YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Secret.Garden.2010.EP9.WEB-DL.720P(CM).mp4

593.97 MB N/A video/mp4 123 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Resurrected
5.5

ဒီ Resurrected ဆိုတဲ့ ဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ လူတွေကိုပြန်အသက်သွင်းတဲ့ အကြောင်းအပေါ် ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားလေးမှာဆိုရင်တော့ The Walking Dead နဲ့ Logan ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသား Dave Davis ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးတော့ ၂၀၁၉ နဲ့ ၂၀၂၀ မှာထွက်ထားတဲ့ Manifest နဲ့ Dynasty ဆိုတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Erika Chase ကနေပြီးတော့ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကတော့ သိပ်မကွာတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ ဗာတီကန်ကလူတွေဟာ သေလူတွေကို သေရာကနေပြန်ရှင်လာအောင် အသက်သွင်းတဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါ။ တစ်ဖက်မှာလည်း အဲ့အချိန်ကာလအတွင်းမှာပဲ မင်းသားကြီး Dave Davis ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ စတန်လေမာတင်ဆိုသူရဲ့ သားဟာလည်း မတော်တဆမှုအကြောင့် သေဆုံးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ဗာတီကန်ကလူတွေက စတန်လေမိသားစုရဲ့ အဖြစ်ဆိုးကိုအခွင့်ကောင်းယူပြီး သူတို့သားလေး နစ်ခ်ကိုလက်စ်ကို ပြန်အသက်သွင်းခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ အချိန်အပိုင်းတစ်ခုကို ကျော်သွားတဲ့အခါမှာ အသက်ပြန်သွင်းတယ်ဆိုတဲ့ ကိစ္စဟာ Trend တစ်ခုလိုဖြစ်လာခဲ့ပြီး ခရစ်ယာန်ဂိုဏ်းတွေမှာ သေဆုံးပြီးတဲ့သူတွေကို ပြန်အသက်သွင်းဖို့လုပ်တာကလည်း တရားဝင်ကျင့်သုံးလာတဲ့ အစဉ်အလာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ပြန်အသက်သွင်းတယ်ဆိုတဲ့ ကိစ္စက သွေးရိုးသားရိုးကော ဟုတ်ရဲ့လား... ဒီလို သေဆုံးပြီးတော့ ပြန်အသက်သွင်းခံလိုက်ရတဲ့သူတွေရော ပုံမှန်လူတွေလိုပြန်ဖြစ်သွားတာပဲလား... ဗာတီကန်ရဲ့နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ သည်းထိတ်ရင်ဖို စိတ်ဝင်စားဖွယ် ရှုစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - Quality - 1080p, 720p Format - mp4 Duration - 2H 2Min Genre - Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Comedy • Science Fiction
5.5 2023 90 mins
Resurrected
The Stand Up
5

The Stand Up (2022) ================ 2022 က ထွက်ရှိခဲ့တဲ့ နိုင်ဂျီးရီးယား comedy, crime, drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုဗီက သူ့အဖေနဲ့အတူ ဝါရီမြို့မှာ လုံခြုံရေးအ စောင့်အနေနဲ့ အလုပ်လုပ်ပါတယ်။ တစ်နေ့မှာ အဖေက ပစ်သတ်ခံလိုက်ရပြီး မြေမြှုပ်တဲ့နေ့မှာပဲ ဒီဝါဆိုတဲ့လူကြီးက အိုဗီ့အဖေက သူ့ဆီမှာ နိုင်ရာနှစ်သန်း အကြွေးတင်နေတယ်လို့ စာချုပ်နဲ့တကွ ပြလာတယ်။ ဘယ်တုန်းက ချေးထား မှန်းလဲ မသိရ၊ ဘယ်မှာသုံးထားမှန်းလဲ မသိရတဲ့ အိုဗီက မပေးနိုင်ဘူးငြင်းတဲ့ အခါမှာ ဒီဝါက အိုဗီ့ညီမလေးကို ဖမ်းခေါ်ထားလိုက်ပါတယ်။ ဒါနဲ့ပဲ အိုဗီက လူတွေပြောပြောနေကြတဲ့ လီဂိုစ်မြို့ကိုသွားပြီး ပိုက်ဆံရှာဖို့လုပ် ပါတော့တယ်။ ဘာရည်မှန်းချက် ပန်းတိုင်မှမရှိတဲ့ ကောင်လေးက ညီမကို ကယ် ဖို့လုပ်ရာကနေ သူကျွမ်းကျင်တဲ့အလုပ်ကို တွေ့သွားပြီး အောင်မြင်အောင်ကြိုး စားတဲ့ ခရီးစဉ်ကို ရိုက်ကူးထားတာပါ။ Stand-up comedian တွေရဲ့ ဟာသတွေ ပြက်လုံးတွေ အိုဗီ့ခရီးလမ်းတစ်လျှောက် တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ လူတွေရဲ့ ယုတ်မာကောက်ကျစ်မှုတွေကို ဝေဝေဆာဆာထည့်သွင်းထားတဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.5 GB) / (624 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator……EL Encoder……….SWM

