YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Prison Playbook (13-16).rar

3.01 GB N/A application/rar 2414 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Addams Family
7

~ IMDb - 6.9/10, Rotten Tomatoes - 67% ~ Addams Family ဟာ အမေရိကန်ကာတွန်းဆရာ Charles Addams ဖန်တီးခဲ့တဲ့ Fictional Family တစ်ခုဖြစ်ပြီး The New Yorker မဂ္ဂဇင်းမှာ 1938 ကတည်းက စတင်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ နှစ်၁၀၀နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ကာတွန်းဇာတ်ကောင်တွေပါပဲ။ Tom & Jerry ထက်‌တောင် နှစ်နှစ်စောပေါ်ခဲ့တဲ့ ဇာတ်ကောင်တွေ‌ပေါ့။ 1964 မှာ The Addams Family ဆိုပြီး TV series အနေနဲ့ စအသက်သွင်းခဲ့ပြီး Addams Family franchise ကြီးစတင်ခဲ့ပါတယ်။ ခုထိဆို တီဗီစီးရီး ၇ခု ထွက်ပြီးပါပြီ။ 1991-1999အတွင်းမှာတော့ ရုပ်ရှင်သုံးကားထွက်ရှိခဲ့ပြီး 2019 နဲ့ 2021 မှာတော့ အန်နီမေးရှင်း၂ကားထပ်ထွက်ခဲ့ပါတယ်။ 2022 မှာတော့ တင်ဘာတန်ရဲ့လက်ရာနဲ့ Wednesday ထွက်လာခဲ့ပါတယ်။ Addams တွေဟာ ၂၀ရာစု အမေရိကန်မိသားစုတွေရဲ့ စံအတွေးအမြင်တွေကို သရော်ထားတဲ့ ဇာတ်ကောင်တွေဖြစ်ခဲ့ပြီး ၁၉၆၄ဇာတ်လမ်းတွဲမှာမှ ဇာတ်ကောင်နာမည်တွေ စပေးခဲ့တာပါ။ ဒီဇာတ်လမ်းတွေဟာ Pop Culture တစ်ခုဖြစ်လာခဲ့ပြီး Video game တွေ Academic Book တွေအထိထွက်ခဲ့သလို အမေရိကန် Comics, Cinema နဲ့ Television တွေအပေါ် လွှမ်းမိုးမှုကြီးခဲ့ပြီး Goth Subculture နဲ့ Fashion တွေကိုလည်း မြစ်ဖျားခံစေခဲ့ပါတယ်။ တင်ဘာတန်ရဲ့ Gothic ဟန်ဟာလည်း Addams တွေနဲ့ မကင်းလောက်ပါဘူး။ အခုမှာတော့ ပထမဆုံးထွက်ခဲ့တဲ့ Addams Family ရုပ်ရှင်နှစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Classic လို့ ပြောလည်းမမှားတဲ့ကားတွေပေါ့။ ဟန်ဆောင်မှုကင်းစွာ ယုတ်မာတတ်ကြသလို သဘောရိုးနဲ့လည်း ခြေထိုးခံတတ်ကြပြီး လူ့ဘောင်ကျင့်ဝတ်တွေနဲ့ လုံးလုံးလျားလျားလွဲနေတဲ့ သူတို့ရဲ့စံတွေကြောင့် ပတ်ဝန်းကျင်ရဲ့ အမြင်မကြည်မှု၊ မြင်မှန်းတန်းမိသူတွေဆီက နားလည်ရခက်တဲ့ အကြည့်တွေနဲ့ကြည့်ခံရပေမဲ့ သဘောချင်းတူတဲ့ အမျိုးအဆွေတွေဆီကနေတော့ လေးစားချစ်ခင်မှုကို ရရှိထားကြတဲ့ မိသားစုတစ်သိုက်ဖြစ်တဲ့ Addams Family အကြောင်းကို အားလုံးသိပြီးသားဆိုတော့ အထွေအထူးတော့ ပြောစရာမလိုပါဘူး။ တင်ဘာတန်ကြီးဖန်တွေရော Addams Family ဖန်တွေရော ကြည့်သင့်တဲ့ကားလို့ပဲ ပြောစရာရှိပါတယ်။ Dark Comedy Film တွေရဲ့ ထုံးစံအတိုင်း ဒီသောက်တလွဲလောကကြီးကို ဟားတိုက်ပစ်ချင်ရင်လည်း ကြည့်သင့်တဲ့ကားတွေပါပဲ။ ----------------------------------ဇာတ်လမ်းအကျဉ်း---------------------------------- သာမန်အချိန်တွေမှာ သူတို့နည်းသူတို့ဟန်နဲ့ စိတ်ချမ်းသာမှုအပြည့် ရှိနေတတ်ကြတဲ့ အက်ဒမ်စ်တို့အတွက် တစ်နှစ်တာမှာ တစ်ခုသောအချိန်ကတော့ စိတ်မချမ်းမြေ့စရာ ဖြစ်လေ့ရှိတယ်။ အဲဒါကတော့ အိမ်ကထွက်သွားပြီးတဲ့နောက် အသက်ဆုံးသွားပြီလို့ အားလုံးယူဆထားကြတဲ့ မိသားစုဦးစီးဂိုမက်ဇ်ရဲ့အစ်ကို ဖက်စတာအက်ဒမ်စ်ကို ဝိညာဉ်ပြန်ခေါ်ဖို့ ကြိုးစားကြတဲ့ညပဲ။ ဒါပေမဲ့ ဖက်စတာပျောက်သွားပြီးတဲ့နောက် ၂၄ နှစ်တိုင်အောင် ကြိုးစားလာခဲ့ပေမဲ့ ဘာမှမထူးခြားခဲ့တဲ့ ဒီဝိညာဉ်ခေါ်ပွဲတွေဟာ ၂၅ နှစ်မြောက်တဲ့ညမှာတော့ တစ္ဆေအနေနဲ့မဟုတ်ဘဲ အကောင်အထည်လိုက် ပြန်ပေါက်ချလာတဲ့ ဖက်စတာကြောင့်မို့ အံ့သြဝမ်းသာစရာ ဖြစ်သွားရတယ်။ ဒါပေမဲ့လည်း မသင်္ကာစရာတွေ ဆက်တိုက်ဖြစ်လာတဲ့နောက်မှာ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပြီးနောက် ပြန်ပေါ်လာတဲ့ သူ့အစ်ကိုဆိုသူဟာ တကယ်ပဲ ဖက်စတာဟုတ်ရဲ့လားလို့ ဂိုမက်ဇ်တစ်ယောက် သံသယဝင်လာချိန်မှာ ဖက်စတာအဖြစ်နဲ့ ဟန်ဆောင်ပြီးတော့ အက်ဒမ်စ်မိသားစုကို လှည့်ဖျားဖို့ကြံနေတဲ့ ဂေါ်ဒွန်ဟာလည်း သူ့ရဲ့တကယ့်မိသားစုက ဘယ်သူဆိုတာ တဖြည်းဖြည်းနဲ့ ဝေခွဲမရဖြစ်လာတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB, 560MB Quality - Extended 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 39Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Constanza Encoded by Y

