YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Secret.Royal.Inspector.Joy.2021.(EP7)1080P.mp4

1.03 GB N/A video/mp4 913 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Words
6.6

ဒီဇာတ်ကားလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ကြိုးစားနေရတဲ့ စာရေးဆရာတစ်ယောက်ဟာ ကိုယ်တိုင်မရေးခဲ့တဲ့စာမူနဲ့အကြီးအကျယ် အောင်မြင်မှုရသွားခဲ့ပြီးတဲ့နောက် ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ရွေးချယ် မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းကို ပြန်ပြောပြထားတာပဲဖြစ်ပါတယ်။ Bradley Cooper က သူ့ရဲ့ဇာတ်ရုပ်ကိုကောင်းကောင်းကြီးသယ်သွားပြီးတော့ အတွင်းပိုင်းမှာရုန်းကန်ကြိုးစားရတဲ့အခြေအနေကိုကောင်းကောင် းပုံဖော်ပြသွားနိုင်ပါတယ်။ တကယ့်ကိုပြင်းထန်ပြီးတော့စိတ်ပိုင်း ဆိုင်ရာအရညှင်းပန်းနှိပ်စက်ခံနေရတဲ့ပုံစံကို Bradley Cooper က ပုံဖော်သရုပ်ဆောင်ပြသွားနိုင်တာက ကြိုဆိုရမယ့်အပြောင်းအလဲ တစ်ခုပဲဖြစ်ပါတယ်။ ဖန်လုံအိမ်ထဲမှာ အရာရာကိုပြန်အဆင်ပြေအောင်ကြိုးစားနေတဲ့ သူ့ရဲ့သရုပ်ဆောင်ချက်တွေကရင်သပ်ရှုမောလောက်စရာပါပဲ။ ဒီ The Words ဆိုတဲ့ရုပ်ရှင်ကားမှာ ကြည့်ရှုဖို့ထိုက်တန်တဲ့သရုပ် ဆောင်ချက်တွေအများကြီးပါဝင်နေတာမို့ တစ်ခါလောက်မြည်းစမ်း ကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။ File size…1.72GB / 744MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 42m Genre ..... Mystery , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

Action • Crime • Thriller
6.6 2012 96 mins
The Words
Conspiracy Theory
6.6

ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။ တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။ သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။ Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ Jerry ကို လိုက်ဖမ်းတဲ့ အဖွဲ့အစည်းက အဲဒီကောင်မလေးနဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိလဲ။ Jerry ရဲ့ စွဲလမ်းမှုကရော Alice အပေါ် အန္တရာယ်ဖြစ်စေနိုင်မလား ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ တင်ဆက်ပေးထားလို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…(2.63GB)  / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:15:00 Genre... Action / Mystery /  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

6.6 1997 135 mins
Conspiracy Theory
Royalteen
5.8

လူဆိုတာ ဘဝမှာ တစ်ကြိမ်တစ်ခါတော့မှားတတ်ကြတာပါပဲ အဲဒီအမှားကို ပြန်ပြင်နိုင်ဖို့ကသာ အရေးကြီးတာပါ အဲဒီအမှားရဲ့နွံထဲမှာပဲ နစ်မြှုပ်နေမယ်ဆိုရင်တော့ လူ့ဘဝကြီးက ဘာမှကို အဓိပ္ပါယ်ရှိမှာမဟုတ်တော့ပါဘူး ဒီတစ်ခါတော့ နော်ဝေနိုင်ငံရဲ့ အိမ်ရှေ့မင်းသားလေးနဲ့ အညတရ ကောင်မလေးတစ်ယောက်အကြောင်းရိုက်ပြထားတဲ့ လူငယ်ဆန်ဆန်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ် တခြားမြို့ကနေ ကျောင်းပြောင်းလာပြီး တော်ဝင်အမျိုးအနွယ်တွေတက်တဲ့ ကျောင်းမှာလာတက်တဲ့ လန်နင် ဆိုတဲ့ ကောင်မလေးကို အိမ်ရှေ့မင်းသားလေးက သဘောခွေ့သွားပြီး နှစ်ယောက်သားပျော်ရွှင်နေခဲ့ကြရတာပါ အဲဒီအချိန်မှာပဲ မထင်မှတ်ထားတဲ့ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံရပါတော့တယ် အိမ်ရှေ့မင်းသားလေးရဲ့ ညီမကလည်း ကောင်မလေးကိုမကြည် ကောင်မလေးကလည်း တကယ့်အမှားကြီးတစ်ခုကို ကျူးလွန်မိခဲ့တာဆိုတော့ အိမ်ရှေ့မင်းသားလေးနဲ့ ဘာတွေဆက်ဖြစ်ကြမလဲ ကောင်မလေးကရောဘယ်လောက်ဆိုးဝါးတဲ့ အမှားကိုကျူးလွန်ခဲ့မိလို့ အိမ်ရှေ့မင်းသားလေးရဲ့ အစ်မကလုံးဝ ခါးခါးသီးသီးဖြစ်နေရတာလဲ လူတွေအသုံးပြုနေတဲ့ လူမှုကွန်ယက်ရဲ့ ရိုက်ခတ်မှုကဘယ်လောက်ထိ ပြင်းထန်နိုင်လဲဆိုတာကို လူငယ်တွေ့နဲ့ ပေါ့ပေါ့ပါးပါးလေး ကြည့်ကောင်းအောင်ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ကားမို့ အမြန်ဆုံးသာ ကြည့်လိုက်ကြပါတော့ဗျာ...... File size…(2.18GB)/(1.17B)/(592MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Drama • Family
5.8 2022 107 mins
Royalteen
Fullmetal Alchemist: The Final Alchemy
6.3

