YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Princess Royal E02 1080p WEB-DL CM.mp4

721.99 MB N/A video/mp4 173 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Huesera: The Bone Woman
5.8

Rotten Tomatoes ရော၊ Metacritic ရော ထိပ်ဆုံးရောက်နေတဲ့ စပိန် ဘော်ဒီဟော်ရာ ဒရာမာကားပါ။ A24 ကထုတ်တဲ့ကားမဟုတ်ပေမဲ့ A24 ဖန်တွေ ကြိုက်လောက်တဲ့ A24 ကားတွေလို ကားမျိုး‌ပေါ့။ Horror ဆိုပေမဲ့ မှောင်ခန်းမည်းခန်းက မပါသလောက်ဖြစ်ပြီး Midsommar လို လင်းလင်းကျင်းကျင်းနဲ့ လန့်ရမယ့် အခန်းတွေက ပိုများပါတယ်။ ဟော်ရာကားနဲ့မလိုက်မဖက် စစချင်းမှာတင် ကလေးမွေးတော့မယ့် မိခင်တစ်ယောက်ရဲ့ ကလေးအတွက် ပြင်နေဆင်နေခြင်းတွေကနေမှ တငွေ့ငွေ့ချင်း ပဟေဠိဆန်ဆန်သွားထားတဲ့ ခပ်ဆန်းဆန်းကားပါပဲ။ ခြောက်တာလှန့်တာ သိပ်မပါဘဲနဲ့ကို ဘာတွေဖြစ်နေလဲ အဖြေဝင်ရှာရင်း သိချင်စိတ်နဲ့ စိုးထိတ်ရမယ့် ဟော်ရာကားဆို ပိုမှန်ပါလိမ့်မယ်။ Body Horror ကားပီပီသသတော့ အသည်းယားစရာ အခြေအနေတွေပါပေမဲ့ အရမ်းဆိုးဆိုးကြီးတော့ မဟုတ်ပြန်ပါဘူး။ ခေါင်းစားရတဲ့ ဇာတ်ကားအဆန်းကြီးတွေကို ကြိုက်တတ်ရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 930MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 1H 37Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.8 2023 93 mins
Huesera: The Bone Woman
Tid Noi: More Than True Love
3

“Pee Mak”, “Ghost of Mae Nak”, “Nak”, “Nang Nak” တို့ကို ကြည့်ဖူးပြီးသားသူတွေကတော့ ထိုင်းနိုင်ငံရဲ့နာမည်ကြီး မီးနေသည်သရဲ Mae Nak Phra Khanong အကြောင်း စိမ်းမယ်မထင်ပါဘူး။ Mae Nak အကြောင်းကို သိနေပြီးသားသူတွေအတွက် ဇာတ်လမ်းကျောရိုးကတော့ မထူးဆန်းလောက်ပေမယ့် ဒီတစ်ခါအတွက် အဓိကဇာတ်လိုက်ကျော်ကတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ Pee Mak လည်းမဟုတ်သလို Mae Nak လည်းမဟုတ်ပါဘူး။ အရမ်းလှတယ်လို့ နာမည်ကြီးခဲ့တဲ့ Mae Nak ကိုချစ်ခဲ့တဲ့သူက Pee Mak တစ်ယောက်တည်းမကလောက်ဘူးလို့ တွေးမိဖူးတဲ့သူတွေရှိတယ် .. ဟုတ်? ဟုတ်ပါတယ် Mae Nak တို့အိမ်နားက Mae Nak နဲ့ငယ်ငယ်လေးတည်းကအတူကြီးပြင်းလာခဲ့ပြီး Mae Nak ကို Pee Mak ထက်မသာရင်တောင် မလျော့တဲ့အချစ်တွေနဲ့ချစ်ခဲ့တဲ့ အစ်ကိုကြီး Tid Noi ရှိပါသေးတယ်။ မပိုင်ဆိုင်ရမယ်မှန်းသိသိကြီးနဲ့ Mae Nak မှ Mae Nak ဖြစ်နေခဲ့တဲ့ ပေးဆပ်သူတို့နှလုံးသားပိုင်ရှင် အစ်ကိုကြီး Tid Noi ရဲ့ သနားစရာအလွဲတွေကို အသစ်အဆန်းအနေနဲ့ရယ်မောဖွယ်ကြည့်ရဦးမှာဖြစ်သလို သိပ်ချစ်ကြတဲ့ Mae Nak တို့လင်မယားရဲ့ ကြေကွဲဖွယ်ရာဇာတ်လမ်းလေးကို မတူညီတဲ့မင်းသား မင်းသမီးတွေနဲ့အတူ 2023 ver အနေနဲ့ပြန်ရှုစားနိုင်မှာမို့ ကြည့်သင့်တဲ့ကားလေးဖြစ်ကြောင်း လက်တို့လိုက်ပါတယ်နော်။ အညွှန်းကိုတော့ Lai Laii က ရေးခထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii နဲ့ Hmwe ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 9o4MB | 430MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii, Hmwe Encoder ..... Aaron

Comedy
3 2023 105 mins
Tid Noi: More Than True Love
Apollo 10½:  A Space Age Childhood
7.1

