YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Goddess Of Revenge.2020.EP8.mp4

341.29 MB N/A video/mp4 627 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Murder by Numbers
6.1

မင်းသားချော Ryan Gosling ငယ်ရွယ်စဉ်အခါကရိုက်ကူးထားတဲ့ မှုခင်းရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Ryan Gosling အပြင် အခြားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Michael Pitt, Ben Chaplin နဲ့ Sandra Bullock တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Barbet Schroeder ကရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရစ်ချက်(Ryan Gosling)ဟာအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောနဲ့ ကျောင်းမှာလည်းလူသိများတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ဂျက်စတင်ဟာ လိုချင်တာအားလုံးရနေတဲ့ဘဝမှာ ငြီးငွေ့လာတဲ့အတွက် ဘဝကြီးကိုအပြည့်အဝခံစားဖို့အတွက် လူသတ်မှုတစ်ခုကို ကျူးလွန်ဖို့အတူတူကြံစည်ကြပါတော့တယ်။ သူတို့ဟာသူတို့ဉာဏ်ကောင်းကြောင်း ပြချင်တဲ့အတွက်အမှုကို ပြီးပြည့်စုံအောင်စီစဉ်ခဲ့ပေမယ့် ဒီအမှုကိုကိုင်တွယ်တဲ့ စုံထောက်ကြီးကတ်ဆီမေဝဲသာကတော့ ဒီလိုယောက်ျားမျိုးတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်တာကြောင့် သူတို့ရဲ့အမှုကို ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာကို လှည့်ကွက်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Aung Win Htut ပါ။) File Size          : 3.4GB, 917MB, 488MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 55mins Genre              : Crime, Thriller, Mystery Translated by Aung Win Htut Encoded by Kinnov

Drama
6.1 2002 120 mins
Murder by Numbers
Jingle All the Way
6

ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990‌ ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်‌တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ နှစ်ဆကျော်ဝင်ငွေပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ ဒေါင်းကြည့်ဖို့တကယ်ထိုက်တန်လှတာမို့ ခရစ္စမတ်မှာ chill ဖို့ Jingle All the Way လေးကို ဒေါင်းကြည့်ကြပါဦး။ ပြောဖို့တစ်ခုကျန်ခဲ့တယ်ဗျို့။ ဇာတ်ဝင်သီချင်းတွေ တကယ်ရှယ်ကောင်းပဲဗျ။ ကဲ Jingle All the Way လေးကို ရှုစားအားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို San Thu Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 29Min Genre - Adventure, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Y

Crime • Horror • Thriller
6 1996 89 mins
Jingle All the Way
Vikrant Rona
6.8

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ တောင်ပိုင်း ကန်နန်းဒါးဘက်က နာမည်ကြီးမင်းသား ဆလ်မန်းခန်းရဲ့ Dabangg 3 ဇာတ်ကားထဲမှာ ဗီလိန်နေရာက သရုပ်ဆောင်သွားတဲ့ မင်းသား ကစ်ချားဆူဒီပါးနဲ့ ဆက်ဆီကျကျမမလှလှဂျက်စီတို့ရဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးက တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်.... ကာနတကမြို့နယ်အတွင်းက ကမာရုတူးဆိုတဲ့ရွာလေးကနေ ဇာတ်လမ်းကိုအစပြုထားတယ်.... အဲ့ဒီရွာက တောအုပ်ကြီးအလယ်မှာ တည်ရှိနေတဲ့ရွာဖြစ်သလို ဖြစ်ရပ်ဆန်းကြယ်မှုတွေနဲ့ နတ်ဆိုးတွေသောင်းကျန်းနေတယ်လို့လည်း နာမည်ကြီးတယ်... အဲ့ဒီရွာအတွင်းမှာရှိတဲ့ ဘိုးဘွားပိုင်အိမ်မှာ မိသားစုတစ်စု မင်္ဂလာပွဲလာကျင်းပကြပါတယ် အထမမြောက်နိုင်ခဲ့ဘဲ အိမ်ထဲမှာ အရာရှိတစ်ယောက်ရဲ့ခေါင်းပြတ်နေတဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ် ကလေးသူငယ်တွေဟာလည်း အသတ်ခံနေနေရပါတယ်..... ဆိုတော့ ဒီရွာက တကယ်ပဲ့ ကျိန်စာသင့်နေတာလား.... နတ်ဆိုးတွေ သောင်းကျန်းနေတာလား.... အဖြစ်မှန်က ဘာများလဲ.....။ File size…2.7GB  / 2.4GB / 1.07GB Quality…4k HEVC WEB DL / 1080p True WEBDL AAC5.1CH / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & Kevin & Kham Mon & BpL & Jerrica

