YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Someone.Like.You.2001.1080p.WEBRip.(CM).mp4

1.84 GB N/A video/mp4 52 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Lion King
8.3

IMDb - 8.5/10______Rotten - 94% Won 2 Oscars. Another 35 wins & 34 nominations ဝေါ့ဒစ်စနေးရဲ့ မာစတာပိစ် တစ်ခုလာပါပြီဗျာ။ ကလေးတုန်းကတည်းက အသဲစွဲ ကာတွန်းလေးပါ။ IMDb 8.5 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ တောဘုရင်ခြင်္သေကြီး မူဖာဆာ မှာ စင်ဘာဆိုတဲ့ သားလေးမွေးဖွားလာပြီး သူ့နေရာကို တစ်နေဆက်ခံခွင့်ပေးဖို့ လျာထားခဲ့ပါတယ်။ အဲဒါကို မကျေနပ်တဲ့ စင်ဘာရဲ့ ဦးလေး မူဖာဆာရဲ့ ညီက ခွေးအတွေနဲ့ ပေါင်းပြီး မူဖာဆာကို လုပ်ကြံပြီး စင်ဘာလေးကို သူ့အပြစ်လို့ထင်အောင်လုပ်ပြီးအဝေးကြီးကို ထွက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ခွေးအတွေကို ခြင်္သေ့တွေနဲ့ပေါင်းနေစေပြီး တောအုပ်ကြီးတစ်ခုလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီရှာဖို့ထွက်လာတဲ့ ခြင်္သေမငယ်သူငယ်ချင်းနဲ့ အတိတ်ကနေ ထွက်ပြေးနေတဲ့ စင်ဘာတွေ့ ပြန်တွေ့ကြတဲ့အခါမှာ....... File Size      : 1.13GB / 584MB Duration     : 1 hr 28 min Quality       : BlueRay 1080p / 720p Encoder     : Thit San Khant Translater  : Myo Min Thu Than Myint