လူသားမျိုးနွယ်ရဲ့ အာကာသခရီးဟာ ၁၉၆၉ခုနှစ် ဇူလိုင်လ ၁၆ရက်က လွှတ်တင်တဲ့ Apollo 11နဲ့အတူ အစပျိုးခဲ့ပါတယ်။ လိုက်ပါသွားခဲ့တဲ့ Neil Armstrong နဲ့အဖွဲ့သားတွေဟာ လပေါ်ကို ပထမဆုံး အခြေချနိုင်သူတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အမှန်တကယ် ပထမဆုံး အခြေချနိုင်သူဟာ Neil Armstrong မဟုတ်ဘဲ မူလတန်းကျောင်းသားတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်… ထိုအချိန်က Huston နယ်မြေမှာ အရာရာတိုင်းက အာကာသနဲ့ပတ်သက်တာတွေချည်း ဖြစ်ခဲ့တာပေါ့။ မူလတန်းကျောင်းသားလေး Stan အပါအဝင် ကလေးတော်တော်များများရဲ့ အိပ်မက်ဟာ အာကာသယာဉ်မှူးကြီးဖြစ်ဖို့ပါပဲ။ တစ်နေ့မှာတော့ NASAက လူတချို့ဟာ Stan ကိုခေါ်ပြီး အာကာသယာဉ်ထိန်းခန်းဆောက်လုပ်ရာမှာ တွက်ချက်မှုအမှားလေးတွေကြောင့် သာမန်ထက်အနည်းငယ် သေးငယ်သွားပြီး အဲဒီယာဉ်ကိုမောင်းနှင်ပြီး လပေါ်ကိုသွားဖို့ ကလေးတစ်ယောက်ကိုလိုက်ရှာနေတာဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီအကြံကို Stan ကလဲ လက်ခံခဲ့ပြီး လပေါ်ကို ခရီးသွားနိုင်ခဲ့ပါတယ်။ အဲဒီပရောဂျက်ဟာ Apollo 10 ½ လို့ခေါ်ပြီး Apollo 11 မတိုင်ခင် ဖြစ်ခဲ့တာပေါ့။ သို့သော် ဒီဖြစ်ရပ်ကို ပါးစပ်ပိတ်ထားရတဲ့ Stan အဖို့တော့ နေ့စဉ်ဘဝဟာ ထူးခြားပြီး ပြောင်းလဲသွားတာမရှိပါဘူး။ ဒီဇာတ်လမ်းလေးမှာ ထိုခေတ်အခါက အာကာသယာဉ်မှူးတွေ ဖြတ်ကျော်ရတဲ့လေ့ကျင့်ရေးတွေ၊ အာကာသခရီးစဉ်ရဲ့ အဆင့်ဆင့်ကျော်ဖြတ်ရပုံတွေအပြင် ထိုခေတ်က လူနေမှုပုံစံတွေကို အသေးစိတ်ကျကျ ထည့်သွင်းရှင်းပြထားတဲ့အပြင် သမိုင်းဝင်ဖြစ်ရပ်အချို့နဲ့ မူရင်းအသံဖိုင်၊ ဗီဒီယိုဖိုင်လေးတွေပါ ထည့်သွင်းဖော်ပြထားတာဖြစ်လို့ ရသထက် သုတက အလေးပိုတဲ့ဇာတ်လမ်းလေးပါ။ Biography ပုံစံလေးဖြစ်လို့ အေးအေးလေးနဲ့ ဆွဲဆောင်နိုင်မယ့်ကားဖြစ်တာကြောင့် တည်တည်ငြိမ်ငြိမ်ဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်သူတွေ၊ အာကာသပရိတ်သတ်တွေအနေနဲ့ မျက်စိအစာကျွေးရင်း ဦးနှောက်ကိုပါ အစာကျွေးလို့ကောင်းမယ့် ဇာတ်လမ်းလေးကို တင်တက်ပေးလိုက်ပါတယ်။ File size…1.7GB / 671MB Quality…1080p NF WEB DL AAC5.1CH / 720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Tsukishiro

Action • Science Fiction
7.1 2022 98 mins
Apollo 10½: A Space Age Childhood
Wog Boys Forever
6.5

ဒီတစ်ခါတော့ အော်ဇီ ဟာသကားလေးတစ်ကားလောက် ကြည့်လိုက်ရအောင်ပါ။ အဓိကဇာတ်ကောင်ကတော့ တက်စီဒရိုင်ဘာအဖြစ် အသက်မွေးနေတဲ့ စတိဗ် ဆိုတဲ့သူပါ။ ရိုးရှင်းတဲ့ဘဝနဲ့ တလွဲတချော်ဟာသတွေနဲ့ နေထိုင်သူဖြစ်ပေမဲ့ သူ့ကို လက်စားချေဖို့ အကြီးအကျယ် ကြံစည်နေတဲ့သူကတော့ လဝက ဝန်ကြီး ဖြစ်နေပါတယ်။ လက်စားချေရတဲ့အကြောင်းရင်းကလည်း စတိဗ်ရဲ့ တလွဲတချော်အလုပ်တွေကနေ ဝန်ကြီးရဲ့အမေ နိုင်ငံရေးလောကမှာ လုံးဝရပ်တည်မရလောက်အောင်ဖြစ်သွားတဲ့ ဟာသတစ်ခုကြောင့်ပါပဲ။ ဒီလို ဘဝဆန်ဆန်ဟာသကိုမှ သီချင်းလေး အကလေးတွေနဲ့ အချစ်ရေးလေးပါထည့်ထားတဲ့အခါ ဘယ်လိုဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်... File size…(2.63GB)  / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:49:00 Genre...   Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Phonn Pyae

