YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Secret Garden (2019) (EP5).mp4

411.65 MB 720p video/mp4 477 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Meat Grinder
5.5

Slasherရုပ်ရှင်​တွေမှာ Sawနဲ့ Wrong Turn franchise​တွေက iconic filmတွေ ဖြစ်သလို အ​ရှေ့တိုင်းဘက်မှာ​ဆို ဟောင်​ကောင်ရုပ်ရှင်​တွေရဲ့ ပြကွက်​ကြမ်းကြမ်းနဲ့ အ​ပြောကြမ်းကြမ်း​တွေက slasher genre ကိုမှ ကြိုက်တဲ့သူတွေကြား ရေပန်းစားပါတယ်။ အ​ရှေ့တိုင်း ရုပ်ရှင်တွေက လက်​တွေ့ဘဝနဲ့ ပိုနီးစပ်တာ​ကြောင့် ​ဖြစ်ရပ်မှန်လိုလို စိတ်ကူးယဉ်လိုလို မတင်မကျဖြစ်​စေသလို ဆင်ဆာ​တွေလည်း ရှယ်ပလန်နဲ့ ထိခဲ့တာပါ။ အခုဇာတ်ကားကလည်း မူရင်းဖြစ်တဲ့ ထိုင်းနိုင်ငံအပြင် နိုင်ငံအများစုမှာ ပေါက်​ရောက်ခဲ့သလို ရှယ်အဘန်းခံ၊ ရှယ်ဆင်ဆာဖြတ်ခံခဲ့ရတာ​ကြောင့် originalနဲ့ uncut version ၂မျိုးဖြန့်ချီခဲ့ရတာပါ။ ဆင်ဆာ​ဖြေ​လျှော့မှု​ စပေးခဲ့တယ်ဆိုတဲ့ ၂၀၀၉မှာ ပြခဲ့တာ​တောင် ရက်စက်ကြမ်းကြုတ်မှု​နဲ့ ​သွေးသံရဲရဲပြကွက်​တွေ များလွန်းတာ​ကြောင့် ကြာချိန် ၁၀၂မိနစ်ထိရှိတဲ့ မူရင်းversionကို ၈၄မိနစ်ထိ ဖြတ်ချပြီး ပြသခဲ့ရပါတယ်။ တချို့​သော ဇာတ်ဝင်ခန်း​တွေကို စ ဆုံး ပြန်ရိုက်ကူးရတာ​တွေရှိသလို blur effect​ ထည့်ခဲ့ရတာ​တွေလည်း ရှိပါတယ်။ ၂၀၁၀ခုနှစ်မှာ​တော့ uncut versionကိုဖြန့်ချီခဲ့ပြီး Negative review​ များစွာရခဲ့သလို ​တောင်ကိုရီးယားနိုင်ငံမှာ၂ခါတိတိ banခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံတစ်ဝန်းလုံးက ခေါက်ဆွဲဆိုင်​တွေရဲ့ ဆန္ဒပြခြင်းကို ခံခဲ့ရပြီး မူရင်းနာမည် Kuai-tiao Nuea Khon( လူသား​ခေါက်ဆွဲ)ဆိုတာကိုပါ ​ပြောင်း​လဲလိုက်ရပါတယ်။ ဒီလိုနာမည်ဆိုး​တွေရှိခဲ့​ပေမယ့် ထိုင်းရုပ်ရှင် အစည်းအရုံး ဆု​ပေးပွဲမှာ Best Actressဆု Best Art Directionဆုနဲ့ Best Make-upဆု​တွေမှာ ဆန်ကာတင်စာရင်း ဝင်ခဲ့ပါ​သေးတယ်။ ဇာတ်လမ်းက​တော့ ငယ်စဉ်ကတည်းက ကြမ်းတမ်းခက်ထန်တဲ့ ဘဝကို ရင်ဆိုင်ခဲ့ရတဲ့ ဘွတ်ဆိုတဲ့ အမျိုးသမီးအ​ကြောင်းပါ။ ခ​ယောင်းလမ်းလို ခါးသီးလှတဲ့ဘဝကြီး​ကြောင့် စိတ်​ဒဏ်ရာ​အပြည့်နဲ့ တခြားသူမမြင်ရတာ​ မြင်​နေရ၊ တခြားသူမကြားရတာတွေ ကြား​နေရသူ​ပေါ့။ စိတ်ဒဏ်ရာက စိတ်ဒဏ်ရာ၊ စားဝတ်​နေ​ရေးက စားဝတ်​နေ​ရေးဖြစ်​​နေပြန်တော့ အ​​မေ့ရဲ့ လက်ငုတ်လက်ရင်း ​ခေါက်ဆွဲ​ရောင်းပြီး အသက်​မွေးရပြန်ပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့ ​ခေါက်ဆွဲလှည်း​လေးတွန်းပြီး ​ဈေး​ရောင်းထွက်လာချိန် ​ကျောင်းသားအဓိကရုဏ်းနဲ့ တည့်တည့်တိုး​​ပြီး ဆန္ဒပြသူတစ်​ယောက်ရဲ့ လက်ကိုဆွဲ အဆွဲမခံရဖို့အ​ရေး ​ပြေးရပါ​တော့တယ်။ သူပစ်ထားခဲ့တဲ့ ​ခေါက်ဆွဲလှည်းနားမှာလည်း ဖမ်းဆီးခံထားရသူ​တွေ၊သွေးထွက်သံယိုနဲ့ ​ကျောင်းသား​တွေ၊အ​လောင်း​တွေ ပလူပျံလို့​ပေါ့။ ဘွတ်လည်း သူ့လှည်း ပြန်ယူပြီး အဆိုပါ အနိဌာရုံ​တွေကြားထဲက ဖြတ်ပြန်လာပါ​တော့တယ်။ အိမ်​ရောက်ချိန် လှည်းထဲက​​ သွေး​စိမ့်ထွက်​နေတာမြင်လို့ ကြည့်လိုက်မှ အထဲမှာ ​ကျောင်းသားအ​လောင်းတစ်ခု ရှိ​နေတာပါ။ နဂိုစိတ်​ဝေဒနာရှင် ဘွတ်ဟာ ဒါကိုမြင်​တော့ ကြံရာမရဖြစ်ရင်း အသား​ပေါ်ပြီး သူ​​ရောင်းတဲ့ ​ခေါက်ဆွဲပြုတ်ထဲ ထည့်​ရောင်းလိုက်ပါတယ်။ သူ​​ရဲ့ အသားလုံး​ခေါက်ဆွဲဟာ နာမည်ကြီးလာခဲ့သလို ဆန္ဒပြတဲ့​နေ့က သူ့လက်ကိုဆွဲ​ပြေးခဲ့တဲ့ ​ကောင်​လေးအ​ပေါ် မေတ္တာရှိလာတဲ့ ဘွတ်အဖို့ ​​​​ပန်းခင်းလမ်းကိုရောက်​တော့မလို ခံစားရပြီးမှ မ​ထင်ထားတဲ့ ကိစ္စ​တွေ ဖြစ်လာပါတယ်။ သူအသား​ပေါ်​ရောင်းလိုက်တဲ့ ​​ကျောင်းသား​လေးက သူမေတ္တာရှိ​နေသူရဲ့ သူငယ်ချင်းဖြစ်​နေသလို သူ့ခေါက်ဆွဲဆိုင်​လေးက ​အသားလုံး​ခေါက်ဆွဲ​ကြောင့် နာမည်ရလာပြီး​နောက် အသားလုံးလုပ်ဖို့ ကုန်ကြမ်း​တွေလိုလာတဲ့အခါ... အသတ်အဖြတ် အခုတ်အထစ်​က​တော့ တစ်ကားလုံး အလျှံပယ်ပါပဲ။ မင်းသမီးကြီး Mai Charoenpuraကလည်း ဆန်ကာတင်စာရင်းမှာ ထိုက်ထိုက်တန်တန်ပါခဲ့တယ်လို့ ​ပြောရ​လောက်​အောင် သရုပ်​ဆောင် ​စွမ်းရည်ကို ပြထားတာပါ။ ဘွတ်ရဲ့ စိတ်ဒဏ်ရာအကျိုးဆက်​တွေကို ရိုက်ပြတဲ့​နေရာမှာ FFP shotစတိုင် ဆက်တိုက်ရိုက်ကူးထားတဲ့ပုံစံက ဘွတ်ရဲ့စိတ်အ​ခြေအ​နေကို အ​တော်​ပေါ်လွင်​စေသလို VHS​အခွေပုံစံ Retroပြကွက်​တွေကိုလည်း သ​ဘောကျမိပါတယ်။ ကျွန်​တော်တို့​တွေ အရမ်းချစ်ရတဲ့ Baifern လည်း ပါပါသေးတယ်။ ဘယ်နေရာမှာလဲ ဆိုတာတော့ စလယ်ဆုံး မလွတ်တမ်းကြည့်ရင် မြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ် ညဘက်​ခေါက်ဆွဲပြုတ်စားရင်း မကြည့်မိပါ​စေနဲ့။ အချက်အလက်များကို Wikipediaမှ ကိုးကားထားပါသည်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ် Genre..... Horror Quality…. 1080p | 720p | 480p File size… 2.1GB | 856MB | 321MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Crime • Horror • Thriller
5.5 2009 90 mins
Meat Grinder
My Girlfriend is a Serial Killer
5.7