Action • Adventure • War
8.3 1994 89 mins
The Lion King
Walk Up
6.2

~ IMDb - 6.6/10, Rotten Tomatoes - 100% ~ တာကော့စကီး ပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ " Cinema is an unhappy art because it depends on money. Not only because a film is very expensive; but it is then also marketed like cigarettes. " တဲ့။ ပြီးမှ မြတ်တာမမြတ်တာဆိုတဲ့ ဈေးကွက်ကိုအသာထား ရုပ်ရှင်ရိုက်ဖို့က သိပ်ဈေးကြီးလွန်းလို့ ရုပ်ရှင်ဟာ ဈေးကြီးလွန်းတဲ့ အနုပညာတစ်ခုအနေနဲ့ တည်ရှိနေခဲ့တယ်။ ရုပ်ရှင်တစ်ကားကို စိတ်တိုင်းကျ ထွက်လာအောင်လည်းလုပ် ငွေလည်းရဖို့က မဖြစ်နိုင်သလောက်ခက်တဲ့ကိစ္စပဲ။ တော်ရုံကွာလတီတစ်ကားရိုက်မယ်ဆိုကတည်းက နောက်မှာ ရင်းနှီးမြုပ်နှံသူတွေပါလာပြီဆိုတော့ သူတို့ ကြိုက်မယ့် အကြိုက်ကနေ စဉ်းစားပေးရတာတွေလည်းရှိလာမှာပဲ။ ကိုယ့်စိတ်ကြိုက် ကိုယ်ရိုက်ပြီး ခြောက်ပြစ်ကင်းနေတဲ့ ရုပ်ရှင်တွေက ရှိတော့ရှိပေမဲ့ ရှားတယ်ပဲပြောရမှာပဲ။ သမိုင်းကြီးလှတဲ့ ဒါရိုက်တာတွေတောင် စိတ်ကြိုက်ရိုက်ခွင့် အပြည့်မရနေခဲ့ဘူး။ ဆာဂျီယိုလီယွန်နီဆို Once Upon A Time in Hollywood ကို ရုံတင်တုန်းက သူ့ရဲ့လေးနာရီကြာတဲ့ ရှည်လွန်းတဲ့ ဇာတ်ကြီးကို ဖြတ်တောက်ခံခဲ့ရတယ်။ ဒီလိုမျိုးခံခဲ့ရတဲ့ လူတွေက တော်တော်လည်းမနည်းဘူး။ ဖရန်စစ် ဖို့ဒ် ကော်ပိုလာ၊ စတီဗင်စပီးဘာ့ချ်၊ ဒေးဗစ်လင်း၊ ဒေးဗစ်ဖင်ချာ၊ အော်ဆန်ဝဲလ် တို့လိုလူတွေလည်း ခံခဲ့ရတာပဲ။ ကူရိုဆာဝါတို့လိုလူတွေလည်း Cut ခံရတယ်မဟုတ်ပေမဲ့ စိတ်ကြိုက်လုပ်ချင်တာနဲ့ ဈေးကွက်နဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့အကြိုက်နဲ့ ငွေကြေးနဲ့ကြားက ပြဿနာတွေကြုံခဲ့ရတာပဲ။ သိသာတာမသိသာတာပဲ ရှိမယ်။ ကွာလတီကောင်းကောင်းတစ်ကားရဖို့ ငွေနဲ့ဆက်စပ်မိလာပြီဆို ဒါရိုက်တာအားလုံး စိတ်ကြိုက်လုပ်ခွင့်မရတာနဲ့ ကြုံလာရမှာပါပဲ။ ဒီလိုဖန်တီးမှုအကန့်အသတ်တွေကြောင့်ဖြစ်ဖြစ် ကိုယ်တိုင်ရဲ့ အနုပညာအပေါ်အမြင်အပြောင်းအလဲကြောင့်ဖြစ်ဖြစ် ကိုယ်ရိုက်ချင်တဲ့ပုံစံအစစ်အမှန်နဲ့ ရုပ်ရှင်ကို ရိုက်ခွင့်မရတာတွေ ကြုံကြရမှာပဲ။ ဒီအကန့်အသတ်က အနုပညာတိုင်းရှိနေတယ်လို့တော့ ထင်ရတာပဲ။ တဂိုးဟာ သူသေတဲ့နေ့အထိ သူရေးချင်တဲ့ ကဗျာမျိုးကို မရေးသွားရဘူးလို့ ဆိုခဲ့သလိုပဲ၊ အနုပညာတိုင်းမှာ ဖန်တီးချင်သူတိုင်းမှာ ပိုကောင်းတာကို ပေးချင်သူတိုင်းမှာ ကိုယ်ချပြချင်တဲ့အတိုင်း ချပြမသွားမရတဲ့ ပြဿနာတော့ရှိကြလိမ့်မယ်။ နောက် ဒီမှာဆိုလည်း နိုင်ငံကျော်အဆိုတော်တစ်ယောက်ဆို နိုင်ငံခြားက ဂီတတွေကို အားကျပေမဲ့ ဘယ်ဖန်တီးမှုအကန့်အသတ်ကြောင့်လဲမသိ သူကြိုက်တဲ့သီချင်းတွေကို ကော်ပီလုပ်ဆိုခဲ့ရတယ်လို့ပြောဖူးတာပဲ။ အဲဒီလိုတွေထဲကမှ အနုပညာတစ်ခုထွက်လာဖို့ကို ငွေအား လူအား အတတ်ပညာအား အများကြီးလိုတဲ့ ရုပ်ရှင်ရဲ့အကန့်အသတ်ကတော့ ပိုကြီးနေမှာပဲ။ ဟုန်းဆန်းဆူဟာ Introduction (2021) ကစပြီး In Front of Your Face, The Novelist's Film, Walk Up စတဲ့ရုပ်ရှင်တွေမှာ ရှေ့ရုပ်ရှင်တွေနဲ့ မတူတဲ့ အချိုးအကွေ့တစ်ခုပြောင်းပစ်ခဲ့တယ်။ သူ့မူလဟန်အတိုင်းကိုမှ အကုန်လုံး သူ့စိတ်တိုင်းကျဖြစ်လာတယ်ပြောရမလားပဲ။ ဒီကားတွေအကုန်လုံးကို သူကိုယ်တိုင်ရေး သူကိုယ်တိုင်ရိုက် သူကိုယ်တိုင်ထုတ် သူကိုယ်တိုင်စီနီမာတိုဂရပ်ဖာလုပ် သူကိုယ်တိုင်နောက်ခံတေးလုပ် သူကိုယ်တိုင်တည်းဖြတ်ခဲ့တယ်။ ကားတွေလည်း ခပ်စိတ်စိတ်ထုတ်လာခဲ့တယ်။ ဆိုခဲ့တဲ့ ရင်းနှီးမြုပ်နှံသူတွေ ထုတ်လုပ်သူတွေ ဘာတွေညာတွေ ဘာအကန့်အသတ်မှကို မရှိတော့ဘူး။ သူ့စိတ်တိုင်းကျဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်တွေဟာ အရင်ကထက်လည်း သူ့ကို ပိုထင်ဟပ်လာခဲ့တယ်။ တစ်ကားကလွဲ ကျန်တာအကုန် အဖြူအမဲနဲ့ချည်းရိုက်ထားခဲ့တယ်။ သူ့ကိုယ်တိုင်ရဲ့ ဖန်တီးနိုင်မှုအကန့်အသတ်ကလွဲ တခြားဘာအကန့်အသတ်မှမရှိတော့ဘူး။ သူလည်းလူဆိုတော့ စီနီမာတိုဂရပ်ဖီ နောက်ခံတေးဘာညာမှာ အားမရချင်စရာကောင်းတာလေးတွေတော့ရှိတာပဲ။ ဒါပေမဲ့လည်း ပြဿနာတော့မဟုတ်ပါဘူး။ ကဗျာလိုပေါ့။ ခြောက်ပြစ်ကင်းစရာလည်း မလိုပါဘူး ရိုးရိုးသားသားဖန်တီးရင်ကို သူ့ဟာနဲ့သူ ရသတစ်ခုခု ခံစားချက်တစ်ခုခုရနေမှာပဲ။ ဒီကားမတိုင်ခင်က ဟုန်းဆန်းဆူနဲ့ပတ်သက်ပြီး ကျွန်တော်နားမလည်ခဲ့တာက ဒီဘဲ ဘာလို့ ဒီလောက်ကားတွေအများကြီး ဆက်တိုက်ရိုက်နေတာလဲဆိုတဲ့ အမေးပဲ။ ဒါပေမဲ့ ဒီကားတွေဟာ သူ့ကိုပိုထင်ဟပ်လာတယ်လို့ ဆိုခဲ့သလိုပဲ ဒီကားတွေအကုန်လုံးမှာ သူနဲ့ ဂင်မင်ဟီးရဲ့လက်ရှိအခြေအနေကိုသိရင် အဲဒီအတွက် သူတို့အဖြေတွေ အခြေအနေတွေကို ပြသွားခဲ့တာကို မြင်ရမှာပဲ။ ဒီမှာလည်း သူဘာလို့ ဒီလောက်သောက်သောက်လဲရိုက်ထုတ်နေတာလဲဆိုတဲ့ အဖြေကိုဖြေသွားခဲ့တယ်။ ဟုန်းဆန်းဆူကား ပီပီသသပဲ။ ဇာတ်အိမ်တို့ ဘာတို့ တစ်စုံတရာကို မျှော်လင့်ရင် ကြည့်သင့်တဲ့ရုပ်ရှင်တော့မဟုတ်ပါဘူး။ သူ့ဇာတ်ကောင်တွေရဲ့ စကားဝိုင်းတွေမှာ ဝင်စီးမျောရင်း ကြည့်ရုံသက်သက်ကြည့်တတ်မှပဲ ကြည့်သင့်တယ်။ သူ့စကားဝိုင်းတွေဟာ တချို့ရုပ်ရှင်တွေလို ဘာမှနက်နက်နဲနဲ အကြီးကြီးတွေပြောနေတာမျိုးမဟုတ်ဘဲ ဒီတိုင်းသာမန်လျှံကာစကားဝိုင်းတွေပဲ။ ကိုယ်အခုမှစသိတဲ့ လူနှစ်ယောက် စကားပြောနေတာကို ကိုယ်က ဘေးက ထိုင်နားထောင်နေရသလို ဖီလင်မျိုးပဲ။ ဘာမှတော့မဟုတ်ပေမဲ့ အဖော်ရှိနေသလိုလိုအရသာရှိတယ်ပေါ့။ ဒီကားဟာ လူတစ်ယောက်ရဲ့စကားတွေကနေ လူတစ်ယောက်ကို သိရတဲ့ ကားမျိုးလို့ပြောလို့ရတယ်။ အဲဒီလူက ဟုန်းဆန်းဆူဖြစ်နေတာတော့ အမြတ်ပေါ့။ ဒီရုပ်ရှင်ဟာ အားနည်းချက်တွေတော့ ရှိနေမှာပါပဲ။ ဒါပေမဲ့လည်း ဟုန်းဆန်းဆူဟာ သူဖန်တီးချင်တဲ့ ပုံစံမျိုးကို ရာနှုန်းပြည့်နီးပါး သူ့စိတ်ကြိုက်ဖန်တီးထားတဲ့ရုပ်ရှင်မို့ ဒါရိုက်တာတစ်ယောက်ရဲ့ ရင်ဘတ်ထဲက ရုပ်ရှင်စစ်စစ်ဆိုတာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 37Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • Romance
6.2 2022 97 mins
Walk Up
Afflicted
6.5

