YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Star.Trek.Discovery.S01E10.Despite.Yourself.720p.(CM).mp4

470.67 MB N/A video/mp4 240 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Broken Wings
6.8

အင်ဒိုနီးရှား ဖြစ်ရပ်မှန်ကားလေး တင်ဆက်ပေးပါရစေ။ 2018 ခုနှစ်က အင်ဒိုနီးရှားရဲတွေနဲ့ ထောင်သားတွေအကြားဖြစ်ပွားခဲ့တဲ့ အထိကရု‌ဏ်းကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Leong ဆိုတဲ့လူဟာ ISIS ဆန်ဆန် လူသစ်တွေ ရှာဖွေစုဆောင်းပြီး လူစုလူဝေးများတဲ့နေရာတွေမှာ အသေခံဗုံးလိုက်ခွဲပါတယ်။ တစ်ဖက်မှာလည်း ရဲအရာရှိ Ajiဟာ ကိုယ်‌ဝန်ဆောင်သည်ဇနီးနဲ့အတူ နယ်ပြောင်းလာရပါတယ်။ ရဲအရာရှိ Aji ဟာ Leongကို ဖမ်းဆီးနိုင်အောင် ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲဆိုတော့တော့ ဇာတ်လမ်းလေးထဲ ဆက်ကြည့်ရှုလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size          : 1.3GB, 522MB, 283MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 50mins Genre              : Drama, Thriller Translated by Jane Encoded by Kinnov

Crime • Thriller
6.8 2022 110 mins
Broken Wings
Hypochondriac
5.8

ဒီဇာတ်ကားကတော့ ငယ်ဘဝက ရခဲ့တဲ့ trauma ကနေ လွတ် မြောက်ဖို့ ကြိုးစားရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ...... ဝယ်လ် ဆိုတဲ့ ကောင်လေးတစ်ယောက်မှာ သူ့ရဲ့ ချစ်သူကောင်လေး လုခ် နဲ့ သာယာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နေရသူပါ။ ဒါပေမဲ့ ဝယ်လ် ငယ်ငယ်တုန်းက သူ့ရဲ့အမေဖြစ်သူက စိတ်ကျန်းမာရေးကြောင့် သူ့သား ကို သတ်ပစ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ တစ်နေ့ သူ့အမေဆီကနေ စာတွေရလာပြီးနောက်ပိုင်း သူ့ရဲ့ အတိတ် ဘဝက trauma က တဖန်ပြန်ပေါ်လာခဲ့ပါတယ်။ အဲတော့ ဝယ်လ် တစ်ယောက် သူ့ရဲ့အတိတ်က trauma ကနေ လွတ်မြောက်နိုင်ပါ့ မလား။ သူရဲ့ချစ်သူကောင်လေး လုခ်ကရော သူ့အပေါ်မှာ နားလည် ပေးနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.05 GB) / (463 MB) / (271 MB) Quality............WebDL 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Thriller Translator.......Parris Encoder..........SWM

Comedy • Drama • Romance
5.8 2022 96 mins
Hypochondriac
Ramaiya Vastavaiya
6.3

အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို Ramaiya Vastavaiya လို့ အမည်ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကတော့ Romantic Drama ဆိုတဲ့ အမျိုးအစားဖြစ်တဲ့အလျောက် လူငယ်လေးနှစ်ယောက် ဖူးစာစုံမက်ကာ ချစ်ကြိုက်ခဲ့ပြီး တူနှစ်ကိုယ်ပေါင်းဖက်ခွင့်ရဖို့ အခက်အခဲတွေ ကျော်လွှားရပုံကို ဟာသနှောရင်း ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ် ရမ်လို့အမည်ရတဲ့ ကောင်လေးဟာ ဘီလီနာမိဘနှစ်ပါးကနေ ပေါက်ဖွားလာပြီး ဩစတြေးလျမှာ ကြီးပျင်းလာခဲ့တဲ့ မြို့ကြီးသားသူဌေးသားလေးပါ ဆိုနာဆိုတဲ့ ကောင်မလေးကတော့ အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီကို ဖခင်လိုမိခင်လို ဆည်းကပ်ရင်း အစ်ကိုတစ်ယောက်ညီမတစ်ယောက်ဘဝနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ ရိုးရိုးသားသား ကျေးတောသူလေးပေါ့ တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲကို လာဖို့ အိမ်ကိုဖိတ်ရင်း ရမ်နဲ့ဆိုနာတို့ ကံကြမ္မာစုံမက် ဖူးစာဖက်ကာ နှစ်ယောက်သားအတူ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း ရမ်ရဲ့မိခင်ဟာ ဒီအကြောင်းကို သိသွားပြီးတဲ့နောက် ရမ်ကို သူမမောင်ရဲ့စီးပွားရေးမိတ်ဖက်ရဲ့သမီးဖြစ်သူနဲ့ နေရာချထားပေးဖို့ စီစဥ်ပါတော့တယ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်လို့ပဲ ပြောရမလား ရမ်ရဲ့အမေ ဆိုနာ့ကို ငွေကြေးချို့တဲ့တဲ့အတွက်ကြောင့် ပုတ်ခတ်ပြောဆိုနေစဥ် ဆိုနာ့အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီ ရောက်လာပါတော့တယ် ရမ်တစ်ယောက် အကြပ်တွေ့ပြီး အမေဖြစ်သူနဲ့နေခဲ့ရင် မချစ်နှစ်သက်တဲ့သူနဲ့ လက်ထပ်ပြီး ဆိုနာနဲ့ဝေးရမှာဆိုးတဲ့အတွက်ကြောင့် ဆိုနာတို့အိမ်ကိုပဲ လိုက်လာခဲ့ပါတော့တယ် ရတ်ဒ်ဟူးဗီကရော သူဖူးဖူးမှုတ်ချစ်နေရတဲ့ ညီမလေးရဲ့ ချစ်သူကောင်လေး ရမ်ကို ဘယ်လိုတွေ စမ်းသပ်သွားမလဲ... အချစ်အတွက်သာဆို ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်မယ်လို့ ကြွေးကြော်ထားတဲ့ ရမ်တစ်ယောက် တကယ်တမ်း သူပြောတဲ့အတိုင်း အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားနဲ့ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…4.54 Gb / 1.84GB Quality…1080p TRUE WEBDL Hindi AAC5.1CH / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pwint & Lwin Htoo Aung