မန်ဂါအနေနဲ့ရော Animeအနေနဲ့ ရောအောင်မြင်ခဲ့တဲ့ Full Metal Alchemist ကို ၂၀၁၇မှာ Live Action တစ်ကားထုတ်ခဲ့ပြီး 2022မှာမှ သူ့အဆက်ကို ဆက်ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တင်ခဲ့တဲ့ Fullmetal Alchemist: Final Chapter - The Avenger Scarပါ။ အဲဒီကားမှာ ကောင်းခန်းမှာမှ ဖြတ်သွားပြီ တစ်လအကြာမှာ ဇာတ်သိမ်းခန်း Final Alchemist ထပ်ထွက်လာပါတယ်။ Animeသမားတွေတော့ ကြိုက်လောက်မှာ မဟုတ်ပေမဲ့ ဒီတိုင်းကြည့်ရင်တော့ ဒီအပိုင်းက ပထမ၂ပိုင်းထက်တောင် တော်တော်လေးကြည့်ကောင်းပါတယ်။ Main Bossပါလာပြီဆိုတော့ Battle Sceneအကြမ်းစားတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ Plot Twistကလေးတွေတောင် ပါပါသေးတယ်။ ဒီသုံးကားဟာ ဇာတ်ကောင်တွေရဲ့ Friendship တွေ ၊ Brotherhood တွေ ၊ Comradeship တွေနဲ့ Battle Scenes တွေ တစ်ပုံတပင်နဲ့ တော်တော်မိုက်တဲ့ကားပါပဲ။ ရှေ့၂ကားလည်းတင်ပြီးပြီဆိုတော့ ဇာတ်ကြောင်းတော့မရေးတော့ပါဘူး။ အစိမ်းသက်သက်ဖြစ်နေရင်တော့ ကျန်တဲ့ကားတွေလင့်ပါထည့်ပေးထားပါတယ်။ အဲဒီမှာ ဇာတ်လမ်းအကျဉ်းကို ဖတ်ရှုနိုင်ပါတယ်။ ၃ကားလုံးကို အောက်ပါလင့်မှာ ဒေါင်းယူ ကြည့်ရှုနိုင်ပါတယ်။ https://channelmyanmar.org/?s=Full+metal+alchemist ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__02:23:00 Type__Action, Adventure, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Drama
6.3 2022 143 mins
Fullmetal Alchemist: The Final Alchemy
TimeCrafters: The Treasure of Pirate's Cove
6.6

ရတနာမြေပုံတစ်ခုကို ရှာတွေ့သွားကြတဲ့ ၁၈ရာစုက ပင်လယ်ဓားပြ တွေဟာ မြေပုံကိုလုကြရင်း မုန်တိုင်းကနေတစ်ဆင့် ၂၁ရာစု အခုခေတ်ရဲ့ "ပင်လယ်ဓားပြကမ်းစပ်" လို့ခေါ်တဲ့ မြို့လေးကို ရောက်သွားကြပါတယ်။ ဒါပေမဲ့ မြေပုံကိုတော့ အဲဒီမြို့က ကလေးအုပ်စုက ရှာတွေ့သွားကြပြီး သူတို့လည်း ရတနာတွေလိုက်ရှာပါတော့တယ်။ ရတနာကိုလိုက်ရှာနေ ကြတဲ့ လူကြီးတစ်သိုက်နဲ့ ကလေးတစ်သိုက် ဘယ်သူက ရတနာတွေ ရသွားမလဲ။ တကယ့်ရတနာအစစ်ကရော ဘာများလဲဆိုတာ ကြည့်ရ မှာပဲဖြစ်ပါတယ်။ Adventure, Fantasy အမျိုးအစားဖြစ်ပြီး စိတ်လွတ် လပ်စွာအပန်းဖြေကြည့်ရှုနိုင်မယ့် မူဗီတစ်ခုပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL Ya ဖြစ်ပါတယ်) File Size..........(2.0 GB) / (860 MB) / (500 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Family, Fantasy Translator.......EL Encoder..........SWM

Crime • Drama • Thriller
6.6 2020 105 mins
TimeCrafters: The Treasure of Pirate's Cove
The Road to El Dorado
7.2

