YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Legend of Heroes E14 1080p WEB-DL CM.mp4

530.57 MB N/A video/mp4 390 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
BTS: Permission to Dance on Stage - LA
9.1

ကျွန်မတို ARMY တွေ အလုအယက် မှောင်ခိုကြည့်ခဲ့ရတဲ့ ဒီ LA Concert ကြီးကို သီချင်းတွေက အစ မြန်မာဘာသာပြန်နဲ့ CM မှာ အကြည်အပြည့်အဝကြည့်ရပါတော့မယ် သီချင်းစာသားတွေကအစ ခရမ်းရောင်ကို သုံးပေးထားပါတယ်။ ကိုဗစ်ကာလနားနေခဲ့ရာမှာ ပြန်လည်စတင်ခဲ့တဲ့ BTS ရဲ့ PTD Concert တွေထဲက တစ်ခုဖြစ်ပြီး LA က ARMY ပေါင်းများစွာနဲ့ အကြီးအကျယ်ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲကြီးဖြစ်ပါတယ် သီချင်းပေါင်း များစွာကိုဖျော်ဖြေသွားတဲ့အပြင် အမှတ်တရစကားလေးတွေ ပြောသွားကြတာ အရမ်းကြည်နူးစရာကောင်းပြီး မန်ဘာ ၇ ယောက်နဲ့ ARMY တွေအတွက် မမေ့နိုင်စရာ ပျော်စရာအခိုက်အတန့်လေးတွေဖြစ်ခဲ့တာပေါ့နော် ကျွန်မတိုကိုယ်တိုင် အတူမရှိခဲ့ရပေမဲ့ ဒီပွဲဟာ ကိုယ့်အနားမှာ ဖျော်ဖြေနေသလို ခံစားရစေတဲ့အတွက် (မှောင်ခိုကြည့်ပြီးသားဆိုရင်လည်း) အမှတ်တရဒေါင်းပြီး သိမ်းထားလိုက်တော့နော် BTS ?ARMY BORAHAE!! အညွှန်းကိုတော့ Khaing Khin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM ARMY ပဲ ဖြစ်ပါတယ်။ Genre..... Music Quality…. 1080p | 720p | 480p File size… 5.78GB | 2.74GB | 1.18GB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... CM ARMY Encoder ..... August

Drama • Mystery • Thriller
9.1 2022 130 mins
BTS: Permission to Dance on Stage - LA
Deepwater Horizon
6.9

