YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Last Immortal E37 1080p WEB-DL CM.mp4

670.54 MB N/A video/mp4 180 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
Baking All the Way
5

ချီကာဂိုမြို့က မုန့်လုပ်စားဖိုမှူး Julia ဟာ သူရဲ့ ဟင်းချက်နည်း စာအုပ်အသစ်ထဲမှာ ထည့်ဖို့ အကောင်းဆုံး Gingerbread ခရစ္ စမတ်ကွတ်ကီးကို နည်းလမ်းမျိုးစုံသုံးပြီး ရှာနေခဲ့တာကြာပါပြီ။ သူလက်လှမ်းမီသမျှနေရာတွေက ကွတ်ကီးတွေကို လိုက်မြည်း ကြည့်တာကစပြီး သူ့ဆီပို့ပေးတဲ့အထဲက အကောင်းဆုံးကွတ်ကီး ကို သူ့စာအုပ်အသစ်မှာ ထည့်သွင်းဖော်ပြမဲ့အကြောင်း တစ်နိုင်ငံ လုံးကမုန့်တိုက်တွေဆီ သတင်းလွှင့်တာထိအဆုံးပေါ့။ တစ်နေ့မှာတော့ Hampton Grove ဆိုတဲ့ နယ်မြို့လေးတစ်မြို့က မုန့်တိုက်တစ်တိုက်ကနေ ပို့လိုက်တဲ့ကွတ်ကီးတွေက Julia လိုချင်တဲ့ အရသာနဲ့ကွက်တိကျတဲ့ အကောင်းဆုံးကွတ်ကီးတွေဖြစ်နေပါတော့ တယ်။ အဲဒါနဲ့ သူတို့ကွတ်ကီးတွေကို သူ့စာအုပ်မှာထည့်ဖော်ပြဖို့ ရွေးလိုက်ပြီဖြစ်တဲ့အကြောင်းကြားဖို့ အဲဒီဆိုင်ကို ဝမ်းသာအားရနဲ့ လူကိုယ်တိုင်သွားပါတော့တယ်။ ဒါပေမဲ့ ဆိုင်ရှင်နဲ့တွေ့တော့ သူတို့ ဆိုင်ကနေ ဘာကွတ်ကီးမှ Julia ဆီ မပို့လိုက်ကြောင်း၊ ကွတ်ကီး လုပ်နည်းကိုလည်း လူအများသိအောင်ချပြဖို့ အစီအစဥ်မရှိဘူးဆိုတဲ့ အကြောင်းပဲ Julia ခဗျာကြားလိုက်ရပါတော့တယ်။ ဒါပေမဲ့ Julia ဟာ လက်မလျော့ဘဲ နောက်တစ်ခေါက်ပြန်ဖျောင်းဖျဖို့ အဲဆိုင်ကိုပြန်သွားတဲ့အခါမှာ ဆိုင်ရဲ့ရောင်းအားအခြေအနေသိပ်မကောင်း တဲ့အကြောင်း သိလိုက်ရပါတယ်။ ရောင်းအားကို ၅၀ ရာခိုင်နှုန်းတိုးလာ အောင် သူလုပ်ပေးနိုင်ခဲ့ရင် ကွတ်ကီးလုပ်နည်းကို စာအုပ်ထဲထည့်ခွင့် ပေးမယ်လို့ ဆိုင်ရှင်နဲ့ အပေးအယူလုပ်လိုက်တဲ့အခါမှာ ဘာတွေဆက် ဖြစ်မလဲဆိုတာ . . . ခရစ္စမတ်ကာလ နောက်ခံထားထားတဲ့ Baking all the way ဆိုတဲ့ ဒီဇာတ်ကားထဲမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Myat Noe Cho ဖြစ်ပါတယ်) File Size..........(1.5 GB) / (550 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Myat Noe Cho Encoder..........SWM

Horror • Mystery
5 2022 90 mins
Baking All the Way
Memory Box
6.8

IMDb Rating ~ 6.8/10 Rotten Tomatoes ~ 93% 7 nominations လစ်ဘနွန် ပြည်တွင်းစစ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ကနေဒီယန်-ပြင်သစ် ဒရာမာဇာတ်လမ်းလေးပါ။ စစ်ကြီးအတွင်းက ဓာတ်ပုံအစစ်တွေ တိပ်ခွေအစစ်တွေကို ဇာတ်ကားထဲမှာ အချိတ် အဆက်မိမိနဲ့ တင်ဆက်ထားတာကြောင့် စိတ်ကူးယဉ်ဇာတ်လမ်းကို လက်တွေ့ကမ္ဘာနဲ့ အချိုးညီညီပေါင်းစပ်ပြထားတဲ့ ဇာတ်ကားဆိုပြီး ဝေဖန်သူတွေကြားထဲမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားပါ။ နှင်းတွေ ထူထပ်နေတဲ့ မွန်ထရယ်မြို့ရဲ့ ခရစ်စမတ်နေ့တစ်နေ့မှာ အဲလက်စ်၊အမေဖြစ်သူ မိုင်ရာနဲ့ အဘွားဖြစ်သူ တီတာတို့ဆီ ပါဆယ်ပုံး တစ်ပုံး ရောက်လာပါတယ်။ ပါဆယ်ပုံးထဲမှာတော့ မိုင်ရာ ငယ်ငယ်က သူ့သူငယ်ချင်း လီဇာ ဟာဘားဆီပို့ခဲ့တဲ့ စာတွေ၊ မှတ်စုစာအုပ်တွေ၊ တိပ်ခွေတွေနဲ့ ဓာတ်ပုံတွေ ရှိနေခဲ့ပါတယ်။ မိုင်ရာနဲ့တီတာတို့က ပါဆယ် ပုံးကို ဖွင့်မကြည့်ဖို့ ပြောပေမဲ့ အဲလက်စ်က သိချင်စိတ်အပြည့်နဲ့ စူးစမ်း ကြည့်တဲ့အခါမှာတော့... လစ်ဘနွန် ပြည်တွင်းစစ်ကြီးအတွင်းက မြီးကောင်ပေါက်မလေး တစ် ယောက်ရဲ့ ဇာတ်လမ်းကိုလွမ်းမောဖွယ်ရာ ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size..........(1.3 GB) / (479 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 42mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Roman Nox Encoder..........SWM

