YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Prehistoric.Planet.2022.S01E03.1080p.WEB.h264-BIGDOC.YK(CM).mp4

1.08 GB N/A video/mp4 2271 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ivy + Bean: The Ghost That Had to Go
6.9

Ivy + Bean (2022) နက်ဖလစ်က ကလေးတွေကို ပြဖို့ တားဂတ်ထားပြီး ထုတ်ထားတဲ့ရုပ်ရှင်ပါ။ ၆နှစ်ကလေးတွေကစပြီး အရွယ်မရွေးကြည့်လို့ရပါတယ်။ ၄ ၅နှစ်လည်း ရတော့ရတယ် ဆိုပါတယ။ ဇာတ်ကလည်း Ivyနဲ့ Beanဆိုတဲ့ ကလေး၂ကောင် ကျောင်းမှာ တိုင်ပတ်ကြတဲ့အကြောင်းပါ။ စာသင်ခန်းထဲက ကလေးတွေရဲ့ အခြေအနေနဲ့ စူးစမ်းချင်စိတ် သိချင်စိတ်အပြည့်နဲ့ လက်ကမျဉ်းထကြတဲ့ ကလေးတွေ ဘာတွေကြုံလာနိုင်လဲ ပြထားတဲ့ ပညာပေးရုပ်ရှင်လေးပါ ။ ivy နဲ့ beanနဲ့ရဲ့ ဖရန့်ရှစ်ကို ကလေးတွေကြည့်မိပြီး အတုယူနိုင်အောင်လည်း ပြပေးထားပုံပါပဲ။ ကလေးတွေကြည့်ဖို့ ရိုက်ထားတဲ့ကားပေမဲ့ ခေတ်နဲ့အညီ ကလေးတွေရဲ့ လွတ်လပ်ခွင့်ကို ပိုအသားပေး ရိုက်ကူးထားပါတယ်။ File Size__(600MB) Quality__720p IMDb Rating__5.7/10 Format__mp4 Duration__01:00:00 Type__Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt

Drama • Horror • Thriller
6.9 2022 62 mins
Ivy + Bean: The Ghost That Had to Go
Halftime
6.9

ဆယ်စုနှစ်သုံးခုစာလောက် မပြောင်းလဲဘဲရှိနေတာက ဒီကမ္ဘာမှာ ဘယ်လောက်များနိုင်မှာလဲ ဒါပေမဲ့ သူ(မ) တစ်ယောက်ကတော့ Immortal နတ်ဘုရားမလိုမျိုး ကျွန်တော်တို့မမွေးခင်ကတည်းကနေ အခုထိရှင်သန်ဆဲပါ ကျွန်တော်ပြောတဲ့ သူ(မ)ဆိုတာကတော့ အားလုံးနဲ့ရင်းနှီးကြတဲ့ Jennifer Lopez ပါ ဒီတစ်ခေါက် သူ(မ)ရဲ့ ဘဝတစ်ခုလုံးကို Netflix က Documentary အနေနဲ့ရိုက်ထားတာကို CM ကတင်ဆက်ပေးလိုက်ပါပြီ အခုလိုအောင်မြင်မှုတွေက လွယ်လွယ်နဲ့မရနိုင်ဘူးဆိုတာ လူတိုင်းသိကြသလိုမျိုးပဲ သူ(မ) ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့တယ် ဒီနေရာအထိရောက်အောင် ဘယ်လိုတွေစွမ်းဆောင်ခဲ့သလဲဆိုတာနဲ့ သူ(မ)ရဲ့ မိသားစုအကြောင်းအပြင် သူမရဲ့အတွေးအခေါ်၊ ခံယူချက်တွေကိုပါ အင်တာဗျူးအနေနဲ့ ပြောပြပေးသွားမယ့် အကောင်းဆုံးအစီအစဉ်တစ်ခုပါ အများကြီးညွှန်းစရာတော့မရှိပါဘူး J.Lo ဆိုတာကို မသိတဲ့လူမရှိသလောက်မို့လို့ fan မဟုတ်ရင်တောင် ကြည့်ကိုကြည့်သင့်တဲ့ Documentary တစ်ခုပါပဲနော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Thuu, Hmwe နဲ့ NoX တို့ပဲ ဖြစ်ပါတယ်။ Genre..... Documentafy, Music Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 280MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thuu, Hmwe, NoX Encoder ..... August

Drama • Family
6.9 2022 95 mins
Halftime
The English Teacher
5.6

ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်က ကင်းစတန်မြို့ အထက်တန်းကျောင်းက အင်္ဂလိပ်စာဆရာမ လင်ဒါစင်ကလဲရား ဖြစ်ပါတယ်။ သူကတော့ လက်မထပ်ရသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးမမဖြစ်ပါတယ်။ စာပေကိုချစ်မြတ်နိုးပြီး သူသဘောကျတဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေ ဇာတ်လမ်းကြောင်းတွေကို သူ့ဘဝရဲ့ အဖော်မွန်အဖြစ် သ‌ဘောထားတဲ့သူပါ။ ပကာသနတွေမလိုဘဲ သူ့ဘဝလေးကို ရိုးရိုးရှင်းရှင်းသာမန်လေးပဲ နေထိုင်နေပါတယ်။ ဒီလိုနေရင်းနဲ့ပဲ သူ သဘောကျတဲ့ယောကျ်ားလည်း မတွေ့သေးဘဲ ရွေးရင်းရွေးရင်း အပျိုကြီးဖြစ်နေတာပေါ့လေ။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျေဆင်ရှာဝုဒ်နဲ့ ပြန်လည်တွေ့ဆုံပါတယ်။ ဂျေဆင်က နယူးရော့ခ်က ပြဇာတ်ရေးစာရေးဆရာတစ်ယောက်ဖြစ်ပြီး စာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့ လက်လျှော့တော့မယ်ဆိုပြီး ဒီမြို့ကို ပြန်လာခဲ့ပါတယ်။ တစ်ဖက်မှာ ဂျေဆင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာရှာဝုဒ်က ဂျေဆင်ကို ဥပဒေကျောင်းတက်ဖို့ တွန်းအားပေးနေပါတယ်။ ဒီလိုအခြေအနေမှာ လင်ဒါက စာရေးဖို့ လက်လျှော့မယ်ဆိုတဲ့ ဂျေဆင်ရဲ့ အတွေးကို အားပေးဖို့ ဂျေဆင်ရေးထားတဲ့ ပြဇာတ်ကို အထက်တန်းကျောင်းပြဇာတ်ရုံမှာ တင်ဆက်ဖို့ စီစဉ်ပေးပါတော့တယ်။ ဒီလိုနဲ့ လင်ဒါတစ်ယောက်ကတော့ သူ့ရဲ့ comfort zoneလေးကနေ ထွက်ခါမှ သူ့ဘဝမှာ အရှက်ရစရာ ရှုပ်ထွေးတဲ့ကိစ္စလေးတွေဖြစ်လာပါတော့တယ်။ သူစာသင်ပေးဖူးတဲ့ ကျောင်းသားဟောင်းလေးနဲ့ ညှိမိတဲ့ကိစ္စပါ။ ဒီကိစ္စတင်ပဲလား... ကဲ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိလေတော့ လင်ဒါတစ်ယောက် ဘယ်လိုအရှုပ်တွေလုပ်မိတာလဲ ဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရှုလိုက်ကြပါဦး။

