YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Shadow Enemy (2022) (Ep6)_1080p.mp4

1.63 GB N/A video/mp4 78 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ

IMDb Rating - 6.5/10 စွန့်စားခန်းကြည့်ချင်လား? သဲထိပ်ရင်ဖိုကြည့်ချင်လား ? ဇာတ်လမ်းအစနေအဆုံးအထိ စီးမြောခံစားပြီးကြည့်ချင်လား ? အများကြီးမစဉ်းစားနေပါနဲ့ တစ်ခါတည်းဒေါင်းပြီး ကြည့်လိုက်တော့ဗျို့... ပိုစတာမြင်တာနဲ့ ဘာကားမှန်းတော့သိကြမှာပါ။ တောမီးလောင်တာကို ငြိမ်းရတဲ့ မီးသတ်ကားလေးပါ။ တစ်ခြားမီးသတ်ကားနဲ့ဘာမတူဘူးလဲဆိုတော့ ဇာတ်အလယ်ရောက်မှ ဇာတ်ရှိန်တက်တာမဟုတ်ဘူးဗျ၊ အစကတည်းက တက်လိုက်တဲ့ဇာတ်ရှိန်၊ တစ်ခါမှကို ပြန်မကျတော့ဘူး။ သရုပ်ဆောင်တွေကလည်း ကွက်တိ။ မီးလောင်နေတဲ့တောထဲ တကယ်ရိုက်ထားသလားတောင် ထင်ရတဲ့အထိပါ။ တကယ်ကောင်းပါတယ်။ ကမ္ဘာကြီးလည်း တစ်ဖြည်းဖြည်းပူလာတာနဲ့အမျှ တောမီးတွေလည်းနေရာစုံက လောင်နေပါတယ်။ ဒါကိုငြိမ်းဖို့ လူအင်အားလည်းမရှိတော့ လူသစ်တစ်ယောက်ကို အပါခေါ်ပြီး စုစုပေါင်းခြောက်ယောက်နဲ့ မစ်ရှင်စပါတော့တယ်။ တောမီးငြိမ်းနေရင်းနဲ့ အနီးအနားကရွာပါ မီးကူးသွားနိုင်တဲ့ အခြေအနေနဲ့ကြုံလာတော့... ဘယ်လိုမျိုးဇာတ်သိမ်း ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(2.47 GB) / (1.39 GB) / (884 MB) Quality............WebRip 1080p / 720p / 360P Duration.........2Hr 11mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......Jo Jo Va Encoder..........SWM

Drama
null 2020
No Escapes
Broker
7.5

Broker(2022) အညွှန်း ****************** IMDb…7.5 ဒီကိုရီးယားရုပ်ရှင်ဟာ Box Office စာရင်းဝင်ခဲ့ပြီး ဆုကြီ:တွေလည်းရရှိခဲ့ပါတယ်… မင်းသားကြီး Song Kang-ho , Dong-won Gang နဲ့ မင်းသမီး IU တို့ရဲ့ Drama ဆိုတော့ လုံးဝကိုလက်မလွှတ်သင့်ဘူးလို့ ဆိုရမှာဖြစ်သလို အညွှန်းဖတ်စရာတောင် မလိုဘဲ ဒေါင်းသင့်တဲ့ ကားမျိုးပါ… ဒီဇာတ်ကားလေးကတော့ Baby box လို့ခေါ်တဲ့ ကလေးအိပ်ရာဘူးထဲမှာ ကလေးတွေကိုစွန့်ပစ်သွားတာကို အခြေခံထားပြီးရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်… Sang Hyun(Song Kang Ho) နဲ့ Dong Soo(Kang Dong Won) ဆိုတဲ့သူတွေက အဲ့ဒီဘူးထဲမှာ ထည့်ထားခဲ့တဲ့ကလေးတွေကိုခိုးပြီး တခြားမွေးစားမယ့် မိဘတွေဆီ ကလေးတွေကိုရောင်းစားတဲ့သူတစ်ယောက်ပါ…သူ့တို့ကိုယ်သူတို့ Broker လို့ခေါ်ပါတယ် တစ်နေ့ So Young(Lee Ji Eun) ကသူမရဲ့ကလေးကို အဲ့ဒီ Baby box ထဲထည့်ထားပြီးစွန့်ပစ်ထားခဲ့ပါတယ် … So Young ရဲ့ကလေးကို ဟို Broker နှစ်ယောက် ကယူသွားပြီး မွေးစားဖို့တခြားမိဘတွေဆီရောင်းဖို့လုပ်တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ So Young ကရော ဘာလို့ကလေးကို စွန့်ပစ်တာလဲဆိုတာ သိချင်ရင်တော့? ဒီကားလေးကတော့ အားလုံးရဲ့အချစ်တော် မင်းသမီး IU ပါဝင်တဲ့ကားလေးမိို့ ကလေးအမေအနေနဲ့ ဘယ်လိုသရုပ်ဆောင်ထားလဲ သူ့ရဲ့ Character ကရော ဘယ်လိုရှိမလဲဆိုတာကြည့်ကိုကြည့်သိပါတယ်နော် ?❤️ File Size : (2.3GB)(855MB) and (240 MB)Quality : WEB-DL 1080P, 720pFormat…mp4Duration…02:09:00Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Song Song,So Ri & Nan D LinEncoded by Phyo Pyae Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Drama
7.5 2022
Broker
Lamya’s Poem