Crime • Drama
6.8 2021 100 mins
Memory Box
Senior Year
5.9

ဘဝမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ မဝင်ဆန့်ဘူး ကိုယ်တစ်ယောက်တည်း ကွဲထွက်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို တခြားလူတွေနဲ့နှိုင်းယှဉ်မိပြီး သိမ်ငယ်မိဖူးပါသလား စတက်ဖနီကလည်း အဲဒီလိုကောင်မလေးပါပဲ။ ဆယ်ကျော်သက်အရွယ်အစောပိုင်းမှာ အမေရိကကိုပြောင်းလာတဲ့ ဩစတြေးလျသူလေး စတက်ဖနီဟာ ယဉ်ကျေးမှုမတူတဲ့ အသိုင်းအဝိုင်းကြားမှာ သူ့ကိုယ်သူအပယ်ခံလေးတစ်ယောက်လို ခံစားခဲ့ရရှာပါတယ်။ ကျောင်းက နာမည်ကြီးကလေးတွေဆို အပေါင်းအသင်းတွေလည်းအများကြီး၊ သွားလေရာမှာ ဖူးဖူးမှုတ်ခံရတာတွေကို အားကျပြီး သူကိုယ်တိုင်လည်း နာမည်ကြီးလာအောင်လုပ်မယ်ဆိုပြီး ကျောင်း cheerleader အဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ၂၀၀၂ ခုနှစ် ဟားဒင်းအထက်တန်းကျောင်းရဲ့ ကျောင်းကပွဲဘုရင်မ prom queen ဖြစ်လာဖို့ကြိုးစားရင်း မမျှော်လင့်တဲ့အဖြစ်တစ်ခုနဲ့ ကြုံရပြီး သူ့ဘဝဟာ ချက်ချင်းဆိုသလို သူ့ဘဝရဲ့ နှစ်‌ပေါင်း၂၀ တာကာလဟာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားပါတယ်။ ဆယ်စုနှစ်၂စုအကြာ ၂၀၂၂ခုနှစ် အသက်၃၇ခုနှစ်အရွယ်ထိ အထက်တန်းကျောင်းသူတစ်ဦးဖြစ်နေဆဲ စတက်ဖနီဟာ ကျောင်းကပွဲဘုရင်မ သရဖူကိုခူးဆွတ်ရဖို့ လက်မလျှော့နိုင်သေးပါဘူး။ သူ့ဘဝရဲ့ရည်မှန်းချက်ဟာ ကျောင်းကပွဲဘုရင်မရာထူးပဲဖြစ်နေပြီး အဲဒီအတွက်နဲ့ သူ့ဘဝရဲ့အရေးကြီးတဲ့အရာတွေကို မေ့လျော့နေခဲ့တာပါ။ ကျောင်းပြီးဖို့တစ်လအလို စီနီယာနှစ်မှာမှ စတက်ဖနီတစ်ယောက် ဘယ်လိုတွေကြုံတွေ့ခဲ့ရလို့များ ၃၇နှစ်အရွယ်အထိ အထက်တန်းကျောင်းသူအဖြစ် သံသရာလည်နေခဲ့ရလဲဆိုတာကို အဖြေရှာရင်း ပေါ့ပေါ့ပါးပါး comedy teenage ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါဦး Pitch Perfect ထဲက Fat Amy အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Rebel Wilson က old Stephannie အဖြစ် သရုပ်ဆောင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ MTA ပဲ ဖြစ်ပါတယ် Genre.....Comedy Quality….1080p | 720p| 480p File size…1.8GB | 800MB | 290MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... MTA Encoder .....August

