YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sleepless.in.Seattle.1993.BLU-RAY.480P(CM).mp4

313.44 MB N/A video/mp4 133 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Marriage Blue
6.5

၀၁၃ ခုနှစ်ထွက် Marriage Blue ဇာတ်လမ်းကတော့ Ju Ji Hoon, Ma Dong Seok, Lee Yeon Hee, Kim Kang Hoon, Lee Hee Joon, 2PM အဖွဲ့ဝင် Taecyeon စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ အချစ်ဟာသရုပ်ရှင်လေးဖြစ်ပါတယ်။ လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ baby blue လို့ခေါ်ပြီး လက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ marriage blue လို့ခေါ်ပါသတဲ့။ ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီး ပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.69GB | 976MB | 474MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Comedy • Romance • TV Movie
6.5 2013 118 mins
Marriage Blue
The Count of Monte Cristo
7.7

IMDb...7.7 မွန်တီ ခရစ်စတို မြို့စားကြီး ဆိုတာ 1844 ခုနှစ်ကထွက်ရှိခဲ့ စာရေးဆရာ Alexandre Dumasရဲ့ နာမည်ကျော်ဝတ္ထုဖြစ်ပြီးဘာသာပြန်ဝတ္ထုတွေလည်းထွက်ခဲ့ပါသေးတယ်။ ဇာတ်အိမ်ကို 1815–1839ခုနှစ်များဆီမှာအစတည်ထားပြီး နပိုလီယန်ဆီက စာလေးတစ်စောင်နဲ့လမ်းကြုံယူသွားပေးရာကနေအစပြုထားပါတယ်။ အဲ့ခေတ်မှာ နပိုလီယန်ဟာ အာဏာပြန်မရမီ နယ်နှင်ဒဏ်ပေးခံရတဲ့ကျွန်းလေးကို ဇာတ်လိုက်ဖြစ်သူ အက်ဒ်မွန်ဒန်တီနဲ့သူ့သူငယ်ချင်း ဖာနန် မွန်ဒေဂိုတို့ဟာ‌ဆရာဝန်ရှာထွက်ရင်းရောက်ရှိသွားပါတယ်။ နပိုလီယန်ကလည်း စာလေးတစ်စောင်လူကြုံပါးလိုက်တော့ စာမဖတ်တတ်တဲ့အက်ဒ်မွန်က သဘောရိုးနဲ့ယူလာ‌ခဲ့မိပါတယ်။ နပိုလီယန်နဲ့ဆက်သွယ်တာဟာ သစ္စာဖောက်မှုလို့စွပ်စွဲတတ်ကြပါတယ်။ ဖြောင့်မတ်တဲ့အက်ဒ်မွန်ဟာ သူ မကျူးလွန်တဲ့သစ္စာဖောက်မှုအတွက်ပဲ တစ်သက်တစ်ကျွန်းထောင်အချခံလိုက်ရပါတယ်။ ထောင်ကနေဘယ်လိုလွတ်မြောက်မလဲ၊သူ့ကိုဘယ်သူတွေက စွပ်စွဲခဲ့တာလဲ၊ အက်ဒ်မွန်တစ်ဖြစ်လဲ ဇက်တာရာဟာ မြို့စားကြီး မွန်တီခရစ်စတို အဖြစ် ဘယ်လိုများချမ်းသာခဲ့သလဲ၊သူ့ကလဲ့စားဘယ်လို ချေလဲဆိုတာ နာမည်ကြီး ဝတ္ထုဆိုတဲ့အတိုင်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် File Size :(2.7GB) (930 MB) and (305MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:11:00 Genre : Action ,Adventure , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Action • Drama
7.7 2002 131 mins
The Count of Monte Cristo
The Land Of The Sons (La Terra Dei Figli)
6.1

The Land Of The Sons (La Terra Dei Figli) (2021) ~~~~~ Imdb – 6.1 အီတလီရုပ်ရှင်တွေဆိုရင် ထပ်ညွှန်းစရာမလိုဘူးထင်ပါတယ်။ အစဥ်အလာလည်းရှိပြီးသားရုပ်ရှင်တွေဖြစ်တာရယ် အပြောထက် အပြတွေဦးစားပေးတဲ့ရုပ်ရှင်တွေဖြစ်တာကြောင့် အ​မြဲချီးကျူးတာခံနေရတဲ့ရုပ်ရှင်တွေပါ။ ဒီရုပ်ရှင်မှာဆိုလည်း ဒိုင်ယာလော့တွေ အများကြီးမပါဘူး။ ဇာတ်ကောင်တွေလည်း အများကြီးပါမနေဘူး။ ဇာတ်လမ်းကလည်းရှုပ်မနေဘူး။ ကမ္ဘာပျက်ပြီးချိန် ကျန်ရစ်တဲ့ လူတွေရဲ့ ရှင်သန်ရစ်ဖို့ ကြိုးစားပုံတွေတွေ့ရမယ်။ အဓိကဇာတ်ဆောင်တွေက သားအဖနှစ်ယောက်။ သူတို့နှစ်ယောက်ကြားက သံ​ယောဇဉ်တွေကို တမူထူးခြားတဲ့ပုံစံနဲ့ တင်ဆက်ထားတယ်။ ဘာဆိုဘာမှ မကျန်တော့တဲ့ခေတ်ကြီးထဲမှာ မေတ္တာတရား ဆက်ရှင်သန်နေတာက လူသားတွေအတွက် ဆုလာဘ်ပါပဲ။ ကြည့်ကြည့်ပါ။ ခံစားချက်တစ်စုံတစ်ရာတော့ ရလာမှာ အမှန်ပါပဲ။ File size…(1.5GB)/(834mb)/(385 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:00:00 Genre…Drama / Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sp

Action • Animation • Fantasy
6.1 2021 118 mins
The Land Of The Sons (La Terra Dei Figli)
[18+] Chloe

