YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Secret.Garden.2010.EP18.WEB-DL.1080P(CM).mp4

1.43 GB N/A video/mp4 46 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Princess Aurora
5.9

Princess Aurora (2005) ================= ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမိုက်စား ကားဟောင်းတဖြစ် ကားကောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ကုန်တိုက်ကြီးတစ်ခု ကနေ စခဲ့တဲ့ လူသတ်မှုပေါ့နော်၊ ကုန်တိုက်ရဲ့ အမျိုးသမီး သန့်စင်ခန်းထဲမှာ အမျိုးသမီးတစ်ယောက် ချွန်ထက်တဲ့ အရာ တစ်ခုနဲ့ ထိုးသတ်ခံထားရပါတယ်။ အဲအမျိုးသမီးကတော့ မသေခင်မှာ သူ့သမီးကို ဆူပူရိုက်နှက်တတ်တဲ့မိခင်မျိုးဖြစ်ခဲ့ ပါတယ်။ ဒီအမှုကို စုံထောက်နှစ်ယောက်က တာဝန်ယူထားရပြီး သူတို့ ရတဲ့ တစ်ခုတည်းသော သက်သေအထောက်အထားကတော့ မှုခင်းနေရာမှာ "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေတာပဲ ဖြစ်ပါတယ်။ မှုခင်းနေရာက အမျိုးသမီးသန့်စင်ခန်းဖြစ်တာကြောင့် သံသယရှိသူဟာ အမျိုးသမီးတစ်ယောက်လို့ယူဆထားကြပါတယ်။ နောက်နှစ်ရက်လောက်ကြာပြီးနောက်မှာ နောက်ထပ်အမျိုးသမီး တစ်ယောက် အသက်ရှူကြပ်ပြီးသေဆုံးနေပြန်တယ်။ ဒီနေရာမှာ လည်း "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေပြန်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ဒီလိုပုံစံတူ လူသတ်မှုတွေလည်း ဆက်ဖြစ် လာပါတယ်။ ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်နှစ်ယောက်အနက် တစ် ယောက်ဖြစ်တဲ့ စုံထောက်အို (Moon Sung-Geun)ကတော့ ဒီကွင်းဆက်လူသတ်သမားဟာ သူ့ရဲ့ အရင်မိန်းမ ဂျောင်ဆွန်း ဂျောင်း(Uhm Jung-Hwa)ဖြစ်နိုင်တယ်လို့ သံသယဝင်နေခဲ့ ပါတယ်။ ကိုရီးယားမှာ အဲအချိန်အခါကတည်းက ဇာတ်ကားရိုက်ကူးရေး နည်းပညာတွေ တိုးတက်နေခဲ့တဲ့အတွက် ဒီကွင်းဆက်လူသတ် ကားလေးဟာလည်း အခုခေတ်ကားတွေနဲ့ ယှဉ်ရလောက်အောင် ဒါရိုက်တာ(Pang Eun-jin)ရဲ့ လက်ရာပြောင်မြောက်လှပါတယ်။ သာမန် ဆိုက်ကိုလူသတ်ကားမျိုးမဟုတ်ဘဲ ဇာတ်အိမ်ခိုင်ခိုင်နဲ့ မိဘမေတ္တာကို ပေါ်လွင်အောင် ဖော်ပြထားတာကြောင့် ကြည့်ကို ကြည့်သင့်ပါတယ်နော်။ မင်းသမီး Uhm Jung-Hwa ဟာဆိုရင် လည်း အခုလက်ရှိ ၂၀၂၃ မှာ ongoing ပြသနေတဲ့ Doctor Cha ဇာတ်လမ်းတွဲရဲ့ အဓိကမင်းသမီး Dr. Cha Jung-Sook ပဲဖြစ်ပါ တယ်။ ကဲ...နာမည်ကြီး မင်းသားမင်းသမီးကြီးတွေနဲ့အတူ ၂၀၀၅ ကို ခဏလောက် ပြန်သွားလိုက်ရအောင်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size..........(1.8 GB) / (770 MB) / (445 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Mystery Translator.......Khaing Khin Encoder..........SWM

5.9 2005 106 mins
Princess Aurora
Palm Trees and Power Lines
6.3

Rotten Tomatoes 90%, IMDb Rating 6.7 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၈+ကားလိုမျိုးမဟုတ်ပေမယ့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ကြောင်း ကြိုပြီး သတိပေးလိုက်ချင်ပါတယ်။ လီယာဟာ အိမ်ထောင်ကွဲနေတဲ့ အမေဖြစ်သူနဲ့ အတူနေထိုင်တဲ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ အမေဖြစ်သူရဲ့ ရည်းစားများမှု ပြဿနာကြောင့် အိမ်မှာနေထိုင်ရတာလည်း အဆင်မပြေလှဘူးဖြစ်နေပါတယ်။ ဒီလိုနဲ့ နွေရာသီတစ်ခုမှာတော့ လီယာဟာ သူ့သူငယ်ချင်းတွေ၊ သူ့အမေနဲ့ ကင်းကွာသလိုဖြစ်ပြီးတော့ တွမ် ဆိုတဲ့ အသက် ၃၀ ကျော် လူတစ်ယောက်နဲ့ ဆုံစည်းဖြစ်ပါတယ်။ လီယာလည်း သူ့အဆင်မပြေမှုတွေရဲ့ ထွက်ပေါက်အဖြစ် တွမ် ကို အသုံးပြုပါတော့တယ်။ ဒါပေမယ့် နောက်ကြောင်းကိုလည်း ရှင်းရှင်းမသိရတဲ့ တွမ်ဟာ အသက် ၁၇ နှစ်အရွယ် လီယာကို ဘာကြောင့် ချဉ်းကပ်ရတာလဲ၊ သူ့မှာ ဘာရည်ရွယ်ချက်တွေ ရှိနေမလဲဆိုတာ အများကြီး မညွှန်းတော့ဘဲ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ခံစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.42GB | 523MB | 275MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Drama
6.3 2023 110 mins
Palm Trees and Power Lines
I Don't Want to Sleep Alone
6.5

