YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Big.Bang.2010.1080p.mp4

2.09 GB N/A video/mp4 55 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Terrifier 2
6.9

~ IMDb - 6.7/10, RT - 89%, Meta - 66% ~ (သွေးသံရဲရဲ သတ်ခန်းဖြတ်ခန်းတွေက အတော်ကြမ်းလို့ အသည်းငယ်တတ်သူတွေ မကြည့်ကြဖို့ သတိပေးချင်ပါတယ်) တကယ်တမ်း ဒီနှစ်ရဲ့ နှစ်လယ်ဟာ Horror ဇာတ်ကားကောင်းတွေချည်းဆက်တိုက်ထွက်ပြီး Box Office မှာ မင်းမူခဲ့တဲ့ကာလပါပဲ။ A24 ဆိုလည်း X ဟာ အကြီးအကျယ် ချီးကျူးခံခဲ့ရပြီး နောက်ပိုင်းထွက် Men တို့၊ Bodies Bodies Bodies တို့လည်း နာမည်ရခဲ့ပါတယ်။ အရင်လကုန်မှ ရုံတင်ခဲ့တဲ့ Smile ဆိုလည်း ပရိုမိုးရှင်းအလန်းတွေလုပ်ခဲ့တာနဲ့လည်း တန်အောင် BO Results တွေလည်း ကောင်းနေတယ်။ ဒီကြားထဲမှာလည်း Men, Bodies Bodies Bodies, Pearl, Nope, Fresh, Barbarian စတဲ့ Standalone ကားတွေ၊ ဂိဆရာတွေရဲ့ Crimes of The Future လို Body Horror ကား အပြင် နာမည်ကြီး Franchise တွေရဲ့ အဆက် Reboot အဆုံးသတ်‌တွေ အနေနဲ့ထွက်လာတဲ့ Texas Chainsaw Massacre, Orphan: First Kill, Hellraiser, Scream, Halloween Ends စတဲ့ စတဲ့ ‌ဟော်ရာကားတွေကလည်း သူ့ဟာနဲ့သူ အောင်မြင်ခဲ့ကြပါတယ်။ ဒီကြားထဲ ရုပ်ရှင်ရုံမှာ ကြည့်နေရင်း လူတွေ အန်ကုန်ကြတာတို့၊ မူးလဲကုန်ကြတာတို့ ဖြစ်‌ရလောက်တဲ့ထိ ကြမ်းသွားလို့ ဒါရိုက်တာကတောင် ပြန်တောင်းပန်ရတယ်ဆိုတဲ့ Horror ကားလည်း ရှိခဲ့ပါတယ်။ ခု Terrifier 2 ပါပဲ။ ဒီကားက ရှားရှားပါးပါး နောက်ဆက်တွဲကားက ပထမကားထက် Rotten Tomatoes, Meta, IMDb စတဲ့ရိတ်တင်တွေ အပုံကြီးကောင်းနေတဲ့ Horror ကားပါ။ ပထမကားက Art the Clown ပြန်ပေါ်လာခဲ့သလို Victoria လည်း ပထမကားရဲ့ တစ်ဦးတည်းသောအသက်ရှင်ကျန်သူအနေနဲ့ ပြန်ပါလာပါတယ်။ ဒီကားက တကယ့် အစွန်း၂ဖက်ကကားပါပဲ။ တစ်ဖက်ကကြည့်တော့လည်း မင်းသမီးလေးက ချစ်စရာကောင်းသလို ဆက်စီကျတာတွေအထိ မျက်စိပဒသာဖြစ်အောင် ပြထားသလို တစ်ဖက်ကကြည့်တော့လည်း Art က မျက်နှာကိုဟက်တက်ခွဲတာတွေ အက်ဆစ်နဲ့ပက်တာတွေ ရက်ရက်စက်စက်သတ်ဖြတ်တာတွေကို ပြထားတာက ရုံမှာ လူတွေ အန်ကြတဲ့အထိကို အော်ဂလီဆန်စရာကောင်းခဲ့တဲ့ အကြောင်းအရင်းပါပဲ။ တစ်ကားလုံး ရက်ရက်စက်စက်သတ်တဲ့ အခန်းတွေမနည်းသလို ပက်ပက်စက်စက်လှတဲ့ ကောင်မလေး၂ယောက်ရဲ့ အခန်းတွေလည်း မနည်းပါဘူး။ မှော်အစွမ်းလိုလိုဟာတွေလည်း ပါပါသေးတယ်။ Art နဲ့ ဗစ်ကီကို လူသတ်သမားနဲ့ ခံရသူအဖြစ်ကနေ ချစ်သူလိုလို အဖြစ်ကိုလည်း ပုံဖော်ထားသေးပါတယ်။ ရိုးရိုး Horrorမဟုတ်ဘဲ အသားကုန်ရက်ရက်စက်စက်သတ်ပြနေတဲ့ Horror/Splatter ကားအနေနဲ့ တော်တော်လေးကို ဝေဖန်ရေးသမားတွေ ချီးကျူးတာခံထားရပြီး Runtime ကလည်း သတ်ခန်းဖြတ်ခန်းတွေ အ၀ကြည့်ရအောင်၂နာရီကျော်တောင်မို့ အားရပါးရ ကြည့်နိုင်မယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.33GB, 1.22GB, 583MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 2H 18Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Drama • Fantasy
6.9 2022 138 mins
Terrifier 2
Fly Away Home
6.9