Comedy
6.3 2013 148 mins
Ramaiya Vastavaiya
Unthinkably Good Things
5.4

Unthinkably Good Things (2022) စစ်မှန်တဲ့သူငယ်ချင်းတွေရှိရင် ဘဝကြီးက ပြီးပြည့်စုံတယ်ဆိုတာကို ကြည်နူးစရာ ကြည့်ရှူရမယ့် ဇာတ်ကားဖြစ်ပါတယ်။ မယ်လီနာ၊ အယ်လီဆန်နဲ့ ရီဆာက အရမ်းချစ်တဲ့ ငယ်သူငယ်ချင်းသုံးယောက်ဖြစ်ကြပါတယ်။ အသက်တွေရလာတော့ မယ်လီနာက စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သွားပြီး အယ်လီဆန်ကတော့ အီတလီက တက္ကသိုလ်တစ်ခုမှာ ဧည့်သည်ပါမောက္ခအဖြစ် စာသင်ကြားနေပါတယ်။ ရီဆာကတော့ ကလေးယူဖို့ ကြိုးစားနေတဲ့ အငြိမ်းစားဗိုလ်ကြီးပေါ့။ တစ်နေ့တော့ ရီဆာနဲ့ မယ်လီနာတို့တစ်တွေ မတွေ့ရတာသုံးနှစ်ရှိပြီဖြစ်တဲ့ အယ်လီဆန်ရှိရာ အီတလီကို အပန်းဖြေခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ငယ်သူငယ်ချင်းတွေပြန်ဆုံကြတော့ ပျော်စရာကောင်းပေမယ့် ပြောင်းလဲသွားတဲ့ ဘဝအခြေအနေတွေ၊ စိတ်မလုံခြုံမှုတွေနဲ့ သဘောထား မတိုက်ဆိုင်မှုတွေကို ညှိနှိုင်းကြရင်း တစ်ဦးကိုတစ်ဦး ဘယ်လို အားပေးကူညီကြရမလဲဆိုတာ သူငယ်ချင်းကောင်းရှိသူတိုင်း ကိုယ်တိုင်ကြုံတွေ့နေရသလို ကြည့်ရှုခံစားရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။) File Size : 2.3GB, 917MB, 453MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 24mins Genre : Drama, Romance Translated by May Myat Thu Encoded by Kinnov

Comedy • Fantasy • Horror
5.4 2022 84 mins
Unthinkably Good Things
Alivehoon
8.1

Alivehoon (2022) ဂျပန်ကားကြိုက်တဲ့ ညိုကီတို့ ညောင်နီတို့ရှိကြလားဗျို့ အချင်းချင်းလက်တို့ မန်းရှင်းခေါ်ပြီး ဒီကားလေးသာပြလိုက်ပါတော့… အရမ်းမိုက်တဲ့ကားပြိုင်ပွဲလေးကိုရိုက်ထားတဲ့ကားလေးပါ။ တစ်ခြားပြိုင်ကားတွေနဲ့မတူတာက Drift ဆွဲတာကိုပြိုင်တဲ့ကားလေးပါ။ ဘာသာပြန်သူကလည်း အရမ်းကြီးမသိပေမယ့် ဘာသာပြန်တာ ခဏရပ်ပြီး ပြိုင်ပွဲကိုအားပေးလိုက်ရတဲ့အထိ ဆွဲဆောင်မှုရှိတဲ့ကားလေးပါ။ အားကစားကားတွေဆို လေ့ကျင့်မယ်၊ ရှံးမယ်၊ ရှုံးခါနီးမှနိုင်သွားမယ် အဲ့ဒီလိုပုံစံခွက်ထဲကနေ မတူအောင်ရိုက်ပြထားပါတယ်။ Drift ဆွဲပြိုင်မယ့်သူက E-sport မှာချန်ပီယံရထားတဲ့ ပြိုင်ကားမောင်းသူ ကိုအိချိ ပဲ ဖြစ်ပါတယ်။ ဂိမ်းသမားတစ်ယောက်က လက်တွေ့မှာတကယ့်ပြိုင်ကားကို မောင်းရမယ်ဆိုတော့ ခေါင်းတွေလည်းမူး၊ အန်လည်းအန်ပြီး တော်တော်စိတ်ညစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂိမ်းဆိုသည်မှာလည်း လက်တွေ့နဲ့တူအောင်ဖန်တီးထားတာမို့ ဂိမ်းဆရာကြီးဖြစ်တဲ့ ကိုအိချိ က လက်တွေ့နဲ့ ဂိမ်း ဘယ်လိုရောစပ်သွားမလဲဆိုတာကို ဂျပန်အဆင်လေးလည်းငမ်းရင်း အားရပါးရကြည့်ဖို့ ဒေါင်းလိုက်ပါတော့နော်… အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre….. Sport Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 54oMB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JoJoVa Encoder ….. August