ကဗျာ၊ စာပေဆိုတာ နှလုံးသားရဲ့အာဟာရလို့ ဆိုတတ်ကြပါတယ်။ ချစ်ခြင်းရဲ့အတိမ်အနက်၊ မေတ္တာရဲ့သဘောတရားကို စာသားတွေ လင်္ကာကာရံတွေနဲ့ ချိန်ထိုးပြတတ်သူတွေအဖို့တော့ ကဗျာ စာပေဆိုတာ အသွားထက်တဲ့ ဓားတစ်လက်နဲ့ ညီမလားမသိနိုင်ဘူးပေါ့။ ‌ကာရန်တွေ နဘေတွေ ညီနေမှ ကဗျာဖြစ်တာမဟုတ်သလို ချစ်ခြင်းအကြောင်း ဖွဲ့သီတာဆိုမှလည်း ကဗျာမည်တာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝအကြောင်း၊ စစ်ပွဲတွေအကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ လူတွေရဲ့အကြောင်း ဘယ်လိုအကြောင်းအရာမျိုးမဆို ကဗျာကိုတင်ပြသူနဲ့ ဖတ်ရှုသူရဲ့ စိတ်ခံစားချက်ကို လိုက်ပြီး ယူဆချက်လည်း ကွဲပြားသွားနိုင်တာမျိုးပါပဲ။ အမေ့ပါးက သနပ်ခါးလေးကလည်း ကဗျာတစ်ပုဒ်ဖြစ်သွားနိုင်သလို ပုရွတ်ဆိတ်လေးတွေ အစာရှာရင်း တရွေ့ရွေ့သွားနေပုံလေးက‌လည်း အတွေးနယ်ချဲ့တတ်တဲ့သူအဖို့ အိပ်မပျော်တဲ့ညကို ကုန်လွန်စေမယ့်အကြောင်းပြချက် ဖြစ်သွားနိုင်တာမျိုးမဟုတ်ပါလား။ စိတ်ပျက်အားငယ် ဝမ်းနည်းနေချိန်မှာ သီချင်းလေးတစ်ပုဒ်၊ ကဗျာလေးတစ်ကြောင်းက ခံစားချက်ကို ပြောင်းလဲပေးနိုင်တယ်ဆိုရင် ဘဝရဲ့အခက်ခဲ အပင်ပန်းဆုံးအချိန်ရောက်တဲ့အခါ ထူးခြားဆန်းကြယ်တဲ့ ဆုံးဖြတ်ချက်တွေကိုချတဲ့နေရာမှာရော အထောက်အကူ ဖြစ်စေနိုင်လေမလား။ ကဗျာလေး တစ်ပုဒ်သာဖြစ်ပေမယ့် ရင်ထဲရောက်အောင်သာ သွားနိုင်မယ်ဆိုရင် သိမြင်နိုင်ဖို့ အခဲယဉ်းဆုံးဖြစ်တဲ့ ကိုယ့်ရဲ့အတ္တနဲ့ မာနကို ဘယ်လိုရှာတွေ့နိုင်မလဲဆိုတာ တင်ပြထားတဲ့၊ IMDB 7/10, Rotten Tomatoes 90% ရရှိထားတဲ့ Lamya’s Poem ဆိုတဲ့ ကာတွန်းကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာကြိုးစားပြီး စကားနားထောင်တတ်တဲ့ လန်မ်ရာက Syria က ၁၂အရွယ်ကလေးမလေးပါ။ စာတော်တဲ့သူ့ကို ဆရာဖြစ်သူက ရှေးရှေးတုန်းက ကဗျာပညာရှင် ဂျလာအာဒင်ရူမီရဲ့ ကဗျာစာအုပ်လေးတစ်အုပ်ကို ပေးခဲ့ပါတယ်။ စာပေကိုမြတ်နိုးသူ လန်မ်ရာလေးက ရူမီ့ရဲ့ကဗျာစာအုပ်လေးကို ရရှိအပြီးမှာပဲ မထင်မှတ်ထားတဲ့အရာတွေ ဖြစ်ပျက်ခဲ့ပါတော့တယ်။ အဲဒါကတော့ ကဗျာစာအုပ်လေးကတစ်ဆင့် လန်မ်ရာက ညစဉ်ညတိုင်း အိပ်မက်ထဲမှာ ၁၃ ရာစုနှစ်က လူငယ်လေး ရူမီနဲ့ တွေ့ဆုံခဲ့တာပါပဲ။ သူနဲ့ အိပ်မက်ထဲမှာတွေ့တဲ့ ကဗျာဆရာလေး ရူမီကတော့ သူတို့နေတဲ့မြို့ကို မွန်ဂိုတွေဝင်တိုက်လို့ ဒုက္ခသည်လေးဖြစ်နေရှာသူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ အမှတ်မထင်ဘဲ လန်မ်ရာ့ဆီကိုလည်း တူညီတဲ့ကံကြမ္မာက ကျရောက်ခဲ့ပါတော့တယ်။ အဲဒါကတော့ Syria ပြည်တွင်းစစ်ပါပဲ။ နေ့ချင်းညချင်း အိမ်ခြေရာမဲ့ဖြစ်သွားရှာတဲ့ လန်မ်ရာတို့သားအမိနှစ်ယောက်က နယ်မြေသစ်ကိုသွားရင်း တကွဲတပြားစီဖြစ်သွားခဲ့ရပြီး လန်မ်ရာ့အတွက် အားထားစရာဆိုလို့ ရူမီ့ရဲ့ကဗျာစာအုပ်လေးသာကျန်ရစ်ခဲ့တော့တာပေါ့။ ဒီလိုနဲ့ လန်မ်ရာက ၁၃ရာစုနှစ်က ဒုက္ခသည်လေး ရူမီနဲ့ ကဗျာစာအုပ်လေး တစ်အုပ်အရင်းပြုလို့ ညစဉ်ညတိုင်း အိပ်မက်ထဲမှာ တွေ့ဆုံရင်း ထပ်တူညီတဲ့အခြေအနေမှာ ဒုက္ခတွေကို အတူဖြတ်ကျော်နိုင်မလားဆိုတာ.. ဘာအကြောင်းကြောင့်များ ၂၀ရာစုက လန်မ်ရာနဲ့ ၁၃ရာစုက ရူမီတို့ ကဗျာစာအုပ်လေးကနေတစ်ဆင့် အိပ်မက်ထဲမှာ သွားတွေ့ကြတာလဲဆိုတာ.. လက်တွေ့ဘဝမှာရော သူတို့နှစ်ယောက် အတူရှိနိုင်မလားဆိုတာ.. ကဗျာလေးတွေက သူတို့နှစ်ယောက်ကြား ဘယ်လိုဖြစ်တည်မှုတွေကို ဖန်တီးပေးမလဲဆိုတာ.. စတာတွေကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.3 GB)/(700 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:29:00 Genre…Drama, Adventure, Animation, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2021
Lamya’s Poem
Famous