အချစ်ဆိုတာ ဒီလောကမှာ အဆန်းကြယ်ဆုံးအရာပါပဲ။ တချို့က ချောချောလေးတွေကို ချစ်ကြတယ်။ တချို့က စာကြမ်းပိုးမလေးတွေကို ချစ်ကြတယ်။ တချို့က သေးသေးလေးတွေကို ချစ်ကြတယ်။ တချို့ကကျ နားလည်ရခက်တဲ့ ကောင်မလေးတွေကို ချစ်ကြတယ်။ ပြောမကုန်ဘူးပေါ့။ လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ပြောလည်း မဆုံးပါဘူး။ ဆိုပေမဲ့ ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကျော်ကြီးကတော့ ဘေးခန်းက ကောင်မလေး လူသတ်တာကို မြင်ပြီး ချစ်မိတယ်တဲ့ဗျာ။ ဆန်းတော့ဆန်းသား... အဲဒီကောင်မလေးက သူ့ကိုသတ်ချင်လည်း သတ်နိုင်တာ သူသိပေမဲ့ ချစ်မိနေဆဲပါပဲ။ လောကမှာ အသန့်စင်အမွန်မြတ်ဆုံး အချစ်ထက်မြင့်တဲ့ ဆီရီရယ်တိုးနစ်အချစ်ကို ပုံဖော်ထားတဲ့ ဂျပန်ကားလေးပါပဲ။ မင်းသမီးလေးလည်း ချောပါတယ်။ ခပ်ချောချော ကောင်မလေးတွေ လူသတ်တဲ့အခါ ချစ်စိတ်အပြည့်နဲ့ ကြည့်တတ်အောင်လို့ ကြည့်ရှုမုဒိတာပွားထားသင့်တဲ့ ရုပ်ရှင်ပါပဲ။ လောကမှာ အချစ်ဟာအကြီးအကျယ်ဆုံးအရာပဲမလား။ ကောင်မလေးချောနေရင်ပေါ့ဗျာ... (အညွှန်းရေးပေးထားသူကတော့ Lucifer Morningstar ဖြစ်ပြီး ဇာတ်ကားကို Nay Lin Thar မှ ပြန်ဆိုပေးထားပါတယ်) Size - 1.6GB, 773MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 43Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Nay Lin Thar Encoded by Y