Chloe(2009) အညွှန်း ******************* မိုးအေးအေးလေးမှာ ပျင်းပျင်းနဲ့ ကြည့်လို့ကောင်းမဲ့ erotic movie လေး တစ်ခုကို ညွှန်းပါဆိုရင် Chloe ဆိုတဲ့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ။ erotic ဇာတ်ကားဆိုပေမယ့် ဇာတ်လမ်း plot က တကယ် မထင်ထားရလောက်တဲ့အထိ မိုက်ပါတယ်။ ကက်သရင်းဆိုတဲ့ midlife အရွယ် သားဖွားမီးယပ်ဆရာဝန်မတစ်ဦးရဲ့ အိမ်ထောင်ရေးဟာ ခလိုးဝီ ဆိုတဲ့ ငယ်ရွယ်လှပပြီး ညှို့အားပြင်းတဲ့ အမျိုးသမီးလေးကြောင့် ဘယ်လိုများ ယိမ်းယိုင်သွားမလဲ။ ကက်သရင်းက အသက်ရလာတာနဲ့အမျှ သူ့ခန္ဓာကိုယ်ကို insecure ဖြစ်လာတယ် ယောက်ျားနဲ့လည်း ချစ်ကြည် မနူးနိုင်တော့ဘဲ တဖြေးဖြေး ဝေးကွာလာတယ်။ တစ်နေ့ သူ့ခင်ပွန်းအတွက် မွေးနေ့ပွဲစီစဉ်ထားရာကနေ သူ့ခင်ပွန်းဖြစ်သူ ဒေးဗစ်က အိမ်အပြန် လေယာဉ်ခရီးကို တမင် နောက်ကျအောင် လုပ်ပြီး အိမ်ပြန် မလာခဲ့ဘူး။ အဲ့မှာစပြီး ကက်သရင်းတစ်ယောက် သူ့ယောက်ျားအပေါ် သံသယတွေ စပြီး ဝင်လာခဲ့တယ်။ ဒီလိုနဲ့ ခလိုးဝီနဲ့ တွေ့ပြီး သူ့ယောက်ျားကို မြှူစွယ်ဖို့ သူ့ယောက်ျား ဘယ်လိုတုန့်ပြန်လဲဆိုတာတွေကို သူ့ကို ပြန်တင်ပြဖို့ ခလိုးဝီ ကို ပိုက်ဆံပေးပြီး ခိုင်းခဲ့တယ်။ ခလိုးဝီက ဘယ်လိုတွေ မွှေမလဲ ကက်သရင်းရဲ့ အိမ်ထောင်ရေးရော ဘယ်လိုအဆုံးသတ်မလဲဆိုတာကို အဆုံးထိကြည့်လိုက်ရအောင်။ အဖော်အချွတ် အကြမ်းခန်းတွေပါတဲ့အပြင် ဇာတ်လမ်း plot ကပါ စိတ်ဝင်စားဖို့ကောင်းတာမို့ မလွတ်တမ်း ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် File Size : (2.14 GB) (688MB) and (249MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:36:00 Genre : Romance , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Min Wai

Action • Drama • History • War
0 2009 96 mins
[18+] Chloe
Everything I Am
6.8

Everything I Am (2022) ~ IMDb rating – 6.8/10 ~ ကမ္ဘာကို ဝေ့ဝဲကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်ရင် အားလုံးက အတ္တဟိတနဲ့ပဲ အလုပ်များနေတာကိုတွေ့ရမှာပဲ။ ပရဟိတကို လုပ်ကြတဲ့လူတွေ ရှိတော့ရှိမယ်။ လုံးဝ ကိုယ်ကျိုးမကြည့်တဲ့ ပရဟိတသမားစစ်စစ်ကိုတော့ တော်တော်ရှာယူရလိမ့်မယ်။ ကမ္ဘာကိုက ဒီလိုကမ္ဘာဖြစ်နေတော့ ကမ္ဘာကို အသက်သွင်းထားတဲ့ ရုပ်ရှင်တွေကို အသက်သွင်းတဲ့အခါမှာလည်း ရက်စက်တဲ့ကမ္ဘာရဲ့ ပုံရိပ်တွေသာ ထင်နေတာကို တွေ့ကြရမှာပဲ။ ဝေဒနာက ကြီးလွန်းတော့ ဘယ်လောက်ပီပြင်လိုက်သလဲဆို အကောင်းဆုံးဆိုတဲ့ရုပ်ရှင်တွေဟာ ဝေဒနာတွေဖြစ်နေတာကို တွေ့ကြရမှာပဲ။ ဒီရုပ်ရှင်က အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲတော့ မပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်က ကမ္ဘာကြီးရဲ့ သိပ်နည်းပါးတဲ့ တစ်ထောင့်လေးကို ရိုက်ပြထားတယ်။ ချစ်ခြင်းတွေ ပရဟိတအစစ်တွေအကြောင်းပေါ့။ နောက် ကိုယ့်ထက်ကိုယ် အားလုံးကို ချစ်ကြတဲ့လူတွေအကြောင်းပေါ့။ အားလုံးကို ဘုံဆန်ဆန်ချစ်ဖို့ ဆိုတဲ့ ခက်ခဲတဲ့အရာတစ်ခုရဲ့အကြောင်းပေါ့။ သံသရာရုပ်ရှင်ရဲ့ နောက်ဆုံးက စာသားလိုပဲ။ ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် အဲဒီရေပေါက်ကို ပင်လယ်ထဲ ပစ်ချလိုက်ရသတဲ့။ အားလုံးကို ထပ်တူညီချစ်ခြင်းဟာ ချစ်ခြင်းမေတ္တာကို မကုန်ခန်းစေတဲ့ နည်းတစ်နည်းပေါ့။ ကျင့်နိုင်ခဲလိမ့်မယ်။ ဒီရုပ်ရှင်ဟာ သူ့ခရစ်ယာန်ဘာသာကို ယုံကြည်တဲ့အတိုင်း အားလုံးကို ချစ်ဖို့ကြိုးစားခဲ့ ချစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို B မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 750MB Quality – 1080p, 720p Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by B Encoded by Y

