YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Remember.2015.E018.WEB-DL.1080P(CM).mp4

1.2 GB 1080p video/mp4 185 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Crazed Fruit
6.1

တက်ဆုဟာ မြို့ကြီးပေါ်မှာတက်ပြီး နေ့အလုပ်ညအလုပ်နှစ်ခုနဲ့ နယ်မှာကျန်ခဲ့တဲ့ မိခင်ကိုပြန်ထောက်ပံ့နေတဲ့ ရိုးအေးတဲ့ကောင်လေးတစ်ယောက်ပါ။ ညအလုပ်အနေနဲ့ မိန်းကလေးတွေနဲ့ဧည့်ခံတဲ့ဘားတစ်ခုမှာ အလုပ်လုပ်ပြီး ဘားပိုင်ရှင်နဲ့ရော သူ့ဇနီးဘားမယ်နဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ တစ်နေ့တော့ ချီကာဆိုတဲ့ သူဌေးသမီးလေးတစ်ယောက် သူ့ဘဝထဲကို မဖိတ်ခေါ်ဘဲဝင်ရောက်လာရာကနေ တည်ငြိမ်နေတဲ့သူ့ဘဝ ဗြောင်းဆန်ဖို့ဖြစ်လာပါတော့တယ်။ လှပသွက်လက်သလို တစ်ဇွတ်ထိုးဆန်တတ်တဲ့ ချီကာ၊ လူချမ်းသာသူငယ်ချင်းတစ်စုနဲ့ ချီကာ၊ ပထွေးဖြစ်သူရဲ့ အမြှောင်မယားအဖြစ်ပါ ခံယူထားသေးတဲ့ ချီကာဟာ သူ့ဘဝကိုကောင်းကောင်းမွှေနှောက်ပါတော့တယ်။ Roman Porno လိုင်းထဲကဆိုပေမယ့် Mainstream ကားတွေလို ဇာတ်လမ်းဇာတ်အိမ်ကောင်းတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 630MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 25Min Genre - Drama, Romance, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama • TV Movie
6.1 1981 85 mins
[18+] Crazed Fruit
Serena
5.6

မင်းသားကြီးBradley Cooperနဲ့ မမJennifer Lawrenceတို့ အဓိကသရုပ်ဆောင်ထားတဲ့ Dramaကားလေးပါ။ ဂျော့်ဟာ ရည်မှန်းချက်ကြီးတဲ့ သစ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး တစ်‌နေ့မှာတော့ ဆရီနာကို မြင်မြင်ချင်းချစ်ခင်သွားပြီး တွေ့တွေ့ချင်းပဲလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဆရီနာကလည်း သစ်လုပ်ငန်းရှင်တစ်ဦးရဲ့သမီးဖြစ်တာနဲ့အညီ ဂျော့်နဲ့ လက်တွဲခဲ့ပြီးနောက်မှာ သူ့စီးပွားရေးကိုပါဦးစီးနိုင်လာပါတယ်။ အချစ်စစ်တို့မည်သည် ရိုးရှင်းဖြောင့်ဖြူးမနေပါဘူး.. တကယ်တော့ သူတို့ (၂) ဦးလုံးမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီး အဲ့ဒီအရာတွေပေါ်လာတဲ့အခါမှာတော့ သူတို့ဘယ်လိုဆက်ဖြတ်သန်းကြမလဲ.. ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ရိုက်ကွင်းလှလှတွေနဲ့ လိုက်ဖက်လှတဲ့ မမJennifer Lawrenceတို့စုံတွဲကို တစ်ဝကြီးထိုင်ကြည့်နိုင်ပါပြီ။ File Size :(1.9GB) and (700MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:49:00 Genre :History, Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Family • Fantasy
5.6 2014 102 mins
Serena
Music and Lyrics
6.4

IMDb Rating - 6.5/10 ဒီဇာတ်ကားကိုမကြည့်ခင် YouTube Spotify Apple music စတဲ့ပလက်ဖောင်းတွေမှာ Way back into love ဆိုတဲ့ သီချင်း ကို နားဆင်ခံစားကြည့်လိုက်ပါ၊ တကယ်လို့ အဲ့သီချင်းကိုမကြိုက် ခဲ့ရင်လည်း ဇာတ်ကားကိုတော့ ဆက်ကြည့်လိုက်ပါ။ နားထောင် ရတာကြိုက်ခဲ့ရင်တော့ စီးကရက်တစ်လိပ်နဲ့ ကော်ဖီတစ်ခွက်ယူပြီး ဆက်ခံစားကြည့်ကြဖို့ အကြံပေးပါရစေ။ ဇာတ်လမ်းကမဆန်းပါဘူး musical romance လေးပါပဲ။ ဒါပေမဲ့ အချစ်ဆိုတဲ့အရာကိုက ဆန်းကြယ်နေခဲ့တာပါ။ အချစ်ကြောင့် အရာ ရာအဓိပ္ပာယ်ရှိသွားတယ်၊ အချစ်ကြောင့် အရာရာလှပနေခဲ့တယ်၊ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မှာ နားဆင်ခံစားဖို့သီချင်းကောင်းလေး တွေအပြင် သီချင်းစာသားတွေရဲ့နှလုံးသားကို ခံစားလို့ရမယ်။ လူတိုင်းချစ်တတ်ကြမှာပါ၊ အချစ်မှာနောင်တတွေအမှားတွေရှိတယ်၊ အချစ်မှာကြီးကျယ်ခမ်းနားခြင်းတွေ အားအင်တွေရှိတယ်၊ အဲတော့ ဒီအချစ်ဇာတ်ကားလေးနဲ့အတူ အချစ်ကိုခံစားရင်း ကောင်မလေးရှိတဲ့ သူတွေက ကောင်မလေးကိုရိုပြပါ၊ FA တွေကလည်း စိတ်ကူးယဉ်ရင်း မျက်ရည်ကျပါ၊ တစ်ခေတ်တစ်ခါရဲ့ Charles'Angle ဒရူးဘယ်ရီမိုးက တော့ သင်တို့အားလုံးအား အချစ်အဓိပ္ပာယ်ကိုဖွင့်ဆိုပြမှာမို့ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်) File Size..........(2.13 GB) / (889 MB) / (520 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 44mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Music, Romance Translator.......Sai Thurein Lynn Encoder..........SWM