Action
6.8 2022 147 mins
Vikrant Rona
Piercing Heart Sword
5

ဒီတစ်ခါ CMကတင်ဆက်ပေးမှာကတော့ အမှုကိစ္စတွေနဲ့ လူတွေကိုစိတ်ဝင်စားပေမဲ့ ကားလေးတစ်ကားပါ တင်းဝူနဲ့ကျန်းဟွမ်က ဌာနတစ်ခုထဲမှာတင်အလုပ်လုပ်ကြတဲ့ လူနှစ်ယောက်ပါ သူတိုနှစ်ယောက်က အရမ်းလည်းရင်းနှီးကြသလို အမှုကိစ္စတွေလည်း အတူတူလိုက်ကြရတာပါ တင်းဝူမှာဇနီးရှိသလို ကျန်းဟွမ်မှာလည်း သူသဘောကျနေတဲ့ကောင်မလေးရှိပါတယ် ကျန်းဟွမ်က ပြည့်တန်ဆာအိမ်မှာအလုပ်လုပ်နေတဲ့ရွှမ်ရွှမ်ကို ဂရုစိုက်ကာကွယ်ပေးရင်း ဘာတွေကြုံတွေ့ရမလဲ တင်းဝူရဲ့ဇနီးကလည်း ဘယ်လိုလူမျိုးဆိုတာ စိတ်ဝင်စားစရာပါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ကြရအောင်နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 35min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Crime
5 2022 95 mins
Piercing Heart Sword
Escape from Alcatraz
7.5

အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။ အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ၁၂ကြိမ်လူစစ်သတဲ့။ ထောင်ဝန်ထမ်းဦးရေကလည်း တခြားထောင်တွေမှာရှိတာထက် နှစ်ဆကျော်ကျော်ခန့်ထားတာပါ။ ဘယ်ထောင်သားမှ အလ်ကာထရက်ဇ်ထောင်ကို ဖောက်မပြေးနိုင်ဘူးလို့အဆိုရှိခဲ့ပါတယ်။ အဲဒီထောင်ထဲကို ၁၉၆၀ခုနှစ်မှာ ဖရန့်ခ်မောရစ်ဆိုတဲ့ ဦးနှောက်ကောင်းကောင်းရှိတဲ့ အကျဉ်းသားတယောက် ထောင်ပြောင်းလာပါတယ်။ လွတ်မြောက်ရာလမ်းကိုကြံစည်ရင်း သူရလာတဲ့ ရန်သူတွေ၊ ဖွဲ့မိတဲ့မိတ်ဆွေတွေအကြောင်း၊ အဲဒီကာလမှာ အားကောင်းနေဆဲဖြစ်ခဲ့တဲ့အသားအရောင်ခွဲခြားမှုအငွေ့အသက်တွေအပါအဝင် မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြဖို့ ခဲခဲယဉ်းယဉ်း အားထုတ်ရပုံအကြောင်းတွေကို ဇာတ်ကားကြည့်ရင်းနဲ့ ခံစားနိုင်ကြမှာပါ။ ဖရန့်ခ်တို့တစ်စု တကယ်ပဲလွတ်မြောက်သွားကြသလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။ ကလင့်အိစ်ဝုဒ်ရဲ့ သရုပ်ဆောင်ပုံကိုအသည်းစွဲခဲ့ကြတဲ့ လူကြီးပိုင်းပရိသတ်တွေအကြိုက်တွေ့မှာသေချာပါတယ်။ လူငယ်တွေအတွက်လည်း Rating ကောင်းတွေရထားတဲ့ ဂန္တဝင်ဇာတ်ကားတစ်ခုကိုကြည့်ရတာထိုက်တန်မှာပါ။ - " Some men are destined never to leave Alcatraz... alive. " - "တချို့က အလ်ကာထရက်ဇ်ကနေဘယ်တော့မှမလွတ်မယ့်ကံပါလာတတ်တယ်၊ အသေထွက်ပဲထွက်ရတာပေါ့" (ဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားပေးထားပါတယ်) Size - 2.7GB, 1.34GB, 620MB Quality - Bluray 1080p, 720p, 480p IMDb Rating - 7.6/10 Duration - 1hr 52mins Subtitles - Myanmar Hardsub Format - MP4 Genre - Action, Biography, Crime Translated by Thaman Myint Encoded by Y

Action • Crime • Drama • Thriller • Western
7.5 1979 113 mins
Escape from Alcatraz
Blind Love
5.7

Blind Love (2005) “ကျွန်တော့်လို ငတ်တစ်လှည့် ပြတ်တစ်လှည့် ကောင်ကို ဘယ်ဆော်က တွဲချင်မှာလဲ? ကျွန်မ တွဲမယ်လေ” ငယ်တုန်းမှာ အပြင်းဖျားပြီး မျက်စိကွယ်သွားရရှာတဲ့ ဟီကာရီဆိုတဲ့ မျက်မမြင်မလေး၊ အမှောင်ကမ္ဘာထဲမှာ အသံတွေကိုပဲ နားစွင့်ရင်း ပုံဖော်နေရသူမို့ နေထိုင် သွားလာရင်း လက်ထိုးရုပ်သည်လေး ဂျပုနဲ့ အမှတ်မထင် တွေ့ဆုံတဲ့အခါ… အသံကြားကြားချင်း ချစ်မိသွားပေမယ့် မထင်မှတ်ထားပဲ ပေါ်လာတဲ့ အရှုပ်ထုတ်တွေနဲ့ လူတွေရဲ့ စိတ်သဘောသဘာဝကို ပါးပါးလေးပုတ်ပြသွားတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ် iဆိုတဲ့ကောင်မလေးဟာ ဇွန်ဘီတွေကိုအလွန်စွဲလမ်းတဲ့ အထက်တန်းကျောင်းသူလေးပါ တရက်တော့ သူတို့အခန်းထဲက ဇွန်ဘီနာမည်ပြောင်နဲ့ကောင်လေးတစ်ယောက်ကိုတွေ့ခဲ့တယ် အဲ့ကောင်လေးဟာ‌အမြဲအေးတိအေးစက်နဲ့ပေမဲ့ Hitomiကိုတကယ်ချစ်ခဲ့တယ် Hitomiကတော့ အချစ်ကိုခုတုံးလုပ်ပြီး အဲ့ကောင်လေးကို ဇွန်ဘီအဖြစ်ပြောင်းလဲချင်နေတာပေါ့ ကဲ Hitomiရဲ့ဆန္ဒကိုလက်ခံလိုက်တဲ့အခါဘယ်လိုတွေဆက်ဖြစ်သွားမှာလဲ? Hitomiကကော ဇွန်ဘီတစ်ယောက်ပေါ် အချိန်ကြာကြီးသစ္စာရှိနိုင်ပါ့မလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦး File Size__(550MB) Quality__DVDRip IMDb Rating__5/10 Format__mp4 Duration__01:00:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Comedy • Drama
5.7 2005 64 mins
Blind Love
5-25-77
6.4