စွန့်စားခန်းတွေ၊ ရတနာရှာဖွေရေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် old but gold ဇာတ်ကားကောင်းလေးတပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ El Dorado ဆိုတာက ရှေးနတ်ဘုရားတွေ ဖန်းဆင်းထားခဲ့ပြီး ရွှေအပြည့်နဲ့ ရွှေမြိုတော်ကြီးလို့သိကြပါတယ်။ ဒါပေမယ့် ဒီမြို့ကိုတော်ရုံနဲ့တော့ ရှာမတွေ့နိုင်ဘူးပေါ့ဗျာ။ မီဂယ်လ်နဲ့ တူလီယို ဟာဆိုရင် လောင်းကစားတောင်မှ လိမ်စားတဲ့ အကြံဖန်သမားတွေပါ။ ကံ‌ ကောင်းလားဆိုးလားတော့မသိ el dorardoကိုသွားတဲ့မြေပုံကို လောင်းကစားလုပ်ရင်းရခဲ့ပြီး ပြေးရင်းလွှားရင်းနဲ့ပဲ အဲ့မြို့တော်ကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ်.. ဘယ်လို ခိုးထုတ်ကြမလဲဆိုတာကိုတော့.... File Size :(2.08GB) (866 MB) and (234 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:30:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Romance
7.2 2000 89 mins
The Road to El Dorado
Justin Bieber's Believe
7.2

ယနေ့ကျရောက်တဲ့ March လ ၁ရက်နေ့ဟာ Justin Drew Bieber ရဲ့ မွေးနေ့ဖြစ်ပါတယ်။ အသက် ၂၈နှစ်ပြည့်သွားပြီဖြစ်တဲ့ Justin ဟာ မိန်းမတောင်ရသွားပြီဖြစ်လို့ Baby သီချင်းကို သီဆိုနေခဲ့တဲ့ ဆယ်ကျော်သက်ကလေးလေး မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း သူ့ကိုမြင်တိုင်း nostalgic ဖြစ်ပြီး သူ့သီချင်းတွေကို ရရမရရ ဝါးချပြီးအော်ဆိုနေခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်အမှတ်ရမိပါတယ်။ မနှစ်ကတည်းက ဒီကားလေးကို တင်ပေးမယ်ပြောထားပေမဲ့ နောက်ကျလက်စနဲ့ သူ့မွေးနေ့ရောက်မှ တင်တော့မယ်လို့ စိတ်ကူးမိတာနဲ့ အခုမှ တင်ဖြစ်သွားတာပါ။ ကျွန်တော် ကလေးဘဝတုန်းက ဒီ Documentary ကိုကြည့်ဖူးပေမဲ့ ပြောစကားတွေကိုရော သီချင်းတွေကိုရော ဘာဆိုဘာမှ နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့လည်း Justin ကို အတော်ရူးသွပ်ခဲ့သူမို့ အခေါက်ခေါက်အခါခါ ပြန်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ဘာသာပြန်တင်ဆက်ခွင့်ရတဲ့အတွက် Belieber တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ ဒီ Documentary လေးဟာ လွန်ခဲ့တဲ့ဆယ်နှစ်က Believe Album ထွက်ရှိပြီး Tour လုပ်နေတဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ နေသားကျလာတဲ့အချိန်ဖြစ်သလို ဝေဖန်မှုများစွာ ခံရပြီး career ရှေ့ဆက်ဖို့ ရုန်းကန်နေရတဲ့ အချိန်လည်းဖြစ်ပါတယ်။ ပါပါရာဇီနဲ့ရန်ဖြစ်လို့ ပြိုင်ကားမောင်းလို့ စသည်ဖြင့် ပြဿနာမျိုးစုံတက်ပြီး မီဒီယာတွေနဲ့ အတော်လေး အခြေအတင်ဖြစ်ခဲ့တာပါ။ ဒီအကြောင်းတွေကိုလည်း ထည့်သွင်းဖော်ပြထားပြီး အောင်မြင်ပြီးနောက် ပြောင်းလဲသွားတဲ့ သူ့ဘဝအလှည့်အပြောင်းအပြင် Believe Tour မှာ ဖျော်ဖြေခဲ့တဲ့ အမိုက်စား performance တွေကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ငယ်ဘဝကို အနည်းနဲ့အများ လွှမ်းမိုးမှုရှိခဲ့တဲ့ Justin Bieber ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ CM က တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…2GB / 1GB Quality…1080p BluRay AAC5.1CH /  720p Format…mp4 Duration….1h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu

Action • Adventure
7.2 2013 92 mins
Justin Bieber's Believe
The Hound of the Baskervilles: Sherlock the Movie
6.2