Thriller
7 1991 102 mins
The Addams Family
Blood: The Last Vampire
5.7

ဒီကားလေးကတော့ Japanese Animation ဇာတ်ကား Blood: The Last Vampire ကို အခြေခံ ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အားလုံးသိကြတဲ့ ကိုရီးယားမင်းသမီးချော Jun Ji-hyun လည်း ပါ၀င်ထားပါတယ် ဆာယာဆိုတဲ့ ကောင်မ‌လေးကတော့ ငယ်ငယ်တည်းက မိဘမဲ့ဖြစ်ပြီး ခတိုဆိုတဲ့ ဆာမူရိုင်းဂျပန်အဘိုးကြီး တစ်ယောက်က ‌မွေးစားထားတာပေါ့ သူ့ အဖေကိုသတ်ခဲ့တဲ့ အိုနီဂန်ဆိုတဲ့ မကောင်းဆိုး၀ါး ကို ပြန်ကလဲ့စားချေဖို့ ကိုယ်ခံပညာကို သင်ခဲ့တယ် ဆာယာက လူတ၀က် မကောင်းဆိုး၀ါးတစ်၀က်နဲ့ မွေးလာတာ‌ကြောင့် နှစ်၄၀၀ကြာတဲ့အထိ အသက်ကြီး မသွားခဲ့ဘူး သွေးစုပ်ကောင်တွေ ကို ပြည်သူလူထု မသိစေဘဲ နှိမ်နှင်းနေတဲ့ အမေရိကန် အဖွဲ့အစည်းတစ်ခုကို ဆာယာ၀င်‌ယောက်လာခဲ့တယ် သူ့ အဖေကို သတ်တဲ့ မကောင်းဆိုး၀ါးကို ရှာရင်း သူကိုယ်တိုင် မကောင်းဆိုး၀ါးနီးနီး ဖြစ်လာတဲ့အခါ... ဓားရှည်တစ်ချောင်းနောက်ပစ်ပြီး ကြမ်းတမ်းပေမယ့် လှပနေတဲ့ မင်းသမီး Jun Ji-hyun ပါတာနဲ့ တင် ကြည့်ဖို့တန်နေတာမို့ လက်မလွှတ်တမ်း ကြည့်လိုက်ကြရအောင်ဗျာ ( အညွှန်းရေးသားထားသူကတော့ Zero ပါ ) File Size__(1.6GB) / (760MB) Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Shwe Yil Linn Encoded by Naing Aung Latt

Horror • Thriller
5.7 2009 91 mins
Blood: The Last Vampire
Spiderhead
5.8

IMDb Rating 6.2/10 Thor မင်းသား Christ Hemsworth ဦးဆောင်ပါ၀င်ထားပြီး၊ Miles Teller လည်း ပါဝင်တဲ့ Netflix ရဲ့ရုပ်ရှင် အသစ်လေးထွက်လာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ သေဒဏ်ချခံထားရပြီး ဘ၀ဆုံးနေတဲ့ အကျဉ်းသားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့အတွက် စပိုက်ဒါဟက်ဆိုတဲ့ ဆေးဝါးထိန်းချုပ်ရေးပရိုဂရမ် တစ်ခုမှာ စေတနာ့၀န်ထမ်းလုပ်ကြပါတယ် ။ ဒီပရိုဂရမ်ကို ဦးဆောင်တဲ့ သူကတော့ စတိဗ် အက်ဘနက်စ်ကိ( Chris Hemsworth ) ပါ ။ ဒီအကျဉ်းသားတွေရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ် လေ့လာရင်း N-40 ဆိုတဲ့ ပီယ ဆေးဝါးအသစ်ကို ဆန်းသစ်တီထွင်ကြပါတယ် ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီစပိုက်ဒါဟက်အကျဉ်းထောင်နဲ့ ကျွန်းကြီးမှာ မထင်မှတ်ထားစရာတွေကလည်း အများကြီး စောင့်မျှော်လို့နေသေးတာမို့ ဆက်လက်အားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Thiha Yan Naing, Mr.Anderson, Chit Tee တို့ဖြစ်ပါတယ်။) File Size..........(1.05 GB) / (576 MB) / (319 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Drama Translator.......Thiha Yan Naing, Mr.Anderson, Chit Tee Encoder..........SWM