5-25-77 (2022) ~ IMDb – 6.4/10, Rotten Tomatoes – 100% ~ ခင်ဗျားတို့မှာ ငယ်ဘဝအိပ်မက်တွေ ရှိခဲ့ဖူးကြလားဗျ… အမှန်တကယ်ဖြစ်ချင်တာလား… မိဘအုပ်ထိန်းသူအသိုင်းအဝိုင်းရဲ့ကိစ္စတစ်ခုခုကြောင့် ဖြစ်ချင်တာမျိုးလား… ဥပမာ ကိုယ့်အသိုင်းအဝိုင်းထဲက ချစ်ရတဲ့တစ်ယောက် မဖြစ်သင့်ပဲအသက်ဆုံးရှုံးလိုက်ရလို့ ဆရာဝန်ကြီးလုပ်မယ်ဆိုတာမျိုး… ဒါမှမဟုတ်ရင်လည်း အိမ်မှာနေရ၊ မြို့ကြီးပြကြီးမှာ နေရတာမွန်းကျပ်လို့ ကြီးလာ‌ရင်တောင်ပေါ်ဒေသလေးတစ်ခုမှာ ဆရာမလေးတစ်ယောက်လုပ်ချင်တယ်ဆိုတာမျိုးပေါ့… ထားပါတော့… လူဦးရေ 750 ပဲနေထိုင်တဲ့ Illinois ပြည်နယ်၊ Lake County ရဲ့ Wadsworth ဆိုတဲ့ဒေသလေးမှာ မွေးဖွားလာခဲ့သူ Patrick Read Johnson ဟာ ဆယ်နှစ်မပြည့်ခင်အရွယ်ကတည်းက အိမ်ရဲ့နောက်ဖေးမြေကွက်လပ်မှာ သူငယ်ချင်းတွေနဲ့အတူ ဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာလေးဖြစ်ခဲ့သူပါ။ အထက်တန်းကျောင်းသားဘဝ ရောက်လာတဲ့အခါမှာ သူ့ရဲ့ငယ်ဘဝကရိုက်ထားတဲ့ ဇာတ်ကားများစွာကို ထုတ်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ရှင်‌သန်နေပါတယ်။ ငယ်ပေါင်း ဇာတ်ကားရိုက်ဖော်ရိုက်ဖက် သူငယ်ချင်း ‌Bill Holmes ကတော့ အိပ်မက်ထက် လက်တွေ့ကျကျသမားဖြစ်တာမို့ သူ့သူငယ်ချင်းကို လက်တွေ့ဘဝမှာပဲ အဆင်ပြေစေချင်သူပေါ့… Patrick ရဲ့မိခင်ဟာ သူ့ယောက်ျားနဲ့ကွာရှင်းပြီးတဲ့နောက် ဇာတ်ကားတွေအရမ်းရိုက်ပြီး ပွေရှုပ်စုတ်ပြတ်နေတဲ့ သူ့သားကို တတ်နိုင်တဲ့ဘက်က Support ပေးပါတယ်။ Pat ဟာလည်း ကလေးဘဝကလိုပဲ Sci-Fi ရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်းကြိုက်နှစ်သက်ပြီး အကောင်အထည်ဖော်ချင်နေတာပဲဖြစ်ပါတယ်။ တစ်ဒေသလုံးက လူတွေထဲမှာ Patrick ဟာ Sci-Fi Geek ပါပဲ။ ဘယ်သူမှလက်မခံတဲ့ လူတွေကြားထဲမှာ Pat ဟာ သူ့ကိုလက်ခံနိုင်တဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Patrick ကို အောင်‌မြင်စေချင်တဲ့အမေဟာ သူ့ရဲ့ အိပ်မက်တွေကို ဖမ်းဆုပ်နိုင်ဖို့ Hollywood ကို သွားပြီး Director ပညာတွေကိုဆက်လက်သင်ယူဖို့ရာ Illinois ကနေ California ဆိုတဲ့ အနောက်ဖက်ခရီးကို လွှတ်လိုက်ပါတော့တယ်။ ဒီကနေစလို့ လူငယ်တစ်ယောက်ရဲ့ ဘဝတစ်ကွေ့ဖြစ်တဲ့ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြတ်သန်းမလဲဆိုတာ ကိုတော့ CoA Comedy Drama ပီပီသသ ကြည့်ရမှာဖြစ်ပါတယ်။ ပြောစရာရှိတာက ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်နာမည် Patrick Read Johnson ဟာ ဒီကားရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ။ ဒီကားက အကြောင်းအရာတော်တော်များများက သူ့ဘဝကို အခြေခံထားတယ်လို့ပြောရမယ်။ အခုဆို သူ့အသက်က ၆၁နှစ်ပေါ့။ ဒီကားက သူ့ငယ်ဘဝအားကျခဲ့ရတဲ့ စတန်ကလေကူးဘရစ်တို့၊ Douglas Trumbull တို့၊ စတီဗင်စပီးဘာ့ဂ်တို့ ဂျော့လူးကတ်စ်တို့နဲ့ သူ့ဘဝအကြောင်းကို ရောနှောပြထားတယ်လို့ပြောလည်းမမှားဘူး။ ကောင်လေးဟာ ၁၉၆၈မှာထွက်ခဲ့တဲ့ ကူးဘရစ်ရဲ့ 2001: A Space Odyssey ကို ရူးသွပ်ပြီး ဒီကနေမှ သူ့ကိုယ်ပိုင် စိတ်ကူးယဉ်အာကာသဇာတ်လမ်းတွေကို စိတ်ကူးနဲ့ရေးထားတာတွေမနည်းဘူး။ စပီးဘာ့ဂ်ရဲ့ Jaws တို့၊ Duel တို့ကိုကြည့်ပြီး အဲဒီကားထဲက အတိုင်း