အေမီ အော်လ်ဒန်ဟာ မိခင်ဖြစ်သူကိုမတော်တဆမှုမှာဆုံးရှုံးခဲ့ရပြီးနောက် ကွာရှင်းထားတဲ့ဖခင်ဖြစ်သူ သောမတ် အော်လ်ဒန်နဲ့ကနေဒါမှာလိုက်နေရဖို့အကြောင်းဖန်လာခဲ့ပါတယ်။ တနေ့မှာသူမရဲ့အိမ်ဘေးစိမ့်တောထဲမှ ကနေဒါဘဲငန်းဥလေးတွေကိုဖျက်စီးခံရမယ့်အရေးကနေကယ်တင်ခဲ့တာကနေဖခင်ဖြစ်သူနဲ့အတူ သူတို့ကိုကြီးပြင်းတဲ့အထိမွေးမြူဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ကနေဒါဘဲငန်းတွေဟာရွှေ့ပြောင်းကျက်စားတဲ့မျိုးနွယ်ဖြစ်သည့်အတွက် ဆောင်းရာသီမှာတောင်ဘက်ကိုဆင်းဖို့လိုအပ်လာခဲ့ပါပြီ။အေမီအတွက်ကတော့မိုင်500ကျော် ခရီးရှည်ကြီးကိုဖခင်ဖြစ်သူနဲ့အတူ အသေးစားလေယာဉ်နှစ်စီးနဲ့ဒီဘဲငန်းတွေကိုဘေးမသီရအောင်လမ်းပြဖို့လိုအပ်လာခဲ့ပါတယ်။ အေမီတို့ရဲ့ ခရီးမစခင် အခက်အခဲတွေ လမ်းတလျှောက်ကအတွေ့အကြုံတွေနဲ့ အေမီနဲ့သူ့ဖခင် ဒီဘဲငန်းလေးတွေအကြားကချစ်ခြင်းမေတ္တာတွေကိုရှုစားကြရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ဤဇာတ်လမ်းမှာဖန်တီးမှုသာဖြစ်သော်လည်း ဘဲငန်းများကို လေယာဉ်အပေါ့စားများနှင့်စားကျက်သို့လမ်းပြခဲ့ခြင်းမှာ အစစ်အမှန်ကြိုးစားအောင်မြင်ခဲ့သည့်ဖြစ်ရပ်ဖြစ်ပါသည်။ File size…(1.91GB)  / (1.38GB) / (639MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:47:00 Genre...Adventure / Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Brackman

Drama • Romance
6.9 1996 107 mins
Fly Away Home
Qala
6.7

ဒီညတော့ Netflixက ထွက်ရှိလာတဲ့ Rating ကြမ်းကြမ်း music genre/psychological drama လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ မန်ဂျူရှီတို့ မိသားစုဟာ မျိုးနဲ့ရိုးနဲ့ ဂီတပါရမီပါခဲ့သူတွေပါ ဒီမိသားစုထဲ အူမီဟာ အမွှာရင်သွေးလေးလွယ်ခဲ့ရပေမယ့် တကယ်လက်တွေ့ကျ သမီးလေးတစ်ယောက်သာဖွားမြင်လာပါတယ် အမွှာတိုင်းမှာတစ်ခါတစ်လေအားနည်းတဲ့ကလေးတွေဟာ အဖိတ်အစင်ရှိတတ်တယ်လို့ ဆရာ၀န်ကရှင်းပြပေမယ့် အူမီကတော့ မကျေနပ်ပါဘူး ဒီသမီးကြောင့် သားလေးသေရတယ်ဆိုပြီးသမီးလေး (ကွာလာ)ကိုလည်း မချစ်ခဲ့ပါဘူး အရွယ်ရောက်လာချိန်မှ မိသားစုအမွေဂီတကိုသင်ပေးပေမယ့် ကွာလာ့ရဲ့ အရည်အချင်းကို အထင်မကြီးခဲ့တဲ့ မိခင်ဟာ ဂျာဂန်ဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်ကိုအရည်အချင်းနဲ့ အသံကိုတော့ အရမ်းသဘောကျသွားခဲ့တယ် ကွာလာကတော့ ၀မ်းနည်းအားငယ်ရတာပေါ့ နောက်နှစ်တွေကြာတဲ့အချိန် ကွာလာဟာထူးချွန်ပြီး ရွှေဓာတ်ပြားဆုတွေပါ ဆုခူးရရှိခဲ့ပါတယ် ဂီတရဲ့ အောင်မြင်မှုစံပြပြယုဂ်အထိ လေးစားဂုဏ်ပြုခံခဲ့ရပါတယ် ဒါပေမယ့် သူ့အမေဆီကဂုဏ်ပြုစကားတော့ မရခဲ့ပါဘူး ဒီအောင်မြင်မှုတွေရလာတဲ့အချိန်မှာပဲ ကွာလာဟာ အသံတွေကြားယောင်ရင်း မှန်ထဲက ‌ပုံရိပ်တစ်ခုဟာသူ့အောင်မြင်မှုတွေအစား၀င်ယူတယ်ဆိုပြီး ခြိမ်းခြောက်ခံခဲ့ရတာတွေရှိလာပါတယ်... ကွာလာက မိခင်ရဲ့ ဂုဏ်ပြုချီးကျူးစကားကြားရဖို့ ဘယ်လိုဆက်ကြိုးစားမလဲ မှန်ထဲကပုံရိပ်က ဘယ်သူလဲ ဘာလို့ခြောက်လှန့်နေရတာလဲဆိုတာ ကြည့်ရှူခံစားလိုက်ပါဦး File size…1.59GB / 676MB Quality…1080p NF WEB DL  / 720p Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by BpL ~ Sora ~ OeliuJ

