YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Royal Feast E02 CM.mp4

312.43 MB N/A video/mp4 864 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Palm Trees and Power Lines
6.3

Rotten Tomatoes 90%, IMDb Rating 6.7 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၈+ကားလိုမျိုးမဟုတ်ပေမယ့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ကြောင်း ကြိုပြီး သတိပေးလိုက်ချင်ပါတယ်။ လီယာဟာ အိမ်ထောင်ကွဲနေတဲ့ အမေဖြစ်သူနဲ့ အတူနေထိုင်တဲ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ အမေဖြစ်သူရဲ့ ရည်းစားများမှု ပြဿနာကြောင့် အိမ်မှာနေထိုင်ရတာလည်း အဆင်မပြေလှဘူးဖြစ်နေပါတယ်။ ဒီလိုနဲ့ နွေရာသီတစ်ခုမှာတော့ လီယာဟာ သူ့သူငယ်ချင်းတွေ၊ သူ့အမေနဲ့ ကင်းကွာသလိုဖြစ်ပြီးတော့ တွမ် ဆိုတဲ့ အသက် ၃၀ ကျော် လူတစ်ယောက်နဲ့ ဆုံစည်းဖြစ်ပါတယ်။ လီယာလည်း သူ့အဆင်မပြေမှုတွေရဲ့ ထွက်ပေါက်အဖြစ် တွမ် ကို အသုံးပြုပါတော့တယ်။ ဒါပေမယ့် နောက်ကြောင်းကိုလည်း ရှင်းရှင်းမသိရတဲ့ တွမ်ဟာ အသက် ၁၇ နှစ်အရွယ် လီယာကို ဘာကြောင့် ချဉ်းကပ်ရတာလဲ၊ သူ့မှာ ဘာရည်ရွယ်ချက်တွေ ရှိနေမလဲဆိုတာ အများကြီး မညွှန်းတော့ဘဲ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ခံစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.42GB | 523MB | 275MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Drama
6.3 2023 110 mins
Palm Trees and Power Lines
[18+]Enter the Void
7.4

(အဖော်အချွတ်နဲ့ SEX အခန်းများပါရှိတာကြောင့်မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.) ၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ Fantasy/ Drama ဆန်ဆန်ဇာတ်ကားဖြစ်ပြီး after-death သီအိုရီတွေကို visual ပြကွက်အလန်းတွေနဲ့ ပြင်သစ်ဒါရိုက်တာ Gaspar Noe ကတင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကို base ထားတာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖြစ်ပါတယ်။ အော်စကာက ဂျပန်မှာ နေနေတဲ့ နိုင်ငံခြားသားလူငယ်တစ်ယောက်ပေါ့။ သူ့အလုပ်က မူးယစ်ဆေးမှောင်ခိုရောင်းတာပါ။ သူ့သူငယ်ချင်းဖြစ်သူ အဲလက်စ်က တခြားအလုပ်ရှာခိုင်းပေမယ့် ကိုယ်တိုင်သုံးရတာကြိုက်တဲ့ အော်စကာက ဆက်ရောင်းမြဲရောင်းနေခဲ့တာပေါ့။ သူ့မှာ လင်ဒါဆိုတဲ့ ညီမတစ်ယောက်ရှိပြီး လင်ဒါက နိုက်ကလပ်မှာ အဖော်ချွတ် အကမယ်လုပ်ပါတယ်။ တစ်နေ့ လက်ထောက်ချခံရပြီး အော်စကာတစ်ယောက် ရဲတွေလက်ကပြေးရင်း သေနတ်နဲ့ပစ်ခံလိုက်ရတဲ့အခါ…. သူတကယ်သေသွားတာလား ဒီလောကထဲမှာ ထပ်ကျင်လည်ရဦးမှာလားဆိုတာကတော့ File Size : (3.6GB)(1.1 GB) and (386 MB) Quality : Blu-Ray1080p5.1CH, 720p Format…mp4 Duration…02:41:00 Genre : Drama , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by May May Encoded by XYZ

