YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Payback.2023.EP7.HDTV.1080P(CM).mp4

866.47 MB N/A video/mp4 317 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Crossfire
4

အက်ရှင်မင်းသားကြီး Louis Mandylorရဲ့ ကားသစ်လေးဖြစ်တဲ့ Crossfire movieလေး ထွက်ရှိလာပါပြီ။ ဒီကားလေးထဲမှာတော့ Louisတစ်ယောက်ဟာ နိုင်ငံတော်အတွက် တာဝန်ကျေတဲ့ အေးဂျင့်ကောင်းတစ်ယောက်၊ လူကုန်ကူးခံရတဲ့မိန်းကလေးတွေကို ကယ်တင်ပေးတဲ့ဟီးရိုးတစ်ယောက်ဖြစ်တဲ့ အေးဂျင့်Mark Patson အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အရမ်းတော်လွန်းတဲ့အေးဂျင့်တစ်ယောက်ကို အဖေတော်ထားရတဲ့ခံစားချက်ကဘယ်လိုဖြစ်မလဲ။ အများအမြင်မှာတော့ သူရဲကောင်းကိုအဖေတော်ရတာ ဂုဏ်ယူဖို့ကောင်းတယ်လို့မြင်ကြပေမဲ့ လက်တွေ့မှာတော့ ‌သူဖမ်းခဲ့တဲ့လူဆိုးတွေက လက်စားလာချေမှာကို စိုးရိမ်ထိတ်လန့်နေရတာမျိုးပေါ့။ တစ်နည်းအားဖြင့်ပြောရရင် ဒီရုပ်ရှင်လေးထဲက Alishaလေးရဲ့ဘဝဟာလည်း အလားတူပါပဲ။ အမျိုးသမီးငယ်လေး‌တွေကို လူကုန်ကူးနေတဲ့ Godzillaမာဖီးယားဂိုဏ်းကို အမြစ်ပြတ်ရှင်းလင်းနိုင်ခဲ့တဲ့အတွက် Mark Patsonဟာ လူအများပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အေးဂျင့်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဒီရှင်းလင်းသုတ်သင်မှုရဲ့နောက်ကွယ်က အရင်းအနှီးကတော့ တစ်ဖက်ဂိုဏ်းရဲ့အငြိုးအတေးအောက်မှာ ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရခြင်းပါပဲ။ နဂိုထဲက အဖေဖြစ်သူစွမ်းဆောင်ချက်ကြောင့် နေရာတိုင်းမှာ သတိနဲ့နေနေရတာကို မနှစ်မြို့တဲ့Alishaကတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့နေ့ကတည်းက ဖခင်ဖြစ်သူကိုအမုန်းကြီးမုန်းပါတော့တယ်။ ကျော်ကြားမှုနဲ့မိသားစုကို လဲပစ်တဲ့လူ၊ မိသားစုအတွက်မတွေးဘဲ သူရဲကောင်းကြီးလုပ်ချင်နေတဲ့လူလို့ သူ့ကိုအထင်လွဲသွားတဲ့ Alishaကို ဖြေရှင်းချက်ပေးဖို့ Markတစ်‌ယောက် အလုပ်ထွက်ပြီး နားလည်မှုရယူဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ လူသတ်သမားက အမေဖြစ်သူကိုသတ်ရုံနဲ့မကျေနပ်နိုင်ဘဲ Markရဲ့တစ်ဦးတည်းသောမိသားစုကိုပါ ဇီဝိန်ခြွေဖို့ကြိုးစားလာတဲ့အခါမှာတော့ Markတစ်ယောက် သမီးလေးကို ဘယ်လိုကာကွယ်သွားမလဲ။ Alishaကရော အဖေ့ကိုအထင်လွဲနေတာတွေ ပျက်ပြယ်သွားပြီး နားလည်မှုပြန်ရမှာလားဆိုတာကိုတော့ ဒီရုပ်ရှင်လေးမှာပဲ အားလုံးအတူ ခံစားလိုက်ကြပါစို့။ File size…(1 GB)/(480 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Comedy • Drama
4 2023 86 mins
Crossfire
Bela Luna
5.3

Angeli Khang လေးလာပြန်ပါပြီဗျား.. အာနိုနဲ့ ဘယ်လာတို့က ချစ်သူရည်းစားတွေဖြစ်ပြီး ရည်မှန်းချက်ကိုယ်စီနဲ့ပေါ့။ အာနိုက ဒါရိုက်တာဖြစ်ချင်ပြီး ဘယ်လာကတော့ စာရေးဆရာတစ်ယောက်ဖြစ်ချင်တာပါ။ ဒါပေမယ့် အာနိုဟာပိုက်ဆံရမယ့်အလွယ်လမ်းကိုလိုက်ချင်တယ်။ တစ်နေ့မှာ အာနိုဟာ ထုတ်လုပ်သူဒီဇွန်နဲ့ ဘယ်လာကိုတွေ့ပေးတယ်။ ဒီဇွန်က ဘယ်လာကို sex ခန်းတွေ၊ BDSM အခန်းတွေပိုပါမယ့်ဇာတ်လမ်းကိုရေးခိုင်းတယ်။ ဘယ်လာရဲ့ဇာတ်လမ်းထဲမှာ sex အခန်းတွေကို သဘောမကျဘဲ ထပ်ခါထပ်ခါပြန်ပြင်ခိုင်းတယ်။ အဲ့ဒီနောက်မှာတော့................... File Size :(2.02 GB) and (760 MB) Quality : WEB-DL 1080, 720p Format…mp4 Duration…01:45:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Comedy • Drama
5.3 2023 109 mins
Bela Luna
Deep Blue Sea
6

ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ အဆုံးသတ်နားနီးတော့မှ ဇာတ်လိုက်က ဒီကားနာမည် Deep Blue Seaကို ညွှန်းလိုက်တဲ့စကားတစ်ခွန်းကြောင့် ခံစားရတဲ့ ရသလည်း အသစ်ပြောင်းသွားရပါတယ်။ ပြောရရင် ရှုထောင့်ပြောင်းပြီး မြင်လာတဲ့ အမြင်သစ်တစ်ခု ရသွားတာပေါ့လေ။ Alzheimer's diseaseဆိုတာ လူတွေမှာ အဖြစ်အများဆုံး ဦးနှောက်ရောဂါတစ်ခုပါ။ မှတ်ဉာဏ်တွေ မေ့ပျောက်ကုန်တဲ့ရောဂါတစ်မျိုးပါပဲ။ သူငယ်ပြန်တာမျိုးလည်း မဟုတ်ဘဲ ကြာလေလေ ဘာကိုမှ မမှတ်တော့လောက်အောင် ဦးနှောက်ဆဲလ်တွေ သေဆုံးသွားတာမျိုးပါ။ အဲဒီရောဂါနဲ့သူ့မိဘတွေ ကွယ်လွန်သွားရလို့ အခဲမကျေဖြစ်နေတဲ့ ဆရာဝန်မလေးတစ်ယောက်ဟာ ဆေးကုမ္ပဏီကြီးတစ်ခုရဲ့ အထောက်အပံ့နဲ့ အယ်လ်ဇိုင်းမားရောဂါ ကုထုံးသစ်အတွက် သုတေသနလုပ်နေပါတယ်။ သူလုပ်နေတဲ့ သုတေသနဌာနက ဒုတိယကမ္ဘာစစ်လက်ကျန် ရေငုပ်သင်္ဘောတွေ ဆီဖြည့်တဲ့ စခန်းဟောင်းတစ်ခုကို ပြုပြင်ပြီး လုပ်ထားတာပါ။ ဘာလို့ အဲဒီနေရာကိုမှ သွားလုပ်ရသလဲဆိုရင် သူတို့ စမ်းသပ်နေတဲ့ဆေးကုထုံးက ငါးမန်းတွေရဲ့ ဦးနှောက်နဲ့ ပတ်သက်နေလို့ပါပဲ။ ငါးမန်းတစ်ကောင်ရဲ့ဦးနှောက်ကို ပုံမှန်ထက်ငါးဆလောက်ကြီးလာအောင် အရင်လုပ်လိုက်ကြတယ်။ အဲဒီငါးမန်းရဲ့ဦးနှောက်ထဲကို အယ်လ်ဇိုင်းမားလူနာရဲ့ ပျက်စီးနေတဲ့ဦးနှောက်ဆဲလ်တွေ မြှုပ်နှံထားပြီးတော့ ရလဒ်တွေကို သုတေသနပြုနေကြတာပါ။ စမ်းသပ်ချက်က အောင်မြင်ပါတယ်။ ငါးမန်းဦးနှောက်ရဲ့ ပရိုတင်းဆဲလ်တွေက အယ်လ်ဇိုင်းမားလူနာရဲ့ ဦးနှောက်ဆဲလ်တွေ ပြန်အလုပ်လုပ်လာအောင် ဓာတ်ပြုပေးလိုက်ပါတယ်။ ဒါပေမဲ့ ထည့်တွက်မထားမိတဲ့တစ်ချက်က စမ်းသပ်ခံငါးမန်းတွေဟာ သူတို့ရဲ့ဦးနှောက် ငါးဆကြီးထွားလာတာနဲ့အတူ သူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးတွေကပါ အလွန်မြင့်မားလာကြတော့တာပါပဲ။ လေးဆယ့်ငါးပေအရှည်ရှိပြီး အလေးချိန် ပေါင် ရှစ်ထောင်လောက်လေးတဲ့ အင်မတန်ဉာဏ်ရည်မြင့်မားနေတဲ့ ငါးမန်းပြာတစ်ကောင် ဘာကိုစဉ်းစားမိမလဲ။ သူ ဘာလိုချင်မှာလဲ။ အဲဒါဟာ အစမှာ ကျွန်တော်ပြောခဲ့တဲ့ ရှုထောင့် အလှည့်အပြောင်းလေးပါပဲ။ ဇာတ်လမ်းအရတော့ ထူးထူးခြားခြားမရှိပေမယ့် တစ်ကားလုံး ပျင်းရတဲ့အချိန်မရှိလောက်အောင် ကြည့်ရှုသူကို ဆွဲခေါ်သွားမှာပါ။ ရယ်ရမှာလိုလို မရယ်ရဘူးလိုလိုအကွက်တွေလည်း ပါပါသေးတယ်။ Samuel L. Jacksonကတော့ ဒီဇာတ်ကားထဲမှာ သိပ်မဆဲလိုက်ရရှာပါဘူး။ အဆိုတော် သရုပ်ဆောင် LL Cool J လည်းပဲ ပါဝင်ထားပါသေးတယ်။ မင်းသမီး Saffron Burrows ကတော့ Troy ရုပ်ရှင်ဇာတ်ကားထဲမှာ သူရဲကောင်း Hector ရဲ့ဇနီးနေရာက ပါဝင်သရုပ်ဆောင်ခဲ့တာ မှတ်မိကြပါလိမ့်မယ်။ ကြည့်ရှုခံစားကြပါစို့။ File size…(2.34GB) / (1.24GB) / (719MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:45:00 Genre...Action / Adventure /  Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