Drama
5.9 2022 112 mins
Senior Year
Suicide for Beginners
4.4

ကိုယ့်ကိုယ်ကို သေကြောင်းကြံရတော့မယ်ဆိုရင် ဘယ်လိုနည်းလမ်းက အကောင်းဆုံးဖြစ်မလဲ.. ဆေးတွေသောက်မလား.. ကြိုးဆွဲချမလား.. ဒါမှမဟုတ် ဘဝမှာမရှိမဖြစ်လိုအပ်တယ်ဆိုတဲ့အရာတစ်ခုခုကို သတ်ပစ်လိုက်ရင်း ကိုယ့်ဘဝပါ အတူလိုက်သေမလား.. ဒီဇာတ်ကားမှာတော့ အပေါ်ကပြောထားတဲ့ သတ်သေဖို့နည်းလမ်းတွေကို အလွဲအမျိုးမျိုးနဲ့ ကြိုးစားခဲ့တဲ့ ဇာတ်ကောင် Garrettကို တွေ့ရမှာပါ။ တစ်ဖက်သတ်ချစ်ရတဲ့ မီယာရဲ့ လျစ်လျူရှုမှုတွေကို suicideနည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးစားရင်း မထင်မှတ်ဘဲ ထွက်ပေါက်မရှိအောင် ရှုပ်ထွေးလာတဲ့ ဇာတ်ရဲ့ အရှိန်ကောင်းတဲ့ အနိမ့်အမြင့်တွေကို တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဇာတ်ကောင်ဖောင်းပွခြင်းမရှိဘဲ ရှိပြီးသား ဇာတ်ကောင်အနည်းငယ်နဲ့ Garrettတို့ကြားက ပြဿနာတွေ၊ twists and turnsတွေကို ရင်တမမနဲ့ ကြည့်ရမှာပါ.. Comedy, Horrorအမျိုးအစားဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာ၊ ထိန်လန့်စရာ ဇာတ်ကြောင်းကို လေးပင်ဖျင်းတွဲမနေအောင် ဟာသမြောက်တဲ့ dialogueတွေ၊ ဇာတ်ကောင်တွေရဲ့ ဟန်ပန်တွေနဲ့ ထိန်းသွားတာဖြစ်ပါတယ်..။ ဒါကြောင့် pure horror မကြည့်ရဲသူတွေအတွက် အဆင်ပြေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Age ratingမပေးရသေးတာကြောင့် ကလေးငယ်များကို ပြသမယ်ဆိုရင်တော့ အုပ်ထိန်းသူများက အရင်သုံးသပ်စေလိုပါတယ်..။ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khu ပါ ) File Size__(1.7GB) / (800MB) Quality__WebDL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:34:00 Type__Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Khu Encoded by Naing Aung Latt

Action
4.4 2022 94 mins
Suicide for Beginners
Bhaag Saale

Bhaag Saale 2023 (IMDb 7/10) CM ဘောလိဝုဒ် ပရိသတ်ကြီးကို ယခုပဲထွက်ရှိလာတဲ့ comedy-crime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် အာဂျွန်နဲ့မာယာက ချစ်သူတွေပါ မာယာထင်နေတာ‌ကတော့ အာဂျွန်ကို ချမ်းသာတဲ့မိသားစုရဲ့သားလေး အောင်မြင်တဲ့စီးပွားရေးသမားလေးပေါ့ အဲ့လိုထင်အောင်လည်း ဟိုငတိက ရှစ်စပ်ကဂျင်ခြေလည်သလိုကို မွှတ်ထွက်နေတဲ့အပြင် မှင်မောင်းလဲကောင်းပြီး အရမ်းကို ချမ်းသာချင်နေတဲ့ လူလည်တစ်ယောက်ပါ အဲ့ဇာတ်လမ်းထဲမှာ အဓိကပါဝင်အသုံးတော်ခံမှာကတော့ လက်စွပ်တစ်ကွင်းပါ one ring to rule them all ဘာညာဆိုတဲ့ LOTR ထဲက လက်စွပ်တော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီလက်စွပ်ကလဲမခေပါဘူး ကိုလိုနီခေတ်ဗြိတိသျှလက်ထက်တည်းက လူအဆင့်ဆင့် တိုင်းပြည်အနှံ့ရောက်နေတဲ့ စိန်ကြီးကိုကွပ်ထားတဲ့ စိန်လက်စွပ်ပါ ဒီလက်စွပ်ကိုပိုင်ဆိုင်သူဟာ ကံကောင်းခြင်းများစွာရရှိမှာဖြစ်သလို ကံဆိုးမှုတွေလည်း ဒွန်တွဲပါလာပါတယ်တဲ့.... ကဲ အဲ့တော့ ဒီလက်စွပ်က အာဂျွန်ရဲ့ဘဝနဲ့ အချစ်ရေးနဲ့ ဘယ်လိုသက်ဆိုင်လာမလဲ တခြားဘယ်လိုလူတွေကရော ပါဝင်ပတ်သတ်နေလဲ စသည်ဖြင့် ဇာတ်လမ်းအမိုက်‌စားလေးကို ကြည့်ရှုရမှာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေလည်း ပါတာမို့ ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.13GB / 1022MB Quality…1080p  WEB DL /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