Drama • Thriller
5.8 2022 106 mins
Spiderhead
Rough Night
5.7

ဂျက်စ်၊ အဲလစ္စ၊ ဖရန်ကီနဲ့ ဘလဲတို့ သူငယ်ချင်းလေးယောက်က ၂၀၀၆ ကောလိပ် ပထမနှစ်ကတည်းက တွဲခဲ့တဲ့ အခင်ဆုံး သူငယ်ချင်းတွေပါ။ ဆယ်စုနှစ်တစ်ခုကြာအပြီး မှာတော့ ဂျက်စ်က သူ့ချစ်သူပီတာနဲ့ လက်ထပ်ပွဲကျင်းပမှာမို့ သူငယ်ချင်းတွေပြန်ဆုံဖို့ ဖြစ် လာခဲ့ပါတယ်။ သူတို့လေးယောက်ဟာ ဂျက်စ် လက်မထပ်ခင် မီယာမီမှာပါတီလုပ်ရင်းကဲဖို့ အစီအစဉ်တွေဆွဲခဲ့ပြီး ဂျက်စ်ရဲ့ ဩစတြေးလျမှာခင်ခဲ့တဲ့သူငယ်ချင်း ပစ်ပါကိုလည်း အတူပျော်ဖို့ ခေါ်ခဲ့ပါတယ်။ ဗရုတ်ကျလွန်းတဲ့ ဂျက်စ်တို့ အဖွဲ့ဟာ အပြောင်အနောက်သဘောနဲ့ အမျိုးသား အဖော်အချွတ်အကသမားတစ်ယောက် ကို အိမ်မှာဖျော်ဖြေဖို့ ငှားခဲ့ပါတယ်။ အဲဒီလူ အိမ်ရောက်လာပြီးနောက်မှာ နောက်ကြပြောင်ကြရင်း မတော်တဆ ခေါင်းထိ သွားပြီး အဖော်အချွတ်အကသမား သေသွားခဲ့ ပါတယ်။ အိမ်ထဲမှာ လူသေမှုဖြစ်ပြီးတဲ့နောက် ဂျက်စ်တို့တစ်တွေ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ပြီး အပြစ်လွတ်ဖို့နဲ့ အလောင်းဖျောက်ဖျက်ဖို့ နည်းလမ်းမျိုးစုံ စဉ်းစားပါတော့တယ်။ ဘလဲရဲ့ ဦးလေးရှေ့နေကိုဖုန်းဆက်မေးမြန်းတဲ့အခါမှာ လူသေမှုကြောင့် ၁၅ နှစ်လောက်အပြစ်ကျဖွယ်ရှိတယ်လို့ ပြောတဲ့အတွက် အလောင်းကို ပင်လယ်ထဲ သွားပစ်ခဲ့ပါတယ်။ နောက်တော့ ကမ်းခြေမှာ အလောင်းပြန် ပေါ်တဲ့အတွက် နောက်ထပ် အစီအစဉ်တစ်ခု ထပ်ဆွဲခဲ့ရပြန်ပါ တယ်။ လက်လက်ထ၊ ဗရုတ်သုတ် ခအဖွဲ့ဖြစ်တဲ့ ဂျက်စ်တို့တစ်တွေ အလောင်းဖျောက်ပြီးနောက် ဘယ်လိုပြဿနာတွေရင်ဆိုင်ရဦးမှာ လဲ။ သူတို့ငှားခဲ့တဲ့ အဖော်အချွတ် အကသမားရဲ့ နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းတွေ ရှိနေတာ လဲ။ ဂျက်စ်တစ်ယောက် မင်္ဂလာ ပွဲကို အေးအေးချမ်းချမ်း ကျင်းပ နိုင်ပါ့မလားဆိုတာ ဆက်ကြည့် လိုက်ဦးနော်။ လူငယ်ဇာတ်လမ်းဖြစ်တဲ့အ တွက် အချို့ဇာတ်ဝင်ခန်းတွေ၊ အ ပြောအဆိုတွေက ကြမ်းတယ်လို့ ဝေဖန်မှုတွေရှိထားတဲ့ ဒီဇာတ် ကားမှာ ဂျက်စ်အဖြစ် စကားလက် ဂျိုဟန်ဆန်၊ ပစ်ပါအဖြစ် ကိတ် မက်ကင်နွန်၊ အဲလစ္စအဖြစ် ဂျစ် လီယန်ဘဲလ်၊ ဖရန်ကီအဖြစ် အစ် လာနာဂလေဇာ၊ ဘလဲအဖြစ် ဇိုး ကရာဗစ်၊ ပီတာအဖြစ် ပေါလ်ဒဗ လျူဒေါင်းစ်တို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://7daydaily.com/)မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ) File Size : (700 MB) and (300 MB) Quality : 720pBluray Running Time : 1hr 41minutes Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Khin Pyae Sone Kyaw Encode by Thanhtike Zaw