Horror
6.8 2022
Everything I Am
[18+] Family Virgin 2

Family Virgin 2 (2020) ********************* သားအဖရှိတယ်ဗျာ အဖေအရင်းတော့မဟုတ်ဘူး သားက သူ့မိန်းမနဲ့ သူ့ခယ်မနဲ့ အတူတူနေတာ သူ့မိန်းမက သူ့ယောကျ်ားရဲ့စွမ်းဆောင်ရည်ကိုသဘောမကျဘဲ အဖေဖြစ်သူနဲ့ လုပ်နေတာ အဖေကတော့ ဆရာကြီးပေါ့နော် ? အဲမှာ မိန်းမလုပ်တဲ့သူက သူ့ညီမက အထီးကျန်နေလို့ဆိုပြီး dating app လိုမျိုး random chatting ဆိုတဲ့ app ကို ပြောပြလိုက်တာ အမှန်က အဟွာအကြောင်းပြောချင်တဲ့သူတွေ သုံးကြတဲ့ဟာပေါ့ အဲကနေ သူ့ယောကျ်ားနဲ့ သူ့ညီမတွေ့ပြီးဖြစ်ကြတာ လူချင်းမတွေ့ခင်တုန်းက ခယ်မနဲ့ ခဲအိုမှန်းမသိဘူး လူချင်းတွေ့လည်း သူစိမ်းထက်စာရင်ကောင်းတာပေါ့ဆိုပြီး ဂျိမ်းတာ တနေ့ကျ မိန်းမလုပ်သူက သူ့ညီမနဲ့ သူ့ယောကျ်ားနဲ့ ဖြစ်နေတာကိုသိသွားတော့ ယောက္ခထီးကြီးကိုခေါ်ပြီးတိုင်ပင်တာ အဲခါကျမှ ယောက္ခထီးကြီးက သူ့သားက သူ့ထက်ကျော်သွားလို့မဖြစ်ဘူးဆိုပြီး သားရော ချွေးမရောအလုပ်သွားကြတဲ့အချိန် အိမ်မှာရှိနေတဲ့ကျောင်းသူဖြစ်တဲ့ ခယ်မလေးကိုပါ သွားဂျိမ်းတာ အဲကနေ ညီအစ်မတွေနဲ့ဟွာဖူးချင်လို့ဆိုပြီး သူ့ချွေးမကိုခေါ်ပြောပြတော့ ညီအစ်မတွေက ရူးနေလားဆိုပြီး အိမ်ပြန် ယောကျ်ားဖြစ်သူနဲ့တွေ့ အားလုံးပြောပြ အရက်တွေသောက်ပြီး threesome တွေဖြစ် အဲကနေ ခယ်မလုပ်တဲ့သူကရှည်ပြီး အဖေကိုပါဖုန်းဆက်ခေါ်ပြီး နှစ်တွဲ ဖြစ်ချင်သလိုဖြစ်ကြတာ… File size… 2GB& 713MB Quality… WEB-DL1080p,720p Format…mp4 Duration….1h 36min Genre ….. Adult , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….DS Translated by SD