Comedy • Romance • TV Movie
5.7 2019 103 mins
My Girlfriend is a Serial Killer
Josh
5.9

အိန္ဒိယနဲ့အတူလွတ်လပ်ရေးမရခဲ့ဘဲ နောက်ပိုင်းကျမှရခဲ့တဲ့ Goa ဆိုတဲ့ နယ်မြေကလေးဟာ အခုချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ အဲဒီ့မတိုင်မီ ပေါ်တူဂီတွေအုပ်စိုးသွားခဲ့ပြီး သူတို့ထွက်သွားတဲ့အချိန်မှာဆိုရင် Goa မှာရှိတဲ့ မြေကွက်တွေဟာ ဦးသူယူဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။ Goa ရဲ့အကြီးဆုံးမြို့တစ်ခုဖြစ်တဲ့ Vasco ဆိုတဲ့မြို့လေးမှာတော့ မြေကွက်တွေ နေအိမ်တွေကို အတင်းအဓမ္မ လိုက်လု၊မောင်းထုတ်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကင်းမြီးကောက်ဂိုဏ်းဆိုတာရှိတယ်ဗျ။ အဲဒီဂိုဏ်းရဲ့ မဟာရန်ဘက်ကတော့ လင်းယုန်ဂိုဏ်းပေါ့။ သူတို့နှစ်ဖွဲ့ဟာ မတည့်လွန်းလို့ အလယ်မှာစည်းခြားပြီးတောင် ကိုယ့်နယ်မြေ သူ့နယ်မြေသတ်မှတ်ခဲ့ကြပါတယ်။ ပိုင်နက်ကျော်လာတာနဲ့ ကျော်လာတဲ့သူကို အဖွဲ့လိုက်ကြိတ်ကြတာပေါ့။ အဲဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကလည်း လူငယ်လေးနှစ်ယောက်ပါပဲ။ အသက်အရွယ်အားဖြင့် သွေးကြွတတ်တဲ့အရွယ်ပေါ့။ ဒါပေမယ့် သူတို့ဆော်မယ်ချမယ်လုပ်တိုင်း မြို့က ရဲမင်းကြီးတို့ သင်းအုပ်ဆရာတို့ရောက်လာနဲ့ အစွယ်မရှိတော့တဲ့ ကျားနှစ်ကောင်လိုပဲ ပခုံးဖက်လို့ ခင်ချင်ဆောင်တတ်ကြပါတယ်။ လင်းယုန်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်မှာအမြွှာညီမတစ်ယောက်ရှိသလို ‌ကင်းမြီးကောက်ဂိုဏ်းရဲ့ခေါင်းဆောင်မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်ဗျ။ အခုလိုကြောင်နဲ့ကြွက်လို မတည့်ဖြစ်နေတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မြို့ကပြန်လာတဲ့ ကင်းမြီးကောင်ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုဟာ လင်းယုန်ဂိုဏ်းခေါင်းဆောင်ရဲ့ညီမ‌ကို ဘယ်လိုကြွေသွားမလဲ၊ သူတစ်ယောက်တည်း ဘယ်လိုရှေ့ဆက်ကြိုးစားမလဲဆိုတာကိုလည်း ခေတ်သစ်ရိုမီရို-ဂျူးလိယက်ပြဇာတ်သဖွယ် ကြည့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထစ်ခနဲရှိ ချမယ်နှက်မယ်ဆိုတဲ့ ဂိုဏ်းနှစ်ဂိုဏ်းရော ဘယ်လိုတွေဆက်ဖြစ်မလဲ ... ကျွန်တော်တို့ငယ်စဉ်အခါက ကြည့်ခဲ့ဖူးတဲ့ မင်းသားကြီးရှရွတ်ခန်းကို သီချင်းကောင်း ကကွက်ဆန်းတွေနဲ့အတူ ပြန်လည်လွမ်းဆွတ်ရင်း ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် မျက်ဝန်းပြာတွေနဲ့ တစ်ကမ္ဘာလုံးကို သိမ်းကြုံးဆွဲဆောင်ခဲ့တဲ့ မယ်ကမ္ဘာ Aishwarya Rai ကိုပါ ငယ်နုစွာ ရှုစားရမှာပါ။ (ဘာသာပြန်သူတွေကတော့ Htoo Aung, John, Intelligence နဲ့ Thaik Sanတို့ဖြစ်ပါတယ်။) File size…(3.7 GB) and (1.8 GB) Quality….WEB-DL 1080p & 720p Format…mp4 Duration….02:31:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung, John, Intelligence,Thaik San

