YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Qingling Town Coffin 2023 480p WEB-DL CM.mp4

368.85 MB N/A video/mp4 200 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Flash
6.7

The Flash (2023) ============= HDTC version ပါ။ ကြော်ငြာရေစာတွေပါပါတယ် မျက်စိနောက်ပါမယ်။ အသံ သိပ်မကြည်သေးပါ။ ရုပ်တော့အတော်လေးကြည်ပါပြီ။ ဒီရုပ်ရှင်မျိုးကတော့ ကြည်တောက်ရှင်းကိုပဲ ကြည့်တာအကောင်းဆုံးပါပဲ။ မစောင့်နိုင်တော့တာတို့ ဇာတ်လမ်းသိချင်ရုံတို့ဆိုတဲ့လူတွေအတွက် ဘာသာပြန်ပြီးတင်ပေးထားတာပါ။ ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန်မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ်ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်းတွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန်တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင်ပါပဲ။ ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်းတစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာမန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အတိတ်ကို ပြန်သွားပြီး သူ့အမေကို ကယ်ဖို့ ကြိုးစားရင်း စကြဝဠာကြီးကမောက်ကမဖြစ်ပုံကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဖလက်ရှ်ရဲ့ အချိန် ခရီးသွားပုံဟာ အမြန်နှုန်းနဲ့ ဆက်စပ်နေတဲ့အတွက် အိုင်းစတိုင်းရဲ့ နှိုင်းရသီဝရီ၊ Time dilation နဲ့ အထူးနှိုင်းရသီဝရီကို အခြေခံထားတာဖြစ်ပါတယ်။ အကြမ်းဖျဉ်းပြောရရင် အမြန်နှုန်းဟာ ကိန်းသေမဟုတ်ဘဲ၊ တိုင်းတာသူရဲ့ နေရာ အမြန်နှုန်းအပေါ် မူတည်ပြီး ပြောင်းလဲသလို အရာဝတ္ထုတစ်ခုရွေ့လျားရာမှာ အချိန်ဟာလည်းလိုက်ရွေ့လျားတာမို့ အချိန်နဲ့အမြန်နှုန်းဟာလည်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ အလင်းတစ်ခု ခရီးသွားရာမှာတော့ အမြန်နှုန်းဟာ ကိန်းသေ 299 792 458 m/s ဆိုပြီး မှတ်သားထားကြပါတယ်။ အလင်းရဲ့ အမြန်နှုန်းဟာ အမြန်ဆုံးအဖြစ် သတ်မှတ်ထားကြသလို ဘယ်အရာဝတ္ထုမှ လက်တွေ့မှာ အလင်းထက်မြန်အောင် မသွားနိုင်ပါဘူး။ ဒီလိုသွားဖို့အတွက် စွမ်းအင် အဆုံးအစမရှိလိုအပ်ပြီး၊ ဒြပ်ထုတွေအနေနဲ့လည်း မပြိုကွဲဘဲ မနေနိုင်ပါဘူး။ အလင်းဟာ တစ်နေရာနဲ့တစ်နေရာသွားဖို့ အချိန်ဆိုတာမလိုအပ်သလောက်ဖြစ်နေပြီး အလင်းရဲ့ခရီးသွားနှုန်းဟာ အချိန်ကို သုညဖြစ်သွားစေသလို ဖြစ်နေပါတယ်။ အလင်းနဲ့ အမြန်နှုန်းနဲ့သွားနေရင် အချိန်ဟာ ရပ်သွားသလို ဖြစ်သွားပါပြီ။ ဒီတော့ သီဝရီအားဖြင့်တော့ အရာဝတ္ထုတစ်ခုဟာ အလင်းထက်မြန်အောင် သွားနိုင်ရင် အချိန်ဟာ သုညကနေ ဆက်လျော့ဖို့ မရှိတာကြောင့် အနုတ်ဖြစ်လာပါတယ်။ ဒီတော့ အတိတ်ကို ပြန်ပြန်ရောက်သွားပါတယ်။ ဖလက်ရှ်ဟာ အလင်းထက်မြန်အောင်ပြေးနိုင်ပြီး ပြေးဖို့အတွက် စွမ်းအင်နဲ့ သူ ပျက်စီးမသွားဖို့အတွက်ကာကွယ်ပေးတဲ့ Speed Force ရှိနေတာကြောင့် အချိန်ခရီးသွားခြင်းဟာ သူ့အတွက်ဖြစ်နိုင်သွားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဖလက်ရှ်ရဲ့ အမေဟာ ဘယ်သူသတ်သွားမှန်းမသိ အသတ်ခံထားရပြီး၊ ဖလက်ရှ်ရဲ့ အဖေကလည်း အဲဒီလူသတ်မှုနဲ့ ထောင်ထဲကိုရောက်နေတာဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာတဲ့ ဘယ်ရီအယ်လန်ဟာ သူ အချိန်ကိုနောက်ဆုတ်ပြီးသွားနိုင်ကြောင်းသိလာတဲ့အခါ အချိန်ခရီးသွားပြီး သူ့မိဘတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားရင်းကနေ စကြဝဠာတစ်ခုလုံး အချိန်စီးကြောင်း ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် DC Universe ဟာ သရုပ်ဆောင်ပြဿနာတွေ ဇာတ်လမ်းအချိတ်အဆက်မညီတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး၊ အပြိုင်စကြဝဠာ ပွင့်သွားပြီဖြစ်တာကြောင့် ကြိုက်တဲ့သရုပ်ဆောင်နဲ့ ဇာတ်လမ်းအသစ်တွေကို ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ ဖလက်ရှ်ဟာ စကြဝဠာကြီးကိုရုပ်ရှင်ထဲမှာရော အပြင်မှာပါ ကယ်တင်လိုက်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို အစက သတ်မှတ်ထားတဲ့ရက်ဟာ မသေချာသေးပေမဲ့ အစမ်းပြသတဲ့ပွဲမှာ The Dark Knight နောက်ပိုင်း ဒီစီရုပ်ရှင်တွေထဲမှာ လူကြိုက်အများဆုံးနဲ့ အမှတ်အများဆုံးရလာတာကြောင့် အမြန်ဆုံး ရုံတင်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ဘာလို့ အစမ်းပြပွဲမှာ ဒုတိယအကောင်းဆုံး ဒီစီရုပ်ရှင်အဖြစ် ပြောကြတာလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုပြီးပဲ ဆုံးဖြတ်လိုက်ပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(2.8 GB) / (1.36 GB) / (900 MB) Quality............HDTC 1080p / 720p / 480p Duration.........2Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Fantasy Translator.......Mr.Anderson Encoder..........SWM, Aaron