သမားရိုးကျနိုင်လွန်းတဲ့ သို့ ပုံစံခွက်ထဲအများစုဝင်တဲ့ ဇာတ်လမ်းအမျိုးအစားထဲမှာ disaster/survival ရုပ်ရှင်များလည်း ပါပါတယ်။ Titanic, The day after tomorrow တို့လိုကားတွေ လူကြိုက်များခဲ့၊ အောင်မြင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒါမျိုးကားတွေ သိပ်အလုပ်မဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ ဥပမာ World Trade Centre, Poseidon တို့လိုကားတွေ။ ဒီလိုဇာတ်ကားများမှာ ဖော်မျူလာကျ ဇာတ်ကြောင်းပြောတဲ့ပုံက ကျွန်တော်တို့နဲ့အတော်ကျွမ်းဝင်နေခဲ့ပြီ။ အစပိုင်းမှာ Victims ဖြစ်လာကြမယ့်သူတွေရဲ့ မိသားစုဘဝတွေကိုပြမယ်။ ဒါဟာ နောက်ပိုင်းမှာ ဇာတ်ကောင်ကိုပိုမိုကရုဏာသက်စေဖို့အထောက်အကူပြုတယ်။ ဇာတ်ကားအလယ်လောက်မှာ ဘေးဆိုးကြီးနဲ့မိတ်ဆက်ပေးမယ်။ သေကြ၊ ကြေကြ၊ ပျက်ဆီးကြမယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံကြမယ့် သူရဲကောင်းတွေပါမှာဖြစ်သလို တစ်ဘို့သမား ဗီလိန်များလည်းပါရလိမ့်မယ်။ ဒီလို ပုံစံကျရှိနေတဲ့ ဇာတ်လမ်းအမျိုးအစားမို့လို့ ပရိသတ်တွေရိုးအီလာတာရှိမှာဖြစ်သလို ဒီပုံစံမှာ ဆက်လက် ရင်ခုန်ခံစားချင်၊ စီးမျောချင်တဲ့ပရိသတ်လည်းရှိဦးမှာပါပဲ။ အဲလိုဇာတ်ကားအများစုက ဖြစ်ရပ်မှန်တွေဖြစ်နေတတ်တာကတော့ ပရိသတ်ကိုစွဲငြိစေတဲ့အချက်တစ်ချက်လို့ထင်မိပါတယ်။ Deepwater Horizon ဟာလည်း 2010 ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။ Deepwater Horizon ဆိုတဲ့ ပင်လယ်ရေနံတူး Rig ကြီးဟာ မက္ကဆီကိုပင်လယ်ကွေ့မှာ မတော်တဆ မီးလောင်ပေါက်ကွဲခဲ့ပြီး အမေရိကန်ရဲ့ အဆိုးရွားဆုံး လောင်စာဆီဖိတ်စင်မှုကြီးဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြီးအပေါ် သေချာလေ့လာရေးသားထားတဲ့ New York Times ကဆောင်းပါးကိုအခြေခံကာ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တာပါ။ ဒါကြောင့်မို့လို့လည်း အချက်အလက်ပိုင်းဆိုင်ရာ တိကျတယ်လို့ ချီးကျူးခံရပါတယ်။ ရေနံတွင်းကြီးကိုပိုင်တဲ့ BP managers တွေဟာ သတ်မှတ်ထားတဲ့အချိန်ထက် တစ်လနီးပါးလောက်နောက်ကျနေပြီဖြစ်တဲ့လုပ်ငန်းကို အချိန်မီပြီးစီးဖို့ရော၊ ငွေချွေတာတဲ့သဘောရောနဲ့ ပင်လယ်ရေအောက်ဖိအားတိုင်းတာတဲ့ test တစ်ခုကို (Cement test ဟုကြားသည်။ မသေချာပါ။) မလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ တကယ်ရေနံတူးကြသူတွေကတော့ Transocean ဆိုတဲ့ Drilling company ကသူများဖြစ်ပါတယ်။ Michael Williams (Mark Wahlberg) က Transocean ရဲ့ Chief electric technician တစ်ယောက်ပါ။ ရေနံတွင်းတူးသမားတွေရဲ့ Captain (Kurt Russell) ကတော့ သင်္ဘောပေါ်ကလူအားလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက် သူတာဝန်ရှိတာမို့ BP managers များရဲ့ လက်လွတ်စပယ်ဆုံးဖြတ်ချက်အတွက်အခြေအတင်စကားများကြတယ်။ နောက်ဆုံးတော့ Cement test မလုပ်ရင်တောင် နောက်ထပ်စမ်းသပ်မှုတစ်ခုဖြစ်တဲ့ Negative pressure test ကိုပြုလုပ်ဖို့သဘောတူကြတယ်။ ဒီ test