Action • Drama • Romance
6.5 2022 109 mins
Wog Boys Forever
Only
5.1

ကျွန်တော်တို့ ကိုဗစ်ကာလကို ပြန်တွေးကြည့်ကြရအောင် တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊ တစ်ခုခုကိုင်ပြီးရင် လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။ တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာ အိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်း အသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊၊ ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊ အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊ ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘ ာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊ အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီး အဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊ ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိ အသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊ ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊၊ ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေ နေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊ မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊ အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက် အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊ အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိ ထုတ်ထားတာကြောင့် အမျိုးသမီးတွေကို အသဲအသန်လိုက်ရှာကြတဲ့ အမျိုးသမီးမုဆိုးတွေလည်း ပေါ်လာကြတယ်၊၊ အဲ့ဒီရိုက်ခတ်မှုတွေကို တစ်ကမ္ဘာလုံးက စုံတွဲတွေနည်းတူ ဝီ(လ်)နဲ့ အေဗာဆိုတဲ့ စုံတွဲလေးတစ်တွဲကလည်း ခံရတယ်၊၊ ကမ္ဘာပျက်ကိန်းစကတည်းက သတိကြီးတဲ့ ဝီ(လ်)ဟာ အေဗာကို ရောဂါပိုး အန္တရာယ်၊အစိုးရရဲ့ စမ်းသပ်မှုတွေ အန္တရာယ်၊ လူသားမုဆိုးတွေအန္တရာယ်ကနေ ဖွက်ထားပြီး ကာကွယ်ပေးခဲ့တယ်၊၊ ဒါပေမယ့် နှစ်တွေချီကြာလာတဲ့ အခါမှာ အေဗာတစ်ယောက် မွန်းကြပ်လာတယ်၊၊ ဝီ(လ်)အနေနဲ့လည်း ရောဂါပိုး carrier ဖြစ်နေတာကြောင့် အေဗာနဲ့ ဝီ(လ်)ဟာ တစ်အိမ်ထဲ နေရပေမယ့် စည်းတွေခြားနေကြတယ်၊၊ ဒီစုံတွဲလေး ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့လား၊သူတို့ ဆက်ဆံရေးဟာ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲစတာတွေကို ဒီဇာတ်ကားမှာ past apocalyptic romance အနေနဲ့ ခံစားတွေ့ရှိရမှာဖြစ်ပါတယ်၊၊ File size… 1.36 GB / 570 MB Quality… Web-Dl 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama, Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Action • Adventure • Thriller • Crime
5.1 2019
Only
[18+] Langitngit
5.7

Langitngit (2023) လေလာက မိသားစုအခြေအနေအရ ခဏကျောင်းထွက်ပြီး နောက်ဆုံးနှစ်အတွက် ကျူရှင်စရိတ်ရှာနေပါတယ်။ သူရလာတဲ့အလုပ်က အိမ်ကဝေးလွန်းတဲ့အတွက် အလုပ်နဲ့အနီးအနားမှာ အခန်းရှာရင်း တိုက်ခန်းငှားခလည်းမတတ်နိုင်လို့ အဘွားကြီးနှစ်ယောက်သာနေတဲ့ ရှေးဟောင်းအိမ်ကြီးတစ်လုံးမှာ တစ်ယောက်စာအခန်းကျဉ်းလေး ငှားနေရပါတယ်။ အဘွားကြီးနှစ်ဦးမှာ တစ်ဦးက အိမ်ရှင်ဖြစ်ပြီး တစ်ဦးကတော့ အိမ်ဖော်ပါ။ အိမ်ဖော်အဘွားကြီးဟာ ညသန်းခေါင်ကျော်တာနဲ့ ဒီအိမ်မှာမနေတော့ပဲ အိမ်ကိုပြန်လေ့ရှိပါတယ်။ သူ့အကြောင်းပြချက်ကတော့ ဒီအိမ်ကြီးဟာ ညနေစောင်းတာနဲ့ ထူးဆန်းတဲ့အသံတွေကြားရလေ့ရှိပြီး အဲ့ဒီအသံတွေဟာ သရဲခြောက်တာလို့ယုံကြည်လို့ပါပဲ။ တစ်ညမှာတော့ လေလာကိုယ်တိုင် အဲဒီအသံတွေနဲ့ကိုယ်တွေ့ကြုံရဖို့ဖြစ်လာပါတယ်။ ညသန်းခေါင်အသံတွေကြောင့် တစ်ဖက်ခန်းကိုချောင်းကြည့်လိုက်ချိန်မှာ တွေ့လိုက်ရတာကတော့ သူ့ဘေးချင်းကပ်ခန်းမှာ အားရပါးရလိင်ဆက်ဆံနေကြတဲ့လူငယ်စုံတွဲတစ်တွဲပါပဲ။ နောက်နေ့မှာ သိလိုက်ရတာက သူညကမြင်လိုက်ရတဲ့ကောင်လေးဟာ အိမ်ရှင်အဘွားကြီးရဲ့တစ်ဦးတည်းသောမြေးငယ် ပိုပွိုင်းဖြစ်ပြီး ရည်းစားထားဖို့ကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ ဘာသာရေးအစွန်းရောက်အဘွားဖြစ်သူကြောင့် ကောင်လေးဟာ သူ့ရည်းစားတွေကို အခန်းထဲမှာပဲခေါ်ဧည့်ခံရရှာတာဖြစ်ပါတယ်။ အဲဒီညနောက်ပိုင်းမှာ အပျိုစင်တစ်ယောက်သာဖြစ်နေသေးတဲ့ လေလာတစ်ယောက် အတွေ့အကြုံသစ်ကိုစူးစမ်းလိုတဲ့စိတ်နဲ့ တဏှာရမ္မက်တွေထန်လာခဲ့သလို သဘောကောင်းပုံရတဲ့ အိမ်ရှင်အဘွားကြီးကလည်း မျက်နှာဖုံးကွာကျစပြုလာတဲ့နောက် ဒီအိမ်ကြီးမှာ ခြောက်ခြားစရာတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။ စူပါမော်ဒယ်တစ်ယောက်လို ပိန်ပိန်ပါးပါးညိုချောလေး Manang Medina နဲ့ ဖြူဖြူဖွေးဖွေးရေဆေးငါးလိုအကိတ်ကြီး Zia Zamora ဆိုတဲ့ မင်းသမီးအသစ်လေးနှစ်ယောက်ကိုပွဲဦးထွက်မိတ်ဆက်ထားပါတယ်။ ဇာတ်လမ်းလည်းကောင်း တစ်ခြားဟာတွေလည်းကောင်းပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 915MB Quality – 1080p, 720p Format – mp4 Duration – 1H 53Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