Crime
7.4 2009 161 mins
[18+]Enter the Void
Taichi's Beast Mound

ဒီတစ်ခေါက်မှာ CM သိုင်းလောကသားတွေအတွက်ကို Tai Chi's Beast Mound (2022)ဆိုတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... သိုင်းလောကသားတိုင်း ထိုက်ကျိသိုင်းကို သိပြီးသားမို့ အထူးအထွေ မရှင်းပြတော့ဘူး... အခု အလှည့်ကျတဲ့ ဇာတ်လမ်းလေးရဲ့ ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင် ချန်မျိုးရိုးမို့ အထိုက်အလျောက် ဂိုဏ်းချုပ်နေရာကိုဆက်ခံခဲ့ပြီးနောက် ချန်ချန်ဖုန်းတစ်ယောက်ထိုက်ကျိဂိုဏ်းရဲ့ အနှစ်သာရကို သေချာနားမလည်တဲ့အပြင် ဦးလေးရဲ့ စကားအောက်မှာပဲ ဦးလေး အလိုကျ နေခဲ့တာပေါ့... ဒီလိုနဲ့ အနားက လူတချို့ နဲ့ အပြစ်မဲ့လူသားတွေ ဒုက္ခရောက်ကုန်တာမြင်လာရပြီးနောက် သူလက်စားချေဖို့ စတင်စဉ်းစားပါတော့တယ်... ဒီလက်စားချေမယ့် အစီစဉ်ကြောင့်လည်း ဘိုးဘေးလက်ထက်တည်းက တားမြစ်ထားတဲ့ နယ်မြေက ထိုက်ကျိကျောက်တုံးကို အရယူဖို့ ဆုံးဖြတ်ခဲ့တာပေါ့... ကဲ ဘာကြောင့် ဘိုးဘေးတွေက တားမြစ်ခဲ့တာလဲ... နောက်ပြီး ဒီတားမြစ်နယ်မြေကိုသွားတာ ချန်ချန်ဖုန်းကို ဘယ်လိုရလဒ်မျိုးသယ်ဆောင်လာမှာလဲ... နောက်ဆုံး ထိုက်ကျိဂိုဏ်းရဲ့ အဓိပ္ပာယ်ကို ချန်ချန်ဖုန်း နားလည်သွားမှာလား... ထုံးစံအတိုင်း ဇာတ်ကားလေးဒေါင်းပြီး ပုံဖော်ကြည့်လိုက်တော့နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 32min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Mystery • Thriller
0 2022 92 mins
Taichi's Beast Mound
No Such Thing as Loyalty
5.8

No Such Thing As Loyalty (2021) ======================== ဒီနေ့မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ 2021 ခု‌နှစ်ကမှ ထွက်ရှိထားပြီး သစ္စာတရားအကြောင်းကိုရိုက်ကူးထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒါနယ်လ် နဲ့ ဂျိမ်းစ် တို့ဟာ ငယ်ဘ၀ကတည်းကခင်လာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ကြားကို ကျေးဇူးကန်း တတ်တဲ့ မိန်းမတစ်ယောက် ရောက်ရှိလာတဲ့အခါ၊ ဒီမိန်းမက ဒါနယ်လ် နဲ့ ဂျိမ်းစ် တို့ရဲ့ခင်မင်မှုကို ပျက်စီးအောင်လုပ်နိုင်မလား။ ဒါမှမဟုတ် သူကစားနေတဲ့ဂိမ်းကနေ သူငယ်ချင်းနှစ်ယောက် ကျော်လွှားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ စကားလုံးအသုံးအနှုန်းတွေကြမ်းတဲ့အတွက် မိသားစုနဲ့ကြည့်မယ်ဆိုရင် သတိထားသင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JaKa ဖြစ်ပါတယ်)

Horror • Mystery • Science Fiction • Thriller
5.8 2021
No Such Thing as Loyalty
Vive L’Amour
7.4

Vive L’Amour (1994) ~ IMDb – 7.4/10, Rotten Tomatoes – 86% ~ Directed by “Tsai Ming-liang“ ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L’Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L’Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 820MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 58Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Science Fiction • Thriller
7.4 1994 118 mins
Vive L’Amour
[18+] Girl$
6