Crime
5.7 2017 101 mins
Rough Night
Jane Eyre
7.3

၂၀၁၁ က ထွက်ရှိခဲ့တဲ့ ၂နာရီကြာ ရုပ်ရှင်ကို Cary Fukunaga ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ဆောင်အနေနဲ့ Alice in Wonderland မင်းသမီးဖြစ်တဲ့ Mia Wasikowskaနဲ့ မင်းသား Michael Fassbenderတို့ သရုပ်ဆောင်ထားပါတယ်။ ဗြိတိန်လူမျိုး စာရေးဆရာမ Charlotte Bronteရဲ့ ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ္ထုကို ပြန်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲမှာ ဒီဇာတ်ကားက စာအုပ်ရဲ့အလွမ်းအဆွေးmoodကို အမိအရပုံဖော်နိုင်လို့အအောင်မြင်ဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစကို Jane Eyreဟာ မျက်ရည်တွေနဲ့ Thornfield Hallကနေ ထွက်ပြေးခဲ့ပြီး အိမ်တစ်အိမ်ရဲ့ တံခါးဝမှာ မေ့မြောလဲသွားခဲ့တာကနေ စထားပါတယ်။Janeရဲ့ ငယ်ဘဝမှာ သူမရဲ့ အဒေါ်နဲ့ အစ်ကိုဝမ်းကွဲဖြစ်သူဆီကနေ အနိုင်ကျင့် နှိပ်စက်ဒဏ်ကို ခံခဲ့ရပါတယ်။ သူမရဲ့အဒေါ်က Lowood Schoolကို ပို့လိုက်စဥ်မှာလည်း စည်းကမ်းတင်းကြပ်လှတဲ့ကျောင်းမှာ ရှင်သန်ရပ်တည်ဖို့ ကြိုးစားခဲ့ရပါတယ်။Janeက စိတ်ဓာတ်ပြင်းထန်ပြီး မတရားမှုအပေါ်လည်း စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်ဆိုတတ်တာကြောင့် သူ့ဘဝက အရွယ်ရောက်တဲ့အထိအထီးကျန်စွာ ဖြတ်သန်းခဲ့ရပါတယ်။ ကျောင်းကနေ ထွက်လာပြီး Thornfield Hallဆိုတဲ့ အိမ်ကြီးမှာ Mr. Rochester ဆိုသူရဲ့ အုပ်ထိန်းခံပြင်သစ်ကလေးမလေးကို စာသင်ကြားပေးရတဲ့ ဆရာမအနေနဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ Mr. Rochesterရဲ့ ပုံစံအရ မာနကြီးပြီး တော်ရုံလူကိုတန်းတူညီမျှ သဘောမထားတတ်တဲ့သူက Jane နဲ့ တွေ့ပြီးနောက်မှာ နူးညံ့ပျော့ပြောင်းတဲ့အသွင်ပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့မှာ လူသိမခံတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။ အဲ့ဒါကို Jane သိသွားတဲ့ အခါမှာ ဘာဆက်ဖြစ်မလဲ Janeကရော ဘာဖြစ်လို့ထွက်ပြေးလာတာလဲ Jane ထွက်ပြေးလာတဲ့နေရာအသစ်ကရော ဘယ်လိုပုံစံမျိုးလဲ ရုပ်ရှင်ကားက ဆက်ပြောပြသွားမှာပါ။ Pride & Prejudice နဲ့ romanceက နည်းနည်းလေးဆင်သလိုလို ရှိပြီးတော့ သူ့ပုံစံနဲ့ သူ ခံစားကြည့်ရှုလို့ကောင်းတဲ့ကားပါ။ File size…(2.3 GB)/(1.08 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

7.3 2011
Jane Eyre
French Kiss
6.6

When Harry meets Sally, You’ve got mail, Sleepless in Seattle လိုမျိုး 90s romantic movies တွေရဲ့ ပင်တိုင်စံ မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ Meg Ryan ရဲ့ romance ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိတ်ဆိုတာက ဘ၀မှာ ဘာမှ မစွန့်စားရဲ သာမန်ရိုးကျလိုပဲ နေတတ်လွန်းတဲ့သူပေါ့။ သူ့ရဲ့ စေ့စပ်ထားသူဖြစ်တဲ့ ချာလီနဲ့ အတူတူ အိမ်လေး တစ်လုံး၀ယ် အခြေချဖို့ပဲ မျှော်လင့်ထားပြီး အချစ်မြို့တော် ပါရီမြို့ကို ချာလီနဲ့အတူတူ လေယာဉ်စီးလိုက်ခဲ့ဖို့ကိုတောင် မဝံ့ရဲတဲ့သူ‌‌လေးပါ။ ဒီလိုမျိုးကိုမှ ပါရီကို ထွက်သွားတဲ့ ချာလီတစ်ယောက်က ပြင်သစ်သူ တစ်ယောက်နဲ့ ငြိပြီး လမ်းခွဲဖို့တွေ ပြောလာတဲ့အခါမှာတော့ ကိတ်တစ်ယောက် ဘာကိုမှမကြောက်နိုင်တော့ပဲ ချာလီ့ကို ရှာဖို့ ပြင်သစ်ကို ထွက်လာရပါတော့တယ်။ ကိတ်ရဲ့ ပြင်သစ်တခွင် ချာလီ ရှာပုံတော်ခရီးမှာ ပါလာတဲ့သူကတော့ “လု”လည်းမဟုတ် “လယု”လည်းမဟုတ်တဲ့ “လျုခ်” တက်ဆီယာဆိုတဲ့ ပြင်သစ်သား သူခိုးတစ်ယောက်ပေါ့။ ကိတ်ကို အသုံးချပြီး ပြင်သစ်နိုင်ငံထဲ ပစ္စည်းခိုးသွင်းခဲ့တာကနေပဲ သူမရဲ့ ရှာပုံတော်ခရီးကို လိုက်ကူညီပေးဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ စလာတည်းက ဘုနဲ့ဘောက် တကျက်ကျက် စကားများနေရတဲ့ သူတို့ နှစ်ယောက်ရဲ့ ရည်းစားပျောက်ရှာပုံတော်ခရီးမှာ ချာလီကိုရော ရှာတွေ့ကြပါ့မလား။ ကိတ်နဲ့ လျုခ်တို့ကြားမှာ တဖြည်းဖြည်းနဲ့ ပေါက်ဖွားလာတဲ့ အချစ်မေတ္တာလေးတွေကရော သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးအတွက် လမ်းစတစ်ခု ဖြစ်လာပါ့မလား။ ဒီခရီးကြီးရဲ့အဆုံးမှာရော သူတို့တွေရဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်က ဘယ်လိုပြီးဆုံးသွားမလဲ ဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File size… 2.1 GB / 972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Thriller
6.6 1995
French Kiss
Polis Evo
6.7