Action • Adventure • Comedy • Horror
6 1999 105 mins
Deep Blue Sea
Awake

၂၀၂၀ ခုနှစ်ကထွက်ရှိလာထားတဲ့ ဂျပန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဂိမ်းတွေ၊ ပရိုဂရမ်တွေနဲ့ အဓိကဇာတ်ကောင်ကိုပဲဦးတည်ရိုက်ကူးထားတာကြောင့် ဇာတ်ကားရဲ့ Genre ကိုတော့ အတိအကျမသတ်မှတ်နိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတာကတော့ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် Shogi ကစားနည်းမှာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်ဖို့ အိပ်မက်တစ်ခုရှိနေတဲ့ Eiichi ဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျပန် Shogi အသင်းအဖွဲ့ရဲ့ အတတ်သင် ကျောင်းမှာ သွားရောက်လေ့ကျင့်နေခဲ့ပါတယ်။ Shogi ဆိုတာကတော့ ဂျပန်ရိုးရာစစ်တုရင်ကစားနည်းတစ်မျိုးပါ။ သူအမြဲကြိုးစားသင်ယူနေပေမယ့်လည်း ကျောင်းရဲ့ဆရာတစ်ဆူဖြစ်နေတဲ့ Riku ဆိုတဲ့ကစားသမားကိုတော့ ဘယ်လိုမှမယှဥ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ Eiichi တစ်ယောက်စိတ်ကုန်လာပြီး သူ့ရဲ့ Shogi ကစားသမားဖြစ်ချင်တဲ့အိပ်မက်ကလည်း တဖြည်းဖြည်းဝေဝါးလာခဲ့ပါတော့တယ်။ အဲဒီနောက် သူဟာတက္ကသိုလ်တစ်ခုကိုဝင်လျှောက်ပြီး သာမန်ဘဝနဲ့နေဖို့ဆုံးဖြတ်လိုက်ပေမယ့် သူ့ဘဝတစ်လျှောက်လုံးနီးပါး Shogi အပေါ်မှာပဲစိတ်နှစ်ထားခဲ့တာကြောင့် ပေါင်းသင်းဆက်ဆံမှုလည်းအားနည်းတဲ့အတွက် မိတ်ဆွေအပေါင်းအသင်းတွေမရှိလာခဲ့ပါဘူး။ တစ်နေ့မှာတော့ Eiichi တစ်ယောက် မထင်မှတ်ပဲ AI ကို အခြေခံထားတဲ့ Shogi ကွန်ပျူတာပရိုဂရမ်တစ်ခုကိုတွေ့ရှိခဲ့ပြီး အဲဒီပရိုဂရမ်ဟာသူထင်ထားတာထက်ကို အဆင့်မြင့်နေခဲ့ပါတယ်။ အဲဒီကနေစပြီးတော့ Eiichi လည်းကွန်ပျူတာပရိုဂရမ်တွေ အထူးသဖြင့် Shogi နဲ့ပတ်သက်တဲ့ဂိမ်းတွေကို စိတ်ဝင်စားလာပါတော့တယ်။ အဲဒါကြောင့် AI လေ့လာရေးအဖွဲ့ကိုရောက်သွားပြီး စီနီယာကျောင်းသား Isono နဲ့ဆုံခဲ့ပါတယ်။ Isono ဆီကနေ AI ပရိုဂရမ်တွေအ ကြောင်းသင်ကြားရင်း သူ့ဘဝရဲ့အိပ်မက်ကလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတော့တယ်။ ဒီတစ်ခါမှာရော သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား။ အဲဒီအိပ်မက်ကရောဘာဖြစ်မှာလဲ။ သူလက်လျှော့ခဲ့တဲ့ Shogi ထိပ်တန်းကစားသမားဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကိုရော သူဆက်မက်နိုင်မှာလား။ Shogi ရဲ့စည်းမျဥ်းတွေနဲ့ အခေါ်အဝေါ်တွေဟာ စစ်တုရင်နဲ့အနည်းငယ်ကွဲပြားတဲ့အတွက် တချို့နေရာတွေမှာ နားလည်ရခက်နိုင်ပေမယ့် ဇာတ်လမ်းဇာတ်အိမ်နဲ့ အကြောင်းအရာကရှင်းလင်းပြီးသားဖြစ်တာကြောင့် ဒီကစားနည်းတွေအကြောင်းနားမလည်ရင်တောင် ရုပ်ရှင်ပရိသတ်တွေအတွက် ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.2GB / 600MB Quality…1080p NF WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Crime • Documentary
null 2020 119 mins
Awake
BTS: Permission to Dance on Stage – LA
9

