YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Bastard.Son.and.the.Devil.Himself.S01E07.1080p.(CM).mp4

784.25 MB N/A video/mp4 50 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Spiderwick Chronicles
6.6

The Spiderwick Chronicles (2008) ======================== IMDb Rating - 6.5/10 ငယ်ငယ်တုန်းက Play section 2 မှာ ဆော့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုကို မှတ်မိကြဦးမလားတော့ မသိဘူး။ ဂိမ်းခွေထွက်အပြီး ဇာတ်လမ်းခွေ ထွက်လာတော့ မြန်မာစာတန်းထိုးမပါဘဲ အသည်းအသန် ရှာဝယ် ကြည့်ခဲ့ရတာ။ လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပေမဲ့ သိပ်ကြည့်လို့ကောင်း ခဲ့တာကိုး။ မှော်ဇာတ်ကားလေးတစ်ခုပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက် တွေနဲ့ Box Office မှာလည်း အမြတ်ကြီးကြီးရခဲ့‌ပါသေးတယ်။ သရုပ် ဆောင်တစ်ယောက်တည်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး စရိုက် ကွဲပြားလွန်းလို့ တခမ်းတနား ချီးကျူးကြသေးတယ်။ မင်းသမီးလေး ကလည်း အဲဒီအချိန်က ရက်ရက်စက်စက်လှတာကိုး။ ဇာတ်ကား ပို စတာလေးကို DVD ခွေကခွာပြီး အခန်းနံရံမှာ ကပ်ထားမိတဲ့အထိ။ မင်းသားချော Freddie Highmore ရယ်၊ မင်းသမီးလေး Sarah Bolger တို့ အပြိုင်ကြဲခဲ့ကြတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်ကနေ နယူးအင်္ဂလန်ကို ပြောင်းလာတဲ့မိသားစုက မိသားစုအမွေ အိမ်ကြီးတစ်ခုမှာ နေကြ ပါတယ်။ သမီးတစ်ယောက်နဲ့ သူ့အောက်က အမွှာသားလေးနှစ် ယောက်တို့ ဘုဘောက်ကျရင်း သားတစ်ယောက်က စာအုပ်တစ် အုပ်ကို တွေ့သွားရာကနေ သူတို့အိမ်ကြီးပတ်ပတ်လည်မှာ မှော် ဝင်သတ္တဝါတွေ အများအပြားရောက်လာကြပါသတဲ့။ စာအုပ်ကို ကာကွယ်လိုသူ မှော်သတ္တဝါတွေနဲ့ လုယူအသုံးချချင်တဲ့ မှော်သ တ္တဝါတွေကြားထဲမှာ အမေတစ်ယောက် သားသမီးသုံးယောက် ဘယ်လိုကြားညပ်သွားသလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size..........(1.7 GB) / (729 MB) / (487 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Arr Khun Winchester Encoder..........SWM

Comedy • Drama • Romance
6.6 2008 95 mins
The Spiderwick Chronicles
Go
6.8

IMDb - 7.1/10, RT - 91% The fugitive , Little Women , Alias Grace , Road to Avonlea တို့ထဲက မင်းသမီး Sarah Polley၊ Scream 2 , Hitman , Live free or Die hard , Rango , The Book of Bobba Fett တို့ရဲ့ မင်းသား Timothy Olyphantနဲ့အတူ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့အထိ အောင်မြင်တဲ့ မင်းသားကြီး William Fichtnerတို့က အတူတူ ဒီဇာတ်ကားကို ပုံဖော်ထားပါတယ်။ သင်က ရုပ်ရှင်ကို မူးယဇ်ဆေးရောင်းတာလေးပါတာလည်းကြည့်ချင်တယ်၊ ဒါပေမဲ့ ဟာသလေးပါနှောပြီးကြည့်ချင်တယ် ပြီးတော့ မှုခင်းအသွားလာလေးလည်းပါရမယ် ဒါ့အပြင်ကိုမှ ဇာတ်လမ်းကို ပုံစံခွက်ထဲနေ ထိုးဖောက်ပြီး တစ်မျိုးတစ်ဖုံပြောင်းလဲရိုက်ကူးထားတဲ့ရုပ်ရှင်မျိုးကိုကြည့်ချင်တယ်ဆိုရင် ဒီရုပ်ရှင်ကိုကြည့်လိုက်ပါ။ ခရစ္စမတ်ကာလမှာ လူတစ်စု မူးယဇ်ဆေးကို မှောင်ခိုးရောင်းဝယ်ဖို့ဖြစ်လာပါတော့တယ်။ မူးယဇ်ဆေးရောင်းဝယ်ရာကနေ ရွန်နာရယ် ဆိုင်မွန်ရယ် ဇက်ရယ် အဆိုပါ၃ယောက်လုံးရဲ့ မတူညီတဲ့ actionကြောင့်ဖြစ်ပေါ်လာတာတွေကို တစ်ကန့်ချင်းဖော်ပြထားပြီး အဲတစ်ကန့်ချင်းဆီကို အချိတ်ဆက်မိမိနဲ့ ပြန်ပြီးချိတ်ဆက်ရိုက်ပြသွားတယ်။ Plot twistလည်းပါပြီး အချိတ်ဆက်လည်းမိတာကြောင့် ဒီရုပ်ရှင်က ကြည့်လို့အတော်ကောင်းပါတယ်။ သူတို့တတွေ ဒီရောင်းဝယ်တဲ့အတောတွင်း ကြိုးစားရုန်းကန်နေကြရတာကိုလည်း ရင်သပ်ရှူ့မောဖွယ် ကြည့်ရှု့ရမှာဖြစ်ပါတယ်။ မင်းသားတွေရော မင်းသမီးတွေရောမိုက်ပြီး ဇာတ်လမ်းကလည်းကောင်းတာမို့လို့ ကြည့်ရှူ့ပေးကြပါအုန်းခင်ဗျ။ File size…(1.9 GB)/(1 GB)/(444 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Crime, Comedy, Thiller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Fantasy • Horror
6.8 1999 98 mins
Go
Love and Leashes
6.9