Drama • Romance • Thriller
5.6 2013 91 mins
The English Teacher
[18+] Desire

Desire (2017) Erotic ကားဖန်တွေအတွက် Erotic ကားကို ဇာတ်အိမ်အစားကြီးနဲ့ Erotic Thriller ကြည့်ရမယ့် ရုပ်ရှင်ပါ။ စပိန်ကရိုက်ထားတာမို့ ဇာတ်အိမ်ကောင်းသလို ကြမ်းလည်းကြမ်းပါတယ်။ ‌ကြမ်းတာက အတိုင်းထက်လွန် တော်တော်ဆိုးဆိုးမို့ တစ်ယောက်တည်းတောင် တော်တော်သတိနဲ့ ကြည့်ရမယ့်ရုပ်ရှင်ပါ။ နက်ဖလစ်ကနေ တင်ဆက်ထားတဲ့ရုပ်ရှင်မို့ အတိုင်းအတာတစ်ခုအထိတော့ ဘောင်ဝင်တန်းဝင်ရုပ်ရှင်ပါပဲ။ ညီအစ်မ၂ယောက်ရှိတယ်။ သူတို့အမေ သူတို့ကို ပျိုးထောင်ပုံကလည်း ထူးသလို သူတို့ကလည်းထူးတယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့အရွယ်ရောက်လာတယ်။ အိမ်ထောင်တွေပြုကြတယ်။ သူတို့ထဲကတစ်ယောက်ရဲ့ လက်ထပ်ပွဲကို တစ်ယောက်ကရောက်လာပြီး သူတို့ရဲ့အတိတ်တွေကိုဖော်ပြီး တစ်ယောက်လင်တစ်ယောက်စား ပြဿနာတွေနောက်မှာ ဆိုက်ကိုဆန်ဆန်အကြောင်းအရာတွေ သွတ်သွင်းထားတဲ့ ရုပ်ရှင်ပါပဲ။ ထပ်ပြောရရင် တစ်ယောက်တည်း သတိနဲ့ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ ခေါင်းမူးချင်စရာကောင်းလောက်အောင် ကြမ်းတမ်းသလို ရက်လည်းရက်စက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 730MB Quality – 1080p, 720p Format – mp4 Duration – 1H 33Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by RGB

0 2017
[18+] Desire
Bloodstone: Subspecies II
5.9

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Subspecies 2: Blood Stone ကားလေးပါ။ ပထမကားမှာ မီရှယ်တို့ သူငယ်ချင်း ၃ယောက် သုတေသနလုပ်ရင်း ၂ယောက်ကသေ၊ မီရှယ်က သွေးစုပ်ဖုတ်က‌ကောင်ဖြစ်သွားတဲ့နေရာမှာ ဆုံးသွားခဲ့တာပါ။ ဒီကားထဲမှာတော့ ရာဒူးက မီရှယ် နဲ့ သူ့ရဲ့ချစ်သူ စတတ်ဖန် တို့ အိပ်နေတဲ့အချိန် စတတ်ဖန်ကို သတ်ပြီး သွေးကျောက်တုံး ခိုးမဲ့နေရာကနေ ပြန်စထားပါတယ်။ စတတ်ဖန် နဲ့ မီရှယ့် ကို ရာဒူးက သတ်ပြီး သွေးကျောက်တုံးကို ခိုးဖို့ကြံစည်ထားပေမဲ့ စတတ်ဖန်ကို သတ်ပြီး မီရှယ့်ကို သတ်မဲ့အချိန်ကျမှ နေထွက်လာတာကြောင့် မခိုးလိုက်နိုင်ခဲ့ပါဘူး။ အဲဒါနဲ့ မီရှယ်လည်း သွေးကျောက်တုံး ခိုးပြီး ထွက်ပြေးသွားပါတယ်။ အဲဒီသွေးကျောက်တုံးရော မီရှယ့်ကို ပါ လိုချင်နေတဲ့ ရာဒူးကတော့ မရမကလိုက်ရှာရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဆက်လက်ရှုစားအားပေးလိုက်ကြပါဦးလို့…….. File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror, Thriller, Fantasy Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield

Horror • Comedy • Thriller
5.9 1993
Bloodstone: Subspecies II
Bad Sister

Bad Sister (2015) နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်ချိန်မှာ စိန့်ဗဲလ်‌ကျောင်းက စစ္စတာဆိုဖီယာဆိုတဲ့ သီလရှင်ဆရာမလေးဟာ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းမှာ တာဝန်ချထားခံ‌ခဲ့ရတယ်။ မှတ်တမ်းကောင်းတွေနဲ့ စစ္စတာဟာ ကျောင်းအသစ်က ဂျေဆန်ဆိုတဲ့အတန်းသားတစ်ယောက်ကို စွဲလမ်းနေသူဖြစ်တယ်။ ဂျေဆန်ကတော့ အင်တာနက်ပေါ်မှာ သူ့ရဲ့သီချင်းတွေကို ဂီတာတီးကာဆိုပြလေ့ရှိပြီး ဂီတသမားဖြစ်ချင်သူတစ်ဦးဖြစ်တယ်။ အတန်းပထမဆုံးနေ့ မနက်ခင်းဝတ်ပြုဆုတောင်းတဲ့အခါ အတန်းသားတွေကိုပဲတိုင်ခိုင်းပြီး စစ္စတာက လိုက်ဆိုခြင်းမရှိတာကို တစ်တန်းတည်းနေ ဂျေဆန့် ညီမလေးဇိုဝီဟာ သတိထားမိခဲ့တယ်။ ဒါတင်မက စစ္စတာဆိုဖီယာရဲ့ အခြားစစ္စတာတွေနဲ့ မတူတဲ့ထူးခြားတဲ့လုပ်ရပ်တွေကိုလည်း တဖြည်းဖြည်းနဲ့ သူမြင်တွေ့ခဲ့ရပြီး မသင်္ကာဖြစ်နေခဲ့တယ်။ အစ်ကိုဂျေဆန်ကို သတိပေးပေမဲ့လည်း ‌ဂျေဆန်နဲ့စစ္စတာတို့ဟာ အဲဒီအချိန်မှာ လက်လွန်ကြက်သွန်ဖြစ်နေခဲ့ပါပြီ။ ဂျေဆန်ကိုယ်တိုင်လည်း ထုတ်မပြောပေမဲ့ စစ္စတာ့အပေါ် သံသယတွေရှိနေခဲ့တာတော့ အမှန်ပါပဲ။ ဒီလိုနဲ့ စစ္စတာဆိုဖီယာဟာ သူ့လမ်းပေါ်ရောက်လာတဲ့ အတားအဆီးမှန်သမျှကို ရရာနည်းနဲ့ ရှင်းထုတ်ခဲ့ရာကနေ လူသတ်မှုကျူးလွန်တဲ့အထိပါဖြစ်လာခဲ့တယ်။ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းအုပ် စစ္စတာရေဘက္ကာသိထားရတဲ့ စိတ်နှလုံးသိမ်မွေ့ပြီး မေတ္တာရှေ့ထား အုပ်ချုပ်တတ်တဲ့ စစ္စတာဆိုဖီယာနဲ့ အခုကျောင်းမှာရှိနေတဲ့ စစ္စတာဆိုဖီယာရဲ့ စည်းကမ်းတင်းကြပ်ပုံနဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ စစ္စတာရေဘက္ကာကို စစ္စတာဆိုဖီယာ့အပေါ် သံသယဝင်နေသူတွေထဲကတစ်ယောက်ဖြစ်လာစေတဲ့အကြောင်းရင်းဖြစ်ခဲ့တယ်။ စစ္စတာဆိုဖီယာက ဘယ်သူလဲ… ဘယ်ကလဲ… သူ့ရဲ့နောက်ကြောင်းတွေကရော ဘာတွေလဲ…. ဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ့် အကြောင်းအရာတွေပဲဖြစ်တာကြောင့် ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 715MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 27Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

0 2015 85 mins
Bad Sister
Friday the 13th: A New Beginning
4.7

Friday the 13th: A New Beginning (1985) ငါးကားမြောက် ဇာတ်လမ်း။ ဂျေဆင်အတွက်တော့ မျက်နှာပျက်စရာပဲဗျာ။ တကယ်။ ကလေးတန်မဲ့နဲ့ ဂျေဆင်ကို အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့တဲ့ တွန်မီဟာ စိတ္တဇညတွေကျော်ဖြတ်ရင်း အရွယ်ရောက်လာခဲ့တယ်။ ဒါပေမဲ့ စိတ်ရောဂါကုဆေးရုံမှာပဲ အရွယ်ရောက်ခဲ့ရတာမျိုးပါ။ ဒီတော့ အရူးဆေးရုံတွေ ပြောင်းရင်းနဲ့ ဂျေဆင် နေတဲ့နေရာနားကိုပဲ ပြန်ရောက်လာပြန်တာပေါ့။ ဒီလိုနဲ့ အရူးတွေကြားထဲမှာ ဖြတ်သန်းရင်း အရူးတစ်ယောက်က အရူးတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက် ခုတ်သတ်ခံရတဲ့မြင်ကွင်းက အားလုံးကို ခြောက်ခြားသွားစေတယ်။ ဒီလိုနဲ့ သူတို့အဖွဲ့ရယ်၊ ခပ်ကဲကဲ လိင်မှုကိစ္စ အရူးအမူးလုပ်ကြတဲ့ စုံတွဲတွေရယ်တို့ဟာ တစ်ယောက်ပြီးတစ်ယောက် သေချင်းဆိုးနဲ့ သေကုန်ကြပြန်ပါပြီ။ တွန်မီက သူသတ်ခဲ့တဲ့ ဂျေဆင်ကို နောက်တစ်ခါ ပြန်ရင်ဆိုင်ရတဲ့အခါမှာ စိတ်ဒဏ်ရာတွေ အဆုံးစွန် ပြန်ခံစားရပြီး အဆိပ်ကိုအဆိပ်နဲ့ကုလိုက်သလိုပဲ သူ့စိတ်ဝေဒနာတွေ သက်သာသွားတယ်ပေါ့။ ဒီလိုနဲ့ လူသတ်သမားကြီးကို ဝိုင်းဝန်းရင်ဆိုင်ကြရင်းနဲ့ ဂျေဆင်ကြီး မျက်နှာဖုံးကျွတ်သွားတဲ့အခါမှာ မထင်တာတွေ ဖြစ်လာပါလေရော။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 960MB Quality – 1080p, 720p Format – mp4 Duration – 1H 32Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

TV Movie • Thriller • Drama • Horror
4.7 1985 92 mins
Friday the 13th: A New Beginning
Charlie
8

Charlie (2015)”ချာလီ” =================== တမီလ်မင်းသားကြီး မာဒေဗန်းကတောင် remake ပြန်ရိုက်ခဲ့ရတဲ့ Charlie ဆိုတဲ့ ၂၀၁၅ ခုနှစ်ထွက် မာလျာလမ်စကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ တယ်ဆာဆိုတဲ့ကောင်မလေးဟာ မိဘပေးစားတဲ့သူကို မယူချင်တဲ့အတွက် မရောက်ဖူးတဲ့ နယ်မြို့လေးတစ်မြို့ဆီကို ခရီးထွက်လာပါတယ်။ အဲဒီတစ်မြို့လုံးမှာ အနုပညာအငွေ့အသက်တွေဖုံးလွှမ်းနေပြီး မြို့သူမြို့သားတွေကလည်း လူထူးလူဆန်းတွေပါ။ အဲဒီလူတွေအားလုံးထဲမှာ အထူးခြားဆုံးကတော့ တယ်ဆာ ငှားလိုက်တဲ့တိုက်ခန်းရဲ့ ပိုင်ရှင်ဟောင်း ချာလီဆိုတဲ့ ပန်းချီဆရာပါပဲ။ သူနေခဲ့တဲ့ တိုက်ခန်းထဲမှာဆိုရင် တိုက်ခန်းနဲ့တောင်မတူဘဲ ပြတိုက်တစ်ခုလိုမျိုး ပန်းချီကားတွေ၊ ပုံကြမ်းတွ၊ ပန်းပုလက်ရာတွေ ပြည့်နှက်နေတာပါ။ တယ်ဆာဟာ အဲဒီတိုက်ခန်းထဲကနေ ပုံကြမ်းရေးထားတဲ့ ရုပ်ပြဇာတ်လမ်းတစ်ခုကိုတွေ့ပြီး အဲဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို သိချင်တဲ့အတွက် ပန်းချီဆရာ ချာလီကို လိုက်ရှာရာကနေ ချာလီရဲ့ ဘဝကို တစ်စပြီးတစ်စ မြင်တွေ့လာရပါတော့တယ်။ ဒီရုပ်ရှင်လေးဟာ ရုပ်ရှင်တစ်ပုဒ်ဆိုတာထက် ကဗျာတစ်ပုဒ်၊ ပန်းချီကားတစ်ချပ်လို ရသမျိုးကိုပေးစွမ်းနိုင်တဲ့ ရှားပါးရုပ်ရှင်လေးပါပဲ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

