YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The King Dae Joyoung - E17-32 [2006] (MM Sub).zip

4.99 GB N/A application/x-zip-compressed 682 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
More Than Ever
6.9

~ IMDb - 7/10, RT - 91%, Meta - 73% ~ ၂၀၂၂ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ပြင်သစ်-အင်္ဂလိပ် စကားပြော ရုပ်ရှင်ဖြစ်ပါတယ်။ သေရမယ်ဆိုပေဲ့ မသေခင် ရှင်သန်ရမယ့်ဘဝအကြောင်း၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ဖို့ ဆန္ဒပြင်းပြနေတဲ့ မိန်းမတစ်ယောက်အကြောင်းပါပဲ။ သေရမယ်ဆိုတဲ့အသိဝင်သွားတာနဲ့ တပြိုင်နက် ဘဝတစ်ခုကို ဘယ်လို ခြောက်ခြားစေပြီးတော့ ဘယ်လို ပြန်လည်အားရှိစေလဲဆိုတာကို ရိုက်ပြသွားတာပါ။ ဘဝတစ်ခုရဲ့ အဆုံးသတ် သေခြင်းတရားမှာ ပုံမှန်အားဖြင့် ကိုယ်ချစ်ရသူတွေနဲ့ နောက်ဆုံးအချိန်ထိ အတူရှိချင်ပေမယ့် တကယ်တမ်းကျတော့ လိုအပ်ရင် တကိုယ်ကောင်းဆန်စွာနဲ့ပဲ တစ်ယောက်ထဲ သေဖို့ ရွေးချယ်မိတယ်။ ကုလို့မရတဲ့ အဆုတ်ရောဂါခံစားနေရတဲ့ ဟယ်လင်ဟာ သူ့ဘဝသူ စိတ်ကုန်နေပြီးတော့ အကောင်းမြင်တတ်လွန်းတဲ့ ယောင်္ကျားဖြစ်သူ မက်သရူးနဲ့ အလုံးစုံ မျှဝေမခံစားနိုင်အောင် ဖြစ်နေပါတယ်။ အင်တာနက်ပေါ်က ဘဝအဆုံးသတ် ဘလော့တွေကိုကြည့်ရင်းနဲ့ ဟယ်လင်ဟာ နော်ဝေမှာရှိတဲ့ တောင်ကမ်းပါးကြားက နေရာလေးမှာ တစ်ယောက်ထဲ ငြိမ်းငြိမ်းချမ်းချမ်း သွားနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါရိုက်တာဟာ ဟယ်လင်ရဲ့ သေရေးရှင်ရေး လွန်ဆွဲနေတဲ့ အခြေအနေကို စကင်ဒီနေဗီးယန်းရဲ့ တောတောင်သဘာဝရှုခင်းတွေနဲ့ နော်ဝေမှာ ဟယ်လင်နေတဲ့ သေးငယ်မှောင်မှိက်နေတဲ့ တံငါသည်တစ်ယောက်ရဲ့ အိမ်ငယ်လေးကို နှိုင်းယှဉ်ပြထားတယ်။ ဟယ်လင်က ယောင်္ကျားဖြစ်သူအတွက် ခံစားချက် ရှိနေသေးပေမယ့် သူမရဲ့ ရောဂါကြောင့် လိင်စိတ်ဆန္ဒကို ဖြေဖျောက်ဖို့တောင် ခန္ဓာကိုယ်က မလိုက်လျောနိုင်တဲ့ အခြေအနေကို ရောက်နေတာပါ။ အဓိပ္ပါယ်ပြည့်ဝတဲ့ သေခြင်းမှာ နောက်ဆုံးအနေနဲ့ အဓိကကျတာကတော့ ရှင်သန်နေတုန်းမှာ လိုအပ်တဲ့အရာနဲ့ အတူတူပါပဲ... ကိုယ့်ကိုယ်ကိုယ် ရိုးသားပြီး နှလုံးသားရဲ့ အသံကို နားထောင်ပါ… ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း တကိုယ်ကောင်းဆန်သင့်ရင်ဆန်ပြီး လုပ်ချင်တာတွေ လုပ်ပစ်ဖို့လိုက်ဖို့ပါပဲ... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 880MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 3Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Science Fiction
6.9 2022 123 mins
More Than Ever
Cop Secret
6.2