8.1 2022
Alivehoon
It’s Kind of a Funny Story
7.1

2010က ထွက်ရှိခဲ့တဲ့ ဒီကားကို Ned Vizzini ရဲ့ နာမည်တူ နာမည်ကြီး စာအုပ်ကို ပြန်လည်ရိုက်ကူးထားပြီးတော့ မျက်နှာသိသရုပ်ဆောင်တွေလည်းပါ ပါတယ်။ Emma Robert, Viola Davis တို့လို နာမည်ကြီးတွေနဲ့ Zach Galifianakusတို့လို ဟာသသရုပ်ဆောင်မင်းသား Atypical Serieက ခေါင်းဆောင် မင်းသား Keir Gilchrist တို့လည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ Craigဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးက တစ်ညမှာ သေကြောင်းကြံစည်မယ့်အိမ်မက်ကနေ လန့်နို့လာပြီးတော့ သူ့အိမ်နဲ့ အနီးဆုံး ဆေးရုံမှာ သွားပြီး ပြခဲ့ပါတယ်။ သူ့အကြံအစည်ကတော့ ဆေးပဲ လိုချင်တာဆိုပေမယ့် ဆရာဝန်က သူ့ကိုဆေးရုံတင်ပစ်လိုက်ပါတယ်။ ဆေးရုံရဲ့ပေါ်လစီအရ အနည်းဆုံးဆေးရုံမှာ ငါးရက်ကတော့ မဖြစ်မနေ နေရတော့မှာပါ။ အစမှာတော့ ဆေးရုံကလူတွေနဲ့ သူတို့ရဲ့ထူးထူးဆန်းဆန်းပုံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေဖို့ ခဲယဉ်းခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ နေသားကျလာပါတယ်။ ဒါ့အပြင် Bobbyလို့ခေါ်တဲ့ လူကြီးတစ်ယောက်နဲ့လည်း မိတ်ဆွေတွေ ဖြစ်လာခဲ့ပါတယ်။ ဆေးရုံတစ်ခုရဲ့ စိတ်ကျန်းမာရေးဌာနတစ်ခုမှာ ဖြစ်ပျက်နေပုံတွေကို ရိုးရှင်းတဲ့ ဇာတ်လမ်းနဲ့တင်ဆက်ထားပြီး ဟာသလေးအနည်းငယ်နှောထားလို့ တော်တော်များများ သဘောကျမယ့်ကားမျိုးပါ။ File size…(1.6 GB)/(807 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

7.1 2010
It’s Kind of a Funny Story
The Baader Meinhof Complex
7.3

၁၉၆၀ ကနေ ၁၉၇၀ကြား ဂျာမနီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ အကျော်မော် အနုပညာရှင် သရုပ်ဆောင်တွေဖြစ်တဲ့ Martina Gedeck၊ Moritz Bleibtreu၊ Johanna Wokalek၊ Nadja Uhlနဲ့ Bruno Ganz တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.3 နဲ့ RT 85% အထိ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီနိုင်ငံက သမိုင်းဖြစ်ရပ်တွေကို ပြန်လည်ရိုက်ကူးရာမှာ အင်မတန်လက်စွမ်းထက်တဲ့ နိုင်ငံအဖြစ် နာမည်ကြီးပါတယ်။ ဆိုတော့ကား ဇာတ်လမ်းအကြောင်း မပြောခင်မှာတင် ရုပ်ရှင်ကို ကြည့်ဖို့က အခုကတည်းက စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ဟစ်တလာရဲ့ Third Reich ( တတိယ အင်ပါယာ ) ကျရှုံးပြီးနောက်မှာ ဂျာမနီနိုင်ငံက အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီဆိုပြီး ၂နိုင်ငံ ကွဲထွက်သွားပါတယ်။ အရှေ့ဂျာမနီကတော့ ဆိုဗီယက်ဝါဒ လက်အောက်မှာဖြစ်ပြီး အနောက်ဂျာမနီကတော့ အမေရိကန်ရဲ့ နယ်ချဲ့ဝါဒ လက်အောက်မှာ ကျရောက်နေပါတယ်။ ယခု ရုပ်ရှင်မှာ ပါတဲ့ အဖြစ်ပျက်က အနောက်ဂျာမနီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တွေဖြစ်ပါတယ်။ အမေရိကန်တွေ ကြီးစိုးတဲ့ အနောက်ဂျာမနီက ဒီမိုကရေစီကို ကျင့်သုံးပေမယ့် ဟစ်တလာရဲ့ ဖက်ဆစ်စနစ်ယန္တရားရဲ့ လက်ကျန်လေးကတော့ အနောက်ဂျာမနီ-အနောက်ဘာလင်အစိုးရဆီမှာ ကျန်ရှိနေပါသေးတယ်။ အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဂျာမနီ ကျောင်းသားတွေ ဆန္ဒပြရာကနေ အရေးခင်းတွေ စတင်ဖြစ်ပွားတော့ပါတယ်။ ဂျာမနီအစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အစိုးရရဲ့ ဖိနှိပ်မှုတွေကို မျက်နှာလွှဲပေးထားတဲ့ အမေရိကန်တွေ၊ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာ သတင်းစာတိုက်တွေရဲ့ မုသားတွေ အမျိုးမျိုးကို ရတဲ့ဘက်ကနေ လူပေါင်းစုံ အထူးသဖြင့် ကျောင်းသားတွေက တော်လှန်နေကြပါတယ်။ အဲဒီလို တော်လှန်နေတဲ့ လူတွေထဲမှာမှ ဂျာနယ်လစ်ဖြစ်တဲ့ အိုရီခါ မိုင်းဟဖ့်နဲ့ တော်လှန်ရေးကျောင်းသား Baaderတို့ ပူပေါင်းမိကြတဲ့အခါမှာတော့ …. Baader-Meinhof အဖွဲ့က အစိုးရကို ဘယ်လိုတိုက်ထုတ်သွားမလဲ၊ အစိုးရရဲ့ ဖက်ဆစ်ယန္တရားကို ရပ်တန့်သွားအောင် ဘယ်လိုကြိုးစားကြမလဲ … အမေရိကန်ရဲ့ နယ်ချဲ့ဝါဒနဲ့ အနောက်ဂျာမန်အစိုးရရဲ့ ဖက်ဆစ်စနစ်ကို ရဲရဲရင့်ရင့် တိုက်ခိုက်ကြပုံတွေ၊ သူတို့ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်တွေ၊ ခိုင်မာတဲ့ ပေါ်လစီတွေ၊ တရားမျှတမှုကို လိုချင်ကြပုံတွေကို ယခု ရုပ်ရှင်ထဲမှာ အားပါတရ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.9 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Action, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