ကိုပြုလုပ်လိုက်တဲ့အခါ ပင်မရေနံပိုက်လိုင်းမှာ ဖိအားတွေဟာ အန္တရာယ်ရှိအဆင့်ထိ မြင့်တက်နေခဲ့ပါတယ်။ ပုံမှန်ဆိုရင် လုပ်ငန်းကိုရပ်ဆိုင်းလိုက်ရတော့မှာဖြစ်ပေမယ့် BP representative တစ်ဦး (John Malkovich) က ဖိအားများရင် ရေနံတွေဘာလို့ပန်းထွက်မလာတာလဲလို့ အကြောင်းပြပြီး (သူ့ရဲ့ Bladder effect ဆိုတာတွေရှင်းပြပြီး) ပင်မရေနံလိုင်းရဲ့ဘေး၊ kill line မှာနောက်ထပ် Negative pressure test ထပ်လုပ်စေပါတယ်။ ဒီတစ်ခါမှာတော့ pressure က zero level ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရေနံတူးခြင်းလုပ်ငန်းစတင်လိုက်တဲ့အခါ ရေအောက်ဖိအားတွေတအားတက်လာခဲ့ပြီးနောက်................... Deepwater Horizon ကလည်း ပုံစံခွက်ထဲကနေဖောက်ထွက်ထားတဲ့ဇာတ်ကားမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်ရတာ ကျေနပ်နှစ်သိမ့်မှုကိုတော့ပေးစွမ်းနိုင်ပါတယ်။ ဒီနှစ်အစောပိုင်းလောက်က ထွက်ရှိထားတဲ့ ပုံစံတူ The finest hours ထက်ပိုကြိုက်မိပါတယ်။ The lone survivor ရဲ့ဒါရိုက်တာ Peter Berg ကရိုက်ကူးထားတာပါ။ ဒါကြောင့်လည်း တချို့နေရာတွေမှာ The lone survivor နဲ့ဆင်တူနေတာကို သတိမထားဘဲမနေနိုင်ဘူး။ အထူးသဖြင့် Lone survivor ထဲက တောင်ပေါ်ကခုန်ချကြတဲ့အခန်းတုန်းကလို ခံစားချက်မျိုး ဒီကားမှာ ပြန်လည်ခံစားမိတယ်။ ဒါရိုက်တာဟာ ဇာတ်လမ်းကို overdramatized ဖြစ်သွားမှာစိုးရိမ်ဟန်တူပါတယ်။ ဇာတ်ကောင်မိတ်ဆက်မှုတွေ လိုတာထက်မပိုတာတွေ့ရပါတယ်။ ဇာတ်လမ်းကပိုကျစ်လစ်သွားပေမယ့် ဇာတ်ကောင်များနဲ့သိပ်မရင်းနှီးလိုက်တာကတော့ အပြစ်ပေါ့လေ။ လူဆိုး၊ လူကောင်း၊ သူရဲကောင်းကွဲပြားပေမယ့်လို့ အသေးစိတ်လေးတွေထိ မသွားတာကိုပြောချင်တာပါ။ ရေနံတွေပန်းထွက်လာတာကနေစပြီး အဆုံးထိရောက်တဲ့ဇာတ်ကားရဲ့ action အပိုင်းတွေကတော့ တကယ်ကို ရင်သပ်ရှုမောဖြစ်ဖွယ်ရာပါပဲ။ မီးတောက်ကြီးတွေ၊ ပေါက်ကွဲတာတွေက ပီပြင်လှပါတယ်။ ဒါမျိုးပီပြင်အောင်ရိုက်ခဲ့လို့လည်း budget က သန်းတစ်ရာကျော်ခဲ့တာပေါ့။ လောလောဆယ်ထိတော့ သန်းသုံးဆယ်ကျော်ပဲပြန်ရသေးတယ်လို့ကြားပါတယ်။ ဇာတ်ကားအစမှာ Mark Wahlberg ရဲ့ သမီးဖြစ်သူက ရေနံတူးတာအကြောင်း ကိုကာကိုလာဘူးနဲ့ နိမိတ်ပြသွားတဲ့အခန်းလေးကို ပြီးသွား မှပြန်တွေးရင်းသဘောကျမိတယ်။ သတိထားမိတဲ့ထူးခြားချက်လေးတွေပြောရရင်တော့ Mark Wahlberg ကို A perfect storm ဆိုတဲ့ပုံစံတူဇာတ်ကားမှာ မြင်တွေ့ခဲ့ပြီးပြီးဖြစ်သလို Kurt Russell ဟာလည်း Poseidon မှာပါဝင်ခဲ့ပါတယ်။ ပင်လယ်ပျော်တွေပေါ့။ နောက် Kate Hudson အတွက်လည်း ပထွေးဖြစ်သူ Kurt Russell နဲ့ ပထမဆုံးတွဲဖက်ပါဝင်တဲ့ဇာတ်ကားဖြစ်ခဲ့တာပါ။ ဇာတ်ကားအဆုံးမှာ တကယ့်အပြင်က heroes တွေရဲ့ပုံတွေ၊ news footage တွေကို စာတန်းထိုးရင်းပြသွားတယ်။ ကြည့်ရတာ အဖိုးတန်ပါတယ်။ ဘာသာပြန်ပေးထားတဲ့သူကတော့ အမကြီး Poe Thinzar Kyaw ဖြစ်ပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းကိုတော့ Movies We Watch We Feel ကနေကူးယူဖော်ပြခဲ့တာပါ)