Drama • Mystery • Thriller
0 2023
Bhaag Saale
The Eternal Road
7

အချိန်ကတော့ အမေရိကန်ကစခဲ့တဲ့ Great Depression စီးပွားရေးပျက်ကပ်ကြီးဆိုက်နေတဲ့ခုနှစ်တွေ။ အလုပ်လက်မဲ့ဖြစ်နေတဲ့လုပ်သား‌တွေအတွက် စတာလင်ရဲ့ ဆိုဗီယက်ပြည်ထောင်စုကဖိတ် ခေါ်မှုကရေငတ်တုံးရေတွင်းထဲကျသလိုဖြစ်လာခဲ့တယ်။ အမေရိကန် ကနေဒါတို့ကနေလုပ်သားပေါင်း တသောင်းကျော်တို့ဟာ ဆိုဗီယက်တို့ရဲ့မြေကိုဘ၀သစ် စနိုင်ဖို့ရွှေ့ပြောင်းလာခဲ့ကြတယ်။ ဆိုဗီယက်တို့ရဲ့နယ်စပ် ဖင်လန်နိုင်ငံမှာကတော့ ယူဆီ ကဲတိုလာဆိုတဲ့ အမေရိကန်ကပြန်လာတဲ့ သူတ‌ယောက်ကတော့ ကွန်မြူနစ်အဖြစ် စွပ်စွဲခံရပြီးတော့ မိသားစုတွေဆီကနေပြန်ပေးဆွဲခံခဲ့ရပေမယ့် ဆိုဗီယက်နိုင်ငံထဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ ဒါပေမယ့် မိအေးနှစ်ခါနာဆိုသလိုပဲ ကဲတိုလာရဲ့ အမေရိကန် နောက်‌ေကြာင်းကိုမယုံသင်္ကာဖြစ်နေတဲ့ဆိုဗီယက်တို့က ရွှေ့ပြောင်းအမေရိကန်တွေဦးစီးတဲ့ ရုရှားစိုက်ပျိုးမွေးမြူရေးခြံတခုမှာနေပြီ းလျှို့၀ှက်ထောက်လှမ်းဖို့တွန်းအားပေးခဲ့တယ်။ ဒီလိုနဲ့ပဲ ယူဆီ ကဲတိုလာ တဖြစ်လဲ ယူဆီ ကာရီတယောက် မိသားစုအသစ်နဲ့ ဒီခြံမှာပဲဘ၀သစ်တခုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။ တနေ့မှာတော့ စတာလင်ရဲ့သူလျှိုအဖြစ်စွပ်စွဲအမြစ်ဖြုတ်မှုတွေက ဒီရွှေ့ပြောင်းအမေရိကန်‌‌ တွေအပေါ်ကိုပါရိုက်ခတ်လာခဲ့တဲ့အခါမှာတော့ ယူဆီတယောက် ဒီ၀ရုန်းသုံးကားအခြေအနေတွေကြားထဲဘာတွေ ဘယ်လိုဆက်ဖြစ်မှာလဲ။ အသက်ရှင်လျက်နဲ့ပဲထွက်လာနိုင်မလား။ သူ့မိသားစုလေးကရောအဆုံးမှာဘယ်လိုဖြစ်သွားမလဲ။ သူ့ရဲ့ရှည်လျားလှတဲ့ဘ၀ခရီးလမ်းကြီးကဘယ်လိုမျိုးပြီးဆုံးသွားမလဲဆိုတာကို The Eternal Road ဆိုတဲ့ ဖင်လန်စကားပြောဇာတ်ကားလေးမှာ ရှုစားပေးကြပါဦးခင်ဗျ

