YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Secret Love Affair (2014).EP13.WEB-DL720P.PP(CM).mp4

324.03 MB 720p video/mp4 168 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dreaming Walls: Inside the Chelsea Hotel
5

Dreaming Walls: Inside the Chelsea Hotel (2022) ~ IMDb - 6.1/10, Rotten Tomatoes - 70% ~ ဒါကတော့ 1884 ခုနှစ်ကတည်းကတည်ဆောက်ခဲ့ပြီး နယူးယော့မြို့ မန်ဟက်တန်မှာရှိတဲ့ နာမည်ကြီးဂန္ထဝင် ချဲလ်ဆီးဟိုတယ်အကြောင်း Documentary လေးပဲဖြစ်ပါတယ်။ ရိုက်ကူးထားတာကတော့ ဟိုတယ်ကိုပြန်လည်ပြုပြင်မွမ်းမံရေးလုပ်နေတဲ့အချိန်မှာပါ။ ဒီဟိုတယ်ဟာ ဘာကြောင့်ဒီလောက်နာမည်ကြီးရသလဲဆိုတော့ ဒီနေရာဟာ အရင့်အရင်တုန်းက အနုပညာရှင်တွေရဲ့ ကျက်စားရာဖြစ်ခဲ့သလို မန်ဟက်တန်အနုပညာတစ်ခေတ်မှာလည်း တကယ့်နာမည်ကြီးအနုပညာ‌ရှင်တွေနေထိုင်သွားတဲ့နေရာတစ်ခုဖြစ်ခဲ့လို့ပါ။ အမေရိကန်ကိုလာတဲ့အနုပညာရှင်တိုင်း ချဲလ်ဆီးဟိုတယ်လေးမှမတည်းရရင် အမေရိကန်ပြည်ရဲ့အနုပညာအသိုင်းအဝိုင်းကိုမထိတွေ့လိုက်ရသလိုခံစားရလောက်အောင် အရှိန်အဝါရှိခဲ့တာဖြစ်ပါတယ်။ နေထိုင်သွားခဲ့တဲ့အဆိုတော်ပေါင်းမြောက်များစွာထဲ ‌Bob Dylan, Bob Marley, Jimi Hendrix တို့ပါဝင်သလို Madonna ကလည်း ဓာတ်ပုံရှုတင်တစ်ခုရိုက်ခဲ့ပါသေးတယ်။ Mark Twain တို့ Dylan Thomas တို့ Thomas Wolfe တို့လို ဂန္ထဝင်စာရေးဆရာကြီးတွေအပြင် တခြားပန်းချီအနုပညာ‌ရှင်ပေါင်းများစွာနေထိုင်သွားခဲ့တဲ့ ဟိုတယ်တစ်ခုပါ။ အန်ဒီဝါးဟိုးလ်နဲ့ ပေါလ်မောရစ်ဆီတို့ကလည်း Chelsea Girls ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားရိုက်သွားခဲ့ပါသေးတယ်။ ဒီဟိုတယ်ဟာ ဒီလိုအနုပညာရှင်တွေကြောင့်ဂုဏ်သိက္ခာကြီးမားခဲ့တဲ့အပြင် သရဲခြောက်တယ်ဆိုတဲ့ဇာတ်လမ်းတွေကြောင့်လည်းနာမည်ကြီးပါသေးတယ်။ ဒီ Documentary ကတော့ ချဲလ်ဆီးဟိုတယ်ပြုပြင်နေဆဲကာလမှာ ဟိုတယ်မှာကျန်နေတဲ့ မူလလက်ဟောင်းအိမ်ငှားတွေရဲ့ဘဝကို အသားပေးရိုက်ကူးထားပြီး သူတို့နဲ့ဟိုတယ်ကြီးကြား နှောင်ကြိုးတွေကိုပြောပြထားတာပါ။ အသည်းကွဲဇာတ်လမ်းကနေ အနုပညာဈာန်ဝင်စားတဲ့အထိ ဟိုတယ်မှာဖြစ်ပျက်ခဲ့သမျှနဲ့ ဒီဟိုတယ်ကြီးဟာ ဘယ်လို နယူးယော့မြို့အနုပညာရှင်တွေရဲ့ ဉာဏ်ကွန့်မြူးရာဘူမိနက်သန်ဖြစ်လာခဲ့ရသလဲဆိုတာမြင်ရမှာဖြစ်ပါတယ်။ အိမ်ငှားအိုကြီးတွေက ဟိုတယ်နဲ့ပတ်သက်တဲ့ သူတို့ရဲ့ ရှေး‌ဟောင်းနှောင်းဖြစ်လေးတွေပြောရင်း ဟိုတယ်ကြီးရဲ့အမွေအနှစ်ကိုချပြသွားတာပါ။ ဒီလိုဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်းထည်ဝါတဲ့ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို အနုပညာဆန်ဆန်၊ ဘဝသရုပ်မှန်မှန် ရိုက်ကူးထားတဲ့ Documentary ပါပဲ။ နိုင်ငံတကာဆုကြီးတွေမရခဲ့ပေမယ့် အကောင်းဆုံး Documentary အဖြစ် ဆန်ကာတင်စာရင်းများစွာဝင်ခဲ့ပါတယ်။ "နံရံတွေသာစကားပြောတတ်ရင် ချဲလ်ဆီးဟိုတယ်ကအခန်းတွေ ပါးစပ်‌ကိုပိတ်တော့မှာမဟုတ်ဘူး" လို့ပြောရလောက်အောင် သမိုင်းကြောင်းတွေ၊ ဇာတ်လမ်းတွေပြည့်ဝခဲ့တဲ့ ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို စိတ်ဝင်စားရင်တော့ မြည်းကြည့်ဖို့အကြံပေးလိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 620MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 17Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
5 2022 80 mins
Dreaming Walls: Inside the Chelsea Hotel
The Classic
7.5

