YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Show.Window.The.Queen's.House.S01E04.720p(CM).mp4

692.15 MB N/A video/mp4 2181 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Aliens vs Predator: Requiem
5.1

ဒီဇာတ်ကားလေးမှာ ဂြိုလ်သားတွေနဲ့ သူတို့ကိုလိုက်လံသုတ်သင်နေတဲ့ ဂြိုလ်သားရဲ့ကြားမှာ ဓားစာခံဖြစ်သွားတဲ့ ဂန်နီဆန်မြို့လေးအကြောင်းကို ရင်ဖိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ ထူးဆန်းတဲ့ အာကာသယာဉ်တစ်ခု ဂန်နီဆန်မြို့လေးရဲ့ တောအုပ်ထဲကို ပျက်ကျပြီးတဲ့နောက်မှာ မြို့သားတွေရဲ့ ကံကြမ္မာဟာ စိတ်မကောင်းစွာပဲ အဆိုးဆံုးပြောင်းလဲသွားပါတော့တယ်။ ဂြိုလ်သားတွေရဲ့ သိမ်းပိုက်မှုနဲ့တိုက်ပွဲကြားမှာ အသက်ရှင်ဖို့ မြို့သားတွေက ဘယ်လိုသက်စွန့်ဆံဖျား ရုန်းကန်ကာကွယ်သလဲဆိုတာကို သည်းထိတ်ရင်ဖိုစွာနဲ့စောင့်ကြည့်ရမှာပါ။ ဒါ့အပြင် နိုင်ငံရေးအလှည့်အကွက်တွေကိုလဲ ပီပြင်စွာဖော်ပြထားတာကြောင့် ဒီဇာတ်ကားကောင်းလေးကို ခံစားကြည့်ရှုလိုက်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Su Myat မှ တင်ဆက်ထားပါတယ်။) Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။ File size…(1.6 GB)/(830 MB) Quality…BluRay Unrated 1080p HEVC/720p Format…mkv/mp4 Duration….01:41:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Su Myat

Action • Crime • Drama • Thriller
5.1 2007 94 mins
Aliens vs Predator: Requiem
Akhanda
5.2

Drama/ Fantasy IMDb 7.9/10 ၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်ရုပ်ရှင်ကားကောင်းတွေထဲမှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ကားလို့ပြောရလောက်အောင်ကို ရှယ်ကောင်းတဲ့‌တောင်ပိုင်းကားလေးပါ။ Box office မှာ ကုဋေ ၂၀၀ အထိဝင်ငွေကြမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယမြောက် ဝင်ငွေအကြမ်းဆုံးကားဆိုလည်း ဟုတ်တယ်ဗျ။ Box Office မှာ ၂၀၂၁ ခုနှစ်မှာ ဒုတိယဝင်ငွေအများဆုံးဖြစ်ရတဲ့ အကြောင်းကိုပြောပါဆို နာမည်ကြီးဝါရင့်သရုပ်ဆောင် Nandamuri ပါတာရယ် မင်းသမီးချောနှစ်လက်ဖြစ်တဲ့ Pragya နဲ့ Shamna တို့ပါတာကြောင့်လည်းပါတယ်ပေါ့ဗျာ။ အဲလိုပြောလို့ Red Notice လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့ထိန်းသွားတဲ့ ကားလားဆိုရင်တော့လည်း မဟုတ်ပြန်ဘူးဗျ။ ဇာတ်လမ်းဇာတ်ကွက်က ကုလားကားဆန်ဆန်ရိုက်ချက်တွေပါနေတာကလွဲရင်(ကုလားကားကိုးဗျ) ရှယ်ကိုကောင်းနေတာမျိုးဗျ။ မျောပြီးကြည့်နေရင်းကြက်သီးထရလောက်တဲ့ စကားမျိုးတွေထပြောလေ့ပြောထရှိတဲ့တောင်ပိုင်းကားတွေရဲ့ ဗီဇကိုသိပြီးပြီဆိုရင်တောင် ဒီကားထဲက ကြက်သီးထစရာဇာတ်ဝင်စကားတွေက တစ်ခြားတွေနဲ့ကိုမတူတာအမှန်။ ကြည့်ရင်းမျောရင်း၊ မျောရင်းကြည့်ရင်း အ‌ဆုံးကိုဘယ်လိုရောက်လို့ရောက်သွားမှန်းမသိမယ့်ကားကောင်းမျိုးဗျ။ ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြရမယ်ဆိုရင် ရွှေကျေးညီနောင်ပေါ့ဗျာ။ ကျေးညီနောင်နှစ်ကောင်ဟာ တစ်ကောင်က ကောင်းရာအရပ်‌ရောက်ပြီး ကျေးလိမ္မာဖြစ်သွားပေမဲ့ တစ်ကောင်ကတော့ ဆိုးရာအရပ်ရောက်ပြီး ကျေး‌မိုက်ဖြစ်သွားသလိုမျိုးပဲပေါ့။ ဒါပေမဲ့ မတူတဲ့အချက်ကတော့ ဒီဇာတ်ကားထဲက ညီအစ်ကိုနှစ်ယောက်ကိုကျ မွေးကတည်းက ဘုရားလူကြီးက နိမိတ်ဖတ်သွားတာပဲ။ ဒီတစ်‌‌ယောက်ဟာ သဘာဝတရားနဲ့ တူလိမ့်မယ်၊ ဒီတစ်ယောက်ဟာ သဘာဝဘေးဆိုးနဲ့တူလိမ့်မယ်ဆိုပြီး သဘာဝတရားကိုချစ် သဘာဝဘေးဆိုးကို စွန့်ပစ်ခိုင်းခဲ့တာမျိုးပေါ့။ ဒီတော့ဗျာ ညီအစ်ကိုနှစ်ယောက်ထဲက သဘာဝတရားဖြစ်တဲ့တစ်ယောက်က ပြည်နယ်အုပ်ချုပ်ရေးမှူးချောချောလေးနဲ့ တစ်စခန်းသွားတော့မယ်အချိန်မှာ သဘာဝဘေးဆိုးဖြစ်တဲ့တစ်ယောက်ကကျ ဘယ်လိုအရပ်ရောက်ပြီး ဘယ်လောက်တောင်ဆိုးနေမယ် ညီအစ်ကိုနှစ်ယောက် ဘယ်လိုပြန်တွေ့ကြမယ်ဆိုတာမျိုးပေါ့။ ဒီလိုသဘောတရားဇာတ်လမ်း‌တွေရှိပေမဲ့ ဒီကားလောက်တော့ ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်ကွက်ဇာတ်ပြောင်းမကောင်းနိုင်တာသေချာတယ်ဗျ။ ဒီတော့ တောင်ပိုင်းကားဖန်တွေအတွက် ၂၀၂၁ ခုနှစ်မှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ထွက်ထားတဲ့ ဒုတိယမြောက်ရုံတင်ဝင်ငွေအကောင်းဆုံးကားလေးကိုလည်း ရှယ်ဝုန်းပေးကြပါဦးခင်ဗျာ။ File size…3.7GB / 1.5GB Quality…1080p True Web DL AAC 5.1CH / Format…mp4 Duration….2h 47min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe ~ Yunni ~ San Thu Aung