Romance
6.4 2007 105 mins
Music and Lyrics
Army Soul of Han Dynasty

ရှေးသမိုင်းတွေစိတ်ဝင်စားတဲ့သူတွေအကြိုက်တွေ့စေမယ့် ဟန်ခေတ်ကနယ်စပ်မြို့လေးမှာအခြေတည်ပြီး ရိုက်ထားတဲ့စစ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဘီစီ၃၀၀ခုနှစ်လောက်မှာ အရှေ့ဥပရောပမှာနေထိုင်တဲ့ရှုံနူလူမျိုးတွေရှိခဲ့ပါတယ်။ သူတို့ဟာရေကြည်ရာမြက်နုရာလှည့်လည်ကျက်စားတတ်ပြီး တရုတ်ပြည်မြောက်ပိုင်းကိုအကြိမ်ကြိမ်ကျူးကျော်ဖို့ကြိုးစားခဲ့သူတွေလဲဖြစ်တယ်။ ဒီဇာတ်ကားလေးမှာတော့ ဟန်တိုင်းပြည်နယ်စပ်မြို့လေးဖြစ်တဲ့ စူးလော့မြို့လေးကိုစစ်သည်အင်အား၃၀၀နဲ့စစ်သူကြီးတစ်ယောက်ဟာ ရှုံနူတွေရဲ့ရန်ကနေပြီး ဘယ်လိုခုခံကာကွယ်မလဲ..... မြို့လေးကိုသေသည်အထိကာကွယ်မယ်ဆိုပြီးသစ္စာဆိုခဲ့တဲ့ဟန်စစ်သားတွေဟာ သူတို့ရဲ့တာဝန်ကိုဘယ်လိုစိတ်ဓာတ်အားမာန်တွေနဲ့ ဘယ်လိုကျေပွန်အောင်ထမ်းဆောင်ခဲ့လဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ,War Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
0 2022 102 mins
Army Soul of Han Dynasty
The Highwaymen
6.7

တောအုပ်တစ်ခုရဲ့ နေရာတစ်ခုတွင် ထောင်သားတွေအလုပ်လုပ်နေကြသည်.... မြင်းကိုယ်စီ ဖြင့် လက်နက်ကိုင် ထောင်စောင့်အဖွဲ့တွေလည်း အသီးသီးစောင့်ကြတ်နေကြသည်... သို့ပေမယ့် ကြိုတင်စီစဉ်မှုတွေကြောင့် ထောင်သားတစ်ချို့ဟာ ဝှက်ထားတဲ့ လက်နက်များဖြင့် ထောင်စောင့်များကို သတ်ဖြတ်ကာ  သူတို့အား လာခေါ်သည့် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြသည်... ပြေးနိုင်သည့် လမ်းများကိုလိုက်လံပိတ်ဆို့ထားသော်လည်း အစအနပင်ရှာမရချေ.... ဒါတွေအားလုံးရဲ့အဓိက တရားခံက ဝရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်.. တကယ်တော့ သူတို့ကိုဖမ်းမမိသည်မှာ (၂)နှစ်ခန့်ပင်ရှိနေသည့်အပြင် ယ္ခုအခါ တခြားရာဇဝတ်သား အပေါင်းအပါတွေပါ ထောင်ကလာခေါ်ထုတ်သည့်အတွက် သတင်းစာခေါင်းကြီးပိုင်းမှာ ခမ်းခမ်းနားနားကြီးကိုပါလာခဲ့လေသည်.. ဒီ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခေါင်းမီးတောက်နေသည်... နောက်ဆုံးတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယခင်ကဖျက်သိမ်းခဲ့သည့် ရန်းဂျားတပ်ဖွဲ့ဝင်(၂) ဦးကို ပြန်လည်တာဝန်ပေးအပ်ဖို့ဖြစ်သည်...ရှေးယခင်က ရိန်းဂျိန်းတွေဟာ ဖမ်းမမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့် ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်.. ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်... ကိုင်း သူတို့ ဖမ်းမိနိုင်မလား....ဒီရာဇဝတ်သားတွေကရော ဘယ်လိုမကောင်းမှုတွေဆက်ကျူးလွန်ဦးမလဲ... ခံစားကြည့်လိုက်ပါဦး...မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့် အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့ ကားကောင်းတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်... File Size : (1GB) and (357MB) Quality : WEB-DL 720p, Format…mp4 Duration…02:12:00 Genre : Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae

Drama • Sci-Fi & Fantasy
6.7 2019 133 mins
The Highwaymen
Irrational Man

Irrational Man (2015) အချစ်နဲ့အမှန်တရား ယှဉ်ရွေးဖို့လိုလာတဲ့အခါ အချစ်ကို ရွေးချယ်မလား အမှန်တရားကို ရွေးချယ်မလား… မတရားမှုကို တရားသောနည်းလမ်းနဲ့ယှဉ်ဖို့ မဖြစ်နိုင်တဲ့အခါ ကံစီမံရာအတိုင်းလို့ သဘောထားပြီး မတရားမှုကို ငြိမ်ခံမလား ကိုယ်တိုင်က မကောင်းဆိုးဝါးဖြစ်လာပြီး တရားမျှတမှုကို ရယူမလား.. အသိဉာဏ်ကြီးမြင့်သူတစ်ယောက်က ရာဇဝတ်မှု ကျူးလွန်ဖို့ ကြိုးစားတဲ့အခါ ပြီးပြည့်စုံတဲ့ရာဇဝတ်မှုတစ်ခု ဖြစ်လာနိုင်မှာလား…. ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Irrational man (2015)ဆိုတဲ့ကားလေးပါ အဓိက သရုပ်ဆောင်တွေကတော့ Joker မင်းသားကြီး Joaquin Phoenix နဲ့ မင်းသမီးချော Emma Stone (La La Land) ပါပဲ.. ဇာတ်လမ်းအကျဉ်း အေ့ဘ်က မိန်းမဖြစ်သူ သစ္စာဖောက်တာကို ခံလိုက်ရပြီးနောက် ဘဝကို ဆက်ရှင်သန်ဖို့ အဓိပ္ပါယ်ပျောက်ဆုံးနေတဲ့ ဒဿနိကဗေဒဆရာတစ်ယောက်ပါ.. ကျောင်းပြောင်းရဖို့ ဖြစ်လာပြီး ဘရေလင်းတက္ကသိုလ် ဒဿနိကဗေဒဌာနကို ပြောင်းလာခဲ့ရချိန်မှာပဲ သူ့ဘဝရဲ့ ပြောင်းလဲမှုကြီးကို ဖြစ်ပေါ်စေမယ့် ဂျေလ်ဆိုတဲ့ ကျောင်းသူလေးနဲ့ တွေ့ဆုံခဲ့ရပါတော့တယ်… ဂျေလ်က လှပပြီးအသိဉာဏ်ရှိတဲ့ ချစ်သူကောင်လေးက အရမ်းဂရုစိုက်တာကိုခံရတဲ့ ပျော်ရွှင်တက်ကြွတဲ့ ကောင်မလေးပေါ့ .. ပုံမှန်ဘဝကို ဖြတ်သန်းနေရင်းနဲ့ အေ့ဘ် ကျောင်းပြောင်းလာပြီး ဂျေလ်ကို ‌သူ့စာတမ်းနဲ့ ပတ်သက်ပြီး စကားလက်ဆုံစပြောဖြစ်ရာက သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက အစပြုခဲ့ပါတော့တယ်… ဘဝကို အဓိပ္ပါယ်မဲ့ဖြတ်သန်းနေတဲ့ အေ့ဘ်ကို အချစ်ကြီးချစ်မိသွားလေတဲ့ ဂျေလ်တစ်ယောက် ချစ်သူကို ပလစ်ပြီး အေ့ဘ်ဘဝထဲ စုံဝင်နိုင်ဖို့အရေး အသည်းအသန် ကြိုးစားခဲ့ပါတော့တယ် .. ကျောင်းသူလေးတွေနဲ့ မတွဲ စိတ်လည်းမဝင်စားတဲ့ အေ့ဘ်တစ်ယောက် တစ်နေ့မှာတော့ ဂျေလ်နဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေကြရင်း တစ်ဖက်စားပွဲဝိုင်းက စူးရှတဲ့စကားသံတွေရဲ့ နောက်မှာ သူ့ဘဝကို အကြီးအကျယ်ပြောင်းလဲသွားစေမယ့် အကြောင်းအရင်းတစ်ခုကို ရှာတွေ့သွားခဲ့ပါတော့တယ်.. ဘဝရဲ့အဓိပ္ပါယ်ကို တစ်ဖန်ရှာဖွေတွေ့ရှိသွားတဲ့ အေ့ဘ် တစ်ယောက် စိတ်သစ်လူသစ်နဲ့ အသိဉာဏ်အသစ်တွေနိုးကြားပြီး အရင်ကစိတ်မဝင်စားခဲ့တဲ့ ကျောင်းသူလေး ဂျေလ်အပေါ် ပြန်တုံ့ပြန်လာလေမလား … အေ့ဘ်ကို အကြီးအကျယ်ပြောင်းလဲသွားစေတဲ့ အကြောင်းအရင်းကရော ဘာများလဲ.. အဲဒီအကြောင်းအရင်းနောက်ကွယ်မှာ အေ့ဘ်ဘဝအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေမှာလဲ.. အေ့ဘ်နဲ့ဂျေလ်တို့ ဘယ်လိုအဆုံးသတ်သွားကြမလဲဆိုတာကိုတော့ … ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် (P.S ကြည့်နေရင်းနဲ့ အားမလိုအားမရဖြစ်ပြီး ဇာတ်လမ်းရဲ့ အဆုံးသတ်ကိုတော့ ကျော်မကြည့်လိုက်ပါနဲ့နော်.. Joker မင်းသားကြီးရဲ့ မထိတထိသရုပ်ဆောင်ဟန်တွေနဲ့ Emma Stone ရဲ့ အလှအပလေးကိုပဲ ငေးမောရင်း ဖြည်းဖြည်းချင်း စီးမျောကြည့်လိုက်ပါလို့) (အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.6 GB)/(800MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama,Comedy,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2015
Irrational Man
Asterix & Obelix: Mission Cleopatra
6.6