5.7 2023
[18+] Langitngit
Tell Me a Creepy Story

ဒီရုပ်ရှင်က တစ်ကားထဲမှာ ဇာတ်လမ်းလေးပုဒ်ပါပါတယ်။ ဒါကြောင့် တစ်နာရီခွဲအတွင်းမှာ မတူညီတဲ့ ဟော်ရာအပိုင်းတို လေးခုကို ကြည့်ရှုခံစားရမှာပါ။ ပထမဆုံးအပုဒ်က‌တော့ အစားကြူတဲ့ “ဂျိုး”အကြောင်းပါ။ ဂျိုးက မွေးစကတည်းက မိခင်နို့ကို မရပ်မနားစို့တဲ့အပြင် အချိတ်တန်အရွယ်ရောက်လာတော့လည်း အစားနဲ့ပါးစပ်မပြတ်အောင် ဖုတ်၀င်နေသလိုစားတဲ့နောက်… ဂျိုးကဘယ်သူလဲ ဂျိုးတစ်ယောက်ဘယ်လိုအဆုံးသတ်သွားမလဲ… ဒုတိယတစ်ခုကတော့ လူသတ် မြေမြှုပ် အလောင်းဖျောက်လိုက်လို့ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ လယ်သမားတစ်ယောက်အကြောင်း… တတိယဇာတ်လမ်းကတော့ ညဖက်ကြီး မိန်းမငယ်တစ်ဦး အိမ်မှာတစ်ယောက်တည်းရှိနေတုန်း ရေပိုက်ပြင်ဖို့ ကုမ္ပဏီကိုဖုန်းဆက်ခေါ်ရာကနေ ခေါ်ထားတဲ့လူထက်ပိုပြီး မမျှော်လင့်ထားတဲ့ ပိုက်ပြင်သမားကပါ ရောက်ချလာခဲ့တဲ့အခါမှာတော့… နောက်ဆုံးဇာတ်လမ်းကတော့ နယ်လှည့်အလှူပတ်ခံနေတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါး ကံမကောင်းအကြောင်းမလှဘဲ သားသတ်သမားလင်မယားနှစ်ယောက်ရဲ့အိမ်မှာ အလှူ၀င်ခံရင်း ညစာစားဖို့ဆုံးဖြတ်လိုက်မိတဲ့နောက်… မတူညီတဲ့ ဇာတ်လမ်းလေးခုကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အခန်းမီးပိတ်ပြီး ကြည့်လိုက်ကြပါဦး။ အော်ဂလီဆန်စရာရိုက်ချက်တွေ ပါ၀င်တာကြောင့် အစာစားနေရင် မကြည့်ဖို့ သတိပေးလိုက်ပါရစေ။ File size…(1 GB)/(483 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Tell Me a Creepy Story
Come Drink with Me

Come Drink with Me ( 1966 ) IMDb: 6.9/10 Genre: Action/Crime Come Drink with Me ခေါ် Great Drunken Heroကို one of the greatest wuxia films of all time လို့ သတ်မှတ်ထားကြတယ်။ သိုင်းကားတွေနဲ့ပတ်သက်ရင် နာမည်ကျော်တဲ့ ရှောဘရားသားကထုတ်ပြီး ကင်းဟူက ရိုက်ထားတယ်။ ကင်းဟူနဲ့ ရှောဘရားသားဟာ ဒီကားအပြီးမှာ ခွာပြဲပြီး ကင်းဟူက ဒရာဂွန်အင်းတွေ ဘာတွေဆက်ရိုက်ခဲ့တယ်။ ဒီကားအပြီးမှာ သူတို့ခွာပြဲကြတယ်ဆိုပေမဲ့လည်း ဒီကားက မညံ့ခဲ့တဲ့အပြင် ခရမ်းချဉ်းသီး အလုံးတစ်ရာရထားတယ်။ရထားတာနဲ့တန်အောင်လည်း ကောင်းပါတယ်။ ပုဂ္ဂလိကအမြင်အရဆို သူ့ရဲ့ ဒရာဂွန်အင်းတို့ဘာတို့ထက်တောင် ပိုကြိုက်တယ်။ ဘာလို့ဆို ကျွန်တော့်အနေနဲ့ အကြိုက်ဆုံးဖြစ်သိုင်းဝတ္တုဆရာ ကျင်းယုံရဲ့ ဇာတ်ကောင်တွေကို မတူညီတဲ့ပုံစံနဲ့မြင်နေရတာကို သဘောကျလို့လို့ပဲဖြေရမယ်။ ဒီကားထဲက အဓိကဇာတ်ကောင်က အမူးသမား သူတောင်းစား။ သိုင်းမတတ်သလိုလို ပေါသလို ကြောင်သလိုနေနေတဲ့ကောင်။ သူက မကောင်းတဲ့ သူ့ဆရာတူအစ်ကိုလက်ထဲ သူ့ဆရာရဲ့အမွေအနှစ်ဖြစ်တဲ့ ဝါးတုတ်ပါမသွားအောင်ကာကွယ်ရင်း ပညာလျှိုရင်း သူတောင်းစားလေးတွေနဲ့ ရောရောနှောနှော ပေါတောတောနေရင်း တောင်းစားနေတဲ့လူ။ ပြောရရင် သူ့ဆရာက‌ရှောင်လင်ကလိုလိုပြောလို့ရတော့ သူ့ဇာတ်ကောင်က ချောင်ဖုန်းနဲ့ ဟုန်ချီကုန်းကို ပေါင်းထားသလို ဇာတ်ကောင်မျိုးပဲ။ မင်းသမီးကတော့ လူဆိုးထိန်းသဘောမျိုး။ လူဆိုးတွေက သူ့ကိုကြောက်ကြတယ်။ သူ့နာမည်က ရွှေပျံလွှား။ ဇာတ်အစမှာ လူဆိုးဂိုဏ်းကမြို့တော်ဝန်ရဲ့သားကို ဖမ်းပြီး အဖမ်းခံထားရတဲ့ သူတို့ဆရာနဲ့လဲဖို့လုပ်တယ်။ မြို့တော်ဝန်ရဲ့သားကို ကယ်ဖို့ ရွှေပျံလွှားက လူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း အမူးသမား သူတောင်းစားတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားတယ်။ ဒီလိုနဲ့ ရွှေပျံလွှားနဲ့လူဆိုးဂိုဏ်ကကောင်တွေရဲ့ တိုက်ပွဲထဲကို သူတောင်းစားက ဝင်ပါလာရာကနေ ဘာတွေဆက်ဖြစ်မလဲကြည့်ရမယ့်ဇာတ်ပဲ။ Drunken Heroဆိုတဲ့နာမည်နဲ့ Remakeတွေ ဘာတွေ ပြန်ရိုက်ထားသေးတော့ မမှားရင်တော့ ဒီကားက ပထမဆုံး အရက်မူးသိုင်းသမားကားဖြစ်ချင်ဖြစ်လိမ့်မယ်။ နောက် Mask of Zorroထဲက ဓားသိုင်းချရင်း အဝတ်ချွတ်တဲ့အကွက်က ဒီကလာတာဖြစ်ဖို့ ရာနှုန်းတော်တော်များတယ်။ ဒီကားထဲက မင်းသားရဲ့ Life Stlyleက သဘောကျချင်စရာတော်တော်ကောင်းတယ်။ ဒါကြောင့်ပဲ ကျွန်တော်တော့ ကင်းဟူကားတွေထဲ Come Drink with Meကို သဘောအကျမိဆုံးပဲ။ သိုင်းကားကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကိုကြည့်ရမယ်ကားဖြစ်သလို သိုင်းကားရယ်လို့ တကူးတကမကြိုက်တောင် Come Drink with Meဟာ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ File size… 1.8 GB / 943 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Action/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

