YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

9 Headed.2025.E31.1080p.(HTV).mp4

1.15 GB N/A video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hellraiser
6.3

(အရင်အဟောင်းတွေကိုမကြည့်ဖူးလည်းကြည့်လို့ရပါတယ်။ အိပ်ရာခန်းတွေ၊ သတ်ဖြတ်ခန်းတွေ ကြမ်းတမ်းတာမို့ ၁၈ အပေါင်း ရိတ်တင်း သတ်မှတ်ထားပါတယ်။ ဟော်ရာချစ်သူတွေ အကြိုက်ပါပဲ။) အသစ်ထွက် နာမည်ကြီး ဟော်ရာရုပ်ရှင်တစ်ကားပါ။ Hellraiser ဆိုတာ ရုပ်ရှင်ဇာတ်လမ်း ၁၀ ကားအထိ ထွက်ခဲ့ဖူးပြီး ကျယ်ပြန့်တဲ့ ရုပ်ရှင်စကြဝဠာတစ်ခုလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်အသစ်ကိုတော့ မူရင်း Hellraiser ရဲ့ reboot လို့ ပြောလို့မရပါဘူး။ အရင် ၁၀ ကားနဲ့ တိုက်ရိုက်မဆက်စပ်တဲ့ သီးသန့် ထပ်တိုးတစ်ကားလို့ပဲ ပြောရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ မူရင်း Hellraiser လိုပဲ ပဟေဠိသေတ္တာလေးတစ်ခုကနေ စတာပါပဲ။ အဲဒီသေတ္တာလေးမှာအဆင့် ၆ ဆင့်ရှိပါတယ်။ အဆင့် ၆ ဆင့်လုံးကို ဖွင့်ပြီးရင် နတ်ဘုရားတစ်ပါးနဲ့တွေ့ပြီး လိုရာဆုကို တောင်းနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ အဆင့်တစ်ဆင့်ပွင့်တိုင်းမှာ လူတစ်ယောက်ကို ရက်ရက်စက်စက်ယဇ်ပူဇော်ဖို့လိုတာကြောင့် ၆ ဆင့်အောင်မြင်ဖို့ အတော်ရက်စက်တာတွေလုပ်ရတာမို့ လူတိုင်းလုပ်နိုင်ဖို့မလွယ်လှပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘယ်သူတွေဘယ်လို ဘာတွေဖြစ်မလဲ ဆက်ကြည့်လိုက်ရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Mr.Anderson ပါ။) File Size          : 1.5GB, 546MB, 285MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr & 1mins Genre              : Horror, Mystery, Thriller Translated by Mr.Anderson Encoded by Kinnov

Crime • Drama • Mystery • Thriller
6.3 2022 121 mins
Hellraiser
Holy Spider
7.4

လာမယ့် ၂၀၂၃ အော်စကာရဲ့ best Interanational Features ဆုအတွက် တစ်ပြေးနေတဲ့ ထိပ်ဆုံးငါးကားထဲက တစ်ကားဖြစ်တဲ့ “Holy Spider”ဟာ ကားကတော့ အီရန်ကားဖြစ်ပေမဲ့ ဂျော်ဒန်မှာရိုက် ပြင်သစ်မှာ Release လုပ်ပြီး အော်စကာအတွက် နိုင်ငံကိုယ်စားပြုတာကတော့ ဒိန်းမတ်အနေနဲ့ ဝင်ထားပါတယ်။ အီရန်မှာတော့ အပိတ်ခံထားရရုံတင်သာမကပဲ Ministry of Culture and Islamic Guidanceကနေ ဒီရုပ်ရှင်ကမင်းသမီးကို best actress ဆုပေးခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်ကို ပြဿနာရှာထားသလို ဒီရုပ်ရှင်ဟာ မွတ်စလင်တွေရဲ့ယုံကြည်မှုကို စော်ကားတယ်လို့လည်း ဆိုကြပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးတာမှာ ပါဝင်ပတ်သက်နေတဲ့ အီရန်ပြည်တွင်းကလူတွေရှိခဲ့ရင် အီရန်ရုပ်ရှင်အစည်းအရုံးက ဒဏ်ခတ်မယ်လို့ပါ ကြေညာထားခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၀၀ခုနှစ်တုန်းက ပြည့်တန်ဆာ၁၆ယောက်ကိုသတ်ခဲ့တဲ့ အီရန်ကွင်းဆက်လူသတ်သမား တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ထားတဲ့ရုပ်ရှင်ဖြစ်ပြီး တစ်ချို့ကလည်း မာစတာပိစ်ကားလို့ ပြောကြပါတယ်။ အမျိုးအစားကတော့ crime thrillerရုပ်ရှင်ဖြစ်ပြီး အီရန်ရဲ့ မြင့်မြတ်တဲ့ဘာသာရေးမြို့လို့ ပြောလို့ရတဲ့ Mashhadမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့မှာ ပြည့်တန်ဆာလုပ်စားနေတဲ့ အမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ အသတ်ခံခဲ့ရပြီး ဘာသဲလွန်စမှ မကျန်ပါဘူး။ အဲဒီလိုသတ်တဲ့လူကိုတော့ Spider Killer လို့ သိထားကြပါတယ်။ ဘယ်သူမှန်းတော့ သေချာမသိခဲ့ရပါဘူး။ ဒီအမှုကို စုံစမ်းဖို့ သတင်းထောက်မလေးတစ်ယောက်ဟာ Mashhadကိုရောက်လာခဲ့တယ်။ သူဟာ ဒီအမှုဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေပြီး ဒီအမှုရဲ့နောက်ကွယ်မှာ လက်မဲကြီးတွေ ရှိနေတယ်လို့ ယုံကြည်ထားခဲ့တဲ့သူပါ။ သူ့အသက်ပါသူ ရင်းပြီး ပြည့်တန်ဆာအယောင်ဆောင်ပြီး အဲဒီလူကို ဖမ်းဖို့ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ တရားခံကို သူ ပက်ပင်းမိသွားခဲ့ပေမဲ့ အဲဒီနောက်က လက်မဲကြီးတွေကို သူဖော်ထုတ်နိုင်မလားဆိုတာကို ကျွန်တော်တို့ဆက်ကြည့်ကြရမယ့် ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thirller Quality…. 1080p | 720p | 480p File size… 1.27GB | 645MB | 319MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Drama • History • War
7.4 2022 118 mins
Holy Spider
Heaven and Earth
6.8