Action • Crime • Drama
5.9 2000 157 mins
Josh
The Old Ways
6.9

IMDb - 6.4/10 Rotten tomatoes - 95% Horror ကားကောင်းကိုမှ သဘောကျတဲ့ CM ပရိသတ်တွေအတွက် 2020 တုန်းကထွက်ရှိထားတဲ့ မက်ဆီကန် horror ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်ကနေလာတဲ့ မက္ကဆီကိုလူမျိုး သတင်းထောက် ခရစ္စတီးနားတစ်ယောက် ရိုးရာယုံကြည်မှုတွေကိုသတင်းရေးဖို့အတွက် သူ့ရဲ့ဘိုးဘွားတွေရှိရဲ မွေးရပ်မြေ မက္ကဆီကို ကိုပြန်လာပြီး လေ့လာနေတဲ့အချိန်မှာ မသွားသင့်တဲ့နေရာတစ်ခုကို သွားလိုက်မိလို့ ဒေသခံတွေပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ်။ ပြန်ပေးဆွဲခံရတဲ့အကြောင်းအရင်းကတော့ သူ့ကိုနတ်ဆိုးဝင်ပူးနေလို့ပါတဲ့။ ဒီလိုနဲ့ ခရစ္စတီးနားဆီကနေ နတ်ဆိုးကိုနှင်ဖို့လုပ်ကြရင်း နတ်ဆိုးကိုပဲအောင်မြင်စွာနှင်နိုင်မလား မအောင်မြင်ပဲ နတ်ဆိုးကဆက်ရှိနေမလား ခရစ္စတီးနားတစ်ယောက်ရောဘယ်လိုဆက်ဖြစ်မလဲဆိုတာကို သည်းထိပ်ရင်ဖိုနဲ့ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…1.18GB/ 419.9MB Quality…Web-DL  1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ..... Drama  , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

Crime • Drama • Horror
6.9 2020 90 mins
The Old Ways
Hoon Payon

Hoon Payon (2023) ထမ် အဖြစ် Phuwin Tangsakyuen တေး အဖြစ် Up poompat lam-samang ဂျိတ် အဖြစ် Nick Kunatip pinpradab “ဒွမ်ဆင်ထမ်း” ဆိုတဲ့ကျွန်းမှာ ဘိုးဘိုးကြီဆက်ထမ်းရုပ်တုတော်ကို အရမ်းယုံကြည်ကိုးကွယ်ကြပါတယ် တစ်နေ့မှာ ထမ်ဟာ သူ့အစ်ကိုဖြစ်တဲ့ ဘုန်းကြီးထီကို သူတို့မိဘဆုံးသွားကြောင်း သတင်းပြောဖို့ ဒွမ်ဆင်ထမ်းကျွန်းကိုရောက်လာခဲ့ပါတော့တယ် ဒါပေမဲ့ သူရောက်လာတော့ သူ့အစ်ကိုဖြစ်တဲ့ ဘုန်းကြီးထီဟာ ကျောင်းထိုင်ဆရာတော်ကိုသတ်တယ်လို့စွပ်စွဲခံရပြီး ပျောက်ဆုံးနေပါတယ် ထမ်ဟာ သူ့အစ်ကိုအကြောင်းစုံစမ်းဖို့ အဲ့ဒီဘုန်းကြီးကျောင်းမှာတည်းဖို့ ဘုန်းဘုန်းကိုခွင့်တောင်းလိုက်ပါတယ် အဲ့ဒီကျွန်းမှာ တစ်ခုထူးခြားတာက အရိုးပြာကို ရုပ်တုထဲထည့်တဲ့ဓလေ့ပါ သူတည်းတဲ့ပထမညမှာတင် ထူးဆန်းတဲ့အရာတွေဖြစ်ခဲ့တယ် အဲ့ကျွန်းမှာ ဂဝံရုပ်အစီအရင်လုပ်နေတဲ့သူရှိပါတယ် ဂဝံရုပ်လုပ်နည်းတွေမျိုးစုံရှိတဲ့ထဲမှာ လူသေအလောင်းနဲ့ဂဝံရုပ်သရဲတွေလုပ်ပြီး လူတွေကိုလိုက်ခြောက်တာပါ။ ဆိုတော့ အဲ့ဒီဂဝံရုပ်သရဲလုပ်တဲ့သူကဘယ်သူလဲ ထမ်တို့ဘယ်လိုကိုင်တွယ်မှာလဲ ထမ် သူ့အစ်ကိုကိုရော ရှာတွေ့မလား ဇာတ်ကားထဲကြည့်လိုက်ရအောင်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.4GB | 715MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Nang Mwe Kham Encoder ….. Aaron