Comedy
7 2017 103 mins
The Eternal Road
Buried in Barstow
7

Buried in Barstow (2022) ~ IMDb rating – 7/10 ~ “အမေတစ်ယောက်က သူ့ကလေးကို ဘေးရန်တွေကနေကာကွယ်ဖို့ မလုပ်ရဲတဲ့အရာမရှိဘူး” ဟုတ်ပါတယ်။ Single Mother တစ်ယောက်ဖြစ်တဲ့ Hazel King ဟာ နယ်မြို့လေးတစ်ခုမှာ စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး သမီးလေးနဲ့အတူ ဘဝကို သိုသိပ်စွာနေပါတယ်။ ဇာတ်ကားအစက Hazel King က သွေးမသေးတဲ့သူဆိုတာ ခင်ဗျားကတော့ သိလိုက်ရပေမယ့် သူ့အသိုင်းအဝိုင်းလေးနဲ့ သူ့သမီးအပါအဝင် သူဇာတ်မြှုပ်နေထိုင်တဲ့ဘဝမှာ သူဟာ သာမန်ဆိုင်ဖွင့်ထားသူ တစ်ဦးပါပဲ။ တစ်ခုခုလုပ်ပြီးရင် သွေးအေးစွာနေတတ်တဲ့ တုန်လှုပ်မှုမရှိတဲ့ Hazel ဟာ အပေါ်ကပြောသလိုပဲ သူ့သမီးအတွက် အရာရာကို ပြေးကာကွယ်မယ့်သူပါ။ သမီး ဖြစ်သူ Joy ဟာ ဆယ်ကျော်သက်မနူးမနပ်အရွယ်မှာ အချစ်ကို ပညာရေးထက်ပိုအလေးထားခဲ့တယ်ပဲဆိုကြပါစို့။ Joy နဲ့ သူရဲ့ ကောင်လေးဖြစ်တဲ့ Travis နဲ့ Hazel တို့ သုံးယောက် ဘယ်လို Conflict တွေဖြစ်ကြမှာလဲဆိုတာ စိတ်ဝင်စားစရာကောင်းမှာပါ။ နောက်တစ်ဦးကတော့ ဆိုင်မှာပိုက်ဆံမရှင်းနိုင်လို့ အလုပ်ခိုင်းလိုက်တဲ့ နေစရာမဲ့နေသူ အလုပ်ပြုတ် ဆရာဝန်တစ်ဦးဖြစ်တဲ့ Elliot ပါပဲ။ Elliot ဟာ Hazel အပေါ်ရော Joy အပေါ်မှာပါ ကောင်းသူပါ။ Hazel ဟာ သူတစ်ယောက်ပဲသိတဲ့ သူ့ဘဝရဲ့အတိတ်က အရိပ်မဲတွေထံကနေ လွတ်အောင်ပြေးရင်း အသားကျလာတဲ့ဘဝသစ်မှာ သမီးလေးကို ဘယ်လိုဆက်စောင့်ရှောက်မလဲ… အတိတ်ကအငွေ့အသက်တွေက လက်ရှိ ဘဝလေးကို ဘယ်လိုရိုက်ခတ်မလဲ… Elliot ကရော လူဆိုးလား လူကောင်းလား… စတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရမယ့် နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်တဲ့ အက်ရှင်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 820MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 25Min Genre – Action, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Action • Drama • War • History
7 2022 85 mins
Buried in Barstow
Eye For An Eye
6

လူငယ်ဒါရိုက်တာ ပုံဖော်ထားပြီး လူငယ်တက်သစ်စ သရုပ်ဆောင်တွေချည်း စုဝေးနေတဲ့ Eye For An Eye ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးဟာဆိုရင် အဆင့်နိမ့် ဇာတ်နိမ့်က လာသူတစ်ယောက်ဟာစစ်မြေပြင်အလယ်မှာ အဖော်ကောင်း စီးတော်မြင်းနဲ့ မိတ်ဆွေကောင်း လက်နက်တစ်ခုလက်ထဲရှိရင် မျက်မမြင်လည်း သူရဲကောင်းဖြစ်လာနိုင်တယ်ဆိုတာကို ရိုက်ကူးပုံဖော်ပြထားတဲ့ကားပေါ့… ဒီဇာတ်လမ်းလေးကို နီယန် ကောင်မလေးတစ်ယောက်က တစ်အိမ်လုံး အသက်ခံရပေမယ့် သူတစ်ယောက်တည်း လွတ်မြောက်လာပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ မျက်မမြင် သူရဲကောင်းနဲ့ သူကြုံတွေ့ခဲ့ပုံလေးကို ဒိုင်ယာရီမှတ်သလို…မှတ်တမ်းရေးသလို… ပြောပြသွားဟန်နဲ့ တင်ဆက်ပြထားပုံကတော့ လူငယ်ဒါရိုက်တာတွေလက်ရာကောင်းမှန်းသိသာပါတယ်… နီယန်တို့ ဘာကြောင့် တစ်အိမ်လုံးအသတ်ခံရတယ်ဆိုတာရယ်... မျက်မမြင်သူရဲကောင်းက ဘယ်သူလဲဆိုတာရယ်… နီယန်နဲ့ မျက်မမြင်သူရဲကောင်းကြားမှာ ဘယ်လိုပတ်သက်မှုရှိပြီး… ဘယ်လိုပုံစံနဲ့ခင်မင်ခဲ့တယ်ဆိုတာကို ရိုက်ပြသွားပုံလေးလည်းစိတ်ဝင်စားဖို့ကောင်းလို့… အက်ရှင်ဖန်တွေ သိုင်းဖန်တွေသာမက ရိုက်ကူးရေးစိတ်ဝင်စားတဲ့သူတွေလည်း ကြည့်သင့်တဲ့ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြနော်~

6 2023
Eye For An Eye
New Life

သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အမေရိကန် နယ်စပ်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မိန်းမငယ်လေး Jessica — သူ့ဘဝတစ်လျှောက်လုံး လယ်ယာလုပ်ရင်း မြို့သေးသေးလေးမှာ နေခဲ့ရပြီး ချစ်သူနဲ့အတူ လောကကြီးကို မြင်တွေ့ခွင့်ရဖို့ ပျံသန်းတော့မယ့် အချိန် ကံကြမ္မာဆိုးတစ်ခုက ပြေးလွှားရဖို့ ဖြစ်လာတယ် သက်လတ်ပိုင်း အမျိုးသမီး Elsa ကတော့ အော်ပရေးရှင်း fixer တစ်ယောက် – တစ်ကိုယ်တည်းသမားဖြစ်ပြီး အလုပ်ပြီးရင်းအလုပ်လုပ်ရင်း ငြီးငွေ့စရာဘဝကို ပိုင်ဆိုင်ထားသူ ဆေးစစ်ချက်အရ ASL ခေါ် ကြွက်သားအားနည်းတဲ့ ရောဂါတစ်မျိုးကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေတဖြည်းဖြည်းချင်း ချိနဲ့လာသူက Jessica ကို လိုက်ဖမ်းရတယ်… ဒါတွေနောက်ကွယ်က အကြောင်းရင်းလျှို့ဝှက်ချက်တစ်ခုက ဘာများဖြစ်မလဲ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်လမ်းလေးပါ File size…(1.1 GB)/(562 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Thriller, Science Fiction, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2024
New Life
Under the Sand
7