7.3 2008
The Baader Meinhof Complex
Fight Club
8.8

ဒီကားက တော်တော်များများ ညွှန်းဆိုကြတယ် ကြည့်သင့်တဲ့ကားဘာညာပေါ့လေ IMDb…ကလည်း..8.8 ရထားတယ်…RT မှာ 79% ရထားတယ်။ ဒီကားရဲ့အဓိကဇာတ်ဆောင်မင်းသား ၂ ဦးဖြစ်တဲ့ Brad Pitt, Edward Norton ကိုတော့ အတော်များများရင်းနှီးကြပါတယ်…..သူတို့ ၂ယောက်ပဲ ဒီဇာတ်ကားတစ်ကားလုံးဆွဲခေါ်သွားတာ….ကျွန်တော့်မိတ်ဆွေကိုမေးမိတယ် ဒီကားမကြည့်ခင်နည်းနည်းတော့ဇာတ်ကြောင်းလေးပြောပြပါ့လား ဆိုတော့ သူက ရယ်မောရင်းနဲ့ပြန်ပြောတယ် “ဒီကားက လေးနက်တဲ့ပုစ္ဆာတစ်ပုဒ်နဲ့တူတယ် ကိုယ်တိုင်စီးမျောရင်းအဖြေရှာနေရတာ ဇာတ်ကြောင်းပြောတယ်ဆိုတာက ငါအပြောမတတ်ရင် ဒီကားရဲ့ပေးချင်တဲ့ရသက လုံးဝပျောက်သွားလိမ့်မယ် တစ်ခုတော့ရှိတယ် ဒီကားကြည့်ပြီးတော့ မင်းနဲ့ငါဆွေးနွေးလို့ရတယ်”တဲ့ ကျွန်တော်လည်း ဒီကားကိုမညွှန်းရဲဘူး ပြောပြလို့ရတာတွေတော့ရှိတယ် ဇာတ်လမ်းတင်မဟုတ်ဘူး ဒိုင်ယာလော့တွေကပါ လက်ဖျားခါလောက်တယ် ပြီးတော့ လူကြိုက်နည်းလိမ့်မယ်ထင်တယ် မိန်းကလေးလှလှတွေ၊ရှုခင်းလှလှတွေ အချစ်အကြောင်းညွှန်းဆိုဖွဲ့စကားတွေ မပါဘူးဗျ။ ဒါက Fight Club ပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Sherlock မှတင်ဆက်ထားပါတယ်။)

Animation • Action • Adventure • Science Fiction
8.8 1999 139 mins
Fight Club
Creatura
6.8

