YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Betrayal.S01E11.1080p.CM.mp4

965.24 MB N/A video/mp4 26 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Papaya: Love Goddess of the Cannibals (18+)
4.3

(ကြမ်းတမ်းစွာ ဖော်ချွတ်သော ဇာတ်ဝင်ခန်းများ ပါဝင်သည်မို့ အများနဲ့ မကြည့်ရှုသင့်ပါ) အသစ်နဲ့အဟောင်း အရိုင်းနဲ့အယဉ်... အသစ်နဲ့အဟောင်းကတော့ ခွဲရခြားရလွယ်ပေမဲ့ အရိုင်းနဲ့အယဉ်ဆိုတာ အင်မတန်ခွဲခြားဖို့ ခက်တဲ့ ပါးလွှာတဲ့မျဉ်းပါပဲ။ စာနာတရားခေါင်းပါးတဲ့ လူ့ယဉ်ကျေးတွေဟာ လူနေမှုအဆင့်အတန်းဆိုတဲ့ အယဉ်ခေါင်းစဉ်တွေတပ်ပြီး အရိုင်းလို့သမုတ်ထားတဲ့ သူများယဉ်ကျေးမှုကို ဖြိုဖျက်ပြီး စိတ်စေရာအတိုင်း အသစ်ပြန်သဖို့ လုပ်ကြတယ်။ ဒါပေမဲ့ သူတို့ယဉ်ကျေးမှုနဲ့ သူတို့နေနေတဲ့ အရိုင်းလို့ သမုတ်ခံရတဲ့လူတွေဟာ လူ့ယဉ်ကျေးတွေကို ပြန်တွန်းလှန်ဖို့ ဖြစ်လာခဲ့တယ်။ ဒီအကြောင်းကို သည်းထိတ်ရင်ဖိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီကားက Erotic ကားပေမဲ့ Adventure ကားဆန်သလို Mystery လည်းဆန်ပါတယ်။ ပြောရရင် ဟိုးတုန်းက သိပ်မအောင်မြင်ခဲ့တဲ့ အလန်ကွာတာမိန်းကားတွေရဲ့ အငွေ့အသက်မျိုးရတယ်။ တစ်စုံတရာကိုရှာဖွေရင်း မသိသေးတဲ့ ကမ္ဘာဟောင်းကို ရောက်သွားပြီး မကြုံစဖူး ယဉ်ကျေးမှုတွေ မျိုးနွယ်တွေ အန္တရာယ်တွေနဲ့ ကြုံလာရပြီး အဲဒီအန္တရာယ်တွေကြားက လွတ်မြောက်အောင်ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးပါပဲ။ စွန့်စားခန်းကားတွေ ရှေးဟောင်းနယ်မြေကားတွေ သည်းထိတ်ရင်ဖိုကားတွေကိုလိုမှ Erotic အငွေ့အသက်နဲ့ ရိုက်ထားတဲ့ကားမျိုးမို့ တော်တော်များများ ကြည့်ပျော်ကြမယ့် ဇာတ်လမ်းမျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 680MB Quality - 1080p, 720p Format - mp4 Duration - 1H 26Min Genre - Crime, Horror, Romance Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by RGB

Drama
4.3 1978 86 mins
Papaya: Love Goddess of the Cannibals (18+)
Collision
5.9

အာဖရိက ရုပ်ရှင်တွေကို စင်တင်ပေးဖို့ ကြိုးစားနေတဲ့ Netflix ရဲ့ ကြိုးစားအားထုတ်မှုလေးပါ။ ဒီဇာတ်ကားလေးကတော့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်ဘတ်မြို့ကို အခြေတည်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ယာဉ်တိုက်မှု တစ်ခုနဲ့ အစပြုထားပြီး အဲဒီနောက်မှာတော့ ဂျိုဟန်ဆိုတဲ့ ကုမ္ပဏီလုံခြုံရေးခေါင်းဆောင်က ဘဏ္ဍာစီမံမှူးအဖြစ် ရာထူးတိုးဖို့ ကြိုးစားနေတာတွေ့မြင်ရမှာပါ။ ခေတ်ကာလကတော့ လူဖြူလူမည်း ခွဲခြားမှုတွေ ရှိနေဆဲအပြင် ဂျိုဘတ်မြို့သားတွေက နိုင်ဂျီးရီးယန်းတွေနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေကိုပါ မကျေမနပ် ဖြစ်နေကြတဲ့ အချိန်လေးပေ့ါ။ ဂျိုဟန်ရဲ့ ဇနီးနဲ့ ဂျစ်ကန်ကန်သမီး နစ်ကီတို့က အမေရိကန်သွားဖို့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများနေကြပါတယ်။ နစ်ဟာ အမေရိကား ခရီးကို လုံးဝစိတ်မဝင်စားဘဲ ကျောင်းလစ်ပြီး လူမည်း ရည်းစား ဆီဆဲလ်နဲ့ အတူ ကလပ်တက် ဆေးရှူ လုပ်ဖို့လောက်ပဲ စိတ်ဝင်စားပါတယ်။ တစ်ဖက်မှာတော့ ဘရာဆိုးဆိုတဲ့ လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ကို အမေချစ်သား အနေနဲ့လည်း မျက်နှာနှစ်ဖက်နဲ့ တွေ့မြင်ရမှာပါ။ ပိုက်ဆံငါးသန်း မရှာနိုင်ရင် သူ့ရဲ့ ကျောင်းဆောက်တဲ့ ပရောဂျက်ကို ပိတ်ပစ်မယ်လို့ မြို့တော်ဝန်က ခြိမ်းခြောက်လိုက်တော့ သူလည်းနစ်ကို ပြန်ပေးဆွဲပြီး ငွေငါးသန်းညှစ်ပါတော့တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားသားတွေကို ဆန့်ကျင်တဲ့ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတယ်။ ရုန်းရင်းဆန်ခတ် အခြေအနေတွေကြားမှာ သမီးကို ပြန်ရဖို့ သူ့ရဲ့ မိဘတွေ ဘယ်လိုကြိုးစားအားထုတ်ကြမလဲ? ဘာတွေဆက်ဖြစ်မလဲ? ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက် ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size : 1.7GB, 613MB, 285MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 39mins Genre : Crime, Drama, Thriller Translated by Poant Encoded by Kinnov