***************** တရုတ်ကားဖြစ်သော်လည်း အတော်လန်းတဲ့ အိပ်ရာခန်းတွေနဲ့ ကားနာမည်အတိုင်း မိန်းကလေးပုံစံအမျိုးမျိုး စိတ်အဖုံဖုံနဲ့မို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြော်င်း… တစ်ချို့က ကိုယ်ချစ်တဲ့သူနဲ့မှ အပျိုစင်ဘဝကိုကုန်ဆုံးချင်တာမျိုးရှိသလို တစ်ချို့ကလည်း ငယ်စဉ်မှာ လက်တည့်စမ်းချင်တာမျိုးရှိတယ်.. တစ်ချို့က ငွေရှာနည်းကဲ့သို့အသုံးချတတ်သလို တစ်ချို့ကလည်း ငွေပေးပြီးတော့ကို ယောက်ျားတွေနဲ့ သူတို့စိတ်ဖြေဖို့ အိပ်တတ်တာမျိုးရှိကြတယ်.. ဒီလို အခြေအနေပေါင်းစုံကို လေ့လာအကဲခတ်ခွင့်ရမှာမို့…. File Size :(2.0GB) and (800 MB) Quality : Blu-Ray 720p Format…mp4 Duration…01:45:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

6 2010
[18+] Girl$
The Book of Vision
6.4

IMDb – 6.2/10 ဇာတ်လမ်းအညွှန်း အေဗာ ဟာ ဆရာဝန်တစ်ယောက်အဖြစ် ရပ်တည်မယ့်အစား တက္ကသိုလ်တစ်ခုမှာ ဆေးပညာသမိုင်းကို သုတေသနလုပ်ဖို့ ဆုံးဖြတ်လာခဲ့ပါတယ်။ သူက ၁၈ရာစုပိုင်း ရှေးဟောင်းဆေးပညာ သမိုင်းကို လေ့လာမှာဖြစ်ပြီး သူရှာတွေ့သွားတာကတော့ သမားတော် ဂျိုဟန်အန်းမက်သ် ရဲ့ လက်ရေးမှတ်တမ်းစာအုပ် ဖြစ်ပါတယ်။ သမားတော် အန်းမက်သ်က လူနာတွေရဲ့ ခံစားချက်တွေ၊ အကြောက်တရားတွေနဲ့ စိတ်ကူးအိပ်မက်တွေကို နားထောင်ပေးရင်း ဒါတွေကို အခြေခံပြီး လူနာတွေကို ကုသပေးတာဖြစ်ပါတယ်။ အဲ့ခေတ်အခါက သစ်ပင်၊တောတောင်တွေကို နတ်ကိုးကွယ်သလို ကိုးကွယ်ကြတဲ့သူတွေနဲ့ အကျိုးသင့်အကြောင်းသင့် တွေးခေါ်ယူဆ ကြတဲ့သူတွေအကြား ပဋိပက္ခဖြစ်မှုတွေနဲ့အတူ ယနေ့ခေတ်ဆေး ပညာအနေနဲ့ ဖြစ်တည်လာမယ့် ဆေးပညာအသစ်ကို အစားထိုး အသုံးပြုလာကြတော့မယ့် အချိန်ကာလဖြစ်ပါတယ်။ ဒီခေတ်ကြီးထဲမှာ ဖြစ်တည်ခဲ့ကြတဲ့ လူနာတွေရဲ့ စိတ်ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ ၊ စိတ်ကူးအိပ်မက်တွေအကြောင်းကို အန်းမက်သ်ရဲ့ စာအုပ်ထဲမှာ ရေးသားထားပါတယ်။ အေဗာ တစ်ယောက် ဒီစာအုပ်ကို ဖတ်ရင်း သူကိုယ်တိုင် ဇာတ်ဆောင်နေရာတွေမှာ ခံစားကြည့်ပြီး သူကြုံတွေ့ နေရတဲ့ အကျဉ်းအကျပ်အတွက် ဒီစာအုပ်ကနေ ဘယ်လို စိတ်ခွန်အား ရသွားသလဲဆိုတာကို ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက မိနစ်၉၀သာ ကြာမြင့်ပြီး ၁၈ရာစုအပြင်အဆင်လေး တွေလည်း ကြည့်ရှုနိုင်မယ့်အပြင် mystery တွေကို လိုက်ပါခံစားလို့ ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.58 GB / 619 MB Quality…Web-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 39m Genre ….. Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