0 1966 91 mins
Come Drink with Me
71: Into the Fire
7.3

71: Into the Fire (2010) *********************** နာမည်ကြီး ရုပ်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Cha Seung-won၊ Kwon Sang-woo၊ Kim Seung-woo နဲ့ T.O.P တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ တောင်-မြောက်ကိုရီးယားစစ်ပွဲကာလအတွင်း ၁၉၅၀ ခုနှစ် သြဂုတ် ၁၁ ရက် ဖိုဟန်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ တောင်ကိုရီးယားကျောင်းသားလေး ၇၁ ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ယုံးဒေါ့နယ်က အူတူတူအတတ စစ်သင်တန်းသား အိုဂျန်ဘုံးဟာ လက်တိုလက်တောင်းအကူအညီပေးရတဲ့ စစ်သားလေးပဲဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့တစ်ရက် အသက်အန္တရာယ်နဲ့ ကြုံလာရချိန်မှာ သူ့ရဲ့ဗိုလ်မှူးဟာ သူ့ကိုကာကွယ်ပေးရင်း အသက်ပေးလိုက်ရတဲ့အတွက် စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးနေနေတဲ့သူပါ။ တောင်-မြောက် စစ်ပွဲတွေ ပြင်းထန်လာပြီး စစ်သားမလုံလောက်မှုတွေ ဖြစ်လာတဲ့အခါမှာ အမိမြေကိုကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ကျောင်းသားလေးတွေဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် တပ်ထဲကို ဝင်‌ရောက်လာကြပါတယ်။ ထိုအချိန်မှာ အလယ်တန်းကျောင်းမှာ စခန်းချနေတဲ့ တောင်ကိုးရီးယားတပ်မဟာအနေနဲ့ နက်ဒုံမြစ်ဘက်မှာ စစ်ပွဲရင်ဆိုင်ဖို့သွားရချိန် ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်တွေကို ဦးဆောင်ဖို့နဲ့ စခန်းကိုစောင့်ကြပ်ရေးတာဝန်ကို တောင်စစ်တပ်စု (၃)ရဲ့ ခေါင်းဆောင်ဗိုလ်ကြီးဟာ အိုဂျန်ဘုံးကို ပေးအပ်လိုက်ပါတော့တယ်။ မိမိစီနီယာသေဆုံးသွားလို့ ယုံကြည်ချက်မဲ့နေတဲ့ အိုဂျန်ဘုံးတစ်ယောက်ဟာ အသစ်ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်ထဲမှာ ကျောင်းသားဟန်ဆောင်ထားတဲ့ လူမိုက်ဂိုဏ်းဝင် ဂပ်ဂျိုတို့အုပ်စုရဲ့ မထီမဲ့မြင်ဆက်ဆံခြင်းတွေကိုလည်း ခံရပါသေးတယ်။ အိုဂျန်ဘုံးဦးဆောင်တဲ့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကျောင်းသားလေး ၇၁ ယောက်ဟာ မြောက်ကိုရီးယားရဲ့ ကြောက်စရာအကောင်းဆုံး အမှတ် (၇၆၆) ခြေလျင်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့… ကျောင်းသားလေးတွေ ဘယ်လို ရွပ်ရွပ်ချွံချွံနဲ့ မြောက်ကိုရီးယားကို ခုခံသွားမလဲဆိုတာ ရင့်နင့်ဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…3.01GB / 1.24GB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 2m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn & Theint