Drama
6.7 2023 144 mins
The Flash
Walk Up
6.2

~ IMDb - 6.6/10, Rotten Tomatoes - 100% ~ တာကော့စကီး ပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ " Cinema is an unhappy art because it depends on money. Not only because a film is very expensive; but it is then also marketed like cigarettes. " တဲ့။ ပြီးမှ မြတ်တာမမြတ်တာဆိုတဲ့ ဈေးကွက်ကိုအသာထား ရုပ်ရှင်ရိုက်ဖို့က သိပ်ဈေးကြီးလွန်းလို့ ရုပ်ရှင်ဟာ ဈေးကြီးလွန်းတဲ့ အနုပညာတစ်ခုအနေနဲ့ တည်ရှိနေခဲ့တယ်။ ရုပ်ရှင်တစ်ကားကို စိတ်တိုင်းကျ ထွက်လာအောင်လည်းလုပ် ငွေလည်းရဖို့က မဖြစ်နိုင်သလောက်ခက်တဲ့ကိစ္စပဲ။ တော်ရုံကွာလတီတစ်ကားရိုက်မယ်ဆိုကတည်းက နောက်မှာ ရင်းနှီးမြုပ်နှံသူတွေပါလာပြီဆိုတော့ သူတို့ ကြိုက်မယ့် အကြိုက်ကနေ စဉ်းစားပေးရတာတွေလည်းရှိလာမှာပဲ။ ကိုယ့်စိတ်ကြိုက် ကိုယ်ရိုက်ပြီး ခြောက်ပြစ်ကင်းနေတဲ့ ရုပ်ရှင်တွေက ရှိတော့ရှိပေမဲ့ ရှားတယ်ပဲပြောရမှာပဲ။ သမိုင်းကြီးလှတဲ့ ဒါရိုက်တာတွေတောင် စိတ်ကြိုက်ရိုက်ခွင့် အပြည့်မရနေခဲ့ဘူး။ ဆာဂျီယိုလီယွန်နီဆို Once Upon A Time in Hollywood ကို ရုံတင်တုန်းက သူ့ရဲ့လေးနာရီကြာတဲ့ ရှည်လွန်းတဲ့ ဇာတ်ကြီးကို ဖြတ်တောက်ခံခဲ့ရတယ်။ ဒီလိုမျိုးခံခဲ့ရတဲ့ လူတွေက တော်တော်လည်းမနည်းဘူး။ ဖရန်စစ် ဖို့ဒ် ကော်ပိုလာ၊ စတီဗင်စပီးဘာ့ချ်၊ ဒေးဗစ်လင်း၊ ဒေးဗစ်ဖင်ချာ၊ အော်ဆန်ဝဲလ် တို့လိုလူတွေလည်း ခံခဲ့ရတာပဲ။ ကူရိုဆာဝါတို့လိုလူတွေလည်း Cut ခံရတယ်မဟုတ်ပေမဲ့ စိတ်ကြိုက်လုပ်ချင်တာနဲ့ ဈေးကွက်နဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့အကြိုက်နဲ့ ငွေကြေးနဲ့ကြားက ပြဿနာတွေကြုံခဲ့ရတာပဲ။ သိသာတာမသိသာတာပဲ ရှိမယ်။ ကွာလတီကောင်းကောင်းတစ်ကားရဖို့ ငွေနဲ့ဆက်စပ်မိလာပြီဆို ဒါရိုက်တာအားလုံး စိတ်ကြိုက်လုပ်ခွင့်မရတာနဲ့ ကြုံလာရမှာပါပဲ။ ဒီလိုဖန်တီးမှုအကန့်အသတ်တွေကြောင့်ဖြစ်ဖြစ် ကိုယ်တိုင်ရဲ့ အနုပညာအပေါ်အမြင်အပြောင်းအလဲကြောင့်ဖြစ်ဖြစ် ကိုယ်ရိုက်ချင်တဲ့ပုံစံအစစ်အမှန်နဲ့ ရုပ်ရှင်ကို ရိုက်ခွင့်မရတာတွေ ကြုံကြရမှာပဲ။ ဒီအကန့်အသတ်က အနုပညာတိုင်းရှိနေတယ်လို့တော့ ထင်ရတာပဲ။ တဂိုးဟာ သူသေတဲ့နေ့အထိ သူရေးချင်တဲ့ ကဗျာမျိုးကို မရေးသွားရဘူးလို့ ဆိုခဲ့သလိုပဲ၊ အနုပညာတိုင်းမှာ ဖန်တီးချင်သူတိုင်းမှာ ပိုကောင်းတာကို ပေးချင်သူတိုင်းမှာ ကိုယ်ချပြချင်တဲ့အတိုင်း ချပြမသွားမရတဲ့ ပြဿနာတော့ရှိကြလိမ့်မယ်။ နောက် ဒီမှာဆိုလည်း နိုင်ငံကျော်အဆိုတော်တစ်ယောက်ဆို နိုင်ငံခြားက ဂီတတွေကို အားကျပေမဲ့ ဘယ်ဖန်တီးမှုအကန့်အသတ်ကြောင့်လဲမသိ သူကြိုက်တဲ့သီချင်းတွေကို ကော်ပီလုပ်ဆိုခဲ့ရတယ်လို့ပြောဖူးတာပဲ။ အဲဒီလိုတွေထဲကမှ အနုပညာတစ်ခုထွက်လာဖို့ကို ငွေအား လူအား အတတ်ပညာအား အများကြီးလိုတဲ့ ရုပ်ရှင်ရဲ့အကန့်အသတ်ကတော့ ပိုကြီးနေမှာပဲ။ ဟုန်းဆန်းဆူဟာ Introduction (2021) ကစပြီး In Front of Your Face, The Novelist's Film, Walk Up စတဲ့ရုပ်ရှင်တွေမှာ ရှေ့ရုပ်ရှင်တွေနဲ့ မတူတဲ့ အချိုးအကွေ့တစ်ခုပြောင်းပစ်ခဲ့တယ်။ သူ့မူလဟန်အတိုင်းကိုမှ အကုန်လုံး သူ့စိတ်တိုင်းကျဖြစ်လာတယ်ပြောရမလားပဲ။ ဒီကားတွေအကုန်လုံးကို သူကိုယ်တိုင်ရေး သူကိုယ်တိုင်ရိုက် သူကိုယ်တိုင်ထုတ် သူကိုယ်တိုင်စီနီမာတိုဂရပ်ဖာလုပ် သူကိုယ်တိုင်နောက်ခံတေးလုပ် သူကိုယ်တိုင်တည်းဖြတ်ခဲ့တယ်။ ကားတွေလည်း ခပ်စိတ်စိတ်ထုတ်လာခဲ့တယ်။ ဆိုခဲ့တဲ့ ရင်းနှီးမြုပ်နှံသူတွေ ထုတ်လုပ်သူတွေ ဘာတွေညာတွေ ဘာအကန့်အသတ်မှကို မရှိတော့ဘူး။ သူ့စိတ်တိုင်းကျဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်တွေဟာ အရင်ကထက်လည်း သူ့ကို ပိုထင်ဟပ်လာခဲ့တယ်။ တစ်ကားကလွဲ ကျန်တာအကုန် အဖြူအမဲနဲ့ချည်းရိုက်ထားခဲ့တယ်။ သူ့ကိုယ်တိုင်ရဲ့ ဖန်တီးနိုင်မှုအကန့်အသတ်ကလွဲ တခြားဘာအကန့်အသတ်မှမရှိတော့ဘူး။ သူလည်းလူဆိုတော့ စီနီမာတိုဂရပ်ဖီ နောက်ခံတေးဘာညာမှာ အားမရချင်စရာကောင်းတာလေးတွေတော့ရှိတာပဲ။ ဒါပေမဲ့လည်း ပြဿနာတော့မဟုတ်ပါဘူး။ ကဗျာလိုပေါ့။ ခြောက်ပြစ်ကင်းစရာလည်း မလိုပါဘူး ရိုးရိုးသားသားဖန်တီးရင်ကို သူ့ဟာနဲ့သူ ရသတစ်ခုခု ခံစားချက်တစ်ခုခုရနေမှာပဲ။ ဒီကားမတိုင်ခင်က ဟုန်းဆန်းဆူနဲ့ပတ်သက်ပြီး ကျွန်တော်နားမလည်ခဲ့တာက ဒီဘဲ ဘာလို့ ဒီလောက်ကားတွေအများကြီး ဆက်တိုက်ရိုက်နေတာလဲဆိုတဲ့ အမေးပဲ။ ဒါပေမဲ့ ဒီကားတွေဟာ သူ့ကိုပိုထင်ဟပ်လာတယ်လို့ ဆိုခဲ့သလိုပဲ ဒီကားတွေအကုန်လုံးမှာ သူနဲ့ ဂင်မင်ဟီးရဲ့လက်ရှိအခြေအနေကိုသိရင် အဲဒီအတွက် သူတို့အဖြေတွေ အခြေအနေတွေကို ပြသွားခဲ့တာကို မြင်ရမှာပဲ။ ဒီမှာလည်း သူဘာလို့ ဒီလောက်သောက်သောက်လဲရိုက်ထုတ်နေတာလဲဆိုတဲ့ အဖြေကိုဖြေသွားခဲ့တယ်။ ဟုန်းဆန်းဆူကား ပီပီသသပဲ။ ဇာတ်အိမ်တို့ ဘာတို့ တစ်စုံတရာကို မျှော်လင့်ရင် ကြည့်သင့်တဲ့ရုပ်ရှင်တော့မဟုတ်ပါဘူး။ သူ့ဇာတ်ကောင်တွေရဲ့ စကားဝိုင်းတွေမှာ ဝင်စီးမျောရင်း ကြည့်ရုံသက်သက်ကြည့်တတ်မှပဲ ကြည့်သင့်တယ်။ သူ့စကားဝိုင်းတွေဟာ တချို့ရုပ်ရှင်တွေလို ဘာမှနက်နက်နဲနဲ အကြီးကြီးတွေပြောနေတာမျိုးမဟုတ်ဘဲ ဒီတိုင်းသာမန်လျှံကာစကားဝိုင်းတွေပဲ။ ကိုယ်အခုမှစသိတဲ့ လူနှစ်ယောက် စကားပြောနေတာကို ကိုယ်က ဘေးက ထိုင်နားထောင်နေရသလို ဖီလင်မျိုးပဲ။ ဘာမှတော့မဟုတ်ပေမဲ့ အဖော်ရှိနေသလိုလိုအရသာရှိတယ်ပေါ့။ ဒီကားဟာ လူတစ်ယောက်ရဲ့စကားတွေကနေ လူတစ်ယောက်ကို သိရတဲ့ ကားမျိုးလို့ပြောလို့ရတယ်။ အဲဒီလူက ဟုန်းဆန်းဆူဖြစ်နေတာတော့ အမြတ်ပေါ့။ ဒီရုပ်ရှင်ဟာ အားနည်းချက်တွေတော့ ရှိနေမှာပါပဲ။ ဒါပေမဲ့လည်း ဟုန်းဆန်းဆူဟာ သူဖန်တီးချင်တဲ့ ပုံစံမျိုးကို ရာနှုန်းပြည့်နီးပါး သူ့စိတ်ကြိုက်ဖန်တီးထားတဲ့ရုပ်ရှင်မို့ ဒါရိုက်တာတစ်ယောက်ရဲ့ ရင်ဘတ်ထဲက ရုပ်ရှင်စစ်စစ်ဆိုတာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 37Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • Romance
6.2 2022 97 mins
Walk Up
In His Shadow
6.4

