ဖို့ ဘာသာရပ်ရွေးတဲ့အချိန် သိပ္ပံပညာရပ်ကို မျက်မမြင်မသင်ရဘူးဆိုတဲ့ ဥပဒေကြောင့် ဆရီကန့်သ်က အိန္ဒိယပညာရေးစနစ်ကြီးကို တရားစွဲရင်း ဆရီကန့်သ်တစ်ယောက် သူသင်ချင်တဲ့သိပ္ပံပညာသင်ကြားနိုင်ပါ့မလား….. သူ့ဘဝမှာရော နောက်ထပ် ဘယ်လိုအခက်အခဲမျိုးတွေ ကြုံရဦးမလဲဆိုတာ ဒီဇာတ်ကားလေးမှာပဲ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။

7.8 2024 134 mins
Srikanth
Si Juki the Movie: Harta Pulau Monyet
7.7

Si Juki the Movie: Harta Pulau Monyet ( 2024 ) စီဂျူကီနှင့် မျောက်ကျွန်းရတနာသိုက် ဒီတစ်ခါတော့ CM ပရိသတ်ကြီး အပျင်းပြေကြည့်ရှုနိုင်ဖို့ အင်ဒိုနီးရှား ကာတွန်းကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုရဲ့ စီးပွားရေးကျဆင်းနေမှုကြောင့် အခက်တွေ့နေရတဲ့ ဂျူကီတစ်ယောက် လုပ်ငန်းကိုပြန်လည်ကြီးပွားတိုးတက်ဖို့ အကြံမျိုးစုံထုတ်ပြီး ကြိုးပမ်းနေရပါတယ်။ ဘယ်လိုလုပ်လုပ်မအောင်မြင်တာမို့ ရုန်းကန်နေရချိန် နောက်မတော်တဆနဲ့ ဘိုးဘေးတွေချန်ထားခဲ့တဲ့ ရတနာမြေပုံကိုရှာတွေ့သွားပြီးတဲ့နောက်မှာ အန္တရာယ်စွန့်စားခန်းအပြည့်နဲ့ ရတနာသိုက်ရှာပုံတော်ဖွင့်ပါတော့တယ်။ သူတို့ရဲ့ စွန့်စားခန်းခရီးစဉ်မှာ ဘာတွေကြုံတွေ့ရမလဲ… အောင်မြင်စွာပဲ ရတနာတွေရလာမှာလား… ရတနာမြေပုံအတုဖြစ်နေတာမျိုးကြုံရပြီး လက်ဗလာနဲ့ပဲပြန်လာရမလား…. ရှိရင်းစွဲလုပ်ငန်းကိုပဲ အောင်မြင်ကြီးပွားအောင်ကြိုးစားကြမလားဆိုတာကိုတော့ စွန့်စားခန်းအပြည့်နဲ့ဟာသဆန်ဆန်ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team တို့ပဲဖြစ်ပါတယ် )

Drama
7.7 2024 107 mins
Si Juki the Movie: Harta Pulau Monyet
Sunny Sisters
5.8

ဒီတစ်​ခါမှာ CMကနေ ထပ်မံပြီးတော့ ကိုရီးယားကား ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းလေးကတော့…. ကျန်းလီကျွင်းဟာ လက်ထပ်ပြီးသမီးတစ်ယောက်နဲ့ အိမ်ထောင်မှုတွေကြားမှာ ပိတ်မိနေတဲ့ မိန်းမတစ်ယောက်ပါ တစ်နေ့ သူ့အမေဆေးရုံတတ်ရတာကို သွားကြည့်ရင်း အထက်တန်းဘဝက ညီအစ်မတွေလို ရင်းနှီးတဲ့ လင်ချင်တစ်ယောက် ကင်ဆာဖြစ်ပြီးဆေးရုံတတ်နေရတာကို သိလိုက်ရပါတယ် လင်ချင်ဟာ အထက်တန်းတုန်းက sunny sisters အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကျန်းလီကျွင်းအပါအဝင်အဖွဲ့သားခြောက်ယောက်နဲ့ အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းတွေပါ ဒါပေမဲ့ သူတို့တွေ အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားပြီး နှစ်လပဲ အသက်ရှင်ရတော့မယ့် လင်ချင်အတွက် အဖွဲ့ဝင်ငါးယောက်ကို ကျန်းလီကျွင်းတစ်ယောက် ရှာပုံတော်ဖွင့်မဲ့ ပုံစံလေးနဲ့ ဇာတ်လမ်းလေးကို အစချီထားတာပါ သူတို့ရဲ့ ငယ်ဘဝတွေကိုလည်း တဖြည်းဖြည်းချင်းပြန်လည်ပြသထားတာဖြစ်တဲ့အတွက် ဒီကားလေးထဲမှာ ငယ်စဉ်အထက်တန်းဘဝက သူတို့တစ်တွေ အရူးထခဲ့ ပျော်ရွှင်ခဲ့ရတာတွေ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီခဲ့တာတွေ စတဲ့ သူတို့ကြားက ဖြူစင်တဲ့ သံယောဇဉ်လေးတွေကို ကြည်နူး နွေးထွေးဖွယ် ဆက်လက် ကြည့်ရှုကြကြရမှာဖြစ်ပါတယ်

