YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Machine.2023.720p.(CM).mp4

1.15 GB N/A video/mp4 797 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Crater
6.7

တော်တော်ကြည့်ကောင်းတဲ့ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေ ချစ်ဖို့ကောင်းတဲ့စိတ်ကလေးတွေနဲ့ ကလေးကားလေးပါ။ ကလေးတွေကို ပြသင့်သလို ကလေးစိတ်မကုန်သေးတဲ့ ကျွန်တော်တို့လို လူတွေလည်း ကြည့်သင့်ပါတယ်။ ကားကိုက Coming-of-Age, Sci-Fi, Adventure အမျိုးအစားဆိုတော့ ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်မလဲတော့ တွေးကြည့်လို့ရပါတယ်။ ဒါပေမဲ့လည်း ပေါတောမသွားဘဲ မျှော်လင့်ချက်တွေ ချစ်ခြင်းတွေနဲ့ လှနေတဲ့ ရုပ်ရှင်လေးပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ နေရာကြီး၃ခုရှိတယ်။ လကမ္ဘာပေါ်ရယ် ကမ္ဘာရယ် အိုမီဂါလို့ခေါ်တဲ့ နိဗ္ဗာန်လိုနေရာသစ်တစ်ခုရယ်ပေါ့။ အဓိကဇာတ်ကောင်တွေက လကမ္ဘာပေါ်နေကြတာ။ လကမ္ဘာပေါ်မှာက ဥက္ကာပျံမိုးတွေရွာရွာနေတတ်ပြီး အန္တရာယ်ကြီးလို့ အမိုးခုံးလို့ ခေါ်တဲ့ အကာအကွယ်နေရာကြီးအောက်မှာ နေကြတယ်ပေါ့။ လပေါ်က အခြေခံလူတန်းစား လူအများစုက မိုင်းတူးသမားတွေဖြစ်ပြီး အိုမီဂါကိုသွားမယ့် ယာဉ်အတွက် လောင်စာတူးပေးရတယ်။ အနှစ်၂၀တူးပြီးရင် သူတို့လည်း သွားခွင့်ရတယ်။ ဒါပေမဲ့ ညစ်တီးညစ်ပတ်လုပ်ထားတဲ့စနစ်ကြောင့် မျိုးဆက်တစ်ဆက်ကူးတဲ့အထိ မသွားရတဲ့လူတွေချည်းပဲ။ ဒီတော့ ကောင်လေးတစ်ယောက်ရဲ့အဖေက သူ့သားကိုသွားစေချင်တော့ သေဆုံးမှုနစ်နာကြေးအရ ပို့ပေးခံရအောင် လုပ်ငန်းခွင်မှာ သေကြောင်းကြံလိုက်တယ်။ ဒီလိုနဲ့ သူတို့သူငယ်ချင်းအုပ်ထဲက အဲဒီကောင်လေးက အိုမီဂါကို သွားဖို့အကြောင်းဖန်လာတယ်။ မသွားခင်မှာ သူတို့အချိန်၂ရက်ရသွားပြီး သူ့အဖေသွားစေချင်တဲ့ အမိုးခုံးအပြင်ဘက်က လကမ္ဘာချိုင့်ကြီးဆီ သူ့သူငယ်ချင်းတွေနဲ့ စွန့်စားခန်းဖွင့်ကြတယ်။ ဒီအကြောင်းကို သူငယ်ချင်းတွေရဲ့ ချစ်ခြင်းတွေ စွန့်လွှတ်မှုတွေနဲ့ ချစ်စဖွယ်ရော အသည်းငြိချင်စရာရောကောင်းအောင် ရိုက်ပြသွားတယ်။ ကလေးသရုပ်ဆောင်တွေက သူ့ဟာနဲ့သူကောင်းကြတဲ့အပြင် ခရစ်အီဗန်ရဲ့ Gifted ထဲက မျက်စိရှေ့တင်အရွယ်ရောက်လာတဲ့ ကလေးမလေးတဖြစ်လဲ Mckenna Grace ရဲ့ ချစ်စရာမျက်နှာလေးကို မြင်ကြရမှာပါ။ ဒီလိုကားတွေဟာ ရှားရှားပါးပါးထွက်လာတတ်တဲ့ကားတွေမို့ ကိုယ်တိုင်ရော ကလေးတွေကိုရော ကျိန်းသေကြည့်သင့်ပြသင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာမှမရရင်တောင် စိတ်ကိုနွေးထွေးသွားစေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 660MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Adventure, Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.7 2023 104 mins
Crater
Cheaper by the Dozen
6.5