6.4 2021 100 mins
The Book of Vision
The Appleton Ladies’ Potato Race
7.8

ဒီကားလေးကတော့အဓိကအားဖြင့် အခုခေတ်မှာအမြဲမြင်တွေ့နေရတဲ့ Gender Equality ဆိုတဲ့ကျားမမခွဲခြားပဲတန်းတူဆက်ဆံခြင်း အကြောင်းကို အဓိကထားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါကိုသဘောမကျတဲ့ သူတွေလဲ ဒီဇတ်ကားလေးကိုကြည့်ပြီးတွေးစရာအတွေးလေးတွေကျန်ခဲ့မယ် လို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ပန်နီဆိုတဲ့ဆရာဝန်မလေးတစ်ယောက်ကသူလက်ရှိနေထိုင်နေတဲ့ဆစ်ဒနီမြို့ ကြီးကိုထားခဲ့ပြီးတော့ သူ့မိသားစုရှိရာနယ်မြို့လေးဖြစ်တဲ့ အက်ပဲလ်တန်ကို ပြန်လာခဲ့ပါတော့တယ်။သူပြန်လာပြီးသိပ်မကြာခင်မှာပဲသူတို့ရဲ့အက်ပဲလ်တန်မြို့ မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့အာလူးထမ်းအပြေးပြိုင်ပွဲလဲကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ဒါပေမယ့်တစ်ခုပြဿနာရှိတာကအဲ့ဒီအပြေးပြိုင်ပွဲမှာယောက်ျား တွေပြိုင်ပွဲမှာရတဲ့ဆုကြေးကဒေါ်လာနှစ်ထောင်ဖြစ်ပြီးအမျိုးသမီးတွေရတဲ့ ဆုကြေးကတော့ ဒေါ်လာနှစ်ရာပဲဖြစ်နေတာဖြစ်ပါတယ်။အဲ့ဒီကိစ္စကိုပန်နီရဲ့ညီမ ဖြစ်သူ ဆယ်နှစ်ဆက်တိုက်အာလူးထမ်းအပြေးပြိုင်ပွဲချန်ပီယံဖြစ်ထားတဲ့ နစ်ကီအပြင်မြို့ကတခြားလူတွေကလဲဘာမှမပြောကြပေမဲ့မြို့ကြီးပြကြီးမှာ နေလာတဲ့ပန်နီတစ်ယောက်အတွက်ဒါကစိတ်ခုစရာဖြစ်နေပါတော့တယ်။ ဒီလိုနဲ့အမျိုးသားဆုကြေးနဲ့အမျိုးသမီးဆုကြေးတန်းတူရဖို့အတွက်ပန်နီ တစ်ယောက်တည်းအများနဲ့တစ်ယောက်တိုက်ခိုက်ရင်းကြိုးစားခဲ့ပြီးနောက်မှာ ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.92GB / 817MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Crime • Mystery
7.8 2023
The Appleton Ladies’ Potato Race
The Occupant
6.4