Romance • Drama • Action
5.8 2021
Sunny Sisters
Allen Sunshine
6

IMDb Rating: 6.1/10 ဒီဇာတ်ကားကိုတော့ အသက် ၂၅ နှစ်ပဲရှိသေးတဲ့ လူငယ်ဒါရိုက်တာ Harley Chamandy ရိုက်ကူးထားပြီး တီထွင်ဖန်တီးမှုအတွက် ပေးတဲ့ 2024 Werner Herzog Film Award ရရှိထားပါတယ်။ ဒီကားမှာတော့ ဂီတပညာရှင် အယ်လန် ဆန်းရှိုင်း ဟာ နာမည်ကြီး အဆိုတော်ဖြစ်တဲ့ သူ့အမျိုးသမီး ကိုယ့်ကိုကိုယ် သတ်သေသွားလို့ ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ဖြေဖျောက်ဖို့ လူသူ တိတ်ဆိတ်တဲ့ ရေကန်နံဘေးက သစ်လုံးအိမ်လေးကို ပြောင်းရွှေ့ ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့မိန်းမအပေါ် ပျက်ကွက်ခဲ့တာတွေ အတွက် သူ့မှာ အမြဲယူကြုံးမရဖြစ်လို့ ကိုယ့်ကိုကိုယ်အပြစ်တင်ပြီး ပျော်ရွှင်ဖို့မထိုက်တန်တဲ့သူလို ခံစားနေခဲ့ရပါတယ်။ ဒီလိုနဲ့ မထင်မှတ်ဘဲ ဒေသခံ ကလေး ၂ ယောက်နဲ့ ဆုံခဲ့ပြီး သူတို့ဆီက လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ အပြန်အလှန်ဖေးမမှုတွေခံစားလာရပြီးတဲ့နောက် ပတ်ဝန်းကျင်နဲ့သီးခြားနေဖို့ လုပ်ခဲ့တဲ့ အယ်လန်တစ်ယောက် ပတ်ဝန်းကျင်နဲ့ဘယ်လိုပြန်ချိတ်ဆက်လာမလဲ… ကိုယ့်ဘဝကို ဘယ်လိုပြန်ရှာဖွေမလဲဆိုတာကို မျက်စိပသာဒဖြစ်စရာ တောတောင်ရှုခင်းတွေ၊ ရေပြင်ကျယ်ကြီးတွေကို ကြည့်ရင်းနဲ့ ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ File size… (1.97GB) / (986MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

6 2024 81 mins
Allen Sunshine
Last Night on Earth
5.5

ဒီတစ်ခါတော့ Sci-fi , Thriller အမျိုးအစားကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ပါ… ကမ္ဘာကြီးဟာသိပ်မကြာခင်မှာ ဂြိုလ်သိမ်တစ်ခုရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးရတော့မယ်ဆိုတာကို သတင်းဌာနတွေကရုတ်တရက်ကြေညာလိုက်တဲ့အချိန်မှာ စုံတွဲတစ်တွဲဟာသူတိုရဲ့နောက်ဆုံးနေ့ရက်တွေကို တောင်တန်းတစ်ခုပေါ်မှာ အတူကုန်ဆုံးဖိုဆုံးဖြတ် လိုက်ကြပါတော့တယ်.. တောင်တန်းပေါ်ရောက်ချိန်မှာ သူတိုမျှော်လင့်ထားသလိုမျိုး နောက်ဆုံးနေ့ရက်ကို နှစ်ယောက်သားအေးအေးလူလူ ဖြတ်သန်းနိုင်ပါ့မလားဆိုတာကိုတော့ ရုပ်ရှင်ကြည့်ရင်းပဲ ရှုစားလိုက်ကြပါ…….. File size… (1.04 GB) / (660 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

Action • Crime • Drama • Thriller
5.5 2024 86 mins
Last Night on Earth
Jolly O Gymkhana
5.5