ဒဲရစ်ခ် နဲ့ ကလစ်ဖ် တို့က ကမ္ဘာတစ်ပတ်ခရီးထွက်လာကြသူတွေပါ။ ခရီးထွက်လာရင်းနဲ့ ပဲရစ်ရောက်လာပြီးတဲ့အချိန် ညတစ်ညမှာ ဒဲရစ်ခ် က ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတဲ့နောက် သူကိုယ်တိုင်တောင်မမှတ်မိတဲ့ ထိခိုက်ဒဏ်ရာတွေရလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒဲရစ်ခ်မှာ ထူးဆန်းတဲ့ဝေဒနာတွေခံစားလာရသလို ထူးခြားတဲ့သဘာဝလွန်အစွမ်းတွေပါရလာခဲ့ပါတယ်။ ဒဲရစ်ခ်ရဲ့သဘာဝလွန်အစွမ်းတွေက လူတွေရဲ့အသက်အန္တရာယ်ကိုပါထိခိုက်လာတဲ့အခါမှာ ဒဲရစ်ခ်တို့တွေဘယ်လိုအဖြေရှာကြမလဲဆိုတာကို ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။

Drama
6.5 2014 85 mins
Afflicted
Alive
6.1

မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့ ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန် တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲ ရှိလာတဲ့အခါ... သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာ ဘယ်လိုကူညီပေးကြမလဲ ဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲ ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ trailer ထွက်ကတည်းက ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ မင်းသားနဲ့မင်းသမီးကြောင့် ဇာတ်ကားကိုရင်းနှီးပြီးသားဖြစ်နေကြမှာပါ ထိတ်လန့်သည်းဖိုတွေကို သဘောကျတတ်ရင် သေချာပေါက်စိတ်မပျက်စေမယ့်ကားမလို့ ဒီကားလေးကို ညွှန်းပေးလိုက်ပါတယ်နော် File Size : ( 923 MB , 459 MB) Quality : WEB DL 720p Running Time : 1 hr 38 min Format : Mp4 Genre : Action , Drama , Horror  Subtitle : Myanmar Subtitle (Hard Sub) Translated by P Encoded by Moe Myint Lwin

Horror • Thriller
6.1 2020 91 mins
Alive
The Other Child
5

The Other Child (2022) ကလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ အစားထိုးချင်နေတဲ့ လင်မယားနှစ်ယောက်ဟာ သားသမီး ၃ ယောက်ရှိနေပြီးသားဆိုပေမဲ့ နောက်ထပ်တစ်ယောက်ကို မွေးစားဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမဲ့ အဲဒီမွေးစားလိုက်တဲ့ကလေးအီဆာ့ဟာ ထူးခြားတဲ့စွမ်းရည် ပိုင်ဆိုင်ထားလို့ ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်ပါတယ် အိမ်မှာလည်း ဆုံးရှုံးလိုက်ရတဲ့ကလေးရဲ့ ဝိညာဉ်ရှိနေတဲ့အချိန်မှာ မိသားစုတွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ Horror ဆိုပေမဲ့ ဝုန်းဒိုင်းကြီး ကြောက်စရာကောင်းတာမဟုတ်ဘဲ ငြိမ့်ငြိမ့်လေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကို ကြည့်နိုင်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre…..Mhlystery, Horror Quality…. 1080p | 720p | 480p File size… 965MB | 453MB | 186MB Format… mp4 Duration….1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. August

