YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Salta.2023.720p.WEBRip (CM).mp4

630.16 MB 720p video/mp4 103 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Inbetween Worlds
6.4

IMDb Rating - 6.5/10 ဂျာမန်စစ်သားတဦးဖြစ်တဲ့ ဂျက်စ်ပါဟာရဲ့ ညီဖြစ်သူက အာဖဂန်နစ်စတန်မှာကျဆုံးထားပေမယ့် နောက်တကြိမ် ထပ်ပြီး အာဖဂန်မှာ တာဝန်ထမ်းဆောင်ရန်ထွက်ခဲ့ပါတယ်။ သူ့တာဝန်က တာလီဘန်တွေရဲ့ရန်ကနေရွာတရွာကို ဒေသခံ အာဘတ်ကီတပ်ဖွဲ့တွေနဲ့ အတူတူကာကွယ်ပေးရမှာဖြစ် ပါတယ်။ အဲ့ဒီမှာဂျက်စ်ပါရဲ့ စကားပြန်ဖြစ်သူ တာရစ်နဲ့ သူ့ညီမလေး တို့ဟာ ဂျာမန်စစ်တပ်အတွက် စကားပြန်လုပ်ပေးနေလို့ တာလီဘန်တွေရဲ့ ခြိမ်းခြောက်ခံနေရပါတယ်။  တာရစ်နဲ့ ခင်မင်ရင်းနှီးသွားပြီးနောက် သနားစိတ်တွေပေါ်လာတဲ့ ဂျက်စ်ပါတယောက် တာရစ်ညီမလေးဒုက္ခကြုံလာတဲ့အခါ အထက်အမိန့်တွေလွန်ဆန်ပြီး ကယ်တင်နိုင်မလား ဆိုတာကို စစ်ပွဲနောက်ခံ ဒရာမာ လေးတွေကြည့်ချင်သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်) File Size..........(1.92 GB) / (831 MB) / (476 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 38Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, War Translator.......Chit Min Thu Encoder..........SWM

Horror
6.4 2014 98 mins
Inbetween Worlds
Mission Kashmir
6.3

ပထမဦးဆုံးအနေနဲ့ ပြောချင်တာက လောကမှာ ဘယ်လူမျိုး ဘယ်ဘာသာရယ်က အကြမ်းဖက်ဘာသာ အစွန်းရောက်လူမျိုးရယ်လို့မရှိပါဘူး..လူက နှစ်မျိုးပဲရှိပါတယ်..အဲ့ဒါကတော့ လူကောင်းနဲ့လူဆိုးပါ.. ဒီဇာတ်ကားလေးမှာ ဘာသာရေးအစွန်းရောက်အယူဝါဒတချို့ပါနေလို့ ဇာတ်ကားကြည့်ရင်း ဗဟုသုတယူရမယ့်အစား အစွန်းရောက်ဝါဒများ စိတ်ထဲမကိန်းအောင်စေဖို့ တိုက်တွန်းလိုက်ပါတယ်... အစွန်းရောက်ဝါဒီတွေရဲ့ ထုံးစံအတိုင်း ရင်ထဲမှာ အမုန်းတရားတွေစွဲကျန်နေတဲ့ တက်သစ်စလူငယ်လေးတွေကို သိမ်းသွင်း...ကိုယ်ကျိုးအတွက်ပဲ ကြည့်ပြီး ဘာသာရေးအမည်ခံ အမုန်းတရားတွေဖြန့်...လုပ်ဇာတ်တွေဖန်တီးပြီး ဆော်သြနေကြတဲ့ လူတွေလက်ထဲရောက်သွားခဲ့ရတဲ့ လူငယ်လေးတွေအကြောင်းကိုလည်း ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်... အဓိကဦးတည်ချင်တာကတော့ မပြီးဆုံးနိုင်တဲ့ အိန္ဒိယ-ပါကစ္စတန်အမွှေဇာတ်ထုပ်ပေါ့... ဒီကားမှာ ဘောလီးဝုဒ်မင်းသားချောလေး ရီသစ်ရိုရှန်းနဲ့ မင်းသားကြီး ဆန်ဂျေးဒသ်တို့ပါဝင်သရုပ်ဆောင်ထားတယ်... မစ်ရှင်ကက်ရှမီးဆိုတဲ့ ကားနာမည်အတိုင်းပဲ ဟင်ဒူ-မွတ်စလင် အမြဲအဓိကရုဏ်းဖြစ်နေတတ်တဲ့ ကက်ရှမီးဒေသကို ဖျက်ဆီးပြီး အမုန်းတရားတွေဖြန့်ကျက်ဖို့ စစ်သွေးကြွအုပ်စုက လျှို့ဝှက်ကြံစည်နေကြတယ် ဒါကိုမှ ရဲအရာရှိက စုံစမ်းဖေါ်ထုတ်မယ့်ဇာတ်လမ်း.... ဒါပေမဲ့ အဲ့ဒီစစ်သွေးကြွအုပ်စုထဲကို မတော်တဆရောက်သွားခဲ့ရတာက ရဲအရာရှိရဲ့မွေးစားသား... နောက်ခံအမုန်းတရားဇာတ်အိမ်နဲ့ သူတို့နှစ်ယောက်ကို ထိပ်တိုက်ပေးတွေ့တဲ့အခါ.... ဆက်ဖြစ်လာမယ့်ဇာတ်အရှိန်ကိုတော့ တစိမ့်စိမ့်ကြည့်ရှုပေးကြပါလို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(4.2 GB)/(1.4 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:31:oo Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Action • Crime • Drama
6.3 2000 151 mins
Mission Kashmir
Rally Road Racers
7.5