သွေးမတော်သားမစပ် မွေးစားညီအစ်ကို နှစ်ယောက်ဖြစ်ကြတဲ့ Wayne နဲ့ Famous ဆိုတဲ့ ညီအစ်ကို နှစ်ယောက်ရဲ့ music business အထဲမှာ ကျင်လည်ကြပုံကို ရိုက်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ဆန့်ကျင်ဖက်တွေဖြစ်ကြပြီး Wayneက Famousရဲ့ ပရိုဂျူဆာဖြစ်ပါတယ်။ Famous က ဆေးစွဲနေတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူ့အစ်ကိုရဲ့ ထိန်းချုပ်ခြင်းကိုခံနေရသူပါ။ တညမှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုရဲ့ ဆေးဖြတ်တဲ့သူတွေကိုအထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတစ်ခုကို ငွေသွားလှူခဲ့ရင်း Eileen ဆိုတဲ့အမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ဘဝရဲ့ လက်တွဲဖော်အဖြစ်ရည်မှန်းထားတဲ့ Eileenရဲ့ နောက်ကြောင်းကို သူသိသွားတဲ့အခါမှာ၊သူ့ကို ထိန်းချုပ်ထားတဲ့ သူ့အစ်ကိုက Eileenနဲ့ သဘောတူကြည်ဖြူရဲ့လား သူရောဆေးဖြတ်ပြီး သူ့အစ်ကို ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်နိုင်မလား ရုန်းထွက်လို့မရတဲ့ ထိန်းချုပ်မှုဆိုတာကရော တကယ်ရှိတာလား ဆိုတာသိရဖို့ ရုပ်ရှင်ကားကိုပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ File size…(960 Mb/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:10:00 Genre…Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Leonie

0 2023 70 mins
Famous
Evil Hunter
5.9

ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ယိုးကျိုးမြို့နယ်အတွင်းမှာ ဓားပြတိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ မှုခင်းနေရာမှာ သဲလွန်စ တစ်ခုမှ မကျန်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့လဲ အခက်တွေ့နေပါတယ်။ ဒါပေမဲ့လဲ စိတ်ဓာတ်မကျပဲ နေ့ညမနား အဘက်ဘက်ကနေ လိုက်လံစုံစမ်းပြီးနောက်မှာတော့ ဓားပြတိုက်သွားတဲ့ ဆိုင်ကယ်ပိုင်ရှင်ကို ရှာတွေ့ခဲ့ပါတယ်။ ဆိုင်ကယ်ပိုင်ရှင် ရှောင်လောင်ယောင်းဟာလည်း သူများခိုင်းလို့ လုပ်တာဖြစ်နေတာကြောင့် တရားခံအစစ်ရဲ့ သဲလွန်စက ပျောက်သွားခဲ့ရပါတယ်။ အဲ့အချိန်မှာပဲ ဓားပြတိုက်ခံရတဲ့ ကားဆရာ ဝမ့်ကွေဟွာဟာ တိုက်ပေါ်ကနေပြီးတော့ ပြုတ်ကျ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအမှုကနေတဆင့် လိုက်လံစုံစမ်းပြီးတဲ့အခါ ဝမ့်ကွေ့ဟွာရဲ့သားဟာ ဓားပြတိုက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သူဓားပြတိုက်ရတဲ့ အကြောင်းရင်းကို ပြောပြခဲ့ပါတယ်။ ဓားပြတိုက်မှုရဲ့ နောက်ကွယ်မှာ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုရဲ့ သဲလွန်စကို ရခဲ့တဲ့အခါ ရဲတပ်ဖွဲ့က ဒုစရိုက်ဂိုဏ်းကို ဖမ်းဆီးဖို့ ဘယ်လို ကြိုးစားခဲ့ရသလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

