YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Pennyworth.2020.S02EP6.BluRay1080P(CM).mp4

660.72 MB 1080p video/mp4 66 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Baadshah
5.3

ဒီနေ့မိတ်ဆက်ပေးချင်တာက‌တော့ ဘောလီဝုဒ် အက်ရှင်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အကလည်းရ၊ သရုပ်ဆောင်လည်းရ၊ အစီအစဉ်တင်ဆက်လည်းရတဲ့ မင်းသားကြီး N.T.Rama Rao Jr. နဲ့ နာမည်ကြီးမင်းသမီး Kajal Aggarwal တို့ ပါ၀င်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းကိုပြောရရင် ရာမာရောင် ဆိုတဲ့လူဟာ အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် ရဲတစ်ဖွဲ့ထဲဝင်ဖို့လျှောက်တဲ့အခါ သူ့အဖေက လူဆိုးဂိုဏ်းထဲမှာရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် အငြင်းခံလိုက်ရပါတယ်။ အဲဒီအချိန်မတိုင်ခင်က ဆာဒူဘိုင်းဆိုတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက် ခွဲလိုက်တဲ့ဗုံးမှာ သူ့ညီ ဆစ်ဒူ ပါသွားပြီး အသက်ဆုံးရှုံးသွားခဲ့ရတာပါ။ ဒီအချိန်ကစပြီး ရာမာရောင်ဟာ ဘာရှာ ဆိုတဲ့ နာမည်ကြီးလူသတ်သမားတစ်ယောက် ဖြစ်သွားခဲ့ပြီး ဆာဒူဘိုင်းကို လက်စားချေဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားဟာ Action သီးသန့်မဟုတ်ပဲ Drama/ Comedy တို့နဲ့ပါ ပေါင်းစပ်ထားသေးတာကြောင့် ကြည့်ရင်းနဲ့ ပျင်းဖို့အချိန်ကို မရှိနေတဲ့အတွက် ဘောလိဝုဒ်ကြိုက်တဲ့သူရော၊ ဘောလိဝုဒ်မကြည့်ဖြစ်တဲ့သူတွေပါ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…3.68GB / 1.96GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Drama
5.3 2013 155 mins
Baadshah
Empire Records
6.7

~ IMDb - 6.7/10, VUDU - 4.5/5 ~ Empire Records ဆိုတဲ့ ဆိုင်တစ်ဆိုင်မှာ ဆယ်ကျော်သက်အလုပ်သမား‌လေးတွေနဲ့ သက်လတ်ပိုင်းမန်နေဂျာတစ်ယောက်ဟာ ပျော်ရွှင်လွတ်လပ်စွာ အလုပ်လုပ်ကြပါတယ်။ တစ်ညမှာ မန်နေဂျာ Joe Reeves ဟာ ဆိုင်က Lucas ဆိုတဲ့ကောင်လေးကို ညဆိုင်ပိတ်ဖို့မှာပြီး ထားခဲ့ပါတယ်။ Lucas ဟာ သူတို့ဆိုင်ဟာ Music Town ဆိုတဲ့ Industry တစ်ခုအောက်ကိုရောက်တော့မယ့်စာချုပ်တစ်ခုကို တွေ့တဲ့အခါမှာ ဒါကိုကယ်တင်နိုင်ဖို့ ရှိတဲ့ပိုက်ဆံ 9000 ကို Casino ရုံမှာ သွားပွားပါတော့တယ်။ ဒါပေမယ့်အကုန်ရှုံးပြီး ပိုခက်ခဲတဲ့အခြေအနေတစ်ခုကိုရောက်သွား‌ပါတယ်။ လွတ်လပ်တဲ့ သူတို့ရဲ့ဆိုင်လေးကို အုပ်ချုပ်သူအသစ်ရဲ့အောက်မှာ တင်းကျပ်တဲ့စည်းကမ်းတွေဖြစ်လာမယ့်အရေးကို မလိုလားတာ‌ကြောင့် သူတို့ဟာ ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ၊ 24 နာရီတစ်ရက်တာ‌ကို ရိုက်ပြထားတဲ့ဒီဇာတ်ကားထဲမှာ လူငယ်တွေဟာကိုယ်ရေးကိုယ်တာ ပြဿနာမျိုးစုံတွေနဲ့အတူ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို 1990 ဝန်းကျင် Rock တွေ Pop Music အလန်းစားတွေကိုခံစားနားဆင်ရင်းနဲ့ ရှုစားကြရမှာပါ။ ကမ္ဘာကျော် Rock Band ကြီးဖြစ်တဲ့ Aerosmith က Lead Singer ကြီး Steven Tyler ရဲ့ သမီးအရင်းဖြစ်ရုံတင်မကဘဲ ကျွန်တော်တို့ရဲ့ ရင်ထဲကို Lord of The Rings ဇာတ်ကားတွေနဲ့ The Incredible Hulk ဇာတ်ကားနဲ့ ဝင်လာခဲ့တဲ့ Childhood Crush မမ Liv Tyler ခေါင်းဆောင်ပါဝင်ထားတာမို့ သူ့ရဲ့ ငယ်ရွယ်စဉ်က အလှတရားတွေကို တခြား အဆိုကောင်း သရုပ်ဆောင်ကောင်း မင်းသမီးချောဖြစ်တဲ့ Renée Zellweger နဲ့အပြိုင်မြင်ရမှာမို့ အတော်ကို ကြည့်ရတန်မယ့် အဟောင်းအကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75B, 795MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 30Min Genre - Comedy, Drama, Music Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Crime • Thriller
6.7 1995 90 mins
Empire Records
A Savannah Haunting
4.4