IMDb Rating (7.9/10) Rotten Tomatoes (93%) ဒီဇာတ်ကားရဲ့ ဒါရိုက်တာက Kwak Jae-yong ဖြစ်ပြီး သူရိုက်သမျှ ကားတိုင်းက ရင်ထဲထိရှရတာချည်းပါပဲ... My Sassy Girl,Windstruck,Daisy နဲ့ ခု The Classic တို့လို ကိုရီးယားနာမည်ကျော်အချစ်ဇာတ်ကားတွေရိုက်ခဲ့သူပါ... ကိုရီးယားဇာတ်ကားတွေကို ချစ်တတ်လာဖို့ ခုဇာတ်ကားတွေက ကနဦးထိုးဖောက်နေရာယူခဲ့ပါတယ်။ ဇာတ်ကားနာမည်က Classic ဆိုတဲ့အတိုင်း ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်လို တစ်ခါကြည့်ဖူးတာနဲ့ စွဲမိနေမှာပါပဲ။ မင်းသား Cho Seung-woo, Jo In-Sung တို့နဲ့ မင်းသမီး ဆွန်ရီဂျင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့မို့ ပိုထိရတယ်ဆိုရင်လဲ မမှားပါဘူး။ ဇာတ်လမ်းလေးကတော့... ကောင်မလေးတယောက်က သူ့အမေရဲ့ ငယ်ချစ်ဦး ဇာတ်လမ်းကို ပေးစာဟောင်းနဲ့ ဒိုင်ယာရီတွေကနေ ဖတ်မိတဲ့ ပုံမျိုးနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။ သမီးနဲ့ အမေ ဇာတ်ရုပ် နှစ်ခုလုံးကို မင်းသမီးဆွန်ရီဂျင်တစ်ယောက်ထဲက သရုပ်ဆောင်ထားပြီး အမေရဲ့ ငယ်ချစ်ဦးပုံပြင်နဲ့ သမီးရဲ့ လက်ရှိ မပြီးဆုံးသေးတဲ့ အချစ်ဇာတ်လမ်းကို နှစ်ခုယှဉ်တွဲလို့ သရုပ်ဖော် ထားတာပါ။ ကံကြမ္မာရဲ့ ဆန်းကျယ်ပုံ .. ကျောင်းသားဘဝ ရယ်စရာတချို့ နဲ့အတူ .. ဆယ်ကျော်သက်အရွယ် ဖြူ စင်တဲ့ မေတ္တာ ... လွမ်းမောဖွယ် ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေဟာ ဆွတ်ပျံ့ကြည်နူးစရာမို့ ဇာတ်လမ်းအဆုံးထိ ကြည့်ပြီးတဲ့အခါ ရင်ဘတ်ထဲ တခုခု ကျန်နေရစ်ခဲ့မှာ သေချာပါတယ်။ ဒီဇာတ်ကားကို ဘာသာပြန်တဲ့သူ ကိုယ်တိုင် ၆ခါ ထက်မနည်း မကြာခဏ ပြန်ကြည့်ဖြစ်တဲ့ ဇာတ်လမ်းလေးဖြစ်ပြီး၊ The Notebook တို့ Dear John တို့လို အချစ်ဇာတ်လမ်းလေးတွေ ကြိုက်တတ်သူ ဆိုရင် ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Allie Scarlett ဖြစ်ပါတယ်။) File size…(2.3 GB)/(1.1 GB) Quality….UHD Rip 1080p/720p Format…mp4 Duration….02:12:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Allie Scarlett

Mystery • Thriller
7.5 2003 133 mins
The Classic
The Bubble
4.7

စိတ်အပန်းပြေ ရယ်နေရတဲ့ ဟာသကားလည်းကြည့်ချင် ရုပ်ရှင်ထုတ်လုပ်ရေးလောကရဲ့ အခြေအနေကို ရှယ်သရော်ထားတဲ့ ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သင့်အတွက်ပါပဲ။ ရယ်ရတယ်ဆိုရာမှာ တစ်ချို့အခန်းတွေက ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဗဟုသတနည်းနည်းရှိမှ ရယ်ရမှာဖြစ်ပြီး တစ်ချို့အခန်းတွေကတော့ တမင်ကလိထိုင်ထိုးနေတဲ့ ဟာသကားတွေလို ရယ်ရပါတယ်။ အကုန်နားလည်ရင်တော့ ခွက်ထိုးခွက်လန် ရယ်နေရမယ့်ကားပါပဲ။ Rating တော့ နည်းပါတယ်။ ဒါပေမဲ့ ခင်ဗျားကို တော်တော်အူမြူးစေမှာကတော့ အမှန်ပါပဲ။ မယုံရင် ဂူးဂဲမှာ ဝေဖန်ရေးသမားပေးတာမဟုတ်တဲ့ User Reviewတွ ဖတ်ကြည့်လို့ရပါတယ်။ ရုပ်ရှင်ထဲပါ၀င်သူတွေကတော့ Professor X ခေါ် James McAvoy, Mandalorian တစ်ဖြစ်လဲ Pedro Pascal, Nebula တစ်ဖြစ်လဲ Karen Gillan, Dr. Strange ခေါ် သခွားသီး၊ X-Files စီးရီးတွေထဲက အေးဂျင့် Muldor တစ်ဖြစ်လဲ David Duchovny နဲ့ Key and Peele ထဲက Keegan Michael Key တို့ပါပဲ။ ဇာတ်ကားရိုက်တာကို ဇာတ်ကားပြန်ရိုက်တာကို ဇာတ်ကားပြန်ရိုက်ထားတဲ့ ရုပ်ရှင်‌ပေါ့။ သူတို့ရုပ်ရှင်လောကကို ကောင်းကောင်းကြီး သရော်ထားတာတွေကို အူနှိပ်ပြီးကြည့်ရမှာပါ။ မြင်သာသလောက် နာမည်ကြီးတဲ့ထဲ သရော်ထားတာတွေကတော့ ပါလေရာ Batman, Marvel, Fast and Furious, Jurassic နောက်ပိုင်းကားတွေပါ။ Rey Skywalker နဲ့ Mandalorian လည်း ဘုပါသေးတယ်။ ဂျွန်စီနာလည်း၀င်ပေါသွားသလို Keaton အစ Pattinson အဆုံး Batman အကုန်လုံးနဲ့ Professor X နဲ့ Doctor Strange တို့လည်းပါပါတယ်။ စပိန်က Betis အသင်းကဘဲကိုတောင် ပြောင်ထားသလို COVID-19 ကိုလည်း ပြောင်ပါတယ်။ စိတ်ပါရင် SS ရိုက်တင်စရာအတော်များများပါတယ်။ စိတ်မကောင်းစရာကတော့ SS ရိုက်တင်တဲ့သူတွေကိုပါ ဖောင်းထားပါတယ်။ Don't Look Up ဟာ အစိုးရပိုင်းနဲ့ NASA ကို‌ ကောင်းကောင်း သရော်ထားတဲ့ကားဆိုရင် ဒီကားဟာလည်း ဟောလိဝုဒ်ရဲ့ မင်းသားမင်းသမီး ဒါရိုက်တာ ‌ရိုက်ကွင်း ရုပ်ရှင်ဈေးကွက်အခြေအနေတွေနဲ့ Franchise ဖြစ်ပြီး ငွေရှာနေတဲ့ကားတွေကို ကောင်းကောင်းကြီး သရော်ထားတဲ့ ကားပါပဲ။ (အညွှန်းကို "___" မှ ရေးပေးထားပြီး ဇာတ်ကားကို Jim X၊ 666 နဲ့ "___" တို့မှ ပြန်ဆိုပေးထားပါတယ်) Size - 1.2GB, 650MB Quality - 1080p, 720p Format - mp4 Duration - 2H 6Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Jim X, 666 & "___" Encoded by Y

