YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Demonologist [2019] (MM Sub).mp4

862.83 MB N/A video/mp4 286 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Karungaapiyam
7

Karungaapiyam(2023) IMDb 7.7/10 တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ လူမသိလိုက်တဲ့ ထူးခြားဆန်းကြယ်ပုံပြင်စာအုပ်တစ်အုပ်ကို ဖတ်‌နေရသလိုခံစားချက်မျိုးအပြင် Kajal Aggarwal နဲ့ Regiana Cassandra တို့လို နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားပြီး ဘာဘူကလဲ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ကိုဗစ်ကာလရဲ့ ပျောက်ဆုံးသွားတဲ့အချိန်တွေကို ပြန်ပြောင်းပြောရရင် Lock down နဲ့အတူ ပြတ်တောက်သွားတဲ့ဆက်သွယ်မှုတွေထဲက သီးသန့်ဆန်သွားတဲ့ လူနေအိမ်တွေထဲကအကြောင်းအရာတွေကလည်း မပါမဖြစ်‌ပေါ့။ ဒီကားလေးမှာဆိုရင် အစပိုင်းမှာ ကိုဗစ်ကလည်းဖြစ်၊ ဘဲကလည်းပစ်ခံလိုက်ရတဲ့ မင်းသမီးဟာ သူငယ်ချင်းကျေးဇူးနဲ့ ရှေးဟောင်းစာကြည့်တိုက်တစ်ခုမှာ သွားဖတ်ဖို့အခွင့်အရေးရသွားလို့ သွားလိုက်တယ်ဆိုပြီး ပေါ့ပေါ့ပါးပါးလေးစထားပေမယ့် သူဖတ်လိုက်မိတဲ့ ‘မဟူရာ ပုံပြင်များ’ဆိုတဲ့ စာကြည်တိုက်ထောင်စကတည်းက ရှိနေတဲ့ နှစ်တစ်ရာကျော်ကြာပုံပြင်စာအုပ်ထဲ ဘယ်လိုအဖြစ်အပျက်တွေပါနေမလဲ … အပြင်လောကနဲ့ရောဘယ်လို ဆက်စပ်နေမလဲ ..သူနဲ့ရော ဘာတွေပတ်သတ်နေမလဲ ..စတာတွေကို အသည်းတအေးအေး ကျောတချမ်းချမ်းနဲ့ကြည့်ရမယ့်အပြင် ကိုဗစ်ကာလအိပ်မက်ဆိုးကြီးကိုလည်း ဟာသလေးတွေနှောပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးထားပါတယ်။ (အညွှန်းကို Aditi မှရေးထားပြီး Aditi,BpL,Voldemort&Cherryတို့မှ ဘာသာပြန်ထားပါတယ်) File size…2.13GB / 863MB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h8mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ BpL~ Voldemort~ Cherry

Comedy • Drama • Romance
7 2023 134 mins
Karungaapiyam
Losing Addison
8

ဇာတ်လမ်းကို Les ကတရားခွင်မှာလူသတ်မှုနဲ့စစ်မေးခံနေရတာနဲ့အစပျိုးထားတယ်။ သူ့ရဲ့ခေါင်းကိုထိခိုက်ထားပြီး မှတ်ဉာဏ်တွေကပျောက်ဆုံးနေတယ်။ ဒါပေမဲ့ သူ့ရဲ့အမွှာညီ Addison ကပျောက်နေခဲ့ပြီး သူဘယ်လိုမှစဥ်းစားလို့မရရာကနေ တစ်စတစ်စနဲ့ မှတ်ဉာဏ်တွေ၊ သူနဲ့ သူ့အမွှာညီလေးနဲ့ကြားထဲက ချည်နှောင်ထားတဲ့ကြိုးတစ်ခုကို ဒီဇာတ်လမ်းမှာ ကောင်းကောင်းပျိုးသွားပြီး ကြည့်ရတဲ့လူကို အဆုံးမှာဘာဖြစ်မလဲ၊ အဖြေကဘာလဲသိချင်အောင် ဆွဲခေါ်သွားပါလိမ့်မယ်။ Mystery, Thriller ဆိုတဲ့ Genreကို သဘောကျသူတွေအဖို့ ဒီကားကအချိန်ပေးရကျိုးနပ်မယ့် ဇာတ်လမ်းတစ်ခုလို့ပြောနိုင်တဲ့အတွက် ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။ ထပ်ဆောင်းအနေနဲ့ ဒီဇာတ်လမ်းက 2011 မှာထုတ်ဝေထားတဲ့ နာမည်ကြီးစာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ Losing Addison ကို Adaption လုပ်ထားတဲ့ဇာတ်ကားပါ။ ထူးခြားတာက အမွှာဆိုသော်ငြားလည်း အသွင်ပြင်နဲ့အမူအကျင့်ဗီဇတွေပါကွဲပြားနေတဲ့ အက်ဒီဆန်နဲ့ လက်စ်နှစ်ယောက်က မွေးကတည်းက တူတူစားတူတူသွားနေခဲ့တဲ့အတွက် နှစ်ယောက်ကြားထဲက ထူးခြားတဲ့ Bond လေးတစ်ခုကို ဒီဇာတ်လမ်းမှာ သေချာပေါက်မြင်ကြရမယ်။ သူတို့အဖေနဲ့အမေက ခွဲခြားဆက်ဆံခဲ့ပေမဲ့ လောင်းရိပ်လွတ်သွားချိန်မှာလည်း အမုန်းမပွား ဆက်ချစ်နေကြတဲ့ ညီအကိုနှစ်ယောက်သံယောဇဥ်ဟာ ခွဲမရအောင်ခိုင်မြဲနေကြောင်း သိသိသာသာတွေ့ကြရမယ်ပေါ့။ အဲဒီကနေ ဘယ်လိုဖြစ်ပြီးဒီလိုဖြစ်သွားလဲ၊ အက်ဒီဆန်ကကော ဘယ်ပျောက်သွားလဲ၊ မှတ်ဉာဏ်တွေအကုန်ပေါ်လာပြီး အဖြစ်မှန်ကိုသိသွားမလား ဆိုတာတွေကို စူးစမ်းချင်စိတ်ဖြစ်လာအောင်လုပ်ပြီး ထိုင်ရာကမထချင်အောင် ခေါ်သွားနိုင်မယ့်ဇာတ်ကားကောင်းတစ်ကားမို့ အချိန်မဆွဲပဲကြည့်ကြဖို့ ထပ်မံတိုက်တွန်းပါရစေခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Tissue မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 705MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Tissue Encoded by Y