Adventure • Comedy • Family • Fantasy
6.9 2016 107 mins
Deepwater Horizon
The Last Subway
5.8

သဲထိတ်ရင်ဖို ဟော်ရာကြိုက်သူတွေအတွက် အဆုံးမဲ့နောက်ဆုံးရထားဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါ။ တစ်နေ့မှာ ကာတွန်းရေဆရာကောင်လေးတစ်ယောက်က ညကြီးမိုးချုပ် နောက်ဆုံးရထားကိုမဖြစ်မနေစီးပြန်အိမ်ပြန်ရပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီရထားပေါ်ကို မတူညီတဲ့အလုပ်အကိုင်တွေနဲ့ အကျင့်စရိုက်တွေရှိတဲ့ ခရီးသည်(၆)ယောက်ပါတက်လာပါတယ်။ ဒီရထားကြီးစထွက်ခွာပြီး မကြာခင်မှာပဲ ထိတ်လန့်စရာဖြစ်ရပ်နဲ့ကြုံတွေ့ခဲ့ပါတယ်။ သူတို့တွေဟာ ဒီရထားတွဲပေါ်မှာပဲ တဝဲလည်လည်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ ရထားပေါ်ကဆင်းလဲ နဂိုဘူတာ တခြားဘက်ကပြန်တက်ရင်လဲ ဒီရထားတွဲပဲဆိုတော့ ဘာတွေဖြစ်နေတာလဲ…… ဒီဒုက္ခကလွတ်မြောက်ချင်ရင် နည်းလမ်းတစ်မျိုးပဲရှိလိမ့်မယ်….. အဲဒါကဘာများလဲ အချိန်ကြာလာတဲ့အမျှ ခရီးသည်အချင်းချင်း သံသယတွေပိုများလာပြီး မြေအောက်ရထားရဲ့လျှို့ဝှက်ချက်တွေဟာ တစ်ခုချင်းပေါ်လာပါတော့တယ်….. သွေးလွှမ်းတဲ့ဖြစ်ရပ်တွေကလဲ တဖြည်းဖြည်းစတင်လာပါတော့တယ်……

Comedy • Family
5.8 2017
The Last Subway
After the Bite
6.1

After the Bite (2023) ============== IMDb Rating 6.1/10 ဒီဇာတ်လမ်းလေးကတော့ ရှားပါးမျိုးစိတ်တစ်ခုဖြစ်တဲ့ ငါးမန်းဖြူတွေရဲ့ အကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ Documentary တစ်ခုဖြစ်ပါတယ်။ Documentary ပုံစံလေးကတော့… နှစ်စဉ်နွေရာသီရောက်တိုင်း အပန်းဖြေဖို့ လူအများလာရောက်ကြတဲ့ ကိတ်ပ် ကုဒ်ကမ်းခြေကို ငါးမန်းတွေရောက်ရှိလာပြီး လူသေဆုံးသည်အထိ တိုက်ခိုက် မှုတွေဖြစ်လာတဲ့အခါ မြို့နေဒေသခံတွေက သက်ဆိုင်ရာအဖွဲ့အစည်းကို ကိုင် တွယ်ဖြေရှင်းပေးဖို့အတွက် တောင်းဆိုလာကြပါတယ်။ တစ်ဖက်ကလည်း အဏ္ဏဝါထိန်းသိမ်းကာကွယ်ရေးဥပဒေအရ ရှားပါးမျိုးစိတ်တွေကို ထိန်းသိမ်း ဖို့တာဝန်ရှိလာတဲ့အခါ နှစ်ဦးနှစ်ဖက် အခက်တွေ့ရပုံတွေ၊ အများပြည်သူ အပန်း ဖြေတဲ့ ကမ်းခြေကို ပိတ်ထားရမယ့်အခြေအနေထိ ရောက်လာတာကြောင့် ကျွမ်းကျင်သူတွေကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး ငါးမန်းဖြူတွေကိုထိန်းသိမ်းဖို့ ဆောင်ရွက်ခဲ့ကြတော့တာပေါ့။ နောက်ပိုင်းထိခိုက်သေဆုံးမှုတွေမရှိအောင် ထိန်းသိမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ကိတ်ပ်ကုဒ်ကမ်းခြေကို မူလအတိုင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အဖွဲ့လိုက် လှိုင်း စီးတာတွေ ရေလွှာလျှောစီးတာတွေ ကျင်းပပြုလုပ်နိုင်ခဲ့ကြတယ်။ အဏ္ဏဝါထိန်း သိမ်းရေးအဖွဲ့အနေနဲ့လည်း ငါးမန်းဖြူတွေသာမက ပင်လယ်ဖျံနဲ့ တခြားမျိုးစိတ် တွေကိုပါ အကောင်းဆုံးထိန်းသိမ်းကာကွယ်ပေးနိုင်ခဲ့ကြပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတင်ဆက်မှုနဲ့အတူ ကိုယ်မသိသေးတဲ့ သဘာဝရဲ့အ ကြောင်းတွေကိုပါ လေ့လာခွင့်ရတာကြောင့် အချိန်ပေးကြည့်ရှုဖို့ ထိုက်တန်တဲ့ Documentary ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ei Po ဖြစ်ပါတယ်) File Size……….(2.66 GB) / (980 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……Ei Po Encoder……….SWM