နောက်ဖေးကွက်လပ်မှာ ကိုယ်တိုင်ရှိတာလေးနဲ့ ဖန်တီးပြီး ရိုက်ကြည့်တဲ့အထိ ရုပ်ရှင်ပိုးသန်ခဲ့တဲ့လူပေါ့။ ဒါရိုက်တာလည်းဖြစ်ဖို့ ဟောလိဝုဒ်ကိုလည်း သွားခဲ့တယ်။ ဒီကမ္ဘာမှာ သေချာတာက ဘယ်အရာမှအသစ်ရှိမနေဘူး။ အနည်းဆုံးတော့ စိတ်ကူးအသစ်ဆိုတာ မရှိသလောက်ရှားတယ်။ ခင်ဗျားမသိတာပဲရှိမယ်။ ခင်ဗျားလိုမျိုး ထပ်တူညီတဲ့ စိတ်ကူးမျိုးရှိတဲ့လူတွေတော့ ရှိကိုရှိဦးမှာပဲ။ ပက်ထရစ်ဟာ ဟောလိဝုဒ်ကိုသွားတော့ စပီးဘာ့ဂ်နဲ့တွေ့တယ်။ စပီးဘာ့ဂ်က ဒီအချိန်မှာ Close Encounters of the Third Kind ကို ရိုက်နေပြီ။ Sci-Fi ရုပ်ရှင်လောကရဲ့ မှတ်တိုင်တစ်ခုလို့ပြောရမယ့်ကားပဲပေါ့။ ဘယ်လောက်အာကာသအကြောင်း နောကျေလဲဆို ဒီကားရဲ့နာမည်ရဲ့ အဓိပ္ပာယ်ကိုပါ သူသိတယ်။ စပီးဘာ့ဂ်နဲ့စကားပြောပြီးတော့ စပီးဘာ့ဂ်က သူ့ကို ဒေါက်ဂလပ် ထရမ်ဘူးလ်နဲ့ သွားတွေ့ခိုင်းတယ်။ သူ့ကားရဲ့ VFX ဆရာပေါ့။ နောက် ကူးဘရစ်ရဲ့ 2001 ရဲ့ VFX ဆရာလည်း ဟုတ်တယ်။ နောက် သူက ဂျော့လူးကတ်စ်ရိုက်နေတဲ့ စတားဝါးစ်ပထမကားအကြောင်းသိလိုက်ရတယ်။ ပြောရရင် စတားဝါးစ်ဟာ သူရိုက်ချင်တဲ့အကြောင်းအရာလဲဟုတ်တယ်။ သူပြချင်တဲ့အရာလည်းဟုတ်တယ်။ လူးကတ်စ်က သူ့အိပ်မက်တွေကို ဖြည့်ဆည်းပေးလိုက်သလိုဖြစ်သွားတယ်။ ဒီရုပ်ရှင်ရဲ့နာမည် 5-25-77 ကိုက စတားဝါးစ်စပြတဲ့ ဒိတ်ပဲ။ သူဟာ သူမရိုက်လိုက်ရတဲ့အကြောင်းအရာကို သူများကရိုက်သွားပေမဲ့လည်း ဒီကားကို အားလုံးကြည့်ရအောင် လိုက်ဆော်ဩခဲ့တယ်။ ဒီလိုရုပ်ရှင်တွေကို ချစ်တဲ့ သူ့စိတ်ကို ထင်းနေတဲ့အခန်းပေါ့။ ထူးတာက ဒီကားဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားလို့ပြောလို့ရပေမဲ့ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းသက်သက်ထက်ပိုတယ်၊ ပြန်ထိန်းကွပ်ပေးသွားတယ်။ သူ့သူငယ်ချင်းရဲ့လက်တွေ့ကျမှုဟာ သူ့ရဲ့စိတ်ကူးယဉ်ဆန်မှုကို ပြန်ထိန်းကွပ်ပေးသွားတယ်။ ကိုယ်တကယ်ရိုက်ချင်တာ ဘယ်လောက်သေချာလဲ… သေချာမှ ရအောင်ကြိုးစား ဆိုတဲ့အချက်ကို မီးမောင်းထိုးပြပြီး မလိုအပ်ဘဲရူးသွပ်နေနိုင်မယ့်လူတွေကိုလည်း ပြန်ထိန်းကွပ်ပေးသွားတယ်။ ဘဝဆိုတာ FPS 24 နဲ့ ရွေ့နေတာမှမဟုတ်ဘဲလေ။ ဘာနေနေပါ… ဒီကားရဲ့ ဒါရိုက်တာကတော့ ရုပ်ရှင်ကို တကယ်ချစ်ခဲ့သလို ရအောင်လည်းကြိုးစားပြီး ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ Spaced Invaders လို သူ့အိပ်မက်ကားတွေကို ရိုက်ခဲ့သလို Baby’s Day Out တို့လို တစ်ခေတ်ရဲ့ ဂန္ထဝင်ကားမျိုးတွေကိုလည်းရိုက်ခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ ကျွန်တော်တို့ဟာလူငယ်တစ်ယောက်ရဲ့ ရူးသွပ်မှုကိုမြင်ရရုံတင်မဟုတ်ဘဲ ကျွန်တော်တို့ချစ်တဲ့ ဒါရိုက်တာတွေကို Homage ပေးထားတာတွေကိုလည်း မနည်းမြင်ရမှာမို့ ကူးဘရစ် လူးကတ်စ်နဲ့ စပီးဘာ့ဂ်တို့ကို ချစ်တဲ့လူတွေ ဒီရုပ်ရှင်ကိုဧကန်ကြည့်သင့်တာပါပဲ။ ဘဝဆိုတာ FPS 24 နဲ့ ရွေ့နေတာမဟုတ်ပေမဲ့လည်း ကျွန်တော်တို့ချစ်တဲ့ရုပ်ရှင်တွေနဲ့ ကျွန်တော်တို့ဘဝကိုတော့ ပိုင်းခြစ်ပစ်ကြလို့မရနိုင်ဘူးပဲကိုး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 870MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 12Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