ရုပ်ရည်ချောမောပြီး ယောက်ျားဆန်ဆန်ဆွဲဆောင်မှုအပြည့်နဲ့ မိန်းကလေးတွေကြားမှာ နာမည်ကြီးရေပန်းစားလှတဲ့ .. Jung Ji Hoo ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေပြီး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Jung Ji Hoo အပေါ် တိတ်တခိုးခံစားချက်ရှိနေတဲ့ .. Jung Ji Woo တစ်နေ့မှာတော့ Jung Ji Hoo ဆီကိုပို့လိုက်တဲ့ ပါဆယ်ထုပ်က ကံကြမ္မာရဲ့လှည့်ကွက်ကြောင့်လို့ပဲဆိုရမလား နာမည်ချင်းဆင်ပြီး သူ့အပေါ်စိတ်ဝင်စားနေတဲ့ Jung Ji Woo ဆီကိုမှ ရောက်သွားပါတော့တယ်။ အဲဒီကနေတဆင့် အရာအားလုံးပြီးပြည့်စုံပြီး သူမတူတဲ့ sexual taste ရှိတဲ့ ကောင်ချောလေး Jung Ji Hoo ရဲ့ လျှို့ဝှက်ချက်ကြီးကို Jung Ji Woo သိရှိသွားပြီး နှစ်ဦးသဘောတူ ၃ လတာ relationship တစ်ခုကို စတင်လိုက်ကြတဲ့အခါ ..။ (Brace yourself ပါ SONE အပေါင်း သူတော်ကောင်းတို့xP) နာမည်ကြီး Webtoon “Moral Sense” ကို အခြေခံရိုက်ကူးထားတဲ့ Rom-com movie အမျိုးအစားဖြစ်တာမို့ အချိုတွေ အခွီတွေစုံအောင် ခံစားရမှာဖြစ်သလို Cast တွေအနေနဲ့ - U-KISS အဖွဲ့ဝင်ဟောင်း - Lee Jun Young - Girls’ Generation ရဲ့ maknae - Seohyun တို့က အဓိကပါဝင်ထားပြီး 2022 အတွက် Netflix ရဲ့ ပထမဆုံး ပွဲဦးထွက် movie လည်းဖြစ်ပါတယ်။ Age rating ကို 18+ သတ်မှတ်ထားတာကြောင့် ကြည့်ချင်သလိုကြည့်ကြပါလို့ပဲလက်တို့ရင်း ..။ အညွှန်းကိုတော့ Lai Laii က ဘာသာပြန်ပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX, Lai Laii, Thuu Thuu, Shwe Pyae တို့ပဲ ဖြစ်ကြပါတယ်။ Genre.....Romance, Comedy Quality….WEB-DL 1080p and 720p and 360P File size…1.6GB and 857MB and 277MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX, Lai Laii, Thuu Thuu, Shwe Pyae Encoder ..... August