Science Fiction • Mystery • Thriller
5 2022 113 mins
The Stand Up
Kismat
8

Kismat (2024) “ကံကြမ္မာ” ============================ Cmပရိသတ်တွေအတွက် တကယ်ရယ်ရတဲ့ တေလဂူးစကားပြော မှုခင်းဟာသရုပ်ရှင်သစ်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ရွာငယ်လေးတစ်ခုမှာ အင်ဂျင်နီယာကျောင်းပြီးထားတဲ့ လူငယ်သုံးယောက်ရှိကြပါတယ်။ သူတို့ဟာ အင်ဂျင်နီယာတွေဖြစ်ကြပေမဲ့ ဘွဲ့ရပြီး နှစ်တွေကြာတဲ့အထိ အလုပ်အကိုင်မရှိတာကြောင့် မိသားစုတွေက အမြင်မကြည်ကြတဲ့အတွက် မြို့တက် အလုပ်လုပ်ဖို့ ကြိုးစားကြပါတယ်။ အင်ဂျင်နီယာကျောင်း ထောင်ချီရှိနေပေမဲ့ အလုပ်အကိုင်အခွင့်အလန်းက ရာဂဏန်းတောင်မရှိတဲ့အတွက် သူတို့အလုပ်မရကြပါဘူး။ ဒီလို ပေါပေါပဲပဲအင်ဂျင်နီယာကျောင်းတွေကို ဖွင့်ထားတာကတော့ ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံရေးသမားတွေပါပဲ။ ဒီလိုနဲ့ ကျောင်းကသင်ပေးလိုက်တဲ့ ပညာရပ်တွေကိုအသုံးချပြီး သူငယ်ချင်းသုံးယောက် ဒုစရိုက်ဂိုဏ်းခေါင်းဆောင် နိုင်ငံရေးသမားဆီက ပိုက်ဆံခိုးဖို့ကြံကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Action • Comedy • Crime
8 2024 128 mins
Kismat
Crakk: Jeetega… Toh Jiyegaa
6.1