Heaven and Earth (1993) အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ “စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ” လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating – 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mariposa မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB, 630MB Quality – 1080p, 720p, 480p IMDb Rating – 6.8/10 Format – mp4 Duration – 2H 20Min Genre – Action, Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mariposa Encoded by Y

Action • Thriller
6.8 1993
Heaven and Earth
In My Mother’s Skin
5.4

In My Mother’s Skin (2023) ရယူခြင်းကိုသာမြင်ပြီး ပေးဆပ်ရမယ့်တန်ကြေးကိုမမြင်ရခြင်းရဲ့နောက်ကွယ်မှာ နတ်ဆိုးနဲ့အပေးအယူလုပ်သူတွေ တော်တော်များများဟာ အကျိုးထက်အဆိုးနဲ့ကြုံရတာများပါတယ်။ တချို့ကလည်း ဒီနတ်ဆိုးနဲ့အပေးအယူလုပ်တယ်ဆိုတာကို ဒဏ္ဍာရီစကားသက်သက်လို့ပဲမှတ်ယူကြပါတယ်။ အခုဒီကားလေးကတော့ နတ်ဆိုးနဲ့အပေးအယူလုပ်မိတဲ့ ကောင်မ‌လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ဒါတွေတကယ်ရှိမရှိဆိုတာကိုတော့ ကိုယ့်အယူအဆနဲ့ကိုယ် လိုရာဆွဲတွေးနိုင်ပါကြောင်း… ဒုတိယကမ္ဘာစစ်အပြီးမှာ ဖိလစ်ပိုင်နိုင်ငံလည်း ဂျပန်စစ်မီးကြောင့် တော်တော်လေးအထုအထောင်းခံလိုက်ရပါတယ်။ အယ်လ်ဒိုတို့ကလည်း ချမ်းသာတဲ့မိသားစုဖြစ်ခဲ့ပေမဲ့ စစ်ဒဏ်နဲ့နင်းပြားဖြစ်ပြီးတော့ အခြေအနေမဟန်လှပါဘူး။ ဒါ့အပြင် အယ်လ်ဒိုတစ်ယောက်က ပဋိပက္ခတွေကြားမှာ စစ်ထွက်ရဖို့ ဖြစ်လာပြီး အယ်လ်ဒိုကို ရွှေတွေခိုးပါတယ်စွပ်စွဲသူကတစ်ဖက်၊ ဖက်ဆစ်ဂျပန်ကောင်တွေရဲ့ အကုန်သုတ်သင်ရှင်းလင်းရေးကတစ်ဖက်နဲ့ ပြဿနာစုံကြားမှာ မိန်းမနဲ့သမီးကိုထားရစ်ခဲ့ပါတော့တယ်။ စစ်မီးဒဏ်ကြောင့် စားစရာမရှိရတဲ့ကြားထဲ အမေဖြစ်သူကပါရောဂါသည်းလာလေတော့ သမီးကြီးဖြစ်သူတာရာတစ်ယောက် အမေက တောထဲမသွားဖို့ အတန်တန်တားထားတဲ့ကြားထဲကမှ တောထဲသွားရင်း နတ်သမီးတစ်ပါးနဲ့ တွေ့လာတဲ့အခါ… တောကြီးမျက်မည်းထဲမှာ ကလေးပီပီ မဲမဲမြင်ရာ နတ်သမီးလို့ဇွတ်ထင်ပစ်လိုက်ပြီး သူ့ရဲ့အကူအညီကို လက်ခံလိုက်ချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါစို့လား။ အညွန်းနဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1GB | 504MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Crime • Drama • Thriller
5.4 2023 97 mins
In My Mother’s Skin
Trouble Makers
5.7