Thriller
6.9 2022 118 mins
Love and Leashes
The Hole in the Fence
6

ပရိတ်သတ်ကြီးကို 2021မှာ ထွက်ခဲ့တဲ့ စပိန်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ် ဒီဇာတ်ကားလေးကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ ကျောင်းသားလေးတွေက လော့စ် ပိုင်းနို့စ်လို့ခေါ်တဲ့ နွေရာသီ ဘာသာရေးစခန်းတစ်ခုကို လာရောက်ကြတဲ့အကြောင်းပဲဖြစ်ပါတယ်။ လော့စ်ပိုင်းနို့စ် ဟာ မြို့ပြင်မှာ သီးခြားတည်ရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး သူ့ရဲ့ပတ်ဝန်းကျင်မှာတော့ ချို့တဲ့သော လူတန်းစားတွေနေထိုင်ကြတာပဲဖြစ်ပါတယ်။ စခန်းရဲ့ ရည်ရွယ်ချက်ကတော့ ငယ်ရွယ်တဲ့ ကောင်လေးတွေကို ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲပေးဖိုပါပဲ။ တစ်နေ့မှာတော့ ကျောင်းသားတွေဟာ စခန်းထဲမှာ ကွင်းဆင်းလေ့လာနေရင်း စခန်းကိုကာရံထားတဲ့ ခြံစည်းရိုးကို တစ်ယောက်ယောက်က အပေါက်ဖေါက်ထားတာကိုတွေ့မိကြပါတယ်။ ဒီအဖြစ်အပျက်ကနေစလို့ ပိုပြီးထူးဆန်းတဲ့အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ စခန်းပတ်ဝန်းကျင်ရဲ့ အခြေအနေအမှန်တွေ ဆရာတွေရဲ့ ရည်ရွယ်ချက်အမှန်တွေ တဖြည်းဖြည်းပေါ်ပေါက်လာတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းတွေကို နှစ်ခြိုက်သူတွေနဲ့ ဆယ်ကျော်သက်ဘဝ ဇာတ်လမ်းတွေကို သဘောကျတဲ့သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.27GB / 0.99GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Swam Yi

Action • Adventure • Comedy • Crime
6 2021 102 mins
The Hole in the Fence
Diary of a Spy
4.9

Diary of a Spy (2022) ================ ဘဝမှာရွေးချယ်စရာတွေ dilemma တွေအများကြီးကြုံရတဲ့ထဲမှာမှ အချစ်နဲ့အလုပ်အတွက်နဲ့ဆိုရင် ခင်ဗျားတို့ ဘာကိုရွေးချယ်မလဲ။ အလုပ် ဆက်လုပ်မလား၊ အချစ်နောက်လိုက်မလား။ အဲဒီအကြောင်းကို ဖြစ်ရပ် မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာ အဓိကပုံဖော်ထားတာ ဖြစ်ပါတယ်။ အန်နာဆိုတဲ့ အမေရိကန် ထောက်လှမ်းရေးအရာရှိတစ်ယောက်က အရင် စစ်ဆင်ရေးတစ်ခုမှာ ရှူံးနိမ့်ခဲ့လို့ အထက်လူကြီးက သူ့ကို နောက်ထပ်အခွင့် အ‌ရေးတစ်ခုအနေနဲ့ တာဝန်ပေးလိုက်တယ်။ သူ့တာဝန်က ဆော်ဒီအာရေးဘီး ယားက တော်ဝင်မိသားစုရဲ့ အတွင်းလူတစ်ယောက်ကို ကိုယ့်ဘက်ပါအောင် သွေးဆောင်ဖျားယောင်းရမှာဖြစ်ပါတယ်။ အပေါင်းအသင်းမဆံ့တဲ့ သူလျိုမမ တစ်ယောက် အဲဒီအတွင်းလူကို နောက်ယောင်ခံလိုက်တဲ့အချိန်မှာတော့ သူ့အပေါ်မှာ ခံစားချက်တွေတဖြည်းဖြည်းပွားလာပြီး လုပ်ရမယ့်တာဝန်အတိုင်း သူနဲ့ ရင်းနှီး အောင်သွားလုပ်တော့ သံယောဇဉ်တွေပိုဖြစ်သွားရော။ အဲမှာ သူ ဘာရွေးရမှန်း မသိဖြစ်ပြီး ဇာတ်လမ်းစတော့တာပဲ။ အလုပ်နဲ့အချစ်မှာ သူ ဘယ်ဟာကို စွန့်လွှတ် မလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါဦးဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)

Animation • Comedy • Family • Fantasy
4.9 2022 99 mins
Diary of a Spy
Saw V Saw 5
5.8