Creatura (2023) ~ IMDb – 6.8/10, Rotten Tomatoes – 93% ~ “Creatura” ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဝေါဟာရ “Creature” သတ္တဝါ နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီစပိန်ဇာတ်ကား “Creatura” မှာတော့ ကလေးမငယ်လေးတစ်ယောက်ကို ရည်ညွှန်းထားပါတယ်။ ဒီဇာတ်ကားမှာ စပိန်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်ဆုပေါင်း ၈ ဆုရထားတဲ့ မင်းသမီးလည်းဖြစ် ဒါရိုက်တာရော ပရိုဂျူဆာပါဖြစ်တဲ့ Elena Martin ကိုယ်တိုင်ပဲ ဒါရိုက်တာအပြင် ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီ Creatura ဆိုတဲ့ ဇာတ်ကားအတွက် သီးခြားဆု ၂ ဆုအပြင် ဆန်ကာတင်စာရင်း ၂၇ ခုအထိ ပါအောင် စွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ မီလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ငယ်စဉ်အရွယ်ကလေးဘဝထဲက ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘဲနဲ့ လိင်စိတ်ကြွနေတဲ့ကလေးမလေးတစ်ယောက်ပါ။ ဒါ့အပြင် သူ့မှာ “Hyper Active” ဆိုတဲ့ ဂဏာမငြိမ်တဲ့ရောဂါတစ်ခုလည်းရှိပါသေးတယ်။ ဒီလိုနဲ့ သူ့မိဘတွေက သူ့ကိုဂရုတစိုက်ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း တစ်ခါတစ်လေ စိတ်မထိန်းနိုင်တော့တဲ့အခါကျ အော်ဟစ်မိတာတွေရှိပါတယ်။ ဒီလိုနဲ့ မီလာလေးက ငယ်စဉ်ထဲက စိတ်ဒဏ်ရာရပြီး တစ်ခုခုဆို Sensitive ဖြစ် Emotional အဖြစ်လွယ်လာပါတယ်။ ဇာတ်လမ်းအစဖြစ်တဲ့ မီလာတစ်ယောက် အရွယ်ရောက်လို့ အိမ်ထောင်ကျတဲ့အမျိုးသားနဲ့ အိမ်ပြောင်းတဲ့အခါမှာလည်း ငယ်ငယ်ကပြဿနာတွေက အိမ်ထောင်ရေးသုခကိုမပြေလည် လင်မယားကြားဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်လာတဲ့ ဆိုးရွားလာခဲ့ပါတယ်။ ဒီလိုနဲ့ သွေးသားဗီဇအရပါလာတဲ့ ပြဿနာတွေကြောင့် စိတ်သောကရောက်နေရတဲ့ မီလာက ငယ်စဉ်ဘဝတုန်းက အဖြစ်အပျက်တွေကို တဖြည်းဖြည်းနဲ့ပြန်သတိရလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာဆိုရင် လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝကရတဲ့ Trauma ဟာ အသက်အရွယ်ကြီးရင့်လာတဲ့အထိ တော်ရုံလွယ်လွယ်နဲ့မပျောက်နိုင်ဘူးဆိုတာကို ရည်ညွှန်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းကြုံတွေ့ရတတ်တဲ့ လက်တွေ့လောကရဲ့ လောကဓံတွေကို အိမ်ထောင်တစ်ခုရဲ့ဇာတ်ကွက်ကနေ လက်တွေ့ကျအောင် ရိုက်ကူးထားတာဖြစ်တဲ့အတွက်လည်း လူတိုင်းစာနာခံစားပေးနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကြည့်ရှုအားပေးတဲ့သူများအားလုံးအတွက် ရသမျိုးစုံပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကတော့ အသေအချာပါပဲ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 900MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Crime • Fantasy
6.8 2023 110 mins
Creatura
Last Night of Amore

ရဲအရာရှိ ဖရန်ကို အမိုရီ တစ်ယောက် သူ့ရဲ့ အငြိမ်းစားယူမိန့်ခွန်းကို အသေအချာပြင်ဆင်နေခဲ့ပါတယ်။ ဒီနေ့ညမှာ သူရဲအရာရှိတာဝန်ထမ်းဆောင်တာ ၃၅ နှစ်ပြည့်ပြီဖြစ်တဲ့အပြင် သူ့ရဲ့ရဲအရာရှိဘဝရဲ့နောက်ဆုံးညပါ။ ရဲအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၃၅ နှစ်လုံး လူတစ်ယောက်ကိုမှ သေနတ်နဲ့ မပ(စ်) ခဲ့ဖူးသလို အရိုးသားဆုံးနေထိုင်လာခဲ့သူလည်းဖြစ်ပါတယ်။ သူမသိခဲ့တာကတော့ အဲဒီနေ့ညဟာ သူ့ရဲ့ဘဝခံယူချက်‌တွေ၊ သူချစ်ရတဲ့ ဇနီးချော ဗီဗီယန်နာနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒီနိုတို့ရဲ့ဘဝကို ပြောင်းလဲပေးသွားမဲ့ ညတာအရှည်ကြီးတစ်ညဖြစ်‌နေမယ်ဆိုတာပါပဲ။ 2023 ထွက် အီတလီစကားပြော အက်ရှင် ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် မီလန်မြို့ရဲ့ အလှအပတွေကိုကြည့်ရှုပြီး မြေအောက်ရာဇဝတ်ဂိုဏ်း တွေရဲ့ အရှုပ်အထွေးတွေကို အရာရှိ ဖရန်ကိုနဲ့အတူဖြေရှင်းရင်း လိုက်ပါစီးမျောကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.7 GB)/(859 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre…Thriler, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2023
Last Night of Amore
Curious Caterer: Foiled Plans
7