8 2015
Charlie
Coco Farm
6.9

ချစ်စရာ ကနေဒါ-ပြင်သစ် ကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၂ နှစ်အရွယ်ကောင်လေး မက်စ်တို့သားအဖက မွန်ထရီရယ်မြို့ကြီးကနေ ငွေကြေးအခက်အခဲကြောင့် နယ်မြို့လေးကို ပြောင်းခဲ့ရပါတယ် စွန့်ဦးထီထွင်လိုစိတ်ရှိသူ မက်စ်က နယ်မှာ ဘာမှလုပ်စရာမရှိဘဲ အကြံအိုက်နေချိန်မှာ သူ့ဝမ်းကွဲအစ်ကို ချားစ်တို့အိမ်မှာ ကျွေးတဲ့ ကြက်ဥကို အရသာတွေ့သွားပါတယ် အလုံးအရင်းနဲ့ မွေးမြူရေးလုပ်ငန်းစုကြီးတွေရဲ့ ကြက်ဥနဲ့ အရသာကွာခြားချက်ကို အဖြေရှာပြီး တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်းကို မက်စ်၊ ချားစ်၊ youtuber ကောင်မလေးနဲ့ အလုပ်မရှိတဲ့ ဘီယာဗိုက် ဦးလေးကြီးတို့နဲ့ စထောင်လိုက်တယ် စထောင်ဖို့ကလည်း ပိုက်ဆံတွေ လိုက်ချေးထားရပြီး ရောင်းချဖို့ကျတော့လည်း ကြက်ဥလုပ်ငန်းအကြီးစားတွေကို မယှဥ်သာတာတွေ တခြားတခြားသော အခက်အခဲပေါင်းစုံတို့ကို ဘယ်လို ဝိုင်းဝန်းအဖြေရှာကြမလဲ ဆိုတာကတော့ …. File size…(1.2 GB)/(580 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:27:00 Genre… Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Drama • Romance • Crime
6.9 2023 87 mins
Coco Farm
Low Life
6.1

Low Life (2004) *************** ဘာကိုမှ မကြောက်ရွံ့တတ်ခဲ့တဲ့ ထယ်ဝန်းတစ်ယောက် အနိုင်ကျင့်ခံရတဲ့ သူငယ်ချင်းအစား လက်စားချေဖို့အတွက် Hongik အထက်တန်းကျောင်းကို တစ်က်ုယ်တည်း သွားခဲ့တယ် အနိုင်ကျင့်သူကို ရှာတွေ့သွားပြီး ကောင်းကောင်း ပြန်ရိုက်နိုင်ခဲ့ပေမဲ့လည်း လှည့်အပြန်မှာ မျက်မြင်သက်သေ ကျောင်းသားတစ်ယောက်ရဲ့ ဓားနဲ့ ထိုးတာကို ခံလိုက်ရတယ် .. အဲဒီအခါမှာ ဒေါသတကြီးနဲ့ ဓားထိုးသူအိမ်ကို လိုက်သွားခဲ့ရာ ဓားထိုးသူက သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဘတ်အီဝန်းရဲ့ သားဖြစ်သူ ဆွန်းမွန်း ဖြစ်ကြောင်း သိလိုက်ရတယ် .. ဒါပေမဲ့လည်း ရဲကိုတော့ ဖွင့်မဟခဲ့ပါဘူး အဲဒီ‌နောက်ပိုင်းမှာ ဘတ်အီဝန်းက ထယ်ဝန်းကို သားအနေနဲ့ မွေးစားလိုက်တော့တယ် ဘတ်အီဝန်းဆီမှာ ဟယ်အို့ဆိုတဲ့ သမီးတစ်ယောက်ရှိခဲ့ရာ သမီးဖြစ်သူက ထယ်ဝန်းကို တိတ်တိတ်လေး ရင်ခုန်နေခဲ့တယ် .. အဲဒီနောက် ထယ်ဝန်းက မြောင်ဒုံ‌လူမိုက်ဂိုဏ်းက လူမိုက်တစ်ယောက်ဖြစ်လာခဲ့တယ် တစ်နေ့မှာတော့ မွေးစားအစ်မဖြစ်တဲ့ ဟယ်အို့ အပေါ်မှာ စိတ်မထိန်းနိုင်ဘဲ ချစ်ကြိုးသွယ်မိသွားတယ် .. ဟယ်အို့နဲ့ လက်ထပ်လိုက်တဲ့နောက်မှာ စီးပွားရေး မပြေလည်လာတဲ့အတွက် မကောင်းတဲ့ ဒုစရိုက်အလုပ်တွေ အကုန်လုပ်ခဲ့တယ် ထယ်ဝန်းတစ်ယောက် ဘဝက နိမ့်လိုက် မြင့်လိုက်နဲ့ ခက်ခဲကြမ်းတမ်းနေခဲ့တယ် ဒီလိုနဲ့ တစ်နေ့မှာ မထိသင့်တဲ့ အရာကို သွားထိမိခဲ့ရာက ထယ်ဝန်းတစ်ယောက် ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် .. (အညွှန်းကို Miri မှ ရေးသားပေးထားပါတယ်) File size…5.13GB / 1.48GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 45 min. Genre ….. Action, Crime, Political Subtitle….Myanmar Subtitle (Hard Sub) Translated by Miri Encoded by AHtet