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 5 (2008) SAW franchise ရဲ့ ၅ ကားမြောက်ဇာတ်ကားပါ။ ဒီဇာတ်ကားမှာ Jigsaw ရဲ့ ဆက်ခံသူအဖြစ် အမန်ဒါအပြင် နောက်တစ်ယောက်ပါ ပါလာခဲ့ပါတယ်။ သူကတော့ စုံထောက်ဟော့ဖ်မန်းပါပဲ။ ပြဿနာစတာက စုံထောက်ဟော့ဖ်မန်းက သူသတ်ချင်တဲ့လူတစ်ယောက်ကို Jigsaw သတ်တဲ့ပုံစံပေါက်အောင်လုပ်ပြီး သတ်လိုက်တာကနေ စတာပါပဲ။ နောက်တော့ Jigsaw ကိုယ်တိုင် သူ့ဆီရောက်လာပြီး သူ့ကို ပညာပေးဖို့လုပ်ပါတော့တယ်။ Jigsaw ဖြစ်လာရတဲ့အကြောင်းအရင်းတွေ ထောင်ချောက်တွေကို ဘယ်လိုဆင်ရတာတွေ ဘယ်လိုသင်ခန်းစာပေးရတယ်ဆိုတာတွေကိုပါ သင်ပေးပြီး နောက်ထပ် Jigsaw လူသတ်သမားတစ်ယောက်ကို မွေးဖွားလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ နောက်စုံထောက်တစ်ယောက်ကလည်း ဌာနအတွင်းမှာ Jigsaw နောက်တစ်ယောက်ရှိနေတာကို မသင်္ကာဖြစ်လာပြီး စတင်စုံစမ်းတော့တယ်။

Drama • Romance
5.8 2008
Saw V Saw 5
Hunterrr
7

Hunterrr (2015) “အသက်၄၀ လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ ဟန်ဆောင်ရပြီ လူတွေမသိအောင် အပြုံးလေးနဲ့ ရယ်ပြသည်။” ဒီဇာတ်ကားလေးကတော့ အိမ်ထောင်ပြုရတာကို အယုံံအကြည်မရှိတဲ့ စားဘဲကြီးတစ်ယောက်ရဲ့အကြောင်းပေါ့ဗျာ။ ကောလိပ်စတက်ကတည်းက မိန်းမလှလှလေးမြင်ရင် မနေနိုင်တဲ့ သူကြီးပေါ့။ အချစ်ကို အယုံအကြည်မရှိတဲ့သူဟာ မိန်းမတွေကို မူစကူဒူးဖို့လောက်သာ သိတဲ့သူပါ။ တစ်နေ့တော့ ပါတီမှာ ကောင်မလေးတစ်ယောက်ကို မူစကူဒူးဖို့ကြိုးစားရင်းကနေ ဝိုင်းရိုက်ခံရပါတော့တယ်။ နောင်တတွေရပြီး နောက်နောင်မူစကူဒူးဖို့ မစဥ်စားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပေမယ့် ဆန္ဒကို သိက္ခာနဲ့ မထိန်းနိုင်ခဲ့ပါဘူး။ ကဲ ဆက်လက်ပြီး ဒီလူကြီးရဲ့ဘဝမှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7 2015 141 mins
Hunterrr
Dead Mine

Dead Mine (2012) Genre – Action, Horror အင်ဒိုနီးရှားကျွန်းစွယ် တောနက်နက်ထဲကို လူတစ်စု စူးစမ်းရှာဖွေလျက် ရှိပါတယ်။ လက်နက်ကိုင် ကြေးစားစစ်သည်တွေလည်း ပါဝင်သလို ပညာရှင်တွေလည်း ပါဝင်ပြီး ဘယ်လိုမျိုးအရာကို လိုက်လံရှာဖွေနေတယ်ဆိုတာ ပညာရှင်တွေကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီလိုနဲ့ ရှာဖွေနေစဉ်မှာပဲ ပင်လယ်ဓားပြအုပ်စုနဲ့ တွေ့ပြီး တိုက်ခိုက်ရာကနေ မိုင်းတွင်းအဟောင်းကြီးတစ်ခုထဲကို ထွက်ပြေးခဲ့လိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဒီမိုင်းတွင်းကြီးဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်စစ်တပ်တွေ တပ်စွဲခဲ့တဲ့နေရာတစ်ခု ဖြစ်နေပြီး နောက်ကွယ်မှာကတော့ သာမန်တပ်စွဲသလောက်ထက် ကျော်လွန်ပြီး ထူးခြားဆန်းကြယ်မှုတွေ ရှိတဲ့နေရာ ဖြစ်လို့နေပါတယ်။ အဲဒီအခါကျမှ ပညာရှင်တွေဖက်ကနေ ဒီစူးစမ်းလေ့လာရေး ခရီးစဉ်ရဲ့ ရည်ရွယ်ချက်အမှန် ထွက်ရှိလာပြီး မိုင်းတွင်းထဲက မမျှော်လင့်ထားတာတွေ ဖြစ်ပျက်ခဲ့တဲ့ အချိန်မှာတော့ တစ်အုပ်စုလုံး အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ပြီး ရှာဖွေနေတာတွေလည်း တွေ့မလားဆိုတာ ကြည့်ရမယ့်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ခုနောက်ပိုင်း နာမည်ကြီးလာတဲ့ အင်ဒိုနီးရှားမင်းသား Joe Taslim တောင် အရန်နေရာက သရုပ်ဆောင်ထားပါသေးတယ်။ File size… 1.4 GB / 703 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Drama
0 2012 91 mins
Dead Mine
Polyester
7