Action • Science Fiction
8 2022 90 mins
Losing Addison
Zero Contact
4.2

ဒီတစ်ခါတင်ဆက်​ပေးမှာ​တော့ အ​မေရိကန် Mystery Thriller ရုပ်ရှင်ဖြစ်ပါတယ်။ ရောဂါကပ်​ဘေး​ကြောင့် အိမ်က​နေပဲ Zoom နဲ့ဆက်သွယ်ကြတဲ့ ပုံစံနဲ့ ဇာတ်လမ်းကို ပုံ​ဖော်ထားပါတယ် လူတကာက ရူး​ကြောင်​ကြောင်လို့ သတ်မှတ်ကြတဲ့ ပါရမီရှင်ဖင်န်န​လေဟာ့ဒ်ဟာ ပ​ရောဂျက်စလုပ်မယ့်အချိန်မှာပဲ အလုပ်ကထုတ်ခံလိုက်ရပါတယ် အဲလိုနဲ့ သူ မ​သေခင်မှာ လက်စမသတ်နိုင်​သေးတဲ့ ပ​ရောဂျက်ကို သူ အယုံကြည်ရဆုံးလူ ၅​ယောက်ကို အကြံ​ပေးရာက​နေတစ်ဆင့် စုစည်းပြီး ပြန်အသက်သွင်းဖို့မှာထားခဲ့ပါတယ် ပ​ရောဂျက်ကလျှို့ဝှက်ပ​ရောဂျက်ဖြစ်တဲ့အပြင် ကမ္ဘာကြီးကိုကယ်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆို​တော့ အ​ရေး​ပေါ်ဖွဲ့လိုက်တဲ့အဖွဲ့ဟာ ဆက်လုပ်ဖို့ဖြစ်လာပါ​တော့တယ် သူတို့တစ်ခုသတိလွတ်သွားတာက သူတို့ကို​စောင့်ကြည့်​နေတဲ့သူရှိ​နေတယ်ဆိုတာပါပဲ မသိလိုက်ခင်မှာပဲ အိမ်ထဲကိုဝင်သလို အ​ရေး​ပေါ်အဖွဲ့ဝင်​တွေရဲ့ မိသားစုကိုလည်း ရန်ရှာလာခဲ့ပါတယ် လျှို့ဝှက်ချက်​တွေအပြည့်နဲ့ ဖင်န်န​လေထားခဲ့တဲ့ ပုစ္ဆာကို အ​ရေး​ပေါ်အဖွဲ့က အ​​ဖြေရှာနိုင်မလား ​ သူတို့က​ရော နောက်​ဆုံးထိ အသက်မ​သေဘဲ ပ​ရောဂျက်ကိုဆက်လုပ်နိုင်မလားဆိုတာ လှည့်ကွက်​တွေအများကြီးနဲ့ Zero Contact ကိုကြည့်ရှု​ပေးကြပါဦး​နော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz  နဲ့  Hmwe ပဲ ဖြစ်ပါတယ်။ Genre.....Thriller Quality….1080p | 720p| 480p File size…1.9GB | 734MB | 278MB Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Joyz and Hmwe Encoder ..... August

Action
4.2 2022 96 mins
Zero Contact
Fight Back To School

ဒီဇာတ်လမ်းကတော့ အထွေအထူးမိတ်ဆက်ပေးစရာမလိုပါဘူး မင်းသားကြီး Stephen Chowရဲ့ နာမည်ကြီး Trilogyဖြစ်တဲ့ Fight Back to Schoolကို tribute ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ - ခေါင်းဆောင်မင်းသားက မူရင်းFight Back to Schoolမှာ Turtleအဖြစ်ပါဝင်ခဲ့တဲ့ ဟာသ သရုပ်ဆောင်Gabriel Wong - မင်းသမီးကတော့ From Vegas to Macauထဲက မင်းသမီး Kimmy Tongပဲဖြစ်ပြီး - Wong Yet Feiနဲ့ Law Kar Yingတို့လို Stephen Chowရဲ့ ဇာတ်လမ်းတွေနဲ့ မစိမ်းတဲ့ နာမည်ကြီးဇာတ်ပို့တွေကို ပြန်သုံးထားတဲ့အတွက် ရယ်မောရမှာတော့ သေချာပါတယ်။ SWATအဖွဲ့ဝင် ကျန်းဟောင်ဟာ မတော်တဆမှုတစ်ခုကြောင့် ရာထူးအချခံရချိန် အရေးပေါ်အမှုကြီးတစ်ခုအတွက် အသွင်ယူထောက်လှမ်းဖို့ အခွင့်ကြုံလာပါတယ်။ သူအသွင်ယူစုံစမ်းရင်းကာကွယ်ပေးရမယ့်သူက ရဲဘက်က သက်သေထွက်ဆိုပေးမယ့် ပိုကာဂိုဏ်းရဲ့ စာရင်းကိုင် ဟွမ်ရှောင်ကွေရဲ့သမီး အထက်တန်းကျောင်းသူ ဟွမ်ရင်းပါ။ ကျန်းဟောင်အနေနဲ့ ပိုကာဂိုဏ်းကြီးရဲ့ပစ်မှတ်ထားခံနေရတဲ့ ဟွမ်ရင်းကိုကာကွယ်ဖို့ ရဲအဖြစ်မှသည် အထက်တန်းကျောင်းသား အသွင်ယူရပါတော့တယ် ကျန်းဟောင်အနေနဲ့ ဟွမ်ရင်းကိုကာကွယ်နိုင်မလား၊ ပိုကာဂိုဏ်းကို ချေမှုန်းနိုင်မလား၊ ဒီကိစ္စက ဟွမ်ရင်းဘေးကင်းရုံနဲ့ ရိုးရိုးလေးပြီးသွားမှာလား တခြားဘာလျှို့ဝှက်ချက်များ ရှိသေးလဲဆိုတာကို Fight Back to School ထုံးစံအတိုင်း အက်ရှင်နဲ့ ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size__(1.6GB) / (800MB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:33:00 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Drama • Romance
0 2021 93 mins
Fight Back To School
Splinter