Drama
4.7 2022 127 mins
The Bubble
Merrill's Marauders
6.2

ဒုတိယကမ္ဘာစစ်အတွင်းက ဗမာပြည်စစ်မြေပြင် Burma Campaign ရဲ့ နာမည်ကြီးတိုက်ပွဲဖြစ်တဲ့ မြစ်ကြီးနားတိုက်ပွဲကိုဆင်နွှဲခဲ့တဲ့ ဗိုလ်ချုပ် Merrill နဲ့ သူ့ရဲ့တပ်ဖွဲ့ Merrill's Marauders အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားပါ...ဂျပန်တွေလက်ထဲက မြစ်ကြီးနားကို သိမ်းဖို့ ပြောက်ကျားတပ်ဖွဲ့ ၂ ဖွဲ့ ဖွဲ့ခဲ့ပြီး တစ်ခုက မရောက်ဒါးတပ်ဖွဲ့နဲ့ နောက်တစ်ဖွဲ့က Levi Scout (Kachin Scout) လို့ခေါ်တဲ့ ကချင်လူမျိုးတွေအများဆုံးပါဝင်တဲ့တပ်ဖွဲ့ပါ။ "ယမ်းငွေ့ဟာ ပန်းမွေ့ယာဖြစ်မလာနိုင်ဘူး" တဲ့။ "စစ်တိုက်တယ်ဆိုမှတော့ ပန်းတွေနဲ့ပေါက်ကြတာမှ မဟုတ်ဘဲလေ"။ "စစ်" ဆိုတဲ့ ကဗျာခေါင်းစဉ်လေးအောက်မှာ "ဒုံးဒုံးဒက်ဒက်၊ တုံးလုံးပက်လက်" ဆိုပြီး နှစ်ကြောင်းထဲနဲ့ စစ်ရဲ့ အနိဌာရုံကို ထင်ဟပ်နိုင်သလိုပေါ့။ လူတွေဟာ စစ်တိုက်ဝါသနာ ပါသလားမသိ။ အခုထိ ကမ္ဘာ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပြီးသွားပြီ။ ဒါပေမဲ့ စစ်တိုက်တယ်ဆိုတာနဲ့ လူအများပြေးမြင်တာက ကျည်ဆံတွေ ပလူပျံနေတုန်း ပြေးကြ လွှားကြ၊ သွေးသံရဲရဲ သေပွဲဝင်ကြ၊ ကိုယ့်ရဲဘော် ကျဆုံးသွားတဲ့အခါ မျက်ဝန်းနီကြီးတွေနဲ့ အံတင်းတင်းကြိတ်ပြီး မိုက်ရူးရဲ ရှေ့တက်ပစ်ခတ်ကြ။ ဒါပေမဲ့ ဒီကားမှာတော့ အဲဒီမြင်ကွင်းတွေကို သိပ်ပြီး မြင်ရဖို့မရှိပါဘူး။ စစ်တိုက်တယ်ဆိုတာ သေနတ်နဲ့ပစ်ရဲရမယ်။ ကိုယ့်ကိုကျည်ဆံမှန်ရင်လည်း သေရဲရမယ်။ သေရဲသတ်ရဲရမယ်ဆိုတာနဲ့တင် ပြီးတာမဟုတ်ဘူး။ ရိက္ခာမလုံလောက်၊ အဖျားရောဂါထူနေဆဲမှာ လမ်းခရီးကြမ်းကြီးကို တိုက်ပွဲဝင်လက်နက်၊ ကျည်ဆံ၊ လက်နက်ကြီးတွေကို အပါသယ်ပြီး ချီတက်နိုင်တာကလည်း သိပ်အရေးပါတဲ့ စစ်ရေးစွမ်းရည်တစ်ခုပါ။ ဒီဇာတ်ကားကတော့ ဖက်ဆစ်နာဇီဂျာမန်တပ်နဲ့ ဂျပန်တပ်တို့ကို ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တပ်ပေါင်းစုနဲ့ ပြန်လည်ထိုးစစ်ဆင် ဟန့်တားရတဲ့အကြောင်းပါပဲ။ ဂျာမန်တပ်တွေကလည်း ကမ္ဘာ့အရှေ့ခြမ်းကို လမ်းပွင့်အောင် အပြင်းအထန် တိုက်စစ်ဆင်လာပြီး ဂျပန်ကလည်း ဂျာမန်တပ်တွေနဲ့ ပူးပေါင်းနိုင်အောင် ကမ္ဘာ့အနောက်ခြမ်းကို ချီတက်နေချိန်ပေါ့။ ဗမာပြည် (မြန်မာနိုင်ငံ) ကနေ ဆုတ်ခွာခဲ့ရတဲ့ ဗြိတိလျှတပ်တွေဟာ မဟာမိတ်အဖွဲ့တွေနဲ့ စုပေါင်းပြီး အိန္ဒိယကနေ ဗမာပြည် မြစ်ကြီးနားကိုပြန်သိမ်းဖို့ ကြိုးစားရပါတယ်။ ဂျပန်ဟာ ဗမာပြည်ကိုသိမ်းပိုက်ပြီးတော့ လေကြောင်းအချက်အချာကျရာမြို့ဖြစ်တဲ့ မြစ်ကြီးနားကို အပိုင်တပ်ထိုင်ထားတယ်။ ဂျပန်ဘုရင့်တပ်မတော် အမှတ် (၁၈) လို တိုက်ခိုက်ရေး နာမည်ကြီးတပ်ကိုယ်တိုင် ထိမ်းထားခြင်းဖြစ်လို့ မြစ်ကြီးနားရဲ့ အရေးပါပုံကို ခန့်မှန်းနိုင်ပါတယ်။ အဲဒီမှာပဲ စေတနာ့ဝန်ထမ်းလုပ်လာတဲ့ လူမျိုးပေါင်းစုံကို အမှတ် (၅၃၀၇) တပ်ပေါင်းစု (ယာယီ) အဖြစ်ဖွဲ့စည်းခဲ့ပြီး အင်အားသုံးထောင်ရှိပါတယ်။ ဗမာပြည်ကို ပြန်သိမ်းဖို့ကြိုးစားတဲ့ တပ်တွေထဲက တစ်စိတ်တပိုင်းဖြစ်လာခဲ့တာပေါ့။ သူတို့တပ်ကြီးဟာ ဂျပန်နယ်မြေထဲကို မိုင် (၂၀၀) ကျော်အထိ အင်မတန်ကြမ်းတမ်းတဲ့ တောတောင်ခရီကြမ်းနှင်လို့ တိတ်တဆိတ်ချဉ်းကပ်ဝင်ရောက်လာပြီး ဂျပန်တွေရဲ့ ရိက္ခာထောက်စခန်းဖြစ်တဲ့ Walawbum ကို သိမ်းပိုက်ခဲ့ကြတယ်။ သူတို့ရဲ့ ချီတက်ရေးနဲ့ စစ်ဆင်ရေးဟာ ကြမ်းတမ်းလွန်းလို့ အကြီးအကျယ်စစ်ပန်းနေကြပေမယ့် သူတို့ဟာ Shaduzup က ရထားဘူတာကို စိမ့်နွံအိုင်မြေထဲကိုဖြတ်ပြီး ချီတက်ရပြန်ပါတယ်။ ဆရာဝန်တစ်ယောက်ရဲ့ သုံးသပ်ချက်ကတော့ စစ်တိုက်ရန် မဖြစ်နိုင်လောက်အောင် ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး မရှိကြသော ဂျုံးဂျုံးကျ တပ်သားများပေါ့။ ကိုယ့်သူငယ်ချင်း ကိုယ့်မိတ်ဆွေတွေဟာ ကိုယ့်ရှေ့မှာပဲ သေကြကြေကြလွန်းတော့ လူတွေဟာ စိတ်ခံစားချက်တွေ ထုံသွားကြတယ်။ လူတစ်ယောက်လဲသေတယ်။ ငုံကြည့်လိုက်ကြတယ်။ ပြီးတော့ ကိုယ်နဲ့မဆိုင်သလို ဆက်လျှောက်သွားကြတယ်။ မျက်ရည်ခြူ စစ်ပေါကားတွေလို မေးရိုးကြီးတွေထောင်မနေဘူး။ လက်စားချေမယ်ကွလည်း မအော်ဘူး။ သတ်စရာရှိ သတ်လိုက်ကြတယ်။ သေစရာရှိ သေလိုက်ကြတယ်။ ကဲ ဂျုံးဂျုံးကျစစ်သားကြီးတွေနဲ့ သူတို့ရဲ့ နှလုံးရောဂါသည် ဗိုလ်ချုပ် (အမှန်ကတော့ ဗိုလ်မှူးချုပ် ပါ။ အဲဒီအခါက စစ်တပ်မှာ အခေါ်ရခက်တဲ့ ရှည်တဲ့ရာထူးဆိုရင် ခေါ်ရလွယ်တဲ့ တစ်ဆင့်မြင့်ရာထူးတပ်ခေါ်လိုက်ကြတာပါပဲ။) တို့ဟာ နောက်ထပ် မိုင် ၃၀၀ လောက်ကျန်သေးတဲ့ မြစ်ကြီးနားကို စစ်ပန်းလွန်းလို့ သေလုဆဲဆဲအခြေအနေမှာ ဝင်တိုက်ပေးဖို့ တောင်းဆိုခံရပါတယ်။ အစတည်းက ဖွဲ့ထားတဲ့တပ်က စစ်ပြန်တွေကို ပြန်စုစည်းထားတဲ့ စေတနာ့ဝန်ထမ်းတပ်။ စေတနာ့ဝန်ထမ်းတပ်ဆိုတာက လစာမရတဲ့ တပ်လို့ပြောတာ မဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ စစ်ဆင်ရေးကို ဝါရင့်ပုဂ္ဂိုလ်ကြီးတွေက တိုက်ပေးပါ့မယ်ဆိုပြီး ကမ္ဘာပေါ်မှာ ဖက်ဆစ်စနစ်မစိုးမိုးဖို့ စေတနာ့ဝန်ထမ်း တိုက်ပေးတာကိုပြောတာပါ။ သူတို့ဟာ မဖြစ်နိုင်တာကို လုပ်ပြခဲ့ကြတယ်။ ကမ္ဘာ့အခက်ခဲ အကြမ်းတမ်းဆုံး ခရီးကြမ်းကြီးကို အပြင်းအထန်စစ်ပန်းနေတုန်းမှာ ချီတက်ခဲ့ကြပြီး ရောက်ရောက်ချင်း မြစ်ကြီးနားကိုသိမ်းတဲ့ တိုက်ပွဲကြီးကိုလည်း ဆင်နွှဲနိုင်ခဲ့တယ်။ ပြီးတော့ မြစ်ကြီးနားကို သိမ်းပိုက်နိုင်ခဲ့တယ်။ အမေရိကန်အစိုးရရဲ့ ဂုဏ်အယူရဆုံး တပ်ဖွဲ့ကြီးပေါ့။ သူတို့ကို သူတို့ဗိုလ်ချုပ်နာမည် မီရီလ် ကို အစွဲပြုပြီး "မီရီလ် ရဲ့ လှည့်လှည်ကျက်စား သားရဲများ" လို့ အမည်ပေးခဲ့ကြပါတယ်။ ဇာတ်ကားရဲ့ အမည်ဖြစ်သလို သူတို့တပ်ရဲ့ အမည်လည်းဖြစ်ပါတယ်။ မရောက်ဒါးတပ်ဖွဲ့ကြီးမှာ ချင်းလူမျိုးတွေနဲ့ ကချင်လူမျိုးတွေ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး သူရဲကောင်းဆုတံဆိပ်တွေလည်း ရခဲ့ကြပါတယ်။ ‌ရုပ်ရှင်ပညာ မထွန်းကားသေးတဲ့အချိန်က ရိုက်ကူးခဲ့တာဖြစ်လို့ အားနည်းချက်တွေ ရှိနေပေမယ့် သမိုင်းကြောင်းအရရော၊ ရုပ်ရှင်ရသအရရော ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားတာပါ။) File size…(2.3 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:38:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Crime • Thriller
6.2 1962 98 mins
Merrill's Marauders
Marcel the Shell with Shoes On
8.1