Polyester ကို ဒါရိုက်တာ ဂျွန်​ဝေတာ ထုတ်လုပ်ခဲ့ပြီး ၁၉၈၁ မှာဖြန့်ချီခဲ့တဲ့ အ​မေရိကန်ဟာသကား ဖြစ်ပါတယ် လူတန်း​စေ့​နေနိုင်ပြီး ပိုက်ဆံရှာနိုင်တဲ့​ယောက်ျား သားနဲ့ သမီး တ​ယောက်စီ ပိုင်ဆိုင်ထားတဲ့ အိမ်​ထောင်ရှင်မတ​ယောက် သူ့​ယောက်ျားရဲ့ သူမသိ​သေးတဲ့ တခြား တဖက်ကို မြင်လိုက်ရတဲ့ အချိန်မှာ​တော့ သူတို့ မိသားစုကြီး ဘယ်လို​တွေ ဖြတ်​ကျော်ရမယ် ရင်ဆိုင်ရမယ် ​နောက်ဆုံးအချိန်အထိ အခက်အခဲ​တွေ လူ​တွေရဲ့ ​လောဘစိတ်နဲ့ ယုတ်မာမှု​တွေကို ဒီဇာတ်ကားထဲမှာ သရုပ်​ဖော် ပြသသွားပါတယ် အ​မေရိကန် old movie ​တွေကို ကြိုက်နှစ်သက်တဲ့ သူ​တွေအတွက် အဲဒီ​ခေတ်ကာလ အ​နေ​အထားကို ပါကြည့်ရူရမှာမို့ လက်မလွတ်သင့်တဲ့ဇာတ်ကားပါ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:26:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

7 1981
Polyester
The Quiet Man
7.7

IMDb Rating – 7.7/10, RT -91% Awards – 2wins and 11Nominations ဒီကားလေးကတော့ အော်စကာဆုနှစ်ဆုရခဲ့တဲ့ Old but Goldတန်း၀င် ရိုမန့်စ်ဟာသဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း – ရှောင်သွန်တန်က ဘောင်ဆင်လောကကနေ အနားယူပြီး မွေးရပ်မြေ အိုင်ယာလန်ကိုပြန်လာတဲ့သူပါ။ ရောက်ရောက်ချင်းမှာပဲ အရင်နေခဲ့တဲ့အိမ်လေးကို မုဆိုးမတီလန်ဆီမှာသွား၀ယ်ရင်း လူဂွစာမြေရှင်‌ဝေလ်ဒန်နာဟာနဲ့ထိပ်တိုက်တွေ့ခဲ့ပါတယ်။ နောက်တော့ မြို့ကိုပြန်ရောက်ရောက်ချင်း ချစ်ကြိုက်မိတဲ့သူက မြေရှင်ရဲ့ညီမဖြစ်နေတဲ့အခါ ရှောင်ရဲ့အချစ်ရေးကအဆင်ပြေပါ့မလား သူ့အစ်ကိုကလက်ခံပါ့မလား နောက်ပိုင်းအချစ်ရေး ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရှုရမှာပါ။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ File size…(2.4 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:09:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe

7.7 1952
The Quiet Man
The Wrong Daughter
4.8

The Wrong Daughter (2018) ================== ယောက်ျားထုရဲ့ မင်းသမီးလေး Sydney Sweeney ရဲ့ ပွဲဦးထွက်ကာလများဆီက ရုပ်ရှင်ကားဖြစ်ပြီးတော့ အေးစက်စက်ဆိုက်ကိုဇာတ်ကောင်နေရာကနေ လှပစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့…. ကလေးကိုမွေးကင်းစအရွယ်ကတည်းက မွေးစားဖို့ စွန့်ပစ်လိုက်တဲ့ Kate ဟာ သူ့ရဲ့ သမီးအရင်းကို ပြန်ရှာတွေ့တဲ့အခါ မိခင်ဆိုတဲ့အတိုင်း သမီးလေးကို သိချင်စိတ်တွေ ဆုံးရှုံးလိုက်ရတဲ့ အချိန်တွေအတွက် ပြန်လည်ဖာထေးပေးချင်စိတ်တွေနဲ့ ရင်းနီးလိုစိတ်တွေကြောင့် သူနဲ့ ယောက်ျားဖြစ်သူ Joe တို့ဟာ Danica ကို အိမ်ကိုလာနေဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ မကောင်းတဲ့ကိစ္စတွေ ထူးဆန်းတာတွေ ဖြစ်လာတဲ့ အခါ Kate ဟာ သူတို့အိမ်ကိုခေါ်လိုက်တဲ့ အမျိုးသမီးဟာ သမီးအရင်းမဟုတ်တာ ဖြစ်နိုင်ကြောင်း သဘောပေါက်လာပြီးတော့ ဒီ Danica ဆိုတဲ့ ထူးဆန်းတဲ့ မိန်းကလေးက ဘယ်သူလဲဆိုတာကို အချိန်မလွန်မီ စုံစမ်းရပါတော့တယ်။ ဒီဇာတ်ကားဟာမိသားစုနဲ့ အန္တရာယ်တွေ ယုံကြည်မှုကြောင့် ဘယ်လိုဒုက္ခရောက်နိုင်လဲ ဆိုတာကို တင်ဆက်ပြသထားတာဖြစ်ပြီးတော့ Psychological Thriller ကြိုက်တတ်တဲ့ သူတွေအဖို့ ကြည့်ရတာ တန်မှာပါ။ Danica ကဘယ်သူဖြစ်မလဲ၊ ဘာဖြစ်လို့ ဒီလိုလုပ်ရသလဲ၊ ဘာဖြစ်လို့ အိမ်ကိုရောက်လာရသလဲ ဆိုတာကို စိတ်ဝင်တစားကြည့်ရမှာ ဖြစ်လို့ ရှုစားကြပါလို့ပဲ အကြံ‌ပေးလိုက်ပါတယ်။ File Size : 2.1 GB, 774 MB Quality : WEB-DL 1080p / 720p Running Time : 1hr 29min Format : Mp4 Genre : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Dr Zac Encode by : Thit San Khant

Action • Crime • Drama
4.8 2018
The Wrong Daughter
The Little Mermaid
5

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Little Mermaid ဖြစ်ပြီး သင်တို့ထင်ကြတဲ့အတိုင်း Disney ကထုတ်တဲ့ ရေသူမလေးမဟုတ်ပါဘူး။ ဒီကားထဲကရေသူမလေးကမင်းသမီးမဟုတ်ဘဲ ဗီလိန်ရေသူမဖြစ်ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ရိုက်ကူးထားတာတော့ မဟုတ်ပေမဲ့ ကြည့်လို့ကောင်းတယ် စိတ်ဝင်စားစရာ ကောင်းတယ်ဆိုတဲ့ထဲမှာတော့ ပါဝင်ပါတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ် နည်းနည်းစိတ်ဝင်စားသွားပြီဆိုရင်တော့ Review လေးကိုဖတ်ကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ အဲရစ်ဆိုတဲ့တက္ကသိုလ်ပါမောက္ခတစ်ယောက်က ရှေးဟောင်း နေရာတစ်ခုမှာ တူးဖော်သုတေသနပြုနေရင်းနဲ့ ရှေးခေတ်က အဆောက်အဦးပုံစံတွေကိုတွေ့ခဲ့တဲ့အတွက် စိတ်အား ထက်သန်စွာနဲ့ ဆက်လက်တူးဖော်နေခဲ့ပါတော့တယ်။ ဒါပေမယ့် အဲ့ဒီမြေပိုင်ရှင်က ခဏခဏပြဿနာလာရှာနေတဲ့ အတွက် သူငယ်ချင်းဖြစ်သူဖာဒီနဲ့ပေါင်းပြီး လာဘ်ထိုးရ ပေါင်းလည်းမနည်းတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာအော်ရိုရာဆိုတဲ့ ကောင်မလေးချောချောလေးတစ်ယောက်နဲ့ အဲရစ်တို့တွေ့ဆုံ ခဲ့ပြီး သံယောဇဉ်တွေတွယ်လာခဲ့ကြပါတော့တယ်။ ဖြစ်ချင်တော့ အဲရစ်ရဲ့တူးဖော်မှုသုတေသနကြီး ရှယ်အောင်မြင် ပြီဆိုမှ မြေပိုင်ရှင်ကညစ်ပြီး ဆက်တူးဖော်ခွင့်မပေးတော့ ကြောင်းကို အော်ရိုရာဆီရင်ဖွင့်လိုက်ရာမှာတော့ သူဌေးမကြီး ဖြစ်တဲ့အော်ရိုရာက အဲ့ဒီမြေကိုဝယ်ချလိုက်ပြီး အဲရစ်ကို အေးဆေးသုတေသနလုပ်ခွင့်အမ်းခဲ့ပါတော့တယ်။ မကြာခင်မှာသူ့သူငယ်ချင်းဖာဒီလည်းရောက်လာပြီး အဲရစ်နဲ့ အော်ရိုရာတို့ကြားက ဆက်ဆံရေးကိုမသင်္ကာဖြစ်တာက တစ်ကြောင်း သူတို့တွေ့ရှိတဲ့သုတေသနတွေကလည်း ထူးဆန်း နေတာကတစ်ကြောင်းကြောင့် သံသယတွေဖြစ်လာခဲ့ရင်းမှ အော်ရိုရာက ရေသူမဆိုတာကို ဘယ်လိုရှာဖွေတွေ့ရှိသွားကြမလဲ သုတေသနကရော ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမှာပဲဖြစ်ပါတယ်။ File size… (1.42 GB) / (842 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama
5 2024 89 mins
The Little Mermaid
Seire
5.8