0 2020
[18+] Family Virgin 2
Blood Diamond
8

Blood Diamond (2006) =============== IMDb Rating (8.0) မင်းသားကြီး Leonardo DiCaprio , Djimon Hounsou , ကိုယ်တွေရဲ့မမ Jennifer Connelly တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကြီးကတော့ ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ Adventure ,Thriller,Drama ရသစုံရုပ်ရှင်ဇာတ်ကားပါပဲ။ သွေးစွန်းသောစိန် လူကြီးမင်းရဲ့ တစ်သက်တာချစ်ရမယ့်သူရဲ့ ဖယောင်းသွယ်လက်ချောင်းလေးကို စွပ်ပေးလိုက်မယ့် လက်ထပ်စိန်လက်စွပ်လေးမှာ သွေးစွန်းနေခဲ့ရင်လို့ တွေးမိကြမယ်မထင်ပါဘူး။ လူကြီးမင်းအနေနဲ့ အလယ်အလတ်တန်းစားလစာရတဲ့သူတစ်ယောက် လစာကိုအလုံးစုံစုရင်တောင် နှစ်ဆယ်ဂဏန်းစုရမယ့်တန်ဖိုးရှိတဲ့ စိန်လက်စွပ်လေးက ပျိုးပျိုးပြက်ပြက်လက်ပြီး သိပ်လှနေမှာပဲ။ လူကြီးမင်းရဲ့အမျိုးသမီးကလည်း သိပ်ကိုပျော်ရွှင်ကျေနပ်နေမှာပေါ့။ စိန်တွေက သွားရင်လာရင်း ခုလုတ်တိုက်ပြီး တွေ့ကြတာမဟုတ်ဘူး။ မြေကြီးထဲကို အနက်ကြီးတူးဆွလို့ အသက်နဲ့ရင်းရှာရတာပဲ။ ရုရှားစိန်တွင်းတွေဆိုရင် အနက်ဆုံးတွင်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ အခုပြောမှာကတော့ အာဖရိကတိုက်ကရတဲ့ စိန်တွေပါ။ ပေါများလွန်းလို့ မြေကြီးပေါ်မှာတင် ရွှေကျင်သလို ကျင်ယူရနိုင်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစိန်တွေကို ပိုင်ဆိုင်ထားသူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြပြီး စိန်ရောင်းရငွေတွေကို လက်နက်တွေဝယ်၊ အာဖရိကတိုက်သား နိုင်ငံသားအချင်းချင်း သတ်ဖြတ်ဖို့ သုံးနေကြလို့ပါ။ ဒါကြောင့် သွေးစွန်းသောစိန်တွေပါ။ ကမ္ဘာကြီးက အပေါ်ယံကကြည့်ရင် သိပ်ကောင်းသလို၊ သိပ်ကို တရားမျှတသလိုပဲ။ စစ်ဖြစ်ရာ ပဋိက္ခမြေက သွေးစွန်းသောစိန်တွေကို ကမ္ဘာ့စိန်ဈေးကွက်မှာ တရားဝင်တင်သွင်းလို့မရပါဘူး။ တရားမျှတလိုက်တာဗျာလို့ လူကြီးမင်း ချီးကျူးမစောသင့်ပါဘူး။ စိန်ဆိုတာ ရှားပါတယ်။ တန်ဖိုးကြီးပါတယ်ဆိုတဲ့ နိယာမတစ်ခုကို အသက်သွင်းဖို့ စိန်တွေကို လုပ်ငန်းရှင်တွေစုပေါင်းပြီး မြေအောက်အလုံတိုက်ထဲမှာ ဝယ်ထည့်ထားပါတယ်။ ဝယ်ချင်သလောက် ဝယ်မရရင် စိန်ဆိုတာ ရှားပြီလေ။ ရှားရင် ဈေးရပြီပေါ့ဗျာ။ ဒီတော့ လက်နက်လိုချင်လို့ စိန်တွေ ဆာလာအိတ်နဲ့ လာရောင်းကြတဲ့ အာဖရိကသူပုန်တွေရဲ့ စိန်ထောက်ပံ့လမ်းကြောင်းက ကမ္ဘာ့စိန်အဖွဲ့ကြီးရဲ့ ချမ်းသာရာ ချမ်းသာကြောင်းပေါ့။ သိတယ်မလား။ မင်းစိန်က တရားမဝင်ဘူး၊ ဘယ်လောက်ပဲရမယ်ပေါ့လေ။ အာဖရိကတိုက် စီရာ လီယုံ နိုင်ငံလေးက လိုင်ဘီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံပါ။ အစိုးရတပ်နဲ့ သူပုန်တပ်တွေဆိုပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့‌နေရာပါ။ လက်နက်ဝယ်ယူမှုက အစိုးရတပ်ရော သူပုန်တပ်ရောပေါင်းလိုက်ရင် လက်နက်ကုန်သည်များအတွက် ရွှေတွင်းကြီးတစ်ခုပါပဲ။ လိုင်ဘီးရီးယားက စိန်မထွက်ပေမဲ့ ကမ္ဘာ့စိန်ဈေးကွက်ရဲ့ ၁၅ ရာခိုင်နှုန်းကို တင်ပို့နိုင်တဲ့နိုင်ငံပါတဲ့။ ဒီလောက်ဆိုရင်တော့ ဘယ်နိုင်ငံက ဘယ်လိုစိန်တွေ ဘယ်လိုလည်ပတ်နေတယ်ဆိုတာ သိနိုင်လောက်ပါပြီ။ ဇာတ်လမ်းကတော့ ဇင်ဘာဘွေနိုင်ငံမှာမွေးခဲ့တဲ့ အာဖရိကသားလူဖြူ ဒန်နီ အာချာ (လီယိုနာဒို ဒီကာပီရို) က ကြေးစားစစ်သားဘဝကနေ စိန်မှောင်ခိုသမား လက်နက်ကုန်သည်တစ်ယောက်ပါ။ ဆိုလိုမွန် ဗန်ဒါ (ဂျီမိုဟွန်စူ) ကတော့ မန်ဒီမျိုးနွယ်စုဝင် တံငါသည်တစ်ယောက်ပါ။ မတ်ဒီ ဘိုဝင် (ဂျနီဖာ ကွန်နယ်လီ) ကတော့ အာဖရိကတိုက်ကို စွန့်စားရောက်လာတဲ့ မဂ္ဂဇင်းသတင်းထောက်မလေးပေါ့။ ဆိုလိုမွန် တို့ရွာကို သူပုန်တွေဝင်လာပြီး ဆိုလိုမွန် အဖမ်းခံရတယ်။ မိုင်းတွင်းကို အလုပ်သမားအဖြစ် ပါသွားတယ်။ ပြီးတော့ စိန်သမိုင်းမှာ တန်ဖိုးအရမ်းကြီးတဲ့ ပန်းရောင်စိန်ကြီးကိုတွေ့လိုက်ရတယ်။ ဒန်နီ က ထောင်ထဲမှာ အတူဆုံခဲ့ရတဲ့ ဆိုလိုမွန် ဆီက ပန်းရောင်စိန်အနံ့ရပြီး ဆိုလိုမွန် နောက်ကို တကောက်ကောက်လိုက်တော့တာပဲ။ မတ်ဒီ ကတော့ ဒန်နီ ဆီက သတင်းညှစ်ယူပြီး သွေးစွန်းတဲ့စိန်တွေကို ခဝါချပြီး စိန်ဈေးကွက်ထဲထည့်နေတဲ့ စိန်လုပ်ငန်းရှင်အကြောင်းတွေ ဖွင့်ချချင်တာပါ။ သူတို့သုံးယောက်က ပြည်တွင်းစစ်ထဲမှာ သက်စွန့်ဆံဖျားနဲ့ ကိုယ်လိုချင်ရာနောက်ကို လိုက်ကြသူတွေပါ။ ဆိုလိုမွန် က သူ့မိသားစုရယ် သူပုန်တွေဖမ်းခေါ်သွားတဲ့ သူ့သား ဒီရာ နောက်ကိုလိုက်တယ်။ ဒန်နီ က ပန်းရောင်စိန်နောက်ကိုလိုက်တယ်။ မတ်ဒီ က သတင်းနောက်ကိုလိုက်တယ်။ ဒီဇာတ်ကားက သိပ်ကိုအောင်မြင်ခဲ့ပြီး အော်စကာ ဆန်ကာတင်ငါးဆုဝင်ခဲ့ပါတယ်။ လီယိုနာဒို နဲ့ ဂျီမိုဟွန်စူ တို့လည်းပဲ အကောင်းဆုံးဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံးဇာတ်ပို့ဆု ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ အမြတ်ငွေကလည်း ကြီးကြီးမားမားရခဲ့တယ်။ ရိုက်ချက်တွေ သေသပ်လှပကောင်းမွန်ပြီး ဂန္ထဝင်ဆန်တဲ့ဇာတ်ကားကြီးမလို့ အချိန်ပေးပြီး ကြည့်ရှုထိုက်ကြောင်းပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