A Savannah Haunting ================= သရဲကားမှကြည့်ချင်တာ၊ တကယ့်အဖြစ်အပျက်မှကြိုက်တာ ဆိုတဲ့သူတွေအတွက် သရဲကားအသစ်တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားကတော့ ဂျော်ဂျီယာပြည်နယ် ဆာဗားနားမြို့မှာရှိတဲ့ အိမ်တစ်အိမ်မှာ တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာဝီလီယမ် ကိုယ်တိုင် သူ့မိသားစုအိမ်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံဖြစ်ပြီး ဒီဇာတ်ကားကိုလည်း အဲဒီအိမ်မှာတင် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရန်ကော့ မိသားစုဟာ ဆာဗားနားမှာရှိတဲ့ လူမနေတာကြာပြီဖြစ်တဲ့ အိမ်တစ်အိမ်ကို ပြောင်းလာခဲ့ကြပါတယ်။ ဒီအိမ်ဟာ ဟိုးရှေးရှေးကတည်းက အတိတ်ဆိုးတွေရှိခဲ့တဲ့အိမ်ဖြစ်နေပေမယ့် အိမ်ထောင်ဦးစီးဖြစ်သူ အဲရစ်ဟာ ဒါတွေကို ယုံကြည်တဲ့သူ မဟုတ်တာကြောင့် ပေါ့ပြက်ပြက်ပဲ နေနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မိသားစုအပေါ် ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကြုံတွေ့လာရပြီးတဲ့နောက်မှာ အဲရစ်တို့မိသားစုတွေ ဒီအိမ်ကြီးထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှူနေရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သာမာန်သရဲကားတွေလိုမဟုတ်ဘဲ တကယ့်အဖြစ်အပျက်နဲ့ ကျောရိုးတည်ပြီး ရိုက်ကူးထားတာကြောင့် ဖြဲတာ၊ ကြဲတာတွေ သိပ်မပါတာကြောင့် “ဝူးရှူးဝါးတွေကြောက်လို့ သရဲကားမကြည့်ရဲပါဘူး” ဆိုတဲ့သူတွေလည်း ကြည့်လို့အဆင်ပြေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

Adventure • Animation • Comedy • Family
4.4 2021 103 mins
A Savannah Haunting
Twilight Over Burma
6.7