Polis Evo 1 (2015) IMDb – 6.7/10 အကောင်းဆုံး မလေးရှားရုပ်ရှင်တွေဆိုပြီး ရှာကြည့်လိုက်ရင် ဒီရုပ်ရှင်ကို အဆင့်တစ်ဆယ်အတွင်းမှာ ရပ်တည်နေတာ တွေ့ရပါလိမ့်မယ်။ ၂၀၁၈မှာ Polis Evo 2၊ ၂၀၂၃မှာ Polis Evo 3 ဆိုပြီး နောက်ဆက်တွဲရုပ်ရှင်တွေထိ အောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်ဆုပေးပွဲဆန်ခါတင်စာရင်း ဆယ်ခုမှာပါပြီး ဆုသုံးဆုရခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်တယ်။ Will Smithတို့ရဲ့ Bad Boysရုပ်ရှင်တွေကို မလေးဗားရှင်းနဲ့ ကြည့်နေရသလို အခွီတွေ အက်ရှင်အမိုက်စားတွေနဲ့ ခံစားရမှာပါ။ တီရန်ဂါနူဆိုတဲ့ နယ်မြို့လေးမှာ ကျောင်းဆရာအဘိုးကြီးတစ်ယောက် ဆုံးသွားတယ်။ အစက ဒီအတိုင်း ကားတိုက်ပြေးတဲ့အမှုလို့ထင်ပေမဲ့ တကယ်တမ်းကျ အဘိုးကြီးက ၉၇ရာခိုင်နှုန်းအထိ သန့်စင်တဲ့ မူးယစ်ဆေးချက်တဲ့ဘဲကြီး ဖြစ်နေရော။ ဒီမှာပဲ တီရန်ဂါနူရဲ့ အင်စပက်တာကြီး ဆာနီတစ်ယောက် စုံစမ်းဖို့ဖြစ်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့ ကွာလာလမ်ပူက ကြမ်းပေ့ဆိုတဲ့ အင်စပက်တာကိုင်ကို ဆာနီရဲ့တွဲဖက်အဖြစ်နဲ့ ပို့လိုက်တဲ့အခါမှာတော့…။ (aungmo3han ဘာသာပြန်ထားပါတယ်) Genre….. Action, Comedy, Crime Quality…. 1080p | 720p File size… 2.2GB | 1.2GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.7 2015
Polis Evo
Lineman
7

Lineman 2024 (လျှပ်စစ်မီးသမားလေး နာတာရာ့ဂျ်) ယခုတစ်ခေါက်မှာတော့ မီးခဏခဏလာတတ်တဲ့ တို့တွေလိုမျိုးပဲ မီးမပေးလို့ ပြဿနာတက်ရတဲ့ ရွာလေးတစ်ရွာရဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ရွာလေးရဲ့နာမည်ကတော့ ဆာသီပါလီလို့ခေါ်ပါတယ်။ ယခုခေတ် ရွာတွေဟာလည်း အရင်ကလို အိမ်တိုင်းမှာ နွားလှည်းကိုယ်စီမဟုတ်ဘဲ ဆိုင်ကယ်ကိုယ်စီဖြစ်နေကြပြီး ရေဒီယိုတွေအစား စမတ်ဖုန်းတွေကိုင်ကြတဲ့ခေတ်ကို ရောက်ရှိနေပါပြီ။ တီဗီကိုယ်စီရှိနေကြပြီး အိမ်ထောင်ရှင်မတွေဟာလည်း ဇာတ်လမ်းတွဲတွေစွဲလို့နေကြပါပြီ။ ဒီရွာလေးရဲ့ လျှပ်စစ်မီးပေးရုံးမှာ တာဝန်ထမ်းဆောင်နေရတဲ့ကောင်လေးကတော့ နာတာရာ့ဂျ်လို့ခေါ်ပြီး တစ်ရွာလုံးကတော့ သူ့ကို နာတူလို့ခေါ်ကြပါတယ်။ နာတူဟာ သူ့အဖေရဲ့အစိုးရဝန်ထမ်းနေရာကို ဆက်ခံရင်း လျှပ်စစ်မီးသမားလေးလုပ်နေရင်း အောင်မြင်မှုကြီးကြီးမားမားကို လိုချင်နေသူလေးတစ်ယောက်ပေါ့။ အလုပ်လေးကလည်းရှိ အသက်ကလည်း ရှိသင့်သလောက်ရှိပြီဆိုတော့ အမေဖြစ်သူက နာတူကို အိမ်ထောင်ပြုစေချင်ပေမယ့် နာတူကတော့ အမြဲငြင်းရင်း သူတို့သားအမိဟာလည်း ဒီကိစ္စနဲ့ အမြဲပြဿနာဖြစ်လို့နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ရွာရဲ့အသက်အဘွားကြီးရဲ့ အသက်(၁၀၀)မွေးနေ့ကို ကျင်းပဖို့ ညဘက်မှာ မီးပေးဖို့အတွက် နာတူကိုပြောကြတဲ့အခါ နာတူကတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုငြင်းဆန်လိုက်တဲ့အခါမှာတော့ မီးသမားလေးနာတူကတစ်ဖက် တစ်ရွာလုံးက တစ်ဖက်နဲ့ ပြဿနာတွေဖြစ်ကြပါတော့တယ်။ ဘာလို့ နာတူက မီးပေးဖို့အတွက် ငြင်းဆန်ရတာလဲ …… အမေဖြစ်သူရဲ့ သူ့သားအတွက် မိန်းမရရေးစီမံကိန်းကရော အောင်မြင်သွားမှာလား …… စတဲ့ အကြောင်းပြချက်တွေနဲ့ မီးသမားလေးရဲ့ဘဝအကြောင်းလေးကို ကြည့်ရှုအားပေးလိုက်ကြပါဦးနော် (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Romance • Drama • Thriller • Crime
7 2024
Lineman
Scarborn
7.2