" Tsai Ming-liang ကားတွေ ထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရအဆင်ပြေအောင် ကုတ်ပေးလိုက်ပါတယ် " ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုမှာ မွေ့ယာဟောင်းကြီးတစ်ခုကို သူစိမ်းတွေနဲ့ အတူမျှသုံးရမယ်ဆို ဘယ်လိုနေမလဲ။ ဒါပေမဲ့ ကိုယ်ကချစ်ရတဲ့သူနဲ့ဆိုရင်ကော။ တစ်မျိုးတမည် ပြောင်းသွားမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ကိုယ်ကချစ်ရတဲ့သူရဲ့ ချစ်ရတဲ့သူနဲ့ပါဆိုရင်ကော...။ ကိုယ်ရယ် သူရယ် သူ့ချစ်သူရယ် ခင်းမွေ့ယာကြီးတစ်ခုမယ်ပေါ့။ ဘဝက အထီးကျန်ဆန်လွန်းတဲ့အခါ ချစ်ခြင်းမေတ္တာက အတိုင်းနယ်လွန်သွားတဲ့အခါ သူ့အနားရှိဖို့မှတစ်ပါး တခြားတွေးဝံ့နိုင်ပါ့မလား...။ မလေးရှားမှာ အလုပ်လာလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားလေးတစ်ယောက်ဟာ တစ်ညမှာ လူဆိုးတွေရိုက်နှက်ခံထားရလို့ လမ်းပေါ်လဲကျနေတဲ့ လူတစ်ယောက်ကို သူနေတဲ့ ဆောက်လက်စ တိုက်ကြီးဆီကို ခေါ်သွားပြီး ပြုစုပေးခဲ့ပါတယ်။ နာလန်ပြန်ထလာတဲ့ အဲဒီလူဟာ စားပွဲထိုးမလေးတစ်ယောက်ကို ချစ်မိသွားခဲ့ပါတယ်။ တကယ်တမ်းတော့ ဒီရုပ်ရှင်ဟာ ဇာတ်အသွားအလာအကြောင်း ဇာတ်လမ်းအကြောင်းပြောရမှာမဟုတ်ဘဲ ခံစားမှုတွေနဲ့အတူ စီးမျှောရမှာပါ။ Slow Cinema ကို အရမ်းကြီး မရင်းနီးသူတွေအတွက်တော့ စိတ်ရှည်နိုင်စွမ်းကို စမ်းသပ်နေသလို ရုပ်ရှင်အသွားဟာ နည်းနည်းနှေးကောင်းနှေးနေနိုင်ပါတယ်။ ဒါပေမဲ့ ဒိုင်ယာလော့ ခပ်နည်းနည်း၊ Long shot ခပ်များများ သုံးတတ်တဲ့ Tsai Min-liang ရဲ့ ပရိတ်သတ်တွေအတွက်တော့ ဒီကားကပေးတဲ့ စိတ်ခံစားမှုဟာ အဖိုးဖြတ်နိင်မယ်မထင်ပါဘူး။ ဒီကားထဲက အဓိကဇာတ်လိုက်ဖြစ်တဲ့ မွေ့ယာအလယ်ကလူနေရာမှာတော့ ထုံးစံအတိုင်း ဆိုင်းမင်းလျံရဲ့ အချစ်တော်ကောင်လေး လီကန်ရှန်းကပဲ သရုပ်ဆောင်ထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်ရှင်အစကနေ အဆုံးထိ အများစုသတိမထားမိနိုင်မယ့် နောက်တစ်နေရာမှာလည်း လီကန်ရှန်းပဲ သရုပ်ဆောင်သွားခဲ့တာပါ။ ဒီကားက လူတိုင်းအတွက်မဖြစ်နိုင်ပေမယ့် ဆိုင်းမင်းလျံပရိသတ်မှ ကြည့်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ခံစားတတ်တဲ့သူတိုင်း ဒီကားရဲ့အထိအတွေ့ကို စမ်းသပ်ကြည့်သင့်ပါတယ်။ တကယ်ဆို ခံစားမှုဆိုတာ လူကသာ အရင်းခံတာပဲ မဟုတ်ပါလား...။ မလေးရှားဆင်ဆာအဖွဲ့က ဒီရုပ်ရှင်ဟာ ယဉ်ကျေးမှုနဲ့ လူ့ကျင့်ဝတ်တွေအတွက် အပျက်သဘောဆောင်တယ်ဆိုပြီး ပိတ်ပင်ခဲ့တာမို့ မလေးရှားပြည်တွင်းမှာတော့ ဆင်ဆာအဖွဲ့က ညွှန်ကြားတဲ့အတိုင်း ဖြတ်တောက်ထားတဲ့ အတိုလေးကိုပဲ ပြခွင့်ရခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး "Big Six" ထဲက နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ Venice Film Festival မှာတော့ ဆုရခဲ့တဲ့ရုပ်ရှင်ပါ။ ကြည့်မလား/မကြည့်ဘူးလားကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ကြပါ... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.1GB Quality - 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 55Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Mystery • Thriller
6.5 2006 118 mins
I Don't Want to Sleep Alone
Slumdog Millionaire
7.7

ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။ အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ ၁၅ သန်း ကုန်ကျခဲ့တဲ့ ဒီဇာတ်ကားက Box Office မှာ ၃၇၈.၁ သန်းပြန်ရခဲ့တာပါ။ အကယ်ဒမီဆယ်ဆုစာ လျာထားခံရပြီး ရှစ်ခုရရှိခဲ့ပါတယ်။ ဘက်ဖ်တာ ဆု ခုနှစ်ခု၊ ဝေဖန်ရေးဆု ငါးခုနဲ့ ရွှေကမ္ဘာလုံးဆု လေးခု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ ဒီဇာတ်ကားကို sleeper hit အဖြစ် သတ်မှတ်ခဲ့တာပါပဲ။ စစချင်းမအောင်မြင်ဘဲ တဖြည်းဖြည်းနဲ့ အောင်မြင်မှုထိပ်ဆုံးရောက်လာတဲ့ဇာတ်ကားများကို ဆိုလိုပါတယ်။ IMDb 8 နဲ့ Rotten Tomato 90% ‌ရှိတဲ့ ဟောဒီဇာတ်ကားက Who wants to be a millionaire (မေးခွန်းဖြေစို့ သန်းကြွယ်ဖို့) အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အိန္ဒိယသုံးငွေကြေး ရူပီးသန်းနဲ့ချီပြီး အနိုင်ရရှိခဲ့သူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ သူဟာ အသက် ၁၈ နှစ်သာရှိပြီး ပညာတတ်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ဆင်းဆင်းရဲရဲ ကြီးပြင်းလာရပြီး ဘဝရဲ့အထုအထောင်းကို အရွယ်နဲ့မလိုက် ခါးစည်းခံရသူပါ။ သူဟာ ဘာ့ကြောင့် ဒီပြိုင်ပွဲကို အခြားပညာတတ်တွေထက် ကျော်လွန်ပြီး ရှေ့ဆက်နိုင်ခဲ့တာလဲ။ စာရေးဆရာကတော့ It is written (သတ်မှတ်ပြီးသားကံကြမ္မာကြောင့်) လို့ ပြောသွားခဲ့ပါတယ်။ အရေးကြီးမေးခွန်းတိုင်းဟာ သူ့ဘဝရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ မျက်ရည်တွေ သွေးစက်တွေကိုရင်းပြီး သိခဲ့ရတဲ့အဖြေတွေဖြစ်လို့ အောင်မြင်မှုရခဲ့တာပါ။ အဓိကသရုပ်ဆောင်တွေကို အသက်အရွယ်သုံးပိုင်းခွဲပြီး သုံးယောက်စီအသုံးပြုပါတယ်။ ကျွန်တော်သဘောအကျဆုံးကတော့ ပထမဆုံးအရွယ် ကလေးငယ်သရုပ်ဆောင်တွေပါပဲ။ အပီပြင်ဆုံးလို့လည်း ခံစားရပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝခရီးကြမ်းဟာ အဲဒီအရွယ်မှာပဲ အခက်ခဲဆုံးကြုံတွေ့ခဲ့ရတာကို အတိအကျ လုပ်ပြသွားနိုင်တဲ့ ကလေးတွေပေါ့ဗျာ။ နောက်ဆုံးမေးခွန်းဖြစ်တဲ့ တတိယသေနတ်ကိုင်စစ်သားရဲ့အမည်ကို လူငယ်လေး သိသလား မသိဘူးလားဆိုတာကတော့ အဓိကဆွေးနွေးရမယ့်အကြောင်းလို့ထင်ပါတယ်။ စာသင်ခဲ့ရစဉ်အရွယ်က ပြဌာန်းစာအုပ်ဖြစ်လို့ သိမှာပေါ့လို့ဆိုနိုင်သလို ပညာတပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ရသူတွေမလို့ မသိဘူးလည်းပြောနိုင်ပါတယ်။ ပွဲထဲမှာလည်း မသိဘူးလို့ပဲ ဖြေသွားတာပါ။ ဒါပေမဲ့ သူက သိနေတဲ့အဖြေကို မသိဘူးပြောတတ်သူမလို့ အဲဒီစကားကိုလည်း အတည်ယူလို့မရပြန်ပါဘူး။ ဘာသာရေးအဓိကရုဏ်းဖြစ်ပြီး ထွက်ပြေးလာရတဲ့ညမှာ အစ်ကိုဖြစ်သူရဲ့ပြောစကားကိုလည်း ထည့်စဉ်းစားရပါတယ်။ တို့တွေမှ တတိယသေနတ်ကိုင်စစ်သားရဲ့ အမည်ကို မသိဘဲ ဆိုတဲ့စကားက အဓိပ္ပာယ်နှစ်ခွထွက်ပြန်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ကို သူတို့ဆရာက သေနတ်ကိုင်စစ်သားနှစ်ယောက်ရဲ့အမည် ခေါ်လေ့ရှိတာမလို့ သူတို့ကိုယ်သူတို့လည်း အဲဒီလိုပဲ သက်မှတ်ထားကြပါတယ်။ မင်းသမီးဝင်လာတော့ သူ့ကို တတိယမြောက်သေနတ်ကိုင်စစ်သားအဖြစ် အဖွဲ့ထဲထည့်ချင်တဲ့ ဇာတ်ဝင်စကားကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် နာမည်မသိဘူးဆိုတာဟာ စာအုပ်ထဲက သေနတ်ကိုင်စစ်သားပဲလား။ တတိယမြောက်အဖွဲ့ဝင် မင်းသမီးရဲ့နာမည်ကိုပြောတာလားဆိုတာကိုတော့ ပရိသတ်အတွက်ပဲ ချန်သွားပေးတဲ့ပုံပါ။ အိန္ဒိယရဲ့ အောက်ခြေအနက်ရှိုင်းဆုံးက အကျည်းတန်အဖြစ်တွေကို ခရေစေ့တွင်းကျ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ တကယ့် Drama မှ Drama ပါပဲ။ အိုဗာလုပ်ပြတတ်တဲ့ အိန္ဒိယသရုပ်ဆောင်တွေကို ဇွတ်အတင်း အနောက်ဆန်ပစ်လိုက်တော့ ပရိသတ်မှာ ဟိုဟာလိုသလို ဒီဟာလိုသလိုတွေလည်း ဖြစ်ကုန်တာပေါ့ဗျာ။ ဇာတ်ကား အဆုံးနီးလာချိန်မှ အသားကျပြီး နောက်တစ်ခေါက်ပြန်ကြည့်တဲ့အခါမှာ လုံးဝစီးမျောသွားပါတယ်။ ဇာတ်ဝင်သီချင်းကိုတော့ M.I.A ရဲ့Paper Plane ကို အသုံးပြုထားပါတယ်။ ဇာတ်လမ်းနဲ့ အနီးစပ်ဆုံးဖြစ်အောင် မြန်မာမှုပြုထားတာမလို့ စာသားနဲ့ အနည်းငယ်လွဲချော်တာလေးတွေ ရှိပါတယ်။ သည်းခံပြီး ကြည့်ပေးကြပါခင်ဗျာ။ အိန္ဒိယစကားပြောများကို အင်္ဂလိပ်ဘာသာပြန်စာတန်းအသေများကိုလည်း Trimming လုပ်ပြီး စာတန်းထိုးပေးထားပါတယ်။ မူရင်းစာဖိုင်မှာ မပါလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့အဆင်ပြေအောင် အချိန်ယူလုပ်ပေးထားပါတယ်။ အားနည်းချက်များရှိရင် ချစ်သောမျက်စိနဲ့ ကြည့်ပေးကြပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ ခံစားတင်ဆက်ထားပါတယ်။) File size…(4 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:00:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • War
7.7 2008 120 mins
Slumdog Millionaire
The Prey: Legend of Karnoctus
5.8