BTS Permission To Dance On Stage – LA 2022 ကျွန်မတို ARMY တွေ အလုအယက် မှောင်ခိုကြည့်ခဲ့ရတဲ့ ဒီ LA Concert ကြီးကို သီချင်းတွေက အစ မြန်မာဘာသာပြန်နဲ့ CM မှာ အကြည်အပြည့်အဝကြည့်ရပါတော့မယ် သီချင်းစာသားတွေကအစ ခရမ်းရောင်ကို သုံးပေးထားပါတယ်။ ကိုဗစ်ကာလနားနေခဲ့ရာမှာ ပြန်လည်စတင်ခဲ့တဲ့ BTS ရဲ့ PTD Concert တွေထဲက တစ်ခုဖြစ်ပြီး LA က ARMY ပေါင်းများစွာနဲ့ အကြီးအကျယ်ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲကြီးဖြစ်ပါတယ် သီချင်းပေါင်း များစွာကိုဖျော်ဖြေသွားတဲ့အပြင် အမှတ်တရစကားလေးတွေ ပြောသွားကြတာ အရမ်းကြည်နူးစရာကောင်းပြီး မန်ဘာ ၇ ယောက်နဲ့ ARMY တွေအတွက် မမေ့နိုင်စရာ ပျော်စရာအခိုက်အတန့်လေးတွေဖြစ်ခဲ့တာပေါ့နော် ကျွန်မတိုကိုယ်တိုင် အတူမရှိခဲ့ရပေမဲ့ ဒီပွဲဟာ ကိုယ့်အနားမှာ ဖျော်ဖြေနေသလို ခံစားရစေတဲ့အတွက် (မှောင်ခိုကြည့်ပြီးသားဆိုရင်လည်း) အမှတ်တရဒေါင်းပြီး သိမ်းထားလိုက်တော့နော် BTS ?ARMY BORAHAE!! အညွှန်းကိုတော့ Khaing Khin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM ARMY ပဲ ဖြစ်ပါတယ်။ Genre….. Music Quality…. 1080p | 720p | 480p File size… 5.78GB | 2.74GB | 1.18GB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. CM ARMY Encoder ….. August

Action • Adventure • Fantasy • Science Fiction
9 2022
BTS: Permission to Dance on Stage – LA
Dark Asset
5.5

Elon Musk မိတ်ဆက်ပေးခဲ့တဲ့ ဦးနှောက်ထဲကွန်ပြူတာချစ်ပ်ပြားတွေထည့်ပြီး လူရဲ့လုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်မဲ့နည်းပညာကိုကြားဖူးကြမှာပါ။ ဒီ Dark Asset ဆိုတဲ့ဇာတ်ကားထဲမှာလည်း အဲ့လိုနည်းပညာကို အဓိကထားပြီး ရိုက်ကူးထားတာကိုတွေ့နိုင်မှာပါ။နည်းပညာတွေကတဖြည်းဖြည်းနဲ့ တိုးတက်လာတဲ့ အချိန်မှာ လူသားဦးနှောက်တွေက မတိုးတက်လာဘဲ ဒီအတိုင်းရပ်တန့်ပြီး ကျန်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ လူသားဦးနှောက်တွေကို မြှင့်တင်ပေးဖို့အတွက် မိုက်ခရိုချစ်ပ်ပြားတွေထည့်တဲ့ ပရိုဂရမ်တစ်ခုကို ဒေါက်တာကိန်းဆိုတဲ့ လူက ဦးဆောင်ခဲ့ပါတယ်။အဲ့ဒီ ပရိုဂရမ်ရဲ့ လက်ရှိစမ်းသပ်ခံကတော့ ဂျွန်ဒိုးဆိုတဲ့ အထူးတပ်သားဟောင်း တစ်ယောက်ဖြစ်ပါတယ်။ချစ်ပ်ပြားက သူ့ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို တကယ်တိုးမြှင့်ပေးနိုင်ပေမဲ့ ချို့ယွင်းချက်တွေရှိနေတဲ့အတွက် ဂျွန်ကို ထိန်းချုပ်လို့မရတော့ဘဲနဲ့ အစောင့်တွေကို သတ်ပြီးထွက်ပြေးလွတ်မြောက် သွားပါတော့တယ်။ဒါပေမယ့် ဂျွန်ထွက်မပြေးသွားခင်မှာ အဲ့ဒီပရိုဂရမ်ရဲ့ ပင်မစနစ်ထဲကို ဖောက်ဝင်ခဲ့ပြီး အရင်တုန်းက စမ်းသပ်ခံတွေဆီကို အကြံပြုချက်လို့ခေါ်တဲ့ စေခိုင်းတဲ့ အမိန့်လိုမျိုးသတင်းစကားပါးခဲ့ပါတယ်။အဲ့ဒီသတင်းစကားကဘာဖြစ်မလဲ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဂျွန်ဒိုးကိုရောဖမ်းဆီးနိုင်ပါ့မလား ဒီပရိုဂရမ်ကြီးရဲ့ နောက်ကွယ်မှာ ဘယ်လိုမှောင်မိုက်တဲ့ အမှန်တရားတွေရှိနေလဲဆိုတာကို ကြည့်ရမဲ့စိတ်ကူးယဉ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.57GB / 634MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023 90 mins
Dark Asset
Elizabethtown
6.7