In His Shadow(2023) ******************** Ibrahim ဆိုတဲ့ကောင်လေးဟာ တစ်ဦးတည်းသောသားလေးမို့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေရတဲ့ ကလေးတစ်ယောက်ပေါ့... ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့အပျော်တွေအားလုံး ပျောက်ဆုံးရမယ့်နေ့ ရောက်ရှိလာပါတယ် ... Osumane ဆိုတဲ့ သူ့ရဲ့အဖေဟာ ခရီးတစ်ခုထွက်သွားရာကနေ ပြန်အလာမှာ မိန်းမမတစ်ယောက်ကို ခေါ်လာခဲ့ပါတယ်... အဲ့ဒီမိန်းမဟာ သူ့ရဲ့မိထွေး သူ့အဖေရဲ့ နောက်မိန်းမပေါ့... အဲ့ဒီကတည်းက ပြဿနာတွေတက်နေခဲ့ပေမယ့် သူ့ရဲ့မိထွေးက ကလေးမွေးလာတဲ့ အခါမှတော့ သူဟာ ဖခင်မေတ္တာကို ရသင့်သလောက်မရနိုင်တော့ပါဘူး... အဲ့ဒီလိုပြဿနာတွေကြောင့် လုပ်မိလုပ်ရာ လုပ်ရာကနေ လူမိုက်နီးပါးကိုဖြစ်လာပါတော့တယ်.. ဒါကိုသိသွားတဲ့ သူ့အဖေက သူ့ကို အိမ်ပေါ်ကနေဆင်းခိုင်းလိုက်ပါတယ်... အိမ်ပေါ်ကနေ ဆင်းသွားပြီးတော့ သူဘာတွေဆက်လုပ်မလဲ.. သူ့မိထွေးကမွေးတဲ့ သူ့အဖေတူအမေကွဲညီလေးနဲ့ရော ဘယ်လိုဆက်ဆံရေးတွေ ရှိမလဲဆိုတာကိုတော့... File Size :(1.2GB) and (553MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Horror • Mystery • Thriller
6.4 2023 89 mins
In His Shadow
Khun Pan 3
6.9