6.1 2004
Low Life
Journey to the Center of the Earth
5.8

Journey to the Center of the Earth (2008) ကမ္ဘာကြီးရဲ့အလယ်ဗဟိုကဘယ်လိုရှိမလဲတွေးကြည့်ဖူးလား..? ကိုယ်တော့ငယ်ငယ်ကတွေးကြည့်ဖူးတယ် ထောက်ပြမယ့်သူမရှိတော့ ကိုးရိုးကားယားအတွေးတွေလောက်နဲ့အဆုံးသတ်သွားတာပေါ့ ဒါပေမယ့်ကမ္ဘာ့အတွင်းပိုင်းမှာ သက်ရှိသတ္တဝါတွေရှိနေနိုင်တယ် ရှင်သန်နေထိုင်စရာပတ်ဝန်းကျင်မျိုးရှိနေနိုင်တယ်လို့တော့ခံစားရတယ် ကမ္ဘာ့အလယ်ဗဟိုမှာ အူတိုင်မှာ ဓါတ်သတ္တုအစိုင်အခဲတခုရှိနေနိုင်တယ် သူမှာဆွဲငင်အားရှိတဲ့အပြင် ကိုယ်တိုင်လည်ပတ်နေတဲ့စွမ်းအင်ရှိတယ် ဒါကြောင့်အပြင်အခွံဖြစ်တဲ့ကမ္ဘာကြီးက သူ့ရဲ့လည်ပတ်မှုအတိုင်းလိုက်ပါနေရတာလို့ အချို့က ယူဆကြတယ် ထားပါတော့ ၁၈၆၄ ခုနှစ်ကထုတ်ဝေခဲ့တဲ့ ပြင်သစ်စာရေးဆရာ ဂျူး ဘယ်ရမ် (Jules Verne) ရဲ့ စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဒီကားမှာ မင်းသား ဘရန်ဒန် ဖရေဇာ (Brendan Fraser) မင်းသမီး အနီတာ ဘရီယမ် (Anita Briem) ကလေးသရုပ်ဆောင် ဂျော့ ဟက်ထရစ်ဆမ် (Josh Hutcherson)နဲ့ ဒါရိုက်တာ အဲရစ် ဘရက်ဗစ် (Eric Brevig) တို့က ပုံဖော်ထားတာပါ ဒီအတွေးစိတ်ကူးတွေကို ဒီကားမှာချပြထားတယ် ယုတ္တိရှိကောင်းမှရှိနိုင်ပေမယ့် တတ်နိုင်သမျှ ခိုင်လုံတဲ့အချက်အလက်တွေနဲ့ စိတ်ကူးစေစားထားတာမို့ သဘာဝတကျရှိလှတယ်လို့ခံစားရတယ် မီးတောင်နဲ့ မြေငလျင်တွေကိုစောင့်ကြည့်လေ့လာနေတဲ့ ပရော်ဖက်ဆာ ထရယ်ဗာ အန်ဒါဆန် တယောက် ထူးခြားတဲ့အချက်ပြမှုကြောင့် စက်ကိရိယာဆီသွားရောက်လို့ မှတ်တမ်းယူရာမှာ လျှပ်စီးမုန်တိုင်းမိလို့ ဂူတခုဆီခိုလှုံခိုက် မိုးကြိုးပစ်လို့ လမ်းပြ အန်နာ တူတော်မောင် ဆမ် နဲ့အတူ ဂူဝပိတ်သွားပြီးထွက်မရဖြစ်သွားတယ် ဒီတော့ အမှတ်မထင် ကျောက်မီးသွေးတွင်းတခုကိုတွေ့မိရင်း ထွက်ပေါက်ရှာရင်းက မီးတောင်ဟောင်းတခုရဲ့လမ်းဝ မလိုင်လိုအပေါ်ကြောတင်းရုံသာရှိတဲ့ ကျောက်ပြားပေါ်တက်မိကြရင်း ပြိုကျလို့ ကမ္ဘာ့အလယ်ဗဟိုဆီရောက်ရှိသွားပါတော့တယ် ဇာတ်ကားရဲ့ ၉၈ ရာခိုင်နှုန်းလောက်က သရုပ်ဆောင်သုံးယောက်ထဲကိုသာရိုက်ကူးထားတာဖြစ်ပေမယ့် ကမ္ဘာ့အလည်ဗဟိုရဲ့ ထူးခြားဆန်းကျယ်တဲ့အလှတရားတွေ အင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးရန်အန္တရာယ်နဲ့အတူ လမ်းပြကောင်မလေးကို ဦးဖို့ကြံနေကြတဲ့ တူဝရီးနှစ်ယောက်နဲ့ သူတို့ ကမ္ဘာ့အတွင်းပိုင်းကနေ ဘယ်လိုပြန်ထွက်လာမလဲဆိုတာခံစားကြည့်ကြရအောင်။ (ရုပ်ရှင်အညွှန်းကို သန်းထွန်းလေး YT မှ ကူးယူဖော်ပြပါသည်။)

Drama • Romance • Comedy
5.8 2008 93 mins
Journey to the Center of the Earth
Deadzone
5

အပျင်းပြေအက်ရှင်ကားကြည့်ချင်သူတွေအတွက် အရမ်းကြီး မိုက်မနေပေမဲ့ အရမ်းကြီးလည်းမဆိုးလှတဲ့ Deadzone ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ်အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။အမေရိကန် လော့စ်အိန်ဂျလိစ်မှာရိုက်ကူး ထားတာဆိုပေမဲ့ အာရှသရုပ်ဆောင်တွေတော်တော်များများ ပါဝင်ထားပြီး တတ်နိုင်သလောက် အားထုတ်ကြိုးစားရိုက်ကူး ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဓိကအားဖြင့်တော့ သိပ္ပံ စိတ်ကူးယဉ်ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း အနာဂတ်မှာ အန်းဒရွိုက်လို့ ခေါ်တဲ့ စက်ရုပ်တွေတွင်ကျယ်လာပြီး သဘောကျတဲ့လူတွေနဲ့ သဘောမကျတဲ့လူတွေကြားမှာ ပြဿနာတွေဖြစ်မှာမျိုးတွေကို ကြိုတင်မှန်းဆထားပြီးရိုက်ကူးထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ အန်းဒရွိုက်စက်ရုပ်တွေက ဒီဇာတ်လမ်းထဲကခေတ်မှာ နေရာတိုင်းမှာ ရှိနေကြပြီး သူတို့ကိုအသုံးပြုတဲ့လူတွေလည်းအများအပြားရှိ နေပါတယ်။ဒါပေမယ့်စက်တွေဆိုတာ ပျက်စီးနိုင်တယ်ဆိုတဲ့ အတိုင်း တချို့စက်ရုပ်တွေမှာစက်ချို့ယွင်းပြီး ကိုယ်ပိုင်အသိစိတ်နဲ့ လုပ်ချင်တာတွေလုပ်နေကြတဲ့ အန်းဒရွိုက်တွေလည်းရှိပါတယ်။ အဲ့လိုပြဿနာတွေကို ဖြေရှင်းပေးဖို့အဖွဲ့အစည်းတစ်ခုရှိပြီး အဲ့ဒီအဖွဲ့အစည်းကိုတော့ RAU လို့အမည်ပေးထားပြီး ဒီဇာတ်ကားရဲ့မင်းသားကတော့ အဲ့ဒီထဲကအေးဂျင့်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူ့နာမည်ကတော့ ဆဲဗင်းဖြစ်ပြီး သူကိုယ်တိုင်ကလည်း လူသားနဲ့အန်းဒရွိုက်မျိုးစပ်တစ်ယောက်ပဲဖြစ်ပါတယ်။ စစချင်းမှာတော့ ပျက်စီးနေတဲ့အန်းဒရွိုက်တွေကို လိုက်လံ ထိန်းသိမ်းရုံပဲဆိုပေမဲ့ အဲ့ဒီစက်ရုပ်တွေကိုဖမ်းဆီးပြီး သတ်ဖြတ် နေတဲ့လူတစ်ယောက်ပေါ်လာတဲ့အခါမှာတော့ ဆဲဗင်းနဲ့ RAU အဖွဲ့သားတွေ တရားခံကိုဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲ ဆိုတာကို ရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.28 GB) / (774 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 20m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama
5 2024 80 mins
Deadzone
The Grapes of Wrath
8.1