Crime
5.9 2023
Evil Hunter
Dream Scenario
7.2

Dream Scenario (2023) ================= IMDb Rating – 7.2/10 ဇာတ်လမ်းအဆန်းအကောင်းတွေကို ထုတ်လုပ်နေကျ A24 ရဲ့ Dark Comedy ရုပ်ရှင် အသစ်လာပါပြီ။ A24 ရဲ့ Nick Cage နဲ့ ပထမဆုံး တွဲလုပ်တဲ့ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Ari Aster က အစမှာ Adam Sandler နဲ့ ဒီရုပ်ရှင်ကို ရိုက်မလို့ပေမဲ့ နောက်ပိုင်းမှာ ပရို ဂျူဆာအဖြစ်ပါ ပါဝင်ခဲ့ပြီး ဒါရိုက်တာ Kristoffer Borgli ကို စိတ်ကြိုက်ရိုက်ကူးစေခဲ့ တာပါ။ Kristoffer Borgli ရဲ့ အကြံပြုချက်အတိုင်း Nick Cage နဲ့ ရိုက်ခဲ့ပြီး အခုလိုပဲ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dark Comedy တွေရဲ့ထုံးစံအတိုင်း သူများ ဒုက္ခရောက်နေတာတွေ ငိုရခက် ရယ်ရခက် ကြည့်ရဦးမှာပါပဲ။ A24 ရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဟာ အဓိပ္ပါယ်တစ်ခု၊ လမ်းတစ်ခုတည်းကို ပြနေတာမဟုတ်ဘဲ၊ ကြည့်ရှုသူတွေ စိတ်ကြိုက်တွေးစရာ ချန်ထားခဲ့တာတွေ၊ ဥပမာပြ နိမိတ်ပြပုံတွေနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မင်းသားကြီး Nick Cage ကလည်း သူ့ရဲ့ သရုပ်ဆောင်ဘဝကို PIG (2021) The Unbearable Weight Of Massive Talent (2022) နဲ့ Dream Scenario (2023) တို့လို ရုပ်ရှင်ကားကောင်း ၃ ကားနဲ့ ပိတ်ပြီး အနားယူချင်ကြောင်းပါ ပြောခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ ကျောရိုးကိုတော့ စိတ်ပညာရှင် Carl Jung ရဲ့ Collective Unconscious သီ ဝရီကို အခြေခံထားပါတယ်။ လူသားတွေဟာ မိမိကိုယ်ပိုင်အတွေ့အကြုံသိစိတ်မသိစိတ် ကနေမဟုတ်ဘဲ၊ တစ်ကမ္ဘာလုံးရဲ့ လူသားမျိုးစိတ် အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ဘုံမသိစိတ်တွေ ရှိနေတယ်ဆိုတဲ့အယူအဆပါ။ ဒီဘုံမသိစိတ်ကြောင့်ပဲ ဘာသာရေးတွေရဲ့ အခြေခံအယူအဆတွေ ဆင်ဆင်တူတာတွေ၊ အိပ်မက်တွေရဲ့ ဖြစ်ပျက်တတ်ပုံတွေတူတာ တွေ၊ လူတွေ ‌အမှောင်ကြောက်တာ အမြင့်ကြောက်တာ စတဲ့အချက်မျိုးတွေ တူတာတွေ ဖြစ်လာတယ်ဆိုပါတယ်။ ဒီရုပ်ရှင်ဟာ နာမည်နဲ့လိုက်အောင် အိပ်မက်ကို အခြေခံထားတာဖြစ်ပါတယ်။ အဓိကဇာတ် ကောင် ပေါမက်သရူး (နစ်ကေ့) ဟာ ထူးခြားချက်ဘာမှမရှိတဲ့ ပျှမ်းမျှသာမန်လူစစ်စစ်တစ် ယောက်ပါ။ ဆင့်ကဲပြောင်းလဲမှုဗေဒကို သင်နေတဲ့ ပါမောက္ခတစ်ယောက်ဖြစ်ပြီး မိန်းမနဲ့ ကလေးတွေနဲ့ အေးအေးဆေးဆေးပဲ‌ နေထိုင်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတတော့ အသိ အမှတ်အပြုခံချင်စိတ် သူ့နယ်ပယ်မှာ အောင်မြင်ကျော်ကြားချင်စိတ်တွေရှိနေပါတယ်။ ဒီ သာမန်လူတစ်ယောက်ဟာ ရုတ်တရက်ကြီး လူပေါင်းများစွာရဲ့ အိပ်မက်ထဲမှာ ပါလာလို့ဆို ပြီးနာမည်ကြီးလာပါတယ်။ ဘာကြောင့်လဲဆိုတာ ဘယ်သူမှ ရှင်းမပြတတ်ပါဘူး။ အိပ်မက် တွေထဲမှာလည်း သူက ဘာမှမလုပ်ဘဲ ရပ်နေရုံ ဖြတ်လျှောက်ရုံဖြစ်နေတာကြောင့် လူတွေက သူ့ကို ရယ်စရာတစ်ခုလို၊ လူထူးဆန်းတစ်ယောက်လို ပေါ့ပေါ့ပါးပါး ချစ်ခင်ကြရုံနဲ့ နာမည်ကြီး လာပါတယ်။ လူစိတ်ဝင်စားခံလာရပါတယ်။ ရုပ်ရှင်နာမည် Dream Scenario ဆိုတဲ့အတိုင်း “မယုံနိုင်စရာကောင်းလိုက်အောင် အိပ်မက်ဆန်တဲ့ အောင်မြင်မှုမျိုး” ရလာတာပေါ့။ ဒါပေမဲ နောက်တော့ လူတွေရဲ့ အိပ်မက်တွေထဲမှာ ရုတ်တရက် ပေါဟာ အရမ်းအကြမ်းဖက်လာပါ တယ်။ အိပ်မက်မက်တဲ့လူတွေလည်း သူ့ကိုကြောက်လာကြပြီး အပြင်က သူ့ကိုပါ မုန်းတီးခံ လာရပါတယ်။ လူချစ်လူခင်များတဲ့ ဆယ်လီဘဝကို ဘာမှမလုပ်ရပါဘဲ ရောက်လာပြီး တစ် လောကလုံးဝိုင်းမုန်းတဲ့ ဆယ်လီဘဝကိုလည်း သူဘာမှ မလုပ်ရဘဲ ရောက်သွားတဲ့ကိစ္စကြီးက တကယ်ကို စားပါတယ်။ ရယ်ရခက် ငိုရခက်ကြီးကို ထိုင်ကြည့်နေရတာပါ။ ဒါကို သူဖြေရှင်း ဖို့ကြိုးစားရင်း ပိုပိုဆိုးလာတဲ့ဇာတ်ကြောင်းကို မြင်ရပါလိမ့်မယ်။ ဇာတ်လမ်းထဲမှာတော့ ဆိုရှယ်မီဒီယာရဲ့ နာမည်ကြီးလွယ် နာမည်ပျက်လွယ်ပုံသဘောတရား တွေ၊ နာမည်ကြီးလာတဲ့အချက်မှာ ကောင်းကျိုးရော ဆိုးကျိုးရောရှိပုံတွေ၊ လက်ရှိခေတ်ရဲ့ cancel culture လို့ခေါ်တဲ့ လူအများစု နေရာစုံမှာ ဝိုင်းကျဉ်တာကိုခံရရင် ဖြစ်တတ်တဲ့ပုံတွေကို သရော်ထားပုံ ရိုက်ကူးထားတာပါပဲ။ ကျန်တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းချင်းကို ခံစားပုံကတော့ ကြည့်တဲ့သူရဲ့ ကိုယ်ပိုင်အတွေးအမြင်နဲ့ အယူအဆအပေါ်မူတည်တာမို့ ကိုယ်တိုင်ပဲကြည့် ကြည့်လိုက်ပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(7.09 GB) / (4.85 GB) / (761 MB) Quality…………WEB-DL 4K / 1080p / 720p Duration………1Hr 42Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator…….Mr.Anderson Encoder……….SWM / Ka Naung