လူတစ်ယောက်ဟာ ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ရောက်နိုင်ဖို့ ဘယ်လောက်ထိ လုပ်မယ်လို့ စဉ်းစားတွေးကြည့်ဖူးလဲ…? အိမ်ထောင်ဦးစီးတစ်ယောက် ဇနီးရှိတယ် သားရှိတယ် ဒါပေမဲ့ အလုပ်အကိုင် အဆင်မပြေတော့ နေနေတဲ့ တိုက်ခန်းအကောင်းကို ရောင်းပြီး သာမန်တိုက်ခန်းလေးကို ပြောင်းခဲ့ရပြီး အလုပ်ပေါင်းစုံ ပြန်လျှောက်နေရတယ်။ အရင်တုန်းက နေခဲ့တဲ့ တိုက်ခန်း အပိုသော့လေးက အိမ်အကူဆီကနေ ရထားတော့ အလွမ်းပြေအနေနဲ့ လက်ရှိနေထိုင်သူတွေ မရှိတော့တဲ့အချိန်ဆို သော့ပိုလေးနဲ့ သွားပြီး ပြန်နေကြည့်တယ် ပြီးရင် ပြန်လာတယ် ဒီလိုနဲ့ပဲ… သူ အရင်တုန်းက ဆုံးရှုံးခဲ့ရတဲ့ ဒီတိုက်ခန်းလေးနဲ့ အဆင်ပြေကြောင့်ကြတဲ့ဘဝကို ပြန်ရဖို့အတွက် ကိုယ်ကျင့်တရားတွေ အမှန်အမှားတွေ အားလုံးကို ခဝါချ လွှင့်ပစ်လိုက်ပြီး လက်ရှိနေထိုင်နေတဲ့ မိသားစုကမ္ဘာထဲကို မုသာဝါဒတွေ ဥပါယ်တံမျဉ်တွေ သုံးပြီး ချည်းနင်း ဝင်ရောက်ခဲ့တဲ့ အခါမှာတော့…..။ လူသားတွေ လောဘဇော တက်လာတဲ့အခါ ဘာကိုမှ မမြင်နိုင်အောင် မျက်လုံးစုံကန်းမှုကို နှလုံးသွင်းစရာအနေနဲ့ ရိုက်ပြထားတဲ့ စပိန်စကားပြော စိတ်လှုပ်ရှားဖွယ် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Rotten Tomatoes 61% နဲ့ IMDB 6.4 ရရှိထားပါတယ်။ File size…1.04GB / 442MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

TV Movie • Comedy • Romance
6.4 2020
The Occupant
The Book of the Nine Cauldrons: The Treasure of Yu the Great
5.8

Visual Effects ကောင်းကောင်းနဲ့ သိုင်းကားကောင်းကောင်းလေး ကြည့်ချင်သူတွေအတွက် သိုင်းကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ သိုင်းပညာရှင်တွေအုပ်စိုးတဲ့လောကတစ်ခုကို ယွီဟွမ်ဆိုတဲ့ သိုင်းလောကထွဋ်ခေါင်တစ်ယောက်က သူ့ရဲ့ကောင်းကင်ခွင်းရဲဒင်းသိုင်းနဲ့အုပ်စိုးခဲ့တယ်။ ယွီဟွမ်မရှိတော့တဲ့နောက်ပိုင်းမှာ လောကကြီးက ပဋိပက္ခတွေနဲ့ယှဉ်ပြိုင်မှုတွေနဲ့ပြန်ပြည့်နေခဲ့တယ်။ တစ်နေ့မှာတော့ ယွီဟွမ်းရဲ့အမွေရတနာသိုက်ကို ဖွင့်တဲ့သော့ဟာ ပေါ်ထွက်လာခဲ့တယ်။ ရတနာကိုအပိုင်စီးချင်တဲ့ ချင်းဟူကျွန်းဂိုဏ်းသားတွေဟာ သော့ကိုအပိုင်စီးဖို့ကြိုးစားနေရင်း သော့ဟာ ထိန်ချင်းရှန်းရဲ့လက်ထဲကိုရောက်လာခဲ့တယ်။ အဲဒီသော့အတွက်ကြောင့် ထိန်ချင်းရှန်းတို့ ဂိုဏ်းဟာကပ်ဘေးကြီးဆိုက်လာပါတယ်။ ဂိုဏ်းကြီး(၉)ဂိုဏ်းဟာ ယွီဟွမ်ရတနာကိုရဖို့အတွက် ရောက်လာကြပြီး ရတနာသိုက်ကိုဖွင့်ဖို့ကြိုးစားကြပါတယ်။ အဲဒီအချိန်မှာပဲ ထိန်ချင်းရှန်းဟာ သူ့ရဲ့ဂိုဏ်းသားတွေအတွက် လက်စားချေဖို့လမ်းကိုစတင်လိုက်ပါတယ်။