The Grapes of Wrath (1940) IMDb Rating (8.1) / Rotten Tomatoes (100%) ဂျွန်စတိုင်းဘတ်ရဲ့ ၁၉၃၉ထွက် The Grapes of Wrathဝတ္တုကို ဂျွန်ဖို့ဒ်ရိုက်ထားတဲ့ The Grapes of Wrath ( 1940 )ဟာ အော်စကာ၆ဆု ဆန်ခါတင်ဝင်ခဲ့ပြီး ဂျွန်ဖို့ဒ်က ဒါရိုက်တာဆု , ဇာတ်ဆောင်ရဲ့အမေနေရာက သရုပ်ဆောင်ခဲ့တဲ့ Jane Darwellက ဇာတ်ပို့မင်းသမီးဆု ရခဲ့တယ်။ ဟင်နရီဖွန်ဒါလည်း မင်းသားဆု ဆန်ခါတင် ဝင်ခဲ့ပေမဲ့ ရတော့မရခဲ့ဘူး။ ဒီရုပ်ရှင်ကို one of the greatest films of all timeလို့တော့ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ သိပ်မကြိုက်လှတဲ့လူတွေလည်းရှိပါတယ်။ စာအုပ်ကို အရင်သွားဖတ်မိတဲ့လူတွေပေါ့။ ဒီစာအုပ်ကို မောင်ထွန်းသူက ဒေါသမာန်ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ပေးထားတယ်။ ဇာတ်လမ်းကတော့ ၁၉၃၀မှာ ဇာတ်အိမ်တည်ထားတယ်။ တစ်ကမ္ဘာလုံး စီးပွားပျက်ကပ်နဲ့ ကြုံနေရတဲ့ကာလ Great Depression ကာလပေါ့။ အဲဒီကာလမှာ အိုကလာဟိုမာက လယ်သမားတွေဟာ လူအားနဲ့ လယ်ထွန်ယက်စိုက်ပျိုးနေတဲ့ လူတွေနေရာမှာ ထွန်စက်တွေကို အစားထိုးခံလိုက်ရလို့ အိုးမဲ့အိမ်မဲ့ဖြစ်ကြရင်း ဘဝတွေပျက်ကြတာကို ပုံဖော်ထားတယ်။ အိုကလာဟိုမာမှာ အိမ်အဖျက်ခံရမယ့် ညမှာ အလုပ်တွေပေါတယ်ဆိုတဲ့ ကယ်လီဖိုးနီးယားအထိ ကားစုတ်ကြီးနဲ့ မိသားစုလုံးကျွတ် ခရီးနှင်လာခဲ့ပြီးတဲ့နောက် အိမ်ပျက်ရာကနေ အိပ်မက်တွေဆက်ပျက်ရတဲ့အကြောင်းတွေပေါ့။ အဆိုးတွေကြားမှာ ဇာတ်အိမ်ကို သရုပ်ဖော်ထားပေမဲ့ အကောင်းတွေလည်း ရောပြွန်းနေတဲ့ ဇာတ်လမ်းလို့ပြောလို့ရတယ်။ ရုပ်ရှင်ကတော့ အဆုံးနားကို နည်းနည်းလှည့်လိုက်ပြီး ဝတ္တုရဲ့မာစတာပိစ်ဖြစ်လှတဲ့ ဇာတ်သိမ်းခန်းအထိ မပြခဲ့တာကလွဲ စတိုင်းဘတ်ရဲ့ ဝတ္တုအတိုင်းပဲ အတိအကျ ပုံဖော်ထားတယ်။ ခုနပြောခဲ့သလို စာအုပ်ကို အရင်ဖတ်မိတဲ့လူတွေ ဒီကားကို အားမရတဲ့ပြဿနာတော့ရှိတယ်။ ဘာလို့ဆို ဂျွန်စတိုင်းဘတ်ရဲ့ အရေးအသားက‌ တော်တော်လေး အသေးစိတ်ကျတဲ့ အရေးအသားဖြစ်နေလို့ပဲ။ သူ့ အဓိကဇာတ်အိမ်က ခုနမိသားစုရဲ့ခရီးရှည်ကြီးသက်သက်ပဲ ပြောရရင် ဒီကားမှာပြထားသမျှက အဓိကကျောရိုးအကုန်ပဲ။ ပြောရရင် ကာလတောင် အဲဒီလောက်မရှည်လှတဲ့အချိန်မှာပဲ ဇာတ်အိမ်တည်ထားတာ။ ဒါပေမဲ့ စတိုင်းဘတ်က ဇာတ်အိမ်ထက် ပုံဖော်မှုကို ပိုအသားပေးထားတယ်။ သူက ဇာတ်ကောင်တစ်ကောင်ရဲ့ ဒီကာလအတွင်းက အတွေ့အကြုံ လုပ်ရပ်တွေကို သေးသေးလေးကအစ သေချာထင်ရှားအောင်ပုံဖော်ထားသလို အဓိကကျောရိုးကို တစ်ခန်းနှစ်ခန်းရေးပြီးတာနဲ့ သူဇာတ်အိမ်တည်ထားတဲ့ ခေတ်ကြီးတစ်ခုလုံး စာဖတ်သူမျက်စိထဲ ကွက်ကွက်ကွင်းကွင်းပေါ်လာအောင် ကြားဖြတ်အခန်းလေးတွေလည်း အဆုံးအထိ ဖြတ်ဖြတ်ရေးသွားတယ်။ ဒါတွေကို ဂျွန်ဝိန်းက မထည့်သွားသလောက်ပဲ သူထိသွားပုံရတဲ့တစ်ခုတော့ ထည့်ထားတယ်။ ပြောရရင် ထည့်လို့လည်းမပြေပါဘူး။ ခေတ်ကြီးတစ်ခုလုံးကို ထင်ဟပ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ၂နာရီစာ ဇာတ်ကားထဲထည့်ဖို့ဆို မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဂျွန်ဝိန်းက သူရတဲ့၂နာရီစာဆိုတဲ့ အချိန်အတွင်းတော့ ဖြုတ်သင့်ဖြုတ် ပေါင်းသင့်တာပေါင်းပြီး အသပ်ရပ်ဆုံး ပုံဖော်သွားခဲ့တာကိုတော့ အာမခံလို့ရတယ်။ ဒီကားရဲ့ အဓိကပြဿနာက Run Time အရမ်းနည်းနေတာပါပဲ။ အဲဒီခေတ်ပရိသတ်ကလည်း ဒီ၂နာရီစာဆိုတဲ့ အချိန်လောက်ကိုပဲ လက်သင့်ခံကြတာကလည်း တစ်ပိုင်းပါတယ်။ ဒီလိုဆိုလို့ သူ့အရင် ထွက်တဲ့ Gone With The Windကျ ၄နာရီစာဖြစ်နေတဲ့အချက်ကိုတော့ ထောက်ပြစရာရှိမယ်။ လေရူးသုန်သုန်ရုပ်ရှင်က ၄နာရီကြာတာမှန်သလို အဲဒီခေတ်ပရိသတ်က ၂နာရီပဲ အများစုလက်ခံကြတာလည်းအမှန်ပါပဲ။ လေရူးသုန်သုန်က Civil War-era epic ဇာတ်အိမ်မျိုးရှိပေမဲ့ ဒေါသမာန်ကတော့ သူ့မျက်မှောက်ခေတ်နဲ့ သိပ်မကွာလှတာလည်းပါလိမ့်မယ်။ စတိုင်းဘတ်ကိုယ်တိုင် စာအုပ်မှာ တစ်ချို့လူတွေ ဖောင်းထုတာ ခံခဲ့ရတဲ့အပိုင်းကြောင့်လည်း ပါကောင်းပါမယ်။ ထုတ်လုပ်ရေးပိုင်းကြောင်းလည်းပါတယ်။ ဒေါသမာန်ကိုတော့ စတူဒီယိုက သာမန်လျှံကာပဲ ထုတ်ခဲ့ပေမဲ့ လေရူးသုန်သုန်ကိုတော့ စတူဒီယိုက prestige blockbuster ဖြစ်လာဖို့ ရည်ရွယ်ပြီး ထုတ်ခဲ့တယ်။ ဆိုတော့ ခေတ်အရရော ရုပ်ရှင်နဲ့စာအုပ်ရဲ့ ကွာခြားချက်အရရောကြောင့် ဒီကားကို အားမရတဲ့လူတွေ အားမရပေမဲ့လည်း ရုပ်ရှင်ကောင်းတော့ ဖြစ်နေတုန်းပါပဲ။ ဇာတ်ဝင်ခန်းတစ်ခန်းမှာပေါ့။ အဘိုးကြီးတစ်ယောက်က ကားလမ်းဘေးက စားသောက်ဆိုင်ကလေးထဲ ဝင်လာတယ်။ ဆိုင်ထဲမှာ ကားဒရိုင်ဘာတစ်ယောက်နဲ့ စကားပြောနေတဲ့ စားပွဲထိုးမကတော့ ဒီအဆင် ဒီအဆင်တွေဟာ အကျိုးပေးမယ်မှန်းမသိတော့ ခပ်ချေချေပေါ့။ အဘိုးကြီးက ဝင်လာတာနဲ့ ” ကျုပ်တို့ကို ပေါင်မုန့်လေးတစ်လုံးလောက် ရောင်းပေးနိုင်မလား”လို့ပြောတော့ စားပွဲထိုးမက ငါထင်သလိုပဲဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ” ဒါကုန်စုံဆိုင်မဟုတ်ဘူး ကျွန်မတို့မှာ ဆန်းဒဝစ်လုပ်ဖို့ပဲ ရှိတယ်”လို့ ပြန်ပြောတာပေါ့။ အဘိုးကြီးက မျက်နှာလေးအိုအိုနဲ့ ” သိပါတယ် မဒမ်ရာ အမေကြီးအတွက်မို့ပါ။ သူကသွားမရှိဘူးလေ ရေနဲ့နှူးပြီး ကျွေးမှ ဝါးနိုင်တာ သူဗိုက်ဆာနေလို့ပါ”လို့ပါ တောင်းပန်တယ်။ မလျှော့တဲ့ စားပွဲထိုးမက “ဆန်းဒဝစ်ပဲဝယ်လိုက်ပါလား ကျွန်မတို့ဆီက ဆန်းဒဝစ်တွေက သိပ်ကောင်းတာ”လို့ ခွန်းတုံ့ပြန်ပြန်ရော။ ဇီးရွက်လောက်ပဲ ကျန်တော့တဲ့ မျက်နှာနဲ့ အဘိုးကြီးကတော့ ထပ်ရှင်းပြရှာတယ်။ “ဟုတ်ကဲ့ ကျွန်တော်လည်း ဝယ်ချင်ပေမဲ့ မဒမ်ရယ်… ကျွန်တော်တို့မှာ ပေါင်မုန့်ဖိုးက၁၀ဆင့်ပဲရှိတာ အဲဒါမှခရီးအတွက်လောက်မှာမို့ပါ”လို့ပေါ့။ ဒါပေမဲ့လည်း စားပွဲထိုးမက မလျှော့ပြန်ပါဘူး “၁၀ဆင့်နဲ့ ဘာပေါင်မုန့်မှမရဘူး ပေါင်မုန့်တစ်လုံးကို အနည်းဆုံး၁၅ဆင့်တန်ပဲရှိတယ်”လို့ ပြောပြန်တယ်။ စားဖိုမှူးက ပေးလိုက်စမ်းပါကွာလို့ပြောတော့လည်း စားပွဲထိုးမက ပေါင်မုန့်ကားမလာခင် ပေါင်မုန့်ကုန်သွားရင် ဘယ်လိုလုပ်ကြမလဲလို့ စောဒကတက်ပြန်တာပါပဲ။ စိတ်မရှည်တော့တဲ့ စားဖိုမှူးက ” အေး ကုန်တော့လည်းကုန်ပါစေ ကုန်ပါစေပေါ့”လို့ပြောပြီး ဘုတောလိုက်မှ စားပွဲထိုးမက ပေါင်မုန့်သွားယူလာပြီး အဘိုးကြီးကို ရောင်းပေးတော့တယ်။ ဒါလည်း ချိုချိုသာသာမဟုတ်ပါဘူး။ ဆောင့်ကြီးအောင့်ကြီးနဲ့ပဲ။ စားပွဲထိုးမပေါင်မုန့်သွားယူနေတဲ့အချိန်မှာ ကလေးလေး၂ယောက်က အဘိုးကြီးနောက်ကို လိုက်လာပြီး ဆိုင်ထဲဝင်လာခဲ့တယ်။ ငွေရှင်းတဲ့ကောင်တာနားက ချိုချဉ်တွေကို တွေ့သွားတဲ့အချိန် သူတို့အခြေအနေကိုလည်း သူတို့သိနေတော့ ဘာမှမပူဆာဘဲ မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေခဲ့ကြတယ်။ အဘိုးကြီးလည်း မနေသာတော့ ” ဟိုးက ချိုချဉ်တွေက တစ်ဆင့်တန်တွေလား”လို့ စားပွဲမကိုမေးလိုက်တယ်။ စားပွဲထိုးမက…” မဟုတ်ဘူး”လို့ ပြောပြီးမှ သူ့ကောင်တာရှေ့တည့်တည့်က ကလေးလေး၂ယောက်ရဲ့ မျက်လုံးကို မြင်သွားပြီး ဆောင့်ကြီးအောင့်ကြီးဖြစ်နေခဲ့တဲ့ သူ့မျက်နှာပေါ်ဝမ်းနည်းရိပ်သန်းလာခဲ့တယ်။ ” အာ မဟုတ်ဘူး ၂ချောင်းတစ်ဆင့်”လို့ ပြာပြာသလဲဖြေလိုက်တယ်။ အဘိုးကြီးကလည်း တစ်ဆင့်ပေးပြီး ကလေးနှစ်ယောက်ကို ချိုချဉ်တစ်ယောက်တစ်ခု ဝယ်ကျွေးနိုင်ခဲ့တယ်။ အဘိုးကြီးတို့ ထွက်သွားပြီးတော့ ခုန စားပွဲထိုးမနဲ့ စကားပြောနေတဲ့ ကားဒရိုင်ဘာက ” အဲဒါတွေက နှစ်ချောင်းတစ်ဆင့်တန်မဟုတ်ဘူးလေ တစ်ခုကို ၅ဆင့်မလား”လို့ မချိုမချဉ်မျက်နှာပေးနဲ့ စားပွဲထိုးမကို လှမ်းပြောလိုက်တာပေါ့။ စားပွဲထိုးမကတော့ ” ရှင့်အပူပါလို့လား”လို့ပဲ ပြန်ပြောခဲ့တယ်။ ခဏနေတော့ ကားဒရိုင်ဘာ ငွေရှင်းဖို့ ထလာတယ်။ ပိုက်ဆံပေးပြီးတဲ့နောက် တံခါးဝဆီတန်းသွားခဲ့တယ်။ စားပွဲထိုးမက ” နေပါဦး ပြန်အမ်းငွေယူသွားဦးလေ”လို့ ပြောတော့ ဒရိုင်ဘာကလည်း တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်။ ” မင်းအပူပါလို့လား”တဲ့။ ဂျွန်ဖို့ဒ် နည်းနည်းပြင်ရိုက်ထားတဲ့ ဒီဇာတ်ဝင်ခန်းလေးကိုပဲ ဂျွန်စတိုင်းဘတ်က သူ့စာအုပ်ထဲ ပုံဖော်ထားတာက စာမျက်နှာ၂၀နီးနီးရှိတယ်။ စတိုင်းဘတ်က အဲဒီလောက် အသေးစိတ်ကျကျ ရေးတဲ့လူဆိုတော့ ဂျွန်ဖို့ဒ် ဒီလောက်ထိလုပ်ပြနိုင်တာပဲ ဟုတ်တော့ဟုတ်နေတဲ့ သဘောပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.8 GB) / (2.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:09:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Animation • Adventure • Family • Comedy
8.1 1940 129 mins
The Grapes of Wrath
Love In The Clouds
5.5