ဂျွန်တစ်ယောက် ခရစ္စမတ်နေ့မှာ ဇနီးနဲ့သားအတွက် ‌လက်ဆောင် တွေနဲ့အတူ အိမ်ပြန်လာတယ်။ အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ ပျော်ရွှင်ရယ်မောနေမဲ့ ဇနီးနဲ့သားကို တွေ့ရမဲ့အစား သွေးတွေဗရပွနဲ့ အသက်မရှိတော့တဲ့အလောင်းနှစ်လောင်းကိုပဲ တွေ့လိုက်ရတယ်။ ဇနီးနဲ့သားကို ဆုံးရှုံးလိုက်ရတဲ့အချိန်ကစပြီး ဂျွန်ဟာ အပြင်မထွက်၊ လူတွေနဲ့စကားမပြောတော့ဘဲ သူ့ကိုယ်သူ အိမ်ထဲမှာပဲ ပိတ်လှောင် ထားတော့တယ်။ သူစကားပြောဖြစ်တဲ့လူကတော့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်တည်းပါပဲ။ ဒါ့အပြင် ဂျွန့်မှာ သူငယ်ချင်းတစ် ယောက်ရှိတယ်။ ဘော်ဘီတဲ့။ ငယ်ငယ်ကတည်းက ခင်ခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းပါတဲ့လေ။ ဂျွန်ဟာ ဇနီးနဲ့သားဖြစ်သူကို သတ်သွားတဲ့ လူသတ်သမားကို တဖြည်း ဖြည်းမှတ်မိလာတယ်။ ရောထွေးနေတာတွေ ရှင်းသွားတယ်။ အပေါ် ယံမှာဝေ့နေတဲ့ မြူတွေဟာ ရင်သွေးကိုချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကြောင့် ပပျောက်သွားပြီး မြူတွေအောက်က အမှန်တရားတစ်ခု ပေါ်လာတယ်။ ဂျွန် သိသွားခဲ့ပါတယ်။ နောက်ပြီး သူဆုံးဖြတ်ချက်တစ်ခု ကိုချလိုက်တဲ့အခါ ပိတ်လောင်နေတဲ့ ဘဝကြီးလည်း လွတ်မြောက်သွား ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(823 MB) / (269 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 18Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM

Action • Crime • Drama
0 2022 75 mins
Splinter
Unlocked
6.2

အက်ရှင်ကားကြိုက်သူတွေအတွက်၂၀၁၇စက်တင်ဘာလဆန်းထွက်ပဲဖြစ်တဲ့အသစ်စက်စက်အက်ရှင်ကားလေးတစ်ကားတင်ပေးလိုက်ပါတယ်။ IMDb rating-6.1ရထားတဲ့အက်ရှင်ကားလေးဆိုတော့မဆိုးဘူးလို့ပြောရမှာပါပဲ။ လူပေါင်းများစွာအသက်ဆုံးရှုံးလိုက်ရတဲ့ပြင်သစ်နိုင်ငံပါရီမြို့အကြမ်းဖက်မှုဖြစ်စဉ်ရဲ့နောက်ကွယ်ကကြိုးကိုင်သူကိုမဖော်နိုင်တဲ့နောက်စုံထောက်အဲလစ်တစ်ယောက်လန်ဒန်ကိုပြောင်းရွေ့တာဝန်ပေးခြင်းခံလိုက်ရပါတော့တယ်။ ဒါပေမယ့်လည်းသိပ်မကြာခင်မှာပဲနောက်ထပ်အကြမ်းဖက်တိုက်ခိုက်မယ့်သတင်းသဲလွန်စကိုစီအိုင်အေကရရှိပြီးနောက်မှာတော့ သူ့ကိုအထက်ကပြန်ခေါ်ယူလိုက်ပါတယ်။ နောက်ထပ်အကြမ်းဖက်မယ့်ဖြစ်စဉ်ကိုစုံစမ်းရင်းပဲသူ့ကိုကူညီနေတဲ့စစ်သားဟောင်းတစ်ယာက်နဲ့ကသီကလင်ဖြစ်နေပုံကိုလည်းရသစုံအောင်ရိုက်ပြထားပါသေးတယ်။ ကဲ အဲလစ်တစ်ယောက်အဲဒီအကြမ်းဖက်မှုကိုဖော်ထုတ်နိုင်မလား။ကြိုတင်တားဆီးနိုင်မလား။ ဒီတခါဘယ်မှာဖြစ်မှာလဲ။ စစ်သားဟောင်းကြီးနဲ့အတူအဲလစ်တစ်ယောက်လူတွေအသက်ကိုကယ်နိုင်ပါ့မလားဆိုတာတော့ဇာတ်ကားလေးကိုရှုစားလိုက်ပါဦးဗျာ။ (ဘာသာပြန်သူကတော့နေခြည်ပါ) File Size : (750 MB) and (280 MB) Quality : 720p Bluray Running Time : 1hr 38min Format : Mp4 Genre :Action, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Nay Chi Encode by Thanhtike Zaw