8 2006 143 mins
Blood Diamond
Trading Places
7.5

Trading Places (1983) ~ IMDb – 7.5/10, RT – 88%, Meta – 69% ~ ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး အက်ဒီ မာဖီ ရဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ချင်ပါတယ်။ နှယ်နှယ်ရရဇာတ်ကားတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှု မသမာတိုက်ဖျက်ရေးမှာ အရေးတကြီးအဆိုတင်သွင်းတော့ ဒီဇာတ်ကားကို မှီငြမ်းပြုခဲ့တာပါ။ ဒီဇာတ်လမ်းကို မကြည့်ခင်မှာ Trading Places လို့ခေါ်တဲ့ ကြိုပွိုင့်ရောင်းဝယ်ရေးကို အရင်နားလည်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်နားလည်သလောက် ရှင်းပြပါရစေ။ စီးပွားရေးပညာရှင်မဟုတ်လို့ လွဲမှားတာတွေ ပါနိုင်ပေမဲ့ တီး‌မိခေါက်မိဖြစ်သွားရင် ဇာတ်ကားကို ပိုသဘောပေါက်နိုင်ပါတယ်။ ကုန်ပစ္စည်းတွေကို တကယ်တမ်း အရောင်းအဝယ်မလုပ်ခင်မှာ ကြိုပွိုင့်အနေနဲ့ အရင်ရောင်းဝယ်ကြပါတယ်။ ဂျုံရောင်းဝယ်ရေးအတွက်ဆိုရင် ဂျုံတွေကို မစိုက်ရသေးခင်မှာပဲ အရောင်းအဝယ်ကတော့ ဖြစ်နေပါပြီ။ ဈေးလည်း သတ်မှတ်ပြီးသားပါ။ ကျွန်တော်တို့နိုင်ငံလို ငွေဈေးမတည်ငြိမ်ရင်တော့ ခွေးဖြစ်မယ့်ကိန်းပေါ့လေ။ ဒါပေမဲ့ သူတို့ဆီမှာတော့ အလုပ်ဖြစ်တယ်ဗျ။ ဂျုံရောင်းရေး ဂျုံဝယ်ရေး စာချုပ်တွေက ဈေးကွက်စချိန်မှာပဲ ရောင်းဝယ်ပြီးကြပါပြီ။ ကိုင်ထားတာကတော့ ပွဲစားတွေပေါ့။ သူတို့ဆီကနေမှ တကယ့် ကုန်သည်တွေ လယ်သမားတွေက စာချုပ်တွေမှာပြီး ကုန်ပစ္စည်းနဲ့တကွ ရောင်းဝယ်ရတာပါ။ ဒီတော့ ရောင်းသူဖြစ်ဖြစ် ဝယ်သူဖြစ်ဖြစ် မြတ်စွန်းအောင် ပွဲခံပေးနိုင်တဲ့ ပွဲစားတွေက လူကြိုက်များ အလုပ်ဖြစ်တာပေါ့လေ။ ဒီဇာတ်ကားကို ရိုက်ကူးမယ်လုပ်တုန်းက အခြားသရုပ်ဆောင်တွေကို မှန်းထားကြတာ။ ဒါပေမဲ့ Dan Aykroyd ရယ် Eddie Murphy ရယ် ဝင်လိုက်ရတယ်ပေါ့။ ကျွန်တော်တို့ မာဖီ ကြီးက အဲဒီတုန်းက အကောင်မဖြစ်သေးဘူး။ သူ့ရဲ့ အောင်မြင်ခဲ့တဲ့ကားတွေထဲက ဒုတိယကားပဲရှိသေးတယ်။ ပြီးတော့ ဒုတိယမင်းသားအနေနဲ့ ပါဝင်ရတာ။ ဒါပေမဲ့ မင်းသားနေရာပေးပုံကတော့ ဇာတ်လမ်းအရ ဇာတ်ကွက်အရ အတူတူပါပဲ။ နှစ်ယောက်လုံး လုပ်ကွက်ရကြတယ်။ ဟာသပိုင်းကိုတော့ မာဖီကြီးပဲ သယ်ရတာပါလေ။ ဒီဇာတ်ကားက ဟာသဆိုတာထက် သရော်တဲ့ဇာတ်ကားပါ။ အရင်းရှင်စနစ်ရဲ့ လက်ဝါးကြီးအုပ်မှုတွေကြားမှာ မလူးသာရတဲ့ကြားထဲ ဩဇာရှိ ပွဲစားကြီးတွေရဲ့ မသမာလုပ်မှုကြားမှာ ချမ်းသာပြီးသားသူတွေပဲ ချမ်းသာရတဲ့အကြောင်း ပညာပေးရိုက်ပြထားသလိုပါပဲ။ ဇာတ်ကားက ကြည့်သူရော ဝေဖန်သူရော အကြိုက်တွေ့ခဲ့ပြီး အမြတ်အစွန်းကြီးတဲ့ဇာတ်ကားတွေထဲလည်း ပါခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ပွဲစားညီနောင်နှစ်ယောက်က သူတို့အချင်းချင်း အပျော်သဘော လောင်းကစားလုပ်ကြတယ်။ သူတို့ငြင်းခုန်နေတာက လူတစ်ယောက် ကောင်းစားရေးဟာ မျိုးရိုးဗီဇနဲ့ဆိုင်သတဲ့။ ပြိုင်မြင်းတွေလိုပဲ မွေးကတည်းက အပြေးမြန်နေတဲ့ကောင်မျိုးတွေပေါ့။ တစ်ယောက်ကတော့ မျိူးရိုးဗီဇနဲ့မဆိုင် ပတ်ဝန်းကျင်နဲ့ဆိုင်သတဲ့။ ဒီတော့ သူတို့လုပ်ငန်းက မန်နေးဂျင်း ဒါရိုက်တာတစ်ယောက်ကို လမ်းဘေးမှာ လိမ်ညာတောင်းစားနေတဲ့ သတောင်းစားတစ်ယောက်နဲ့ နေရာချင်းလဲပစ်လိုက်ပါလေရော။ မျိုးရိုးကောင်းတဲ့ မန်နေဂျာကောင်ကို လမ်းဘေးပို့လိုက်လို့ ရာဇဝတ်ကောင်ဖြစ်သွားရင်၊ သူတောင်းစား ကုမ္ပဏီထဲရောက်လာပြီး လုပ်ငန်းတွေ လည်ပတ်နေနိုင်ရင် ပတ်ဝန်းကျင်သမားက နိုင်မယ်ပေါ့လေ။ ဒီလိုနဲ့ မန်နေဂျာမင်းသားနဲ့ သူတောင်းစားမင်းသားတို့ နေ့ချင်းညချင်း ဘဝတွေပြောင်းပြန်ဖြစ်ကုန်ပြီး ပရမ်းပတာတွေဖြစ်လာတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 920MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 56Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.5 1983
Trading Places
Kuroneko
7.7