Under the Sand (2000) ~ IMDb – 7/10, Rotten Tomatoes – 93% ~ “ကျွန်မထပ်ပြီး ရူးသွားတော့မယ်ထင်တယ်။ ကျွန်မခေါင်းထဲမှာ အသံတွေကြားနေရတယ်။ အလုပ်ကို အာရုံစိုက်လို့မရတော့ဘူး။ ကျွန်မ တိုက်ခိုက်ဖို့ ကြိုးစားချင်ပေမဲ့ ကျွန်မဆက်ပြီး အားတင်းမထားနိုင်တော့ဘူး။ ကျွန်မဘဝရဲ့ ပျော်ရွှင်မှုတွေ အားလုံးက ရှင့်ကျေးဇူးကြောင့်ပါပဲ။ ရှင်က ကျွန်မအတွက်တော့ အပြည့်အဝကောင်းတဲ့သူပါ။ ကျွန်မရှင့်ဘဝကို မဖျက်စီးချင်တော့ဘူး…” စိတ်အတက်အကျ ပြင်းထန်တဲ့ရောဂါဖြစ်နေတဲ့ နာမည်ကျော်စာရေးဆရာမကြီး ဗာဂျီးနီးယားဝုဖ် ကိုယ့်ကိုယ်ကိုယ်သတ်မသေခင် သူ့အမျိုးသားအတွက်ရေးထားခဲ့တဲ့စာကို ဇာတ်ကားထဲမှာ ကိုးကားထားတဲ့အတိုင်း ရေးထားတာပါ။ မူရင်းကပိုပြီး ခြောက်ခြားဖွယ်လှပနေတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားကလည်း ဗာဂျီးနီးယားဝုဖ်ရဲ့ သေတမ်းစာလိုပဲ စိတ်ကို ညစ်ညူးစေပေမဲ့ လှပနေတဲ့ ဇာတ်ကားမျိုးပါ။ မူရင်းခေါင်းစဉ်က Sous le sable ဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ၂၇ ကြိမ်မြောက် César Awards ရုပ်ရှင်ဆုချီးမြှင့်ပွဲမှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ဆောင်အမျိုးသမီးဆု ဆန်ခါတင်စာရင်းအများကြီးဝင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ဆုမရခဲ့ပါဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ဇာတ်ကားတစ်ကားကောင်းမကောင်းဆိုတာ ကြည့်တဲ့သူရဲ့ နှလုံးသားပေါ်ပဲ မူတည်တာမဟုတ်လား။ ဒီဇာတ်ကားက ဆုမရပေမဲ့ နှလုံးသားတွေကိုတော့ ထိခတ်အောင်လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အိမ်ထောင်သက် ၂၅ နှစ်ကျော်ပေါင်းသင်းလာတဲ့ အချစ်ရဆုံးသူ ခင်ပွန်းသည် ပျောက်သွားတဲ့ ဇနီးသည်တစ်ယောက်ရဲ့ ခံစားချက်နဲ့ အတွေးတွေကို ထင်ထင်ရှားရှားနဲ့ မြင်သာလာအောင် ပြပေးထားပါတယ်။ ကိုယ်ချစ်ရတဲ့သူတစ်ယောက် သေသွားတာနဲ့ ပျောက်သွားတာ ဘယ်ဟာကပိုပြီး ခံရခက်ပါသလဲ။ ကျွန်တော့်အမြင်ကတော့ သေသွားပြီဆိုရင် တစ်ခါတည်း အပြီးပိုင်လက်လွှတ်ရပေမဲ့ ပျောက်သွားတာဆိုရင် ပြန်တွေ့လေမလားမျှော်နေရင်း ပြန်မတွေ့ရလို့ ဝမ်းနည်းနေရသလို တစ်နေရာရာမှာ ဒုက္ခရောက်နေမှာကို တွေးရင်း စိတ်ပူရင်းဝမ်းနည်းရပြန်လို့ ပျောက်တာက သေတာထက် ပိုဆိုးတယ်ထင်ပါတယ်။ အဲဒါကြောင့် ဒီဇာတ်ကားကိုကြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် ချစ်ရခင်ရတဲ့သူတွေနဲ့ ဝေးကွာနေရတဲ့သူတွေရှိရင် စိတ်ပူပင်နေတာတွေ ပျောက်သွားအောင် ဖုန်းတစ်ချက်ဆက်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 800MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Family
7 2000
Under the Sand
Shoshana
6.5