Action • Adventure • Science Fiction • Thriller
6.7 2022 119 mins
Qala
Ilo Ilo
7

~ IMDb - 7.3/10, RT - 100%, Meta - 85% ~ အီလိုအီလို (Ilo Ilo) ဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံက မြို့လေးတစ်မြို့ရဲ့ နာမည်ပါ။ ပြောရရင် ဒီဇာတ်ကားထဲက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးရဲ့ ဇာတိကို ခေါင်းစဉ်တင်ထားတာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တရုတ်မန်ဒရင်းလိုပေးထားတဲ့ နာမည်ကတော့ “ဖေဖေ၊ မေမေ အိမ်မှာမရှိ” (Father, Mother Not At Home) တဲ့။ ဒီလောက်ဆို မှန်းမိလောက်မှာပါ။ ၁၉၉၇ ခုနှစ်တုန်းက အာရှစီးပွားရေးအကျပ်အတည်းဖြစ်တော့ စင်္ကာပူနိုင်ငံလည်း ကာလတိုတစ်ခုလောက် အတော်လေး ထိခိုက်ခဲ့ပါတယ်။ အလုပ်လက်မဲ့တွေဖြစ်ကြ၊ လူတွေ သတ်သေကြ၊ ရရာကောက်ရိုးလေးတွေ မျှော်လင့်ချက်အမှတ်နဲ့ လှမ်းဆွဲကြနဲ့ စင်္ကာပူနိုင်ငံသားတွေ အပူမီးဝေခဲ့ကြပါတယ်။ ဒီထဲမှာမှ မိသားစုတစ်စုအကြောင်းပေါ့။ ထပ်ပြောရရင် အဲ့ဒီ့မိသားစုထဲက ဂျစ်ကပ်ကပ် ခပ်ဆိုးဆိုးကလေးလေးနဲ့ သူတို့အိမ်မှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးကြားထဲက ချည်နှောင်မှုလေးတစ်ခုအကြောင်းပါ။ တခြား အိမ်အကူတွေလိုပါပဲ ထရေဆာဟာလည်း ပိုက်ဆံရှာဖို့အတွက် ဇာတ်အိမ်တည်ထားတဲ့ အလယ်အလတ်တန်းစားမိသားစုလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ဖိလစ်ပိုင်ကနေ စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ ကြီးကောင်ဝင်စ ခပ်ဆိုးဆိုးကလေး၊ ကိုယ်ဝန်ရင့်မာနဲ့တောင် အလုပ်မနားနိုင်သေးတဲ့ အမေဖြစ်သူ၊ စီးပွားရေးကျဆင်းမှုရဲ့ သားကောင်ဖြစ်သွားရတဲ့ အဖေဖြစ်သူနဲ့ မိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာတဲ့ ထရေဆာပေါ့...။ စီးပွားပျက်ခေတ်ထဲက မရေရာတဲ့ အခြေအနေတွေက သူတို့အပေါ်ရော နောက်ထပ်ဘယ်လိုအပြောင်းအလဲတွေဖြစ်စေဦးမှာလဲ... တကယ်တော့ အများကြီးတွေးဖို့မလိုအောင်ကို ဒီကားက ရိုးပါတယ်။ ရိုးဆို လူ့ဘဝဆိုတာကိုက သေချာတွေးကြည့်ရင် ရိုးစင်းတာကိုး။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Anthony Chen က သူ့ကလေးဘဝတုန်းက ကြုံခဲ့တဲ့ ဖိလစ်ပိုင်အိမ်အကူ ယာယာနဲ့ အမှတ်တရတွေကို အခြေခံပြီး ပြန်ရိုက်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ Ilo Ilo ဟာ စင်္ကာပူရုပ်ရှင်ကို အဆင့်တစ်ခုရောက်အောင်လုပ်ပေးလိုက်နိုင်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဆုရဖူးတဲ့ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ကိန်းစ်ရဲ့ Caméra d'Or အပါအဝင် ဆုပေါင်း ၃၄ ဆု ဆွတ်ခူးထားပြီး Rotten Tomato လည်း 100% အပြည့်ပါ။ ပထမဆုံးလက်ရာနဲ့တင် အောင်မြင်မှုတွေ တသီကြီးဆွတ်ခူးခဲ့တဲ့ အန်သိုနီချန်ရဲ့ ရုပ်ရှင်ဟာ လူစရိုက်သဘာဝကို စစ်စစ်မှန်မှန်ထုတ်ပြသွားတာမို့ လူတိုင်းရဲ့ နှလုံးသားနဲ့ ဆက်သွယ်နိုင်မှာပါ။ စိတ်ဝင်စားကြမယ်ဆိုရင်တော့ အန်သိုနီချန်ရဲ့ လူငယ်ဘဝကို ပြန်ရိုက်တဲ့ Wet Season ဆိုတဲ့ကားလေးလည်း CM မှာ တင်ပြီးသားရှိပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 770MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 39Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Animation
7 2013 99 mins
Ilo Ilo
A Day to Die
6

ကျောင်းပြန်ပေးဆွဲခံရမှုဖြစ်ရပ်ဆိုးကြောင့် ghost team အထူးတပ်ဖွဲ့ဝင်တွေ ခြေရာဖျောက်နေခဲ့ရပေမယ့်၊ ထိုင်ခုံမြဲနေခဲ့တဲ့လူကတော့ ရဲမှူးကြီးအော်လ်စတန်ပါ... အဲ့ဖြစ်ရပ်အပြီး(၁၈)လအကြာမှာတော့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ပဲဆက်လက် လုပ်ကိုင်နေခဲ့တဲ့ ghost team အဖွဲ့ဝင်ကော်နာကော်နယ်လီတစ်ယောက် သူ့ရဲ့အကျဉ်း သားတစ်ယောက်ကို နောက်ကလိုက်ဖမ်းနေတဲ့ ဂိုဏ်းသားတစ်ယောက်ကိုသတ်ခဲ့မိ ပါတယ်။ သူသတ်ခဲ့မိတာက မြို့ရဲ့နာမည်ကျော်မူးယစ်ရာဇာကြီးရဲ့လူဖြစ်နေတော့ ကျားအမြီးသွားဆွဲမိသလိုဖြစ်သွားတဲ့ ကော်နာတစ်ယောက် မူးယစ်ရာဇာကြီးနဲ့ ရင်ဆိုင် ရချိန်မှာ ဘယ်လိုတွေပြန်ပေးဆပ်ရမှာလဲဆိုတာကို ကြည့်ရှုရမယ့် action ကားသစ်လည်း ဖြစ်ပါတယ်။ အဲ့တော့ မူးယစ်ရာဇာကြီးရဲ့အန္တရာယ်ကနေလွတ်အောင်ရှောင်နိုင်ပါ့မလား ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုရမှာပါ။ နောက်တစ်ခုပြောချင်တာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Bruce Willis ကရော ဘယ်လိုအခန်းတွေမှာပါဝင်သရုပ်ဆောင် မှာလဲဆိုတာတော့ ခင်ဗျားတွေးထားသလို သရုပ်ဆောင်မှာပဲလို့ ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (1.16 GB) / (576 MB) / (394 MB) Quality – WebRip 1080p / 720p/480p Duration - 1h 45mins Subtitle – Myanmar Hardsub Format – MP4 Genre : Action Translator – Chit Tee Encoder – SWM