အိမ်ထောင်ရေးသက်တမ်းကြာလာတဲ့အခါ လင်မယားကြားမှာပြောစရာစကားတွေနည်းသွားပြီး သံသယတွေများလာတတ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ကိုယ့်ထင်ကြေးနဲ့သံသယတွေလျှောက်တွေးရင်း လင်မယားကြားမှာ မလိုအပ်တဲ့ပြဿနာတွေဖြစ်လာတဲ့အကြောင်း ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ မာစန်းဟာအသက်လတ်ပိုင်းရောက်လာတဲ့အခါ အရင်လိုမသန်စွမ်းတော့တာကြောင့် မိန်းမကိုအရင်လိုပျော်ရွှင်မှုတွေမပေးနိုင်ဖြစ်ရပါတယ်။ အဲဒါကမိန်းမဖြစ်သူက သူ့ကိုမချစ်တော့လို့လား အပြင်မှာတခြားတစ်ယောက်ရှိနေပြီလားဆိုပြီး သံသယဝင်ကာ အသက်ငယ်ငယ်သရုပ်ဆောင်မလေးကိုငှားပြီး ယောင်္ကျားကို စမ်းသပ်လိုက်မိတဲ့အတွက်အခြေနေတွေပိုဆိုးသွားခဲ့ပါတယ်။ အစမ်းသပ်ခံလိုက်ရတဲ့ မာစန်းဟာလဲမကျေမချမ်းဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်ကိုပြန်ငှားပြီး မိန်းမကိုပြန်လက်စားချေဖို့စီစဉ်ပါတယ်။ တဖြည်းဖြည်းနဲ့ မိန်းမဖြစ်သူက သူများလက်ထဲပါသွားနိုင်တာကိုတွေးရင်း ကြောက်လာတဲ့အတွက် ရပ်တန့်ဖို့ကြိုးစားပေမယ့် သူနောက်ကျသွားပါပြီ။ မာစန်းတစ်ယောက် မဟေသီကိုပြန်ရအောင်ကြိုးစားခွင့်ပြန်ရနိုင်ပါဦးမလား……

5.7 2019
Trouble Makers
The Seeds

တိုဘိုင်းယက်ကတော့ ဗိသုကာပညာရှင်တယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်ဆန်နေတဲ့ဘဝကြောင့် သူငယ်ချင်းဖြစ်သူ ရှိန်း ဆီမှာ therapy ပြနေတဲ့သူပါ။ သူလိုချင်တာကတော့ သူနဲ့ကိုက်ညီပြီး energy တူမဲ့ soulmate ကောင်မလေးပါ။ တညမှာတော့ သူ့သူငယ်ချင်း ကယ်ဗင်ရဲ့ မွေးနေ့ပါတီကိုသွားရင်း မာလေဆိုတဲ့ ကောင်မလေးတယောက်ကို ချစ်မိသွားပါတယ်။ နှစ်ယောက်ကလည်း လိုက်ဖက်ညီပြီး တယောက်ကိုတယောက်ချစ်ကြပေမဲ့လည်း မာလေရဲ့ အတိတ်ကဖြစ်ရပ်ဆိုးတွေ တခုပြီးတခုပြန်ပေါ်လာချိန်မှာတော့ တိုဘိုင်းယက်နဲ့ မာလေတို့ ဘယ်လိုကျော်ဖြတ်ကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.3 GB)/(641 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2024
The Seeds
Stree 2: Sarkate Ka Aatank Stree 2
7.6

Stree 2 (2024) “ဆတ္ထရီ ၂” imdb 7.6/24k တချို့သော ဝင်ငွေကောင်းတဲ့ နာမည်ကြီးရုံတင်ကားတွေထက်ကို ရုံတင်ဝင်ငွေသောက်သောက်လဲရပြီး အောင်ပွဲခံခဲ့တဲ့ မင်းသမီးချောလေး Shraddha Kapoorရဲ့ ရုံတင်ကားကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ ၂၀၁၈ကထွက်ခဲ့တဲ့ Stree (2018)ရဲ့ အဆက်ပေါ့။ “အို ဆတ္ထရီ မနက်ဖြန်မှ လာခဲ့ပါ”လို့ ချန်ဒေရီမြို့က အိမ်တိုင်းရဲ့ရှေ့မှာ စာရေးထားရလောက်တဲ့ထိ သောင်းကျန်းခဲ့တဲ့ သရဲမလေး။ ညဘက်ကြီး အပြင်ထွက်တဲ့ ယောကျ်ားသားတွေ နောက်ပြန်လှည့်ကြည့်တဲ့အခါ ဖမ်းစားတတ်တဲ့သရဲမလေး။ အပ်ချုပ်သမားလေး ဗစ်ကီချစ်ခဲ့ရတဲ့သရဲမလေး။ ဒီရုပ်ရှင်မှာတော့ ပထမကားအပြီး နှစ်အနည်းငယ်အကြာနဲ့ ဆက်ပါတယ်။ ပျောက်ကွယ်သွားတဲ့ ဆတ္ထရီကိုပဲ မေ့ပျောက်မရသူ မောင်ဗစ်ကီတစ်ယောက် လွမ်းဆွတ်မှုနဲ့အတူ တမ်းတနေရချိန်။ ဘယ်ကမှန်းမသိတဲ့ စာတစ်စောင်ရောက်လာတာက “သူ ပြန်လာပြီ”တဲ့။ ဘာမှ အဓိပ္ပါယ်သိပ်မရှိတာမို့ ဗစ်ကီတစ်ယောက် မေ့မေ့ပျောက်ပျောက်နဲ့နေရင်းက ဇာတ်အလှည့်အပြောင်းတွေ ဖြစ်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Horror • Drama
7.6 2024
Stree 2: Sarkate Ka Aatank Stree 2
Kobane