Action & Adventure • Drama • Sci-Fi & Fantasy
5 2022
The Other Child
The Lover in the Attic: A True Story
5.3

The Lover in the Attic: A True Story (2018) ” မိသားစုနှင့် အတူကြည့်ရှုရန်မသင့်တော်သောအခန်းများ ပါရှိပါသည် “ ဒီကားကတော့ ၁၉၂၀ပြည့်နှစ်များအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ နာမည်ကြီး တကယ့်ဖြစ်ရပ်မှန်အကြောင်းအရာအပေါ် အခြေခံထားတဲ့ မိသားစုတစ်စုအတွင်းက အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ လူသတ်မှုတို့ကို ရင်ဖိုဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းလေးဖြစ်ပြီး Rating တွေအနေနဲ့ကတော့ IMDb – 5.3/ 10 / Rotten Tomatoes – 60% အသီးသီးရရှိထားပါတယ်။ ညှို့ဓာတ်ပြင်းတဲ့ ‌ဒေါ်လီတစ်ယောက်ဟာ အထည်အလိပ်စီးပွားရေးလုပ်ငန်းရှင်ကြီး ဖရဒ်အော်စရစ်နဲ့လက်ထပ်ထားပါလျက်နဲ့ မိဘမဲ့တစ်ကောင်ကြွက်လည်းဖြစ် တစ်ဖက်မှာဝမ်း‌ရေးအတွက် အပ်ချုပ်စက်ပြင်ပြီး တစ်ဖက်မှာဇာတ်လမ်းတွေရေးရတာကိုသဘောကျတဲ့ အော်တိုဆိုတဲ့ကောင်ငယ်လေးကို ‌မြှူဆွယ်ဖြားယောင်းပြီး ခင်ပွန်းမသိအောင် အိမ်ထပ်ခိုးမှာခေါ်သွင်းပြီး စားနေကျဖြစ်ပါတယ်။ အော်တိုဟာ ဖရဒ်ရှိတဲ့အချိန် အောက်ထပ်မှာဖြစ်ပျက်သမျှ၊ ကြားရသမျှကို ချစ်စိတ်တစ်ခုတည်းနဲ့ ခါးစည်းသည်းခံကာ ထပ်ခိုးကကြွက်တစ်ကောင်လို ပိပိရိရိနေထိုင်ခဲ့တယ်။ ဒေါ်လီနဲ့ အော်တိုတို့ရဲ့ အချစ်မီးတောက်ဟာ ဒေါ်လီ ၃၃နှစ်၊ အော်တို ၁၇နှစ်မှာ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ဘဝရဲ့အကောင်းဆုံး ငယ်ရွယ်ပျိုမြစ်ချိန်တွေကို ဆောင်းနွေမသိဘဲ အခန်းသော့ပိတ်ခံ ကုန်ဆုံးခဲ့ရပြီး တဖြည်းဖြည်းနဲ့ဘယ်လိုပေါက်ကွဲမိမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 700MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 27Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

5.3 2018
The Lover in the Attic: A True Story
The Lesson

ဒီတစ်ခေါက်မှတော့ IMDB 6.5/10, Rt 76% ရရှိထားတဲ့ အသစ်ထွက် Thriller ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Daryl McCormack (Good Luck to You, Leo Grande), မင်းသမီးကြီး Julie Delpy (Before Midnight) နဲ့ မင်းသားကြီး Richard E. Grant (Jack and Sarah) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒါရိုက်တာကလည်း Merlin, Doctor Who တို့ကို ရိုက်ကူးခဲ့သူ Alice Troughton ဖြစ်တာမို့ ဝေဖန်သူတွေဆီကလည်း ကောင်းမွန်တဲ့မှတ်ချက်တွေရရှိထားတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ လီယမ်က တက်သစ်စစာရေးဆရာလေးဖြစ်ပြီး သူ့မှာ စာသားတွေကို တစ်ခါမြင်ရုံနဲ့ အလွတ်မှတ်မိနိုင်တဲ့ စွမ်းရည်တစ်ခုပိုင်ဆိုင်ထားပါတယ်။ သူက ကျူတာလုပ်ရင်း ဘဝကိုတိုးတက်ဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပြီး တစ်နေ့မှာတော့ သူရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ အားလုံးကလေးစားရသူ နာမည်ကြီးစာရေးဆရာကြီး စင်ကလဲရ်ရဲ့အိမ်မှာ သူ့ရဲ့သားငယ်လေးဘာတီ့ကို အောက်စဖို့ဒ်ကျောင်းဝင်ခွင့်ရအောင် ကျူတာလုပ်ပေးဖို့ ကမ်းလှမ်းချက်ကို ရရှိခဲ့ပါတယ်။ သူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်သူရဲ့သားကို ကျူတာလုပ်ပေးရမှာမို့ စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ ဘာတီတို့ရဲ့စံအိမ်ကြီးကို ရောက်ရှိခဲ့ချိန်မှာတော့ သူ့ကို ထင်မထားခဲ့တာတွေက ဆီးကြိုနေခဲ့ပါတော့တယ်။ တင်းကြပ်တဲ့ဖခင်ရဲ့ စည်းကမ်းတွေအောက်မှာ တော်လှန်တတ်တဲ့ သားငယ်လေးဖြစ်သူဘာတီ့ကို ကျူတာလုပ်ပေးရတာက လီယမ့်အတွက်တော့ စစချင်း ဆောက်နဲ့ထွင်းဆိုသလိုပါပဲ။ စကားကို ခပ်ပြတ်ပြတ်ပြောတတ်ပြီး မာနကြီးသူ မစ္စတာစင်ကလဲရ်နဲ့ ရင်းနှီးချင်တာကြောင့် သူ့ရဲ့မိန်းမဖြစ်သူ ဟယ်လင်နဲ့ စကားစမြည်ပြောဆို ရင်းနှီးဖို့ကြိုးစားရင်း အဲဒီအိမ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို တစ်စတစ်စနဲ့ ရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့… လီယမ်က မူရင်းရည်ရွယ်ချက်အတိုင်း ဘာတီ့ကို ဝင်ခွင့်အောင်အောင် လုပ်ပေးလိုက်နိုင်မှာလား.. သူလေးစားရတဲ့ပုဂ္ဂိုလ်မိသားစုရဲ့ လျှို့ဝှက်ချက်ကရော ဘာများဖြစ်မလဲ… လူအရောက်အပေါက်ဝေးတဲ့နေရာက စံအိမ်ကြီးထဲမှာ လျှို့ဝှက်ချက်တွေကို သိရှိထားတဲ့ လီယမ်တစ်ယောက်ရော ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ပါ့မလား.. သူ့ရဲ့အထူးစွမ်းရည်ကိုရော ဘယ်လိုတွေ အသုံးချမလဲ.. ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ လှည့်ကွက်တွေနဲ့ ပဟေဠိဆန်ဆန် စိတ်ဝင်စားဖွယ် ရှုစားလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.4 GB)/(776 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2023
The Lesson
Secret Love Triangle