Asterix & Obelix: Mission Cleopatra (2002) IMdb (6.6) / Rotten Tomatoes (86%) ရောမဘုရင် ဂျူးလိယက်ဆီဇာ ဟာ တိုက်တိုင်းအောင်စစ်ဘုရင်ကြီးဖြစ်နေတော့ အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့တွေ့တဲ့ချိန် အီဂျစ်သားတွေကို အထင်အမြင်သေးစွာ ပြောဆိုလိုက်တယ်… ဒါကို ကလီယိုပါထရာက တင်းပြီး အီဂျစ်သားတွေဟာ သမိုင်းဝင်ပိရမစ်တွေကို ဘယ်လိုဆောက်ခဲ့ကြောင်း ကြီးကျယ်ကြောင်း ပြန်ချေပတယ်.. ဒီလို အီဂျစ်သားတွေ ကြီးကျယ်ကြောင်းသက်သေပြဖို့ ဆီဇာနဲ့ အလောင်းအစားတစ်ခုလုပ်လိုက်တယ်.. ၃ လအတွင်း နန်းတော်ကြီးတစ်ခု အပြီးဆောက်ပြမယ်ဆိုပြီးတော့ပေါ့… ဒီနန်းတော်ကိုဆောက်ဖို့ အီဂျစ်မှာ တလွဲလုပ်နေကျ ဗိသုကာပညာရှင် အက်ဒစ်ကို ခိုင်းလိုက်တဲ့အခါ… အက်ဒစ်ဆိုတာက နယ်နယ်ရရ ဗိသုကာပညာရှင်တော့မဟုတ်ပါဘူး..ပြတင်းပေါက်ကို လက်လှမ်းမမီတဲ့နေရာမှာဆောက်တဲ့လူမျိုးပါ… ၃ လနဲ့အပြီးဆောက်ဖို့ မဖြစ်နိုင်တဲ့အဆောက်အဦးကို အက်ဒစ်တစ်ယောက် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဆောက်မလဲ.. သူ့ကို ချောက်တွန်းမယ့်လူရော မှော်အစွမ်းတွေနဲ့ကူညီမယ့်လူတွေရောရှိနေတာမို့ ဘယ်လိုဖြစ်ပျက်မလဲဆိုတာ ကြည့်ရမှာပါ။ ဒီဇာတ်ကားက သမိုင်းနောက်ခံ ဟာသစွန့်စားခန်း ပြင်သစ်ဇာတ်ကားဖြစ်ပြီးတော့ ကလီယိုပါထရာအဖြစ် Monica Bellucci , အက်ဒစ်အဖြစ် Jamel Debbouze , Astrix အဖြစ် Christian Clavier , Obelix အဖြစ် Gérard Depardieu တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်.. Astrix ၏ စွန့်စားခန်းများ Comic Book ကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်.. Astrix ဇာတ်ကား ၅ ကားရှိပြီး ဒီကားကတော့ ဒုတိယကားပါ…(မတ်မတ် မိုနီကာပါလို့ ဒီကားကိုပဲ တင်ဖြစ်သွားတာပါ။) Astrix ဇာတ်ကားတွေဟာ ကုန်ကျစရိတ်အများဆုံး ပြင်သစ်ဇာတ်ကားတွေဖြစ်ပါတယ်..အခုကားကိုလဲ ခမ်းခမ်းနားနားရိုက်ကူးထားတာတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ $58.5 million သုံးစွဲခဲ့ပြီး Box Office မှာ $128 million ပြန်ရခဲ့လို့ စီးပွားရေးအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ Comedy ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုဖို့သင့်တော်တဲ့ဇာတ်ကားပါ။

Thriller • Drama
6.6 2002 108 mins
Asterix & Obelix: Mission Cleopatra
The Scapegoat
7.2