(1080p ရပါပြီ) Iceland ရဲတပ်ဖွဲ့ရဲ့ ခေါင်းအမာဆုံး ရဲ ဖြစ်တဲ့ ဘူစီနဲ့ ဟော်ဒါတို့အတူ ဓားပြတိုက်မှုတွေကျူးလွန်ထားတဲ့ အဖွဲ့တစ်ခုကို အတူစုံစမ်းစစ်ဆေးဖို့ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်ဓားပြအဖွဲ့က ခေါင်းဆောင်ဖြစ်သူ ရီကီကလည်း ထင်မထားစရာပရောဂျက်ကြီးတွေနဲ့ လောကကိုချုပ်ကိုင်ဖို့စီစဉ်ထားသူတစ်ဦးဖြစ်တာမို့ လွယ်ကူလှတဲ့ မစ်ရှင်တော့မဟုတ်ပါဘူး။ အကြင်နာတရားမဲ့တဲ့ ရီကီရဲ့ လုပ်ငန်းအစီအစဉ်တွေကို သူတို့နှစ်ဦးအပါ ရဲတပ်ဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားတားမြစ်မလဲ? ထောင်သောင်းချီတဲ့ ပြည်သူတွေကိုရော ရီကီလက်ထဲကကယ်ထုတ်နိုင်ပါ့မလား? ဆိုတာကိုတော့ ခေါင်းဆောင်မင်းသမီးတစ်လက်မှမပါဘဲ ဘဲကြီးနှစ်ယောက်တင် တအားချစ်ကြတဲ့ ဇာတ်လမ်းကောင်းလေးမှာ ဆက်လက်ရှုစားလိုက်ကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hae Areum ပါ။) File Size          : 2.1GB, 656MB, 318MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 38mins Genre              : Action, Comedy Translated by Hae Areum Encoded by Kinnov

Drama
6.2 2022 100 mins
Cop Secret
The EOD Squad
6

အက်ရှင်ကားတွေကြိုက်တဲ့သူအဖို CM ကနေ အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် EOD Squad 2022 လိုအမည်ရတဲ့ အက်ရှင်ကားလေးကတော့ ဗုံးရှင်းလင်းရေးကျွမ်းကျင်ပညာရှင် တစ်ယောက်နဲ့ ဖောက်ခွဲရေးကျွမ်းကျင်တဲ့ မူးယစ်မှောင်ခိုသမားတိုကြားက အားပြိုင်မှုကို အခြေခံထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ဗုံးရှင်းလင်းရေးကျွမ်းကျင်ပညာရှင်Lu Yangနဲ့သူ့သူငယ်ချင်း Xu Ming တိုဟာ တစ်ရက်မှာတော့ နယ်စပ်မှာ မူးယစ်ရောင်းဝယ်ဖောက်ကားနေတဲ့ Kun Kang ဆိုသူကို ဖမ်းဆီးဖို အမိန့်ကျလာခဲ့ပါတယ် Kun Kang ကမူးယစ်ရောင်းဝယ်ရုံတင်မကဘဲ ပြင်းအားမြင့်ဖောက်ခွဲရေးကိရိယာကိုပါ လုပ်ပြီးတော့ ရဲတပ်ဖွဲဝင်တွေ ဖမ်းဆီးရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ် Kun Kang ကို လိုက်ဖမ်းရင်းနဲ့ပဲ Xu Ming ကတော့ အမှတ်မထင် ပေါက်ကွဲမှုတစ်ခုကြောင့် အသက်ကို ပေးဆပ်သွားခဲ့ရပါတယ် အဲ့နောက်မှာတော့ လွတ်မြောက်နေတဲ့ Kun Kang ကိုဖမ်းဖို့ Lu Yang တစ်ယောက် ဘယ်လိုကြိုးပမ်းမှာလဲ... Kun Kangဘက်ကရော ဘယ်လိုဖောက်ခွဲမှုတွေလုပ်ပြီးတော့ ထွက်ပြေးမှာလဲ..... အက်ရှင်ကားကိုမှ ကြည့်ချင်သူတွေအနေနဲ့ကတော့ CM ကနေတင်ဆက်ပေးထားတဲ့ ခပ်မိုက်မိုက် အက်ရှင်ကားလေးဖြစ်တဲ့EOD Squad 2022 ကို ကြည့်ရှုဖို တိုက်တွန်းချင်ပါတယ်နော်..... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , War Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime • Science Fiction • Thriller
6 2022
The EOD Squad
Sita Ramam
7.9

ဒီတစ်ခေါက် CM က တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် မင်းသမီး ရက်ရှ်မီကာ ပါဝင်အားဖြည့်ပေးထားတဲ့ အိန္ဒိယ ပါကစ္စတန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီး အိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ် အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေ အဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကို မီးရှိခဲ့တဲ့အတွက် သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကို ပြန်ပြီး မီးရှိခဲ့ပါတယ် အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန် မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ် ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာ အိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လို ဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ် ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီး သေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့ ကတိတစ်ခုကို "အက်ဖရင်း" က တည်အောင်လုပ်ပေးရမယ် အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ် အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ "ရမ်" ရဲ့ ကောင်မလေး "ဆီတာ" ဆီ မပိုဖြစ်ခဲ့တဲ့ စာတစ်စောင်ကို ပိုပေးရမှာပဲဖြစ်ပါတယ်... ခက်တာက အဲဒီ "ရမ်" နဲ့ "ဆီတာ" ဟာ အိန္ဒိယလူမျိုးဖြစ်နေတာပါပဲ ဒါပေမယ့်လည်း ပိုက်ဆံလိုနေတဲ့ "အက်ဖရင်း" ဟာ သူ့အဘိုးခိုင်းထားတဲ့အလုပ်ကို သဘောတူလိုက်ပြီး သူ မဆက်ဆံချင်ဆုံး အိန္ဒိယလူမျိုးတွေနဲ့ ဆက်ဆံဖို ဖြစ်လာပါတော့တယ် အဲဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ် (၂၀) က "ဆီတာ" ဆိုတဲ့ ကောင်မလေးကို သူဘယ်လိုလိုက်ရှာမလဲ "ဆီတာ" နဲ့ "ရမ်" တိုရဲ့ ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ.. အိန္ဒိယနဲ့ ပါကစ္စတန်တိုရဲ့ အာဃာတတွေကြားက ဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို မေတ္တာသာစစ်ရင် အမုန်းတရားတွေပြေငြိမ်းနိုင်တဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် File size…2.75GB  / 1.3GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kham Mon & BpL & Sora & Thet Ko & Kevin