7.3 2010
71: Into the Fire
The Heiress and the Handyman

June လို့ခေါ်တဲ့ သူဌေးမလေးဟာ မိဘတွေထားခဲ့တဲ့အမွေတွေကိုမထိန်းသိမ်းနိုင်တာကြောင့် နေ့ချင်းညချင်းဆင်းရဲသွားပြီး အဒေါ်ဖြစ်သူ Birdie ပေးခဲ့တဲ့ နယ်ဘက်ကအိမ်လေးတစ်အိမ်မှာသွားနေဖို့အကြောင်းဖန်လာပါတယ်။ အဲ့ဒီမှာပဲ Bart နဲ့ Nina လို့ခေါ်တဲ့ အိမ်နီးချင်းမောင်နှမနှစ်ယောက်နဲ့ရင်းနှီးခဲ့ပြီး သူ့ဒေါ်အကြောင်းတွေကိုပိုသိလာရပါတယ်။ သူတို့ရဲ့ကောက်ရိတ်သိမ်းပွဲက ပြိုင်ပွဲတွေမှာ အဒေါ်ဖြစ်သူကဗိုလ်စွဲနေကြဆိုတော့ အဒေါ်ဖြစ်သူဆုံးပြီးတဲ့နောက် June တစ်ယောက်ဘယ်လိုမျိုး အဒေါ် Birdie ရဲ့ဂုဏ်ကိုဆောင်မလဲဆိုတာကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(840 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…TV Movie, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife

0 2024
The Heiress and the Handyman
Kromoleo: The Haunting
4.2

Kromoleo: The Haunting (2024) IMDb Rating (4.2) ၁၉၈၀ ကျော်ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း ဆေးမှင်ကြောင်နဲ့လူမိုက်တွေ ပဟေဠိဆန်ဆန်အသတ်ခံခဲ့ရပြီးတစ်တိုင်းပြည်လုံးတုန်လှုပ်ခြောက်ခြားခဲ့ကြရပါတယ်။ အဲ့ဒီလူမိုက်တွေဟာ အောက်လမ်းနည်းအတတ်တွေနဲ့ဆက်စပ်နေပြီး ကျည်ပြီးဓားပြီးသူတွေလို့လည်းပြောစမှတ်တွင်ခဲ့ကြတယ်။ သူတို့တွေကို ဘယ်သူတွေက သတ်နိုင်ခဲ့ကြလဲ ဘာအကြောင်းကြောင့်လဲဆိုတာတွေဟာ အဖြေမပေါ်ခဲ့ပဲ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။ နောက်ဆယ်နှစ်အကြာမှာတော့ ဇီယာဆိုတဲ့ ကောင်မလေးဟာ မိခင်ဖြစ်သူဈာပနအတွက် ငယ်ဘ၀ကတည်းက စွန့်ခွာခဲ့တဲ့သူတို့ရွာလေးကိုပြန်ရောက်လာခဲ့ပါတယ်။ ရွာကလူတွေဟာ သူ့ကိုမြင်တာနဲ့မျက်စိပျက်မျက်နှာပျက်ရှောင်ဖယ်ပြေးကြသလို တစ်ဦးတည်းသော သွေးရင်းဖြစ်တဲ့ အဘိုးဖြစ်သူကလည်း ဈာပနပြီးတာနဲ့ဇီယာကို ချက်ချင်းပြန်လွှတ်ဖို့စိတ်စောနေပါတယ်။ အဲ့ဒီအချိန်မှာပဲရွာလယ်ကွက်လပ်မှာ သူကြီးဖြစ်သူက ရွာသားတွေကိုစုဝေးပြီးတော့ မှာတမ်းချွေခဲ့ပါတယ်။ အဲ့ဒါကတော့ ရွာသားတွေအားလုံး ဒီညမှာအပြင်မထွက်ဖို့၊ ပြူတင်းပေါက်နားမှာမနေဖို့၊ တံခါးတွေလုံလုံခြုံခြုံပိတ်ထားဖို့နဲ့ ဘယ်သူတံခါးလာခေါက်ခေါက်ဖွင့်မကြည့်ဖို့ပါပဲ၊ အဲ့ဒါတွေအပြင် ”သူတို့” ဆိုသူတွေနဲ့ထိပ်တိုက်မတိုးမိအောင် ကံဆိုးသူတွေကတော့ အဲ့ဒီ ”သူတို့” ကိုမျက်လုံးချင်းဆုံမကြည့်ဖို့မှာခဲ့ပါတယ်။ ရွာသားတွေ ဒီလောက်အထိ အထိတ်တလန့်ဖြစ်စေရအောင် ဘယ်လိုအန္တရာယ်တွေရှိနေလို့လဲ? ”သူတို့” ဆိုတဲ့ပုဂ္ဂိုလ်တွေကရော ဘယ်သူတွေဖြစ်မလဲ? လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြစ်ရပ်တွေနဲ့ ဒီကနေ့ရွာကိုပြန်ရောက်လာတဲ့ ဇီယာဟာ အခုကျရောက်လာမယ့်အန္တရာယ်တွေနဲ့ဘယ်လိုပတ်သက်နေမလဲဆိုတာတွေကို ခြောက်ခြားဖွယ်ပဟေဠိတွေနဲ့သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ ၂၀၂၄ မှာပေါက်ကား တစ်ကားဖြစ်ခဲ့တဲ့ ဟော်ရာကား Vina: Before 7 Days ဒါရိုက်တာရဲ့လက်ရာပဲဖြစ်ပါတယ်။ (Vina ကအကြည်မထွက်သေးပါဘူး) (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (590 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:21:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