6.4 2022
5-25-77
The Mistress

The Mistress (2022) ဒီကားကတော့ ဆိုက်ကိုဆန်ဆန် Horror ကားတစ်ကားဖြစ်ပြီး ဗြုန်းကနဲ ခြောက်လှန့်တာမျိုးတွေမပါဘဲ ငြိမ်ငြိမ်လေးနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာပါ။ ပါကားနဲ့ မက်ဒလင်တို့ လက်ထပ်ပြီးကာစ ဇနီးမောင်နှံက အသစ်၀ယ်လိုက်တဲ့ အိမ်ကို ပြောင်းရွှေ့လာပါတယ်။ အိမ်ကြီးက ဗစ်တိုရီးယန်းခေတ်က လက်ရာဖြစ်ပြီး အတွင်းမှာ ရှေးဟောင်းပရိဘောဂတွေပါ ပါပါတယ်။ ပါကားက စာရေးဆရာဖြစ်ပြီး အရင်က သူနဲ့တွဲခဲ့တဲ့ အမျိုးသမီးက Stalker လို တကောက်ကောက်လိုက်နေတဲ့အတွက် ရဲတိုင်ပြီး အိမ်ပြောင်းလာတာပါ။ အိမ်ကြီးထဲမှာ နေရာချရင်း ရှေးဟောင်း Plate Camera တစ်လုံးနဲ့ အမျိုးသမီးတစ်ဦးပုံကို တွေ့လိုက်ရပါတယ်။ အဲဒီအမျိုးသမီးက သူ့ချစ်သူ ဝီလီယံဆီရေးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀လောက်က စာတွေကိုပါတွေ့သွားပါတယ်။ ပါကားတို့က အဲဒီစာတွေဖတ်ကြရင်း သူ့နာမည် ရေဘက်ကာဆိုတာနဲ့ ချစ်သူ၂ဦးအကြောင်းတွေပါ သိလာပါတယ်။ အဲဒီအချိန်ကစပြီး အိမ်ကြီးမှာ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတယ်။ ပါကားက ရေဘက်ကာကို ညဘက်တွေမှာ တွေ့တွေ့နေရတဲ့အခါ… ခြောက်လှန့်မှုတွေ စဖြစ်လာတဲ့အခါ… ရေဘက်ကာတို့ရဲ့ ဇာတ်လမ်းအမှန်က ဘာလဲ… ပါကားနဲ့ရော ဘယ်လိုပတ်သက်နေမလဲ… မက်ဒလင်သိထားတဲ့ ပါကားအကြောင်းကရော အမှန်ပဲလား… စတာတွေကို အသည်းတအေးအေးနဲ့ ဆက်အားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 665MB Quality – 1080p, 720p Format – mp4 Duration – 1H 42Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2022 102 mins
The Mistress
The Last Rifleman
7.2