Marcel the Shell with Shoes On (2021) ~ IMDb – 8.1/10, RT- 99%, Meta – 81% ~ A24 ရဲ့ Mockumentary ကားလေးပါ။ မနှစ်ကရုံတင်တာဆိုပေမဲ့ ဒီနှစ်မှပဲ ဒစ်ဂျစ်တယ်ကော်ပီထွက်လာပါတယ်။ A24 vibe အပြည့်နဲ့ကားပါပဲ။ ပိုစတာပဲကြည့်လေ… ခရုခွံက အပေါက်နေရာမှာ မျက်လုံးတစ်လုံးတပ် ဖိနပ်ကြီးစီးထားတာပါ။ ဒီကောင့်နာမည်က မာဆယ်ပါ။ ဒီပုံစံလောက်နဲ့တော့ ရုတ်တရက်ဆို ချစ်ဖို့ကောင်းချင်မှ ကောင်းမှာပေမဲ့ ကားထဲက သူ့အပြုအမူတွေ စကားတွေနဲ့ ပေါင်းလိုက်ရင်‌တော့ တော်တော်ချစ်ဖို့ကောင်းပါတယ်။ Mockumentary ကား ပီပီသသ ရယ်လည်းရယ်ရသလို သရော်တာတွေက ဂွလည်းကျပါတယ်။ IMDb – 8.1/10, Rotten Tomatoes – 99% ရထားတဲ့ကားဆိုတော့ မကောင်းမှာ ပူစရာမရှိသလို ချစ်စရာကောင်းတဲ့ ခရုခွံလေးရဲ့တီတီတာတာ စကားတွေကြောင့် လူတိုင်းကြိုက်ကြလောက်မှာပါ။ တော်တော်ချစ်ဖို့ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ မာဆယ်ဆိုတဲ့ ဖိနပ်စီးခရုခွံကလေးဟာ သူ့မိသားစုတွေကို ဆုံးရှုံးထားရပြီး သူ့အဖွားနဲ့နေနေရတာပါ။ လူတွေကိုရှောင်ရင်းပေါ့၊၊ တစ်နေ့ကျ ဒင်းန်လို့ခေါ်တဲ့သူက သူနဲ့ခင်သွားပြီး သူ့ကို ဒိုကူမန်ထရီရိုက် ယူကျူ့ပေါ်တင်ရာကနေ မာဆယ်နာမည်ကြီးသွားပါတယ်။ အဲဒီကနေမှ သူ့မိသားစုကို ပြန်ရှာဖို့ ကြိုးပမ်းတဲ့အကြောင်း ရိုက်ပြထားတာပါ။ သူ့အဘွားက မနေရတော့မှာမို့ သူ့မြေးကို ဘဝမှာ ရှင်သန်တတ်အောင် သင်ပေးတာတွေကလည်း အီမိုရှင်နယ်ဖြစ်ပါတယ်။ ချစ်ဖို့လည်းကောင်း ငိုလည်းငိုရမယ့် ခပ်ဆန်းဆန်း A24 ကားပါပဲ။ မဆန်းရင် A24 ဘယ်ဟုတ်ပါတော့မလဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 600MB Quality – 1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 1H 30Min Genre – Animation, Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Crime • Mystery • Thriller
8.1 2021 90 mins
Marcel the Shell with Shoes On
Havana
5

Havana (2023) မှုခင်းဇာတ်လမ်းကို ကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးပါဦးမယ် အစိုးရရှေ့နေ အီဂျောင်မင်းဟာ အထက်ကနေ အမှုတစ်ခုကိုတာဝန်ပေးလို့ အဲအမှုလိုက်ရှေ့နေဖြစ်လာပါတယ်.. အမှုက ခင်ပွန်းဖြစ်တဲ့သူကို အိပ်နေတဲ့အချိန်မှာ ဇနီးသည်ကသတ်လိုက်တယ်လို့ စွပ်စွဲထားပါတယ် ရှုပ်ထွေးတဲ့အမှုကို ရဲတွေဘက်ကလည်း လုပ်ဆောင်တာပေါ့လျော့တာရယ်၊ အမှုစစ်က တရားခံပါလို့ တစ်ထစ်ချယုံထားတဲ့အတွက် အမှုလိုက်တဲ့ရှေ့နေကတော့ မလွယ်ကြောပါပဲ ဒီအမှုမှာ ဇနီးဖြစ်တဲ့သူက တကယ်ပဲ တရားခံလား တခြားအလှည့်အပြောင်းတွေရှိဦးမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမှာပါ Havana ဆိုတဲ့ နာမည်နဲ့ ဘာဆိုင်သွားသလဲဆိုတော့ ဇာတ်လမ်းအစမှာပဲ ဟာဗာနားဆိုတဲ့ နာမည်ဝှက်နဲ့ ရှေ့နေဆီကို သက်သေတွေ ပို့ပေးနေရာကနေ အစပြုလာတဲ့ နာမည်ဖြစ်ပါတယ် Thriller Crime ဇာတ်လမ်းကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ကြည့်ဖို့ညွှန်းပေးပါရစေနော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Crime, Thriller Quality…. 1080p | 720p File size… 900MB | 300MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz & Hmwe Encoder ….. Aaron