Drama • Family
5.2 2021 167 mins
Akhanda
Epic Tails
6.4

Epic Tails (2022) Yolcos ဆိုတာ ရှေးခေတ်ဂရိနိုင်ငံမှာ သာယာဝပြောတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့လေးမှာ သူရဲကောင်း Jason ရယ် သူ့ရဲ့နောက်လိုက်အဖွဲ့ Argonauts ရယ်က စွန့်စားခန်းတွေ များစွာထွက်ပြီး နောက်ဆုံးမှာ မြို့ကို သာယာဝပြောအောင်လုပ်ပေးနိုင်တဲ့ Zeus နတ်ဘုရားရဲ့ အစွမ်းရှိတဲ့ ရွှေရောင်သိုးမွှေးတောင်လေးကို ယူလာပေးနိုင်ခဲ့ပါတယ်။ အဲဒီသိုးမွှေးတောင်အစွမ်းကြောင့် လူတွေတင်မကဘူး တိရစ္ဆာန်တွေပါ အချင်းချင်းအဆင်ပြေသင့်မြတ်နေကြတဲ့မြို့လေးပါ။ ကြွက်ကလေး ပက်တီကတော့ သူ့ကိုမွေးစားထားတဲ့ ကြောင်ကြီး ဆမ်နဲ့အတူတူနေနေပေမယ့် သူရဲကောင်း Jason ကို အရမ်းအားကျပြီး စွန့်စားခန်းတွေ ထွက်ချင်နေတဲ့သူပေါ့။ တစ်နေ့မှာတော့ သူတို့မြို့လေးကို Poseidon နတ်ဘုရားက အမျက်ဒေါသထွက်ပြီး တောင်းဆိုချက်တစ်ခုကို တစ်ပတ်အတွင်းအပြီးလုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ရွှေရောင်သိုးမွှေးတောင်ကို သိမ်းသွားတဲ့အပြင် တစ်ပတ်အတွင်း တောင်းဆိုချက်ကို လုပ်မပေးနိုင်ရင် မြို့ကို ဖျက်ဆီးပစ်တော့မှာမို့ မြို့သူမြို့သားတွေသာမက တိရစ္ဆာန်လေးတွေပါ ထိတ်လန့်ကုန်ကြပါတယ်။ သူရဲကောင်း Jason ကလည်း အဖိုးကြီးဖြစ်နေပြီးတော့ Argonauts အဖွဲ့သားတွေကလည်း သေဆုံးကုန်ပါပြီ။ အဲဒီအခြေအနေမှာ ပက်တီနဲ့ တိရစ္ဆာန်လေးတွေက ဘယ်လိုဝင်ကူညီပြီး မြို့ကိုကယ်တင်ပေးမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။ IMDb 5.9 ရရှိထားပြီးတော့ Animation ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။