6.1 2023 88 mins
After the Bite
Round and Round
7.2

ဇာတ်လမ်းလေးကိုတော့ ရေချယ်က မိဘဖြစ်သူတွေရဲ့ပထမဦးဆုံးတွေ့ဆုံချစ်ကြိုက်ခဲ့တဲ့နှစ်ပတ်လည်ဖြစ်တဲ့ ဟာနူကာပွဲတော် ခုနစ်ရက်မြောက်နေ့ကို သွားရောက်ဆင်နွှဲတာကို အစပြုထားပါတယ်။ ရေချယ်တစ်ယောက် သူတန်ဖိုးထားတဲ့ မိဘများရဲ့တွေ့ဆုံမှု အထိမ်းအမှတ်ဖြစ်တဲ့ ဂျယ်လီဒိုးနပ်တွေကို သွားယူပြီးနောက်မှာ ဆက်တိုက်ဆိုသလို တစ်နေ့လုံး စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့သာ ကြုံနေရပါတော့တယ်။ နောက်တော့ သူမကို အဘွားဖြစ်သူက ကောင်လေးတစ်ယောက်နဲ့မိတ်ဆက်ပေးပြီး မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ ရှေးဟောင်းဒရေတယ်ကိုလည်းလက်ဆောင်ပေးလိုက်ပါတယ်။ ရေချယ်တစ်ယောက် မောင်နှမတွေရဲ့တိုက်တွန်းမှုကြောင့် ဒရေတယ်ကစားနည်းကို အဘွားဖြစ်သူပေးထားတဲ့ ဒရေတယ်ဖြင့် ဝင်ရောက်ကစားရာမှ တူညီတဲ့တစ်ရက်တည်းကိုပဲ ထပ်ခါထပ်ခါဖြတ်သန်းနေရတဲ့ ထူးဆန်းဖြစ်ရပ်တစ်ခုဖြစ်လာပါတယ်။ ဒီအံ့ဖွယ်ဖြစ်ရပ်ကို ကျော်လွှားဖို့ သူ ဘယ်လိုအဖြေရှာမလဲ။ ဒီအဖြစ်အပျက်ရော ဘာကြောင့်ဖြစ်လာတာလဲ။ တရက်တည်းကိုပဲ ထပ်ခါထပ်ခါဖြတ်သန်းပြီးနောက်မှာ ရေချယ်တစ်ယောက် သူမရဲ့အခက်အခဲတွေကိုရော ဖြေရှင်းနိုင်ပါ့မလား စသဖြင့် အရွယ်ရောက်ပြီးသူတိုင်းတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေကို အံ့ဖွယ်ဖြစ်ရပ်နဲ့ အချစ်ဟာသရောပြိီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျူးလူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ဟာနူကာပွဲတော်ဓလေ့ကိုလည်း တစေ့တစောင်းလေ့လာခွင့်ရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

7.2 2023
Round and Round
War On Terror: KL Anarchy
6.7

War on Terror : KL Anarchy (2023) နိုင်ငံတကာက ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ မီးသတ်တပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဂုဏ်ပြုဇာတ်ကားတွေရဲ့အားနည်းချက်က အရမ်းအမွှန်းတင်လွန်းတာပါပဲ။ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ပေါ်လစီတွေများနေတာကိုး။ ဒါပေမဲ့လဲ နိုင်ငံတိုင်းကလဲ သူတို့နိုင်ငံမှာရှိတဲ့ တပ်ဖွဲ့အသီးသီးကို အမွန်းတင်ပြီး ဂုဏ်ပြုဇာတ်ကားတွေ ရိုက်ပေးနေကြတုန်းပါပဲ။ ဒီလိုရိုက်ပေးတာကိုက သူတို့ရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးတဲ့သဘောပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေက ပေါ်လစီတွေ အမွှန်းတင်တာတွေကို ကြည့်ရပါများလာတော့ သိပ်မကြိုက်ကြတော့လို့ လက်တွေ့နဲ့နီးစပ်လာတာတွေကို ပြောင်းရိုက်လာကြပါတယ်။ ဒါပေမဲ့ အနည်းကျဉ်းတော့ ပါနေကြတုန်းပါပဲ။ အဲ့လို ပေါ်လစီတွေ အမွှန်းတင်တာတွေလဲ မများဘဲ အရင်ခေတ်က ရဲအက်ရှင်ကားတွေလိုမျိုး အက်ရှင်ကြမ်းကြမ်းနဲ့ ဗီလိန်ကလည်း စောင်ငနုမဟုတ်တဲ့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်သူတွေအတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကမှ ထွက်ရှိထားတဲ့ မလေးရှားရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း … ကာလစ်ဆိုတဲ့ ရဲဝန်ထမ်းတစ်ယောက်ဟာ မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူပါ။ အလုပ်မှာတော်တဲ့ရဲတစ်ယောက်ဖြစ်သလို သူစိတ်ထင်ရာကိုလုပ်တတ်တဲ့သူမို့လဲ အဖွဲ့ခေါင်းကကြည့်မရတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းချက်တွေက အမြဲမှန်နေတတ်လို့ တပ်ဖွဲ့ကနေလဲ စွန့်လွှတ်လို့မရတဲ့သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့မလေးရှားနိုင်ငံက လက်နက်ကုမ္ပဏီတစ်ခုရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကို တင်ပို့လာတဲ့ရထားကို ဓားပြတိုက်သွားပြီး လက်နက်ပစ္စည်းတွေအများပြားပျောက်ဆုံးပြီး ရထားပေါ်မှခရီးသည်တွေသေကြေထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ပျောက်ဆုံးသွားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေဟာ လဲပျောက်ချင်းမလှပျောက်သွားတဲ့အတွက် မလေးရှားရဲတပ်ဖွဲ့အတွက် ရတက်မအေးစရာဖြစ်လာခဲ့ပါပြီ။ ဒါဟာ အကြမ်းဖက်အဖွဲ့နဲ့သက်ဆိုင်နေတဲ့အမှုဖြစ်တဲ့အတွက် မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ကို တာဝန်ပေးခဲ့ရာမှ ကာလစ်တို့အဖွဲ့ ဘယ်လိုအကြမ်းဖက်သမားတွေနဲ့ ကြုံရမလဲ ပျောက်သွားတဲ့ဖောက်ခွဲရေးပစ္စည်းတွေကို ဘယ်လိုပြန်ရှာဖွေကြမလဲဆိုတာ အက်ရှင်ခပ်ကြမ်းကြမ်းနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်) Genre….. Action, Crime, Thriller Quality…. 1080p | 720p File size… 1.3GB | 709MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