Action • Fantasy • Horror • Science Fiction • Thriller
5.9 2022 99 mins
Collision
What We Forgot to Remember

ဒီတခါတော့ အရှေ့တောင်အာရှဇာတ်ကားလေးဖြစ်တဲ့ ဗီယက်နမ် အချစ်ကားလေး ကိုခံစားကြည့်ကြပါဦး ... ဇာတ်လမ်းအကျဉ်းလေးက... လိုအန်ဆိုတဲ့ ဂျာနယ်လစ်မလေးက အလုပ်ကြိုးစားတဲ့ ထက်ထက်မြက်မြက်ကောင်မလေးပါ တနေ့ သူ့အဖေက စိတ်ကျန်းမာရေးဆေးရုံမှာ တက်နေရင်း ရုတ်တရက် ဆုံးပါးသွားခဲ့ပြီး ဆေးရုံမှာ မသင်္ကာစရာ ကိစ္စတွေရှိနေတာကို သတိထားမိသွားလို့ ပြသနာရင်းမြစ်ကို စုံစမ်းဖို့လုပ်ပါတော့တယ်။ ဒီမှာ လူမိုက်အဖွဲ့တစ်ခုရှိတယ်...ဘင် ဆိုတဲ့ ကောင်လေးက လူမိုက်အဖွဲ့က အောက်ဆုံးအဆင့် တောက်တိုမယ်ရကောင်လေး.... လိုအန်စုံစမ်းနေတဲ့ ပြသနာကို ဆက်မစုံစမ်းအောင် ဖြဲခြောက်ခိုင်းလိုက်တဲ့ဘင်နဲ့ ထက်မြက်တဲ့လိုအန်တို့ ဘယ်လိုတလွဲတွေနဲ့ ဆုံတွေ့ကြမယ်... ဘယ်လို အချစ်ဇာတ်လမ်းတွေ ဖန်းတီးမိကြမလဲဆိုတာ...။ ဗီယက်နမ်ကားလေးဆိုတော့ ယဉ်ကျေးမှုလဲ သိပ်မကွာသလို ဇာတ်လမ်းလေးကလဲ ကြည့်လို့လဲကောင်းတဲ့အတွက် အချစ်ကားလေးတွေ ကြည့်ချင်နေသူတွေအတွက်တော့ အိုကေ စိုပြေပါပဲဗျာ။ File size…(2.5 GB)/(999 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:50:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn

Action • Crime • Thriller
0 2020 110 mins
What We Forgot to Remember
The Way of the Gun
6.4