Rally Road Racers (2023) ကားပြိုင်ပွဲအခြေခံ ကာတွန်းရုပ်ရှင်အသစ်လေးလာပါပြီ။ ထုံးစံအတိုင်း မိသားစုမေတ္တာတွေ၊ ဟာသတွေ နဲ့ စွန့်စားခန်းတွေပေါ့။ အသံသရုပ်ဆောင်မင်းသမီးကတော့ Agents of SHIELD ထဲက အေးဂျင့်ဒေစီဖြစ်တဲ့ Chloe Bennet ပါပဲ။ ဇာတ်လမ်းအကျဉ်း လိုးရစ်မျောက်မျိုးနွယ်လေးတွေ နေတဲ့ ရွာကလေးက ချီချီဆိုတဲ့ကောင်လေးဟာ ပြိုင်ကားတွေမောင်းဖို့ ဆုတွေယူဖို့ အရူးအမူးကြိုးစားနေတဲ့ကောင်လေးပါ။ ဒါပေမဲ့ သူ့အဘွားကတော့ ဒါကို ခွင့်မပြုပါဘူး။ တစ်နေ့မှာတော့ သူတို့ရဲ့ရွာလေးကို အပိုင်ဝယ်သိမ်းပြီး ဖျက်ဆီးဖို့ကြိုးစားလာသူ ပေါ်လာပါတယ်။ အဲဒီလူကတော့ အာချီဗိန်းဂလိုးရီးရက်ဆိုတဲ့ ပြိုင်ကားချန်ပီယံ ဖားကြီးပါပဲ။ အိမ်ကိုပြန်ရွေးဖို့ ပိုက်ဆံမရှိတဲ့ ချီချီဟာ ဗိန်းနဲ့အပေးအယူတစ်ခုလုပ်လိုက်ပါတယ်။ ပြိုင်ကားလောကရဲ့အခက်ဆုံး အကြမ်းဆုံး ပိုးသားလမ်းပြိုင်ပွဲမှာ သူနိုင်ခဲ့ရင် သူ့ရွာလေးနဲ့ သူ့အိမ်ကိုပြန်ပေးဖို့ပါပဲ။ အဲဒီနောက်မှာတော့ ဘယ်လိုမှမနိုင်နိုင်တဲ့ ပြိုင်ပွဲကြီးကို ချီချီတစ်ယောက် မိတ်ဆွေတွေ ချစ်တဲ့သူတွေရဲ့အကူအညီနိုင် ဝင်ပြိုင်ခဲ့တဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။

Drama • Fantasy
7.5 2023 92 mins
Rally Road Racers
X Zone
9.5

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဘောလီဝုဒ် ၁၈ အပေါင်း ကားလေးပဲ ဖြစ်ပါတယ်နော် ၁၈ အပေါင်းအခန်းတွေလည်း ပါဝင်သလို သည်းထိတ်ရင်ဖို ခြောက်ခြားစရာအခန်းများလည်းပါလို့ စောင်ကိုက်တဲ့သူကကိုက်..ခြုံတဲ့သူက ခြုံ.. FA တွေဆိုရင်တော့ ထိုင်ငိုလို့ရအောင် တစ်သျှူးပါဆောင်ထားကြနော်။ ဇာတ်လမ်းအကျဉ်း...။ လူငယ်သဘာဝ စွန့်စားချင်တဲ့ သူငယ်ချင်းအုပ်စုတစ်စုဟာ အတွဲကိုယ်စီနဲ့ တောကြီးမျက်မည်းထဲက အပန်းဖြေအိမ်ကြီးတစ်ခုဆီ အပန်းဖြေခရီးထွက်လာကြပါတယ်။ ညရောက်တော့ သူတို့လေးတွေ ပျော်ပျော်ပါးပါးဆော့ကစားကြတယ် သောက်စားကြတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီအိမ်ကြီးက ခြောက်နေတာကို သူတို့မသိကြရှာဘူး။ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကလည်း သူတို့မရိပ်မိခင်မှာဘဲ တဖြည်းဖြည်း အရှိန်တက်လာနေခဲ့ပါတယ်။ သူတို့တွေအားလုံးကလည်း ကိုယ့်စိတ်ကူး ကိုယ့်အကြံကိုယ်စီနဲ့ ဒီခရီးကို ထွက်လာခဲ့ကြတာပေါ့။ ဒီလိုနဲ့ သူတို့တွေကြားမှာ လူသတ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဘယ်သူဘယ်ဝါသတ်လို့သတ်မှန်းမသိကြဘဲ အချင်းချင်းကလည်း သံသယစိတ်တွေဝင်လာကြပါပြီ။ ကဲ ဆက်လက်ပြီး ရင်ခုန်ရမယ့်အပိုင်းကိုတော့ ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပြီး သူတို့သူငယ်ချင်းတွေအားလုံး လွတ်မြောက်နိုင်ပါ့မလား...။ ဒီအိမ်ကြီးရဲ့တကယ့်ဖြစ်ရပ်မှန် နောက်ကြောင်းရာဇဝင်က ဘာတွေဖြစ်နေမလဲဆိုတာကိုတော့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…1.6GB  / 757MB Quality…1080p WEB DL /720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Devil