Comedy
6.2 2017 98 mins
Unlocked
H.P. Lovecraft’s Witch House
4.1

H.P. Lovecraft’s Witch House (2022) H.P. Lovecraft ဟာ အထူးခြားဆုံးဟော်ရာဇာတ်လမ်းတွေ ထူးဆန်းထွေလာတွေကို ကြိုက်တဲ့သူတွေထဲ မသိသူမရှိတဲ့သူပါပဲ။ ဒီဇာတ်လမ်းကတော့ H.P. Lovecraft ရဲ့ The Dreams in the Witch House ဆိုတဲ့ ဝတ္ထုတိုလေးကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပေါ့။ ရိတ်တင်တော့ မများလှပေမဲ့ ဟော်ရာဖန်တွေ လျှို့ဝှက်ဆန်းကြယ်ဖန်တွေတော့ သဘောကျကြမှာပါ။ ဇာတ်လမ်းက တစ္ဆေ သရဲဇာတ်လမ်းလို့လည်း ဆိုလို့ရသလိုလိုရှိပေမဲ့ အဲဒီထက်အများကြီးဆန်းကြယ်ပါတယ်။ ပြောရရင် ကျွန်တော်တို့ဆီက အင်းတွေ ဘာတွေလိုပဲ ဂျီဩမေတြီပညာရပ်မှာ စွမ်းအားရှိတယ်လို့ ယုံကြည်ထားတဲ့ အယူအဆကို မီးမောင်းထိုးပြထားတာပါ။ ဂျီဩမေတြီပညာရပ်ကနေ မယုံနိုင်စရာကောင်းတဲ့ သဘာဝလွန်အရာတွေကို ယူဆောင်လာပေးနိုင်တယ်လို့ ဘွဲ့လွန်စာတမ်းပြုစုနေတဲ့ ကျောင်းသူစတစ်ယောက်ဟာ ထူးဆန်းတဲ့အိမ်ကြီးတစ်အိမ်ကို ပြောင်းနေရာက အိမ်ကြီးရဲ့ ဂျီဩမေတြီနည်းကျ ဗိသုကာမှာ စွမ်းအားတွေကိန်းအောင်းနေတဲ့အကြောင်းကို လေ့လာပြီး စာတမ်းပြုစုတဲ့အကြောင်း ရုပ်ရှင်ပေါ့။ ဇာတ်ဟာအလှည့်အပြောင်းတွေများသလို ကိုယ့်မျက်လုံးကိုယ်ခွာထုတ်တဲ့ ဇာတ်ဝင်ခန်းတွေရော Jump scare ဆန်ဆန်တွေရော အကုန်ရောသမမွှေထားပြီး ညဘက်မှာ မီးမှိတ်ပြီး တသိမ့်သိမ့်နဲ့ ကြောက်ဖို့ ကြည့်ရမယ့် ရုပ်ရှင်ကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.22GB, 532MB Quality – 1080p, 720p IMDb Rating – 4.1/10 Format – mp4 Duration – 1H 22Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Comedy • Romance
4.1 2022
H.P. Lovecraft’s Witch House
Beating Heart
6.2

ဒီတစ်ခေါက် CM ရဲ့ တရုတ်ကားချစ်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရမယ်ဆိုရင် ဂျပန်ကားလေး 1 Litre of Tears နဲ့ ပုံစံချင်းဆင်သလို ရှိတယ်ပြောလို့ရတယ်… ဘာလို့လဲဆိုတော့ ကျန်းရှောင်းယွီဆိုတဲ့ ကောင်မလေးကလည်း အာယာ့ ချန် လိုမျိုုးပဲ ရုတ်တရက်ချော်လဲရာကနေ ဆေးစစ်ဆေးကြည့်ပြီးနောက်မှ ရောဂါပြင်းကြီးဖြစ်နေတယ်ဆိုတာကို သိလိုက်ရတာမလို့ပါ… ရှောင်းယွီလေး ကျောင်းတွင်း မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ ထိပ်ဆုံးက ပြေးနေခဲ့ရာကနေ ရုတ်တရက် ချော်လဲသွားပြီး မေ့မြောသွားခဲ့ပါတယ်… ဒီလိုနဲ့ ဆေးရုံကိုလည်းရောက်ရော ဆေးစစ်ချက်က ” ဦးနှောက်ကင်ဆာ” တဲ့… ဖြစ်ချင်တော့ ရှောင်းယွီလေး က single mom တစ်ယောက်တည်းအားနဲ့ နေရတဲ့အပြင် လူကြီးရောဂါသည် အဖိုးကလည်း ရှိနေပြန်တော့ သူ့ရောဂါကို ကုဖို့ဆိုတာ သိပ်မလွယ်ကူဘူးပေါ့… ဒီလိုနဲ့ တစ်ဖက်မှာလည်း သူနဲ့ သွေးအမျိုးစားချင်းတူပြီး မွေးရာပါနှလုံးအားနည်းနေတဲ့ ယန်ဇီဆိုတဲ့ ကောင်မလေးလည်း ရှောင်းယွီ အရေးပေါ်ရောက်ချိန်မှာ သူလည်းရောက်လာတာပေါ့.. ယန်ဇီကတော့ ရှောင်းယွီဘဝနဲ့ မိုးနဲ့မြေပေါ့… ဒါပေမယ့် သူလည်း single daddy ရဲ့ သမီးလေးပေါ့… သို့ပေမယ့် သူ့ single daddy က စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်ကြီးဖြစ်နေတာပေါ့… အခု ဆေးရုံကလည်း ယန်ဇီအဖေ့ပိုင် လုပ်ငန်းတွေထဲကတစ်ခုပေါ့… သူ့ဘဝတစ်ခုလုံးမှာ အလုပ်ထက် အရေးကြီးဆုံးက သူ့သမီးပဲ အခုလည်း သူ့သမီးရဲ့နှလုံးကို အစားထိုးဖို့ အကြိမ်ကြိမ်ကြိုးစားလာခဲ့တာပေါ့… ကဲ ဒီလောက်ဆို မှန်းဆနိုင်ပြီထင်ပါရဲ့… ရှောင်းယွီလေးရဲ့ နှလုံးကို ယန်ဇီအတွက် နှလုံးအစားထိုးဖို့အတွက် ကြံရာကနေ နောက်ဆုံးမှာ ယန်ဇီလေး နှလုံးအစားထိုးဖြစ်လား… ရှောင်းယွီလေးရော ကံကြမ္မာတစ်ပတ်လည်ပြီး အသက်ရှင်နိုင်မလား… ထုံးစံအတိုင်း ဇာတ်ကားလေးကို ဒေါင်းကြည့်ပြီး အဝကြီးငိုလိုက်တော့