ဒီကားလေးက 2022မှ အသစ်ထွက်ရှိလာတဲ့ action/adventure , horror အမျိုးအစားကားလေးပါ။ ဇာတ်လမ်းကတော့ ကြေးစားစစ်သားတစ်စုဟာ တာလီဘန်တွေဆီ ကနေ ဒုံးကျည်တွေကိုဓားပြတိုက်ခဲ့ပြီးတော့၊ အဖွဲ့ထဲမှ တာဂါ နဲ့ ရိဇ် တို့ဟာ အခြားအဖွဲ့ဝင်တွေ ရဟတ်ယာဉ်သွားယူနေတုန်း ပစ္စည်းအချို့နဲ့ အတူ ဂူတစ်ဂူထဲမှာ ဝင်ပုန်းနေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ US စစ်သားတစ်ဖွဲ့ဟာ တာလီဘန်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံရပြီးတော့ အဲ့ဂူထဲကိုဝင်ပုန်းခဲ့ကြပါတယ်။ တာလီဘန်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အခါမှာတော့ ဂူရဲ့ဝင်ပေါက် ပြိုကျသွားပြီးတော့ နှစ်ဖွဲ့လုံးဂူထဲမှာပိတ်နေခဲ့ပါတယ်။ အဲလိုနဲ့ သူတို့နှစ်ဖွဲ့ ပေါင်းပြီးတော့ ဂူထဲကနေထွက်နိုင်ဖို့ ကြိုးစားရာမှာ သူတို့မမျှော်လင့်ထားတဲ့ karnotcus ဆိုတဲ့ သတ္တဝါကြီးရဲ့အမဲလိုက်ခြင်းကိုခံရပါတော့တယ်။ ဒီနှစ်ဖွဲ့မှာ ဘယ်သူတွေ ကျန်ရစ်ပြီး ဘယ်သူတွေလွတ်မြောက်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Sai Aung Zaw Moe ဖြစ်ပါတယ်) File Size..........(1.5 GB) / (725 MB) / (419 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 33mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Sci-Fi, Thriller Translator.......Sai Aung Zaw Moe Encoder..........SWM

Drama • Thriller
5.8 2022 93 mins
The Prey: Legend of Karnoctus
Horror Stories 3
6.1

IMDb - 5.3/10 ****************************************** ညနက်သန်းခေါင်မှာ လူနှစ်ယောက် တောအုပ်ထဲမှာ လမ်းပျောက်နေကြပါသတဲ့။ လမ်းရှာရင်းနဲ့ တောလမ်းလေးအဆုံးမှာ အိမ်တစ်ဆောင်ကို တွေ့တော့ ထုံးစံအတိုင်း တစ်ညတာနားခိုဖို့ အထဲကို ဝင်လိုက်ကြပါတယ်။ ဒီအိမ်ကြီးထဲမှာ ယောက္ခထီးနဲ့ သူ့ချွေးမ နှစ်ယောက်ပဲနေထိုင်တာပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာ အိမ်မှာ ခင်ပွန်းရဲ့အသုဘနှစ်ပတ်လည် ရှိနေပါသတဲ့။ သူတို့ကို တစ်ညတာနားခွင့်ပေးလိုက်ပေမယ့် ညလယ်စာကျွေးတော့ ကလီစာဟင်းတွေ ဖြစ်နေပြန်ပါတယ်။ ဘယ်လိုအိမ်ကြီးလဲ.... ဘယ်လိုလူတွေလဲဆိုတာ .... မသိုးမသန့်ဖြစ်စရာကောင်းလှပါတယ်.....။ သေချာတာတစ်ခုကတော့ ခြောက်ခြောက်ခြားခြားတွေကို ရိုက်ပြထားတာမို့လို့ အသည်းငယ်တတ်သူတွေ၊ ရွံရှာဖွယ် အခန်းတွေကို ကြောက်လန့်တတ်သူများ မကြည့်သင့်ပါဘူးလို့ ကြိုသတိပေးပါရစေ။ "ကြောက်တတ်သူများ မကြည့်ရ" ဆိုပြီး တစ်ချိန်က ဗမာဗီဒီယိုလောကမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကို မှတ်မိကြမယ်ဆိုရင်...... အဲဒီလိုပုံစံမျိုးပဲ ဇာတ်လမ်းတိုလေး ၃ပုဒ်လောက်ကို အရသာရှိရှိ ချိတ်ဆက်ပြီး ကျောချမ်းစရာဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအတိုလေးတွေရဲ့ ခေါင်းစဥ်ကို အမြည်းပြောပြရရင် - မားစ်ဂြိုဟ်က မိန်းကလေး... - လမ်းမထက်က ဒေါသမီး.... - စက်ရုပ် ဝိညာဥ်.... တို့ပဲဖြစ်ပါတယ်။ 2016 ခုနှစ်က ထွက်ခဲ့တဲ့ Korean Horror ကားတစ်ကားလည်း ဖြစ်ပြီး သူ့ခေတ် သူ့အခါမှာ horror ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဇာတ်ကားဖြစ်တာမို့လို့.... ကဲ.....ကြောက်တတ်သူများရော မကြောက်တတ်သူများရော download လုပ်ထားပြီး ညနက်ရောက်မှ အေးဆေး ကြည့်ကြပါလို့ အကြံပြုလိုက်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။ Genre.....Horror, Sci-fi Quality….WEB-DL 1080p and 720p File size…1.3GB and 662MB and 291MB Format…mp4 Duration….1h 34min Subtitle….Myanmar Subtitle (Hardsub) Translator ..... Richard Wai Encoder .....August