Action • Comedy • Fantasy
9.5 2020 97 mins
X Zone
The Eternal Road
7

အချိန်ကတော့ အမေရိကန်ကစခဲ့တဲ့ Great Depression စီးပွားရေးပျက်ကပ်ကြီးဆိုက်နေတဲ့ခုနှစ်တွေ။ အလုပ်လက်မဲ့ဖြစ်နေတဲ့လုပ်သား‌တွေအတွက် စတာလင်ရဲ့ ဆိုဗီယက်ပြည်ထောင်စုကဖိတ် ခေါ်မှုကရေငတ်တုံးရေတွင်းထဲကျသလိုဖြစ်လာခဲ့တယ်။ အမေရိကန် ကနေဒါတို့ကနေလုပ်သားပေါင်း တသောင်းကျော်တို့ဟာ ဆိုဗီယက်တို့ရဲ့မြေကိုဘ၀သစ် စနိုင်ဖို့ရွှေ့ပြောင်းလာခဲ့ကြတယ်။ ဆိုဗီယက်တို့ရဲ့နယ်စပ် ဖင်လန်နိုင်ငံမှာကတော့ ယူဆီ ကဲတိုလာဆိုတဲ့ အမေရိကန်ကပြန်လာတဲ့ သူတ‌ယောက်ကတော့ ကွန်မြူနစ်အဖြစ် စွပ်စွဲခံရပြီးတော့ မိသားစုတွေဆီကနေပြန်ပေးဆွဲခံခဲ့ရပေမယ့် ဆိုဗီယက်နိုင်ငံထဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ ဒါပေမယ့် မိအေးနှစ်ခါနာဆိုသလိုပဲ ကဲတိုလာရဲ့ အမေရိကန် နောက်‌ေကြာင်းကိုမယုံသင်္ကာဖြစ်နေတဲ့ဆိုဗီယက်တို့က ရွှေ့ပြောင်းအမေရိကန်တွေဦးစီးတဲ့ ရုရှားစိုက်ပျိုးမွေးမြူရေးခြံတခုမှာနေပြီ းလျှို့၀ှက်ထောက်လှမ်းဖို့တွန်းအားပေးခဲ့တယ်။ ဒီလိုနဲ့ပဲ ယူဆီ ကဲတိုလာ တဖြစ်လဲ ယူဆီ ကာရီတယောက် မိသားစုအသစ်နဲ့ ဒီခြံမှာပဲဘ၀သစ်တခုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။ တနေ့မှာတော့ စတာလင်ရဲ့သူလျှိုအဖြစ်စွပ်စွဲအမြစ်ဖြုတ်မှုတွေက ဒီရွှေ့ပြောင်းအမေရိကန်‌‌ တွေအပေါ်ကိုပါရိုက်ခတ်လာခဲ့တဲ့အခါမှာတော့ ယူဆီတယောက် ဒီ၀ရုန်းသုံးကားအခြေအနေတွေကြားထဲဘာတွေ ဘယ်လိုဆက်ဖြစ်မှာလဲ။ အသက်ရှင်လျက်နဲ့ပဲထွက်လာနိုင်မလား။ သူ့မိသားစုလေးကရောအဆုံးမှာဘယ်လိုဖြစ်သွားမလဲ။ သူ့ရဲ့ရှည်လျားလှတဲ့ဘ၀ခရီးလမ်းကြီးကဘယ်လိုမျိုးပြီးဆုံးသွားမလဲဆိုတာကို The Eternal Road ဆိုတဲ့ ဖင်လန်စကားပြောဇာတ်ကားလေးမှာ ရှုစားပေးကြပါဦးခင်ဗျ