ဖြစ်ရပ်မှန်စစ်ကားကောင်းတစ်ခု ၂၀၁၁ဆီးရီးယားပြည်တွင်းစစ်ဖြစ်တဲ့အချိန်မှာ ကာ့ဒ်တွေကဒီမိုကရက်အင်အားစုဘက်တွေဘက်ကဝင်တိုက်ခဲ့ပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို မြောက်နဲ့အရှေ့ဆီးရီးယားမှာတည်ထောင်ခဲ့တယ်။ISIS ကတော့( အစ္စလာမ်နိုင်ငံ ဆီးရီးယားနဲ့ အီရတ်) ဖြစ်ပြီး ၂၀၀၃ ကတည်းကအီရတ်ကို အမေရိကန်နဲ့မဟာမိတ်တွေကိုကျူးကျော်ဝင်ရောက်တာကိုဆန့်ကျင်တာအတွက် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး၂၀၁၁ ဆီးရီးယားပြည်တွင်းစစ်မှာပြန် အားကောင်းလာတာဖြစ်တယ် ။ISISကကာလီဖိတ်နိုင်ငံထူထောင်ဖို့ အတွက်ရည်မှန်းလုပ်ဆောင်တယ်။ ဆီးရီးယားပြည်တွင်းစစ်ကအစမှာ အုပ်ချုပ်သူအစိုးရနဲ့အတိုက်အခံကြားကစစ်ပွဲ​ဖြစ်ပေမယ့်သမ္မတအာဆတ်အစိုးရတပ်တွေကိုအတိုက်အခံတပ်တွေ၊ကာ့ဒ်တပ်တွေISISတွေကဝိုင်းတိုက်ရုံမကပဲသူတို့အချင်းချင်းလည်းနယ်မြေတွေရအောင်တိုက်ခိုက်ရာကနေအခြေအနေတွေရှုပ်ထွေးလာတယ်။အစိုးရတပ်တွေကို ရုရှ အီရန်ကထောက်ပံ့ကူညပေးပြီး အတိုက်အခံတပ်တွေကို တူရကီ ဆော်ဒီ ပင်လယ်ကွေ့ နိုင်ငံတွေနဲ့အနောက်အုပ်စုနိုင်ငံတွေကထောက်ခံကူညီပေးတယ် ။ ကာ့ဒ်တပ်ဖွဲ့တွေကိုတော့ISISတွေကိုတိုက်ခိုက်ရာမှာအမေရိကန်ကလေကြောင်းပစ်ကူအပါထောက်ခံကူညီပေးပါတယ်။ Kobane(2022)ဇတ်ကားကကာ့ဒ်စကားပြောရုပ်ရှင်တစ်ခုဖြစ်တယ်။Kobane မြို့ဟာ ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ ကာ့ဒ်လူမျိုးစုတွေနေထိုင်တဲ့ တူရကီ ဆီးရီးယားနယ်စပ်မြို့လေးတစ်မြို့ဖြစ်တယ်။ ISIS တွေက ကျေးရွာ၃၅၀ နဲ့မြို့တွေကိုသိမ်းပိုက်ထားပြီး ၂၀၁၄အောက်တိုဘာမှာISISတပ်ကကိုဘိန်းမြို့ကိုဝင်ရောက်တိုက်ခိုက်တယ် ။မြို့ရဲ့ ၆၀%ကိုသိမ်းထားနိုင်ခဲ့တယ်။၂၀၁၅ ဇန်နဝါရီမှာ YPG( ကာ့ဒ်ပြည်သူ့ ကာကွယ်ရေးတပ်)ကကိုဘိန်းကိုပြန်သိမ်းနိုင်ခဲ့တယ်။ ကိုဘိန်းတိုက်ပွဲဟာ သမိုင်းမှာအရေးပါတဲ့တိုက်ပွဲဖြစ်ပြီး အဲဒီကရတဲ့အောင်ပွဲကနေ ISISတွေသိမ်းထားတဲ့အခြားနယ်မြေတွေကိုပါစစ်ရေးအရပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ကာ့ဒ်အမျိုးသားအမျိုးသမီးတွေရဲ့ရဲစွမ်းသတ္တိ၊စွန့်လွှတ်စွန့်စားတွေ၊ရဲဘော်ရဲဘက်တွေမျက်စိရှေ့တင်ကျဆုံးရတာတွေအတွက်ခံစားရတာတွေစစ်ရဲ့အနိဌါရုံတွေပြည်သူတွေရဲ့ဒုက္ခတွေကိုတွေ့ရမှာဖြစ်တယ်။ကာ့ဒ်လူမျိုးတွေရဲ့ မျှော်လင့်ချက်မျှော်မှန်းချက်တွေက်ကိုလည်းတွေ့ရမှာဖြစ်တယ်။ နှလုံးသားကိုထိစေတဲ့ဇတ်ကွက်လေးကတော့ “ဒဲရာ”အမြဲလိုက်ရှာနေခဲ့တဲ့ဆရာဝန်ကလေး ပြန်တွေ့တော့ ဆရာဝန်လေးရဲ့ကိုယ်ပိုင်ပစ္စည်းလေးအနည်းငယ်၊နှစ်ယောက်တွဲရိုက်ထားတဲ့ဓါတ်ပုံလေးနဲ့နားကျပ်လေးကိုဗူးလေးတစ်ခုနဲ့အမှတ်တရထားပေးထားတာပဲတွေ့ရပါတော့တယ်။ဓါတ်ပုံလေးကိုလှမ်းကိုင်လိုက်တဲ့”ဒဲရာ”ရဲ့တုန်ယင်နေတဲ့လက်ကလေးကစကားတွေအများကြီးကိုပြောပြသွားပါတယ်။ သမိုင်းတွေဟာသင်သိထားသင့်တဲ့အရာတွေဖြစ်တယ်။ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…War, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