Kuroneko (1968) ~ IMDb – 7.7/10, Rotten Tomatoes – 96% ~ Kuroneko ခေါ် The Black Cat ဟာ တိုဟိုက ထုတ်ခဲ့တဲ့ တိုဟိုကို ဂုဏ်တင်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲ ပါခဲ့တယ်။ အဖြူအမဲကားကိုမှ တိုဟိုစကုတ်ဖော်မတ်နဲ့ ရိုက်ထားတယ်။ အဖြူအမဲကားဆိုပေမဲ့ မြင်ကွင်းအပြည့်ရတဲ့ ဖရိန်နဲ့ပဲ ရိုက်ထားတယ်။ ကာလာနဲ့ကားတွေလည်း ဂျပန်မှာရှိနေတာ ဆယ်စုနှစ်နှစ်ခုလောက်ကြာပြီဖြစ်တဲ့ ကာလပေမဲ့ အဖြူအမည်းနဲ့ပဲ ချထားတယ်။ ကောင်းတော့လည်းကောင်းပါတယ်။ သူ့အပြတွေဟာ အဖြူအမည်းနဲ့မှာ Composition နဲ့ Tone က အသေကြည့်ကောင်းတယ်။ ကူရိုဆာဝါရဲ့ Rashomon ကထက် အပြတွေက ကြည့်ကောင်းခဲ့တယ်။ ဇာတ်ကတော့ ဂျပန်မြေရှင်ပဒေသရာဇ်ခေတ်မှာ ဇာတ်အိမ်တည်ထားတယ်။ စစ်နယ်ရှင်တွေ တိုက်ပွဲတွေကြမ်းနေခဲ့တဲ့ ခေတ်ပဲ။ ဆာမူရိုင်းတွေ ကြီးစိုးခဲ့တဲ့ ခေတ်ပေါ့။ ဒီကာလမှာ ဆာမူရိုင်းတွေက တော်တော်လေး အာဏာကြီးခဲ့သလို ဘာလုပ်လုပ်တင့်တယ်နေခဲ့တယ်။ စစ်အတွက် လယ်သမားတွေကို အတင်းစစ်ထဲခေါ်ကြတာတွေလည်းရှိခဲ့တယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေက ဝါးတောအုပ်နားမှာ အိမ်လေးတစ်အိမ်ဆောက်ပြီးနေ အဲဒီနားမှာ လယ်စိုက်ယာစိုက်နေနေရင်း အေးအေးချမ်းချမ်းနေခဲ့တဲ့ မိသားစုတစ်စု။ အမေရယ် သားရယ် ချွေးမရယ် အတူတူနေကြတယ်။ တစ်နေ့မှာ သား ယာလုပ်နေတုန်း တပ်သားတွေရောက်လာပြီး လက်ကထည်တုံးမချရသေးခင်ပဲ တိုက်ပွဲထဲဝင်ဖို့ အတင်းဆွဲခေါ်သွားခဲ့တယ်။ မိန်းမနဲ့မအေကို ပြန်တွေ့ချင်တဲ့စိတ်နဲ့ တိုက်ပွဲမှာ အသက်မဆုံးချင်တဲ့စိတ်နဲ့ ကျားကုတ်ကျားခဲတိုက်ရင်းခိုက်ရင်း အသေအကြေများတဲ့ တိုက်ပွဲကြီးတစ်ပွဲကနေ တစ်ယောက်တည်းသောရှင်ကျန်သူအဖြစ် သူပြန်လာခဲ့တယ်။ ဆာမူရိုင်းခေါင်းဆောင်က သူ့ကို ဆာမူရိုင်းအဖြစ်ချီးမြောက်ပြီး ဘွဲ့တွေပါပေးခဲ့တဲ့နောက် သားရွှေထီးဆောင်းပြီး အိမ်ကိုပြန်လာခဲ့တယ်။ ဒါပေမဲ့ ဝါးတောတစ်ဖက်က သူ့အိမ်လေးဆီ သူရောက်တဲ့အခါ ပြာပုံအတိပဲ ကျန်ခဲ့တာ သူတွေ့လိုက်ရတယ်။ သူ့မိန်းမနဲ့ အမေ ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်း သူမသိရတော့ဘူး။ ဒီလိုနဲ့ မြို့ကို ပြန်လာတဲ့အခါ ဆာမူရိုင်းခေါင်းဆောင်က သူ့ကို သူအိမ်ရှိခဲ့တဲ့ဝါးတောနေရာမှာ မိစ္ဆာတစ်ကောင်သောင်းကျန်းနေကြောင်း။ အဲဒီနားကဖြတ်လာတဲ့ ဆာမူရိုင်းတွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရကြောင်း ဧကရာဇ်က ဒီကိစ္စကိုဖြေရှင်းခိုင်းနေကြောင်းပြောပြီး သူ့ကို အဲဒီမိစ္ဆာကို သုတ်သင်ဖို့ လွှတ်လိုက်တယ်။ ဝါးတောထဲက မိစ္ဆာကို သူသုတ်သင်နိုင်မလား… သူ့အမေနဲ့ မိန်းမကိုရော ဒီမိစ္ဆာကပဲ တစ်ခုခုလုပ်လိုက်တာလား… ဆက်မြင်ရလိမ့်မယ်။ ကလပ်စစ်ဟော်ရာစာရင်းဝင်ရုပ်ရှင်ပေမဲ့ ဒီရုပ်ရှင်ရဲ့ ကြောက်ဖို့ကောင်းခြင်းမကောင်းခြင်းဆိုတာထက် ဇာတ်ရဲ့ ဆွဲဆောင်မှုနဲ့ စီနီမာတိုလှပမှုကိုပဲ ပိုအားထားရမယ့် ကားလို့ပဲ မှတ်ရလိမ့်မယ်။ ဘာပြောပြော Kuroneko ဟာ ဂျပန်ရိုးရာသရဲဇာတ်လမ်းတစ်ခုကို လှလှပပ အသက်သွင်းနိုင်ခဲ့ပါတယ်။ နှောင်းပိုင်း တရုတ်တို့ဘာတို့မှာလည်း ဒီလိုဇာတ်မျိုးတွေကို အသက်သွင်းခဲ့ကြသေးပေမဲ့ Kuroneko ကတော့ ခေတ်ရဲ့တိုက်စားမှုကို ခံနိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 735MB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 39Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 1968
Kuroneko
Polis Evo
6.7