Comedy
7 2017 103 mins
The Eternal Road
Anon
5.9

CM ပရိသတ်ကြီးအတွက် ၂၀၁၈ ယခုလအတွင်းမှာထွက်ရှိထားတဲ့ဇာတ်ကားအသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။ Anon (2018) ကိုတော့ Tom Hanks ရဲ့နာမည်ကျော် The Terminal (2004) ဇာတ်ကား နဲ့ ကမ္ဘာကျော်ဟာသမင်းသားကြီး Jim Carreyရဲ့ အကောင်းဆုံးဇာတ်ကားပါလို့ တင်စားကြတဲ့ The Truman Show (1998) တို့ကို ဇာတ်ညွှန်းရေးသားခဲ့တဲ့ Ardrew Niccol ကပဲ ကိုယ်တိုင်ဇာတ်ညွှန်းရေးသားပြီး ကိုယ်တိုင်ပဲရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့မင်းသား Clive Owen နဲ့ မင်းသမီးချော Amanda Seyfried တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating ဟာလည်း 6.1 ရှိတဲ့အတွက်အတော်အသင့်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားလို့လည်း ဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်း ========== ဇာတ်အိမ်ကို အနာဂတ်ခေတ်မှာတည်ထားပြီးတော့ ထိုအနာဂတ်ခေတ်မှာ အစိုးရဟာ ပြစ်မှုတွေကိုနှိမ်နင်းဖို့အတွက် လူသားတွေရဲ့လုံခြုံရေးရပိုင်ခွင့်များကို ချိုးဖောက်ပြီး စောင့်ကြည့်ထောက်လှမ်းရအောင်လည်း ဥပဒေတစ်ခုကိုပြဌာန်းထားပါတယ်။ ရဲအရာရှိတစ်ဦးဖြစ်တဲ့ Sal Frieland ဟာအဆိုပါဥပဒေကို လက်ခံကျင့်သူတစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် The Girl လို့ခေါ်တဲ့ Hackerမလေးနဲ့ တွေ့ပြီးတဲ့အချိန်မှာတော့ ရဲအရာရှိကြီးရဲ့ ကံကြမ္မာဟာတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။ ဇာတ်ကားအမျိုးအစားက Sci-fi Thriller ဖြစ်တဲ့အတွက် သရဲဘာညာမပါဘဲ လျှို့ဝှက်ရင်ထိပ်သည်းဖိုသီးသန့်ခံစားချင်သူတွေကို လက်တို့လိုက်ပါရစေ။ (ဇာတ်လမ်းအညွှန်းကိုတော့ ဆရာ အူးမျိုးသန့်မှရေးပေးထားပြီး ဘာသာပြန်ပေးထားသူကတော့ ခင်ပြည့်စုံကျော်ပါ) File Size : (800 MB) and (319 MB) Quality : 720p WEB-Rip Running Time : 1hr 40min Format : Mp4 Genre : Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB.x264-STRiFE Translated by Khin Pyae Sone Kyaw Encoded by Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
5.9 2018 100 mins
Anon
Inubu: The Dog Club
6

Inubu: The Dog Club (2021) ~ MyDramaList – 7.5/10, IMDb – 6/10 ~ ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီးရိုက်ကူးထားတဲ့ ၂၀၂၁ ခုနှစ်ထွက် ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ခွေးချစ်သူဖြစ်ဖြစ် ကြောင်ချစ်သူဖြစ်ဖြစ် တိချစ်သူတိုင်းအတွက် ရင်ထဲရောက်စေမယ့် ကြည့်သင့်တဲ့အကြည်ဓာတ်ကားလေးဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့… တိုဝါဒါ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့ ဆေးကျောင်းသားဖြစ်သူ “ဟနိုင်း-ဆိုတ”ဟာ တိရစ္ဆာန်တွေကို အလွန်အမင်း ကရုဏာရှိတဲ့သူတစ်ယောက်ပါ။ သူတို့ကိုချစ်တဲ့စိတ်ကြောင့် တိမွေးကုဆရာဝန်တစ်ယောက် ဖြစ်လာအောင် ကြိုးစားနေသူလည်းဖြစ်ပါတယ်။ ၂၀၀၀ခုနှစ် နွေရာသီမှာ ဂျပန်ရဲ့ တိရစ္ဆာန်ဂေဟာတစ်ခုကနေ ခွေးတစ်ကောင်ကိုမွေးစားဖို့ သွားရင်းနဲ့ သူ့လိုပဲ ခွေးချစ်သူ သူငယ်ချင်းတွေရလာခဲ့ပါတယ်။ လေလွင့်ခွေးလေးတွေကို သူ့တိုက်ခန်းကျဉ်းထဲမှာစုမွေးထားပြီး သူငယ်ချင်းတစ်သိုက်က အတူတူစောင့်ရှောက်ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ လမ်းပျောက်နေတဲ့ခွေးလေးတစ်ကောင်ကို သူ့ထုံးစံအတိုင်းကယ်လာခဲ့ပါတယ်။ အစကတော့ ဆေးကုပေးပြီး ပိုင်ရှင်လက်ထဲပြန်အပ်ဖို့ပါပဲ။ ဒါပေမဲ့ ပိုင်ရှင်က သူတို့ဆေးတက္ကသိုလ်ရဲ့သုတေသနဌာနက ပါမောက္ခကြီးမှန်းသိရတော့ ဟနိုင်းတွေ‌ဝေသွားပါတယ်။ အကြောင်းရင်းကတော့ သုတေသနခန်းက ခွေးတွေဟာ တစ်ချိန်ကျရင် ခွဲစိတ်လေ့ကျင့်မှုအတွက် အရှင်လတ်လတ်ဗိုက်ခွဲကာ လေ့ကျင့်ခံရင်း သေဆုံးကြရမှာမို့လို့ပါပဲ။ “တစ်ယောက်ကိုစတေးခြင်းက အများကိုကယ်တင်နိုင်မယ်” လို့ စာဆိုရှိသော်ငြားလည်း တိရစ္ဆာန်တွေကိုအရမ်းချစ်တဲ့ ဟနိုင်းကတော့ တိတွေကို ဒီလိုသေဆုံးနေရတာကနေ ကယ်တင်ဖို့ ပိုင်ရှင်ရှာပေးမယ့် ခွေးဌာန(Inubu)ကို စတင်တည်ထောင်ပြီး မိတ်ဆွေတွေနဲ့အတူ အိမ်မွေးတိရစ္ဆာန်တွေကို စကယ်ပါတယ်။ ဒီလိုနဲ့ ၁၈နှစ်အကြာမှာတော့ အတိတ်ကဖြစ်ရပ်တွေ တကျော့ပြန်လာတဲ့အခါ… သူတို့ကြုံရမယ့် တိလေးတွေနဲ့ပတ်သက်တဲ့ ချစ်စရာဖြစ်ရပ်လေးတွေ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေရဲ့ ခါးသီးမှုတွေနဲ့အတူ တိမွေးကုဆရာဝန်တွေရဲ့ မတူညီတဲ့မေတ္တာတွေနဲ့ လောကအကြောင်း တစေ့တစောင်း သိခွင့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 54Min Genre – Family Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Action • Drama • History • War
6 2021
Inubu: The Dog Club
Embarrassment Of Will
6