အခုတင်ဆက်ပေးမှာကတော့ Bencio နဲ့ Ryan Phillipe တို့ရဲ့ crime action ရုပ်ရှင်သစ်ပါ ၂၀၀၀ ပြည့်နှစ်ကာလကိုနောက်ခံထားပါတယ် Bencio က Traffic (2001) ရုပ်ရှင်နဲ့ Best Supporting Actor ဆုရထားပြီးRyan Phillipeကတော့ တော်တော်များများသိကြတဲ့ horror series ''I Know What You Did Last Summer'' နဲ့နာမည်ကြီးပါတယ် ဇာတ်လမ်းအကျဥ်း အငှားကိုယ်ဝန်ဆောင်ပေးတဲ့အမျိုးသမီးတစ်ယောက် သူ့နာမည်က ရော်ဘင်။ ကလေးပိုင်ရှင်လင်မယားရဲ့အိမ်မှာ သက်တော်စောင့်တွေရဲ့အချိန်ပြည့်စောင့်ကြည့်မှုနဲ့ အကျဥ်းသားတစ်ယောက်လိုနေရတဲ့သူ။ ကလေးမီးဖွားပြီးရင် သူ့တာဝန်ပြီးဆုံးမှာဖြစ်ပြီး အဖိုးအခအနေနဲ့ ဒေါ်လာတစ်သန်းယူပြီးထွက်သွားရုံပါပဲ။ ဒါပေမဲ့ ကလေးမီးဖွားဖို့တစ်ပတ်အလိုမှာ ပြန်ပေးဆွဲခံလိုက်ရပြီး..... ဇာတ်ညွှန်းရေးသူဟာ ဒီဇာတ်ကားကိုကြည့်တဲ့သူတွေကို ဘယ်သူ့ဘက်ကိုပါရမှန်းမသိအောင် ဘယ်ဇာတ်ကောင်ကိုယုံရမယ်မှန်းမသိအောင် လုပ်ထားပါတယ်။ ဇာတ်လမ်းရဲ့ main role နှစ်ယောက်ကအစ ခိုးဆိုးလုယက်သူတွေဖြစ်နေလို့ပါပဲ။ အငှားကိုယ်ဝန်ဆောင်မိန်းကလေးဟာလည်း ထင်သလောက်ရိုးရှင်းမနေခဲ့ပါဘူး။ ပြန်ပေးဆွဲမခံရခင်ကတည်းက ကလေးကိုပေးစရာမလိုမယ့်နည်းလမ်းကို စဥ်းစားနေခဲ့တာဆိုရင်ရော...... ငွေမဲခဝါချတဲ့အလုပ်နဲ့ကြီးပွားနေတဲ့ ကလေးပိုင်ရှင် အဘိုးကြီးနဲ့ သူ့ဇနီးငယ်ငယ် ၊ အငှားကိုယ်ဝန်ဆောင်မိန်းကလေး ၊ ဆရာဝန် ၊ သက်တော်စောင့် သူတို့အားလုံးကြားမှာ ဖုံးကွယ်ထားတဲ့ဆက်ဆံရေးတွေ သစ္စာဖောက်မှုတွေရှိနေပြီး ဘယ်သူကမှ ဘယ်သူ့ကိုမှမယုံဘဲ အားလုံးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ play နေကြတာပါပဲ ဒီဇာတ်ကားကနေ တွေးမိတဲ့အချက်ကတော့ လူတွေဟာ အပေါ်ယံမြင်ရတာထက်ပိုတယ်ဆိုတာပါပဲ ဒေါ်လာတစ်သန်းအတွက်တိုက်ပွဲက ဘယ်လိုအဆုံးသတ်သွားမလဲ။ kidnapperနှစ်ဦးကနောက်ပြန်လှည့်ဖြစ်မှာလား။ အငှားကိုယ်ဝန်နဲ့မိန်းကလေးအတွက်ဇာတ်သိမ်းကရောဘယ်လိုဖြစ်မှာလဲ.... ဒါရိုက်တာ Christopher McQuarrieရိုက်ကူးထားပြီး IMDb 6.6 ရထားပါတယ် File size…(2.5 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hnin Ei Pai

Action • Drama • History
6.4 2000 119 mins
The Way of the Gun
Captain Marvel
6.8

Marvel Cinematic Universe Intro ======================= Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(2 GB) and (1.7 GB ) and (423 MB) Quality…1080p BluRay 5.1 DTS Format…mp4 Duration….02:03:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Moe Myint Lwin Translated by Little Neo