Drama
6 2022 101 mins
A Day to Die
The Goat and Her Three Kids
7.2

The Goat and Her Three Kids (2022) ~ IMDb rating - 7.4/10 ~ ၁၉ ရာစုရဲ့လူကြိုက်အများဆုံး ရောမအိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တဲ့ ''The Goat and Her Three Kids'' ရဲ့ Film Adaptation ကိုတင်ဆက်ပေးလိုက်ပါတယ်။ လူသူမနီးတဲ့တောအုပ်ထဲက အိမ်ငယ်လေးတစ်လုံးမှာ မုဆိုးမတစ်ယောက်နဲ့ သူ့သားသုံးယောက်နေထိုင်ကြတယ်။ သားသုံးယောက်ကိုကျွေးမွေးဖို့အတွက် အမေဖြစ်သူက နေ့တိုင်းပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်။ အငယ်ဆုံးသားလေးက လိမ္မာရေးခြားရှိသလောက် အကြီးနှစ်ယောက်က ဆိုးသွမ်းပြီး မိဘကိုကူညီရကောင်းမှန်းမသိပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ အမေဖြစ်သူက ရိက္ခာရှာဖို့ခရီးမထွက်ခင် သူ့သားတွေကို တံခါးဂျက်ချပြီး အိမ်ထဲမှာပဲနေဖို့ သူ့အသံမကြားမချင်း ဘယ်သူလာလာတံခါးမဖွင့်ပေးဖို့မှာခဲ့ပါတယ်။ အမေပြန်အလာကိုစောင့်နေကြတုန်းမှာ အိမ်ရှေ့ကနေ သူတို့အမေဆိုပြနေကျသီချင်းသံကိုကြားလိုက်ရပါတယ်။ သူ့အမေနဲ့သူတို့ပဲသိတဲ့သီချင်းကို ဘယ်သူကများအလွတ်ရနေပါလိမ့်... အကြီးနှစ်ယောက်က စူးစမ်းလိုစိတ်နဲ့ တံခါးကိုဖွင့်ပေးလိုက်ပါတယ်။ သူတို့ရှေ့မှာစောင့်ကြိုနေတဲ့အန္တရာယ်ကိုတော့ မသိခဲ့ကြပါဘူး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 715MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 23Min Genre - Drama, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Comedy • Drama
7.2 2022 83 mins
The Goat and Her Three Kids
A Waltons Thanksgiving
6

A Waltons Thanksgiving(2022) ဒီကားလေးကတော့ အခုလို ခရစ်ယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်ကာလ ရိုးရာလို ခရစ်တော်ကို ကျေးဇူးတင်ကြောင်းသက်သေခံတဲ့ ကျေးဇူးတော်နေ့လေးအကြောင်းကိုဖော်ကျူးထားတဲ့ကားလေးပဲဖြစ်ပါတယ် Jesus ရဲ့ ဖန်ဆင်းမှု ကောင်းခြင်းပေးမှုဆိုတာ ခရစ်ယာန်တွေရဲ့သက်ဝင်ယုံကြည်မှုတစ်ခုပါ ဒါကြောင့်လဲ ကောင်းတဲ့ကိစ္စတစ်ခုခုဖြစ်လာတိုင်း အရှင်ယေရှုကိုကျေးဇူးတင်ပါတယ်ဆိုပီး သူတို့ရဲ့သက်ဝင်ယုံကြည်မှုကိုပြသတတ်ကြပါတယ် ဒီကားမှာတော့ ဝေါ်တွန်ဆိုတဲ့မိသားစုလေးရဲ့ ဘုရားသခင်ပေါ်သက်ဝင်ယုံကြည်မှုကိုမြင်ရမှာပါ ဝေါ်တွန်တို့မိသားစုဟာ ကလေးတွေအများကြီးရှိတဲ့ မြင်သူတိုင်းအားကျရတဲ့ပျော်စရာမိသားစုလေးတစ်ခုပေါ့ ကလေးတွေများတော့ထုံးစံအတိုင်း ပြဿနာတွေလဲများခဲ့တာပေါ့ အဲ့တော့ အိမ်ထောင်ဦးစီးဖြစ်တဲ့ဂျွန်နဲ့ သူ့ဇနီးလစ်ဗီတို့ဟာ အတော်လေးထိန်းသိမ်းရရှာပါတယ် တောင်ယာလုပ်တဲ့မိသားစုလေးတွေပဲများတဲ့ American ရဲ့ county တစ်ခုဖြစ်တဲ့အားလျော်စွာ တစ်ရာသီပြီးလို့ ကောက်ရိတ်သိမ်းစရာတွေ ရိတ်သိမ်းပြီးတာနဲ့ ကောက်သစ်စားပွဲတော်ဆိုပီးကျင်းပလေ့ရှိကြပါတယ် ကောက်သစ်စားပွဲနဲ့အတူ ခရစ်ယာန်တွေရဲ့ ရိုးရာဖြစ်တဲ့ အဖဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းတဲ့ ကျေးဇူးတော်နေ့လေးကလဲကပ်ပါလာတာပေါ့ ကလေးတွအများကြီးရှိတဲ့ မိသားစုကြီးတစ်စုအနေနဲ့ ကောက်သစ်စားပွဲမှာ အဖဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းဖို့ ဘယ်လိုကျေးဇူးတင်စရာကိစ္စလေးတွေ သူတို့မိသားစုပေါ် ကောင်းချီးပေးမလဲဆိုတာတော့ ကြည်နူးရသလေးခံစားပြီး ကြည့်ကြည့်ကြပါဦး ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1GB) Quality__720p IMDb Rating__6.0/10 Format__mp4 Duration__01:22:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Action • Adventure • Fantasy
6 2022
A Waltons Thanksgiving
Oh My Ghost
6