Drama • Mystery
6.4 2023 95 mins
Epic Tails
The Parent Trap
6.6

The Parent Trap (1998) ~ IMDb – 6.6/10, Rotten Tomatoes – 86% ~ လူကြီးမင်းတို့ အောင်သွယ်ဇာတ်လမ်းတွေ ကြားဖူးကြလားဗျ။ မပြောမရှိနဲ့။ ကိုယ့်ဘေးက ကိုယ့်ရည်းစားကတောင် သူများအောင်သွယ်ပေးထားလို့ စွံခဲ့တာ ဖြစ်ချင်ဖြစ်နေမှာ။ ဘာပဲဖြစ်ဖြစ်ပါလေ။ အောင်သွယ်ဇာတ်လမ်းတွေက နားမဆန့်အောင် ကြားခဲ့ရတာပါပဲ။ ဒါပေမ‌ဲ့ လူကြီးမင်းတို့ကို တစ်ခုမေးပါရစေ။ သမီးနှစ်ယောက်က သူတို့ အဖေနဲ့အမေအရင်းခေါက်ခေါက်နှစ်ယောက်ကို ညားကြပါစေတော့ရယ်လို့ အောင်သွယ်ပေးခဲ့ကြတဲ့ ဇာတ်လမ်းတော့ ကြားဖူးမယ်တော့ မထင်ပေါင်ဗျာ။ စိတ်ဝင်စားရင်တော့ ဟောဒီဇာတ်လမ်းကိုသာ ကြည့်လိုက်ပါ။ နွေရာသီကျောင်းကြိုစခန်းတစ်ခုကို အတူလာမိကြတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးနှစ်ယောက်။ တစ်ယောက်က ဓားရေးကောင်းတယ်။ တစ်ယောက်က ဖဲရိုက်တာတော်တယ်။ ဘုရင်မနှစ်ပါးဆိုတော့ အချင်းချင်း ငြိကြတာပေါ့လေ။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘတပြန် ကျားတပြန် အနိုင်ယူကြရင်း ‌သောင်းကျန်းကြလွန်းလို့ သီးသန့်အိမ်တစ်ခုတည်းမှာ ခွဲထားခံရတဲ့အဖြစ်ရောက်သွားလေရဲ့။ ဒါပေမဲ့ သူတို့သိသွားကြတာက သူတို့တွေဟာ တစ်အူထုံဆင်း မောင်နှမအရင်းဖြစ်ရုံမက၊ တစ်နေ့တည်းမွေးတဲ့ အမွှာတွေပါ ဖြစ်နေတာပါပဲ။ အဖေနဲ့ပဲ ကြီးပြင်းလာရသူနဲ့ အမေသာ တစ်ကမ္ဘာထင်ခဲ့သူနှစ်ယောက်တို့ မမြင်ဖူးသေးတဲ့မိဘကို မြင်ချင်ရှာလွန်းလို့ ကလေးဉာဏ်လေးတွေနဲ့ ကြိုးစားကြပုံလေးတွေပါ။ The Parent Trap ဇာတ်ကားက ဂျာမန်ဝတ္ထုတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး ၁၉၆၁ ခုနှစ်မှာ ရိုက်ကူးတင်ဆက်ခဲ့ပါတယ်။ အခု တင်ဆက်လိုက်တဲ့ဇာတ်ကားကတော့ သူ့ရဲ့ Remake ဇာတ်ကားဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ ရိုက်ကူးပြသခဲ့တာပါ။ ကုန်ကျငွေရဲ့ လေးဆကျော်ပြန်ရခဲ့ပြီး ကောင်းမွန်တဲ့ ဝေဖန်ချက်တွေနဲ့အတူ အောင်မြင်တဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်တွေထဲကမှ အမွှာညီအစ်မ ဟယ်လီ နဲ့ အန်နီ အဖြစ် နှစ်ကိုယ်ခွဲသရုပ်ဆောင်ခဲ့သူ Lindsay Lohan ကိုတော့ လူကြီးမင်းတို့ ကြားဖူးမယ်ထင်ပါတယ်။ အမေရိကားရဲ့ အောင်မြင်ကျော်ကြားလှတဲ့ သရုပ်ဆောင် အဆိုတော် မိန်းမလှလေးပေါ့။ သူ့ရဲ့ဇာတ်ကားဖြစ်တာနဲ့အညီ သူ့ရဲ့ဇာတ်ရုပ်နဲ့ ဇာတ်လမ်းကို သယ်တဲ့နေရာမှာ ပိုင်နိုင်မှုရှိပြီး ကြည်နူးဖွယ်ရသကို ပေးစွမ်းနိုင်သူလေးပါ။ ငယ်ရွယ်စဉ်မာန်မာနနဲ့ အချင်းချင်း ကျောခိုင်းခဲ့ကြတဲ့ မိဘနှစ်ပါးကို အမွှာညီအစ်မလေးနှစ်ယောက်က ပြန်လည်ပေါင်းထုပ်နိုင်ဖို့အရေး ပြန်အောင်သွယ်ပေးရတဲ့ ဟောဒီဇာတ်လမ်းလေးက Drama Comedy နှစ်သက်ကြသူတွေအတွက် မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.41GB, 1.21GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 8Min Genre – Adventure, Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Adventure • Fantasy
6.6 1998 128 mins
The Parent Trap
Camp
6.7

မိဘမဲ့ကလေးတွေ စွန့်ပစ်ခံရတဲ့ကလေးတွေ မိဘတွေက ပြစ်မှုကျူးလွန်လို့ ထောင်ကျပြီး ဂရုစိုက်မပေးနိုင်တဲ့ကလေးတွေကို စုပြီး တစ်ပတ်လောက် ပျော်စရာတွေ အားကစားပြိုင်ပွဲတွေနဲ့ အပန်းဖြေကြတဲ့ နွေရာသီစခန်းလေး တစ်ခုအကြောင်းပါ။ အီလိုင့်အမေက ဆေးစွဲနေပြီး အပျော်အပါးတွေ ရည်းစားကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။ အီလိုင့်ကို သူ့အခန်းထဲမှာပဲ ပိတ်ထားပြီး နှိပ်စက်တတ်ပါတယ်။ သူ့အဖေကလည်း လူတွေကို လက်ပါတတ်ပြီး ရိုက်တတ်သူတစ်ယောက်ပါ။ ဒီလိုနဲ့ အီလိုင့်ကို လူမှုလုပ်သားတွေက ထိန်းသိမ်းထားလိုက်ပြီး နွေရာသီစခန်းလေးဆီ ရောက်လာပါတော့တယ်။ ခန်မက်သရူးကတော့ ငွေကြေးအကြံပေးတစ်ယောက်ပါ။ သူ့ဖောက်သည် ဖြစ်လာနိုင်တဲ့ မာဂရက် ဆန်းမားဖီးလ် အထင်ကြီးအောင်လုပ်ဖို့ နွေရာသီစခန်းမှာ လုပ်အားပေးတယ်လို့ ညာလိုက်ပါတယ်။ ဒီလိုနဲ့ စိတ်မပါဘဲ Ken တစ်ယောက် နွေရာသီစခန်းကို ရောက်လာပါတော့တယ်။ မိဘတွေဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် လောကကြီးကို ဘက်တိုက်နေတဲ့ ဂျစ်ကန်ကန်ကောင်လေး အီလိုင်နဲ့ စိတ်မပါဘဲ စခန်းမှာ လုပ်အားလာပေးတဲ့ ခန်တို့ နွေရာသီစခန်းလေးမှာ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ကြပါဦးနော် ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ Phu Myat Thwe ပါ File size… 2.1 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 49m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Phu Myat Thwe