ဒီတစ်ခါမှာ​တော့… ကြည့်ရှုသူပရိတ်သတ်ကြီးကို…rating 7/10 အထိ ရရှိထားတဲ့ Curious Caterer Failed Plans ဆိုတဲ့ ၂၀၂၄ ခုနှစ်ကမှထွက်ရှိထားတဲ့ စုံ​ထောက်ဇာတ်ကား​ ကောင်း​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ် ဒီဇာတ်ကားကိုဒါရိုက်တာ Paul Ziller ကပုံ​ဖော် ရိုက်ကူးထားပြီး မင်းသား Riley Davis , Lochlyn Munro , Vincent Gale , Ted Cole ,Andrew Kavadas တို့နဲ့ နာမည်​ကျော်မင်းသမီး​တွေဖြစ်ကြတဲ့ Jaleese Green , Nikki Deloach တို့ကပါ၀င်အားဖြည့်သရုပ်​ဆောင် ထားကြပါတယ် ဒီဇာတ်လမ်းမှာ အထူးသီးသန့်ဧည့်သည်​တော်​တွေပဲ ဖိတ်ကြားထားတဲ့ ပရဟိတရန်ပုံ​ငွေပွဲမှာ ဟိုက်ဒ်ရဲတိုက်ရဲ့ ပိုင်ရှင် အဲလက်စ်တာအသတ်ခံရ​သော​ကြောင့် စုံစမ်းစစ်​ဆေး​ဖော်ထုတ်ကြပုံကို ရိုက်ကူးတင်ဆက်ထားပါတယ် ဒီဇာတ်ကားကဇာတ်ညွှန်း​ရေးဆရာ​တွေရဲ့… မြှပ်ကွက်လှည့်ကွက်​တွေ​​ကြောင့် ကြည့်ရှုသူပရိတ်သတ်ကို ထိုင်ရာက​နေမထချင်​လောက်​အောင် စွဲ​ဆောင်ထားနိုင်မှာ အ​သေအချာပါပဲ လူသတ်တရားခံက​ရောဘယ်သူဖြစ်မလဲ သူ့ရဲ့လက်​ထောက် အမ်မာဆိုတဲ့​ကောင်မ​​လေးလား ​ရန်ပုံ​ငွေပွဲကျင်းပတဲ့ညမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ​ မီ​ဟေဗန်အကျဥ်း​ထောင်က​နေ ထောင်​ဖောက်ပြီး ထွက်​ပြေးလာတဲ့ အန်မတ်ဒ်​ရှောဆိုတဲ့ ရာဇ၀တ်သား တစ်​ယောက်လား သူနဲ့က​ရော အဲလက်စ်တာနဲ့အတိတ်မှာ ဘယ်လိုပတ်သက်မှု​တွေရှိခဲ့ကြတာလဲ ဒါမှမဟုတ် အဲလက်စ်တာက လူ​ရှေ့မှာ​ပြောဆိုပြီး နည်းပြရာထူးက​နေ အနား​ပေးလိုက်​တော့မယ့် ပီယာ့ဆိုတဲ့နည်းပြဆရာလား ဒါမှမဟုတ် အဲလက်စ်တာ ကိုယ်တိုင်ခန့်ထားတဲ့ မီ​ဟေဗန်အကျဥ်း​ထောင်မှာ ​ထောင်ကျဖူးတဲ့ ချာလီဆိုတဲ့​ထောင်ထွက်တစ်​​ယောက်လား ဒါမှမဟုတ် ဖိတ်ကြားထားတဲ့ ဧည့်သည်​တော်​တွေထဲမှာမပါ၀င်ဘဲ​ရောက်လာခဲ့တဲ့ ဂျာ့ဆိုတဲ့သူလား အဲလက်စ်တာကိုသတ်ချင်တယ်လို့ မကြာခဏကြုံးဝါး​နေတဲ့ သူ့ရဲ့​ငွေထိန်း က​လောက်စ်ဆိုတဲ့ သူလား လူသတ်သမားကဘယ်သူဖြစ်မလဲဆိုတာကို ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ​ ကြည့်ရှု​ဖော်ထုတ်​ပေးလိုက်ပါဦး ဒီ​ဇာတ်ကား Crime , Mystery & Drama အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူ​တွေ လက်မလွတ်စတမ်းကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…1.46GB / 647MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre …..Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

Comedy • Horror
7 2024
Curious Caterer: Foiled Plans
The Proposal
6.8

The Proposal (2009) IMDb Rating (6.8 ) Ryan Reynolds နဲ့ Sandra Bullock တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရိုမန့်ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… နာမည်ကျော်စာအုပ်တိုက်တစ်ခုမှာ ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ မာဂရက်ဆိုတဲ့ မမကြီးဟာ စမတ်ကျကျနေတတ်ပေမယ့် ဘော်ကျော့ပုံစံတွေကြောင့် သူမရဲ့လက်ထောက်ဖြစ်သူ အန်ဒရူးကစလို့ တစ်ရုံးလုံးက မကြည်ကြပါဘူး… ဒီလိုနဲ့ သူ့လုပ်ငန်းအခြေအနေကြောင့်ရယ် အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ Visa အခက်အခဲဖြစ်လာတာရယ်ကြောင့် အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူမရဲ့ လက်ထောက်ဖြစ်သူ အန်ဒရူးနဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်….. မိန်းကလေးက ယောကျာ်းလေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းမယ့်ပုံစံရဲ့နောက်ကွယ်က အလိမ်တွေ အရှုပ်ထုတ်တွေကြားထဲ မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ…….။ ဝါရင့်သရုပ်ဆောင်တွေမလို့ ပရိတ်သတ်ကို တောက်လျှောက်ဆွဲခေါ်သွားမှာပါ။