Horror • Drama • Thriller
0 2023
Hoon Payon
When Evil Lurks
7.2

When Evil Lurks (2023) ~ IMDb – 7.2/10, Rotten Tomatoes – 99% ~ ဒီနှစ်ရဲ့ ရှားရှားပါးပါး ဟော်ရာကားကောင်းပါ။ မနှစ်ကတော့ ဟော်ရာကားအလန်းစားတွေ သောက်သောက်လဲထွက်ခဲ့သလောက် ဒီနှစ်တော့ ဟော်ရာကားခပ်လန်းလန်း တော်တော်ရှားသွားပါတယ်။ ထွက်ဖို့တော့ ရှိသေးပေမဲ့ အခုထိတော့ ကောင်းကောင်းတန်းတန်းတော်တော်ရှားပါတယ်။ ဒီလိုအခြေအနေထဲမှာမှ အာဂျင်တီးနားဒါရိုက်တာရိုက်တဲ့ ဟော်ရာကား အလန်းစားတစ်ကားထွက်လာပါတယ်။ သိရသလောက်ဆို ၂၀၂၃လက်ရှိအထိ ထွက်ခဲ့တဲ့ဟော်ရာကားတွေထဲ အလန်းဆုံးလို့ပြောလို့ရပါတယ်။ ဒီကားကလည်း လန်းသလို တခြားကားတွေကလည်း စွံမနေဘူးကိုး။ သို့ပေမဲ့လည်း Rotten Tomatoes Rating အရရော၊ IMDb Rating အရရော ကျွန်တော်တို့ဆီ မထွက်သေးတဲ့ နာမည်ကြီးကားတွေရဲ့ Rating ထက်ကို သာနေတယ်။ ဇာတ်ကလည်း ဇွတ်ဖြဲခြောက်မဟုတ်ဘဲ အထာကျတယ်။ ရုတ်တရက်အလန့်တကြားအခန်းတစ်ခန်းပေါ်လာလို့ လန့်ဖြန့်ပြီး အကြည့်လွှဲမယ်လည်းမကြံလိုက်နဲ့။ ဇာတ်ဘာဖြစ်သွားလဲ မသိရဘဲဖြစ်သွားမယ်။ ဇာတ်ရော ခြောက်လုံးရော ကောင်းနေတဲ့ ဟော်ရာကားလို့ပြောရမယ်။ ဘော်ဒီဟော်ရာဆန်ဆန် မသတီစရာကောင်းတာတွေလည်းပါတယ်။ ဇာတ်ကတော့ အစွန်အဖျားဒေသတစ်ခုမှာ လူတစ်ယောက် မသေဘဲ ပုပ်ပြီး အလောင်းကောင်ထက် တော်တော်ကြည့်ရဆိုးလာတယ်။ အပုပ်ကောင်ဖြစ်လာတယ်ပေါ့။ သူတို့အဆိုအရတော့ ဒီလူက နတ်ဆိုးဝင်ပူးခံထားရတဲ့လူပဲ။ မသေနိုင်ဘဲ ဝေဒနာခံစားနေရတဲ့ သူ့ကို ဒီတိုင်းသတ်လိုက်ရင် နတ်ဆိုးကလွတ်သွားမယ်။ သန့်ရှင်းရေးသမားလို့ခေါ်တဲ့ ရှင်းလင်းရေးသမားတွေလာပြီး စည်းစနစ်ကျကျ ရှင်းလင်းပေးမှရမှာ။ ဒီလိုနဲ့ သူ့ကိုလာရှင်းပေးမယ့် သန့်ရှင်းရေးသမားက လမ်းမှာတင် နှစ်ပိုင်းဖြတ်အသတ်ခံလိုက်ရတယ်။ သူ့ကိုရှင်းပေးမယ့်သူ မရှိတော့ဘူး။ အဲဒီဒေသကလူတွေက နောက်ဆက်တွဲတွေကို တွေးပူပြီး အဲဒီအပုပ်ကောင်ကို ကားနဲ့သယ်ပြီး တစ်နေရာသွားပစ်တယ်။ ဒါပေမဲ့ လမ်းမှာပျောက်သွားပြီး ပြဿနာကြီးလာခဲ့တယ်။ ဝင်ပူးခံရတဲ့လူတွေများလာပြီး ကမောက်ကမတွေဖြစ်လာတယ်။ ဒါကို သူတို့ ဘယ်လိုရင်ဆိုင်ကြမလဲ ပြထားတယ်။ နတ်ဆိုးပဲ အောင်မြင်မလား လူသားပဲ အောင်မြင်မလားဇာတ်က ဆန်းတော့မဆန်းဘူး။ ဒါပေမဲ့ ဒီကားရဲ့ တင်ဆက်ပုံကတော့ ဆန်းခဲ့တယ်။ ဒီရုပ်ရှင်တစ်ကားလုံး ရုပ်ရှင်ထဲကလူတွေကို နတ်ဆိုးက အလစ်အငိုက်ဖမ်းတိုက်ခိုက်ဖို့ စောင့်နေလိမ့်မယ်။ နတ်ဆိုးရန်က ကာကွယ်ဖို့ လိုက်နာရမယ့်စည်းမျဉ်း ၇ခုရှိတယ်။ ပထမ – နတ်ဆိုးဝင်ပူးခံထားရတဲ့သူရှိနေတာကို မမေ့စေနဲ့။ ဒါမှ ခေါင်းထဲဝင်လာပြီး ကိုယ်မလုပ်ချင်တာတွေ ခိုင်းလို့မရမှာ။ ဒုတိယ – လျှပ်စစ်မီးမသုံးနဲ့။ လျှပ်စစ်မီးရဲ့အရိပ်မှာ နတ်ဆိုးက ခိုနိုင်တယ်။ တတိယ – တိရိစ္ဆာန်တွေနားမကပ်နဲ့။ စတုတ္ထ – ဝင်ပူးခံထားရတဲ့သူ သုံးဖူးတာတွေကို မထိနဲ့။ ပဥ္စမ – ဝင်ပူးခံထားရတဲ့သူကို နာကျင်အောင်မလုပ်နဲ့။ ဆဠမ – နတ်ဆိုးနာမည်ကို မခေါ်မိစေနဲ့။ သတ္တမ – အကြောက်တရားမရှိစေနဲ့။ နတ်ဆိုးကတော့ ခန္ဓာနဲ့မွေးဖွားလာဖို့ ခြုံခိုတိုက်ဖို့စောင့်နေလေရဲ့။ စည်းမျဉ်း ၇ခုကို လူတွေလိုက်နာနိုင်ကြပါ့မလား… ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ၂၀၂၃ထဲ လက်ရှိထွက်ဖူးသမျှတွေထဲ အလန်းဆုံး ဟော်ရာကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 675MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 39Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2023
When Evil Lurks
G.I. Jane
6