6.7 2013
Camp
Ladki: Enter the Girl Dragon
5

Ladki: Enter The Girl Dragon (2022)”အိန္ဒိယဂျက်မ” ဟောင်ကောင်ဂျက်မတွေ ကိုရီးယားဂျက်မတွေ တအားကိုရိုးလွန်းနေပြီဆိုတော့ တမူထူးတဲ့အိန္ဒိယဂျက်မကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Bollywood ကားဆိုပေမဲ့ ချခါနီးမှာ သီချင်းနဲ့ထမကဘဲ အပီအပြင်တကယ်ဖိုက်တာမလို့ female badass ကာရိုက်တာတွေကြိုက်သူတွေအတွက် must tryပါ။ ငယ်စဉ်က အစ်မဖြစ်သူမုဒိမ်းကျင့်ခံရတာကို ဘာမှမလုပ်နိုင်ဘဲ ရပ်ကြည့်ရုံသာတတ်နိုင်ခဲ့တဲ့ပူဂျာတစ်‌ယောက် အစ်မဖြစ်သူက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ချိန်မှာတော့ အကြီးအကျယ်စိတ်ဒဏ်ရာရခဲ့ရတာပေါ့။ စိတ်ရောကိုယ်ပါပြိုလဲနေတဲ့ပူဂျာကို ပြန်လည်ရပ်တည်နိုင်စေတာကတော့ ဘရုစ်လီနဲ့ သူ့ရဲ့အတွေးအမြင်‌ သူ့ရဲ့ဂျီကွမ်ဒိုကိုယ်ခံပညာပါပဲ။ ဒီလိုနဲ့ ရုပ်ရှင်ကနေ ဂျီကွမ်ဒိုပညာကို သင်ယူနေတဲ့ပူဂျာတစ်‌ယောက် ဒီပညာကို ကိုယ်တိုင်လက်ထပ်သင်ကြားပေးနေတဲ့နဂါးကိုယ်ခံပညာသင်တန်းကျောင်းရဲ့သတင်းကိုကြားပြီး မြို့တက်လာချိန်မှာတော့ မိန်းကလေးတွေကို ပါးစပ်သရမ်းတတ်တဲ့လူမိုက်တစ်သိုက်နဲ့တွေ့ပါတော့တယ်။ ဒီလူမိုက်တွေကိုဝင်ဟန့်တဲ့သူကတော့ နီးလ်‌ဆိုတဲ့ကိုလူအေးကြီးပေါ့။ ဒါပေမဲ့ လူအေးကြီးပီပီ လူမိုက်နဲ့ပြိုင်မဖိုက်နိုင်တော့ ပူဂျာကပဲကယ်တင်ပေးလိုက်ရပြီး ရင်းနှီးသွားကြတဲ့သူတို့နှစ်‌ယောက်ကြားကပတ်သက်မှုနဲ့ ဂျီကွမ်ဒိုပညာရှင်ဖြစ်ချင်တဲ့ရည်မှန်းချက်ကြား ပူဂျာတစ်ယောက်ဘယ်လိုတွေဆက်လုပ်မလဲ။ နဂါးကျောင်းတော်ကို ဝင်ခွင့်ရပြီး သူ့ရဲ့အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

5 2022 134 mins
Ladki: Enter the Girl Dragon
Wolf and Dog
6.2

Wolf and Dog (2022) ================ IMDb Rating – 6.2/10 ဘာသာရေးကိုင်းရှိုင်းပြီး ဓလေ့ထုံးတမ်းတွေကို အလေးထားတဲ့ အတ္တလန္တိတ် ပင်လယ်ထဲက ကျွန်းတစ်ကျွန်းနဲ့ အများက သာမန်လို့ လက်ခံယုံကြည်ထားတဲ့ ဖြစ်တည်မှုတစ်ခုကနေ ရုန်းထွက်ချင်နေတဲ့ လူငယ်တစ်စု။ အန်နာဟာ ဒီကျွန်းလေးမှာ အိပ်မက်တွေကို စွန့်လွှတ်ပြီး ဘဝကို ရောင့်ရဲတင်း တိမ်နေရတယ်။ တဲလ်မိုဆိုတဲ့ ကောင်လေးကတော့ အလှတွေ ပြင်ပြီး ပန်းပွင့် လေးလို ပွင့်လန်းချင်တဲ့ လူငယ်ကောင်လေးတစ်ယောက်။ ကလိုဝီကတော့ ဘဝကို လွတ်လပ်စွာနေထိုင်နေပြီး ဒီကျွန်းကို ခဏတစ်ဖြုတ် လာလည်သူ အန်နာ့ သူငယ်ချင်း ကနေဒါသူလေးတစ်ယောက်။ တဲလ်မိုနဲ့ ကလိုဝီတို့ အန်နာနဲ့ မတူတဲ့ အချက်ကတော့ သူတို့ရဲ့ စိတ်ဆန္ဒကို ဦးစားပေးပြီး ကိုယ်ပိုင် ပျော်ရွှင်မှုကို ရွေးချယ်ရဲတဲ့ သတ္တိရှိကြတယ်။ ဒါတွေ က တစ်နေ့မှာ အန်နာ့အတွက် ခွန်အားတွေဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ယဉ်ကျေးမှုတွေ ထွန်းကားရာ ကျွန်းတစ်စုက Queer Community အတွက် လှပတဲ့ တေးသွားလေးတစ်ပုဒ်ဆို မမှားပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(3.5 GB) / (1.33 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 51Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Act Molemy Encoder……….SWM