0 2022
Kobane
The Donkey King
5.2

ဒီကားလေးက animation ဇာတ်ကားတွေထဲမှာဆိုရင် ထူးထူးခြားခြားဖြစ်တာတစ်ခုက အိန္ဒိယအပြင်အဆင်တွေနဲ့ ရိုက်ထားတာပါပဲ Zootopia တို့လို ဇာတ်ကားမျိုးကိုနှစ်သက်တဲ့သူတွေဆိုရင်တော့ ဒီဇာတ်ကားကိုလည်းကြိုက်ကြမယ်ထင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကူးယဉ်တဲ့မြည်းလေးတစ်ကောင်က စိုင်ကော်လို့ခြုံပေါ်ရောက်တာနေဖြစ်လာမဲ့ အခက်အခဲတွေရင်ဆိုင်ဖြေရှင်းရတဲ့အကြောင်းလေးပါ နိုင်ငံရေး အယူအဆဟာသတွေနဲ့ ပြည့်နှက်နေတဲ့ကားလေးမို့လို့ ကိုယ်တွေအနေနဲ့ကြည့်သင့်တဲ့အထဲမှာပါတဲ့ ကားကောင်းလေးပါ Rating အနဲငယ်နိမ့်တယ် ထင်ရပေမယ့် ဇာတ်လမ်းရဲ့တင်ဆက်မှုက အဆင့်အတန်းတစ်ခုရှိတဲ့အတွက် ကြည့်ပြီး နောင်တရမဲ့ကားမျိုး မဟုတ်တာတော့ အသေချာပါပဲ File size… 2 GB, 966 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Adventure, Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Aries

Animation • Drama • Comedy
5.2 2020
The Donkey King
Big World
7

Big World (2024) IMDb Rating (7.0) ဒီတစ်ခုကတော့ Must Watch တွေထဲမှာထိပ်ဆုံးကပါပဲ။ ဇာတ်ကြောင်းကတော့ လျှိုချွင်းဟယ်ဆိုတဲ့ အသက်နှစ်ဆယ်အရွယ်ကောင်လေးက ဦးနှောက်အကြောသေရောဂါခံစားနေရပါတယ်။ ဉာဏ်ကောင်းပေမယ့် အဲ့ဒီရောဂါကြောင့် ပုံမှန်ကလေးတွေလို လူ့အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ အလုပ်ရဖို့ ကျောင်းကောင်းကောင်းတက်နိုင်ဖို့ အဆင်မပြေခဲ့ပါဘူး။ အပြင်လူတွေထက်ပိုဆိုးတဲ့ဒဏ်ရာကတော့ မိသားစုအတွက်ကိုယ်က၀န်ထုပ်၀န်ပိုးကြီးဖြစ်နေတာပါ။ဒီလိုရောဂါမျိုးတွေက မိသားစုအတွက်ကော ခံရသူအတွက်ပါအရမ်းခက်ခဲပါတယ်။ မိဘကိုလည်းငါ့ကိုဘာလို့ဒီလိုဖြစ်အောင်မွေးပေးခဲ့တာလည်းဆိုပြီးလည်း အပြစ်တင်မိတယ်။ သူ့အဖွားရောက်လာပြီးတော့ အဖွားရဲ့သူငယ်ချင်း‌‌တွေနဲ့တီးဝိုင်းမှာပါရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး သူအားတက်လာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီကောင်မလေးက သူ့အမေလိုမျိုးပဲသူ့‌အပေါ်လုံးလုံးကြီးနားလည်ပေးနိုင်တဲ့သူမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ လျှိုချွင်းဟယ်ပြောသလိုပါပဲ နေရောင်ခြည်မရောက်တဲ့အမှောင်မိုက်ဆုံးနေရာတွေမှာတောင် ရေညှိပင်လေးတွေက ပျိုနီပန်းလိုသိက္ခာရှိရှိပွင့်လန်းနိုင်အောင် သူ့အင်အားသူအသုံးချပြီး တိုက်ခိုက်နေကြတယ်တဲ့။ သူကိုယ်တိုင်ကလည်းအဲဒီလိုကြိုးစားရှင်သန်နေပေမယ့်လည်း အသက်နှစ်ဆယ်ကောင်လေးတစ်ယောက်အနေနဲ့ ဒီဒုက္ခတွေကိုဘယ်လောက်များဆက်ခံစားနိုင်မှာလဲ။ မသန်စွမ်းတစ်ယောက်ကို လူ့အဖွဲ့အစည်းရဲ့ဆက်ဆံပုံတွေကိုကွက်ကွက်ကွင်းကွင်း‌မြင်တွေ့နိုင်ပြီး မိသားစုတွင်းပြဿနာတွေကိုပါ သရုပ်ဆောင်ပိုင်ပိုင်နိုင်နိုင်နဲ့ချပြသွားတဲ့ကားပါ။ Cast တွေအနေနဲ့ကတော့ တော်တော်များများ Jackson Yee လို့သိကြမယ့် Chinese idol and actor ယိယန်ချန်းရှီပါ။ ချန်းရှီက သူ့ရဲ့ ML အနေနဲ့ပထမဆုံးကား Better days နဲ့တင် သရုပ်ဆောင်ပိုင်းမှာနေရာတစ်နေရာယူထားနိုင်ခဲ့ပြီး သူ့ထက်ဝါအများကြီးရင့်တဲ့မင်းသမီးကျိုးတုန်းယွီနဲ့တန်းတူသရုပ်ဆောင်စွမ်းရည်ကိုချပြနိုင်ခဲ့တဲ့သူမို့ ဒီကားမှာလည်းသရုပ်ဆောင်ကတော့ပြောစရာမလိုပါဘူး။ ချန်းရှီက များသောအားဖြင့် ဒီလိုသဘာ၀ဆန်တဲ့ကားတွေရိုက်တာများပြီး ကားတိုင်းကလည်း ကြည့်ရှုသူကို မက်ဆေ့ဒ်တစ်ခုအောင်အောင်မြင်မြင်ပေးနိုင်ပါတယ်။ သူ့ရဲ့လျှိုချွင်းဟယ်ကာရိုက်တာကိုကြည့်လိုက်ရင် စင်မြင့်ထက်ကကြယ်ပွင့်လေးဆိုတဲ့ Image ကိုတောင်မေ့သွားပြီး ဖန်တွေတောင်ပုံမှန်လူအဖြစ်ခံစားမိသည်အထိပါပဲ။ ကြည့်မိလို့အချိန်ပေးရတန်တယ်ဆိုတာထက်ကို‌ပိုတဲ့ Movie လေးတစ်ခုမို့ ရှုစားလိုက်ကြပါဦးရှင့်။

7 2024
Big World
What Planet Are You From?