The Hound of Baskervilles: Sherlock the Movie (2022) ~ IMDb – 6.2/10, MyDramaList – 7.7/10 ~ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။ မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား… ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်နေတာလား… ဆိုတာကို ဖော်ထုတ်တာဖြစ်ပါတယ်။ The Hound of Baskervilles ကို တိုက်ရိုက်တစ်ဖုံ မှီးငြမ်းတစ်သွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲအပိုင်းတွေများစွာရှိရာမှာ ဂျပန်ဘက်မှ ရိုက်ကူးပြီး ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Hound of Baskervilles: Sherlock the Movie” လည်း တစ်ကားအပါအဝင်ဖြစ်ပြီး မူရင်းဇာတ်အိမ်ထဲက အဓိကအကြောင်းအရာကို နည်းနည်းပဲအခြေခံပြီး ကိုယ်ပိုင်ဇာတ်လမ်းနဲ့ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းကတော့ ဒီလိုပါ။ သတ္တုမိုင်းသူဌေးကြီး ဟာဆုကာဘေးချီဇူးအို (Hasukabe Chizuo) ရဲ့ သမီးဖြစ်သူ ဟာဆုကာဘေးဘန်နီ (Hasukabe Beni) ကိုပြန်ပေးဆွဲပြီး “သမီးဖြစ်သူကို ပြန်လိုချင်ပါက ဆဲတိုကုန်းတွင်းပင်လယ်ရှိ ကာဆုမိကျွန်း (Kasumi Island) ဆီ သူဌေးကြီးတစ်ယောက်သာ ပြန်ပေးငွေနှင့်တကွ လာရောက်ပါရန်” ဆိုပြီး ခြိမ်းခြောက်စာပို့လာလို့ ဟာဆုကာဘေးချီဇူးအိုတစ်ယောက် ထိုကျွန်းကို ပြန်ပေးငွေပေးဖို့ သွားပေမဲ့ တကယ်တမ်းတော့ ပြန်ပေးငွေလည်း လာမယူ၊ ဘန်နီလည်း အိမ်ပြန်ရောက်နေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ တစ်လကြာသွားတဲ့နောက် အဲဒီကိစ္စကိုအခဲမကျေနိုင်တဲ့ သူဌေးကြီးက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအကြံပေး တစ်နည်း အလွတ်စုံထောက် လုပ်နေတဲ့ ဆရာဝန်ဝါခါမီရာဂျွန်အီချိ (Wakamiya Junichi) ဆီမှာ ပြန်ပေးဆွဲမှုလက်သည်ကို စုံစမ်းပေးဖို့ အကူအညီလာတောင်းရာကနေ ဝါခါမီရာနဲ့ ဟိုမာရေး ရှီရှီအို (Homare Shishio) တို့နှစ်ယောက်သား ကာဆုမိကျွန်းကို မဖြစ်မနေ သွားရောက်စုံစမ်းရပါတော့တယ်။ အဲဒီကျွန်းမှာ လူတွေရဲ့အတ္တဆန်တဲ့အပြုအမူကြောင့် သေဆုံးသွားကြတဲ့ ခွေးနက်တွေက နတ်ဆိုးခွေးတွေအဖြစ် ပြောင်းသွားကြပြီး လူတွေကို လိုက်လံတိုက်ခိုက်နေတယ်ဆိုတဲ့ အရင်ကတည်းရှိနေတဲ့ ဒဏ္ဍာရီလိုလို ယုံတမ်းစကားတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့… The Hound of Baskervilles Sherlock the Movie ရဲ့ဒါရိုက်တာကတော့ Suspect X (2008) ကို ရိုက်ကူးခဲ့တဲ့ Hiroshi Nishitani ပဲဖြစ်ပါတယ်။ Homare Shishio (ရှားလော့ဟုမ်း) အနေနဲ့ သရုပ်ဆောင်ထားတဲ့သူက Fullmetal Alchemist Live-Action Trilogy ထဲမှာ Roy Mustang အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Dean Fujioka ဖြစ်ပြီး Wakamiya Junichi (ဒေါက်တာဝပ်ဆန်) က High & Low ဇာတ်ကားတွေမှာ Cobra အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Takanori Iwata ဖြစ်ပါတယ်။ Reiji Eto (ရဲအုပ်လက်စထရိတ်) ကတော့ Kuranosuke Sasaki ဖြစ်ပြီး တစ်ခြားသရုပ်ဆောင်တွေက Yuko Araki (Once Upon a Crime, Roppongi Class), Nijiro Murakami (Alice In Borderland), Ryoko Hirosue, Kotaro Koizumi အစရှိသဖြင့် ပါဝင်အားဖြည့်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၁၁ ပိုင်းပါတဲ့ “Sherlock: Untold Stories” စီးရီးကို ထုတ်လွှင့်ပြသခဲ့ပြီးမှ The Hound of Baskervilles: Sherlock the Movie ကို ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တာပါ။ Sherlock: Untold Stories မှာ Dean Fujioka, Takanori Iwata, Kuranosuke Sasaki တို့ပဲ သရုပ်ဆောင်ထားတာမို့လို့ ဒီဇာတ်ကားမှာလည်း ပြန်လည်ပါဝင်ခဲ့ကြတာပါ။ The Hound of Baskervilles ဝတ္ထုကို ဆရာကြီးရွှေဥဒေါင်းက ပွေလီအင်းခွေးကြီးအမှု (မှီးငြမ်း) နဲ့ ဘတ်စကာဗျီလ်ခွေးကြီး (ဘာသာပြန်-အကျဉ်း)၊ ဆရာစိုးမြိုင်က ဖုန်းဆိုးမြေမှ ခွေးတစ္ဆေ (ဘာသာပြန်-အကျယ်)၊ ဆရာဆွေမင်း(ဓနုဖြူ) က မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်ကောလ္လိယအင်းခွေးကြီး (မှီးငြမ်း)၊ ဆရာမောင်မြတ်မိုးက ရှားလော့ဟုမ်းနှင့် ကျိန်စာသင့်အိမ် (ဘာသာပြန်) စသဖြင့် အသီးသီး မှီးငြမ်း၊ ဘာသာပြန်ခဲ့ကြပါတယ်။ ခေတ်သစ်ရှားလော့ဟုမ်းကိုမှ ဂျပန်ဗားရှင်းအနေနဲ့ ကြည့်ချင်ရင် ဒါမှမဟုတ် ရှားလော့ဟုမ်းရဲ့ဝတ္ထုရှည်လေးပုဒ်ထဲမှာ အကောင်းဆုံးလို့သတ်မှတ်ထားကြတဲ့ The Hound of Baskervilles ကို ဂျပန်ကနေ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားတဲ့ဇာတ်ကားကို ကြည့်ချင်ရင်တော့ The Hound of Baskervilles: Sherlock the Movie ကိုပဲ ညွှန်းရမှာဖြစ်သလို စုံထောက်ကားပရိသတ်တွေအတွက်ရော၊ ရှားလော့ဟုမ်းပရိသတ်တွေအတွက်ပါ ဇာတ်ကောင်တွေနဲ့အတူ စိတ်ဝင်တစား အဖြေရှာဖို့ကောင်းတဲ့ ဂျပန်စုံထောက်ဇာတ်ကားကောင်းတစ်ကားပါပဲ။ {တကယ်လို့ ဒီဇာတ်ကားထဲကသီချင်းနှစ်ပုဒ်ကို ကြိုက်နှစ်သက်လို့ နားထောင်ချင်ရင် Find You in the Stars by Yugo Kanno နဲ့ Lullaby by YU-KA ဆိုပြီး ရှာဖွေနားထောင်ကြည့်လိုက်ပါ။} (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 59Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Romance • Drama
6.2 2022 118 mins
The Hound of the Baskervilles: Sherlock the Movie
Blippi’s Big Dino Adventure