The Scapegoat (2012) ================= IMDb Rating – 7.2/10 ဂျွန်စတန်းဒင်းဆိုသူက ကျောင်း‌ဆရာအလုပ်ကထွက်ပြီး ခြေဦးတည့်ရာ သွားဖို့ စိတ်ကူးထားသူဖြစ်တယ်။ အလုပ်ထွက်ပြီးညမှာပဲ အရက်ဆိုင် တစ်ဆိုင်မှာ သူနဲ့ချွတ်စွပ်တူတဲ့ ဂျွန်နီစပန့်ဆိုတဲ့ သူဌေးသားတစ်ယောက်နဲ့ မထင်မှတ်ဘဲတွေ့မိပြီး စကားလက်ဆုံပြောဖြစ်ကြတယ်။ ‌ဂျွန်တစ်ယောက် နောက်နေ့မနက် အိပ်ရာကနိုးလာတဲ့အချိန်မှာ သူ့အဝတ်အပါအဝင် ပါလာ တဲ့ပစ္စည်းတွေအားလုံးအခိုးခံလိုက်ရတာကို သိလိုက်ရတယ်။ အဲ့အချိန်မှာပဲ ဂျော့ဂ်ျဆိုတဲ့ ကားဒရိုင်ဘာက သူ့ကိုအိမ်ပြန်‌ပို့ပေးဖို့ ပြောလာ ပါတယ်။ ဘာမှမသိတဲ့ ဂျွန်တစ်ယောက် ဒရိုင်ဘာခေါ်သွားရာနောက်ကို လိုက် သွားပြီးနောက်မှာသိလိုက်ရတာက သူ့ကို သူဌေးသား ဂျွန်နီအဖြစ်အထင်မှား နေကြတယ်ဆိုတာပါပဲ။ အထင်မှားတဲ့လူတွေကတော့ အခြားတော့မဟုတ် စပန့်စံအိမ်ကြီးထဲက အိမ်သားတွေပဲဖြစ်တယ်။ ဘဝချင်းအလဲခံလိုက်ရတဲ့ ဂျွန်တစ်ယောက် စပန့်စ်စံအိမ်ကြီးထဲမှာ ဘယ်လိုရှင်သန်မလဲ၊ နောက်ပြီး အဲ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းကို ဘယ်လိုဦးစီးပြီး သူ့နဂိုဘဝကိုပြန်သွားဖို့ ဘယ်လိုအဖြေရှာလဲဆိုတာကို ၁၉၅၇ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ်ပုံဖော်ထားးတဲ့ ဒီရုပ်ရှင်မှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.42 GB) / (461 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 48Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Khant Sett Naing Encoder……….SWM

Animation • Family • Fantasy
7.2 2012
The Scapegoat
The Other Boleyn Girl
6.7

ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb 6.5/ 10, rotten tomatoes 43% ရရှိထားတဲ့ သမိုင်းနောက်ခံဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော် Scarlett Johansson လည်းပါဝင်ထားပြီး မြင်နေကျမဟုတ်တဲ့ နူးညံ့ပြီး ဖြူစင်တဲ့ကောင်မလေးဇာတ်ရုပ်နဲ့ မြင်ရမှာပဲဖြစ်ပါတယ်။ British ဝတ္တုရေးဆရာ Philippa Gregory ရဲ့ ဝတ္တုကိုပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ကတော့ ဒုတိယမြောက် Live action ရိုက်ကူးခြင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ၁၆ ရာစုရဲ့ နန်းတော်တွင်းနဲ့ ထီ းနန်းဆက်ခံမှုအရှုပ်တော်ပုံတွေနဲ့အတူ Scandalous Family လို့ ခေါ်ခံလိုက်ရအောင်ထိကို ပွေလီသွားခဲ့တဲ့ Boleyn မိသားစုရဲ့ ပြဿနာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ငယ်ဂုဏ်နဲ့ လှမာန်ကြွ၊ ထင်ရာစိုင်းတတ်တဲ့ အန်းရဲ့ နယ်နှင်ခံရအပြီး တည်ငြိမ်ထက်မြက်တဲ့ပုံစံအကူးအပြောင်း၊ မျှော်လင့်ထားသလိုဖြစ်မလာခဲ့တဲ့ ဘုရင်မဘဝမှာ စိတ်ရဲ့ခြောက်လှန့်ခြင်းခံနေရပြီး အမြဲထိတ်လန့်၊ စိတ်မလုံခြုံဖြစ်နေရတဲ့ပုံစံ အကူးအပြောင်းတွေက တကယ်အံ့ဩ‌ဖို့ကောင်းလောက်အောင်ကို ကြည့်လို့ကောင်းတာပါပဲ။ သမိုင်းနောက်ခံဇာတ်လမ်းဖြစ်တဲ့အပြင် အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ အနိမ့်အမြင့်စုံတဲ့ဇာတ်လမ်းအသွားကိုမြင်ရမယ့် လက်မလွတ်သင့်တဲ့ဇာတ်ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်‌နော်။ File size… 2.2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aditi

Horror • Thriller • Drama • Mystery
6.7 2008
The Other Boleyn Girl
Raghu Thatha
7.1

Raghu Thatha (2024) “အရိုင်းပန်းပုံပြင်” =============================== နာမည်ကြီးဗီဂျေးတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဗင်ဒရာဗီဂျေးနဲ့ မင်းသမီးချောလေး ကီရ်သီဆူရက်ရှ်တို့ရဲ့ အသစ်ထွက် ကျေးလက် ဟာသဒရာမာရုပ်ရှင်လေးကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ကာယာဟာ မဟုတ်မခံစိတ်ရှိတဲ့ ဆတ်ဆတ်ကြဲ မိန်းမလှလေးတစ်ယောက်ပါ။ သူဟာ မိန်းကလေးစာရေးဆရာတွေကို အားမပေးတဲ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းထဲမှာ ယောက်ျားလေးနာမည်နဲ့ စာရေးပြီး အတော်အသင့်အောင်မြင်နေသူလည်းဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရောက်ပေမဲ့ အိမ်ထောင်မကျသေးတာကြောင့် တစ်ရွာလုံးက တွေ့တဲ့အချိန်တိုင်း ဘယ်တော့စားရမှာလဲလို့မေးတာခံနေရတဲ့သူဖြစ်ပြီး သူကလည်း မေးတဲ့သူတိုင်းကိုဂရုမစိုက်ဘဲ ကိုယ့်ခံယူချက်နဲ့ကိုယ် နေထိုင်သူဖြစ်ပြီး သူ့ရဲ့ ခံယူချက်တွေနဲ့ အများကသတ်မှတ်ထားတဲ့စည်းမျဉ်းတွေကြားမှာ မဖြစ်မနေရွေးချယ်ရမယ့်အခြေအနေ ဖြစ်လာတဲ့အခါမှာတော့…။ ကျေးလက်မြင်ကွင်းစိမ်းစိမ်းစိုစိုလေးတွေနဲ့ ရယ်ရမောရတဲ့ ရုပ်ရှင်လေးဖြစ်လို့ ပရိသတ်တွေ ခေတ္တစိတ်အပန်းပြေစေဖို့အတွက် ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Horror • Thriller • Drama
7.1 2024 134 mins
Raghu Thatha
Casi el Paraíso aka Quite Like Paradise