မိန်းမ စွန့်ပစ်တာကို ခံရပြီး ဘာမှလက်ကြောတင်းအောင် မလုပ်တတ်တဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ – ကောဖုန်း မိန်းမနဲ့ကွာရှင်းပြီးတဲ့နောက် စိတ်ပြေလက်ပျောက် အရက်ဘားမှာထိုင်နေရင်း မိန်းကလေး မော့လီနဲ့ တွေ့ဆုံခဲ့တဲ့အခါ..? အစတုန်းကတော့ ဒီတွေ့ဆုံမှုကို တိုက်ဆိုင်မှုတစ်ခုအဖြစ်ထင်ခဲ့ပေမဲ့လို့ ဒါပေမဲ့ ဒီတွေ့ဆုံမှုဟာ ထူးဆန်းတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သတ်နေခဲ့ပါတော့တယ်။ အလုပ်မှာ လုပ်ရည်ကိုင်ရည် ရှိလှတဲ့ မော့လီတစ်ယောက် နေမကောင်းဖြစ်နေတဲ့ သမီးဖြစ်သူ ဆေးဖိုးရရှိဖို့ ကြိုးစားနေရရှာပါတယ်။ အဲဒီတစ်ချိန်ထဲမှာပဲ သူမဟာ အရေးကြီးလှတဲ့ တာဝန်တစ်ခုကို လက်ခံရှိခဲ့ပါတယ်။ အဲဒီတာဝန်ကတော့ ကောဖုန်းကို ပြန်ပေးဆွဲပြီး သူပိုင်ဆိုင်တဲ့ ကျောက်စိမ်းပြားလေးလို့ ခိုးယူဖို့ပါ။ သမီးဖြစ်သူဆေးဖိုးရရှိရေးအတွက်ပဲ ရှေ့တန်းတင်ထားတဲ့ မော့လီတစ်ယောက် ကောဖုန်းကို စွန့်စားရှာဖွေဖို့ ကြိုးစားလာခဲ့ရင်း…..? ❏ ဒီကိစ္စနောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိကြောင်းသိလိုက်ရတဲ့အခါ? ❏ ကောဖုန်းနဲ့ မော့လီတို့ ဘယ်လိုရင်ဆိုင်တုန့်ပြန်ကြမလဲ? ❏ နောက်ကွယ်က ကြိုးကိုင်ခိုင်းစေနေသူကတော့ဘယ်သူဖြစ်နေမှာလဲ? ❏ နောက်ကွယ်က အမှန်တရားကိုရော သူတို့ ရှာဖွေနိုင်ပါ့မလား ? ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့အပြင် အလွဲလေးတွေ အခွီလေးတွေပါ ပါတာမို့ တကယ်ကို ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးတစ်ကားပါပဲ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော်

Crime • Drama • History • Thriller
6 2022
Embarrassment Of Will
A Most Violent Year
7

A Most Violent Year (2014) အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac က သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။ နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။ ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။ ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size : 923MB, 387MB, 240MB Quality : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format : mp4 Duration : 2hr 5mins Genre : Action, Crime, Drama Translated by Themes Encoded by Kinnov