5.8 2023
The Book of the Nine Cauldrons: The Treasure of Yu the Great
June Zero

(function(f,b,n,j,x,e){})(); ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် သမိုင်းကြောင်းတစ်ခုက လူတစ်ယောက်အပေါ်ကို ဘယ်လောက်တောင်သက်ရောက်မှုရှိလဲ လူတစ်ယောက်အတွက် ဘယ်လိုအဓိပ္ပာယ်တွေပါဝင်နေသလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးစုတွေကို မျိုးတုံးသတ်ဖြတ်ခဲ့တဲ့ Adolf Eichman ရဲ့ လူသိနည်းတဲ့တရားခွင်အပေါ်မှာ ဇာတ်ကြောင်းခံပြီး ဇာတ်လမ်းကိုတင်ဆက်ပြသထားပါတယ်။ ဒီဇာတ်လမ်းထဲမှာ လူသားဆန်ဆန်နေထိုင်မှုရဲ့အဓိပ္ပာယ်တွေ ပြီးတော့ Eichman ကိုကွပ်မျက်ခြင်းကိုလုပ်ဆောင်တဲ့ အပိုင်းမှာပါဝင်တဲ့ လူတစ်ယောက်ချင်းစီရဲ့ အခြေအနေတွေ ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားလို့ နာဇီတွေရဲ့ ပြစ်မှုတွေကဘယ်လောက်တောင်လွှမ်းမိုးမှုရှိလဲဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားပေးကြပါဦး။ File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2022
June Zero
Nothing Lasts Forever
7.1

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက် ဗဟုသုတ ရမယ့် documentary တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ Nothing Lasts Forever – ဘယ်အရာမှ ထာဝရ မတည်မြဲဘူးဆိုတဲ့ နာမည်ကြောင့် အချစ်ရေးရာ အဖြာဖြာရယ်တော့ မဟုတ်ရပါဘူး။ ဒီ Documentary ထဲမှာတော့ စိန်လုပ်ငန်းနယ်ပယ်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ လုပ်ငန်းလှည့်ကွက်တွေအကြောင်းကို ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ပြထားတာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ customer တွေက ပစ္စည်းအကြောင်း သေချာမသိပါဘဲ လုပ်ငန်းရှင်တွေရဲ့ အလိမ်အညာတွေကြားထဲမှာ နစ်မြောပြီး ထုတ်ကုန်တစ်ခုကို ဝယ်ယူမိတတ်ကြပါတယ်။ လက်ဝတ်ရတနာ အဝယ်မှားရင်တော့ ပိုက်ဆံသိန်းချီ ဆုံးရှုံးရမယ့်ကိန်းပါ။ လက်ဝတ်ရတနာတွေကြားမှာ ဈေးအကြီးဆုံးအဖြစ် သတ်မှတ်ထားတဲ့ စိန်ထည်က တကယ်ပဲ ပေးရတဲ့ ဈေးနဲ့ တန်နေရဲ့လားဆိုတာကို ဒီ documentary ထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ စိန်တွေကို ဘယ်လိုထုတ်နေကြသလဲ၊ ဘယ်နေရာတွေမှာ သန့်စင်သိုလှောင်ပြီး ဘယ်လောက်ပမာဏတွေ ထုတ်ယူနေကြလဲဆိုတာကို သိရှိရမှာပါ။ အဓိကကတော့ သဘာဝတွင်းထွက်စိန်နဲ့ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ စိန်တို့ကြားက ဈေးကွက်ယှဉ်ပြိုင်မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေဟာ သူတို့အကျိုးစီးပွားအတွက် customer တွေကို ဘယ်လိုထင်ယောင်ထင်မှားဖြစ်မှုတွေကြား လှောင်ပိတ်ထားပြီး အမြတ်ထုတ်နေသလဲဆိုတာကိုပါ သဘောပေါက်သွားစေမှာပါ။ စိန်တိုက်ပိုင်ရှင်တွေက သူတို့ရောင်းချတဲ့ စိန်တွေက စိန်အစစ်ပါလို့ အာမခံပေမဲ့ တကယ်ပဲ စစ်ရဲ့လားဆိုတဲ့ သံသယမျိုး ချန်ပေးခဲ့မယ့် Documentary ကောင်းတစ်ခုဖြစ်တာမလို့ ဗဟုသုတရချင်သူများ အထူးကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size… 1.2 GB / 593 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