ဒီတစ်ခေါက်မှာတော့ ရှားလော့ဟုမ်းကားလို ဇာတ်လမ်းအဆုံးထိ ကြည့်ရှုသူတွေကို လှည့်ကွက်တွေနဲ့ ရင်သပ်ရှုမော ဖြစ်စေလောက်မယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ အာမီဒီယို ပိုဒူလာဆိုတာ အဖေမပေါ်ဘဲ မွေးထားတဲ့ ပြည့်တန်ဆာတစ်ယောက်ရဲ့ သားပါ။ ငယ်စဉ်ကတည်းက ဆိုးသွမ်းခဲ့ပြီး မက္ကစီကိုကနေ နိုင်ငံရေးအရှုပ်တော်ပုံနဲ့ပြေးလာတဲ့ ကွန်ချာဆိုတဲ့ ကောင်မလေးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ကောင်မလေးနဲ့ရှိုးထုတ်ဖို့ ကားတစ်စီးကိုခိုးရင်း ထောင်ကျသွားခဲ့ပါတယ်။ ထောင်ထဲမှာတော့ သူ့ဘဝကို အကြီးကြီးပြောင်းလဲပေးမယ့် မြို့စားတစ်ယောက်နဲ့ ဆုံခဲ့ပြီး ပြည့်တန်ဆာတစ်ယောက်ရဲ့သား အာမီဒီယိုအဖြစ်ကနေ မြို့စားအူဂို ကွန်တီအဖြစ် ပြောင်းလဲနေထိုင်ခဲ့ပါတယ်။ အရင်ရည်းစားလေး ကွန်ချာကရော အူဂိုကွန်တီက သူ့ကိုပစ်သွားတဲ့ အာမီဒီယိုဆိုတာသိသွားရင် ဘာဖြစ်သွားမှာလဲ ဘာတွေလုပ်မှာလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက် အဖြေရှာကြည့်ပါခင်ဗျာ။

0 2024
Casi el Paraíso aka Quite Like Paradise
Santa Tell Me

Santa Tell Me” (2024) ကတော့ အတွင်းပိုင်းဒီဇိုင်နာ Olivia အဖြစ် Erin Krakow သရုပ်ဆောင်ထားတဲ့ ခရစ္စမတ်ရုပ်ရှင်ဖြစ်ပါတယ်။ သူအချစ်စစ်အမည်ကတော့ Nick ဖြစ်ပါတယ်လို့ Santa ထံမှ စာတစ်စောင်ရလာတယ်။ Daniel Lissing အဖြစ် သရုပ်ဆောင်ထားတဲ့ ထုတ်လုပ်သူ Chris နှင့် home makeover ရှိုးတစ်ခုတွင် အလုပ်လုပ်ရင်း မတူညီတဲ့ Nicks သုံးဦးနှင့် ချိန်းတွေ့ခဲ့တယ်။ သူရဲ့ ချိန်းတွေ့မှုတွေက မှားယွင်းလာတာနှင့်အမျှ သူ Chris ကို နှစ်သက်လာပါတယ်။ ဝေဖန်ရေးဆရာတွေက ရုပ်ရှင်ကို ရယ်စရာကောင်းတဲ့ ဇာတ်လမ်းနဲ့ သရုပ်ဆောင်ချက်ကောင်းတွေကြောင့် နှစ်သက်ကြပါတယ်။ Fangirlish က “twists, turns, drama, and romance ပါတယ်လို့ပြောပါတယ် Dan Kolbet က ဇာတ်ကားကို 8/10 ပေးပြီး “တကယ်ကောင်းတယ်” လို့ ခေါ်ပါတယ်။ Marvelous Geeks Media က “outstanding” နှင့် “effortless” ဖြစ်တယ်လို့ဆိုပါတယ်။ ပျော်စရာကောင်းပြီး ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်ရုပ်ရှင်ပါ။ File size…(1.4 GB)/(827 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