Walt Disney Pictures ကနေထုတ်လုပ်တဲ့ မိသားစုဟာသ ကားသစ်လေးထွက်လာပါပြီ နာမည်ကြီး မင်းသားမင်းသမီးကြီးတွေ casts ပေါင်းများစွာသုံးပြီး ရိုက်ကူးထားတဲ့ ဒါရိုက်တာဇာတ်ညွှန်းရေးဆရာမ Gail Lerner ရဲ့ ကားသစ်လေး~ "Cheaper by the Dozen"... ကလေးရောလူကြီးရော ကြည့်နိုင်တဲ့ ကားကောင်းလေးဖြစ်တဲ့အပြင် ဒီကားသစ်လေးကို အရင် ၁၉၅၀ နဲ့ ၂၀၀၃ ကထွက်ခဲ့တဲ့ နာမည်တူ ကားဟောင်းကြီးတွေကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ် အရင်ကားတွေနဲ့မတူဘဲ ခေတ်အလိုက်ပြောင်းလဲသွားတဲ့သဘာဝတွေကိုမြင်တွေ့ရမှာဖြစ်ပြီး တကယ့်လူနေမှုဘဝကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ် လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ် လူတိုင်းနီးပါး ကိုယ့်အိပ်မက်ကို တစ်နေ့မှာ ဖြစ်လာအောင် အကောင်အထည်ဖော်ချင်ကြမှာပါပဲ ဒီကားလေးမှာလည်း မိသားစုဝင်တွေအကုန် ကိုယ်စီအိပ်မက်ရှိကြပြီး ကိုယ့်အိပ်မက်အတွက် ရေကုန်ရေခမ်းကြိုးစားကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ် ဒါပေမဲ့ တစ်ခါတလေမှာတော့ ကိုယ်တွေးထားတဲ့ အိပ်မက်က ကိုယ်တွေနဲ့ မကိုက်တဲ့ အရာတစ်ခု/ ဖြစ်လာတာတောင် မပျော်ရွှင်ရတဲ့ အရာတစ်ခုဖြစ်လာတတ်ပါတယ် ဒီလိုအချိန်မျိုးမှာ ကိုယ်ချစ်တဲ့သူတွေ မိသားစုတွေနဲ့ တိုင်ပင်ပြီး စည်းလုံးမှုကိုပြထားတဲ့ ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Paul Baker (Zach Braff) နဲ့ Kate Baker(Erika Christensen) တိုဇနီးမောင်နှံမှာ သမီးနှစ်ယောက်ရှိပြီး မွေးစားသားလေးလည်း တစ်ယောက်ရှိပါတယ် သူတိုနှစ်ယောက် အဆင်မပြေမှုတွေကြောင့် နှစ်ဦးသဘောတူ ကွာရှင်းဖို ဆုံးဖြတ်ခဲ့ကြပါတယ် ဒါပေမဲ့ သူတို့ သူငယ်ချင်းအဖြစ်ဆက်ရှိနေကြပြီး Kate က ကလေးတွေကို ကူထိန်းပေးခဲ့တယ် Zoey Baker(Gabrielle Union) ကတော့ Dom Clayton(Timon Durrett) နဲ့ သားတစ်ယောက် သမီးတစ်ယောက်ရခဲ့ပြီး အိမ်ထောင်ရေးကိုအဆုံးသတ်ခဲ့တယ် သိပ်မကြာခင်မှာ သူမနဲ့ Paul Baker တို့ တွေ့ဆုံခဲ့ကြပြီး မိသားစုတစ်စုအဖြစ် ပေါင်းစည်းခဲ့ကြတယ် အဲလိုနဲ့ အမွှာ ၂ ယောက် ၂ ခါရခဲ့ပြီး အကြီးဆုံး Bakers မျိုးရိုးမိသားစုကြီးဖြစ်လာခဲ့တယ် မိသားစုအရိပ်ရဲ့ အေးမြမှု စည်းလုံးညီညွတ်မှုနဲ့ တစ်ဦးပေါ်တစ်ဦး မှီခိုရိုင်းပင်းနေရတယ်ဆိုတာကို ဖော်ပြထားတဲ့ ကားကောင်းလေးဖြစ်ပါတယ် "ကိုယ်ချစ်တဲ့သူအတွက် အကောင်းဆုံးလက်ဆောင်က သူလိုအပ်နေတဲ့အချိန်မှာ အမြဲဘေးမှာရှိနေပေးတာပါ" CM ပရိတ်သတ်ကြီးလည်း ကိုယ့်အတွက်အရေးအကြီးဆုံးအရာ ကိုယ်ပျော်ရွှင်စေမယ့် တကယ့်အရာကို သိမြင်နိုင်ဖို့နဲ့ ကိုယ်ချစ်တဲ့သူတွေရဲ့ ဘေးမှာ "မိသားစု" ဆိုတဲ့အဓိပ္ပာယ်ကို နားလည်စေဖို့ ဆုတောင်းပေးရင်း ဒီကားလေးကိုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing Khin ပဲ ဖြစ်ပါတယ်။ Genre..... Adventure, Comedy, Family Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 782MB and 293MB Format…mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hardsub) Translator ..... Khaing Khin Encoder ..... August

Crime • Thriller
6.5 2022 107 mins
Cheaper by the Dozen
Mr. Heart
7.4

ဂျင်ဝန်ဟာ မီဟာတက္ကသိုလ်ရဲ့ မာရသွန် ချန်ပီယံတစ်ယောက်ပါ ဒါပေမယ့်လည်း သူ့ရဲ့​စံချိန်တွေက တဖြေးဖြေးနဲ့ ကျနေတာကြောင့် နည်းပြကြီးက စိုးရိမ်ပူပန်နေခဲ့ပါတယ် တစ်ရက်မှာတော့ ဆန်းဟာဆိုတဲ့ ဂျူနီယာကောင်လေးကို ဂျင်ဝန်ရဲ့ Pacemaker လုပ်ပေးဖို့ နည်းပြက ခေါ်ထားလိုက်ပါတယ် အတွေ့အကြုံလည်းမရှိ အသက်အရွယ်လည်းငယ်တဲ့ဆန်းဟာကို ဂျင်ဝန်ကလက်မခံခဲ့ပါဘူး ဒါပေမယ့် ဆန်းဟာရဲ့ကူညီမှုနဲ့ တက္ကသိုလ်မာရသွန်ပွဲမှာ သူအနိုင်ရရှိသွားတဲ့ခါမှာတော့ ဆန်းဟာကို သူ့ရဲ့ pacemaker အဖြစ်လက်ခံခဲ့ပါတယ် အချင်းချင်းရင်းနှီးလာတဲ့အခါမှာ ခံစားချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Thar Oo ပါ ) File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__7.4/10 Format__mp4 Duration__01:30:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hay Thar Oo Encoded by Naing Aung Latt

Action & Adventure • Drama • Sci-Fi & Fantasy
7.4 2020 90 mins
Mr. Heart
Mank
6.7