7.2 2023
Dream Scenario
The Brood

IMDb 6.8, RT – 81% Horror ရုပ်ရှင်တွေမှ ကြိုက်နှစ်သက်သူ ပရိသတ်များအတွက် ရုပ်ရှင်တွေရဲ့ ရွှေခေတ်လို့ပြောလို့ရတဲ့ 90s ခေတ်က Horror ရုပ်ရှင် တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Lion of the desert, Gladiator, The devils, Hannibal Brooks, The Assassination Bureau, The Three Musketeers, The Four Musketeers အစရှိတဲ့ သူ့ခေတ်သူ့အခါက မင်းသားကြီး Oliver Reedနဲ့အတူ The collector, Doctor Dolittle(1967), The Exterminator, Hercules, Curtains အစရှိသဖြင့် horror ရုပ်ရှင်တွေကို ပိုင်နိုင်စွာသရုပ်လေ့ရှိတဲ့ Samantha Eggar၊ ဒါ့အပြင် Art Hindleနဲ့ပါ castများကို အားကောင်းကောင်းနဲ့ ပွဲထုတ်လာပါတယ်။ ဒါ့အပြင် David Cronenbergရဲ့ horrorကားတွေထဲမှာ လက်ရာမြောက်လှတဲ့ ရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ရှု့ဖို့ရာထိုက်တန်ပါတယ်။ ဒေါက်တာ ရက်ဂလန်ကတော့ နာမည်ကြီး စိတ်ကုထုံးဆရာဝန်တစ်ယောက်ပါ။ စိတ်မနှံတဲ့လူတွေကို ကုသတဲ့ သူရဲ့ကုထုံးတွေက အလွန်ပဲ ကျော်ကြားလှပါတယ်။ ဒီလိုနဲ့ နိုလာကာဗက်ဆိုတဲ့ လူနာတစ်ယောက်ကို ကုထုံးပေးပြီး ကုသရတဲ့အခါမှာ မမျှော်လင့်ထားတာတွေ ဘယ်လိုဖြစ်လာမလဲ။ ဒေါက်တာ ရက်ဂလန်က သူ့ရဲ့ စိတ်ကုသရေးအဆောင်မှာ မကောင်းတဲ့အကြံစဥ်တွေ လုပ်ဆောင်နေတာလား၊ လူသတ်မှုတွေနဲ့ ဘယ်သူက ဘယ်လိုပတ်သက်မလဲ၊ နိုလာကာဗက်ရဲ့မိသားစုဝင်များဖြစ်ကြတဲ့ ဖရန့်နဲ့ သမီးငယ်လေး ကန်ဒက်စ်တို့အပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိမလဲဆိုတာကို Horror/Sci-fi ဆန်ဆန်လေး ခံစားရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.8 GB)/(980 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

0 1979
The Brood
Surf’s Up
6.7

Surf’s Up (2007) IMdb – 6.7/10 Rt – 79% ငယ်ငယ်က အခွေခေတ်မှာ ကြည့်ခဲ့ရတဲ့ ရေလွှာလျောစီးပင်ဂွင်းကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကိုဒီ မက်ဗရစ်ကတော့ အန္တာတိကတိုက်မှာနေပြီး ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဘစ်ဇီဆိုတဲ့ ဂန္တဝင် ရေလွှာလျောစီးသမားကိုအားကျလေးစားတဲ့ ပင်ဂွင်းလေးပါ။ ပင်ဂွင်းတွေရဲ့လုပ်ရမဲ့ အလုပ်ကို စိတ်မဝင်စားပဲ ရေလွှာလျောစီးတာကို အရူးအမူးဖြစ်နေတာကြောင့် ကိုဒီ ကိုမတည့်အတူနေ သူ့အကို ဂလန်က အမြဲအနိုင်ကျင့်နေကျပါပဲ။ တစ်နေ့မှာတော့ ကိုဒီနေတဲ့ အန္တာတိကကို ဘစ်ဇီအမှတ်တရ ရေလွှာလျောစီးပြိုင်ပွဲအတွက် ကမ္ဘာအနှံ့ပတ်ပြီး ပါရမီရှင်တွေကို ရှာဖွေယူတဲ့ ဝေလငါးကြီးရောက်ရှိလာခဲ့ပါတယ်။ ကိုဒီလည်း သူ့အစွမ်းပြချင်ပေမဲ့ လှိုင်းမရှိတာကြောင့် အစွမ်းပြခွင့်မရလိုက်ပဲ ဝေလငါးက ဆက်ထွက်သွားပါတော့တယ်။ ကိုဒီလည်း သူ့အိပ်မက်ကို လက်လွှတ်မခံနိုင်တာမလို့ ဝေလငါးနောက်အမှီလိုက်ရင်း ချစ်ကင်း ဂျိုးဆိုတဲ့ ရေလွှာလျောစီးသမားက ကူပေးလို့ ပြိုင်ပွဲမှာ ဝင်ခွင့်ရသွားခဲ့ပါပြီ။ ဒီလိုနဲ့ ကိုဒီတစ်ယောက်က သူ့လေးစားအားကျရတဲ့ ဘစ်ဇီလို ရေလွှာလျောစီးသမားဖြစ်လာမလား ၊ ချစ်ကင်း ဂျိုးနဲ့ ကိုဒီတို့ကြားက မိတ်ဆွေကောင်းဆက်ဆံရေးနဲ့ ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ကြရမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ Rating တွေကောင်းတဲ့အပြင်ကိုမှ ငယ်ဘဝအမှတ်တရတွေနဲ့ ပြည့်နေတဲ့ ကာတွန်းကားလေးဖြစ်တာမလို့ စိတ်အပန်းဖြေရင်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။ File size… 1.3 GB / 637 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Animation/Adventure/Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

6.7 2007
Surf’s Up
UHF
6.9

Old but Goldထဲက IMDb 6.9ရရှိထားတဲ့ Comedy ကားကောင်းတစ်ကားပါပဲ။ အဓိကကတော့ ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ဌာနတစ်ခုအကြောင်းရိုက်ထားတာဆိုပေမယ့် နာမည်ကြီးဇာတ်ကားတွေရဲ့ parodyတွေလဲပါသလို ဟာသတွေကလဲ ရှုပ်ရှက်ခက်နေပြီး အဲဒီလိုရှုပ်ရှက်ခက်နေတာကမှပိုပြီးရယ်နေရတာပါ။ ဇာတ်လမ်းအညွှန်းကတော့ ဂျော့ဟာ အမြဲတမ်းလိုလိုနေ့ခင်းကြောင်တောင်စိတ်ကူးတွေယဉ်တတ်ပြီး ဘယ်အလုပ်ကိုမှမယ်မယ်ရရမလုပ်တတ်တဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ကံကောင်းထောက်မစွာနဲ့ ရုပ်မြင်သံကြားဌာနသေးသေးလေးတစ်ခုမှာ မန်နေဂျာအဖြစ်အလုပ်ရသွားပါတယ်။ ပိုပြီးကံကောင်းတာတစ်ခုက အဲဒီဌာနလေးဟာ ပိတ်သိမ်းတော့မှာမို့လို့ ပိုင်ရှင်ကိုယ်တိုင်က သူ့ကိုကြိုက်သလိုလုပ်ဆိုပြီးထားပေးလိုက်တဲ့အခါမှာ အရင်ကလုံးလုံးအသုံးမဝင်ခဲ့တဲ့သူ့စိတ်ကူးတွေနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေ တစ်မျိုးပြီးတစ်မျိုးအကောင်အထည်ဖော်ပြီး အောင်မြင်လာပါတော့တယ်။ ဒါပေမဲ့ တစ်ယောက်အောင်မြင်ရင်တစ်ယောက်ကမနာလိုဖြစ်တဲ့အတိုင်းပဲ သူ့ကိုမနာလိုတဲ့အဖွဲ့တစ်ဖွဲ့ရှိလာတဲ့အခါမှာတော့ ဘာတွေဖြစ်မလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရမှာပါ။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre… Comedy, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro

Comedy • Romance
6.9 1989
UHF
The Retreat

Renee နဲ့ Valerie တို့ couple ဟာ သူတို့ မိတ်ဆွေတွေ ဖြစ်တဲ့ Connor နဲ့ Scott တို့ရဲ့ ဖိတ်ကြားမှု အရ ကျေးလက်ဒေသမှာ ရှိတဲ့ အပန်းဖြေ ရိပ်သာကို ခရီးထွက်လာပါတယ်။ လမ်းမှာ စတိုး တစ်ခုထဲ ဝင်ကြရင်းနဲ့ လူတစ်ယောက်နဲ့ ဆုံပါတယ်။ အဲ့ဒီလူက Valerie ကို အတင်းလိုက်ရောနေတာ ဖြစ်တာကြောင့် Valerie က သူ့မှာ ကောင်မလေး ရှိတဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။ သူတို့ တည်းရမယ့် နေရာကိုရောက်တော့ Connor နဲ့ Scott ကို မတွေ့ပါဘူး။ ဒါနဲ့ တောအုပ်တစ်ပတ် လျှောက်ရင်း ပျော်ပွဲစား ထွက်နေတုန်း တစ်ယောက်ယောက်က သူတို့ကို စောင့်ကြည့်နေတာကြောင့် ရိပ်သာကို ပြန်လာခဲ့ပါတယ်။ Renee ရဲ့ ကားကလည်း ပျောက်နေတဲ့ အပြင် သူတို့ ဖုန်းတွေလည်း မရှိတော့ပါဘူး။ အိမ်ထဲမှာ ရှာနေကြတုန်း သူတို့ကို စစ်ဝတ်စုံနဲ့ လူတစ်စုက သေနတ်တွေနဲ့ ချိန်ပြီး ဖမ်းဖို့ လုပ်ပါတယ်။ ဒီလူတွေက ဘယ်သူတွေလဲ၊ Renee နဲ့ Val ကရော သူတို့ လက်က လွတ်မြောက်နိုင်ပါ့မလား သိရဖို့ ရုပ်ရှင်ထဲမှာ ဆက်လက် ကြည့်လိုက်ပါ။ File size…(1.1 GB)/(593 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2021
The Retreat
Summer Solstice

လိင်ပြောင်းခွဲစိတ်ထားတဲ့ လီယိုဆိုတဲ့ကောင်လေးနဲ့ သူ့ရဲ့သူငယ်ချင်း အဖြောင့်မလေး အယ်လန်နောတို့ဟာ မတွေ့ဖြစ် မဆုံဖြစ်တာကြာပြီဖြစ်တဲ့အတွက် နွေရာသီအားလပ်ရက်ခရီးစဉ်တစ်ခုကို အတူတူထွက်လာခဲ့ကြပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်မှာပဲ သူတို့ရဲ့ လျှို့ဝှက်ချက်ဟောင်းတွေ ပေါ်ထွက်လာကြပြီး ရင်ဆိုင်မှုအသစ်တွေ တွေ့ကြုံရကာ သူတို့ရင်ထဲက ခံစားချက်တွေ ပေါ်ထွက်လာကြပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် LGBT ဟာသဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(1.5 GB)/(760 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2024
Summer Solstice
Happy Death Day 2U Happy Death Day To You
6.2

Happy Death Day 2U (2019) IMDb Rating (6.2) / Rotten Tomatoes (72%) ဒီကားက 2017 တုန်းကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ဇာတ်ကားလေးဖြစ်ပါတယ်။ ပထမကားမှာ တက္ကသိုလ်ကျောက်းသူလေးတစ်ယောက် ရုတ်တရက်သူ့မွေးနေ့မှာ မနက်အိပ်ရာနိုးလာတော့ ပုံမှန်လိုပဲတနေ့တာကုန်ဆုံးပေမဲ့ အဲဒီနေ့ညမှာ လူသတ်သမားတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ Happy Birthday မဖြစ်ဘဲ Happy Death Day ဖြစ်လာရတဲ့အကြောင်းအရင်းကတော့ သူအသတ်ခံရပြီးပေမဲ့ အဲ့ဒီနေ့ သူ့မွေးနေ့မှာပဲ ပြန်နိုးလာပြန်ပြီး အရာရာတိုင်းကတပုံစံတည်းဖြစ်နေပါတယ်။ ပြောရရင် သူ့မွေးနေ့မှာပဲ ပြန်ပြန်နိုးလာပြီး ညရောက်ရင်အသတ်ခံရလိုက် နိုးလာလိုက်နဲ့ Happy Death Day ကိုဆင်နွဲခဲ့ရတာပါ။ ပထမကားမှာ သူ့ကိုသတ်တဲ့လူကိုဖော်ထုတ်နိုင်ပြီး ဇာတ်သိမ်းသွားပေမဲ့ ဒီဒုတိယကားမှာတော့သူ့လိုဖြစ်တဲ့နောက်တစ်ယောက်ပေါ်လာပါတယ်။ အစကတော့ သူ့လိုနောက်တစ်ယောက်ဆိုပြီးကူညီပေးပေမဲ့ ကောင်းကျိုးထက်ဆိုးကျိုးများပြီးသူပါအရင်လိုပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့အရာရာက အသတ်ခံရတာကလွဲလို့ အရင်လိုမဟုတ်တော့ပါဘူး။ ဘာတွေကွဲပြားသွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ.. ရှေ့ကားမှာတော့ ဘာလို့နေ့တစ်နေ့ထဲမှာပိတ်မိနေရတာလဲဆိုတာကို ထည့်မပြထားဘဲ Mystery ဆန်ဆန်ထားခဲ့ပေမဲ့ ဒီကားမှာတော့ အကြောင်းအရင်းကိုဖော်ပြထားပြီး အဲ့ပြသနာအရင်းအမြစ်ကိုဖြေရှင်းမှပဲ သူလွတ်မြောက်နိုင်မှာပါ။ ကဲ…ဒီတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……။ ခုကားမှာတော့ Mystery ထက် Sci-Fi ဖက်နွယ်ပြီးသွားတဲ့အတွက် ပထမကားနဲ့မတူ အရသာအနည်းငယ်ကွဲသွားပေမယ့် Rating တွေကတော့ မြင့်နေဆဲပါပဲ။ Happy Death Day (2017) နဲ့ Happy Death Day 2U (2019) ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါပြီ။