Khun Phan 3 (2023) ခွန်ဖန် အဖြစ် Ananda Everingham ဆီယာမဟေဆွန် အဖြစ် Mario Maurer ဆီယာဒမ် အဖြစ် Tono Phakin khamwilaisak ခွန်ဖန်ဆိုကတည်းက khun phan 1&2 ကိုအားလုံးကြည့်ပြီးကြမယ်လို့ထင်ပါတယ် ဒီ khun phan 3 မှာကတော့ ခွန်ဖန်ဟာ နိုင်ငံရေးအခြေနေမတည်ငြိမ်သေးပေမဲ့ သူ့မွေးရပ်မြေကိုတာဝန်ပြောင်းဖို့တောင်းဆိုခဲ့ပြီး ပြန်သွားခဲ့ကာ သူ့မိန်းမနဲ့အတူနေထိုင်ခဲ့ပါတယ် သူပြန်နေတဲ့ကာလမှာ ဆီယာဒမ်နဲ့ဆီမဟေဆွန်ဆိုတဲ့တောပုန်းဓားပြတွေသောင်းကျန်းနေလို့ သူ့ကို ရဲအရာရှိကြီးတစ်ယောက်က တာဝန်ပြန်လာထမ်းဆောင်ဖို့ ပြန်ခေါ်ခဲ့ပါတယ် ခွန်ဖန်တာဝန်ပြန်လာထမ်းဆောင်ပြီး ဆီယာဒမ်နဲ့ဆီယာမဟေဆွန်ကိုဖမ်းဖို့ ခရီးထွက်လာတဲ့အချိန်မှာ ဘာအခက်အခဲတွေနဲ့ကြုံရမလဲ ဆီယာဒမ်နဲ့ရော အရင်ကဘာအငြိုးတွေရှိခဲ့လို့ ဆီယာဒမ်က သူ့ကိုသတ်ချင်နေပါသလဲ ဆိုတော့ မှော်အစွမ်းတွေနဲ့ဘယ်လောက်တောင်ကြမ်းနေမလဲ ဇာတ်ကားထဲကြည့်လိုက်ရအောင်နော် ဇာတ်ကားကတော့ ပြောစရာမလိုလောက်အောင် ကောင်းလွန်းပါတယ် လုံးဝလက်မလွှတ်သင့်တဲ့ကားလေးပါနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။ Genre..... Action, Fantasy, Thriller Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 2h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham Encoder ..... Aaron

Drama
6.9 2023 156 mins
Khun Pan 3
War of the Worlds: The Attack
4

War of the Worlds: The Attack (2023) ========================== Genre: Horror, Sci-fi, Thriller ဟတ်ရယ် ဟန်နာရယ် အိုဂီရယ် နက္ခတ္တဗေဒပညာရှင် သူငယ်ချင်း ၃ ယောက် ရှိကြပါတယ်။ တစ်ရက်တော့ ကမ္ဘာမြေပေါ်ကို အာကာ သထဲကနေ အစိမ်းရောင် အလင်းတန်းတွေ ပြုတ်ကျလာပါတယ်။ ဒီမှာ သူငယ်ချင်း ၃ ယောက်သား ဥက္ကာခဲကြွေတယ်ဆိုပြီး လိုက်ပြီး စူးစမ်းလေ့လာဖို့လုပ်တုန်း ဒါတွေဟာ ဥက္ကာခဲမဟုတ်ပဲ အင်္ဂါဂြိုလ် ပေါ်က ဂြိုလ်သားတွေ ရောက်လာတယ်ဆိုတာ သိလိုက်ရပါတယ်။ အဲဒီမှာ ရန်သူလား မိတ်ဆွေလားမသိရတုန်း ဂြိုလ်သားတွေက အလျင် အမြန်ပဲ တိုက်ခိုက်ကြတဲ့အခါ အိမ်ကိုထွက်ပြေးလာပါတယ်။ သူတို့ ဘာဆက်လုပ်ရမလဲ စဉ်းစားနေကြတုန်း စစ်တပ်အမြှောက်တပ်ထဲက စစ်သားတစ်ယောက်က သူတို့ဆီ ဂြိုလ်သားတွေလက်ကနေ ထွက်ပြေး ရောက်ရှိလာပါတယ်။ အဲဒီမှာ သူငယ်ချင်း ၃ ယောက်ရယ် စစ်သားကြီးရဲ့ အကူအညီနဲ့ ဒီလို ဂြိုလ်သားခေတ်ပျက်ကြီးမှာ ဘယ်လိုအသက်ရှင်အောင် လုပ်ကြမလဲ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ သိပ္ပံဆန် ဆန် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.32 GB) / (571 MB) / (336 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Sci-Fi, Thriller Translator…….Thura Aung Encoder……….SWM