Twilight Over Burma (2015) ~ IMDb rating – 6.7/10 ~ ကိုလိုနီနှောင်းပိုင်း မြန်မာနိုင်ငံရဲ့ မငြိမ်သက်မှုတွေကနေ ဒီဇာတ်လမ်းက မြစ်ဖျားခံခဲ့တယ်ပြောရမလား။ အမေရိကက ပါတီတစ်ခုမှာ အာရှသားကောင်လေးတစ်ယောက်နဲ့ ဩစတေးလျသူကောင်မလေးတစ်ယောက် တွေ့ကြတဲ့အချိန်မှာပဲ ဒီဇာတ်လမ်းစတယ်လို့ ပြောရမလား။ ဒီဇာတ်လမ်းရဲ့ မူရင်းရေးသားသူ အင်ဂျီဆာဂျန့်အတွက်တော့ ပါတီတစ်ခုဟာ ဒီဇာတ်လမ်းရဲ့ အစဖြစ်ခဲ့တယ်။ အာရှသားကောင်လေးတစ်ယောက်က ဩစတေးလျသူလေးကို “ကျွန်တော်က စဝ်ကြာဆိုင်ပါ။ ဗမာပြည်အရှေ့မြောက်ဘက်က ရှမ်းပြည်က လာတာပါ။ တိတိကျကျဆို သီပေါဆိုတဲ့ သာယာတဲ့မြို့လေးကပေါ့။ အဲဒီနယ်က ကွန်နက်တီကတ်လောက်ကျယ်တယ်ဗျ။” လို့ သူ့ကိုယ်သူ စမိတ်ဆက်ခဲ့တယ်။ အဲဒီသူ့ကို လာမိတ်ဆက်တဲ့ အာရှသားကောင်လေးက ဗမာပြည်က စော်ဘွားမှန်းလည်း သူမသိခဲ့ဘူး။ ကောင်လေးကလည်း သူ့အကြောင်းသူ လုံးဝထုတ်မပြောခဲ့ဘူး။ ဒီလိုနဲ့ ကောင်လေးပြောသလို အတိတ်က ရေစက်ပါလာခဲ့လို့ သူတို့ချစ်ကျွမ်းဝင်သွားတယ်။ သူတို့လက်ထပ်ပြီး မြန်မာပြည်ကိုလာလို့ ရန်ကုန်မြစ်ထဲ သီပေါကလူတွေ လှေအစင်းစင်းနဲ့ လာကြိုမှပဲ စဝ်ကြာဆိုင်ဟာ အင်ဂျီ့ကို သူဟာ စော်ဘွားမှန်း ဖွင့်ပြောခဲ့တယ်။ စဝ်ကြာဆိုင်ဟာ စော်ဘွားမှန်း သူသိလိုက်တဲ့အချိန်မှာပဲ အင်ဂျီ မဟာဒေဝီ စဝ်သုစန္ဒီအဖြစ်ကို ရောက်မှန်းမသိရောက်သွားခဲ့ပြီ။ ဒီလိုနဲ့မဟာဒေဝီဟာ ရှမ်းလူမျိုးတွေရဲ့ ဓလေ့တွေ ရိုးရာတွေ ဘာသာစကားတွေကို ကျွမ်းဝင်လာအောင်လုပ်ရင်း သူ့ယောက်ျားကိုချစ်တော့ သူ့ယောက်ျားချစ်တဲ့ ရှမ်းပြည်ကိုပါ ချစ်ရင်း ရှမ်းပြည်နဲ့သူဟာ ပိုင်းခြားမရတော့တဲ့အထိဖြစ်လာတယ်။ ရှမ်းပြည်သာယာဝပြောရေးအတွက် သူတို့လင်မယားနှစ်ယောက်အတူတူ အားစိုက်ထုတ်ခဲ့ကြတယ်။ စဝ်ကြာဆိုင်ဟာ သူ့မြေက မြေရှင်ပဒေသရာဇ်စနစ်ရဲ့ ထိပ်ဆုံးက အကျိုးခံစားခွင့်ရှိသူဖြစ်ခဲ့ပေမဲ့ စဝ်ကြာဆိုင်ဟာ ဗမာနိုင်ငံကို ဒီမိုကရက်တစ်နိုင်ငံ ဖြစ်စေချင်ခဲ့တယ်။ ပေါ်ပေါ်ထင်ထင်လည်းပြောခဲ့သလို လုပ်လည်းလုပ်ခဲ့တယ်။ မဟာဒေဝီကလည်း အားပေးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ တစ်ဘက်က ဗိုလ်ချုပ်နေဝင်းကလည်း အာဏာသိမ်းဖို့ အစပျိုးနေခဲ့တယ်။ စဝ်ကြာဆိုင်ဟာ အာဏာမသိမ်းခင်တစ်ရက်အလိုမှာ အမျိုးသားညီလာခံကို သွားတက်ပြီး အာဏာသိမ်းမယ့်နေ့မှာ နေမကောင်းတဲ့အမဆီ သွားဖို့‌ တောင်ကြီးလေဆိပ်ကိုသွားခဲ့တယ်။ အဲဒီနောက်မှာပဲ အဖမ်းခံခဲ့ရတယ်။ သူဘာဆက်ဖြစ်သွားလဲတော့ ဘယ်သူမှမသိရတော့ဘူး။ ရဲဘော်သုံးကျိပ်ထဲက ဗိုလ်စကြာကတော့ မဟာဒေဝီကို ဗထူးမှာ စဝ်ကြာဆိုင်ကို သတ်လိုက်ပြီလို့ပြောခဲ့ပေမဲ့ မဟာဒေဝီကတော့ သူမသေမချင်း စဝ်ကြာဆိုင်ကို ဆက်ရှာနေဦးမယ်လို့ ဆိုခဲ့တယ်။ ဒါကတော့ ဒီရုပ်ရှင်ရဲ့ သမိုင်းနောက်ခံပါပဲ။ မူရင်းစာအုပ်ကိုတော့ မဟာဒေဝီအင်ဂျီဆာဂျန့်ကပဲ ရေးသားခဲ့ပြီး ဝင်းဖေကတော့ “မှုန်ရီဆိုင်း တိုင်းမြန်မာ” ဆိုပြီး ဘာသာပြန်ခဲ့ဖူးတယ်။ ၂၀၁၆မှာ ပထမအကြိမ်ထုတ်ခဲ့တယ်။ ဒီရုပ်ရှင်က မြန်မာမှာတင်ပိတ်ထားတာမဟုတ်ဘဲ ထိုင်းလူမျိုးသရုပ်ဆောင်တွေသုံးထားပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးအရ ထိုင်းမှာပါ ပြခွင့်မပြုခဲ့ဘူး။ ပြခွင့်မပြုရလောက်အောင်လည်း အကြောင်းအရာကလည်း အထိမခံသလို တချို့အပြတွေကလည်း တော်တော်ကြမ်းတယ်။ အင်ဂျီကတော့ သူကိုယ်တိုင်ကြုံရတာတွေကို အဓိကထားရေးထားတာဖြစ်ဖို့ ဒီရုပ်ရှင်ထဲက အဲဒီအထိမခံတဲ့အရာတွေတော့ အကုန်မပါလောက်ဘူး။ ဝင်ဖေးပြန်တဲ့မူထဲမှာတော့ စဝ်ကြာဆိုင်ကို ဖမ်းသွားပြီး မသိပါဘူးငြင်းတယ်ဆိုတာကလွဲ ကျန်တာ သိပ်တောင်မပါသလောက်ပဲ။ ၂၀၁၆ဆိုတော့ လွတ်လွတ်ကျွတ်ကျွတ်တော့ရေးလို့ရခဲ့မယ်ထင်ရတာပါပဲ။ စာအုပ်ထဲမှာတော့ ရှမ်းဓလေ့တွေ ဗမာဓလေ့တွေကို အင်ဂျီက သူစကြုံခဲ့ရတဲ့အကြောင်းတွေကို သေချာလေးရေးထားပေမဲ့ ရုပ်ရှင်မှာတော့ မစုံပါဘူး။ ဒါပေမဲ့ ရုပ်ရှင်မှာ ပိုစုံသွားတာတွေလည်း တော်တော်များပါတယ်။ ရုပ်ရှင်ရဲ့သမိုင်းတိကျမှုကိုတော့ လုံးစေ့ပတ်စေ့မသိနိုင်ပေမဲ့ စာအုပ်နဲ့တော်တော်ကွဲနေတာတွေတောင် ပါနေတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အဓိကဆိုလိုရင်းကတော့ မကွဲခဲ့ပါဘူး။ တကယ်တမ်း ဒီရုပ်ရှင်မှာ ကျွန်တော်ပိုသဘောကျတာက စဝ်ကြာဆိုင်နဲ့ စဝ်နန်းသုစန္ဒီတို့ရဲ့ အချစ်ဇာတ်လမ်းပါပဲ။ အားကျရလောက်အောင် ရိုမန့်တစ်ဆန်ကြတဲ့ အတွဲလို့ပြောရမယ်။ အဆုံးထိပါပဲ။ နောက် ဒီရုပ်ရှင်ထဲက စဝ်ကြာဆိုင်ကို ပုံဖော်ထားတာကလည်း သဘောကျစရာကောင်းပါတယ်။ ကျွန်တော်တို့စိတ်ကူးထဲက ခေါင်းဆောင်ပုံစံမျိုး ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ သူ့အကြောင်း များများစားစားတွေ့နိုင်တာဆိုလို့ Twilight Over Burma ပဲ ကျွန်တော်တော့ ရှာတွေ့ပါတယ်။ သမိုင်းဘယ်လောက်ထိမှန်လဲမသိပေမဲ့ ဗမာဘက်က အခြေအနေတွေ ယဉ်ကျေးမှုတွေကို ရိုက်ပြထားတာကတော့ တော်တော်ကြည့်ကောင်းတယ်ပဲ ပြောရပါမယ်။ ရှမ်းတွေဟာ နေကြတ်မယ့်နေ့တွေမှာ အိုးစည်ဗုံမောင်းတွေ ထောင်ချီတီးပြီး နေမင်းကို ဝါးမျိုမယ့် နဂါးကြီးကို ခြောက်ထုတ်ကြတယ်တဲ့။ Twilight Over Burma ဟာ ဘာအကြောင်းလဲဆိုရင်တော့ နဂါးကြီးကို ခြောက်မထုတ်နိုင်ခဲ့လို့ မှုန်ရီမှိုင်းသွားတဲ့ နေ့တွေအကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB Quality – 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 39Min Genre – Biography, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2015 100 mins
Twilight Over Burma
Margarita with a Straw
7.2