Comedy • Romance
6.8 2019 124 mins
Captain Marvel
Martyr or Murderer
5.5

နိုင်ငံရေးအကြောင်း၊ သမိုင်းကြောင်းတွေ စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအတွက် ၂၀၂၃ခုနှစ်မှာ ထွက်ရှိ တဲ့ ဖိလစ်ပိုင်ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဖိလစ်ပိုင်နိုင်ငံရဲ့သမိုင်းမှာ နာမည်ကြီးနိုင်ငံရေးဦးဆောင် မိသားစု ၂စုဖြစ်တဲ့ အကွီနိုမိသားစုနဲ့ မားကို့စ်မိသားစုတို့ကြားက ရန်ကြွေးဟာ လူသိထင်ရှားပါပဲ။ ဒီဇာတ်လမ်းဟာ ၎င်းမိသားစုနှစ်စုရဲ့ ကျောင်းတော်ကရန်စ၊ အတိတ်နောက်ခံသမိုင်း၊ နိုင်ငံရေးမှာအားပြိုင်မှု စတာတွေကို ဖော်ကျူး ခြယ်မှုန်းထားတဲ့ စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ်ဟာ အာဏာရှင်အဖြစ်ကျော်ကြားပြီးတော့ စစ်အုပ်ချုပ်ရေး ကာလထုတ်ပြန်ပြီး အုပ်ချုပ်ခဲ့ ချိန်တွေအပါအဝင် နှစ်ပေါင်း ၂၀ နီးနီး ဖိလစ်ပိုင်နိုင်ငံကို ကြိုးကိုင် ချယ်လှယ်ခဲ့တဲ့သူပါ။ သူအုပ်စိုးစဉ်ကာလအတွင်း၊ သူ့သမ္မတသက်တမ်းအတွင်း သူ့ရဲ့အဓိကပြိုင်ဘက်၊ အဓိက ဝေဖန်တိုက်ခိုက်ခဲ့သူ ကတော့ လွှတ်တော်အမတ် ဟောင်း၊ တာလေးဒေသအုပ်ချုပ်ရေးမှူးဟောင်း နီနွိုင်းအကွီနို ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ် အာဏာကနေ ပြုတ် ကျသွားတာကလည်း လေဆိပ်မှာ နီနွိုင်းအကွီနို လုပ်ကြံအသတ်ဖြတ်ခံရမှုရဲ့ နောက်ဆက်တွဲဂယက်ကြောင့် ဖြစ်ပြီး သူ့ကိုဖြုတ်ချတဲ့ ပြည်သူ့အာဏာတော်လှန်ရေးကို ဦးဆောင်သူကလည်း နီနွိုင်းအကွီနိုရဲ့ ဇနီးသည်ဖြစ်သူ၊ ၁၁ကြိမ် မြောက်သမ္မတဖြစ်လာသူ ကော်ရာဇိုအကွီနိုပါပဲ။ ဖာဒီနန်မားကို့စ်ရဲ့ဇနီးဖြစ်သူ အီမယ်လ်ဒါမားကို့စ်ဟာ တချိန်က နီနွိုင်းအကွီနိုနဲ့ ချစ်သူဖြစ်ခဲ့ပြီး မားကို့စ်နဲ့ တွေ့ဆုံပြီး သိပ်မကြာခင်မှာပဲ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး အီမယ်လ်ဒါမားကို့စ်ဟာ ဖိနပ်အရံ (၁၀၀၀၀) တစ်သောင်းထိ ရှိတယ်လို့ ထိုစဉ်က လူသိထင်ရှားကျော်ကြားခဲ့သူပါ။ ဒီဇာတ်လမ်းဟာ ဖာဒီနန်မားကို့စ် ဇာတ်လမ်းအကြောင်း ရိုက်ကူးတဲ့ ဇာတ်ကား ၃ ကားထဲမှာ ဒုတိယ မြောက် ကားဖြစ်ပြီး (၂၀၂၂)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Maid in Malacanang ရဲ့နောက်ဆက်တွဲဖြစ်ပါတယ်။ ပထမ ဇာတ်လမ်း နဲ့ပက်သက်ပြီး ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ ဝေဖန်မှုများစွာနဲ့ ဂယက်ရိုက်ခဲ့သလို အခုဒီဇာတ်လမ်းနဲ့ ပက် သက်ပြီးလည်း ဝေဖန်သံတွေ သောသောညံနေဆဲပါ။ အကြောင်းကတော့ နီနွိုင်းအကွီနိုဘက်ကို အနည်းငယ်ပုတ် ခတ်ထားပြီး ဖာဒီနန်မားကို့စ်ဘက်ကို လျှော့ပေါ့ထားတဲ့အကြောင်းအရာတွေများပြားနေလို့ပါ။ လက်ရှိသမ္မတ ဖြစ်သူက ဖာဒီနန်မားကို့စ်ရဲ့သားဖြစ်သူ ဖြစ်နေတဲ့အကြောင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့ သမိုင်းဖြစ်စဉ်မှာ အဓိကကျတဲ့နေရာမှာပါဝင်ခဲ့တဲ့ မိသားစု ၂စုရဲ့ အတွင်းရေးအချို့ကို လှစ်ဟပြထားတဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဖြစ်စဉ်နဲ့ချိန်ထိုးပြီး ခံစားနိုင်မယ့် ဇာတ်ကားကောင်းတစ်ခုဆိုတာကို ညွှန်းဆိုပါရစေ။ File size…1.54GB / 680MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ko Myo