Drama
4 2023 87 mins
War of the Worlds: The Attack
Demons At Dawn

ကြေးစားလူသတ်သမား Mickey ဆိုတဲ့သူက လောင်းကစားဝါသနာထုံသူတစ်ယောက်ပါ။ သူ့မှာ မိန်းမနဲ့ မွေးကင်းစ သားလေးတစ်ယောက်လည်း ရှိပါတယ်။ မိန်းမကို နောက်ထပ် လူသတ်တဲ့အလုပ်ကို လက်မခံတော့ဘူးလို့ ကတိပေးထားပေမယ့် တရက်မှာ သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်က ဆက်သွယ်လာပါတယ်။ Mickey အနေနဲ့ ဆပ်စရာ အကြွေးတွေ အလွန်များနေကြောင်း နောက်ဆုံး အလုပ်တစ်ခု လက်ခံပေးရင် သူဌေးက အကြွေးတွေ အကုန်ပယ်ဖျက်ပေးမှာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ Mickey က လက်မခံဘူး ငြင်းပေမယ့် မိတ်ဆွေဖြစ်သူက အဆွယ်ကောင်းနေတော့ လက်ခံဖြစ်ခဲ့ပါတယ်။ သူသတ်ပေးရမယ့်သူရှိတဲ့ တောင်ကုန်းပေါ်က အိမ်ကလေးတစ်လုံးဆီကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူသတ်ရမယ့်သူက သူမသတ်ခင် အသတ်ခံရထားနှင့်ပြီးသားဖြစ်နေပါတယ်။ သူလည်းအိမ်ထဲဝင်ပြီး ပတ်ဝန်းကျင် အခြေအနေစောင့်ကြည့်နေတုန်း သူ့လည်ပင်းကို အမျိုးသမီးတစ်ယောက်က ဓားနဲ့ရွယ်ပြီး လာခြိမ်းခြောက်ပါတော့တယ်။ အမျိုးသမီးက ဘယ်သူလဲ? ဟိုလူကရော ဘာလို့သေနှင့်ပြီးသားဖြစ်နေတာလဲ? သူ့မိတ်ဆွေကရော တကယ်ပဲယုံကြည်ရတဲ့သူလား ဆိုတာ ပိတ်ကားပေါ်မှာဆက်လက်ရှုစားအဖြေထုတ်ကြည့်လိုက်ပါဦး…… File size…(1.4 GB)/(590 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

0 2022
Demons At Dawn
Chloe and Theo
5.8

Chloe and Theo (2015) ================ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဝင်ရိုးစွန်းကရေခဲတောင်တွေအရည်ပျော်ကျ လာမှုနဲ့အတူ အဲ့ဒီဘက်ပိုင်းမှာနေထိုင်တဲ့ အက်စကီးမိုးတွေရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်စပြုလာတဲ့နောက် သူတို့ဆီက အကြီးအကဲတွေဟာ သူတို့ထဲကမှ လူရည်လည်၊အင်္ဂလိပ်စကားတတ်တဲ့ သီယိုကို ရွေးချယ်ပြီး သူတို့ပြောချင်တဲ့ သတင်းစကားပါးဖို့အတွက် နယူးယောက်မြို့ကိုစေလွှတ်ခဲ့ပါတယ်။ မြို့တော်ကြီးမှာ သီယိုတစ်ယောက်တည်းယောင်ချာချာဖြစ်နေတုန်း ကလိုဝီ ဆိုတဲ့ အိမ်ခြေယာမဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးနောက် ကလိုဝီရဲ့ အတူနေမိတ်ဆွေတွေရဲ့ ကူညီမှု အားပေးမှုတွေနဲ့ ဝင်ရိုးစွန်းက အမှာစကားကို ကမ္ဘာကုလသမဂ္ဂနဲ့တကွ လူအများဆီကိုသတင်းပါးဖို့ အားထုတ်ကြပုံတွေကို ရှုမြင်ရမှာဖြစ်ပါတယ်။ ကလိုဝီအဖြစ် Dakota Johnson နဲ့ သီယိုအဖြစ်ပါဝင်ထားသူကတော့ ပြင်ပ မှာလည်း ရာသီဥတုပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး လူတွေ awareness ရအောင် လုပ်ဆောင်နေတဲ့ Theo Ikummaq ကိုယ်တိုင်ပါပဲ။ ဒီရုပ်ရှင်ဟာလည်း သူ့ကြိုး စားမှုတွေ အားထုတ်မှုတွေကိုအခြေခံထားတာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1 GB) / (413 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator……Alias Encoder……….SWM

5.8 2015
Chloe and Theo
Hunt to Kill
5.1

တစ်ခေတ်တစ်ခါက အက်ရှင်ဇာတ်ကြမ်းကားတွေထဲမှာ အလွန်နာမည်ကြီးခဲ့တဲ့ မင်းသားဟောင်းကြီး Steve Austin ရဲ့ 2010 တုန်းကထွက်ရှိခဲ့တဲ့ Hunt To Kill ဆိုတဲ့ အက်ရှင် ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 5.1 ရရှိထားပြီး Rotten Tomatoes မှာ 34% သာရရှိထားပေမဲ့ ဇာတ်ကားကသူ့ခေတ်သူ့အခါအတိုင်းအတာနဲ့ အထိုက်အလျောက်တော့ကြည့်ကောင်းပါတယ်။ဂျင်မ်ဆိုတဲ့ လူတစ်ယောက်က ရဲတပ်ဖွဲ့ကဖြစ်ပြီးလုပ်ငန်းခွင်အတွင်းဖြစ်ရပ်ဆိုး တစ်ခုကြောင့် သူ့ တွဲဖက်ဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့အခါမှာ သမီးဖြစ်သူနဲ့ အတူပြန် အနားယူနေခဲ့ပါတယ်။သမီးဖြစ်သူကလည်း လူငယ်ပီပီ ပြဿနာ မီးခွက်ထွန်းရှာတဲ့အခါမှာတော့ ရဲစခန်းရောက်သွားခဲ့ပါ တော့တယ်။ဒီလိုနဲ့ သမီးဖြစ်သူကိုပြန်လိုက်ရွေးဖို့လိုက်သွားခဲ့တဲ့ အခါမှာတော့ ရဲစခန်းမှာထိတ်လန့်စရာမြင်ကွင်းကိုမြင်လိုက်ရ ပါတော့တယ်။အဲ့ဒါကတော့လူဆိုးတစ်သိုက်က ရဲစခန်းကိုဝင်စီးထားတဲ့ မြင်ကွင်းပါပဲ။သမီးဖြစ်သူက လူဆိုးတွေကြားမှာရှိနေပြီးတော့ ရဲမှူးကလည်း အသတ်ခံလိုက်ရပါတယ်။နောက်မှသိလာရတာက အဲ့ဒီလူဆိုးတွေက ဘဏ်ဓားပြတိုက်တဲ့လူတွေဖြစ်ပြီး ပိုက်ဆံတွေ အကုန်ယူပြီး ထွက်ပြေးသွားတဲ့ သူတို့ထဲကလူတစ်ယောက်ကို လိုက်ရင်းနဲ့ ဒီကိုရောက်လာတာပါပဲ။နေရာမှားကို အချိန်မှား ရောက်သွားခဲ့တဲ့ ဂျင်မ်တို့သားအဖသူတို့ လက်ကနေလွတ်မြောက်နိုင် ဖို့အတွက် အဲ့ဒီလူကိုရှာဖို့ ကူညီပေးရပါတော့တယ်။ဒီလိုနဲ့ သူတို့သား အဖနဲ့ လူဆိုးတစ်သိုက်တောထဲမှာ ထွက်ပြေးသွားတဲ့လူကိုလိုက်ရှာရင်း ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ဘာတွေဖြစ်ကြမယ်ဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…2.07GB / 1.14GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.1 2010
Hunt to Kill
Winnie-the-Pooh: Blood and Honey 2
5.8