Margarita with a Straw (2014) =============================== imdb 7.2 / 3.9k Margaritaလေးတခွက်ကို ပိုက်လုံးလေးနဲ့ စုပ်ပြီး သောက်တတ်တဲ့ မသန်စွမ်းမိန်းမပျိုလေးရဲ့ ဆယ်ကျော်သက်အရွယ် ဘဝဖြတ်သန်းတဲ့ပုံစံကို ဟာသရော ဒရာမာရော ရသနှစ်မျိုးကို အလှည့်ကျရောစပ်ပြီး ပျော်တလှည့်ဝမ်းနည်းတလှည့်ကြည့်ရှုသွားရမယ့် ဇာတ်လမ်းလေးတပုဒ်ကို တင်ဆက်ပေးချင်ပါတယ် လိုင်လာဆိုတဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းမသန်စွမ်း မိန်းကလေးတစ်ယောက်ဖြစ်ပြီး မိဘနှစ်ဦးရဲ့အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ဖူးဖူးမှုတ်ခြင်းခံထားရပြီး အနုပညာပိုင်းကိုလဲ ဝါသနာပါလှသူလေးပဲဖြစ်ပါတယ် အရွယ်ရောက်ပြီး သူမ ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့ တခြာားရွယ်တူတွေလို အချစ်ကို စမ်းသပ်ရူးမိုက်ချင်သူလေးတဦးဖြစ်လာပါတော့တယ်… သူမဟာ တခြားသာမန်လူတွေလိုပဲ အချစ်ကိုခံစားရူးသွပ်နိုင်မှာလား ဒါမှမဟုတ် အချစ်ရေးမှာပဲ ကံခေမှာလားဆိုတာကို ပျော်ရွှင်စရာအခိုက်တန့်လေးတွေ ဝမ်းနည်းစရာအခိုက်တန့်လေးတွေနဲ့အတူ စီးမြောခံစားကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်