ဒီနေ့မှာတော့ သားသားမီးမီးလေးတွေကြည့်ရှုရမှာကတော့ ပတ်ခ်ရိန်းဂျားအာရှာဆိုတဲ့ ဒိုင်နိုဆောစောင့်ရှောက်သူ တစ်ယောက် အလည်လွန်ပြီး မေမေတီရက်စ် ဒိုင်နိုဆောဥတွေကို ပျောက်သွားတဲ့အတွက် သူ့ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ဘလီပီနှင့် မီကာကို အကူအညီတောင်းပြီး ဥပျောက်ရှာပုံတော်စွန့်စားခန်းကြီးဖြစ်ပါတယ်။ တစ်ခုရှိတာက ဥကလေးတွေက တစ်နာရီအတွင်းမှာ အကောင်ပေါက်တော့မှာဖြစ်တဲ့အတွက် ဒီအချိန်အတွင်း ဒိုင်နိုဆောအမျိုးမျိုးရန်ကို ဘယ်လိုရှောင်ရှားပြီး ဥရှာကြမလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး သူတို့ ဥရှာပုံတော်ထွက်တဲ့တစ်လျှောက်မှာ ပစ္စည်းအမျိုးမျိုးရဲ့ ခေါ်ဝေါ်ပုံ တွေကို စိတ်ဝင်တစား လေ့လာရမှာဖြစ်ပါတယ်။ အလုပ်များတဲ့ သားသားမေမေ မီးမီမေမေတွေအနေနဲ့လည်း ကိုယ်ချစ်သားသမီးတွေကို အင်္ဂလိပ်စာနဲ့ အထိအတွေ့ရှိအောင် ဒီလိုဇာတ်ကားဖွင့်ပေးထားတတ်တယ်ဆိုရင် မြန်မာလိုဘာသာပြန်ဆိုထားတဲ့အတွက် ကလေးတွေကိူ ဘာသာနှစ်မျိုး ရင်းနှီးစေပြီး bilangual သဘောမျိုးဖြစ်တဲ့အတွက် ပိုသင့်လျော်လို့ ကလေးတွေအတွက် ဖွင့်ထားပေးလို့ရပါတယ်။ ဒီတော့ သားသားမီးမီးတို့ရော မေမေတို့တင်မက အားလုံးပါ ကြည့်ရှုပေးကြပါဦးနော်။ File size…(1.6 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:08:00 Genre…Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

0 2023
Blippi’s Big Dino Adventure
The Legend of Detective Sleek Rat 4: Dreamlike Song
5.8

ဒါလေးကတော့ အပိုင်း (၃) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ် The Legend of Detective Sleek Rat – Channel Myanmar ” သူတောင်းစားဂိုဏ်းတိုက်ခိုက်ခံရတာနဲ့ နန်းမြို့ပြန်အရာရှိ တိုက်ခိုက်ခံရတဲ့အမှု့နှစ်ခုလုံးက လော့ယန်မြို့မှာဖြစ်ပွားခဲ့ပါတယ် ပြီးတော့အဲဒီနှစ်မှု့လုံးကလည်း ခိုင်းဖုန်းရုံး‌‌တော်ဆီရောက်လာတဲ့ သတင်းတွေအရဆို ဦးရီးတော်နင်နဲ့ ပတ်သတ်လို့နေပါတယ်” ဒီလိုနဲ့ ပေါင်လူကြီးမင်း ပေါင်တရားသူကြီးက ယုံကြည်ရတဲ့ သူ့ရဲ့လူယုံတွေဖြစ်တဲ့ သူရဲကောင်းပိုင် (သို့) ပိုင်ယွိထန်နဲ့ တော်ဝင်ကိုယ်ရံတော်ကျန်ကျောင်းကို ဦးရီးတော်နင်ရဲ့မွေးနေ့ပွဲကိုအခွင့်ကောင်းယူပြီး လော့ယန်ကိုသွားပြီးအမှုစစ်စေခဲ့ပါတယ် ။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ ပိုင်ယွိထန်တစ်ယောက် ဦးရီး‌တော်နင်လက်အောက်က ရွှယ့်မုန်အဖွဲ့အစည်းရဲ့ ခန်းမခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ထူပေါင်ကိုမတော်တဆသတ်မိသွားရာက… ရွယ့်မုန်အဖွဲ့အစည်းက ပိုင်ယွိထန်အပေါ်ဘယ်လိုအငြိုးအတေးထားကြမလဲ ၊ ဦးရီးတော်နင်ကရော လက်ပိုက်ကြည့်နေမလား.. ဒီနောက်ကွယ်မှာရော တစ်ယောက်ယောက်ရှိနေမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး

5.8 2018
The Legend of Detective Sleek Rat 4: Dreamlike Song
Butchers Book Two: Raghorn

ဒီတစ်ခါ ၂၀၂၀ က ထွက်ခဲ့တဲ့ Butchers ရဲ့ နောက်ဆက်တွဲ Butchers Book : Raghorn ကို ကြည့်ရှုရမှာပါ။ ပထမ ကားတုန်းက ဒါရိုက်တာ ဆုရခဲ့သလို ဒုတိယဇာတ်ကားမှာလည်း ၂၀၂၃ Nightmare ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်ပို့ဆု ရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်း **************** ပြန်ပေးသမားတစ်စု လူချမ်းသာ သူဌေးသမီးတစ်ယောက်ကို ကောလိပ် ကျောင်းသားဆောင်ကနေ ပြန်ပေးဆွဲပြီး နယ်ဘက်ကို မောင်းခေါ်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ လမ်းမှာသမင်ကို ဝင်တိုက်မိ ကားမတော်တဆမှု ဖြစ်သွားခဲ့ပြီး မတော်တဆဖြစ်တဲ့ အနီးမှာ လူသားစား စိတ္တဇလူသတ်သမားတွေ နေတဲ့အိမ် ဖြစ်နေတာပါ။ ဒီလူတွေက ဖမ်းမိတဲ့သူတွေ မှန်သမျှကို တစ်စစီ ခုတ်ထစ် ဖြတ်ထုတ်ပြီး သူများနာကျင်မှုကို အရသာခံတတ်တဲ့ လူသားစားတွေပါ။ ဒီလူတွေ လက်က လွတ်အောင် ပြေးနိုင်ပါ့မလား။ ဖမ်းမိသူတွေကို ဘယ်လိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်မလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ နှိပ်စက်ညဉ်းပန်း၊ သွေးထွက်သံယိုမှုတွေနဲ့ သွေးပျက်ဖွယ် ရိုက်ကူးချက်တွေ ပါတဲ့ အတွက် နှလုံးမကောင်းတဲ့သူတွေ မကြည့်သင့်ပါဘူးနော်။ File size…1.44GB / 685MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Mystery
0 2024 88 mins
Butchers Book Two: Raghorn
Broken Trail
7.7

အမေရိကန် ကောင်းဘွိုင်ကားတွေကို သဘောကျတဲ့လူတွေအဖို့ ဒီကားလေးကလည်း အဆင်ပြေစေမှာသေချာပါတယ်။ ဒီဟာကတော့ တစ်ပိုင်းကို ၁ နာရီခွဲစာလောက်ရှိပြီး ၂ ပိုင်းပါဝင်တဲ့ မီနီစီးရီး ဒါမှမဟုတ်လည်း ဇာတ်လမ်းရှည်တစ်ပုဒ်ပေါ့လေ။ အဓိကဇာတ်ဆောင်အနေနဲ့ Spiderman ထဲက သဲလူသားဗီလိန်လုပ်တဲ့ မင်းသားကြီး Thomas Haden Church ရယ် နာမည်ကြီးကားတော်တော်များများမှာ ပါလေ့ရှိတဲ့ မင်းသားကြီး Robert Duvall တို့ပဲ ဖြစ်ကြပါတယ်။ ကျွန်တော့်အတွက်တော့ Rubert Duvall ကြီး ဒီကားထဲ သရုပ်ဆောင်ပြသွားတာ တကယ်မိုက်လွန်းပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၈၉၈ အမေရိကန် ကောင်းဘွိုင်ခေတ်ကို ဇာတ်တည်ထားပြီး ဦးလေးဖြစ်သူ ကောင်းဘွိုင်ဟောင်းကြီး ပရန်တစ်စ်ရစ်တာဆိုတဲ့ ဘဲကြီးက သူ့ရဲ့တူဖြစ်သူ တွန်ဟတ်ခ်ကို လာရှာပြီး သူ့တူရဲ့အမေ သူ့အစ်မရဲ့ သေတမ်းစာအရ မြင်းတွေအုပ်လိုက်ကြီး ဝယ်ပြီး မိုင်တစ်ထောင်ကျော်တဲ့ခရီးကို ပြန်မောင်းနှင်သွားကြဖို့ လာခေါ်တာပါ။ ဒီလိုနဲ့ လမ်းမှာသွားနေတုန်း တယောသမားဖြစ်တဲ့ ဂစ်ပင်ကိုလည်း အဖော်အဖြစ် ခေါ်ခဲ့ပါသေးတယ်။ အဲဒီအချိန်မှာပဲ တရုတ်ပြည်ကနေ အမေရိကန်ကို ပြည်တန်ဆာအဖြစ် အရောင်းခံလိုက်ရတဲ့ တရုတ်မလေး ၅ ယောက်ကို လမ်းကြုံကယ်တင်မိရာကနေ ဒီအားနည်းတဲ့ တရုတ်မလေး ၅ ယောက်နဲ့ ကောင်းဘွိုင် ၃ ယောက်သား မိုင်တစ်ထောင်ခရီးကြမ်းကြီးကို စွန့်စွန့်စားစား ဘယ်လိုခေါ်ပြီး ခရီးဆုံးကို အရောက်လှမ်းကြမလဲဆိုတာ ဝေဝေဆာဆာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ကောင်းဘွိုင်ကားဆိုတော့ မြင်းတွေ ရှုခင်းလှလှတွေ အင်ဒီယန်းလူမျိုးတွေ သေနတ်ကိုင်လူရမ်းကားတွေ စသဖြင့် ပေါင်းစုံပါဝင်ပြီး Rating ကလည်း 7.7 ရရှိထားတာမို့ မကောင်းမှာတော့ မပူစေရပါဘူးလို့ နိဂုံးချုပ်ရင်း ပြောလိုက်ပါရစေဗျာ။ File size…(4.2 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:04:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura Aung