6.2 2019 100 mins
Happy Death Day 2U Happy Death Day To You
Super/Man: The Christopher Reeve Story
8.1

ဒီဒိုကူမန်ထရီက စူပါမန်းသရုပ်ဆောင် ခရစ္စတိုဖာရိဗ်အကြောင်းပါ။ ခရစ္စတိုဖာရိဗ်ဟာ စူပါမန်းမင်းသားအနေနဲ့‌ ကျော်ကြားခဲ့သလို မြင်းပေါ်က ပြုတ်ကျပြီး လည်ပင်းကျိုးရာကနေ သွက်ချာပါဒါလိုက်ပြီး သေသည်အထိ လည်ပင်းအောက်ပိုင်း လုံးဝလှုပ်မရတော့ဘဲ ဖြစ်သွားတဲ့ သတင်းနဲ့ ပတ်သက်ပြီးလည်း နာမည်ကျော်ခဲ့ပါတယ်။ သူတို့ဆီမှာတော့ ခရစ္စတိုဖာရိဗ်ဟာ သွက်ချာပါဒဖြစ်သွားပြီးနောက်ပိုင်းတောင် မသန်မစွမ်းအရေး သွက်ချာပါဒရောဂါသည်အရေး လှုပ်ရှားမှုတွေနဲ့ တော်တော်လေး လူသိပိုများခဲ့ပါတယ်။ နောက် ကျွန်တော်ပဲ ပိန်းလို့လားမသိပေမဲ့ သူ့စူပါမန်းကားကိုရော သူ့စူပါမန်းကာရိုက်တာကိုရော သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မမြင်ခဲ့မိဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စူပါမန်းရုပ်ရှင်ဟာ သမိုင်းဝင်ခဲ့သလို ရိဗ်ကလည်း အပြင်မှာပါ စူပါမန်းအနေနဲ့ နာမည်ကျော်ခဲ့တာကို သိခဲ့ရတယ်။ ပြောရရင် ရိဗ်ရဲ့ စူပါမန်းဟာ သူ့ခေတ်သူအခါက အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။ ဒီလိုလူတစ်ယောက်က သွက်ချာပါဒလုံးလုံးဖြစ်သွားတဲ့နောက် အမြင့်ကြီးကနေ ဟိုးအောက်ဆုံးထိုးကျသွားတဲ့ ဖြတ်သန်းမှုကို ဒီဒိုကူမန်ထရီမှာ ကျွန်တော်တို့မြင်ရမှာပါ။ ထူးခြားတာက ဒီရုပ်ရှင်မှာ ခရစ္စတိုဖာရိဗ်ရဲ့ ဖြစ်တည်မှုအဓိပ္ပာယ်နဲ့ ချစ်ခြင်းသံယောဇဉ်အပေါ် ခံယူချက်တွေက ဒီကာလ၂ခုကြားပြောင်းလဲသွားတာကို ရိဗ်ကိုယ်တိုင် သေချာပြောပြထားတာပါပဲ။ ရိဗ်ဟာ ဒီမတော်တဆမှုမတိုင်ခင်မှာ ရုပ်ပိုင်းကို အလေးထားလွန်းသူဖြစ်ခဲ့ပေမဲ့ ဒီမတော်တဆမှုနောက်ပိုင်းမှာ စိတ်ပိုင်းကို ပိုအလေးထားတဲ့သူဖြစ်လာပါတယ်။ ချစ်ခြင်းသံယောဇဉ်တွေနဲ့ပတ်သက်ပြီး သူ့အမြင်ကလည်း တော်တော်လေးပြောင်းလဲလာခဲ့တယ်။ ဖြတ်သန်းမှုကိုလိုက်ပြီး အမျိုးမျိုးဖြစ်နေတဲ့ ပုံသေတွက်မရတဲ့ ဒီဖွင့်ဆိုချက်တွေဟာ ဗုံးဗုံးကျသွားတဲ့ ရိဗ်အခြေအနေနဲ့ အရင်ကအခြေအနေကြား လူသားပိုဆန်လာတယ်ပြောရမယ်။ ဒါပေမဲ့လည်း ဒီအတွေးအခေါ်တွေကို ဒီလိုအခြေအနေမှာမှ ပြောင်းလဲသွားတာက ဒီအတွေးအခေါ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ပြန်ဆန်းစစ်ကြည့်ချင်ရင် အခြေအနေတွေကို ထည့်တွက်ရတဲ့ ဖြစ်ရပ်ကို ပိုထင်ရှားလာစေတဲ့အချက်ကို ကျွန်တော်‌တော့ တော်တော်သဘောကျပါတယ်။ ဒီဒိုကူမန်ထရီက ခရစ္စတိုဖာရိဗ်ရဲ့ ကောင်းကြောင်းချည်းရိုက်ထားတဲ့ ရုပ်ရှင်ပေမဲ့ တစ်ဘက်တစ်လမ်းမှာ ကျွန်တော်တို့ မြင်နေရတာတွေမှာ ရိဗ်ရဲ့ ကောင်းကျိုးဆောင်တဲ့လုပ်ရပ်ဆန်တာတွေမှာတောင် သူ့အတ္တကထင်းနေသလိုဖြစ်နေတော့ တစ်ဘက်တစ်လမ်းက မြင်ကြည့်ချင်လည်းရပါတယ်။ ဒါပေမဲ့လည်း လုံးဝအတ္တကင်းတဲ့ ကောင်းကျိုးဆောင်တဲ့လုပ်ရပ်မရှိတာလားတော့ မသိလေတော့ သိပ်တော့မဆိုးသေးဘူးပြောရမှာပါပဲ။ တခြားအချက်တွေလည်းရှိပါတယ်။ ဒီဒိုကူမန်ထရီဟာ လူတစ်ယောက်ရဲ့ကောင်းကြောင်းကို ရိုက်ပြထားတဲ့ဗီဒီယိုပေမဲ့ ဒါရိုက်တာရဲ့အတတ်ပညာလား ဒီတိုင်းပဲဖြစ်သွားတာလေလားမသိနိုင်ပေမဲ့ သူ့ရဲ့တခြားဘက်ခြမ်းကိုပါ ကျွန်တော်တို့ တွေးဆကြည့်လို့ရမှာပါ။ ကြည့်သင့်တဲ့ ဒိုကူမန်ထရီပါပဲ။ File Size : 6 GB, 2 GB, 1 GB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 44min Format : Mkv and Mp4 Audio : AAC and E-AC-3 Genre : Biography, Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