6.7 2023
War On Terror: KL Anarchy
Silenced
8.1

မနက်က ဒီရုပ်ရှင်လေးအကြောင်းကို M-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေ credit ပေးတင်ပေးထားတာကို ဖတ်မိတော့ ကြည့်လိုက်မိတယ်။ တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲ ခံစားချက်အပြည့်ပေးပါတယ်။ ဒီနေ့လည်း group ထဲမှာ လူတွေအများကြီး လာတောင်းနေတော့ ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလို တရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့ အနုပညာသမားတွေကြောင့် အပြင်လောကမှာ တရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်က မူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာ နှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင် ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံး စကားလုံးတွေကိုပဲ သုံးသွားပြီး ခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့ အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ ရုပ်ရှင်ကားတစ်ကား ဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ —————————————————————– မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။ အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး.. တစ်ကားပြီးပါပဲ။ ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။ . အဲဒီရုပ်ရှင်ကားက “Silenced” (သို့) “The Crucible” လို့နာမည်ရတဲ့ကားဖြစ်တယ်။ ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာ နှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီး ကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်း အရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာ ကြေးရတတ်၊ အာဏာရှိသူတွေဖြစ်တာကြောင့် ထိုက်သင့်တဲ့ပြစ်ဒဏ်ကို မခံခဲ့ကြရပါဘူး။ . ကျွန်မ အဲဒီကားကြည့်နေရင်းနဲ့ စိတ်နှလုံးမခိုင်လို့ ခဏရပ်လိုက် ဆက်ကြည့်လိုက်လုပ်ဖြစ်ခဲ့တယ်။ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်ကြောင့် ဒါဟာ တကယ့်အဖြစ်အပျက်ကို ရုပ်ရှင်ပြန်ရိုက်ထားတာများလားဆိုပြီး စိတ်ထဲသံသယရှိလာတာနဲ့ ရုပ်ရှင်ကိုဆက်မကြည့်တော့ဘဲ အဲဒီရုပ်ရှင်အကြောင်းကို ဝီကီမှာ ကျွန်မ အရင်ရှာကြည့်လိုက်တယ်။ . ဒီဇာတ်ကားက ကိုးရီးယားနာမည်ကြီး စာရေးဆရာမ Gong Ji-young ရဲ့ နာမည်တူဝတ္ထုကို ရိုက်ကူးထားတာဖြစ်တယ်။ အဲဒီဝတ္ထုက ၂ဝဝဝခုနှစ် တောင်ကိုးရီးယားနိုင်ငံ Gwangjuမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ ဆွံအနားမကြားကျောင်းတစ်ကျောင်းက အဖြစ်ကို အခြေခံထားတာဖြစ်တယ်။ ၂ဝဝ၈ ခုနှစ်မှာ စာရေးဆရာက အဲဒီအဖြစ်ကို တီဗွီသတင်းတိုတိုထွာထွာမှာ အမှတ်မထင်ကြည့်လိုက်မိပြီး စိတ်ဝင်စားသွားခဲ့တယ်။ Gwangju က ဆိုးလ်မြို့နဲ့ လေးနာရီလောက်ပဲ ကားမောင်းရတဲ့နေရာပါ။ ဒါပေမယ့် ဆွံ့အနားမကြားကျောင်းသူတွေ အနိုင်ကျင့်ခံရတာ၊ မုဒိမ်းကျင့်ခံရတာတွေအတွက် အဲဒီမှာ လူတွေဆန္ဒပြနေတာ ၆နှစ်ရှိခဲ့ပါပြီ။ သတင်းမီဒီယာကလည်း ကျယ်ကျယ်ပြန့်ပြန့်မလွှင့်ခဲ့တော့ အဲဒီအကြောင်းကို လူသိနည်းခဲ့ပါတယ်။ စစချင်းမှာ တရားခံလေးဦးကို ဖမ်းဆီးခဲ့ပေမယ့် ထိရောက်တဲ့ပြစ်ဒဏ်မပေးခဲ့တဲ့အပြင် တချို့တရားခံကို တရားသေလွှတ်ပေးခဲ့တယ်။ ဒါကို စာရေးဆရာက စိတ်ဝင်စားပြီး မတရားခံရတဲ့ ကျောင်းသူတွေနဲ့ ၁ဝ ရက်တာအတူသွားနေပြီး တွေ့ဆုံမေးမြန်းခဲ့တယ်။ အဲဒီနောက် အဲဒီဝတ္ထုကို ရေးသားခဲ့တယ်။ . အဲဒီဝတ္ထုထုတ်ဝေလိုက်တာနဲ့ လူအများရဲ့ အားပေးဖတ်ရှုခြင်းကို ခံခဲ့ရတယ်။ စာအုပ်ထွက်ပြီး သိပ်မကြာခင်မှာပဲ အဲဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်။ . ၂ဝ၁၁ ခုနှစ်မှာ အဲဒီရုပ်ရှင်ကားကို ရုံတင်ခဲ့ပါတယ်။ ရုံတင်လိုက်တာနဲ့တစ်ပြိုင်နက် ကိုးရီးယားတစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက်ဆူညံသွားခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ လက်မှတ်အရောင်းရဆုံး ကားတစ်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရုံတင်ပြီး ၃ပတ်အတွင်း ၁၉နှစ်အထက်ကြည့်ကားအဖြစ် လက်မှတ်စောင်ရေ ၃သန်းကျော်ရောင်းချခဲ့ရတယ်။ ၁ဝ ပတ်အတွင်းမှာ လက်မှတ်ရောင်းရငွေ ကိုးရီးယားငွေ ၃၅ ဘီလီယံ ရှိခဲ့ပါတယ်။ . အဲဒီရုပ်ရှင်ကြောင့် ဆွံ့အ နားမကြား ကျောင်းသူကျောင်းသားတွေ မတရားခံနေရတဲ့အဖြစ်ကို ကိုးရီးယားတစ်နိုင်ငံလုံး သိသွားခဲ့တယ်။ လူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ပြည်သူတွေပူးပေါင်းပြီး တရားသေလွတ်လိုက်တဲ့ တရားခံကို ပြန်စစ်ဆေး၊ စီရင်ချက်ပြန်ချဖို့ သောင်းချီလက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ရှိလာခဲ့တယ်။ . နဂိုရှိတဲ့ ပေါ့လျော့တဲ့သက်ငယ်မုဒိမ်းမှုဥပဒေကို ကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့ ဥပဒေပြင်ဆင်ရေးဆွဲဖို့အထိ ဖြစ်လာခဲ့တယ်။ နောက်ဆုံးမှာ လူတွေလျစ်လျူရှု့ခဲ့မိတဲ့ မတရားမှုဟာ အမှန်တရားရုပ်လုံးပေါ်လာခဲ့ပါတယ်။ နဂို တရားခံလေးယောက်ကနေ ကျောင်းအုပ်အပါအဝင် တရားခံဆယ်ယောက်အထိ ဖမ်းဆီး အပြစ်ပေးနိုင်ခဲ့တယ်။ . ရုပ်ရှင်ကားရုံတင်ပြီး ၃၅ရက်နေ့မြောက်မှာ ကိုးရီးယားလွှတ်တော်က မဲ၂ဝ၇ မဲ နဲ့ နဂို ၇နှစ်သက်တမ်းအထက်ပြစ်ဒဏ်ဆိုတဲ့ မသန်စွမ်းသူနဲ့ သက်ငယ်မုဒိမ်းမှုဥပဒေကို ပြောင်းလဲပြင်ဆင်နိုင်ခဲ့တယ်။ အသစ်ပြင်ဆင်လိုက်တဲ့ ဥပဒေက မသန်စွမ်းအမျိုးသမီးကိုလည်းကောင်း၊ အသက် ၁၃နှစ်အောက် ကလေးသူငယ်ကိုလည်းကောင်း အဓမ္မပြုလုပ် အနိုင်ကျင့်ရင် ကြီးလေးတဲ့ပြစ်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲပြင်ဆင်လိုက်ပါတယ်။ . အဲဒီရုပ်ရှင်ဟာ ကိုးရီးယားနိုင်ငံရဲ့ တရားဥပဒေမမျှတမှု၊ လာဘ်စားမှုတွေကို မီးမောင်းထိုးပြနိုင်ခဲ့သလို မသန်စွမ်းသူတွေ တန်းတူအခွင့်အရေး၊ ကူညီစောင့်ရှောက်မှုရရှိရေးအတွက်လည်း ဆော်သြပေးနိုင်ခဲ့ပါတယ်။ . (အခွင့်ရရင်တော့ ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ အဲဒီကားမှာ ဘာနည်းပညာ၊ ဘာထူးဆန်းတဲ့ သရုပ်ဆောင်ကွက်တွေမှ မပါပါဘူး။ ဒါပေမယ့် ကိုးရီးယားတစ်မျိုးသားလုံးကို နိုးထစေနိုင်ခဲ့ပါတယ်) Credit – Nine Nine Sanay @ နိုင်းနိုင်းစနေ