Action • Crime • Drama • Thriller
6.2 2022
Beating Heart
Operation Napoleon
6.1

Mystery Adventure ကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးမှာ နပိုလီယွန်စစ်ဆင်ရေးအတွက် ဘာလင်မြို့ကနေ လေယာဉ်တစ်စီးထွက်ခွာခဲ့ပြီး ပျောက်ဆုံးသွားပါတယ် အဲ့ဒီနောက် အမေရိကန်စစ်တပ်ဟာ လေယာဉ်ပျောက်ဆုံးသွားတဲ့ အနီးတစ်ဝိုက်ကို စစ်ရေးလေ့ကျင့်ရေး အကြောင်းပြပြီး ရှာဖွေခဲ့ကြပေမဲ့ မတွေ့ရှိခဲ့ကြပါဘူး အချိန်ကြာလာပြီး ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲမြစ်တွေ အရည်ပျော်လာကာ သူတို့ရှာဖွေနေတဲ့ လေယာဉ်ဟာ ထွက်ပေါ်လာပါတယ် ဒါပေမဲ့ လေယာဉ်ရှိတဲ့ နေရာကို အမေရိကန်တွေရောက်လာခင် ရောက်သွားခဲ့တာကတော့ ခရစ်စတင်းရဲ့ ‌မောင်ဖြစ်သူ အယ်လီတို့ သူငယ်ချင်းသုံးယောက်ပါ သူတို့ဟာ လေယာဉ်တွေ့ရှိကြောင်းကို မှတ်တမ်းတင်နေတုန်းမှာပဲ အမေရိကန်က သိပ္ပံပညာရှင်အဖွဲ့ရောက်ရှိလာပြီး သူတို့ကို ‌နှုတ်ပိတ်ဖို့ကြိုးစားပါတော့တယ် အယ်လီတစ်ယောက်လည်း မှတ်တမ်းတင်ထားတွေကို သူ့အစ်မ ခရစ်စတင်းဆီကိုပို့ပြီး ထွက်ပြေးပါတော့တယ် ခရစ်တင်းဟာလည်း နေရင်းထိုင်ရင်းကနေ သူ့မောင်ပို့လိုက်တဲ့ လေယာဉ်မှတ်တမ်းတွေကြောင့် လိုက်ဖမ်းတာ ခံနေရတာပါ ခရစ်စတင်းတစ်ယောက် ပြေးရင်းလွှားရင်း သူ့မောင်ပို့လိုက်တဲ့ ဓာတ်ပုံလေးတွေကနေ လေယာဉ်ရှိတဲ့နေရာကို ရအောင်ရှာပြီးတော့ သူ့မောင်ကို သွားကယ်ဖို့လုပ်ပါတော့တယ် ခရစ်စတင်းကရော သူ့မောင်ကို ကယ်နိုင်ပါ့မလား နပိုလီယွန် စစ်ဆင်ရေးဆိုတာကရော ဘာဖြစ်လို့ အမေရိကန်တွေက အသဲအသန်လိုချင်နေရတာလဲ Villain နေရာမှာလား GOT က နဂါးမေမေရဲ့ သက်တော်စောင့်မင်းသားကြီး အိုင်ရင်ဂလန်က ပါဝင်သရုပ်ဆောင်ထားတာမလို့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.7 GB)/(905 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

6.1 2023
Operation Napoleon
Asih
5.1

Asih (2018) သရဲကားနဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံက သရဲကားလေးတစ်ကားကို တင်ဆက်ပေးပါမယ်။ Andi နဲ့ Puspita တို့လင်မယားက ကလေးမွေးခါနီးအချိန်မို့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်။ ဖြစ်ချင်တော့ သူတို့သမီးလေး Amilia က မွေးရမယ့်ရက်ထက် တစ်လစောမွေးလာလို့ Puspita က စိတ်ပူပြီး ဝမ်းဆွဲဆရာမကို မေးမြန်းတော့ ဝမ်းဆွဲဆရာမက ကလေးရဲ့ကျန်းမာရေးအတွက် စိတ်မပူဖို့နဲ့ နေဝင်ချိန်မှာ ကလေးကို အပြင်မှာမထားဖို့၊ ခေါင်းအုံးအောက်မှာ ကတ်ကြေးထားပြီးအိပ်ဖို့ပဲ မှာသွားပါတယ်။ ဝမ်းဆွဲဆရာမရဲ့ စကားကြောင့် စိတ်ကသိကအောက်ဖြစ်နေတဲ့ Puspita က သူတို့အိမ်ထဲမှာ မိန်းမတစ်ယောက်ကို မြင်လာရပြီး အဲဒီမိန်းမ သားချော့တေးဆိုတဲ့အသံကိုလည်း ကြားလာရပါတယ်။ သူတို့လင်မယားနဲ့ အတူနေတဲ့ သူတို့အမေပါ အဲလိုတွေကြုံလာရတော့ အဲဒီမိန်းမက ဘယ်သူလဲ၊ သူတို့မိသားစုကို ဘာလို့ခြောက်လှန့်နေတာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်ပြီးတော့ အဖြေရှာကြည့်ရအောင်ပါ။ အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery, Thriller Quality…. 1080p | 720p File size… 848MB | 419MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