5.5 2023
Martyr or Murderer
Incendies
8.3

Unnamed Middle East Countryတစ်ခုမှာဖြစ်တဲ့ ဘာသာရေးပြည်တွင်းစစ်ပွဲတစ်ခုရဲ့ရိုက်ခတ်မှုကြောင့် နာဝယ်မာဝန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ကြုံခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် စစ်ပွဲဆိုတာက လူတွေအပေါ် အသက်ဆုံးရှုံးစေတာထက်ပိုပြီး ပြင်းထန်နာကျင်စရာကောင်းတဲ့ ခါးသီးမှုဒုက္ခတွေပေးနိုင်ကြောင်းကို ဒီကားထဲမှာ ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအစမှာ နာဝယ်မာဝန်က သူမရဲ့သားသမီးတွေဖြစ်တဲ့ ဂျန်းမာဝန်နဲ့ဆီမွန်မာဝန် အမွှာနှစ်ယောက်လက်ထဲကို သူမရဲ့သေတမ်းစာကနေတစ်ဆင့် စာနှစ်စောင်ထားရှိခဲ့တယ်။ တစ်စောင်က စစ်ပွဲမှာသေဆုံးသွားပြီလို့ အမွှာနှစ်ယောက်သိထားတဲ့ သူတို့ရဲ့အဖေက သက်ရှိထင်ရှားရှိနေတာကိုသိရပြီး အဖေကိုလိုက်ရှာပြီး ပို့ပေးရမယ့်စာဖြစ်နေတယ်။ နောက်တစ်စောင်ကတော့ တစ်ခါမှမသိခဲ့ဖူးတဲ့ သူတို့ရဲ့ သွေးသားရင်းအစ်ကိုတစ်ယောက်ကို လိုက်ရှာပြီးပို့ပေးရမယ့်စာပေါ့။ ဒီလိုနဲ့ အမွှာနှစ်ယောက်က သူတို့အမေရဲ့အတိတ်ကိုတူးဖော်ရင်း တဖြည်းဖြည်းနဲ့သိလာခဲ့ရတာတွေက ဘာတွေဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲမှာလေးနေမှာတော့ သေချာပါတယ်။ ဇာတ်ကားထဲက နာဝယ်မာဝန်က လူတစ်ယောက်ဆီမှာ ကြုံရနိုင်တဲ့ဒုက္ခကိုမှ အပြင်းထန်ဆုံးlimitအထိရရှိသွားတဲ့ သူတစ်ဦးမို့လို့ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲတော်တော်လေးနေပါလိမ့်မယ်။ ခါးသီးမှုတွေနဲ့ကျင့်သားမရဖူးသေးတဲ့သူဆိုရင် ကြည့်မိရင် စိတ်ဒဏ်ရာရသွားနိုင်တဲ့ကားမို့လို့ ကြိုချင့်ချိန်ပြီးမှကြည့်ဖို့ ကြိုမှာချင်ပါတယ်နော်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre…Drama, War, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

8.3 2010
Incendies
Three Blind Mice

သွေးသံရဲရဲနဲ့ ရက်ရက်စက်စက်သတ်ဖြတ်တာတွေပါတဲ့ Horror thriller ကြိုက်တတ်တဲ့သူတွေအတွက် Three Blind Mice ဆိုတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ အာဘီဂိုင်းလ်ဆိုတဲ့ကောင်မလေးဟာ မူးယစ်ဆေးစွဲနေတာကြောင့် ကောလိပ်ကနေအိမ်ပြန်ပို့ခံလိုက်ရပါတယ် အဲ့ဒါကြောင့် သူမိဘတွေဟာ သူတို့သမီးလေးဆေးပြတ်ဖို့ကို တိုင်ပင်ဆွေးနွေးပြီး ဆရာဝန်ရဲ့အကြံပြုချက်အရ မြို့နဲ့ဝေးရာ သစ်တောအုပ်ထဲက အိမ်လေးမှာခေတ္တသွားနေဖို့ဆုံးဖြတ်ခဲ့ကြပါတယ် အာဘီဂိုင်းလ်ရယ် သူ့မိဘတွေရယ် အာဘီဂိုင်းလ်ရဲ့အစ်ကိုရယ် နောက်သူ့သူငယ်ချင်းတစ်ယောက်ရယ် လိုက်သွားကြပါတယ် အဲဒီတောအုပ်ထဲမှာ ဘယ်လိုသတ္တဝါတွေကစောင့်ကြိုနေမလဲ သူတို့ဘာတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို အသဲတယားယားနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာ လူကို ရက်ရက်စက်နှိပ်စက်ပြီး သွေးထွက်သံယိုရိုက်ကွက်တွေအများကြီးပါတာကြောင့် အစာစားရင်းမကြည့်ဖို့တော့အကြံပြုလိုပါတယ် File size…(1.2 GB)/(529 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Rubyjane

Drama • Romance
0 2023
Three Blind Mice
Phases of the Moon
5.9

ဒီတစ်ခေါက်ကားလေးကတော့ 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ Phases of the moon ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင် ဟိုတစ်လောကမှထွက်ရှိထားတဲ့ My happy marriage live action က အဆိုတော်သရုပ်ဆောင် Meguro Renလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါက‌တော့ ဇာတ်လမ်းအကျဉ်းလေးပေါ့နော်။ Tsuyoshi Osanai ဟာ ဇနီးဖြစ်တဲ့ Kozue Osanaiရယ် သူ့ရဲ့သမီးဖြစ်သူ Ruri Osanai ရယ်နဲ့ မိသားစုသုံးယောက် ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့တာပါ။ ဒါပေမဲ့ ရုတ်တရက် ဇနီးနဲ့သမီးဟာ မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ကြပြီး သူ့ရဲ့ဘဝဟာလည်းပျော်ရွှင်မှုတွေပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ အဲ့လိုနဲ့ တစ်ရက်မှာတော့ Tsuyoshi ဆီကို Misumi Akihiko ဆိုတဲ့ဓာတ်ပုံဆရာတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။ Tsuyoshi ရဲ့ ဇနီးနဲ့သမီးဖြစ်သူ မတော်တဆဖြစ်ခဲ့တဲ့နေ့မှာ သူနဲ့တစ်ခါမှတွေ့ဆုံသိကျွမ်းဖူးခြင်းမရှိတဲ့ Ruriဟာ သူနဲ့တွေ့ဖို့လာနေရင်းမတော်တဆဖြစ်ခဲ့တယ်ဆိုတာကို Misumi ကပြောပြခဲ့ပါတယ်။ အဲ့ဒီအပြင် သူ့ရဲ့သေဆုံးသွားတဲ့ချစ်သူ Ruri Masaki ရဲ့အကြောင်းကိုပါပြောခဲ့ပြီး Ruri Osanai ဟာ သူ့ရဲ့ချစ်သူဝင်စားတာဖြစ်နိုင်ကြောင်းပြောပြခဲ့ပေမဲ့ Tsuyoshi ကတော့လက်မခံနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ Tsuyoshi က သူ့သမီးဟာ လူဝင်စားတယ်ဆိုတာကိုယုံကြည်လက်ခံသွားနိုင်မှာလား။ ချစ်ရသူကိုတွေ့ချင်လို့ လူပြန်ဝင်စားခဲ့တဲ့ Ruriကရော Misumi ကိုတွေ့နိုင်သွားမှာလား ဆိုတာကိုတော့ ပရိသတ်ကြီးကပဲ ဆက်ပြီးတော့ကြည့်ရှုကြည့်လိုက်ကြပါနော်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Khaing ပဲဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p | 720p File size… 1.5GB | 776MB Format… mp4 Duration…. 2h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron

Thriller • Horror • Drama • Mystery
5.9 2022 128 mins
Phases of the Moon
The Devil’s Wedding Night
5.3

The Devil’s Wedding Night (1973) Genre – Horror ကမ္ဘာမြေပေါ် ဥက္ကာခဲကြွေကျတုန်းက အဲဒီဒြပ်ထုနဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်းလက်စွပ်ဆိုတာက အစွမ်းထက်ပြီး လူသားမျိုးနွယ်ကိုပါ လွှမ်းမိုးနိုင်တယ်တဲ့။ ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာရှီလာဟာ ဒီလက်စွပ်အကြောင်းကို စုံစမ်းနေရင်း တည်နေရာကို သိသွားခဲ့ပါတယ် အဲဒါကတော့ နာမည်ကျော် ထရန်ဆယ်ဗေးနီးယားက ဒရက်ကူလာရဲတိုက်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေ့လာချင်ဇောအားကြီးနဲ့ ဒေါက်တာရှီလာတစ်ယောက် လာဒရက်ကူရွာလေးကို ခရီးထွက်လာပါတော့တယ်။ တည်းခိုခန်းမှာ ခဏနားတော့လည်း ဒေသခံတွေက မနက်ဖြန်လပြည့်နေ့ဟာ နှစ် ၅၀ မှ တစ်ကြိမ်ဖြစ်တဲ့ အပျိုစင်လပြည့်ည ဖြစ်ပြီး ဒရက်ကူလာရဲတိုက်ကိုသွားတဲ့ ရွာထဲက အပျိုစင်တွေဆိုရင် အသွားပဲရှိပြီး အပြန်မရှိတဲ့ ဒဏ္ဍာရီကို ကြားဖူးကြလို့ မသွားဖို့ တိုက်တွန်းပေမဲ့လည်း သုတေသီပီပီ စူးစမ်းလိုစိတ်များကြီး ဒရက်ကူလာရဲတိုက်ကြီးကို ရောက်သွားတဲ့အခါမှာတော့……။ ရှေးဟောင်းကားလည်းဖြစ် ဥရောပကားလည်းဖြစ် သရဲကားလည်းဖြစ်ပြန်တော့ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းတဲ့အခန်းတွေ ပါဝင်တာကြောင့် သတိတစ်ချပ် ပြုစေလိုပါတယ်ဗျာ။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 23m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

Drama • History
5.3 1973 83 mins
The Devil’s Wedding Night
My Dog Stupid
6.2

IMDB – 6.2 Rotten tomatoes – 80% မော်ရီမိုဟန်ဟာ လွန်ခဲ့တဲ့ 25 နှစ်တုန်း bestseller စာအုပ်ကိုရေးသားခဲ့ပြီးနောက်ပိုင်းမှာတော့ ပေါက်ကရ ဖွတ်ကျားစာပေတွေပဲရေးနေမိတယ်။ စာရေးဖို့ဆိုပြီး ဆုရတုန်းကငွေကြေးတွေနဲ့ ပင်လယ်ကမ်းခြေနဲ့နီးတဲ့ နေရာမှာ မြေငါးဧကကျယ်တဲ့အိမ်တစ်လုံးဝယ်ထားခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့ပါဘူး။ စာပေစိတ်ဝင်စားတဲ့ စီဆီလ်နဲ့အတူအိမ်ထောင်ကျပြီး သားသုံးယောက် သမီးတစ်ယောက်ထွန်းကားခဲ့တယ်။ လူရိုသေရှင်ရိုသေစာပေတွေမရေးနိုင်ခဲ့တာက ဒီကလေးတွေကြောင့်ဆိုပြီး စိတ်ထဲမှာအမြဲတမ်းပြစ်တင် နေခဲ့တယ်။ သူ့အိပ်မက်ဖြစ်တဲ့ ရောမမြို့ကိုသွား ၊ အနုပညာတွေကိုခံစား ၊တစ်ကိုယ်တည်းလေလွှင့်ရင်း စာပေရေးဖို့ဆိုပေမယ့် တစ်နေ့တစ်နေ့ အိမ်မှုကိစ္စတွေကိုပဲ ဖြေရှင်းနေရတယ်။ မိသားစုဆိုတာ သူ့အတွက်ပြဿနာတွေပဲ ပေးတယ်ဆိုတဲ့ခံယူချက်ကြောင့် တစ်မိသားစုလုံးနဲ့ အမြဲတမ်းရန်ဖြစ်ရတယ်။ ဒီလိုအတ္တဆန်တဲ့အတွေးတွေဟာ သူ့ကိုပြန်လည်ဒုက္ခပေးလာတဲ့အခါ…… File size…1.71GB / 705MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Comedy
6.2 2019 106 mins
My Dog Stupid
Why Did You Come to My House?
6.5