IMDb Rating - 7.4/10 #Unicode မနှစ်ကတင် Tarantinoက ဟိုးအရင် ဟောလိဝုဒ်ကို တမ်းတတဲ့ရုပ်ရှင်တစ်ကား ထွက်ထားပါတယ်။ ဒီနှစ်တော့ David Fincher အလှည့်ပါပဲ။ Mankရဲ့ ဒါရိုက်တာ David Fincherကိုတော့ အတော်များများသိကြမှာပါ။FightClub , Gone Girl, Seven, Zodiacတို့လို နာမည်ကျော်ကားတွေနဲ့ နာမည်ကျော်ပါတယ်။ အခု Mankရဲ့ ဇာတ်ညွှန်းကိုရေးထားတာက သူ့အဖေ Jack Fincherပါ။ ဒီရုပ်ရှင်ကို Jackဟာ သူ့အရင်ရွှေခေတ်ကိုတမ်းတသမှုနဲ့ 1990ကတည်းကစ ဇာတ်ညွှန်းရေးခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်သုံးဆယ်က မြစ်ဖျားခံတဲ့ ဟောလိဝုဒ်ရွှေခေတ်တမ်းတမှုဟာ နောက်ထပ်ခေတ်တစ်ဆက်ခြားပြီးတဲ့ ဟောလိဝုဒ်ရဲ့ခေတ်မဟုတ်တော့တဲ့ခေတ်မှာ ထွက်လာခဲ့ပါပြီ။ ဇာတ်အိမ်ရော ‌ဇာတ်လမ်းနာမည်ရောက လူတစ်ယောက်တည်းပေါ်ပဲ အခြေပြုထား တယ်။ အဲ့ဒီလူက ဇာတ်ညွှန်းရေးဆရာ မန့်ခ်ပါ။ သူအကြောင်းဆိုတာက သူလုပ်ခဲ့တဲ့ ရုပ်ရှင် ကုမ္ပဏီအကြောင်း၊ သူအော်စကာရခဲ့တဲ့ ဇာတ်ညွှန်းကိုရေးခဲ့တဲ့အကြောင်းတွေ။ တစ်ချိန်လုံးဘာမှမလုပ်ဘဲ ဥက္ကဌတောင်းကာမှ နှုတ်တန်းဇာတ်ညွှန်းတစ်ခုကို တစ်ယောက် တစ်ကြောင်းကောက်ရေးကြတာတဲ့ အကြောင်းတွေ။ဟောလိဝုဒ်လောကက သူဌေးတွေနဲ့ သူတို့လိုဇာတ်ညွှန်းရေးဆရာတွေရဲ့ ဆက်ဆံရေးတွေပါပဲ။။ဇာတ်ကားက အေးပေမယ့်လည်း ဒီအခန်းတွေက တကယ်အားရစရပါပဲ။ အေးစက်တဲ့ရုပ်ရှင်ပေမယ့် ရုပ်ရှင်က အချိန်အစဉ်လိုက်မဖြစ်တော့ သူ့ဘ၀ကို ကျွန်တော့်တို့အတွေးထဲမှာ ပုံပြန်ဖမ်းယူရတဲ့ အလုပ်ကို ဒါရိုက်တာက ပေးထားတယ်။ တစ်ခုရှိတာက ဒီအစဉ်လိုက် ဖြစ်‌မနေမှုအတွက် ဇာတ်ညွှန်းကို သူတော်တော်နိုင်ပါတယ်။ မန့်ခ်ရဲ့ ခါးသက်တဲ့ နေ့တွေကို ကနဦးမှာကတည်းက ထည့်သွင်းထားပေမယ့် ခါးသက်တယ်မထင်ရအောင် သေချာထည့်ထားတာပါပဲ။ အမှတ်မထင်ထည့်ထားတဲ့ တစ်ချို့ဟာသတွေကလည်း ခိုးခနဲခွက်ခနဲရယ်ရနေတာမဟုတ်ပေမဲ့ ဖြစ်တတ်တဲ့သဘာ၀လေးကိုပဲ သဘောကျမိစေတာမျိုးတွေပါ။ ရုပ်ရှင်ဓာတ်ပုံပညာကလည်း ကျွန်တော်ဆို leaked photoတွေ ထွက်လာကတည်းက သဘောကျမိတာတွေတောင်ရှိတော့ အထွေအထူးပြောစရာမလိုပါဘူး။ ဂန္တ၀င်ရုပ်ရှင်ကားတွေများစွာကို ထုတ်ပေးခဲ့တဲ့ ဟောလိဝုဒ်ရဲ့ ရွှေရောင်အတိတ်နေ့တွေကိုရော ဂန္တ၀င်ကားတစ်ကားကို ဇာတ်ညွှန်း ဖန်တီးခဲ့ပုံကိုရော Mankမှာ သေချာပုံဖော်ပေးသွားပါတယ်။ ရုပ်ရှင်ထဲက မန့်ခ်ကတော့ လူတစ်ယောက်ရဲ့ ဘ၀တစ်သက်တာကို ၂နာရီဆိုတဲ့အချိန်အတွင်းမှာ အမိအရရိုက်ပြလို့မရဘဲ အဲ့ဒီလူရဲ့ ခံစားမှုသွင်ပြင်တစ်ခု ထင်ကျန်နေအောင်ပဲလုပ်ပြလို့ရမယ်ဆိုတယ်။ ဒါဆိုရင်‌တော့ Grey Oldmanရော David နဲ့ Jackရော သူတို့တာ၀န်ကို ကြေခဲ့ကြပါတယ်။ Mankဟာ 2021အော်စကာစာရင်း၀င် ရုပ်ရှင်တစ်ကားလည်း ဖြစ်လာဦးမှာပါ။ (ဒီဇာတ်ကားရဲ့ အညွှန်းကို ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပြီး ၊ WiRa Aung နဲ့ d3mon က တွဲဖက် ဘာသာပြန်ပေးထားပါတယ်။) Quality – 1080p, 720p WebRip Duration - 2h 11min Subtitle – Myanmar Hardsub Format – Mp4 Genre : Biography, Comedy, Drama Source : 1080p.WebRip Translator – WiRa Aung, d3mon Encoder – SWM