Crakk: Jeetega… Toh Jiyegaa (2024) “ယောကျ်ားဘသား” IMDb – 6.2/10 Commando 3 (2019)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Aditya Dattနဲ့ အဲဒီရုပ်ရှင်ထဲကပဲ သရုပ်ဆောင်ဖြစ်တဲ့ Vidyut Jammwalတို့ အတူတူတွဲပြီး တစ်ဖက်စွန်းရောက် အားကစားလို့ခေါ်ဝေါ်ကြတဲ့ အားကစားနည်းတစ်မျိုးကိုရိုက်ကူးထားတဲ့ အိန္ဒိယရဲ့ပထမဆုံးလို့တောင်ခေါ်တဲ့ ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသက်နဲ့လောင်းကြောင်းထပ်ထားရတဲ့ ဒီအားကစားကို ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ကြတာ ကမ္ဘာပေါ်တစ်လွှားမှာ ရေပန်းစားလာခဲ့ပါတယ်။ အောင်မြင်ကျော်ကြားလာတဲ့သူတွေအတွက် စပွန်စာနဲ့ ဂုဏ်ဒြပ်ငွေကြေးတွေနောက်ကလိုက်လာတတ်ပေမဲ့ လူမသိသူမသိနဲ့ အသက်ဆုံးရှုံးကြသူတွေလည်း ဒုနဲ့ဒေး။ ဒီလိုအားကစားကိုမှ ခုံခုံမင်မင်နဲ့ ရူးသွပ်ပြီး ကြိုးစားနေတဲ့သူတွေထဲမှာ မွမ်ဘိုင်းက ဆစ်ဒူးနဲ့ နီဟာလ်ဆိုတဲ့ ညီကိုနှစ်ယောက်လည်း အပါအဝင်ပေါ့။ ညီကိုနှစ်ယောက် အောင်မြင်ဖို့ကြိုးစားရင်းနဲ့ အစ်ကိုဖြစ်သူအသက်ဆုံးရှုံးရချိန်မှာတော့ ပင်စင်စားဖခင်ကြီးက သားငယ်ဖြစ်သူကို ဒီအားကစားကိုစွန့်လွှတ်ဖို့ အကြိမ်ကြိမ်ဖြောင့်ဖြနေခဲ့ပေါ့။ ဒါပေမဲ့ ခုံမင်ရူးသွပ်ရတဲ့ ဒီအားကစားကိုမစွန့်လွှတ်နိုင်တဲ့ ဆစ်ဒူးတစ်ယောက် ဘယ်လိုအတားအဆီး အခက်အခဲနဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရမှာလဲ။ တစ်ဖက်မှာလည်း ဒီအားကစားကို ဗန်းပြပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေတဲ့ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုကလည်း ရှိနေပြန်ပါရော။ ဒီလိုနဲ့ ဆစ်ဒူးတစ်ယောက် ဒီအကြောင်းတရားတွေမှာ ဘယ်လိုပတ်သက်ပါဝင်ရင်ဆိုင်ရမှာလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Drama • Comedy
6.1 2024 154 mins
Crakk: Jeetega… Toh Jiyegaa
Chasing Raine
5

Action ၊ Thriller အမျိုးအစားဖြစ်တဲ့ Chasing Raine ရုပ်ရှင်ဟာ ၂၀၂၄ မေလ ၁၄ ရက်မှာထွက်ရှိထားတာဖြစ်ပြီး Maurice P. Kerry ၊ Krystal Jordan နဲ့ DJ Walton တို့က အဓိကပါ၀င်သရုပ်ဆောင်ပေးထားပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားကာ မိဘနဲ့သားသမီးကြားကမေတ္တာကို ဖော်ကျူးထားပြီး အက်ရှင်ခန်းကောင်းကောင်းတွေကိုလည်း ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** ကလိုက်ဒ်နဲ့စကိုင်းဟာ ကွာရှင်းထားကြတဲ့အထူးတပ်ဖွဲ့ဝင် စစ်သားနှစ်ဦးဖြစ်ပါတယ်။ ကလိုက်ဒ်ရဲ့အရက်ပြဿနာကြောင့် တစ်ဦးတည်းသောသမီးလေးရိန်းကို စကိုင်းက တစ်ဦးတည်း အုပ်ထိန်းခွင့်ရရှိထားပါတယ်။ ကလိုက်ဒ်က သမီးဖြစ်သူကို အမြဲပြန်လိုချင်နေခဲ့ပြီး တစ်ရက်မှာတော့ စကိုင်းက အတူနေ ချစ်သူနီကိုနဲ့အတူ တခြားပြည်နယ်တစ်ခုကိုပြောင်းရွှေ့နေထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ အရမ်းချစ်ရတဲ့သမီးနဲ့အဝေးကြီးခွဲနေရမှာ စိုးတာကြောင့် ကလိုက်ဒ်က သမီးကိုခေါ်ပြီးထွက်ပြေးဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ကလိုက်ဒ်ရဲ့အစီအစဉ်တွေ မှားယွင်းပြီး သမီးဖြစ်သူရိန်းဟာ ကလေးလူကုန်ကူးဂိုဏ်း တစ်ခုရဲ့လက်ထဲမှာအဖမ်းခံလိုက်ရချိန်မှာတော့ အထူးတပ်ဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ကလိုက်ဒ်နဲ့စကိုင်းသာမက စကိုင်းရဲ့အလုပ်ရှင် ဆီဇာလည်းပါ၀င်လာပြီး ရာဇဝတ်ဂိုဏ်းကြီးကိုဖြိုခွင်းဖို့ ဖြစ်လာခဲ့ပါတော့တယ်။ File size…1.50GB / 791MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5 2024 101 mins
Chasing Raine
Killer Babes
5

· စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး နီနာ · ဆိုရှယ်မီဒီယာ အင်ဖလူယန်ဇာ လူစီယာ · ရုပ်ရှင်မင်းသမီး မာရီဆဲလာ ကျိကျိတက် ချမ်းသာတဲ့ ဒီအမျိုးသမီး ၃ ဦးဟာ မိမိချစ်ရတဲ့ ခင်ပွန်းသည်တွေထံမှာ စော်ကားမှု၊ စွန့်ပစ်မှု၊ နောက်ကျောဓားထိုးမှုတွေကို မသိတစ်ဖုံ သိတစ်ဖုံ အသီးသီး ခံနေရတာဖြစ်ပါတယ်။ သူငယ်ချင်းမ ၃ ဦးသား ကိုယ့်ခင်ပွန်းသည်တွေရဲ့ အကျင့်ယုတ်မှုတွေကို မျက်ဝါးထင်ထင် မြင်လာရတဲ့တစ်နေ့မှာ မိမိခံရတဲ့အတိုင်း ယောက်ျားတွေ ပြန်ပေးဆပ်နိုင်အောင် လက်စားချေဖို့ ကြံစည်ကြပါတော့တယ်။ သူမတို့ရဲ့ ကလဲ့စားအစီအစဥ်ကို အကောင်အထည်ဖော်ပေးဖို့ သင့်တော်မဲ့လူကို ရှာဖွေကြရင်း သီချင်းအဆိုဝါသနာရှင် ‘ကြေးစား လူသတ်သမား’ မာနွယ်လ် အာလက်ဟန်ဒရိုနဲ့ တွေ့ဆုံသွားကြတဲ့အချိန်မှာ… သူမတို့ လိုချင်တဲ့ပန်းတိုင်ဆီ အစီအစဥ်တကျ သွားနိုင်ပါ့မလား၊ ဘယ်လိုအတားအဆီးတွေကို ရင်ဆိုင်ရမလဲဆိုတာကို ဟာသနှောပြီး ရှုစားရမှာပဲဖြစ်ပါတယ်။ File size…1.81GB / 900MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Comedy , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