Seire (2021) ***************** IMDb….. 5.8 “ရှေးထုံးလည်း မပယ်နဲ့၊ ‌ ဈေးသုံးလည်း မလွယ်နဲ့” ဆိုသလိုပေါ့ ကိုရီးယားမှာ ရှေးလူကြီးပြောကြတဲ့ အယူရှိပါတယ်။ ကလေးမွေးဖွားပြီး ၂၁ ရက် မပြည့်ခင် အချိန်မှာ အိမ်ထဲကိုလည်း အပြင်လူ ဝင်ခိုင်းလို့မရသလို တခြားလောကသားတွေ အိမ်ထဲကို မဝင်နိုင်အောင်လည်း ကြိုးနဲ့ စည်းတားထားရမယ်တဲ့။ အဲဒါမှသာ မွေးကင်းစကလေးက လူ့လောကထဲကို ဘေးကင်းကင်းနဲ့ ဝင်ရောက်လာနိုင်မှာ ဖြစ်တယ်။ ကလေးမွေးဖွားပြီး ၂၁ ရက်တာ အတွင်းမှာ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေက ကလေးကို အနှောင့်အယှက်ပေးတာတွေ ကျိန်စာတိုက်တာတွေ လုပ်နိုင်တဲ့အတွက် အထူး ဂရုစိုက်ရပါတယ်။ အခုမှ သားဦးလေးကို မွေးခဲ့တဲ့ ဟယ်မီနဲ့ သူ့အမေက အဲဒီအယူအဆတွေကို ယုံယုံကြည်ကြည်နဲ့ ကလေး ဘေးကင်းဖို့ အကုန် လိုက်လုပ်ပေမဲ့ ဟယ်မီရဲ့ ခင်ပွန်းသည်ဖြစ်သူ ဝူဂျင်းက လက်မခံချင်ပေ။ တစ်နေ့မှာ ဝူဂျင်းဆီကို သူ့ရဲ့ ရည်းစားဟောင်းဖြစ်သူ သေဆုံးကြောင်း အကြောင်းကြားစာတစ်စောင် ရောက်လာခဲ့တယ်။ အဲဒီအခါမှာ ရည်းစားဟောင်းဖြစ်သူရဲ့ ဈာပနာပွဲကို သွားဖို့ ပြင်ခဲ့ရာ ဇနီးသည်က ကလေး ၂၁ ရက်မပြည့်သေးလို့ မသွားပါနဲ့လို့ တားသော်လည်း လက်မခံဘဲ ဇွတ်သွားခဲ့တယ်။ ဈာပနာပွဲကို သွားရာကနေ မကောင်းတဲ့ အရာတစ်ခုခုက ဝူဂျင်းနောက်ကနေ ကပ်ပါလာခဲ့ရာ ဝူဂျင်းတို့ မိသားစု ကံဆိုးမိုးမှောင်ကျပေတော့တယ်။ အဲဒီအခါမှသာ ဝူဂျင်းက သူ ဘာမှားသွားလဲဆိုတာကို တဖြည်းဖြည်း ‌သဘောပေါက်လာတော့တယ်။ ဒီကားလေးက‌တော့ တစ်ခါတလေကျရင်လည်း ရိုးရာ ထုံးတမ်းဓလေ့ အယူအဆကို သွေဖည်ပြီး အမှတ်တမဲ့ လုပ်မိလိုက်ရာကနေ လွဲချော်မှု ကံဆိုးမှုတွေ ဖြစ်တတ်တဲ့အကြောင်း ရိုက်ကူးပြသထားတဲ့ ကားလေးဖြစ်တာမို့ ဒီလို ဇာတ်လမ်းအမျိုးအစားကို စိတ်ဝင်စားကြရင် ကြည့်သင့်ပါကြောင်း… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Miri ပဲ ဖြစ်ပါတယ်။) File Size : 1.18GB/430MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:42:04 Genre : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri Encoded by Tiff