8.1 2011
Silenced
Aranmanai 4
6

Aranmanai 4 (2024)”ကျိန်စာသင့်ကလဲ့စား ၄” ==================================== IMDb 6.1/10 နာမည်ကျော် သရဲဟာသရုပ်ရှင်တွဲဖြစ်တဲ့ Aranmanai ရုပ်ရှင်တွဲတွေရဲ့ လေးကားမြောက်ရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီ နံပါတ် ၄ မှာလည်း တမီလ်ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူ အရင်ကားတွေရဲ့သရုပ်ဆောင်တော်တော်များများပြန်ပါလာတဲ့အပြင် အားလုံးချစ်တဲ့ မင်းသမီးလေး သမန်းနားလည်း အားဖြည့်ပါဝင်လာခဲ့ပါတယ်။ ဒီ လေးခုမြောက်ရုပ်ရှင်မှာလည်း Aranmanai ရုပ်ရှင်တွေရဲ့ထုံးစံ စံအိမ်ကြီးတစ်လုံးရယ်၊ အိမ်ကြီးထဲမှာ ခြောက်လှန့်နေတဲ့သရဲတွေရယ်၊ အိမ်ကြီးနဲ့ပတ်သက်နေတဲ့ ရတက်ပွေတဲ့လူတွေရယ်ကတော့ မပါမဖြစ်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့… ရှေ့နေကြီး ဆာရာဗာနန်ရဲ့ညီမဖြစ်သူတို့လင်မယား ရုတ်တရက်သေဆုံးသွားတဲ့အတွက် ဆာရာဗာနန်ဟာ သူတို့ချန်ထားခဲ့တဲ့ စံအိမ်ကြီးကိုသွားရောက်ပြီး သေဆုံးမှုနောက်ကွယ်က အကြောင်းတွေဖော်ထုတ်ရင်း လူတွေ၊ သရဲတွေနဲ့ ဇာတ်လမ်းရှုပ်မိပုံတွေကို မင်းသမီးတွေရဲ့ ငွားငွားစွင့်စွင့် အလှအပတွေနဲ့အတူ ဟာသစွက်ပြီး ကြောက်ဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ပြထားတာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Drama
6 2024
Aranmanai 4
The Man from U.N.C.L.E.
7.3

The Man From U.N.C.L.E (2015) IMDb Rating (7.3) / Rotten Tomatoes (68%) Superman ကိုယ်တော်ကြီး Henry Cavill ရဲ့ ဒီရုပ်ရှင်ကားက အက်ရှင်စပိုင်ရုပ်ရှင်ကားထဲမှာ Rating မြင့်ပြီး ကြည့်ကောင်းတဲ့အထဲပါပါတယ်။ ဒါရိုက်တာ Guy Ritchie ရဲ့လက်ရာဖြစ်ပြီး သူ့စတိုင်အတိုင်း ဉရောပရဲ့ Gentleman အထာဝင့်ကြွားမှုအပြည့်နဲ့ ခမ်းခမ်းနားနားလှလှပပရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့…. စစ်အေးခေတ် Cold War ကာလကိုအခြေခံထားတာမလို့ အမေရိကန်ရဲ့ CIA အေးဂျင့်ရယ်…ရုရှားရဲ့ KGB အေးဂျင့်ရယ် နာဇီဂျာမဏီအကြောင်းတို့ကို မြင်တွေ့ရမှာဖြစ်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံအပြိုင်အဆိုင် နျူကလီးယားလက်နက်တပ်ဆင်ကြတဲ့ကာလမလို့ နာဇီဂျာမဏီတို့လက်ထဲမှာ ဒီကမ္ဘာဖျက်လက်နက်ကြီး မကျရောက်ဖို့ ကြိုးစားကြပုံတွေကို အသည်းတယားယားစွန့်စားခန်းတွေကြားမှာ လှလှပပ စမတ်ကျကျမင်းသားမင်းသမီးတွေနဲ့ ဟာသလေးတွေနဲ့ ချစ်ကြည်နူးစရာလေးတွေနဲ့ပါ ရှုစားကြရမှာပါ။

7.3 2015
The Man from U.N.C.L.E.
Robert Downey Jr.: High Altitude
6.5

Robert Downey Jr: High Altitude IMDb – 6.5 ====================== ဒီတစ်ခါ ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ ကျွန်မတို့ ချစ်ရတဲ့ Iron Man တိုနီစတာ့ခ်ရဲ့ တကယ့်ဘဝအကြောင်းရိုက်ထားတဲ့ ‌မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ လူတိုင်းချစ်ရတဲ့ အိုင်ရွန်းမန်း ကာရိုက်တာရဲ့ ပဲ့ကိုင်ရှင် ‌ရောဘတ်တစ်ယောက် ဒီလိုအခြေအနေမျိုး ‌ရောက်လာဖို့ လာအခက်အခဲတွေရှိခဲ့မလဲ ရိုလာကိုစတာလိုမျိုး သူ့ဘဝမှာ အတက်အကျတွေများပြီး‌ ကြမ်းတမ်းခဲ့တာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရောဘတ်က အရည်အချင်းလေးလည်းရှိလို့ အနုပညာလောကထဲရောက်ပြီး အောင်မြင်ခါစအဖြေအနေမှာ သူ့ရဲ့ ဆေးသုံးတတ်တဲ့ပြဿနာက သူ့ကို အောက်ဆုံးထိဆွဲခေါ်သွားခဲ့ပါတယ်။ ဒီနေ့လူတွေမြင်နေရတဲ့ မိသားစုကိုချစ်တဲ့ အလုပ်ကြိုးစားပြီး တော်တဲ့ရောဘတ်တစ်ယောက်ဖြစ်အောင် သူမူးယစ်ဆေးကို ဘယ်လိုဖြတ်ခဲ့ရလဲ အောက်ဆုံးကနေဘယ်လိုပြန်တက်ရလဲဆိုတာ ကြည့်ပြီး အားကျအတုယူဖို့ကောင်းလှပါတယ်။ စတားဘဝကိုရောက်ပြီး အောက်ဆုံးပြန်ကျခဲ့တာတောင် လက်မလျော့ပဲ ထပ်ကြိုးစားခဲ့တဲ့ ရောဘတ်ရဲ့အတုယူဖွယ်ကောင်းတဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဒီရုပ်ရှင်ကနေကြည့်ပြီး အားဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။