Comedy • Drama
6.1 2016 94 mins
Horror Stories 3
Train to Busan
7.8

(Busan ရထားကြီး ထွက်ပါပြီ။ အားလုံး စောင့်မျှော်တောင်းဆိုနေတဲ့ ဒီဇာတ်ကားကို မြန်မာစာတန်းထိုး HD နဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားကို အတော်များများတော့ ကြားဖူးနေကြလောက်ပါပြီ။ အများကြီးတော့ ညွှန်းစရာမရှိပါဘူး။ ကိုရီးယားကားတွေထဲမှာတော့ ထိပ်တန်းအဆင့်ရှိတဲ့ ဇာတ်ကားတစ်ခုပါပဲ။ အလွှာပေါင်းစုံ လူတန်းစားပေါင်းစုံ စိတ်ဓာတ်ပေါင်းစုံနဲ့ လူတွေ ကြောက်မက်ဖွယ် အန္တရာယ်တွေ ကြုံလာတဲ့အချိန်မှာ တစ်ဦးချင်းစီရဲ့ စရိုက်၊ စိတ်ထားတွေ အပြောင်းအလဲတွေနဲ့ သူတို့ရဲ့ ဘဝတွေကို ကောင်းကောင်းကြီး ပြသသွားတာပါပဲ။ ကြောက်ရွံ့မှု ရဲရင့်မှု ပျော်ရွှင်မှု ကြေကွဲမှု တကိုယ်ကောင်းဆန်မှု စွန့်လွှတ်အနစ်နာခံမှုတွေကို တနေရာတည်းမှာ စုစည်းခံစားလိုက်ကြပါစို့။ File Size       :  900MB/ 440 Mb Duration      :  1hr 58 min Quality         :  Webrip 1080p Translators  :  Moe Oo Mann, Moe Myint Lwin Encoder       :  Thanhtike Zaw

Comedy • Drama • Family
7.8 2016 118 mins
Train to Busan
How to Be Single
6.2

စာရေးဆရာမVeronica Roth ရဲ့ နာမည်ကျော် Divergent Series ရဲ့ သုံးအုပ်မြောက်စာအုပ်ကိုအသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ရှေ့က Divergent(2014) နဲ့ Insurgent(2015) ရုပ်ရှင်တွေကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်မိပါလိမ့်မယ်။ ဇာတ်လမ်းရဲ့ကြောရိုး.... အနာဂတ်ကာလ Chicago မြို့မှာ တံတိုင်းကြီးကာထားပြီးနေထိုင်ကြတဲ့ မျိုးနွယ်စုတစ်စုရှိပါတယ်။သူတို့ထဲမှာ  Abnegation ( အတ္တကင်းမဲ့မှု)၊ Amity ( ကြင်နာမှု )၊ Candor ( ရိုးသားမှု)၊ Erudite ( ဉာဏ်ပညာထက်မြက်မှု)၊ နဲ့ Dauntless ( ရဲရင့်မှု ) စသည်ဖြင့်အမျိုးအစားခွဲထားပြီး  အဲ့ဒီအမျိုးအစားထဲကနေ ချွန်ပြီးထွက်နေတဲ့ Divergent လို့သတ်မှတ်သူတွေကိုတော့ ဒီမြို့ထဲမှာမထားပါဘူး...သတ်ပစ်ပါတယ်။ဒီလိုချိန်မှာ Abnegation အကြီးအကဲရဲ့သမီး Tris (မင်းသမီး Shaileen Woodley ) ကတော့ အမျိုးအစား(၃)ခုကျော်နေလို့  Divergent လို့ The System ကသတ်မှတ်ပြီး သတ်ပစ်ဖို့ကြိုးစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ Divergent တွေဟာ The System ရဲ့လွှမ်းမိုးမှုကို လက်မခံဘဲ လူသားဆန်လွန်းမှန်းသိထားကြလို့ပါ။ဒီလိုအချိန်မှာ မင်းသမီးနဲ့ မင်းသားတို့အဖွဲ့ The System ကနေဖောက်ထွက်ရုန်းကန်ဖို့ကြိုးစားကြပုံတွေကို တင်ဆက်ထားတာပါ။ အခု Allegiant ဇာတ်ကားမှာလဲ ထို့အတူပါပဲ။ Insurgent ဇာတ်ကားရဲ့အဆုံးကနေပြန်ဆက်ထားပါတယ်။Science Fiction ဇာတ်ကားကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့မှာဖြစ်သလို ဝတ္ထုရဲ့ ဆိုလိုရင်းဖြစ်တဲ့ လူငယ်လူရွယ်တွေရဲ့ အတွေးအခေါ်တွေ လွတ်လပ်မှုတွေကို ခံစားရမှာပါ။