5 2023
Havana
Kids
7

Kids (1995) IMDB: 7.0/10 Rotten Tomatoes: 47% Genre: Drama (လိင်ပိုင်းဆိုင်ရာ ပြကွက်များ နှင့်စကားပြောကြမ်းတမ်းမှုများ ပါဝင်သောကြောင့် ၁၈ နှစ်အောက်များ သို့မဟုတ် မိသားစုနဲ့အတူ မကြည့်ဖို့ တိုက်တွန်းလိုပါသည်။) ဆယ်ကျော်သက်ဘဝဆိုတာအပြစ်ကင်းစင်ပါတယ်။ ဒါမှမဟုတ် တကယ်ပဲအပြစ်ကင်းတာလား။ ဒီရုပ်ရှင်က ဆယ်ကျော်သက်ဘဝဆိုတာ လမ်းမှားရောက်နိုင်တဲ့ အရွယ်ဖြစ်ကြောင်း ပညာပေးထားသောဇာတ်လမ်းဖြစ်ပါတယ်။ လိင်ဆက်ဆံတာကကောင်းပါတယ်။ ဒါပေမယ့် စိတ်အလိုလိုက်ပြီး အကာအကွယ်မသုံးပဲ လိင်ဆက်ဆံတဲ့အခါမှာဖြစ်လာမယ့် နောက်ဆက်တွဲတွေကခန့်မှန်းလို့မရပါဘူး။ ဒီဇာတ်လမ်းမှာ ဒါကိုသေချာပြမှာဖြစ်ပါတယ်။ ဇာတ်ညွှန်း တယ်လီနဲ့ ကက်စ်စပါ တို့နှစ်ယောက်ဟာ ဆယ်ကျော်သက်တွေဖြစ်ပါတယ်။ တယ်လီက ယောင်ရင်တောင် “ပူစီ၊ ပူစီ” လို့အသံထွက်လောက်တဲ့အထိကို “ပူစီ”ကြိုက်တဲ့လူဖြစ်ပါတယ်။ တယ်လီကြိုက်တာနောက်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အပျိုပါ။ တယ်လီက အပျိုပန်းတွေကိုပဲ လိုက်ဆွတ်ခူးနေတဲ့လူဖြစ်ပါတယ်။ ဂျန်းနီဆိုတာကတော့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူ(မ)ဘဝမှာ လိင်တစ်ခါပဲဆက်ဆံဖူးပါတယ်။ အဲဒီလူကတော့ တယ်လီနဲ့ဖြစ်ပါတယ်။ ဆေးသွားစစ်ကြည့်လိုက်တဲ့အခါမှာတော့ ဂျန်းနီမှာ “HIV” ဖြစ်နေပါတယ်။ ခက်တာက သူကလည်းတစ်ယောက်ထဲနဲ့ပဲ လိင်ဆက်ဆံဖူးပါတယ်။ အဲတော့ဆိုလိုတာက တယ်လီမှာ “HIV” ရှိနေပါပြီ။ ဂျန်းနီတစ်ယောက် တယ်လီကိုလိုက်ရှာပါတော့တယ်။ ဇာတ်လမ်းကအရမ်းကိုအေးပါတယ်။ အကြိုက်တွေ့ရန်လည်းခက်နိုင်ပါတယ်။ လိင်ဆက်ဆံသည့်အခန်းများ စကားအသုံးအနှုန်းများကြမ်းများ ဖောဖောသီသီ ပါဝင်ပါသော်လည်း ဆယ်ကျော်သက်ညီငယ် ညီမငယ်များ အတုယူ လမ်းမှားမရောက်ဖို့ ပညာယူဆင်ခြင်နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ် File size… 1.3 GB / 637 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maxifmoff

7 1995 91 mins
Kids
Ghost Town
6.7

Ghost Town (2008) IMDb Rating (6.7) / Rotten Tomatoes (85%) Ghost Twin ကားလေးဟာဆိုရင် IMDb Rating (6.7)ထိ ရရှိထားတဲ့ ဟာသ၊စိတ်ကူးယဥ် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒေါက်တာ ပင်းကတ် ဟာ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး လူမှုပတ်ဝန်းကျင်မှာလဲ အားလုံးနဲ့ကင်းကင်းရှင်းရှင်းနေလေ့ရှိပြီး နားငြီးမခံနိူင်သော ဇီဇာကြောင်၊ ကပ်စီးနည်း လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့​တော့ ပင်းကတ် ဟာ ကျန်းမာရေးကြောင့် အူမကြီးခွဲစိတ်ဖို့ဖြစ်လာပါတယ်။ ဆေးရုံတစ်ခုမှာ ပင်းကတ်ဟာ အူမကြီးခွဲစိတ်ခံနေရင်း ၇မိနစ်သေးဆုံးသွားခဲ့ရာကနေ ပြန်သတိရလာခဲ့ပါတယ်။ အဲ့အချိန်ကစပြီး ပင်းကတ်ဟာ ဝိဉာဥ်တွေကို မြင်နိူင်စွမ်းရှိလာပြီး ဝိဉာဥ်တချို့ဟာ သူတို့ မသေခင်ကမပြီးပြတ်ခဲ့တဲ့ ကိစ္စရပ်တွေကို ကူညီပေးဖို့ပြောလာတဲ့အခါမှာတော့… လူမှုဆက်ဆံရေးညံ့တဲ့ ပင်းကတ်တစ်ယောက် ဝိဉာဥ်တွေအကူညီတောင်းတဲ့ကိစ္စတွေကို ကူညီပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြည့်လိုက်ပါဦးခင်ဗျာ….. File size…(2.6 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance, Fantasy Duration….01:42:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin

6.7 2008
Ghost Town
Crossing
7.5

IMDb – 7.5/10 “ပျောက်သောသူရှာလျှင်တွေ့” တဲ့…စကားအရလွယ်ပေမယ့် လက်တွေ့မှာတော့မလွယ်ကူလှပါဘူး… အထူးသဖြင့် ကိုယ်ရှာနေတဲ့လူက အခြားနိုင်ငံတစ်ခုကိုရောက်သွားပြီး ဘာအဆက်အသွယ်မှလည်းမရှိခဲ့ရင်ပေါ့ ဒီ Crossing ဆိုတဲ့ဇာတ်ကားလေးမှာတော့ အငြိမ်းစားကျောင်းဆရာမ လီယာဆိုသူဟာ ပျောက်ဆုံး‌နေတာကြာပြီဖြစ်တဲ့ သူမရဲ့တူမ တက်ခ်လာ ကိုလိုက်ရှာဖို့ အစ္စတန်ဘူလ်ကိုခရီးထွက်လာခဲ့ပါတယ်…ခရီးစဉ်မှာမအေတူဖအေကွဲအကိုနဲ့အတူနေထိုင်ရတဲ့ မိဘမဲ့ အီချီဆိုတဲ့လူငယ်လေးက သူမကိုလိုက်လံကူညီပေးခဲ့ပါတယ်…အီချီကလည်း သူ့ရဲ့အမေကအစ္စတန်ဘူလ်အလုပ်လုပ်နေလို့လိုက်ရှာရင်းနဲ့ပါ… ဒီ‌ဇာတ်ကားရဲ့နောက်ထပ်အဓိက‌ဇာတ်ကောင်ကတော့ အစ္စတန်ဘူလ်မှာနေထိုင်တဲ့ အီဗရင်လို့ခေါ်တဲ့ လိင်ပြောင်းအမျိုးသမီးပဲဖြစ်ပါတယ်….သူမကရှေ့နေတစ်ဦးဖြစ်ပြီးတော့ သူမရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လိင်ပြောင်းအမျိုးသမီးတွေအတွက် မတရားမှုတွေ၊မမျှတမှုတွေကိုတိုက်ခိုက်ရင်း သူမရဲ့ဖြစ်တည်မှုကိုလက်မခံတဲ့လူ့အဖွဲ့အစည်းမှာ ကြံ့ကြံ့ခံမှုကိုပြသနေသူပဲဖြစ်ပါတယ်…. ဒီလိုနဲ့ တက်ခ်လာကိုလိုက်ရှာနေကြတဲ့လီယာနဲ့အီချီတို့ဟာ အီဗရင်နဲ့တွေ့ဆုံခဲ့ပြီး အီဗရင်ကပါကူညီလိုက်ရှာပေးခဲ့ပါတယ်…. ဒီဇာတ်ကားမှာ လိင်ပြောင်းအမျိုးသမီးတွေရဲ့အခွင့်အရေးတွေ၊ ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ကိုယ်ကိုရှာဖွေမှုကို ဖွင့်လှစ်ပြသထားပါတယ်…. File size…(1.7 GB)/(890 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Akm