Elizabethtown(2005) ******************* ဒီဇာတ်ကားက ရုပ်ရှင်တေးသီချင်းဆုတွေအတွက် အများကြီးဆန်ကာတင်ဝင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်တာမို့ သူ့ရဲ့ OST တွေ soundtracks တွေ ကောင်းမွန်လွန်းတယ်ဆိုတာ အသေအချာပါပဲ။ အဓိကမင်းသားကလည်း Lord Of the Rings ထဲက ကောင်မလေးတွေ အသည်းစွဲ Legolas နေရာ သရုပ်ဆောင်ခဲ့တဲ့ Orlando Bloom နဲ ့မင်းသမီးကတော့ 2002 spiderman ရဲ့ အချစ်တော် Mary Jane နေရာသရုပ်ဆောင်ခဲ့တဲ့ Kirsten Dunst တို့ဖြစ်ပါတယ်် ဒီဇာတ်ကားမှာ အသားပေးတင်ဆက်ထားတာကတော့ ဒေါ်လာ ၁ ဘီလီယံဖိုးလောက် ဆုံးရှုံးသွားလို့ လောကကြီးကို အရှုံးပေးထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဖိနပ်ဒီဇိုင်နာ ဒရူးဘေလာတစ်ယောက် သူ့အဖေရဲ့ ရုတ်တရက်နာရေးပေါ်လာတဲ့အခါ သူ့အဖေရဲ့ ဇာတိမြို့ Elizabethtown ကို သွားဖို့ အကြောင်းပေါ်လာပါတော့တယ်။ အဲ့ဒါနဲ့ သေဖို့ကိစ္စကို ခဏရပ်ပြီး အဖေ့ဇာတိပြန်သွားတဲ့ ဒရူးတစ်ယောက် အသွားလမ်းခရီးလေယာဥ်ပေါ်မှာ တွေ့ခဲ့တဲ့ လေယာဥ်မယ်လေး ကလဲကိုဘန်ကြောင့် ဘယ်လို ဘဝအချိုးအကွေ ့တွေဖြစ်လာမလဲဆိုတာကို ၂ နာရီစာ အချိန်ကုန်လို့ကုန်သွားမှန်းမသိအောင် တေးဂီတအမိုက်စားတွေနဲ့ ကိုယ်တိုင်ပါဝင်ခံစားနိုင်မဲ့ ဒရမ်မာရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ် File Size :2.4GB& 916MB Quality : Blu-Ray1080p,720p Format…mp4 Duration…02:03:00 Genre : Drama , Romance , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ‌Lin Aung Encoded by Phyo Pyae

Animation • Adventure • Comedy
6.7 2005
Elizabethtown
Kuiko
6.8

Kuiko 2023 (ကိုလူကြမ်းတို့ဘဝအဖုံဖုံ) IMDb-7.7/10 ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့ တမီးလ်မင်းသားကြီး Vidharth တို့ပါဝင်ထားတဲ့ Netflix ကနေထုတ်လွှင့်လာတဲ့ ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ဒဿနပေါင်းများစွာနဲ့ ဘဝကြီးကိုပုံဖော်နေတဲ့ ကျောင်းဆရာတစ်ယောက်က ဆေးလိပ်ခိုးသောက်နေတဲ့ ကျောင်းသားတွေဆီက အကြံနဲ့ဆေးလိပ်လုသောက်ပြီး ဆေးလိပ်ဒဿနဖွင့်နေတဲ့အချိန် ကျောင်းအုပ်ကြီးနဲ့တွေ့ပြီး အလုပ်ထုတ်ခံလိုက်ရပါတယ် အလုပ်မရှိဝင်ငွေမရှိနဲ့ ချန်နိုင်းမှာလုပ်မဲ့ IPL ပွဲကြည့်ချင်စိတ်ပြင်းပြလာတော့ ရှေ့အကြွေးတွေမဆပ်ရသေးတဲ့ ဦးလေးဆီကိုပဲ မျက်နှာပြောင်တိုက် ထပ်ချေးငှားရတာပေါ့ ဦးလေးဖြစ်သူဟာလည်း ငွေတိုးပေးစားနေပေမဲ့ အရမ်းသနားတတ်တော့ ငိုပြလိုက်ချေးလိုက် ပြန်မရလိုက်နဲ့ သဘောမနောကောင်းငွေတိုးရှင်ကြီးပါတဲ့။ ဇာတ်‌လိုက်ကျော်ယိုဂီဘာဘူကြီးကတော့ ဆော်ဒီရောက် အသဲကွဲသမားလေး။ မိခင်ဖြစ်သူနာရေးကြောင့် ဇာတိကိုပြန်လာမဲ့သူ။ ဒီနာရေးမှာ အခေါင်းအတွက် ချေးငှားပေးရသူက သဘောမနောကောင်းငွေတိုးရှင်ကြီး။ IPL ပွဲသွားကြည့်ချင်တဲ့ အလုပ်လက်မဲ့ ဒဿနကျောင်းဆရာလေးက ဒီအခေါင်းကို လိုက်တာဝန်ယူစောင့်ရှောက်ပေးရမဲ့သူ။ ဒီသုံးယောက်ရဲ့ အလွဲအချော်လေးတွေက တဟားဟားရယ်မောရတာမဟုတ်ဘဲ ကြည့်ရင်းတွေးရင်းသဘောပေါက်ရင်းပြုံးမိရင်း ရှုစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ပါ အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.8 2023
Kuiko
Cake
6.4

IMDb 6.4 ရရှိထားပြီး ဆု ၅ ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာ‌တဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်‌တောင် ညံ့တဲ့အထဲ‌တော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး healing ဖြစ်စေမယ့်ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်ကြည့်ရှုခံစားလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။ File size…(1.6 GB)/(690 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.4 2014 102 mins
Cake
Warning 2
7.5