Drama • History
0 2024
Santa Tell Me
Schmeichel
7.3

မန်ယူနိုက်တက်ပရိသတ်တွေအတွက် ဆာအဲလက်စ် ဖာဂူဆန်နဲ့အတူ ရွှေထီးဆောင်းခဲ့တဲ့နေ့ရက်တွေကို ပြန်တွေးကြည့်လိုက်ရင် အသင်းရဲ့နောက်ဆုံးခံစစ် စည်းရိုးဖြစ်တဲ့ ပီတာရှမိုက်ကယ် ကိုလည်း ပြန်အမှတ်ရ မိကြမှာပါ။ ဒီ ၂၀၂၅ ခုနှစ်ထွက် documentary လေးကတော့ ပီတာရှမိုက်ကယ် ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒိန်းမတ်က ကလပ်လေးကနေ ဆာအဲလက်စ် ရဲ့ တော်ကောက်ခံရပြီး ယူနိုက်တက်အသင်းရဲ့ ကပ်ပတိန် ဖြစ်လာခဲ့သူရဲ့ ငယ်ဘဝဟာလည်း ချောချောမွေ့မွေ့ ဖြတ်သန်းခဲ့ရတာတော့မဟုတ်ပါဘူး။ ဂိုးသမားအဖြစ် ကစားလို့ရတဲ့လုပ်ခ လစာက နှစ်ပဲနဲ့ တစ်ပြားမို့ ငယ်စဉ်တုန်းက ရရာအလုပ်ဝင်လုပ်ပြီး ဂိုးသမားဘဝကို ဆက်လျှောက်ခဲ့ရသူပါ။ ဒီဇာတ်ကားလေးမှာတော့ ပီတာရှမိုက်ကယ် ရဲ့ ငယ်ဘဝ ကနေစလို့ ဘောလုံးဘဝကနေအနားယူပြီး သားသမီး မြေးတွေနဲ့ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အထိ ဘဝတစ်လျှောက်လုံးကို ပြန်ပြောပြတဲ့ စကားပြော ပုံစံနဲ့ ရိုက်ကူးထားတာမို့ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ ရပုံကို ပြည့်ပြည့်စုံစုံ သိခွင့်ရမှာပါ။ အဲဒီအပြင် မန်ယူနိုက်တက်မှာ ဖြတ်သန်းခဲ့စဉ်က အကြောင်း အရာတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာမို့ သာမန် မသိနိုင်တဲ့ မန်ယူနိုက်တက်ရဲ့ သမိုင်းကြောင်းတွေ အသင်းတွင်းအဖြစ်အပျက်တွေနဲ့ ယူနိုက်တက်ရဲ့ သရဲနီ ဒီအန်အေ စစ်စစ် ဆိုတာ ဘာလဲဆိုတာကို ကြက်သီးထ လောက်စရာ မြင်တွေ့ခွင့်ရမှာပါ။ သရဲနီတပ်မှူးကြီးရဲ့ ဘဝဇာတ်ကြောင်းနဲ့ မန်ယူနိုက်တက်ရဲ့ အတိတ်တလျှောက်သမိုင်းအစဉ်အလာကို ပြန်လည်ခံစား နိုင်ဖို့အတွက် ပရိသတ်ကြီးတို့အတွက် ဒီ မှတ်တမ်းရုပ်ရှင် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော Wil ဖြစ်ပါတယ်) File size… (2.18GB) / (1.23GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre …..Documentary Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama • Romance
7.3 2025 92 mins
Schmeichel
Alice in Wonderland
6.4