Oh My Ghost (2022) IMDb 6.1 အခုတင်ဆက်ပေးမှာကတော့ ပုရိသတို့အသည်းစွဲ မင်းသမီးSunny Leone ရဲ့ အမိုက်စားသရုပ်ဆောင်မှုတွေပါဝင်တဲ့ သရဲကားပဲဖြစ်ပါတယ် ဂျန်ဂျမား vibe လိုမျိုးပြန်ရမဲ့ဒီကားက ဇောက်ထိုးခြောက်မဲ့အခန်းတွေရောအတည့်ခန်းတွေပါပါမှာမို့ Horror စစ်စစ်မှကြိုက်ပါတယ်ဆိုသူများအတွက် ရှယ်ဖြစ်နေမှာပါ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက… ရက်စက်ကြမ်းကြုတ်တဲ့အရှင်မတစ်ပါးရှိတယ် သူမခံတပ်မြို့ဆီဘယ်ယောကျာ်းသားမှမကပ်ရဲလောက်အောင်ကြမ်းတဲ့သူပေါ့ ဒါပေမဲ့အဲဒီခေတ်မှာ သူမကအရှင်လတ်လတ်မြေမြှုပ်ခံခဲ့ရပြီး သူမရဲ့ကျိန်စာနဲ့အတူ ဝိဉာဉ်ကလည်းမကျွတ်လွတ်ဘဲ သွေးကြွေးဆပ်ဖို့ ယနေ့ခေတ်ထိတိုင်အောင်ရှိနေလေတယ် မျက်မှောက်ခေတ်မှာတော့…ဘုရင်မသွေးကြွေးဆပ်ရမဲ့လူကလူပြန်ဝင်စားလာခဲ့ပါတယ် သူကတော့ ဇာတ်လမ်းတွေရေးပြီး ပရိုဂျူဆာလိုက်ရှာနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်နေတာပါ ဒီလိုနဲ့ နှစ်ပေါင်းထောင်ချီကရန်ငြှိုးတွေ အကြေဆပ်ရမဲ့အချိန်ရောက်လာပြီး ဘုရင်မဝိဉာဉ်နိုးထလာခဲ့ချိန်မှာတော့….ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အခုပဲအပြေးဒေါင်းကြည့်လိုက်ပါရှင် File size…2.35GB / 1.04GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~Yunni~Khin Khin

6 2022 125 mins
Oh My Ghost
Tiku Weds Sheru
3.7

Tiku Weds Sheru (2023) IMDb-3.7/10 ဘောလီးဝုဒ်လောကမှာ ပွဲရှာတာနာမည်ကြီးတဲ့ မင်းသမီးကန်ဂနားထုတ်ပေးခဲ့ပြီး Cameoပါဝင်ထားတဲ့ နဝါးဇ်ရဲ့ရှားရှားပါးပါး Drama/Romanceကားလေးပါ။ ဇာတ်လမ်းလေးကလည်း မဲပြာပုဆိုးတွေက ကွဲထွက်နေတဲ့ ပိုးပုဆိုးလေးလို ထူးထူးခြားခြားဇာတ်လမ်းဇာတ်ကွက် အလန်းလေးမို့ အားလုံးပဲ သဘောကျလိမ့်မယ်လို့ ထင်ပါတယ် မင်းသားကြီးနဝါးဇ်ကဒီကားထဲမှာ ဒါရိုက်တာ ဇာတ်ညွှန်း သရုပ်ဆောင်ရူး ပြောရရင် ကိုယ်ပိုင်ဇာတ်ကားရိုက်ချင်နေတဲ့ သရုပ်ဆောင်ရူးလေးပါ ..အကြွေးတွေကလဲတပုံတပင်နဲ့ ဘာမဆို စိတ်နှစ်ပြီးလုပ်တတ်တယ်ဆိုတဲ့ ဆရာကြီးရဲ့တကယ့်အလုပ်ကတော့ ရွှေကြာချိတ်ဆက်ရေးပါ.. ရုပ်ရှင်တွေထဲမှာ ဖြတ်လျောက်လည်းလုပ်တယ်..လုပ်တိုင်းလည်း ခိုင်းသလိုငြိမ်ငြိမ်မနေပဲ တောင်ပြောဝင်ပြောလုပ်လို့ ကန်ထုတ်ခံရပါတယ် အဲ့အချိန်မှာအိမ်ကပေးစားတဲ့ |ရှော်တီလေးကို ပိုက်ဆံလဲရမိန်းမချောချောလေးရဆိုပြီး သပိတ်ဝင်အိတ်ဝင်လက်ထပ်လိုက်ပါတယ် မွမ်ဘိုင်းမြို့ကြီးက အိမ်မက်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတယ် ညတွင်းချင်းတောင် ဘဝတစ်ခုကို ပြောင်းလဲတိုးတက်စေနိုင်တယ်တဲ့ တီကူးတစ်ယောက် သူ့အိမ်မက်တွေ ပြည့်ဝနိုင်ဖို့ ချစ်ရသူကိုမျှော်ကိုးရင်း စောင့်နေခဲ့တာ ကြာပါပြီ ‌တစ်နေ့မှာ မွမ်ဘိုင်းသားကြီးက အိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ မွမ်ဘိုင်းမြို့ကြီးကို လိုက်ရဖို့ကြံပြီး ကိုနဝါးဇ်(ရှယ်ရူး)နဲ့လက်ထပ်ဖို့ ခေါင်းညိတ်လိုက်ပါတယ် ဇာတ်လမ်းနာမည်အတိုင်း တီကူးနဲ့ရှယ်ရူးတို့ညားကြလေသည်ပေါ့ တယောက်နဲ့တယောက်အကြောင်း သေချာမသိဘဲယူလိုက်ကြတဲ့နှစ်ယောက် တယောက်အရှုပ်အထုပ်တွေကို တယောက်ကသိပြီး အချင်းချင်းဘယ်လိုညှိနှိုင်းအဖြေရှာကြမလဲဆိုတာတော့….။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Saii~BpL~V~ThaikSanတို့ပဲဖြစ်သည်)