The Last Rifileman ဇာတ်ကားကြီးရဲ့ အဓိကသရုပ်ဆောင်ကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီး ဒိတ်ဒိတ်ကြဲ ဂျိန်းဘွန်းမင်းသားကြီး Pierce Brosnan ပဲ ဖြစ်ပါတယ်။ ၂၀၂၃ အသစ်ထွက်တဲ့ ဇာတ်ကားဖြစ်လို့ ဘာဆုညာဆုတွေတော့ မရှိသေးပေမဲ့ ဆုတွေ ဆန်ကာတင်စာရင်းတွေအတွက် ဖြစ်လာနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ အာတီခရောဖို့ဒ်ဆိုတာ ဒုတိယကမ္ဘာစစ်က နာမည်ကြီး နော်မန်ဒီကမ်းခြေ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ စစ်ကြီးပြီး အသက်တွေကြီးလာပြီး အသက် ၉၂ နှစ်အရွယ် လူအိုရုံမှာ နေထိုင်နေတုန်း ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါမှာ အာတီတစ်ယောက် အတိတ်ရဲ့ ဖြစ်ရပ်တွေကြောင့် ဘယ်လိုဆုံးဖြတ်ချက်တွေချပြီး ဘာတွေလုပ်မှာလဲ ဘယ်လိုလုပ်မှာလဲ။ အဲ့ချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် နော်မန်ဒီကမ်းခြေတိုက်ပွဲ ဒီဒေး ၇၅ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အစီအစဥ်ကို ပြင်သစ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အိုင်ယာလန်မှာ နေထိုင်နေတဲ့ အာတီတစ်ယောက် ကျန်းမာရေးမကောင်းတော့တဲ့ စစ်သားဟောင်းတစ်ယောက်က သူ့ဘော်ဒါတွေကို တွေ့ချင်စိတ်နဲ့ ပွဲကျင်းပရာ ပြင်သစ်နိုင်ငံထိ ခရီးနှင်နိုင်ပါ့မလား ဘာအခက်အခဲတွေ ကြုံတွေ့ရမလဲ ဘယ်လိုကျော်ဖြတ်မှာလဲ အဆုံးသတ်မှာကော သူလိုချင်တာ ဖြစ်မှာလား စတာတွေကို တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကို သမိုင်းစာအုပ်တွေထဲကလို ပုံမှန်ရှုထောင့်ကမဟုတ်ဘဲ ဘယ်လို မြင်တွေ့ရမလဲ စတာတွေကို ဒီဇာတ်ကားကောင်းထဲမှာ ကြည့်ရှုရမှာဖြစ်လို့ မဖြစ်မနေကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ…. File size…1.18GB / 571GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Action • Thriller • Drama
7.2 2023 100 mins
The Last Rifleman
Murder in the Lens

Murder in the Lens (2018) ကေ က အင်မတန်တော်တဲ့ စုံထောက်တစ်ဦးပါ။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးတာကြောင့် သူ့ဂုဏ်သိက္ခာတွေ ကျဆင်းနေရတဲ့အပြင် သူ့ရဲ့သေဆုံးမျုက သူ့ကို ခြောက်လှန့်နေတာပါ။ ဒီအချိန်ပဲ ပြဇာတ်မင်းသမီးတစ်ယောက် နဲ့ သူ့အမျိုးသား သေဆုံးမှုကို သူ ကိုင်ရပါတယ်။ တရားခံကို လွယ်လွယ်ကူကူနဲ့ ဖမ်းမိတယ် ဆိုပေမဲ့ အမှုကိစ္စက ထင်သလောက် မရိုးရှင်းနေခဲ့ပါဘူး။ တရားခံရဲ့အမျိုးသမီးဖြစ်သူက သူ့အမျိုးသား အပြစ်မရှိတဲ့အကြောင်း စုံထောက်ကြီးကို လာတိုင်ပင်တဲ့အခါမှာတော့ ဒီအမှုကို ရေဆုံးမြေဆုံးလိုက်ခဲ့ပါတော့တယ်။ အခင်းဖြစ်ရာ မြို့ကလေးမှာ အရင်က ကလေးပျောက်မှုတွေလည်း ရှိနေခဲ့ပါတယ်။ အခုအမှုကိုလည်း စုံစမ်းရင်းနဲ့ ဒီကလေး‌ျောက်မှုတွေနဲ့ ဆက်စပ်မိလာတဲ့အခါမှာတော့ … အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။ Genre….. Crime, Thriller Quality…. 1080p | 720p File size… 857MB | 410MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. SanDaKuu Encoder ….. Aaron