Comedy • Horror
7.9 2022 158 mins
Sita Ramam
Karmalink
6.1

Karmalink (2022) Sci-Fi, Mystery အမျိုးအစား ကမ္ဘောဒီးယားဇာတ်ကားတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အတိတ်ဘဝကို အိပ်မက်တွေကနေ ပြန်မှတ်မိနေတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ အရင်ဘဝက ရတနာတစ်ခုကို တစ်နေရာမှာ မြှုပ်ထားခဲ့တယ်ဆိုပြီး ခဏခဏအိပ်မက်မက်နေတဲ့သူပါ။ တစ်နေ့ သူတို့ရပ်ကွက်နေရာမှာ ကျည်ဆံရထားလမ်း ဆောက်လုပ်မှာကြောင့် အိမ်ရာတွေရွှေ့ပေးဖို့ ဖိအားပေးခံလာရတဲ့အပြင် မိသားစုကလည်း စီးပွားရေးအဆင်မပြေတဲ့အခါမှာတော့ သူ့အိပ်မက်ထဲက ရတနာကို သူငယ်ချင်းတွေနဲ့အတူတူလိုက်ရှာဖို့ ကြိုးစားပါတော့တယ်။ သူ့အတိတ်ဘဝက တကယ်ရှိခဲ့တာလား၊ သူ့အိပ်မက်ထဲကအတိုင်း အဲဒီရတနာကို တကယ်ရှာတွေ့ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုကြရအောင်ပါ။ အညွန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Sci-fi, Drama Quality…. 1080p | 720p File size… 2.2GB | 1GB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

Animation • Comedy • Action • Science Fiction
6.1 2022 101 mins
Karmalink
Parundhaaguthu Oor kuruvi
7.6

Parundhaagudhu Oor Kuruvi 2023(ပဲလှော်ကြား ဆားညပ်) IMDb 8.2/10 Thriller IMDb အမိုက်စားနဲ့ ကြည့်ရကျိုးနပ်စေမယ့် တမီးလ်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာဒီဆိုတဲ့သူဟာ ခါးပိုက်နှိုက်အဖြစ် မြို့ထဲမှာ နာမည်ကြီးတဲ့သူပေါ့။ ခိုးလွန်းလို့ ရဲတွေနဲ့တောင် အရမ်းရင်းနှီးပြီး ရဲစခန်းဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေတာပါ။ တစ်ရက်မှာတော့ ရဲစခန်းကို လူသတ်မှုကျူးလွန်မိပါတယ်ဆိုပြီး ဖြောင့်ချက်လာပေးတဲ့သူတွေ ရောက်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိဘိုဆီကို အာဒီက အခင်းဖြစ်ရာ သစ်တောဆီ လမ်းပြပေးရပါတယ်။ သစ်တောတစ်နေရာမှာ လူသေအလောင်းကိုတွေ့တဲ့အခါ ဘိုဆီက အာဒီနဲ့အဲဒီအလောင်းကို လက်ထိပ်ခတ်ခဲ့ပြီး ဆက်စုံစမ်းဖို့သွားပါတော့တယ်။ ဒါပေမဲ့ လူသေအလောင်းဟာ မသေသေးဘဲ အသက်ရှင်နေသေးတာကို အာဒီသိခဲ့ရပါတယ်။ အဲဒီလူဟာ မာရာဆိုသူဖြစ်ပြီး အခက်ကြုံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာဒီတစ်‌ယောက် မာရာနဲ့ ပတ်သက်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ။ မာရာကရော ဘယ်လိုလူလဲ။ သူ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေရှိနေဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi, KKKZ, Cherryနဲ့ Deeတို့ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.6 2023
Parundhaaguthu Oor kuruvi
Priscilla
7