7.1 2022 87 mins
Nothing Lasts Forever
Bad Romance: The Vicky White Story
6.1

စိတ်ဝင်စားစရာကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းတဲ့ ဖြစ်ရပ်မှန်ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားနာမည်ကို Bad Romance : The Vicky White Story လို့ပေးထားပြီး လက်ရှိ IMDb Rating 6.1 ရရှိထားပါတယ်။ ဒီဇာတ်ကားကိုကြည့်လိုက်ရတာက Suicide Squad ထဲက ဟာလေကွင်းနဲ့ ဂျိုကာကို အပြင်ဘ၀မှာ တကယ်လက်တွေ့ မြင်လိုက်ရသလိုမျိုး Feeling ကိုတောင်ခံစားရစေပါတယ်။ ဒီဇာတ်ကားကို ကေစီ၀ှိုက်ဆိုတဲ့ပုဒ်မကြီးများစွာနဲ့ထောင်ဒဏ် တစ်သက်တစ်ကျွန်းနီးပါး ကျသင့်ခံထားရတဲ့အကျဉ်းသား ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ၂၀၂၂ ခုနှစ်ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီကားလေးက ဘာလို့ဒရာမာဖြစ်ရပ်မှန် ဇာတ်ကား ဖြစ်နေရလည်းဆိုတော့ အထက်မှာပြောခဲ့တဲ့ ကေစီဆိုတဲ့ အကျဉ်းသား ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တာသူ့ရဲ့ ထောင်ဖောက် အရည်အချင်းတွေကျွမ်းကျင်လို့ မဟုတ်ဘဲနဲ့ အချစ်ဆိုတဲ့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးလက်နက်ကို အသုံးချပြီး လွတ်မြောက်လာလို့ပဲဖြစ်ပါတယ်။ဒီလိုမျိုးတွေ ဘယ်လို ဖြစ်လာခဲ့ရတာလဲဆိုရင်တော့ ကေစီနဲ့ သူယာယီ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းထောင်ကအမျိုးသမီးအရာရှိ ဗစ်ကီနဲ့ တွေ့ရာကနေ စပြောရမှာပါပဲ။ ဗစ်ကီဆိုတာကတော့ အရင်ယောက်ျားဖြစ်သူနဲ့ ကွာရှင်း ထားပေမဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် အမြဲတမ်း သွားသွားကြည့်ပေးနေပြီး ထောင်နဲ့အိမ်နဲ့ပဲ လည်ပတ်နေတဲ့ ပျင်းစရာဘ၀ကြီးကို ပိုင်ဆိုင်ထားရတဲ့အသက် ၅၀ ကျော် အမျိုးသမီးအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ကေစီက ဗစ်ကီ့ကို တွေ့ကတည်းကမြင်မြင်ချင်း ကြွေဆင်းသွားခဲ့ပြီး တောက်လျှောက်ကြူပါတော့တယ်။ဗစ်ကီကလည်း အဓိပ္ပာယ် မရှိတဲ့ဘ၀ကြီးမှာ နေရတာကိုစိတ်ကုန်နေတဲ့သူဖြစ်တဲ့အတွက် သူတို့ နှစ်ယောက်ကြားမှာ အဆင့်တစ်ဆင့်တက်သွားဖို့ဆိုတာ မကြာခဲ့ပါဘူး။ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေက ပိုပိုကြီးထွားလာခဲ့ပြီး အထက်မှာပြောခဲ့သလို ဗစ်ကီကကေစီ့ကို ရုတ်တရက်ကြီး ထောင်ကနေခေါ်ထုတ်ပေးပြီး ထွက်ပြေးကြတဲ့ အခါမှာတော့ သူတို့ရဲ့ရှေ့ဆက်ကျန်ရှိတဲ့ဘ၀တစ်လျှောက်မှာ အတူတူပျော်ရွှင်စွာနေထိုင်သွားရမလား သူတို့နောက်ကို လိုက်ဖမ်းမဲ့ ရဲတွေလက်ကနေကော ထွက်ပြေးနိုင်ကြပါ့မလား ဆိုတာတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာ ဇာတ်လမ်း ဇာတ်ကွက်များစွာကို ကြည့်ရှုရမဲ့ဖြစ်ရပ်မှန်ဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 734MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 27m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2023 88 mins
Bad Romance: The Vicky White Story
What You Wish For
6.7