7.7 2006
Broken Trail
The Gangs, the Oscars, and the Walking Dead

The Gangs, the Oscars, and the Walking Dead (2019) ************************************************** ဒီတစ်ခါမှာတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ ထိုင်ဝမ် ဟာသကားလေးတစ်ကားကို… တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရုပ်ရှင်ဝါသနာကြီးတဲ့ လူမိုက်တွေရဲ့ အဖြစ်အပျက်တွေကို ဒီဇာတ်လမ်းမှာ ဟာသမြောက်အောင် ရိုက်ကူးပုံဖော်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ————- ငယ်ငယ်ကတည်းက ဝါသနာတူပြီး အတူကစားပြီးကြီးပြင်းလာကြတဲ့ သူငယ်ချင်း(၂)ယောက်… တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းပြီးနေလာရာကနေ အသက်လေးရလာတော့… ငယ်ငယ်တုန်းကစိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုရိုက်ဖို့ ရုပ်ရှင်လောကထဲကိုဝင်ခဲ့တယ်… ရုပ်ရှင်ပြီးအောင်မရိုက်နိုင်တဲ့အပြင် အားလုံးပျက်စီးသွားလို့ အကြွေးဗရပွနဲ့ကျန်ခဲ့တယ်… အလုပ်ရှုံးသွားပြီး လျော်ကြေးပေးဖို့အတွက် လူဆိုးဂိုဏ်းထဲ မဝင်ချင်ဘဲ ဝင်လိုက်ရတယ်… သူတို့အတွက်ကံလေးပြန်တက်လာမယ်လို့ထင်လိုက်တာ… အဲဒီဂိုဏ်းထဲရောက်မှ ငါးပါးမှောက်တော့တာပဲ…သူတို့ လူဆိုးဂိုဏ်းထဲရောက်ပြီး… ဘယ်လိုတွေတိုင်ပတ်ကြလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး… ဇာတ်လမ်းအညွှန်းကို MiMi မှ ရေးသားပေးထားပါတယ်။ File Size : 1.72GB / 772MB Quality : WEB-DL 1080p / 720p Duration : 01:45:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by Heather Oo

Horror • Thriller
0 2019 105 mins
The Gangs, the Oscars, and the Walking Dead
Kahar: Kapla High Council
6.9

Kahar: Kapla High Council (2024)”တိုက်ပွဲ” ================================= 2024 ခုနှစ်မှာထွက်ရှိခဲ့ပြီး Fight scenes တွေရော ဇာတ်လမ်းရော ရေလည်မိုက်တဲ့ မလေးရှားရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ၂၀၀၅ ခုနှစ်မှာ စပြီး ဇာတ်အိမ်တည်ထားတာပါ။ ကူဒရတ်ဆိုတဲ့ ကောလိပ်ရဲ့ စည်းမျဉ်းတွေက ထူးခြားပါတယ်။ အဲဒီကောလိပ်မှာ တက်တဲ့ ကျောင်းသားတွေကို ဟယ်ရီပေါ်တာထဲကလို House တွေခွဲထားပြီး House တစ်ခုကို ကိုယ်စားပြုခွင့်ရတဲ့ကျောင်းသားက အထက်ကောင်စီဆိုတဲ့အဖွဲ့ထဲကို ဝင်ခွင့်ရပါတယ်။ ကိုယ့်ရဲ့ House ရဲ့ ကိုယ်စားပြုချင်တဲ့ ကျောင်းသားတွေဟာ လက်ရုံးရည်ချင်းယှဉ်ပြိုင်ရတာဖြစ်ပြီး ကိုယ်စားပြုဖြစ်ခွင့်ရရင် အခွင့်အရေးတွေလည်း အများကြီးရပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက် ကာဟာကတော့ အဲဒီကောလိပ်ကို သူ့ဆန္ဒမပါဘဲရောက်လာတဲ့ ခပ်အေးအေးကျောင်းသားလေးပါ။ ကာဟာက ဘာမှမထူးချွန်ပေမဲ့ သူ့ရဲ့ အဖေနဲ့ အစ်ကိုကတော့ အဲဒီကောလိပ်ရဲ့သမိုင်းမှာအထူးချွန်ဆုံးကျောင်းသားတွေဖြစ်ခဲ့ကြသူတွေပါ။ အဲဒီလို အဖေရဲ့ဖိအားတွေ အစ်ကိုရဲ့ဖိအားတွေကို ထမ်းပိုးထားရတဲ့ကာဟာတစ်ယောက် သူ့ရဲ့ခံနိုင်ရည်ကိုကျော်လွန်သွားချိန်မှာတော့ ထိန်းချုပ်မှုတွေလွတ်သွားပြီး လုံးဝမတူတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံ၊ နောက်ဆက်တွဲကိစ္စွတွေကြုံတွေ့ရပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်ကိုတော့ V, ToMo နဲ့ Zwe Yan တို့က ဘာသာပြန်တင်ဆက်ပေးထားပါတယ်။)