Mystery • Thriller • Horror
7 2014
A Most Violent Year
A Single Man

A Single Man (2009) က Drama/ Romance အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ Kingsman ထဲကမင်းသားကြီး Colin Firth ကို အရှုံးနဲ့ အထီးကျန်မှုကြားမှာ ရုန်းကန်နေရတဲ့ ကောလိပ်ပါမောက္ခ ဂျော့ဂ်ျအဖြစ်နဲ့ ပြောင်မြောက်စွာ သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ဂ်ျက ၁၆ နှစ်ကြာတွဲခဲ့တဲ့ လက်တွဲဖော် ကားမတော်တဆမှုကြောင့် သေဆုံးပြီးနောက်မှာ သူ့ကိုယ်သူ သတ်သေချင်နေတယ်။ သူရဲ့နောက်ဆုံးနေ့မှာ သူက ကျောင်းသား၊ လုပ်ဖော်ကိုင်ဖက်နှင့် သူ့ရဲ့အကောင်းဆုံးသူငယ်ချင်း ချာလေ နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး နောက်မှာ သူ့စိတ်ထဲမှာ ဘာလုပ်ရမလဲ ဘာကြောင့်လဲဆိုတာ ရှင်းလင်းသွားတဲ့ ဇာတ်လမ်းမျိုးပေါ့။ Good Will Hunting လို တွေးစရာဆွေးစရာကားလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် ရွေးစရာပါပဲ။ File size…(1.8 GB)/(800 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Freddy