Drama • Mystery
6.7 2020 132 mins
Mank
K-PAX
7.4

K-PAX(2001)အညွှန်း ****************** Kevin Spacey ရဲ့ အလန်းများစွာထဲက တစ်ကားဖြစ်ပါတယ်.. သူ့ကိုယ်သူ လိုင်ရာကြယ်စင်စုအတွင်းက K-PAXဆိုတဲ့ ဂြိုလ်တစ်လုံးကနေ အလင်းခရီးသွားပြီး ကမ္ဘာမြေကိုရောက်လာသူတစ်ယောက်အဖြစ် အခိုင်အမာပြောဆိုနေတဲ့သူတစ်ယောက် စိတ်ရောဂါကုဆေးရုံကိုရောက်ရှိလာပါတယ်…. သူဟာတခြားလူနာတွေနဲ့မတူပဲ အမူအကျင့်တွေက ထူးဆန်းနေတာကြောင့် စိတ်ရောဂါကုဆရာဝန် မာခ့်ပိုဝဲလ်လည်း လူနာကို အရမ်းစိတ်ဝင်စားသွားပါ‌တော့တယ်… K-PAXကနေလာတယ်ဆိုတဲ့သူဟာ သူ့ရဲ့အကြောင်းပြချက်တွေ သိပ္ပံနည်းကျအချက်အလက်တွေ ဘဝဇာတ်လမ်းတည်ဆောက်ပုံတွေက သံသယရှိစရာကောင်းပေမယ့် ယုံကြည်စရာလဲကောင်းနေပြန်တော့ ဒီလူဟာတကယ်ပဲ တခြားဂြိုလ်ကလာတဲ့သူလား စိတ်ဝေဒနာရှင်တစ်ယောက်လာဆိုတာ ဖော်ထုတ်ဖို့ဖြစ်လာပါတယ်။ File Size :(2.3GB)(796MB) and (292MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Mystery , Drama , Sci-FI Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded by Phyo Pyae

Action • Adventure • Science Fiction
7.4 2001
K-PAX
Call Jane
6.1

Call Jane (2022) ~ IMDb – 6.1/10, RT – 82%, Meta – 64% ~ နာမည်ကျော် Gotham စီးရီးထဲ ပင်ဂွင်းနဲ့အတူတူ ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ Riddler နေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသား Cory Michael Smith ရဲ့ ဇာတ်ကားအသစ်ပါ။ မင်းသမီးကတော့ Charlie’s Angels, Pitch Perfect Trilogy, Power Rangers နဲ့ The Hunger Games အစုံအစုံက မင်းသမီး Elizabeth Banks ပါ။ စပယ်ရှယ်ဘွန်းခဲ့တဲ့ Fantastic Four (2015) က Kate Mara လည်းပါသလို Alien Franchise ကြီးရဲ့ အခရာအကျဆုံးဖြစ်ခဲ့သူ Sigourney Weaver လည်းပါတဲ့ သမိုင်းနောက်ခံဇာတ်ကားသစ်ပါပဲ။ ခင်ပွန်းဖြစ်သူရဲ့အလုပ်ကြောင့် တက်ရတဲ့အခမ်းအနားကနေ ပြန်အထွက်မှာ လမ်းလျှောက်ဆန္ဒပြနေကြတဲ့ လူတစ်အုပ်ကို ရုတ်တရက်တွေ့လိုက်ရလို့ ဂျွိုင်းဂရစ်ဖင်တစ်ယောက် အံ့သြတကြီး ဖြစ်သွားရတယ်။ ဒါပေမဲ့ ဒီဆူပူမှုနဲ့ အဲဒါကိုထိန်းချုပ်ဖို့ ကြိုးစားနေကြတဲ့ရဲတွေကို ကြည့်နေတဲ့ သူ့မျက်ဝန်းထဲမှာ ရှိနေတာက ထိတ်လန့်မှုတင်မကဘဲ စိတ်ဝင်စားမှုနဲ့ စိတ်ထက်သန်မှုလေးတွေပါ နည်းနည်းစွက်နေခဲ့တယ်။ ဂျွိုင်းက အိမ်ထောင်ရှင်မ,ပီသတဲ့ ဇနီးကောင်းတစ်ယောက်။ အရွယ်ရောက်ခါနီးသမီးလည်း ရှိနေနှင့်ပြီးသား၊ သူတို့လင်မယားအတွက် သားသမီးတစ်ယောက် ထပ်ရတော့မယ့် အနေအထားမှာ မထင်မှတ်ဘဲ ဂျွိုင်းတို့သိလိုက်ရတာက သူ့ဆီမှာ မွေးရာပါနှလုံးချို့ယွင်းမှုတစ်ခု ရှိနေပြီး ကိုယ်ဝန်ဆက်လွယ်ထားရင် မီးဖွားပြီးနောက် သူအသက်ရှင်ဖို့က ငါးဆယ်ရာခိုင်နှုန်းသာ ရှိနေတယ်ဆိုတာပဲ။ အမျိုးသမီးတွေ မိမိဆန္ဒအလျောက် ကိုယ်ဝန်ဖျက်ချခွင့်မရှိသေးတဲ့ အဲဒီ ၁၉၆၀ နှောင်းပိုင်းခေတ်မှာ သူ့အသက်မသေရအောင်လို့ တရားဝင်ဖျက်ချခွင့်ပေးဖို့ ဆေးရုံကို အသနားခံစာတင်ပေမဲ့ ကလေးကျန်းမာဖို့က အဓိကဖြစ်တယ်လို့ ယူဆပြီး ကိုယ်ဝန်ဆက်လွယ်စေဖို့ မိခင်ဖြစ်သူကိုရှေ့ထားပြီး ဆုံးဖြတ်လိုက်ကြတဲ့ ယောက်ျားရင့်မာကြီးတစ်သိုက်သာပါတဲ့ ဘုတ်အဖွဲ့ကို မယုံနိုင်အောင်ကြည့်ရင်း သူ့အသက်ကိုကယ်ဖို့ သူကိုယ်တိုင်လမ်းထွင်မယ်လို့ ဂျွိုင်းတစ်ယောက် ဆုံးဖြတ်ချက်ချလိုက်ရာမှာ အဲဒီလမ်းဟာ သူတစ်ယောက်တင်မက အမေရိကန်တစ်နိုင်ငံလုံးက ဖိနှိပ်ခံအမျိုးသမီးတွေအတွက် အကြီးကျယ်ဆုံးသော အရွေ့တစ်ခုမှာ အရေးပါတဲ့နေရာကနေ ပါဝင်လာခဲ့တော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.02GB, 1GB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 2H 1Min Genre – Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Action & Adventure • Drama • Sci-Fi & Fantasy
6.1 2022
Call Jane
Archir Gallery
6