Winnie the Pooh: Blood and Honey 2023 ရဲ့ အဆက်ဖြစ်တဲ့ ဒုတိယရုပ်ရှင်လာပါပြီ။ ဇာတ်လမ်းအရဆို ထပ်လည်းထွက်ဦးမှာပါ။ ဘာလို့ ဒီဇာတ်လမ်းကိုမနှစ်က ရိုက်ခဲ့ပြီး ဒီနှစ် အပိုင်း ၂ ထပ်ရိုက်ပြီး နောက်ထပ် ၃ လည်း ရိုက်ချင်တာလဲတော့ နားမလည်ပါဘူး။ ကြမ်းကြမ်းတမ်းတမ်းဆော်တာကြိုက်တဲ့ ဟော်ရာဖန်တွေတော့ အကြိုက်တွေ့မှာပါ။ ဇာတ်လမ်းအကျဉ်း *************** ခရစ္စတိုဖာရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း Pooh တို့အုပ်စုဟာ မနှစ်က ဧက ၁၀၀ တောအုပ် ထဲမှာ အကြီးအကျယ်သောင်းကျန်းခဲ့ကြပြီး ဒါကို ခရစ္စတိုဖာက လူတွေကို သတိပေးပေမဲ့ မယုံခဲ့ကြပါဘူး။ ဒါပေမဲ့ ယုံတဲ့ လူနည်းစုကတော့ တောနင်းပြီး ဒီအကောင်တွေကို လိုက်သတ်ကြပါတယ်။ အဲဒီတော့ ပြေးစရာမြေမရှိတဲ့ Pooh တို့ကလည်း လိုက်ရှာတဲ့ လူတွေကို ပြန်သတ်ရုံသာမက မြို့ထဲအထိပါ ဝင်လာပြီး ပြန်လိုက်ဆော်ကြပါတယ်။ ကျန်တာကတော့ ပြကွက်အသားပေးမို့ ဇာတ်လမ်းထဲမှာသာ ဆက်ကြည့်ရမှာပါပဲ။ File size…5.8GB/ 1.49GB / 641MB Quality…WEB-DL 4k HEVC 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Ka Naung & Min Wai Translated by Mr.Anderson

5.8 2024 93 mins
Winnie-the-Pooh: Blood and Honey 2
The Undertaker Supparor
6.7

The Undertaker (2023) Supparor “သုဘရာဇာ” သို့မဟုတ် ” နာရေးစီစဉ်သူ ” Horror ရသအပြည့်နဲ့ Chill ချင်တဲ့ သူတွေကို ထိုင်းရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့ The Undertaker ( နာရေးစီစဉ်သူ)ဆိုတဲ့ သဘာဝလွန်ဇာတ်လမ်းကောင်းလေးကို တင်ဆက်လိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဝင်ငွေအများဆုံးရုပ်ရှင်တွေထဲကတစ်ကားဖြစ်ပြီးတော့ ထိုင်းရုပ်ရှင်ဒါရိုက်တာအဖွဲ့အစည်းက ပေးအပ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုကိုပါ ရရှိထားပါတယ်။ ဇာတ်လမ်းကတော့…. နမ်ခွန်ကျေးရွာလေးမှာ ရွာရဲ့နာရေးတွေကို မြေမြုပ်နေရာချပေးရတဲ့ နာရေးစီစဉ်သူ(သုဘရာဇာ) Sak ဆိုတဲ့အဖိုးကြီးတယောက်ရှိပြီးတော့ တစ်နေ့မှာတော့ သူ့နေရာကို သူ့သားက ကိုယ်စားတာဝန်ယူဆောင်ရွက်ပေးဖို့ အကြောင်းဖန်လာပါတယ်… သူ့သားတော်မောင် ဂျိုးဆိုတဲ့ကောင်လေးက မြို့ကနေ ဉပဒေဘွဲ့ရခဲ့တဲ့ ခေတ်ပညာတတ်ဖြစ်ပြီးတော့ သူ့အဖေအလုပ်ဖြစ်တဲ့ နာရေးကိစ္စတွေကိုဝင်ကူနေရပေမယ့် သရဲလဲကြောက်တတ်ပါတယ်။ တိုက်ဆိုင်စွာပဲ အဲ့ရွာကကိုယ်ဝန်သည်မလေးတယောက်ဟာ ဘာမှန်းမသိတဲ့အကြောင်းရင်းတခုနဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားပြီးနောက်မှာ သရဲမအဖြစ်နဲ့ တရွာလုံးကို လိုက်လံခြောက်လှန့်တဲ့အခါမှာတော့ ဂျိုးတို့တသိုက်နဲ့ဘာတွေဆက်ဖြစ်မလဲဆိုတာ….။ ဒီဇာတ်ကားလေးမှာ ကျေးလက်တောရွာလေးက ဘုန်းကြီးကျောင်းတွေနဲ့ နာရေးစီစဉ်သူရဲ့ ဘဝအကြောင်း၊ ဂျိုးနဲ့စီရန်တို့ရဲ့ ဘဝ၊ စီရန်နဲ့ဘိတ်ခေါင်ရဲ့ ကြေကွဲဖွယ် အချစ်ဇာတ်လမ်း၊ သရဲတွေနဲ့ဆက်သွယ်ချင်တဲ့ စူးစမ်းချင်စိတ်အပြည့်နဲ့လူငယ်လေးရဲ့ထင်မှတ်မထားတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေအကြောင်းကို ပုံဖော်ရိုက်ကူးးထားပါတယ်။ Horror ရုပ်ရှင်ဆိုပေမယ့် မိသားစုဘဝ၊ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းကနေထိုင်သူတွေရဲ့ ဘာသာရေးခံယူချက် ရိုးရာဓလေ့အပေါ် ယုံကြည်လေးစားသက်ဝင်မှုများအပြင် သဘာဝလွန်ဖြစ်ရပ်ဆန်းများကို ဟာသရသနှင့်အတူ ခံစားနိုင်မှာဖြစ်လို့ မလွှတ်တမ်းခံစားကြည့်ရှုသင့်တဲ့ရုပ်ရှင်ကားလေးဖြစ်ပါတယ် (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို CM Thai Team မှ တင်ဆက်ထားပါတယ်။)