Why Did You Come to My House? (2009) ************************************ ဒီတစ်ခေါက် ချန်နယ်မြန်မာကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2009တုန်းကထွက်ရှိခဲ့တဲ့ Why did you come to my house ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ ဂန်ဟယ်ဂျောင်းနဲ့ ဘတ်ဟီဆွန်းတို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း **************** မိန်းမဖြစ်သူ သေသွားပြီးကတည်းက ဘဝကို စိတ်ပျက်လက်ပျက်နဲ့နေလာခဲ့တဲ့ ဂင်ဗြောင်ဟီးတစ်ယောက် .. တစ်နေ့မှာတော့ သူ့အိမ်မှာပဲဆွဲကြိုးချသေဖို့ လုပ်ပါတော့တယ်။ ထိုအချိန်မှာပဲ သူ့ရဲ့အိမ်ထဲကြိုရောက်နေပြီးသား မိန်းမတစ်ယောက်ရဲ့လက်ချက်ကြောင့် မသတ်သေဖြစ်ခဲ့တဲ့အပြင် ထိုမိန်းမရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကိုပါ ခံလိုက်ရပါသေးတယ်။ ဒီမိန်းမက ဘာကြောင့်သူ့အိမ်ထဲကိုရောက်နေရတာလဲ၊ ဘာလို့သူ့ကိုဖမ်းဆီးထားခဲ့ရတာလဲဆိုတာကိုတော့ Why did you come to my house ဆိုတဲ့ ဇာတ်ကားလေးမှာ အဖြေရှာလိုက်ကြတာပေါ့။ (အညွှန်းကို Double M မှ ရေးသားထားပါတယ်) File size…2.20GB / 729MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 47 min. Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by AHtet

6.5 2009 102 mins
Why Did You Come to My House?
Mojave
5.2

Mojave (2015) မိုဟာဗီး ကန္တာရထဲမှာ စာရေးဆရာတစ်ယောက်နဲ့ စာဖတ်သူတစ်ယောက် တွေ့ကြတဲ့ဇာတ်လမ်းလေးပါ။ စာရေးဆရာက ၁၉ နှစ်သားကတည်းက နာမည်ရလာတဲ့ စာရေးဆရာ၊ စာဖတ်တဲ့သူက ၂ နှစ်သားကတည်းက စာဖတ်လာတဲ့သူ။ သူတို့ရဲ့ ဇာတ်လမ်းအပေါ် စိတ်ကူးဉာဏ်ကွန့်မြူးပုံတွေ လူ့ဘဝအပေါ် အမြင်တွေက တူတူလိုဖြစ်နေပြီး တစ်ချိန်တည်းမှာ တခြားစီလိုဖြစ်နေတာကို တွေ့ရမှာပါ။ သူတို့ရဲ့ တွေ့ဆုံပုံက ရိုးရှင်းနေပေမဲ့ ဆန်းကြယ်နေသလို နောက်ထပ်ဖြစ်လာတဲ့ သူတို့ရဲ့ အဖြစ်အပျက်တွေ မတော်တဆတွေက ထူးဆန်းတဲ့ ဖြစ်ရပ်မှန်တစ်ခုလို စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်လို ဖြစ်နေလိမ့်မယ်။ နှစ်ယောက်က အချင်းချင်း သတ်ဖို့ ကြိုးစားနေကြတယ်ဆိုပေမဲ့ လက်နက်တွေ ခန္ဓာကိုယ်တွေ အသုံးချတဲ့ တိုက်ပွဲမျိုးထက် ပိုပါတယ်။ နှစ်ယောက်လုံးက ဇာတ်လမ်းကို ချစ်ကြသူတွေဖြစ်တော့ ဇာတ်လမ်းတွေနဲ့ တိုက်ခိုက်သွားကြတာကို တွေ့ရပါလိမ့်မယ်။ ရှိတ်စပီးယား ပရိသတ် စာဖတ်သူရဲ့ လူ့ဘဝအပေါ် အမြင်တွေကလည်း တစ်မျိုးထူးဆန်းနေပြီး တချို့ အတွေးတွေက ကိုယ့်စိတ်ကူး အချို့နဲ့ တိုက်ဆိုင်နေတာတွေကို တွေ့ရမှာပါ။ ဗုဒ္ဓက ကန္တာရကို ထွက်သွားတယ်။ ယေရှုက ကန္တာရကို ထွက်သွားတယ်။ ပြန်လာကြတော့ ဉာဏ်အလင်းပွင့်လာကြတယ်။ တူညီနေသလောက် ကွဲပြားနေတဲ့ ဒီလူနှစ်ယောက် ကန္တာရထဲမှာ တွေ့ကြပြီး သူတို့ရဲ့ အပြန်ခရီးကရော ဘယ်လိုဖြစ်လာမလဲ… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 745MB Quality – BluRay 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 33Min Genre – Action, Adventure, Crime, Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Action
5.2 2015 93 mins
Mojave
Tomb Guardians
5.6