Priscilla (2023) ~ IMDb – 7/10, RT – 82%, Meta – 78% ~ ဖရန်စစ်ဖို့ဒ်ကော်ပိုလာကြီးကတော့ ၂၀၁၁ကတည်းက ဘာကားမှမထွက်ဘဲ ၂၀၁၉လောက်ကမှ Megalopolis ဆိုတဲ့ ရုပ်ရှင်အသစ်အကြောင်းထအော် သူဒီကားအတွက် ဇာတ်ညွှန်းရေးနေတာ ၁၉၈၀ကတည်းက ဖြစ်ကြောင်း ထအော်ပြီး ပျောက်သွားလောက်တာ အခု ၂၀၂၄ စတော့မယ့်အထိ ပြန်ကိုပေါ်မလာသေးပါဘူး။ Megalopolis ဆိုလည်း ရိုက်ကူးပြီးစီးပြီတော့ကြားပေမဲ့ အခုထိ ပိုစတာတောင် မလာသေးပါဘူး။ ရိုက်ကွင်းမှာလည်း ကော်ပိုလာထုံးစံအတိုင်း တော်တော်ကသောင်းကနင်းဖြစ်ခဲ့တယ်တော့ ကြားထားတာပါပဲ။ သူ့သမီး ဆိုဖီယာကော်ပိုလာကတော့ ၃နှစ်တစ်ကားဆိုသလို ပုံမှန်ရိုက်နေကျအတိုင်း ဒီနှစ်မှာ Priscilla နဲ့ ပြန်ပေါ်လာပြန်ပါပြီ။ ဒီတစ်ခါတော့ A24 က ဖြန့်ဝေပေးထားပါတယ်။ ၁၉၈၅မှာ Elvis Presley ရဲ့မိန်းမ Priscilla Presley က “Elvis and Me” ဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့ပြီး အဲဗစ်နဲ့ သူ့အကြောင်းကို ရေးသားခဲ့ဖူးတယ်။ ၂၀၂၂ မှာတော့ ဆိုဖီယာကော်ပိုလာက ဒါကို ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ ကြေညာခဲ့တယ်။ ဆိုဖီကာကော်ပိုလာဟာ ဒီစာအုပ်ကို ဖတ်ပြီး တော်တော်လေးထိသွားခဲ့တယ်တော့ ဆိုပါတယ်။ ဘယ်လိုထိသွားသလဲတော့ မသိဘူးပေါ့။ ဒီကားဟာ ပရက်စလေ ဘိုင်အိုဂရပ်ဖီကားတစ်ကားလို့ပြောလို့ရပေမဲ့ Baz Luhrmann ရဲ့ Elvis (2022) နဲ့ ဆန့်ကျင်စွာပဲ ဒီရုပ်ရှင်မှာ အဲဗစ်ရဲ့အောင်မြင်ခဲ့တဲ့ဘဝအကြောင်း သေချာထည့်သွင်းပြသသွားတာမျိုးမရှိဘူး။ အဲဗစ်ရဲ့ စိတ်အမှောင်ဘက်ခြမ်းကို ပိုအသားပေးပြသွားတယ်။ ဆိုဖီကာကော်ပိုလာဟာ သူတို့၂ယောက်ဆက်ဆံရေးထဲကမှ Priscilla ရဲ့ဘက်ကို ပိုပြသချင်ခဲ့ပြီး Priscilla ကို အဲဗစ်က ရုပ်ပိုင်း စိတ်ပိုင်း အနိုင်ကျင့်ခဲ့တာတွေကို ပေါ်လွင်အောင် ပြသချင်ခဲ့တယ်။ ကျွန်တော့်အမြင်အရတော့ ဆိုဖီယာဟာ အဲဗစ်ကို အရမ်းဆိုးဆိုးရွားရွားကြီးတော့ ပြမထားဘူး။ ဒါပေမဲ့လည်း အဲဗစ်ရဲ့သမီးကတော့ သူ့အဖေအကြောင်း ဒီလိုပြသတဲ့ရုပ်ရှင်ကို သဘောမကျခဲ့သလို သူ့အမေဘက်ကမြင်တဲ့ သူ့အဖေအပေါ်အမြင်အကြောင်းလည်း သူစိတ်မဝင်စားဘူးလို့ဆိုခဲ့တယ်။ ဇာတ်ကတော့ အဲဗစ်ကို အမေရိကန်စစ်တပ်က ဂျာမနီမှာ မထမ်းမနေရ စစ်မှုထမ်းခိုင်းတဲ့အချိန်မှာစထားတယ်။ ဒီအချိန်မှာ သူအဆိုတော်အနေနဲ့ တော်တော်လေး အောင်မြင်ပြီးနေပြီ။ တစ်ရပ်တကျေးမှာပဲ ဂျာမနီကို တာဝန်ကျတဲ့ ဗိုလ်မှူးတစ်ယောက်ရဲ့သမီး Priscilla နဲ့တွေ့ပြီး သူချစ်ကျွမ်းဝင်မိခဲ့တယ်။ ပြဿနာကတော့ သူတို့စတွေ့တဲ့အချိန်မှာ Priscilla အသက်က ၁၅နှစ်ပဲရှိသေးတယ်။ ကလေးမလေးကို အဲဗစ်က ကြွေဆင်းသွားခဲ့သလို သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ အဲဗစ်ရဲ့ အရှိန်အဝါကိုလည်း ကလေးမလေးက မလွန်ဆန်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ ၁၅နှစ်ကလေးနဲ့ နာမည်ကျော်အဆိုတော်ကြီးတို့ရဲ့ ဇာတ်လမ်းလေးစခဲ့တယ်။ အဲဒီဇာတ်လမ်းကနေမှ Priscilla အတွက် အဲဗစ်နဲ့ပတ်သက်ပြီး ကြုံခဲ့ရတာတွေကို ဆိုဖီယာကော်ပိုလာက ဆက်တင်ပြသွားတယ်။ ပြောရရင် ဒီရုပ်ရှင်မှာ အဲဗစ် နဲ့ Priscilla တို့ရဲ့ အိမ်ထောင်ရေး ဇာတ်လမ်းကို စဆုံးတင်ပြထားတယ်။ အဲဗစ်အဖြစ် ဆိုဖီယာရွေးထားတာက Jacob Elordi… သူ့အဆိုအရတော့ အဲဗစ်နဲ့ တူတဲ့ သရုပ်ဆောင်မျိုးရှိမှာမဟုတ်ပေမဲ့ ဂျက်ကော့ကလည်း အဲဗစ်လို ညှို့ဓာတ်ရှိပြီး မိန်းကလေးတွေသည်းသည်းလှုပ်သဘောကျခံရတဲ့သူမို့ သူရွေးခဲ့တာဆိုတယ်။ Priscilla ရဲ့ ၁၅နှစ်ကနေ ၂၇နှစ်အထိအပိုင်းအခြားကို သရုပ်ဆောင်ရမှာက Cailee Spaeny… သူလည်း ကောင်းခဲ့ပါတယ်။ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ သူ မင်းသမီးဆုဆန်ခါတင်ဝင်ထားသေးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကတော့ Priscilla ဟာ “Lost in Translation” နောက်ပိုင်း ဆိုဖီယာကော်ပိုလာရဲ့အကောင်းဆုံးကားလို့ ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ သူ့အဖေကြီး ဖရန်စစ်ရဲ့ကား ဘယ်တော့ဘယ်ဆီမှ ထွက်မယ်မှန်းလည်းမသိနိုင်တော့ ဘာမှမဆိုင်ပေမဲ့ အဆာပြေ ဆိုဖီယာကော်ပိုလာရဲ့ကားလေးကြည့်ရင်းပဲ စောင့်လိုက်ကြတာပေါ့။ ဆိုဖီယာကော်ပိုလာဟာ ဒီရုပ်ရှင်ကို သူ့ဝသီအတိုင်း အမျိုးသမီးဆန်တဲ့ အမြင်နဲ့ အသက်သွင်းသွားခဲ့တယ်။ ထူးတာကတော့ အဲဗစ်ပရက်စလေရဲ့ ဘိုင်အိုကားလို့ပြောလို့ရပေမဲ့ အဲဗစ်သီချင်းတွေမပါဘဲ ဆိုဖီယာ့ယောက်ျားနဲ့ သူ့ဝိုင်းတော်သားတွေက ဒီရုပ်ရှင်ရဲ့ သီချင်းတွေကို ဖန်တီးပေးထားတယ်။ အောင်မြင်တဲ့ယောက်ျားတွေအကြောင်း ကျွန်တော်တို့ အလုံအလောက်နီးပါးကြည့်ပြီးပါပြီ။ ဆိုဖီယာကော်ပိုလာကတော့ အဲဒီအောင်မြင်တဲ့ယောက်ျားတွေထဲက တစ်ယောက်ဒဏ်ကိုခံခဲ့ရတဲ့ မိန်းမတစ်ယောက်အကြောင်းကို ကျွန်တော်တို့ကို ပြသသွားခဲ့တယ်။ Priscilla ကို ဆိုဖီယာကော်ပိုလာရဲ့ လျှပ်ပြေးဖော်ပြတဲ့ပုံစံအတိုင်းပဲ တင်ပြထားတာမို့ သူ့တင်ဆက်ဟန်ကို သဘောကျတဲ့လူတွေ‌တော့ ကြိုက်ကြမှာပေမဲ့ အားလုံးတော့ ကြိုက်ကြမယ်မထင်ဘူး။ ဒါပေမဲ့လည်း အော်စကာမှာ တစ်နေရာရာက ဝင်ကောင်းဝင်နိုင်တဲ့ ရုပ်ရှင်ပါပဲ။ ကျွန်တော့်အမြင်တော့ အဲဗစ်ကို ဆိုဖီယာ ပုံဖော်သွားတဲ့ပုံစံက နားလည်ပေးလို့ရသလို သိပ်အဆိုးကြီးတော့လည်း မဟုတ်တာမို့ အဲဗစ်ဖန်တွေလည်း ကြည့်လို့အဆင်ပြေမှာပါပဲ။ Priscilla ရဲ့ တစ်ထောင့်မှာ အချစ်နဲ့အောင်မြင်ခြင်းဟာ ဘယ်တော့မှ ထပ်တူမကျနိုင်တဲ့အကြောင်းတွေကိုလည်း ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။ Priscilla Presley အချစ်ဆိုတာ နတ်ပြည်နဲ့ငရဲလက်တွဲထားတဲ့ ကမ္ဘာပဲ Priscilla ရေ မင်းရင်ခုန်ခဲ့တဲ့အချစ်ဟာ မင်းကိုနာကျင်စေခဲ့ပြီ အသက်ရှင်ခြင်းကလည်း ဘယ်လောက်ချစ်နိုင်ခဲ့သလဲ ဘုရားသခင်ပေးတဲ့ ကဗျာပဲ။ ။ ~ သုခမိန်လှိုင် P.S – Special thanks to Sayar Thukhamein Hlaing who wrote this poem exclusively for Channel Myanmar… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 4.06GB, 2.15GB, 810MB Quality – 4K HEVC, 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 53Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y, Ka Naung