Crime • Drama • Mystery
7.5 2024
Crossing
Tales of Halloween
5.5

Tales of Halloween (2015) IMDb Rating (5.5) / Rotten Tomatoes (77%) Tales of Halloween ဟာအချင်းချင်း အနည်းငယ်ချိတ်ဆက်ထားတဲ့ Halloween Horror ဇာတ်လမ်းတို ဆယ်ပုဒ်နဲ့ဖွဲ့စည်းထားတဲ့ ရာသီစာ anthology တစ်ကားဖြစ် ပါတယ်။ ဟော်လိုဝင်းနောက်ခံကားဖြစ်တဲ့အတွက်အပိုင်းတိုင်းအပိုင်းတိုင်းမှာ ဟော်လိုဝင်းအငွေ့အသက်တွေအပြည့်နဲ့ပျော်ပျော်ကြီး ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။ လူသားစား ဖရုံသီး၊ ‌Trick or treat လာလုပ်တဲ့ ဂြိုလ်သားတွေကအစ၊ အုပ်စုဖွဲ့အနိုင်ကျင့်တတ်တဲ့ ဘူလီတွေပညာပေးခံရတာမျိုး၊ လူသတ်ကားတွေ၊ တစ္ဆေတွေပါ ဇာတ်လမ်းတစ်ခုချင်းစီမှာ ရသစုံပါဝင်ပါတယ်။ အပိုင်းတိုင်းက ပေါ့ပေါ့ပါးပါးသရော်ထားတဲ့ ဟာသဘက်ကိုသွားထားပေမယ့် သွေးသံရဲရဲသတ်ဖြတ်ခန်းတွေထိတ်လန့်စရာတွေမှာလည်း လျော့မသွားပါဘူး။ Horror ပရိသတ်တွေအတွက် လုံး၀ Must Watch ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (760 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:38:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.5 2015 97 mins
Tales of Halloween
Razakar: The Silent Genocide of Hyderabad
7.8

Razakar: The Silent Genocide of Hyderabad (2024) လွတ်မြောက်မှုဘယ်ဆီ ဒီတစ်ခါမှာတော့ သမိုင်းရာဇဝင်ကြိုက်နှစ်သက်သူ ပရိတ်သတ်တို့အတွက် သမိုင်းကြောင်းနောက်ခံ အက်ရှင်ဒရမ်မာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ငွေဟာဒုတိယဘုရားသခင်လို့ ပြောကြတဲ့အတိုင်း သာမန်လူတွေဟာ ငွေကိုတပ်မက်ကြသလို နိုင်ငံတွေအနေနဲ့လည်း အရာအားလုံးရယူနိုင်ပါတယ်ဆိုတဲ့ လက်နက်အာဏာကို တပ်မက်ကြပြန်ပါတယ်။ ၁၉၄၇ ဩဂုတ် ၁၅ မှာအိန္ဒိယဟာ လွတ်လပ်‌ရေးရခဲ့ပေမဲ့ ဟိုင်ဒရာဘတ်ပြည်နယ်မှာတော့ မတည်ငြိမ်မှုတွေရှိနေဆဲပါ။ နိုင်ငံရဲ့တခြားနေရာတွေက လွတ်လပ်ရေးပွဲဆင်နွှဲနေကြပေမဲ့ ဗြိတိန်ဟိုင်ဒရာဘတ်ပြည်နယ်ကတော့ နီဇမ်တွေရဲ့ထိန်းချုပ်မှုအောက်ကျရောက်နေသလို ဟင်ဒူတွေကလည်း ရာဇာကာတွေရဲ့ဖိနှိပ်မှုကိုခံနေကြရတုန်းပါ။ ဟင်ဒူတွေရဲ့အိန္ဒိယကိုနန်းတက်ဖို့ဆန္ဒကို ဆန့်ကျင်ဖို့၊ နီဇမ်တွေ မူဆလင်ထိန်းချုပ်မှုအောက် ကျရောက်ဖို့ အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ရာဇာကာတွေရဲ့ အကြင်နာမဲ့မှု၊ သူတို့ကိုဆန့်ကျင်တဲ့ သူရဲကောင်းတွေရဲ့ ရဲရင့်မှုတွေကို ရင်သပ်ရှုမော ခံစားကြည့်ရှုကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Crime • Drama • Thriller
7.8 2024
Razakar: The Silent Genocide of Hyderabad
To Be Immortal
5.9

ဒီတစ်ခါ အမောလည်းပြေ ခေါင်းလည်းစားစေမယ့် ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် ဖုယန်ဆိုတဲ့ကောင်လေးဟာ သေဆုံးသွားခဲ့ပါတယ်…. ဟုတ်ပါတယ် ဆေးရုံမှာ ဝိညာဉ်နဲ့ ကိုယ်၊ ရုပ်နဲ့နာမ်ကွဲသွားပြီး အသက်ပျောက်သွားခဲ့တဲ့အချိန်မှာပဲ… သေမင်းလိုလို ဘာလိုလို ဝတ်စုံနက်ကြီးနဲ့လူတစ်ဦးကလွဲပြီး ဘယ်သူမှ သူ့ကိုမမြင်ရဖြစ်နေတာကြောင့် စကားသွားပြောရာကနေ … ငါနဲ့ မသေမျိုးကျင့်စဉ် ကျင့်မလား ချက်ချင်းငရဲသွားမလားလို့ အမေးခံလိုက်ရတယ်…. ဒီလိုအမေးခံရရင် ဘယ်သူကများ ငရဲတန်းသွားမယ်ဖြေမှာလဲနော်…. ဖုယန်လည်း နောက်ဆုံးမှာ ကျင့်စဉ်ကျင့်ဖို့ ရွေးခဲ့ရာကနေ အချိန်စက်ဝန်းမန္တန်အရ ဘယ်ရောက်မှန်းမသိရောက်သွားရာကနေ… ပထမဆုံး ဓားပျံလေးက ပြောင်းလဲသွားတဲ့ ဓားဝိညာဉ်ကို ကြွေသွားတာက တစ်မျိုး… ဘိုးတော်ဘုရားခေတ်ကိုပြန်ရောက်ပြီး လေ့ကျင့်မှုတွေကို လေ့ကျင့်ရတာက တစ်မျိုး… နောက်ပြီး မသေမျိုး စစ်ဆေးခြင်းစာမေးပွဲ ကျရင် ဝိညာဉ်ပျက်စီးသွားမယ်တာကြီးကလည်းရှိနေတော့… မသေမျိုးဖြစ်အောင် ဘယ်လိုတွေကျင့်မှာလဲ…. သူစာမေးပွဲတွေကို အောင်ပါ့မလား… ဘာစာမေးပွဲတွေလဲ… နောက်ပြီး အဆုံးသတ်တော့မှာ အိပ်မက်ကြီးဆိုပြီးပဲ အဖျားရှူးသွားမလားဆိုတာ ဇာတ်လမ်းလေးဒေါင်းပြီး ပေါက်ပေါက်လေးစားရင်း ကြည့်ပြီး အဖြေထုတ်လိုက်တော့နော်…