အရင်ခေတ်စစ်ကားတွေကို နာဇီတွေဂျာမနီတွေပဲ ကြည့်ရတာ ပျင်းလာပြီဆိုတဲ့ သူတွေအတွက် ပိုလန်အမေရိကန်တော်လှန်ရေး စစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Scarborn ဖြစ်ပြီး IMDb Rating 7.2 အထိ ရရှိထားပါတယ်။ဒီဇာတ်ကားမှာအရေးအကြီးဆုံးသူကတော့ Kosciuszko ဆိုတဲ့ ပိုလန်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ သူက သူ့အမိမြေဖြစ်တဲ့ ပိုလန်နိုင်ငံလွတ်လပ်ရေးရဖို့အတွက် အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်ပြီး ရှရှားတွေကို တိုက်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေက ၁၇၉၄ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာကျွန်တွေ လယ်သမားတွေကို မြေရှင်ကြီးတွေ မျိုးရိုးမြင့်သူတွေက နိုင်ထက်စီးနင်း ပြုပုံတွေကိုမြင်ရမှာဖြစ် ပါတယ်။ အဲ့ဒါကြောင့် မျိုးရိုးနိမ့်ဆင်းရဲသားတွေကလည်းဗိုလ်ချုပ်ကြီး Kosciuszko ရဲ့တော်လှန်ရေးမှာပါဝင်ခဲ့ကြတာလည်း မဆန်းပါဘူး။ ရှရှားတွေဘက်ကနေလည်း ဗိုလ်ချုပ်ကြီးကိုဖမ်းဆီးဖို့ အပြင်း အထန်အသည်းအသန်တွေလိုက်ရှာကြပုံတွေကိုလည်း တွေ့ရမှာပါ။ ဒီလိုနဲ့အဖိနှိပ်ခံဆင်းရဲသားတွေရဲ့ဘ၀ ကျူးကျော်သူတွေရဲ့ရက်စက် ကြမ်းတမ်းပုံတွေနဲ့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရဖို့ရရာလက်နက်အင်အားနဲ့ နည်းဗျူဟာကျကျပြန်လည် တော်လှန်တဲ့ဗိုလ်ချုပ်ကြီးတို့ရဲ့တော်လှန် တိုက်ပွဲတွေကို စုံစုံလင်လင်စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…2.33GB/ 521MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Drama
7.2 2023 119 mins
Scarborn
Descendants: The Rise of Red

ကဲ ဒီတစ်ခါမှာတော့ Descendants ရုပ်ရှင်ကားတွေရဲ့ ၄ ကားမြောက်ဖြစ်တဲ့ မင်းသမီးရက်ဒ် ရဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် Descendants ရုပ်ရှင်ကားတွေကို Descendants (2015) – https://www.channelmyanmar.to/descendants-2015/ Descendants 2 (2017) – https://www.channelmyanmar.to/descendants-2-2017/ Descendants 3 (2019) – https://www.channelmyanmar.to/descendants-3-2019/ ဆိုပြီး အစဥ်လိုက်ကြည့်ရှုနိုင်ပါတယ်။ ဒီရုပ်ရှင်က အရင်ရုပ်ရှင်တွေလိုမျိုးပဲ ဇာတ်ကောင်အသစ်တွေကို ဒစ်စနီဇာတ်ကောင်ဟောင်းတွေရဲ့ မူရင်းအရသာမပျက်အောင် မတူညီတဲ့ ဇာတ်အိမ်အသစ်လေးတွေနဲ့ မိတ်ဆက်ပေးထားတာကိုတွေ့ရမှာဖြစ်ပြီး ဒီတစ်ခါမှာတော့ အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ နှလုံးသားတို့ရဲ့ ဘုရင်မ သမီးဖြစ်တဲ့ မင်းသမီး ရက်ဒ် နဲ့ စင်ဒရဲလားရဲ့ သမီးဖြစ်တဲ့ မင်းသမီး ကလိုဝီ တို့နှစ်ယောက်အပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီတစ်ခါမှာ သူတို့နှစ်ယောက်ပေါင်းပြီး အချိန်နောက်ပြန်သွားကာ အော်ရာဒွန် တိုင်းပြည် ကို ကယ်တင်ကြပုံကို ခံစားကြည့်ရှုကြရမှာပါ။ Movie runtime က တိုပေမယ့် အပိုမဆလာမရှိ ဇာတ်အိမ်ကို ခပ်သွက်သွက်လေးသွားထားတာမလို့ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ရုပ်ရှင်ထဲမှာ ပါတဲ့ သီချင်းတွေ ကကွက် တွေနဲ့ ရိုက်ချက်တွေကလည်း တစ်ခြားကားတွေနဲ့ မတူတဲ့ ရသတစ်မျိုးကို ပေးစွမ်းနေပါသေးတယ်။ ကြည့်ရတာတော့ နောက်တစ်ကား ထပ်လာဦးမယ့်ပုံပေါက်လို့ ၂၀၁၅ ခုနှစ်ထွက်ကနေ ပြန်ကြည့်ကြဖို့ ရီကွန်မန်းပေးချင်ပါတယ်။ ကျွန်တော်တို့အားလုံးက ပုံပြင်လေးတွေနဲ့ကြီးပြင်လာရတာဖြစ်လို့ မင်းသမီးလေးရက်ဒ်ရဲ့ ဒီပုံပြင်လေးကိုလည်း အချိန်ပေးပြီး ခံစားကြည့်သင့်ကြောင်း ပြောရင်းနဲ့ပဲ ခံစားလိုက်ကြပါဦးဗျာ။ File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre… Fantasy, Adventure, Family, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min