Thriller • Science Fiction • Mystery
7.2 2014
Margarita with a Straw
Handsome

Handsome (2023) မီနမ်(လူချောလေး)ဆိုတဲ့ စုံထောက်ဟာ နာမည်ချောပေမဲ့ လူကတော့ မချောနိုင်လို့ တော်တော်အခက်တွေ့နေသူပါ အဲဒါတင်မကဘဲ လုပ်တဲ့ အလုပ်တိုင်းမှာ တော်တော်ကိုးရိုးကားယားနိုင်ပြီး ပြဿနာချည်းဖြစ်နေလို့ အဖွဲ့က မစ်ရှင်တွေမှာ သူ့ကိုချန်ထားချင်ကြပါတယ် တစ်နေ့ယာဉ်တိုက်မှုဖြစ်ပြီး လုံးဝတခြားတစ်ယောက်လူလို ပြောင်းသွားတဲ့အခါမှာ ပြဿနာကပိုကြီးလာပါတော့တယ် အဲဒါကြောင့် အဖွဲ့က အထူးတာဝန်ပေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ကို အသွင်ယူ စုံစမ်းခိုင်းရင်းကနေ အဲဒီရာဇဝတ်မှုကို ဖမ်းနိုင်မလား အလုပ်မှာ ယုံကြည်မှုပြန်ရမလားဆိုတာ ကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre…..Comedy Quality…. 1080p | 720p File size… 1.1GB | 406MB Format… mp4 Duration….1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder …..Aaron

0 2023
Handsome
Iraivan
5

Iraivan 2023 (သို့) အပြုံးလူသတ်သမား IMDb 5.1/10 ဘတ်ဂျက် သန်း ၂၈၀ သုံးထားပြီး သတ်ခန်းဖြတ်ခန်းတွေကို ဆင်ဆာဖြတ်ထားခြင်းမရှိဘဲ သွေးသံရဲရဲနဲ့ ကျောချမ်းစရာမြင်ကွင်းတွေကို ကွင်းကွင်းကွက်ကွက်ပြသထားတဲ့ ရုံကားတစ်ကားပဲဖြစ်ပါတယ် အပြုံးလူသတ်သမား .. ဒီနာမည်ဖြစ်တည်လာပုံကတော့ စိတ္တဇလူသတ်သမားကသူသတ်တဲ့လူကို အပြုံးလှလှလေးတစ်ခုဖန်တီးပေးလိုက်လို့ပါပဲ ဘယ်လိုမျိုးလဲဆိုရင် သေရင်တောင်မှ ပီပြင်တဲ့အပြုံးတစ်ခုပေါ်လွင်လာဖို့ ပါးနှစ်ဖက်စလုံးမှာ ပါးစပ်ကိုဓားနဲ့ထိုးခွဲပြီးဖန်တီးပေးလိုက်တာပါ ဒါတင်မက မျက်လုံးတွေကိုပါဖောက်ထုတ်ပြီး တစ်ကိုယ်လုံးကိုဓားနဲ့မွှန်းပြီး လူမြင်ကွင်းမှာ သွားသွားပစ်ထားတတ်တာက သူ့အကျင့်လေးတစ်ခုပေါ့ ဒါပေမဲ့သူ့သင်္ကေတကတော့မိန်းကလေးတွေကိုပဲသတ်တာပါ ကျားဆိုယောင်လို့တောင်လှည့်မကြည့်တတ်တဲ့ ဒီအပြုံးလူသတ်သမားကြောင့်ချန်နိုင်းရဲမင်းကြီးက ဒီအမှုကို မင်းသား၂လက်ဖြစ်တဲ့ အန်ဒရူးနဲ့ အာဂျွန့်ဆီတာဝန်ပေးအပ်လိုက်ပါတယ် သိုပေတည်း ၆လကြာတဲ့အထိ အသတ်ခံရတဲ့မိန်းကလေး ၁၂ယောက်တောင်ဖြစ်လာခဲ့ပြီး လူသတ်သမားအကြောင်း တစ်စွန်းတစ်စတောင်မသိရလေတော့ ပြည်သူတွေအုံကြွပြီး ဆန္ဒတွေပြကြနဲ့ အဘက်ဘက်ကဖိအားတွေနဲ့ သူတို့၂ယောက်.. ဥာဏ်ပြေးလွန်းတဲ့ စိတ္တဇလူသတ်သမားနဲ့ ရဲတွေကြား ပညာပြိုင်ကြပုံကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် (အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ BpL ~V ~ Zwe ~ Alex ~ ToMo ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Drama
5 2023
Iraivan
The Abode
4