IMDb 5.6/10 RT – 41% R-rated ဇာတ်လမ်းကတော့ အဆင့်မြင့်နည်းပညာကို ပိုင်ဆိုင်ထားတဲ့ လူတူဂြိုလ်တစ်ခုမှာ စတင်ပါတယ်။ ဂြိုလ်သားတွေက ‌ယောက်ျားတွေချည်းဖြစ်သလို ခံစားချက်လည်းမရှိ၊ ဖွားဖက်တော်လည်း သေးကျုံ့ပျောက်ကွယ်ကုန်လို့ ပုံတူပွားပြီးတော့ပဲ မျိုးပွားကြပါတယ်။ ဂြိုလ်ရဲ့ခေါင်းဆောင်ကြီး (Ben Kingsley)က (ထုံးစံအတိုင်း) ကမ္ဘာကြီးကို အတွင်းလူ‌တွေထည့်ပြီး သိမ်းပိုက်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် အကောင်းဆုံးလက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ဟာရိုးလ် (Garry Shandling) အမည်ခံ ဂြိုလ်သားတစ်ယောက်ကို စက်သံမြည်တဲ့ လိင်တန်ဆာတပ်ပြီး ကမ္ဘာမြေပေါ်လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ လူသားအမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန်ရအောင်လုပ်ပြီး ကလေးကို ဂြိုလ်ပေါ် ပြန်ခေါ်လာဖို့ပါ။ သူဟာ ဖီးနစ်မြို့ကို ဘဏ်လုပ်ငန်းရှင်အဖြစ် ရောက်လာပြီးတော့ မိန်းမတွေကို လိုက်နူးပါတော့တယ်။ စိတ်ခံစားမှုကလည်း မရှိသလို တစ်ဖက်သားကိုလည်း စာနာတတ်မှုမရှိတဲ့အတွက် သူ့ရဲ့တာဝန်က ထင်သလောက်မလွယ်ဘဲ အခက်တွေ့နေရပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးမှ လိင်ဆက်ဆံပါမယ်ဆိုတဲ့ ဆူဆန် (Annette Bening)ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ ဆုံရပြီး (လိင်ဆက်ဆံရဖို့အတွက်) လက်ထပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဟာရိုးလ်ကို ဂြိုလ်သားလို့ သံသယရှိနေတဲ့ လေကြောင်းအရာရှိ ရိုလန် (John Goodman)ကလည်း တကောက်ကောက်လိုက်နေပါတယ်။ ဆူ‌ဆန်က ကိုယ်ဝန်ဆောင်၊ ကလေးမွေးနိုင်မှာလား၊ ပြီးတော့ ဟာရိုးလ် (နဲ့ ကလေး) သူ့ဂြိုလ်ကို ပြန်ကြမှာလား၊ ဒါမှမဟုတ် ဟာရိုးလ်က ခံစားချက်တွေကို ရှာဖွေတွေ့ရှိပြီး ဂရုစိုက်တတ်လာမှာလား။ ၂၀၀၀ပြည့်နှစ်ဝန်းကျင် ဂြိုလ်သားဇာတ်ကားတွေမှာလိုပဲ ET ရဲ့ အငွေ့အသက် မကင်းရာ မကင်းကြောင်းတွေ မြင်ရမှာပါ။ အကောင်းဆုံးဇာတ်ကား ဇကာတင်တစ်ကြိမ် ဝင်ဖူးတဲ့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ Mike Nichols ဖြစ်ပါတယ်။ အညွှန်းနှင့်ဘာသာပြန် TLone ဖြစ်ပါတယ်။ File size… (2.1 GB) / (1.1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Comedy, Romance , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Fantasy • Action • Adventure • Drama
0 2000
What Planet Are You From?
Promised Hearts Setetes Embun Cinta Niyala
4.9

Promised Hearts (2025) IMDb Rating (4.9) Niyala က ဆရာဝန်ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို သူ့သူငယ်ချင်း Faiq နဲ့လိုက်ပြီး Faiq အမေတိုနဲ့ အတူနေကာ မြိုမှာပညာသင်ကြားခဲ့တယ်။ Niyala နဲ့ Faiq က ငယ်ငယ်လေးကတည်းက မောင်နှမတွေလို နေကြတယ်ဆိုပေမဲ့ Niyala က Faiq အပေါ်မှာ မောင်နှမထက်ပိုတဲ့ ခံစားချက်တွေ ရှိနေခဲ့တယ်။ Niyala ဆေးကျောင်းကနေ ဘွဲရပြီး ရွာကိုပြန်တော့ သူ့အဖေနဲ့ အစ်ကိုရဲ့ အကြွေးတွေကြောင့် Niyala ကို ငယ်ငယ်က အနိုင်ကျင့်နေကျကောင်လေးဖြစ်တဲ့ ရွာမှာ အချမ်းသာဆုံးသူဌေးရဲ့သား Roger နဲ့ လက်ထပ်ဖို ဖိအားပေးခံရပါတော့တယ်။ အဲဒီအပြင် Faiq ကလည်း သူနဲ့ လက်ထပ်မဲ့ မိန်းကလေး Diah ကို ရွာကိုခေါ်လာပြီး Niyala က သူ့မိသားစုကို ကယ်တင်ဖို Roger နဲ့ စေ့စပ်တာကို သဘောတူချိန်မှာတော့ ကိုယ်တိုင်တောင်မသိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ၊ လှည့်စားမှုတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ… ကိုယ့်နှလုံးသားဆန္ဒကိုသိချိန်မှာ အရာအားလုံးနောက်ကျသွားပြီလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (860 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:54:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Comedy
4.9 2025 114 mins
Promised Hearts Setetes Embun Cinta Niyala
Pita Hall Kalender Pide
5