Action • Adventure • Thriller
5.9 2018
To Be Immortal
My Fault: London
6.2

My Fault: London (2025) IMDb Rating (6.2) ဒီရုပ်ရှင်ကတော့ အလန်းစားလူငယ် Cast တွေနဲ့ ရိုက်ကူးထားတဲ့အချစ်အနမ်းခပ်ကြမ်းကြမ်း ဒရမ်မာကားကောင်းဖြစ်ပါတယ်။ ငယ်ငယ်ထဲက ကွဲသွားပြီး အင်္ဂလန်မှာ နောက်အိမ်ထောင်ကျသွားတဲ့ မိခင်ရဲ့လှမ်းခေါ်မှုကြောင့်အမေရိကန် ဖလော်ရီဒါကနေ အင်္ဂလန်က အမေနောက်ကို လိုက်သွားဖို့ နိုအာဆိုတဲ့ ကောင်မလေးမှာ ကံပါလာပါတယ်။ သူနေရာမယ့် အိမ်မှာ သူ့ပထွေးနဲ့ သူ့ရဲ့သားဖြစ်သူ နစ်ခ်တို့နဲ့ အတူနေဖို့ရှိလာတယ်။ နစ်ခ်က မြေအောက်လက်ဝှေ့ဝိုင်းတွေထိုး ကားတွေပြိုင်မောင်းတတ်တဲ့ RK Bad Boy လေးပေါ့ရောက်ခါစတော့ နိုအာနဲ့ နစ်ခ်တို့ ဘယ်လိုမှ အစေးမတည့်ပေမဲ့ နောက်ပိုင်းအနေနီးလို့ ကိစ္စတစ်ခုကနေတစ်ခု တစ်ခုသံယောဇဉ်တွေတွယ်ပြီးအကြောင်းတိုက်ဆိုင်လာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲ ကြည့်ရှုရမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(7.6 GB) / (2 GB) / (1 GB) Quality….Web-Dl 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo, Thiha Yan Naing

Comedy • Drama
6.2 2025
My Fault: London
The Bhootnii
6.1

The Bhootnii 2025 (ချစ်ခြင်းကိုတောင့်တနေတဲ့ အချစ်သရဲမလေး) နာမည်ကြီးမင်းသားကြီး ဆန်ဂျေးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ သရဲကားအသစ်စက်စက်ကြီးထွက်ရှိလို့လာပါပြီ။ စိန့်ဗင်ဆင့်ဆိုတဲ့ ကျောင်းတော်ကြီးမှာ ထုံးတမ်းဓလေ့ပွဲတစ်ခုရှိပါတယ်။ အဲဒီဓလေ့ပွဲကတော့ သူတို့ကျောင်းဝင်းထဲမှာရှိတဲ့ အပျိုစင်သစ်ပင်ဆိုတဲ့ သစ်ပင်ကြီးကို နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့မှာ ပူဇော်လေ့ရှိတဲ့ ဓလေ့ပဲဖြစ်ပါတယ်။အဲဒီလို အပျိုစင်သစ်ပင်ကြီးကို ပူဇော်ရင် အချစ်စစ်နဲ့တွေ့ရမယ်ဆိုတဲ့ အယူရှိကြပါတယ်။ သို့ပေမဲ့လည်း အဲဒီသစ်ပင်ကြီးမှာ သရဲမတစ်ယောက်ရှိနေပြီး အဲဒီသရဲမဟာ ချစ်သူများနေ့မှာပဲ ပေါ်လာတတ်ပါတယ်။ အဲဒီလို သရဲမက ပေါ်လာပြီဆိုရင်လည်း ယောက်ျားလေးတွေ တစ်ယောက်မဟုတ် တစ်ယောက် သတ်သေတာမျိုးက နှစ်စဉ်နှစ်တိုင်းကြုံတွေ့လာရပါတယ်။ အဲဒီအကြောင်းကို ကျောင်းသူလေးတစ်ယောက်က သတိထားမိသွားရာကနေတဆင့် ကျောင်းမှ တာဝန်ရှိသူများက ဒီဖြစ်ရပ်ကို တားဆီးနိုင်ဖို့ လုပ်ကြတဲ့အခါမှာတော့ ……… ကျောင်းမှ တာဝန်ရှိသူများမှ ဒီကျောင်းရဲ့ ကျောင်းသားဟောင်းဖြစ်တဲ့ ဘာဘာလို့ခေါ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို သိပ္ပံနည်းကျ ဖြေရှင်းပေးတဲ့သူကို ဒီကိစ္စတွေ ဖြေရှင်းပေးဖို့ ခေါ်လိုက်ရာကနေ အပျိုစင်သစ်ပင်မှာရှိတဲ့ သရဲမက ဘယ်လိုအကြောင်းတွေကြောင့် ဒီသစ်ပင်ကြီးမှာရှိနေရတာလဲ …….. ဒီသရဲမရဲ့ ဘဝ ဇာတ်ကြောင်းကရော ဘာလဲ …… ဘာဘာ တစ်ယောက်ရော အပျိုစင်သစ်ပင်ပေါ်က သရဲကို နှိမ်နင်းပေးလိုက်နိုင်မှာလား …… ဆိုတာကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမဲ့ သရဲကားဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.1 2025 130 mins
The Bhootnii