Jolly O Gymkhana 2025 ထူးဆန်းတဲ့ညီအစ်မသုံးဖော်ရဲ့အရှုပ်တော်ပုံ IMDb – 7.5/10 ဘောလိဝုဒ်အချစ်တော် ယိုဂီဘာဘူရဲ့ indian-tamilဇာတ်ကားလေးထွက်ရှိလာပြီဖြစ်လို့ ပရိသတ်ကြီးတို့အတွက်အခုပဲတင်ဆက်ပေးလိုက်ပါပြီ။ အမြဲဗရုတ်သုတ်ခ ဟာသဇာတ်ရုပ်နဲ့မြင်နေကြ ယိုဂီဘာဘူကို ဒီတစ်ခါတော့ လိပ်ခေါင်းထွက်နေလို့ တိုင်ပတ်နေတဲ့ ဖာသာအဖြစ် မြင်တွေ့ရမှာပါ။ ဖာသာမာတင်လူသာကင်းတစ်ယောက် လိပ်ခေါင်းဝေဒနာနှိပ်စက်လို့ ထိုင်မရထမရ ဆေးရုံပြေးဖို့ ကွတတနဲ့ထွက်လာချိန်မှာဘာဗာနီဆိုတဲ့မိန်းကလေးက လာအကူအညီတောင်းတာခံရပါတယ်။ ကိုယ်တိုင် ကွတီးကွတနဲ့မလို့ဖာသာကနားမထောင်ချင်ပေမဲ့ ဘာဗာနီက ဇွတ်အသနားခံနေတာမလို့ ဒီလိုနဲ့ပဲ သူ့ရဲ့ပြဿနာကို နားထောင်ပေးဖို့ဖြစ်လာပါတော့တယ်။ ဘာဗာနီတို့ညီအစ်မ 3 ယောက်မှာ ထူးခြားတဲ့စွမ်းရည်ကိုယ်စီရှိကြပြီး အမေဖြစ်သူ ချယ်လာမာနဲ့ အဘိုးဖြစ်သူသန်ဂါဆွာမိနဲ့အတူ ဗယ်လီကာရန်ဆိုတဲ့ဟိုတယ်မှာ ဒံပေါက်ချက်ရောင်းတဲ့အလုပ်လုပ်ကြပါတယ်။ ဒီလိုနဲ့တစ်နေ့ လမ်းကြောင်းအပြောင်းအလဲနဲ့ ဟိုတယ်ရှိတဲ့လမ်းက ပျက်သွားတဲ့အတွက် အဘိုးဟိုတယ်လည်း အရှုံးပေါ်ပြီး လမ်းဘေးရောက်ရတော့တာပေါ့။ ဒါကိုမကြည့်ရက်တဲ့ ဘာဗာနီတို့ညီအစ်မတွေက ရော့ကတ်ရာဗီဆိုတဲ့ ငွေတိုးချေးစားတဲ့လူဆီကနေ 15 သိန်းချေးပြီးဟိုတယ်လုပ်ငန်းပြန်လုပ်ဖို့ကြံတော့သူတို့ရဲ့ပထမဆုံး အော်ဒါအကြီးမှာတဲ့သူက အန်ဒါပရာကက်ရှ်ရဲ့ဝန်ကြီးချုပ်အသစ်စက်စက်လေး အာအဒိုင်ကယ်ရာ့ဂ်ျ ဒါပေမဲ့ နိုင်ငံရေးသမားတို့ထုံးစံ ကျွေးမွေးလို့ပြီးတော့မှ ဒံပေါက်ဖိုးရှင်းဆိုတော့ လူလည်ကျ အာဏာသုံးဖို့ကြိုးစားရင်း အဘိုးဖြစ်သူ သန်ဂါဆွာမိနဲ့ပြဿနာတက်ကြတော့တာပေါ့။ အဲဒီမှာ အဘိုးကြီးလည်း ဆေးရုံရောက်သွားပြီးအသည်းအသန်တွေဖြစ် အရေးပေါ်ခွဲရမလိုတွေဖြစ် တစ်ဖက်ကလည်း အာအဒိုင်ကယ်ရာ့ဂ်ျက အကျင့်ပျက်နိုင်ငံရေးသမားပီပီ ဖြောင့်မတ်တဲ့ရှေ့နေလေး ပိုဂန်ဒရန်ရဲ့ တရားစွဲတာခံရလို့ ပိုဂန်ဒရန်ကိုရှင်းဖို့ပြင်ဆင်နေတာပေါ့။ ဒီလိုနဲ့ ဘာဗာနီက ငွေ 25 သိန်းထပ်လိုလာပြန်တော့ ဘာဗာနီတစ်ယောက် ရော့ကတ်ရာဗီဆီ ထပ်အကြွေးသွားယူရင်း သူ့အကောင့်ထဲကို 25 သိန်းရောက်လာပါသတဲ့။ ဒါပေမဲ့ ဒီငွေ 25 သိန်းက ဘာဗာနီကိုချေးတဲ့ငွေမဟုတ်ဘဲ ပိုဂန်ဒရန်ကိုသတ်ဖို့ လူသတ်သမားငှားတဲ့ငွေဖြစ်နေတဲ့အခါ…. သပွတ်အူလိုရှုပ်နေတဲ့ ဒီပြဿနာထဲကနေ ဘာဗာနီတို့ညီအစ်မတွေ သူတို့ရဲ့ ထူးခြားတဲ့စွမ်းရည်ကိုအသုံးချလို့ ဘယ်လိုရုန်းထွက်မလဲ ရှုစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B teamမှပဲဖြစ်ပါတယ်)