IMDb 6.1 ရရှိထားတဲ့ ၂၀၂၃ထွက် သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင်တစ်ကာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ဆီကာနဲ့ လော်ရီတို့က မြို့ငယ်လေးတစ်ခုမှာ ကိတ်မုန့်ဆိုင်အတူဖွင့်တဲ့ သူငယ်ချင်းနှစ်ဦးပါ။ ဂျက်စီကာမှာ မက်လို့ခေါ်တဲ့ ခင်ပွန်းတစ်ဦးရှိပြီး လော်ရီရဲ့ခင်ပွန်းကတော့ ရောဘတ်ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ရောဘတ်ဟာ အသတ်ခံလိုက်ရပြီး ဂျက်ဆီကာဟာ မတရားစွပ်စွဲခံလိုက်ရပြီး ထောင်ကျသွားပါတယ်။ အပြစ်မရှိတဲ့ ဂျက်ဆီကာဟာ ရောဘတ်ကိုသတ်ခဲ့တဲ့သူကို ဖော်ထုတ်ဖို့အတွက် ဆက်လက်ကြိုးစားတဲ့နောက်မှာတော့ ဂျက်ဆီကာ၊ မက် နဲ့ လော်ရီတို့သုံးယောက်ထဲမှာ ရောဘတ်ကို သတ်ခဲ့တဲ့လူသတ်သမားအစစ်က ဘယ်သူများဖြစ်နေမလဲ တရားမျှတမှုကရော ပေါ်ပေါက်လာပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2023 88 mins
Secret Love Triangle
The Corpse Washer
7

The Corpse Washer သို့ Pemandi Jenazah 2024 အလောင်းပြင်သူ Imdb 7.1/10 ခုရက်ပိုင်း ထွက်ရှိထားတဲ့သရဲကားတွေထဲ အကောင်းဆုံးလို့ပြောလို့ရလောက်တဲ့ အင်ဒိုအသစ်စက်စက်သရဲကားတင်ဆက်ပေးချင်ပါတယ် အသည်းငယ်တတ်သူများအနေနဲ့ ကြမ်းပေ့ဆိုတဲ့ဇာတ်ဝင်ခန်းတွေပါတာဖြစ်လို့ မကြည့်ခင်မှာစဉ်းစားစေချင်ပါတယ် ဒီကားကို ရုပ်ရှင်ရုံမှာသွားကြည့်တုန်းကတစ်ရုံလုံး ဝက်ဝက်ကွဲအော်ခဲ့ကြတဲ့ထိ ထိတ်လန့်စရာကောင်းခဲ့ပါတယ် လီလာတို့မိသားစုက ဘိုးစဉ်ဘောင်ဆက် အလောင်းရေချိုးပေးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ် ဒါပေမဲ့လီလာကတော့ ဒီအလုပ်ကိုရွံရှာပြီးမုန်းတီးနေသူပါ တစ်ရွာလုံးမှာလည်းသူ့အမေကလွဲ ဒီအလုပ်ကိုလုပ်မဲ့လူကမရှိ သူ့အမေမရှိတော့ရင် ဒီအလုပ်ကိုသူပဲဆက်ပြီးလုပ်ကိုင်သွားရမှာကိုတွေးပြီး စိတ်ပူပန်နေခဲ့တာပေါ့ အလောင်းပြင်ရင်လိုက်နာရမဲ့စည်းကမ်းက ပြင်နေချိန်ဝတ်ထားရမဲ့အဝတ်အစားနဲ့ သေဆုံးသူနဲ့ဆိုင်တာတွေကို မီးရှို့ပစ်ဖို့ပါ မဟုတ်ရင် ကံဆိုးခြင်းတွေနဲ့အတူ မမြင်အပ်တာတွေပါလာတတ်တယ်လို့ အယူရှိတယ်ပေါ့ ဒါပေမဲ့စူးစမ်းချင်စိတ်နဲ့ ပုံမှန်မဟုတ်ဘဲသေ‌‌‌ဆုံးသွားတဲ့ သူတို့မြို့ထဲကလူရဲ့ပစ္စည်းတစ်ခုကို လီလာကမီးမရှို့ဘဲသိမ်းထားခဲ့မိတယ် ဒီလိုကနေ မိခင်သေဆုံးတဲ့ထိဖြစ်လာပြီး အလောင်းပြင်ဖို့တာဝန်က လီလာ့လက်ထဲရောက်လာချိန်မှာတော့။။။ ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေ တစ်မှုပြီးတစ်မှုဖြစ်ပြီး သေဆုံးပုံတွေက တူလာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( အညွှန်းကို Yunni မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Yunni ~ Alex ~ V ~ KKKZ တို့ပဲဖြစ်ပါတယ် )