Adventure • Family
3.7 2023
Tiku Weds Sheru
Angel Whispers
5.6

ဒီကားလေးကတော့ ပြည့်တန်ဆာတွေကိုပဲလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားကားဖြစ်လို့ (၁၈)ယောက်ပေါင်းပြီးမှကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အစ်မလီလီဟာ ပြည့်တန်ဆာတွေကိုအခန်းငှါးစားတဲ့ တိုက်ရှင်တစ်ယောက်ဖြစ်တယ်။ အစ်မလီလီဟာ သဘောကောင်းပြီး သူ့ဆီမှာနေတဲ့ပြည့်တန်ဆာမလေးတွေကို မိသားစုလိုပဲ သဘောထားဆက်ဆံပေးတတ်တယ်။ တစ်ညမှာတော့ အခန်းငှါးတဲ့ပြည့်တန်ဆာတစ်ယောက်ဟာ ပျောက်နေပါတယ် အပြင်လဲမထွက်သွားဘူးလို့ဆိုတဲ့အတွက် တိုက်ပေါ်ကအခန်းလွတ်တွေမှာလိုက်ရှာကြပါတယ်။ မထင်မှတ်ပဲတွေ့လိုက်ရတာတော့ လွန်ခဲ့တဲ့တစ်လကအိမ်ပြန်သွားပြီဆိုတဲ့ ကောင်မလေးရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ပြည့်တန်ဆာတွေကိုသတ်တဲ့လူရှိပြီး ဒီတိုက်ထဲမှာပဲတရားခံကရှိနေတာကို သိလိုက်တဲ့အချိန်မှာ နောက်ကျသွားခဲ့ပါပြီ။ တရားခံကဘယ်သူဖြစ်နေမလဲဆိုတာကတော့ ဆက်ကြည့်လိုက်ဦးနော်။

5.6 2015
Angel Whispers
Frequently Asked Questions About Time Travel

ဒီတစ်ခါမှာတော့ Sci- Fi ဇာတ်ကားလေးတစ်ခုကကိုတင်ဆက်ပေးချင်ပါတယ် အချိန်ခရီးသွားဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကတော့ ရေး ပိထ်နဲ့ တိုဘီတို့ သူငယ်ချင်းသုံးယောက်ဟာ အလုပ်မှာအဆင်မပြေလို့ အရက်ဆိုင်ကိုသောက်ဖို့လာခဲ့ကြပါတယ် တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေမှုတွေပြောပြကြရင်းပေါ့ သူတို့ထဲမှာမှ “ရေး” က အချိန်ခရီးသွားခြင်းကိုအလွန်စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ အဲ့ဒီအရက်ဆိုင်မှာ ကတ်ဆီဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်လာပြီး သူမဟာ အနာဂတ်ကလာခဲ့တာဖြစ်ကြောင်းပြောပါတယ်။ သူက အချိန်ခရီးသွားသူပါတဲ့ အနာဂတ်မှာ ”ရေး” ဟာ နာမည်ကျော်တစ်ယောက်ဖြစ်ကြောင်းကိုလည်းပြောပြပါတယ် သူက အချိန်ယိုစိမ့်ပေါက်တွေကိုပြင်ရတဲ့သူပါ အရက်ဆိုင်ပတ်ဝန်းကျင်မှာ အချိန်ယိုစိမ့်ပေါက်ရှိနေလို့လာပြင်ရင်း ”ရေး” နဲ့တွေ့တာပါ သူရှာနေတဲ့အချိန်ယိုစိမ့်ပေါက်က အရက်ဆိုင်က သန့်စင်ခန်းမှာရှိနေတာပါ အဲ့ဒီတော့ အိမ်သာထဲကိုဝင်သွားမိတဲ့သူငယ်ချင်းသုံးယောက် ဘယ်ခေတ် ဘယ်အချိန်တွေကိုရောက်သွားမလဲ သူတို့ လက်ရှိကာလကိုရောပြန်ရောက်ပါ့မလားဆိုတာကိ စိတ်ဝက်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ် File size…(1.5 GB)/(879 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Comedy, Drama, Romance, Science fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2009
Frequently Asked Questions About Time Travel
27 Steps of May
7.9