ယောက်ျားမိန်းမ ခွဲခြားဆက်ဆံခြင်းဆိုတာ ဟိုးအရင်ကတည်းကနေ အခုထက်ထိ ဆက်ရှိနေသေးတဲ့ပြဿနာကြီးတစ်ခုပါ။ စစ်တပ်တွေထဲမှာလည်း အဲ့လိုခွဲခြားမှုတွေအများအပြားရှိခဲ့ပါတယ်။ ယောက်ျားတွေက ဘယ်နေမှာမဆို တာဝန်ထမ်းဆောင်လို့ရပေမဲ့ အမျိုးသမီးတွေကိုတော့ ကျန်တဲ့အရာတွေမကြည့်ဘဲ အမျိုးသမီးဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ရာထူးနေရာတွေ လေ့ကျင့်ရေးတွေ အများအပြားမှာ ပိတ်ပင်ခံခဲ့ရပါတယ်။အခုတင်ဆက်ပေးမဲ့ G.I Jane ဆိုတဲ့ 1997 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားထဲမှာအဲ့လိုခွဲခြားမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီး IMDb Rating 6.0 ရရှိထားတဲ့ ဟောင်းပေမဲ့ကောင်းနေဆဲ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အိုနီးလ်ဆိုတဲ့ထောက်လှမ်းရေးမှာ အလုပ်လုပ်နေတဲ့အမျိုးသမီး တစ်ယောက်က တစ်နေ့မှာတော့အဲ့လိုခွဲခြား ဆက်ဆံမှုတွေကို မကြိုက်တဲ့ အမတ်ကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ ရေတပ် လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလေ့ကျင့်ရေး က တော်ရုံလေ့ကျင့်ရေးမဟုတ်ဘဲ အမေရိကန်တစ်နိုင်ငံလုံးမှာ အပြင်းထန်ဆုံး လေ့ကျင့်ရေးဖြစ်တဲ့အတွက် တော်ရုံယောက်ျားတွေပါ လွယ်လွယ်ကူကူမကျော်ဖြတ်နိုင်တဲ့ လေ့ကျင့်ရေးတစ်ခုပဲဖြစ်ပါတယ်။ အိုနီးလ်က မိန်းမသားဖြစ်ပေမဲ့ စိတ်ဓာတ်မာတဲ့အတွက် အဲ့ဒီလေ့ကျင့်ခန်းတွေ အားလုံးကို ဘယ်လိုအခက်အခဲတွေရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ခဲ့မလဲ နောက်ဆုံးမှာရော သူအောင်မြင်ခဲ့မလား သူ့ကိုကူညီပေးခဲ့တဲ့ အမတ်ကြီးကရော ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေကြောင့် ဒီလိုလုပ် ပေးခဲ့တာလဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.07B / 962MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 5m Genre ….. Action , Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6 1997 125 mins
G.I. Jane
Feast

ဒီဖိလစ်ပိုင်မှုခင်းဇာတ်ကားလေးကတော့ ကားတိုက်ပြေးမှုတစ်ခုကြောင့် မိသားစုနှစ်ခုကြား ပတ်သက်ဆက်နွယ်ဖို့ ရှိလာတာကို အခြေခံရိုက်ကူးထားပါတယ် ချမ်းသာတဲ့မိသားစုက သားဖြစ်သူ ရာဖယ်က ဧည့်ခံပွဲအတွက် အဖေ အက်ဖရက်ဒိုတွာဇွန်နဲ့အတူတူ ဈေးဝယ်သွားကြရာကနေ အပြန်မှာ နီတာရဲ့ ယောကျ်ား မတ်ရှပ်စ် နဲ့သမီးလေးခတ်တို့စီးနင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို မတော်တဆတိုက်မိခဲ့ပါတယ်။ ရာဖယ်က ကြောက်လန့်လွန်းသွားတဲ့အတွက် အဖေဖြစ်သူက ကားမောင်းသူနေရာပြောင်းနေပြီးတော့ လမ်းပေါ်မှာ ဒဏ်ရာတွေနဲ့ရှိနေတဲ့ သူနှစ်ဦးကို ပစ်ထားခဲ့ကာ မောင်းပြေးခဲ့ကြပါတယ်။ သူတို့ဟာ ကားတိုက်မိပြီးထွက်ပြေးမိခဲ့တဲ့အတွက် ရှေ့နေနဲ့တိုင်ပင်ဆွေးနွေးခဲ့ကြကာ ရှေ့နေအကြံပေးခဲ့တဲ့အတိုင်း နစ်နာသူ မိသားစုမသိအောင် ဆေးရုံကုသစရိတ်များကို တိတ်တဆိတ် ပေးချေခဲ့ပေမယ့်လည်း မတ်ရှပ်စ်ဟာ ကိုမာဖြစ်ပြီး ကွယ်လွန်သွားခဲ့ရပါတယ်။ နီတာဟာ ကားမတော်တဆမှုကို အမှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် အက်ဖရက်ဒိုတွာဇွန်ဟာ ထောင်ကျသွားခဲ့ပါတယ်။ ရာဖယ်တို့မိသားစုက နစ်နာသူ မတ်ရှပ်စ်ရဲ့ဇနီးနဲ့အတူနေမိသားစုကို ၎င်းတို့စားသောက်ဆိုင်မှာ အလုပ်ပေးထားခဲ့ပြီး စောင့်ရှောက်ထားခဲ့ပါတယ်။ ဆင်းရဲပေမယ့် ပျော်စရာကောင်းတဲ့မိသားစုအသိုက်အမြုံလေး ပျက်စီးသွားရတဲ့အပေါ် မတ်ရှပ်စ်ရဲ့ ခယ်မနဲ့ ဇနီး နီတာတို့က စိတ်ရင်းအမှန်နဲ့ ရာဖယ်တို့ မိသားစုကို ခွင့်လွှတ်ပေးနိုင်ပါ့မလား… ရာဖယ်တို့မိသားစုကရော တကယ်ပျော်ရွှင်နိုင်ပါ့မလားဆိုတာကို… ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်) Genre….. Crime, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.8GB | 907MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