Action • Drama
6.2 2016 110 mins
How to Be Single
Snow Falls

Eden ဟာဆေးကျောင်းသူတစ်ဦးဖြစ်ပြီးအမေဖြသ်သူက မကြာသေးခင်ကကင်ဆာနဲ့ဆုံးပါးသွားတာဖြစ်လို့ သူငယ်ချင်းတွေကစိတ်ပြေလက်ပျောက်ဖြစ်အောင် အပျော်ခရီးထွက်ဖို့ခေါ်လာပါတယ်။ အပန်းဖြေမယ့်အိမ်ကြီးရောက်ပြီး နောက်နေ့မှာပဲ နှင်းမုန်တိုင်းကျလို့လျှပ်စစ်မီးပျက်ကာ သူငယ်ချင်းတစ်သိုက်အိမ်ထဲမှာသောင်တင်နေပါတယ်။ ဒါပေမယ့် အအေးဒဏ်ကပိုပိုဆိုးလာပြီး လျှပ်စစ်မီးကလည်း ရက်နဲ့ချီပြတ်တောက်နေလို့ စားစရာနဲ့အနွေးဓာတ်ရဖို့ခက်ခဲလာပါတယ်။ အဲဒီမှာပဲ သူငယ်ချင်းတွေတစ်ယောက်ပြီးတစ်ယောက် အာဟာရပြတ်လို့ ကယောင်ချောက်ခြားတွေဖြစ်လာချိန်မှာတော့ အားလုံးအသက်ရှင်လျက် ပြန်ထွက်နိုင်မလားဆိုတာ.. File size…(1.09GB) / (516.42MB) /263.69MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:19:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

0 2023
Snow Falls
Dolphin Tale
6.8

Dolphin Tale (2011) =============== IMDb Rating – 6.8/10 CM ပရိတ်သတ်ကြီးတို့ရေ။ ငယ်ငယ်က TV မှာလွှင့်ဖူးတဲ့ Dolphin Tale ဆိုတဲ့ ကလေးဘဝရုပ်ရှင်လေးကိုမှတ်မိကြပါသလား။ အမြီးဖြတ်ပစ်လိုက် ရတဲ့ လင်းပိုင်လေးဝင်းတားနဲ့ သူ့ကိုကယ်ပေးခဲ့တဲ့ ဆော်ရာဆိုတဲ့ကောင်လေး တစ်ယောက်အကြောင်းပေါ့။ ပရိတ်သတ်ကြီးတို့ထဲမှာ ကြည့်ဖူးတဲ့သူရှိရင်ဖြင့် လင်းပိုင်လေးဝင်းတားဟာ အပြင်မှာ တကယ်ရှိခဲ့တယ်ဆိုတာရော သိပါသ လား။ ဟုတ်ပါတယ် ဝင်းတားလေးဟာ တကယ်ရှိခဲ့ဖူးပြီး သူဟာ မသန်စွမ်း ကလေးငယ်တွေအတွက် ဘဝကိုအရှုံးမပေးဖို့ တကယ်ကို ခွန်အားဖြစ်စေတဲ့ လင်းပိုင်လေးတစ်ကောင်ပါ။ ဝင်းတားလေးဟာ Clearwater Marine Aquarium ကို ဒဏ်ရာများစွာနဲ့ရောက် လာပြီး အမြီးပိုင်းသွေးမလျှောက်တော့တာကြောင့် အမြီးဖြတ်ပစ်လိုက်ရပါတယ်။ လင်းပိုင်တစ်ကောင်အတွက် ရေကူးစရာအမြီးမပါတော့တာဟာ လူတစ်ယောက် ခြေထောက်မပါတော့တာနဲ့အတူတူပါပဲ။ ဒါပေမဲ့ ဝင်းတားဟာ အရှုံးမပေးဘဲ အသက် 16နှစ်ထိ အသက်ရှင်နေထိုင်သွားခဲ့ပါတယ်။ သူ့ရဲ့ Bottlenose Dolphin မျိုးစိတ် သက်တမ်းဟာ နှစ်40ကနေ60ထိ ရှိတာပါ။ ဒါပေမဲ့ အမြီးမရှိတော့တဲ့လင်းပိုင်တစ် ကောင်အတွက်တော့ 16နှစ်ထိ‌နေသွားနိုင်ဆိုတာ တကယ်အံ့ဩဖို့ကောင်းပါတယ်။ ဒါ့အပြင် Dolphin Tale 1,2မှာ ပါဝင်တဲ့လင်းပိုင်လေးဟာ တကယ့်အပြင်ကဝင်းတား အစစ်ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ လင်းပိုင်လေးဝင်းတားဟာ 2021ခုနှစ်၊နိုဝင် ဘာ 11ရက်ကပဲ ဆုံးပါးသွားပြီမို့ ရုပ်ရှင်ထဲမှာပဲ တွေ့နိုင်တော့မှာပါ။ ကဲပါ ခံစားကြည့် ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.54 GB) / (1.36 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 53Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family Translator……Ngwe Zin Encoder……….SWM