5 2024
Killer Babes
A Frozen Rage
5.9

CM ချစ်ပရိသတ်တို့အတွက် Frozen Rage ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆို…. လောင်တနဲ့ လောင်အာ့ ဆိုတဲ့ ညီအစ်ကို ၂ ယောက်ရှိတယ်ကွယ်… လောင်တက လောင်အာ့ကို အရမ်းချစ်တယ်ဆိုတာထက် အပြစ်ရှိတယ်လို့ ခံစားရတာ… သူ့ပေါ့ဆမှုကြောင့် သူ့ညီလေး ကားတိုက်ခံရပြီး ကြပ်မပြည့်ဖြစ်ခဲ့ရတယ်… ဒါကြောင့်လည်း အသက်လေးရလာတော့ အစ်ကိုကြီး အဖရာအဖြစ် သူ့ညီလေးအတွက် ကြင်ဖက်ရှာပေးတာပေါ့…. ကြင်ဖက်ရှာပေးပေမယ့်လည်း သူ့ညီလေးရဲ့ ထူးခြားတဲ့အခြေအနေကြောင့် သမီးရှင်ဖက်က တော်ရုံ သဘောမတူဘူးပေါ့… တစ်ဖက်မှာ လောင်အာ့ကို ဆေးရုံလိုက်ပို့ပေးခဲ့တဲ့ ဦးလေးယိဆိုသူက… သူတို့မိဘမြေကို ဈေးနှိမ်ငှားထားတဲ့အပြင် လောင်တချစ်ရတဲ့ ကျင်းယန်ကိုလည်း လက်ထပ်ယူထားတာပေါ့… ဒါတွေကို သည်းခံနိုင်ပေမယ့်… အခု လောင်တအတွက် အရေးကြီးတာ ငွေရှာဖို့… လောင်အာ့အတွက် တောင်းရမ်းငွေစုဆောင်းနိုင်ဖို့ပဲ… ဒီတော့ ဒီမြေကို ပြန်ယူဖို့လိုတယ်… လောင်တတစ်ယောက် လောင်အာ့အတွက် တောင်းရမ်းငွေစုနိုင်မှာလား… မိဘပိုင်မြေကိုရော ပြန်ရမှာလား…. ဒီမြေမှာ ဘာလျို့ဝှက်ချက်ရှိနေသေးတာလဲ… နောက်ပြီး လောင်အာ့ကို တိုက်သွားတဲ့သူကရောဘယ်သူလဲ… CM နဲ့အတူ ဇာတ်လမ်းလေးထဲ အဖြေရှာကြရအောင်…

Action • Mystery • Thriller
5.9 2024
A Frozen Rage
Detective K: Secret of the Living Dead
6

Detective K: Secret of the Living Dead (2018) ******************************************* Detective K ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Secret of the Living Dead ကတော့ ကိုရီးယားနန်းတွင်း မကောင်းဆိုးဝါး ဟာသကားတွေကို ကြိုက်တဲ့သူတွေအတွက် ကွက်တိဖြစ်စေသလို Kim Myung Min, Oh Dal Soo, Kim Ji Won နဲ့ Lee Min Ki တို့က အဓိကအနေနဲ့ ပါဝင်ထားလို့ cast တွေကလည်း ပြောစရာမလိုအောင်ကို ရှယ်တွေကြီးပဲနော်။ -ဇာတ်လမ်းအကျဥ်း- အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဂင်မင်း က မကောင်းဆိုးဝါးလောကကြီးကို ယုံကြည်ပြီး ဂျိုဆွန်းတိုင်းပြည်မှာ သွေးစုပ်ဖုတ်ကောင်ရှိနေတယ်လို့ ယုံကြည်ကာ အချက်အလက်တွေကို လိုက်ရှာနေတဲ့သူဖြစ်တယ်။ တစ်ရက်မှာတော့ ဂန်ဟွာကျွန်းက မီးလောင်ပြီးသေသွားတဲ့ အလောင်းတွေရဲ့ ကွင်းဆက်လူသတ်မှုကို စုံစမ်းပေးဖို့အတွက် သူ့ဆီကို အမှုအပ်လာခဲ့တာကြောင့် ဂန်ဟွာကျွန်းကို သွားခဲ့တဲ့အခါမှာ အရမ်းလှပပြီး အားအရမ်းသန်ပြီး ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့ကြတယ်။ ဂင်မင်းကတော့ အဲဒီအမျိုးသမီးဟာ ဒီအမှုနဲ့ဆက်စပ်မှုရှိနေတယ်လို့ ထင်နေခဲ့ပေမဲ့ အဲဒီအမျိုးသမီးကတော့ ကိုယ့်နာမည်ကိုတောင် မသိတော့တဲ့ မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ သူတစ်ဦး ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ လူသတ်မှုရဲ့နောက်ကွယ်က လူကိုဖမ်းဆီးဖို့ရာအတွက် ထိုအမျိုးသမီးရဲ့ အင်အားနဲ့တိုက်ခိုက်စွမ်းရည်ကို ဂင်မင်းက လိုအပ်နေခဲ့တာကြောင့် နှစ်ယောက်သား သဘောတူညီမှုနဲ့ အမှုကိုအတူတူစုံစမ်းဖို့ရာ ဖြစ်လာခဲ့တဲ့ အခါမှာတော့..။ လူသတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေမလဲ..။ အထောက်တော်ကြီးနဲ့ အမျိုးသမီးတို့ကရော ဘယ်လိုပူးပေါင်းပြီး နောက်ကွယ်ကလူကို ဖော်ထုတ်ဖမ်းဆီးသွားကြမှာလဲ… မင်းသမီးရဲ့ မေ့ပျောက်နေတဲ့ မှတ်ဉာဏ်တွေကရော ဘယ်လိုတွေဖြစ်နေမလဲဆိုတာကိုတော့ Detective K (2018) ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…2.49GB / 930MB Quality… WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration….2h 00m Genre ….. Historical, Mystery, Comedy, Supernatural Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Vanessa