5.8 2021 102 mins
Seire
A Kind of Madness
6.8

A Kind of Madness ဟာ 2025 မှာပူပူနွေးနွေးထွက်ရှိထားတဲ့ Family Drama ဇာတ်လမ်း အမျိုးစားဖြစ်ပြီး မိသားစုဝင်တွေ၊ အထူးသဖြင့် ခင်ပွန်းနဲ့သမီး၊ မိဘနဲ့သားသမီး၊ မောင်နှမအချင်းချင်းကြားက လက်တွေ့ဆန်တဲ့ ချစ်ခြင်းမေတ္တာလွန်ဆွဲမှုတွေကို အလှပဆုံးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်များ – Ian Roberts (Dan အဖြစ်) – Sandra Prinsloo (Ellie အဖြစ်) – Ashley de Lange (Lucy အဖြစ်) – Erica Wessels (Olivia အဖြစ်) – Luke Volker (Relph အဖြစ်) ဇာတ်လမ်းအကျဥ်း ++++++++++ Ellie ဆိုတဲ့ အသက် ၇၀ ကျော်အရွယ်အမျိုးသမီးကြီး တစ်ဦးဟာ သူငယ်ပြန်ရောဂါကို ခံစားနေရပြီး သားသမီးတွေကလည်း အလုပ်ကိုယ်စီနဲ့မို့ အချိန်ပြည့် ကြည့်ရှုမပေးနိုင်လို့ အရူးထောင်ကို ပို့ထားကြရပါတယ်။ ဒါပေမဲ့ Ellie ရဲ့အမျိုးသား Dan ကတော့ နှစ်ပေါင်း ၅၀ ကျော်ကြာ Ellie ကိုပဲ ချစ်မြတ်နိုးခဲ့သူပီပီ Ellie မရှိတဲ့ဘဝမှာ မနေချင်တော့လို့ သေကြောင်းကြံဖို့တောင် စဥ်းစားမိတဲ့ အထိပါပဲ။ ဒါကြောင့် Ellie ဖြစ်ချင်သမျှ အကုန်ဖြည့်ဆည်းပေးဖို့ Ellie ကိုအရူးထောင်ကနေ ခေါ်ထုတ်လာပြီး ၂ ယောက်သား ငယ်စဥ်တုန်းက ခိုးပြေးခဲ့ကြသလို စွန့်စားခရီးထွက်ကြပါတော့တယ်။ သားသမီးတွေကလည်း သူတို့အမေတစ်ခုခုဖြစ်မှာစိုးတဲ့အတွက် အဖေနဲ့ အမေကို ခွဲထုတ်ဖို့ နောက်ကနေ အသည်းသန် လိုက်တားကြပါတယ်။ ဒီကားလေးကို ကြည့်ပြီးရင် အသက်ကြီးလို့ သူငယ်ပြန်တဲ့သူတွေဟာ သူတို့မျက်လုံးထဲ ဘာတွေမြင်နေကြတာလဲဆိုတာ နားလည်လာပြီး အဲ့လိုလူတစ်ယောက်ကို မိသားစုဝင်တွေအနေနဲ့ ဘယ်လိုအကောင်းဆုံး ချစ်ပေးနိုင်မလဲဆိုတာနဲ့ သူတို့ရဲ့ အဆုံးသတ်က ဘာဖြစ်မလဲဆိုတာတွေရယ်ကိုတော့ ဇာတ်ကားထဲမှာ စောင့်မျှော်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File Size… (2.4 GB) / ( 1.51 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 39m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vic

Horror
6.8 2025 99 mins
A Kind of Madness