ရှေးခေတ်တရုတ်တွေရဲ့ ရိုးရာအရ ဘုရင်ကြီး အမတ်ကြီးတွေ သေဆုံးတဲ့အခါမှာ သင်္ချိုင်းအကြီးကြီးဆောက်ကြပြီး ရတနာအများအပြားကိုလည်း ထည့်မြှုပ်ခဲ့တတ်ကြပါတယ်။ အဲဒီရတနာတွေကို ခိုးယူဖို့ သင်္ချိုင်းဖောက်သူတွေလည်းရှိပါတယ်။ အဲဒီသင်္ချိုင်းဖောက်သူတွေရန်က ကာကွယ်ဖို့အတွက် သင်္ချိုင်းတွေတိုင်းမှာ အကာအကွယ် အစီအရင်တွေ ထောင်ချောက်တွေ ချထားတတ်ပါတယ်။ ၁၉၈၀ ပတ်ဝန်းကျင်လောက်မှာ ဟူပါးရီး၊ ဝမ်ခိုင်ရွှမ်၊ ရွှယ်လီယန်တို့ရဲ့ သူငယ်ချင်းဖြစ်သူ တာ့ကျင်းယာဟာ ရုတ်တရက်အဆိပ်မိပြီး အသက်အန္တရာယ်ရှိနေခဲ့ပါတယ်။ သူငယ်ချင်းရဲ့ အသက်ကို ကယ်ဖို့အတွက် သူတို့ ၃ ယောက်ဟာ စီချွမ်းက ဝူးရှာတောင်ကြား ချင်းရှီးရွာကို ဖြေဆေးရှာဖို့ ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ မထင်ထားဘဲ နှစ်ပေါင်းများစွာ ကြံစည်ခဲ့တဲ့ ကလဲ့စားချေမှုတစ်ခုနဲ့ ကြုံကြိုက်ခဲ့ရတဲ့အခါ…… ဟူပါးရီးတို့အဖွဲ့ ဘယ်လို အန္တရာယ်မျိုးတွေကို ကြုံတွေ့ရမလဲ…… သူငယ်ချင်းကို ကယ်တင်ဖို့ ဖြေဆေးကိုရော ရှာတွေ့နိုင်ပါ့မလား…… ချင်းရှီးရွာမှာရော ဘယ်လို ရင်နင့်စရာ ဇာတ်လမ်းမျိုး ရှိနေမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Drama • Thriller
5.6 2025
Tomb Guardians
Centaur Kentavr
6.9

Centaur (2024) IMDb Rating (6.9) / Rotten Tomatoes (97%) ထရန်စပေါ်တာလိုမျိုး ကားပေါ်က ခွာလို့မရတဲ့လူတစ်ယောက်အကြောင်းကို မှုခင်းနဲ့ အက်ရှင်နဲ့ တွဲပြီး ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ ထရန်စပေါ်တာနဲ့ မတူတာက သူက ကားထဲက ထွက်ရင် ဗုံးကွဲမှာတို့ ဘာတို့တော့ မဟုတ်ဘူး။ နည်းနည်းလေး ပိုယုတ္တိရှိတယ်။ ခြေထောက်မသန်လို့ ကားပေါ်က သိပ်ဆင်းမရတဲ့လူမျိုးပေါ့။ ထရန်စပေါ်တာနဲ့ထပ်တူတာက သူ့ကားကို လိုက်စီးတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူနဲ့ကတစ်ဘက် သူတို့ကို လိုက်သတ်နေတဲ့လူတွေက တစ်ဘက်ဖြစ်နေတာပေါ့။ အစကတော့ ဒီလူက ညဘက်သီးသန့်တက္ကစီမောင်းတဲ့ တက္ကစီသမားသက်သက်ပါပဲ။ ညငှက်မလေးကို သူ့ဖောက်သည်တွေရှိတဲ့နေရာကို လိုက်မောင်းပို့ပေးရာကနေ ဘယ်လိုလူတွေနဲ့ကြုံပြီး ဒီလိုအခြေအနေဆိုက်သွားလဲဆိုတာက စိတ်ဝင်စားကောင်းပါတယ်။ ကြည့်ကောင်းတဲ့ သည်းထိတ်ရင်ဖိုကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.7 GB) / (770 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….01:41:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Action • Crime • Thriller
6.9 2024 101 mins
Centaur Kentavr