Pita Hall (2025) တူရကီရုပ်ရှင်တွေကို သဘောကျသူတွေအတွက် လတ်တလောအသစ်ထွက်ရှိထားတဲ့ Pita Hall ဆိုတဲ့ ဟာသဇာတ်မြူးကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ Pita လို့ခေါ်တဲ့ ပေါင်မုန့်ပြားရောင်းတဲ့ စီးပွားရေးလေးကို လုပ်ကိုင်နေတဲ့ “Pita Hall” ဆိုင်ရှင် Chef Kalender နဲ့ သမီးဖြစ်သူ Filiz ၊ အပြောင်းအလဲတွေကိုမနှစ်သက်ဘဲ ရှေးရိုးပုံစံအတိုင်းသာ သွားနေတဲ့ Kalender တစ်ယောက် ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ ဆိုင်ဆက်လက်ရပ်တည်ဖို့အတွက် အခက်အခဲရှိလာခဲ့ပါတယ်။ အသစ်ဖွင့်လာတဲ့ Pidburger လို့ခေါ်တဲ့ဆိုင်ကလည်း Pita Hall ကို ပိုပြီးခြိမ်းခြောက်လာခဲ့ပါတယ်။ ဒါ့အပြင် ဆိုင်နေရာပိုင်ရှင်ကလည်း သုံးလအတွင်းဆိုင်ကို ဝယ်ရင်ဝယ် မဝယ်ရင်ဖယ်ဆိုပြီး ဖိအားပေးလာတဲ့အခါ.. အဲ့အချိန်မှာ Öcü လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် Kalender ဆီကို မမျှော်လင့်ဘဲ ရောက်ရှိလာပြီး အပြောင်းအလဲတွေကို ယူဆောင်လာပါတော့တယ်။ သူတို့တွေဘယ်လိုစခန်းသွားကြမှာလဲ..? ဆိုင်ကိုရောဝယ်နိုင်ပါ့မလား..? ဘာ‌တွေဆက်ဖြစ်ကြမှာလဲ..? ဒါတွေအားလုံးရဲ့အဖြေကိုတော့ ဒီရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးရုပ်ရှင်လေးတွေကြည့်ရတာ ကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဆိုရင်မမှားပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size… (2.2 GB) / (1.1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:45:36 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Theint Waddy Lynn

Drama • Comedy • Fantasy
5 2025 106 mins
Pita Hall Kalender Pide
Psycho III
5.5

Psycho III ဟာ နာမည်ကြီး Psycho စီးရီးရဲ့ တတိယမြောက်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ Norman Bates ဟာ Bates Motel ကိုပြန်ဖွင့်ပြီး အေးဆေးလေးနေထိုင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် လူသစ်တွေ motel ကိုရောက်လာတာနဲ့ အကုန်ပြောင်းလဲသွားပါတယ် အယ်လ်အေ မှာသီချင်းသွားဆိုဖို့အိမ်မက်တွေ အတွက်ပိုက်ဆံရှာဖို့ တည်းခိုခန်းမှာ အလုပ်လာလုပ်တဲ့ ဒွိုန်းဒုခ်၊ တည်းခိုခန်းမှာလာရောက်တည်းခိုခဲ့တဲ့ မာရီယွန်ကရိန်းနဲ့ ရုပ်ချင်းဆင်တဲ့ မိန်းကလေး မော်ရင်း ကွိုင်၊ နော်မန်ဘိတ်စ်အကြောင်းလာရောက်စုံစမ်းတဲ့ သတင်းထောက် ထရေစီ ဗန်ဒါဘယ် သူတို့သုံးယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာဖြစ်ပါတယ် ဒီကားကိုတော့ Norman Bates ရုပ်ဆောင်သူ Anthony Perkins ကိုယ်တိုင်က ဦးဆောင်ရိုက်ကူးထားတာဖြစ်ပြီး၊ စိတ်ဝင်စားဖွယ် အညွှန်းတွေနဲ့ အထိအတွေ့ရှိတဲ့ thriller ဇာတ်ကားတစ်ခုအဖြစ် တင်ဆက်ထားပါတယ်။ File size… 1.9 GB / 840MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Kyaw Wai Yan Phyo