0 2023
Feast
Kakuda

Kakuda 2024 ကျိန်စာသင့်ရွာ TGIFလေးမှာ ဘဝအမောတွေပြေပျောက်အောင် ဟာဒယရွှင်ဆေးလေးဖြစ်တဲ့ horror comedy ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီဗျ။ သရဲကားဆိုပေမဲ့ ဟာသဦးစားပေးထားတာဖြစ်တဲ့အပြင် castမှာဆိုရင်လဲ ဟင်ဒီနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဆိုနာ့ရှီးဆင်ယာနဲ့ ရီတေးရှ်တို့ ပါဝင်သရုပ်ဆောင်ထားတာကြောင့် အကြိုက်တွေ့စေမဲ့ ဟာသသရဲကားလေးပဲဖြစ်ပါတယ် မြို့တွေရဲ့အဝေးတစ်နေရာ လူသူနည်းတဲ့နေရာလေးမှာ သီးသန့်လေးဖြစ်နေတဲ့ရာတိုဒီဆိုတဲ့ရွာငယ်လေး လူသူအရောက်အပေါက်နည်းတဲ့အပြင် ဒီရွာလေးမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အင်္ဂါနေ့တိုင်း ည ၇:၁၅ ရောက်တာနဲ့ အိမ်တိုင်းမှာရှိတဲ့ တံခါးပေါက်ငယ်လေးကို ဖွင့်ထားရပါသတဲ့။ ဒီတံခါးကိုမဖွင့်ထားရင်တော့ ကာကူဒါဆိုတဲ့သရဲက အိမ်ကယောက်ျားသားကို ကျိန်စာတိုက်ပြီး အဲဒီလူက နေ့ချင်းညချင်း ခါးကုန်းကြီးဖြစ်သွားပြီးတော့ ၁၅ ရက်နေရင် သေရတယ်ဆိုတဲ့အယူပါ။ ဒါကို ချစ်သူဖြစ်တဲ့ ရာတိုဒီရွာသားဆန်နီက ယုံလည်းယုံ ကြောက်လည်းကြောက်ပေမဲ့ ခေတ်ပညာတတ်ဖြစ်တဲ့ အင်ဒီရာက‌တော့ မယုံပါဘူး။ ဒီလိုနဲ့ အိမ်ကအသည်းအသန် အိမ်ထောင်ချပေး‌တာကိုရှောင်ဖို့ ဆန်နီနဲ့ခိုးပြေးပြီး ရာတိုဒီရွာကိုသွားဖို့ အင်ဒီရာတစ်ယောက် အကြောင်းဖန်လာချိန်မှာတော့…… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ Thura ~ Cyrah ~ KKKZတို့ပဲဖြစ်ပါတယ်)

0 2024
Kakuda
Amar Prem Ki Prem Kahani

Amar Prem Ki Prem Kahani 2024 ငယ်ငယ်လေးကတည်းက ရုပ်ရည်ချောမောမှုကြောင့်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့ရတဲ့ အာမာပရမ်။ အာမာရဲ့ထူးခြားချက်ကတော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ကြားက ဘယ်ကောင်မလေးကိုမှ မကြိုက်ဘဲနဲ့ အကုန်လုံးကို ဖရန့်ဇုန်ထဲပစ်သွင်းပြီးတော့ နေလာခဲ့သူ။ အာမာ့မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ် ဘာလဲဆိုတော့ သူဟာ ကောင်မလေးတွေကို တမင် ဖရန့်ဇုန်ထဲထည့်တာမဟုတ်ဘဲ ဘယ်ကောင်မလေးကိုမှ ချစ်လို့မရလို့ပါတဲ့ အကြောင်းကတော့ သူက ကောင်လေးတွေကိုပဲ စိတ်ဝင်စားနေတဲ့ အုံ့ပုန်းလေးဖြစ်နေလို့ပါပဲ ငယ်စဉ်ကတည်းက တိတ်တခိုးလေးကြိုက်နေတဲ့ကောင်လေးရှိခဲ့ပေမယ့်လည်း မိသားစုကိုမပြောရဲတဲ့အတွက် ကျားချင်ယောင်ဆောင်နေခဲ့ရပါတော့တယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ အခါမှာတော့ အာမာ့ကို သူ့မိသားစုက လက်ထပ်ပေးဖို့ လုပ်ကြပါတော့တယ်။ ဒီမှာပဲ အုံ့ပုန်းလေး အာမာဟာ လက်မထပ်ချင်တဲ့အတွက် သူ့ဦးလေးရှိတဲ့ လန်ဒန်ကို ထွက်ပြေးဖို့ အကြံထုတ်ပါတော့တယ်။ ဒီလိုနဲ့ လန်ဒန်ကို သွားတဲ့ လေဆိပ်မှာတင် ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတော့ သူ့နှလုံးသားထဲကို နေရာယူသွားခဲ့ပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် လန်ဒန်မှာ ဒီကောင်လေးနဲ့ ပြန်ပြီးတွေ့ဆုံမိကြတဲ့အခါမှာတော့ ……….. အုံ့ပုန်းလေး အာမာနဲ့ အဲဒီကောင်လေးတို့ ဘယ်လိုတွေ ဇာတ်လမ်းဆက်ကြမလဲ …. သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းကရော သာယာဖြောင့်ဖြူးပါ့မလား ……….. ဘယ်လို အခက်အခဲတွေနဲ့ရော တွေ့ကြုံသွားရမလဲဆိုတာတွေကို ကြည့်ရှုရမယ့် ရိုမန့်ဟာသအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