6.8 2011 113 mins
Dolphin Tale
Mamasapano: Now It Can Be Told

Mamasapano : Now It Can Be Told (2023) ၂၀၁၅ ခုနှစ် သို့မဟုတ် ဖိလစ်ပိုင်SAFအထူးတပ်သား ၄၄ ယောက်ရဲ့ မိသားစုဝင်‌တွေ သွေးမျက်ရည်ကျခဲ့ရတဲ့နေ့တစ်ဖြစ်လဲ မာမာစပန်နိုဆိုတဲ့မြို့လေးက unpopular warတစ်ခုမှာ ရက်ရက်စက်စက် အသက်စတေးခဲ့ရတဲ့ SAF တပ်သား ၄၄ ယောက်ရဲ့ ရင်နာဖွယ်ဖြစ်ရပ်မှန်လေးကို တင်ဆက်ထားတဲ့ ရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးလိုက်ပါရစေ။ Now It can be told ဆိုတဲ့အတိုင်း ဟိုလူလိုလို ဒီလူလိုလိုနဲ့ တစ်ချိန်က ပြည်ဖုံးကားချဖုံးဖိထားတဲ့ ဒီဖြစ်ရပ်ဆိုးကြီးရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်က ဘယ်လိုဖြစ်မလဲဆိုတာ CM နဲ့အတူ ရှုစားကြည့်ကြပါဦး။ မာဝမ်နဲ့အူစ်မန်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရတဲ့ထိ မကောင်းသတင်းဂုဏ်ပုဒ်နဲ့ ကျော်စောတဲ့သူနှစ်ယောက်၊ အမေရိကန်ကတောင် မာဝမ်ကို ဒေါ်လာ ၅ သန်း အူစ်မန်းကို ဒေါ်လာ ၁ သန်း ဆုကြေးထုတ်လိုက်တဲ့အထိ တရားလွန်ဆိုးသွမ်းလွန်းတဲ့ ရာဇဝင်လူဆိုးတွေပေါ့။ ဖိလစ်ပိုင်အစိုးရဘက်ကလည်း နှစ်နဲ့ချီစစ်ဆင်ရေးတွေအမျိုးမျိုးလုပ်နေပေမဲ့ နယ်မြေမလွတ်လပ်တာကတစ်ကြောင်း၊ အဆက်အသွယ်တွေရှိနေတာကတစ်ကြောင်းနဲ့ မာဝမ်ကို ဘယ်လိုမှဖမ်းမရဖြစ်နေတာပေါ့။ ဒီလိုနဲ့ မာဝမ်ကို သူခိုအောင်းနေတဲ့ကျားတွင်းမှာ ရအောင်ဖမ်းဆီးမယ်ဆိုတဲ့ စစ်ဆင်ရေး OPLAN Exodusနဲ့အတူ MILFစခန်းတွေနားကိုရောက်လာတဲ့ ဖိလစ်ပိုင်SAFရဲစစ်သား ၄၄ ယောက်၊ တောင်ကိုကျော် မြစ်ပြင်ကိုဖြတ်လို့ မာဝမ်ကိုအရသတ်နိုင်ခဲ့အပြီးမှာ ဖြစ်လာတော့မယ့် ပြဿနာကိုကြိုမမြင်ဘဲ အောင်ပွဲခံနေကြတာပေါ့။ ဒါပေမဲ့ သူတို့မသိတာက သူတို့ရဲ့အောင်မြေဟာ နောက်နာရီပိုင်းအတွင်းမှာ စစ်မြေပြင်တစ်ဖြစ်လဲ သူတို့ရဲ့သင်္ချိုင်းမြေဖြစ်လာရတော့မှာကိုပါပဲ။ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပါတယ်ဆိုတဲ့စွဲချက်နဲ့ SAFတပ်သားတွေကို ထိုးစစ်ဆင်လာတဲ့ မွတ်စလင်လက်နက်ကိုင် MILFတပ်ဖွဲ့တွေကြားမှာ ကူရာကယ်ရာမဲ့နေတဲ့ SAFတပ်သားတွေ၊ စစ်ကူလွှတ်မလိုလို ဟိုတပ်ကကူမလိုလို လေကြောင်းကလာမလိုလိုနဲ့ ဟိုလိုလိုဒီလိုလိုကနေ ဘာမှဆက်မဖြစ်လာတဲ့ ရဲ၊ စစ်တပ်နဲ့ အရပ်သားအစိုးရကြားက နိုင်ငံရေးအရှုပ်အရှင်းတွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ဒီဖြစ်ရပ်ဆိုးကြီး၊ ယနေ့အချိန်ထိ ဘယ်သူကတာဝန်ရှိတယ်ဆိုတာ တရားရုံးမှာ အမှုမှန်ရေရေရာရာမပေါ်နိုင်သေးတဲ့ နောက်ကွယ်က အရှုပ်အရှင်းတွေက ဘာတွေဖြစ်မလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary & Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, War Quality…. 1080p | 720p File size… 1.3GB | 737MB Format… mp4 Duration…. 2h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary & Thae Thae Encoder ….. Aaron

0 2022 102 mins
Mamasapano: Now It Can Be Told
Cape Fear
7.3

သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။ အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင် တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။ တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက် ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည် အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီး ဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှု ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေ လွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့ အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီ အမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာ ပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီး လက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့ အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လို လုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစု အပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 2.05 GB / 988 MB Quality… Blu-Ray 1080p / 720p Format…mp4 Duration….2h 8m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7.3 1991
Cape Fear
Appleseed

အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ နာမည်ကြီး japanese manga ကို movieအဖြစ်အသက်သွင်းထားတဲ့ Appleseed ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းလေးက 2131ခုနှစ်ကိုဇာတ်အိမ်တည်ထားပါတယ် လူသားတွေရဲ့ အမုန်းတရားတွေ အမျက်ဒေါသတွေ မတော်လောဘတွေကြောင့် တစ်ကမ္ဘာလုံးစစ်မြေပြင်ဖြစ်သွားပြီး အားလုံးနီးပါးပျက်စီးပြီးသွားတဲ့အချိန်မှာ တိုးတက်လှတဲ့နည်းပညာတွေနဲ့ဖန်တီးတည်ဆောက်ထားတဲ့ အိုလံပတ်စ်ဆိုတဲ့ စိတ်ကူးယဥ်နိုင်ငံလေးက တစ်ကမ္ဘာလုံးကိုအုပ်ချုပ်လျက်ရှိပါတယ် ဒူနန်နွန့် ဆိုတဲ့အမျိုးသမီးစစ်သည်တော်လေးဟာ တိုက်ရည်ခိုက်ရည်မှာထူးချွန်တာကြောင့်ရော ချောမောလှပသောရုပ်ရည်ရှိတာကြောင့်ရော ထင်ရှားကျော်ကြားတဲ့သူပါ သူမကို သူမရဲ့ချစ်သူဟောင်းဖြစ်တဲ့ ဘရီယာရီယိုစ်က စစ်မြေပြင်ကနေ ကယ်ဆယ်ပြီး အိုလံပတ်စ်ကိုခေါ်လာပေးခဲ့ပါတယ် ဘရီယာရီယိုစ်ကယခုအချိန်မှာစက်ရုပ်ခန္ဓာကိုယ်တပ်ဆင်ထားရတဲ့စက်ရုပ်တစ်ပိုင်းဖြစ်နေပါပြီ အဲ့ဒီအိုလံပတ်စ်ဆိုတဲ့စိတ်ကူးယဥ်နိုင်ငံလေးမှာ လူသားတွေနဲ့ထပ်တူကျအောင်ဖန်တီးထားတဲ့ ဘိုင်အိုရွိုက်ဆိုတဲ့ လူသားကလုန်းတွေက လူဦးရေတစ်ဝက်လောက်ရှိပါတယ် “ဘိုင်အိုရွိုက်”တွေဟာ တိကျတဲ့ စိတ်ခံစားမှုတွေမရှိဘဲ သူတို့ရဲ့အဓိကတာဝန်က လူသားတွေအတွက် ငြိမ်းချမ်းမျှတအောင်ထိန်းညှိပေးဖို့ပဲ ဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာနေရာရထားတဲ့ ဘိုင်အိုရွိုက်တွေကို မကျေမနပ်ဖြစ်ပြီး အတိုက်အခံလုပ်နေတဲ့ လူသားတစ်စုလည်းရှိပါတယ် အဲ့ဒါကြောင့် လူသားနဲ့ဘိုင်အိုရွိုက်တွေ့ရဲ့ကြားမှာ တင်းမာမှုတွေ ပဋိပက္ခတွေရှိနေပါတယ် ဒူနန်တစ်ယောက် အိုလံပတ်စ်ကိုရောက်သွားပြီးနောက်မှာ အိုလံပတ်စ်ကိုထိပါးလာတဲ့ လူတစ်စုရဲ့တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ရင်း သူမ,မမှတ်မိတဲ့ သူမရဲ့အတိတ်ကအကြောင်းတွေကိုပါ သိရှိလိုက်ရပါတယ်….. File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre… Action, Animation, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Action • Fantasy • Family • Adventure
0 2004
Appleseed
Scarface
8.3

Scarface (1983) IMDb Rating (8.3) / Rotten Tomatoes (79%) မင်းသားကြီး Al Pacino ရဲ့နာမည်ကြီးရုပ်ရှင်ကားကြီးပါ။ Rating တွေလဲ အတော်ကောင်းဆိုသလို အပြင်မှာတကယ်ရှိတဲ့ Tony Montana ဆိုတဲ့မူးယစ်ရာဇာအကြောင်းရိုက်ထားတာ။ တိုနီမွန်တားနားဆိုတဲ့ လူတစ်ယောက်ဟာ ကျူးဘားဒုက္ခသည်တွေနဲ့အတူ မိုင်ယာမီကိုရောက်လာတယ်.. သူနဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့ မန်နီ၊အိန်ဂျယ်နဲ့ချီချီတို့လည်းပါလာတယ်.. ရွှေ့ပြောင်းဒုက္ခသည်ဆိုတဲ့အတိုင်း အောက်ခြေအလုပ်တွေဖြစ်တဲ့ စားသောက်ဆိုင်ပန်းကန်ဆေးဆိုတဲ့အလုပ်ကနေ အသက်ရှင်ဖို့ရုန်းနေကြရင်းနဲ့ မူးယစ်ဆေးဝါးကုန်သည် သူဌေး ဖရန့်နဲ့အဆက်အသွယ်ရပြီး မူးယစ်အရောင်းအဝယ်လောကထဲကိုဝင်လာပါတော့တယ်။ တိုနီဟာ ဒီလောကနဲ့မစိမ်းသလို လက်ရဲဇက်ရဲ အကွက်မြင်တဲ့သူမို့ သူဌေးခိုင်းတဲ့အရောင်းအဝယ်ကိစ္စမှာ အအောင်မြင်ဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့တယ်… ဒီ့နောက်မှာတော့ သူဟာ တဖြည်းဖြည်းအောင်မြင်လာပြီး ကိုယ်ပိုင်အင်ပါယာထူထောင်နိုင်တဲ့အထိ ချမ်းသာလာပါတော့တယ်… ပိုက်ဆံတွေအများကြီး မိန်းမတွေအများကြီးနဲ့ မူးယစ်လောကထဲက တိုနီတယောက် ဘဝကြီးကို ဘယ်လောက်ထိ စိတ်ကြိုက်လွှင့်မျောမိုက်ကန်းတော့မယ်ဆိုတာ ဆေးပြင်းလိပ်ကြီးခဲပြီး သေနတ်ကြီးဆွဲလို့ သွေးသံရဲရဲနဲ့ Al Pacino ရဲ့ သရုပ်ဆောင်ချက်တွေကို ၃ နာရီနီးပါး ကျကျနနခံစားကြရမှာပါ။

Comedy • Drama • History • Romance
8.3 1983 170 mins
Scarface