6.8 2009 108 mins
The Proposal
Under the Skin
6.3

Under the Skin (2013) IMDb Rating (6.3) / Rotten Tomatoes (83 %) Under the Skin (2013) ကို ပထမဆုံးစကြည့်ချင်တဲ့ အကြောင်းအရင်းက Scarlett Johansson ကြောင့်ဆို ဒုတိယအကြောင်းအရင်းက ဇာတ်ကားရဲ့ Genre က Mystery Sci-Fi ဖြစ်တာကြောင့်။ ဒါ့အပြင် Movie Critics တွေရဲ့ ကောင်းပါတယ်ဆိုတဲ့ အသံကြောင့်လည်းပါတယ်။ ဒီဇာတ်ကားက BBC ရဲ့ 21st ရာစုရဲ့ အကောင်းဆုံး ဇာတ်ကား 100 စာရင်းမှာလည်း ပါဝင်ထားတယ်။ ဘာတွေဒီလောက်ကောင်းသလဲပေါ့။ ကျွန်တော့်အမြင်အရ ဒီဇာတ်ကားက Sci-Fi Genre နဲ့ Mytho ဟန်တစ်ခုကို တွဲစပ်တင်ပြထားသလိုပါပဲ။ T.S Eliot ရဲ့ Modernist ဖန်ဆင်းခြင်းပုံစံမျိုးပဲ။ ကြားဖူးနေကျ ရိုးရာပုံပြင်တစ်ခုကို Ailen ဆန်ဆန်တွေနဲ့ Sci-Fi Genre တစ်ခုထဲ သွပ်သွင်းလိုက်တဲ့သဘော။ ဒါကြောင့်လည်း Under the Skin ဟာ Modernist ဟန်ရှိတဲ့ ဇာတ်ကားတစ်ခုအဖြစ်ရှိလာခဲ့တာ။ ဒါ့ပေမယ့် Under the Skin မှာ ရှုတ်ထွေးတဲ့ ဒွိဟသဘောတွေ တွေ့နေရပြန်တယ်။ ဇာတ်လမ်းရဲ့ အပိုင်းအစတစ်ချို့က Abstract ဟန် အရမ်းရှိနေသလို၊ တစ်ချို့အပိုင်းအစတွေကျတော့လည်း Reality အရမ်းဆန်လွန်းသွားပြန်တယ်။ Interview တစ်ခုမှာတော့ ဒါရိုက်တာ Jonathan Glazer က ဇာတ်ကားကို Reality ဆန်ဆန်ဖြစ်ချင်တာကြောင့် Hidden Camera တွေနဲ့ ရိုက်ရတယ်ပြောခဲ့တယ်။ ဒါ့ကြောင့်လည်း ပုံပျက်နေတဲ့ ဇာတ်ဆောင်နေရာမှာ Prosthetics မလုပ်ပဲ Reality ပိုဆန်စေချင်တာကြောင့် တကယ့်အပြင်က Neurofibromatosis ဝေဒနာရှင်တစ်ယောက်ကို ထည့်ရိုက်စေခဲ့တယ်။ Under the Skin မှာတွေ့ရတဲ့ နောက်ထပ် ဒွိဟသဘောတွေက Gender Experience တွေပဲ။ တစ်ချို့ Critics တွေကလည်း Reverse Rape Culture လို့ရည်ညွှန်းပြီး ချီးကျူးကြသလို၊ တစ်ချို့တွေကလည်း Naturally, men desires should be punished? ဆိုပြီး မေးခွန်းထုတ်ကြပြန်သေးတယ်။ Under the Skin ကို Critic Rating အနိမ့်ဆုံးပေးတဲ့ Plugged In ကတောင် ”A violent gender reversal of the modern rape culture” လို့တောင် အမည်တပ်ပြလိုက်သေးတယ်။ တစ်ချို့ကလည်း Scarlett ရဲ့ ဇာတ်ကောင်က Femanist အရမ်းဆန်လွန်းတဲ့ သဘောသဘာဝကို ရည်ညွှန်းတယ် ပြောကြပြန်သေးသလို တစ်ချို့ကလည်း Wings of Desire ထဲက အိန်ဂျယ်လို လူ့အဖြစ်ကို သဘောကျနှစ်ခြိုက်လာတဲ့ Alien တစ်ယောက်လို့ ညွှန်းဆိုကြပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒါရိုက်တာ Glazer ကတော့ ”တစ်ချို့က ဒီဇာတ်ကားကို အရမ်းချစ်ကြတယ်။ တစ်ချို့ကတော့ ဒီဇာတ်ကားကို မနှစ်ခြိုက်ကြပါဘူး။ ဒါဟာ မျှတတဲ့ရလာဒ်တစ်ခုပါ” လို့ ဝေဖန်မှုတွေအကုန်လုံးကို တုံ့ပြန်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့တော့ Under the Skin ဟာ The Tree of Life တို့၊ Melancholia တို့လို ကောင်းမွန်တဲ့ Arthouse ဇာတ်ကားတစ်ကားဆိုတာ ငြင်းမရပါဘူး။ ပထမဦးဆုံးအခန်းမှာ ပြသတဲ့ Formication အခန်းနဲ့တင် ဒီဇာတ်ကားက ကျွန်တော့်ကို စိတ်ဝင်စားစရာအပြည့် ပေးခဲ့တယ်။ ကျွန်တော်တို့ ရုပ်ရှင်ထဲတွေက တွေ့ကြုံခံစားရမယ့် အနုပညာဆိုတာ ဒီလိုဇာတ်ကားတွေထဲက အနုပညာတွေပါပဲ။ Under the Skin ဟာ ဖုံးကွယ်ထားတဲ့ အနုပညာတစ်ခုမဟုတ်ပါဘူး။ ဖွင့်လှစ်ထားတဲ့ “modernist stylistic & thought provoking film” တစ်ခုပါ။ ကြည့်ရတာ လုံးဝထိုက်တန်ပါလိမ့်မယ်..။ (ရုပ်ရှင်အညွှန်းကို Ko Aung Tun Tun FB မှကူးယူဖော်ပြပါသည်။) စကားလက်ဂျိုရဲ့ ဝတ်လစ်စလစ်ခန်းတွေ Body Horror ခန်းတွေကြောင့် R-Rated ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါ။