6.2 2022
Wolf and Dog
The Iron Claw
8

The Iron Claw (2023) ~ IMDb – 8/10, RT – 89%, Meta – 73% ~ National Board of Review က အကဲဖြတ်ပေးထားတဲ့ ၂၀၂၃ ရဲ့ Top 10 ၁၀ကားထဲက တစ်ကားပါ။ ဝေဖန်ရေးသမားတွေတော့ တော်တော်ချီးကျူးထားကြပေမဲ့ အော်စကာတော့ တစ်ခုမှကိုမဝင်သွားခဲ့ပါဘူး။ ဒီစာရင်းထဲပါပြီး နောက်ထပ်အော်စကာတစ်ခုမှမဝင်သွားတာကတော့ Ferrari ပါ။ ကျန်တဲ့၈ကားကတော့ Best Picture စာရင်းဝင်ကားတွေချည်းပါပဲ။ A24 က ထုတ်ထားသလို သရုပ်ဆောင်တွေကလည်း Zac Efron, ဒီနှစ်ဆုတွေမနည်းသိမ်းသွားတဲ့ The Bears စီးရီးရဲ့မင်းသား Jeremy Allen White, Triangle of Sadness နဲ့ Where the Crawdads Sing က မင်းသား Harris Dickinson, နောက် Lily James… ဇာတ်ကတော့ ကျွန်တော်တို့ငယ်ငယ်က ဂိမ်းတွေရော အခွေတွေရော ကစားခဲ့ ကြည့်ခဲ့ဖူးတဲ့ စမတ်ဒေါင်း ခေါ် နပန်းပွဲက နပန်းသမားတွေအကြောင်းပေါ့။ အဲဒီနပန်းလောကရဲ့ အကြီးကျယ်ဆုံးမိသားစုအဖြစ် မှတ်ကျောက်တင်ခံခဲ့ရတဲ့ မိသားစုတစ်ခုအကြောင်းပါပဲ။ ဒီမိသားစုရဲ့အစက ဖရစ်ဇ်ဗွန်အဲရစ်လို့ခေါ်တဲ့ ဂန္ထဝင်နပန်းသမားကြီးကနေစတယ်။ သူက ရည်မှန်းချက်ကြီးတယ်။ သူ့လောကမှာ သူအအောင်မြင်ဆုံးဖြစ်ချင်တယ်။ ကျားကုတ်ကျားခဲကြိုးစားခဲ့တယ်။ ဒီလိုကြိုးစားခဲ့လို့ သူချန်ပီယံဆုအကုန်နီးပါးရခဲ့ပေမဲ့ သူမရခဲ့တဲ့တစ်ခုတည်းသောဆုက ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆု။ နောက်ပိုင်း သူက WCCW လို့ခေါ်တဲ့ World Class Championship Wrestling ပွဲအစီအစဉ်ကို ပိုင်တဲ့သူ။ သူက သူမရခဲ့တဲ့ဆုကို သူ့သားတွေကို ရစေချင်သလို သူတို့မိသားစုကို နပန်းလောကရဲ့ အကြီးကျယ်ဆုံး မိသားစုဖြစ်စေချင်ခဲ့တယ်။ သူ့သားတွေအကုန်လုံးကို နပန်းသမားတွေဖြစ်လာအောင် သူ ကိုယ်တိုင်လေ့ကျင့်ပေးခဲ့တယ်။ ဒီရုပ်ရှင်မှာ နပန်းပွဲတွေနဲ့ သူတို့သားအဖ ညီအစ်ကိုတွေကြားက မိသားစုဒရာမာတွေကို အချိုးကျပြသွားခဲ့တယ်။ WWE Hall of Fame မှာ ဗွန်အဲရစ်မိသားစုကို နပန်းပွဲသမိုင်းရဲ့ အကြီးကျယ်ဆုံးမိသားစုအဖြစ် ၂၀၀၉မှာ မှတ်ကျောက်တင်ခံခဲ့ရတယ်။ The Iron Claw ဟာ ဒီလိုမှတ်ကျောက်အတင်ခံရဖို့ သူတို့မိသားစု ဘယ်လိုကြိုးစားခဲ့ရလဲ ဘယ်လိုကြမ္မာတွေနဲ့ကြုံခဲ့ရလဲဆိုတာကို ပုံဖော်ထားတဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.7GB, 2.65GB, 1.35GB Quality – 4K HEVC, 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 12Min Genre – Biography, Drama, Sport Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Comedy
8 2023 132 mins
The Iron Claw
7.2

Shooter (2007) ဒီတစ်ခါ အလှည့်ကျတဲ့ old but gold ကားကတော့ IMDB 7.1/10 ရရှိထားတဲ့ Ted မင်းသားကြီး Mark Wahlberg ရဲ့ Thriller/Action ကားလေးပဲဖြစ်ပါတယ်။ ဆွယ်ဂါက တောအုပ်ထဲမှာ သူချစ်တဲ့ခွေးလေးနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အငြိမ်းစား ကျွမ်းကျင်လက်ဖြောင့်သေနတ်သမားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်က စစ်ဆင်ရေးတစ်ခုမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံခဲ့ရတာကြောင့် တပ်ထဲကနေ အငြိမ်းစားယူခဲ့တယ်လို့ ဆိုရမှာပေါ့လေ။ အေးချမ်းတဲ့သူ့ဘဝထဲကို “သမ္မတကို လုပ်ကြံဖို့ အစီအစဉ်ဆွဲပေးပါ”ဆိုပြီး ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့သူကတော့ ဗိုလ်မှူး ဂျွန်ဆင်ပါ။ သမ္မတကို စိတ်မဝင်စားသလို အေးချမ်းစွာနေလိုတဲ့ ဆွယ်ဂါတစ်ယောက် နောက်ဆုံးကျ ဗိုလ်မှူး ဂျွန်ဆင်ရဲ့ အပြောမှာ မျောပြီး အစီအစဉ်ကို သဘောတူလိုက်မိရာမှာတော့.. သူ့ကို စောင့်ကြိုနေခဲ့တဲ့ လှည့်ကွက်တွေနဲ့ အစီအစဉ်ကဘာများလဲ.. သမ္မတကို လုပ်ကြံတဲ့အစီအစဉ်ကရော အထမြောက်အောင်မြင်သွားမှာလား.. သူ့ရဲ့တစ်ချိန်က ကျွမ်းကျင်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး အရည်အချင်းရှိရှိနဲ့ သူ့ကိုဆင်ထားတဲ့ ထောင်ချောက်ထဲကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား.. ဆိုတာကိုတော့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ ဆွယ်ဂါ့ရဲ့စွန့်စားခန်းတွေကို ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Emily မှတင်ဆက်ထားပါတယ်။)