8.1 2024
Super/Man: The Christopher Reeve Story
The President’s Barber
7

The President’s Barber (2004) ****************************** IMDb… 7 သရုပ်ဆောင်ကြီး Song Kang Ho နဲ့ Moon So Ri တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ သမ္မတနဲ့ တစ်ရပ်ကွက်ထဲမှာ နေထိုင်ရင်း သမ္မတရဲ့ ဆံသဆရာ ဖြစ်လာတဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဆံပင်ညှပ်ဆိုင်လေး ဖွင့်ရင်း လုပ်ကိုင်စားသောက်နေတဲ့ သာမန် အညတရ ဆံသဆရာ ဆောင်းဟန်မိုရဲ့ ဆံပင်ညှပ်ဆိုင်ကို ရုတ်တရက်ဆိုသလိုပဲ ဗဟို ထောက်လှမ်းရေး ဌာနက အရာရှိ တစ်ဦး ရောက်ရှိလာပြီး ဆောင်းဟန်မိုဟာ ဒီရပ်ကွက်ထဲမှာ အချိန်အတော်ကြာ နေလာတဲ့သူ ဖြစ်တာကြောင့် မြောက်ကိုရီးယားသူလျှိုကို ဖမ်းပေးရမယ်ဆိုပြီး အမိန့် ထုတ်သွားခဲ့တယ်။ အဲဒီ အမိန့်အတိုင်းအတိုင်းလည်း သူလျှိုကို အမိအရ ဖမ်းဆီးပေးနိုင်ခဲ့တဲ့ အပြင် ရိုးသားကြိုးစားတယ်ဆိုပြီး သမ္မတကြီးက ဆောင်းဟန်မိုကို အိမ်ပြာတော်မှာ ရာထူးတစ်နေရာပေးလိုက်တော့တယ်။ အဲဒီအချိန်ကစလို့ ဆောင်းဟန်မိုတို့ မိသားစုရဲ့ဘဝဟာ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်။ အိမ်ပြာတော်အထိ ခြေဆန့်နိုင်ခဲ့တဲ့ သာမန် ဆံသဆရာ တစ်ယောက်ရဲ့ဘဝဟာ ရှေ့လျှောက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက် ရှူစားလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။) File size… 2.75GB / 990MB Quality… WEB-DL 1080p / 720p Format…mp4 Duration….1h 53m Genre ….. Comedy, Drama, Family, Political Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Treasure Htet

7 2004 116 mins
The President’s Barber
Nang Nak
7

Nang Nak 1999 ************** မယ့်နက် နန်းနက်လို့ကြားလိုက်ရုံနဲ့တင် အားလုံးစိတ်ထဲမြင်မိကြမှာကတော့… ကြမ္မာဇာတ်ဆရာရဲ့လှည့်စားမှုအောက်မှာ ဆုံဆည်းခွင့်မကြုံလိုက်တဲ့ ချစ်သူနှစ်ယောက်ရဲ့ ရင်နင့်ဖွယ်ဇာတ်လမ်းပေါ့…2013ခုနှစ်က ထွက်ရှိခဲ့တဲ့ Mario နဲ့ Davika ရဲ့ Mae Nak ကတော့ ဒီမယ့်နက်ဇာတ်ကားအမျိုးမျိုးထဲမှာ အအောင်မြင်ဆုံးတစ်ခုလို့ ပြောလို့ရပါတယ်… အခုတစ်ခါမှာတော့ အဲဒီဗားရှင်းမျိုးစုံထဲက ၁၉၉၉ ထွက် Nang Nak ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်း ————– မယ့်နက်ရာဇဝင်ကို ပြန်ပြောင်းပြောပြရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်က… ဖရာခနုန်မြစ်ကမ်းနံဘေးမှာ နက်ဆိုတဲ့ သိပ်လှတဲ့မိန်းကလေးနဲ့ သူ့ကိုသိပ်ချစ်တဲ့ မက်ဆိုတဲ့ ကောင်လေးတို့က အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြတာပေါ့…ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးလေတော့ မက်တစ်ယောက် တိုင်းပြည်အတွက် စစ်ထွက်ဖို့ တာဝန်ပေးခံရပြီး ကိုယ်ဝန်ကြီးနဲ့ မယ့်နက်တစ်ယောက်ခမျာ ခင်ပွန်းဖြစ်သူနဲ့ခွဲခွာရလို့ တစ်ယောက်တည်းကျန်နေခဲ့တာပေါ့… ကံကထပ်ဆိုးချင်တော့ နက်တစ်ယောက် မီးမဖွားနိုင်ဘဲ မီးတွင်းထဲမှာပဲ ဆုံးပါးသွားရရှာပါတယ်… ဒါကို တိုက်ပွဲမှာ သေလုမျောပါးဒဏ်ရာရလိုက်တဲ့ မက်က မသိခဲ့ရှာဘူး…ဒီလိုနဲ့ ဒဏ်ရာတွေသက်သာလို့ ဇနီးဖြစ်သူဆီ ပြန်အလာ သားနဲ့မိန်းမက အိမ်ဝမှာလာကြိုတာကိုမြင်လို့ ပျော်ရွှင်နေတဲ့မက်တစ်ယောက် သူနဲ့ဇနီးဖြစ်သူနဲ့ သားငယ်လေးက ဘဝခြားနေပြီဆိုတာ သိလိုက်ရချိန်မှာတော့…. ဇာတ်လမ်းအညွှန်းကို Choco မှရေးသားပေးထားပါတယ် File Size : 2.81GB / 987MB Quality : WEB-DL 1080p 5.1ch / 720p Duration: 1 hr. 40 min. Genres: Horror, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Choco Encoded by Heather Oo

Crime • Thriller • Drama • Mystery
7 1999 111 mins
Nang Nak