Action • Drama • History • Thriller
5.5 2025 129 mins
Jolly O Gymkhana
Horia
7.4

Horia (2024) IMDb Rating (7.4) ဒီဇာတ်ကားလေးကတော့ အချစ်ရူးဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ရဲ့ အချစ်အတွက်စွန့်စားခန်းဆိုတာကို ကြည့်ရှုရမယ် လူငယ်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဟိုရီယာလို့ ခေါ်တဲ့ကောင်လေးက သူ့အမေမရှိတော့တဲ့နောက်ပိုင်း စက်ပြင်ဆရာ သူ့အဖေနဲ့ အတူတူနှစ်ယောက်ထဲ နေထိုင်နေကြပါတယ်။ သူ့အဖေက ငယ်ကတည်းက Bikerဆိုတော့ သူ့သားရဲ့ ၁၈နှစ်ပြည့် မွေးနေ့မှာ ဆိုင်ကယ်အဟောင်းလေးတစ်စီး လက်ဆောင်ပေးလိုက်ပါတယ်။ ဟိုရီယာ့မှာ ဖုန်းထဲကနေပဲ အဝေးရောက်ချစ်သူလေး ဖြစ်နေရတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ ကောင်မလေးက မြို့ကြီးမှာနေတော့ မြို့ကြီးသူနဲ့ တောသားလေး ဇာတ်လမ်းဖြစ်နေပါတယ်။ ပိုပြီးဆိုးတာက ဟိုရီယာကသာ တစ်ဖက်သက်တွေဖြစ်နေပေမဲ့ အဲ့ကောင်မလေးကတော့ သူ့ကို သူငယ်ချင်လေးလိုပဲ သဘောထားပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အချစ်ရူးလေးဟိုရီယာကတော့ ကောင်မလေးနဲ့ နီးဖို့ တက္ကသိုလ်တူတူတက်ဖို့ ကြံစည်ရုံတင်မက သွားတွေ့ဖို့ပါ ကြံနေပါတယ်။ ဒီလိုနဲ့ပဲ သူ့အဖေနဲ့ ရန်ဖြစ်ပြီး တစ်မနက်မှာပဲ ဟိုရီယာက အချစ်အတွက်စွန့်စားခန်းထွက်ပါတော့တယ်။ မွေးနေ့လက်ဆောင်ဆိုပြီး ရထားတဲ့ ဆိုင်ကယ်တစ်စီးနဲ့အတူ ကောင်မလေးကို စပရိုက်အနေနဲ့ သွားတွေ့ဖို့ ခရီးနှင်ပါတော့တယ်။ ဒါပေမဲ့လည်း တောသားငတုံးလေးဖြစ်တဲ ဟိုရီယာတစ်ယောက် လမ်းမှာ အမျိုးစုံနေတဲ့ ပြသာနာပေါင်းစုံကြုံရပါတော့တယ်။ အဲ့အပြင်ကိုပဲ လမ်းမှာတင် သူနဲ့မတူဘဲ တက်တက်ကြွကြွနဲ့ ခပ်ဆိုးဆိုး ကောင်မလေးတစ်ယောက်ကပါ ရောပြီး သူနဲ့ပါလာပါတော့တယ်။ ဒီလိုနဲ့ပဲ အချစ်အတွက် စွန့်စားသူလေး ဟိုရီယာတစ်ယောက် ကောင်မလေးနဲ့တွေ့နိုင်မလား အသည်းပဲကွဲမလားဆိုတာကို ကြည့်ကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin ဖြစ်ပါတယ်။) File size… (1.7 GB) / (910 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure Duration…. 01:44:26 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Lwin

Comedy • Crime • Thriller
7.4 2024 108 mins
Horia