Action
7 2023
Priscilla
The Diamond Heist
5.8

ဒီရုပ်ရှင်လေးကတော့ သိန်း ၂၀၀ တန် စိန်တုံးကို အုပ်စု ၂ စုက ဓားပြတိုက်ခဲ့ပြီး ကမောက်ကမ ဖြစ်သွားခဲ့တာက စပါတယ်။ လူရိုးကြီးတွေ ဖြစ်တဲ့ ကျန်းဟောက်နဲ့ ဝူအာဝေါ့ တို့ဟာ သမီးလေး ခယ်လဲ့ရဲ့ ခွဲစိတ်စရိတ်အတွက် မလုပ်စဖူး ရွှေဆိုင်ကို ဓားပြတိုက်ဖို့ လုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက် တွေဝေနေတဲ့ အချိန်မှာပဲ နောက်ထပ် အဖွဲ့တစ်ဖွဲ့က လက်နက်အပြည့်အစုံနဲ့ ရွှေဆိုင်ကို ဖြတ်သွားတဲ့ ငွေသယ်ကားကို လုယက်ခဲ့ပါတယ်။ ရှုပ်ထွေးနေတဲ့ အချိန်မှာ ဓားပြတွေက ကျန်းဟောက်တို့ကို အဖွဲ့သားတွေလို့ ထင်သွားပြီး တန်ဖိုးကြီးလှတဲ့ စိန်ထုပ်ကို ပစ်ပေးခဲ့ပြီး နှစ်ယောက်သား စိန်လုယက်မှုမှာ ပါဝင်ခဲ့ရပါတယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ ပြေးရင်း လွှားရင် စိန်ထုပ်ကြီးက ပျောက်သွားတဲ့အခါ…… ကျန်းဟောက်တို့ တစ်တွေ ခယ်လဲ့လေးအတွက် ခွဲစိတ်စရိတ်ကို ရဖို့ ဘယ်လို ဒုစရိုက်မှုတွေကို လုပ်မလဲ…… တခြားအဖွဲ့က ဓားပြတွေရဲ့ အန္တရာယ်ကိုရော ဘယ်လို ဖြေရှင်းမလဲ…… ဆိုတာကို ဟာသလေးတွေနဲ့ အပန်းဖြေ ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
The Diamond Heist
Halloween Massacre (2023)

1962 မှာဖြစ်ခဲ့တဲ့ ဟောလိုးဝင်းည လူသတ်မှုအကြောင်းကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ထားတာပါ 1969 မှာ FBI က 1962 ဟောလိုးဝင်းပါတီတစ်ခုက လူ ၇ ယောက်ကိုသတ်ခဲ့တဲ့ လူသတ်သမားရဲ့ မျက်နှာဖုံးကို ရှာတွေ့ခဲ့ပါတယ် မျက်နှာဖုံးနဲ့အတူ အဲဒီလူသတ်မှုဖြစ်စဉ်က ကင်မရာမှတ်တမ်းကိုပါ တွေ့ခဲ့ပေမဲ့ လူသတ်သမားကိုတော့ ဖမ်းမိခဲ့ခြင်းမရှိပါဘူး ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းအုပ်စုတစ်စုက ဟောလိုးဝင်းညတစ်ညမှာ လူသူကင်းမဲ့တဲ့ တောထဲက အိမ်တစ်လုံးကို ခရီးထွက်လာကြပါတယ် မျက်နှာဖုံးဝတ်လူသတ်သမားကို ပါတီကို နောက်ကျမှ ရောက်လာတဲ့ အန်းနက်ရဲ့ကောင်လေးအထင်နဲ့ အိမ်ထဲ ဆွဲသွင်းမိတဲ့နောက် အိပ်မက်ဆိုးသဖွယ်ဖြစ်လာပါတော့တယ် Halloween ရုပ်ရှင်နဲ့ တက္ကဆက် လွှဖြတ်ရုပ်ရှင်တို့လိုမျိုး ရှေးခေတ် အမေရိကန် slasher အငွေ့အသက်ကို ဒီဇာတ်ကားထဲမှာ ခံစားရမှာ ဖြစ်ပါတယ် File size…(1.4 GB)/(706 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Action • Adventure • Comedy • Drama • Western
0 1962
Halloween Massacre (2023)
No Mercy
5.4