27 Steps of May (2019) ပန်းပင်တစ်ပင်ရဲ့ အနုနယ်ဆုံးကာလကိုပြောပါလို့မေးရင်တော့ လူတိုင်းမှာ အဖြေတစ်မျိုးစီရှိကြမှာပေါ့။ တချို့က မျိုးစေ့ကနေ အပင်ပေါက်လာချိန်လို့ပြောရင်ပြောမယ်၊ တစ်ချို့ကလည်း အညှောက်ဘဝကနေ အရွက်တွေစထွက်လာတဲ့ အပင်ပေါက်ဘဝကို ကူးပြောင်းချိန်လို့ ပြောချင်ပြောကြမယ်။ ဒါပေမဲ့ ပန်းပင်တစ်ပွင့်ရဲ့တာဝန်ဟာ လှပတဲ့ပန်းပွင့်လေးတွေ ဖူးပွင့်လာဖို့လို့ ခံယူထားတဲ့ ကျွန်တော်ကတော့ ပထမဦးဆုံးပန်းစပွင့်ဖို့အားယူနေတဲ့ကာလက အနုနယ်ဆုံး လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ပထမဦးဆုံးပန်းစပွင့်မယ့်အချိန်မှာ မလိုလားအပ်တဲ့ပြဿနာကြုံလိုက်ရရင် တချို့ပန်းပင်တွေဟာ အပင်သေတဲ့အထိ အပွင့်မပွင့်တော့ဘဲ အပင်ချည်းသက်သက်အနေနဲ့ ရှင်သန်သွားကြလို့ပါပဲ။လူတွေအတွက်လည်း အတူတူပါပဲ။ စိတ်ဒဏ်ရာ Emotional Trauma ဆိုတဲ့စကားလုံးဟာ ခုခေတ်မှာ တွင်တွင်သုံးနေတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ စကားလုံးတစ်လုံးပေမဲ့ ဒီစကားလုံးရဲ့အတိမ်အနက်ကိုတော့ အမှန်တကယ်ကြုံဖူးသူတွေပဲ နားလည်နိုင်မှာပါ။ အခု တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကလည်း စိတ်ဒဏ်ရာအပြည့်နဲ့ အတိတ်ရဲ့အရိပ်ဆိုးအောက်က လွတ်မြောက်ဖို့ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။ ၁၄ နှစ်အရွယ် မေဆိုတဲ့ကောင်မလေးတစ်ယောက်၊ ဆယ်ကျော်သက်သက်ပီပီ တက်တက်ကြွကြွနဲ့ အများနည်းတူ စူးစမ်းချင်တဲ့အရွယ် လှချင်ပချင်တဲ့အရွယ်၊ ပျော်ပျော်ပါးပါးနေတတ်တဲ့မိန်းကလေးပေါ့။ ဒီမိန်းကလေး ကစားကွင်းကနေအပြန်မှာ လူတစ်စုကဖမ်းခေါ်သွားပြီးတော့ ရက်ရက်စက်စက် Group rapeလိုက်ပါတယ်။ အိမ်ကိုဖရိုဖရဲနဲ့ အသက်မဲ့တဲ့မျက်နှာနဲ့ပြန်လာတဲ့မေကိုကြည့်ပြီး ဖြစ်စဉ်ကိုသဘောပေါက်လိုက်ပေမဲ့ တက်ကြွပျော်ပါးခဲ့တဲ့ မေ ဆိုတဲ့ ကောင်မလေးကတော့ အဲဒီနေ့ အဲဒီအချိန်မှာပဲ သူ့ဘဝရဲ့ရှင်သန်မှုအဓိပ္ပာယ်တွေ ရပ်တန့်သွားခဲ့ပါပြီ။ အဖေဖြစ်သူနဲ့ စကားပြောတာလည်း မရှိတော့ဘဲ နေ့စဉ်လုပ်နေကျ အလုပ်တွေကိုပဲ ထပ်တလဲလဲလုပ်ရင်း သူမရဲ့ကမ္ဘာလောကကြီးကို ပိတ်လှောင်လိုက်ပါတော့တယ်။ ပန်းမပွင့်တော့တဲ့အပင်တစ်ပင်လို နေ့စဉ်ဘဝကို အဓိပ္ပာယ်မဲ့ဖြတ်သန်းနေတာကို ဘေးကနေ ဘာမှမပြောဘဲ ကြည့်နေရတဲ့ မေရဲ့အဖြစ်သူ လက်ဝှေ့သမား၊ ကိုယ်တိုင်က ကြမ်းကြမ်းရမ်းရမ်းလက်ဝှေ့သမားပေမဲ့ ဒီသမီးလေးတစ်‌ယောက်ကိုတောင် သေချာမကာကွယ်နိုင်ဘူးဆိုတဲ့အပြစ်တင်စိတ်နဲ့ မွန်းကြပ်နေရတဲ့သူ၊ သမီးလေးကို ရင်ဖွင့်စေချင် စကားပြောစေချင်ပေမဲ့ စကား‌မပြောခိုင်းရက်တဲ့ အဖေတစ်ယောက်ရဲ့ မွန်းကြပ်မှုတွေနဲ့ နေ့ရက်တိုင်းရှင်သန်နေရတဲ့သူတစ်‌ယောက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်နေတဲ့ ရင်ထဲပြည့်ကြပ်နေတဲ့ခံစားချက်တွေကို လက်ဝှေ့ကြိုးဝိုင်းမှာ သွားသွားပေါက်ကွဲနေတဲ့သူပေါ့။ ၈ နှစ်တာကာလသာကြာမြင့်သွားတဲ့ မေနဲ့သူ့အဖေကတော့ လွန်ခဲ့တဲ့ ၈ နှစ်က မုဒိမ်းကျင့်ခံရတဲ့ညမှာပဲ ရှင်သန်နေကြဆဲပါပဲ။ ဒီလိုနဲ့ နံရံကနေထွက်နေတဲ့ ပိတ်စတစ်စကို ဆွဲမိရာကနေ ဘေးအိမ်နဲ့မေရဲ့အခန်းကြားမှာ အပေါက်ဖြစ်သွားပြီးတော့ ၈ နှစ်တာကာလကြာအပြီးမှာ နေ့တိုင်းပုံသေဖြစ်နေတဲ့ မေရဲ့ဘဝထဲကို မထင်မှတ်ထားတဲ့ အရာတစ်ခုအဖြစ် မျက်လှည့်ဆရာလေး ရောက်လာပါတော့တယ်။ အဲဒီနောက်မှာတော့…… Heart touching Dialogue တွေလည်းမပါ ဘာမှထူးခြားတဲ့Sceneတွေမပါဘဲ အတော်လေးရိုးရှင်းတဲ့ပုံစံနဲ့ ပုံဖော်ထားပေမဲ့ ကြည့်ရှုသူကို မေနဲ့သူ့အဖေရဲ့ခံစားချက်တစ်စိတ်တစ်ပိုင်းကို တန်းပြီးတော့ခံစားမိသွားစေတဲ့အထိ၊ အင်ဒိုရုပ်ရှင်မှဟုတ်ရဲ့လားလို့တောင် တွေးမိသွားစေတဲ့အထိ Emotionally densed ဖြစ်တဲ့ ဒီရှားပါးရုပ်ရှင်လေးကို CMပရိသတ်တို့ ခံစားလို့ရအောင် တင်ဆက်လိုက်ပြီမလို့ Rape victim နဲ့ မိသားစုဝင်‌တွေရဲ့ဒုက္ခကို တစ်စိတ်တစ်ပိုင်းအားဖြင့် စာနာနိုင်ဖို့အတွက် ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.1GB | 593MB Format… mp4 Duration…. 1h 52mim Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