5.1 2018 76 mins
Asih
Bad Sister

Bad Sister (2015) နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်ချိန်မှာ စိန့်ဗဲလ်‌ကျောင်းက စစ္စတာဆိုဖီယာဆိုတဲ့ သီလရှင်ဆရာမလေးဟာ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းမှာ တာဝန်ချထားခံ‌ခဲ့ရတယ်။ မှတ်တမ်းကောင်းတွေနဲ့ စစ္စတာဟာ ကျောင်းအသစ်က ဂျေဆန်ဆိုတဲ့အတန်းသားတစ်ယောက်ကို စွဲလမ်းနေသူဖြစ်တယ်။ ဂျေဆန်ကတော့ အင်တာနက်ပေါ်မှာ သူ့ရဲ့သီချင်းတွေကို ဂီတာတီးကာဆိုပြလေ့ရှိပြီး ဂီတသမားဖြစ်ချင်သူတစ်ဦးဖြစ်တယ်။ အတန်းပထမဆုံးနေ့ မနက်ခင်းဝတ်ပြုဆုတောင်းတဲ့အခါ အတန်းသားတွေကိုပဲတိုင်ခိုင်းပြီး စစ္စတာက လိုက်ဆိုခြင်းမရှိတာကို တစ်တန်းတည်းနေ ဂျေဆန့် ညီမလေးဇိုဝီဟာ သတိထားမိခဲ့တယ်။ ဒါတင်မက စစ္စတာဆိုဖီယာရဲ့ အခြားစစ္စတာတွေနဲ့ မတူတဲ့ထူးခြားတဲ့လုပ်ရပ်တွေကိုလည်း တဖြည်းဖြည်းနဲ့ သူမြင်တွေ့ခဲ့ရပြီး မသင်္ကာဖြစ်နေခဲ့တယ်။ အစ်ကိုဂျေဆန်ကို သတိပေးပေမဲ့လည်း ‌ဂျေဆန်နဲ့စစ္စတာတို့ဟာ အဲဒီအချိန်မှာ လက်လွန်ကြက်သွန်ဖြစ်နေခဲ့ပါပြီ။ ဂျေဆန်ကိုယ်တိုင်လည်း ထုတ်မပြောပေမဲ့ စစ္စတာ့အပေါ် သံသယတွေရှိနေခဲ့တာတော့ အမှန်ပါပဲ။ ဒီလိုနဲ့ စစ္စတာဆိုဖီယာဟာ သူ့လမ်းပေါ်ရောက်လာတဲ့ အတားအဆီးမှန်သမျှကို ရရာနည်းနဲ့ ရှင်းထုတ်ခဲ့ရာကနေ လူသတ်မှုကျူးလွန်တဲ့အထိပါဖြစ်လာခဲ့တယ်။ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းအုပ် စစ္စတာရေဘက္ကာသိထားရတဲ့ စိတ်နှလုံးသိမ်မွေ့ပြီး မေတ္တာရှေ့ထား အုပ်ချုပ်တတ်တဲ့ စစ္စတာဆိုဖီယာနဲ့ အခုကျောင်းမှာရှိနေတဲ့ စစ္စတာဆိုဖီယာရဲ့ စည်းကမ်းတင်းကြပ်ပုံနဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ စစ္စတာရေဘက္ကာကို စစ္စတာဆိုဖီယာ့အပေါ် သံသယဝင်နေသူတွေထဲကတစ်ယောက်ဖြစ်လာစေတဲ့အကြောင်းရင်းဖြစ်ခဲ့တယ်။ စစ္စတာဆိုဖီယာက ဘယ်သူလဲ… ဘယ်ကလဲ… သူ့ရဲ့နောက်ကြောင်းတွေကရော ဘာတွေလဲ…. ဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ့် အကြောင်းအရာတွေပဲဖြစ်တာကြောင့် ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 715MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 27Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

0 2015 85 mins
Bad Sister
Jazz Ramsey: A K-9 Mystery
6.1

cm ပရိသတ်ကြီးကို Hallmark Channel ကနေ အသစ် ထုတ်လွှင့်လိုက်တဲ့ Mystery ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက IMDB မှာ 6.3 အထိ ရထားတဲ့ ကြည့်ကောင်းတဲ့ ဇာတ်ကားလေး တစ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်ညွှန်းကတော့… ခွေးတွေကို ရှာဖွေကယ်ဆယ်ရေးအတွက် အထူးလေ့ကျင့် သင်ကြားပေးတဲ့ ဂျက်ဇ်ရမ်ဆေးနဲ့ သူ့ပါတနာတွဲဘက် ခွေးလေး ဇုစ်တို့ဟာ တစ်နေ့မှာ ဂျက်ဇ်တက်ခဲ့ဖူးတဲ့ ကျောင်းမှာ ကလေးတွေကို မှုခင်းစူးစမ်းရေး ကလပ်အတွက် သင်ကြားပေးဖို့ ရောက်သွား ခဲ့ပါတယ်။ ပုံမှန်သရုပ်ပြဖို့အတွက် အရိုးတွေဖွက်ထားပြီး ဇုစ်က ရှာဖွေပြပေးရမှာပါ။ ဖြစ်ချင်တော့ ဇုစ်ပြသပေးတဲ့ နေရာဟာ အရိုးဖွက်ထားတဲ့ နေရာ မဟုတ်ဘဲ လူသတ်၊ အလောင်းကို ကြမ်းခင်းအောက်မှာ ဖွက်ထားတဲ့ အခန်း ဖြစ်နေတာပါပဲ။ ဒီလိုနဲ့ ကျောင်းအခန်းက မှုခင်းနေရာ ဖြစ်သွားပြီးတော့ ရောက်လာခဲ့တဲ့ မှုခင်းရဲစုံထောက် နစ်ခ်ကလည်း ဂျက်စ်ရဲ့ ရည်းစားဟောင်း ဖြစ်နေ ပြန်ပါတယ်။ ဒီအလောင်းက ဘယ်သူ့အလောင်းလဲ….. ဘယ်သူက သတ်ပြီးတော့ ဒီလိုမျိုး ကြမ်းခင်းအောက်မှာ ဖွက်ခဲ့တာလဲ… ဂျက်ဇ်နဲ့ နစ်ခ်တို့ နှစ်ဦး ဇုစ်နဲ့အတူ ဒီအမှုကို အမှန်ပေါ်ပေါက်အောင် ဘယ်လို ရှာဖွေစုံစမ်းကြမလဲ ဆိုတာကို အားပေးကြည့်ရှုကြပါဦးလို့။ File size…1.58GB / 758MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.1 2024 84 mins
Jazz Ramsey: A K-9 Mystery
Kalki 2898-AD
7.6