ဒီ ဇာတ်ကားလေးကတော့ ဒုတိယကမ္ဘာစစ်မစတင်ခင်အချိန်နဲ့ ဒုတိယကမ္ဘာစစ်ပြီးကာလကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ၁၉၀၀ ပြည့်နှစ်တွေအတွင်း ပါလက်စတိုင်းကို စတင်အခြေချရွှေ့ပြောင်း လာခဲ့ကြတဲ့ ဂျူးလူမျိုးတွေနဲ့ ဒေသခံအာရပ်လူမျိုးတွေအကြား တင်းမာမှုတွေအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဝီလ်ကင်က ရဲတပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒေသတွင်းက အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ တာဝန်ယူထားရသူဖြစ်ပါတယ်။ တယ်အာဗိ ဒေသတွင်းမှာ ဂျူး နဲ့ အာရပ် မြေအောက်တော်လှန်ရေးအဖွဲ့ အစည်းတွေအများကြီးခြေရှုပ်နေကြပြီး အချင်းချင်းလည်း လုပ်ကြံ သတ်ဖြတ်ကြသလို အုပ်ချုပ်သူ ဗြိတိသျှတွေပါ မထင်ရင်မထင်သလို လုပ်ကြံခံနေရတဲ့အခြေအနေလည်းဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာတော့ ရှိုရှားနားလို့ခေါ်တဲ့ ဂျူးအမျိုးသမီး နဲ့ ဝီလ်ကင်ဆိုတဲ့ ဗြိတိသျှရဲအရာရှိတစ်ယောက်ရဲ့ အချစ်ရေးနဲ့ နိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ ဂျူး-အာရပ်-ဗြိတိသျှ ပဋိပက္ခတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပါ။ File size…1.80GB / 973MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 1m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Comedy
6.5 2024 121 mins
Shoshana
Valentine’s Town
5.8

ဆက်ဆံရေးတစ်ခုမှာ အချစ်တစ်ခုတည်းရှိရုံနဲ့ မလုံလောက်ပဲ နားလည်မှု လေးစားမှုတွေပါလိုအပ်ပါတယ်။ဆက်ဆံရေးတစ်ခုကို ရေရှည်တည်မြဲစေချင်ရင် ကိုယ်က ကိုယ်နဲ့ကိုက်ညီတဲ့ လက်တွဲ ဖော်ကို ရှာဖွေနေမယ်ဆိုရင် အရေးအကြီးဆုံးအချက်တစ်ခုက ရိုးသားမှု ရှိရမယ်ဆိုတာကိုပြောပြထားတဲ့ Valentines Town ဆိုတဲ့ ကားလေးက2024မှာထွက်ရှိထားတဲ့ကားလေးဖြစ်ပါတယ်။ အချစ်တွေ ရိုင်းပင်းကူညီမှုတွေ နားလည်မှုတွေနဲ့ ပြည့်နက်နေတဲ့ ရိုးသားကြိုးစားတဲ့ Arrow Heart ဆိုတဲ့မြို့လေး ကို စီးပွားရေး အကျိုးမြတ်ထုတ်ချင်တဲ့ ကုမ္ပဏီ လက်ကနေ ကယ်တင်ဖို့ မလီဆာ ဆိုတဲ့ကောင်မလေးတစ်ယောက်က သူတတ်နိုင်သလောက် ကြိုးစားပါတော့တယ်။ မလီဆာက ကိုက်ညီတဲ့လက်တွဲဖော်တွေကိုရှာပေးပြီး ဆွေးနွေးမှုတွေကို လုပ်ပေးတဲ့ စီးပွားရေးတစ်ခုကိုလုပ်နေသူပါ။တစ်နေ့မှာ မြို့ကို အကျိုးမြတ်ထုတ်ချင်တဲ့ ကုမ္ပဏီကို အလုပ်လုပ်ပေးနေတဲ့ မလီဆာရဲ့ အထက်တန်းဘဝတုန်းကချစ်သူဟာ မြို့ကိုထောက်လှမ်းမှုတွေ ပြုလုပ်ဖို့ ရောက်လာပါတော့တယ်။ သူတို့နှစ်ယောက်ကြားက အမှတ်တရတွေဟာ သူတို့ကိုဘယ်လို ပြောင်းလဲသွားစေမလဲ… လျှို့ဝှက်ချက်တွေကိုရော ဖော်ထုတ်သွားနိုင်မလား… အတိတ်က အချစ် ပြန်ရောက်လာတဲ့အခါမှာ အမှတ်တရတွေနဲ့ ပျော်တဲ့အချိန်ကိုပဲသတိရမိမလား…. နာကြင်မှုတွေနဲ့မကောင်းတဲ့အချိန်တွေကိုပဲ ပြန်ခံစားမိမလား…. ဒီကားလေးက ပေါ့ပေါ့ ပါးပါးနဲ့ 528မေတ္တာ 1500မေတ္တာတွေအပြင် ကိုယ့်မြို့ကို ချစ်တဲ့အချစ်တွေ သူငယ်ချင်းတွေ နဲ့ မြို့သူမြို့သား အသိုင်းအဝိုင်း ကိုချစ်တဲ့အချစ်တွေကိုပါ ကြည်နူးဖွယ်ဖော်ပြထားတဲ့ ကားလေးဖြစ်ပါတယ်။ ဒီကားကိုကြည့်လိုက်တာနဲ့ ဘဝမှာ လက်တွဲဖော်ကိုရှာတဲ့အခါ ဘယ်လိုရှာရမလဲ ဘယ်လိုရိုးသားပွင့်လင်းရမလဲ ဆိုတာကို တစ်မျိုးမျိုးနဲ့တော့ အတွေးဝင်မဲ့ ကားလေးဖြစ်တာမိုလို့ ကြည့်သင့်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။ File size… (1.23GB ) / (708MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre …..Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