6.7 2023 125 mins
The Undertaker Supparor
Operation Raavan
7.6

Operation Raavan (2024) “နတ်ဆိုးဘုရင်စစ်ဆင်ရေး” အသစ်ထွက်ရှိလာတဲ့ တေလဂူးသည်းထိပ်ရင်ဖိုမှုခင်းဇာတ်လမ်းလေးကို တင်ဆက်လိုက်ရပါတယ် အချစ်နဲ့ ပတ်သက်ပြီး နာကျည်းစိတ်ရှိပုံရတဲ့ မျက်နှာဖုံးနဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက် သူပစ်မှတ်ထားတာကတော့ သတို့သမီးအသစ်ကျပ်ချွတ်လေးတွေဖြစ်ပြီး သူသုံးတဲ့နည်းလမ်းကလည်း ရက်စက်အကျည်းတန်လှပါတယ် သတင်းဌာနတစ်ခုမှာ ဝန်ကြီးတစ်ယောက်ရဲ့ခြစားမှုကို ဖော်ထုတ်ဖို့ကြိုးစားနေတဲ့ ရဲရင့်ဖြတ်လတ် ဂျာနယ်လစ်မလေး အာမာနီနဲ့ သူ့လက်ထောက်အဖြစ်လုပ်ကိုင်တဲ့ ရမ်တို့နှစ်ယောက်က အဲဒီလျှို့ဝှက်ဆန်းကြယ်လူသတ်မှုတွေအကြောင်း သိလာရတဲ့အခါမှာ ဘယ်လိုဖော်ထုတ်သွားမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7.6 2024 147 mins
Operation Raavan
A Whitewater Romance
5.3

ဆွတ်ပျံ့ကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းလေးတွေပဲ အရိုက်များကြတဲ့ Cindy Busbyနဲ့ Ben Hollingsworthတို့ရဲ့ ကနေဒါရိုမန့်စ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဗက်စတာဆိုတဲ့ ဆိုရှယ်မီဒီယာအက်ပ်ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ မာယာ။ တစ်ရက် အလုပ်လုပ်နေတုန်း မမျှော်လင့်ပဲ ကုမ္ပဏီရဲ့ စီအီးအို အယ်လီဂရာ့ဆီက ဖုန်းဝင်လာခဲ့တယ်။ ရော့ကီးတောင်တန်းတွေဆီကို ပိတ်ရက်မှာ လာခဲ့ဖို့။ ဗက်စတာရုံးခွဲလေးခုရှိတာထဲကနေ အရှေ့ပိုင်းရုံးရဲ့ ကိုယ်စားပြုဝန်ထမ်းအနေနဲ့ သွားရမှာပါ။ သူ့ရုံးက အထက်လူကြီးက စီအီးအိုခေါ်တဲ့ဆီကိုသွားပြီး သူတို့ကုမ္ပဏီရဲ့နောက်ထွက်မဲ့ အက်ပ်မှာ သူတို့ရုံးအသာစီးရဖို့အရေး ဘယ်လိုနည်းနဲ့မဆိုကြိုးပမ်းဖို့ မှာလိုက်ပါတယ်။ ခေါ်ထားတဲ့နေရာကို ရောက်တဲ့အခါမှာတော့ ပြိုင်ဆိုင်လိုစိတ်ကြီးမားတဲ့ မာယာတစ်ယောက် သူနဲ့လုံး၀မလိုက်ဖက်တဲ့နေရာမှာ အလွဲလွဲအချော်ချော်တွေဖြစ်ရင်း ဘ၀ရဲ့အနှစ်သာရဆိုတာကို ခံစားလာမိတဲ့အချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.6 GB)/(920 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Thriller • Mystery • TV Movie
5.3 2024 84 mins
A Whitewater Romance
Mukkam Post Devach Ghar
7.1