Drama
6.9 2024 102 mins
Kahar: Kapla High Council
The Match
7.4

The Match (2025) ****************** IMDb… 7.4 ဝါရင့်မင်းသားကြီး Lee Byung Hun၊ မင်းသား Yoo Ah In၊ က‌လေးသရုပ်ဆောင် Kim Kang Hoonတို့ အဓိကပါဝင်ထားပြီး တကယ့် သရုပ်ဆောင်ကောင်းတဲ့ မင်းသားတွေဖြစ်တဲ့အတွက် ကြည့်ပြီး လုံးဝ နောင်တမရ‌‌စေမဲ့ကားကြီးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ကိုးရီးယားနိုင်ငံတွင်းမှာသာမက တစ်ကမ္ဘာလုံးပြိုင်ဘက်ကင်း လက်ရွေးစင် ဘာဒုကစားသမား ဂျိုဟွန်းဟျွန်းဟာ တစ်နေ့မှာတော့ ဂျွန်းဂျူဘက်ကိုရောက်ရင်း ဘာဒုကစားနည်းကို ကျွမ်းကျင်တဲ့ ချန်းဟိုဆိုတဲ့ ကလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ လက်ရွေးစင်ဂျိုဟာ သိချင်စိတ်နဲ့ ပြိုင်ဆော့ခဲ့ရာကနေ တစ်ပွဲရှုံးနိမ့်ခဲ့တဲ့အတွက် လက်ရွေးစင်ဂျိုဟာ ချန်းဟိုဆိုတဲ့ကောင်လေးအပေါ် စိတ်ဝင်စားသွားခဲ့ကာ တပည့်အဖြစ် လက်ခံပြီး ဆိုးလ်မြို့မှာရှိတဲ့ ကိုးရီးယားဘာဒုအဖွဲ့အစည်းဆီ ချန်းဟိုကို ခေါ်ဆောင်လာခဲ့ပါတယ်။ ရွာသားလေး ချန်းဟိုကတော့ မြို့ပေါ်ရောက်တဲ့အချိန်ကစပြီး သူ့ဘာဒုပညာတွေနဲ့ တစ်ယောက်ပြီး တစ်ယောက် အနိုင်ပိုင်းခဲ့ကာ ဆိုးလ်မြို့မှာ သူ့ဂုဏ်သတင်းဟာ ဟိုးလေးတစ်ကျော်လာခဲ့ရုံသာမက ဆရာ့လက်ရည်ကိုပါ တရားဝင် စိန်ခေါ်နိုင်သူအထိ ဖြစ်လာခဲ့ပါတယ်။ ဆရာ တပည့်အဖြစ် အစပြုခဲ့တဲ့ ဒီဆက်ဆံရေးဟာ အချိန်ကြာလာတာနဲ့အမျှ ပြိုင်ဘက်အဖြစ်သို့ ကူးပြောင်းသွားချိန်မှာတော့ ဆရာ တပည့်ဆက်ဆံရေးဟာ ပြိုလဲပျက်စီးသွားမလား.. မကျေနပ်ချက် အမုန်းတရားတွေ ပေါက်ဖွားလာမလားဆိုတာကို စိတ်ဝင်စားစွာ စောင့်မျှော်ကြည့်ရှုရင်းနဲ့ ဘာဒုကစားနည်းဟန်တွေကိုလည်း လေ့လာမြင်တွေ့နိုင်ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဂျိုဟွန်းဟျွန်းအဖြစ် မင်းသားကြီး Lee Byung Hun နဲ့ အီချန်းဟိုအဖြစ် ကလေးသရုပ်ဆောင် Kim Kang Hoon နဲ့ လူကြီးသရုပ်ဆောင် Yoo Ah In တို့က သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Thinn မှ ရေးသားထားပေးပါတယ်။) File Size : 1.59GB/ 710MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:57:03 Genre : Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by CM Team Encoded by Tiff

7.4 2025 115 mins
The Match