ဒီတစ်ခါမှာတော့ မမ Lee Si Youngရဲ့ အမိုက်စားအက်ရှင်ကားလေးပါ။ အော်တဇင်ဖြစ်နေတဲ့ ညီမလေးကို နိုင်ငံရေးသမားတစ်ယောက်က မတရားကြံတာကြောင့် ညီမလေးအွန်းဟယ်ကိုကာကွယ်ပေးရင်း ထောင်နန်းစံလိုက်ရပြီး ပြန်ထွက်လာတဲ့မင်းသမီး Lee Si Young… အမထောင်ထဲမှာရှိနေချိန် ကျောင်းမှာလည်းအနိုင်ကျင့်ခံရ၊ အမလည်း ထောင်ထဲရောက်နေတာကြောင့်အားကိုးရာမဲ့ဖြစ်နေတဲ့ အပျိုအရွယ် အော်တဇင်လေးအွန်းဟယ်ကို သားသမီး နှမချင်းမစာမနာ အမြတ်ထုတ်ချင်တဲ့ ရပ်ကွက်ထဲကယောက်ျားသားတွေရဲ့ အနိုင်ကျင့်မှုတွေ၊ ဒီလိုမျိုး အနိုင်ကျင့်မှုတွေကို ထောင်ထဲကထွက်လာတဲ့ အမကို မပြောရဲဘဲ အရွယ်နဲ့မလိုက်အောင်ခံစားနေရတဲ့ အွန်းဟယ်ပါ။ တစ်ရက်မှာတော့ ပိုက်ဆံရှာချင်တဲ့ အတန်းဖော်တွေဟာ အွန်းဟယ်ကို အနိုင်ကျင့်ပြီးတော့ ဟိုတယ်မှာအဖိုးကြီးတွေနဲ့အိပ်ဖို့သွားခိုင်းပါတယ်။ အဖိုးကြီးတွေအိပ်ဖို့ကြိုးစားတဲ့အချိန်မှာ သူတို့က အခန်းထဲဝင်လာပြီးတော့ ခြိမ်းခြောက်ငွေညှစ်တာမျိုးလုပ်တာပါ။ အဲဒီထဲမှာမှ ကောင်မလေးတွေကို မုဒိန်းကျင့်ပြီး ရောင်းစားတတ်တဲ့ လူမိုက်တစ်ယောက်နဲ့တွေ့သွားတဲ့အခါ အွန်းဟယ်တစ်ယောက် ရောင်းစားခံလိုက်ရပါတော့တယ်။ ညီမလေးအိမ်ပြန်မလာလို့ စိတ်ပူနေတဲ့ အမကလည်း ရဲတိုင်ပေမယ့်လည်း အဆင်မပြေတဲ့အပြင် ကျောင်းကဆရာကိုယ်တိုင်ကလည်း အရေးတယူမလုပ်တာကြောင့် ကိုယ်တိုင်စုံစမ်းပြီး ပျောက်နေတဲ့ ညီမလေးကိုတစ်ကိုယ်တော်ရှာပုံတော်ဖွင့်ပါတော့တယ်။ ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းကိုမြင်တွေ့ရမယ့်အပြင် အော်တဇင်လေးအွန်းဟယ်ရဲ့ ဇာတ်နာမှုတွေကိုလည်း ဝမ်းနည်းဖွယ်ရိုက်ကူးပြထားပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်ရေးနည်းပြဟောင်းအနေနဲ့ မမ Lee Si Young ရဲ့ တိုက်ရေးခိုက်ရေးတွေကိုလည်း အားရပါးရ အဝကြည့်ရမှာမလို့ မလွတ်တမ်းကြည့်ရှုခံစားလိုက်ပါဦး။ File size… 1.5 GB / 766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Action/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

Action • Drama
5.4 2019 93 mins
No Mercy
My Friend is a Cute Shark
5.5

စိတ်ကူးယဉ်သိပ္ပံကား ဆန်းဆန်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ လူသားတွေကိုအကျိုးပြုနိုင်ဖို့ ပါမောက္ခကြီးတစ်ယောက်က မျိူးရိုးဗီဇပေါင်းစပ်နည်းကိုသုတေသနာလုပ်နေခဲ့ပါတယ်။ ငါးမန်းရဲ့မျိုးရိုးဗီဇနဲ့ ရေဘဝဲရဲ့မျိုးရိုးဗီဇကိုပေါင်းစပ်ကြည့်ပြီး လက်တွေ့စမ်းသပ်ခဲ့ပါတယ်။ လက်တွေ့စမ်းသပ်တာမအောင်မြင်ဘူးလို့ထင်ခဲ့ပေမယ့် အောင်မြင်ပြီးတော့ သုတေသနခန်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးရိုးဗီဇဆန်း ရေဘဝဲငါးမန်းတစ်ကောင်ကလမ်းပေါ်ရောက်သွားပြီး ငါးရောင်းတဲ့သားအဖ၂ယောက်ဆီကိုရောက်သွားခဲ့ပါတယ်။ မျိုးရိုးဗီဇစမ်းဖြစ်တဲ့အတွက် ကြီးထွားနှုန်းကအရမ်းကိုမြန်ပြီးတော့ လူတွေကိုအန္တရာယ်ပေးနိုင်တဲ့အဆင့်ကိုရောက်လာငါးသည်ရဲ့သမီးလေးကိုဖမ်းခေါ်သွားခဲ့ပါတယ်။ ကလေးရဲ့အဖေနဲ့ ပါမောက္ခတို့လူတွေကလဲ ရေဘဝဲငါးမန်းကိုလိုက်ရှာကြပါတယ်။ သုတေသနအတွက်အရမ်းကြီးတဲ့ဒီထူးဆန်းသတ္တဝါကိုအရှင်လိုချင်ပေမယ့် သူ့ရဲ့အရွယ်အစားနဲ့ထိခိုက်စွမ်းရည်ကြောင့် သတ်ပစ်ရမလားဝေခွဲမရဖြစ်နေကြပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်ဟာ နောက်ဆုံးမှာဘယ်လိုဖြစ်သွားမလဲ……