လောင်းကစားပြဿနာတွေကြောင့် လက်တင်အမေရိကကို ထွက်ပြေးလာခဲ့တဲ့ စားဖိုမှူးရိုင်ယန်ဟာ သူ့ရဲ့ မိတ်ဆွေဟောင်းတဦးဖြစ်တဲ့ ဂျက်နဲ့ဆုံတွေတဲ့အခါမှာတော့….. ဂျက်ကလည်း သူဌေးကြီးမိသားစုတစုအတွက် သီးသန့်စားဖိုမှူးအဖြစ် လုပ်ကိုင်နေတာဖြစ်ပြီး တရက်မှာတော့ ဂျက်ဟာ သူ့ကိုယ်သူ ရုတ်တရက် သေ‌ကြောင်းကြံစည်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ရိုင်ယန်က ဂျက်ရဲ့နာမည်ကိုယူ၊ ဂျက်ရဲ့နေရာမှာ လူစားဝင်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ဖောက်သည်တွေနဲ့ ဆုံတွေ့ရတဲ့အခါမှာတော့….. သူ့ရဲ့မိတ်ဆွေဂျက်က ဘာကြောင့်ကြိုးဆွဲချသတ်သေ သွားခဲ့ရတာလဲ၊ သူလုပ်ကိုင်နေတာက တကယ့်စားဖိုမှူး အလုပ်မှဟုတ်ပါ့မလား၊ သူနဲ့လက်တွဲအလုပ်လုပ်နေတဲ့ သူဌေးကြီးတွေရဲ့လျှို့ဝှက်ချက်က ဘာတွေဖြစ်မလဲ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိနေမလဲ ဆိုတာကို အသဲတအေးအေးနဲ့ ရင်ဖိုစွာကြည့်ရှုရမယ့် သဲထိတ်ရင်ဖို ဇာတ်ကားကောင်းတခုဖြစ်ပါတယ်…. File size…2.13GB / 731MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

6.7 2024
What You Wish For
Presence
6.5

Presence (2025) IMDb Rating (6.5) / Rotten Tomatoes (88%) စိတ္တဇဟော်ရာရုပ်ရှင်အသစ် ထွက်လာပါပြီ။ Kill Bill တို့ Charlie’s Angels တို့နဲ့ အားလုံးကြိုက်ခဲ့တဲ့ မင်းသမီး Lucy Liu နဲ့ လောလောလတ်လတ် Bad Genius ထဲက မင်းသမီး Callina Liang တို့ အဓိက ပါဝင်ထားတာပါ။ ဇာတ်လမ်းကတော့ လှည့်ကွက်တွေနဲ့ ဇာတ်သိမ်းကျမှ အော် ဒီလိုကိုး ဆိုပြီး သိရတဲ့ ရုပ်ရှင်မျိုးဖြစ်လို့ အများကြီးတော့ မညွှန်းတော့ပါဘူး။ လင်မယားနှစ်ယောက်၊ သမီးတစ်ယောက် နဲ့ သားတစ်ယောက် အိမ်သစ်ကိုပြောင်းလာတယ်။ အိမ်ထဲမှာ တစ်ခုခုရှိနေသလို သမီးဖြစ်သူက ခံစားရတယ်။ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာတယ်။ ဒါတွေကို ဖြေရှင်းဖို့ ကြိုးစားရင်း အဖြေတွေ့လာတာကို ပြတာပါ။ ကင်မရာကို အိမ်ထဲမှာရှိနေတဲ့အရာကနေ ပြလိုက် မိသားစုတွေဘက်ကနေ ပြလိုက်နဲ့ လှုပ်ရှားမှုများများစားစားမပြဘဲ ကျောချမ်းစရာ ပြထားတာမျိုးပါ။ ဒီတော့ ဟော်ရာကို ပဟေဠိဆန်ဆန် ကြိုက်တဲ့လူတွေ ကြည့်သင့်တဲ့ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (3.4 GB) / (1.3 GB) / (760 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:24:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mr. Anderson

Animation • Family • Science Fiction • Adventure
6.5 2025 84 mins
Presence