Action • Drama
6 2018 120 mins
Detective K: Secret of the Living Dead
The Raid The Raid: Redemption
7.6

The Raid (2011) The Raid: Redemption IMDb Rating (7.6) / Rotten Tomatoes (87%) အင်ဒိုနီးရှားမင်းသား Iko Uwais ရဲ့ အကောင်းဆုံးနဲ့အကြမ်းဆုံး အက်ရှင်ဇာတ်ကားပါ။ ဇာတ်လမ်းကတော့… အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အဆောက်အအုံကြီးတခုမှာ အလွန်ရက်စက်ပြီး အာဏာလဲရှိတဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် တာမာနဲ့ သူ့အဖွဲ့သားတွေကိုဖမ်းဆီးဖို့အတွက် SWAT အဖွဲ့က အဆောက်အဆုံထဲချိုးဖောက်ဝင်ရောက်လာတဲ့ အခန်းနဲ့စတင်ထားတဲ့ ဒီဇာတ်ကားလေးက အင်ဒိုနီးရှားကရိုက်ကူးထားတာဆိုပေမဲ့ အနောက်တိုင်းအက်ရှင်တွေအတိုင်း တကားလုံးကိုအပစ်အခတ်အသတ်အပုတ်တွေနဲ့ အတော်လေးကြည့်ကောင်းပါတယ် …. အဆောက်အအုံထဲတိတ်တဆိတ်ဝင်လာတဲ့ SWAT အဖွဲ့ကို cctv ကတဆင့်သိသွားတဲ့တာမာက သူ့အဖွဲ့သားတွေလွှတ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပိတ်ချလိုက်တဲ့အခါ SWAT တဖွဲ့လုံး တိုက်ရဲ့၇ထပ်မြောက်မှာပိတ်မိသွားပါတော့တယ် အဲ့အခန်းကစပြီး သေနတ်တင်မက ဓားတုတ်တွေ့ရာလက်နက်နဲ့ အသက်လုပြီးတိုက်ပွဲဝင်ရတဲ့ SWATအဖွဲ့ကိုစတင်ရှုစားရမှာဖြစ်ပြီး သာမန် SWAT အဖွဲ့ဝင်လေး ရာမရဲ့အစွမ်းသတ္တိတွေကိုပါ အားရပါးရရှုစားရမဲ့ ဇာတ်ကြမ်းကားလေးဖြစ်ပါတယ်… (ရုပ်ရှင်အညွှန်းကို Khitmarket မှကူးယူဖော်ပြပါသည်။) လူကြိုက်များခဲ့လို့ Sequel အနေနဲ့ The Raid 2 (2014) ထပ်မံထွက်ရှိခဲ့ပြီး CM မှာ တပါတည်း တင်ဆက်ထားပါတယ်။

Thriller • Drama • Crime
7.6 2011 101 mins
The Raid The Raid: Redemption
The Surfer
6.5