Archier Gallery 2023 (အာချီရဲ့ပြခန်း) ဒီတစ်ခေါက်မှာတော့ အရိုအချိုဒရာမာလေးတွေနဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ငယ်ငယ်လေးကတည်းက အမေဆုံးသွားလို့ အဖေနဲ့ပဲအတူတူကြီးပြင်းလာခဲ့ရတဲ့ မိတဆိုးလေးအာချီဟာ သူ့အဖေကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ဂရုစိုက်ပါတယ်။ အင်ဂျင်နီယာကျောင်းဆင်းဖြစ်တဲ့သူဟာ ဘန်ဂလိုမှာ အလုပ်ရခဲ့ပေမယ့် အဖေနဲ့ဝေးရာမှာဖြစ်နေတဲ့အတွက် အဖေ့ကိုစိတ်မချဘဲ အလုပ်ကနေ ၂ပတ်နဲ့ထွက်ခဲ့ပါတော့တယ်။ အဖေဖြစ်သူဟာလည်း သူ့မိန်းမရဲ့ အမှတ်တရတွေပြည့်နေတဲ့အိမ်ကနေ ဘယ်ကိုမှ မသွားဘူးဆိုတာကိုသိနေတဲ့ အာချီတစ်ယောက်ဟာ သူ့အဖေရှိရာမြို့မှာပဲ ပြန်လာနေထိုင်ရင်း အလုပ်ရှာခဲ့ပါတော့တယ်။ ဒီလိုနဲ့ အလုပ်ရပြီးနောက်မှာ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပြီး အဲဒီကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိသွားပါတော့တယ်။ ဒီလိုနဲ့ သူချစ်မိသွားတဲ့ကောင်မလေးဟာ သူနဲ့တစ်ရုံးတည်းဖြစ်နေတာကို သိလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ ကောင်မလေးကို နည်းအမျိုးမျိုးသုံးပြီးတော့ လိုက်ပါတော့တယ်။ အာချီနဲ့ အဲဒီကောင်မလေးတို့ရဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ရိုရမလဲ ……. အဖေတစ်ခု သားတစ်ခုဘဝလေးထဲကိုရော အဲဒီကောင်မလေးက ဘယ်လိုတွေ ဝင်ရောက်လာမလဲ …. အာချီနဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းလေးလှမလား ….. ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ Suri ~ Cyrah တို့ပဲဖြစ်ပါတယ်)

6 2023
Archir Gallery
Within
5.5

အမေရိကန် Horror ကားကိုမှ Parasite လို Vibe မျိုးလေးနဲ့ ကြည့်ရှုချင်ရင်တော့ အခုတင်ဆက်ပေးမဲ့ ကားလေးက ကွက်တိပဲဖြစ်မှာပါ။Parasite လိုမျိုးကြီးလုံး၀တူနေတာတော့ မဟုတ်ဘဲနဲ့ အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့ ခံစားချက်ကြီးနဲ့ ကျောချမ်းစေမှာကတော့အသေအချာပါပဲ။ ခေါင်းကြီးတွေကတော့ မင်းသမီးချောချောလေးကို ငေးနေတာနဲ့တင် ကြောက်ချိန်ရမယ်မထင်ပါဘူး။ဇာတ်လမ်းနာမည်ကတော့ Within ဖြစ်ပြီး IMDb Rating 5.1 ရရှိထားတဲ့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အမေရိကန် သည်းထိပ်ရင်ဖို ဇာတ်ကားတွေကတော့ ထုံးစံအတိုင်းပဲ မိသားစုတစ်စုက အိမ်သစ်တစ်လုံးကို ပြောင်းရွှေ့လာရာကနေ စပါတယ်။သူတို့မိသားစုမှာ အဖေ မိထွေးနဲ့ ဆယ်ရာဆိုတဲ့သမီးဖြစ်သူ ဆိုပြီးမိသားစုဝင် ၃ ယောက်ရှိပါတယ်။မိထွေးဆိုပေမဲ့ ဆယ်ရာနဲ့ အရမ်းအဆင်ပြေပြီး သင့်မြတ်ကြပါတယ်။အိမ်ကိုရောက်လာ ခါစမှာတော့ ဘာပြဿနာထွေထွေထူးထူးမှမရှိခဲ့ပေမဲ့ သူတို့ခေါ် ခိုင်းတဲ့ ဘေးအိမ်ကသော့ပြင်ဆရာကတော့ ကြောက်စရာ ကောင်းပြီးတော့ ကြောင်တောင်တောင်နိုင်ပါတယ်။အဲ့ဒီအပြင်ကိုမှ ဆယ်ရာက တစ်ခါတစ်လေအိမ်ထဲမှာ လူရိပ်တွေ့တာတွေ အသံတွေကြားနေရတာတွေ ခဏခဏဖြစ်လာပြီး စိတ်ခြောက်ခြား နေပါတော့တယ်။ ဆယ်ကျော်သက်တစ်ယောက်ရဲ့ စကားဆိုတော့လည်း အဖေနဲ့ မိထွေးဖြစ်သူက သိပ်မယုံချင်ကြပါဘူး။ဒီလိုနဲ့ ဆယ်ရာပြောနေတာ အမှန်တွေဖြစ်တယ်ဆိုတဲ့ အကြောင်းသက်သေထွက်ရှိလာပြီး နောက်မှာတော့ သူတို့ရဲ့အိမ်ထဲမှာသူတို့မထင်မှတ်ထားတဲ့ ဘယ်လို ကြောက်စရာကောင်းတဲ့ အရာတွေရှိနေမယ်ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.22GB / 470MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2016 88 mins
Within
Switch Case N
7