4.2 2024 80 mins
Kromoleo: The Haunting
The End of the Tour
7.2

Now You See Me, The Social Network, Vivarium စတဲ့ဇာတ်ကားကောင်းတွေ အများကြီးထွက်ထားတဲ့ ကျွန်တော်တို့ရဲ့ DC Universe က Lex Luther တစ်ဖြစ်လဲ မင်းသားချော Jesse Eisenberg နဲ့အတူ How I Met Your Mother ထဲက လူရိုးကြီးမာရှယ်အဖြစ် ပရိတ်သတ်သိထားတဲ့ Jason Segel တို့နှစ်ယောက် အဓိကသရုပ်ဆောင်ထားတဲ့ကားဆိုတော့ ထွေထွေထူးထူး ပြောစရာမလိုဘူးထင်ပါတယ် 1996 ခုနှစ်တုန်းက ဆုတွေတစ်သီကြီးရခဲ့တဲ့ The Infinite Jest ဝတ္ထုရဲ့စာရေးဆရာ David Foster Wallace ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးရှင်းရှင်းပဲ နာမည်အရမ်းကြီးနေတဲ့ ဝတ္ထုရေးဆရာကို သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲလုပ်တဲ့ ငါးရက်တာခရီးစဉ်မှာ စာရေးဆရာပေါက်စ David Lipsky က အင်တာဗျူးလုပ်တဲ့အကြောင်းပါ David Lipsky ကိုယ်တိုင်ကလည်း နာမည်ကြီးစာရေးဆရာတစ်ယောက်ဆိုပေမယ့် ဒီအင်တာဗျူးလုပ်တဲ့အချိန်မှာတော့ စာအုပ်တစ်အုပ်ပဲ ထုတ်ရသေးတဲ့အချိန်ပေါ့ ဒီဇာတ်ကားထဲမှာ အဓိကမြင်တွေ့ရတာက David Foster Wallace တစ်ယောက်ရဲ့ စိတ်နေစိတ်ထား အတွေးအခေါ်နဲ့ အနုပညာကို တန်ဖိုးထားတာတွေပေါ့ David ရဲ့စာအုပ်တွေကို ဖတ်လိုက်လို့ရှိရင် ကိုယ်တိုင် David Foster ဖြစ်သွားတယ်လို့ပြောကြတယ် ဒီဇာတ်ကားမှာလည်း အဲ့လိုခံစားမှုမျိုးကိုပေးနိုင်စွမ်းရှိအောင် ဒါရိုက်တာက အားထုတ်ထားတဲ့ပုံပါပဲ David က သူ့ရဲ့စာပေအနုပညာတွေက ပရိတ်သတ်အတွက် အဆိပ်အတောက်ဖြစ်နေမှာ ဂျင်းဖြစ်နေမှာမျိုးတွေ သိပ်ကြောက်ပါတယ် အဲ့အတွက်ကြောင့်လည်း သူတော်တော်စိတ်ဖိစီးတဲ့ဒါဏ်ကို ခံစားရတယ် ဒါက ကျွန်တော်တို့ဆီက စာရေးဆရာဆိုတဲ့လူတွေ အနုပညာရှင်ဆိုတဲ့လူတွေနဲ့ မတူတဲ့အချက်ပေါ့ စာပေအနုပညာကို ချစ်မြတ်နိုးတယ်ဆိုရင် ဒီဇာတ်ကားက ကြည့်ကိုကြည့်သင့်တဲ့ကားပါ File size… 1.6 GB / 766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Biography / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aries

Drama • Family
7.2 2015 106 mins
The End of the Tour
Double Jeopardy

IMDB rating – 6.5% သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကို နှစ်သက်တဲ့ CM ပရိတ်သတ်ကြီးအနေနဲ့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Double Jeopardy ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။ ကြည့်ရှုသူအားလုံးကို ဇာတ်လမ်းအစပိုင်းကနေ အဆုံးထိ ဆွဲဆောင်သွားနိုင်မှာလို့ ပြောလို့ရပါတယ်။ ဒီဇာတ်လမ်းဟာ လစ်ဘီ ပါစန် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ဗဟိုပြုပြီး တည်ဆောက်ထားပါတယ်။ လစ်ဘီ့မှာ သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားပါတယ်၊ ဒါပေမယ့် တစ်နေ့မှာတော့ သူမဟာ ခင်ပွန်းဖြစ်သူကို သတ်တဲ့မှုနဲ့ မတရားစွပ်စွဲခံရပြီး ထောင်ကျသွားခဲ့ရပါတယ်။ ထောင်ကျ‌နေစဉ်မှာပဲ သူမရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်မယ့် အမှန်တရားတစ်ခုကို သိလိုက်ရပါတယ်။ အဲ့ဒီအမှန်တရားက ဘာလဲဆိုတာကိုသိချင်ရင် ဇာတ်ကားလေးကို ဆုံးတဲ့အထိကြည့်လိုက်ပါ။ Plot Twist တွေလဲပါပြီး အရမ်းကြည့်ကောင်းတဲ့အတွက် အချိန် 1နာရီခွဲကို ကုန်ရကျိုးနပ်စေမှာ အမှန်ပါပဲ…. File size…(1.9 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