The Abode (2023) ============== ဒီဇာတ်လမ်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာက အမေရိကန်လူမျိုး နယ်သစ်ချဲ့ထွင်သူ ပင်လယ်ဓားပြခေါင်းဆောင်က မြို့တစ်မြို့ကိုသိမ်း ပြီး အဲဒီကမြို့သား အိန္ဒိယန်လူမျိုးတွေအကုန်လုံးကို သတ်ပစ်ရာက နေစတာပါပဲ။ အဲဒီအချိန်တုန်းက ပင်လယ်ဓားပြ ရဒ်ဘတ်ရဲ့အိမ်ဖော် လာရာက အိန္ဒိယန်လူမျိုး တလာကိုကို သူ့သခင် မသိအောင် ကယ်တင် လိုက်ပါတယ်။ နောက်ပိုင်းမှာ လာရာနဲ့ တလာကိုတို့ အချင်းချင်းချစ်သွားကြချိန် ရဒ် ဘတ်ကမိပြီး တလာကိုကို သတ်လိုက်ပါတယ်။ ဒီလိုနဲ့ အခုခေတ်ကို ရောက်လာတော့ လာရာက ရဒ်ဘတ်ရဲ့သမီးအဖြစ် လူပြန်ဝင်စားပြီး သူ့အဖေကိုမုန်းနေတော့တာပါပဲ။ နောက်တော့ အိန္ဒိယန်လူမျိုးတွေ အသတ်ခံရတဲ့မြို့ကို လာရာ သူ့သူငယ်ချင်းတွေနဲ့ တလာကိုအကြောင်း စုံစမ်းဖို့သွားပြီး ရဒ်ဘတ်အပါအဝင် လူတွေအများကြီးသေခဲ့တဲ့ သရဲ ခြောက်လို့နာမည်ကြီးတဲ့အိမ်မှာ တည်းကြပါတယ်။ ဒီလိုနဲ့ သရဲကား ထုံးစံအတိုင်း အိမ်ကြီးထဲ ဘယ်လိုတွေအခြောက်ခံရမလဲဆိုတာကို ခြောက်ခြားစွာ ကြည့်ရှုနိုင်မယ့် လူဝင်စားတာနဲ့ပတ်သက်တဲ့ သရဲကား တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.6 GB) / (616 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Thwal Htoo Zin Encoder……….SWM

4 2023
The Abode
Live Stream
5.5

Freelancer PD အဖြစ် အလုပ်လုပ်နေတဲ့ ချွဲဒုံဂျူ(Park SunHo)ဟာ အမှတ်မထင်ရခဲ့တဲ့ Link ထဲ ဝင်ကြည့်မိရင်းက သူ့ရဲ့ကောင်မလေး ချောင်းရိုက်ကင်မရာနဲ့ တိုက်ရိုက် Live လွှင့်ခံနေရတာကို တွေ့လိုက်မိတဲ့အခါ… Coins ရဖိုအတွက် ကြည့်ရှုသူတွေစိတ်တိုင်းကျ အဖော်အချွတ်ဗီဒီယိုတွေ ရောင်းဖို ပြန်ပေးဆွဲခံထားရတဲ့ ကောင်မလေးဖြစ်သူကို ဘယ်လိုရအောင် ကယ်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်သွားရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အဲဒီထုတ်လွှင့်မှုရဲ့ အဓိကဗီလိန်ကြီးအဖြစ် သရုပ်ဆောင်ထားတာကတော့ The Killing Vote ထဲက မင်းသားကြီး Park SungWoong ဖြစ်တာမိုလို ဇာတ်ကား စ၊လယ်၊ဆုံး မျက်တောင်မခတ်စတမ်း စိတ်ဝင်တစားနဲ့ကြည့်ရှုသွားရမှာပါ။ File size…1.49GB / 630 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by HsuPyae