Kalki 2898 AD (2024) IMDb – 7.6/10 စောင့်မျှော်နေကြတဲ့ ပရာဘာ့စ်ရဲ့ရုပ်ရှင်ကားသစ်ကြီးကို Netflixကနေထုတ်လွှင့်ခဲ့ပြီဖြစ်လို့ CMပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဘာဟုဘာလီရုပ်ရှင်တွေနဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ တလေဂူးမင်းသားကြီး ပရာဘာ့စ်၊ နာမည်ကျော် တမီးလ်မင်းသားကြီး ကာမယ်ဟာဆန်၊ ဟိန္ဒူရုပ်ရှင်လောကက မင်းသားကြီး အမီတာဘချမ်း၊ မင်းသမီးချောတွေဖြစ်တဲ့ ဒီပီးကားနဲ့ ဒီရှားတို့လို သရုပ်ဆောင်အကျော်အမော်တွေများစွာ ပါဝင်ထားကြပါတယ်။ Kalki Cinematic Universeရဲ့ ပထမဆုံးရုပ်ရှင်ပေါ့။ ၃၀၁၂ဘီစီ ကူရုခ်ရှက်တရာစစ်ပွဲကြီးမှာ မမွေးသေးတဲ့ကလေးကိုသတ်ခဲ့တဲ့အတွက် အာရှဝါသာမာကို အရှင်ဗိဿနိုးရဲ့ ရှစ်ကြိမ်မြောက်လူဝင်စားက ကျိန်စာတိုက်ခဲ့ပါတယ်။ ဆုတ်ကပ်ခေတ်ကြီးမှာ နေမင်းကြီးပျောက်ကွယ်သွားတဲ့အခါ… လေထုထဲမှာ အဆိပ်အတောက်တွေနဲ့ ပြည့်နေတဲ့အခါ… ဂင်္ဂါမြစ်ကြီးထဲမှာရေတစ်စက်မှ မရှိတော့တဲ့အခါ သူ နောက်တစ်ကြိမ်လူပြန်ဝင်စားတဲ့အချိန် ကာလီရဲ့ရန်ပြုတာကနေ ကယ်တင်ဖို့ သေခြင်းရှင်ခြင်းမရှိဘဲ အပြစ်တွေကိုတစိမ့်စိမ့်ခံစားရင်း စောင့်မျှော်နေရမဲ့ကျိန်စာ။ ၂၈၉၈အေဒီမှာ ကမ္ဘာကြီးပေါ်မှာ မြို့ကြီးတစ်မြို့ပဲကျန်ရှိတော့တဲ့အချိန်။ ကယ်တင်ရှင်စစ်သည်တော်ပေါ်ထွန်းလာမယ်ဆိုတဲ့ နမိတ်စကားတစ်ခွန်းကို ယုံကြည်ချက်ထားရင်း အဘိုးကြီးဗီရန်တစ်ယောက် မမွေးသေးတဲ့ကလေးရဲ့မိခင်ဖြစ်သူကို ရှာဖွေနေရာကစ ထူးခြားတဲ့ဇာတ်လမ်းနဲ့ ရုံတင်ကားကြီးကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.6 2024 176 mins
Kalki 2898-AD
[18+] She Cat Meneko
4.6

She Cat (1983) မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ ဂျပန် Pink Film လေးတွေဘက်ပြန်လှည့်ကြရအောင်ပါ။ အခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ နာမည်ကျော် Roman porno series ထဲက နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ She Cat ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ဒေါက်တာ ကတ်ကာဂါမီဟာသူ့ရဲ့အတိတ်ဆိုးတွေကိုပြည်ဖုံးကားချပြီး လက်ရှိဘ၀မှာ အနိုင်ကျင့်ခံအားကိုးရာမဲ့အမျိုးသမီးတွေကို ကူညီပေးနေသလို သားဖွားမီးယပ်ဆေးခန်းလည်းဖွင့်ထားပါတယ်။ သူနဲ့အတူလက်တွဲလုပ်ဆောင်နေတဲ့သူကတော့ သူ့ရဲ့လိင်တူချစ်သူလည်းဖြစ် ဆရာဝန်တစ်ဦးလည်းဖြစ်ပေမယ့် နောက်ကြောင်းကိုမသိရတဲ့ ကိုတိုဟီရတ်ဆုကာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်အတူသွားတက်တဲ့ပါတီတစ်ခုမှာ ပစ်ခတ်လုပ်ကြံမှုဖြစ်ပွားခဲ့ပြီး အသက်ဘေးက သီသီလေးလွတ်ခဲ့ပေမယ့် အမည်မသိတစ်ဖက်ဂိုဏ်းသားတွေက သူတို့ကို ပစ်မှတ်ထားလာချိန်မှာတော့ ဒေါက်တာ ကတ် တစ်ယောက် သူ့အရည်အချင်းတွေကိုထုတ်ပြဖို့ဖြစ်လာပါတော့တယ်။ Pink Film ဆိုပေမယ့် အဖော်အချွတ်သက်သက်မဟုတ်ပဲ ဇာတ်လမ်းဇာတ်အိမ်လှည့်ကွက်အပြည့်ကိုမှ ခေတ်ဟောင်း ဂန္ဓဝင်မမတွေရဲ့ ဂန္ဓဝင်အလှကို ကွက်ကွက်ကွင်းကွင်းရှုစားရမယ့် ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.2 GB) / (785 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Crime, Thriller Duration….01:27:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.6 1983 86 mins
[18+] She Cat Meneko
Kingdom III: The Flame of Destiny
6.9