0 2024
Descendants: The Rise of Red
[18+] Motel Destino
6.8

IMDb Rating (6.8) / Rotten Tomatoes (67%) (ပွင့်လင်းမြင်သာသော အဖော်အချွတ် ဇာတ်ဝင်ခန်းများစွာ ပါဝင်သောကြောင့် ကလေးသူငယ်/မိသားစုနှင့် ကြည့်ရန်မသင့်ကြောင်းပါ) အယ်ရာဒိုဆိုတာက ဘရာဇီးနိုင်ငံ မြို့လေးတစ်မြို့ရဲ့ လမ်းပေါ်က ကောင်ဇိုးလေးတစ်ယောက်ပေါ့။ အစ်ကို ဖြစ်သူနဲ့ အန္တရာယ်များတဲ့ အလုပ်လေးတွေ လုပ်ကိုင်ကြရသူတွေ။ တစ်ရက်ကျ အယ်ရာဒိုတစ်ယောက် တဏှာရာဂနောက် လိုက်ခဲ့မိလို့ ကံဆိုးမှုတစ်ခု ကြုံတွေ့ရပြီး ထွက်ပြေးဖို့ ဖြစ်လာတဲ့အခါမှာ ဒီ မိုတယ်လေးကို အကူအညီလာတောင်းပါတော့တယ်။ မိုတယ်ကို ဦးစီးနေတာက အသက်အရွယ်ရ လင်မယားနှစ်ယောက်ရယ် တခြားတစ်ဦးရယ် ဒါပဲ ရှိပါတယ်။ အယ်ရာဒိုဆိုတာ ဘာအလုပ်နေနေ လက်ကြောတင်းအောင် လုပ်တတ်သူ ဖြစ်တာကြောင့် မိုတယ်လေးမှာ နေရာတစ်ခု ရလာပြီး ဒီ မိုတယ်လေးထဲမှာ ဘယ်လိုမျိုး ရင်ခုန်စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်တွေ ဆက်ဖြစ်လာမလဲဆိုတာကို ကြည့်သွားရမယ့် ဘရာဇီးရုပ်ရှင်ကားလေးတစ်ကား ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size…(3.8 GB) / (1.7 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller, Romance Duration….01:55:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thura Aung

6.8 2024 115 mins
[18+] Motel Destino
Missing
6.4

Missing (2024) IMDb Rating (6.4) “အဲဒီကောမန့်တွေကို ကြည့်မနေနဲ့ အမှိုက်သရိုက်တွေ” “အမှိုက်တွေက လူတွေကို မတိုက်ခိုက်ဘူး ဒီကောမန့်တွေက လူတွေကိုနာကျင်စေတယ် သေစေတယ်” 7 နှစ်သား သမီးလေးပျောက်သွားလို့ ရင်ကွဲနာကျနေရတဲ့ မိခင်တစ်ယောက်က သူ့ကလေးလေးကို ပြန်ရှာတွေ့ဖို့ လချီကြိုးစားနေပေမဲ့ ဘာသတင်းအစအနမှ မရခဲ့ဘူး။ သတင်းဌာနတွေကလည်း ပျင်းစရာကောင်းတဲ့ ဘာတိုးတက်မှုမှမရှိတဲ့ လူပျောက်သတင်းကို သိပ်ပြီးအရေးမပေးချင်တော့သလို လူတွေကလည်းကြာလာတော့ မေ့ချင်လာကြပြီ။ ဒီကြားထဲက မိခင်က ကလေးကိုပစ်ထားပြီး boyband တစ်ခုရဲ့ ပွဲကိုသွားကဲနေခဲ့လို့ ကလေးပျောက်တာ နည်းတောင်နည်းသေးတယ်ဆိုတဲ့ မညှာမတာကောမန့်တွေအပြင် တဖြည်းဖြည်းနဲ့ ဒီ့ထက်ပိုဆိုးရွားတဲ့ သွားပုတ်လေလွှင့်စော်ကားမှုတွေ ပေါ်လာချိန်မှာတော့ ကလေးပျောက်မိခင် Saori တစ်ယောက် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(3.8 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:58:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Drama
6.4 2024
Missing
The Singer
6.6

The Singer (2020) ***************** ၂၀၂၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Singers ဆိုတဲ့ ဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်မှာ နယ်တကာလှည့်ပြီး သီချင်းဆိုဖျော်ဖြေတဲ့ အဆိုရှင်‌တွေရဲ့ ဘဝကို‌ ရိုက်ကူးပုံဖော်ထားတဲ့ Musical film လေးပဲဖြစ်ပါတယ် .. ။ ဇာတ်လမ်းအကျဉ်းကတော့ .. ဂျိုဆွန်းခေတ်ရဲ့လမ်းပေါ်က အဆိုရှင် ဟာ့ဂယူနဲ့ ဇနီးဖြစ်သူဂန်နန်, သမီး ချောင်းလေးတို့မိသားစုဟာ ပြည်သူတွေကို သီချင်းနဲ့ဖျော်ဖြေပေးပြီး အသက်ဝမ်းကြောင်းပြုကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့ မိသားစုလေးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆင်းရဲတဲ့ပြည်သူတွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ အစေခံအဖြစ် ရောင်းစားတဲ့အဖွဲ့က .. ဇနီးဖြစ်သူ ဂန်နန်နဲ့ သမီး ချောင်းလေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီကိစ္စကို ဟာ့ဂယူ သိသိချင်း လိုက်ရှာမှာ သမီးဖြစ်သူကို ပြန်တွေ့ခဲ့ပေမဲ့ ဇနီးဖြစ်တဲ့ ဂန်နန်ကို မရှာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ချောင်းလေးက ထိတ်လန့်မှုကြောင့် မျက်စိကွယ်သွားခဲ့ပါတယ် ဟာ့ဂယူကလည်း ချောင်းလေးနဲ့အတူ နယ်တကာလှည့်ပြီး ဂန်နန်ကို ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတော့ ဂန်နန်ကို ရှာတဲ့အချိန် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ပြီး ဒီအခက်အခဲတွေကိုလည်း ဘယ်လိုမျိုး ဖြတ်ကျော်ခဲ့သလဲ။ ဇနီးဖြစ်သူကိုရော ပြန်ရှာတွေ့နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး .. (အညွှန်းကို Estel မှ ရေးသားထားပါတယ်) File size…2.21GB / 851MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Music, Historical, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