Warning 2 (2024) ကလဲ့စား IMDb – 7.5/10 ၂၀၂၁ကထွက်ရှိခဲ့တဲ့ Warning (2021) အက်ရှင်ကားကြီးရဲ့ နောက်ဆက်တွဲရုပ်ရှင် ထွက်လာခဲ့ပါပြီ။ အပစ်အခတ်အကြမ်းပတမ်းတွေနဲ့ လက်စားချေမှုတွေရောယှက်ထားတဲ့ မှုခင်းရုပ်ရှင်ဖြစ်တာမို့ အက်ရှင်ကားနှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ပေါ့။ ပါမာဆိုတာ ပိုက်ဆံသာပေးရင် အလုပ်မရွေး လုပ်ကိုင်နိုင်သူတစ်ယောက်ပါ သူ့ဆရာက ဂျာဒါဆိုတဲ့လူကိုသတ်ခိုင်းပြီး ပါမာတာဝန်ပြီးလို့ပြန်လာချိန်မှာတော့ ဆရာဖြစ်သူကသစ္စာဖောက်ပြီး ပါမာ့ကိုနှုတ်ပိတ်လုပ်ကြံခဲ့တယ် ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ ရှင်ကျန်ခဲ့တဲ့ပါမာက ဆရာဖြစ်သူကိုလက်စားချေဖို့ ပြန်လည်ကြိုးစားလာခဲ့ပါတယ် တစ်ဖက်မှာလည်း ဖခင်ဖြစ်သူဂျာဒါအသတ်ခံလိုက်ရလို့ ကလဲ့စားအတွက် ပါမာ့ကိုလိုက်ရှာနေတဲ့ ဂျာဒါ့ရဲ့သားရှင်ဒါ။။ အဖေ့အကူအညီကြောင့် ဝန်ကြီးဖြစ်သွားတဲ့လူကို ကူညီပေးဖို့သွားပြောခဲ့ပေမဲ့ ငြင်းလွှတ်လိုက်လို့ ဝန်ကြီးသမီးကို ပစ်မှတ်ထားခဲ့တယ် ဒါကိုသိတဲ့ဝန်ကြီးဖြစ်သူက ရှင်ဒါကိုလုပ်ကြံဖို့ လူမိုက်ငှားခဲ့တယ် ဟိုဘက်အဖွဲ့ကပါမာနဲ့ ဒီဘက်ကရှင်ဒါကိုသတ်ဖို့ ငှားလိုက်မိတဲ့လူကတော့ဂေဂျာပါပဲ။။။ ပါမာနဲ့ ရှင်ဒါကို လက်စားချေလုပ်ကြံဖို့ လိုက်ရှာနေတဲ့ ဂေဂျာတစ်ယောက် ပါမာကထောင်ကျနေမှန်းသိသွားပြီး သူပါထောင်ထဲလိုက်ဝင်လာခဲ့တယ် ဒါပေမဲ့ သူတို့လိုအန္တရာယ်များတဲ့ထောင်သားတွေကို အကြင်နာတရားမဲ့တဲ့ရဲအရာရှိက ထောင်ရွှေ့ဖို့လုပ်တဲ့အချိန်မှာ မထင်မှတ်ထားတာတွေဖြစ်ခဲ့ပါတော့တယ်။ ဒါကဘာများဖြစ်မလဲ ဂေဂျာ့တာဝန်ပဲပြီးမြောက်မလား ပါမာနဲ့ရှင်ဒါတို့ပဲလွတ်မလားဆိုတာကိုတော့။။။ ( အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ BpL ~ V တို့ပဲဖြစ်ပါတယ်)

7.5 2024 125 mins
Warning 2
[18+] Maps to the Stars
6.2

ဒီရုပ်ရှင်က ( New Years Eve ၊ Valentines day) တို့လို Parallel Scene တွေနဲ့ရုပ်ရှင် Genre မျိုးပါ။ အဲ့ရုပ်ရှင်တွေလိုတော့ ပျော်ဖို့ကောင်းပြီး ကြည့်ရတာ Fun ဖြစ်စေမှာမဟုတ်ဘဲ Deep and Dark ဖြစ်တာကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်လို့ကောင်းစေမယ့် ရုပ်ရှင်ပါ။ ဇာတ်ကောင်တွေရဲ့ တစ်ပြိုင်တည်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကနေ အချင်းချင်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေတာကို Thriller, Psychopath ရိုက်ပြထားပါတယ်။ LA မြို့မှာရှိတဲ့ သရုပ်ဆောင်တွေ၊ ကြယ်ပွင့်တွေရဲ့ ဖြစ်လေ့ဖြစ်ထ ပြဿနာတွေ၊ စရိုက်တွေနဲ့ ရုပ်ရှင်ကားတွေရဲ့နောက်ကွယ်က အမှောင်ခြမ်းတွေကို စိတ္တဇဆန်ဆန် ဝတ္ထုဇာတ်လမ်းအချို့ကို ထည့်ပေါင်းရိုက်ကူးထားပါတယ်။ မင်းသားချော Robert Pattinson အပြင် အသက်အရွယ်ရလာသည့်တိုင် လူကြီးတွေသာမက လူငယ်တွေကိုပါ ဖမ်းစားနိုင်တဲ့ အလှပိုင်ရှင် မင်းသမီးကြီး Julianne Moore တို့ ပါဝင်အားဖြည့်ထားပါတယ်။ တချို့ အခန်းတွေက ၁၈ ယောက်ပေါင်းကြည့်ရတဲ့ အခန်းတချို့နဲ့ အင်းစက်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပါဝင်လို့ မိသားစုနဲ့ အတူကြည့်ရှုဖို့ မသင့်တော်ပါဘူး ဇာတ်လမ်းအကျဉ်း LA ကို ဖလော်ရီဒါကနေပြောင်းလာတဲ့ Agatha ,(Mia Wasikowska) ဇိမ်ခံကား မောင်းရင်း အချိန်ပိုင်းသရုပ်ဆောင်လုပ်နေတဲ့ Jarome (Robert Pattinson) တက်သစ်စကြယ်ပွင့် သရုပ်ဆောင်ဖြစ်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ဆေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ Benji နဲ့ သူ့ရဲ့ မိဘတွေ (John Cusack , Olivia Williams) အမေဖြစ်သူ သရုပ်ဆောင်မင်းသမီးကြီးကြောင့် ရခဲ့တဲ့စိတ်ဒဏ်ရာတွေကို ကုစားရင်း မိခင်ဖြစ်သူရိုက်ခဲ့တဲ့ ရုပ်ရှင်ကို ပြန်သရုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတဲ့ Havana Segrant ( Julianne Moore) စတဲ့ ဇာတ်ကောင်တွေက တစ်နည်းနည်းနဲ့ တစ်ယောက်ကိုတစ်ယောက် ဆက်နွယ်နေကြပြီးတော့ ဘယ်လို ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦးခင်ဗျာ….. File size…(1.4 GB)/(690 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:51:00 Genre… Comedy, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