Drama
0 1999
Double Jeopardy
Sid and Nancy
7

Sid and Nancy (1986) IMDB :7.0 Rotten Tomatoes : 89% Genre : Musical / Romance ၁၉၇၈ ခုနှစ် အောက်တိုဘာလရဲ့ မနက်ခင်းတစ်ခုမှာ Nancy Spungen တစ်ယောက် Sid Vicious နဲ့အတူရှိနေတဲ့ ဟိုတယ်ခန်းထဲမှာ ဓားဒဏ်ရာနဲ့သေဆုံးနေတာကိုတွေ့ခဲ့ပါတယ်။ Sid Vicious ကို လူသတ်မှု သံသရရှိမှုနဲ့ထောင်ထဲကိုထည့်လိုက်ပါတယ်။ ဒါပေမဲ့ Sid က Nancy ကိုသတ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်။ Nancy သေဆုံးချိန်မှာ သူ(မ)အသက်က ၂၀ ပဲရှိပါသေးတယ်။ Sid ကို အာမခံနဲ့ထုတ်ပေးခဲ့ပေမဲ့ နောက်တစ်နှစ်တောင်မကြာတဲ့ 1979 ခုနှစ် ဖေဖော်ဝါရီလရဲ့ ကြေကွဲဖို့ကောင်းတဲ့ တစ်ရက်မှာ ဆေးလွန်ပြီး သူဟာလည်း Nancy နောက်ကိုလိုက်သွားခဲ့ပါတယ်။ Sid သေဆုံးချိန်မှာ သူဟာ အသက် ၂၁ ပဲရှိပါသေးတယ်။ ဇာတ်သိမ်းမလှတဲ့ ချစ်ခြင်းတွေအကြောင်းပြောရရင် Sex Pistols ပန့်ခ်တီးဝိုင်းက ဘေ့စ်သမား Sid Vicious နဲ့ အမေရိကန်မလေး Nancy Spungen တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကလည်း အမြဲလိုလိုပါတတ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ကြေကွဲဖို့ကောင်းတာလား၊ ဒါမှမဟုတ် သနားဖို့ကောင်းနေတာလား၊ ဒါမှမဟုတ် သံဝေဂယူဖို့ကောင်းတာလား၊ ဒါကတော့ ကြည့်တဲ့မျက်လုံးတွေကိုလိုက်ပြီး ကွဲသွားမယ်လို့ ထင်ပါတယ်။ ဒီရုပ်ရှင်ကို တချို့က သမိုင်းကြောင်းမတိကျလို့ မကြိုက်ဘူးပြောကြတယ်။ တချို့က Biopics အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ခုလို့ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ဝေဖန်ရေးသမားတွေကြားမှာရော ပရိသတ်တွေကြားမှာရော ဒီကားက အတော်လေး တသသပြောခဲ့ကြတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုမပြောခင် Sex Pistols အကြောင်းနည်းနည်းပြောချင်ပါတယ်။ Sex Pistols ကတော့ 1975 ခုနှစ် လန်ဒန်မှာစတည်ထောင်ခဲ့တဲ့ ဗြိတိန်ရော့ခ်တီးဝိုင်းတစ်ခုဖြစ်ပါတယ်။ သူတို့ဟာ ပန့်ခ်/ရော့ခ် သမိုင်းတစ်လျှောက်လွှမ်းမိုးမှုအရှိဆုံး တီးဝိုင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဗြိတန်တီးဝိုင်းတစ်ခုကကောင်လေးနဲ့ အမေရိကန်ကကောင်မလေး ဘယ်လိုရေစက်ပါလည်းဆိုတာတော့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။ ဇာတ်ညွှန်း Sid ဟာ လန်ဒန်မှလွှမ်းမိုးမှုကြီးတဲ့ Sex Pistols တီးဝိုင်းရဲ့ မူလအဖွဲ့ဝင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ အသက်လေးတွေကလည်းငယ်တော့ ရေသောက်သလိုနေ့တိုင်း သူတို့နဲ့ရှိနေခဲ့တာက မူးယစ်ဆေးဝါးပဲဖြစ်ပါတယ်။ မူးယစ်ဆေးကြောင့်ပဲ အမေရိကန်ကကောင်မလေး Nancy နဲ့ကြုံခဲ့ပါတယ်။ ဆေးကိုလိုတာထက်ပိုသုံးတဲ့ Sid နဲ့ Nancy တို့ရဲ့ အချစ်ခရီးဟာ ထင်သလို ဖြောင့်ဖြူးမနေခဲ့ပဲ အကွေ့အကောက်တွေကများလွန်းခဲ့ပါတယ်။ ပိုက်ဆံနည်းနည်းရလိုက် ဆေးချလိုက် ဘဝကိုကြုံသလိုဖြတ်သန်းလိုက်နဲ့လုပ်နေတာကြောင့် Sid ရဲ့ အရည်အချင်းတွေဟာလည်း တိုးတက်မလာပဲ ဆုတ်ယုတ်လာခဲ့ပါတယ်။ ဘဝကို ဒီလိုလွယ်လွယ်ပဲဖြတ်သန်းနေတဲ့ Sid နဲ့ Nancy တို့ ဘဝကိုဘယ်လိုရှေ့ဆက်မှာလဲဆိုတာက ခံစားကြည့်လိုက်ကြပါ။ ဒီရုပ်ရှင်ဟာကို Sid အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Gary Oldman ရဲ့ အကောင်းဆုံးတွေထဲကတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ ဘာလို့ သတ်မှတ်ထားလဲဆိုတာကို ကိုယ်တိုင်ခံစားကြည့်မှပဲ နားလည်ပါလိမ့်မယ်။ ဒါပေမဲ့ Nancy အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Chloe Webb ကြောင့်လည်း ဒီရုပ်ရှင်ကပိုအသက်ဝင်ခဲ့ပါတယ်။ မှတ်ချက်။ Sid and Nancy သည် R-Rated ဖြစ်ပါသည်။ ဆဲဆိုသည့်စကားလုံးများ၊ လိင်ဆက်ဆံသည့်အခန်းများ၊ ဆေးချသည့်အခန်းများ၊ သွေးထွက်သံယိုအခန်းများ များပြားလွန်းသောကြောင့် မိသားစုနဲ့ကြည့်ရန်မသင့်တော်ပါ။ File size… 5 GB / 1.6 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

Drama • Fantasy • Romance
7 1986 114 mins
Sid and Nancy