Switch Case N 2024 မယုံနိုင်စရာ ဘဝအချိုးအကွေ့ ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ 2024 ခုနှစ်ထွက် ကန်နာဒါဒရာမာဇာတ်လမ်းလေးဖြစ်တဲ့ Switch Case N ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ IMDb ratingကလဲ အတော်သင့် ရရှိထားသလို IT နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ ပရိသတ်တွေအတွက်တော့ အံကိုက်ဖြစ်မှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးမှာ အဓိကဇာတ်ဆောင် အိုင်တီပညာရှင်လေး ဆစ်ဒါ့သ်ဟာရစ်ရှ်ရဲ့ ဘဝတစ်ဆစ်ချိုး‌ပြောင်းလဲမှုကို မြင်တွေ့ရမှာပါ။ ဆစ်ဒါ့သ်ဟာ သူ့ရဲ့ကိုယ်ရေးကိုယ်‌တာ ကိစ္စတွေနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကြားက ရှုပ်ထွေးမှုတွေ‌ကို ဖြေရှင်းရင်း အောင်မြင်ကြီးပွားလာသလို တိုးတက်ပြောင်းလဲခြင်းတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင်တော့ ဆစ်ဒါ့သ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရင်း အခက်အခဲမျိုးစုံကြားမှာ ဘယ်လိုရွေးချယ်မှုတွေက သူ့ဘဝအတွက် သက်ရောက်မှုရှိနေမလဲဆိုတာ မီးမောင်းထိုးပြပေးထားတာမလို့ ဆစ်ဒါ့သ်ရဲ့ ဘဝတစ်ဆစ်ချိုးအပြောင်းအလဲက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်

7 2024
Switch Case N
The Nature of Love
6.9

2023မှာထွက်ထားတဲ့ The nature of Love ဆိုတဲ့ဇာတ်ကားလေး ကတော့ အချစ်ကြမ်းတဲ့ ပြင်သစ် ကနေဒါ ကားလေးဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝကိုမသိစိတ်ကငြီးငွေ့နေတဲ့ ဆိုဖီယာဆိုတဲ့ အမျိုးသမီးတစ်ဦးက တစ်နေ့မှာ သူတို့လင်မယားနှစ်ယောက် ဝယ်ထားတဲ့ ကျေးလက်ဒေသက အပန်းဖြေအိမ်လေးကိုစစ်ဆေးဖို့ သွားခဲ့ပါတယ်။ အဲ့ဒီနေရာမှာ အိမ်ဆောက်လုပ်ပြုပြင်ရေးသမား ဆာဗိန်းနဲ့တွေ့တဲ့အခါ သူမသိစိတ်ကပွင့်ထွက်သွားပြီး မလုပ်သင့် တာတွေကိုလုပ်မိပါတော့တယ်။ နောက်ပိုင်းမှာတော့ မလုပ်သင့်တာတွေခိုးမလုပ်ပဲပေါ်တင်လုပ်လာ ပါတော့တယ်။ အိမ်ထောင်ရေးတစ်ခုမှာဖောက်ပြန်တာကအမှားတစ်ခုလား ဒါမှမဟုတ် အချိန်တွေမပေးနိုင် စိတ်ပိုင်းဆိုင်ရာမထောက်ပံ့ပေးနိုင် တာဝန်တွေမကျေနိုင်တဲ့ သူရဲ့အပြစ်လားဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်အတွေးအခေါ်ပညာရှင်တွေရဲ့ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံ အမျိုးမျိုးကို လေ့လာနိုင်မှာဖြစ်ပြီးတော့ ဘေးပတ်ဝန်းကျင်အသိုင်းအဝိုင်း မတူတဲ့ လူနှစ်ယောက်ဟာချစ်မိသွားတဲ့အခါ အချစ်ရေးကအဆုံးထိ မြဲမလား ဘယ်လိုနာကျင်မှုတွေခံစားရမလဲဆိုတာကိုခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ File size… (1.89GB) / (975MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre …..Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Drama • Romance
6.9 2023 110 mins
The Nature of Love
Special Monster
5.2

ကမ္ဘာဦးသတ္တဝါတွေနဲ့ဝန်းရံထားတဲ့ ဆန်းကြယ်တဲ့ကျွန်းတစ်ကျွန်း…… စုန့်ခေတ်မှာ အာရပ်ကုန်သည်တစ်ယောက်ကကုန်ကူးဖို့သွားရင်းနဲ့ ပင်လယ်ပြင်မှာမုန်တိုင်းမိပြီးတော့ သူတို့ရဲ့သင်္ဘောဟာပျောက်သွားခဲ့တယ်။ အဲဒီသင်္ဘောပေါ်မှာရတနာတွေအများကြီးပါတယ်လို့ဒဏ္ဍာရီရှိတယ်။ နောက်နှစ်ပေါင်း (၇၀၀)ကျော်ကြာလာပြီး လက်ရှိခေတ်ရောက်တဲ့အထိ အဲဒီသင်္ဘောကိုရှာနေတဲ့သူတွေရှိပါတယ်။ တံငါသည်တစ်ချို့ရဲ့အပြောအရ ရတနာလှေသင်္ဘောကြီးဟာ ဆန်းကြယ်တဲ့ကျွန်းမှာရှိတယ်လို့ဆိုတယ်။ ဒီလိုနဲ့ ချန်ဝူရယ်ဆိုတဲ့လူတစ်ယောက်ဟာဦးဆောင်ပြီးတော့ ဇီဝသက်ရှိဗေဒပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင်နဲ့ လုံခြုံရေးတပ်ဖွဲ့ကိုခေါ်ပြီးတော့ ဆန်းကြယ်တဲ့ကျွန်းကိုရှာဖို့ခရီးစလိုက်ပါတယ်။ ပင်လယ်ပြင်မှာအန္တရာယ်တွေကျော်ဖြတ်ပြီးမှာ ဆန်းကြယ်တဲ့ကျွန်းကို ရောက်လာခဲ့ကြပေမယ့် မှန်းဆမရတဲ့နောက်ထပ်အန္တရာယ်တွေကသူတို့ကိုစောင့်ကြိုနေတဲ့အခါ……