6.2 2014
[18+] Maps to the Stars
Reasonable Doubt
5.7

ဥပဒေမှာ Reasonable Doubt ဆိုတာက အမှုတစ်ခုနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်ကကျူးလွန်တယ် ဆိုတာကို​ သက်သေတွေအရ အကျိုးသင့်အကြောင်းသင့် သံသယ​ဝင်ပြီးစစ်ဆေးဖို့လုပ်တာကိုခေါ်တာပါ ဒါပေမဲ့​ သူဟာတရားခံအစစ်ပါလို့ကောက်ချက် ပြီးစီရင် ချက်ချဖို့ကတော့ အထက်ကပြောခဲ့တဲ့​ Reasonable Doubt ဆိုတဲ့ အဆင့်ထက်ကျော်လွန်ဖို့လိုပါတယ်.. ဘာလို့​လဲဆိုတော့​လူတစ်ယောက်ကို အဲလိုမျိုး အကျိုး​အကြောင်း​သင့်သံသယဝင်ခံရအောင်လုပ်ဖို့က ပစ္စည်း​သက်သေတွေဖန်တီးယူလို့ရတာကြောင့်ပါ. ကဲ​ ဆိုတော့​ ဒီ​ဇာတ်ကားမှာအဲဒါကိုသေသေချာချာ မြင်တွေ့ရမှာပဲဖြစ်ပါတယ် မစ်ချ်ဆိုသူ​ဟာ​ အစိုးရ ခရိုင်ရှေ့နေရုံးက ဒိတ်ဒိတ်ကြဲရှေ့နေတစ်ဦးဖြစ်ပါတယ် သူ့မှာလှပတဲ့ဇနီးရယ် သမီးလေးရယ်နဲ့ အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ထားသူပါ တစ်ညမှာ အမှုတစ်ခုအတွက်သူငယ်ချင်းတွေနဲ့ အောင်ပွဲခံသောက်ကြရင်းအမူးလွန်ပြီး ကားမောင်း အိမ်ပြန်တဲ့မစ်ချ်ဟာ လူတစ်ယောက်ကိုဝင်တိုက်မိ ခဲ့ပါတယ်. အဲဒီမှာစပြီးတော့ မစ်ချ်တစ်ယောက် မကြုံစဖူးအဖြစ်အပျက်တွေကြုံလာဖို့အကြောင်း ဖန်လာတော့တာပါပဲ မစ်ချ်တိုက်မိတဲ့လူက ဘယ်လိုလူမျိုးလဲ.. မစ်ချ်ကကောအဲအတွက်ဘာတွေဆက်လုပ်ရမလဲ… ဆိုတာကိုဆက်ကြည့်ရင်းနဲ့ ဇာတ်ကားကောင်းလေးကိုခံစားလိုက်ရအောင်ပါ File size…1.03GB / 446MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 31m Genre …..Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