Comedy • Drama
6.3 2013 108 mins
Under the Skin
War of the Worlds: Extinction

War of the Worlds: Extinction (2024) ဒီရုပ်ရှင်က ကမ္ဘာဂြိုလ်ပေါ်ကို တခြားဂြိုလ်သားတွေ ကျူးကျော်လာတာမဟုတ်ဘဲ အမ်မီယိုစ်ဆိုတဲ့ဂြိုလ်ကို ကမ္ဘာဂြိုလ်သားတွေ သွားကျူးကျော်တဲ့ရုပ်ရှင်ပေါ့။ ကမ္ဘာကြီးက လေထုညစ်ညမ်းမှုကြောင့် ပျက်စီးတော့မှာမို့ နေလို့ရမဲ့ဂြိုလ်ရှာရင်း ကမ္ဘာဂြိုလ်သားတွေနဲ့ တစ်ပုံစံတည်းတူတဲ့ အမ်မီယိုစ်ဂြိုလ်သားတွေရဲ့ ဂြိုလ်ကို မောင်ပိုင်စီးဖို့ကြိုးစားပါတော့တယ်။ နှစ်ဘက်စလုံး တိုက်ကြခိုက်ကြရင်း အထိနာလာကြချိန် အပစ်အခတ်ရပ်စဲရေးကြေငြာချိန်မှာပဲ အမ်မီယိုစ်ဂြိုလ်သား ဗိုလ်ချုပ်စကာလာရဲ့ သမီးဖြစ်သူ ကမ္ဘာဂြိုလ်ကလက်နက်ကြောင့်သေဆုံးသွားခဲ့ပါတယ်။ ဗိုလ်ချုပ်စကာလာက သမီးဖြစ်သူသေဆုံးရမှုကြောင့် အပစ်အခတ်ရပ်စဲရေးဆိုတာကို ဂရုမစိုက်တော့ဘဲ ကမ္ဘာဂြိုလ်ပေါ်က သက်ရှိမှန်သမျှကို အပြတ်ရှင်းဖို့ ကြိုးစားချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)

Romance
0 2024 84 mins
War of the Worlds: Extinction
Parandhu Po
8.9

Parandhu Po 2025 (အထီးကျန်ဘဝလေး) အန်ဘူလို့ခေါ်တဲ့ ကလေးလေးဟာ အလုပ်များတဲ့ မိဘတွေကြောင့် အိမ်မှာပဲ အမြဲ သော့ပိတ်ခံထားရကာ အွန်လိုင်းအတန်းတွေ တက်ရင်း ဘဝကို အထီးကျန်နေထိုင်နေရသူတစ်ယောက်ပါ။ သူ့မိဘတွေဟာလည်း အန်ဘူကို မချစ်လို့မဟုတ်ဘဲ အကြွေးတွေဆပ်နိုင်ဖို့အတွက်နဲ့ ကြိုးစားရုန်းကန်နေရတာကြောင့်ပဲဖြစ်ပါတယ်။ အဖေဖြစ်သူကတော့ ကုန်ပစ္စည်းတွေကို လိုက်လံပို့ဆောင်ပေးတဲ့အလုပ်ကိုလုပ်ပါတယ်၊ မိခင်ဖြစ်သူကတော့ ကွိုင်ဘာတိုရ်မှာ အထည်သွားရောင်းနေတာပဲဖြစ်ပါတယ်။ အန်ဘူလေးဟာ အိမ်ထဲမှာပဲ အမြဲ သော့ပိတ်ခံထားရတဲ့သူဖြစ်တာကြောင့် အထီးကျန်ကာ အဖော်လိုချင်နေပြီး မိဘတွေအပေါ်မှာလည်း နွဲ့ဆိုးလေး ဆိုးရှာပါတယ်။ အန်ဘူတို့ မိသားစုသုံးယောက် အကြွေးကိစ္စတွေကို ဘယ်လို ဖြေရှင်းသွားကြမလဲ ……. အန်ဘူကိုရော အထီးကျန်ဘဝကနေ လွတ်မြောက်အောင် ဂရုစိုက်ပေးနိုင်ကြမလား …… ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ငွေကြေးမပြည့်စုံတဲ့ဘဝတွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ တစ်ဦးတည်းသောကလေးတွေရဲ့ ခံစားချက်တွေ၊ မိဘတွေရဲ့ သားသမီးအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ဟာသလေးတွေ နှောရင်း ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ V~ Brian~ Alex~ KKKZ ဖြစ်ပါတယ်)

Crime • Action • Drama
8.9 2025 130 mins
Parandhu Po