0 2018
Murder in the Lens
The Great Ice Siege
5.7

တရုတ်ပြည်မြောက်ပိုင်းကမြို့လေးတစ်မြို့မှာ စီးပွားရေးသမားအယောင်ဆောင် လူဆိုးဂိုဏ်းတွေဟာ ခြယ်လှယ်နေကြတယ်။ တစ်နေ့မှာတော့ မြို့လေးကို လက်ဝါးကြီးအုပ်ထားတဲ့ ဝမ်ယွီကို ဖန့်မျိုးနွယ်ညီအစ်ကိုက လူသတ်သမားလွှတ်ပြီး လုပ်ကြံလိုက်ပါတယ်။ ဒီမြို့လေးရဲ့သမိုင်းမှာအရမ်းကိုဆိုးရွားတဲ့အမှုဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကနေပြီး အင်အားကုန်သုံးပြီး တရားကိုဖမ်းဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ သူများလက်ကိုသုံးပြီး တစ်ဆင့်ခံသတ် သက်သေဖျောက်ပြီး ဉာဏ်များတဲ့ဖန့်ညီအစ်ကိုကို ရဲတပ်ဖွဲ့ခေါင်းဆောင်ကျိုးတို့က မဆုတ်မနစ်တဲ့ဇွဲနဲ့ အမိအရကြိုးစားဖမ်းနိုင်ဖို့ ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ရမလဲ ။

5.7 2024
The Great Ice Siege
They Want Me Gone

ဒီဇာတ်ကားကတော့ 2022က ထွက်ရှိခဲ့တဲ့ Psychological, Drama ဇာတ်ကားအမျိုးအစားလေးပါ။ ဒီကားထဲမှာတော့ သမီးဖြစ်သူကို ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်းပြုစုပျိုးထောင်ရတဲ့ အမေတစ်ယောက်ရဲ့ အခက်အခဲပေါင်းများစွာကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါတယ် ဇာတ်လမ်းအညွှန်းကိုပြောပြရရင်တော့ မိုနီကာဟာ ယောကျာ်းဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီးနောက် သမီးဖြစ်သူကိုခေါ်ခဲ့ကာ ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်း ရုန်းကန်ပြီးတော့ သူ့သမီးလေးကို စောင့်ရှောက်နေခဲ့ပါတယ်။ နှစ်များစွာ ရုန်းကန်ပြီးတဲ့နောက်မှာ ခက်ခဲမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို မတောင့်ခံနိုင်တော့ပဲ မြို့ကထွက်သွားဖို့စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အရာရာအကြောင်းကြောင်းကြောင့် ထွက်မသွားနိုင်ခဲ့တဲ့အပြင် သူအရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဝမ်းနည်းဖွယ်ရာအ‌ဖြစ်အပျက်နဲ့ ကြုံတွေ့ရပြီးနောက်မှာတော့ စိတ်ဖိအားတွေနဲ့ မွန်းကြပ်မှုတွေအောက်မှာ ခံနိုင်ရည်မရှိတော့ပဲ သူ့ရဲ့တစ်ခုတည်းတော့ထွက်ပေါက်ဖြစ်တဲ့ မြို့ကထွက်သွားနိုင်ဖို့ကိုပဲ စဉ်းစားနေခဲ့ပြီး ဘယ်သူတွေပဲ လာနှောင့်ယှက်ပါစေ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးနောက်မှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ File size…(939 MB)/(352 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

Comedy • Drama
0 2022
They Want Me Gone
The Beautiful Game

IMDB 6.3/10, Rt 88% ရရှိထားတဲ့ Sport/Drama ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသားကြီး Bill Nighy (Pirates of the Caribbean film ထဲက ရေဘဝဲလူသားကြီး Davy Jones) နဲ့ Micheal Ward (Top Boy ထဲက Jamie) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ နည်းပြ မယ်လ်က အကျော်ဇေယျ ဘောလုံးနည်းပြတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဘောလုံးအသင်းကို ရောမမှာပြုလုပ်တဲ့ နှစ်စဉ် အိမ်ခြေမဲ့ကမ္ဘာ့ဖလားဆု ရရှိအောင် အစွမ်းကုန် ကြိုးစားနေသူပါ။ အိမ်ခြေမဲ့ကမ္ဘာ့ဖလားဆိုတာကတော့ နိုင်ငံအနှံ့က အိမ်ခြေမဲ့တွေကပဲ ဝင်ပြိုင်နိုင်တဲ့ ပုံမှန် ဘောလုံးပွဲနဲ့ မတူတဲ့ ၄ယောက်တစ်သင်း ဘောလုံးပြိုင်ပွဲပါ။ နှစ်စဉ်ယှဉ်ပြိုင်ခဲ့ပေမဲ့လည်း တစ်ခါမှ အနိုင်မရဖူးဘဲ ရှုံးပဲရှုံးနေလို့ အပူတပြင်း နိုင်လိုစိတ်ပြင်းပြနေတဲ့ နည်းပြမယ်လ်က နဂိုလေ့ကျင့်နေတဲ့ကစားသမားတွေအပြင် နောက်ထပ် ကစားသမားအသစ်တစ်ယောက်ကိုပါ ဝင်ပြိုင်စေခဲ့ပါတယ်။ သူကတော့ ဗင်နီဖြစ်ပြီး သူမတူ ထူးချွန်တဲ့ အရည်အချင်းတွေရှိသူပါ။ ရုတ်တရက်ကြီး ပြိုင်ပွဲနီးမှ အဖွဲ့ဝင်အသစ်ရောက်လာတာမို့ အသင်းသားတွေနဲ့ အံဝင်ဂွင်ကျမဖြစ်ဘဲ အချင်းတွေများ ကတောက်ကဆတွေဖြစ်ကာ အခက်ကြုံရမယ့်အခြေအနေတွေကို ရင်ဆိုင်လာခဲ့ရချိန်မှာတော့.. မယ်လ်က ဘာဖြစ်လို့များ ဗင်နီ့ကို ရုတ်တရက်ကြီး ခေါ်သွင်းခဲ့တာလဲ.. ဗင်နီကရော သူမတူတဲ့ အရည်အချင်းတွေရှိပါလျက် ဘာလို့ အတည်တကျ ဘောလုံးအသင်း မရှိရတာလဲ.. အသင်းသားတွေနဲ့ အဆင်ပြေပြေနေနိုင်ပြီး အိမ်ခြေမဲ့ကမ္ဘာ့ဖလားကိုရော အရယူနိုင်ပါ့မလား.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(2.4 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama
0 2024
The Beautiful Game
Jaque Mate
5.5