Polis Evo 1 (2015) IMDb – 6.7/10 အကောင်းဆုံး မလေးရှားရုပ်ရှင်တွေဆိုပြီး ရှာကြည့်လိုက်ရင် ဒီရုပ်ရှင်ကို အဆင့်တစ်ဆယ်အတွင်းမှာ ရပ်တည်နေတာ တွေ့ရပါလိမ့်မယ်။ ၂၀၁၈မှာ Polis Evo 2၊ ၂၀၂၃မှာ Polis Evo 3 ဆိုပြီး နောက်ဆက်တွဲရုပ်ရှင်တွေထိ အောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်ဆုပေးပွဲဆန်ခါတင်စာရင်း ဆယ်ခုမှာပါပြီး ဆုသုံးဆုရခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်တယ်။ Will Smithတို့ရဲ့ Bad Boysရုပ်ရှင်တွေကို မလေးဗားရှင်းနဲ့ ကြည့်နေရသလို အခွီတွေ အက်ရှင်အမိုက်စားတွေနဲ့ ခံစားရမှာပါ။ တီရန်ဂါနူဆိုတဲ့ နယ်မြို့လေးမှာ ကျောင်းဆရာအဘိုးကြီးတစ်ယောက် ဆုံးသွားတယ်။ အစက ဒီအတိုင်း ကားတိုက်ပြေးတဲ့အမှုလို့ထင်ပေမဲ့ တကယ်တမ်းကျ အဘိုးကြီးက ၉၇ရာခိုင်နှုန်းအထိ သန့်စင်တဲ့ မူးယစ်ဆေးချက်တဲ့ဘဲကြီး ဖြစ်နေရော။ ဒီမှာပဲ တီရန်ဂါနူရဲ့ အင်စပက်တာကြီး ဆာနီတစ်ယောက် စုံစမ်းဖို့ဖြစ်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့ ကွာလာလမ်ပူက ကြမ်းပေ့ဆိုတဲ့ အင်စပက်တာကိုင်ကို ဆာနီရဲ့တွဲဖက်အဖြစ်နဲ့ ပို့လိုက်တဲ့အခါမှာတော့…။ (aungmo3han ဘာသာပြန်ထားပါတယ်) Genre….. Action, Comedy, Crime Quality…. 1080p | 720p File size… 2.2GB | 1.2GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.7 2015
Polis Evo
[18+] Maps to the Stars
6.2

ဒီရုပ်ရှင်က ( New Years Eve ၊ Valentines day) တို့လို Parallel Scene တွေနဲ့ရုပ်ရှင် Genre မျိုးပါ။ အဲ့ရုပ်ရှင်တွေလိုတော့ ပျော်ဖို့ကောင်းပြီး ကြည့်ရတာ Fun ဖြစ်စေမှာမဟုတ်ဘဲ Deep and Dark ဖြစ်တာကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်လို့ကောင်းစေမယ့် ရုပ်ရှင်ပါ။ ဇာတ်ကောင်တွေရဲ့ တစ်ပြိုင်တည်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကနေ အချင်းချင်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေတာကို Thriller, Psychopath ရိုက်ပြထားပါတယ်။ LA မြို့မှာရှိတဲ့ သရုပ်ဆောင်တွေ၊ ကြယ်ပွင့်တွေရဲ့ ဖြစ်လေ့ဖြစ်ထ ပြဿနာတွေ၊ စရိုက်တွေနဲ့ ရုပ်ရှင်ကားတွေရဲ့နောက်ကွယ်က အမှောင်ခြမ်းတွေကို စိတ္တဇဆန်ဆန် ဝတ္ထုဇာတ်လမ်းအချို့ကို ထည့်ပေါင်းရိုက်ကူးထားပါတယ်။ မင်းသားချော Robert Pattinson အပြင် အသက်အရွယ်ရလာသည့်တိုင် လူကြီးတွေသာမက လူငယ်တွေကိုပါ ဖမ်းစားနိုင်တဲ့ အလှပိုင်ရှင် မင်းသမီးကြီး Julianne Moore တို့ ပါဝင်အားဖြည့်ထားပါတယ်။ တချို့ အခန်းတွေက ၁၈ ယောက်ပေါင်းကြည့်ရတဲ့ အခန်းတချို့နဲ့ အင်းစက်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပါဝင်လို့ မိသားစုနဲ့ အတူကြည့်ရှုဖို့ မသင့်တော်ပါဘူး ဇာတ်လမ်းအကျဉ်း LA ကို ဖလော်ရီဒါကနေပြောင်းလာတဲ့ Agatha ,(Mia Wasikowska) ဇိမ်ခံကား မောင်းရင်း အချိန်ပိုင်းသရုပ်ဆောင်လုပ်နေတဲ့ Jarome (Robert Pattinson) တက်သစ်စကြယ်ပွင့် သရုပ်ဆောင်ဖြစ်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ဆေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ Benji နဲ့ သူ့ရဲ့ မိဘတွေ (John Cusack , Olivia Williams) အမေဖြစ်သူ သရုပ်ဆောင်မင်းသမီးကြီးကြောင့် ရခဲ့တဲ့စိတ်ဒဏ်ရာတွေကို ကုစားရင်း မိခင်ဖြစ်သူရိုက်ခဲ့တဲ့ ရုပ်ရှင်ကို ပြန်သရုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတဲ့ Havana Segrant ( Julianne Moore) စတဲ့ ဇာတ်ကောင်တွေက တစ်နည်းနည်းနဲ့ တစ်ယောက်ကိုတစ်ယောက် ဆက်နွယ်နေကြပြီးတော့ ဘယ်လို ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦးခင်ဗျာ….. File size…(1.4 GB)/(690 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:51:00 Genre… Comedy, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