Thriller • Crime
5.5 1986 93 mins
Psycho III
Black Cat, White Cat
8

Black Cat, White Cat (1998) IMDb Rating (8.0) / Rotten Tomatoes (82%) ဒီဇာတ်ကားကတော့ ဆာဘီးယားဇာတ်ကားဖြစ်ပါတယ်။ ဆာဘီးယားနိုင်ငံကအရှေဥရောပက ယူဂိုဆလားဗီးယားနိုင်ငံဟောင်းထဲကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံအစုံကရုပ်ရှင်ဇတ်ကားတွေကိုမြည်းစမ်းကြည့်ရတာကောင်းပါတယ်။စလာလာချင်းကတော့ ဘာဇာတ်ကားကြီးလဲပေါ့ တစ်ဖြည်းဖြည်းမှကြည့်ကောင်းလာပြီး ရယ်ရတဲ့ ဇာတ်ကားတစ်ကားပါ။ ရယ်မောတာကလူကိုအသက်ရှည်စေတယ်ဆိုရင် ကလိထိုးရယ်ခိုင်းတာမဟုတ်ဘဲ သေချာဇာတ်ကွက်ချပြီးရယ်ရအောင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ဒီလိုဇာတ်ကားလေးတွေက စိတ်အပန်းပြေစေပါတယ်။ ဒီဇတ်ကားက ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာဆုရထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း မက်ကိုက ဖဲကစားတာကြိုက်တဲ့လူဖြစ်ပြီး သူ့မှာ ဇာရီးဆိုတဲ့ သားချောလေးတစ်ယောက်ရှိပါတယ် ။သူ့အဖေမှာ ဘိလပ်မြေစက်ရုံရှိပေမဲ့ ဒါးဒန်ဆိုတဲ့လူကိုရောင်းပစ်လိုက်ပြီး မက်ကို့ကိုလည်း တစ်ပြားမှမပေးပါဘူး။သူ့အဖေက ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရပါတယ်။ မက်ကိုက ရုရှဘက်ကလာတဲ့ ဒီဇယ်တွေကိုမှောင်ခိုဝယ်ဖို့ပိုက်ဆံလိုလို့ သူ့အဖေရဲ့ငယ်ချင်း ဂါဂါ ဆီမှာသွားချေးပါတယ်။သူ့အဖေရဲ့ ကျေးဇူးရှိတယ်ဆိုပြီး ဂါဂါကချေးလိုက်ပါတယ်။ဂါဂါ့မှာ မိန်းမယူခိုင်းလို့မရတဲ့ ဂျူနီယာဂါဂါဆိုတဲ့ မြေးတစ်ယောက်ရှိပါတယ်။ ဒါးဒန်က ဘူလ်ဂေးရီးယား အကောက်ခွန်အရာရှိတွေနဲ့သိလို့မက်ကိုကရှယ်ယာထည့်ခိုင်းရင်းသွားအကူညီတောင်းတော့ဒါးဒန်က သဘောတူလိုက်ပါတယ် ။ တကယ် နယ်စပ်ကနေဖြတ်ပြီး ရထားလည်းရောက်ရော မက်ကိုအိပ်ဆေးခပ်ခံရပြီး ဒီဇယ်တွေအတွက် ချေမယ့်ငွေကိုလည်းအလုခံလိုက်ရပါတယ်။ဒါးဒန်ကမက်ကို့ကိုအကြွေးပြန်တောင်းပါတယ်။ မပေးနိုင်ရင် မက်ကို့သားနဲ့ သူ့ညီမ အက်ဖရိုဒစ်တာ လက်ထပ်ပေးရမယ်အတင်းသဘောတူခိုင်းတာနဲ့ လက်ထပ်ပွဲကိုအမြန်စီစဥ်ကြပါတယ်။အက်ဖရိုဒစ်တာက ပုလွန်းသေးလွန်းတယ်ဆိုပြီး ယောကျာ်းတွေကမယူလို့အပျိုကြီးဖြစ်နေတာကို ဒါးဒန်ကစိတ်ညစ်နေပါတယ်။ မက်ကို့သား ဇာရီးက ချစ်သူကောင်မလေးရသွားပြီး အက်ဖရိုဒစ်တာကိုလက်မထပ်နိုင်ဘူးလို့ ပြောပါတယ်။ငှက်မလေး အက်ဖရိုဒစ်တာကလည်း သူချစ်တဲ့သူကိုပဲ လက် ထပ်ချင်တယ်ဆိုပြီးကန့်ကွက်လဲလက်ထပ်ပွဲကို အတင်းစီစဥ်ကြပါတယ်။ မင်္ဂလာဆောင်မစခင် ဇာရီးရဲ့အဘိုးက သေသွားပါတယ်။အိမ်တစ်အိမ်မှာမိသားစု တစ်တစ်ယောက်သေရင် မဂ်လာဆောင်ကိုနောက်ဆုတ်ကျင်းပရတဲ့ ထုံးစံရှိလို့ ဒါးဒန်က မက်ကို့ကို အဘိုးကြီးရဲ့အလောင်းကို ခဏဝှက်ထားခိုင်းပါတယ်။ မင်္ဂလာပွဲမှာ ဇာရီးနဲ့ အက်ဖရိုဒစ်တာညှိပြီးသတို့သမီးက ထွက်ပြေးတော့ သူ့အကိုနဲ့တပည့်တွေကလိုက်ဖမ်းပါတယ်။ အက်ဖရိုဒစ်တာဘာဆက်ဖြစ်မလဲ။ဒါးဒန်နဲ့မက်ကိုဝှက်ထားတဲ့အဘိုးကြီးရဲ့အလောင်းဘာဖြစ်မလဲ။ထင်မထားတဲ့ လှည့်ကွက်ကဘာလဲဆိုတာကိုတော့ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(2.8 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime,Romance Duration….02:10:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khin Sakar Khin

Thriller • Romance
8 1998 127 mins
Black Cat, White Cat