6.5 2023
Robert Downey Jr.: High Altitude
Warriors of the Nation
6.1

Warriors Of The Nation(2018) IMDb …… 6.1 ဒီတစ်ခါတော့ တရုတ်ကွန်ဖူးသိုင်းကားအများကြီးရှိတဲ့ အထဲမှာ မင်းသားများစွာပြောင်းလဲသရုပ်ဆောင်ခဲ့ဖူးတဲ့ နာမည်ကျော်ကွန်ဖူးသိုင်းသမား ဝမ်ဖေးဟုန်ရဲ့ worriors of the nation ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်ကို နိုးဆွပေးတဲ့ ဇာတ်ကားကောင်း တစ်ကားဆိုရင်လည်း မမှားပေဘူး။ ၁၉၀၇ခုနှစ် တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ ဂျပန်နိုင်ငံက တရုတ်အရှေ့ကျွန်းကို သိမ်းပိုက်ဖို့အစတည်ရာက တစ်စတစ်စ တစ်တိုင်းပြည်လုံးသိမ်ပိုက်ဖို့ အတွက်Planကြီးဆွဲထားခဲ့တယ်။ အဲဒီအချိန် ဘုရင်ရဲ့ အမိန့်နဲ့ ကွမ်ကျိုးကို ရောက်လာတဲ့ မျိုးချစ်စိတ်နဲ့ နိုင်ငံတော်ကို ကယ်တင်ချင်တဲ့ စစ်သေနာပတိ ကျန်းကျိတုန်းနဲ့ ဝမ်ဖေးဟုန်တို့ ပေါင်းမိသောအခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ba Chit ပဲဖြစ်ပါတယ်…. File Size : 1.82GB / 790MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:35:00 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Ba Chit Encoded by Tiff

6.1 2018 95 mins
Warriors of the Nation
Algrafi

Algrafi (2024) လုပ်ငန်းရှင် အဘိုးကြီးတစ်ယောက်ရှိတယ်။ ရိုမီရို ဂျူးလိယက်ဇာတ်ကို သိပ်ကြိုက်တဲ့အဘိုးကြီးပေါ့။ သူက အရာရာကိုဇာတာခွင်နဲ့ တွက်ချက်လုပ်တယ်။ သူ့လုပ်ငန်းအောင်မြင်အောင် သူ့မြေးကို ဇာတာခွင်အံကိုက်တဲ့ မိန်းကလေးနဲ့လက်ထပ်ပေးရမယ်လို့ သူကမြင်တယ်။ ဒီတော့ သူက သူ့မြေးကို အတင်းလက်ထပ်ခိုင်းတယ်။ ကောင်မလေး မိသားစုဘက်ကိုလည်းစည်းရုံးပြီးနားချတယ်။ မိဘတွေသဘောတူပေမဲ့ ကလေးတွေက မကြိုက်ကြတော့ ကလေး၂ယောက်ပေါင်းပြီး လက်ထပ်ပွဲကို ဖျက်ဖို့ အကွက်ပေါင်းစုံဆင်ကြတာပေါ့။ နောက်ပိုင်းမှာ သူတို့ရည်ရွယ်ချက်က အောင်မြင်လာကာမှ သူတို့တကယ်ချစ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ကြည့်ရမယ့် အင်ဒိုးနီးရှား အချစ်ဟာသကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.2 GB) / (890 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:52:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Action • Adventure • Science Fiction
0 2024 111 mins
Algrafi
Small Town Rivals
6.8

Small Town Rivals (2007) ************************ ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးတို့အတွက် 2007ခုနှစ်မှာထွက်ရှိခဲ့တဲ့ မင်းသားကြီး Cha seung wonရဲ့ Comedyကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီကားလေးမှာတော့ The Tyrantထဲမှ မင်းသားကြီး Cha seung wonနဲ့ Exhuma ထဲမှ မင်းသားကြီး Yoo Haejinတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် .. ဂျိူချွန်းဆမ်း( Cha seung won )ဟာ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ ဂန်ဒေါ့ခရိုင်ရဲ့ ကျေးရွာလေးတစ်ခုက လယ်သမားတစ်ဦးပါ.. “လူငယ်တွေက ဦးဆောင်ချိန်တန်ပြီ ” ဆိုတဲ့စကားတစ်ခွန်းကြောင့် မိမိဆန္ဒမပါဘဲ ရွာသူကြီး ဖြစ်လာခဲ့ရပါတယ်… တစ်နေ့မှာတော့ ကျောင်းနေဖက်တစ်ဖြစ်လဲ ပြိုင်ဘက်ဖြစ်သူ နိုဒယ်ဂယူ ( Yoo Haejin )က ရာဇဝတ်တရားသူကြီးအဖြစ်နဲ့ ဂန်ဒေါ့ခရိုင်ကို ရောက်ရှိလာခဲ့ပါတယ်.. ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လို့ ခေါင်းစဉ်တပ်ပြီး အဏုမြူစွန့်ပစ္စည်းစင်တာကို ခရိုင်ထဲမှာ တည်ဆောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာ ဂျိုချွန်းဆမ်းနဲ့ ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတော့တယ်.. ငယ်ငယ်လေးကတည်းက ပြိုင်ဘက်ဖြစ်ခဲ့တဲ့သူတို့နှစ်ယောက် ဘယ်လိုတွေထပ်ပြီး ပြိုင်ဆိုင်ကြဦးမလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားလိုက်ကြရအောင်နော် .. (အညွှန်းကို Htoo Pyae မှ ရေးသားထားပါတယ်) File size…3GB / 1.27 GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 53 min. Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Htoo Pyae Encoded by AHtet

Drama
6.8 2007 113 mins
Small Town Rivals