5.5 2025
My Friend is a Cute Shark
The Keeper
6.2

အလုပ်တစ်ခုကိုစလုပ်ပြီးရင် ပြီးအောင်လုပ်ဖို့ Moti လိုနေတဲ့ သူတွေအတွက် ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ ၂၀၂၁ ခုနှစ်တုန်းက ဂျော့ဂျ်လို့ခေါ်တဲ့ အမေရိကန်စစ်ပြန်တစ်ယောက် လမ်းလျှောက် တောင်တက်ခဲ့တဲ့ခရီးစဉ်ကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ နာမည်ကိုတော့ The Keeper လို့ပေးထားပြီး လက်ရှိ IMDb Rating 6.2 အထိရရှိထားပါတယ်။ သူလမ်းလျှောက်တောင်တက်တာဘာထူးဆန်းလို့လဲမေးရင်တော့ သူနဲ့အတူတူတိုက်ပွဲဝင်ခဲ့တဲ့ စစ်ပြန်ရဲဘော်တွေထဲကမှ ပြန်လာပြီး သိပ်မကြာခင်မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြတဲ့ စစ်ပြန်ပေါင်း ၃၆၃ ယောက်ရဲ့နာမည်ပြားတွေကိုသူ့ရဲ့ခရီးသွားလွယ်အိတ်ကြီးမှာ အလေးခံချိတ်ဆွဲပြီး အပလာချီယန်လမ်းကြောင်းကို မိုင်ပေါင်း ၂၁၉၃ မိုင် သွားခဲ့တဲ့ခရီးဖြစ်နေလို့ပဲဖြစ်ပါတယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ အဲ့ဒီနာမည်ပြားတွေထဲမှာပါတဲ့လူတွေအတွက်ရည်ရွယ်ပြီး ဂုဏ်ပြုဖို့ အတွက်ပဲဖြစ်ပါတယ်။အသက်လည်းနည်းနည်းရနေပြီဖြစ်တဲ့ ဂျော့ဂျ်တစ်ယောက်အတွက် ခရီးလမ်းကခက်ခဲပေမဲ့ လမ်းမှာတွေ့တဲ့ တခြားသောစစ်ပြန်တွေပေးတဲ့ခွန်အားတွေနဲ့ရှေ့ဆက်ပြီး မလျှော့သော ဇွဲနဲ့ပန်းတိုင်ကိုအရောက်လှမ်းခဲ့တဲ့ခရီးစဉ်ကိုစိတ်ဝင်စားစရာရှုစားရမှာ ဖြစ်တဲ့အတွက် ဖြစ်ရပ်မှန်ဇာတ်ကားလေးတွေသဘောကျတဲ့လူတွေ အတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။ File size… (1.56GB) / (855MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2024 111 mins
The Keeper
Poison Ivy: The New Seduction
4.8

Poison Ivy: The New Seduction (1997) IMDb Rating (4.8) / Rotten Tomatoes (36%) Poison Ivy: The New Seduction ကတော့ Poison Ivy စီးရီးရဲ့ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာ Kurt Voss နှင့် Karen Kelly ကရေးသားခဲ့ပါတယ်။ Violet အဖြစ် သရုပ်ဆောင်ထားတဲ့ အဓိက မင်းသမီးမှာ Jaime Pressly ဖြစ်ပါတယ်။ အခြားသရုပ်ဆောင်များတွင် Megan Edwards၊ Michael Des Barres နှင့် Greg Vaughan တို့ပါဝင်တယ်။ ဇာတ်လမ်းက ပထမဆုံးရုပ်ရှင်ထဲက Ivy ရဲ့ ညီမ Violet အကြောင်းပါ။ သူအမေကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့လိူ့ လက်စားချေဖို့ ချမ်းသာတဲ့မိသားစုအိမ်ကိုပြန်လာခဲ့ပါတယ်။ သူမိသားစုကို ထိန်းချုပ်ရန်နှင့် ဖျက်ဆီးဖို့အတွက်သူ့ရဲ့အရှက်သိက္ခာကို အသုံးပြုပါတယ််။ ဒီဇာတ်ကားမှာ ဒရာမာ၊ သည်းထိတ်ရင်ဖို နဲ့ အချစ်ဇာတ်လမ်းတွေ ပါဝင်ပါတယ်။ ယေဘူယျအားဖြင့်၊ Poison Ivy: The New seduction က ဒရာမာမတွေပါဝင်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေကိုနှစ်သက်တဲ့သူတွေဆိုရင်တော့ကြည့်သင့်ပါတယ်။ 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar aung ဖြစ်ပါတယ်။) File size…(2.6 GB) / (850 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance,Thriller Duration….01:35:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Banyar aung

Action • Comedy
4.8 1997 93 mins
Poison Ivy: The New Seduction