Kingdom III: The Flame of Destiny (2023) ~ IMDb – 6.9/10, RT – 83%, MyDramaList – 8.1/10 ~ အားလုံးစောင့်မျှော်နေကြတဲ့ Kingdom Live-Action ကားတွေရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom III: The Flame of Destiny ထွက်ရှိလို့လာပါပြီ။ Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာ https://www.channelmyanmar.to/?s=kingdom+live+action အကုန်လုံးကိုကြည့်လို့ရပါတယ်။ Kingdom III: The Flame of Destiny (2023) ကိုမကြည့်ခင် Kingdom (2019) နဲ့ Kingdom II: Far and Away (2022) တို့ရဲ့ဇာတ်ကြောင်းကိုပြန်နွှေးကြရအောင်။ ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို တစ်စုတစ်စည်းဖြစ်အောင်လုပ်ပြီး ပထမဆုံးဧကရာဇ်ဖြစ်စေချင်တဲ့ ချင်ပြည်ထောင်ဘုရင် အဲ့ဆေး(King Ei Sei of Qin State) တို့ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေကြောင့် ဆုံစည်းခဲ့ကြပါတယ်။ ဒုတိယကားမှာတော့ ဘုရင်အဲ့ဆေးကို လုပ်ကြံတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး ချင်ပြည်ထောင်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေပြည်ထောင် (Wei State) က လာရောက်ကျူးကျော်လို့ ဝေပြည်ထောင်နဲ့ချင်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဒါကန်လွင်ပြင် (Daken Plains) ဆီကနေ ရှင်းတစ်ယောက် နှစ်ဖက်သောစစ်သူကြီးတို့ရဲ့စစ်ဗျူဟာတွေ၊ စစ်ပရိယာယ်တွေ၊ အနိဋ္ဌာရုံတွေကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင်တွေ့လိုက်ရပြီး သူကိုယ်တိုင်လည်း စွမ်းဆောင်ပြနိုင်ခဲ့လို့ တပ်သား ၁၀၀ တပ်မှူးဖြစ်သွားပါတော့တယ်။ ရှေ့နှစ်ကားအကြောင်းကို မှတ်မိသွားကြပြီဆိုရင် Kingdom III ရဲ့ ဇာတ်ကြောင်းကိုပြောပြပါမယ်။ ဒီတစ်ခါ ချင်ပြည်ထောင်ကိုလာရောက်ကျူးကျော်တာကတော့ ကျောက်ပြည်ထောင် (Zhao State) ကပါ။ ချင်ပြည်ထောင်ကို ချောဟဲလူသတ်ပွဲ (Chohei Massacre) ကြောင့် ရန်ငြိုးအကြီးအကျယ်ရှိလို့ လာ‌ရောက်ကျူးကျော်တာပါ။ ထုံးစံအတိုင်း တပ်သား ၁၀၀ တပ်မှူးဖြစ်သွားတဲ့ ရှင်းက ချင်ပြည်ထောင်နဲ့ ကျောက်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဘာရို (Bayo) ဆီသွားပါတော့တယ်။ ဒီတစ်ခါ စစ်ပွဲကနေရော ဘယ်လိုအတွေ့အကြုံတွေရမလဲ၊ ဘာအခက်အခဲတွေတွေ့မလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုလိုက်ပါခင်ဗျာ။ Kingdom Live-Action ဇာတ်ကားတွေကို Yasuhisa Hara ရေးတဲ့ “Kingdom” Manga ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၆ ခုနှစ်မှာရေးထားခဲ့တဲ့ Kingdom က အခုထိဇာတ်မသိမ်းသေးပါဘူး။ လက်ရှိအချိန်အထိ စုစုပေါင်း 70 volumes နဲ့ 768 chapters အထိ ထွက်ရှိထားပါတယ်။ Anime အနေနဲ့လည်း Studio Pierrot နဲ့ Studio Signpost ကနေ Season 1-4 (129 episodes) အထိထွက်ရှိထားပြီး Season 5 ကိုလည်း ဒီနေ့ကစပြီး ပြသတော့မှာပါ။ Live-Action အနေနဲ့လည်း ၂၀၁၉ ခုနှစ်ကတည်းက ရိုက်လာရင်း အခုဆိုရင် စတုတ္ထမြောက်ဇာတ်ကား Kingdom IV: Return of the Great General (2024) အထိရောက်ရှိလာပါပြီ။ ဂျပန်မှာ ဒီနှစ် ဇူလိုင်လကျရင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ Kingdom Live-Action လေးကားစလုံးကို Alice in Borderland ရဲ့ဒါရိုက်တာ Sato Shinsuke ကပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ Kingdom III မှာ ပထမနှစ်ကားထဲက သရုပ်ဆောင်တွေပြန်ပါလာသလို Anne Watanabe, Yuki Yamada, Koji Yamamoto, Ainosuke Kataoka တို့လို သရုပ်ဆောင်အသစ်၊ ဇာတ်ကောင်အသစ်တွေပါလာပါတယ်။ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Gold (Until We Meet Again)” ကို Hikaru Utada ကဆိုပေးထားပါတယ်။ Kingdom III ကိုကြည့်ပြီးတာနဲ့ Kingdom IV ကို ဆက်ကြည့်ချင်ကြပါလိမ့်မယ်။ တကယ့်ကို ဆန့်တငင်ငင်နဲ့ဇာတ်သိမ်းသွားခဲ့တာမို့လို့ပါ။ စကားမစပ် စိတ်မကောင်းစွာနဲ့ပြောရရင် တောင်တန်းဘုရင်မ ရိုတန်ဝါ (Youtanwa) ကိုစောင့်မျှော်နေကြသူများအတွက်တော့ ဒီဇာတ်ကားထဲမှာလည်း (တကယ်) မပါသေးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 1GB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 2H 9Min Genre – Action, History, War Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Comedy • Drama • Romance
6.9 2023 129 mins
Kingdom III: The Flame of Destiny