7 2024 107 mins
The Corpse Washer
Insomniacs After School
7

Insomniacs After School ဂျပန်ကျောင်းသားအချစ်ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို မျက်ရည်ခိုင်တဲ့သူမှဆက်ကြည့်ဖိုအကြံပြုချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့… ဂန်တာ နာကာမီဆိုတဲ့ကောင်လေးဟာ အိပ်ပျော်နေတုန်း အမေအိမ်ကထွက်သွားပြီးကတည်းက ညအိပ်မပျော်တဲ့ရောဂါဖြစ်သွားတယ်။ တစ်ဖက်မှာလည်း နှလုံးရောဂါသည်မလေး မာဂရီကလည်း အိပ်ပျော်နေရင် သူ့နှလုံးခုန်သံကိုမကြားရလို ညညဆိုမအိပ်ဘဲနေရင်းကနေ အိပ်မပျော်ရောဂါဖြစ်သွားတယ်။ ဒီလိုနဲ့တစ်ရက်ကျောင်းသန့်ရှင်းလုပ်ဖို နာကာမီတစ်ယောက် ဂိုဒေါင်ထဲမှာ လှေကားသွားယူရင်း ခိုးအိပ်နေတဲ့ မာဂရီနဲ့ ပထမဆုံး ဆုံတွေ့ခဲ့တယ်။ ရောဂါတူ အကျင့်တူနေတဲ့သူတိုနှစ်ယောက်လည်း သူငယ်ချင်းတွေဖြစ်သွားကြပြီး နတ္ခတ်တာရာအသင်းတစ်ခုကို ဖွဲစည်းဖိုလုပ်ခဲ့ကြတယ်။ ဆရာမရဲ့အကူအညီတွေယူ သူငယ်ချင်းတွေရဲ့အကူအညီတွေနဲ့ ပြပွဲလေးဖြစ်မြောက်ဖိုရှိသေးတယ် နွေခေါင်ခေါင်ကြီးမိုရွာလို ပြပွဲက ပျက်စီးသွားတယ်။ နှလုံးရောဂါသည်မလေးနဲ့ အူကြောင်ကြောင်နာကာမီတိုရဲ့အချစ်ဇာတ်လမ်းက happy ending ဖြစ်သွားမလား… sad ending ပဲဖြစ်သွားမလား…. သိချင်ရင်တော့ ဇာတ်ကားလေးပဲဆက်လက်ကြည့်ရှူပေးကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nga Tay Gyi ပါ ) File size_(1.7GB)/(880MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Nga Tay Gyi

Thriller • Action
7 2023 113 mins
Insomniacs After School
Munda Southall Da
6.4

Munda Southall Da (2023) “အမြဲတမ်း” IMDb 6.4 ရင်ကိုအေးစေမယ့် ပန်ဂျာဘီ အချစ်ဟာသကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ပုံမှန်မြင်တွေ့နေကျ ပန်ဂျာဘီကားတွေလို ခေါင်းပေါင်းတွေနဲ့ မဟုတ်ဘဲ UK က အိန္ဒိယပြောင်းရွှေ့ရပ်ကွက်လို နေရာမျိုးမှာ ဇာတ်လမ်းတည်ထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ရိုးရိုးလေးပါပဲ အာဂျွန်က ဘော်ဒါနှစ်ယောက်နဲ့ ပေါင်းပြီး ခြေဦးတည့်ရာသွား မိဘပိုက်ဆံလက်ဖြန့်တောင်းပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းသူတစ်ယောက် ကောင်မလေးတွေကို သိပ်ဂရုမစိုက်တတ်တဲ့ အာဂျွန် ပါတီညတစ်ညမှာ ပြဿနာတက်နေရာကနေ ကောင်မလေးတစ်ယောက်က သူ့ကိုကူညီပေးခဲ့တယ် သွက်လက်ချက်ချာပြီး ရဲရဲဝံ့ဝံ့ရှိတဲ့ ကောင်မလေးက သူ့အသည်းနှလုံးကို လှုပ်နှိုးနိုင်ခဲ့တယ်ပေါ့ ထိုမှတဆင့် နောက်ထပ်အဆင့်တက်လာတဲ့အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမလဲ ဆိုတာကတော့ ပရိသတ်ကြီးပဲ ခံစားကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