ဆီယက်တယ်လ်က သတင်းထောက် ဘရွတ်ကလင် (McKenzie Westmore) ဟာ နယူးမက္ကဆီကိုရဲ့ ရောင်စုံမီးပုံးပျံပွဲဖီယက်စတာကို သတင်းယူဖို့ ရောက်လာချိန်မှာ ရိုမန်တစ်ဆန်တဲ့ မီးပုံးပျံပိုင်းလော့ ဂျရက်(Paul Greene) နဲ့ ဆုံတွေ့ခဲ့တယ်။ သူဟာ ချစ်သူတွေအတွက် ရင်ခုန်စရာ မီးပုံးပျံခရီးတွေ ပို့ဆောင်ပေးနေပေမယ့် သူ့ရဲ့ နှလုံးသားကတော့ အချစ်အတွက် နေရာမရှိပါဘူး။ အယ်လ်ဘူကာကီရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေကြားမှာ သူတို့နှစ်ဦးရဲ့ မမျှော်လင့်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာတဲ့အခါ… ဒီရိုမန်တစ်ဇာတ်လမ်းဟာ အချစ်ရဲ့ မှော်ဆန်မှုနဲ့ မီးပုံးပျံ တွေရဲ့ လွတ်လပ်မှုကို ရောယှက်ပြီး သင့်နှလုံးသားကို မိုးကုတ်စက်ဝိုင်းထက် လွင့်ပျံစေမယ့်ခရီးစဥ်တစ်ခုကို ကြည့်ရှုလိုက်ကြပါ….. File Size… (1.40 GB) / ( 691 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 24m Genre …..Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

5.5 2025
Love In The Clouds