The Surfer ကတော့ မင်းသားကြီး Nicolas Cage ရဲ့ psychological thriller/suspense ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အဖေတစ်ယောက်က သူငယ်ငယ်ကကြီးပြင်းလာခဲ့တဲ့ကမ်းခြေမှာ လှိုင်းအတူတူစီးကြဖို့သူ့သားကိုခေါ်လာခဲ့ရင်း ကမ်းခြေအနီးအနားမှာနေထိုင်သူတွေကကမ်းခြေကိုအပိုင်သိမ်းထားပြီး သူတို့သားအဖကိုမောင်းထုတ်တာကိုခံခဲ့ရပါတယ်။ အဲဒီလူတစ်စုက အများပိုင်ကမ်းခြေတစ်ခုမှာ လူမိုက်တွေလိုရမ်းကားနေကြတာကို မြင်တွေ့လိုက်ရပြီးနောက် သူတို့အဖွဲ့ကိုပြန်လည် ရင်ဆိုင်တုံ့ပြန်ဖို့ကြိုးစားရင်း သူ့ရဲ့အစီအစဉ်တွေကမောက်ကမဖြစ်ကာ အရာရာဝေဝါးလာပြီး ကြည့်ရှုနေတဲ့သူကိုပါ စိတ်မောစေနိုင်တဲ့ psychological thriller ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ File size… (6.83 GB) /(2.10 GB)/( 1.03 GB) Quality… WEB-DL 4K HEVC / 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai & Benjamin Translated by Senju

Comedy • Drama • Romance
6.5 2024 100 mins
The Surfer
Sew Torn
6.1

လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေ အကြောင်းကို သာမန်ရုပ်ရှင်တွေနဲ့မတူဘဲ အပ်ချည်မျှင်တွေကို အဓိကသုံးပြီး ပုံဖော်ထားတဲ့ Sew Torn ဇာတ်ကားဟာ ကြည့်ရတာနဲ့တန်တဲ့ ရသတွေကိုပေးစွမ်းမဲ့ Thriller Comedy ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ရရှိခဲ့တဲ့ ဆုများ – 2025 Winner Baia del Silenzio – Redelfi Award. Best Film. Freddy Macdonald (director -2025 Nominee Jury Prize. Best Film. Freddy Macdonald (director) သရုပ်ဆောင်များ – Eve Connolly (Barbara အဖြစ်) – Calum Worthy (Joshua အဖြစ်) – John Lynch (Hudson အဖြစ်) – K. Callan (Ms. Engel အဖြစ်) – Ron Cook (အော်စကာအဖြစ်) ဇာတ်လမ်းအကျဉ်း +++++++++++++ မိခင်ကိုဆုံးရှုံးထားရတဲ့ အပ်ချုပ်သမတစ်ဦးဖြစ်သူ ဘာဘရာ (Barbara) ဟာ အထီးကျန်ဆန်ပြီး ငွေမရှိတာကြောင့် ဘဝကို စုတ်ဖြဲခံထားရတဲ့အဝတ်စတစ်ခုလို ဖြတ်သန်း နေရသူတစ်ယောက်ပါ။ တစ်ရက်မှာတော့ ငွေရချင်ဇောနဲ့ ရာဇဝတ်မှုတစ်ခုမှာ မတော်တဆပါဝင်ပတ်သက်မိရာက 1. ပြီးပြည့်စုံတဲ့ ပြစ်မှုကိုကျူးလွန်မလား 2. ရဲကိုအကြောင်းကြားမလား 3. ဒီတိုင်းပဲ ကားမောင်းထွက်သွားမလားဆိုတဲ့ ရွေးချယ်စရာ ၃ ခုရှိလာပါတယ်။ ထူးခြားချက်ကတော့ ဘယ်လမ်းကိုရွေးရွေး အပ်ချည်မျှင်တွေသုံးပြီး အသက်ဘေးကလွတ်အောင် ကြိုးစားရမှာလည်း ဖြစ်ပါတယ်. ဘယ်လမ်းဟာ သူမအတွက် အသက်ရှင်သန်နိုင်မဲ့ အကောင်းဆုံးရွေးချယ်မှု ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားပေးကြပါဦးနော်။ File Size… (1.27 GB) / ( 770 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vic

Drama • Thriller
6.1 2024 100 mins
Sew Torn