5.7 2014
Reasonable Doubt
Kupu-Kupu Kertas
7.2

ရိုမီယို ဂျူးလီးယက်တို့လို စိတ်ကူးယဉ်ဇာတ်လမ်းထက် ပိုရိုတဲ့ ပိုသနားရတဲ့ ပိုကြေကွဲစရာကောင်းတဲ့ ၁၉၆၄ ခုနှစ် တုန်းက အင်ဒိုနီးရှားနိုင်ငံထဲမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို ပြန်လည်ကိုးကားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Kupu-Kupu Kertas ဖြစ်ပြီး လက်ရှိ IMDb Rating 7.2 အထိတောင်ရရှိထားတဲ့အတွက် ဒရာမာကားကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်မှာ PKI လို့ခေါ်တဲ့ အင်ဒိုနီးရှားကွန်မြူနစ်ပါတီနဲ့ NU ဆိုတဲ့ အစ္စလာမ်အဖွဲ့အစည်းတို့ကြားမှာ လယ်ယာပိုင်ဆိုင် မှုနဲ့ပတ်သတ်ပြီး တင်းမာမှုတွေများစွာဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့်ပြဿနာကြီးကတော့ PKI ကလူတွေက သာမန် လယ်သမားတွေရဲ့မြေတွေကို လူမိုက်အဖွဲ့တွေငှားပြီး အတင်း အဓမ္မလိုက်လံသိမ်းပိုက်နေတာပဲဖြစ်ပါတယ်။ မတရားမှုတွေနောက်မှာ တရားမှုကိုရဖို့တော်လှန်တတ်တဲ့ လူတွေအမြဲတမ်းရှိသလို ဒီထဲမှာလည်း မင်းသားဖြစ်သူအီဆန်က ဒီလိုမတရားမှုတွေကိုတော်လှန်ဖို့ NU လက်အောက်မှာ ဖွဲ့စည်းထားတဲ့ အန်ဆော်ဆိုတဲ့ လူငယ်အဖွဲ့ခေါင်းဆောင်ရဲ့ ညီဖြစ်ပါတယ်။ထို့အတူပဲ မင်းသမီးဖြစ်သူ နှင်း ကလည်း အဲ့လိုမတရားမှုတွေကိုဦးဆောင်လုပ်နေတဲ့ခေါင်းဆောင်ကြီးရဲ့ သမီးဖြစ်နေပါတော့တယ်။နှင်းက သူ့အဖေရဲ့လုပ်ရပ်တွေကို သဘောမကျဘဲ စာနာသနားတတ်သူ ကြင်နာတတ်သူဖြစ်တဲ့ အတွက် သူ့အဖေ ထပ်မံယုတ်မာပြီး လယ်ယာတွေကိုသိမ်းပိုက်ဖို့ ကြိုးစားတဲ့အခါမှာ အဲ့ဒီလယ်ကလယ်သမားတွေကို သွားရောက်သတိပေးခဲ့ပါတော့တယ်။အဲ့ဒီမှာတင် နှင်းနဲ့ဆန်တို့ တွေ့ခဲ့ကြပြီး မတူညီတဲ့ဆန့်ကျင်ဖက်နှစ်ဖက်ကြားက အခက်အခဲ တွေကိုဘယ်လိုကျော်ဖြတ်သွားပြီး အချစ်ခရီးကိုလျှောက်လှမ်း သွားကြဦးမလဲဆိုတာကိုရှုစားရမဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (1.58 GB) / (984 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 53m Genre …..Drama , History , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Family • Adventure • Crime
7.2 2024 113 mins
Kupu-Kupu Kertas
Miss & Mrs. Cops
6.7

Miss & Mrs. Cops (2019) *************************** Channel Myanmar ပရိသတ်ကြီးတို့အတွက် 2019 ခုနှစ်ကထွက်ရှိခဲ့တဲ့ စုံထောက် ဇာတ်ကားကောင်းလေး တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ် ။ Cast တွေအနေနဲ့ကတော့ လတ်တလောထွက်ရှိထားတဲ့ Hi-5 ထဲမှ ဝါရင့်မင်းသမီးကြီး Ra Mi-Ran၊ Weightlifting Fairy Kim Bok-Joo မှ မင်းသမီးချော Lee Sung-Kyung နဲ့ Wi Ha-Joon တို့အဓိကပါဝင်ထားပြီး Yoon Sang-Hyun ၊ Sooyoung ၊ Joe Byeong-Gyu စတဲ့ ထိတ်ထိတ်ကြဲ သရုပ်ဆောင်များစွာပါ အားဖြည့်ပါဝင်ထားကြတာမို့ Cast တွေနဲ့တင် ကြည့်ရတန်စေမဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ် .. ဇာတ်လမ်းအညွှန်း *************** တစ်ချိန်က အမျိုးသမီးအထူးရဲတပ်ဖွဲ့ရဲ့အထင်ကရ ထိတ်ထိတ်ကြဲ စုံထောက်တစ်ယောက် ဖြစ်ခဲ့တဲ့ ဘတ်မီယောင်း (Ra Mi-Ran) ဟာ လက်ထပ်ပြီးနောက်ပိုင်းမှာတော့ ဆောင်းဆန်းရဲစခန်းရဲ့.. တိုင်ကြားချက်နှင့် အသနားခံစာတင်ဌာနမှာ စာရေးအဖြစ်နဲ့ပဲ ဝင်ရောက်လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာတော့ သူမရဲ့ ယောက်မဖြစ်သူ စုံထောက်ဂျိုဂျီဟယ် (Lee Sung-Kyung) တစ်ယောက် စုံစမ်းစစ်ဆေးရင်း ပြဿနာရှာမိတာကြောင့် အပြစ်ပေးခံရပြီး ဘတ်မီယောင်းရှိရာ ဌာနကို ခေတ္တပြောင်းရွှေ့ခံလိုက်ရပါတော့တယ်။ မတည့်အတူနေ သမီးယောက်မနှစ်ယောက် တစ်ဌာနတည်းမှာ အလုပ်လုပ်ရင်းကနေ .. တိုင်ကြားချက် လာဖွင့်ဖို့ လုပ်နေတဲ့ မိန်းကလေးတစ်ယောက် သတ်သေသွားတာကြောင့် လျှို့ဝှက်စုံစမ်းရင်း ကြီးမားတဲ့ပြစ်မှုကြီးနဲ့ဆက်စပ်နေမှန်း သိသွားတဲ့အခါမှာတော့ .. မတရားတာမြင်ရင် မနေနိုင်တဲ့ နှစ်ယောက်သား အလွဲတွေနဲ့ ဘယ်လိုတွေ စုံစမ်းစစ်ဆေးသွားမလဲ ဆိုတာကို ရယ်မောရင်းကြည့်ရှုရမှာဖြစ်တဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ပရိသတ်ကြီးတို့အတွက် ကွာလတီအမိုက်စားနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းကို Su Sandi မှ ရေးသားထားပါတယ်) File size…1.68GB / 899MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 47 min. Genre ….. Action, Mystery, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Su Sandi Encoded by AHtet

Comedy • Drama • Mystery
6.7 2019 107 mins
Miss & Mrs. Cops