Action • Comedy • Crime • Romance
0 2009
A Single Man
Blood Diamond
8

Blood Diamond (2006) =============== IMDb Rating (8.0) မင်းသားကြီး Leonardo DiCaprio , Djimon Hounsou , ကိုယ်တွေရဲ့မမ Jennifer Connelly တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကြီးကတော့ ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ Adventure ,Thriller,Drama ရသစုံရုပ်ရှင်ဇာတ်ကားပါပဲ။ သွေးစွန်းသောစိန် လူကြီးမင်းရဲ့ တစ်သက်တာချစ်ရမယ့်သူရဲ့ ဖယောင်းသွယ်လက်ချောင်းလေးကို စွပ်ပေးလိုက်မယ့် လက်ထပ်စိန်လက်စွပ်လေးမှာ သွေးစွန်းနေခဲ့ရင်လို့ တွေးမိကြမယ်မထင်ပါဘူး။ လူကြီးမင်းအနေနဲ့ အလယ်အလတ်တန်းစားလစာရတဲ့သူတစ်ယောက် လစာကိုအလုံးစုံစုရင်တောင် နှစ်ဆယ်ဂဏန်းစုရမယ့်တန်ဖိုးရှိတဲ့ စိန်လက်စွပ်လေးက ပျိုးပျိုးပြက်ပြက်လက်ပြီး သိပ်လှနေမှာပဲ။ လူကြီးမင်းရဲ့အမျိုးသမီးကလည်း သိပ်ကိုပျော်ရွှင်ကျေနပ်နေမှာပေါ့။ စိန်တွေက သွားရင်လာရင်း ခုလုတ်တိုက်ပြီး တွေ့ကြတာမဟုတ်ဘူး။ မြေကြီးထဲကို အနက်ကြီးတူးဆွလို့ အသက်နဲ့ရင်းရှာရတာပဲ။ ရုရှားစိန်တွင်းတွေဆိုရင် အနက်ဆုံးတွင်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ အခုပြောမှာကတော့ အာဖရိကတိုက်ကရတဲ့ စိန်တွေပါ။ ပေါများလွန်းလို့ မြေကြီးပေါ်မှာတင် ရွှေကျင်သလို ကျင်ယူရနိုင်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစိန်တွေကို ပိုင်ဆိုင်ထားသူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြပြီး စိန်ရောင်းရငွေတွေကို လက်နက်တွေဝယ်၊ အာဖရိကတိုက်သား နိုင်ငံသားအချင်းချင်း သတ်ဖြတ်ဖို့ သုံးနေကြလို့ပါ။ ဒါကြောင့် သွေးစွန်းသောစိန်တွေပါ။ ကမ္ဘာကြီးက အပေါ်ယံကကြည့်ရင် သိပ်ကောင်းသလို၊ သိပ်ကို တရားမျှတသလိုပဲ။ စစ်ဖြစ်ရာ ပဋိက္ခမြေက သွေးစွန်းသောစိန်တွေကို ကမ္ဘာ့စိန်ဈေးကွက်မှာ တရားဝင်တင်သွင်းလို့မရပါဘူး။ တရားမျှတလိုက်တာဗျာလို့ လူကြီးမင်း ချီးကျူးမစောသင့်ပါဘူး။ စိန်ဆိုတာ ရှားပါတယ်။ တန်ဖိုးကြီးပါတယ်ဆိုတဲ့ နိယာမတစ်ခုကို အသက်သွင်းဖို့ စိန်တွေကို လုပ်ငန်းရှင်တွေစုပေါင်းပြီး မြေအောက်အလုံတိုက်ထဲမှာ ဝယ်ထည့်ထားပါတယ်။ ဝယ်ချင်သလောက် ဝယ်မရရင် စိန်ဆိုတာ ရှားပြီလေ။ ရှားရင် ဈေးရပြီပေါ့ဗျာ။ ဒီတော့ လက်နက်လိုချင်လို့ စိန်တွေ ဆာလာအိတ်နဲ့ လာရောင်းကြတဲ့ အာဖရိကသူပုန်တွေရဲ့ စိန်ထောက်ပံ့လမ်းကြောင်းက ကမ္ဘာ့စိန်အဖွဲ့ကြီးရဲ့ ချမ်းသာရာ ချမ်းသာကြောင်းပေါ့။ သိတယ်မလား။ မင်းစိန်က တရားမဝင်ဘူး၊ ဘယ်လောက်ပဲရမယ်ပေါ့လေ။ အာဖရိကတိုက် စီရာ လီယုံ နိုင်ငံလေးက လိုင်ဘီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံပါ။ အစိုးရတပ်နဲ့ သူပုန်တပ်တွေဆိုပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့‌နေရာပါ။ လက်နက်ဝယ်ယူမှုက အစိုးရတပ်ရော သူပုန်တပ်ရောပေါင်းလိုက်ရင် လက်နက်ကုန်သည်များအတွက် ရွှေတွင်းကြီးတစ်ခုပါပဲ။ လိုင်ဘီးရီးယားက စိန်မထွက်ပေမဲ့ ကမ္ဘာ့စိန်ဈေးကွက်ရဲ့ ၁၅ ရာခိုင်နှုန်းကို တင်ပို့နိုင်တဲ့နိုင်ငံပါတဲ့။ ဒီလောက်ဆိုရင်တော့ ဘယ်နိုင်ငံက ဘယ်လိုစိန်တွေ ဘယ်လိုလည်ပတ်နေတယ်ဆိုတာ သိနိုင်လောက်ပါပြီ။ ဇာတ်လမ်းကတော့ ဇင်ဘာဘွေနိုင်ငံမှာမွေးခဲ့တဲ့ အာဖရိကသားလူဖြူ ဒန်နီ အာချာ (လီယိုနာဒို ဒီကာပီရို) က ကြေးစားစစ်သားဘဝကနေ စိန်မှောင်ခိုသမား လက်နက်ကုန်သည်တစ်ယောက်ပါ။ ဆိုလိုမွန် ဗန်ဒါ (ဂျီမိုဟွန်စူ) ကတော့ မန်ဒီမျိုးနွယ်စုဝင် တံငါသည်တစ်ယောက်ပါ။ မတ်ဒီ ဘိုဝင် (ဂျနီဖာ ကွန်နယ်လီ) ကတော့ အာဖရိကတိုက်ကို စွန့်စားရောက်လာတဲ့ မဂ္ဂဇင်းသတင်းထောက်မလေးပေါ့။ ဆိုလိုမွန် တို့ရွာကို သူပုန်တွေဝင်လာပြီး ဆိုလိုမွန် အဖမ်းခံရတယ်။ မိုင်းတွင်းကို အလုပ်သမားအဖြစ် ပါသွားတယ်။ ပြီးတော့ စိန်သမိုင်းမှာ တန်ဖိုးအရမ်းကြီးတဲ့ ပန်းရောင်စိန်ကြီးကိုတွေ့လိုက်ရတယ်။ ဒန်နီ က ထောင်ထဲမှာ အတူဆုံခဲ့ရတဲ့ ဆိုလိုမွန် ဆီက ပန်းရောင်စိန်အနံ့ရပြီး ဆိုလိုမွန် နောက်ကို တကောက်ကောက်လိုက်တော့တာပဲ။ မတ်ဒီ ကတော့ ဒန်နီ ဆီက သတင်းညှစ်ယူပြီး သွေးစွန်းတဲ့စိန်တွေကို ခဝါချပြီး စိန်ဈေးကွက်ထဲထည့်နေတဲ့ စိန်လုပ်ငန်းရှင်အကြောင်းတွေ ဖွင့်ချချင်တာပါ။ သူတို့သုံးယောက်က ပြည်တွင်းစစ်ထဲမှာ သက်စွန့်ဆံဖျားနဲ့ ကိုယ်လိုချင်ရာနောက်ကို လိုက်ကြသူတွေပါ။ ဆိုလိုမွန် က သူ့မိသားစုရယ် သူပုန်တွေဖမ်းခေါ်သွားတဲ့ သူ့သား ဒီရာ နောက်ကိုလိုက်တယ်။ ဒန်နီ က ပန်းရောင်စိန်နောက်ကိုလိုက်တယ်။ မတ်ဒီ က သတင်းနောက်ကိုလိုက်တယ်။ ဒီဇာတ်ကားက သိပ်ကိုအောင်မြင်ခဲ့ပြီး အော်စကာ ဆန်ကာတင်ငါးဆုဝင်ခဲ့ပါတယ်။ လီယိုနာဒို နဲ့ ဂျီမိုဟွန်စူ တို့လည်းပဲ အကောင်းဆုံးဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံးဇာတ်ပို့ဆု ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ အမြတ်ငွေကလည်း ကြီးကြီးမားမားရခဲ့တယ်။ ရိုက်ချက်တွေ သေသပ်လှပကောင်းမွန်ပြီး ဂန္ထဝင်ဆန်တဲ့ဇာတ်ကားကြီးမလို့ အချိန်ပေးပြီး ကြည့်ရှုထိုက်ကြောင်းပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