Action • Adventure • Drama
5.2 2025
Special Monster
Rajabheema

Raja Bheema (2025) အခုတစ်ခါ CM Bollywood ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ ငယ်ဘဝအိန္ဒိယကားတွေကို အမှတ်ရသွားစေမယ့် တမီလ်ဆင်လိမ္မာကားလေးပဲ ဖြစ်ပါတယ်။ အခုခေတ်ပေါ်ကားဆိုတော့ ခေတ်နဲ့အညီ အက်ရှင်ဒရာမာညီမျှတဲ့ ဆင်လိမ္မာကားလေးလို့ပဲ ပြောရမှာပါပဲ…. ရာဂျာဟာ မိခင်ကိုအရမ်းချစ်ပြီးတော့ မိခင်နဲ့အတူ ဆင်ရုပ်လေးတွေနဲ့ ဆင်ဇာတ်လမ်းလေးတွေနားထောင်ရင်း ကြီးပြင်းလာတဲ့ကလေးတစ်ယောက်ပါ.. ကံဆိုးစွာနဲ့ပဲ သူ့မိခင်ဟာ သူကလေးဘဝမှာပဲ ရုတ်တရက်ဆုံးပါးသွားခဲ့ရပါတယ် … ရာဂျာတစ်ယောက် ကလေးဘဝနဲ့မလိုက်အောင် စိတ်ထိခိုက်မှုခံစားရပြီးတော့ တငူငူတငိုင်ငိုင်ဖြစ်နေချိန်မှာ သူ့ဘဝထဲကို ဘီမာလို့ခေါ်တဲ့ဆင်လေးတစ်ကောင်ဝင်ရောက်လာပါတယ် ရာဂျာနဲ့ဆင်လေး အတူတူကြီးပြင်းခဲ့ရာကစလို့ အရွယ်ရောက်လာတဲ့အခါမှာ ဘာပြသနာတွေနဲ့ရင်ဆိုင်ရမလဲ… တောရိုင်းတိရစ္ဆာန်တွေရဲ့ ရှားပါးပစ္စည်းတွေဖြစ်တဲ့ ဆင်စွယ် သားရေ အစရှိတာတွေရဲ့ မုဆိုးတွေအန္တရာယ်ကို ဘယ်လိုရင်ဆိုင်သွားကြမလဲ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်

Comedy • Music
0 2025 119 mins
Rajabheema
Exposed
5.8

၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ မသိသူမရှိ John Wick မင်းသားကြီး Keanu Reeves နဲ့ ကျူးဘားသူမင်းသမီး ချောလေး Ana de Armas တို့ရဲ့ ဇာတ်ကားဟောင်းလေး ဖြစ်တဲ့ Exposed ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားအမျိုးအစားကိုပြောရ ရင်တော့ မှုခင်းလျှို့ဝှက်ဆန်းကြယ်အမျိုးအစားဖြစ်ပြီး သရုပ်ဆောင်တော်တော်များများကလည်း နာမည်ကြီးတဲ့ အပြင် ဇာတ်ညွှန်းလေးကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အတွက် အတိတ်ကိုပြန်လည်လွမ်းဆွတ်ရင်း ဇာတ်လမ်း ကောင်းလေးတွေပြန်ကြည့်ချင်တဲ့သူတွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းဘယ်ကစလဲဆိုရင်တော့ စကော့ဆိုတဲ့စုံထောက်ရဲ့ တွဲဖက်စုံထောက်တစ်ယောက် ရထားဘူတာမှာ ဓားထိုး အသတ်ခံရာကနေစတာပါပဲ။ဘယ်သူတွေလုပ်သွားသလဲ ဆိုတာ အရိပ်အယောင် အစအနတောင်မသိရဘဲ အဲ့ဒီ စုံထောက်ကိုယ်ပေါ်က ကင်မရာတစ်လုံးကိုသာ သဲလွန်စ အနေနဲ့တွေ့ခဲ့ရပါတော့တယ်။အဲ့ဒါကြောင့် စကော့က သူ့တွဲဖက်ကိုသတ်သွားတဲ့လူကိုသိရဖို့အတွက် အဲ့ဒီကင်မရာ ထဲမှာတွေ့တဲ့ ဓာတ်ပုံတွေထဲကအတိုင်း လိုက်စုံစမ်းပါ တော့တယ်။ဒါပေမယ့် ဖြစ်ချင်တော့ သူ့တွဲဖက်ကိုယ်တိုင် ကလည်း စံပြရဲမဟုတ်ဘဲ မူးယစ်ဆေးရောင်းတဲ့လူတွေ ဆီကနေ ငွေညှစ်တာတို့ ရဲတစ်ယောက်နဲ့မကိုက်ညီတဲ့ အပြုအမူတွေလုပ်ခဲ့တဲ့လူဖြစ်တဲ့အတွက် သူ့ကိုကြုံးချင် တဲ့လူတွေကလည်း ခပ်များများဖြစ်နေတော့ စုံစမ်းစစ်ဆေး ရတာတိုင်ပတ်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ စုံထောက်ကြီးစကော့ လိုက်လံစုံစမ်းရင်း သူ့တွဲဖက် အတွက် အမှန်တရားကိုဖော်ထုတ်ပေးသွားနိုင်မလား အမှန်တရားဆိုတာဖော်ထုတ်တိုင်းရော ကောင်းပါ့မလား ဆိုတာကို ရှုစားရမဲ့ Old But Gold ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ File size… (1 GB) / (539 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre …..Crime , Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2016 102 mins
Exposed
Irish Ashes
5.5