6.4 2023 114 mins
Munda Southall Da
Scooby-Doo! Moon Monster Madness
6.4

ဒီတစ်ခါမှာတော့ စကူဘီဒူးတို့အဖွဲ့ အာကာသထဲခရီးထွက်ရင်း အမှုတွေဖြေရှင်းကြမှာပဲဖြစ်ပါတယ်။ ဘီလီယံနာသူဌေးကြီးစလိုင်းက အာကာသထဲကို လူတိုင်းသွားလို့ရဖို့အတွက် စီမံကိန်းတစ်ခုလုပ်ထားပါတယ်။ နာမည်ကြီးတွေတင်မဟုတ်ဘဲ သာမန်ပြည်သူတွေပါလိုက်လို့ရအောင်ဆိုပြီး မဲနှိုက်စနစ်နဲ့ ကျပန်းရွေးချယ်လိုက်တဲ့အခါမှာ စကူဘီဒူးတို့သူငယ်ချင်းငါးယောက်က ကံထူးသွားပါတော့တယ်။ ဒီလိုနဲ့ ကမ္ဘာ့ပထမဆုံး အာကာသထဲကို ပြည်သူတွေ ခရီးထွက်တဲ့အခါမှာ ဘာတွေကြုံတွေ့ရမလဲ၊ ဂြိုလ်သားတွေနဲ့ရော တွေ့ကြဦးမလား၊ ဘယ်လိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကို စကူဘီဒူးတို့တွေ ဖြေရှင်းကြရမလဲ… အစရှိတာတွေကို ဇာတ်လမ်းလေးကိုကြည့်ရှုခံစားပြီး အဖြေရှာရင်း တစ်ရက်တာအမောလေးတွေကို ဖြေဖျောက်နိုင်ကြပါစေ။ File Size : 1.3 GB, 626 MB Quality : WEB-DL 1080p / 720p Running Time : 1hr 20min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

6.4 2015
Scooby-Doo! Moon Monster Madness
Ghost Trail Les fantĂ´mes
6.7

Ghost Trail (2024) IMDb Rating (6.7) / Rotten Tomatoes (100%) ထုံးစံအတိုင်း ပြင်သစ်ကို ပြည်ပြေးလာခဲ့တဲ့ ကမ္ဘာအရပ်ရပ်က မငြိမ်မသက်နိုင်ငံတွေကလာခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ရိုက်တဲ့ သူတို့နိုင်ငံမငြိမ်သက်မှုတွေ ကြောင့် သူတို့ဖြတ်သန်းခဲ့ရတဲ့ ကမ္ဘာပျက်တွေအကြောင်းပါပဲ။ ဆီးရီးယားရဲ့ သားသတ်အိမ်လို့ခေါ်တဲ့ Sednaya ထောင်ကနေ လွတ်လာခဲ့တဲ့ ပြည်ပြေးတွေက တိုင်းတစ်ပါးမှာ ခိုလှုံရင်း မလွတ်လာခဲ့သူတွေ သေသွားတဲ့သူတို့မိသားစု တွေအတွက် မကျက်သေးတဲ့အနာတွေကို ကုစားနေရပုံကို တင်ပြထားတယ်။ အစိုးရဘက်ကနေ သူတို့ကို ဒီထောင်ထဲ နှိပ်စက်ခဲ့ သူတို့အသိတွေကိုသတ်ခဲ့တဲ့ ပြည်ပြေးစစ်သားဟောင်းတွေကိုလည်း ရောက်တဲ့အရပ် ရောက်တဲ့နိုင်ငံမှာ လူမသိသူ မသိ အဖွဲ့သေးသေးလေးတွေဖွဲ့ပြီး လိုက်ရှာပြီး တရားခွင်တင်ဖို့ ကလဲ့စားချေဖို့ကြိုးစားခဲ့ကြတယ်။ ဒီရုပ်ရှင်မှာ ဆီးရီးယားကနေ ပြေးလာခဲ့တဲ့ ပြည်ပြေးတွေရဲ့ ဝေဒနာပေါင်းစုံကို မြင်ရပါလိမ့်မယ်။ Rotten Tomatoesတော့ ၁၀၀ရာခိုင်နှုန်းရထားပါတယ်။ ဒါမျိုးကားတွေက အော်စကာရဲ့နိုင်ငံခြားရုပ်ရှင်ဆန်ခါတင်စာရင်းမှာ အမြဲပါနေကျဆိုတော့ ပါကောင်းပါလာနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.9 GB) / (0.9 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery Duration….01:47:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Comedy
6.7 2024
Ghost Trail Les fantĂ´mes
Brain Freeze
4.9

Brain Freeze (2021) —————————– IMDb rating -4.9/10 Rotten Tomatoes – 71% Genre – Zombie Horror, comedy ဇာတ်လမ်းအကျဉ်း – သုံးမကုန်အောင် ပိုက်ဆံချမ်းသာ‌နေပြီးတော့ ၊ လူပေါ်လူဇော်လုပ် ဂေါက် ရိုက်ရတာကြိုက်တဲ့ လူချမ်း သာတွေက တစ်နှစ်ပတ်လုံး ‌လုပ်စရာမရှိ ဂေါက်ရိုက်ချင်ကြပါတယ် ဒါပေမဲ့ ဆောင်းတွင်းအခါ နှင်း‌တွေခဲတာကြောင့် မြေမှာ မြက်ပင်တွေ မပေါက်နိုင်တဲ့အခါ လူချမ်းသာတွေ ဟာ ဂေါက်ရိုက်ဖို့ မဖြစ်နိုင်ကြပါဘူး အဲ့ဒီအခါမှာ ဉာဏ်ကြီးရှင် စီးပွားရေး သမား‌တွေ ဟာ အကြံထုတ်ကြပါတော့တယ် သူတို့အတွက် အကျိုးအမြတ်များစွာရရှိနေတဲ့ လူချမ်းသာ တွေအတွက် ဆောင်းတွင်း မှာပါ မြက်တွေပေါက်ဖို့ကို ပညာရှင်တွေနဲ့ စမ်းသပ် ပြီး ဓာတ်မြေဩဇာကို ဖန်တီးလိုက်ပါတယ် မျော်လင့်ထားသလို အလုပ်ဖြစ်ခဲ့ပေမဲ့ ဓာတုပစ္စည်းရဲ့ အန္တာယ်ဟာ ဘယ်လောက်တောင်ဆိုးကျိုးရှိပြီး လူတွေကို ဇွန်ဘီအဖြစ် ပြောင်းသွားစေလောက်အောင် ဖြစ်သွားမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုပေးကြပါခင်ဗျား။ File size… 1.2 GB / 600MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Kafka