5.8 2024 85 mins
Valentine’s Town
The Order
7.3

The Order (2024) IMDb Rating (7.3) / Rotten Tomatoes (90%) မင်းသားကြီး ဂျုလော နဲ့ နစ်ကလက်ဟော့တို့ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံ Crime, Drama, Thriller ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ အမေရိကန် သမိုင်းမှာ နာမည်ကြီးအမဲစက်တွေဖြစ်တဲ့ ၁၉၈၀ ဝန်းကျင်လူဖြူကြီးစိုးရေးဝါဒီ၊ အစွန်းရောက် နာဇီလက်သစ်တွေရဲ့ ပြဿနာတွေကို အခြေခံထားတာဖြစ်ပါတယ်။ ၁၉၈၀ ကျော်မှာ ပေါ်ပေါက်ခဲ့တဲ့ The Order ဆိုတဲ့ အစွန်းရောက် ဂျူးမုန်းတီးရေးအဖွဲ့ကို အက်ဖ်ဘီအိုင်နဲ့ ရဲတွေလိုက်လံ နှိမ်နင်းရပုံကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်း အက်ဖ်ဘီအိုင်အေးဂျင့် ဟက်စ်ဟာ ဂျေမီဆိုတဲ့ ရဲသားလေးနဲ့ပေါင်းပြီး ဓားပြမှုတွေကို စုံစမ်းရာကနေ ဓားပြမှုတွေဟာ ရန်ပုံငွေစုတဲ့သဘောဖြစ်နေပြီး အကြီးအကျယ် အကြမ်းဖက်မဲ့ အစီအစဉ်တွေ တစ်နိုင်ငံလုံးကိုတိုက်ခိုက်မဲ့အစီအစဉ်တွေပါရှိနေတဲ့ အစွန်းရောက်အဖွဲ့ကို ခြေရာခံမိသွားပါတယ်။ သူတို့ခြေရာခံနေစဉ်အတွင်းမှာပါ ဘဏ်ဓားပြမှုတွေ ဆက်တိုက်ဖြစ် လုပ်ကြံမှုတွေပါဖြစ်လာပြီး နောက်ဆုံး လက်နက်ကိုင် တော်လှန်ရေးအဆင့်အထိ ရောက်လာခါနီးမှာ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပြီး ဖမ်းဆီးရပုံတွေကို ပြသထားတာပါ။ ၁၉၈၀ အထာတွေနဲ့ ဇာတ်လမ်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းကြည့်ချင်ရင် ဒီကားကိုလက်လွှတ်မခံသင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(1.5 GB) / (730 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….01:56:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mr.Anderson

7.3 2024 116 mins
The Order
Angel of Beggars
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် Angel of Beggars ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ပါးထျန်းဟူဟာ ဆပ်ကပ်သရုပ်ဆောင်ခေါ်တယ်ဆိုပြီး ရွာထဲက ကလေး ၉ ယောက်ကို မိဘတွေ လက်ထဲက ခေါ်သွားပြီး ကလေးတွေကို တောင်းစားခိုင်းပါတယ်။ လူဝါတန်းဆိုတဲ့ ကလေးဟာ မာနထားပြီး တောင်းရမ်းဖို့ ငြင်းတဲ့အခါ ပါးထျန်ဟူက ရိုက်နက်ခဲ့ပြီး လက်လွန်ကာ သေဆုံးသွားခဲ့ပါတယ်။ လူဝါတန်းရဲ့ အလောင်းကို ဆေးရုံက ပြန်သွားလုတဲ့အတွက် သူတို့ဒုစရိုက်မှုက ပေါ်သွားခဲ့ပြီး ကလေးတွေကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ယောကျာ်းဖြစ်သူနဲ့ သမီးကို ဆုံးရှုံးခဲ့ရတဲ့ စိတ်ကျန်းမာရေးဆရာမ လင်လန်ဟာ ကယ်တင်ခံရတဲ့ ကလေးတွေနဲ့အတူ ရွာမူလတန်းကျောင်းကို ပြန်ရောက်လာခဲ့ပြီး သူတို့အတွက် စိတ်ကျန်းမာရေးဥယျာဉ်တစ်ခုကို တည်ဆောက်ပေးခဲ့ပါတယ်။ စိတ်ဒဏ်ရာတွေ ပြည့်နေတဲ့ လူကြီးရော ကလေးရော အပြန်အလှန်ကုစားကြမဲ့ ရုပ်ရှင်လေးကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Animation • Fantasy • Comedy • Family
5.7 2025
Angel of Beggars