7.9 2019
27 Steps of May
Take Me Home Tonight
6.3

ဒီတစ်ခါ ပေါ့ပေါ့ပါးပါး ပျော်စရာ လူငယ်ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်… ဘဝမှာ လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုတွေ လုပ်ကြရစမြဲပါ ကလေးဘဝတည်းကစ… အသက်တွေကြီးလာတဲ့အထိ.. ကိုယ့်အတွက် ကောင်းမယ်ထင်တဲ့ဟာကို ရွေးချယ် ကြတာပါပဲ။ မှားမှာကို ကြောက်ပြီး ဘာမှမရွေးခဲ့ရင်တော့ မမှားဘူးပေါ့လေ.. သေချာတာကတော့ ဘာမှလည်း ဖြစ်မလာဘူးဆိုတာပါပဲ။ ဒီ လူငယ်ဖန်စီဇတ်လမ်းလေးမှာ မတ်ဖရန့်ကလင်းဆိုတဲ့ ကောင်လေးက ငယ်ငယ်ကတည်းက မှားမှာကို ကြောက်တတ်တဲ့သူပါ..MIT ကျောင်းလိုမျိုးကနေ ဘွဲ့ရပြီးတာတောင် မအောင်မြင်မှာကြောက်ပြီး ဘာအလုပ်မှ လုပ်ဖို့ မရွေးချယ်ရဲဘဲ ကုန်တိုက်တစ်ခုက ဗီဒီယိုဆိုင်မှာ အလုပ်ဝင်လုပ်နေပါတယ်… တစ်နေ့မှာ ကျောင်းတုန်းက သူကြိတ်ကြွေခဲ့ရတဲ့ တိုရီ ဆိုတဲ့ ကောင်မလေးကို ပြန်ဆုံမိပါတယ်။ မတ် တစ်ယောက် တိုရီကို ဘယ်လိုတွေ ပြောပြီး ပါတီအတူတက်ရဖို့ ကြံဖန်မလဲဆိုတာ..။ File size…2.26GB / 915MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Thriller
6.3 2011
Take Me Home Tonight
The Bride and The Beast
5.8

ကွေ့ထုံနဲ့ လန်သယ်တို့ဟာ ငယ်ငယ်ကတည်းက ခင်မင်ရင်းနှီးကြပြီး လူငယ်အချင်းချင်းမေတ္တာမျှနေကြပါတယ်။ ဒါပေမဲ့ ကွေ့ထုံရဲ့ အဖေဟာ သူ့သမီးကို ရွာသူကြီးရဲ့ သားဖြစ်သူ ချီဖုန်းနဲ့ လက်ထပ်ပေးဖို့ စီစဉ်နေပါတယ်။ ဒီအချိန်မှာ သူတို့ ကွေမိသားစုဆီကို ကံဆိုးမှုကြီးတစ်ခု ရောက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ရွာရဲ့ ရိုးရာအရ မိန်းမပျိုလေးကို လော့ဟွားဂူထဲက တောင်နတ်ဆီ ဆက်သဖို့အတွက် ကွေ့ထုံက အရွေးခံလိုက်ရတာပါပဲ။ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ မလွတ်မြောက်ခဲ့တဲ့ ကွေ့ထုံဟာ သူ့ကံကြမ္မာကိုပဲ လက်ခံလိုက်ရပါတော့တယ်။ ညကြီးသန်ခေါင် သတို့သမီးဝေါယာဉ်ကို သတို့သမီးအရံမိန်းမပျို ယောကျာ်းပျိုလေးတွေနဲ့ တောင်ပေါ်ကို လိုက်ပို့ကြတဲ့အခါ ဘယ်လို ထိတ်လန့်စရာအဖြစ်တွေနဲ့ ကြုံရမလဲ…… လော့ဟွားဂူထဲကို အပို့ခံခဲ့ရတဲ့ မိန်းမပျိုလေးတွေကရော ဘယ်လိုအဖြစ်မျိုးတွေ ကြုံတွေ့ခဲ့ကြတာလဲ…… ဒီလို အဖြစ်တွေက နတ်ကလုပ်တာလား လူတွေရဲ့ ယုတ်မာတဲ့ အကြံပဲလား ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
The Bride and The Beast
Painted Skin: Love is Destroyed
5.8

ဒီဇာတ်ကား‌လေးကတော့ တရုတ် ဒဏ္ဍာရီထဲက ရှေးခေတ်မြေခွေးတွေ နဂါးတွေနဲ့အတူ ခွင်းလွင်တောင်က အမတနတ်မျိုးနွယ်တွေပါဝင်ပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ – လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ခန့်က မိစ္ဆာဘုရင်မ‌ရဲ့သောင်းကျန်းမှုကြောင့်သက်ရှိတွေ ထိခိုက်အနာတရတွေအများကြီးဖြစ်ခဲ့ပါတယ် ။ ဒီလိုနဲ့ အဲဒီမိစ္ဆာဘုရင်မကို ဖိနှိပ်ဖို့အတွက် အရှေ့ပင်လယ်နဂါးမျိုးနွယ်စုနဲ့ခွင်းလွင်တောင်ရဲ့ အမတနတ်မျိုးနွယ်တွေပူးပေါင်းပြီး နှိမ်နင်းရတော့တာပေါ့ ။ အဲဒီအချိန်မှာ မိစ္ဆာဘုရင်မရဲ့နတ်ဆိုးဝိညာဉ်ကို နဂါးမျိုးနွယ်စုရဲ့ တတိယမင်းသမီးရဲ့ကိုယ်ထဲမှာ ချိတ်ပိတ်ခဲ့ကြပါတယ် ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ အဲဒီနတ်ဆိုးဝိညာဉ်ဟာ ပြန်ပြီးတွန်းကန်လာခဲ့ပါတယ် ။ အဲဒါကိုသိတဲ့ ခွင်းလွင်တောင်ကသခင်လေးက သူ့ကိုယ်သူစတေးပြီး တတိယမင်းသမီးလေးကိုကယ်တင်ခဲ့ပါတယ် ။ အဲဒီလိုနဲ့သူလည်းသေဆုံးသွားပြီးလူ့လောကမှာလူဝင်စားသွားဖြစ်ချိန်မှာတော့… နဂါးမင်းသမီးလေးကလည်း သူ့ကိုလိုက်ရှာ ၊ နောက် နဂါးမင်းသမီးမှာရှိနေတဲ့ ချစ်ရွှမ်းဝိညာဉ်သစ်ရွက်ကိုလည်းလိုက်ရှာနေ‌တဲ့ မိစ္ဆာအုပ်စုတွေကလည်းရှိသေးပြန် ။ ဒီလိုနဲ့သူတို့၂ယောက် အဲဒီမိစ္ဆာတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ ? မိစ္ဆာဘုရင်မကရောပြန်ပေါ်လာမှာလား ? ပေါ်လာရင်ဘယ်လို ဂြိုလ်မွှေအုံးမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာစောင့်ကြည့်ပေးကြပါဦး

5.8 2024
Painted Skin: Love is Destroyed