Mukkam Post Devach Ghar (2025) “တို့ဖေဖေ” ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် အရမ်းကောင်းတဲ့ မိသားစုဒရာမာဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျေးလက်လူနေမှုဘ၀ကို နောက်ခံထားပြီး မူလတန်းအရွယ်ကလေးမလေးတစ်ယောက်ရဲ့ဘ၀ကို ချစ်စရာဖြစ်အောင်ရော သနားစရာဖြစ်အောင်ပါ ပုံဖော်ထားရိုက်ကူးထားပါတယ်။ ရွာလေးတစ်ရွာမှာ ဂျီဂျာဆိုတဲ့ ချစ်စရာမူလတန်းကျောင်းသူလေးရှိပါတယ်။ ဂျီဂျာလေးဟာ အမေရယ် အဘွားရယ်နဲ့အတူနေပါတယ်။ အဖေဖြစ်သူကတော့ ဆုံးပါးသွားပြီး ဂျီဂျာတောင်မမြင်ဖူးလိုက်ပါဘူး။ ဂျီဂျာလေးဟာ ကလေသဘာ၀အတိုင်း စားလိုက် ဆော့လိုက်နဲ့ ပျော်ပျော်နေပေမဲ့ စိတ်ထားလေးကောင်းပြီ ကူညီတတ် သနားတတ်သူလေးပါ။ တစ်ခါမှမမြင်ဖူးလိုက်တဲ့ သူ့အဖေ့ကိုလည်း သတိရရကောင်းမှန်း မသိပါဘူး။ တစ်နေ့တော့ ကျောင်းအုပ်ဆရာကြီးကဂျီဂျာ့ကို ကျောင်းပြိုင်ပွဲတစ်ခုမှာ “တို့ဖေဖေ” ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ရမယ်လို့ ပြောလိုက်ရာကစလို့ ဂျီဂျာတစ်ယောက် သူ့အဖေအကြောင်း သိချင်လာခဲ့ပါတယ်။ သူ့အမေကိုမေးပေမဲ့လည်း အရှင့်အိမ်မှာဆိုတာကလွဲပြီး သေချာအဖြေမရခဲ့ပါဘူး။ နောက်တော့ ဂျီဂျာလေးဟာ ဘယ်ရောက်နေမှန်းမသိတဲ့ သူ့အဖေဆီ စာတိုက်ကနေစာပို့ဖို့ အကြံရလာခဲ့ပါတယ်။ ဒီလိုနဲ့ ဂျီဂျာပို့လိုက်တဲ့စာတွေဟာ ဘယ်ကိုရောက်သွားမလဲ… ဂျီဂျာတစ်ယောက် သူ့အဖေအကြောင်းကိုသိခွင့်ရမလား၊ ပြိုင်ပွဲမှာ “တို့ဖေဖေ” အကြောင်း ဘာတွေပြောသွားမလဲ ဆိုတာကို ကျေးလက်‌နောက်ခံနဲ့ ချစ်စရာကလေးသဘာ၀ကိုကြည့်ရှုခံစားရင်း… ပျော်စရာ၊ ရယ်စရာ၊ ငိုစရာ၊ လွမ်းမောစရာအဖြစ် ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။)

War • Drama
7.1 2025 119 mins
Mukkam Post Devach Ghar
The Secret Path
7.6

Coming-of-age Drama တွေထဲမှာမှ အသက်အရွယ်တစ်ခုကို ဖြတ်သန်းကျော်ဖြတ်ရပုံတွေကို တင်ဆက်တဲ့နေရာမှာ အခက်အခဲတွေ၊ ပတ်ဝန်းကျင်အပြောင်းအလဲတွေ အပြင် စ/လယ်/ဆုံး ဝမ်းနည်းဆွတ်ပျံ့ဖွယ်ကောင်းတဲ့ ခံစားချက်တွေကို ပေးစွမ်းနိုင်မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ တစ်ခါက ပြည်နယ်တစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်တဲ့ ဖိုလီမိသားစုဟာ ဟန့်ခ်ဖိုလီ ရဲ့ လက်ထက်မှာစတင် ဆုတ်ယုတ်လာခဲ့ပါတယ်။ သမီးဖြစ်သူ မာရီရဲ့ လင်ကောင်မပေါ်တဲ့ကလေးဖြစ်သူ ဂျိုအန်းလေးကို အဘိုးဖြစ်သူကိုယ်တိုင်က မွေးကင်းစကတည်းက စွန့်ပစ်ဖို့ကြိုးစားခဲ့ပါတယ်။ ဟန့်ခ်ဖိုလီရဲ့ ရက်စက်ယုတ်မာမှုကို ကံကြမ္မာကိုယ်တိုင်က လက်ပိုက်ကြည့်မနေနိုင်ခဲ့ဘဲ မိခင်ဖြစ်သူ မာရီရဲ့ ရင်ခွင်ထဲ ပြန်ရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။ ဂျိုအန်းရဲ့ကလေးဘဝမှာ မိခင်ဖြစ်သူရဲ့ မေတ္တာကိုလည်း အပြည့်အဝမရ အဘိုးရဲ့ ကြင်နာမှုကိုလည်း အရိပ်အယောင်တောင် မမြင်ခဲ့ရဘဲ ကျောင်းစတက်မယ့်အရွယ်ထိ ကြီးပြင်းလာခဲ့ရပါတယ်။ ပညာရေးကို အလေးအနက်မထားတဲ့ အုပ်ထိန်းသူတွေကြားမှာ ကြီးပြင်းခဲ့တာကြောင့် ဂျိုအန်းကလေးဟာ ရွယ်တူကျောင်းသားတွေအလယ်မှာ လှောင်ပြောင်စရာတစ်ခုအနေနဲ့ နိမ့်ပါးနေခဲ့ပါတယ်။ သူနဲ့ အသက်ရွယ်တူဖြစ်ပေမယ့်ဦးလေးတော်စပ်နေသူ ဘော်ဘီနဲ့လည်း တစ်ကျောင်းတည်းတက်ရပေမယ့် အဘိုးရဲ့မျက်နှာသာပေးမှုကိုတော့ ဘော်ဘီလောက် မရရှိခဲ့ပါဘူး။ ကျောင်းကနေထွက်ပြေးလာတဲ့ အပြန်လမ်းမှာ မြင်းလှည်းမောင်းနှင်လာသူ လူမည်းအဘိုးအို တူးတောလ် နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဘိုးဖြစ်သူရဲ့စရိုက်တွေ ငယ်စဉ်ကတည်းက ရိုက်သွင်းခံခဲ့ရတဲ့ ဘော်ဘီက တူးတောလ်ကို ခွဲခြားဆက်ဆံခဲ့ပေမယ့် ဂျိုအန်းကတော့ မြင်းလှည်းလေးပေါ်ကနေ တူးတောလ် နဲ့ ဟန်နီတို့ရဲ့အိမ်ဂေဟာထိအောင် လိုက်ပါသွားခဲ့တယ်။ နောက်ဆုံးမှာတော့ ချစ်ခြင်းမေတ္တာဆိုတာက မထင်မှတ်ထားဆုံးနေရာမှာမှ ရှာဖွေတွေ့ရှိတတ်ကြတဲ့ ရတနာတစ်ပါး ဖြစ်နေတတ်တာမျိုးပဲမို့… ဟန်နီနဲ့တူးတောလ်တို့ရဲ့အိမ်လေးကို သွားရာလမ်းလေးက မေတ္တာချို့တဲ့နေရှာသူ ဂျိုအန်းအတွက် သူ့ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာလေးဆီကို ရောက်နိုင်မယ့် လမ်းကြောင်းလေးဖြစ်လာပါတော့တယ်။ File size… 1.91 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ….. Biography / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Thriller • Horror
7.6 1999 98 mins
The Secret Path