0 2024
Amar Prem Ki Prem Kahani
Abandon
4.8

Abandon (2002) IMDb Rating (4.8) နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်ညွှန်းရေးသားသူနဲ့ဒါရိုက်တာကစတီဖန်ဂက်ဟန်(Stephen Gaghan)ဖြစ်ပါတယ်။ ရဲအရာရှိ ဝိတ်ဟန်ဒလာ(ဘင်ဂျမင်ဘရတ်)ကို လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်သွားတဲ့ကောလိပ်ကျောင်းသား အမ်ဘရီလားကင်(ချာလီ ဟန်နမ်)ရဲ့အမှုကိုစုံစမ်းဖို့တာဝန်ပေးလိုက်ပါတယ်။ ဝိတ်ဒ်ကအမ်ဘရီရဲ့ရည်းစားကောလိပ်ကျောင်းသူကေတီဘာ့ခ်(ကေတီဟုမ်း) နဲ့သူငယ်ချင်းတွေကို မေးမြန်းစုံစမ်းရင်းတစ်ဖြည်းဖြည်းကေတီနဲ့ တော်တော်ရင်းနှီးလာပါတယ်။ ကေတီက အိပ်ပျော်ဖို့ခက်ခဲတာရယ် စိတ်ဖိစီးမှုရှိတာရယ်ကြောင့် ဒေါက်တာဒေ့ဗ်ဆီမှာသွားပြနေရပါတယ်။ကေတီက အမ်ဘရီ့ကိုအမြဲအိပ်မက်မက်နေတတ်ပါတယ်။ ကေတီ့အပြောအရ အမ်ဘရီပြန်လာပြီဆိုတာကိုဝိတ်ဒ်နဲ့ကေတီ့သူငယ်ချင်းဆမန်သာသိလိုက်ရပါတယ်။ အမ်ဘရီပြန်ရောက်လာတဲ့အခါရဲအရာရှိဝိတ်ဒ်ကိုရော သူငယ်ချင်းဟာရစ်ဆင်ကိုပါ မနာလိုဖြစ်နေပါတယ်။ ကြားထဲမှာဟာရစ်ဆင်ပျောက်သွားလို့ အမ်ဘရီကတစ်ခုခုလုပ်လိုက်တယ်ထင်ပြီး ကေတီက အမ်ဘရီ့ကျေးလက်အိမ်ထိလိုက်မေးပါတယ်။ အမှုအတွက်ရလာတဲ့ သက်သေခံပစ္စည်းတစ်ချို့ကို ကျွမ်းကျင်သူဆီမှာစစ်ခိုင်းတာမှာ ထူးဆန်းတဲ့အချက်တွေပေါ်လာပြန်ပါတယ်။ နှစ်နှစ်ကြာပြီးမှအမ်ဘရီဘာလို့ ပြန်ပေါ်လာသလဲ ဟာရစ်ဆင်ဘာဖြစ်သွားလဲဝိတ်ဒ်နဲ့ အမ်ဘရီတွေ့မလား? ကေတီနဲ့ပြန်ပေါင်းထုပ်မှာလား။ ရုပ်ရှင်က လှည့်စားချက်ကလေးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားတဲ့အတွက် အဆုံးကျမှဇတ်ရည်လည်ပြီး ခေါင်းထဲစွဲကျန်စေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကောလိပ်ကျောင်းတက္ကသိုလ်တွေရဲ့ အလေ့အထတစ်ချို့နဲ့ကျောင်းသူကျောင်းသားတွေရဲ့ကျောင်းသားဘဝ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်းမြင်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(1.6 GB) / (780 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Romance, Thriller Duration….01:39:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Family • Comedy • Animation • Adventure • Mystery
4.8 2002 99 mins
Abandon
The Wild

The Wild (2006) *************** ဒီဇာတ်ကားလေးကတော့ Walt Disney ကထုတ်လုပ်ထားတဲ့ animated adventure-comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်… ၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဓိကအသံသရုပ်ဆောင်တွေအဖြစ် Kiefer Sutherland, Jim Belushi နဲ့ Eddie Izzard တို့က ပါဝင်ပေးထားပါတယ်… ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နယူးယောက်မြို့တိရိစ္ဆာန်ရုံကနေ အာဖရိကကိုပို့ဖို့ပါသွားတဲ့ ခြင်္သေ့ပေါက်လေး Ryan ကို သူ့အဖေ Samson က သူ့သူငယ်ချင်းအုပ်စုနဲ့အတူ လိုက်ကယ်ကြပါတယ်… အဲဒီအဖွဲ့ထဲမှာ ကိုအာလာဝက်ဝံလေး Nigel…သစ်ကုလားအုတ်မလေး Bridget… အူကြောင်ကြောင်နိုင်တဲ့မြွေလေး Larryနဲ့ ရှဉ့်လေး Benny တို့ပါပြီးတော့ သူတို့ရဲ့ကယ်ဆယ်ရေးမစ်ရှင်တစ်လျှောက် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသဆန်ဆန် ကြည့်ရှုကြရမှာပါ… IMDb rating မှာ 5.2/10 ရရှိထားပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းကို Austin မှ ရေးသားပေးထားပါတယ်… File Size : 1.91GB / 930MB Quality : BluRay 1080p / 720p Duration : 1 hr. 22 min. Genre : Family, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Austin Encoded by Heather Oo

Action • Romance • Drama
0 2006 82 mins
The Wild