Romance • Comedy
7.2 2007
Shooter
I Am Sam
7.6

I Am Sam (2001) IMDb 7.6 နဲ့ ဆုတော်တော်များများရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါပဲနော်။ ဇာတ်လမ်းလေးကတော့ ဦးနှောက်ဖွံ့ဖြိုးမှုနည်းတာကြောင့် ခုနှစ်နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဆမ်ဆိုတဲ့ လူတစ်ယောက်က သူ့ခုနှစ်နှစ်သမီးလေးအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ရဲ့လား၊ သူ့သမီးလေးကို ‌ပျိုးထောင်နိုင်တဲ့ စွမ်းရည်ရှိရဲ့လားဆိုတာ တရားရုံးမှာ တရားရင်ဆိုင်ရတဲ့အကြောင်းလေးပါ။ ဆမ်ရဲ့ရှေ့နေ ရီတာပြောတာက လူတစ်ယောက်ရဲ့ ဉာဏ်ရည်အတိုင်းအတာက သူ့ရဲ့ချစ်နိုင်စွမ်းအပေါ်သက်ရောက်မှုမရှိဘူးတဲ့။ ဒါပေမယ့် တစ်ဖက်မှာကျ ကိုယ်တိုင်က ၇ နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဖခင်တစ်ယောက် ကော်ဖီတောင်ဖျော်တတ်ဖို့အကြာကြီးကြိုးစားခဲ့ရတဲ့ ဖခင်တစ်ယောက်က သမီးကို လူလားမြောက်လာအောင် လူ့အဖွဲ့အစည်းထဲက လူတစ်ယောက်ဖြစ်လာ‌‌အောင် ဘယ်လိုများပျိုးထောင်နိုင်မှာလဲပေါ့။ တစ်ဖက်က တရားရုံးရှေ့နေက ပြောတယ် လူစီက အရာအားလုံးနဲ့ထိုက်တန်တယ် ဒါပေမယ့် အဲ့တာကို မင်းပေးနိုင်ရဲ့လားတဲ့။ ဖခင်မေတ္တာကို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့် ကားလေးပါနော်။ ရိုးရိုးဖခင်တစ်ယောက်တောင် မဟုတ်ပဲ ခုနှစ်နှစ်သားဉာဏ်ရည်နဲ့ ဖခင်တစ်ယောက်ပေါ့။ Cast တွေအနေနဲ့က ဆမ်အဖြစ် Sean Penn , ရှေ့နေမမရီတာအနေနဲ့က Michelle Pfeiffer လူစီအနေနဲ့ကတော့ အားလုံးသိကြတဲ့ Elle Fanning ရဲ့အစ်မ Dakota Fanning ပါ။ သူ့အစ်မရဲ့ ၃ နှစ်အရွယ်ငယ်ဘ၀အတွက်ကို ညီမလေး Elle ကသရုပ်ဆောင်ထားတာပါတဲ့။ဒီကားနဲ့ စပေါက်ခဲ့တဲ့အပြင် ဆုပါရခဲ့တာမို့ သရုပ်ဆောင်ကတော့ ပြောစရာမလိုပါဘူး။ ကြည့်မိလို့ နောင်တရမယ့်ကားမျိုး မဟုတ်လို့ ကြည့်ကြည့်လိုက်ကြပါနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(2.9 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:12:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin

Drama • Crime
7.6 2001 132 mins
I Am Sam
The Deep End of the Ocean

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့မိသားစုဒရာမာဇာတ်ကားကောင်းလေးပါ ပတ်ကပ္ပဒိုရာ နဲ့ ဘက်သ်ကပ္ပဒိုရာတို့လင်မယားမှာသားသမီးသုံးယောက်ရှိပါတယ်…. အကြီးဆုံးသားကဗင်းဆင့်…အလတ်ကသုံးနှစ်သားလေးဘန်…အငယ်ဆုံးကတော့သမီးလေးပါ….တနေ့ကျမိခင်ဖြစ်သူဘက်သ်ဟာကလေးသုံးယောက်ကိုခေါ်ပြီးတော့ပြန်လည်တွေ့ဆုံပွဲကိုသွားဖို့ချီကာဂိုကိုသွားခဲ့ပါတယ်….သူမဟိုတယ်မှာပိုက်ဆံသွားရှင်းပြီးအပြန်မှာသားအကြီးဆုံးဗင်းဆင့်နဲ့အတူထားခဲ့တဲ့သားအလတ်လေးဘန်ဟာပျောက်သွားခဲ့ပါတယ်….ထိုအခါရဲတွေနဲ့အတူသူငယ်ချင်းမိတ်ဆွေတွေကပါကူရှာပေးခဲ့ကြပေမဲ့လူံဝရှာမတွေ့ခဲ့ပါဘူး….မိခင်ဖြစ်သူမှာလည်းပျောက်သွားတဲ့သားအလတ်လေးကြောင့်ကျန်တဲ့ကလေးနှစ်ယောက်ကိုလည်းဂရုမစိုက်နိုင်ခဲ့ပါဘူး…. နောက် ၉ နှစ်ကြာပြီးတဲ့နောက်မှာတော့ သူတို့သားလေးရဲ့ပုံစံတူပန်းချီနဲ့ရုပ်ချင်းဆင်တဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ရတဲ့အခါမှာတော့….. File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM

0 1999
The Deep End of the Ocean
Combustion
5.6

မီခဲလ်ဟာ နာမည်ကျော်ရတနာတိုက်ပိုင်ရှင် ဂျူလီယာဆိုတဲ့ကောင်မလေးနဲ့စေ့စပ်တော့မယ့် လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် သူတို့ရဲ့စေ့စပ်ပါတီပွဲမှာပဲ အစားအသောက်တည်ခင်းတဲ့ ဝန်ထမ်းကောင်မလေး အာရီကိုမတော်တဆတွေ့ဆုံပြီး ချစ်ကျွမ်းဝင်သွားခဲ့မိပါတယ်။ သိရခက်တဲ့၊ ပဟေဠိဆန်တဲ့ မိန်းမလှလေးအာရီရဲ့ဖြားယောင်းမှုတွေနောက်မှာ မီခဲလ်တစ်ယောက် ကောက်ကောက်ပါပြီး ရတနာတိုက်ပိုင်ရှင် ဇနီးလောင်းကိုပါစွန့်ပစ်လိုက်မိတဲ့အထိပါပဲ။ အဲ့ဒီကနေ အာရီရဲ့ဆွဲဆောင်မှုနဲ့အတူ သူတို့ရဲ့လောကဖြစ်တဲ့ တရားမဝင်ကားပြိုင်ပွဲတွေ၊ အချင်းချင်းတစ်ပတ်ရိုက်ဖျံကျမှုတွေ၊ လျှို့ဝှက်အကြံအစည်တွေနဲ့အတူ သပွတ်အူလောကထဲကို မီခဲလ်နစ်ဝင်သွားမိပါတော့တယ်။ စပိန် Thriller တို့ထုံးစံ အကွေ့အကောက်၊အလှည့်အပတ်တွေပေါင်းစုံကိုမှ ပြိုင်ကားလှလှတွေ၊ မိန်းမချောလေးတွေနဲ့ရောသမမွှေထားတဲ့ ဖျော်ဖြေရေးကားကောင်းတစ်ကားပါ။