Alice In Wonderland(2010) IMDB : 6.4 Rotten Tomatoes : 50% Genre : Family/Adventure/Fantasy Alice in Wonderland ကို လူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝတစ်စိတ်တပိုင်းဆိုလည်းမမှားပါဘူး။ ငယ်ငယ်ကတည်းက လောကကြီးကိုရင်ဆိုင်ပြီးတိုက်ခိုက်နေရတဲ့ အသက်အရွယ်ရောက်လာတာတောင်မှ Tim Burton ရဲ့ရုပ်ရှင်တွေကိုကြည့်ပြီး Tim Burton Universe ထဲကိုသွားချင်တဲ့စိတ်ကမကုန်သေးပါဘူး။ Fantasy လောကရဲ့ ဖခင်ကြီး Tim Burton ရဲ့ရုပ်ရှင်တွေဟာ ကြည့်လိုက်တိုင်း ရင်ထဲမှာတော့ တစ်ခုခုကျန်ခဲ့ပါတယ်။ Alice in Wonderland လည်းအဲလိုပါပဲ။ ကျွန်တော်တို့ဟာ ဘဝမှာ တစ်ခါတော့ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice တော့ဖြစ်ချင်ခဲ့မှာပါ။ ရှုပ်ထွေးလှတဲ့ လောကကြီးကနေ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice ကို အားကျခဲ့မိမှာပါ။ Alice in Wonderland ဟာ Rating အရကြည့်မယ်ဆိုရင်တော့ သိပ်ပြီးအားရစရာမဟုတ်ပေမယ့် Academy ၂ ဆုသိမ်းပိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ပရိသတ် လူငယ်/လူကြီး ကြိုက်ကြတဲ့ ရုပ်ရှင်တကားဖြစ်ပါတယ်။ Alice in Wonderland Theme Song က ကြက်သီးထစေသလို Avril Lavigne ရဲ့ Alice (Underground) သီချင်းကလည်း တခုခုကိုလွမ်းသွားစေမှာပါ။ ဘဝအမောတွေပြေအောင်လို့ ကြည့်လိုက်ကြပါ၊ ကြည့်ပြီးတဲ့လူတွေလည်း အမြင်တမျိုးနဲ့ပြန်မြင်ရမယ်ထင်ပါတယ်။ ဇာတ်ညွှန်း ချားလ်စ်ဆိုတဲ့ ကုန်သည်တစ်ယောက်မှာ အဲလစ်စ်ဆိုတဲ့ သမီးလေးတစ်ယောက်ရှိတယ်။ အဲလစ်စ်လေးဟာ ငယ်ငယ်ကတည်းက အိမ်မက်တစ်ခုတည်းကိုမက်ပါတယ်။ အဲဒီအိမ်မက်ထဲမှာ ဝစ်စ်ကုတ်ဝတ်ထားတဲ့ယုန်ပါတယ်၊ ဒိုဒိုငှက်ကြီးတစ်ကောင်ပါတယ်၊ ပြုံးနေတဲ့ကြောင်ကြီးတစ်ကောင်ပါတယ်။ အိမ်မက်ဆိုတော့ အတည်မှတ်လို့မရဘူးပေါ့လေ။ “သမီးရူးသွားပြီလား” တဲ့။ ဒါက အဲလစ်စ်လေးရဲ့ သူ့အဖေ ချားလ်စ်ကိုမေးတဲ့အမေး။ ချားလ်စ်ကပြန်ဖြေတယ် “ဟုတ်တယ်၊ သွက်သွက်ခါအောင်ပဲတဲ့။ ဒါပေမဲ့ လျှို့ဝှက်ချက်တစ်ခုအဖေပြောပြမယ်။ အတော်ဆုံးလူတွေအကုန်လုံးက ရူးနေကြတာပဲ” တဲ့။ ဒီလိုနဲ့ အဲလစ်စ်လေး ၁၉ နှစ်သမီးရောက်တော့ ရှေးခေတ်အင်္ဂလန်ပြည်ကြီးရဲ့ထုံးစံအတိုင်း ယောက်ျားပေးစားဖို့ကြံပါတော့တယ်။ ဒါပေမဲ့ လက်ထပ်ခွင့်ကို လက်ခံသည်/မလက်ခံသည် မပြောရသေးခင်မှာ အဲလစ်စ်ဟာ ယုန်တွင်းထဲပြုတ်ကျပြီး အံ့ဖွယ်ကမ္ဘာကြီးကိုရောက်သွားပါတော့တယ်။ ဒီလိုနဲ့ အဲလစ်စ်ဟာ မြေအောက်အံ့ဖွယ်ကမ္ဘာကြီးကို ကယ်တင်ဖို့အကြောင်းဖန်လာပါတော့တယ်။ အဲလစ်စ်လေးတစ်ယောက် အံ့ဖွယ်ကမ္ဘာကြီးကိုဘယ်လိုကယ်တင်မလဲဆိုတာ စိတ်ဝင်စားစွာနဲ့ကြည့်လိုက်ကြပါဦးခင်ဗျာ။ အရူးဦးထုပ်သမား အဖြစ် မင်းသားကြီး Johnny Depp အဲလစ်စ် အဖြစ် မင်းသမီး Mia Wasikowska ခန်းဆောင်နီဘုရင်မအဖြစ် Tim Burton ကားမှာ မပါမဖြစ် မင်းသမီး Helena Bonham Carter ခန်းဆောင်ဖြူဘုရင်မအဖြစ် အချစ်တော်မင်းသမီး မကြာနု Anne Hathaway ပညာရှိ ပေါက်ဖတ်အဖြစ်အသံသရုပ်ဆောင် မင်းသားကြီး Alan Rickman ခန်းဆောင်နီဘုရင်မ တပ်မှူးအဖြစ် မင်းသား Crispin Glover တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Action • Adventure • Fantasy
6.4 2010 108 mins
Alice in Wonderland
Rachael Hunger
5.2

Rachael Hunger (2024) ဒီကားလေးကတော့ ထူးထူးခြားခြားပါပဲ။ ငါးနာရီအတွင်း အပြီးရိုက်ခဲ့တဲ့ကားလေးပါ။ ဟုတ်ပါတယ်တကယ်ကို ငါးနာရီတည်းနဲ့ အပြီးရိုက်ခဲ့တာပါ။ ဇာတ်လမ်းက မှတ်တမ်းရုပ်ရှင်ရိုက်သူတစ်ယောက်ဟာ Rachael Hunger ဆိုတဲ့ Content Creator တစ်ယောက်ကို မှတ်တမ်းရုပ်ရှင်ရိုက်ပေးဖို့ အင်တာဗျူးတဲ့အကြောင်းလေးပါ။ သူတို့နှစ်ယောက်ဟာ အင်တာဗျူးအတွင်း Content Creator တစ်ယောက်ရဲ့ ခံယူချက်နဲ့ လုပ်ငန်းသ‌‌ဘောသဘာဝ တွေကို ပြောကြရင်း သူတို့ရဲ့ ဗီဒီယိုကို လူပိုစိတ်ဝင်စားနိုင်မယ့်အကြောင်းအရာလေးတွေ ဖြည့်ဖို့ လုပ်ကြပါတော့တယ်။ လူပိုစိတ်ဝင်စားမယ့်အကြောင်းတွေဆိုတာဘာတွေဖြစ်မလဲ အင်တာဗျူးမှာ ဘာတွေ မေးပြီး ဘာတွေဖြေကြမလဲ ဆိုတာတော့ ဒီကားလေးမှာ ဆက်ကြည့်နိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Swan Yee Myo Thant ဖြစ်ပါတယ်။) File size… (740 MB) / (410 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:07:19 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Swan Yee Myo Thant

Drama
5.2 2024
Rachael Hunger