Drama
6.6 2020 119 mins
The Singer
Father’s Haunted House
7.6

Father’s Haunted House (2024) ******************************** အခုတစ်ခါမှာတော့ IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှားဖြစ်ရပ်မှန် သရဲဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ တောခေါင်းကြီးရဲ့အိမ်မှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ သရဲဇာတ်လမ်းကို တောခေါင်းရဲ့သားဖြစ်သူက ဇာတ်လမ်းပြန်ပြောင်းပြောပြထားတာဖြစ်ပြီး ဟာသဆိုပေမဲ့လည်း ရယ်ရတဲ့နေရာမှာ ရယ်ရပြီး လန့်စရာနေရာမှာ လန့်ရတဲ့ကားလေးဖြစ်ပါတယ်။ ဒိုဒစ်, အဖေ, အမေရယ်, အစ်ကို‌ဒေဝိုနဲ့ အစ်ကို့မိန်းမ လစ်စ်တို့ဟာ သာယာတဲ့ မိသားစုလေးတစ်ခုပါ။ ဒေဝိုနဲ့ လစ်စ်တို့မှာ သားသမီးရတနာလေးကို ကိုယ်ဝန်လွယ်ထားရပါသေးတယ်။ ဒီလို သာယာတဲ့မိသားစုလေးဟာ အဖေဖြစ်သူရဲ့ ရာထူးတိုးအတွက် နယ်ဘက်က သစ်တောကြိုးဝိုင်းမှာ တာဝန်ကျလာတဲ့အခါမှာတော့ .. အဖေဖြစ်သူကို အစိုးရကချထား‌ပေးတဲ့ အိမ်လေးမှာ မိသားစုလိုက်သွားရောက်နေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အဖေ့အိမ်လေးကို ရောက်တဲ့အချိန်မှာတော့ အိမ်ဝင်းထဲမှာ သစ်ခိုးသမားတွေကို အပြစ်ပေးဖို့အတွက် ပြုလုပ်ထားတဲ့ တဲလေးတစ်လုံးလည်းရှိနေပါသေးတယ်။ ဒီအိမ်လေးထဲမှာ နေလာရင်းနဲ့ ထူးဆန်းမှုတွေ ကြုံလာခဲ့ရပါတော့တယ်။ ဒီထက် ထူးခြားတာက ပုံမှန်နေ့တွေဆိုရင် အရမ်းမဆိုးဘဲ ကလီဝန်သောကြာနေ့ဆိုရင် သိသိသာသာကိုပဲ ဆိုးဆိုးဝါးဝါးခြောက်တာမျိုးကို ခံကြရတာပါပဲ။ ဒီလိုနဲ့ ဒီမိသားစုလေး .. အဖေ့ရဲ့သရဲခြောက်တဲ့အိမ်ကြီးမှာ ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ……. ခြောက်နေတဲ့သရဲကရော နောက်ကွယ်မှာ ဘယ်လိုဇာတ်ကြောင်းတွေရှိနေမလဲ …… ဆိုတာကို အခွီလေးနဲ့ကြည့်ရှုရမယ့် သရဲဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းကို CharOu မှ ရေးသားထားပါတယ်) File size…967MB / 439MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 34m Genre ….. Comedy, Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

7.6 2024 93 mins
Father’s Haunted House
Following Yonder Star
7.3

Following Yonder Star (2024) IMDb Rating (7.3) TV show မှာ ပြီးပြည့်စုံတဲ့ ဇနီးနဲ့ မိခင်တစ်ယောက်အနေနဲ့ အချိန်အကြာကြီး လူသိများခဲ့တဲ့ သရုပ်ဆောင်မင်းသမီး Abby က အားလပ်ရက်မတိုင်ခင်မှာပဲ သူ့ရဲ့အရင်ခင်ပွန်းဟောင်း သရုပ်ဆောင်အမျိုးသားက နောက်အိမ်ထောင်ပြုတော့မယ်ဆိုတာ သိလိုက်ရတယ်။ မထင်မှတ်ထားတဲ့သတင်းကြောင့် စိတ်ညစ်နေတဲ့ Abby က အပေါက်ဆိုးတဲ့ စတိုးဆိုင်ပိုင်ရှင်တစ်ယောက်ကို မရည်ရွယ်ဘဲ အော်လိုက်မိပြီး အဲဒီဗီဒီယိုက အွန်လိုင်းပေါ်မှာ ပြန့်သွားလေရဲ့။ ပြန့်သွားတဲ့ ဗီဒီယိုကြောင့် နာမည်ပျက်ကိန်းကြုံနေတဲ့ သရုပ်ဆောင်မင်းသမီး Abby က ခရစ္စမတ်ပိတ်ရက်အတွင်း Vermont ဆိုတဲ့မြို့လေးမှာ သတင်းသမားတွေကိုပုန်းပြီး လူမသိသူမသိနေရင်း အနားယူဖို ခရီးထွက်လာခဲ့တယ်။ ဒါပေမဲ့ သူတည်းဖို့ပြင်ခဲ့တဲ့ ကြယ်ငါးပွင့်အဆင့်မြင့်ဟိုတယ်က ဘိုကင်ပြည့်နေခဲ့ပြီး မြို့ရဲ့ တည်းခိုခန်းအသေးလေးမှာ မထင်မှတ်ဘဲ တည်းလိုက်ရတဲ့အဖြစ်ကို ကြုံပြန်လေရဲ့။ တည်းခိုခန်းပိုင်ရှင် Nick က သိပ္ပံဆရာအဖြစ် အချိန်ပိုင်းလုပ်နေတဲ့ သမီးလေးတစ်ယောက်ရှိတဲ့ မုဆိုးဖိုဖြစ်ပြီး Abby က Nick ဦးစီးနေတဲ့ ခရစ္စမတ် ကလေးပြဇာတ်ကို ကူညီရာကနေ သူတိုနှစ်ဦးကြားက သံယောဇဥ်တွေ ဘယ်လိုတွယ်လာမလဲဆိုတာကိုတော့ ဒီခရစ္စမတ်ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.1 GB) / (940 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance,TV Movie Duration….01:24:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Thriller • Family
7.3 2024 84 mins
Following Yonder Star