5.5 2023
Live Stream
Wild Things 2
5.2

Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။ အခုတင်ဆက်ပေးမယ့် အပိုင်း ၂ မှာတော့ ဘရစ်တနေဟေဗာ ဆိုတဲ့ မီလျံနာသူဌေးကြီးတစ်ဦးရဲ့မယားပါသမီး အထက်တန်းကျောင်းသူလေးကိုတွေ့မြင်ရမှာပါ။ ဘရစ်တနီရဲ့မိခင်က မကြာသေးခင်ကမှ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပြီး အခုချိန်မှာတော့ ပထွေးဖြစ်သူနဲ့ နှစ်ဦးတည်းနေထိုင်နေတာဖြစ်ပါတယ်။ ဘရစ်တနီကအထက်တန်းကျောင်း ဘော်လီဘောအဖွဲ့ဝင်တစ်ဦးဖြစ်သလိုအပေါင်းအသင်းလည်းဝင်ဆန့်တဲ့အတွက် ကျောင်းမှာနာမည်ကျော်တွေထဲကတစ်ယောက်ပါ။ သူ့ရဲ့ငယ်စဉ်ဘ၀က ဆင်းရဲခဲ့တဲ့အတွက် အဲ့ဒါကိုအားနည်းချက်လိုအမြဲထုတ်ဖော်တိုက်ခိုက်ပြီး သူ့ကိုမနာလိုနေတဲ့ မာယာကင်း ဆိုတဲ့ပြိုင်ဘက်ကျောင်းသူတစ်ယောက်လည်း သူ့မှာရှိနေပါတယ်။ တစ်နေ့တော့ သူ့ပထွေးဖြစ်သူ သန်းကြွယ်သူဌေးကြီးဟာ ခရီးသွားစဉ်မတော်တဆမှုနဲ့သေဆုံးသွားခဲ့ပြီး အမွေကိစ္စရှေ့နေတွေနဲ့ရှင်းလင်းတဲ့အချိန်မှာသူ့အတွက် တစ်နှစ်စာ ထောက်ပံ့ကြေး ၂၅၀၀၀ ကလွဲလို့ဘာမှချန်မထားခဲ့ပဲ ကျန်တဲ့စည်းစိမ်မှန်သမျှကို သူ့မှာသွေးသားရင်းရှိခဲ့ရင် အဲ့ဒီလူကိုသာလွှဲပြောင်း ဆက်ခံစေမှာဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ဒီသွေးသားရင်းဆိုတဲ့သူက တကယ်တမ်းထွက်ပေါ်လာမှာလား? အဲ့ဒီလူဟာ ဘယ်သူဖြစ်နေမလဲ? ပထွေးဖြစ်သူရဲ့သေဆုံးမှုဟာလည်း သာမန်မတော်တဆမှုတစ်ခုပဲလား အစရှိတာတွေကို အဆုံးသတ်အထိ မြုပ်ကွက်တွေ ပဟေဠိတွေအပြည့်နဲ့ရှုစားရမှာပါ။ Erotic Thriller အမျိုးအစားဖြစ်တဲ့အတွက် အဖော်အချွတ်လေးတွေအနည်းငယ်ပါဝင်ပါတယ်။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.8GB)/(990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Drama • Horror
5.2 2004 95 mins
Wild Things 2
Femme Fatale

ဟော့ဟော့ရမ်းရမ်း ဇာတ်ဝင်ခန်းတချို့ပါဝင်ပြီး ဇာတ်သိမ်းတော်တော်မိုက်တဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် Laure ဆိုတာ အတွင်းစိတ် ကောက်ကျစ်စဉ်းလဲတဲ့ မိန်းကလေး… သူရယ် သူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ရယ် ပေါင်းပြီး ပါရီမြို့က ရုပ်ရှင်ပွဲတော်တစ်ခုမှာ စိန်တွေဝတ်လာတဲ့ ဒါရိုက်တာဘေးက အမျိုးသမီးရဲ့ စိန်တွေကို ခိုးဖို့လုပ်ကြတယ် စိန်ခိုးမစ်ရှင်မှာ အလွဲတွေဖြစ်သွားတော့ ကျန်တဲ့နှစ်ယောက်ကို သစ္စာဖောက်ပြီး စိန်တွေနဲ့ လစ်ပြေးသွားတယ် ကံကောင်းချင်တော့ ပါရီမြို့က လီလီဆိုတဲ့ ကောင်မလေးနဲ့ သူ့ကိုအမှတ်မှားနေကြတဲ့အခါမှာ လီလီ့အိမ်ကို ရောက်သွားရင်း … ဇာတ်လမ်းကို အများကြီးပြောမနေတော့ပါဘူး ဟော့ဟော့ရမ်းရမ်း ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရကျိုးနပ်မယ့် ရုပ်ရှင်လို့ပဲ ညွှန်းပါတယ် File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Mystery, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sike Tan