ဇာတ်လမ်းအကျဉ်းကတော့ .. နိုင်ငံရပ်ခြားရောက်နေတဲ့ထရစ်စတန်ဟာသူ့အမေဆုံးသွားတဲ့အတွက်မွေးရပ်မြို့ကိုပြန်လာပြီး အသုဘကိစ္စအဝဝကိုဆောင်ရွက်ရင်းနဲ့ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းကယ်လီတို့ဆီသတင်းမေးရင်းအလည်သွားခဲ့တယ်။ ငယ်ငယ်တုန်းကကယ်လီနဲ့ဇာတ်လမ်းတွေရှိခဲ့တယ်ဆိုပေမယ့်အခုကတော့ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီ။ အသုဘမှာကယ်လီရဲ့အဖေမလာဖြစ်တာကိုမေးရင်းနဲ့ နိုင်ငံခြားမပြန်ခင်ညီမဖြစ်သူကေတီကိုတွေ့ချင်တဲ့အတွက်ကြောင့်ကယ်လီရဲ့အဖေကိုမေးကြည့်တယ်။ ကေတီနာမည်ကိုကြားလိုက်တာနဲ့ ရုပ်ပျက်ဆင်းပျက်သွားတဲ့အတွက် ပထွေးဖြစ်သူဘရန်ဒန်ကိုပဲမေးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ ကယ်လီအဖေကလည်း ပထွေးနဲ့ခပ်ကင်းကင်းနေဖို့နဲ့ ဒီမှာဆက်မနေဖို့ကိုပဲတိုက်တွန်းနေတယ်။ ဘရန်ဒန်ကိုမေးတော့လည်း ကေတီကထွက်သွားတာလချီနေပြီးအဆက်အသွယ်မရဘူးပဲပြောလွတ်လိုက်လို့စိတ်ပျက်နေတုန်းမှာကယ်လီကလာတွေ့ပြီးဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်တယ်။ ကေတီကကိုယ်ကိုယ်ကိုသတ်သေသွားကြောင်းနဲ့ ပထွေးဖြစ်သူရဲ့လက်ချက်မကင်းဆိုတာသိလိုက်တဲ့အခါမှာ…. File Size… (953 MB) / ( 478 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 19m Genre …..Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

Drama • Action • Thriller
5.5 2025 79 mins
Irish Ashes
Sovereign
6.3

IMDb Rating (6.3) / Rotten Tomatoes (92%) ဒီတစ်ခါတော့ The Last of us (2023)မှာ Bill အဖြစ် သရုပ်ဆောင်ခဲ့ပြီး Emmy Award ဆု ရထားတဲ့နာမည်ကြီးသရုပ်ဆောင် Nick Offerman ရဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Christian Swegal ရဲ့ ပွဲဦးထွက်လက်ရာ ဒီရုပ်ရှင်ဟာ ၂၀၁၀ အာကန်ဆောမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Rotten Tomatoes မှာ 92% ရထားပြီး သားအဖဆက်ဆံရေးနဲ့အစွန်းရောက်ဝါဒကို ချိတ်ဆက်ပြီး အကောင်းဆုံးရိုက်ပြထားတာပါ။ Nick Offerman ရဲ့ ဂျယ်ရီကိန်းအဖြစ် သရုပ်ဆောင်မှုကို ဝေဖန်သူတွေက“ရင်သပ်ရှုမောဖွယ်” နဲ့ “ကာရိုက်တာလေ့လာမှုရဲ့အကောင်းဆုံး ဥပမာ” အဖြစ် ချီးကျူးထားပြီး သူ့ရဲ့အကောင်းဆုံး တင်ဆက်မှုတွေထဲက တစ်ခုလို့ သတ်မှတ်ထားတယ်။ ဒီဇာတ်ကားကို လူမှုရေးသင်ခန်းစာတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ အသုံးပြုပြီး အစွန်းရောက်မှုရဲ့ အကျိုးဆက်တွေကို ဆန်းစစ်ဖို့ သင့်တော်ပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင် အမေရိကန်အစိုးရကို ဆန့်ကျင်တဲ့ Sovereign Citizen လှုပ်ရှားမှုကို ယုံကြည်တဲ့အဖေဖြစ်သူဂျယ်ရီကိန်း (Nick Offerman – Emmy ဆုရှင် “The Last of Us”) နဲ့ သူ့သား ဂျိုးဇက် (Jacob Tremblay – “Room”) တို့ဟာ ဥပဒေသင်တန်းတွေ ပို့ချရင်း တစ်ဖက်တစ်လမ်းက ငွေရှာကြပါတယ်။ တစ်ဖက်မှာလည်း အကြွေးပြဿနာတွေနဲ့ရှိနေပြီး ဘဏ်နဲ့ အစိုးရရဲ့ ဖိအားတွေကို ရင်ဆိုင်နေရတာကို ဘယ်လိုနည်းလမ်းတွေသုံးပြီး ဖြေရှင်းကြမလဲ…. သူတိုရဲ့ပြဿနာတွေက ပြေလည်သွားမှာလား ဒါမှမဟုတ် တစ်စတစ်စကြီးသထက် ကြီးလာမှာဆိုတာကိုတော့ ကြည့်ရှုသူတွေကိုယ်တိုင် ဆုံးဖြတ်သင့်ပါတယ်။ ဒီဇာတ်ကားမှာ ဂျယ်ရီကိန်းရဲ့ဒိုင်ယာလော့တွေက ဘယ်လိုအစွန်းရောက်ပြီး မိတ်ဆွေတို့ကို ဘယ်လိုအတွေးတွေရစေမလဲ။ မလုပ်သင့်မလုပ်အပ်တာတွေကို အစွန်းမရောက်ဖို့အကြံပေးရင် ဒီဇာတ်ကားကို အဆုံးထိကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ File Size… (1.38 GB) / (811 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 40m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Action • Crime • Comedy
6.3 2025 100 mins
Sovereign