6.2 2014
[18+] Maps to the Stars
The Diary
5

စပိန်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိုလ်ဂါနဲ့ဗစ်တာတို့ဟာလင်မယားအဖြစ်မှ ကွာရှင်းထားပြီးသမီးလေးဗဲရာကိုတစ်ပတ်တစ်ခါအလှည့်ကျ ကိုယ့်အိမ်မှာကိုယ်ခေါပြီးစောင့်ရှောက်ရပါတယ်။ ဗဲရာက ငယ်စဉ်ဘဝက စိတ်ဒဏ်ရာရနိုင်တဲ့အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ထားရတာကြောင့် မိခင်ဖြစ်သူအိုလ်ဂါကကားလို့စ်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်နဲ့ပြခိုင်းထားတယ်။ အဲ့ဒီစိတ်ဒဏ်ရာကြောင့် အိုလ်ဂါဟာ တစ်သက်လုံးစုဆောင်းထားတဲ့ ပိုက်ဆံတွေကိုသုံးပြီး အခြားတစ်နေရာမှာအိမ်တစ်လုံးဝယ်လိုက်ပြီး သမီးဖြစ်သူနဲ့အတူနေဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ကိုသန့်ရှင်းရေး လုပ်ရင်းနဲ့ ထူးဆန်းတဲ့သေတ္တာတစ်လုံးတွေ့ခဲ့တယ်။ အရင်အိမ်ရှင်ဟောင်းတွေ ကျန်ခဲ့တယ်အထင်နဲ့ထားလိုက်ပေမယ့် စဝယ်တုန်းက ဒီနေရာမှာဘာမှမရှိဘူးဆိုတာတော့သူအသေအချာသိတယ်။ သေတ္တာထဲဖွင့်ကြည့်လိုက်တဲ့အခါ ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ ထူးဆန်းတဲ့ပစ္စည်းတွေကိုရှာတွေ့တယ်။ စာအုပ်ထဲမှာ လူတွေကို ညှင်းပန်းနှိပ်စက်ပြီးရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေကို အသေးစိတ်ရေးထားတာကိုတွေ့လိုက်တယ်။ ကြောက်လန့်ပြီး သေတ္တာကိုလွှင့်ပစ်လိုက်ပေမယ့် အိမ်ကိုပဲပြန်ရောက်နေတယ်။ အဲ့လိုနဲ့ ကားလို့စ်ကိုအကူအညီတောင်းပြီး ဖြေရှင်းကြတဲ့အခါမှာတော့…… File size…1.20GB / 630MB Quality…WEB-Rip 1080p HEVC / 720p Format…mkv / mp4 Duration….1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5 2024 82 mins
The Diary
Scooby-Doo! Abracadabra-Doo
6.8

ဒီဇာတ်ကားမှာ စကူဘီတို့ Mystery Incအဖွဲ့သားတွေဟာ ဗယ်မာရဲ့ညီမလေး မယ်ဒလင်း တက်နေတဲ့ မျက်လှည့်သင်တန်းမှာ ထူးဆန်းတဲ့ သတ္တဝါကြီးတစ်ကောင် ခြောက်လှန့်နေတယ်ဆိုပြီး တစ်ဖွဲ့လုံးသွားစုံစမ်းကြတဲ့အကြောင်းရိုက်ကူးထားတာပါ။ မယ်ဒလင်းတက်နေတဲ့ မျက်လှည့်‌ကျောင်းက ရှေးရဲတိုက်တစ်ခုမှာ ဖွင့်ထားတာဖြစ်ပြီး မှော်အတတ်လိုက်စားတယ်လို့ နာမည်ကြီးတဲ့ အိုင်ယာလန်နယ်စားတစ်ယောက် ပိုင်ခဲ့တဲ့ရဲတိုက်ကြီးပဲ ဖြစ်ပါတယ်။ အဲဒီရဲတိုက်ဟာ ကျိန်စာတိုက် ခံထားရတာကြောင့် ဂရစ်ဖင်လို့ ခေါ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ခြောက်လှန့်မှုကို ခံနေရပြီး ကျောင်းကိုပါပိတ်ပစ်လိုက်ရမလို ဖြစ်နေတာပါ။ စကူဘီတို့အဖွဲ့ အဲဒီပြဿနာကို ဖြေရှင်းနိုင်မှာလား။ အဲဒီရဲတိုက်က တကယ်ပဲ ကျိန်စာသင့်နေတာလား။ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာ ဒီကားမှာ ကြည့်ရမှာဖြစ်ပါတယ်။ File Size : 1.2 GB, 676 MB Quality : WEB-DL 1080p / 720p Running Time : 1hr 16min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

6.8 2010
Scooby-Doo! Abracadabra-Doo
Kryptic
4.3

Kryptic (2024) IMDb Rating (4.3) / Rotten Tomatoes (63%) ကေးဟောလ်ဟာ အမျိုးသမီးတောင်တက်အဖွဲ့တစ်ဖွဲ့နဲ့အတူ ခရီးစဉ်တစ်ခုအတူလိုက်ပါခဲ့ရင်း တောအုပ်ထဲမှာလူကွဲသွားရာကနေ ထူးဆန်းပြီး ပဟေဠိဆန်တဲ့ သတ္တဝါတစ်ကောင်နဲ့ရင်ဆိုင်တွေ့ခဲ့ပြီး မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပါတယ်။ သေချာတာ တစ်ခုကတော့ သူဟာ အရင်က ဒီနားတစ်ဝိုက်မှာ ပျောက်ဆုံးသွားခဲ့တဲ့၊ ပဟေဠိဆန်တဲ့သတ္တဝါဆိုင်ရာကျွမ်းကျင်သူ ဘာ့ဘ်ဗယ်လင်တိုင်းဆိုသူနဲ့ တစ်ထေရာတည်းတူနေတယ်ဆိုတာပါပဲ။ အဲ့ဒီတစ်ခုကလွဲလို့ သူကိုယ်တိုင် ဘယ်သူဘယ်ဝါလဲ ဘာအလုပ်လုပ်လဲဆိုတာ မမှတ်မိတော့တဲ့အတွက် ဘာ့ဘ်ဗယ်လင်တိုင်း ပျောက်ဆုံးသွားခဲ့တဲ့ ခရီးစဉ်အတိုင်းခြေရာကောက်လိုက်ရှာဖို့ကြိုးစားပါတော့တယ်။ အဲ့ဒီအချိန်မှာ သူမြင်မြင်လာတတ်တဲ့ အိမ်မက်ဆိုးဆန်ဆန်၊ တစ်ခါတစ်လေကျတော့လည်း ရမ္မက်သွေးကြွစရာ ပုံရိပ်တွေ၊ အမြင်တွေဟာ လက်ရှိဖြစ်ရပ်တွေနဲ့ဘယ်လိုပတ်သက်နေလဲ၊ သူနဲ့ရင်ဆိုင်ခဲ့တဲ့ ထူးဆန်းတဲ့သတ္တဝါဟာ တကယ်ရှိနေတာလား? ဒါမှမဟုတ် သူ့စိတ်ရဲ့စေ့ဆော်မှုတွေထဲက တစ်ခုလား? ပဟေဠိဆန်ဆန်အဖြေရှာရတာတွေကိုကြိုက်နှစ်သက်တဲ့သူတွေဆိုရင်တော့ ဒီကားကိုသဘောကျကြလိမ့်မယ်ထင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.4 GB) / (770 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Horror, Mystery, Thriller Duration…. 01:43:28 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Alias

Mystery • Thriller
4.3 2024 96 mins
Kryptic