0 2002
Femme Fatale
Women from Rote Island
6.7

အမျိုးသမီးများအပေါ်မှာလိင်အကြမ်းဖက်ခြင်းဆိုတာက တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းမှာကြုံတွေ့နေရတဲ့ ဟိုးအရင်ခေတ်ကတည်းကနေ အခုလို တိုးတက်ဖွံ့ဖြိုးတဲ့ခေတ်ကြီးအထိရောက်တဲ့တိုင်အောင် ဖြေရှင်းလို့ မရနိုင်သေးတဲ့ပြဿနာတစ်ခုဖြစ်နေပါသေးတယ်။ အဲ့ဒီလိုအကြမ်းဖက်မှုတွေကိုခံစားရတဲ့အမျိုးသမီးတွေရဲ့ခံစားချက်တွေ သူတို့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ ဒါကြီးကိုတွန်းလှန်ပြီး ရှေ့ဆက်နိုင်ဖို့အတွက်ခွန်အားပေးပြီးရိုက်ကူးထားတဲ့ 2024 ခုနှစ်တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Women From Rote Island ဖြစ်ပြီး လက်ရှိ IMDb Rating 6.8 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အောပါဆိုတဲ့အမျိုးသမီးရဲ့ခင်ပွန်းဆုံးပါးသွားတဲ့ အတွက် ဈာပနလုပ်ဖို့အချိန်တန်နေပေမဲ့ တစ်နယ်တစ်ကျေးမှာအလုပ် သွားလုပ်နေတဲ့ သမီးကြီး မာသာ အိမ်ကိုပြန်မလာသေးတာကြောင့် တစ်ပတ်ကြာတဲ့အထိရုပ်အလောင်းကြီးကိုမပုပ်သိုးအောင်ထားထားရတဲ့ အပြင် အသုဘလာရောက်တဲ့ ရပ်ရွာဆွေမျိုးတွေလည်း ရက်တွေကြာ လာတော့အခက်တွေ့လို့နေကြပါတော့တယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ မာသာပြန်ရောက်လာခဲ့ပေမဲ့ အရင်တုန်းက မဖြစ်ခဲ့ဖူးတဲ့စိတ်ဝေဒနာဖြစ်နေခဲ့ပါတော့တယ်။ဒါပေမယ့်လည်း ဈာပနပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အောပါနဲ့ သမီးဖြစ်သူ မာသာ ဘက်သာတို့နဲ့အတူဒီရွာလေးမှာပဲဆက်နေထိုင်ခဲ့ပါတော့တယ်။ ဒါပေမယ့် အိမ်မှာယောက်ျားသားလည်းမရှိတော့တဲ့ အောပါတို့အိမ်က မသမာသူတွေအတွက်မျက်စိကျစရာဖြစ်ပြီး သမီးနှစ်ယောက်လုံး လိင် အကြမ်းဖက်ခံခဲ့ရတဲ့အခါမှာတော့ အမေတစ်ယောက်အနေနဲ့ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ရှုစားရမဲ့ ပညာပေး ဒရာမာဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (2.53GB) / (1.27GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Horror
6.7 2024 143 mins
Women from Rote Island
Love of the Irish
6.5

Love of the Irish (2025) IMDb Rating (6.5) မိသားစု/ဒရာမာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ်။ ဖီရိုနာက နယူးယောက်မြို့မှာ တစ်သက်လုံး အကလူရွေးပွဲတွေ တစ်ခုပြီးတစ်ခု ဝင်အရွေးခံခဲ့ပေမဲ့ မအောင်မြင်တာကြောင့် သူ့ကိုယ်သူကံဆိုးတတ်သူတစ်ယောက်လို့ ခံယူထားတာပါ။ တစ်ဖက်မှာလည်း ဖီရိုနာရဲ့အမေဟာ သူ့ရဲ့မိခင်အရင်း (MJ) ပို့ခဲ့တဲ့စာကို အကြောင်းမပြန်ခဲ့ဘဲ အမေအရင်းကိုတွေ့ချင်ပါရက်နဲ့ အပြောင်းအလဲကို မဝံ့ရဲသူ.. ဒါပေမဲ့ ဖီရိုနာရဲ့တိုက်တွန်းစကားကြောင့် သူတို့သားအမိ အိုင်ယာလန်နိုင်ငံကို ရှာပုံတော်ခရီးထွက်လာတဲ့အခါမှာတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size… (1.6 GB) / (880 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:24:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Sike Tan

TV Movie • Comedy • Romance
6.5 2025 84 mins
Love of the Irish