Drama
5.6 2013 104 mins
Combustion
The Prestige
8.5

Datshin Review: The Prestige (2006) Genre: Drama, Mystery, Sci-fi Rating: PG-13 -Review- The Prestige ရုပ်ရှင်ဟာ ဒါရိုက်တာ Christopher Nolan ရိုက်ကူးခဲ့တဲ့ psychological thrillerဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ပြသခဲ့ပါတယ် ။ ဒီရုပ်ရှင်ဟာ ကျွန်တော့်အမြင်တော့ Nolan ရဲ့ ကားတွေထဲမှာတောင် အကောင်းဆုံးဆိုတဲ့ နေရာမှာ ရှိတာပါ ၊ Nolan ရဲ့ masterpiece လို့ ပြောလို့ရပါတယ် ။ အင်မတန် လူကြိုက်များခဲ့ပြီး ရုပ်ရှင်ကို အဓိပ္ပာယ်ဖွင့်တဲ့ ပရိသတ်တွေရဲ့ အယူအဆ တွေ အများအပြားထွက်ပေါ်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဆက်လက်ဖော်ပြမှာတွေက ကျွန်တော့ရဲ့ ကိုယ်ပိုင်အမြင် အဓိပ္ပါယ်ဖွင့်မှု ဖြစ်ပါတယ်။ (မကြည့်ရသေးသူများ ဆက်မဖတ်ပါရန်၊ Spoiler တွေ ပါနိုင်ပါတယ်) ‌ဇာတ်လမ်းကတော့ မျက်လှည့်ပညာရှင် ၂ယောက်ရဲ့ တစ်ယောက်နဲ့ တစ်ယောက် အားပြိုင်မှုအပေါ်မှာ အခြေခံထားတာပါ။ ၁၉ရာစုနှောင်းပိုင်း လန်ဒန်မှာ အခြေတည်ထားတဲ့ ဒီဇာတ်လမ်းမှာ Robert Angier အဖြစ် Hugh Jackman နဲ့ Alfred Borden ‌အဖြစ် Christian Bale တို့က သရုပ်ဆောင်ထားပါတယ်။ ဒီနေရာမှာ ကျွန်တော့်အမြင်အရ The Prestige ဟာ ဇာတ်လမ်းကောင်းတို့ ထုံးစံအတိုင်း သူတို့ကြားက ပြိုင်ဆိုင်မှုကို အခြေခံထားပေမဲ့ ရုပ်ရှင်ရဲ့ ဆိုလိုရင်းက လူ ၂ယောက်ကြားက ပြိုင်ဆိုင်မှု ဆိုတာထက်ပိုပါတယ်။ ဒီဇာတ်လမ်းမှာ Angier က မိဘချမ်းသာသလို သူကောင်းမျိုးကနေ ဆင်းသက်လာသူဖြစ်ပြီး Borden ကတော့ ပါရမီရှင်ဖြစ်တာ ဉာဏ်ကောင်းတာကလွဲရင် တခြားဘာမှ မရှိသူပါ။ မျက်လှည့်ပညာကို ရူးသွပ်တာ တူပေမယ့် သူတို့ရဲ့ အားသာချက်တွေက မတူပါဘူး။ အဲ့ဒီ အားသာချက်တွေရဲ့ အားပြိုင်မှုကိုအဓိက ပြချင်တာလို့ပဲ ထင်ပါတယ်။ သူတို့ ၂ယောက်ရဲ့ မျက်လှည့်ပြရာမှာသုံးတဲ့ နာမည်တွေကလည်း ဒါကို ထင်ဟပ်နေပါတယ်။ ပါရမီရှင်ဖြစ်တဲ့ Borden ရဲ့ နာမည်က The professor ဖြစ်ပြီး၊ နောက်ခံအခြေအနေအားကောင်းတဲ့ Angier ကတော့ The Great Danton ဖြစ်နေပါတယ်။ ပညာ နဲ့ ဥစ္စာတို့ရဲ့ အားပြိုင်တဲ့ပွဲမှာ နောက်ဆုံး ပညာရှင်ဖြစ်တဲ့ Borden က လှလှပပ အနိုင်ယူသွားပုံရယ်၊ ပါရမီ နဲ့ ပတ်ဝန်းကျင်အထောက်အပံ့တို့ အားပြိုင်ရာမှာ ပါရမီရှင်က အနိုင်ယူသွားပုံကို ပြထားတာပါ။ ဇာတ်လမ်းတစ်လျှောက်မှာလည်း Borden ဆင်တဲ့အကွက်ထဲမှာ Angier လိုက်ကနေရတာက ပိုများပါတယ်။ ဒီနေရာမှာ ချီးကျူးရမှာက အဲ့လိုပညာ နဲ့ ဥစ္စာရဲ့ အားပြိုင်မှု ပြကွက်အဖြစ် Tesla နဲ့ Edison တို့ကြားက အားပြိုင်မှုကိုပါ ဇာတ်လမ်းနဲ့လျော်ညီအောင် ကြားထဲမှာ ပါးပါးလေးထည့်ပြနိုင်သွားတာကိုပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်က Angier နဲ့ Borden ၂ယောက်ဟာ ဘယ်သူဆိုးတယ် ဘယ်သူကောင်းတယ်ဆိုတာကို လုံးဝဆုံးဖြတ်ပေးထားတာ မရှိပါဘူး။ ရုပ်ရှင်ကြည့်တဲ့သူတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ တက်ကျမ်းဆန်ဆန် အယူအဆတွေ ကြီးစိုးနေတဲ့ အခုအချိန်မှာ The Prestige ဟာ တက်ကျမ်းဆရာတွေကို ပြောင်ပြနေပါတယ်။ တစ်ခါတစ်ရံမှာ ကြိုးစားတိုင်းလည်း ပါရမီရှင်တွေလို မဖြစ်နိုင်ဘူးဆိုတဲ့ ခါးသီးတဲ့ အမှန်တရားကို ပြထားပါတယ်။ တက်ကျမ်းတွေ၊ လူပြိန်းကြိုက် ဘဝအောင်မြင်ရေးစကားတွေ life coach တွေ NLP တွေ ဖောင်းပွနေတဲ့ ၂၁ရာစု ကမ္ဘာကြီးကို ကောင်းကောင်းကြီး သရော်ထားတယ်လို့ပဲ မြင်ပါတယ်။ ဒါကတော့ ကျွန်တော့်အမြင်ပါ။ ဒီကားကို ကြည့်မိတဲ့သူတိုင်း ပြီးသွားတဲ့အချိန်မယ် စိတ်ထဲမှာ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားစရာတွေ အများကြီးနဲ့ ကျန်ခဲ့မယ်ဆိုတာတော့ အသေအချာပါပဲ။ Movie Info Director: Christopher Nolan Top-billed Cast: Christian Bale, Hugh Jackman, Scarlett Johansson Runtime: 2 hr 10 min Ratings Datshin: 5/5 IMDb: 8.5/10 Rotten Tomatoes: 77% kz (ရုပ်ရှင်အညွှန်းကို DatShin FB Page မှ ကူးယူဖော်ပြပါသည်။) တစုံတယောက်က ကျွန်တော့်အကြိုက်ဆုံးဇာတ်ကားတကားကို ရွေးထုတ်ပါဆိုရင် ကျွန်တော် The Prestige (2006)ကိုပဲ ရွေးချယ်ပြချင်ပါတယ်။ သတိရတိုင်းပြန်ကြည့်မိသလို ပြန်ကြည့်မိတိုင်းလဲ သရုပ်ဆောင်တွေရဲ့ လေးနက်မှုတွေက ကျွန်တော့်ဆီ အချိန်တိုင်း စီးဆင်းဆဲပါပဲ… တစ်ကားလုံး ဘယ်နေရာမှ ပစ်ရက်စရာမရှိတဲ့ ဒါရိုက်တာနိုလန်ရဲ့တင်ဆက်မှုတခုဖြစ်ခဲ့ပါတယ်။ လူ့ဘဝဆိုတာ ကြိုးမျှင်မျှင်လေးတစ်ခုနဲ့ တင်းစည်းခေါ်ဆောင်ရာကို လိုက်ပါအသက်ရှင်နေရသလို ခံစားလာစေပါတယ်… တကယ်တော့ လူ့ဘဝဆိုတာလဲ မျက်လှည့်ရှိုးပွဲတစ်ခုပဲမလား… အစစ်အမှန်တချို့ လှည့်စားခြင်းတချို့နဲ့ အစီအစဉ်တကျချပြပြီး တစ်စုံတစ်ယောက်က တစုံတယောက်ကို ယုံကြည်စေချင်သလို ယုံကြည်ခိုင်းနေတာမျိုးပဲ။ ကျွန်တော်တို့ကိုယ်တိုင်မှာကလဲ အစစ်အမှန်ကိုမြင်ရဖို့ထက် ကိုယ်မြင်ချင်တဲ့အရာ ကိုယ်ဖြစ်စေချင်တဲ့အရာကိုပဲ အမှန်လို့ယူဆလိုက်ကြတာပါပဲ။ တကယ်တော့လဲ ကျွန်တော်တို့မှာ ခံစားချက်ဆိုတာ ထည့်တွက်လိုက်ရင် အမှန်တခုပဲ အဖြေရှိတာတော့ မဟုတ်ဘူးပေါ့လေ။ File size…(7.8 GB) / (1.9 GB) / (1.2 GB) Quality…BluRay 4K HEVC / 1080p HEVC/ 720p Format…mp4 Duration….02:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mr.Anderson

8.5 2006 130 mins
The Prestige