အက်ရှင်ကားစောင့်မျှော်နေသူတွေအတွက် အသစ်ထွက်ရှိတဲ့ စပိန် ဟာသ အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။အက်ရှင်နဲ့ဇာတ်လမ်းဇာတ်ကွက်တွေက အရမ်းအကြမ်းကြီးမဟုတ်ပေမဲ့ သူ့ဟာနဲ့သူတော့ အပျင်းပြေ ကြည့်လို့ကောင်းတဲ့အတွက် နားနားနေနေပေါ့ပေါ့ပါးပါးကြည့်လို့ ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ ဇာတ်ကားနာမည်ကတော့ Checkmate ဖြစ်ပြီး စပိန်နိုင်ငံကျော် မင်းသားမင်းသမီးတွေပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒူကဲဆိုတဲ့လူက နိုင်ငံတကာထောက်လှမ်းရေးအေးဂျင့်ဟောင်း တစ်ယောက်ဖြစ်ပြီး တာဝန်ကြောင့်သူ့အစ်ကိုသေဆုံးခဲ့ပြီး နောက်မှာတော့ ရာထူးကနေအနားယူခဲ့ပါတယ်။ဒီလိုနဲ့ ၃ နှစ်ဆိုတဲ့ အချိန်တစ်ခုကြာသွားခဲ့ပြီးနောက်မှာတော့ သူ့အစ်ကိုရဲ့သမီး သူ့တူမဟွာနာက သူ့ဆီရောက်လာခဲ့ပါတော့တယ်။ဖြစ်ချင်တော့ သူ့တူမရောက်လာတဲ့နေ့မှာပဲ သူ့အိမ်တိုက်ခိုက်ခံခဲ့ရပြီး သိပ်မကြာခင် မှာပဲတူမဖြစ်သူကိုလူဆိုးတွေကဖမ်းဆီးသွားပါတော့တယ်။ သူ့တူမကိုပြန်ရွေးဖို့အတွက် ဆီးချိုရောဂါပျောက်တဲ့ဆေးနဲ့ ပတ်သတ်တဲ့အချက်အလက်တွေကိုသွားခိုးပြီးလာလဲခိုင်းတဲ့ အခါမှာတော့ သူ့ရဲ့အရင်တုန်းကအသိအကျွမ်းအဖွဲ့ဝင်တွေကို ပြန်စုဆောင်းပြီး တူမဖြစ်သူကိုပြန်ရွေးဖို့ကြိုးစားပုံတွေကို အက်ရှင် ဒရာမာ ဟာသစုံစုံလင်လင်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.59GB /897MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 44m Genre ….. Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Jaque Mate
A Real Job
6.6

A Real Job (2024) IMDb Rating (6.6) ဒီဇာတ်ကားလေးက ဒီနေ့ခေတ် ကျောင်းဆရာ၊ဆရာမတွေရဲ့ လူမှုဘဝမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်တွေ အခက်အခဲတွေကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဘန်ဂျမင်ဆိုတဲ့ Ph.D ဘွဲရထားတဲ့ကျောင်းသားလေးက ပိုက်ဆံအခက်အခဲဖြစ်နေတာကြောင့် အလယ်တန်းပြ ဆရာအသစ်အဖြစ်နဲ့ ကျောင်းတစ်ကျောင်းကို ရောက်လာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေရဲ့ နေ့စဉ်ဘဝ၊ တိုးတက်မှုဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ ကိုယ့်တက်လမ်းကိုရှာနေတဲ့ ဆရာ၊ဆရာမတွေအကြောင်း အထူးအလေးပေးပြီးရိုက်ထားတာပါ။ ဘန်ဂျမင်တစ်ယောက် ကျောင်းဆရာ ဖြစ်ရတာ ဘယ်လောက်ခက်ခဲကြောင်းနဲ့ ပြဿနာတွေကိုဘယ်လို ကိုင်တွယ်မလဲဆိုတာ သဘာဝကျလှတဲ့ သရုပ်ဆောင်မှုတွေနဲ့ အတည်းအဖြတ်မှန်တဲ့ နောက်ခံသီချင်းလေးတွေကြားမှာမျှောပါရင်း ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ပဲဖြစ်ပါတယ်) File size… (1.7 GB) / (910 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:41:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by KarmT

Western • Horror
6.6 2024 100 mins
A Real Job