8 2006 143 mins
Blood Diamond
Lover
7.4

Lovers (2024) “တစ်စစီကျိုးပဲ့” IMDb 7.3 ရထားတဲ့ တမီးလ် ရိုမန့်ဇာတ်လမ်း ဖြစ်ပြီး မြင်နေကျ အချစ်ကားတွေလို ပေါ့ပေါ့ပါးပါး အပြောင်အပျက်တွေ သိပ်မပါပဲ အမှန်အကန်ဆွေးလို့ရမယ့် ဇာတ်လမ်းလေးလို့ ညွှန်းချင်ပါတယ် ဇာတ်လမ်းကတော့ အာရွန်က အင်ဂျင်နီယာဘွဲ့ရ/ အလုပ်မရှိ/ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ကြံရွယ်နေပြီး ကောလိပ်ကတည်းက တွဲခဲ့တဲ့ ချစ်သူကောင်မလေး “ဒီဗယာ” ကတော့ အိုင်တီအလုပ်တစ်ခု လုပ်နေသူပါ အာရွန်က တစ်ခုခုဆို မူးရူး ရမ်းကား၊ သဝန်တိုတတ်ပြီး ဒီဗယာ့ကို မကြာခဏ ပြဿနာရှာတတ်ပေမယ့် ဒီဗယာကတော့ ချစ်သူကို အစစအရာရာ သည်းခံ “I can fix you” ဆိုတဲ့ မိန်းကလေးပေါ့ မတူညီတဲ့ နောက်ခံ၊ စရိုက်အပြုအမူတွေကြောင့် တစ်ကြောင်း၊ သူ့ကောင်မလေးနားက အောင်မြင်နေတဲ့ ယောကျာ်းလေးအပေါင်းအဖော်တွေကို မနာလိုတာကြောင့်ရယ်… ပြဿနာတွေတက်လိုက် ပြန်အဆင်ပြေသွားလိုက် ငိုတစ်လှည့် ရယ်တစ်ခါ…. များလှတဲ့ မညီမျှခြင်းတွေက သူတို့နှစ်ယောက်ရဲ့ အချစ်ကို အကြိမ်ကြိမ် စမ်းသပ်ရင်း သူတို့နှစ်ယောက် ဒီလိုစိန်ခေါ်မှုတွေကို ဆက်လက်ရင်ဆိုင်နိုင်မှာလား၊ အရှိတရားကို မလွန်ဆန်နိုင်ပဲ မျက်ရည်စများကသာ အဆုံးသတ်လား ဆိုတာကတော့…. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

TV Movie • Comedy • Romance
7.4 2024 145 mins
Lover
Ni Main Sass Kuttni 2
7.3

Ni Main Sass Kuttni 2 (2024) “ယောက္ခမနဲ့ ချွေးမ” ဒီတစ်ခါမှာ ပရိသတ်တို့အတွက် ပန်ချာပီ မိသားစုဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ အမျိုးသမီး ကျေးရွာလူကြီးဖြစ်တဲ့ ချွေးမလုပ်သူဟာဆိုရင် မြေးနှစ်ယောက်ရတဲ့အရွယ်အထိ အိမ်က အသက်အကြီးဆုံးအဘွားအိုဖြစ်တဲ့ ယောက္ခမနဲ့ မတည့်နိုင်ဘဲရှိပါတယ် ယောက္ခမလုပ်သူကလည်း အိမ်မှာ ရိုင်းရိုင်းစိုင်းစိုင်း စွာကျယ်စွာကျယ်လုပ်တဲ့ ချွေးမကို ပြန်နိုင်ဖို့ရာ အကြံထုတ်လျက်ရှိပါတယ် တစ်ဖက်မှာလည်း ရှေ့နေစုံတွဲနှစ်ယောက် တရားခွင်မှာ ပြိုင်ဘက်တွေဖြစ်ပေမယ့် တရားရုံးအပြင်မှာ တီတီတာတာလုပ်ကြတဲ့ အချစ်ဇာတ်လမ်းလေးနဲ့အတူ တခြားသော ရပ်ရေးရွာရေး ပြဿနာတွေ ဘယ်လိုဖြေရှင်းကြမှာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Adventure • Family
7.3 2024
Ni Main Sass Kuttni 2