Drama • Thriller
4.9 2021 91 mins
Brain Freeze
Psycho II
6.6

Psycho II (1983) Review Bates Motel နဲ့ နော်မန်ဘိတ်စ်တို့မိသားစုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်၊ Series တွေ ရှိတဲ့အထဲမှာမှ 1960 ခုနှစ်က ဒါရိုက်တာ Alfred Hitchcock ရဲ့ Psycho ရုပ်ရှင်ကားကြီး ထွက်ရှိပြီး ၂၃ နှစ်အကြာမှာ နော်မန်ဘိတ်စ်ရဲ့ မပြီးဆုံးသေးတဲ့ဘဝဇာတ်လမ်းကို Psycho II အနေနဲ့ တင်ဆက်လာပါတယ်။ စိတ်ကျန်းမာရေးဆေးရုံက လူကောင်းပကတိအဖြစ်ကို ပြန်ရောက်ရှိပြီဆိုတဲ့ ထောက်ခံချက်နဲ့အတူ တရားရုံးကနေ နော်မန်ဘိတ်စ်ကို လူ့အသိုင်းအဝိုင်းထဲကို ပြန်လည်ဝင်ရောက်ခွင့် ပေးခဲ့ပါတယ်။ ဒေသခံစားသောက်ဆိုင်လေးတစ်ခုမှာ အကူအဖြစ်နဲ့ ဘဝကို ပြန်လည်စတင်ခဲ့တဲ့ နော်မန်ဘိတ်စ်ဟာ လုပ်ဖော်ကိုင်ဖက် စားပွဲထိုးမလေး မေရီကို မျက်စိကျလာခဲ့ပါတယ်။ ရည်းစားပြဿနာကြောင့် တစ်ညတာအိပ်စက်ရမယ့်နေရာပါ အခက်အခဲတွေ့နေတဲ့ မေရီကို သူ့ရဲ့မိုတယ်မှာ တည်းခိုဖို့ နော်မန်က ကမ်းလှမ်းခဲ့ပါတယ်။ သူ့မိုတယ်ကို ပြန်ရောက်ရောက်ချင်းမှာပဲ Bates Motel ဟာဆေးသမားတွေ၊ အပျော်အပါးလိုက်စားသူတွေ ကျက်စားရာ ညစ်ညမ်းဟိုတယ်အဖြစ်ကို ရောက်နေမှန်း မျက်မြင်သိခဲ့ရပါတယ်။ ဟိုတယ်မန်နေဂျာကို နေရာမှာတင် အလုပ်ထုတ်ပြီး မေရီကို သူ့ရဲ့အိမ်ထဲမှာပဲ တည်းခိုခွင့်ပေးခဲ့ပါတယ်။ ဘဝမှာ အခြေကျအနည်ထိုင်ဖို့ အစပြုလာစဉ်မှာပဲ ဟိုတယ်မန်နေဂျာ တွန်းမီရဲ့ စားသောက်ဆိုင်အထိ လာရောက်နှောက်ယှက်မှုတွေ၊ သူ့ရဲ့သေဆုံးသွားပြီဖြစ်တဲ့ အမေဆီက ရောက်လာတဲ့ စာတွေ၊ ဖုန်းကောလ်တွေကြောင့် နော်မန်ရဲ့ဘဝဟာ ခြောက်ခြားဖွယ်ဇာတ်လမ်းတစ်ပုဒ်အဖြစ်ကို ပြန်ရောက်ရှိလာခဲ့ပါတယ်။ စွန့်ပစ်အိမ်ကြီးလိုဖြစ်နေတဲ့ နော်မန်တို့အိမ်ဟာ နှစ်ပေါင်းများစွာ ဆေးသမားတို့ပျော်စံပုန်းခိုရာ ဖြစ်ခဲ့ပါတယ်။ နော်မန်ပြန်ရောက်ပြီးမကြာခင်မှာပဲ သူတို့အိမ်မြေအောက်ခန်းကို ခိုးဝင်ပြီးပျော်ပါးတဲ့ စုံတွဲတစ်တွဲဟာ အဖြစ်ဆိုးတစ်ပတ်ပြန်လည်လာတဲ့အခိုက်မှာ ပဟေဠိလူသတ်သမားကောင်ရဲ့ သားကောင်အဖြစ် ကျရောက်ခဲ့ရပါတယ်။ သူ့ကို စာတိုတွေ၊ ဖုန်းကောလ်တွေနဲ့ နှောက်ယှက်နေတာကရော ဘယ်သူလဲ သူ့ဘဝထဲကို ဝင်လာပြီး ရဲတွေသူ့ကို သံသယဝင်မယ့်အဖြစ်ကနေကာကွယ်ပေးနေတဲ့ မေရီရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကရော ဘာလဲ သူ့အိမ်ထဲမှာ မကြာခဏတွေ့နေရတဲ့ အမျိုးသမီးသဏ္ဌာန်ကရော သူ့အမေအစစ်ပဲလားဆိုတဲ့ မေးခွန်းများစွာနဲ့အတူ အတိတ်က အိပ်မက်ဆိုးကတော့ နော်မန်ဘိတ်စ်ဆီကို တစ်ကျော့ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Thriller
6.6 1983 113 mins
Psycho II